Uni
ထိုနေ့အချိန်၌ ပျင်းရိသောအရိုးများပင် နိုးထလာကြသည်။မနက်ပိုင်း အတန်းမတက်ရတဲ့ကျောင်းသားအများစုမှာ အွန်လိုင်းသုံးနေကြရာ ပို့စ်ကိုတွေ့၍နှိပ်ကြည့်လိုက်ကြသည်။
တစ်ချို့မှာလည်းဖွင့်ကြည့်ဖို့စိတ်မဝင်စားဘဲရောက်တတ်ရာရာသာလာရောက်ပြောဆိုချင်ကြသည်။
ဂစ်တာလေးရဲ့စိတ်ကူး : "ဘယ်လိုသီချင်းမျိုးကများ မင်းကိုလှုပ်ရှားတတ်ကြွစေတာလဲ?"
အချောလေးရဲ့ အမိုက်စားသီချင်း : "Hehe, My Dear."
ရေကူးနေတဲ့ငါး : "ဘာ?"
အချောလေးရဲ့ အမိုက်စားသီချင်း : "ကိုယ်တိုင်သာရှာကြည့်လိုက်တော့။ မနက်စာစားရဦးမှာမို့ငါဆင်းလိုက်ဦးမယ်။ နေ့လယ်ကျရင်လည်းအိပ်မက်နတ်ဘုရားနဲ့သွားတွေ့ရဦးမှာမို့လို့။"
ကိုယ့်အချစ်လေး Mi Yu(မီယွိ) : "ခဏလေး! မင်းပြောတဲ့ အိပ်မက်နတ်ဘုရားဆိုတာ ငါတို့ကျောင်းက ထူးဆန်းတဲ့စိတ်ပညာဆရာကြီး ၃ ယောက်ထဲကတစ်ယောက်လား?"
အချောလေးရဲ့အမိုက်စားသီချင်း : "အတိအကျပဲ။"
ဂစ်တာလေးရဲ့စိတ်ကူး : "ငါသီချင်းကိုရှာကြည့်လိုက်ဦးမယ်။"
ရေကူးနေတဲ့ငါး : "ငါရောပဲ!"
ကိုယ့်အချစ်လေး Mi Yu : "ငါလည်းအတူတူပဲ !"
စကားဝိုင်းကို စောင့်ကြည့်နေတဲ့ အခြားသူများကလည်း နောက်ဆုံးတွင် သီချင်းကို နှိပ်ကြည့်လိုက်ကြသည်။ အိပ်မက်နတ်ဘုရား၏ အိပ်မွေ့ချတာကို ခံနိုင်ရည်ရှိစေတဲ့သီချင်းကို သူတို့လည်းသိချင်ကြသည်။
"အိပ်မက်နတ်ဘုရား" ဆိုတာ ကျောင်းမှအငြိမ်းစားမယူရသေးသောပါမောက္ခဟောင်းတစ်ဦး၏အမည်ပြောင်ဖြစ်သည်။ သူသည် အရင်င်ကဒဿနိကဗေဒကို သင်ကြားပေးပြီး ယခုအခါ ဂီတအစီအစဉ်ကို ကူးပြောင်းလာခြင်းခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ထိုလူအိုကြီးသည် လှုပ်ရှားနိုင်စွမ်းနည်းပါးလာသောကြောင့် သင်ကြားရေးဘာသာရပ်များသို့ ပြောင်းလာခဲ့သည်။ ဘာသာရပ်များလက်တစ်ဆုပ်စာသာရှိသော်လည်း ထိုသင်တန်းများအတွက်လိုအပ်သောဆရာအရေအတွက်မှာနည်းပါးနေဆဲဖြစ်သည် ။
အဓိက ပြဿနာမှာ ထိုပါမောက္ခသည် စကားပြောရာတွင် အလွန့်အလွန်နှေးကွေးသူဖြစ်သည်။ ကျောင်းသားများအတွက် ပရော်ဖက်ဆာ Zhou(ကျိုး)စကားပြောပုံမှာ မျောက်မောင်းမ(sloth)တစ်ကောင်နဲ့တူနေပြီး လူတိုင်းကို အိပ်ပျော်သွားစေသည်။ ကျောင်းသားများက ပရော်ဖက်ဆာ Zhou ကို လိုင်းပေါ်မှသင်ကြားပေးရန် အကြိမ်ကြိမ် အသနားခံခဲ့ကြသော်လည်း သူ ငြင်းလိုက်သည်။
