" ကျွန်တော်ချစ်ခဲ့သော သူမအမျိ...

By YaeYint0310

3.2K 187 60

အရမ်းချစ်တက်ပြီး တစ်ယောက်ကိုတစ်ယောက် သိပ်ပြီးဂရုစိုက်ကြပေမဲ့ ချစ်တယ်ဆိုသော စကားလေးကို မဖွင့်ပြောကြပဲ သဝန်တိုမ... More

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL - Part 1 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 2 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 3 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 5 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 6 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 7 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 8 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 9 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 10 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL- Part 11 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part 12 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part -13 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part - 14 ) 🔞🔞🔞
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part-15 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part-16 )
" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL Part 17 )

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား " ( BL - Part 4 )

147 12 4
By YaeYint0310

" ကျွန်တော်ချစ်ခဲ့သော သူမအမျိုးသား"

      အခန်း ( ၄ )

   " ဒုတ်... "

" ဆော်ရီးအစ်ကို "

      ကျောင်းသားလေးတစ်ယောက်က အရေးကြီးသုတ်ပြာနဲ့ ပြေးလွှားရင်း သူ့အားဝင်တိုက်မိလေတော့သည်။ တကယ်ကိုအလျှင်လိုနေတဲ့ပုံလေးမို့ သူလည်း ဘာမှပြန်မပြောတော့ဘဲ ခေါင်းလေးဘဲ အသာလေးငြိမ့်ပြလိုက်လေတော့သည်။ တောင်းပန်ပါတယ်ဆိုတဲ့ စကားလုံးလေးကိုတော့ ယဥ်ကျေးမှုရှိသူပီပီ ပြောသွားပါသေးသည်။ ပြေးသွားသောကျောင်းသားလေးကိုကြည့်ရင်း ဝန်းရံခတစ်ယောက် ခေါင်းလေးတစ်ဆတ်ဆတ်ငြိမ့်နေလေတော့သည်။

" ဘာတွေတစ်ငြိမ့်ငြိမ့်လုပ်နေတာလဲ "

" ခုနက ကျောင်းသားကိုမဟုတ်လား "

" ဘာလဲ သဘောကျသွားတာလား "

     တရစပ်မေးခွန်းတွေကို တန်းစီပြီး မေးလာသူကတော့ ကောင်းညှို့မာန်ပါ။

" မဟုတ်ပါဘူးကွာ တစ်ခုသဘောကျတာတော့ရှိတယ် "

" ဘာကိုလဲ "

" တောင်းပန်တက်တဲ့စိတ်ထား "

" ကဲအတန်းဝင်တော့မယ် ခင်ဗျားကြီးလည်း ဆက်ပြီးဖီးလ်နေသိလား "

      ပြောချင်ရာပြောပြီး ထွက်သွားသော ကောင်းကိုကြည့်ပြီး ဝန်းရံခတစ်ယောက် ပြုံးမိသေးသည်။ အတန်းချိန်လည်း မရှိတော့တာမို့ ဖြည်းဖြည်းချင်းလမ်းလေးလျှောက်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့လေတော့သည်။ စိတ်ထဲမှာလည်း ပန်းခြံသို့ သွားချင်လာသော ဆန္ဒကပေါ်လာပြန်သည်။ ဘာမှမစဥ်းစားတော့ဘဲ ကားတားစီး၍ ပန်းခြံဘက်သို့ သူထွက်လာခဲ့လေတော့သည်။

     ကျောင်းဖွင့်ရက်ဆိုတော့ လူတွေကသိပ်တော့များများစားစားမရှိသေးပေ အခုလိုလူနည်းတာကိုလည်း ဝန်းရံခက သဘောကျပေသည်။ လူများရင် အလိုလို ဒေါသဖြစ်နေတက်သောသူသည် အခုလိုမျိုး အေးဆေးတဲ့နေရာလေးကို ရွေးချယ်ပြီးလာတက်ပြီး လူရှုပ်တဲ့နေရာကိုတော့ ရှောင်ရှားတက်လေတော့သည်။ သူလည်း ပန်းခြံထဲသို့ရောက်တော့ ဟိုနားတစ်စု ဒီနားတစ်စုနဲ့ လူလေးတော့ရှိပါသည်။ သူလည်း လျှောက်သွားနေရင်းနဲ့ တစ်နေရာအရောက်တော့ ကောင်မလေးနှစ်ယောက် အလှဓာတ်ပုံလေးတွေရိုက်​နေကြလေတော့သည်။

