Superstars Of Tomorrow ( Myan...

By C_Chilli69

15K 2K 74

Original author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Source: https://allnovelfull.com/ Status in COO : 507 c... More

Description
Chap 1.1 ကပ်ဘေးအဆုံးသတ်ပြီးနောက် ကမ္ဘာသစ်
Chap 1.2
Chap 2 အနက်ရောင်လမ်း(သို့)မှောင်ခိုလမ်း
Chap 3 မင်းသူငယ်ချင်းက အောင်မြင်သွားပြီ
Chap 4 ပုံရိပ်ယောင်အနုပညာရှင်များ
Chap 5 စွမ်းရည်သစ်ပြိုင်ပွဲ
Chap 6 အပြင်းအထန်ကြိုးစားရခြင်း
Chap 7 အရည်အချင်း
Chap 7 အရည်အချင်း
Chap 8 အမိုက်စားနိုးထမှု
Chap 9 ဒါဆို မင်းက ဒီလို အတွင်းရေးမှုးလေးပေါ့
Chap 10 ပြုတ်သွားပြီ
Chap 10- ပြုတ်သွားပြီ
Chap 11 ကျော်တက်သွားပြီ
Chap 12 ချောင်ထိုးခံထားရတဲ့ ပုံရိပ်ယောင်အနုပညာရှင် ပရောဂျက်
Chap 13 ဒီတာဝန်ကို မင်းဆီလွှဲထားလိုက်ပြီ
Chap 14.1 အရမ်းကြီးမမျှော်လင့်ထားနဲ့ ကောင်လေး
14.2
14. 2 Zawgyi
Chap 15 ကြယ်ပွင့်တွေနောက်လိုက်ဖူးလား


200 27 0
By C_Chilli69

ZG

ဂီတကျောင်းသားများသည်လည်း ဇယားမှလှုပ်ရှားမှုများကို အာရုံစိုက်နေကြသည်။

အထူးသဖြင့် ချီအန်း ဂီတအကယ်ဒမီကကျောင်းသားများဖြစ်သည်။

ကမ္ဘာပျက်ခေတ်လွန်သောအခါ တက္ကသိုလ်ပညာရေးကို ခြောက်နှစ်အထိ တိုးချဲ့ခဲ့သည်။  ​ဖျော်ဖြေ၊တင်ဆက်မှုမေဂျာနှင့်တေးရေးစပ်မှုမေဂျာမှနောက်ဆုံးနှစ်ကျောင်းသားများသည်  ဇယားကို အနီးကပ် အာရုံစိုက်စောင့်ကြည့်နေကြသည်။  ဇယားကိုအခြေခံ၍ပြီးဖျော်ဖြေရေးကုမ္ပဏီတစ်ခုစီ၏ အင်အားကိုလည်း သိနိုင်သည်။

Big Three ထဲတွင် ငွေတောင်ပံသည် ကို အားနည်းဆုံးဟုဆိုနိုင်သည်။  သူ့ရဲ့အောင်မြင်ထွန်းတောက်ချိန်များနောက်ကျန်ခဲ့ပြီဖြစ်သည်။ ထိပ်တန်းကျောင်းသားများသည် နီယွန်အနုပညာနှင့် Tongshan True Entertainment တို့ကို နှစ်သက်ကြသည်။အထူးသဖြင့် အဓိကပြောင်းလဲမှုဖြစ်ပြီးနောက်ပိုင်းမကြာသေးမီနှစ်များအတွင်း  တွင်ဖြစ်သည်။  ၄တို့၏ပုံရိပ်ယောင်အနုပညာရှင်များကြီးထွားလာမှုသည် တေးရေးဆရာများနှင့် စီစဉ်သူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်သောကြောင့်ကျောင်းသားများအတွက် လုံးဝအဆင်ပြေသည်။

"ငွေတောင်ပံက ဒီနှစ်မှာ ကောင်းကောင်းလုပ်နိုင်ခဲ့ပုံပဲ။ သူတို့ဆီက ၃ ယောက်က ထိပ်ဆုံး ၁၀ ယောက်ထဲမှာပါတယ်"

ဟု ကျောင်းသားတစ်ဦးက ပြောသည်။

"ထိပ်ဆုံး ၁၀ ယောက်လုံးက Big Three ကချည်းပဲ။"

"ဒါက Big Three ရဲ့ လွှမ်းမိုးနိုင်စွမ်းပေါ့!"

