HANARY(S1+S2)

By greyvictor25

6.6M 432K 73.4K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories πŸ’Œ
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

Ch-15(Uni/Zg)

41.8K 3.1K 194
By greyvictor25

" လွန်းရေ "

" ဟေ "

" ခြံရှေ့မှာ နင့်နာမည်နဲ့ပါဆယ်ပုံးတခုတွေ့လို့ ငါယူလာပေးတာ "

" ဟင် ဘယ်သူလာပို့သွားတာလဲမိလှိုင် "

" အဲ့တာတော့ငါလဲသေချာမသိဘူးရယ် ခြံရှေ့မှာအမှိုက်သွားပစ်ကာမှ ငါလဲတွေ့တာ "

အပြင်ပန်းကို သေချာသပ်ရပ်စွာထုတ်ပိုးထားပီး အမည်မပါတဲ့ လက်ဆောင်ပုံးလေးကို လွန်းသေချာစိုက်ကြည့်နေလိုက်သည်

" ဒီလက်ဆောင်ပုံးထဲမှာ ဘာတွေပါလဲတော့မသိပေမဲ့ နင်သိမ်းထားမယ်ဆို သခင်လေးမမြင်အောင်ဖွက်ထားနော် သခင်လေးအလုပ်ပြန်လာတဲ့အချိန်တွေ့သွားရင် တအိမ်လုံးသောင်းကျန်နေပါအုံးမယ် လွန်းရယ် "

" အေးပါ ဘာပဲဖြစ်ဖြစ် ငါဒီလက်ဆောင်ပုံးကိုလွှင့်ပစ်မှာပါ "

စိတ်တွေကလေးလံနေပေမဲ့ လက်ထဲကလက်ဆောင်ပုံးလေးကို အခန်းထဲအမြန်ယူလာလိုက်တယ် ဘယ်လိုလူက ဒီလိုတွေပို့နေမှန်းမသိပေမဲ့ ကျတော့်လူကြီးသာသိရင်တော့ ပြဿနာတွေက ရှင်းမနိုင်ဖြစ်သွားမှာအသေအချာပါပဲ

အပြင်ပန်းကိုသာ သေချာပြင်ဆင်ထားပေမဲ့ အထဲမှာတော့စာအိတ်လေးတအိတ်ကလွဲပီး ထူးဆန်းတာဘာမှမရှိပါဘူး ဘယ်လိုလူကများ စိတ်ရှုပ်အောင်လာလုပ်နေရတာလဲ...

" ဟင် "

စာအိတ်ထဲမှထွက်ကျလာတဲ့ ဓာတ်ပုံလေးတွေက လွန်းရဲ့အတွေးအာရုံတွေကို ရှုပ်ထွေးသွားစေမှာအမှန်...
အသက် 70ကျော်အဖိုးကြီးရဲ့အနားမှာ ကပ်ပါလာတဲ့ဟန်နရီရဲ့ပုံက ပုံမှန်မြင်နေကျမဟုတ်ပဲ အကြည့်တွေက ခက်ထန်ကာ သွေးအေးနေသည် Companyသွားနေကျ၀တ်စုံမဟုတ်ပဲ jacketအမဲနဲ့Pantအမဲကို lather bootနှင့်တွဲဆက်၀တ်ထားပုံက လွန်းအတွက်အနည်းငယ်ထူးဆန်းနေသည် ဘေးနားက အဖိုးကြီးကလဲ အနောက်တိုင်း၀တ်စုံကိုသေသပ်စွာ၀တ်ဆင်ထားပီး တခုခုကိုအောင်ပွဲခံနေတဲ့ပုံပင်..

" ဒါက.... "

ဓာတ်ပုံထဲ ဟန်နရီခါးကြားထဲမှ သေနတ်ကြောင့် လွန်းရဲ့မျက်လုံးလေးက ပို၍အရောင်တောက်သွားသည်

ဒါကဘာလဲ ဘာလို့သူ့ရဲ့ကိုယ်ပေါ်မှာ ကြောက်စရာကောင်းတဲ့ သေနတ်ရှိနေရတာလဲ...ဒီအရွယ်ကြီးရောက်ခါမှ ကလေးကစားစရာသေနတ်ကို ခါးကြားထဲထည့်လောက်မှာမဟုတ်
ဒီသေနတ်က အရင်တခါဖုန်းထဲ၀င်ရောက်လာတဲ့ သေနတ်များလား...သေချာတာတော့ ကျတော့အပေါ်တခုခုကို ဖုံးကွယ်ထားတာပဲမှတ်လား ဒီပုံတွေရဲ့အဓိပ္ပာယ်ကို ဘာမှနားမလည်ပေမဲ့ ကျတော့်ရင်ကိုပူလောင်စေတာတော့အမှန်ပါပဲ

