''ဟင္ ဒါဘယ္ေနရာ အား.......''
က်န္းယြီေ႐ွာင္ မွာ က်ိဳးရန္႐ွင္း ရဲ႕ေအာ္သံၾကားလို႔လွည့္ၾကည့္ေနတုန္း ႐ုတ္တရက္တစ္စံုတစ္ခု ကသူ႔ကို ဆြဲယူသြားသလို ခံစားလိုက္ရသည္။
ထိုခံစားခ်က္က သူ တာဝန္ထမ္းေဆာင္တုန္းက ကမၻာ ကူးေျပာင္း တဲ့ခံစားခ်က္ႏွင့္ဆင္တူသည္။
ထို႔ေနာက္သူ တစ္ေနရာကို ေရာက္လာပံုရသည္။ ထိုေနရာက ဂူတစ္ခုျဖစ္ပံုေပၚသည္။
သူထိုေနရာပတ္ပတ္လည္ကို ၾကည့္ေနတုန္းမွာဘဲ ႐ုတ္တရက္ သူ႔ေခါင္းက မခံမရက္ႏိုင္ေလာက္ေအာင္နာက်င္လာရသည္။
ထို႔နာက်င္မႈ့ကသိပ္မၾကာခင္ေလ်ာ့ပါးသြားသည္။ ထိုအခ်ိန္မွ သူဂူပတ္ပတ္လည္ကို ၾကည့္မိသည္။
''ဟင္ ဘာႀကီး''
ထိုအခ်ိန္ ဂူထဲအလင္းေရာင္မ်ားျဖာက်လာသည္။ ထိုအလင္းေရာင္မ်ားက တျဖည္းျဖည္း ဂူတစ္ခုလံုးကို ပ်ံႏွံကာ သူက ေလေပၚရပ္ေနသလိုေတာင္ခံစား မိေတာ့သည္။
ထိုအခ်ိန္ ထိုအလင္းထဲတြင္ လူပံု သ႑န္ ပံုရိပ္မ်ားကိုေတြ႔လိုက္ရသည္။
'' ေကာေကာ ခဏေစာင့္ပါဦး ''
အျဖဴေရာင္ shirt လက္တိုႏွင့္ ေဘာင္းဘီတို ဝတ္ထားေသာ ေကာင္ငယ္ေလးက သူ႔အေ႐ွ႕က အနီႏွင့္ အနက္ေရာင္ ေ႐ွးေခတ္ ဝတ္ရံုထားေသာ သူကို ေနာက္ကေနေျပးလိုက္ရင္းေျပာလိုက္သည္။
သိပ္မၾကာခင္မွာဘဲ သူ႔အေ႐ွ႕က လူကို မွီသြားတာေၾကာင့္ ထိုလူရဲ႕ လက္ေမာင္းကို ကိုင္ကာ အေမာေျဖေနလိုက္သည္။
''ဟြန္႔ ကြၽန္ေတာ့္ ကိုေတာင္ မေစာင့္ဘူး ''
ထိုလူငယ္ေလးက ကေလးဆန္စြာ ႏႈတ္ခမ္းကို ဆူကာ သူ႔ေဘးကသူကိုေျပာလိုက္သည္။
'' ဟဟ မင္းကေႏွးေနတာေလ ကိုယ္ျမန္တာမွမဟုတ္တာ''
ထိုအနီေရာင္ ေ႐ွးေခတ္ဝတ္ရံုဝတ္ထားေသာ သူက ႐ုတ္တရက္ရီလိုက္ကာ သူ႔ေဘးက ေကာင္ငယ္အေလးကိုေျပာလိုက္သည္။
ထိုအခ်ိန္ထိုလူငယ္ေလးက ေၾကာင္ တစ္ေကာင္အေမႊးဖြာကာ စူးရဲစြာၾကည့္ေနသလို ၾကည့္လာခဲ့သည္။
''ဟုတ္ပါတယ္ ကိုယ္ျမန္ျမန္ သြားတာပါ ''
''အဲ့လိုလုပ္စမ္းပါ ကြၽန္ေတာ္ အခု ေညာင္းတယ္ လမ္းမေလ်ွာက္ႏိုင္ဘူး''
''ေကာင္းပါၿပီကြယ္ လာခဲ့ ကိုယ္ခ်ီမယ္''
''ဟီးဟီး ''
ထိုလူငယ္ေလးက ျပံဳးသြားပံုပင္ သူ႔ေဘးက လူႀကီးဆီခုန္တက္ကာ ေတာက္တက္ လို တြယ္ကပ္ေနေတာ့သည္။
ယြီေ႐ွာင္ ထိုႏွစ္ေယာက္မ်က္ႏွာကို ေသခ်ာၾကည့္ေသာ္လည္း မျမင္ရေပ ထိုႏွစ္ေယာက္ မ်က္ႏွာက အလင္းမ်ားႏွင့္ကြယ္ေနသည္။
ထိုပံုရိပ္မ်ားက ရင္းႏွီေနသည္။ သို႔ေသာ္သူ ထိုမွတ္ဥာဏ္မ်ားကို မမွတ္မိေပ
''ယြီေ႐ွာင္ !!!!! က်န္းယြီေ႐ွာင္! !!!!!!"
