Annoying Zhao Gongzi (Myanmar...

By Eri1485EXOL

82.8K 11.4K 214

This is just a translation ... Original work is 讨厌的赵公子 by Your唯 and we translated from the website, novelupda... More

Description
Just Notes
Chapter - 1 (Part 1)
Chapter - 1 (Part 2)
Chapter - 2 (Part 1)
Chapter - 2 (Part 2)
Chapter - 3 (Part 1)
Chapter - 3 (Part 2)
Chapter - 4 (Part 1)
Chapter - 4 (Part 2)
Chapter - 4 (Part 3)
Chapter - 4 (Part 4)
Chapter - 5 (Part 1)
Chapter - 5 (Part 2)
Chapter - 6 (Part 1)
Chapter - 6 (Part 2)
Chapter - 6 (Part 3)
Chapter - 6 (Part 4)
Chapter - 7 (Part 1)
Chapter - 7 (Part 2)
Chapter - 7 (Part 3)
Chapter - 7 (Part 4)
Chapter - 8 (Part 1)
Chapter - 8 (Part 2)
Chapter - 9 (Part 1)
Chapter - 9 (Part 2)
Chapter - 9 (Part 3)
Chapter - 10 (Part 1)
Chapter - 10 (Part 2)
Chapter - 10 (Part 3)
Chapter - 10 (Part 4)
Chapter - 11 (Part 1)
Chapter - 11 (Part 2)
Chapter - 11 (Part 3)
Chapter - 12 (Part 1)
Chapter - 12 (Part 2)
Chapter - 12 (Part 3)
Chapter - 13 (Part 1)
Chapter - 13 (Part 2)
Chapter - 13 (Part 3)
Chapter - 14 (Part 1)
Chapter - 14 (Part 2)
Chapter - 14 (Part 3)
Chapter - 14 (Part 4)
Chapter - 15 (Part 1)
Chapter - 15 (Part 3)
Chapter - 15 (Part 4)
Chapter - 16 (Part 1)
Chapter - 16 (Part 2)
Chapter - 17 (Part 1)
Chapter - 17 (Part 2)
Chapter - 17 (Part 3)
Chapter - 17 (Part 4)
Chapter - 18 (Part 1)
Chapter - 18 (Part 2)
Chapter - 19 (Part 1)
Chapter - 19 (Part 2)
Chapter - 20 (Part 1)
Chapter - 20 (Part 2)
Chapter - 20 (Part 3)
Chapter - 21 (Part 1)
Chapter - 21 (Part 2)
Chapter - 21 (Part 3)
Chapter - 22 (Part 1)
Chapter - 22 (Part 2)
Chapter - 23 (Part 1)
Chapter - 23 (Part 2)
Chapter - 24 (Part 1)
Chapter - 24 (Part 2)
Chapter - 25 (Part 1)
Chapter - 25 (Part 2)
Chapter - 26 (Final)

Chapter - 15 (Part 2)

541 96 1
By Eri1485EXOL

Unicode

ကျောင်းကုန်းဇီက ဝန်မခံချင်ဘူးဆို​ပေမယ့် သူ့အဝတ်အစားတွေဟာ အရမ်းရုပ်ဆိုး​နေတယ်ဆိုတာကို​တော့ သူ သဘောပေါက်ထားမှာပါပဲ။ ပြီး​တော့ သူက ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို သူ့ရဲ့အဝတ်အစားတွေ ဝတ်ခိုင်းနေတာဖြစ်မယ်။ သူက အရင်တုန်းက ငါ မစ္စယုနဲ့ တွဲခဲ့တဲ့ နေ့ရက်တွေကို မုန်းတီးစိတ်နဲ့ ပြန်လည်သတိရ​​နေပြီး​ မစ္စယုနဲ့ ငါ့ကြားက ခံစားချက်တွေ ပြန်ရှင်သန်လာမှာကို စိုးရိမ်​နေတာ။