သူ့လက်ထဲက ဓာတ်ပုံတွေကို ကုတင်အောက်ထဲထိုးထည့်ကာ လွန်းအပြင်ကိုပြေးထွက်လာလိုက်သည်

" မိလှိုင် ငါအပြင်ခဏသွားလိုက်အုံးမယ်နော် "

" တယောက်ထဲသွားမလို့လားလွန်း ကိုဖိုးစိန်ကိုလိုက်ပိို့ခိုင်းမယ်လေ "

" ရတယ် ငါ taxiပဲငှားစီးသွားမှာ ခဏနေရင်ပြန်လာခဲ့မယ်နော် "

အရင်ထဲက သူ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သတ်ပီး ကျတော့်ကိုဘာမှမပြောခဲ့ဖူးပေမဲ့ တခုခုကိုဖုံးကွယ်ထားနေမှန်း ကျတော်ရိပ်မိခဲ့ပါတယ် လက်ထပ်တုန်းကလဲ တခြားသူစိမ်းတွေကို ကျတော်နဲ့ပေးမတွေ့ချင်ဘူးဆိုပီး ရင်းနှီးတဲ့သူတွေလောက်ပဲဖိတ်ခဲ့တယ် မေ့မေ့ပျောက်ပျောက်ပဲထားခဲ့ပေမဲ့ ကျတော့်ဆီရောက်လာတဲ့ ထူးဆန်းတဲ့အရာတွေက သူနဲ့ပတ်သတ်တာတွေချည်းပါပဲ ကျတော်မသိပဲ ဘာတွေများလုပ်နေတာလဲ ခင်ဗျားရယ်~~~

*********

" ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင့် "

" ကျတော် ဟန်နရီနဲ့တွေ့ချင်လို့ပါ "

" အားနာပေမဲ့ သူဌေးက ဒီနေ့အလုပ်မလာပါဘူးရှင့် "

" ခင်ဗျာ...သူမနက်ထဲက Companyမှာရှိနေတာမဟုတ်ဘူးလား "

" သူဌေးက နေ့တိုင်း Companyကိုမလာပါဘူးရှင့် တပတ်သုံးရက်လောက်ပဲလာတာပါ အရေးကြီးကိစ္စရှိရင် ဖုန်းဆက်ပေးရမလားဟင် "

" မရှိပါဘူးဗျ ကျတော့်ကိုခွင့်ပြုပါအုံး "

လေးလံတဲ့ခြေလှမ်းတွေနဲ့ အပြင်ကိုပြန်ထွက်လာခဲ့တယ်
" အလုပ်တွေအမြဲရှုပ်နေလို့အိပ်ပြန်နောက်ကျတာပါ
အချစ်ရယ် "ဆိိုတဲ့လူက Companyကိုတပတ်သုံးရက်လောက်ပဲလာတာတဲ့လား

မေးခွန်းများစွာတွေးနေတဲ့ကလေးငယ်က သူ့အိတ်ထဲမှ ဖုန်းကိုထုတ်ကာ ဟန်နရီကိုလှမ်းခေါ်လိုက်သည်

" Hello "

" ကိုကို "

" ဗျ "

" ခင်ဗျားအခုဘယ်မှာလဲဟင် "

" Companyမှာပေါ့ အချစ်ရဲ့ "

" အော်~~ အရမ်းအလုပ်များနေလား "

" မများပါဘူး အချစ်ဘာစားချင်လို့လဲ ကိုအပြန်ကျ၀ယ်ခဲ့မယ်လေ "

" ဘာမှမစားချင်ပါဘူး ဒီနေ့ကော အိမ်ပြန်နောက်ကျမှာလား "

" ဒီနေ့ ကိုအလုပ်လေးနည်းနည်းများနေလို့ နောက်ကျမယ်ထင်တယ် ဒီနေ့တရက်ပါပဲ နောက်နေ့ကျ ကိုအလုပ်အားသွားပီ အချစ်သွားချင်တဲ့နေရာလိုက်ပိို့ပေးမယ်နော် "