ဘယ္သူလဲ ဘယ္သူငါ့ကိုေခၚေနတာလဲ
''ယြီေ႐ွာင္ မ်က္လံုးဖြင့္လိုက္ ''
'ဟင္ ငါႏိုးေနတာမဟုတ္ဘူးလား '
ထိုအခ်ိန္သူ႔ ခႏၱာကိုယ္က ႐ုတ္တရက္ လႈပ္ရမ္းလာသည္၊၊ သူမူးေဝသြားတာေၾကာင့္ မ်က္လံုးမိွတ္ကာ ျပန္ဖြင့္လိုက္ခ်ိန္ က်ိဳးရန္႐ွင္း ရဲ႕ စိုးရိမ္ေနတဲ့မ်က္ႏွာကို ေတြ႔လိုက္ရသည္။
ဘာေတြျဖစ္ေနတာလဲ သူအခုနကဘဲ ဂူထဲမွာ႐ွိေနတာမဟုတ္လား
ေဘးပတ္ပတ္လည္မွာေက်ာက္နံရံႀကီးမ်ား႐ွိကာ သူတို႔ေရာက္ေနသည့္ေနရာက ေခ်ာက္တစ္ခုထဲျဖစ္ပံုရသည္ ။
ဘာလို႔ဒီေခ်ာက္ကို ရင္းႏွီးတယ္လို႔ ခံစားေနရတာလဲ
''ဟူးငါမင္းေသၿပီ ထင္သြားတာ ''
''ငါခုနက ဂူတစ္ခုထဲမွာ႐ွိေနတာမဟုတ္လား''
''မင္းျပဳတ္က်တုန္းက ေခါင္းမ်ားထိသြားေသးလား ဒီေနရာမွာ ဂူဆိုလို႔ ဘာဂူမွမေတြ႔ရဘူး''
ယြီေ႐ွာင္ သူေမးတယ့္ေမးခြန္းကို က်ိဳးရန္႐ွင္း ၾကားေတာ့ သူ႔ပံုက ပိုၿပီး စိုးရိမ္လာပံုေပါက္ကာ ေျပာလိုက္သည္။
''အာ..မဟုတ္ဘူး ငါတစ္ခုခု ေတြခဲ့ ထားလိုက္ပါေတာ့ ''
ယြီေ႐ွာင္ သူျမင္ခဲ့တဲ့အရာကို မေျပာသင့္ဘူးလို႔ခံစားလိုက္ရတာေၾကာင့္ သူ႔စကားကို တစ္ဝက္မွာဘဲရပ္လိုက္သည္။
''ငါတို႔ အေပၚကို ဘယ္လိုတက္ျကမလဲ ''
ကံေကာင္းစြာနဲ႔ က်ိဳးရန္႐ွင္း က သူ႔စကားကို အာရံုမထားတာေတြ႔လိုက္သည္။
''ငါတို႔ ဟိုဘက္က ႏြယ္ေတြကို တြယ္တက္ၾကမလား ''
ယြီေ႐ွာင္ တစ္ဖက္မွာ႐ွိတဲ့ႏြယ္ပင္ကို ၫႊန္ျပလိုက္သည္။
''ေကာင္းတာေပါ့''
''သြားစို႔ ''
က်ိဳးရန္႐ွင္း က သူ႔ႏႈတ္ခမ္းေထာင့္က အနည္းငယ္ေကြးတက္သြားေပမယ့္ အလ်င္အျမန္ ေလးနက္ေနတဲ့ပံုျပန္ျဖစ္သြားသည္၊၊
ထို႔ေနာက္သူတို႔ထိုႏြယ္ကို တြယ္တက္ကာ အေပၚသို႔တက္သြားၾကသည္။
တစ္ကယ္လို႔ ယြီေ႐ွာင္ သာ အေပၚမတက္ခင္ေနာက္လွည့္ၾကည့္ခဲ့ရင္ အနက္ေရာင္ အခိုးအေငြ႔မ်ားျဖင့္ရစ္ပတ္ေနကာ တစ္ျဖည္းျဖည္း ေပ်ာက္ကြယ္ေနေသာ ဂူတစ္ခုျမင္ရလိမ့္မည္ျဖစ္သည္၊
သို႔ေသာ္ ကံဆိုးစြာျဖင့္ ယြီေ႐ွာင္ အေနာက္ကိုလွည့္မၾကည့္ခဲ့ေပ။
''အဲ့ေတာ့ စၿပီေပါ့''
ေတာအုပ္တစ္ေနရာက လူတစ္ေယာက္က ႏႈတ္ခမ္းကို တြန္႔ေကြးကာျပံဳးလိုက္သည္။
uni
''ဟင် ဒါဘယ်နေရာ အား.......''