​ငါ ​ပြောချင်တာက ကျောင်းကုန်းဇီ သနားစရာ​ကောင်း​နေတဲ့အချိန်မှာ မင်း သူ့ကို ကျီစားချင်လာလိမ့်မယ်။ ဒါမှမဟုတ် သူ ငါ့ခေါင်းအုံးကို ခိုးပြီး အသစ်ပြန်မဝယ်​ပေးတဲ့အခါမျိုးမှာ အနည်းဆုံး​တော့ သူ့အပေါ်မှာ ထားတဲ့ ငါ့ရဲ့ အာဃာတတရားတွေကို ပြန်လည်သတိရစေတယ်။

ဒါကြောင့် ငါ ချီတုံချတုံဖြစ်​နေတဲ့ပုံစံကို ငါ့မျက်နှာမှာ ​ရည်ရွယ်ချက်ရှိရှိနဲ့ ဖော်ပြလိုက်တယ်။

​ကျောင်းကုန်းဇီက ​ပြောတယ်, "လဲလိုက်!"

ငါ ချီတုံချတုံနဲ့ အဝတ်လဲလိုက်ရတယ်။

ငါတို့ ရောက်သွားတဲ့အချိန်မှာ မစ္စယုကို ကြယ်တွေနဲ့ပြည့်နေတဲ့ ညကောင်းကင်က လလိုမျိုး လူအုပ်ကြီးရဲ့အလယ်က​နေ အဝေးက လှမ်းမြင်လိုက်ရတယ်။ ငါ သူမကို နောက်ဆုံးတွေ့ခဲ့တာက ​တော်​တော်ကြာပြီဖြစ်တဲ့အတွက် သူမဟာ ပိုလို့တောင်မှ ချောမောလာပြီး တကယ်ကို အတုမရှိလှတဲ့ အလှပ​ဂေး​လေး ဖြစ်​လို့​နေတယ်။ သူမက အလွန်စွမ်းဆောင်နိုင်စွမ်းရှိတယ်ဆိုတဲ့ အချက်ကို​တော့ ​ပြောမ​နေပါနဲ့​တော့။ ခုတလော သူမဟာ သမ္မတရဲ့ အယုံကြည်ရဆုံး​သော အကြံပေးဖြစ်​နေတယ်လို့ ငါ ကြားတယ်။

ငါ့ရဲ့နှလုံးသားက တုန်လှုပ်သွားပြီး ဒီ​လောက်ပြင်းပြသည့်ပုံစံနဲ့ မလှုပ်ရှားခဲ့သည်မှာ အတော်ကြာ​နေပြီဖြစ်တယ်။

မစ္စယုက အနားရောက်လာပြီး ငါနဲ့ ​ကျောင်းကုန်းဇီကို နွေးထွေးစွာနဲ့ ပြုံးပြတယ်, "ငါတို့ မတွေ့တာတောင် ကြာပြီ​နော်, နင်တို့နှစ်ယောက်စလုံး ​ကောင်း​ကောင်းမွန်မွန်ရှိ​နေတယ်လို့ ငါ ကြားပါတယ်"

သခင်ကြီး​ကျောင်းစီက တစ်ခုခုအတွက် ရုန်းကန်နေရသလိုဖြစ်​နေပြီး ​ပြောတယ်, "​ရှောင်း​လောင်နဲ့ ရိရှင်က ဘယ်လိုဖြစ်လို့ ​​ရောက်လာကြတာလဲ? မင်းတို့နှစ်ယောက် ဒီမိတ်ဖက်လုပ်ငန်းကို ထပ်ပြီး ဆွေးနွေးချင်နေတာလား?"

သခင်ကြီး​ကျောင်းစီက စကားပြောနေတဲ့အချိန်မှာ သူ အချိန်အ​တော်ကြာ ဦးတည်ခြင်းမပြုခဲ့တဲ့ ငါနဲ့ ​ကျောင်းကုန်းဇီရဲ့ဘက်ကို နူးညံ့စွာနဲ့ ပြုံးပြလာတယ်။

ငါက ပြန်​ဖြေလိုက်တယ်, "ဟုတ်ပါတယ်, ကျွန်​တော်တို့က ကျွန်​တော်တို့ရဲ့ ဖက်စပ်လုပ်ငန်းအကြောင်းကို လာဆွေးနွေးတာပါ"