အတန်းမှာ အလွန်အိပ်ငိုက်သော်လည်း တက်ရောက်ရန် မဖြစ်မနေ လိုအပ်ဆဲဖြစ်သည်။ ၎င်းမှာ ကျောင်းသားများ သူ့အတန်းကို ပျက်ကွက်ခြင်းမှ ထိန်းသိမ်းရန် ဖြစ်သည်။၊သို့သော် သင်တန်းမှာ ဝင်ခွင့်အမှတ်များသောကြောင့် ကျောင်းသားအနည်းငယ်သာ စာရင်းသွင်းတက်ရောက်နိုင်သည်။ ထို့ကြောင့် လူများစွာ၏စိတ်ဝင်စားခြင်းကိုလည်းခံရသည်။ ကထိကပေါက်စတစ်ယောက်သည် ကျောင်းသားများ၏အတင်းအဖျင်းစကားများကို လက်မခံနိုင်သဖြင့် ကိုယ်တိုင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ လုံးဝပေါ်မလာတော့ပေ။ ပရော်ဖက်ဆာ Zhou ၏ အတန်း ကိုလာတက်နေကျ ထိုကထိကပေါက်စကို နောက်ထပ်ဘယ်သူမှ ဘယ်တော့မှထပ်မတွေ့ရတော့ပေ။
ပရော်ဖက်ဆာ Zhou သည် သက်ကြီးပိုင်းဖြစ်ပြီး ကျောင်း၏အောင်မြင်မှုကိုလည်း ပံ့ပိုးပေးနေသောကြောင့် မည်သူမျှ သူ့ကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိပေ။ သူ့ကိုရင်မဆိုင်ရဲပေမယ့် ပရော်ဖက်ဆာ Zhou ရဲ့အတန်းကို ဆက်ပြီးကမ်းလှမ်းနေကြရဆဲဖြစ်သည်။ နှစ်တွေကြာလာတာနဲ့အမျှ ပါမောက္ခ Zhou က သင်တန်းတွေကို စွဲလန်းလာတယ်။ သူက အတန်းထဲမှာ စည်းကမ်းတင်းကြပ်တယ်။ ကျောင်းသားတွေ သူ့ဟောပြောချက်ကို လျစ်လျူရှုနိုင်ပေမယ့် အိပ်တာအပါအဝင် တစ်ခြားဘယ်အရာကိုမှ မလုပ်ဖို့ တားမြစ်ထားတယ်။ ကြီးလေးသော ချိုးဖောက်မှုများက အမှတ်ဖြတ်တောက်ခံရမှုကိုဖြစ်စေလိမ့်မည်။
အဲဒီနေ့မှာ ပရော်ဖက်ဆာ Zhou ဟာ စာသင်ခန်းထဲကို ပေါ့ပေါ့ပါးပါး လမ်းလျှောက်ပြီး သူ့ပရိသတ်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ သူသည် အမြင်အာရုံမကောင်းပေ။လူအုပ်ကြီးလိုပုံပေါက်သောကြောင့် တက်ရောက်မှုကောင်းသည်ဟု သာထင်လိုက်သည်။
လုပ်ရိုးလုပ်စဉ်နှင့်အညီ၊ ကျောင်းသား ၁၀၀၀ လောက်ဆန့်သည့် စာသင်ခန်းရဲ့ထောင့်တိုင်းကို စစ်ဆေးကြည့်ရှုခဲ့သည်။ ကောင်းတယ်၊ ဘယ်သူမှ သူတို့ လက်ကောက်တွေနဲ့ ဆော့မနေဘူး။ တစ်ခြားထောင့်တွေလည်း အတူတူပဲ။
ထိုပုံစံကို ပါမောက္ခ Zhou အလွန်သဘောကျသည်။ ထူးဆန်းတာတစ်ခုက အတန်းထဲက ကျောင်းသားတွေရဲ့ပုံစံမှာ ဖုတ်ကောင်တွေလို ဖြစ်နေပြီး သူတို့ ဝိညာဉ်တွေက ခန္ဓာကိုယ်ထဲက ထွက်သွားသလို၊ အတွေးထဲနစ်နေသောလူတစ်စုမှာလည်းကြယ်တွေ၊ ဂြိုလ်တွေနဲ့ ဘာသာရေးပွဲကိုတက်ရောက်နေသလို။ တစ်နည်းပြောရလျှင် အစုလိုက်လေးနေခင်းကြောင်တောင်အိပ်မက်မက်နေကြသလိုပင်။
