(Completed) Reborn as a good...

By Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... More

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《103》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《128》

9.5K 1.5K 49
By Xiao_Yiii

Unicode

အခန်း(၁၂၈) - သက်ဝင်လှုပ်ရှားတဲ့ နေ့ရက်လေး

ချင်ဖုန်းသည်  အလွန်လျင်မြန်ပြီး သွက်လက်စွာ ပြုမူတာကြောင့် ကြည့်လိုက်ရင်တော့ လွယ်ကူလွန်းနေသလိုပင်။ ထို့နောက်သူက ဝန်ထမ်းဖြစ်သူ၏ အကျီၤအား ဆုပ်ကိုင်ထားသည့် သူ့လက်ကိုလွှတ်လိုက်ပြီး လက်ကိုဖုန်ခါလိုက်သေးသည်။ ထာဝစဉ် အိပ်ငိုက်နေတတ်သည့် မျက်လုံးများကတော့ ပြုံးကျယ်နေလေပြီ။

"Mr ချီအနေနဲ့ ကိုယ့်လက်အောက်ငယ်သားတွေကို လမ်းလျှောက်တဲ့အချိန် သူတို့လက်တွေ လုပ်နေမိတဲ့အရာအပေါ် ပိုပြီးအာရုံစိုက်မိအောင် သင်ပေးထားသင့်တယ်, ကျွန်တော်တို့တွေ ဒီလို ဘေးဥပါဒ်မျိုး ထပ်မဖြစ်စေချင်ဘူး, အကယ်၍ ပိုင်သခင်ငယ်လေးသာ ထိသွားခဲ့ရင် ကျွန်တော်တို့အားလုံးအတွက် ဆိုးဝါးတဲ့ နေ့ဖြစ်လာမှာပဲ"

ချင်ဖုန်းသည် သူတို့နှစ်ယောက် တွေ့ကတည်းက ရိဟန်နားမှာ တိတ်တဆိတ် လျှောက်နေတာကြောင့် ချီမင်းယောင်က ထိုလူရှိနေသည်ကို သတိမထားလိုက်မိပေ။ ထိုစကားကြားတော့ ချီမင်းယောင်က အံ့အားသင့်သွားမိသည်။ သူက ထိုလူကို အနီးကပ် ကြည့်လိုက်ပြီးနောက်မှာတော့ အူတိုင်ထဲကအထိ တုန်လှုပ်သွားရ၏။ သူက ခံစားချက်တွေ မြင်သာသွားမယ့်အရေးအား ဖိနှိပ်လိုက်ရပြီး ဒီလူက သူထင်ထားတဲ့သူ ဟုတ်မဟုတ် အတည်ပြုရန် နောက်တစ်ဖန် ပြန်ကြည့်မိသည်။

ချီမင်းယောင်က အပြုံးတစ်ခုကို ဖြစ်ညှစ်ထုတ်၍ ရေရွတ်လာသည်။

"ချင်...."

"ချင်အန်း" ရိဟန်က ကြားဖြတ်ပြောလိုက်သည်။

"ခင်ဗျားထိသွားသေးလား?"

ချင်ဖုန်းက ရိဟန်အား တစ်ချက်ကြည့်လိုက်ပြီး သူ့အပြုံးက နူးညံ့သွားလေသည်။

"ငါ့ကိုဘယ်သူထင်လို့လဲ?" သူက ပြန်ဖြေ၏။

"ဒါက ဟင်းချိုအိုးလေးပါပဲ, ငါ့ကို ဘယ်လိုများ နာကျင်အောင် လုပ်နိုင်ပါ့မလဲ?"

ချင်ဖုန်း ပြောလိုက်တဲ့ စကားများအရဆိုရင် ဝန်ထမ်းဖြစ်သူရဲ့ ခြေချောသွားမှုက မတော်တဆ မဟုတ်ဘူးဆိုတာကို ယန်ဖေးသိလိုက်သည်။ သူမက စကားပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ကျောင်းစုက သူ့လက်အား သူမပုခုံးပေါ် ခပ်တင်းတင်းလေး တင်လိုက်၏။ နှုတ်ခမ်းဆူရင်းဖြင့်သာ ယန်ဖေးမှာ ပါးစပ်ပိတ်ထားလိုက်ရတော့သည်။

ထိုကြားဖြတ်ပြောမှုကြောင့် ချီမင်းယောင်က အံ့အားသင့်သွားမိသည်။ သူက အတွေးများ စုစည်းရန် ခဏတာ ရပ်တန့်လိုက်ပြီးနောက်မှာ ပြောလိုက်သည်။

"Mr ချင်, ခင်ဗျားက ကြည့်ရတာ ပိုင်သခင်ငယ်လေးနဲ့ ရင်းနှီးပုံပဲနော်? ဘယ်လောက်တောင် ထူးခြားလိုက်လဲ"

"ငါတို့က သူငယ်ချင်းတွေ" ချင်ဖုန်းက ပြန်ပြောသည်။ သူ့အပြုံးက မျက်လုံးထဲထိ မရောက်ပေ။

"ဘယ်သူမဆို သူငယ်ချင်း ရှိနိုင်တာပဲ, ငါက ခြွင်းချက်မှ မဟုတ်တာ, ဒါပေမယ့် ငါ့ရဲ့ အကြီးမားဆုံး ချို့ယွင်းချက်က ငါ့သူငယ်ချင်းတွေကို အကာအကွယ် လွန်ကဲနေတာ ဆိုတာကိုတော့ မင်းသိမှာ သေချာပါတယ်"

ချီမင်းယောင်က အေးခဲသွားမိသည်။ သူက သူ့ရဲ့ လက်အောက်ငယ်သားနှစ်ယောက်အား တစ်ချက်ကြည့်လိုက်လေသည်။ သူ့ဘယ်ဘက်က လူက မြင်နိုင်လောက်သည်အထိ အပြစ်ရှိပုံပေါ်နေသည်။ ထိုလူရဲ့ မျက်လုံးများက အခန်းတစ်ဝိုက်ကိုသာ စူးစူးရဲရဲ လိုက်ကြည့်နေသည်လေ။ ချီမင်းယောင် ထိုလူအား နက်မှောင်သည့် အကြည့် တစ်ချက် ကြည့်လိုက်ပြီး ချင်ဖုန်းဘက် ပြန်လှည့်လိုက်၏။

"ကျွန်တော်နားလည်ပါပြီ" သူက မျက်နှာပေါ်တွင် အပြုံးကို တစ်ဖန် ဆင်မြန်းလိုက်ပြီး ပြောသည်။

"စိတ်မပူပါနဲ့, ကိစ္စရဲ့ အဆုံးသတ်က ပိုင်သခင်ငယ်လေးကို ပျော်ရွှင်စေရတာ သေချာအောင် လုပ်ပါ့မယ်"

ချင်ဖုန်းက ချီမင်းယောင်အား ပျင်းရိစွာဖြင့် လက်ယမ်းပြလိုက်သည်။ ထို့နောက် ထိုလက်က ဖန်းရီ၏ ပုခုံးပေါ် သက်ဆင်းသွား၏။ ရဲသားဖြစ်သူက လူငယ်လေးအား တစ်ချက်ကြည့်လိုက်သော်လည်း ထိုလက်ကို ဘာမှမလုပ်လိုက်ပေ။ အဲ့ဒိအစား သူ့နောက်ကျောက လက်ရဲ့ တွန်းအားဖြင့် ရိဟန်နား ပြန်ရောက်သွားသည်။

ချီမင်းယောင်က ရိဟန်အား တောင်းပန်ဟန် ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး သူ့လူနှစ်ယောက်နဲ့အတူ စားသောက်ဆိုင်ထဲ ဝင်သွားကြသည်။

ရိဟန်နဲ့ သူ့အုပ်စုကတော့ ဓာတ်လှေကားရှိရာသို့ ဦးတည်လိုက်ကြလေသည်။ ဓာတ်လှေကားအတွင်းမှာတော့ ယန်ဖေးက သူမရဲ့ ပါးကို ဖောင်းကားထားပြီး ဆူပုတ်ပုတ်ဖြင့် ထောင့်တစ်ထောင့်မှာ သွားရပ်နေ၏။

"ငါမင်းကို စကားပြောခွင့် မပေးလို့ စိတ်ဆိုးနေတာလား?" ကျောင်းစုက သူမရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး အပြုံးဖြင့်မေးသည်။

မိန်းကလေးက ထိုလူအား စူးရဲရဲ တစ်ချက် ကြည့်လိုက်ပြီး ဆက်လက်နှုတ်ဆိတ်နေသည်

"မင်းက ဖြူစင်ပြီး တရားမျှတတဲ့ မိန်းကလေးပါ" ဟု ထိုအမျိုးသားက ဆက်ပြောသည်။ 

"ဒါကောင်းပါတယ်, ဒါပေမယ့် ဒီလူမှုအသိုင်းအဝိုင်းမှာ တခြားသူတွေရဲ့နောက်ကွယ်မှာ အများကြီးလုပ်နိုင်ပေမယ့် ရှေ့မှာတော့ တည်ငြိမ်အေးချမ်းတဲ့အသွင်အပြင်ကို ထိန်းသိမ်းထားရမယ်, မင်းရဲ့ဒေါသကို ငါသိတယ်, မင်းစကားစလိုက်တာနဲ့ မင်းပြောမယ့်စကားက ဘယ်တော့မှ ကြင်နာမှာမဟုတ်ဘူး, မင်းက ပိုင်ရိဟန်ရဲ့ ဘေးမှာ ရပ်နေတာ, ဒါက သူ့အပေါ်ထားတဲ့ ယန်မိသားစုရဲ့ သဘောထားကို ပြနေတာပဲ, ကိစ္စတွေကို အဆင်မပြေအောင် လုပ်စရာ မလိုဘူးလေ, အဖြစ်အပျက်တွေကို လူတိုင်း နက်နက်နဲနဲ သိထားသ၍ အဆင်ပြေတယ်, ပြီးတော့လည်း  ဒီအဖြစ်အပျက် ဖြစ်လာအောင် ချီမင်းယောင် စီစဉ်ထားတာ ဟုတ်ပုံမရဘူး"

"ယန်မိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့ ညီမ အားလုံးနားလည်ပါတယ်" မိန်းကလေးက တီးတိုးညည်းညူသည်။

"ဒါပေမဲ့ ညီမ စိတ်ထဲမှာ ဒေါသတွေ တောက်လောင်နေသလို ခံစားနေရတုန်းပဲ, အကယ်၍ ချင်အန်းကြောင့်သာ မဟုတ်ဘူးဆိုရင် အဲ့ဒီ ဟင်းချိုအိုးက ရိဟန်ပေါ်ကို ကျသွားမှာ, အဲဒါကို သူဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး အပူလောင်သွားမလ ဘယ်သူသိမှာလဲ?"