" မနက်က အလုပ်ကိုအချိန်မှီရောက်ရဲ့လား "

" ကို့ကလေးလေးက ကို့အလုပ်တွေကိုစိတ်၀င်စားနေတာပေါ့လေ မနက်က 10နာရီလောက် အလုပ်ကိုရောက်ပါတယ်ဗျာ "

" အော်~~ "

" အချစ်အသံလေးကပျော့နေသလိုပဲ နေမကောင်းလို့လား "

" မဟုတ်ပါဘူး ကျတော်နည်းနည်းအိပ်ငိုက်နေလို့...ခင်ဗျားလဲအလုပ်ရှုပ်နေတာဆိုတော့ ဒါပဲနော် အိမ်ရောက်မှတွေ့ကြမယ်"

" ဟုတ်ပါပီဗျာ အများကြီးချစ်တယ်နော် "

" ဒါပဲနော် "

" အများကြီးချစ်တယ်နော်လို့ !!! "

" ဖုန်းချလိုက်တော့မယ် "

လွန်းဘက်မှ ချစ်တယ်ဆိုပီးပြန်မပြောသေးတာကြောင့် ဟန်နရီဘ၀င်မကျဖြစ်လာသည်

" ခဏနေအုံး!! အချစ်ဘာဖြစ်နေတာလဲ ကို့ကိုစိတ်ဆိုးနေတာလား "

" မဆိုးပါဘူး ကျတော်လဲချစ်တယ်နော် အများကြီးချစ်တာပါ "

သူကြားချင်တဲ့အဖြေရမှ ဟန်နရီပြန်ငြိမ်သွားသည် လွန်းကတော့ ဖုန်းချပီးတာနဲ့ မျက်ရည်လေးတွေ၀ဲကာ လမ်းလျှောက်လာလိုက်သည် အရင်ထဲက ခံစားလွယ်တဲ့ကလေးမို့ အချိန်ခဏလေးအတွင်းမှာတင် မျက်ရည်လေးတွေစီးကျလာသည်

" လွန်း "

အနောက်ကနေ လှမ်းခေါ်လိုက်တဲ့လူကြောင့် ပါးပြင်ပေါ်ကသူ့မျက်ရည်လေးတွေကိုသုတ်ကာ နောက်လှည့်ကြည့်လိုက်သည်

" အကို့ကို မှတ်မိလား "

" ဟိုတခါ ကားနဲ့... "

" လွန်းကဥာဏ်ကောင်းသားပဲ အကိုကရှိန်းလေ "

" ဟုတ် ကျတော်မှတ်မိပါတယ် ဘာကိစ္စများရှိလို့လဲဗျ "

" အကိုဒီနားက coffeeဆိုင်ကနေ လွန်းကိုလှမ်းတွေ့လိုက်လို့ခေါ်လိုက်တာပါ "

" အော် ဟုတ် "

ရှိန်းက ပတ်၀န်းကျင်ကိုအကဲခတ်ကာ လွန်းရဲ့အနားကိုချဥ်းကပ်သွားလိုက်သည်

" ဓာတ်ပုံထဲကအကြောင်းတွေမသိချင်ဘူးလား "

" ခင်ဗျာ "

" အဲ့ကိစ္စနဲ့ပတ်သတ်ပီး ငိုနေတာမှတ်လား "

" အဲ့တာတွေက အကိုပို့နေတာလား ဘာရည်ရွယ်ချက်နဲ့ ဒါတွေပို့နေရတာလဲ "

" ဟန်နရီအကြောင်းတွေ သိစေချင်လို့လေ "

" ဟန်နရီအကြောင်း?? ကျတော့်လူအကြောင်း ကျတော်သိပီးသားမို့ နောက်တခါကျတော်တို့နှယောက်ကြားသွေးလာမခွဲပါနဲ့ ကျတော့်ကိုသွားခွင့်ပြုပါအုံး "

" ဟန်နရီဗစ်တာက လွန်းထင်တာထက်ပိုပီး လျှို့၀ှက်ချက်များတဲ့လူတယောက်ဆိုရင်ကော ? "

မကြားတကြားလေးပြောလိုက်တဲ့ ရှိန်းရဲ့စကားကြောင့် လွန်းရဲ့ခြေလှမ်းတွေက ရပ်တန့်သွားသည်
ခေါင်းလေးငုံ့ကာ တွေ၀ေနေတဲ့ လွန်းရဲ့အနားကို ရှိန်းချဥ်းကပ်သွားလိုက်ပီး လွန်းရဲ့ပခုံးလေးကိုလှမ်းဖက်လိုက်သည်