ပရော်ဖက်ဆာ Zhou သည် တစ်ယောက် နှစ်ယောက်လောက်သော နေ့ခင်းဘက်အိပ်မက်မက်သူများကို လျစ်လျူရှုခဲ့သော်လည်း စာသင်ချိန်ကြာလာသည်နှင့်အမျှ လေထုမှာ ပိုထူးဆန်းလေဖြစ်လာသည်။ ၎င်းသည် တစ်ယောက်စနှစ်ယောက်စမဟုတ်၊ လူနည်းစုပင်မဟုတ်သေး—အတန်းတစ်ခုလုံးနီးပါး နေ့ခင်းဘက်အိပ်မက်များမက်နေကြသည်။
ထူးဆန်းလိုက်တာ!။
ပရော်ဖက်ဆာ Zhou က တဖြည်းဖြည်းအရှိန်လျှော့ကာ နောက်ဆုံးတွင် ရပ်လိုက်သည်။ လေထုကြီးက တစ်ခုခု ပျောက်နေသလို။ သူ ဆက်မသင်နိုင်တော့ဘူး။
ပါမောက္ခ Zhou သည် ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
"XXX၊ ငါပြောလိုက်တာကို ပြန်ပြော။"
အခေါ်ခံရသော ကျောင်းသားသည် သူ့စားပွဲပေါ်မှ မှိတ်တုတ်မှိတ်တုတ် မီးရောင်ကြောင့် နိုးလာကာ ဆင့်ခေါ်ခံရကြောင်း ညွှန်ပြနေသည်။ သူက ခုနက ပါမောက္ခပြောတာကို မကြားလိုက်မိဘူးဟု ထပြောလိုက်ချင်သော်လည်း ထူးထူးဆန်းဆန်းညည်းလိုက်မိသည်။
“ဟီးဟီး”။
ပရော်ဖက်ဆာ Zhou : "......"
တစ်ခြားကျောင်းသားများကအော်လိုက်သည်။
“သေစမ်း၊ ဘယ်လိုတောင်ရဲတင်းတာလဲ”
ပရော်ဖက်ဆာ Zhou သုန်မှုန်နေသောမျက်နှာနှင့် အတန်းဖြုတ်သွားသည်။ ယခင်ကနှေးကွေးသော လှုပ်ရှားမှုများ နှင့်မတူဘဲ လျင်မြန်သောခြေလှမ်းများနှင့် အတန်းထဲမှထွက်သွားသည်။ ကျောင်းသားများသည် မုန်တိုင်းလာတော့မည်ကို သတိထားမိ၍ ထိတ်လန့်လာကြသည်။
ကျောင်းသား၏တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ ပါမောက္ခဟောင်း Zhou သည် သူ့ရုံးခန်းသို့ ပြန်ရောက်သည်နှင့် တပြိုင်နက် အွန်လိုင်းပေါ်တက်လာသည်။ သူ့တပည့်တွေ ဘာဖြစ်နေလဲ ဆိုတာ သူသိဖို့လိုသည်။ သူဝင်ရောက်ပြီးသည်နှင့်သီချင်းနမူနာများဆီသို့ဦးတည်လိုက်သည်။
ပရော်ဖက်ဆာ Zhou သည် သီချင်းကိုကောင်းကောင်း နားထောင်လိုသောကြောင့်သူ့နားကြပ်ကို တပ်လိုက်သည်။ ဘယ်လိုသီချင်းမျိုးက သူ့အတန်းကို ကသောင်းကနင်းနဲ့ဒုက္ခရောက်စေတာလဲ။
သီချင်းအစက လူ့အသံကို သူကြားလိုက်တဲ့အခါ ပရော်ဖက်ဆာ Zhou ၏မျက်ခုံးများပ်ု၍တင်းတင်းကြပ်ကြပ်စုကြုံ့သွားသည်။
"ဒီနေ့ခေတ်ကလေး တွေ သီချင်းကို ဘယ်လိုဆိုနေကြတာလဲ..."