     သူသေချာကြည့်လိုက်တော့ သုံးပန်လှနဲ့ Ame တို့ဖြစ်​နေလေတော့သည်။ Ame လည်း သူ့ကိုတွေ့သွားသည်ထင်ပါရဲ့ ချက်ခြင်းကိုပြေးလာပြီး လာနှုတ်ဆက်လေတော့သည်။

" အစ်ကိုဝန်းရံခ တစ်ယောက်တည်းလား "

" အင်း ဟုတ်တယ် Ame "

" အတန်းချိန်မရှိဘူးလား "

  " အတန်းချိန်လည်းမရှိတာနဲ့ ပျင်းပျင်းရှိလို့ထွက်လာတာ "

" ဟုတ် "

" Ame တို့ကရော "

" နောက်အပတ်မှာလုပ်မဲ့ တက္ကသိုလ်မေဂျာတွေရဲ့ အလှဓာတ်ပုံပြိုင်ပွဲမှာ သုံးပန်လှက ဝင်ပြိုင်ထားတာလေ ကိုဝန်းရံခ "

" ​သြော် ဟုတ်ကဲ့ ဒါကြောင့် အပုံလေးတွေ လာရိုက်တာထင်ပါရဲ့ "

  " ဟုတ်ပါရဲ့ရှင် "

" ဟုတ် အားပေးနေမှာပါ "

" အဲ့လိုအားပေးလို့မရသေးဘူး အမှတ်တရအနေနဲ့ Ame တို့နှင့် တစ်ပုံနှစ်ပုံလောက်တွဲရိုက်ပါလား "

" အင်း ဟုတ်သားဘဲ ကိုဝန်းရံခ တစ်ယောက်နဲ့တစ်ယောက်လည်း သိနေပြီးပဲလေ အမှတ်တရပေါ့ "

" ဟုတ်ပါပြီးဗျာ "

" အဲ့လိုမှပေါ့ "

     ဒီလိုနေရာမျိုးမှာ အားကိုးရပြီး တော်တာကတော့ Ame ဆိုတာ ပြောစရာလိုမည်လို့တောင်မထင်ပါဘူးနော်။ Ame ကပင် ဦးဆောင်ပြီး ဓာတ်ပုံလေးတွေကို ရိုက်ပေးလိုက်တာ နှစ်ပုံသုံးပုံကနေ တော်တော်လေးများသွားပေသည်။ ဒါကလည်း Ame ရဲ့ အရည်အချင်းတစ်ခုပင်။ ထို့နောက် ပန်းခြံလေးကနေထွက်ပြီး စားသောက်ဆိုင်လေးတစ်ခုမှာ တစ်ခုခုစားဖို့နဲ့ ပိုပြီးရင်းနှီးရအောင်ဟုဆိုကာ စကားလေးပြောဖို့ ဓာတ်ပုံအတွက် လိုတာလေးတွေပြောဖို့ဆိုပြီး ထွက်လာခဲ့ကြသည်။

     ဆိုင်လေးရောက်တော့ မှာစားကြပြီး ဓာတ်ပုံလေးတွေအတွက် ဝန်းရံခလည်း သိသလောက်တက်သလောက်လေး ပြောပြပေးတော့ တော်တော်လေးတော့ အဆင်ပြေသည်လို့ ပြောရပေမည်။ အခုလိုမျိုးပွင့်ပွင့်လင်းလင်းနဲ့ စကားပြောကြည့်တော့လည်း သုံးပန်လှနဲ့ Ame တို့ဟာ တကယ့်ကိုခင်ဖို့ကောင်းပြီး ရိုးသားကြသလို ဝန်းရံခသည်လည်း သူတို့ကြားထားသလောက် မဆိုးဝါးဘူးဆိုတာ Ameရော သုံးပန်လှရော သိသွားကြလေတော့သည်။ တိုက်ဆိုင်တာလား ဘယ်သူကများ သတင်းပေးလဲဆိုတာ မသိပေမဲ့ ဆိုင်ကထွက်ခါနီးမှာပင် ကောင်းညှို့မာန်ဆိုသော ကောင်းကားလေးနဲ့ ရောက်လာလေတော့သည်။