ကျန်းယွီရှောင် မှာ ကျိုးရန်ရှင်း ရဲ့အော်သံကြားလို့လှည့်ကြည့်နေတုန်း ရုတ်တရက်တစ်စုံတစ်ခု ကသူ့ကို ဆွဲယူသွားသလို ခံစားလိုက်ရသည်။
ထိုခံစားချက်က သူ တာဝန်ထမ်းဆောင်တုန်းက ကမ်ဘာ ကူးပြောင်း တဲ့ခံစားချက်နှင့်ဆင်တူသည်။
ထို့နောက်သူ တစ်နေရာကို ရောက်လာပုံရသည်။ ထိုနေရာက ဂူတစ်ခုဖြစ်ပုံပေါ်သည်။
သူထိုနေရာပတ်ပတ်လည်ကို ကြည့်နေတုန်းမှာဘဲ ရုတ်တရက် သူ့ခေါင်းက မခံမရက်နိုင်လောက်အောင်နာကျင်လာရသည်။
ထို့နာကျင်မှု့ကသိပ်မကြာခင်လျော့ပါးသွားသည်။ ထိုအချိန်မှ သူဂူပတ်ပတ်လည်ကို ကြည့်မိသည်။
''ဟင် ဘာကြီး''
ထိုအချိန် ဂူထဲအလင်းရောင်များဖြာကျလာသည်။ ထိုအလင်းရောင်များက တဖြည်းဖြည်း ဂူတစ်ခုလုံးကို ပျံနှံကာ သူက လေပေါ်ရပ်နေသလိုတောင်ခံစား မိတော့သည်။
ထိုအချိန် ထိုအလင်းထဲတွင် လူပုံ သဏ္ဍာန် ပုံရိပ်များကိုတွေ့လိုက်ရသည်။
'' ကောကော ခဏစောင့်ပါဦး ''
အဖြူရောင် shirt လက်တိုနှင့် ဘောင်းဘီတို ဝတ်ထားသော ကောင်ငယ်လေးက သူ့အရှေ့က အနီနှင့် အနက်ရောင် ရှေးခေတ် ဝတ်ရုံထားသော သူကို နောက်ကနေပြေးလိုက်ရင်းပြောလိုက်သည်။
သိပ်မကြာခင်မှာဘဲ သူ့အရှေ့က လူကို မှီသွားတာကြောင့် ထိုလူရဲ့ လက်မောင်းကို ကိုင်ကာ အမောဖြေနေလိုက်သည်။
''ဟွန့် ကျွန်တော့် ကိုတောင် မစောင့်ဘူး ''
ထိုလူငယ်လေးက ကလေးဆန်စွာ နှုတ်ခမ်းကို ဆူကာ သူ့ဘေးကသူကိုပြောလိုက်သည်။
'' ဟဟ မင်းကနှေးနေတာလေ ကိုယ်မြန်တာမှမဟုတ်တာ''
ထိုအနီရောင် ရှေးခေတ်ဝတ်ရုံဝတ်ထားသော သူက ရုတ်တရက်ရီလိုက်ကာ သူ့ဘေးက ကောင်ငယ်လေးကိုပြောလိုက်သည်။
ထိုအချိန်ထိုလူငယ်လေးက ကြောင် တစ်ကောင်အမွှေးဖွာကာ စူးရဲစွာကြည့်နေသလို ကြည့်လာခဲ့သည်။
''ဟုတ်ပါတယ် ကိုယ်မြန်မြန် သွားတာပါ ''
''အဲ့လိုလုပ်စမ်းပါ ကျွန်တော် အခု ညောင်းတယ် လမ်းမလျှောက်နိုင်ဘူး''
''ကောင်းပါပြီကွယ် လာခဲ့ ကိုယ်ချီမယ်''
''ဟီးဟီး ''
ထိုလူငယ်လေးက ပြုံးသွားပုံပင် သူ့ဘေးက လူကြီးဆီခုန်တက်ကာ တောက်တက် လို တွယ်ကပ်နေတော့သည်။
ယွီရှောင် ထိုနှစ်ယောက်မျက်နှာကို သေချာကြည့်သော်လည်း မမြင်ရပေ ထိုနှစ်ယောက် မျက်နှာက အလင်းများနှင့်ကွယ်နေသည်။
ထိုပုံရိပ်များက ရင်းနှီနေသည်။ သို့သော်သူ ထိုမှတ်ဉာဏ်များကို မမှတ်မိပေ
''ယွီရှောင် !!!!! ကျန်းယွီရှောင်! !!!!!!"
