Unicode
အခန်း(၁၂၇) - သက်ဝင်လှုပ်ရှားတဲ့ နေ့ရက်လေး
ရိဟန်ရဲ့ ပုခုံးပေါ် ပုတ်လိုက်တဲ့ ချင်ဖုန်းရဲ့ ရိုက်ချက်က ရိဟန်အား အသက်ရှုမှားလုနီးပါး ဖြစ်သွားစေသည်။ ဖန်းရီက အနားကိုလျှောက်လာပြီး ချင်ဖုန်းရဲ့ ကျောအား တတ်နိုင်သမျှ ပြင်းပြင်းလေး ရိုက်ထည့်လိုက်၏။
"သိပ်မပြင်းနဲ့လေ!" ဖန်းရီက ဆူသည်။
"သူကမင်းလို ကြမ်းကြမ်းတမ်းတမ်းများ မှတ်နေလား? မင်းက လမ်းဘေးလူမိုက်နော်, ဘာလို့ရိဟန်က မင်းကို လိုအပ်ရမှာလဲ? ရန်ဖြစ်တဲ့နေရာမှာ ကူညီဖို့လား?"
"ဖန်းလေး" ချင်ဖုန်းက ညည်းသည်။
"မင်းငါ့ကို သိက္ခာနည်းနည်းပါးပါး ချန်ထားလို့မရဘူးလား?"
ဖန်းရီက ထိုသူအား မျက်စောင်းထိုးကြည့်လိုက်ပြီး ဆက်တိတ်ဆိတ်နေသည်။
ရိဟန်က နောက်ဆုံးတော့ အသက်ပြန်ရှုနိုင်သွားလေပြီ။
"ကားထဲဝင်ကြရအောင်" သူက ရယ်ချင်တာကို အောင့်ထားပြီး ဝင်ပြောလိုက်သည်။
ပိုင်မိသားစုအိမ်ကနေ ကားထွက်လာပြီး သိပ်မကြာခင်မှာပင် ရိဟန်သည် ယန်ဖေးဆီက ဖုန်းရလေသည်။ သူမက သူမနဲ့အတူ အပြင်ထွက်ကစားရန်အတွက် စကားတစ်ပြောပြောနဲ့ တောင်းဆိုနေတာပင်။ သူ့လုံခြုံရေးအတွက် သူမက သက်တော်စောင့် ခေါ်လာပေးပါ့မယ်ဟုတောင် ပြောလာသည်။
ရိဟန်အနေနဲ့ သူဒီနေ့လုပ်စရာ အစီအစဉ် ရှိနေကြောင်းသာ တုန့်ပြန်နိုင်တော့သည်။
"ဒါဆို အတူတူသွားရအောင်!"
ယန်ဖေးက စိတ်အားထက်သန်စွာဖြင့် ထအော်သည်။
"သွားကြမယ်လေ! ငါနင့်ကို အကြံဉာဏ်ပေးနိုင်တယ်, ငါက အရမ်းကို အမြင်ရှိတာနော်!"
ရိဟန်က ဖန်းရီကို တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်ကိုမြင်သော ဖန်းရီက အဖော်ထပ်ပါလည်း ကိစ္စမရှိကြောင်း ပုခုံးသာတွန့်ပြ၏။ ရိဟန်က ပြန်ဖြေလိုက်သည်။
"ငါတို့ Wen Fang က ဈေးဝယ်စင်တာမှာ တွေ့ကြရင်ရော?"
"ကောင်းပြီ" ယန်ဖေးက စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။
"ငါတို့အခုပဲ ထွက်လာပြီ! မြန်မြန်လေး, ကျောင်းကော!ကားထဲဝင်!"
နောက်ဆုံး စကားနှစ်ခွန်းက သူမနောက်က တစ်ခြားတစ်ယောက်ယောက်ကို ဦးတည်နေတယ်ဆိုတာ ထင်ရှားလေသည်။ ရိဟန်က ခဏလောက် စဉ်းစားလိုက်သည်။ သူမက တစ်ဖက်လူအား " ကျောင်းကော" လို့ခေါ်လိုက်တာဖြစ်သည်လေ။ အဲ့ဒါက ယန်ဟွေရဲ့ အရေးပါတဲ့ တစ်ခြားသူဖြစ်လိမ့်မည်။ တကယ့်ကို အံ့အားသင့်စရာပဲ, ဘယ်လောက်တောင် အသက်ဝင်လှတဲ့ နေ့လည်းလို့
ဈေးဝယ်စင်တာသို့ သုံးယောက်သား ရောက်လာတဲ့အချိန်မှာ အဝေးတစ်နေရာမှ ယန်ဖေးကို မြင်လိုက်ရပြီး သူမက ခုန်ပေါက်၍ လက်ကိုဝှေ့ယမ်းပြနေသည်။ သူမဘေးမှာ အရပ်ရှည်ရှည်နဲ့ အမျိုးသားတစ်ယောက် ရပ်နေသည်။
ရိဟန်နဲ့ တစ်ခြားနှစ်ယောက်က သူတို့ဆီ လျှောက်သွားလိုက်ပြီး နှစ်ဖက်လုံး အချင်းချင်း နှုတ်ဆက်လိုက်ကြသည်။ မျှော်လင့်ထားသလိုပင် ထိုလူက ယန်ဟွေရဲ့ တရားဝင်လက်ထပ်ထားတဲ့ အမျိုးသားဖြစ်သည်။ သူ့နာမည်က ကျောင်းစု ဟုခေါ်သည်။
ထိုလူက အတော်လေး အရပ်ရှည်ပြီး အတောလည်း ပိန်ပါးသည်။ သူ့အသားအရည်က နေရောင်အား မထိထားသလောက်ပင် ဖြူဖျော့နေလေသည်။ သူက အဖြူရောင် ကော်လာရှပ်နှင့် အသားရောင် ဘောင်းဘီရှည်အား ဝတ်ဆင်ထားကာ သင့်တင့်လျှောက်ပတ်သည့် လူကြီးလူကောင်းတစ်ယောက်နှင့်တူသည်။ သူ့ရဲ့ ဖြောင့်စင်းသည့် နှာတံပေါ်တွင် အနားကွပ်မရှိသည့် မျက်မှန်တစ်လက်အား ဝတ်ဆင်ထားတာကြောင့် သူ့အား ပညာတတ်တစ်ယောက်လို ထင်မြင်စေ၏။ ရိဟန်သည် သူ့ပတ်ဝန်းကျင်မှ စာအုပ်များရဲ့ လေထုကိုပင် ခံစားရနိုင်သည်။ ထိုအမျိုးသားက စကားအများကြီး မပြောပေမယ့်လည်း သူ့အပြောအဆိုက အလွန်ပြေပြစ်ပြီး သပ်ရပ်လှသည်။
ငါးယောက်သား လူအုပ်ကြားထဲကနေ ဈေးဝယ်စင်တာထဲ ဝင်သွားကြလေသည်။ သူတို့က တစ်ဆိုင်ပြီးတစ်ဆိုင် လျှောက်ကြည့်ကြသည်။ ယန်ဖေးကတော့ စိတ်လှုပ်ရှားစွာဖြင့် အဆက်မပြတ် တစ်တွတ်တွတ် ပြောနေသည်။ ရိဟန်က ဆိတ်သိုးမွှေးဖြင့် ပြုလုပ်ထားသည့် အကျီၤနှစ်ထည်၊ ဆောင်းဝတ်လည်စည်းတစ်ချို့၊ လက်အိတ်များနှင့် ဦးထုပ်တစ်ချို့ကို ဝယ်ယူခဲ့သော်လည်း ၎င်းတို့က မွေးနေ့လက်ဆောင်အဖြစ် သုံးလို့မရနိုင်ပေ။ ထို့နောက်မှာတော့ အုပ်စုရဲ့ အာရုံက ရှေးဟောင်းပစ္စည်းဆိုင်များဆီသို့ အာရုံပြောင်းသွားကြသည်။
အုပ်စုထဲက လူတိုင်းက အသက်တူညီကြသည်။ မကြာခင်မှာပဲ သူတို့က တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားကြ၏။ ယန်ဖေးက ရိဟန်အား အုပ်စုထဲက နောက်ပြန် ဆွဲထုတ်သွားပြီး နောက်တစ်ဆိုင်သို့ ခေါ်သွားသည်။
"ရိဟန်, နင့်ရဲ့ သူငယ်ချင်းနှစ်ယောက်က စုံတွဲတွေ ဟုတ်တယ်မှတ်လား?" သူမက တိုးတိုးလေး မေးသည်။
"မဟုတ်ပါဘူး" သူက ပြန်ဖြေသည်။
"သူတို့က သူငယ်ချင်းတွေပါ, ပေါက်ကရတွေ လျှောက်မပြောနဲ့ မဟုတ်ရင် သူတို့ အနေခက်သွားကြလိမ့်မယ်"
"အိုး~" ယန်ဖေးက အကြံကြီးလှသည့် အပြုံးတစ်ခု ပြုံးလေသည်။
"ရိဟန်လေး, နင်က အရမ်းဖြူစင်တာပဲ, နင်ငါ့မျက်လုံးကို ယုံကြည်သင့်တယ်, သူတို့နှစ်ယောက်ကြားမှာ သေချာပေါက် တစ်ခုခုရှိနေတယ်!"
ရိဟန်က ရှေ့မှာလျှောက်နေသည့် ဖန်းရီနဲ့ ချင်ဖုန်းတို့ကို ကြည့်လိုက်သည်။ ချင်ဖုန်းက ဖန်းရီရဲ့ ပုခုံးအား သူ့လက်မောင်းဖြင့် လိုက်လိုက်ဖက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ တစ်ဖက်လူကတော့ ဆက်တိုက်တွန်းချနေသည်ကို မြင်နေရသည်။
"နင်မြင်လား?"