" ကဲ ခင်ဗျားကြီး ကားပေါ်တက်တော့ "

" ဟင် ကောင်း ဘယ်ကနေဘယ်လို "

" တက်စရာရှိတာသာတက်စမ်းပါ "

      မျက်နှာကြီး စူပုတ်နေပြီး ကားမောင်းတဲ့နေရာကနေသူ့ကိုအမိန့်ပေးနေတာက ကောင်းညှို့မာန်ဆိုသော သူပါ။ Ame ကတော့ ခပ်ပြုံးပြုးလေးကြည့်နေပေမဲ့ သုံးပန်လှကတော့ ခပ်တည်တည်ပင်။ Ame က ဒီလိုမျိုးအနေအထားတွေနဲ့ ရင်းနှီးသူပီပီ သူကိုယ်တိုင်လည်း အမြဲတမ်း ship နေတာကြောင့် ကြိတ်သဘောကျနေတာပါ။

" လိုက်သွားလိုက်ပါ ကိုဝန်းရံခရာ တော်ကြာ တင်းလွန်းပြီး ကားတာယာကြီးလို ပေါက်ကွဲနေပါဦးမယ် " Ame ကအရွန်းဖောက်လိုက်သေးသည်။

" ခင်ဗျားဘာသာ ခင်ဗျားတက်မှာလား ကျွန်တော်ဆွဲတက်ရမှာလား "

" နောက်တော့တွေ့ကြတာပေါ့ ကိုဝန်းရံခ အခုက ကိစ္စတွေလည်း မပြီးသေးဘူးဆိုတော့လေ လိုက်သွားလိုက်ပါ ဒါမျိုးတွေက ဖြစ်တက်ပါတယ် ပန်ပန်တို့က နားလည်ပေးပါတယ် နေရာလည်းသိနေတာပဲ နောက်တော့အေးဆေးတွေ့ကြတာပေါ့ "

     ဘာအဓိပ္ပါယ်နှင့် သုံးပန်လှပြောလိုက်မှန်း မသိပေမဲ့ တော်တော်လေးကိုတော့ အရောက်ပို့လိုက်တာ ထင်ရှားသည်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ကောင်းကိုလည်း သဘောထားသေးသိမ်သယောင်ယောင်နဲ့ လှမ်းပက်လိုက်သေးသည်။ ကောင်းတစ်ယောက် စိတ်မရှည်တော့ပဲ ကားပေါ်မှနေဆင်းကာ ဝန်းရံခကို ကားပေါ်သို့ဆွဲတင်သွားကာ ကားကိုမောင်းထွက်သွားလေတော့သည်။ Ame နဲ့ သုံးပန်လှလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း သဘောကျစွာ ရယ်ရင်းနဲ့ ကျန်ခဲ့ကြလေတော့သည်။

" Ame ရယ် ရှင်ဟာလေ သိပ်တော်တာဘဲ သိလား "

" ဟဲ့ ငါဘယ်သူလဲ သိတယ်မဟုတ်လား "

" အေးပါ ပြောပါဦးဟဲ့ ဘယ်လိုအကြံများရသွားတာလဲ "

" ဒီလိုဟ ငါတို့အပုံလေးတွေရိုက်နေတုန်း သူ့ကိုငါတွေ့သွားတာ "

" အင်း "

" အဲ့တာနဲ့ အကြံကပေါ်လာရော "

" ဆက်ပြောပါဦး "