သူမရဲ့ မျက်လုံးများက တစ်လက်လက် တောက်လာပြန်သည်။

"ဒါပေမဲ့ ချင်အန်း, ရှင်က တကယ့်ကို အရမ်းတော်တဲ့ တိုက်ခိုက်ရေးသမားပဲ, အဲ့ဒီကန်ချက်၊ အဲ့ဒီတွန်းအား, အဲ့ဒီ ဆွဲယူလိုက်တဲ့ပုံစံ– ရှင်က အရမ်းမိုက်တာပဲ! ကျွန်မတို့က အဲ့ဒါကို လှည့်ကွက်မှန်း မသိခဲ့တာတောင် ရှင်ကတော့ လုပ်နိုင်ခဲ့တယ်!"

"ငါ့မှာ ကာကွယ်ချင်တဲ့သူတစ်ယောက်ရှိတယ်" ချင်ဖုန်း က ပြန်ပြုံးပြသည်။

"ငါဘယ်လိုလုပ် မသန်မာအောင် လုပ်ထားလို့ရမှာလဲ?"

ထို့နောက်သူက ဖန်းရီအား တစ်ချက်ကြည့်ုလိုက်၏။ တစ်ဖက်လူကတော့ အဝေးကိုသာ အကြည့်လွှဲနေရင်း ထိုအကြည့်ထဲက နက်နဲလှစွာ ဝေ့ဝဲနေသည့် ခံစားချက်များကနေ ရှောင်ရှားလိုက်လေသည်၊။

ယန်ဖေးရဲ့ မျက်နှာပေါ်မှာ လျှို့ဝှက်သည့် အပြုံးတစ်ခု ဖြစ်ပေါ်သွားပြီးမှ ဒေါသက သူမကို နောက်တစ်ဖန် လွှမ်းမိုးသွားပြန်သည်။

"အဲ့ဒီ ချီမင်းယောင်က စိတ်သဘောထား ကျဉ်းမြောင်းတဲ့သူပါလို့ ပြောသားပဲ, ဘယ်သူမှ င့ါကို မယုံကြဘူး, ကြည့်ပါလား? သူက ပွက်ပွက်ဆူနေတဲ့ ဟင်းချိုအိုးကိုတောင် ရိဟန်ပေါ် လောင်းချဖို့ အမိန့်ပေးလိုက်တယ်!"

"နင်သူ့ကို မတရားစွပ်စွဲမိနေတာ ဖြစ်နိုင်တယ်" ရိဟန်ကပြောသည်။

"ငါသူ့အကြောင်း နည်းနည်းတော့သိတယ်, သူက စိတ်သဘောထား ကျဉ်းမြောင်းပေမယ့် စေ့စပ်သေချာတဲ့သူလည်းဟုတ်တယ်, တစ်ခုခု လုပ်ချင်ရင်တောင် သိသာထင်ရှားအောင် လုပ်မှာမဟုတ်ဘူး,ဒီနေ့ဖြစ်ခဲ့တာက ငါ့ကို မုန်းလွန်းလို့ ချက်ချင်းလက်ငင်း ပြဿနာရှာရလောက်တဲ့အထိ အရေးကြီးတဲ့ အရာလည်း မဟုတ်ဘူး"

"ဘာပြောတယ်? ဒါဆို သူ့အောက်ငယ်သားတွေက ပျင်းလို့လုပ်လိုက်တာလား?" သူမက ပြန်ပက်သည်။

"အဲ့ဒီလူက ass-kisser ဖြစ်နိုင်တယ်" ဖန်းရီက မှတ်ချက်ဝင်ပေးသည်။

(T/N - ass-kisser -> မျက်နှာသာရဖို့ နှိမ့်နှိမ့်ချချ နေတတ်တဲ့သူမျိုး)

"ကံမကောင်းတာက သူနမ်းတာ တစ်ခြားနေရာ ဖြစ်နေတာပဲ, ဒါတောင် မှန်းဆချက်က အတော်လေး ရှည်နေသေးတယ်, ရိဟန်ပြောခဲ့သလိုပဲ ဒီနေ့ ဖြစ်ပျက်ခဲ့တာက ကြီးကြီးမားမား ကိစ္စ မဟုတ်ဘူး, အကယ်၍ ချီမင်းယောင်သာ ဒီလိုအသေးအဖွဲလောက်နဲ့ ဒေါသထွက်တတ်တဲ့ သူမျိုးဆိုရင် ဟိုးတုန်းကတည်းက အဲ့ဒီဒေါသနဲ့ပဲ သေသွားတာကြာနေလောက်ပြီ, ရိဟန်နဲ့ ချီမင်ေးယာင်ကြားမှာ တစ်ခြားအရာတစ်ခုခု ရှိနေတာ မဟုတ်ဘူးဆိုရင်ပေါ့, အဲ့ဒါကြောင့်လည်း 'သခင်အားရ ကျွန်ပါးဝ' ပုံစံမျိုးနဲ့ 'ရိဟန်ကို သင်ခန်းစာပေး'ဖို့ အဲ့ဒီလူတွေ တွေးလိုက်တာဖြစ်လိမ့်မယ်"

"ဖန်းလေး, မင်းမှန်တယ်, အတော်လေးကို " ချင်ဖုန်းက ခပ်သောသောလေး ရယ်မောလိုက်သည်။

"အဲ့ဒီလူက ယုတ်မာတဲ့သူမျိုးဆိုပေမယ့် ချီမင်းယောင်က မင်းထင်တာထက်တောင် ပိုပြီး စိတ်ထားသေးသိမ်တယ်, စဉ်းစားကြည့်လေ, အဲ့ဒီလူမျိုးတွေက သူတို့သခင်ရဲ့ အတွေးတွေကို တိုင်းတာတဲ့နေရာမှာ အတော်ဆုံးပဲ, အကယ်၍ ချီမင်းယောင်သာ ဒီလောက်ထိ စိတ်သဘောထား မကျဉ်းမြောင်းဘူးဆိုရင် သူ့လက်အောက်ငယ်သားတွေကဘယ်လိုများ ဒီလိုလုပ်လာမှာလဲ? ချီမင်းယောင်တစ်ယောက် ဒီနေ့ထိ ရှင်သန်နေတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က သူ့ရဲ့ လူမှုအဆင့်အတန်းကြောင့်ပဲ"

"အာဃာတ အများစုကို နေရာတင်ပဲ ဖြေရှင်းနိုင်ပြီး သူ့ဒေါသတွေကို မျိုသိပ်ထားတယ်ဆိုတာရှားတယ်, ဒါပေမဲ့ ဒီနေ့ရဲ့ မတော်တဆမှုကတော့ သူ့အမိန့်ကြောင့် ဖြစ်လာတာ မဟုတ်ဘူး, သေချာပေါက်ပဲလေ ရိဟန်ပြောသလိုပဲ သူက ဘယ်တော့မှ ဒီလောက်သိသာအောင် လုပ်မှာမဟုတ်ဘူး, ရိဟန်က ပိုင်အုပ်စုထဲမှာ အင်အားဆုပ်ကိုင်ထားခြင်း မရှိပေမယ့်လည်း ချီမင်းယောင်နဲ့ တူညီတဲ့ လူမှုအဆင့်အတန်းကို ဆုပ်ကိုင်ထားနိုင်တယ်"

"ပိုင်နဲ့ မုမိသားစုက သူ့ကို ချစ်ခင်မြတ်နိုးကြရုံတင်မကပဲ ချန်မိသားစုရဲ့ အမွေဆက်ခံသူကလည်း Miss ပိုင်ကို ဘယ်လောက်တောင် ရူးရူးမူးမူး ချစ်နေလဲ လူတိုင်းသိနေကြတာ, ပြီးတော့ Miss ပိုင်က သူမရဲ့ အငယ်ဆုံးမောင်လေးကို အချစ်ဆုံးဆိုတာ လူတိုင်းသိကြတယ်, ထပ်ပေါင်းပြောရင် ရိဟန်က ယန်မိသားစုနဲ့လည်း အတော်လေး ရင်းနှီးလာတာလေ, လူကြီးမင်းယန်က သူ့ကိုသဘောကျတယ်ဆိုတာ လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်တာပဲ, ချီမင်းယောင်က ဘယ်လောက်ပဲ စိတ်ထားသေးသိမ်ပါစေ ဒီလို အသေးစား ကိစ္စလေးနဲ့တော့ ရိဟန်ကို တစ်ခုခု လုပ်မှာမဟုတ်ဘူး, ရိဟန်က သူဒေါသထွက်လို့ မရတဲ့ လူအနည်းစုထဲက တစ်ယောက်ပဲ"

"ဒါဆို ငါတို့နောက်ကွယ်မှာပဲ လက်ငင်းလှည့်ကွက်တွေ ကစားမှာလား?"

