Suggested Song- On The Ground by ROSÉ
ရှောင်းကျန့် အိမ်ပြန်လာရင်း လမ်းတစ်လျှောက်လုံး ခုနက ကိစ္စကိုတွေးရင်း ခေါင်းရှုပ်နေမိသည်။ ဒီပုံကို လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ လောလောလတ်လတ်ဆွဲထားတာမို့ သူအလုပ်လျှောက်တဲ့ကုမ္ပဏီတွေကိုတောင် မပြဖူးသေးပေ။ ဒါကို ဘယ်လိုဖြစ်ပြီး Leoဆီရောက်သွားရတာလဲ။
အမှန်အတိုင်းပြောရရင် Leoဆိုတာ သူ့ဘဝရဲ့အိပ်မက်တွေထဲက တစ်ခုအပါအဝင်ဖြစ်သည်။ တရုတ်နိူင်ငံမှာတင်မကပဲ အိမ်နီးနားချင်းနိူင်ငံတွေအထိပါ စီးပွားရေးဈေးကွက်ဖြန့်ကျက်ထားနိူင်တဲ့ Leoလိုကုမ္ပဏီကြီးမှာ ဒီဇိုင်နာအနေနဲ့ အလုပ်ဝင်ခွင့်ရဖို့ဆိုတာ သူတင်မက ဒီနိူင်ငံမှာရှိတဲ့ ဒီဇိုင်နာတိုင်းအတွက် အကြီးမားဆုံးရည်ရွယ်ချက်ပဲ။
ကျားကြီးတော့ ခြေရာကြီးတယ်ဆိုသလိုပဲ။ သာမန်ဒီဇိုင်းပညာဘွဲ့ကလွဲပြီး တခြားဘာပကာသနမှမရှိတဲ့ သူ့လိုလူကို အလုပ်ခန့်ဖို့နေနေသာသာ အင်တာဗျူးပင်ဖြေခွင့်မရတာမို့ သူလက်လျှော့ခဲ့ရတာ။ အခုတော့ သူအထင်ကြီးအားကျခဲ့ရတဲ့ကုမ္ပဏီက ဒီလိုအောက်တန်းကျတဲ့လုပ်ရပ်မျိုး လုပ်လိမ့်မယ်လို့ မထင်ထားမိခဲ့။
တကယ်ကို ယုတ်မာပြီး အောက်တန်းကျလွန်းသည်။
သူအိမ်ကိုရောက်တာနဲ့ သူ့အခန်းထဲအမြန်ပြေးဝင်လိုက်ပြီး စားပွဲခုံအံဆွဲထဲက သူ့ရဲ့sketch bookကိုထုတ်ကြည့်လိုက်မိသည်။ သူဆွဲထားတဲ့ပုံက စာအုပ်ထဲမှာ ပုံစံမပျက်ရှိနေဆဲ။ ဒါဆို ဘယ်လိုဖြစ်ပြီး Leoကဒီဒီဇိုင်းကို ရသွားတာလဲ။
ဘယ်လိုမှစဉ်းစားလို့မရတဲ့အဆုံး စိတ်ထဲထင့်နေတာနဲ့ မျက်နှာချင်းဆိုင်က သူ့အဒေါ်ရဲ့အခန်းထဲကို ဝင်သွားလိုက်သည်။
"ဒေါ်လေး ကျွန်တော့်အခန်းထဲ ဝင်မိသေးလား"
ဒေါ်လေးက လက်သည်းနီဆိုးရင်းကနေ သူ့ကိုတစ်ချက်သာလှမ်းကြည့်ပြီး လုပ်စရာရှိတာဆက်လုပ်နေတာမို့ စိတ်ကိုတစ်ထစ်လျှော့ချလိုက်ရင်း
"ကျွန်တော်မေးနေတယ်လေ.. ကျွန်တော့်အခန်းထဲဝင်မိသေးလားလို့"
"ငါ့ကို ပြဿနာလာရှာမနေနဲ့ ရှောင်းကျန့် ...ငါမအားဘူး"
"ကျွန်တော်ဆွဲထားတဲ့နာရီဒီဇိုင်းကူးချခံရတယ် ...."
ရုတ်တရက်ထွက်လာတဲ့စကားသံကြောင့် ဆတ်ခနဲဖြစ်သွားပြီး လက်သည်းနီက လက်သည်းထောင့်စွန်းနားမှာပေကျံသွားတာမို့ အံကြိတ်လိုက်ရင်း လက်သည်းနီဘူးကို အဖုံးပိတ်လိုက်သည်။ ရှောင်းကျန့်ကို လှမ်းကြည့်လိုက်တော့ ပုံကြမ်းစာအုပ်ကိုကိုင်ထားရင်း မျက်နှာတွေနီရဲကာ အတော်ဒေါသထွက်နေပုံရတာမို့ မျက်နှာကိုတမင်ငယ်ချလိုက်ကာ ရှောင်းကျန့်အနားကို လျှောက်သွားလိုက်သည်။
"တကယ်တော့ ဒေါ်လေးမှားတာပါ.. ဝမ်ရိပေါ်က ဘယ်လောက်ပဲအကျပ်ကိုင်နေပါစေ ဒေါ်လေးဒီလို မလုပ်ခဲ့သင့်ဘူး"
ရှောင်းကျန့်ရဲ့လက်တစ်ဖက်ကို လှမ်းဆွဲရင်း ငိုသံအနည်းငယ်စွက်ကာ ပြောရင်း ရှောင်းကျန့်ရဲ့မျက်နှာရိပ်ကိုအကဲခတ်လိုက်သည်။ ကလန်ကဆန်လုပ်တာမျိုးမရှိပဲ သူမပြောတာကို မယုံနိူင်သလိုမျိုး ကြောင်ပြီးကြည့်နေတာမို့ ဦးနှောက်ကိုအမြန်အလုပ်ပေးလိုက်ရင်း
"ဒေါ်လေးတစ်ယောက်ထဲ အိမ်စရိတ်အတွက် ရုန်းကန်နေရတာအဆင်မပြေတော့လို့ ဒေါ်လေးမိတ်ဆွေကနေတစ်ဆင့် ဝမ်ရိပေါ်ဆီက ပိုက်ဆံချေးလိုက်မိတာ ဒေါ်လေးရဲ့အမှားပါ ... ဒေါ်လေးလည်း အတတ်နိူင်ဆုံး အတိုးကိုပုံမှန် ပေးတာပါပဲကွယ်.. ဒါပေမယ့် မင်းကလည်း အလုပ်အကိုင်မယ်မယ်ရရမရှိတာနဲ့ ဒေါ်လေးတစ်ယောက်ထဲ အတိုးပေါ်အတိုးဆင့်ရင်း မပေးနိူင်ပါများတော့ ဝမ်ရိပေါ်က ဒီတစ်လအတွင်းမှ မပေးနိူင်ရင် အိမ်ကိုသိမ်းပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာနဲ့ ဒေါ်လေးလည်း မတတ်နိူင်တဲ့အဆုံး သူခိုင်းတဲ့အတိုင်း.."
