အရွယ်ရောက်သူတွေမှာ တွေ့ရလေ့ရှိတဲ့ GADလို့ အတိုကောက်ခေါ်တယ့် Generalised anxiety disorderအကြောင်း
ပထဆုံးအနေနဲ့ အန်ဇိုင်ရတီ anxietyဆိုတာကို ရှင်းပြပါ့မယ်။ anxietyဆိုတာက စိတ်မသက်မသာဖြစ်တဲ့ ခံစားချက်မျိုး။ ဥပမာ ကြောက်တာ၊ စိုးရိမ်ကြောင့်ကြတာမျိုး။ မပြောပလောက်အောက် အပျော့စားရှိသလို နေ့စဉ်ဘဝအတွက်ပါ ခက်ခဲစေနိုင်တဲ့ ပြင်းထန်တာမျိုးလဲရှိတယ်။
လူတိုင်းကတော့ ဘဝမှာ anxietyကို တမျိုးမဟုတ်တမျိုးနဲ့ ခံစားရစမြဲပဲ။ ဥပမာ စာမေးပွဲခန်းထဲထိုင်ရတာတို့ အလုပ်အင်တာဗျူးဖြေရတာတို့မှာ စိတ်ပူပင်တာမျိုး စိုးရိမ်ကြောင့်ကြတာမျိုးဖြစ်သလိုမျိုးပေါ့။
ဒါပေမယ့် အဲ့လိုမျိုးအခြေအနေမျိုးတွေမှာက လူတိုင်းအတွက် anxietyရှိနေတာက မထူးဆန်းသလို ပုံမှန်အခြေအနေ ဖြစ်သင့်တဲ့အခြေအနေတစ်ခုပါပဲ။
တချို့လူတွေ အတွက်တော့ အဲ့တာက ထိန်းချုပ်ဖို့ ခက်ခဲတယ်။ သူတို့ရဲ့ anxietyက အဆက်မပြတ်ဖြစ်နေတက်ပြီးတော့ နေ့စဉ်ဘဝကိုပါ ထိခိုက်စေလာနိုင်တာမျိုးဖြစ်လို့နေပါတယ်။
Anxiety စိုးရိမ်ပူပန်ကြောင့်ကြမှုကို ဖြစ်စေတဲ့ တစ်ချို့စိတ်ရောဂါတွေကတော့
၁။ panic disorder (အထိတ်တလန့်ဖြစ်တဲ့စိတ်ရောဂါလို့ပဲ မှတ်ထားပေးပါ။ ပြီးရင် ထပ်ရှင်းပြပါမယ်)
၂။ phobias (ကြောက်စိတ်) ဥပမာ- agoraphobia (စိတ်မသက်သာဘူးလို့ခံစားရတဲ့နေရာနဲ့ အခြေအနေတွေကို ကြောက်တဲ့စိတ်) , claustrophobia(ကျပ်တည်းတဲ့နေရာတွေကို ကြောက်စိတ်)
၃။post-traumatic stress disorder (PTSD) (ဖြစ်ရပ်ဆိုးလို့ခံစားရတဲ့ကိစ္စတွေဖြစ်ပြီးနောက်ပိုင်းမှာ ခံစားရတဲ့ စိတ်ရောဂါ)
၄။ social anxiety disorder (လူမှုဆက်ဆံရေးကြောက်တဲ့ စိတ်ရောဂါ)တို့ ဖြစ်ပါတယ်။
အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရာတွေကတော့ anxietyလို့ခေါ်တဲ့ စိတ်စိုးရိမ်ပူပန်မှု ခံစားချက်အကြောင်းတွေပါ။
ဆက်ပြောမဲ့အကြောင်းကတော့ သီးသန့်တည်ရှိနေတဲ့ GADလို့ခေါ်တယ့် Generalised anxiety disorderအကြောင်းပါ။
GADဆိုတာက ကာလတာရှည်ဖြစ်တက်တဲ့ စိတ်အခြေအနေတစ်ခုပါ။ ကိစ္စတစ်ခုထက်ပိုပြီး အခြေအနေတွေနဲ့ ပြသနာတွေအများကြီးအပေါ်မှာ တချိန်လုံး စိုးရိမ် ပူပန်နေတက်တဲ့ စိတ်ရောဂါတစ်ခုပါ။
GADရှိတဲ့ သူတစ်ချို့က နေ့တော်တော်များများမှာ ပူပန်ကြောင့်ကြတာတွေဖြစ်နေပြီးတော့ အေးအေးဆေးဆေးနေ့ရတဲ့နေ့ရက်တွေရှိခဲ့သလားမမှတ်မိလောက်အောင်ပါပဲ။
သူတို့မှာ ပူစရာကိစ္စတစ်ခု ပြေလည်ပြီးတာနဲ့ နောက်ပြသနာတစ်ခုက ထပ်ပြီး ပေါ်လာပြီး ထပ်ပူနေရပြန်တယ်။
GADရဲ့ လက္ခဏာတွေကတော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောဖြစ်တက်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခံစားရပုံချင်းမတူပေမယ့် ယျေဘုယျကတောါ
-အနားမရတာကို ခံစားရတာ။ စိတ်ပူနေရတာ
-အာရုံစိုက်ဖို့ ခက်ခဲတာ၊ အိပ်လို့မပျော်တာ
-ခေါင်းမူးတာ၊ နှလုံးခုန်မြန်တာ
Anxietyဟာ ဘယ်အချိန်မှာ စပြီး အကူအညီလိုလဲ။?