ဖန်းရီက ကမန်းကတန်း မေးလိုက်သည်။ 

"ဘုရားရေ,ဒီလောက်ထိ စိတ်ထားသေးသိမ်တဲ့သူမျိုးနဲ့ တွေ့ဖူးတာ ပထမဆုံးပဲ, စိတ်ရောဂါ တစ်ခုခု ဖြစ်နေတာများလား?

"စိတ်မပူပါနဲ့" ချင်ဖုန်းက ပြန်ဖြေပေးရင်း ထိုလူ့မေးရိုးကို လက်ဖြင့်ပုတ်ရင်း ပြန်ပြောသည်။

"သူလုပ်လို့ မရပါဘူး, ရိဟန်ရဲ့ တန်ဖိုးက သူ့ကိုဘေးကင်းအောင် ထိန်းထားနိုင်လောက်တယ်, အဲ့ဒီလူက အငြှိုးကြီးပေမယ့်လည်း ဉာဏ်ကောင်းတယ်လေ, အရာရာတိုင်းမှာ အချိန်တွေ နေရာတွေ ရှိတယ်ဆိုတာ သူသိပြီးသား, သူအဲ့ဒီလောက်ထိ မတုံးလောက်ဘူးလို့ ငါယုံတယ်"

ရိဟန်က သဘောတူဟန် ခေါင်းညိတ်သည်။ ထို့နောက်သူက ချင်ဖုန်း၏ မျက်လုံးထဲသို့ နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်၏။ ထိုမျက်လုံးများထဲတွင် ချင်ဖုန်း၏ ပါးစပ်အား မဲ့ပြုံးသေးသေးလေး ဖြစ်ပေါ်စေနိုင်သည့် သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသည်လေ။ မျက်လုံးများအား ကျဉ်းမြောင်းထားရင်းဖြင့်ပင် ထိုလူမိုက်ကြီးက ဖန်းရီရဲ့ ပုခုံးပေါ်သို့  လက်တင်ထားရင်းဖြင့် ဓာတ်လှေကားထဲက လျှောက်ထွက်လိုက်လေသည်။

ထိုအချိန်တွင် သူတို့အဖွဲ့ ထွက်လာခဲ့သည့် စားသောက်ဆိုင်၏ သီးသန့်ခန်းထဲတွင် အသက်ရှူကြပ်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ရှိနေသည်။

"ကျောက်ဟောင်"

တုန်ယင်နေသော ချီမင်းယောင်သည် သူ့လက်အောက်ငယ်သားကို ဒေါသအပြည့်ဖြင့်ကြည့်နေသည်။

"မင်းက ငါ့အတွက် ပြဿနာရှာပေးတဲ့နေရာမှာ တကယ်တော်တာပဲ, မလုပ်ခင်မှာ ဘာလို့မင်းနေရာကို မစဉ်းစားရတာလဲ? ပိုင်မိသားစုရဲ့ တတိယသားက မင်းလှည့်ကွက် သုံးလို့ရတဲ့ သူမျိုးများ ထင်နေလား? သူ့ကို ဒုက္ခပေးချင်တယ် ဆိုရင်တောင် တိုက်ရိုက်လုပ်လို့ မရဘူးကွ! မင်းက ငါ့လူ, မင်းလုပ်သမျှက ငါ့ရည်ရွယ်ချက်နဲ့ ဆက်စပ်နေတယ်, ဒီနေ့မင်းက ပိုင်သခင်ငယ်လေးကို ဟင်းရည်ပူတွေ လောင်းချဖို့ လုပ်ခဲ့တယ်, လူတိုင်းက ငါမင်းကို လုပ်ဖို့ အမိန့်ပေးလိုက်တယ်ပဲ ထင်ကြမှာ!"

"သူက ဆရာ့ဆီက tea set ကို လုယူသွားတဲ့အတွက် ဆရာ လက်ဆောင် ထပ်ရှာရပြီး ဆရာ့ အချိန်ကုန်ဆုံးသွားရတာကြောင့် ဒီလူက သူ့ကို သင်ခန်းစာ နည်းနည်းလောက် ပေးဖို့ စဉ်းစားလိုက်တာပါ" ကျောက်ဟောင်က ခပ်တိုးတိုးပြောသည်။

"ကျွန်တော်-ကျွန်တော်-ကျွန်တော်အဲ့ဒါထက်ပိုပြီး မတွေးလိုက်မိဘူး"

"အကယ်၍ လုပ်ချင်ရင်တောင် ဉာဏ်ကိုသုံးပြီး သေချာလုပ်လေ!" ချီမင်းယောင်က အော်ဟစ်သည်။

"မင်းက ငါနဲ့ချိတ်ဆက်တေယ်ဆိုတာ ဘယ်သူမှ မသိစေနဲ့ပေါ့! ဒါပေမဲ့မင်းက မိုက်မဲလွန်းလို့ လက်ဆုပ်လက်ကိုင်တောင် ဖမ်းမိသွားသေးတယ်,  မင်းဒီထက်ပိုပြီး တုံးအနိုင်ဦးမှာလား?"

"Mr ချီ" တစ်ဖက်လူက တီးတိုးရေရွတ်ပြန်သည်။

"ကျွန်တော် အရမ်းကို ဂရုစိုက်ထားတာပါ, ဘယ်သူမှ သိမှာမဟုတ်ဘူးလို့ပဲ တွေးလိုက်တာ, အဲ့ဒီချင်ဆိုတဲ့လူက မျက်စိအရမ်းစူးရှမယ်လို့ မထင်လိုက်မိဘူး"

ချီမင်းယောင်က သူ့နှဖူးအား လက်ဖဝါးဖြင့် ထောက်ထားလိုက်ပြီး သက်ပြင်းချသည်။

"မင်းက ချင်ဖုန်းကို အရူးလုပ်ရလောက်အောင်ထိ လုံလောက်အောင် ကျွမ်းကျင်နေပြီလို့ ထင်နေတာလား? အဲ့ဒီလူက Hidden Dragon ရဲ့ ခေါင်းဆောင်ကွ! လက်တစ်ဖက်တည်းနဲ့တင် မင်းကို ထပ်တလဲလဲ အနိုင်ယူနိုင်တယ်, သူ့နှာခေါင်းအောက်မှာမှာ ဒီလိုလုပ်ရပ်မျိုး လုပ်မိတယ်ဆိုတော့ မင်းလည်း တော်တော့ကို ကံမကောင်းတာပဲ, ငါ့မျက်စိရှေ့မှာတင် မင်းကို ဒုက္ခိတ ဖြစ်အောင် မလုပ်လိုက်တာ အတော်လေးကို ရက်ရောပေးထားတာပဲ!"

"Hidden Dragon ရဲ့ခေါင်းဆောင်က သူ့လူတွေနဲ့ ရှိနေသင့်တာ မဟုတ်ဘူးလား?" ကျောက်ဟောင်က ထိတ်လန့်တကြား အသက်ပြင်းပြင်း ရှုမိသွားသည်။

"ဘာလို့သူက ပိုင်သခင်ငယ်လေးဘေးမှာ ရှိနေရတာလဲ?"

"ငါလည်းမသိဘူးလေ" ချီမင်းယောင်က ဒေါသတကြီး ပြန်ပြောသည်။

"Hidden Dragon က မိသားစုကြီးငါးခုကိုဘယ်တော့မှ ဝင်မနှောက်ယှက်ဘူး, ရန်သူလည်း မဟုတ် မိတ်ဆွေလည်းမဖွဲ့, ဘာလို့သူက ရုတ်တရက်ကြီး ပိုင်ရိဟန်နဲ့ အရမ်းရင်းနှီးခင်မင်နေရတာလဲ? ခွဲခြားထားမှုကို ကျော်ဖြတ်ချင်နေတာလား?"

ကျောက်ဟောင်ရဲ့ဘေးမှာ ရပ်နေသည့် လီကွမ်းက ဝင်ပြောသည်။

"ချင်ဖုန်းပြောတော့ သူကဒီအတိုင်း သူငယ်ချင်း ဖွဲ့ထားတာဆို?"

"မင်းရဲ့ စဉ်းစားပုံစဉ်းစားနည်းက ရိုးရှင်းလွန်းတယ်"

ကျောက်ဟောင်က ပြန်ဖြေသည်။

"ဒီအသိုင်းအဝိုင်းထဲက လူတွေရဲ့ လှုပ်ရှားမှုတိုင်းက သူ့နောက်ကွယ်မှာ ပိုလေးနက်တဲ့ အဓိပ္ပါယ်ရှိတယ်။ သူသာ သူငယ်ချင်းလိုချင်တယ်ဆိုရင် ဒီမြို့မှာ လူတွေအများကြီးရှိတယ်။ ဘာလို့ မိသားစုကြီးငါးစုထဲက တစ်ယောက်ယောက်မှ ဖြစ်ရမှာလဲ? ဘာလို့များ ပိုင်မိသားစုထဲက အဓိက လူမှဖြစ်ရမှာလဲ? သူက ပိုင်မိသားစုနဲ့ မိတ်ဖွဲ့ချင်တာ ရှင်းပါတယ်"

"မင်းဉာဏ်ကောင်းတယ်" ချီမင်းယောင်က ကျောက်ဟောင်ကို ပြောသည်။

"အရမ်းကို ဉာဏ်ကောင်းလွန်းလို့ ငါ့ကိုပါ ရေအောက်ဆွဲချပစ်လိုက်တာပဲ, ဒီနေ့ဖြစ်တဲ့ မတော်တဆက ငါနဲ့မဆိုင်ပါဘူးလို့ တစ်ကမ္ဘာလုံးသိအောင် ကြေညာနေရင်တောင် ငါ့ကိုဘယ်သူက ယုံမှာလဲ? ပိုင်ရိဟန်ရဲ့ ရှုပ်ထွေးလွန်းတဲ့ လူမှုကွန်ရက်ကို မင်းမသိတာလည်း မဟုတ်ဘူး, ဘယ်လိုလုပ် ဒီလောက် သိသာအောင် လုပ်လိုက်ရတာလဲ? မင်းက သူ့ကိုထိခိုက်အောင် လုပ်တာ မဟုတ်ဘူး ငါ့ကို ထိအောင် လုပ်ပစ်လိုက်တာ! အခုတော့ အရှုပ်အထွေးထဲမှာ ချင်ဖုန်းပါ ဝင်သွားပြီ, အဲဒီလူက အဆိုးဆုံးပဲ, သူ့ကိုသိတဲ့သူတိုင်းက သူဘယ်လောက်ရက်စက်တယ်ဆိုတာ သိတယ်, အဲ့ဒီလူက သူ့အဖေကိုတောင် လည်ပင်းညှစ်သတ်ခဲ့တဲ့လူကွ!"