ကျောင်းသားများယူဆသလို သူတို့သည် ရန်ကျိုး ၏အကြီးဆုံး ဖျော်ဖြေရေး ကုမ္ပဏီ သုံးခု ဖြစ်တာကြောင့် Big Three ကသာ ဇယားကို အမှန်တကယ် အုပ်စိုးထားသင့်သည်။

"ဟေ့၊ ထိပ်ဆုံး ၁၀ ယောက်ထဲက တေးရေးဆရာ ၅ ယောက်က ငါတို့ကျောင်းက ဘွဲ့ရထားတာ။ ၅ ယောက်မှာ သုံးယောက်က ငွေတောင်ပံ၊ တစ်ယောက်က Tongshan True Entertainment နဲ့ နောက်တစ်ယောက်က နီယွန်အနုပညာ နဲ့စာချုပ်ချုပ်ထားကြတာကွ"
ဆိုပြီး ကျောင်းသားတစ်ယောက်က စိတ်လှုပ်ရှားစွာပြောသည်။

"အိုး ငွေတောင်ပံမှာ သုံးယောက်တည်းလား လေးယောက်မြောက်က ဘာဖြစ်သွားတာလဲ။ ငွေတောင်ပံက ငါတို့တေးရေးမေဂျာရဲ့ နောက်ဆုံးနှစ်  လေးယောက်နဲ့ လက်မှတ် ထိုးတယ်လို့ ကြားထားတာ။ အဲဒီထဲက သုံးယောက်က ထိပ်ဆုံး ၁၀ ယောက်ထဲပါပြီးလေးယောက်မြောက်က ဘယ်ရောက်သွားတာလဲ။  သူက၁၀ယောက်ထဲမပါဘူး။ ငါ အယောက် ၁၀၀ ထဲလည်းစစ်ပြီးပြီ။ သူ့ကို ရှာမတွေ့ဘူး"

"တကယ်လား? နောက်ဆုံးလူက ဘယ်သူလဲဆိုတာ ကြည့်ရအောင်။ တေးရေးမေဂျာကသူတို့နဲ့လက်မှတ်ထိုးထားတဲ့သူတွေက... Rong Zheng(ရုန်ကျောင်း) ၊ Chu Guang (ချူကောင်း) နဲ့ Sha Andu( ရှအန်းတု)၊  မဟုတ်ဘူး မဟုတ်ဘူး... Sha Andu က Tongshan True Entertainment နဲ့ လက်မှတ်ထိုးထားတာ။ Prius(ပရီးယပ်စ်) မဟုတ်ဘူးလား။"

"Prius က နီယွန် နှင့် လက်မှတ်ထိုးထားတာ။ သူက ထိပ်ဆုံး ၁၀ ယောက်ထဲမှာပါတယ်။"

"အိုး! သူမဟုတ်ရင် တစ်ခြားဘယ်သူရှိလဲ၊။ဟုတ်သားပဲ __Fang Zhao၊ ငါတို့ Fang Zhao ကို ခုထိမတွေ့သေးဘူး။"

"ဟုတ်​တယ်​ သူ​ခုထိပေါ်မလာ​သေးဘူး"

"Fang Zhao က ပထမဆုံး လက်မှတ်ထိုးခဲ့တာ မဟုတ်ဘူးလား။ငါတို့အကြံပေးအရာရှိက Fang Zhao က ဒီရာသီစွမ်းရည်သစ်ပြိုင်ပွဲမှာ ထိပ်တန်း 10 ယောက်စာရင်းထဲဝင်ဖို့ အလားအလာရှိတယ်ဆိုပြီး  စိတ်လှုပ်ရှားနေခဲ့တာလေ။"

ကျောင်းသားများသည် ဇယားကို ပြန်ကြည့်သော်လည်း Fang ၏အမည်ကို ရှာမတွေ့သေးပေ။

ဘာဖြစ်သွားတာလဲ?