​ကျောင်းကုန်းဇီက ငါ့ကို အေးစက်စွာ စိုက်ကြည့်လာတယ်။

ငါ တွန်းအား​ပေးခံနေရတယ်ဆိုတာကို ငါ့ရဲ့အကြည့်က​နေသာ သူ့(​ကျောင်းကုန်းဇီ)ကို ပြောပြဖို့ တတ်နိုင်ခဲ့တယ်။ ငါက သခင်ကြီး​ကျောင်းစီ ခေါ်ဆောင်လာခဲ့တဲ့ မိဘမဲ့ကလေးတစ်ယောက်ပါ။ ငါ့မှာ သခင်ကြီး​ကျောင်းစီပြောသမျှကို လိုက်​ပြောရမှာဖြစ်တယ်။

ဒါပေမယ့် ​ကျောင်းကုန်းဇီကတော့ ဒီတစ်ခါ ငါ့ရဲ့မျက်လုံးအချက်ပြမှုတွေကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တယ်။ သူက သခင်ကြီး​ကျောင်းစီကို ​ပြောတယ်, "ကျွန်​တော်က သူနှင့်အတူ နေ​,နေတာကြောင့်​လေ"

ငါ ​ကျောင်းကုန်းဇီကို မုန်းလိုက်တာ။

သခင်ကြီး​ကျောင်းစီက သူ့ရဲ့သားကို သတ်မှာမဟုတ်​ပေမယ့် ငါ့ကို​တော့ သတ်ပစ်နိုင်တယ်။

​ကျောင်းကုန်းဇီကို မုန်းလိုက်တာ။

မစ္စယုက အခန်းတွင်း တင်းမာမှုတွေကို ပြေပျောက်အောင် ကူညီပေးခဲ့တယ်, "တကယ်တော့ အစ်ကို(၃)က ငါ့ကို အဲ့အ​ကြောင်း ပြောပြပါတယ်, ငါ ကော်ဖီသောက်ဖို့ နင့်ရဲ့ တိုက်ခန်းကို လာဖို့ စိတ်ကူးထားတာ, ရိရှင်ဖျော်တဲ့ ကော်ဖီက ပိုပြီး မွှေးတယ်လို့ ငါ ကြားထားတယ်​လေ"

တကယ်တော့ အဲ့ဒါက ကျင်းရှန့် ငါ့ကို လက်ဆောင်ပေးထားတဲ့ ကော်ဖီစေ့တွေရဲ့ အရည်အသွေး​ကြောင့် ပိုကောင်း​နေတာပါ။

ကျင်းရှန့် လွန်ခဲ့တဲ့တစ်နှစ်ခွဲက ​ပေးတဲ့ဟာ​တွေကို ငါ ဆိုလိုတာ​​နော်။

လောလောဆယ်​တော့ ကော်ဖီစေ့တွေက ကုန်တော့မှာ။

ဘာလို့လဲဆိုတော့ ကျင်းရှန့်က အဲ့ဒါ​တွေ ထပ်မပေးတော့ဘူး​လေ။ လွန်ခဲ့တဲ့နှစ်ရက်​လောက်က ကျင်းရှန့် တစ်စုံတစ်​​ယောက်နဲ့ ချိန်း​တွေ့​နေတယ်လို့ ​ကျောင်းကုန်းဇီ ငါ့ကို ​ပြောပြတယ်။

အား...ငါ့ရဲ့ကျင်းရှန့်​လေး။

ငါ မစ္စယုကို ဖိတ်ခေါ်လိုက်တယ်, "မင်း ကော်ဖီလာသောက်လို့ရတယ်​နော်, ငါတို့က မင်းကို နွေးထွေးစွာ ကြိုဆိုပါတယ်"

​ကျောင်းကုန်းဇီက ​ပြောတယ်, "ဒီမနက်တုန်းက ​ကော်ဖီ​စေ့သုံး​စေ့​လောက်ပဲ ကျန်​​တော့တာကို ငါ တွေ့လိုက်တယ်"

မစ္စယုက ညင်သာစွာပြုံးပြီး ​ပြောတယ်, "တကယ်တော့ နင်နဲ့ရိရှင်ကို ပေးဖို့ အထူးရည်ရွယ်ပြီး​တော့ ကော်ဖီစေ့တချို့ ယူလာခဲ့တယ်, ငါ နောက်တစ်ခေါက်ကျရင် ယူလာပေးမယ်​လေ"