သူမစကားမဆုံးသေးခင်မှာပင် အခန်းထဲကနေ ဝုန်းဒိုင်းကြဲပြီး ထွက်သွားတဲ့ရှောင်းကျန့်ကြောင့် ဟန်ဆောင်ပန်ဆောင် ညှစ်ထုတ်ထားရတဲ့မျက်ရည်စလေးကို ဆတ်ခနဲပုတ်ထုတ်လိုက်ရင်း ဟက်ခနဲရယ်လိုက်မိသည်။
လည်မလိုလိုနဲ့ တော်တော်အတဲ့ဟာလေး။ ဝမ်ရိပေါ်လို သူ့အတွက် အကျိုးအမြတ်တစ်စုံတစ်ရာမရရင် ဘာမှမလုပ်တဲ့သူမျိုးက သူမလို အကြွေးရှင်တွေတစ်သီတစ်တန်းလိုက်နေတဲ့သူကို ပိုက်ဆံအများကြီးချေးမတဲ့လား။
ဒီကိစ္စကို နည်းနည်းလောက်ကြာမှ ရှောင်းကျန့်သိသွားမယ်လို့ထင်ထားတာ။ အခုတော့ ထင်ထားတာထက်ကို အများကြီးပိုစောနေပုံအရ လောဘကြီးတဲ့ ဝမ်ရိပေါ်က ဒီဇိုင်းကို ခပ်မြန်မြန်launchလုပ်လိုက်ပုံပင်။
တကယ်ဆို သူမအနေနဲ့ တစ်နေ့တစ်နေ့ ဘာအလုပ်မှမလုပ်ပဲ အခန်းထဲအောင်းပြီး ပုံတွေထိုင်ဆွဲနေတဲ့ ရှောင်းကျန့်ကိုသဘောမကျပေမယ့်လည်း ဒီတစ်ခါတော့ ရှောင်းကျန့်ဆွဲထားတဲ့ပုံက သူမကိုအများကြီး အကူအညီဖြစ်စေသည်။
တွေးနေရင်း စားပွဲပေါ်ကဖုန်းက အသံမြည်လာတာမို့ ကြည့်လိုက်တော့ မျှော်နေတဲ့ဖုန်းနံပါတ်မို့ ဝမ်းသာအားရဖြင့်ကိုင်လိုက်ရင်း
"တစ်နေကုန် ဖုန်းဆက်တာမကိုင်ဘူး.. ရှင်ဘာတွေလုပ်နေတာလဲ"
"သူသိသွားပြီ ...မင်းပြေးတော့"
"ဘာ .... ရှင်ဘာတွေပြောနေတာလဲရန်စစ်"
တစ်ဖက်က ကြားနေရတဲ့ ဗလုံးဗထွေးအသံကြောင့် နားမလည်နိူင်စွာနဲ့မေးမိတော့ သေနတ်သံနဲ့အတူ အားခနဲအော်လိုက်တဲ့အသံနက်ကြီးကြောင့် ဖုန်းကိုနားမှာကပ်ထားရင်း ကြက်သေသေနေမိသည်။
ဘာတွေလဲ..။ ရန်စစ်က ဘာဖြစ်သွားတာလဲ။ ဖုန်းထဲကအသံကို နားထောင်ကြည့်တော့လည်း အတော်လေးထိတ်လန့်နေပုံ ရတာမို့ မျက်မှောင်ကျုံ့လိုက်မိသည်။ မနေ့ညကတောင် နှစ်ယောက်သားတွေ့ခဲ့ကြသေးတာကို ဒီနေ့မှကောက်ခါငင်ကာကြီး ဘာထဖြစ်တာလဲ။
သူဆိုတာကရော မဟုတ်မှ ....။ အဲ့လိုတော့ မဖြစ်လောက်ဘူးမလား။ စိတ်ထဲကနေ မဟုတ်ပါစေနဲလို့ ဆုတောင်းရင်း အင်တာနက်ဖွင့်ကြည့်လိုက်တော့ ပလူပျံအောင်တက်နေတဲ့ သတင်းတွေကြောင့် အလန့်တကြားဖြင့် မတ်တပ်ထရပ်လိုက်မိသည်။
ဗီဒီယိုထဲမှာ ဝမ်ရိပေါ်ရဲ့အင်္ကျီကိုဆောင့်ဆွဲပြီး ရန်လုပ်နေတာ သူ့ရဲ့တူတော်မောင် ရှောင်းကျန့်မှ ရှောင်းကျန့်အစစ်။ သူက ဘယ်ကသတ္တိတွေနဲ့ ဝမ်ရိပေါ်ကို ဒီလိုတွေသွားလုပ်ရဲနေတာလဲ။ ဘယ်သူကမှတောင် မော်မကြည့်ရဲခဲ့တဲ့ ဝမ်ရိပေါ်လိုလူကိုလေ။
ဒီရှောင်းကျန့်ဆိုတဲ့ မကောင်းဆိုးဝါးလေးက သူ့ကိုဘယ်တော့မှ အကျိုးမပေးဘူး။ သူအရူးထလို့ အခုဝမ်ရိပေါ်က သူမနဲ့ရန်စစ်ပေါင်းပြီး သူ့ကိုလိမ်တဲ့အကြောင်း သိသွားတာ။ အဲ့တာကြောင့် ခုနက ရန်စစ်က သူမကိုပြေးဖို့ပြောတာဖြစ်မည်။
ဖုန်းထဲက ကြားလိုက်ရတဲ့အသံတွေအရ ရန်စစ်ကိုလည်း သူတို့သတ်ပြီးလောက်ပြီဖြစ်မည်။ မကြာခင် သူမအလှည့်လည်း ရောက်လာတော့မှာမို့ ဝမ်ရိပေါ်ရှာမတွေ့လောက်မယ့်နေရာကို အမြန်ပြေးမှရမည်။
နာရီဒီဇိုင်းကိုရန်စစ်ဆွဲထားတာပါဆိုပြီး လိမ်ပြီးပေးလိုက်တဲ့ကိစ္စနဲ့တင် တော်တော်အပြစ်ကြီးနေပြီကို ရှောင်းကျန့်ကပါ မရိုမသေဆက်ဆံလိုက်တာမို့ ဝမ်ရိပေါ်က သူမကိုလုံးဝ အလွှတ်ပေးမှာမဟုတ်မှန်း သေချာသည်။
အဝတ်အစားသုံးလေးငါးစုံလောက်ကို အိတ်ထဲအမြန်ထိုးထည့်လိုက်ရင်း အခြေအနေကြည့်ကာ အခန်းထဲကထွက်လာလိုက်သည်။ တစ်အိမ်လုံးတိတ်ဆိတ်နေတာမို့ ရှောင်းကျန့်အခန်းထဲအသာဝင်ပြီး ရှောင်းကျန့်ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေကို ဘောင်းဘီအိတ်ကပ်ထဲအမြန်ထည့်လိုက်ရင်း ပစ္စည်းတွေကို ဟန်မပျက်ထားခဲ့လိုက်သည်။
ရှောင်းကျန့်ဆိုတဲ့ဟာလေးက အကြောကြီးလိုက်ပုံများ ကျောင်းတက်နေတဲ့အတောအတွင်း သူမဆီက မုန့်ဖိုးတစ်ယွမ်ပင် မတောင်းခဲ့ဖူးပေ။ အချိန်ပိုင်းအလုပ်မှန်သမျှ အကုန်လိုက်လုပ်ကာ ပိုက်ဆံစုပြီး သူ့စရိတ်နဲ့သူတက်သည်။
သူမရဲ့အကို ရှောင်းကျန့်ရဲ့အဖေက မသေခင်ထဲက ရှောင်းကျန့်အတွက် အမွေတွေလွှဲထားပေးခဲ့ပေမယ့်လည်း တော်တော်များများက သူမဖြုန်းလိုက်လို့ ကုန်သွားပြီမို့ အရင်အိမ်အဟောင်းကို ရောင်းပြီး ဈေးသက်သာတဲ့ ဆင်းရဲသားရပ်ကွက်မှာ ပျဉ်ထောင်အိမ်အသေးလေးဆောက်ပြီး နေနေရသည်။
တော်သေးတာပေါ့။ ဒီကောင်လေးက ပိုက်ဆံအိတ်ယူမသွားလို့။ မဟုတ်ရင် ပြေးစရာပိုက်ဆံမရှိလို့ ဒုက္ခရောက်ဦးမှာ။ ခဏနေလို့ ရှောင်းကျန့်ပြန်လာရင် ဟိုမေးဒီမေးနဲ့ အလုပ်ရှုပ်နေဦးမှာမို့ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းရင်း အိမ်အပြင်ကို ထွက်လာလိုက်သည်။