စိုးရိမ်ပူပန်မှုဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ခံစားချက်ဆိုပေမယ့် နေ့စဉ်နေ့တိုင်းကြီး နေထိုင်ဖို့ ခက်ခဲလောက်အောင် ဖြစ်နေပြီဆိုရင်တော့ အကူအညီလိုလာပါပြီ။
ဘာက GADကိုဖြစ်စေလဲ?
GADကိုဖြစ်စေနိုင်တဲ့ အတိအကျ အကြောင်းအရာကိုတော့ အပြည့်အဝ နားလည်တိုင်တာမျိုးမရှိသေးပေမယ့် အကြောင်းအရာအများကြီးက စုပေါင်းရင်းနဲ့ အဲ့ဒီစိတ်အခြေအနေရောဂါကို ဖန်တီးလိုက်သလိုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
သုတေသနတွေက အကြံပြုချက်တွေမှာ ပါတာကတော့
၁။ စိတ်ခံစားချက်နဲ့ အပြုအမူတို့မှာ ပါဝင်ပတ်သတ်နေတဲ့ လူ့ဦးနှောက်ရဲ့ အစိတ်အပိုင်းက အလုပ်လုပ်လွန်းတယ်။
၂။ ခံစားမှုတွေကို ထိန်းချုပ်တာနဲ့ ဖြန့်ကျက်တဲ့ အလုပ်ကို လုပ်တဲ့ serotoninနဲ့ noradrenalineတို့လို ဦးနှောက်ဓာတုပစ္စည်းတွေ မမျှတတာ
၃။ မိဘတွေဆီက အမွေရလိုက်တဲ့ ဗီဇ။ အဲ့လိုအခြေအနေမျိုးရှိတဲ့ သွေးရင်းတွေသာရှိမယ်ဆို သူများတွေထက် GADကို ဖြစ်ဖို့ ၅ဆခန့် ဖြစ်တန်ချေပိုများပါတယ်။
၄။ စိတ်ဒဏ်ရာရခဲ့တဲ့ အတွေ့အကြုံမျိုးတွေ ဖြစ်ခဲ့ဘူးတာ။ ဥပမာ-အိမ်တွင်းအကြမ်းဖက်မှု၊ ကလေးအရွယ်မှာ နှိပ်စက်ခံရတာ၊ အနိုင်ကျင့်ခံရတာ
၅။ လေးဖက်နာရောဂါလိုမျိုး နှစ်ကြာရှည် နာကျင်တဲ့ဝေဒနာတွေကို ခံစားခဲ့ရတာ
၆။ ဆေးသုံးစွဲမှု အရက်သောက်သုံးမှု လွန်ကြူးတာမျိုး
ဒါပေမယ့် လူတော်တော်များများမှာ အထက်ကပြောခဲ့တဲ့ သိသာထင်ရှားတဲ့ အကြောင်းချက်တွေ မရှိခဲ့ပါပဲလဲ GADကိုဖြစ်တက်ပါသေးတယ်။ GADကို ယောင်္ကျားလေးတွေထက် မိန်းကလေးတွေက အနည်းငယ်ပိုပြီး အဖြစ်များတက်ပြီးတော့ အသက် ၃၅ကနေ ၅၉အတွင်း လူတွေမှာ တွေ့ရတာများပါတယ်။
GADကို သက်သာစေမဲ့ ကိုယ့်အားကိုယ်ကိုး နည်းလမ်းတချို့ကတော့
-ဆေးလိပ်ဖြတ်တာ
-ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းတွေလုပ်တာ
-အယ်ကိုဟောနဲ့ ကဖိန်းတို့ကို တက်နိုင်သမျှ လျှော့ချတာ
-စိတ်ကို ဖြေသာစေမယ့် လမ်းစဉ်တချို့ကို လိုက်တာတို့ ဖြစ်ပါတယ်
GADကို ဘယ်လို ကုမလဲ။
ပြင်းထန်တဲ့ GADတွေကို သက်သာစေမယ့်ကုထုံးတွေကတော့
-psychological therapy စိတ်ရောဂါ ကုထုံးတွေ
-ဆေးဝါးတွေ- selective serotonin reuptake inhibitors (SSRIs)လို့ခေါ်တဲ့ antidepressantလို ဆေးဝါးမျိုးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးတာတို့ ဖြစ်ပါတယ်။