ကျောင်ဟောင်နဲ့ လီကွမ်းတို့က စကားမပြောရဲကြတော့ပေ။ သူတို့က နေရာမှာသာ နှုတ်ဆိတ်ပြီး ရပ်နေကြသည်။

ချီမင်းယောင်သည် စောစောက ချင်ဖုန်း ပြောခဲ့သမျှကို ဖြည်းညှင်းစွာ ပြန်စဉ်းစားမိသည်။

"ဒါပေမယ့်" သူက တွေးတွေးဆဆ ပြောလာသည်။

"သူပြောပုံအရဆိုရင် သူက ပိုင်မိသားစုနဲ့ ဆက်နွယ်ဖို့ မလုပ်ဘူး, သူက ပိုင်ရိဟန်ကိုပဲ အကာအကွယ်ပေးတာ, ငါတို့သာ ပိုင်ရိဟန်ကို မထိခိုက်သ၍ သူလှုပ်ရှားလာမှာ မဟုတ်ဘူး, တစ်နေကုန် သူဘာမှ မလှုပ်ရှားဘူးလေ, ပိုင်ရိဟန် အန္တာရယ် ရှိနေတဲ့ အချိန်မှသာ လှုပ်ရှားလာတာ, မင်းရဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့်သာ မဟုတ်ဘူးဆိုရင် သူရှိနေတာကိုတောင် မကြေညာချင်သလိုပဲ, ဆိုလိုတာက သူတကယ်ပဲ သူငယ်ချင်းဖွဲဖို့ ဆန္ဒတစ်ခုပဲ ရှိတယ်ဆိုတဲ့သဘောပဲ, အမှန်ပဲ, အဲ့ဒီလူက ရက်စက်တယ်, ဒါပေမဲ့ သူက အကာအကွယ် လွန်ကဲတဲ့ သူမျိုးဆိုတာလည်း အမှန်ပဲ"

"ကျွန်တော်တို့ ပိုင်ရိဟန်ကို ဘာမှ မလုပ်နိုင်ရင် ဒီနေ့ ဆရာခံစားရတဲ့ ဒေါသတွေက ရင်ထဲမှာ ထာဝရ သိမ်းထားဖို့ လိုမယ် မဟုတ်ဘူးလား။" ကျောက်ဟောင် တိုးတိုးလေးမေးလိုက်သည်။

"မင်းဦးနှောက် တစ်ခုခု မှားနေတာများလား?" ချီမင်းယောင်က အေးစက်စက် နှာမှုတ်သည်။

"ဒီမြို့က မိသားစုကြီး ငါးစုထဲမှာ လေးခုက သူ့ကို ကာကွယ်ပေးနေတယ်, အခုဆို မြေအောက်ကမ္ဘာရဲ့ Hidden Dragon ကတောင် သူ့ဘေးမှာ ရပ်တည်နေပြီ, ဘယ်သူက သူ့ကို ထိရဲမှာလဲ? ဘယ်လိုပဲဖြစ်ဖြစ် ဘာမှာလည်း ကြီးကြီးမားမား မဖြစ်တဲ့ဟာကို tea set လေးတစ်ခုအတွက်နဲ့ ငါတို့အသက်ကို စွန့်စရာ လိုလို့လား?"

"လေး?" ကျောက်ဟောင်က မေးလာသည်။

"ငါမင်းကို ငတုံးလို့ပြောတယ်" ချီမင်းယောင်က ပြောသည်။

"ဒါပေမဲ့ မင်းက ဦးနှောက်ပါ သေနေမယ်လို့ မထင်မိဘူး, သေချာပေါက် မုရယ် ပိုင်မိသားစုရယ်ရှိတယ်, ချန်မိသားစုက ချန်ထျန်းယောင်ရဲ့ ရပ်တည်မှုကလည်း မေးခွန်းထုတ်စရာမရှိဘူး, သူအသက်ရှင်နေသ၍ အနှေးနဲ့အမြန် ဇာတ်ကြိုးကို ကိုင်မှာပဲ, အဲ့ဒီလူရဲ့ နှလုံးသားတစ်ခုလုံးက ပိုင်ရွှယ်ချင်းနဲ့ သက်ဆိုင်နေတာ, နှစ်ယောက်က ချိန်းတွေ့နေပြီ ဆိုတာကိုလည်း အတည်ပြုထားပြီး ပိုင်ရွှယ်ချင်းက ဘယ်သူ့ကိုအချစ်ဆုံးလဲ ဆိုတာလည်း လူတိုင်းသိကြတယ်! ယန်လူကြီးမင်းကလည်း ဒီကောင်လေးကို သဘောကျကြောင်း ကြေညာထားပြန်တယ်, ယန်ချုံးက ကျေးဇူးသိတတ်တဲ့ သားတစ်ယောက်, လူကြီးမင်းယန်က ဘာပဲပြောပါစေ သူလုပ်တယ်, ပြီးတော့ ပိုင်ရိဟန်ဘေးမှာ ရပ်နေတဲ့ယန်ဖေးကိုရော မမြင်ဘူးလား? ပြီးတော့ ကောင်လေးကို ထိန်းပေးလိုက်တဲ့သူ, အဲ့ဒီလူက ယန်ဟွေရဲ့ တရားဝင်လက်ထပ်ထားတဲ့ ခင်ပွန်းကွ!"

ကျောင်ဟောင်ရဲ့ မျက်နှာက ဖြူစုတ်သွားလေသည်။ သူ့အသံကလည်း တုန်ယင်လာသည်။

"Mr ချီ, ဒါဆို ကျွန်တော်....."

"မင်းကိုယ်မင်း ဘယ်လိုအခြေအနေဆိုးထဲ သွင်းလိုက်လဲဆိုတာကို အခုမှ နားလည်တာလား? ငါအကုန်လုံး ပြောပြီးမှလေ?" ချီမင်းယောင်က မေးလိုက်သည်။

"ကျောက်ဟောင်, ဒီတစ်ခေါက်တော့ ငါမင်းကို မကာကွယ်ပေးနိုင်တော့ဘူး.."

6.4.2022

================
Zawgyi

အခန္း(၁၂၈) - သက္ဝင္လွုပ္ရွားတဲ့ ေန႔ရက္ေလး

ခ်င္ဖုန္းသည္  အလြန္လ်င္ျမန္ၿပီး သြက္လက္စြာ ျပဳမူတာေၾကာင့္ ၾကည့္လုိက္ရင္ေတာ့ လြယ္ကူလြန္းေနသလိုပင္။ ထို႔ေနာက္သူက ဝန္ထမ္းျဖစ္သူ၏ အက်ီၤအား ဆုပ္ကိုင္ထားသည့္ သူ႔လက္ကိုလႊတ္လုိက္ျပီး လက္ကိုဖုန္ခါလုိက္ေသးသည္။ ထာဝစဥ္ အိပ္ငိုက္ေနတတ္သည့္ မ်က္လံုးမ်ားကေတာ့ ျပံဳးက်ယ္ေနေလျပီ။

"Mr ခ်ီအေနနဲ႔ ကိုယ့္လက္ေအာက္ငယ္သားေတြကို လမ္းေလ်ွာက္တ့ဲအခ်ိန္ သူတို႔လက္ေတြ လုပ္ေနမိတဲ့အရာအေပၚ ပိုျပီးအာရံုစိုက္မိေအာင္ သင္ေပးထားသင့္တယ္, က်ြန္ေတာ္တို႔ေတြ ဒီလို ေဘးဥပါဒ္မ်ိဳး ထပ္မျဖစ္ေစခ်င္ဘူး, အကယ္၍ ပိုင္သခင္ငယ္ေလးသာ ထိသြားခဲ့ရင္ က်ြန္ေတာ္တို႔အားလံုးအတြက္ ဆိုးဝါးတဲ့ ေန႔ျဖစ္လာမွာပဲ"

ခ်င္ဖုန္းသည္ သူတို႔နွစ္ေယာက္ ေတြ႔ကတည္းက ရိဟန္နားမွာ တိတ္တဆိတ္ ေလ်ွာက္ေနတာေၾကာင့္ ခ်ီမင္းေယာင္က ထိုလူရွိေနသည္ကို သတိမထားလုိက္္မိေပ။ ထိုစကားၾကားေတာ့ ခ်ီမင္းေယာင္က အ့ံအားသင့္သြားမိသည္။ သူက ထိုလူကို အနီးကပ္ ၾကည့္လုိက္ျပီးေနာက္မွာေတာ့ အူတိုင္ထဲကအထိ တုန္လွုပ္သြားရ၏။ သူက ခံစားခ်က္ေတြ ျမင္သာသြားမယ့္အေရးအား ဖိနွိပ္လိုက္ရျပီး ဒီလူက သူထင္ထားတဲ့သူ ဟုတ္မဟုတ္ အတည္ျပဳရန္ ေနာက္တစ္ဖန္ ျပန္ၾကည့္မိသည္။

ခ်ီမင္းေယာင္က အျပံဳးတစ္ခုကို ျဖစ္ညွစ္ထုတ္၍ ေရရြတ္လာသည္။

"ခ်င္...."