ပရော်ဖက်ဆာ Zhou က ဘောပင်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ဝေဖန်သုံးသပ်ချက် ရေးခါနီးတွင် သူ၏ လှုပ်ရှားမှုနှင့် အတွေးရထားမှာ အစဦး(ခြေဆင်း၊ပဏာမ) တီးလုံးကြောင့် ရုတ်တရက် ရပ်တန့်သွားသည်။
သီချင်းဆုံးသွားသောအခါ သူ အသက်ပြင်းပြင်းရှူလိုက်သည်။ သူသည် သီချင်း၏အပြစ်များကို ရှာဖွေရမည့်အစား စာရွက်အလွတ်ကို ဘောပင်ထိပ်ဖျားဖြင့် ထိပြီးနောက် ဘောပင်ကိုပြန်ချကာ ဒုတိယစာမျက်နှာရှိ တေးရေးဆရာအမည်ကို အာရုံရောက်သွားသည်။
"Fang Zhao?"
ရမှတ်များကို တစ်ချက်ကြည့်ပြီးနောက် ပရော်ဖက်ဆာ Zhou က
"ဒီနေ့ ငါအကြံပြုဖို့ သီချင်းအသစ်တစ်ပုဒ်ကို ရှာတွေ့ထားတယ်။ စီစဉ်ထားပုံက အတော်လေးစိတ်ဝင်စားဖို့ကောင်းပြီး လုပ်ရိုးလုပ်စဉ်တွေကို စိန်ခေါ်အံတုထားတယ်။ ဒီနှစ် ချီအန်းဂီတအကယ်ဒမီရဲ့ ဘွဲ့လွန်တွေက တကယ်ကိုတစ်ခုခုပဲ “
"ဟာဟား၊ မင်းဆီက ဒီလိုချီးမွမ်းခံတဲ့ သီချင်းဆိုတာ မရှိသလောက်ရှားတယ်။ ပြီးတော့ အဲဒါက လူသစ်တစ်ယောက်ရဲ့ လက်ရာလည်းဖြစ်နေသေးတယ်။ ငါတို့ကြည့်ကြည့်လိုက်မယ်။"
သူ့အသိမိတ်ဆွေဟောင်းများကလည်းသိချင်နေကြသည်။ တေးဂီတစီစဉ်မှုအကြောင်းနားမလည်တဲ့ သူငယ်ချင်းတွေတောင် ရုန်းရင်းဆန်ခတ်ဖြစ်လာကြသည်။
နောက်နှစ်ရက်ကြာပြီးနောက်
ပရော်ဖက်ဆာ Zhou ၏ အတန်းချိန်ပြန်ရောက်လာသည်။
ကျောင်းသားများမှာ အပြင်းအထန်အာရုံစူးစိုက်ထားကြသည်။ သူတို့မှာ အွန်လိုင်းလည်းမသုံးကြသလို နားကြပ်လည်းမတပ်ထားကြပေ။ တပ်ထားရင်တောင် သီချင်းမဖွင့်ထားပေ။ ဒီနေ့ "အိပ်မက်နတ်ဘုရား" ဘယ်လိုပြုမူမလဲ သူတို့မြင်ချင်ကြသည်။ သူ့ နောက်ဆုံး အတန်းချိန်တုန်းက စိတ်အခြေအနေအတော်လေးဆိုးဝါးနေပြီး အတန်းကိုပါ နှစ်ရက်လောက်ပစ်ထားသောကြောင့် သူတို့အံ့သြသွားရသည်ည်။ အိပ်မက်နတ်ဘုရားသခင် အတန်းတစ်ခုလုံးကို စာမေးပွဲချပစ်မှာ သူတို့ စိုးရိမ်နေကြသည်။
သို့သော် ပရော်ဖက်ဆာ Zhou မှာ စာသင်ခန်းထဲသို့ ကြည်ကြည်လင်လင်နဲ့ဝင်လာသည်ကိုတွေ့ရသောအခါ အားလုံး အံ့သြသွားကြသည်။
ပရော်ဖက်ဆာ Zhou သည် စာသင်ခန်းဘက်ကို တစ်ချက်ဝေ့ကြည့်ကာ ပရိုဂျက်တာကို ဖွင့်လိုက်သည်။
"ဆရာတို့ ဒီနေ့ သီချင်းအသစ်တစ်ပုဒ်ကို ခွဲခြမ်းစိတ်ဖြာကြမယ်။ ဒါက အရေးကြီးတဲ့ အကြောင်းအရာဖြစ်ပြီး နောက်ဆုံးစာမေးပွဲမှာ ပါလိမ့်မယ်။"
အခန်းနောက်ဘက်ရှိ ၁၀ မီတာမြင့်သော သတ္ထုမျက်နှာပြင်ပေါ်တွင် စကားလုံးသုံးလုံး ပေါ်လာသည် - "Hehe, My Dear."