ရာသီကုန်ခါနီးနေပြီ။  ဘယ်လိုဖြစ်လို့ ပြိုင်ပွဲမဝင်ရသေးတာလဲ။

သူ့မိခင်တက္ကသိုလ်မှ ကျောင်းသားတွေသာမက၊ သူ့ငယ်သူငယ်ချင်းတြွေဖစ်တဲ့ Zeng Huang နဲ့ အပေါင်းအသင်းတွေကလည်း အထိတ်တလန့်နဲ့ ဒေါသတကြီးဖြစ်နေကြတယ်။  Fang Sheng သည် ထိပ်ဆုံး ၁၀ယောက်နေရာတွင် အောင်ပွဲခံကာထိုင်နေသည်ကိုမြင်ပြီး ခံပြင်းနေကြသည်။။ Fang Sheng ရဲ့ သီချင်းတွေကခိုးထားတာ၊ Fang Zhao ဆီက ခိုးထားတာဖြစ်တဲ့အကြောင်း ကမ္ဘာကြီးကိုအသိပေးကြေညာလိုက်ချင်သည်။

သူတို့မှာ သက်သေမရှိဘဲ ရူးရူးမိုက်မိုက်လုပ်လိုက်လျှင် အသရေဖျက်မှုနဲ့ တရားစွဲခံရလိမ့်မယ်။  အသရေဖျက်မှုရဲ့ ပြစ်ဒဏ်မှာ ပြင်းထန်ပြီး နီယွန်အနုပညာကလည်း Fang Sheng ကို သံသယဖြစ်မည်မဟုတ်ပေ။  နီယွန်အနုပညာသာလမ်းလွဲသွားပါက ဘယ်သူ့အတွက်မှကောင်းမည်မဟုတ်ပေ။

"အဖိုးကြီး Zhao ဘာတွေတွေးနေတာလဲ၊ အခု ပြိုင်ပွဲကို တကယ်ဝင်ပြိုင်မှာလား။ ၁၀ရက်တောင် ဖြစ်နေပြီ။"

Zeng Huang ရဲ့ စေ့စပ်ထားသူလည်းဖြစ် ၊ Fang Zhao ရဲ့ ငယ်သူငယ်ချင်းလည်းဖြစ်သည့်  Fang Yue သည် Fang Zhao ကို ရက်အတော်ကြာအောင် စောင့်ကြည့်နေသည့်တိုင် ခုထိဘာသတင်းမှမရသေးပေ။

သူတို့စကားပြောနေစဉ် Zeng Huang ၏လက်ကောက်မှ ~တင်~ ဟူသောသတိပေးသံတစ်ခုပြတ်ပြတ်သားသားကြားလိုက်ရသည်။

မက်ဆေ့ခ်ျပို့သူကို မြင်လိုက်သောအခါ မျက်လုံးများ တောက်ပသွားသည်။

"ဒီမှာ  သူက!"

__________

Fang Zhao သည် ဒီလိုဝင်ပြိုင်ရန်လက်ခံခဲ့သော်လည်း စွမ်းရည်သစ်ပြိုင်ပွဲ စကတည်းက သူကောင်းကောင်းမအိပ်ခဲ့ရပေ။  အစကတော့ သူ့အဆင့်သတ်မှတ်ချက်အတွက် ပူပန်​သောကရောက်မိပေမယ့် ခုတော့ စိတ်လှုပ်ရှားရုံလောက်သာရှိတော့သည်။

သူ၏လက်ပတ်စခရင်ပေါ်တွင် ဒေါင်းလုဒ်လုပ်သူ အရေအတွက်ကို စောင့်ကြည့်နေရင်းသူ့ဘဏ္ဍာတိုက်ထဲ၌ ငွေသားများပြည့်နေမည်ကိုပုံဖော်ကြည့်နေသည်။