"ခ်င္အန္း" ရိဟန္က ၾကားျဖတ္ေျပာလုိက္သည္။

"ခင္ဗ်ားထိသြားေသးလား?"

ခ်င္ဖုန္းက ရိဟန္အား တစ္ခ်က္ၾကည့္လုိက္ျပီး သူ႔အျပံဳးက ႏူးညံ့သြားေလသည္။

"ငါ့ကိုဘယ္သူထင္လို႔လဲ?" သူက ျပန္ေျဖ၏။

"ဒါက ဟင္းခ်ိဳအိုးေလးပါပဲ, ငါ့ကို ဘယ္လိုမ်ား နာက်င္ေအာင္ လုပ္နုိင္ပါ့မလဲ?"

ခ်င္ဖုန္း ေျပာလုိက္တဲ့ စကားမ်ားအရဆိုရင္ ဝန္ထမ္းျဖစ္သူရဲ႔ ေျခေခ်ာသြားမွုက မေတာ္တဆ မဟုတ္ဘူးဆုိတာကို ယန္ေဖးသိလိုက္သည္။ သူမက စကားေျပာဖို႔ ျပင္လိုက္တဲ့ အခ်ိန္မွာပဲ ေက်ာင္းစုက သူ႔လက္အား သူမပုခံုးေပၚ ခပ္တင္းတင္းေလး တင္လုိက္၏။ နွဳတ္ခမ္းဆူရင္းျဖင့္သာ ယန္ေဖးမွာ ပါးစပ္ပိတ္ထားလုိက္ရေတာ့သည္။

ထိုၾကားျဖတ္ေျပာမွုေၾကာင့္ ခ်ီမင္းေယာင္က အ့ံအားသင့္သြားမိသည္။ သူက အေတြးမ်ား စုစည္းရန္ ခဏတာ ရပ္တန္႔လိုက္ျပီးေနာက္မွာ ေျပာလုိက္သည္။

"Mr ခ်င္, ခင္ဗ်ားက ၾကည့္ရတာ ပိုင္သခင္ငယ္ေလးနဲ႔ ရင္းနွီးပံုပဲေနာ္? ဘယ္ေလာက္ေတာင္ ထူးျခားလုိက္လဲ"

"ငါတို႔က သူငယ္ခ်င္းေတြ" ခ်င္ဖုန္းက ျပန္ေျပာသည္။ သူ႔အျပံဳးက မ်က္လံုးထဲထိ မေရာက္ေပ။

"ဘယ္သူမဆို သူငယ္ခ်င္း ရွိနုိင္တာပဲ, ငါက ျခြင္းခ်က္မွ မဟုတ္တာ, ဒါေပမယ့္ ငါ့ရဲ႕ အႀကီးမားဆုံး ခ်ိဳ႕ယြင္းခ်က္က ငါ့သူငယ္ခ်င္းေတြကို အကာအကြယ္ လြန္ကဲေနတာ ဆိုတာကိုေတာ့ မင္းသိမွာ ေသခ်ာပါတယ္"

ခ်ီမင္းေယာင္က ေအးခဲသြားမိသည္။ သူက သူ႔ရဲ႔ လက္ေအာက္ငယ္သားနွစ္ေယာက္အား တစ္ခ်က္ၾကည့္လုိက္ေလသည္။ သူ႔ဘယ္ဘက္က လူက ျမင္နုိင္ေလာက္သည္အထိ အျပစ္ရွိပံုေပၚေနသည္။ ထိုလူရဲ႔ မ်က္လံုးမ်ားက အခန္းတစ္ဝိုက္ကိုသာ စူးစူးရဲရဲ လုိက္ၾကည့္ေနသည္ေလ။ ခ်ီမင္းေယာင္ ထိုလူအား နက္ေမွာင္သည့္ အၾကည့္ တစ္ခ်က္ ၾကည့္လုိက္ျပီး ခ်င္ဖုန္းဘက္ ျပန္လွည့္လုိက္၏။

"က်ြန္ေတာ္နားလည္ပါျပီ" သူက မ်က္နွာေပၚတြင္ အျပံဳးကို တစ္ဖန္ ဆင္ျမန္းလိုက္ျပီး ေျပာသည္။

"စိတ္မပူပါနဲ႔, ကိစၥရဲ႔ အဆံုးသတ္က ပိုင္သခင္ငယ္ေလးကို ေပ်ာ္ရႊင္ေစရတာ ေသခ်ာေအာင္ လုပ္ပါ့မယ္"

ခ်င္ဖုန္းက ခ်ီမင္းေယာင္အား ပ်င္းရိစြာျဖင့္ လက္ယမ္းျပလိုက္သည္။ ထို႔ေနာက္ ထိုလက္က ဖန္းရီ၏ ပုခံုးေပၚ သက္ဆင္းသြား၏။ ရဲသားျဖစ္သူက လူငယ္ေလးအား တစ္ခ်က္ၾကည့္လုိက္ေသာ္လည္း ထိုလက္ကို ဘာမွမလုပ္လုိက္ေပ။ အဲ့ဒိအစား သူ႔ေနာက္ေက်ာက လက္ရဲ႔ တြန္းအားျဖင့္ ၇ိဟန္နား ျပန္ေရာက္သြားသည္။

ခ်ီမင္းေယာင္က ရိဟန္အား ေတာင္းပန္ဟန္ ေခါင္းတစ္ခ်က္ ညိတ္ျပလိုက္ျပီး သူ႔လူနွစ္ေယာက္နဲ႔အတူ စားေသာက္ဆုိင္ထဲ ဝင္သြားၾကသည္။

ရိဟန္နဲ႔ သူ႔အုပ္စုကေတာ့ ဓာတ္ေလွကားရွိရာသို႔ ဦးတည္လုိက္ၾကေလသည္။ ဓာတ္ေလွကားအတြင္းမွာေတာ့ ယန္ေဖးက သူမရဲ႔ ပါးကို ေဖာင္းကားထားျပီး ဆူပုတ္ပုတ္ျဖင့္ ေထာင့္တစ္ေထာင့္မွာ သြားရပ္ေန၏။

"ငါမင္းကို စကားေျပာခြင့္ မေပးလုိ႔ စိတ္ဆိုးေနတာလား?" ေက်ာင္းစုက သူမရဲ႔ ေခါင္းေလးကို ပုတ္ေပးလုိက္ျပီး အျပံဳးျဖင့္ေမးသည္။

မိန္းကေလးက ထိုလူအား စူးရဲရဲ တစ္ခ်က္ ၾကည့္လုိက္ျပီး ဆက္လက္နွဳတ္ဆိတ္ေနသည္

"မင္းက ျဖဴစင္ၿပီး တရားမွ်တတဲ့ မိန္းကေလးပါ" ဟု ထိုအမ်ိဳးသားက ဆက္ေျပာသည္။ 

"ဒါေကာင္းပါတယ္, ဒါေပမယ့္ ဒီလူမႈအသိုင္းအဝိုင္းမွာ တျခားသူေတြရဲ႕ေနာက္ကြယ္မွာ အမ်ားႀကီးလုပ္ႏိုင္ေပမယ့္ ေရွ႔မွာေတာ့ တည္ၿငိမ္ေအးခ်မ္းတဲ့အသြင္အျပင္ကို ထိန္းသိမ္းထားရမယ္, မင္းရဲ႕ေဒါသကို ငါသိတယ္, မင္းစကားစလိုက္တာနဲ႔ မင္းေျပာမယ့္စကားက ဘယ္ေတာ့မွ ၾကင္နာမွာမဟုတ္ဘူး, မင္းက ပိုင္ရိဟန္ရဲ႕ ေဘးမွာ ရပ္ေနတာ, ဒါက သူ႔အေပၚထားတဲ့ ယန္မိသားစုရဲ႕ သေဘာထားကို ျပေနတာပဲ, ကိစၥေတြကို အဆင္မေျပေအာင္ လုပ္စရာ မလိုဘူးေလ, အျဖစ္အပ်က္ေတြကို လူတိုင္း နက္နက္နဲနဲ သိထားသ၍ အဆင္ေျပတယ္, ျပီးေတာ့လည္း  ဒီအျဖစ္အပ်က္ ျဖစ္လာေအာင္ ခ်ီမင္းေယာင္ စီစဥ္ထားတာ ဟုတ္ပံုမရဘူး"

"ယန္မိသားစုရဲ႔ သမီးတစ္ေယာက္အေနနဲ႔ ညီမ အားလံုးနားလည္ပါတယ္" မိန္းကေလးက တီးတိုးညည္းညဴသည္။

"ဒါေပမဲ့ ညီမ စိတ္ထဲမွာ ေဒါသေတြ ေတာက္ေလာင္ေနသလုိ ခံစားေနရတုန္းပဲ, အကယ္၍ ခ်င္အန္းေၾကာင့္သာ မဟုတ္ဘူးဆိုရင္ အဲ့ဒီ ဟင္းခ်ိဳအိုးက ရိဟန္ေပၚကို က်သြားမွာ, အဲဒါကို သူဘယ္ေလာက္ေတာင္ ဆိုးဆိုးဝါးဝါး အပူေလာင္သြားမလ ဘယ္သူသိမွာလဲ?"

သူမရဲ႔ မ်က္လံုးမ်ားက တစ္လက္လက္ ေတာက္လာျပန္သည္။

"ဒါေပမဲ့ ခ်င္အန္း, ရွင္က တကယ့္ကို အရမ္းေတာ္တဲ့ တိုက္ခိုက္ေရးသမားပဲ, အဲ့ဒီကန္ခ်က္၊ အဲ့ဒီတြန္းအား, အဲ့ဒီ ဆြဲယူလုိက္တဲ့ပံုစံ– ရွင္က အရမ္းမိုက္တာပဲ! က်ြန္မတို႔က အဲ့ဒါကို လွည့္ကြက္မွန္း မသိခဲ့တာေတာင္ ရွင္ကေတာ့ လုပ္နုိင္ခဲ့တယ္!"