•••
နဖူးမှာ သေနတ်ဒဏ်ရာဖြင့် မျက်လုံးကြီးနှစ်ဖက်ပြူးကာ သွေးသံတရဲရဲဖြင့် အသက်ပျောက်နေတဲ့ ခန္ဓာကိုယ်ကို တစ်ချက်သာလှမ်းကြည့်ပြီး သူ့တပည့်တွေကို မျက်စပစ်ပြလိုက်တော့ လက်မောင်းကနေ တရွတ်တိုက်ဆွဲလို့ အလောင်းကို သယ်သွားကြလေသည်။
အစကတော့ သဘောထားကြီးကြီးနဲ့ မှတ်လောက်သားလောက်အောင် ပညာပေးပြီး ပြန်လွှတ်ပေးဦးမလို့ပါပဲ။ ဒါပေမယ့် ဒင်းက နောက်တစ်ယောက်ကို ဖုန်းဆက်ပြီး သတင်းပေးလိုက်မှတော့ စည်းမရှိလွန်းတဲ့ ပါးစပ်ကို မဖြစ်မနေပိတ်ပေးလိုက်ရတော့တာပေါ့လေ။
"သူနဲ့အတူ ကြံရာပါအမျိုးသမီးက ထွက်ပြေးသွားပါတယ် သခင်လေး"
ကုတ်အင်္ကျီအတွင်းအိတ်ကပ်ထဲက လက်ကိုင်ပဝါနဲ့ သေနတ်ကို အသာအယာသုတ်နေရင်း သူ့တပည့်ကျင်းရီဆီက ကြားလိုက်ရတဲ့စကားကြောင့် နှုတ်ခမ်းတစ်ဖက်တွန့်တယ်ဆိုရုံ ပြုံးလိုက်မိသည်။
ဉာဏ်မရှိလိုက်တဲ့သူတွေ။ အချိန်တန်ရင် အဖမ်းခံရမှာသိရက်နဲ့ အပင်ပန်းခံပြီး ပြေးနေကြသေးတယ်။
"ပြောစရာကျန်သေးလို့လား"
အခုချိန်ထိ ဘေးနားမှာရပ်နေသေးတဲ့ ကျင်းရီကြောင့် အလောင်းကို တရွတ်တိုက် ဆွဲသွားတဲ့တစ်လျှောက်ကျနေတဲ့ သွေးစက်တွေကို ကြည့်နေရင်းကနေ မေးလိုက်တော့ ကျင်းရီက ပြောရခက်နေသလိုမျိုးဖြင့် ခဏငြိမ်နေပြီးမှ
"အပေါ်မှာ သခင်ကြီးရောက်နေပါတယ်"
ကျစ်.. ဒီဘဲက ဘာလာလုပ်ပြန်ပြီလဲ။
သေနတ်ကို ကုတ်အင်္ကျီအတွင်းအိတ်ထဲ ပြန်ထည့်လိုက်ရင်း ကုတ်အင်္ကျီကို ချွတ်ကာ အနံ့ခံကြည့်လိုက်သည်။ ယမ်းမှုန့်အနံ့တွေ..။ ကုတ်အင်္ကျီကို ကျင်းရီဆီပစ်ပေးလိုက်ပြီး အရှေ့ကထွက်လာပြီးမှ ပြောဖို့တစ်ခုကျန်နေတာကို သတိရသွားတာမို့ ခြေလှမ်းတွေကို တုန့်ခနဲ ရပ်လိုက်ရင်း
"ခုနက အလောင်းသယ်သွားတဲ့နှစ်ယောက်ကို အလုပ်ထုတ်လိုက်တော့"
မီးခိုးရောင်ရှပ်အင်္ကျီလက်ကို ခေါက်တင်ရင်း အိမ်ထဲကို မာန်ပါပါဖြင့် လျှောက်လာတဲ့ ဝမ်မျိုးရိုးရဲ့ နောက်ဆုံးမျိုးဆက်လေးက သူမေးဆတ်ပြရာ ခုံမှာဝင်မထိုင်ပဲ သူ့ရှေ့က ဝိုင်ခွက်ကိုယူကာ တစ်ကျိုက်တည်းကောက်မော့လိုက်ရင်း
"ဒယ်ဒီ ကျွန်တော့်ဝိုင်တွေကို ခွင့်ပြုချက်မရပဲယူသောက်တာ များပြီ"
"လီယိုဝမ်ကို ပြဿနာရှာရဲတဲ့သူ ပေါ်လာပြီဆိုလို့ လာကြည့်တာ"
သူ့ကို မျက်ခုံးပင့်ကြည့်လို့ မထီတရီပြောလာတဲ့ဒယ်ဒီကြောင့် ဝိုင်ခွက်ကို စားပွဲပေါ်ပြန်တင်လိုက်ရင်း
"အဲ့လောက်တောင်ပျော်လား"
မကျေမချမ်းနဲ့ ပြောလာတဲ့သားဖြစ်သူကြောင့် တဟားဟားအော်ရယ်ရင်း
"မင်းအင်္ကျီရင်ဘတ်ကိုတောင် စောင့်ဆွဲပြီးရန်လုပ်ရဲတဲ့ ကောင်လေးက ခေတော့မခေဘူးပဲ"
"ကျွန်တော်လုပ်စရာတွေရှိသေးတယ် .... ဒယ်ဒီ လစ်လိုက်တော့"
"မင်းအဖေက ဒီလောက်မအားတဲ့ကြားက လာလည်တာကို ဒီလိုပဲ မောင်းထုတ်ရလား.. ဒါနဲ့ရောက်တုန်း တစ်ခါထဲပြောသွားဦးမယ် တစ်ဆိတ်ရှိ သေနတ်သုံးဖို့ပဲစဉ်းစားမနေစမ်းနဲ့ ... ကြာရင် ငါ့လူတွေကုန်တော့မယ်"
"ဒါတော့ ကျွန်တော်လည်းမတတ်နိူင်ဘူး.. ဒယ်ဒီ့လူတွေကမှ အသုံးမကျတာ"
ပခုံးနှစ်ဖက်ကို တွန့်ပြရင်း စားပွဲပေါ်က ဝိုင်ပုလင်းကိုဆွဲကာ အပေါ်ထပ်ကို တစ်လှမ်းချင်းတက်သွားတဲ့သားဖြစ်သူကို ကြည့်နေရင်း ကျေးဇူးရှင်လေးက ပြန်လှည့်လာတာမို့ အမြန်အကြည့်လွှဲလိုက်ရသည်။
"မာမီက ဒယ်ဒီ့ကိုရှာနေတယ်"
သူ့စကားကြားတာနဲ့ ပြုံးရယ်နေတဲ့ ဒယ်ဒီ့်မျက်နှာက မသိမသာတည်တင်းသွားတာမို့ ဒယ်ဒီ့စကားကို မစောင့်တော့ပဲ အပေါ်ထပ်ကိုပဲ တက်လာလိုက်သည်။
ဒယ်ဒီ့အတွက် တစ်ခုထဲသောငြိမ်ဆေးက မာမီပဲ။ မာမီ့အကြောင်းပြောလိုက်တာနဲ့ စိတ်နဲ့လူနဲ့တောင်မကပ်တော့သလို။ သူသိရသလောက်တော့ ဒယ်ဒီက မာမီ့ကိုသိပ်ချစ်တာ။
အဲ့အချိန်က သူအရမ်းငယ်သေးတော့ အကြောင်းအရာတွေအကုန်လုံးကိုမသိပေမယ့် ညတိုင်းနောက်ကျမှပြန်လာပြီး အပျော်အပါးမက်တဲ့မာမီ့ကို ဒယ်ဒီက သဝန်တိုရာကနေ ကွာရှင်းကြတဲ့အထိ ဖြစ်သွားကြတာဖြစ်သည်။
မာမီက အရမ်းလှသလို အရမ်းလည်း ပိုက်ဆံမက်သည်။ ဒယ်ဒီ့စည်းစိမ်တွေကို တစ်ဝက်တိတိလွှဲယူပြီးမှ ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးသည်။ သူ့ကိုတော့ မာမီက တစ်ပတ်တစ်ခါပုံမှန် အပြင်မှာခေါ်တွေ့သည်။ ဒယ်ဒီ့အကြောင်းတော့ တစ်ခွန်းတောင်မမေးခဲ့။