" ပြောရရင် သူကအရမ်းချောမနေဘူး ဒါပေမဲ့ ကြည့်ကောင်းတယ် မိတယ်မိုက်တယ်ပေါ့ဟာ အဲ့လိုပုံစံတွေက ဓာတ်ပုံရိုက်ရင် အလန်းကြီးထွက်တာ နင်လည်းသိသားဘဲ "

" အေး အဲ့တာလည်း ဟုတ်တယ် "

" ပြီးတော့ ဝန်းရံခက ကျောင်းကြီးရဲ့ Fan page မှာ နာမည်ကြီးလေဟာ အဲ့တော့ သူရဲ့ Fan တွေကလည်းများတယ်လေဟာ အဲ့တော့ သူ့ကိုရအောင်တွဲရိုက်လိုက်တော့ သူလည်း လူပိုသိများ သူအကြောင်းစုံစမ်းနေကြတဲ့ လူတွေထက် ငါတို့က တစ်ကွက်ကျော်သွားတာပေါ့ ပြီးတော့ သူပါလာတော့ သူ့Fan တွေက ငါတို့ကိုမကြိုက်တာတောင် သူ့ကိုကြိုက်ပြီး အနည်းဆုံးတော့ ငါတို့ vote တက်တယ်လေဟာ "

" မိန်းမ ဒီတစ်ခါတော့ အရမ်းတော်တယ် "

" နင်လည်းတော်တယ် သိလား "

" ငါက ဟုတ်လား ဘယ်နေရာတော်တာလဲ ပြောပါဦး Ame "

" ဒီလိုလေဟာ ပြန်ခါနီးမှာ ကောင်းကို ဒေါသဆွခဲ့ပေးတာဟီးဟီး "

" ဟာ ထားပါဟာ နေရင်းထိုင်ရင်း ကိုဝန်းရံခကို အမိန့်တွေစွတ်ပေးနေတာ ကြည့်မရလို့ ဖဲ့လိုက်တာ "

" အေး ဖဲ့မနေဲ့ ကြည့်လုပ်ဦး ဟိုက နင့်ဘေးအခန်းမှာ ကပ်ရပ် "

" အယ် ဟုတ်သား အဲ့တာငါ့မေ့သွားတယ် "

" အေး လူဆိုတာပြောရသာ မဟုတ်ဘူး မကျေနပ်လို့ တစ်ခုခုတုန့်ပြန်မယ်ဆို အနေနီးနေတော့ ပိုဆိုးတာ "

" အဲ့လောက်တော့လည်း မဖြစ်လောက်ပါဘူး ထင်ပါတယ် "

" အဲ့တာတော့ ဖြစ်မဖြစ် မသိဘူး သေချာတာကတော့ ကောင်းက ဘာလုပ်လုပ် ကြည်ကြည်ဖြူဖြူနဲ့ လိုက်လျောပေးနေတဲ့ ကိုဝန်းရံခကို အတော်လေး နားမလည်ဖြစ်မိတယ် ပြီးတော့ ကောင်း သူကယောင်္ကျားလေးတစ်ယောက်ကွာ ပုံစံကလည်း မိုက်တယ် ချမ်းသာတယ် ဒါပေမဲ့ ကောင်းက ဘာလို့ ဝန်းရံခကိုဘဲ ဂျစ်တိုက်နေတာလဲ "

" ဟုတ်တယ် အဲ့တာလည်း ဘာတွေလဲ သူငယ်ချင်းလို့ပြောရအောင်လည်း သူတို်ပက်သက်မှုက ပိုကိုပိုနေသလားလို့ "

" ပိုကိုပိုနေတာ "

" ဒါဆို Ame ပြောသလိုဘဲ သူတို့နှစ်ယောက်က ချစ်သူတွေလား "

" အဲ့လိုကလည်း ထင်ကြေးဘဲရှိတာလေ ချစ်သူတို့ပြောရအောင်လည်း လုံလောက်တဲ့သက်သေက မရှိဘူး "

" ဒါပေမဲ့ နှစ်ယောက်လုံးက ရည်းစားမရှိနေကြသလို မိန်းကလေးသူငယ်ချင်းလည်း မရှိကြပြန်ဘူး "