ဘယ်သူလဲ ဘယ်သူငါ့ကိုခေါ်နေတာလဲ
''ယွီရှောင် မျက်လုံးဖွင့်လိုက် ''
'ဟင် ငါနိုးနေတာမဟုတ်ဘူးလား '
ထိုအချိန်သူ့ ခန္တာကိုယ်က ရုတ်တရက် လှုပ်ရမ်းလာသည်၊၊ သူမူးဝေသွားတာကြောင့် မျက်လုံးမှိတ်ကာ ပြန်ဖွင့်လိုက်ချိန် ကျိုးရန်ရှင်း ရဲ့ စိုးရိမ်နေတဲ့မျက်နှာကို တွေ့လိုက်ရသည်။
ဘာတွေဖြစ်နေတာလဲ သူအခုနကဘဲ ဂူထဲမှာရှိနေတာမဟုတ်လား
ဘေးပတ်ပတ်လည်မှာကျောက်နံရံကြီးများရှိကာ သူတို့ရောက်နေသည့်နေရာက ချောက်တစ်ခုထဲဖြစ်ပုံရသည် ။
ဘာလို့ဒီချောက်ကို ရင်းနှီးတယ်လို့ ခံစားနေရတာလဲ
''ဟူးငါမင်းသေပြီ ထင်သွားတာ ''
''ငါခုနက ဂူတစ်ခုထဲမှာရှိနေတာမဟုတ်လား''
''မင်းပြုတ်ကျတုန်းက ခေါင်းများထိသွားသေးလား ဒီနေရာမှာ ဂူဆိုလို့ ဘာဂူမှမတွေ့ရဘူး''
ယွီရှောင် သူမေးတယ့်မေးခွန်းကို ကျိုးရန်ရှင်း ကြားတော့ သူ့ပုံက ပိုပြီး စိုးရိမ်လာပုံပေါက်ကာ ပြောလိုက်သည်။
''အာ..မဟုတ်ဘူး ငါတစ်ခုခုကိုတွေ့ခဲ တွေခဲ့ ထားလိုက်ပါတော့ ''
ယွီရှောင် သူမြင်ခဲ့တဲ့အရာကို မပြောသင့်ဘူးလို့ခံစားလိုက်ရတာကြောင့် သူ့စကားကို တစ်ဝက်မှာဘဲရပ်လိုက်သည်။
''ငါတို့ အပေါ်ကို ဘယ်လိုတက်ကြမလဲ ''
ကံကောင်းစွာနဲ့ ကျိုးရန်ရှင်း က သူ့စကားကို အာရုံမထားတာတွေ့လိုက်သည်။
''ငါတို့ ဟိုဘက်က နွယ်တွေကို တွယ်တက်ကြမလား ''
ယွီရှောင် တစ်ဖက်မှာရှိတဲ့နွယ်ပင်ကို ညွှန်ပြလိုက်သည်။
''ကောင်းတာပေါ့''
''သွားစို့ ''
ကျိုးရန်ရှင်း က သူ့နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွားပေမယ့် အလျင်အမြန် လေးနက်နေတဲ့ပုံပြန်ဖြစ်သွားသည်၊၊
ထို့နောက်သူတို့ထိုနွယ်ကို တွယ်တက်ကာ အပေါ်သို့တက်သွားကြသည်။
တစ်ကယ်လို့ ယွီရှောင် သာ အပေါ်မတက်ခင်နောက်လှည့်ကြည့်ခဲ့ရင် အနက်ရောင် အခိုးအငွေ့များဖြင့်ရစ်ပတ်နေကာ တစ်ဖြည်းဖြည်း ပျောက်ကွယ်နေသော ဂူတစ်ခုမြင်ရလိမ့်မည်ဖြစ်သည်၊
သို့သော် ကံဆိုးစွာဖြင့် ယွီရှောင် အနောက်ကိုလှည့်မကြည့်ခဲ့ပေ။
''အဲ့တော့ စပြီပေါ့''
တောအုပ်တစ်နေရာက လူတစ်ယောက်က နှုတ်ခမ်းကို တွန့်ကွေးကာပြုံးလိုက်သည်။