ညတိုင်း အရက်တွေသောက်ပြီး မာမီ့နာမည်ကို တကြော်ကြော်ခေါ်နေတဲ့ဒယ်ဒီ့ကိုကြည့်ပြီး သူသနားသည်။ အဲ့အချိန်ထဲက သူသတ်မှတ်ထားတဲ့အချစ်ဆိုတာ အရှုံးနဲ့တိုက်ရိုက်အချိုးကျနေသည်။ အလှတရားတွေကိုလည်း သူသိပ်စက်ဆုပ်သွားမိသည်။
သူအလယ်တန်းပြီးတဲ့အထိပဲ ဒယ်ဒီနဲ့အတူနေပြီး အထက်တန်းကျောင်းသားဘဝကစလို့ တစ်ယောက်ထဲအိမ်ခွဲနေသည်။ ဘွဲ့ရတော့ ဒယ်ဒီက Leoဆိုတဲ့နာမည်နဲ့ သူ့အတွက် ကုမ္ပဏီတစ်ခုထောင်ပေးသည်။ ဒယ်ဒီက သူဖြစ်ချင်တာမှန်သမျှကို လုပ်ခွင့်ပေးသည်။ နောက်ဆုံး သူသေနတ်ကိုင်ချင်ကြောင်းပြောတော့လည်း သူ့ကိုကိုင်ခွင့်ရအောင် လုပ်ပေးသည်။
သူပထမဆုံး လူစသတ်ဖူးတာ ကုမ္ပဏီကိုဦးစီးပြီး တစ်နှစ်အကြာတွင်ဖြစ်သည်။ ပြိုင်ဘက်ကုမ္ပဏီရဲ့ဝန်ထမ်းလည်းဖြစ် သူနဲ့ကျောင်းတုန်းက ရန်စအနည်းငယ်လည်း ရှိခဲ့ဖူးတဲ့တစ်ယောက်က အလုပ်အကြောင်းဆွေးနွေးနေရင်း သောက်ချိုးမပြေတာမို့ စိတ်တိုတိုနဲ့ ရုံးခန်းထဲမှာတင် တစ်ခါထဲပစ်သတ်လိုက်တာဖြစ်သည်။
အဲ့တုန်းကလည်း ဒယ်ဒီတော်တော်အလုပ်ရှုပ်သွားသေးသည်။ သက်သေတွေဖျောက်ရ အမှုလိုက်ပိတ်ရနဲ့။ အဲ့ဒီအချိန်ကစပြီး လူသတ်ရတာက သူ့အတွက် စိတ်ဖြေဖျောက်ရာတစ်ခုလို ဖြစ်လာသည်။ စိတ်တွင်းက ဒေါသတွေအားလုံးကို ကျည်ဆံနဲ့အတူ ကိုယ်စိတ်တိုနေတဲ့သူရဲ့အသွေးအသားထဲ ထည့်ပေးလိုက်ရသလို။
အခုလေးတင် ကိုယ်မကျေမနပ်ဖြစ်နေတဲ့သူရဲ့ အချိုးမပြေတဲ့ပုံစံကနေ ကိုယ့်ကြောင့် တဖြည်းဖြည်း မချိမဆန့်ဖြစ်သွားရင်း ကြောက်လန့်နေတဲ့မျက်နှာကို တမြေ့မြေ့ ထိုင်ကြည့်ရတာလောက် ပျော်စရာကောင်းတာမရှိ။
•••
ရှောင်းကျန့်အိမ်ကထွက်လာပြီး ဘယ်သွားရမှန်းမသိတာမို့ လမ်းထိပ်မှာရှိတဲ့ ကလေးကစားကွင်းထဲက ဒန်းပေါ်မှာထိုင်နေမိသည်။
ထပ်ပြီး ဝမ်ရိပေါ်ပဲလား။ သူ့ဒီဇိုင်းကို ခိုးရုံတင်မကသေးပဲ ဒေါ်လေးကိုပါ အကျပ်ကိုင်ခြိမ်းခြောက်ခဲ့သေးတာလား။
အခုအခြေအနေက သူကဘယ်သူ့ကိုသွားအပြစ်တင်ရမလဲ။ ဒီအချိန်အထိ အလုပ်မရှိသေးတဲ့ သူ့ကိုယ်သူကိုလား၊ ပါးနဲ့မားထားခဲ့တဲ့ အမွေတွေကို အခန့်သားထိုင်ဖြုန်းနေတဲ့ဒေါ်လေးကိုလား ဒါမှမဟုတ် ဟိုလူသားမဆန်လွန်းတဲ့ ဝမ်ရိပေါ်ဆိုတဲ့မကောင်းဆိုးဝါးကိုလား။
သူကြိုးစားပမ်းစားဆွဲထားရတဲ့ဟာလေးကို ဘာလို့များ သူတို့ဒီဇိုင်းပါဆိုပြီး အရှက်မရှိပြောရဲကြတာလဲ။
ပါးနဲ့မားဆုံးသွားပြီးထဲက အထူးတလည်ဘာမှမလုပ်ပေးနိူင်တာမို့ ဒီနှစ်တော့ နာရီတွေဝယ်စုရတာ အရမ်းသဘောကျတဲ့ ပါးအတွက် သီးသန့်နာရီဒီဇိုင်းဆွဲပြီး လက်ဆောင်ပေးဖို့ပြင်ထားတာ။ အခုတော့ ဝမ်ရိပေါ်ဆိုတဲ့လူကြောင့် သူ့မျှော်လင့်ချက်တွေ တစ်စစီဖြစ်ကုန်ပြီ။
သူဆယ့်ငါးနှစ်သားအရွယ်လောက်က ပါးနဲ့မား ကားအက်စီးဒင့်ဖြစ်ပြီး ဆုံးသွားတဲ့သတင်းကြားပြီး နောက်နေ့မှာတော့ ပါးရဲ့ညီမဖြစ်တဲ့ ဒေါ်လေးက အိမ်ကိုရောက်လာသည်။ ရှောင်းကျန့်တို့မိသားစုလေးက ချမ်းသာတဲ့အထဲမပါပေမယ့် လူတန်းစေ့နေနိူင် စားနိူင်တဲ့အထဲတော့ပါသည်။
ဒါပေမယ့်လည်း အရင်ထဲကအသုံးအဖြုန်းကြီးတဲ့ဒေါ်လေးက ပါးတို့ထားခဲ့တဲ့အမွေတွေအားလုံးကို သူ့ကိုအကြောင်းပြပြီး သုံးဖြုန်းပစ်တာမို့ တစ်ပြားတစ်ချပ်ပင်မကျန်တော့။
အထက်တန်းကျောင်းသားဘဝကနေ ဘွဲ့ရတဲ့အထိ ကျောင်းစရိတ်အတွက် ရသမျှအချိန်ပိုင်းအလုပ်လေးတွေ လိုက်လုပ်ပြီး တက်ခဲ့တာတောင် ဘွဲ့ရပြီးတဲ့နောက်ပိုင်း အလုပ်အကိုင်ရယ်လို့ အတည်တကျမရှိသေးတဲ့သူ့ကို ဒေါ်လေးကငြိုငြင်ချင်လာသည်။ ပေါ်တင်တစ်မျိုး မသိမသာတစ်ဖုံ သူ့ကိုတင်မကျွေးထားနိူင်တော့ကြောင်းကို ငြီးငြူပြတတ်သည်။
အတွေးလွန်နေရင်း ဘောင်းဘီအိတ်ထဲက ဖုန်းမြည်လာတာမို့ ကိုင်လိုက်တော့ ချောင်ယွီချန်ဖြစ်နေသည်။ ယွီချန်နဲ့က ကျောင်းသားဘဝထဲက သူငယ်ချင်းအရင်းကြီးတွေဖြစ်ပြီး အခုချိန်ထိ အချိန်ပိုင်းအလုပ်တွေဆိုလည်း အတူလိုက်လုပ်ကြရတဲ့ဘဝတူတွေဖြစ်သည်။
ဖုန်းဆက်ရတဲ့အကြောင်းရင်းက ဒီညသူ့အသိတစ်ယောက်ရဲ့ဘားမှာ အချိန်ပိုင်းလုပ်ဖို့ လူလိုတယ်ဆိုတာမို့ ရှောင်းကျန့်ကိုလှမ်းအကြောင်းကြားပေးတာဖြစ်သည်။
ရှောင်းကျန့်လည်း ငွေလိုနေတာမို့ လုပ်မယ့်အကြောင်းပြောပြီး ဖုန်းချကာ အိမ်ကိုအမြန်ထွက်လာလိုက်သည်။ သူညကျရင် အလုပ်သွားရမယ့်အကြောင်း ဒေါ်လေးဆီမှာခွင့်တောင်းပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ရဦးမည်လေ။
မီကတိတည်ပါတယ်နော်.. ဖတ်ပြီးရင်လည်း ဖိဘတ်လေးတွေ ပေးဖို့မမေ့ပါနဲ့လို့ ဟဲဟဲ
Happy 20th yrs to little daydream-fah....