" နောက်တစ်ခုက တစ်ပူးပူးတစ်တွဲတွဲ ဖြစ်နေတာရယ် နှစ်ယောက်တစ်ကမ္ဘာထင်နေတာရယ် အခြားဘယ်သူကို့မှ ဂရုမစိုက်တာရယ် "

" ကျန်သေးတယ် ဘယ်သူနဲ့မှလည်း သွားလာပြောဆိုတာ မကြိုက်တာရယ် "

" ဒါဆို တစ်ယောက်ကိုတစ်ယောက် မဖွင့်ပြောဘဲ ချစ်နေကြတာလား "

" ဒါကတော့ ဘုရားနဲ့ သူတို့ကိုယ်တိုင်ဘဲ သိမှာ "

" ထားပါတော့ လောလောဆယ် ဓာတ်ပုံလေးတွေ စစ်ကြည့်ရအောင် "

  " အေးအေး "

     သုံးပန်လှနဲ့ Ame တို့လည်း ရိုက်ထားတဲ့အပုံလေးတွေကို ကွန်ပျူတာထဲသို့ ပြောင်းထည့် ပြုပြင်ပြီး လိုချင်တာလေးတွေ လုပ်ရင်းနေကြလေတော့သည်။

" ကဲ ပြောပါဦး ခင်ဗျားကြီးက ဘာလို့ အဲ့ကိုရောက်နေတာလဲ "

" ကောင်းကို ဘယ်သူက သတင်းပေးတာလဲပြော "

" သတင်းပေးတာတွေ ဘာညာတွေ ပြောမနေနဲ့ ဘာလို့ ကျွန်တော်မပါဘဲ ခင်ဗျားသူတို့နဲ့ သွားတာလဲ "

" တကူးတကသွားတာမဟုတ်ဘူးကွာ ကိုယ်ကပန်းခြံသွားတာ အဲ့မှာသူတို့နဲ့တွေ့တာ "

" ပန်းခြံကိုက ဘာသွားလုပ်တာလဲ "

" ဒီအတိုင်း သွားတာပါ ပျင်းပျင်းရှိတာနဲ့ "

" ခင်ဗျားသွားချင်ရင် ကျွန်တော့်ကိုပြောလေ ကျွန်​တော်ပို့ပေးမှာပေါ့ "

" ကောင်းက အတန်းရှိတယ်လေ "

" ဖျက်လိုက်မှာပေါ့ဗျ "

" ကောင်း ဘာဖြစ်နေတာလဲ အတန်းကအရေးကြီးတယ်လေ ဘာလို့ဖျက်ရမှာလဲ ပြီးတော့ ကိုယ်ကအရေးတကြီးကိစ္စမှ မဟုတ်တာ "

" အဲ့တာတွေဘဲ ခင်ဗျားကြီးကို ကျွန်တော်မကြိုက်တာ ခင်ဗျာကြီး ဘာဖြစ်ချင်လဲ ဘာဖြစ်နေတာလဲ ကျွန်တော်ကိုဆို တစ်ခုမှမပြောဘူးဗျာ "

" ကောင်း စိတ်ညစ်မှာဆိုးလို့ပါ "

" နောက်က ခင်ဗျားကြီးက အဲ့လိုမိန်းကလေးတွေနဲ့ မတွဲတက်မသွားလာတက်ဘူး ပေါင်းသင်းရတာလည်း မကြိုက်ဘူးလေ ဘာလို့အခုကျတော့ အတူတူတောင် စားသောက်နေတာလဲ "

" နှစ်ခါတောင် သိထားပြီးပြီးဆိုတော့လည်း ဒီအတိုင်း ဆိုင်ထိုင်တာပါကွာ ကောင်းရာ ဘာတွေဖြစ်နေတာလဲ"