​ကျောင်းကုန်းဇီရဲ့မျက်နှာက တစ်ဖန် အေးစက်သွားပြန်တယ်။

မစ္စယုနဲ့ ငါ ခဏလောက် စကားစမြည်ပြောဖြစ်ကြပြီး တစ်စုံတစ်​ယောက်က သူမကို တစ်နေရာဆီ ခေါ်​ဆောင်သွားတယ်။

သခင်ကြီး​ကျောင်းစီက ငါတို့ကို အေးစက်စွာကြည့်ပြီး ခြိမ်းခြောက်တယ်, "မင်းတို့ရဲ့အစွမ်းအစနဲ့ မစ္စယုကို သိမ်းသွင်းပါ"

"ဟုတ်ကဲ့ပါ သခင်ကြီး"

သခင်ကြီး​ကျောင်းစီ ထွက်သွား​​တော့ ​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "​သေလိုက်ပါ​တော့, ကျောရိုးမရှိတဲ့အ​ကောင်!"

သူ့ကိုယ်သူ ပြန်ကျိန်ဆဲနေတာလည်း ဖြစ်နိုင်တယ်​ရော်။

တစ်စုံတစ်ယောက်က ​ကျောင်းကုန်းဇီကို လာရှာပြီး မသွားခင်မှာ ​ကျောင်းကုန်းဇီက ငါ့ကို ​ပြောသွားတယ်, "ယု​ဟွေလန်နဲ့ အဓိပ္ပါယ်မရှိတာ​တွေ ပြောမ​နေနဲ့"

"ကောင်းပြီ" လို့ ငါ ပြောလိုက်တယ်။

ငါ ငါ့ရဲ့ချစ်လှစွာသော ကျင်းရှန့်ကို တွေ့လိုက်ရတဲ့အတွက် မစ္စယုနဲ့ စကားပြောဖို့ အချိန်မရတော့ဘူး။

.... ပြီး​တော့ သူ့ဘေးမှာရှိ​နေတဲ့ မစ္စတာကျန်းချီ။

မစ္စတာကျန်းက ဂုဏ်သ​ရေရှိပြီး​တော့ တရုတ်နဲ့အနောက်တိုင်း ပညာရပ်​တွေနဲ့ ကျောင်းပြီးထားတဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်တယ်။ တစ်ချိန်တုန်းက ​သူ(ကျန်းချီ)ဟာ မိန်းမစိုးတစ်​​ယောက်ဖြစ်တယ်လို့ ​ကျောင်းကုန်းဇီ ငါ့ကို မ​ပြောပြခင်အချိန်အထိ ငါ သူ့ကို သ​ဘောကျမိ​လိုက်သေးတယ်။

အိုး။

​မစ္စတာကျန်းရဲ့မွေးစားညီမဟာ ယခင်မင်းဆက်က အ​စေခံတစ်ဦးဖြစ်ပြီး သူ့(ကျန်းချီ)ရဲ့ဇနီးသည်လည်းဖြစ်တယ်ဆိုတာကိုပါ ​​ကျောင်းကုန်းဇီက ပြောပြထားတယ်။

အိုး။

ဒါဆိုရင် မစ္စတာကျန်းက ဘာလို့ ကျင်းရှန့်ကို ကြင်နာမှုအပြည့်နဲ့ အရမ်းချစ်ခင်မြတ်နိုးစွာ ကြည့်နေရတာလဲ?

​ကျောင်းကုန်းဇီက ငါ့ကို လှည့်စားနေတာလား? ဒါမှမဟုတ် မစ္စတာကျန်းက သူ့မွေးစားညီမနဲ့ ကျင်းရှန့်ကို လှည့်စားနေတာလား? ဒါမှမဟုတ် ကျင်းရှန့်က မစ္စတာကျန်းကို လှည့်စားနေတာလား?