#fah🦄
Suggested Song- On The Ground by ROSÉ
ေ႐ွာင္းက်န္႔ အိမ္ျပန္လာရင္း လမ္းတစ္ေလွ်ာက္လံုး ခုနက ကိစၥကိုေတြးရင္း ေခါင္း႐ႈပ္ေနမိသည္။ ဒီပံုကို လြန္ခဲ့တဲ့တစ္ပတ္ေလာက္ကမွ ေလာေလာလတ္လတ္ဆြဲထားတာမို႔ သူအလုပ္ေလွ်ာက္တဲ့ကုမၸဏီေတြကိုေတာင္ မျပဖူးေသးေပ။ ဒါကို ဘယ္လိုျဖစ္ၿပီး Leoဆီေရာက္သြားရတာလဲ။
အမွန္အတိုင္းေျပာရရင္ Leoဆိုတာ သူ႔ဘဝရဲ႕အိပ္မက္ေတြထဲက တစ္ခုအပါအဝင္ျဖစ္သည္။ တ႐ုတ္ႏိူင္ငံမွာတင္မကပဲ အိမ္နီးနားခ်င္းႏိူင္ငံေတြအထိပါ စီးပြားေရးေစ်းကြက္ျဖန္႔က်က္ထားႏိူင္တဲ့ Leoလိုကုမၸဏီႀကီးမွာ ဒီဇိုင္နာအေနနဲ႔ အလုပ္ဝင္ခြင့္ရဖို႔ဆိုတာ သူတင္မက ဒီႏိူင္ငံမွာ႐ွိတဲ့ ဒီဇိုင္နာတိုင္းအတြက္ အႀကီးမားဆံုးရည္ရြယ္ခ်က္ပဲ။
က်ားႀကီးေတာ့ ေျခရာႀကီးတယ္ဆိုသလိုပဲ။ သာမန္ဒီဇိုင္းပညာဘြဲ႔ကလြဲၿပီး တျခားဘာပကာသနမွမ႐ွိတဲ့ သူ႔လိုလူကို အလုပ္ခန္႔ဖို႔ေနေနသာသာ အင္တာဗ်ဴးပင္ေျဖခြင့္မရတာမို႔ သူလက္ေလွ်ာ့ခဲ့ရတာ။ အခုေတာ့ သူအထင္ႀကီးအားက်ခဲ့ရတဲ့ကုမၸဏီက ဒီလိုေအာက္တန္းက်တဲ့လုပ္ရပ္မ်ိဳး လုပ္လိမ့္မယ္လို႔ မထင္ထားမိခဲ့။
တကယ္ကို ယုတ္မာၿပီး ေအာက္တန္းက်လြန္းသည္။
သူအိမ္ကိုေရာက္တာနဲ႔ သူ႔အခန္းထဲအျမန္ေျပးဝင္လိုက္ၿပီး စားပြဲခံုအံဆြဲထဲက သူ႔ရဲ႕sketch bookကိုထုတ္ၾကည့္လိုက္မိသည္။ သူဆြဲထားတဲ့ပံုက စာအုပ္ထဲမွာ ပံုစံမပ်က္႐ွိေနဆဲ။ ဒါဆို ဘယ္လိုျဖစ္ၿပီး Leoကဒီဒီဇိုင္းကို ရသြားတာလဲ။
ဘယ္လိုမွစဥ္းစားလို႔မရတဲ့အဆံုး စိတ္ထဲထင့္ေနတာနဲ႔ မ်က္ႏွာခ်င္းဆိုင္က သူ႔အေဒၚရဲ႕အခန္းထဲကို ဝင္သြားလိုက္သည္။
"ေဒၚေလး ကြၽန္ေတာ့္အခန္းထဲ ဝင္မိေသးလား"
ေဒၚေလးက လက္သည္းနီဆိုးရင္းကေန သူ႔ကိုတစ္ခ်က္သာလွမ္းၾကည့္ၿပီး လုပ္စရာ႐ွိတာဆက္လုပ္ေနတာမို႔ စိတ္ကိုတစ္ထစ္ေလွ်ာ့ခ်လိုက္ရင္း
"ကြၽန္ေတာ္ေမးေနတယ္ေလ.. ကြၽန္ေတာ့္အခန္းထဲဝင္မိေသးလားလို႔"
"ငါ့ကို ျပႆနာလာ႐ွာမေနနဲ႔ ေ႐ွာင္းက်န္႔ ...ငါမအားဘူး"
"ကြၽန္ေတာ္ဆြဲထားတဲ့နာရီဒီဇိုင္းကူးခ်ခံရတယ္ ...."
႐ုတ္တရက္ထြက္လာတဲ့စကားသံေၾကာင့္ ဆတ္ခနဲျဖစ္သြားၿပီး လက္သည္းနီက လက္သည္းေထာင့္စြန္းနားမွာေပက်ံသြားတာမို႔ အံႀကိတ္လိုက္ရင္း လက္သည္းနီဘူးကို အဖံုးပိတ္လိုက္သည္။ ေ႐ွာင္းက်န္႔ကို လွမ္းၾကည့္လိုက္ေတာ့ ပံုၾကမ္းစာအုပ္ကိုကိုင္ထားရင္း မ်က္ႏွာေတြနီရဲကာ အေတာ္ေဒါသထြက္ေနပံုရတာမို႔ မ်က္ႏွာကိုတမင္ငယ္ခ်လိုက္ကာ ေ႐ွာင္းက်န္႔အနားကို ေလွ်ာက္သြားလိုက္သည္။
"တကယ္ေတာ့ ေဒၚေလးမွားတာပါ.. ဝမ္ရိေပၚက ဘယ္ေလာက္ပဲအက်ပ္ကိုင္ေနပါေစ ေဒၚေလးဒီလို မလုပ္ခဲ့သင့္ဘူး"
ေ႐ွာင္းက်န္႔ရဲ႕လက္တစ္ဖက္ကို လွမ္းဆြဲရင္း ငိုသံအနည္းငယ္စြက္ကာ ေျပာရင္း ေ႐ွာင္းက်န္႔ရဲ႕မ်က္ႏွာရိပ္ကိုအကဲခတ္လိုက္သည္။ ကလန္ကဆန္လုပ္တာမ်ိဳးမ႐ွိပဲ သူမေျပာတာကို မယံုႏိူင္သလိုမ်ိဳး ေၾကာင္ၿပီးၾကည့္ေနတာမို႔ ဦးေႏွာက္ကိုအျမန္အလုပ္ေပးလိုက္ရင္း
"ေဒၚေလးတစ္ေယာက္ထဲ အိမ္စရိတ္အတြက္ ႐ုန္းကန္ေနရတာအဆင္မေျပေတာ့လို႔ ေဒၚေလးမိတ္ေဆြကေနတစ္ဆင့္ ဝမ္ရိေပၚဆီက ပိုက္ဆံေခ်းလိုက္မိတာ ေဒၚေလးရဲ႕အမွားပါ ... ေဒၚေလးလည္း အတတ္ႏိူင္ဆံုး အတိုးကိုပံုမွန္ ေပးတာပါပဲကြယ္.. ဒါေပမယ့္ မင္းကလည္း အလုပ္အကိုင္မယ္မယ္ရရမ႐ွိတာနဲ႔ ေဒၚေလးတစ္ေယာက္ထဲ အတိုးေပၚအတိုးဆင့္ရင္း မေပးႏိူင္ပါမ်ားေတာ့ ဝမ္ရိေပၚက ဒီတစ္လအတြင္းမွ မေပးႏိူင္ရင္ အိမ္ကိုသိမ္းပစ္မယ္ဆိုၿပီး ၿခိမ္းေျခာက္တာနဲ႔ ေဒၚေလးလည္း မတတ္ႏိူင္တဲ့အဆံုး သူခိုင္းတဲ့အတိုင္း.."
သူမစကားမဆံုးေသးခင္မွာပင္ အခန္းထဲကေန ဝုန္းဒိုင္းၾကဲၿပီး ထြက္သြားတဲ့ေ႐ွာင္းက်န္႔ေၾကာင့္ ဟန္ေဆာင္ပန္ေဆာင္ ညႇစ္ထုတ္ထားရတဲ့မ်က္ရည္စေလးကို ဆတ္ခနဲပုတ္ထုတ္လိုက္ရင္း ဟက္ခနဲရယ္လိုက္မိသည္။
လည္မလိုလိုနဲ႔ ေတာ္ေတာ္အတဲ့ဟာေလး။ ဝမ္ရိေပၚလို သူ႔အတြက္ အက်ိဳးအျမတ္တစ္စံုတစ္ရာမရရင္ ဘာမွမလုပ္တဲ့သူမ်ိဳးက သူမလို အေႂကြး႐ွင္ေတြတစ္သီတစ္တန္းလိုက္ေနတဲ့သူကို ပိုက္ဆံအမ်ားႀကီးေခ်းမတဲ့လား။