ယန်ဖေးက ငြီးတွားသည်။
."သူတို့ရဲ့ ဆက်ဆံရေးက ဒီလောက်ရိုးရှင်းဖို့ မဖြစ်နိုင်ဘူး, အခုချိန် စုံတွဲမဟုတ်ရင်တောင်မှ အနာဂတ်မှာ တစ်သားတည်းဖြစ်မှာပဲ"
"နင်ဘယ်လိုသိလဲ?"
ရိဟန်သည် မထိန်းနိုင်တော့ဘဲ သူ့အသံကို လျှော့ပြီး တိုးတိုးလေး ပြန်ပြောသည်။
"ငါ့ရဲ့ လင်းယုန်မျက်လုံးတွေကနေ ဘယ်အရာကမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး" ယန်ဖေးက ဂုဏ်ယူစွာ ရယ်မောရင်းပြောသည်။
"ကြည့်, ငါချင်ဖုန်းကိုတော့ မပြောတော့ဘူး, ဖန်းရီအပေါ် သူဘယ်လို စဉ်းစားလဲ ဆိုတာက အရမ်းကိုသိသာလွန်းတယ်,ဖန်းရီကတော့ အဲ့ဒီလူက အပေါ်ယံမှာ ငြင်းဆန်နေပုံရပေမယ့် အကယ်၍ သူသာ လူငယ်လေးအပေါ် ဘာမှမခံစားရဘူးဆိုရင် ဒီအတိုင်း ဖယ်ပစ်လိုက်လို့ရတာပဲ, ဘာလို့သူ့ဘေးမှာ ဆက်ပြီးလျှောက်နေသေးလဲ? အဲ့ဒါက 'No' ဆိုတာနဲ့ ထုတ်ပိုးထားတဲ့ 'Yes' ဆိုတာ ရှင်းနေတာပဲ!"
"နင်က စူးစမ်းမှု စွမ်းရည် တော်တော်ကောင်းတာပဲ" ရိဟန်က မှတ်ချက်ချသည်။
"သေချာတာပေါ့!" သူမရဲ့ မေးက ဂုဏ်ယူဝံ့ကြွားမှုများဖြင် မြင့်မြင့်မြှောက်နေလေပြီ။
ရိဟန်က သူတို့အနားကနေ လျှောက်နေတဲ့ ကျောင်းစုအား တစ်ချက်ကြည့်လိုက်ပြီး သူမကို တိုးတိုး မေးပြန်သည်။
"နင်ပြောတော့ နင့်အကိုက ကျောင်းစုကို ကောင်းကောင်း ဝှက်ထားတယ်ဆို? ဘယ်လိုလုပ် ဖိတ်လို့ရသွားတာလဲ?"
"သဘာဝကျကျပဲလေ, အဲဒါက ငါအရမ်းကို အံ့အားသင့်စရာ ကောင်းလွန်းလို့ပေါ့!" သူမက အရမ်းကို ပျော်ရွှင်အူးမြူးနေတာကြောင့် ပျံတောင်ပျံနိုင်လိမ့်မည်။
"ငါ့အကိုက အရမ်းကို စေ့စေ့စပ်စပ် နိုင်တယ် ဆိုပေမယ့်လည်း သူက လူသားတစ်ယောက်ပဲလေ, ငါ ကျောင်းကောဆီ ဘယ်လိုရောက်သွားလဲ ဆိုတာက တကယ်တော့ ကျောင်းကောကငါ့ကိုအရမ်းသဘောကျတယ်, ငါက ချစ်စရာကောင်းအောင် တောင်းဆိုလိုက်တာနဲ့ သူက ဂူထဲဝင်လာတော့တာပဲ, ညနေမတိုင်ခင် သူ့ကိုအိမ်ပြန်ပို့နိုင်သ၍ ငါ့အကို သိမှာမဟုတ်ဘူး"
ရိဟန်က သိချင်စိတ်ပြင်းပြင်သွားရသည်။
"ဘာလို့ နင့်အကိုက နင့်ကို ကျောင်းစုနဲ့ စကားေပြောခွင့်မပေးတာလဲ?"
"ဟမ့်!" ယန်ဖေးက နှုတ်ခမ်းဆူလာသည်။
"သူပြောတာတော့ကျောင်းကောက ငါ့ဆီကနေ အကျင့်ဆိုးတွေ ကူးသွားမှာစိုးလို့တဲ့! သူကြတော့ ပြီးပြည့်စုံတာ ကျနေတာပဲ, သူက ဝံပုလွေဆိုးကြီးတစ်ကောင်လိုပဲ! ငါက ကျောင်းကောဆီကို သူ့ရဲ့ အကျင့်စရိုက်အမှန်တွေ ထုတ်ပြောမှာစိုးနေတာလေ!"
"အဲ့ဒါတောင် နင်သူ့ကို ဒီလိုမျိုး တစ်လျှောက်လုံးလိုက်ခိုင်းသေးတယ်နော်?" ရိဟန်က သက်ပြင်းချသည်။
"နင့်အကိုသိသွားရင် ဒေါသမထွက်ဘူးလား?"
"ငါက နင်တို့နှစ်ယောက်ကို ဟိုးတုန်းကတည်းက မိတ်ဆက်ပေးချင်နေတာ" သူမက မျက်လုံးလေးများ တစ်လက်လက်တောက်နေရင်း အော်လေသည်။
"fujoshi တစ်ယောက်အတွက် အပျော်ရွှင်ရဆုံးအရာက ဘာလဲဆိုတာ နင်သိလား? အဲ့ဒါက အဆုံးစွန်သော bottom လေးနှစ်ယောက်နဲ့ သူငယ်ချင်း ဖြစ်ရတာပဲ! ဘူးဟားဟားဟား! ငါက အကောင်းတကာ့ အကောင်းဆုံးဘဝကို နေထိုင်နေရတာ ဟုတ်ပြီလား?"
"ငါက bottom လို့ ဘယ်သူပြောလဲ?" ရိဟန်က ရှက်ရွံ့ခြင်းကနေ ဒေါသကို ပြောင်းလဲသွားရင်း ပြန်ပြောသည်။
"ငါက top ဟုတ်ပြီလား?"
"ဟုတ်ပါပြီ, ငါနင့်ကိုယုံပါတယ်" သူမက သူ့ကို သနားသလို အကြည့်နဲ့ ခဏကြည့်လိုက်ပြီးနောက် ပြန်ပြောလာသည်။
"အဲ့ဒီအကြည့်က ဘာလဲ?"
ရိဟန်သည ်သူ့နှဖူးပေါ်ကနေ ဆင်းလာသည့် အမည်းရောင် အစင်းစင်းလိုင်းများပင် ခံစားရနိုင်သည်။
"ငါအမှန်ပြောတာ!"
"အေးပါ, အေးပါ, ငါသိပါတယ်, နင်က top ဆိုတာ ငါယုံပါတယ်, နင်က အရမ်းကို သန်မာတဲ့ top ပါ! ဟုတ်ပြီလား? အင်း, အင်း" သူမက ချော့မော့ပြီး ပြန်ပြောသည်။
ရိဟန်: ...
***
မွန်းတည့်ခါနီး လောက်မှသာရိဟန်က သူသဘောကျတဲ့ တစ်စုံတစ်ရာကို နောက်ဆုံး ရှာတွေ့သွားခဲ့ပြီး ၎င်းက ခရမ်းရောင် ရွှံ့စေးနဲ့ ပြုလုပ်ထားသော tea sets တစ်ခုဖြစ်သည်။ လက်ဖက်ရည်ခွက်များနဲ့ လက်ဖက်ရည်အိုးက အတော်လေးကို ရိုးရှင်းပြီး အလှဆင်ထားတာတွေ အချွန်အတက်တွေ ရှိမနေပေ။ ၎င်းက လုံးဝိုင်းသည့် ရွှံစေးမျက်နှာပြင်ဖြင့် တောက်ပနေသည်။ ဒါသည် ရိဟန်ရဲ့ အဘိုးကြိုက်နှစ်သက်သော tea sets မျိုးနဲ့ အတိအကျကို တူညီလေသည်။ ရိဟန်က သူ့ရဲ့ ရှာဖွေတွေ့ရှိမှုကို အလွန်ကျေနပ်အားရနေမိတာကြောင့် ချန်ဖုန်းက ငွေသွားရှင်းခိုင်းထားတဲ့ အချိန်မှာ သူကတော့ ဆိုင်ဝန်ထမ်းများက tea sets အား သေတ္တာထဲ ထုပ်ပိုးပေးနေသည်ကို ကြည့်နေသည်။
"ဒီ tea sets က အရမ်းကြည့်ကောင်းတာပဲ, ကျွန်တော့ကိုလည်း နောက်တစ်စုံလောက် ရှာပေးပါ, အနီးကပ် ကြည့်ကြည့်ချင်လို့" ရိဟန်ဘေးကနေ ယောကျားတစ်ယောက်ရဲ့ အသံ ထွက်ပေါ်လာသည်။
မန်နေဂျာဖြစ်သူက အနားကို လျှောက်လာပြီး ပြော၏။
"စိတ်ရင်းနဲ့ တောင်းပန်ပါတယ် Mr ချီ ခင်ဗျာ , ကျွန်တော်တို့မှာ ဒီ 'ရေ,တိမ်လွှာနဲ့ မိုးကောင်းကင်'setက တစ်စုံတည်းပဲ ရှိလို့ပါ, Mr ပိုင်က ငွေပေးချေပြီးနေပါပြီ, ကျွန်တော်တို့မှာ တစ်ခြား ကောင်းမွန်တဲ့ tea sets တွေ အများကြီး ရှိနေပါသေးတယ်, တစ်ချက်လောက် ကြည့်ကြည့်ချင်လား ခင်ဗျ?"