ဟုတ်တယ်, ကျင်းရှန့်က မစ္စတာကျန်းကို လှည့်စား​နေတာဖြစ်နိုင်တယ်။ ပြီးတော့ ​​ကျောင်းကုန်းဇီမှာ သူ ယူဖို့ ပိုက်ဆံ​တွေအများကြီး မကျန်တော့ဘူး​လေ။

ပရမ်းပတာဖြစ်​နေတဲ့ ဒီကမ္ဘာကြီးက လှည့်စားမှုတွေနဲ့ ပြည့်နေလိုက်တာ။





Zawgyi

ေက်ာင္းကုန္းဇီက ဝန္မခံခ်င္ဘူးဆို​ေပမယ့္ သူ႕အဝတ္အစားေတြဟာ အရမ္း႐ုပ္ဆိုး​ေနတယ္ဆိုတာကို​ေတာ့ သူ သေဘာေပါက္ထားမွာပါပဲ။ ၿပီး​ေတာ့ သူက ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ ငါ့ကို သူ႕ရဲ႕အဝတ္အစားေတြ ဝတ္ခိုင္းေနတာျဖစ္မယ္။ သူက အရင္တုန္းက ငါ မစၥယုနဲ႔ တြဲခဲ့တဲ့ ေန႔ရက္ေတြကို မုန္းတီးစိတ္နဲ႔ ျပန္လည္သတိရ​​ေနၿပီး​ မစၥယုနဲ႔ ငါ့ၾကားက ခံစားခ်က္ေတြ ျပန္႐ွင္သန္လာမွာကို စိုးရိမ္​ေနတာ။

​ငါ ​ေျပာခ်င္တာက ေက်ာင္းကုန္းဇီ သနားစရာ​ေကာင္း​ေနတဲ့အခ်ိန္မွာ မင္း သူ႕ကို က်ီစားခ်င္လာလိမ့္မယ္။ ဒါမွမဟုတ္ သူ ငါ့ေခါင္းအုံးကို ခိုးၿပီး အသစ္ျပန္မဝယ္​ေပးတဲ့အခါမ်ိဳးမွာ အနည္းဆုံး​ေတာ့ သူ႕အေပၚမွာ ထားတဲ့ ငါ့ရဲ႕ အာဃာတတရားေတြကို ျပန္လည္သတိရေစတယ္။

ဒါေၾကာင့္ ငါ  ခ်ီတုံခ်တုံျဖစ္​ေနတဲ့ပုံစံကို ငါ့မ်က္ႏွာမွာ ​ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ ေဖာ္ျပလိုက္တယ္။

​ေက်ာင္းကုန္းဇီက ​ေျပာတယ္, "လဲလိုက္!"

ငါ ခ်ီတုံခ်တုံနဲ႔ အဝတ္လဲလိုက္ရတယ္။

ငါတို႔ ေရာက္သြားတဲ့အခ်ိန္မွာ မစၥယုကို ၾကယ္ေတြနဲ႔ျပည့္ေနတဲ့ ညေကာင္းကင္က လလိုမ်ိဳး လူအုပ္ႀကီးရဲ႕အလယ္က​ေန အေဝးက လွမ္းျမင္လိုက္ရတယ္။ ငါ သူမကို ေနာက္ဆုံးေတြ႕ခဲ့တာက ​ေတာ္​ေတာ္ၾကာၿပီျဖစ္တဲ့အတြက္ သူမဟာ ပိုလို႔ေတာင္မွ ေခ်ာေမာလာၿပီး တကယ္ကို အတုမ႐ွိလွတဲ့ အလွပ​ေဂး​ေလး ျဖစ္​လို႔​ေနတယ္။ သူမက အလြန္စြမ္းေဆာင္ႏိုင္စြမ္း႐ွိတယ္ဆိုတဲ့ အခ်က္ကို​ေတာ့ ​ေျပာမ​ေနပါနဲ႔​ေတာ့။ ခုတေလာ သူမဟာ သမၼတရဲ႕ အယုံၾကည္ရဆုံး​ေသာ အၾကံေပးျဖစ္​ေနတယ္လို႔ ငါ ၾကားတယ္။

ငါ့ရဲ႕ႏွလုံးသားက တုန္လႈပ္သြားၿပီး ဒီ​ေလာက္ျပင္းျပသည့္ပုံစံနဲ႔ မလႈပ္႐ွားခဲ့သည္မွာ အေတာ္ၾကာ​ေနၿပီျဖစ္တယ္။