ပရော်ဖက်ဆာ Zhouမှာ စခရင်ရှေ့တွင်ပြုံးပြုံးကြီး ရပ်နေသည်။
ပရိတ်သတ်များ : "......"
__________
ထိုညနေပိုင်းတွင် ဘွဲ့ရကျောင်းသားတစ်စုသည် ၎င်းတို့၏ ကျောင်းဆင်းအမှတ်တရနှုတ်ဆက်ပွဲတစ်ခု ကျင်းပနေကြသည်။
ကာရာအိုကေဘားသည် လေဝင်လေထွက်ကောင်းသည့်နေရာဖြစ်သည်။ စားပွဲထိုးတစ်ယောက်သည်ပြုံးရင် လင်ဗန်းတစ်ချက်ကိုသယ်ကာသီးသန့်ခန်းထဲမှ ထွက်လာသည်။ သူ့အပြုံးမှာ အပြစ်ကင်းစင်နေသော်လည်း သူ့ရင်ထဲမှာ သက်ပြင်းချနေမိသည်။
ဒီလိုအချိန်မျိုးမှာဘွဲ့ကြိုနှုတ်ဆက်ပွဲများ အလွန်များသည်။ နှစ်စဉ်နှစ်တိုင်း၊ အထူးသဖြင့် စိတ်ဓာတ်ကျနေသည့့် ဘွဲ့ရအချို့ကို သူတို့တွေ့ခဲ့ရတယ်။
ဘယ်ဘက်ရှိ သီးသန့်ခန်းထဲတွင် အရပ် ၁.၉ မီတာခန့်ရှိသော လူငယ်တစ်ဦးသည် တက္ကသိုလ်ဘဝနေရက်များအကြောင်း မျက်ရည်စက်လက်ဖြင့် ငိုကြွေးမြည်တမ်းနေသည်။ ညာဘက်အခန်းထဲတွင် ခပ်သွယ်သွယ် အမျိုးသမီးငယ်တစ်ဦးသည် နွားသံလိုအသံဖြင့် ကြေကွဲဖွယ်အချစ်သီချင်းကို သီဆိုနေသည်။
ဟင်း..... ဒီကလေးတွေ။
စားပွဲထိုးသည် သက်ပြင်းရှည်ကြီးချပြီးနောက် ထိုကိစ္စကို ဆက်မတွေးတော့ပေ။ သူတို့လုပ်ရမှာက ပြုံးထားဖို့ပဲ။ လုပ်ငန်းစသည်နှင့် သူတို့ဒီလ ဘောနပ်စ်ရမှာကို တွေးမိသောအခါ သူ့အပြုံးတို့ ကျယ်ပြန့်လာတယ်။
စားပွဲထိုးသည် ဘယ်ဘက်ရှိ သီးသန့်ခန်းဘေးမှ ဖြတ်သွားသည်။
ကျောင်းသား ခုနစ်ယောက် ထမင်းအတူစားနေကြသည်။ သီချင်းတစ်ခေါက်ဆိုပြီးနောက် ပရိုဂျက်တာနှင့် အသံစနစ်တို့ကို ပိတ်လိုက်ကြသည်။ ကျောင်းသားခြောက်ယောက်က အလယ်မှာထိုင်နေတဲ့ အရပ်ရှည်ရှည် အကောင်ကြီးကြီး လူငယ်ကို ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြတယ်။ သီချင်းသံတွေ ပျောက်သွားသည်နှင့် လေထုမှာမှုန်မှိုင်းသွားသည်။
"ပြောရဦးမယ်၊ ဒီနေ့ ငါ့ အတွင်းရေးမှူးရဲ့ အကြံပြုချက်တွေကို မစစ်ရသေးဘူး"
ဘေးတွင်ထိုင်နေသော အရပ်ရှည်ရှည် သွယ်သွယ် လူငယ်တစ်ယောက်သည် နှစ်သိမ့်ပေးနေရာမှ ခေါင်းစဉ်ပြောင်းရန် ကြိုးစားလိုက်သည်။