ရိဟန်က အသံပိုင်ရှင်အား လှည့်ကြည့်လိုက်သောအခါ ထိုလူက သူ့ကို ပြန်ကြည့်နေသည်ကို မြင်လိုက်ရသည်။
"အာ, ဒါက ပိုင်သခင်ငယ်လေးပဲ" ထိုလူက စကားပြောလိုက်ရင်း အနားကို အပြုံးဖြင့် လျှောက်လာကာ လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလာသည်။
"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ Miss ယန်လည်း ရှိနေတာပဲ"
ယန်ဖေးက ထိုလူကို ပြန်ပြုံးပြလိုက်ပြီး နှုတ်ဆက်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။
ရိဟန်သည်လည်း ထိုလူကို ယဉ်ယဉ်ကျေးကျေးပြုံးပြကာ လက်ဆွဲနှုတ်ဆက်လိုက်လေသည်။
"ဟုတ်ကဲ့, ကံမကောင်းစွာနဲ့ ကျွန်တော်က ဒီ 'ရေ,တိမ်လွှာနဲ့ မိုးကောင်းကင်' tea set ကို ကျွန်တော့်အဘိုးအတွက် ဝယ်လိုက်တာမို့လို့ပါ မဟုတ်ရင် ခင်ဗျားကို ပေးပါတယ်"
"ရပါတယ် ပိုင်သခင်လေး" ချီမင်းယောင်က ရှိနေဆဲ အပြုံးဖြင့်ပင် ပြောသည်။
"ဒါက ဝယ်ယူမှု တစ်ခုပဲလေ, အရင်ရောက်တဲ့သူ အရင်ရမှာပေါ့, လူကြီးမင်းပိုင်အတွက် လက်ဆောင်ဖြစ်နေတာကို မပြောနဲ့ အဲ့ဒီအတွက် မဟုတ်ဘူးဆိုရင်တောင် မင်းကို လက်လျော့အောင် လုပ်မှာမဟုတ်ပါဘူး, မင်းအဘိုးအတွက် မွေးနေ့လက်ဆောင် ပေးဖို့လား?"
"ဟုတ်ပါတယ်" ရိဟန်ကပြန်ဖြေသည်။
"ဘယ်လိုသိတာလဲ Mr ချီ?"
"တကယ်တော့ ရိုးရိုးရှင်းရှင်း တိုက်ဆိုင်သွားတာပါ ဆိုတာမျိုး မရှိဘူးလေ, ကျွန်တော်လည်း ဒီ tea set ကို လူကြီးမင်းပိုင်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် ပေးဖို့ စိတ်ကူးထားတာ, အဲ့ဒီလိုဆိုမှာတော့ tea set ကိုဘယ်သူဝယ်ဝယ် အရေးမကြီးတော့ပါဘူး, ကျွန်တော် တစ်ခြားတစ်ခုပဲ ရှာလိုက်ပါတော့မယ်"
"ကောင်းပါပြီ Mr ချီ, ဂရုစိုက်ပါ" ရိဟန်က ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။
"ထပ်တွေ့ကြတာပေါ့" ချီမင်းယောင်က ပြောသည်။
ထိုလူက ဆိုင်ထဲကနေ အရင်ပြန်ထွက်သွားလေသည်။ tea set ကို ထုပ်ပိုးလို့ ပြီးသွားသောအခါ ယန်ဖေးနဲ့ ရိဟန်တို့က ဆိုင်ထဲကနေ ပြန်လျှောက်ထွက်လာကြသည်။
"ငါသူ့ကို မကြိုက်ဘူး" သူမက ရိဟန်ရဲ့ လက်မောင်းအား လက်ဖြင့်လှမ်းထိလိုက်ပြီး သူ့ကို တိုးတိုးလေး ပြောလာသည်။
"ဘာလို့လဲ?" သူကပြန်မေးသည်။
"သူနဲ့ ပတ်သတ်ပြီး ဘာကိုမကြိုက်တာလဲ? အိုး, သူက အဖြောင့်ဖြစ်နေလို့လား?"
"အဲ့ဒါက လိင်စိတ်တိမ်းညွှတ်မှု အကြောင်းမေးခွန်းမဟုတ်ဘူး" သူမက လေးလေးနက်နက်ပြောသည်။
"ငါက အဲ့ဒီလောက် လေးလေးနက်နက် မတွေးတဲ့ သူမျိုးလား?"
ရိဟန်ရဲ့ ပေစောင်းစောင်း အကြည့်ကို မြင်သောအခါ သူမက သက်ပြင်းချသည်။
"ဟုတ်ပါပြီ, ငါက တော်တော်လေးကို လေးလေးနက်နက် မတွေးတတ်ဘူး, ဒါပေမဲ့ ဒီတစ်ခေါက်တော့ တကယ်ကို အဲ့ဒါကြောင့် မဟုတ်ဘူး, သူက လူတိုင်းကို ပြုံးပြပေမယ့် တကယ်တော့ အတော်လေး စိတ်ထားသေးသိမ်တယ်, အကယ်၍ တစ်ယောက်ယောက်သာ သူ့ကို တစ်ခုခု ဆန့်ကျင်ခဲ့မိရင် သူ့တစ်ဘဝလုံး ရန်ငြှိုးထားလိမ့်မယ်, ငါတို့က အဲ့ဒီကို အရင်ရောက်ခဲ့ပေမယ့်လည်း သူကတော့ သူ့ဆီက အရာတစ်ခုခုကို ငါတို့ လုယူသွားတယ်လို့ပဲ တွေးမှာ, အဲ့ဒီအတွက် ငါတို့ကို သူ ရန်ငြှိုးထားနိုင်တယ်, ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒီအတိုင်း သူ့ကို မကြိုက်တာ"
"အိုး," ရိဟန်က ဖြည်းညှင်းစွာ ပြောလာသည်။
"အဲ့ဒီလောက်တော့ မလေးနက်လောက်ပါဘူး, ဟုတ်တယ်မှတ်လား?"
တစ်ချိန်လုံး သူတို့ဘေးမှာ ရှိနေသည့် ကျောင်းစုက ခပ်လွင်လွင်လေး ရယ်လိုက်ပြီး ယန်ဖေးရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။
"ငါတို့ အားလုံးက တူညီတဲ့ လူမှုအသိုင်းအဝိုင်းမှာ ရှိတယ်။ စိတ်ရှုပ်စရာ မလိုဘူး။ သူနဲ့တွေ့တဲ့အခါ ခေါင်းညိတ်ပြီး နှုတ်ဆက်လိုက်ရင် အဆင်ပြေသွားလိမ့်မယ်။ မင်းသူ့ကို မကြိုက်ဘူးဆိုရင် မင်းရဲ့နေ့စဉ်ဘဝမှာ သူနဲ့ဆက်ဆံတာကို ရှောင်နိုင်တယ်လေ"
"အင်း" ယန်ဖေးက အပြင်းအထန် ခေါင်းညိတ်ထောက်ခံသည်။
" ကျောင်းကောမှန်တယ်, ဒါပေမဲ့ ရိဟန် နင့်သူ့ကို ဂရုစိုက်ဖို့တော့ လိုတယ်နော်, သူနင့်ကို လက်စားခြေလာခဲ့ရင် ဆိုတဲ့ကိစ္စအတွက်"
"အဲ့ဒီလို မဖြစ်ပါဘူး" ရိဟန်က ပြန်ဖြေသည်။
"ငါတကယ်ပြောနေတာ," သူမက ပြောသည်။
"ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းပိုပြီး သတိထားလိုက်, သတိဆိုတာ ဘေးကင်းရေးရဲ့ မိဘပဲ"
"အင်းပါ, ငါသိပါတယ်" ရိဟန်က ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။
"အခုက မွန်းတည့်နေပြီ, လာ, နေ့လည်စာ သွားစားကြမယ်, နင်ဘာစားချင်လဲ?"