" အကိုက လွန်းသိချင်နေတဲ့ မေးခွန်းတွေကို ဖြေပေးနိုင်မယ်ဆိုရင်ကော စိတ်၀င်စားလား "

" ကျတော်...ကျတော်ဘာမှမသိချင်ဘူး "

သူ့ကို ကြောက်လန့်နေတဲ့လွန်းရဲ့ပါးပြင်လေးကို လက်နဲ့အသာအယာပွတ်လိုက်ပီး လွန်းရဲ့မျက်နှာလေးကို သူ့ဘက်ဆွဲလှည့်လိုက်သည်

" အကို့ကိုမကြောက်ပါနဲ့ တနေရာရာမှာ အေးအေးဆေးဆေးစကားသွားပြောကြမလား လွန်းသိချင်တာအကုန်ပြောပြမယ်လေ "

*****

10.3.22
Grey

****

" လွန်းရေ "

" ဟေ "









" ဟင် "


" ဒါက.... "





" တယောက်ထဲသွားမလို့လားလွန်း ကိုဖိုးသောင်းကိုလိုက်ပို့ခိုင်းမယ်လေ "



*********







အချစ်ရယ် "ဆိုတဲ့လူက Companyကိုတပတ်သုံးရက်လောက်ပဲလာတာတဲ့လား


" Hello "

" ကိုကို "

" ဗျ "






" ဒီနေ့ ကိုအလုပ်လေးနည်းနည်းများနေလို့ နောက်ကျမယ်ထင်တယ် ဒီနေ့တရက်ပါပဲ နောက်နေ့ကျ ကိုအလုပ်အားသွားပီ အချစ်သွားချင်တဲ့နေရာလိုက်ပို့ပေးမယ်နော် "



" အော်~~ "




" ဒါပဲနော် "


" ဖုန်းချလိုက်တော့မယ် "





" လွန်း "


" အကို့ကို မှတ်မိလား "

" ဟိုတခါ ကားနဲ့... "




" အော် ဟုတ် "



" ခင်ဗျာ "






ခေါင်းလေးငုံ့ကာ တွေဝနေတဲ့ လွန်းရဲ့အနားကို ရှိန်းချဉ်းကပ်သွားလိုက်ပီး လွန်းရဲ့ပခုံးလေးကိုလှမ်းဖက်လိုက်သည်





*****

10.3.22
Grey

Continue Reading

You'll Also Like

110K 8.9K 70
-Welcome To Mysterious University ............ Mysterious University is a place where full of mysterious and something unexplained or inexplicable un...
1M 42.2K 54
α€„α€«α€œα€¬α€Έ.... စိတ်ချ...... α€”α€­α€—α€Ήα€—α€¬α€”α€Ία€›α€±α€¬α€€α€Ία€›α€„α€Ία€œα€Šα€Ία€Έ မင်းကိုပဲ ချစ်နေထုဢးမှာ.......... α€žα€―α€”α€±α€α€„α€Ία€‘α€½α€‹α€Ί α€€α€™α€Ήα€˜α€¬α€•α€»α€€α€Ία€žα€œα€­α€― α€œα€±α€•α€Όα€„α€Ία€Έα€™α€­α€―α€Έα€žα€Άα€α€½α€±α€‘...
3.9M 371K 43
α€˜α€šα€Ία€α€―α€”α€Ία€Έα€€α€™α€Ύ α€žα€­α€€α€Ήα€α€¬α€€α€»α€›α€α€šα€Ία€œα€­α€―α€· α€™α€α€½α€±α€Έα€α€²α€·α€–α€°α€Έα€˜α€°α€Έ ထင်စေ။ဒါတွေက α€„α€«α€™α€„α€Ία€Έα€€α€­α€―α€α€»α€…α€Ία€œα€­α€―α€·
3M 251K 66
ကျိန်စာတွေ α€œα€Ύα€œα€½α€”α€Ία€Έα€α€²α€·α€‘α€α€« α€‘α€›α€Ύα€―α€Άα€Έα€•α€±α€Έα€žα€°α€€ ? Start ~24.6.2021πŸ’” End~ 22.11.2021πŸ’”