ဒီကိစၥကို နည္းနည္းေလာက္ၾကာမွ ေ႐ွာင္းက်န္႔သိသြားမယ္လို႔ထင္ထားတာ။ အခုေတာ့ ထင္ထားတာထက္ကို အမ်ားႀကီးပိုေစာေနပံုအရ ေလာဘႀကီးတဲ့ ဝမ္ရိေပၚက ဒီဇိုင္းကို ခပ္ျမန္ျမန္launchလုပ္လိုက္ပံုပင္။
တကယ္ဆို သူမအေနနဲ႔ တစ္ေန႔တစ္ေန႔ ဘာအလုပ္မွမလုပ္ပဲ အခန္းထဲေအာင္းၿပီး ပံုေတြထိုင္ဆြဲေနတဲ့ ေ႐ွာင္းက်န္႔ကိုသေဘာမက်ေပမယ့္လည္း ဒီတစ္ခါေတာ့ ေ႐ွာင္းက်န္႔ဆြဲထားတဲ့ပံုက သူမကိုအမ်ားႀကီး အကူအညီျဖစ္ေစသည္။
ေတြးေနရင္း စားပြဲေပၚကဖုန္းက အသံျမည္လာတာမို႔ ၾကည့္လိုက္ေတာ့ ေမွ်ာ္ေနတဲ့ဖုန္းနံပါတ္မို႔ ဝမ္းသာအားရျဖင့္ကိုင္လိုက္ရင္း
"တစ္ေနကုန္ ဖုန္းဆက္တာမကိုင္ဘူး.. ႐ွင္ဘာေတြလုပ္ေနတာလဲ"
"သူသိသြားၿပီ ...မင္းေျပးေတာ့"
"ဘာ .... ႐ွင္ဘာေတြေျပာေနတာလဲရန္စစ္"
တစ္ဖက္က ၾကားေနရတဲ့ ဗလံုးဗေထြးအသံေၾကာင့္ နားမလည္ႏိူင္စြာနဲ႔ေမးမိေတာ့ ေသနတ္သံနဲ႔အတူ အားခနဲေအာ္လိုက္တဲ့အသံနက္ႀကီးေၾကာင့္ ဖုန္းကိုနားမွာကပ္ထားရင္း ၾကက္ေသေသေနမိသည္။
ဘာေတြလဲ..။ ရန္စစ္က ဘာျဖစ္သြားတာလဲ။ ဖုန္းထဲကအသံကို နားေထာင္ၾကည့္ေတာ့လည္း အေတာ္ေလးထိတ္လန္႔ေနပံု ရတာမို႔ မ်က္ေမွာင္က်ံဳ႕လိုက္မိသည္။ မေန႔ညကေတာင္ ႏွစ္ေယာက္သားေတြ႔ခဲ့ၾကေသးတာကို ဒီေန႔မွေကာက္ခါငင္ကာႀကီး ဘာထျဖစ္တာလဲ။
သူဆိုတာကေရာ မဟုတ္မွ ....။ အဲ့လိုေတာ့ မျဖစ္ေလာက္ဘူးမလား။ စိတ္ထဲကေန မဟုတ္ပါေစနဲလို႔ ဆုေတာင္းရင္း အင္တာနက္ဖြင့္ၾကည့္လိုက္ေတာ့ ပလူပ်ံေအာင္တက္ေနတဲ့ သတင္းေတြေၾကာင့္ အလန္႔တၾကားျဖင့္ မတ္တပ္ထရပ္လိုက္မိသည္။
ဗီဒီယိုထဲမွာ ဝမ္ရိေပၚရဲ႕အက်ႌကိုေဆာင့္ဆြဲၿပီး ရန္လုပ္ေနတာ သူ႔ရဲ႕တူေတာ္ေမာင္ ေ႐ွာင္းက်န္႔မွ ေ႐ွာင္းက်န္႔အစစ္။ သူက ဘယ္ကသတၱိေတြနဲ႔ ဝမ္ရိေပၚကို ဒီလိုေတြသြားလုပ္ရဲေနတာလဲ။ ဘယ္သူကမွေတာင္ ေမာ္မၾကည့္ရဲခဲ့တဲ့ ဝမ္ရိေပၚလိုလူကိုေလ။
ဒီေ႐ွာင္းက်န္႔ဆိုတဲ့ မေကာင္းဆိုး၀ါးေလးက သူ႔ကိုဘယ္ေတာ့မွ အက်ိဳးမေပးဘူး။ သူအ႐ူးထလို႔ အခုဝမ္ရိေပၚက သူမနဲ႔ရန္စစ္ေပါင္းၿပီး သူ႔ကိုလိမ္တဲ့အေၾကာင္း သိသြားတာ။ အဲ့တာေၾကာင့္ ခုနက ရန္စစ္က သူမကိုေျပးဖို႔ေျပာတာျဖစ္မည္။
ဖုန္းထဲက ၾကားလိုက္ရတဲ့အသံေတြအရ ရန္စစ္ကိုလည္း သူတို႔သတ္ၿပီးေလာက္ၿပီျဖစ္မည္။ မၾကာခင္ သူမအလွည့္လည္း ေရာက္လာေတာ့မွာမို႔ ဝမ္ရိေပၚ႐ွာမေတြ႔ေလာက္မယ့္ေနရာကို အျမန္ေျပးမွရမည္။
နာရီဒီဇိုင္းကိုရန္စစ္ဆြဲထားတာပါဆိုၿပီး လိမ္ၿပီးေပးလိုက္တဲ့ကိစၥနဲ႔တင္ ေတာ္ေတာ္အျပစ္ႀကီးေနၿပီကို ေ႐ွာင္းက်န္႔ကပါ မ႐ိုမေသဆက္ဆံလိုက္တာမို႔ ဝမ္ရိေပၚက သူမကိုလံုးဝ အလႊတ္ေပးမွာမဟုတ္မွန္း ေသခ်ာသည္။
အဝတ္အစားသံုးေလးငါးစံုေလာက္ကို အိတ္ထဲအျမန္ထိုးထည့္လိုက္ရင္း အေျခအေနၾကည့္ကာ အခန္းထဲကထြက္လာလိုက္သည္။ တစ္အိမ္လံုးတိတ္ဆိတ္ေနတာမို႔ ေ႐ွာင္းက်န္႔အခန္းထဲအသာဝင္ၿပီး ေ႐ွာင္းက်န္႔ပိုက္ဆံအိတ္ထဲက ပိုက္ဆံေတြကို ေဘာင္းဘီအိတ္ကပ္ထဲအျမန္ထည့္လိုက္ရင္း ပစၥည္းေတြကို ဟန္မပ်က္ထားခဲ့လိုက္သည္။
ေ႐ွာင္းက်န္႔ဆိုတဲ့ဟာေလးက အေၾကာႀကီးလိုက္ပံုမ်ား ေက်ာင္းတက္ေနတဲ့အေတာအတြင္း သူမဆီက မုန္႔ဖိုးတစ္ယြမ္ပင္ မေတာင္းခဲ့ဖူးေပ။ အခ်ိန္ပိုင္းအလုပ္မွန္သမွ် အကုန္လိုက္လုပ္ကာ ပိုက္ဆံစုၿပီး သူ႔စရိတ္နဲ႔သူတက္သည္။
သူမရဲ႕အကို ေ႐ွာင္းက်န္႔ရဲ႕အေဖက မေသခင္ထဲက ေ႐ွာင္းက်န္႔အတြက္ အေမြေတြလႊဲထားေပးခဲ့ေပမယ့္လည္း ေတာ္ေတာ္မ်ားမ်ားက သူမျဖဳန္းလိုက္လို႔ ကုန္သြားၿပီမို႔ အရင္အိမ္အေဟာင္းကို ေရာင္းၿပီး ေစ်းသက္သာတဲ့ ဆင္းရဲသားရပ္ကြက္မွာ ပ်ဥ္ေထာင္အိမ္အေသးေလးေဆာက္ၿပီး ေနေနရသည္။
ေတာ္ေသးတာေပါ့။ ဒီေကာင္ေလးက ပိုက္ဆံအိတ္ယူမသြားလို႔။ မဟုတ္ရင္ ေျပးစရာပိုက္ဆံမ႐ွိလို႔ ဒုကၡေရာက္ဦးမွာ။ ခဏေနလို႔ ေ႐ွာင္းက်န္႔ျပန္လာရင္ ဟိုေမးဒီေမးနဲ႔ အလုပ္႐ႈပ္ေနဦးမွာမို႔ ဦးထုပ္ကို ခပ္ငိုက္ငိုက္ေဆာင္းရင္း အိမ္အျပင္ကို ထြက္လာလိုက္သည္။
•••
နဖူးမွာ ေသနတ္ဒဏ္ရာျဖင့္ မ်က္လံုးႀကီးႏွစ္ဖက္ျပဴးကာ ေသြးသံတရဲရဲျဖင့္ အသက္ေပ်ာက္ေနတဲ့ ခႏၶာကိုယ္ကို တစ္ခ်က္သာလွမ္းၾကည့္ၿပီး သူ႔တပည့္ေတြကို မ်က္စပစ္ျပလိုက္ေတာ့ လက္ေမာင္းကေန တရြတ္တိုက္ဆြဲလို႔ အေလာင္းကို သယ္သြားၾကေလသည္။