"တစ်ခြားသူတွေကို မေးကြည့်မယ်လေ, Guys, ဘာစားချင်လဲ?" ယန်ဖေးက မေးသည်။
"ငါတို့ထဲမှာ နင်တစ်ယောက်တည်း မိန်းကလေးလေ, သေချာပေါက် ငါတို့က နင့်ရွေးချယ်မှုအတိုင်း လိုက်မှာပေါ့" ရိဟန်က ပြောလာ၏။
"အဲ့ဒီလိုဆိုရင်..." သူမက မေးလေးကို လက်ဖြင့်ကိုင်ရင်း တွေးလိုက်သည်။
"အပေါ်ဆုံးထပ်ကိုသွားရအောင်။ အဲဒီမှာ တကယ်ကောင်းတဲ့ စားသောက်ဆိုင်ရှိတယ်။ ငါအဲဒီကို ခဏခဏရောက်ဖူးတယ်။""
ရိဟန်က လှည့်ပတ်မေးလိုက်သည်။ ဘယ်သူကမှ ထိုအကြံကို မငြင်းဆန်တာကြောင့် လူတိုင်း စားသောက်ဆိုင်ရှိရာသို့ တက်သွားလိုက်ကြ၏။
ဆိုင်ရဲ့ တစ်ဦးတည်းသော ပုံမှန် စာသုံးသူတစ်ယောက်အနေနဲ့ ယန်ဖေးက အော်ဒါတင်ရသည့် ဝန်ထုပ်ဝန်ပိုးကို ထမ်းလိုက်သည်။ အလေ့အထကနေ ပေါက်ဖွားလာသည့် သက်တောင့်သက်သာ ရှိမှုနဲ့အတူ သူမက signature ဟင်းလျာတစ်ချို့အား အမြန်မှာယူလိုက်လေသည်။ တစ်ခြားသူများက နောက်ထပ် အနည်းငယ် ထပ်ထည့်လိုက်သောအခါ ၎င်းတို့ရဲ့ စားသောက်ဝိုင်းလေးက အဆင်ပြေသွာခဲ့သည်။
အမှန်ကိုပဲ အစားအသောက်များက အရသာရှိလှသည်။ တစ်ဖွဲ့လည်းကလည်း တစ်မနက်လုံး လမ်းလျှောက်နေခဲ့ကြရတာပင်။ စားစရာ ရောက်လာချိန်မှာတော့ သူတို့တွေ ဆာလောင်နေကြလေပြီ။ သူတို့က စိတ်အားထက်သန်စွာဖြင့် စားသောက်ကြတော့၏။ တိုက်ဆိုင်တာကတော့ သူတို့တွေ စားသောက်ပြီး ပြန်တဲ့အချိန် ချီမင်းယောင်နဲ့ ထပ်မံတွေ့ဆုံမိခြင်းသာ။
ထိုလူက စားသောက်ဆိုင်ထဲ ဝင်လာတာဖြစ်သည်။ သူက သူတို့ကို မြင်သောအခါ ပြုံးပြီးနှုတ်ဆက်လာသည်။
"ကျွန်တော်တို့ ဒီနေ့ တွေ့ဆုံဖို့အတွက် ကံစပ်နေပုံပဲ, ပိုင်သခင်ငယ်လေး, ထပ်တွေ့ပြန်ပြီနော်"
"ဟုတ်ကဲ့" ရိဟန်က ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်ပြီး ပြန်ပြောသည်။
"နေ့လည်စာ လာစားတာလား Mr ချီ?"
ထိုလူက ခေါင်းညိတ်ပြလာသည်။
"ဒီနေရာက အစားအသောက်တွေက တော်တော်လေးကောင်းတယ်လေ"
ရိဟန်သည်လည်း သဘောတူညီဟန် ခေါင်းပြန်ညိတ်ပြသည်။ သူတို့က စကားအနည်းငယ် ဖလှယ်ပြီးနောက်မှာ နှုတ်ဆက်စကား ပြောလိုက်ကြ၏ ရိဟန်နဲ့ သူ့အုပ်စုက ဆိုင်ထဲကနေ ထက်လာလိုက်ကြသည်။ ချီမင်းယောင်က ဆိုင်ထဲသို့ လူနှစ်ယောက်နှင့်အတူ ဝင်လာတာဖြစ်သည်။ ထိုလူနှစ်ယောက်က သူတို့ကို ဖြတ်ကျော်သွားတဲ့အချိန်လေးမှာ ဝန်ထမ်းတစ်ယောက်က ဟင်းချိုအိုးတစ်ခုနဲ့ လျှောက်လာသည်။ ချီမင်းယောင်ရဲ့နောက်မှ လူတစ်ယောက်က ဝန်ထမ်းနားကို တိုးကပ်သွားလိုက်ပြီး မတော်တဆ လိုလိုနှင့် ဝန်ထမ်းဖြစ်သူရဲ့ နောက်ကျောအား တွန်းလိုက်လေသည်။
ထိုသို့ လုပ်လိုက်တဲ့အချိန်မှာ သူက ဝန်ထမ်းဖြစ်သူရဲ့ နောက်တည့်တည့်မှာ ရှိနေတာဖြစ်သည်။ ဝန်ထမ်းဖြစ်သူရဲ့ ကိုယ်နေဟန်ထားက သူ့လုပ်ရပ်ကိုမြင်ကွင်းကနေ ဖုန်းကွယ်ထားခဲ့ပြီး သူဘာလုပ်လိုက်လဲ ဘယ်သူမှ မမြင်ရနိုင်ပေ။ ဝန်ထမ်းဖြစ်သူက သတိလက်လွတ်ဖြစ်သွားရ၏။ သူက လက်ထဲက ဟင်းချိုအိုးနဲ့အတူ ရှေ့သို့ခြေချော်ကြသွားသည်။ ပိုင်ရိဟန်သည်လည်း ဝန်ထမ်းဖြစ်သူ၏ ရှေ့တည့်တည့်မှာ တိုက်တိုက်ဆိုင်ဆိုင် ရှိနေသည်။
ဖန်းရီနဲ့ ချင်ဖုန်းတို့က ရိဟန်ရဲ့ နောက်မှာ ခြေလှမ်းအနည်းငယ် အကွာမှာ လိုက်နေတာပင်။ရဲအရာရှိတွင် လျင်မြန်သော တုံ့ပြန်မှုရှိသည်။ သူ့လက်များက ရိဟန်အား ဟင်းချိုနဲ့ လောင်းချခံရမည်ကို ကာကွယ်ပေးဖို့ လုပ်လိုက်တဲ့အချိန် သူ့ဘေးမှာရှိနေသည့် ချင်ဖုန်းက အရင်ဆုံး လှုပ်ရှားလိုက်သည်။ ချင်ဖုန်းက ဘယ်လက်လက်ဖြင့် ရိဟန်အား တွန်းလိုက်ပြီး သူ့ညာဘက်ခြေထောက်က ဟင်းချိုအိုးအား အဝေးကိုကန်ထုတ်လိုက်လေသည်။
ဖြစ်ပေါ်လာတဲ့ ကမောက်ကမများအလယ်တွင် ထိုအမျိုးသားက ကြမ်းပြင်ပေါ် မျက်နှာအပ်ပြီးကျတော့မည့် ဝန်ထမ်းလေးရဲ့ အကျီၤကော်လာကို လက်တစ်ဖက်ဖြင့် လှမ်းဆွဲပြီး ကယ်တင်နိုင်ရန်အထိ အချိန်ကျန်နေသးသည်။ သူတို့ရဲ့ နားထဲတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။ ဟင်းရည်အိုးက ကြမ်းပြင်ပေါ်ကျသွားလေသည်။ ပွက်ပွက်ဆူနေသည့် အိုးထဲမှ အငွေ့များက အပေါ်သို့ပင် တက်လာရသည်။
ရိဟန်က အတွန်းခံရမှုကြောင့် ရှေ့ကို ယိုင်လဲသွားတဲ့အချိန်မှာ ကျောင်းစုက သူ့ကိုပြန်ထိန်းပေးလိုက်သည်။ ရုန်းရင်းဆန်ခတ်မှုများကို ကြားလိုက်ရတဲ့အချိန် ချီမင်းယောင်က ပြန်လှည့်ကြည့်လာသည်။
"ဘာဖြစ်တာလဲ ပိုင်သခင်ငယ်လေး?" ချီမင်းယောင်က အလျင်စလို မေး၏။
"ထိသွားသေးလား?"
ရိဟန်က တည့်တည့်မတ်မတ် ပြန်ရပ်လိုက်ပြီး အပြုံးဖြင့် တုန့်ပြန်သည်။
"ကျွန်တော်အဆင်ပြေပါတယ်, ဘယ်သူမှ မထိသွားတာတော်သေးတာပေါ့"
31.3.2021
==============
Zawgyi
အခန္း(၁၂၇) - သက္ဝင္လွုပ္ရွားတဲ့ ေန႔ရက္ေလး
ရိဟန္ရဲ႔ ပုခံုးေပၚ ပုတ္လုိက္တဲ့ ခ်င္ဖုန္းရဲ႔ ရိုက္ခ်က္က ရိဟန္အား အသက္ရွဳမွားလုနီးပါး ျဖစ္သြားေစသည္။ ဖန္းရီက အနားကိုေလ်ွာက္လာျပီး ခ်င္ဖုန္းရဲ႔ ေက်ာအား တတ္နုိင္သမ်ွ ျပင္းျပင္းေလး ရိုက္ထည့္လုိက္၏။
"သိပ္မျပင္းနဲ႔ေလ!" ဖန္းရီက ဆူသည္။
"သူကမင္းလို ၾကမ္းၾကမ္းတမ္းတမ္းမ်ား မွတ္ေနလား? မင္းက လမ္းေဘးလူမိုက္ေနာ္, ဘာလို႔ရိဟန္က မင္းကို လိုအပ္ရမွာလဲ? ရန္ျဖစ္တဲ့ေနရာမွာ ကူညီဖို႔လား?"
"ဖန္းေလး" ခ်င္ဖုန္းက ညည္းသည္။
"မင္းငါ့ကို သိကၡာနည္းနည္းပါးပါး ခ်န္ထားလို႔မရဘူးလား?"
ဖန္းရီက ထိုသူအား မ်က္ေစာင္းထိုးၾကည့္လုိက္ျပီး ဆက္တိတ္ဆိတ္ေနသည္။
ရိဟန္က ေနာက္ဆံုးေတာ့ အသက္ျပန္ရွဳနုိင္သြားေလျပီ။
"ကားထဲဝင္ၾကရေအာင္" သူက ရယ္ခ်င္တာကို ေအာင့္ထားျပီး ဝင္ေျပာလိုက္သည္။
ပိုင္မိသားစုအိမ္ကေန ကားထြက္လာျပီး သိပ္မၾကာခင္မွာပင္ ရိဟန္သည္ ယန္ေဖးဆီက ဖုန္းရေလသည္။ သူမက သူမနဲ႔အတူ အျပင္ထြက္ကစားရန္အတြက္ စကားတစ္ေျပာေျပာနဲ႔ ေတာင္းဆိုေနတာပင္။ သူ႔လံုျခံဳေရးအတြက္ သူမက သက္ေတာ္ေစာင့္ ေခၚလာေပးပါ့မယ္ဟုေတာင္ ေျပာလာသည္။
ရိဟန္အေနနဲ႔ သူဒီေန႔လုပ္စရာ အစီအစဥ္ ရွိေနေၾကာင္းသာ တုန္႔ျပန္နုိင္ေတာ့သည္။
"ဒါဆို အတူတူသြားရေအာင္!"