"ငါ့မွာ ကာကြယ္ခ်င္တဲ့သူတစ္ေယာက္ရွိတယ္" ခ်င္ဖုန္း က ျပန္ၿပဳံးျပသည္။

"ငါဘယ္လိုလုပ္ မသန္မာေအာင္ လုပ္ထားလို႔ရမွာလဲ?"

ထို႔ေနာက္သူက ဖန္းရီအား တစ္ခ်က္ၾကည့္ုလိုက္၏။ တစ္ဖက္လူကေတာ့ အေဝးကိုသာ အၾကည့္လႊဲေနရင္း ထိုအၾကည့္ထဲက နက္နဲလွစြာ ေဝ့ဝဲေနသည့္ ခံစားခ်က္မ်ားကေန ေရွာင္ရွားလိုက္ေလသည္၊။

ယန္ေဖးရဲ႔ မ်က္နွာေပၚမွာ လွ်ိဳ႔ဝွက္သည့္ အျပံဳးတစ္ခု ျဖစ္ေပၚသြားျပီးမွ ေဒါသက သူမကို ေနာက္တစ္ဖန္ လႊမ္းမိုးသြားျပန္သည္။

"အဲ့ဒီ ခ်ီမင္းေယာင္က စိတ္သေဘာထား က်ဥ္းေျမာင္းတဲ့သူပါလုိ႔ ေျပာသားပဲ, ဘယ္သူမွ င့ါကို မယံုၾကဘူး, ၾကည့္ပါလား? သူက ပြက္ပြက္ဆူေနတဲ့ ဟင္းခ်ိဳအိုးကိုေတာင္ ရိဟန္ေပၚ ေလာင္းခ်ဖို႔ အမိန္႔ေပးလုိက္တယ္!"

"နင္သူ႔ကို မတရားစြပ္စြဲမိေနတာ ျဖစ္နုိင္တယ္" ရိဟန္ကေျပာသည္။

"ငါသူ႔အေၾကာင္း နည္းနည္းေတာ့သိတယ္, သူက စိတ္သေဘာထား က်ဥ္းေျမာင္းေပမယ့္ ေစ့စပ္ေသခ်ာတဲ့သူလည္းဟုတ္တယ္, တစ္ခုခု လုပ္ခ်င္ရင္ေတာင္ သိသာထင္ရွားေအာင္ လုပ္မွာမဟုတ္ဘူး,ဒီေန႔ျဖစ္ခဲ့တာက ငါ့ကို မုန္းလြန္းလို႔ ခ်က္ခ်င္းလက္ငင္း ျပႆနာရွာရေလာက္တဲ့အထိ အေရးၾကီးတဲ့ အရာလည္း မဟုတ္ဘူး"

"ဘာေျပာတယ္? ဒါဆို သူ႔ေအာက္ငယ္သားေတြက ပ်င္းလုိ႔လုပ္လုိက္တာလား?" သူမက ျပန္ပက္သည္။

"အဲ့ဒီလူက ass-kisser ျဖစ္နုိင္တယ္" ဖန္းရီက မွတ္ခ်က္ဝင္ေပးသည္။

(T/N - ass-kisser -> မ်က္နွာသာရဖို႔ နွိမ့္နွိမ့္ခ်ခ် ေနတတ္တဲ့သူမ်ိဳး)

"ကံမေကာင္းတာက သူနမ္းတာ တစ္ျခားေနရာ ျဖစ္ေနတာပဲ, ဒါေတာင္ မွန္းဆခ်က္က အေတာ္ေလး ရွည္ေနေသးတယ္, ရိဟန္ေျပာခဲ့သလိုပဲ ဒီေန႔ ျဖစ္ပ်က္ခဲ့တာက ၾကီးၾကီးမားမား ကိစၥ မဟုတ္ဘူး, အကယ္၍ ခ်ီမင္းေယာင္သာ ဒီလိုအေသးအဖြဲေလာက္နဲ႔ ေဒါသထြက္တတ္တဲ့ သူမ်ိဳးဆိုရင္ ဟိုးတုန္းကတည္းက အဲ့ဒီေဒါသနဲ႔ပဲ ေသသြားတာၾကာေနေလာက္ျပီ, ရိဟန္နဲ႔ ခ်ီမင္ေးယာင္ၾကားမွာ တစ္ျခားအရာတစ္ခုခု ရွိေနတာ မဟုတ္ဘူးဆိုရင္ေပါ့, အဲ့ဒါေၾကာင့္လည္း 'သခင္အားရ က်ြန္ပါးဝ' ပံုစံမ်ိဳးနဲ႔ 'ရိဟန္ကို သင္ခန္းစာေပး'ဖို႔ အဲ့ဒီလူေတြ ေတြးလုိက္တာျဖစ္လိမ့္မယ္"

"ဖန္းေလး, မင္းမွန္တယ္, အေတာ္ေလးကို " ခ်င္ဖုန္းက ခပ္ေသာေသာေလး ရယ္ေမာလုိက္သည္။

"အဲ့ဒီလူက ယုတ္မာတဲ့သူမ်ိဳးဆိုေပမယ့္ ခ်ီမင္းေယာင္က မင္းထင္တာထက္ေတာင္ ပိုျပီး စိတ္ထားေသးသိမ္တယ္, စဥ္းစားၾကည့္ေလ, အဲ့ဒီလူမ်ိဳးေတြက သူတို႔သခင္ရဲ႔ အေတြးေတြကို တိုင္းတာတဲ့ေန၇ာမွာ အေတာ္ဆံုးပဲ, အကယ္၍ ခ်ီမင္းေယာင္သာ ဒီေလာက္ထိ စိတ္သေဘာထား မက်ဥ္းေျမာင္းဘူးဆိုရင္ သူ႔လက္ေအာက္ငယ္သားေတြကဘယ္လိုမ်ား ဒီလိုလုပ္လာမွာလဲ? ခ်ီမင္းေယာင္တစ္ေယာက္ ဒီေန႔ထိ ရွင္သန္ေနတဲ့ တစ္ခုတည္းေသာ အေၾကာင္းျပခ်က္က သူ႔ရဲ႔ လူမွုအဆင့္အတန္းေၾကာင့္ပဲ"

"အာဃာတ အမ်ားစုကို ေနရာတင္ပဲ ေျဖရွင္းနုိင္ျပီး သူ႔ေဒါသေတြကို မ်ိဳသိပ္ထားတယ္ဆုိတာရွားတယ္, ဒါေပမဲ့ ဒီေန႔ရဲ႔ မေတာ္တဆမွုကေတာ့ သူ႔အမိန္႔ေၾကာင့္ ျဖစ္လာတာ မဟုတ္ဘူး, ေသခ်ာေပါက္ပဲေလ ရိဟန္ေျပာသလိုပဲ သူက ဘယ္ေတာ့မွ ဒီေလာက္သိသာေအာင္ လုပ္မွာမဟုတ္ဘူး, ရိဟန္က ပိုင္အုပ္စုထဲမွာ အင္အားဆုပ္ကိုင္ထားျခင္း မရွိေပမယ့္လည္း ခ်ီမင္းေယာင္နဲ႔ တူညီတဲ့ လူမွုအဆင့္အတန္းကို ဆုပ္ကိုင္ထားနုိင္တယ္"

"ပိုင္နဲ႔ မုမိသားစုက သူ႔ကို ခ်စ္ခင္ျမတ္နုိးၾကရံုတင္မကပဲ ခ်န္မိသားစုရဲ႔ အေမြဆက္ခံသူကလည္း Miss ပိုင္ကို ဘယ္ေလာက္ေတာင္ ရူးရူးမူးမူး ခ်စ္ေနလဲ လူတိုင္းသိေနၾကတာ, ျပီးေတာ့ Miss ပုိင္က သူမရဲ႔ အငယ္ဆံုးေမာင္ေလးကို အခ်စ္ဆံုးဆိုတာ လူတုိင္းသိၾကတယ္, ထပ္ေပါင္းေျပာရင္ ရိဟန္က ယန္မိသားစုနဲ႔လည္း အေတာ္ေလး ရင္းနွီးလာတာေလ, လူၾကီးမင္းယန္က သူ႔ကိုသေဘာက်တယ္ဆိုတာ လူတိုင္း ရွင္းရွင္းလင္းလင္း ျမင္နုိင္တာပဲ, ခ်ီမင္းေယာင္က ဘယ္ေလာက္ပဲ စိတ္ထားေသးသိမ္ပါေစ ဒီလို အေသးစား ကိစၥေလးနဲ႔ေတာ့ ရိဟန္ကို တစ္ခုခု လုပ္မွာမဟုတ္ဘူး, ရိဟန္က သူေဒါသထြက္လို႔ မရတဲ့ လူအနည္းစုထဲက တစ္ေယာက္ပဲ"

"ဒါဆို ငါတို႔ေနာက္ကြယ္မွာပဲ လက္ငင္းလွည့္ကြက္ေတြ ကစားမွာလား?"

ဖန္းရီက ကမန္းကတန္း ေမးလိုက္သည္။ 

"ဘုရားေရ,ဒီေလာက္ထိ စိတ္ထားေသးသိမ္တဲ့သူမ်ိဳးနဲ႔ ေတြ႔ဖူးတာ ပထမဆံုးပဲ, စိတ္ေရာဂါ တစ္ခုခု ျဖစ္ေနတာမ်ားလား?