သူပြောတဲ့ "အတွင်းရေးမှူးလေး" ဆိုသည်မှာ နာမည်ကြီးဂီတ app 'Intimately You Music '၏ အထူးလုပ်ဆောင်မှုတစ်ခုဖြစ်သည်။ သင်၏နားဆင်မှုမှတ်တမ်းအပေါ် အခြေခံ၍ အံဝင်ခွင်ကျဖြစ်စေသော သီချင်းများနှင့် အံဝင်ခွင်ကျဖြစ်စေမည့် အစီအစဉ်များကို အကြံပြုပေးထားသည်။ထိုဝန်ဆောင်မှုများအပြင် Acc ရုပ်ပုံကို အခကြေးငွေဖြင့် ရွေးချယ်ဝယ်ယူနိုင်သည်။
သူ့appကို ဖွင့်လိုက်သည်နှင့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်လေးမှာ ပီတိဖြာသွားသည်
"ငါ့ အတွင်းရေးမှူးလေးက Mi Yu လေ။ အဟင်းင်း"
သူစကားပြောနေစဉ် Mi Yu ၏ သွယ်လျသော ခန္ဓာကိုယ်သည် အဝေးမှ ဆော့ကစားနေသကဲ့သို့ သူ့လက်ကောက်ထိပ်တွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားတက်ကြွစေသောအသံဖြင့်
"Intimately You Music မှ ကြိုဆိုပါတယ်"
ဟု ကြေငြာလိုက်သည်။
"F*ck မင်းက Mi Yu ကိုမင်းရဲ့ အတွင်းရေးမှူးလေးလုပ်ခိုင်းထားတာပဲ၊ ဒီ့အတွက် ပိုက်ဆံအတော်လေးသုံးလိုက်ရမှာပဲ"
တစ်ခြားကျောင်းသားများ မနာလိုဖြစ်သွားကြသည်။
ပေါ့ပ်အိုင်ဒေါတစ်ယောက်၏ ပုံရိပ်များတွင် မူပိုင်ခွင့်ရှိသည်။ ကြယ်ပွင့်မှာ ပိုနာမည်ကြီးလေ မူပိုင်ခွင့်မှာ ပိုများလေဖြစ်သည်။ Mi Yu သည် မြို့တွင်လူပြောအများဆုံးဖြစ်နေပြီး မူပိုင်ခွင့်ကြေးမှာလည်းအလွန်မြင့်သည်။ ပရိတ်သတ်အများစုသည် အံဝင်ခွင်ကျ "အတွင်းရေးမှုးငယ်လေး" အပေါ် ထိုလောက်ပုံအောရန်မတတ်နိုင်ကြပေ။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကျောင်းသားလေးသည် အာရုံစူးစိုက်ခံရမှုကို သဘောကျကာ ကြွားပြချင်သော်လည်း အသည်းကွဲနေသော ညီအစ်ကိုဖြစ်သူ၏ရှေ့တွင်ဖြစ်နေသောကြောင့် ပြန်ထိန်းကာ ပြောလိုက်သည်
“ဒီနေ့ ငါ့ အတွင်းရေးမှူးလေး အကြံပြုထားတာကို ကြည့်ရအောင်”
သူသည် မြူးမြူးကြွကြွသီချင်းများကိုသာနားထောင်လေ့ရှိသောကြောင့် ဒီနေ့လည်းစိတ်ဓာတ်ကို မြှင့်တင်ပေးမည့် အကြံပြုချက်များ သာဖြစ်သင့်သည်။
"Mi Yu အကြံပေးသမျှ ငါနားထောင်ဖြစ်တယ်။"
၎င်းမှာ မိယု၏ပုံသဏ္ဍာန်ကို အသုံးပြုထားသည့် ဂီတAppတစ်ခုဖြစ်သော်လည်း ထိုသူမှာ Mi Yu ၏အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်းဖော်ပြနေသည်။
"ဟုတ်ပြီ၊ စမ်းကြည့်ပြီး စိတ်ဓာတ်မြှင့်တင်လိုက်ကြရအောင်!"