" မသိဘူးဗျာ ခင်ဗျားဘေးမှာ ဘယ်မိန်းကလေးမှ ရှိနေတာ ကျွန်တော်မကြိုက်ဘူး မဟုတ်သေးဘူး အခြားအကောင်တွေရှိနေတာလဲ ကျွန်တော်မကြိုက်ဘူး ခင်ဗျားဘေးမှာ ကျွန်တော်ပဲရှိရမယ် ကျွန်တော့်ဘေးမှာလည်း ခင်ဗျားပဲ ရှိရမှာ "

" ကောင်း မင်းဘာတွေပြောနေတာလဲ မင်းကိုယ်မင်းရောသိရဲ့လားကွာ "

" သိတယ် သိတာမှ အကုန်သိတာ ခင်ဗျားကြီးဘဲ မသိတာ အေးပြောထားပြီးသားနော် နောက်အခါဆို ကျွန်တော့်အဆိုးမဆိုနဲ့ ကျွန်တော့်လက်သီးက မျက်နှာမရွေးဘူး ထိုးပစ်မှာ သိလား "

     မျက်နှာကြီး တင်းပြီးဆူပုတ်ကာ ကလေးဆိုးကြီးတစ်ယောက်လို သူ့ကိုအလိုမကျမှုတွေ တရစပ်​​ပြောနေသော သူ့ကို ဝန်းရံခ ကြည့်နေမိသည်။

" ဘာကြည့်နေတာလဲ အခန်းပြန်မယ် လိုက်ခဲ့ "

" ဟိုလေ "

" ငြင်းဖို့မစဥ်းစားနဲ့ ကျွန်တော်ခင်ဗျားကို စိတ်တိုနေတာ မပျောက်သေးဘူး ဒေါသထွက်တာလည်း မပျောက်သေးဘူး အသာတကြည် လိုက်ခဲ့လိုက် ဒါဘဲ "

    ပြောဆိုပြီးတာနဲ့ ဝန်းရံခကို ကားပေါ်တင်ကာ သူ့ရဲ့ကိုယ်ပိုင်အခန်းလေးဆီသို့ မောင်းထွက်လာခဲ့လေတော့သည်။

**************************************************

ကျေးဇူးပြု၍ အခန်း ( ၅ ) အား ဆက်လက်စောင့်မျှော်အားပေးကြပါဦးလို့ ဆန္ဒပြုတောင်းဆိုပါရစေ။

ချစ်ခြင်းအားဖြင့်

ရဲရင့်မာန်
#ရဲရင့်မာန်
#ကျွန်တော်ချစ်ခဲ့သောသူမအမျိုးသား

Zawgyi


      အခန်း ( ၄ )

   " ဒုတ်... "

" ဆော်ရီးအစ်ကို "




" ဘာလဲ သဘောကျသွားတာလား "



" ဘာကိုလဲ "







" အင်း ဟုတ်တယ် Ame "



" ဟုတ် "

" Ame တို့ကရော "



  " ဟုတ်ပါရဲ့ရှင် "

" ဟုတ် အားပေးနေမှာပါ "



" ဟုတ်ပါပြီးဗျာ "

" အဲ့လိုမှပေါ့ "















" အင်း "


" ဆက်ပြောပါဦး "


" အေး အဲ့တာလည်း ဟုတ်တယ် "



" နင်လည်းတော်တယ် သိလား "









" ဟုတ်တယ် အဲ့တာလည်း ဘာတွေလဲ သူငယ်ချင်းလို့ပြောရအောင်လည်း သူတိုပက်သက်မှုက ပိုကိုပိုနေသလားလို့ "

" ပိုကိုပိုနေတာ "









  " အေးအေး "










" ဖျက်လိုက်မှာပေါ့ဗျ "











" ဟိုလေ "



**************************************************


ချစ်ခြင်းအားဖြင့်
ရဲရင့်မာန်

#စာပေမြစ်ဖျား
#ရဲရင့်မာန်

Continue Reading

You'll Also Like

310K 9.2K 82
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
1M 17.4K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
369K 12K 26
Daisy Swan likes to disappear, even when she was in the same room as other people. Until she meets the most ruthless vampire leader who thinks she's...
889K 34.2K 82
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...