ယန္ေဖးက စိတ္အားထက္သန္စြာျဖင့္ ထေအာ္သည္။
"သြားၾကမယ္ေလ! ငါနင့္ကို အၾကံဉာဏ္ေပးနုိင္တယ္, ငါက အရမ္းကို အျမင္ရွိတာေနာ္!"
ရိဟန္က ဖန္းရီကို တစ္ခ်က္ၾကည့္လုိက္သည္။ ထိုအၾကည့္ကိုျမင္ေသာ ဖန္းရီက အေဖာ္ထပ္ပါလည္း ကိစၥမရွိေၾကာင္း ပုခံုးသာတြန္႔ျပ၏။ ရိဟန္က ျပန္ေျဖလိုက္သည္။
"ငါတို႔ Wen Fang က ေစ်းဝယ္စင္တာမွာ ေတြ႔ၾကရင္ေရာ?"
"ေကာင္းျပီ" ယန္ေဖးက စိတ္လွုပ္ရွားစြာ ျပန္ေျဖသည္။
"ငါတို႔အခုပဲ ထြက္လာျပီ! ျမန္ျမန္ေလး, ေက်ာင္းေကာ!ကားထဲဝင္!"
ေနာက္ဆံုး စကားနွစ္ခြန္းက သူမေနာက္က တစ္ျခားတစ္ေယာက္ေယာက္ကို ဦးတည္ေနတယ္ဆုိတာ ထင္ရွားေလသည္။ ရိဟန္က ခဏေလာက္ စဥ္းစားလိုက္သည္။ သူမက တစ္ဖက္လူအား " ေက်ာင္းေကာ" လို႔ေခၚလိုက္တာျဖစ္သည္ေလ။ အဲ့ဒါက ယန္ေဟြရဲ႔ အေရးပါတဲ့ တစ္ျခားသူျဖစ္လိမ့္မည္။ တကယ့္ကို အံ့အားသင့္စရာပဲ, ဘယ္ေလာက္ေတာင္ အသက္ဝင္လွတဲ့ ေန႔လည္းလို႔
ေစ်းဝယ္စင္တာသို႔ သံုးေယာက္သား ေရာက္လာတဲ့အခ်ိန္မွာ အေဝးတစ္ေနရာမွ ယန္ေဖးကို ျမင္လုိက္ရျပီး သူမက ခုန္ေပါက္၍ လက္ကိုေဝွ႔ယမ္းျပေနသည္။ သူမေဘးမွာ အရပ္ရွည္ရွည္နဲ႔ အမ်ိဳးသားတစ္ေယာက္ ရပ္ေနသည္။
ရိဟန္နဲ႔ တစ္ျခားနွစ္ေယာက္က သူတို႔ဆီ ေလ်ွာက္သြားလိုက္ျပီး နွစ္ဖက္လံုး အခ်င္းခ်င္း နွုတ္ဆက္လုိက္ၾကသည္။ ေမ်ွာ္္လင့္ထားသလိုပင္ ထိုလူက ယန္ေဟြရဲ႔ တရားဝင္လက္ထပ္ထားတဲ့ အမ်ိဳးသားျဖစ္သည္။ သူ႔နာမည္က ေက်ာင္းစု ဟုေခၚသည္။
ထိုလူက အေတာ္ေလး အရပ္ရွည္ျပီး အေတာလည္း ပိန္ပါးသည္။ သူ႔အသားအရည္က ေနေရာင္အား မထိထားသေလာက္ပင္ ျဖဴေဖ်ာ့ေနေလသည္။ သူက အျဖဴေရာင္ ေကာ္လာရွပ္နွင့္ အသားေရာင္ ေဘာင္းဘီရွည္အား ဝတ္ဆင္ထားကာ သင့္တင့္ေလ်ွာက္ပတ္သည့္ လူၾကီးလူေကာင္းတစ္ေယာက္နွင့္တူသည္။ သူ႔ရဲ႔ ေျဖာင့္စင္းသည့္ နွာတံေပၚတြင္ အနားကြပ္မရွိသည့္ မ်က္မွန္တစ္လက္အား ဝတ္ဆင္ထားတာေၾကာင့္ သူ႔အား ပညာတတ္တစ္ေယာက္လို ထင္ျမင္ေစ၏။ ရိဟန္သည္ သူ႔ပတ္ဝန္းက်င္မွ စာအုပ္မ်ားရဲ႔ ေလထုကိုပင္ ခံစားရနုိင္သည္။ ထိုအမ်ိဳးသားက စကားအမ်ားၾကီး မေျပာေပမယ့္လည္း သူ႔အေျပာအဆိုက အလြန္ေျပျပစ္ျပီး သပ္ရပ္လွသည္။
ငါးေယာက္သား လူအုပ္ၾကားထဲကေန ေစ်းဝယ္စင္တာထဲ ဝင္သြားၾကေလသည္။ သူတို႔က တစ္ဆုိင္ျပီးတစ္ဆိုင္ ေလ်ွာက္ၾကည့္ၾကသည္။ ယန္ေဖးကေတာ့ စိတ္လွဳပ္ရွားစြာျဖင့္ အဆက္မျပတ္ တစ္တြတ္တြတ္ ေျပာေနသည္။ ရိဟန္က ဆိတ္သိုးေမႊးျဖင့္ ျပဳလုပ္ထားသည့္ အက်ီၤနွစ္ထည္၊ ေဆာင္းဝတ္လည္စည္းတစ္ခ်ိဳ႔၊ လက္အိတ္မ်ားနွင့္ ဦးထုပ္တစ္ခ်ိဳ႔ကို ဝယ္ယူခဲ့ေသာ္လည္း ၎တို႔က ေမြးေန႔လက္ေဆာင္အျဖစ္ သံုးလို႔မရနုိင္ေပ။ ထို႔ေနာက္မွာေတာ့ အုပ္စုရဲ႔ အာရံုက ေရွးေဟာင္းပစၥည္းဆိုင္မ်ားဆီသို႔ အာ႐ုံေျပာင္းသြားၾကသည္။
အုပ္စုထဲက လူတိုင္းက အသက္တူညီၾကသည္။ မၾကာခင္မွာပဲ သူတို႔က တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းနွီးသြားၾက၏။ ယန္ေဖးက ရိဟန္အား အုပ္စုထဲက ေနာက္ျပန္ ဆြဲထုတ္သြားျပီး ေနာက္တစ္ဆိုင္သို႔ ေခၚသြားသည္။
"ရိဟန္, နင့္ရဲ႔ သူငယ္ခ်င္းနွစ္ေယာက္က စံုတြဲေတြ ဟုတ္တယ္မွတ္လား?" သူမက တိုးတိုးေလး ေမးသည္။
"မဟုတ္ပါဘူး" သူက ျပန္ေျဖသည္။
"သူတို႔က သူငယ္ခ်င္းေတြပါ, ေပါက္ကရေတြ ေလ်ွာက္မေျပာနဲ႔ မဟုတ္ရင္ သူတို႔ အေနခက္သြားၾကလိမ့္မယ္"
"အိုး~" ယန္ေဖးက အၾကံၾကီးလွသည့္ အျပံဳးတစ္ခု ျပံဳးေလသည္။
"ရိဟန္ေလး, နင္က အရမ္းျဖဴစင္တာပဲ, နင္ငါ့မ်က္လံုးကို ယံုၾကည္သင့္တယ္, သူတို႔နွစ္ေယာက္ၾကားမွာ ေသခ်ာေပါက္ တစ္ခုခုရွိေနတယ္!"
ရိဟန္က ေရွ႔မွာေလ်ွာက္ေနသည့္ ဖန္းရီနဲ႔ ခ်င္ဖုန္းတို႔ကို ၾကည့္လုိက္သည္။ ခ်င္ဖုန္းက ဖန္းရီရဲ႔ ပုခံုးအား သူ႔လက္ေမာင္းျဖင့္ လုိက္လိုက္ဖက္ဖို႔ ၾကိဳးစားေနတဲ့အခ်ိန္မွာ တစ္ဖက္လူကေတာ့ ဆက္တုိက္တြန္းခ်ေနသည္ကို ျမင္ေနရသည္။
"နင္ျမင္လား?"
ယန္ေဖးက ျငီးတြားသည္။
."သူတို႔ရဲ႕ ဆက္ဆံေရးက ဒီေလာက္႐ိုးရွင္းဖို႔ မျဖစ္ႏိုင္ဘူး, အခုခ်ိန္ စုံတြဲမဟုတ္ရင္ေတာင္မွ အနာဂတ္မွာ တစ္သားတည္းျဖစ္မွာပဲ"
"နင္ဘယ္လိုသိလဲ?"