"စိတ္မပူပါနဲ႔" ခ်င္ဖုန္းက ျပန္ေျဖေပးရင္း ထိုလူ႔ေမးရိုးကို လက္ျဖင့္ပုတ္ရင္း ျပန္ေျပာသည္။

"သူလုပ္လို႔ မရပါဘူး, ရိဟန္ရဲ႔ တန္ဖိုးက သူ႔ကိုေဘးကင္းေအာင္ ထိန္းထားနုိင္ေလာက္တယ္, အဲ့ဒီလူက အျငွိဳးၾကီးေပမယ့္လည္း ဉာဏ္ေကာင္းတယ္ေလ, အရာရာတိုင္းမွာ အခ်ိန္ေတြ ေနရာေတြ ရွိတယ္ဆုိတာ သူသိျပီးသား, သူအဲ့ဒီေလာက္ထိ မတံုးေလာက္ဘူးလို႔ ငါယံုတယ္"

ရိဟန္က သေဘာတူဟန္ ေခါင္းညိတ္သည္။ ထို႔ေနာက္သူက ခ်င္ဖုန္း၏ မ်က္လံုးထဲသို႔ နက္နက္ရွိုင္းရွိုင္း ၾကည့္လုိက္၏။ ထိုမ်က္လံုးမ်ားထဲတြင္ ခ်င္ဖုန္း၏ ပါးစပ္အား မဲ့ျပံဳးေသးေသးေလး ျဖစ္ေပၚေစနုိင္သည့္ သိမ္ေမြ႔ေသာ အျပံဳးတစ္ခု ရွိေနသည္ေလ။ မ်က္လံုးမ်ားအား က်ဥ္းေျမာင္းထားရင္းျဖင့္ပင္ ထိုလူမိုက္ၾကီးက ဖန္းရီရဲ႔ ပုခံုးေပၚသို႔  လက္တင္ထားရင္းျဖင့္ ဓာတ္ေလွကားထဲက ေလ်ွာက္ထြက္လိုက္ေလသည္။

ထိုအခ်ိန္တြင္ သူတို႔႔အဖြဲ႕ ထြက္လာခဲ့သည့္ စားေသာက္ဆိုင္၏ သီးသန႔္ခန္းထဲတြင္ အသက္ရႉၾကပ္ဖြယ္ေကာင္းသည့္ ျမင္ကြင္းတစ္ခု ရွိေနသည္။

"ေက်ာက္ေဟာင္"

တုန္ယင္ေနေသာ ခ်ီမင္းေယာင္သည္ သူ႔လက္ေအာက္ငယ္သားကို ေဒါသအျပည့္ျဖင့္ၾကည့္ေနသည္။

"မင္းက ငါ့အတြက္ ျပႆနာရွာေပးတဲ့ေနရာမွာ တကယ္ေတာ္တာပဲ, မလုပ္ခင္မွာ ဘာလုိ႔မင္းေနရာကို မစဥ္းစားရတာလဲ? ပိုင္မိသားစုရဲ႔ တတိယသားက မင္းလွည့္ကြက္ သံုးလို႔ရတဲ့ သူမ်ိဳးမ်ား ထင္ေနလား? သူ႔ကို ဒုကၡေပးခ်င္တယ္ ဆိုရင္ေတာင္ တိုက္ရိုက္လုပ္လို႔ မရဘူးကြ! မင္းက ငါ့လူ, မင္းလုပ္သမ်ွက ငါ့ရည္ရြယ္ခ်က္နဲ႔ ဆက္စပ္ေနတယ္, ဒီေန႔မင္းက ပိုင္သခင္ငယ္ေလးကို ဟင္းရည္ပူေတြ ေလာင္းခ်ဖို႔ လုပ္ခဲ့တယ္, လူတုိင္းက ငါမင္းကို လုပ္ဖို႔ အမိန္႔ေပးလုိက္တယ္ပဲ ထင္ၾကမွာ!"

"သူက ဆရာ႔ဆီက tea set ကို လုယူသြားတဲ့အတြက္ ဆရာ လက္ေဆာင္ ထပ္ရွာရျပီး ဆရာ႔ အခ်ိန္ကုန္ဆံုးသြားရတာေၾကာင့္ ဒီလူက သူ႔ကို သင္ခန္းစာ နည္းနည္းေလာက္ ေပးဖုိ႔ စဥ္းစားလိုက္တာပါ" ေက်ာက္ေဟာင္က ခပ္တိုးတိုးေျပာသည္။

"က်ြန္ေတာ္-က်ြန္ေတာ္-က်ြန္ေတာ္အဲ့ဒါထက္ပိုျပီး မေတြးလုိက္မိဘူး"

"အကယ္၍ လုပ္ခ်င္ရင္ေတာင္ ဉာဏ္ကိုသံုးျပီး ေသခ်ာလုပ္ေလ!" ခ်ီမင္းေယာင္က ေအာ္ဟစ္သည္။

"မင္းက ငါနဲ႔ခ်ိတ္ဆက္ေတယ္ဆိုတာ ဘယ္သူမွ မသိေစနဲ႔ေပါ့! ဒါေပမဲ့မင္းက မိုက္မဲလြန္းလို႔ လက္ဆုပ္လက္ကိုင္ေတာင္ ဖမ္းမိသြားေသးတယ္,  မင္းဒီထက္ပိုျပီး တံုးအနုိင္ဦးမွာလား?"

"Mr ခ်ီ" တစ္ဖက္လူက တီးတိုးေရရြတ္ျပန္သည္။

"က်ြန္ေတာ္ အရမ္းကို ဂရုစိုက္ထားတာပါ, ဘယ္သူမွ သိမွာမဟုတ္ဘူးလို႔ပဲ ေတြးလုိက္တာ, အဲ့ဒီခ်င္ဆိုတဲ့လူက မ်က္စိအရမ္းစူးရွမယ္လို႔ မထင္လုိက္မိဘူး"

ခ်ီမင္းေယာင္က သူ႔နွဖူးအား လက္ဖဝါးျဖင့္ ေထာက္ထားလုိက္ျပီး သက္ျပင္းခ်သည္။

"မင္းက ခ်င္ဖုန္းကို အရူးလုပ္ရေလာက္ေအာင္ထိ လံုေလာက္ေအာင္ က်ြမ္းက်င္ေနျပီလို႔ ထင္ေနတာလား? အဲ့ဒီလူက Hidden Dragon ရဲ႔ ေခါင္းေဆာင္ကြ! လက္တစ္ဖက္တည္းနဲ႔တင္ မင္းကို ထပ္တလဲလဲ အနုိင္ယူနုိင္တယ္, သူ႔နွာေခါင္းေအာက္မွာမွာ ဒီလိုလုပ္ရပ္မ်ိဳး လုပ္မိတယ္ဆိုေတာ့ မင္းလည္း ေတာ္ေတာ့ကို ကံမေကာင္းတာပဲ, ငါ့မ်က္စိေရွ႔မွာတင္ မင္းကို ဒုကၡိတ ျဖစ္ေအာင္ မလုပ္လုိက္တာ အေတာ္ေလးကို ရက္ေရာေပးထားတာပဲ!"

"Hidden Dragon ရဲ႔ေခါင္းေဆာင္က သူ႔လူေတြနဲ႔ ရွိေနသင့္တာ မဟုတ္ဘူးလား?" ေက်ာက္ေဟာင္က ထိတ္လန္႔တၾကား အသက္ျပင္းျပင္း ရွဳမိသြားသည္။

"ဘာလို႔သူက ပိုင္သခင္ငယ္ေလးေဘးမွာ ရွိေနရတာလဲ?"

"ငါလည္းမသိဘူးေလ" ခ်ီမင္းေယာင္က ေဒါသတၾကီး ျပန္ေျပာသည္။

"Hidden Dragon က မိသားစုၾကီးငါးခုကိုဘယ္ေတာ့မွ ဝင္မေနွာက္ယွက္ဘူး, ရန္သူလည္း မဟုတ္ မိတ္ေဆြလည္းမဖြဲ႔, ဘာလို႔သူက ရုတ္တရက္ၾကီး ပိုင္ရိဟန္နဲ႔ အရမ္းရင္းနွီးခင္မင္ေနရတာလဲ? ခြဲျခားထားမွုကို ေက်ာ္ျဖတ္ခ်င္ေနတာလား?"

ေက်ာက္ေဟာင္ရဲ႔ေဘးမွာ ရပ္ေနသည့္ လီကြမ္းက ဝင္ေျပာသည္။

"ခ်င္ဖုန္းေျပာေတာ့ သူကဒီအတုိင္း သူငယ္ခ်င္း ဖြဲ႔ထားတာဆို?"