ဗရုတ်ကျလိုက်ခြင်းသည် မကောင်းသော ခံစားမှုများအတွက် အကောင်းဆုံး ဖြေဆေးဖြစ်သည်။ အသည်းကွဲနေတဲ့ အဆောင်နေဖက်သူငယ်ချင်းကို နှစ်သိမ့်ပေးရန် အားလုံးအပြင်ထွက်လာကြခြင်းဖြစ်သည်။
App ကို သီးသန့်ခန်းထဲမှ အငံစနစ်နှင့်ချိတ်ဆက်လိုက်သည်။
"ဟီးဟီး ၊ဟီးဟီးဟီး…"
သနားစရာနှင့်ဝမ်းနည်းစရာရောနေသော ရယ်သံတစ်ခု ထွက်ပေါ်လာသည်။
အသည်းကွဲနေသောကျောင်းသား အပါအဝင် တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကျောင်းသားလေးဆီ အကဲခတ်ကြည့်ရင်း
"ဒါ မင်းရဲ့ပုံစံလား။ ဒီလိုနည်းနဲ့မင်းစိတ်ဓာတ်တွေကိုပြန်တည်ဆောက်တာလား။ ဒါကြီးကမြူးတာလား ?"
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကျောင်းသားမှာလည်းသုန်မှုန်စပြုလာသည်။ သူသည် သူ့ "အတွင်းရေးမှူးလေး" ကို အပြစ်ဆိုချင်သော်လည်း မိယု၏ ပြီးပြည့်စုံသော မျက်နှာကြောင့် မလုပ်နိုင်တော့ပေ။ အဲဒီအစား သူတီးတိုးရေရွတ်လိုက်သည်။
"ဒါဆို မင်းက ဒီလို အတွင်းရေးမှုးလေးပေါ့"
"ရပါတယ်။ နောက်သီချင်းတစ်ပုဒ် ပြောင်းရအောင်။"
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကျောင်းသားမှာသူ့လက်ကို မြှောက်လိုက်သော်လည်း ရယ်သံမှာရပ်သွားပြီး အစဦးတီးလုံးပေါ်လာသောခါသူ အေးခဲသွားတယ်။
နောက်ပြန်သံပြိုင် အနည်းငယ်၊ မြူးကြွသောတီးလုံးနှင့် တူရိယာမျိုးစုံသံတိုမှာ ရောနှောနေပြီး သဲမုန်တိုင်းတစ်ခုလိုထွက်ပေါ်သည်။
"အတော် ကြာခဲ့ပြီ
နောက်ဆုံးစကားပြောစဉ်ကတည်းက။
…
တစ်မြို့တည်းမှာ
များပြားလွန်းတဲ့ပုံရိပ်တွေရယ် ကိုယ်တို့ကို ရပ်တန့်သွားစေမှာ
အချိန်တွေ ကုန်လွန်သွားမှာ
ကိုယ်နည်းနည်းတော့ စိုးထိတ်မိသား"
တစ်ဦးတည်းကျန်ရစ်ခဲ့သော ဇာတ်လိုက် စစ်သားတစ်ယောက်၏အတိတ်က အဖြစ်အပျက်များနှင့် တွေ့ကြုံခဲ့ရမှုများကို သတိရကာ တစ်ယောက်တည်း ပြေးလွှားနေသည့် ဇာတ်ဝင်ခန်းတစ်ခု၏ပုံရိပ်ကို ဦးဆောင်ပိုဒ်များ၊ သံပြိုင်ပိုဒ်များ၊တူရိယာတို့၏တီးခတ်ဖျော်ဖြေမှုများဖြင့် စုံလင်စွာ ပေါင်းစပ်ထားသည်။