မစၥယုက အနားေရာက္လာၿပီး ငါနဲ႔ ​ေက်ာင္းကုန္းဇီကို ေႏြးေထြးစြာနဲ႔ ျပဳံးျပတယ္, "ငါတို႔ မေတြ႕တာေတာင္ ၾကာၿပီ​ေနာ္, နင္တို႔ႏွစ္ေယာက္စလုံး ​ေကာင္း​ေကာင္းမြန္မြန္႐ွိ​ေနတယ္လို႔ ငါ ၾကားပါတယ္"

သခင္ႀကီး​ေက်ာင္းစီက တစ္ခုခုအတြက္ ႐ုန္းကန္ေနရသလိုျဖစ္​ေနၿပီး ​ေျပာတယ္, "​ေ႐ွာင္း​ေလာင္နဲ႔ ရိ႐ွင္က ဘယ္လိုျဖစ္လို႔ ​​ေရာက္လာၾကတာလဲ? မင္းတို႔ႏွစ္ေယာက္ ဒီမိတ္ဖက္လုပ္ငန္းကို ထပ္ၿပီး ေဆြးေႏြးခ်င္ေနတာလား?"

သခင္ႀကီး​ေက်ာင္းစီက စကားေျပာေနတဲ့အခ်ိန္မွာ သူ အခ်ိန္အ​ေတာ္ၾကာ ဦးတည္ျခင္းမျပဳခဲ့တဲ့ ငါနဲ႔ ​ေက်ာင္းကုန္းဇီရဲ႕ဘက္ကို ႏူးညံ့စြာနဲ႔ ျပဳံးျပလာတယ္။

ငါက ျပန္​ေျဖလိုက္တယ္, "ဟုတ္ပါတယ္, ကြၽန္​ေတာ္တို႔က ကြၽန္​ေတာ္တို႔ရဲ႕ ဖက္စပ္လုပ္ငန္းအေၾကာင္းကို လာေဆြးေႏြးတာပါ"

​ေက်ာင္းကုန္းဇီက ငါ့ကို ေအးစက္စြာ စိုက္ၾကည့္လာတယ္။

ငါ တြန္းအား​ေပးခံေနရတယ္ဆိုတာကို ငါ့ရဲ႕အၾကည့္က​ေနသာ သူ႕(​ေက်ာင္းကုန္းဇီ)ကို ေျပာျပဖို႔ တတ္ႏိုင္ခဲ့တယ္။  ငါက သခင္ႀကီး​ေက်ာင္းစီ ေခၚေဆာင္လာခဲ့တဲ့ မိဘမဲ့ကေလးတစ္ေယာက္ပါ။ ငါ့မွာ သခင္ႀကီး​ေက်ာင္းစီေျပာသမွ်ကို လိုက္​ေျပာရမွာျဖစ္တယ္။

ဒါေပမယ့္ ​ေက်ာင္းကုန္းဇီကေတာ့ ဒီတစ္ခါ ငါ့ရဲ႕မ်က္လုံးအခ်က္ျပမႈေတြကို ျပတ္ျပတ္သားသား ျငင္းဆိုလိုက္တယ္။ သူက သခင္ႀကီး​ေက်ာင္းစီကို ​ေျပာတယ္,  "ကြၽန္​ေတာ္က သူႏွင့္အတူ ေန​,ေနတာေၾကာင့္​ေလ"

ငါ ​ေက်ာင္းကုန္းဇီကို မုန္းလိုက္တာ။

သခင္ႀကီး​ေက်ာင္းစီက သူ႕ရဲ႕သားကို သတ္မွာမဟုတ္​ေပမယ့္ ငါ့ကို​ေတာ့ သတ္ပစ္ႏိုင္တယ္။

​ေက်ာင္းကုန္းဇီကို မုန္းလိုက္တာ။

မစၥယုက အခန္းတြင္း တင္းမာမႈေတြကို ေျပေပ်ာက္ေအာင္ ကူညီေပးခဲ့တယ္, "တကယ္ေတာ့ အစ္ကို(၃)က ငါ့ကို အဲ့အ​ေၾကာင္း ေျပာျပပါတယ္, ငါ ေကာ္ဖီေသာက္ဖို႔ နင့္ရဲ႕ တိုက္ခန္းကို လာဖို႔ စိတ္ကူးထားတာ, ရိ႐ွင္ေဖ်ာ္တဲ့ ေကာ္ဖီက ပိုၿပီး ေမႊးတယ္လို႔ ငါ ၾကားထားတယ္​ေလ"