အစကေတာ့ သေဘာထားႀကီးႀကီးနဲ႔ မွတ္ေလာက္သားေလာက္ေအာင္ ပညာေပးၿပီး ျပန္လႊတ္ေပးဦးမလို႔ပါပဲ။ ဒါေပမယ့္ ဒင္းက ေနာက္တစ္ေယာက္ကို ဖုန္းဆက္ၿပီး သတင္းေပးလိုက္မွေတာ့ စည္းမ႐ွိလြန္းတဲ့ ပါးစပ္ကို မျဖစ္မေနပိတ္ေပးလိုက္ရေတာ့တာေပါ့ေလ။
"သူနဲ႔အတူ ၾကံရာပါအမ်ိဳးသမီးက ထြက္ေျပးသြားပါတယ္ သခင္ေလး"
ကုတ္အက်ႌအတြင္းအိတ္ကပ္ထဲက လက္ကိုင္ပဝါနဲ႔ ေသနတ္ကို အသာအယာသုတ္ေနရင္း သူ႔တပည့္က်င္းရီဆီက ၾကားလိုက္ရတဲ့စကားေၾကာင့္ ႏႈတ္ခမ္းတစ္ဖက္တြန္႔တယ္ဆိုရံု ျပံဳးလိုက္မိသည္။
ဥာဏ္မ႐ွိလိုက္တဲ့သူေတြ။ အခ်ိန္တန္ရင္ အဖမ္းခံရမွာသိရက္နဲ႔ အပင္ပန္းခံၿပီး ေျပးေနၾကေသးတယ္။
"ေျပာစရာက်န္ေသးလို႔လား"
အခုခ်ိန္ထိ ေဘးနားမွာရပ္ေနေသးတဲ့ က်င္းရီေၾကာင့္ အေလာင္းကို တရြတ္တိုက္ ဆြဲသြားတဲ့တစ္ေလွ်ာက္က်ေနတဲ့ ေသြးစက္ေတြကို ၾကည့္ေနရင္းကေန ေမးလိုက္ေတာ့ က်င္းရီက ေျပာရခက္ေနသလိုမ်ိဳးျဖင့္ ခဏၿငိမ္ေနၿပီးမွ
"အေပၚမွာ သခင္ႀကီးေရာက္ေနပါတယ္"
က်စ္.. ဒီဘဲက ဘာလာလုပ္ျပန္ၿပီလဲ။
ေသနတ္ကို ကုတ္အက်ႌအတြင္းအိတ္ထဲ ျပန္ထည့္လိုက္ရင္း ကုတ္အက်ႌကို ခြၽတ္ကာ အနံ႔ခံၾကည့္လိုက္သည္။ ယမ္းမႈန္႔အနံ႔ေတြ..။ ကုတ္အက်ႌကို က်င္းရီဆီပစ္ေပးလိုက္ၿပီး အေ႐ွ႕ကထြက္လာၿပီးမွ ေျပာဖို႔တစ္ခုက်န္ေနတာကို သတိရသြားတာမို႔ ေျခလွမ္းေတြကို တုန္႔ခနဲ ရပ္လိုက္ရင္း
"ခုနက အေလာင္းသယ္သြားတဲ့ႏွစ္ေယာက္ကို အလုပ္ထုတ္လိုက္ေတာ့"
မီးခိုးေရာင္႐ွပ္အက်ႌလက္ကို ေခါက္တင္ရင္း အိမ္ထဲကို မာန္ပါပါျဖင့္ ေလွ်ာက္လာတဲ့ ဝမ္မ်ိဳး႐ိုးရဲ႕ ေနာက္ဆံုးမ်ိဳးဆက္ေလးက သူေမးဆတ္ျပရာ ခံုမွာဝင္မထိုင္ပဲ သူ႔ေ႐ွ႕က ဝိုင္ခြက္ကိုယူကာ တစ္က်ိဳက္တည္းေကာက္ေမာ့လိုက္ရင္း
"ဒယ္ဒီ ကြၽန္ေတာ့္ဝိုင္ေတြကို ခြင့္ျပဳခ်က္မရပဲယူေသာက္တာ မ်ားၿပီ"
"လီယိုဝမ္ကို ျပႆနာ႐ွာရဲတဲ့သူ ေပၚလာၿပီဆိုလို႔ လာၾကည့္တာ"
သူ႔ကို မ်က္ခံုးပင့္ၾကည့္လို႔ မထီတရီေျပာလာတဲ့ဒယ္ဒီေၾကာင့္ ဝိုင္ခြက္ကို စားပြဲေပၚျပန္တင္လိုက္ရင္း
"အဲ့ေလာက္ေတာင္ေပ်ာ္လား"
မေက်မခ်မ္းနဲ႔ ေျပာလာတဲ့သားျဖစ္သူေၾကာင့္ တဟားဟားေအာ္ရယ္ရင္း
"မင္းအက်ႌရင္ဘတ္ကိုေတာင္ ေစာင့္ဆြဲၿပီးရန္လုပ္ရဲတဲ့ ေကာင္ေလးက ေခေတာ့မေခဘူးပဲ"
"ကြၽန္ေတာ္လုပ္စရာေတြ႐ွိေသးတယ္ .... ဒယ္ဒီ လစ္လိုက္ေတာ့"
"မင္းအေဖက ဒီေလာက္မအားတဲ့ၾကားက လာလည္တာကို ဒီလိုပဲ ေမာင္းထုတ္ရလား.. ဒါနဲ႔ေရာက္တုန္း တစ္ခါထဲေျပာသြားဦးမယ္ တစ္ဆိတ္႐ွိ ေသနတ္သံုးဖို႔ပဲစဥ္းစားမေနစမ္းနဲ႔ ... ၾကာရင္ ငါ့လူေတြကုန္ေတာ့မယ္"
"ဒါေတာ့ ကြၽန္ေတာ္လည္းမတတ္ႏိူင္ဘူး.. ဒယ္ဒီ့လူေတြကမွ အသံုးမက်တာ"
ပခံုးႏွစ္ဖက္ကို တြန္႔ျပရင္း စားပြဲေပၚက ဝိုင္ပုလင္းကိုဆြဲကာ အေပၚထပ္ကို တစ္လွမ္းခ်င္းတက္သြားတဲ့သားျဖစ္သူကို ၾကည့္ေနရင္း ေက်းဇူး႐ွင္ေလးက ျပန္လွည့္လာတာမို႔ အျမန္အၾကည့္လႊဲလိုက္ရသည္။
"မာမီက ဒယ္ဒီ့ကို႐ွာေနတယ္"
သူ႔စကားၾကားတာနဲ႔ ျပံဳးရယ္ေနတဲ့ ဒယ္ဒီ့္မ်က္ႏွာက မသိမသာတည္တင္းသြားတာမို႔ ဒယ္ဒီ့စကားကို မေစာင့္ေတာ့ပဲ အေပၚထပ္ကိုပဲ တက္လာလိုက္သည္။
ဒယ္ဒီ့အတြက္ တစ္ခုထဲေသာၿငိမ္ေဆးက မာမီပဲ။ မာမီ့အေၾကာင္းေျပာလိုက္တာနဲ႔ စိတ္နဲ႔လူနဲ႔ေတာင္မကပ္ေတာ့သလို။ သူသိရသေလာက္ေတာ့ ဒယ္ဒီက မာမီ့ကိုသိပ္ခ်စ္တာ။
အဲ့အခ်ိန္က သူအရမ္းငယ္ေသးေတာ့ အေၾကာင္းအရာေတြအကုန္လံုးကိုမသိေပမယ့္ ညတိုင္းေနာက္က်မွျပန္လာၿပီး အေပ်ာ္အပါးမက္တဲ့မာမီ့ကို ဒယ္ဒီက သဝန္တိုရာကေန ကြာ႐ွင္းၾကတဲ့အထိ ျဖစ္သြားၾကတာျဖစ္သည္။
မာမီက အရမ္းလွသလို အရမ္းလည္း ပိုက္ဆံမက္သည္။ ဒယ္ဒီ့စည္းစိမ္ေတြကို တစ္ဝက္တိတိလႊဲယူၿပီးမွ ကြာ႐ွင္းစာခ်ဳပ္မွာလက္မွတ္ထိုးေပးသည္။ သူ႔ကိုေတာ့ မာမီက တစ္ပတ္တစ္ခါပံုမွန္ အျပင္မွာေခၚေတြ႔သည္။ ဒယ္ဒီ့အေၾကာင္းေတာ့ တစ္ခြန္းေတာင္မေမးခဲ့။
ညတိုင္း အရက္ေတြေသာက္ၿပီး မာမီ့နာမည္ကို တေၾကာ္ေၾကာ္ေခၚေနတဲ့ဒယ္ဒီ့ကိုၾကည့္ၿပီး သူသနားသည္။ အဲ့အခ်ိန္ထဲက သူသတ္မွတ္ထားတဲ့အခ်စ္ဆိုတာ အ႐ွံဳးနဲ႔တိုက္႐ိုက္အခ်ိဳးက်ေနသည္။ အလွတရားေတြကိုလည္း သူသိပ္စက္ဆုပ္သြားမိသည္။