ရိဟန္သည္ မထိန္းႏိုင္ေတာ့ဘဲ သူ႔အသံကို ေလွ်ာ့ၿပီး တိုးတိုးေလး ျပန္ေျပာသည္။
"ငါ့ရဲ႔ လင္းယုန္မ်က္လံုးေတြကေန ဘယ္အရာကမွ လြတ္ေျမာက္နုိင္မွာမဟုတ္ဘူး" ယန္ေဖးက ဂုဏ္ယူစြာ ရယ္ေမာရင္းေျပာသည္။
"ၾကည့္, ငါခ်င္ဖုန္းကိုေတာ့ မေျပာေတာ့ဘူး, ဖန္းရီအေပၚ သူဘယ္လုိ စဥ္းစားလဲ ဆိုတာက အရမ္းကုိသိသာလြန္းတယ္,ဖန္းရီကေတာ့ အဲ့ဒီလူက အေပၚယံမွာ ျငင္းဆန္ေနပံုရေပမယ့္ အကယ္၍ သူသာ လူငယ္ေလးအေပၚ ဘာမွမခံစားရဘူးဆိုရင္ ဒီအတိုင္း ဖယ္ပစ္လုိက္လို႔ရတာပဲ, ဘာလုိ႔သူ႔ေဘးမွာ ဆက္ျပီးေလ်ွာက္ေနေသးလဲ? အဲ့ဒါက 'No' ဆုိတာနဲ႔ ထုတ္ပိုးထားတဲ့ 'Yes' ဆိုတာ ရွင္းေနတာပဲ!"
"နင္က စူးစမ္းမႈ စြမ္းရည္ ေတာ္ေတာ္ေကာင္းတာပဲ" ရိဟန္က မွတ္ခ်က္ခ်သည္။
"ေသခ်ာတာေပါ့!" သူမရဲ႔ ေမးက ဂုဏ္ယူဝ့ံၾကြားမွုမ်ားျဖင္ ျမင့္ျမင့္ေျမွာက္ေနေလျပီ။
ရိဟန္က သူတို႔အနားကေန ေလ်ွာက္ေနတဲ့ ေက်ာင္းစုအား တစ္ခ်က္ၾကည့္လုိက္ျပီး သူမကို တိုးတိုး ေမးျပန္သည္။
"နင္ေျပာေတာ့ နင့္အကိုက ေက်ာင္းစုကို ေကာင္းေကာင္း ဝွက္ထားတယ္ဆို? ဘယ္လိုလုပ္ ဖိတ္လို႔ရသြားတာလဲ?"
"သဘာဝက်က်ပဲေလ, အဲဒါက ငါအရမ္းကို အ့ံအားသင့္စရာ ေကာင္းလြန္းလို႔ေပါ့!" သူမက အရမ္းကို ေပ်ာ္ရႊင္အူးျမဴးေနတာေၾကာင့္ ပ်ံေတာင္ပ်ံနုိင္လိမ့္မည္။
"ငါ့အကိုက အရမ္းကို ေစ့ေစ့စပ္စပ္ နုိင္တယ္ ဆိုေပမယ့္လည္း သူက လူသားတစ္ေယာက္ပဲေလ, ငါ ေက်ာင္းေကာဆီ ဘယ္လိုေရာက္သြားလဲ ဆိုတာက တကယ္ေတာ့ ေက်ာင္းေကာကငါ့ကိုအရမ္းသေဘာက်တယ္, ငါက ခ်စ္စရာေကာင္းေအာင္ ေတာင္းဆိုလိုက္တာနဲ႔ သူက ဂူထဲဝင္လာေတာ့တာပဲ, ညေနမတိုင္ခင္ သူ႔ကိုအိမ္ျပန္ပို႔နုိင္သ၍ ငါ့အကို သိမွာမဟုတ္ဘူး"
ရိဟန္က သိခ်င္စိတ္ျပင္းျပင္သြားရသည္။
"ဘာလုိ႔ နင့္အကိုက နင့္ကို ေက်ာင္းစုနဲ႔ စကားေေျပာခြင့္မေပးတာလဲ?"
"ဟမ့္!" ယန္ေဖးက နွုတ္ခမ္းဆူလာသည္။
"သူေျပာတာေတာ့ေက်ာင္းေကာက ငါ့ဆီကေန အက်င့္ဆိုးေတြ ကူးသြားမွာစိုးလို႔တဲ့! သူၾကေတာ့ ျပီးျပည့္စံုတာ က်ေနတာပဲ, သူက ဝံပုေလြဆိုးၾကီးတစ္ေကာင္လုိပဲ! ငါက ေက်ာင္းေကာဆီကို သူ႔ရဲ႔ အက်င့္စရိုက္အမွန္ေတြ ထုတ္ေျပာမွာစိုးေနတာေလ!"
"အဲ့ဒါေတာင္ နင္သူ႔ကို ဒီလိုမ်ိဳး တစ္ေလ်ွာက္လံုးလိုက္ခိုင္းေသးတယ္ေနာ္?" ရိဟန္က သက္ျပင္းခ်သည္။
"နင့္အကိုသိသြားရင္ ေဒါသမထြက္ဘူးလား?"
"ငါက နင္တို႔နွစ္ေယာက္ကို ဟိုးတုန္းကတည္းက မိတ္ဆက္ေပးခ်င္ေနတာ" သူမက မ်က္လံုးေလးမ်ား တစ္လက္လက္ေတာက္ေနရင္း ေအာ္ေလသည္။
"fujoshi တစ္ေယာက္အတြက္ အေပ်ာ္ရႊင္ရဆံုးအရာက ဘာလဲဆိုတာ နင္သိလား? အဲ့ဒါက အဆံုးစြန္ေသာ bottom ေလးနွစ္ေယာက္နဲ႔ သူငယ္ခ်င္း ျဖစ္ရတာပဲ! ဘူးဟားဟားဟား! ငါက အေကာင္းတကာ့ အေကာင္းဆံုးဘဝကို ေနထုိင္ေနရတာ ဟုတ္ျပီလား?"
"ငါက bottom လို႔ ဘယ္သူေျပာလဲ?" ရိဟန္က ရွက္ရြံ႔ျခင္းကေန ေဒါသကို ေျပာင္းလဲသြားရင္း ျပန္ေျပာသည္။
"ငါက top ဟုတ္ျပီလား?"
"ဟုတ္ပါျပီ, ငါနင့္ကိုယံုပါတယ္" သူမက သူ႔ကို သနားသလုိ အၾကည့္နဲ႔ ခဏၾကည့္လုိက္ျပီးေနာက္ ျပန္ေျပာလာသည္။
"အဲ့ဒီအၾကည့္က ဘာလဲ?"
ရိဟန္သည ္သူ႔နွဖူးေပၚကေန ဆင္းလာသည့္ အမည္းေရာင္ အစင္းစင္းလိုင္းမ်ားပင္ ခံစားရနုိင္သည္။
"ငါအမွန္ေျပာတာ!"
"ေအးပါ, ေအးပါ, ငါသိပါတယ္, နင္က top ဆိုတာ ငါယံုပါတယ္, နင္က အရမ္းကို သန္မာတဲ့ top ပါ! ဟုတ္ျပီလား? အင္း, အင္း" သူမက ေခ်ာ့ေမာ့ျပီး ျပန္ေျပာသည္။
ရိဟန္: ...
***
မြန္းတည့္ခါနီး ေလာက္မွသာရိဟန္က သူသေဘာက်တဲ့ တစ္စံုတစ္ရာကို ေနာက္ဆံုး ရွာေတြ႔သြားခဲ့ျပီး ၎က ခရမ္းေရာင္ ရႊံ႔ေစးနဲ႔ ျပဳလုပ္ထားေသာ tea sets တစ္ခုျဖစ္သည္။ လက္ဖက္ရည္ခြက္မ်ားနဲ႔ လက္ဖက္ရည္အိုးက အေတာ္ေလးကို ရိုးရွင္းျပီး အလွဆင္ထားတာေတြ အခ်ြန္အတက္ေတြ ရွိမေနေပ။ ၎က လံုးဝိုင္းသည့္ ရႊံေစးမ်က္နွာျပင္ျဖင့္ ေတာက္ပေနသည္။ ဒါသည္ ရိဟန္ရဲ႔ အဘိုးၾကိဳက္နွစ္သက္ေသာ tea sets မ်ိဳးနဲ႔ အတိအက်ကို တူညီေလသည္။ ရိဟန္က သူ႔ရဲ႔ ရွာေဖြေတြ႔ရွိမွုကို အလြန္ေက်နပ္အားရေနမိတာေၾကာင့္ ခ်န္ဖုန္းက ေငြသြားရွင္းခုိင္းထားတဲ့ အခ်ိန္မွာ သူကေတာ့ ဆုိုင္ဝန္ထမ္းမ်ားက tea sets အား ေသတၱာထဲ ထုပ္ပိုးေပးေနသည္ကို ၾကည့္ေနသည္။
"ဒီ tea sets က အရမ္းၾကည့္ေကာင္းတာပဲ, က်ြန္ေတာ့ကိုလည္း ေနာက္တစ္စံုေလာက္ ရွာေပးပါ, အနီးကပ္ ၾကည့္ၾကည့္ခ်င္လုိ႔" ရိဟန္ေဘးကေန ေယာက်ားတစ္ေယာက္ရဲ႔ အသံ ထြက္ေပၚလာသည္။
မန္ေနဂ်ာျဖစ္သူက အနားကို ေလ်ွာက္လာျပီး ေျပာ၏။
"စိတ္ရင္းနဲ႔ ေတာင္းပန္ပါတယ္ Mr ခ်ီ ခင္ဗ်ာ , က်ြန္ေတာ္တို႔မွာ ဒီ 'ေရ,တိမ္လႊာနဲ႔ မိုးေကာင္းကင္'setက တစ္စံုတည္းပဲ ရွိလုိ႔ပါ, Mr ပိုင္က ေငြေပးေခ်ျပီးေနပါျပီ, က်ြန္ေတာ္တို႔မွာ တစ္ျခား ေကာင္းမြန္တဲ့ tea sets ေတြ အမ်ားၾကီး ရွိေနပါေသးတယ္, တစ္ခ်က္ေလာက္ ၾကည့္ၾကည့္ခ်င္လား ခင္ဗ်?"