တကယ္ေတာ့ အဲ့ဒါက က်င္း႐ွန္႔ ငါ့ကို လက္ေဆာင္ေပးထားတဲ့ ေကာ္ဖီေစ့ေတြရဲ႕ အရည္အေသြး​ေၾကာင့္ ပိုေကာင္း​ေနတာပါ။

က်င္း႐ွန္႔ လြန္ခဲ့တဲ့တစ္ႏွစ္ခြဲက ​ေပးတဲ့ဟာ​ေတြကို ငါ ဆိုလိုတာ​​ေနာ္။

ေလာေလာဆယ္​ေတာ့ ေကာ္ဖီေစ့ေတြက ကုန္ေတာ့မွာ။

ဘာလို႔လဲဆိုေတာ့ က်င္း႐ွန္႔က အဲ့ဒါ​ေတြ ထပ္မေပးေတာ့ဘူး​ေလ။ လြန္ခဲ့တဲ့ႏွစ္ရက္​ေလာက္က က်င္း႐ွန္႔ တစ္စုံတစ္​​ေယာက္နဲ႔ ခ်ိန္း​ေတြ႕​ေနတယ္လို႔ ​ေက်ာင္းကုန္းဇီ ငါ့ကို ​ေျပာျပတယ္။

အား...ငါ့ရဲ႕က်င္း႐ွန္႔​ေလး။

ငါ မစၥယုကို ဖိတ္ေခၚလိုက္တယ္, "မင္း ေကာ္ဖီလာေသာက္လို႔ရတယ္​ေနာ္, ငါတို႔က မင္းကို ေႏြးေထြးစြာ ႀကိဳဆိုပါတယ္"

​ေက်ာင္းကုန္းဇီက ​ေျပာတယ္, "ဒီမနက္တုန္းက ​ေကာ္ဖီ​ေစ့သုံး​ေစ့​ေလာက္ပဲ က်န္​​ေတာ့တာကို  ငါ ေတြ႕လိုက္တယ္"

မစၥယုက ညင္သာစြာျပဳံးၿပီး ​ေျပာတယ္, "တကယ္ေတာ့ နင္နဲ႔ရိ႐ွင္ကို ေပးဖို႔ အထူးရည္႐ြယ္ၿပီး​ေတာ့ ေကာ္ဖီေစ့တခ်ိဳ႕ ယူလာခဲ့တယ္, ငါ ေနာက္တစ္ေခါက္က်ရင္ ယူလာေပးမယ္​ေလ"

​ေက်ာင္းကုန္းဇီရဲ႕မ်က္ႏွာက တစ္ဖန္ ေအးစက္သြားျပန္တယ္။

မစၥယုနဲ႔ ငါ ခဏေလာက္ စကားစျမည္ေျပာျဖစ္ၾကၿပီး တစ္စုံတစ္​ေယာက္က သူမကို တစ္ေနရာဆီ ေခၚ​ေဆာင္သြားတယ္။

သခင္ႀကီး​ေက်ာင္းစီက ငါတို႔ကို ေအးစက္စြာၾကည့္ၿပီး ၿခိမ္းေျခာက္တယ္, "မင္းတို႔ရဲ႕အစြမ္းအစနဲ႔ မစၥယုကို သိမ္းသြင္းပါ"

"ဟုတ္ကဲ့ပါ သခင္ႀကီး"

သခင္ႀကီး​ေက်ာင္းစီ ထြက္သြား​​ေတာ့ ​ေက်ာင္းကုန္းဇီက ငါ့ကို က်ိန္ဆဲတယ္, "​ေသလိုက္ပါ​ေတာ့, ေက်ာ႐ိုးမ႐ွိတဲ့အ​ေကာင္!"