အီလက်ထရွန်းနစ်တေးဂီတသည် ယနေ့ခေတ် နားထောင်သူများနှင့် ရင်းနှီးသော်လည်း ဒီသီချင်းရှိ အီလက်ထရွန်းနစ်တေးဂီတသည် တစ်ခြားအမျိုးအစားများနှင့်ဆန့်ကျင်နေသည်။ ကျွမ်းကျင်သောနားထောင်သူများက တေးရေးဆရာ၏ဇစ်မြစ်ကို ပြောနိုင်သော်လည်း ဒီသီချင်းကို သူတို့ တကယ်မသိပေ။
သီချင်းရဲ့ ရှေ့တစ်ဝက်လောက်မှာ ရင်နင့့်ကြေကွဲဖွယ်ဖြစ်သည်။ အမြင့်သံများမှာလည်း မျက်ရည်တစက်စက်ကျစေသည်။ သို့သော် တီးလုံးသံမှာ တဖြည်းဖြည်းပြောင်းလဲသွားတယ်။ လှပပြီး တက်ကြွ သောအခြေခံဖျော်ဖြေမှုအပြီးတွင်၊ သီချင်းသည် အခြားအဆင့်သို့ ထိုးတက်သွားပြီး ပို၍အံ့ဩဖွယ်ကောင်းလာသည်။
လှိုင်းများလို တဝုန်းဝုန်း ပြင်းထန်နေတဲ့ခံစားချက်များသည် ခိုင်ခံ့သော ဆည်တစ်ခု၏ ရုတ်တရက် တားဆီးခြင်းကိုခံလိုက်ရသည်။ နားထောင်နေသူမှာ မိုးကုတ်စက်ဝိုင်းသို့ ရောက်ခါနီးမှ ရိုလာကိုစတာပေါ်သို့ ပို့ဆောင်ခံလိုက်ရသည်။
တစ်ခါတစ်ရံမှာ သီချင်းတစ်ပုဒ်ဟာ စကားလုံးထောင်ပေါင်းများစွာနှင့်တန်သည်။
သီးသန့်ခန်းထဲ၌ အလယ်မှာထိုင်နေသောကျောင်းသားက သူ့မျက်ရည်တွေနဲ့ နှပ်တွေကို သုတ်လိုက်သည်။
"ဒီသီချင်းနာမည်က ဘာလဲ၊ ငါဆိုချင်တယ်"
အရပ်ရှည်ရှည်ပိန်ပိန် ကျောင်းသားလေးသည် ထိုမေးခွန်းကိုကြားသောအခါ အသိပြန်ဝင်လာပြီး မျက်မှောင်ကြုတ်လိုက်မိသော်လည်း နောက်ဆုံးတွင် ပြုံးပြလိုက်သည်။
"ဒါက သီချင်းအသစ်လေ။ စနစ်ထဲတောင်မရောက်သေးဘူး။"
"ဒါဆို ငါသီချင်းမပါဘဲ ဒီတိုင်းဆိုမယ်။"
"……"
တခြားသူတွေက ပါးစပ်အဟောင်းသားဖြစ်သွားပေမယ့် ပြန်ထိန်းကာပြောလိုက်သည်။
"ဒါ..ဒါပေါ့! မင်းပျော်ရင်ပြီးတာပဲ။"
ကီးကြောင်တစ်ကောင်ရဲ့ တစ်ကိုယ်တော်ပြင်းပြင်းပြပြဆိုနေသံကို နားထောင်ရတာ တကယ်က်ိုဆိုးရွားတဲ့ ခံစားချက်ပဲ။
ထိုအရပ်ရှည်ရှည်နှင့်ကောင်လေးသည် ပထမဆုံး "သူ" ဟု ဆိုလိုက်သည်နှင့် အခြားကျောင်းသားများ ရှုံ့မဲ့သွားကာ သူတို့နားကြပ်ကို ဆွဲထုတ်လိုက်ကြသည်။
ထားလိုက်တော့၊ သူတို့ဘာသာ မူရင်းကိုပဲနားထောင်လိုက်တာ ပိုကောင်းပါတယ်။
__________
ဒီရက်ထဲ Up သိပ်မမျှော်ကြနဲ့နော် မီးက တစ်ပတ်လုံးပျက်မယ်ပြောထားတော့ ဘယ်လိုလဲ မသိသေးဘူးရယ် လာရင်လာသလိုတော့ ကိုယ် up ဖို့ကြိုးစားပေးမှာပါ