ရိဟန္က အသံပိုင္ရွင္အား လွည့္ၾကည့္လုိက္ေသာအခါ ထိုလူက သူ႔ကို ျပန္ၾကည့္ေနသည္ကို ျမင္လုိက္ရသည္။
"အာ, ဒါက ပိုင္သခင္ငယ္ေလးပဲ" ထိုလူက စကားေျပာလိုက္ရင္း အနားကိို အျပံဳးျဖင့္ ေလ်ွာက္လာကာ လက္ဆြဲနွုတ္ဆက္ရန္ လက္ကမ္းေပးလာသည္။
"ဘယ္ေလာက္ေတာင္ တိုက္ဆုိင္လုိက္လဲ Miss ယန္လည္း ရွိေနတာပဲ"
ယန္ေဖးက ထိုလူကို ျပန္ျပံဳးျပလုိက္ျပီး နွုတ္ဆက္ဟန္ျဖင့္ ေခါင္းညိတ္ျပသည္။
ရိဟန္သည္လည္း ထိုလူကို ယဥ္ယဥ္ေက်းေက်းျပံဳးျပကာ လက္ဆြဲနွုတ္ဆက္လုိက္ေလသည္။
"ဟုတ္ကဲ့, ကံမေကာင္းစြာနဲ႔ က်ြန္ေတာ္က ဒီ 'ေရ,တိမ္လႊာနဲ႔ မိုးေကာင္းကင္' tea set ကို က်ြန္ေတာ့္အဘိုးအတြက္ ဝယ္လုိက္တာမို႔လုိ႔ပါ မဟုတ္ရင္ ခင္ဗ်ားကို ေပးပါတယ္"
"ရပါတယ္ ပိုင္သခင္ေလး" ခ်ီမင္းေယာင္က ရွိေနဆဲ အျပံဳးျဖင့္ပင္ ေျပာသည္။
"ဒါက ဝယ္ယူမွု တစ္ခုပဲေလ, အရင္ေရာက္တဲ့သူ အရင္ရမွာေပါ့, လူၾကီးမင္းပိုင္အတြက္ လက္ေဆာင္ျဖစ္ေနတာကို မေျပာနဲ႔ အဲ့ဒီအတြက္ မဟုတ္ဘူးဆိုရင္ေတာင္ မင္းကို လက္ေလ်ာ့ေအာင္ လုပ္မွာမဟုတ္ပါဘူး, မင္းအဘိုးအတြက္ ေမြးေန႔လက္ေဆာင္ ေပးဖို႔လား?"
"ဟုတ္ပါတယ္" ရိဟန္ကျပန္ေျဖသည္။
"ဘယ္လိုသိတာလဲ Mr ခ်ီ?"
"တကယ္ေတာ့ ရိုးရိုးရွင္းရွင္း တိုက္ဆုိင္သြားတာပါ ဆိုတာမ်ိဳး မရွိဘူးေလ, က်ြန္ေတာ္လည္း ဒီ tea set ကို လူၾကီးမင္းပိုင္ရဲ႔ ေမြးေန႔လက္ေဆာင္အျဖစ္ ေပးဖို႔ စိတ္ကူးထားတာ, အဲ့ဒီလိုဆိုမွာေတာ့ tea set ကိုဘယ္သူဝယ္ဝယ္ အေရးမၾကီးေတာ့ပါဘူး, က်ြန္ေတာ္ တစ္ျခားတစ္ခုပဲ ရွာလုိက္ပါေတာ့မယ္"
"ေကာင္းပါျပီ Mr ခ်ီ, ဂရုစိုက္ပါ" ရိဟန္က ေခါင္းညိတ္နွုတ္ဆက္လိုက္သည္။
"ထပ္ေတြ႔ၾကတာေပါ့" ခ်ီမင္းေယာင္က ေျပာသည္။
ထိုလူက ဆုိင္ထဲကေန အရင္ျပန္ထြက္သြားေလသည္။ tea set ကို ထုပ္ပိုးလုိ႔ ျပီးသြားေသာအခါ ယန္ေဖးနဲ႔ ရိဟန္တို႔က ဆုိင္ထဲကေန ျပန္ေလ်ွာက္ထြက္လာၾကသည္။
"ငါသူ႔ကို မၾကိဳက္ဘူး" သူမက ရိဟန္ရဲ႔ လက္ေမာင္းအား လက္ျဖင့္လွမ္းထိလုိက္ျပီး သူ႔ကို တိုးတိုးေလး ေျပာလာသည္။
"ဘာလုိ႔လဲ?" သူကျပန္ေမးသည္။
"သူနဲ႔ ပတ္သတ္ျပီး ဘာကိုမၾကိဳက္တာလဲ? အိုး, သူက အေျဖာင့္ျဖစ္ေနလို႔လား?"
"အဲ့ဒါက လိင္စိတ္တိမ္းညႊတ္မွု အေၾကာင္းေမးခြန္းမဟုတ္ဘူး" သူမက ေလးေလးနက္နက္ေျပာသည္။
"ငါက အဲ့ဒီေလာက္ ေလးေလးနက္နက္ မေတြးတဲ့ သူမ်ိဳးလား?"
ရိဟန္ရဲ႔ ေပေစာင္းေစာင္း အၾကည့္ကို ျမင္ေသာအခါ သူမက သက္ျပင္းခ်သည္။
"ဟုတ္ပါျပီ, ငါက ေတာ္ေတာ္ေလးကို ေလးေလးနက္နက္ မေတြးတတ္ဘူး, ဒါေပမဲ့ ဒီတစ္ေခါက္ေတာ့ တကယ္ကို အဲ့ဒါေၾကာင့္ မဟုတ္ဘူး, သူက လူတုိင္းကို ျပံဳးျပေပမယ့္ တကယ္ေတာ့ အေတာ္ေလး စိတ္ထားေသးသိမ္တယ္, အကယ္၍ တစ္ေယာက္ေယာက္သာ သူ႔ကို တစ္ခုခု ဆန္႔က်င္ခဲ့မိရင္ သူ႔တစ္ဘဝလံုး ရန္ျငွိဳးထားလိမ့္မယ္, ငါတို႔က အဲ့ဒီကို အရင္ေရာက္ခဲ့ေပမယ့္လည္း သူကေတာ့ သူ႔ဆီက အရာတစ္ခုခုကို ငါတို႔ လုယူသြားတယ္လို႔ပဲ ေတြးမွာ, အဲ့ဒီအတြက္ ငါတို႔ကို သူ ရန္ျငွိဳးထားနုိင္တယ္, ဘယ္လိုပဲျဖစ္ျဖစ္ ငါက ဒီအတိုင္း သူ႔ကို မၾကိဳက္တာ"
"အိုး," ရိဟန္က ျဖည္းညွင္းစြာ ေျပာလာသည္။
"အဲ့ဒီေလာက္ေတာ့ မေလးနက္ေလာက္ပါဘူး, ဟုတ္တယ္မွတ္လား?"
တစ္ခ်ိန္လံုး သူတို႔ေဘးမွာ ရွိေနသည့္ ေက်ာင္းစုက ခပ္လြင္လြင္ေလး ရယ္လုိက္ျပီး ယန္ေဖးရဲ႔ ေခါင္းေလးကို ပုတ္ေပးလိုက္သည္။
"ငါတို႔ အားလံုးက တူညီတဲ့ လူမႈအသိုင္းအဝိုင္းမွာ ရွိတယ္။ စိတ္ရႈပ္စရာ မလိုဘူး။ သူနဲ႔ေတြ႕တဲ့အခါ ေခါင္းညိတ္ၿပီး ႏႈတ္ဆက္လိုက္ရင္ အဆင္ေျပသြားလိမ့္မယ္။ မင္းသူ႔ကို မႀကိဳက္ဘူးဆိုရင္ မင္းရဲ႕ေန႔စဥ္ဘ၀မွာ သူနဲ႔ဆက္ဆံတာကို ေရွာင္ႏိုင္တယ္ေလ"
"အင္း" ယန္ေဖးက အျပင္းအထန္ ေခါင္းညိတ္ေထာက္ခံသည္။
" ေက်ာင္းေကာမွန္တယ္, ဒါေပမဲ့ ရိဟန္ နင့္သူ႔ကို ဂရုစိုက္ဖို႔ေတာ့ လိုတယ္ေနာ္, သူနင့္ကို လက္စားေျခလာခဲ့ရင္ ဆိုတဲ့ကိစၥအတြက္"
"အဲ့ဒီလို မျဖစ္ပါဘူး" ရိဟန္က ျပန္ေျဖသည္။
"ငါတကယ္ေျပာေနတာ," သူမက ေျပာသည္။
"ဘယ္လိုပဲျဖစ္ျဖစ္ နည္းနည္းပိုျပီး သတိထားလုိက္, သတိဆိုတာ ေဘးကင္းေရးရဲ႔ မိဘပဲ"
"အင္းပါ, ငါသိပါတယ္" ရိဟန္က ေခါင္းညိတ္ျပျပီး ဆက္ေျပာသည္။
"အခုက မြန္းတည့္ေနျပီ, လာ, ေန႔လည္စာ သြားစားၾကမယ္, နင္ဘာစားခ်င္လဲ?"