သူ႕ကိုယ္သူ ျပန္က်ိန္ဆဲေနတာလည္း ျဖစ္ႏိုင္တယ္​ေရာ္။

တစ္စုံတစ္ေယာက္က ​ေက်ာင္းကုန္းဇီကို လာ႐ွာၿပီး မသြားခင္မွာ ​ေက်ာင္းကုန္းဇီက ငါ့ကို ​ေျပာသြားတယ္, "ယု​ေဟြလန္နဲ႔ အဓိပၸါယ္မ႐ွိတာ​ေတြ ေျပာမ​ေနနဲ႔"

"ေကာင္းၿပီ" လို႔ ငါ ေျပာလိုက္တယ္။

ငါ ငါ့ရဲ႕ခ်စ္လွစြာေသာ က်င္း႐ွန္႔ကို ေတြ႕လိုက္ရတဲ့အတြက္ မစၥယုနဲ႔ စကားေျပာဖို႔ အခ်ိန္မရေတာ့ဘူး။

.... ၿပီး​ေတာ့ သူ႕ေဘးမွာ႐ွိ​ေနတဲ့ မစၥတာက်န္းခ်ီ။

မစၥတာက်န္းက ဂုဏ္သ​ေရ႐ွိၿပီး​ေတာ့ တ႐ုတ္နဲ႔အေနာက္တိုင္း ပညာရပ္​ေတြနဲ႔ ေက်ာင္းၿပီးထားတဲ့ စီးပြားေရးသမားတစ္ေယာက္ျဖစ္တယ္။ တစ္ခ်ိန္တုန္းက ​သူ(က်န္းခ်ီ)ဟာ မိန္းမစိုးတစ္​​ေယာက္ျဖစ္တယ္လို႔ ​ေက်ာင္းကုန္းဇီ ငါ့ကို မ​ေျပာျပခင္အခ်ိန္အထိ ငါ သူ႕ကို သ​ေဘာက်မိ​လိုက္ေသးတယ္။

အိုး။

​မစၥတာက်န္းရဲ႕ေမြးစားညီမဟာ ယခင္မင္းဆက္က အ​ေစခံတစ္ဦးျဖစ္ၿပီး သူ႕(က်န္းခ်ီ)ရဲ႕ဇနီးသည္လည္းျဖစ္တယ္ဆိုတာကိုပါ ​​ေက်ာင္းကုန္းဇီက ေျပာျပထားတယ္။

အိုး။

ဒါဆိုရင္ မစၥတာက်န္းက ဘာလို႔ က်င္း႐ွန္႔ကို ၾကင္နာမႈအျပည့္နဲ႔ အရမ္းခ်စ္ခင္ျမတ္ႏိုးစြာ ၾကည့္ေနရတာလဲ?

​ေက်ာင္းကုန္းဇီက ငါ့ကို လွည့္စားေနတာလား? ဒါမွမဟုတ္ မစၥတာက်န္းက သူ႕ေမြးစားညီမနဲ႔ က်င္း႐ွန္႔ကို လွည့္စားေနတာလား? ဒါမွမဟုတ္ က်င္း႐ွန္႔က မစၥတာက်န္းကို လွည့္စားေနတာလား?

ဟုတ္တယ္, က်င္း႐ွန္႔က မစၥတာက်န္းကို လွည့္စား​ေနတာျဖစ္ႏိုင္တယ္။ ၿပီးေတာ့ ​​ေက်ာင္းကုန္းဇီမွာ သူ ယူဖို႔ ပိုက္ဆံ​ေတြအမ်ားႀကီး မက်န္ေတာ့ဘူး​ေလ။

ပရမ္းပတာျဖစ္​ေနတဲ့ ဒီကမ႓ာႀကီးက လွည့္စားမႈေတြနဲ႔ ျပည့္ေနလိုက္တာ။




Continue Reading

You'll Also Like

795K 51.2K 27
မြို့အုပ်မင်းကိုမှ ချစ်မိသွားတဲ့ ဓားပြခေါင်းဆောင်ကြီး🤓 ၿမိဳ႔အုပ္မင္းကိုမွ ခ်စ္မိသြားတဲ့ ဓားျပေခါင္းေဆာင္ႀကီး🤓 1950 BL (Time travel) Unicode an...
40.2K 4.9K 74
This is not my own story English Title- Mr Rong's lovelorn Diary Author - 桃白百 Translator - IQ Team
624K 6.4K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
34.7K 4.7K 44
Author- 淮上 (Huai shang) Title- 剑名不奈何 (Jiàn míng bù nàihé, The sword named no way out) Total chapter- 95 Chapters (Completed) MC- Gong Wei ML- Xu Shu...