"မင္းရဲ႔ စဥ္းစားပံုစဥ္းစားနည္းက ရိုးရွင္းလြန္းတယ္"

ေက်ာက္ေဟာင္က ျပန္ေျဖသည္။

"ဒီအသိုင္းအဝိုင္းထဲက လူေတြရဲ႕ လႈပ္ရွားမႈတိုင္းက သူ႔ေနာက္ကြယ္မွာ ပိုေလးနက္တဲ့ အဓိပၸါယ္ရွိတယ္။ သူသာ သူငယ္ခ်င္းလိုခ်င္တယ္ဆိုရင္ ဒီၿမိဳ႕မွာ လူေတြအမ်ားႀကီးရွိတယ္။ ဘာလို႔ မိသားစုႀကီးငါးစုထဲက တစ္ေယာက္ေယာက္မွ ျဖစ္ရမွာလဲ? ဘာလို႔မ်ား ပိုင္မိသားစုထဲက အဓိက လူမွျဖစ္ရမွာလဲ? သူက ပိုင္မိသားစုနဲ႔ မိတ္ဖြဲ႕ခ်င္တာ ရွင္းပါတယ္"

"မင္းဉာဏ္ေကာင္းတယ္" ခ်ီမင္းေယာင္က ေက်ာက္ေဟာင္ကို ေျပာသည္။

"အရမ္းကို ဉာဏ္ေကာင္းလြန္းလို႔ ငါ့ကိုပါ ေရေအာက္ဆြဲခ်ပစ္လုိက္တာပဲ, ဒီေန႔ျဖစ္တဲ့ မေတာ္တဆက ငါနဲ႔မဆုိင္ပါဘူးလုိ႔ တစ္ကမာၻလံုးသိေအာင္ ေၾကညာေနရင္ေတာင္ ငါ့ကိုဘယ္သူက ယံုမွာလဲ? ပိုင္ရိဟန္ရဲ႔ ရွုပ္ေထြးလြန္းတဲ့ လူမွဳကြန္ရက္ကို မင္းမသိတာလည္း မဟုတ္ဘူး, ဘယ္လုိလုပ္ ဒီေလာက္ သိသာေအာင္ လုပ္လုိက္ရတာလဲ? မင္းက သူ႔ကိုထိခုိက္ေအာင္ လုပ္တာ မဟုတ္ဘူး ငါ့ကို ထိေအာင္ လုပ္ပစ္လုိက္တာ! အခုေတာ့ အရွုပ္အေထြးထဲမွာ ခ်င္ဖုန္းပါ ဝင္သြားျပီ, အဲဒီလူက အဆိုးဆုံးပဲ, သူ႔ကိုသိတဲ့သူတိုင္းက သူဘယ္ေလာက္ရက္စက္တယ္ဆိုတာ သိတယ္, အဲ့ဒီလူက သူ႔အေဖကိုေတာင္ လည္ပင္းညႇစ္သတ္ခဲ့တဲ့လူကြ!"

ေက်ာင္ေဟာင္နဲ႔ လီကြမ္းတို႔က စကားမေျပာရဲၾကေတာ့ေပ။ သူတို႔က ေနရာမွာသာ နွုတ္ဆိတ္ျပီး ရပ္ေနၾကသည္။

ခ်ီမင္းေယာင္သည္ ေစာေစာက ခ်င္ဖုန္း ေျပာခဲ့သမွ်ကို ျဖည္းညႇင္းစြာ ျပန္စဥ္းစားမိသည္။

"ဒါေပမယ့္" သူက ေတြးေတြးဆဆ ေျပာလာသည္။

"သူေျပာပံုအရဆိုရင္ သူက ပိုင္မိသားစုနဲ႔ ဆက္ႏြယ္ဖို႔ မလုပ္ဘူး, သူက ပိုင္ရိဟန္ကိုပဲ အကာအကြယ္ေပးတာ, ငါတို႔သာ ပိုင္ရိဟန္ကို မထိခိုက္သ၍ သူလွုပ္ရွားလာမွာ မဟုတ္ဘူး, တစ္ေနကုန္ သူဘာမွ မလွဳပ္ရွားဘူးေလ, ပိုင္ရိဟန္ အႏာၱရယ္ ရွိေနတဲ့ အခ်ိန္မွသာ လွဳပ္ရွားလာတာ, မင္းရဲ႔ မိုက္မဲတဲ့ လုပ္ရပ္ေၾကာင့္သာ မဟုတ္ဘူးဆိုရင္ သူရွိေနတာကိုေတာင္ မေၾကညာခ်င္သလိုပဲ, ဆိုလိုတာက သူတကယ္ပဲ သူငယ္ခ်င္းဖြဲဖို႔ ဆႏၵတစ္ခုပဲ ရွိတယ္ဆိုတဲ့သေဘာပဲ, အမွန္ပဲ, အဲ့ဒီလူက ရက္စက္တယ္, ဒါေပမဲ့ သူက အကာအကြယ္ လြန္ကဲတဲ့ သူမ်ိဳးဆိုတာလည္း အမွန္ပဲ"

"က်ြန္ေတာ္တို႔ ပိုင္ရိဟန္ကို ဘာမွ မလုပ္ႏိုင္ရင္ ဒီေန႔ ဆရာခံစားရတဲ့ ေဒါသေတြက ရင္ထဲမွာ ထာဝရ သိမ္းထားဖို႔ လိုမယ္ မဟုတ္ဘူးလား။" ေက်ာက္ေဟာင္ တိုးတိုးေလးေမးလိုက္သည္။

"မင္းဦးေနွာက္ တစ္ခုခု မွားေနတာမ်ားလား?" ခ်ီမင္းေယာင္က ေအးစက္စက္ နွာမွုတ္သည္။

"ဒီျမိဳ႔က မိသားစုၾကီး ငါးစုထဲမွာ ေလးခုက သူ႔ကို ကာကြယ္ေပးေနတယ္, အခုဆို ေျမေအာက္ကမာၻရဲ႔ Hidden Dragon ကေတာင္ သူ႔ေဘးမွာ ရပ္တည္ေနျပီ, ဘယ္သူက သူ႔ကို ထိရဲမွာလဲ? ဘယ္လိုပဲျဖစ္ျဖစ္ ဘာမွာလည္း ၾကီးၾကီးမားမား မျဖစ္တဲ့ဟာကို tea set ေလးတစ္ခုအတြက္နဲ႔ ငါတို႔အသက္ကို စြန္႔စရာ လိုလုိ႔လား?"

"ေလး?" ေက်ာက္ေဟာင္က ေမးလာသည္။

"ငါမင္းကို ငတံုးလို႔ေျပာတယ္" ခ်ီမင္းေယာင္က ေျပာသည္။

"ဒါေပမဲ့ မင္းက ဦးေနွာက္ပါ ေသေနမယ္လို႔ မထင္မိဘူး, ေသခ်ာေပါက္ မုရယ္ ပိုင္မိသားစုရယ္ရွိတယ္, ခ်န္မိသားစုက ခ်န္ထ်န္းေယာင္ရဲ႕ ရပ္တည္မႈကလည္း ေမးခြန္းထုတ္စရာမရွိဘူး, သူအသက္ရွင္ေနသ၍ အေနွးနဲ႔အျမန္ ဇာတ္ၾကိဳးကို ကိုင္မွာပဲ, အဲ့ဒီလူရဲ႔ နွလံုးသားတစ္ခုလံုးက ပိုင္ရႊယ္ခ်င္းနဲ႔ သက္ဆုိင္ေနတာ, နွစ္ေယာက္က ခ်ိန္းေတြ႔ေနျပီ ဆိုတာကိုလည္း အတည္ျပဳထားျပီး ပိုင္ရႊယ္ခ်င္းက ဘယ္သူ႔ကိုအခ်စ္ဆံုးလဲ ဆိုတာလည္း လူတုိင္းသိၾကတယ္! ယန္လူၾကီးမင္းကလည္း ဒီေကာင္ေလးကို သေဘာက်ေၾကာင္း ေၾကညာထားျပန္တယ္, ယန္ခ်ံဳးက ေက်းဇူးသိတတ္တဲ့ သားတစ္ေယာက္, လူၾကီးမင္းယန္က ဘာပဲေျပာပါေစ သူလုပ္တယ္, ျပီးေတာ့ ပိုင္ရိဟန္ေဘးမွာ ရပ္ေနတဲ့ယန္ေဖးကိုေရာ မျမင္ဘူးလား? ျပီးေတာ့ ေကာင္ေလးကို ထိန္းေပးလိုက္တဲ့သူ, အဲ့ဒီလူက ယန္ေဟြရဲ႔ တရားဝင္လက္ထပ္ထားတဲ့ ခင္ပြန္းကြ!"

ေက်ာင္ေဟာင္ရဲ႔ မ်က္နွာက ျဖဴစုတ္သြားေလသည္။ သူ႔အသံကလည္း တုန္ယင္လာသည္။

"Mr ခ်ီ, ဒါဆို က်ြန္ေတာ္....."

"မင္းကိုယ္မင္း ဘယ္လိုအေျခအေနဆိုးထဲ သြင္းလုိက္လဲဆုိတာကို အခုမွ နားလည္တာလား? ငါအကုန္လံုး ေျပာျပီးမွေလ?" ခ်ီမင္းေယာင္က ေမးလုိက္သည္။

"ေက်ာက္ေဟာင္, ဒီတစ္ေခါက္ေတာ့ ငါမင္းကို မကာကြယ္ေပးနုိင္ေတာ့ဘူး.."

6.4.2022

================

Continue Reading

You'll Also Like

58.9K 8.3K 12
𝕋𝕚𝕥𝕝𝕖 - 𝕋𝕙𝕖 ℂ𝕦𝕥𝕖𝕤𝕥 ℍ𝕚𝕘𝕙𝕥 𝔻𝕚𝕗𝕗𝕖𝕣𝕖𝕟𝕔𝕖, 最萌身高差 𝔸𝕦𝕥𝕙𝕠𝕣 - 碳酸, ℂ𝕒𝕣𝕓𝕠𝕟𝕚𝕔 𝔸𝕔𝕚𝕕, 𝕋𝕒𝕟 𝕊𝕦𝕒𝕟 𝔼𝕟𝕘 𝕋𝕣𝕒𝕟𝕤�...
89.2K 14.9K 17
小花神和帝君 >> 大青Q3 Status - 15 chapters + 1 side story This is just a pure fan-translation.
80.1K 11.5K 43
Fight The Landlord ေၾကာင့္ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္း တစ္ပုဒ္ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးၾကတဲ့ အႀကီးဆံုးသခင္ေလးႏွစ္ေယာက္က blind date ေတြ႕ဖို႔ အတင္းအ...
1.3M 195K 144
မနက္ခင္းတစ္ခုတြင္ system နွင့္ခ်ည္ေနွာင္ခံရျပီးေနာက္ MC မွာလုပ္ရိုးလုပ္စဥ္တစ္ခုကဲ့သို႔ပင္ ML ဤဖမ္းဆီးျခင္း/တုိက္ခိုက္ျခင္းအားခံရသည္။ ML ရဲ႔ညီငယ္ေလးပဲ...