"တစ္ျခားသူေတြကို ေမးၾကည့္မယ္ေလ, Guys, ဘာစားခ်င္လဲ?" ယန္ေဖးက ေမးသည္။
"ငါတို႔ထဲမွာ နင္တစ္ေယာက္တည္း မိန္းကေလးေလ, ေသခ်ာေပါက္ ငါတို႔က နင့္ေရြးခ်ယ္မွုအတိုင္း လိုက္မွာေပါ့" ရိဟန္က ေျပာလာ၏။
"အဲ့ဒီလိုဆို၇င္..." သူမက ေမးေလးကို လက္ျဖင့္ကိုင္ရင္း ေတြးလိုက္သည္။
"အေပၚဆုံးထပ္ကိုသြားရေအာင္။ အဲဒီမွာ တကယ္ေကာင္းတဲ့ စားေသာက္ဆိုင္ရွိတယ္။ ငါအဲဒီကို ခဏခဏေရာက္ဖူးတယ္။""
ရိဟန္က လွည့္ပတ္ေမးလုိက္သည္။ ဘယ္သူကမွ ထိုအၾကံကို မျငင္းဆန္တာေၾကာင့္ လူတိုင္း စားေသာက္ဆုိင္ရွိရာသို႔ တက္သြားလိုက္ၾက၏။
ဆိုင္ရဲ႔ တစ္ဦးတည္းေသာ ပံုမွန္ စာသံုးသူတစ္ေယာက္အေနနဲ႔ ယန္ေဖးက ေအာ္ဒါတင္ရသည့္ ဝန္ထုပ္ဝန္ပိုးကို ထမ္းလိုက္သည္။ အေလ့အထကေန ေပါက္ဖြားလာသည့္ သက္ေတာင့္သက္သာ ရွိမွုနဲ႔အတူ သူမက signature ဟင္းလ်ာတစ္ခ်ိဳ႔အား အျမန္မွာယူလိုက္ေလသည္။ တစ္ျခားသူမ်ားက ေနာက္ထပ္ အနည္းငယ္ ထပ္ထည့္လိုက္ေသာအခါ ၎တို႔ရဲ႔ စားေသာက္ဝိုင္းေလးက အဆင္ေျပသြာခဲ့သည္။
အမွန္ကိုပဲ အစားအေသာက္မ်ားက အရသာရွိလွသည္။ တစ္ဖြဲ႔လည္းကလည္း တစ္မနက္လံုး လမ္းေလ်ွာက္ေနခဲ့ၾကရတာပင္။ စားစရာ ေရာက္လာခ်ိန္မွာေတာ့ သူတို႔ေတြ ဆာေလာင္ေနၾကေလျပီ။ သူတို႔က စိတ္အားထက္သန္စြာျဖင့္ စားေသာက္ၾကေတာ့၏။ တိုက္ဆုိင္တာကေတာ့ သူတို႔ေတြ စားေသာက္ျပီး ျပန္တဲ့အခ်ိန္ ခ်ီမင္းေယာင္နဲ႔ ထပ္မံေတြ႔ဆံုမိျခင္းသာ။
ထိုလူက စားေသာက္ဆုိင္ထဲ ဝင္လာတာျဖစ္သည္။ သူက သူတို႔ကို ျမင္ေသာအခါ ျပံဳးျပီးနွုတ္ဆက္လာသည္။
"က်ြန္ေတာ္တို႔ ဒီေန႔ ေတြ႔ဆံုဖို႔အတြက္ ကံစပ္ေနပံုပဲ, ပိုင္သခင္ငယ္ေလး, ထပ္ေတြ႔ျပန္ျပီေနာ္"
"ဟုတ္ကဲ့" ရိဟန္က ယဥ္ယဥ္ေက်းေက်း ျပံုးျပလုိက္ျပီး ျပန္ေျပာသည္။
"ေန႔လည္စာ လာစားတာလား Mr ခ်ီ?"
ထိုလူက ေခါင္းညိတ္ျပလာသည္။
"ဒီေနရာက အစားအေသာက္ေတြက ေတာ္ေတာ္ေလးေကာင္းတယ္ေလ"
ရိဟန္သည္လည္း သေဘာတူညီဟန္ ေခါင္းျပန္ညိတ္ျပသည္။ သူတို႔က စကားအနည္းငယ္ ဖလွယ္ျပီးေနာက္မွာ နွုတ္ဆက္စကား ေျပာလုိက္ၾက၏ ရိဟန္နဲ႔ သူ႔အုပ္စုက ဆုိင္ထဲကေန ထက္လာလုိက္ၾကသည္။ ခ်ီမင္းေယာင္က ဆုိင္ထဲသို႔ လူနွစ္ေယာက္နွင့္အတူ ဝင္လာတာျဖစ္သည္။ ထိုလူနွစ္ေယာက္က သူတို႔ကို ျဖတ္ေက်ာ္သြားတဲ့အခ်ိန္ေလးမွာ ဝန္ထမ္းတစ္ေယာက္က ဟင္းခ်ိဳအိုးတစ္ခုနဲ႔ ေလ်ွာက္လာသည္။ ခ်ီမင္းေယာင္ရဲ႔ေနာက္မွ လူတစ္ေယာက္က ဝန္ထမ္းနားကို တိုးကပ္သြားလုိက္ျပီး မေတာ္တဆ လိုလိုနွင့္ ဝန္ထမ္းျဖစ္သူရဲ႔ ေနာက္ေက်ာအား တြန္းလုိက္ေလသည္။
ထိုသို႔ လုပ္လုိက္တဲ့အခ်ိန္မွာ သူက ဝန္ထမ္းျဖစ္သူရဲ႔ ေနာက္တည့္တည့္မွာ ရွိေနတာျဖစ္သည္။ ဝန္ထမ္းျဖစ္သူရဲ႔ ကိုယ္ေနဟန္ထားက သူ႔လုပ္ရပ္ကိုျမင္ကြင္းကေန ဖုန္းကြယ္ထားခဲ့ျပီး သူဘာလုပ္လိုက္လဲ ဘယ္သူမွ မျမင္ရနုိင္ေပ။ ဝန္ထမ္းျဖစ္သူက သတိလက္လြတ္ျဖစ္သြားရ၏။ သူက လက္ထဲက ဟင္းခ်ိဳအိုးနဲ႔အတူ ေရွ႔သို႔ေျခေခ်ာ္ၾကသြားသည္။ ပိုင္ရိဟန္သည္လည္း ဝန္ထမ္းျဖစ္သူ၏ ေရွ႔တည့္တည့္မွာ တိုက္တိုက္ဆုိင္ဆိုင္ ရွိေနသည္။
ဖန္းရီနဲ႔ ခ်င္ဖုန္းတို႔က ရိဟန္ရဲ႔ ေနာက္မွာ ေျခလွမ္းအနည္းငယ္ အကြာမွာ လုိက္ေနတာပင္။ရဲအရာရွိတြင္ လ်င္ျမန္ေသာ တုံ႔ျပန္မႈရွိသည္။ သူ႔လက္မ်ားက ရိဟန္အား ဟင္းခ်ိဳနဲ႔ ေလာင္းခ်ခံရမည္ကို ကာကြယ္ေပးဖုိ႔ လုပ္လုိက္တဲ့အခ်ိန္ သူ႔ေဘးမွာရွိေနသည့္ ခ်င္ဖုန္းက အရင္ဆံုး လွဳပ္ရွားလုိက္သည္။ ခ်င္ဖုန္းက ဘယ္လက္လက္ျဖင့္ ရိဟန္အား တြန္းလိုက္ျပီး သူ႔ညာဘက္ေျခေထာက္က ဟင္းခ်ိဳအိုးအား အေဝးကိုကန္ထုတ္လုိက္ေလသည္။
ျဖစ္ေပၚလာတဲ့ ကေမာက္ကမမ်ားအလယ္တြင္ ထိုအမ်ိဳးသားက ၾကမ္းျပင္ေပၚ မ်က္နွာအပ္ျပီးက်ေတာ့မည့္ ဝန္ထမ္းေလးရဲ႔ အက်ီၤေကာ္လာကို လက္တစ္ဖက္ျဖင့္ လွမ္းဆြဲျပီး ကယ္တင္နုိင္ရန္အထိ အခ်ိန္က်န္ေနသးသည္။ သူတို႔ရဲ႔ နားထဲတြင္ က်ယ္ေလာင္ေသာ အသံတစ္ခု ထြက္ေပၚလာ၏။ ဟင္းရည္အိုးက ၾကမ္းျပင္ေပၚက်သြားေလသည္။ ပြက္ပြက္ဆူေနသည့္ အိုးထဲမွ အေငြ႔မ်ားက အေပၚသို႔ပင္ တက္လာရသည္။
ရိဟန္က အတြန္းခံရမွုေၾကာင့္ ေရွ႔ကို ယိုင္လဲသြားတဲ့အခ်ိန္မွာ ေက်ာင္းစုက သူ႔ကိုျပန္ထိန္းေပးလိုက္သည္။ ရုန္းရင္းဆန္ခတ္မွုမ်ားကို ၾကားလုိက္ရတဲ့အခ်ိန္ ခ်ီမင္းေယာင္က ျပန္လွည့္ၾကည့္လာသည္။
"ဘာျဖစ္တာလဲ ပိုင္သခင္ငယ္ေလး?" ခ်ီမင္းေယာင္က အလ်င္စလို ေမး၏။
"ထိသြားေသးလား?"
ရိဟန္က တည့္တည့္မတ္မတ္ ျပန္ရပ္လုိက္ျပီး အျပံဳးျဖင့္ တုန္႔ျပန္သည္။
"က်ြန္ေတာ္အဆင္ေျပပါတယ္, ဘယ္သူမွ မထိသြားတာေတာ္ေသးတာေပါ့"
==============