သူအလယ္တန္းၿပီးတဲ့အထိပဲ ဒယ္ဒီနဲ႔အတူေနၿပီး အထက္တန္းေက်ာင္းသားဘဝကစလို႔ တစ္ေယာက္ထဲအိမ္ခြဲေနသည္။ ဘြဲ႔ရေတာ့ ဒယ္ဒီက Leoဆိုတဲ့နာမည္နဲ႔ သူ႔အတြက္ ကုမၸဏီတစ္ခုေထာင္ေပးသည္။ ဒယ္ဒီက သူျဖစ္ခ်င္တာမွန္သမွ်ကို လုပ္ခြင့္ေပးသည္။ ေနာက္ဆံုး သူေသနတ္ကိုင္ခ်င္ေၾကာင္းေျပာေတာ့လည္း သူ႔ကိုကိုင္ခြင့္ရေအာင္ လုပ္ေပးသည္။
သူပထမဆံုး လူစသတ္ဖူးတာ ကုမၸဏီကိုဦးစီးၿပီး တစ္ႏွစ္အၾကာတြင္ျဖစ္သည္။ ၿပိဳင္ဘက္ကုမၸဏီရဲ႕ဝန္ထမ္းလည္းျဖစ္ သူနဲ႔ေက်ာင္းတုန္းက ရန္စအနည္းငယ္လည္း ႐ွိခဲ့ဖူးတဲ့တစ္ေယာက္က အလုပ္အေၾကာင္းေဆြးေႏြးေနရင္း ေသာက္ခ်ိဳးမေျပတာမို႔ စိတ္တိုတိုနဲ႔ ရံုးခန္းထဲမွာတင္ တစ္ခါထဲပစ္သတ္လိုက္တာျဖစ္သည္။
အဲ့တုန္းကလည္း ဒယ္ဒီေတာ္ေတာ္အလုပ္႐ႈပ္သြားေသးသည္။ သက္ေသေတြေဖ်ာက္ရ အမႈလိုက္ပိတ္ရနဲ႔။ အဲ့ဒီအခ်ိန္ကစၿပီး လူသတ္ရတာက သူ႔အတြက္ စိတ္ေျဖေဖ်ာက္ရာတစ္ခုလို ျဖစ္လာသည္။ စိတ္တြင္းက ေဒါသေတြအားလံုးကို က်ည္ဆံနဲ႔အတူ ကိုယ္စိတ္တိုေနတဲ့သူရဲ႕အေသြးအသားထဲ ထည့္ေပးလိုက္ရသလို။
အခုေလးတင္ ကိုယ္မေက်မနပ္ျဖစ္ေနတဲ့သူရဲ႕ အခ်ိဳးမေျပတဲ့ပံုစံကေန ကိုယ့္ေၾကာင့္ တျဖည္းျဖည္း မခ်ိမဆန္႔ျဖစ္သြားရင္း ေၾကာက္လန္႔ေနတဲ့မ်က္ႏွာကို တေျမ့ေျမ့ ထိုင္ၾကည့္ရတာေလာက္ ေပ်ာ္စရာေကာင္းတာမ႐ွိ။
•••
ေ႐ွာင္းက်န္႔အိမ္ကထြက္လာၿပီး ဘယ္သြားရမွန္းမသိတာမို႔ လမ္းထိပ္မွာ႐ွိတဲ့ ကေလးကစားကြင္းထဲက ဒန္းေပၚမွာထိုင္ေနမိသည္။
ထပ္ၿပီး ဝမ္ရိေပၚပဲလား။ သူ႔ဒီဇိုင္းကို ခိုးရံုတင္မကေသးပဲ ေဒၚေလးကိုပါ အက်ပ္ကိုင္ၿခိမ္းေျခာက္ခဲ့ေသးတာလား။
အခုအေျခအေနက သူကဘယ္သူ႔ကိုသြားအျပစ္တင္ရမလဲ။ ဒီအခ်ိန္အထိ အလုပ္မ႐ွိေသးတဲ့ သူ႔ကိုယ္သူကိုလား၊ ပါးနဲ႔မားထားခဲ့တဲ့ အေမြေတြကို အခန္႔သားထိုင္ျဖဳန္းေနတဲ့ေဒၚေလးကိုလား ဒါမွမဟုတ္ ဟိုလူသားမဆန္လြန္းတဲ့ ဝမ္ရိေပၚဆိုတဲ့မေကာင္းဆိုးဝါးကိုလား။
သူႀကိဳးစားပမ္းစားဆြဲထားရတဲ့ဟာေလးကို ဘာလို႔မ်ား သူတို႔ဒီဇိုင္းပါဆိုၿပီး အ႐ွက္မ႐ွိေျပာရဲၾကတာလဲ။
ပါးနဲ႔မားဆံုးသြားၿပီးထဲက အထူးတလည္ဘာမွမလုပ္ေပးႏိူင္တာမို႔ ဒီႏွစ္ေတာ့ နာရီေတြဝယ္စုရတာ အရမ္းသေဘာက်တဲ့ ပါးအတြက္ သီးသန္႔နာရီဒီဇိုင္းဆြဲၿပီး လက္ေဆာင္ေပးဖို႔ျပင္ထားတာ။ အခုေတာ့ ဝမ္ရိေပၚဆိုတဲ့လူေၾကာင့္ သူ႔ေမွ်ာ္လင့္ခ်က္ေတြ တစ္စစီျဖစ္ကုန္ၿပီ။
သူဆယ့္ငါးႏွစ္သားအရြယ္ေလာက္က ပါးနဲ႔မား ကားအက္စီးဒင့္ျဖစ္ၿပီး ဆံုးသြားတဲ့သတင္းၾကားၿပီး ေနာက္ေန႔မွာေတာ့ ပါးရဲ႕ညီမျဖစ္တဲ့ ေဒၚေလးက အိမ္ကိုေရာက္လာသည္။ ေ႐ွာင္းက်န္႔တို႔မိသားစုေလးက ခ်မ္းသာတဲ့အထဲမပါေပမယ့္ လူတန္းေစ့ေနႏိူင္ စားႏိူင္တဲ့အထဲေတာ့ပါသည္။
ဒါေပမယ့္လည္း အရင္ထဲကအသံုးအျဖဳန္းႀကီးတဲ့ေဒၚေလးက ပါးတို႔ထားခဲ့တဲ့အေမြေတြအားလံုးကို သူ႔ကိုအေၾကာင္းျပၿပီး သံုးျဖဳန္းပစ္တာမို႔ တစ္ျပားတစ္ခ်ပ္ပင္မက်န္ေတာ့။
အထက္တန္းေက်ာင္းသားဘဝကေန ဘြဲ႔ရတဲ့အထိ ေက်ာင္းစရိတ္အတြက္ ရသမွ်အခ်ိန္ပိုင္းအလုပ္ေလးေတြ လိုက္လုပ္ၿပီး တက္ခဲ့တာေတာင္ ဘြဲ႔ရၿပီးတဲ့ေနာက္ပိုင္း အလုပ္အကိုင္ရယ္လို႔ အတည္တက်မ႐ွိေသးတဲ့သူ႔ကို ေဒၚေလးကၿငိဳျငင္ခ်င္လာသည္။ ေပၚတင္တစ္မ်ိဳး မသိမသာတစ္ဖံု သူ႔ကိုတင္မေကြၽးထားႏိူင္ေတာ့ေၾကာင္းကို ၿငီးျငဴျပတတ္သည္။
အေတြးလြန္ေနရင္း ေဘာင္းဘီအိတ္ထဲက ဖုန္းျမည္လာတာမို႔ ကိုင္လိုက္ေတာ့ ေခ်ာင္ယြီခ်န္ျဖစ္ေနသည္။ ယြီခ်န္နဲ႔က ေက်ာင္းသားဘဝထဲက သူငယ္ခ်င္းအရင္းႀကီးေတြျဖစ္ၿပီး အခုခ်ိန္ထိ အခ်ိန္ပိုင္းအလုပ္ေတြဆိုလည္း အတူလိုက္လုပ္ၾကရတဲ့ဘဝတူေတြျဖစ္သည္။
ဖုန္းဆက္ရတဲ့အေၾကာင္းရင္းက ဒီညသူ႔အသိတစ္ေယာက္ရဲ႕ဘားမွာ အခ်ိန္ပိုင္းလုပ္ဖို႔ လူလိုတယ္ဆိုတာမို႔ ေ႐ွာင္းက်န္႔ကိုလွမ္းအေၾကာင္းၾကားေပးတာျဖစ္သည္။
ေ႐ွာင္းက်န္႔လည္း ေငြလိုေနတာမို႔ လုပ္မယ့္အေၾကာင္းေျပာၿပီး ဖုန္းခ်ကာ အိမ္ကိုအျမန္ထြက္လာလိုက္သည္။ သူညက်ရင္ အလုပ္သြားရမယ့္အေၾကာင္း ေဒၚေလးဆီမွာခြင့္ေတာင္းၿပီး ျပင္ဆင္စရာ႐ွိတာ ျပင္ဆင္ရဦးမည္ေလ။
မီကတိတည္ပါတယ္ေနာ္.. ဖတ္ၿပီးရင္လည္း ဖိဘတ္ေလးေတြ ေပးဖို႔မေမ့ပါနဲ႔လို႔ ဟဲဟဲ
Happy 20th yrs to little daydream-fah.....
#fah🦄