ဒေါင်းလုဒ်တစ်ခုစီသည် ဒေါ်လာတစ်ဒေါ်လာ ကုန်ကျသည်။  အထူးအခြေအနေမျိုးမရှိပါက ဝင်ငွေကို ၃ ချိုးခွဲကာ တေးရေးဆရာမှ ၃၀ ရာခိုင်နှုန်း၊ အဆိုတော်မှ ၂၀ ရာခိုင်နှုန်းနှင့် အသံသွင်းကုမ္ပဏီက ၅၀ ရာခိုင်နှုန်း ရရှိကြမည်။ ပုံရိပ်ယောင်အနုပညာရှင်များများပြားလာမှုသည် တေးရေးဆရာများကို တန်ဖိုးမြင့်လာစေပြီး အဆိုတော်များကိုမူ တန်ဖိုးနိမ့်ကျလာစေသည်။  အဆင့်အတန်းအလိုက် B အဆင့် အဆိုတော်များသည် တေးရေးဆရာများလောက်ကြေးမမြင့်သောကြောင့် ရသည့်အချိုးပမာဏနည်းသည်မှာ သဘာဝကျသည်။

လက်ရှိရာသီအတွက် Fang Sheng သည် Fang Zhao ထံမှ သူခိုးယူခဲ့သော သီချင်းသုံးပုဒ်လုံးကို ထည့်သွင်းပြီး အာမခံယူထားသည်။  သူသည် လက်ရှိရာသီတွင် အရာအားလုံးကို လောင်းကြေးထပ်ကာ ကုမ္ပဏီနှင့်လက်မှတ်ထိုးပြီး အလုပ်လက်မဲ့ဘဝကို အဆုံးသတ်ဖို့ကြံထားခြင်းဖြစ်သည်။  သူ့စာချုပ်အရ ဝင်ငွေကို ခွဲဝေလိုက်လျှင် သီချင်းသုံးပုဒ်ပေါင်းကို ဒေါင်းလုဒ်အရေအတွက် ၃ သန်းရှိသည့်အတွက် Fang Sheng မှာ အမြတ်တစ်သန်းရမည်ဖြစ်သည်။  သူ့အလုပ်က ဒီထက်ပိုအဆင်ပြေလာလို့ ပိုအဆင့်မြင့်တဲ့ စာချုပ်မျိုး ချုပ်နိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ဝေစုအချိုးမှာတိုးလာပြီးဝင်ငွေ ပိုရလာမှာပါ။

ဒီသီချင်းသုံးပုဒ်ကြောင့် ဆင်းရဲတွင်းကထွက်လာနိုင်တာ။ခုလိုစံစားရတာ  ဘယ်လောက်ကြာသေးလို့လဲ?

ဇယားမှာနေရာအသီးသီးယူထားနိုင်တဲ့သီချင်းသုံးပုဒ်ကိုကြည့်ပြီး Fang Sheng တစ်ယောက် အပြစ်ရှိစိတ်မဖြစ်သလို နောင်တလည်းမရပေ။  ဒီလမ်းကို လျှောက်မိတဲ့အတွက် ဝမ်းတောင်သာသေးသည်။ ဒီသီချင်းသုံးပုဒ်ကို ယူထားလိုက်မိတာ စောက်ရမ်းကံကောင်းတာပဲ!

သူ ကုမ္ပဏီကို စဝင်လာတုန်း ဝန်ထမ်းတွေရဲ့အသစ်တွေပေါ်ဆက်ဆံပုံက အတော်လေး အေးစက်တယ်။  အခုကျ သူ့ကိုတွေ့တိုင်း ပြုံးပြကြတယ်။  အပြောင်းအလဲဂုဏ်သတင်းကျော်ကြားလာမှုကြောင့် စိတ်နေသဘောထားများပြောင်းလဲလာကြခြင်းဖြစ်သည်။ ယခုကစပြီး နီယွန် ကနေ အကျိုးအမြတ်တွေအများကြီးခံစားနိုင်တော့မည်။ရှေ့လျှောက် အရည်အချင်းပိုရှိတဲ့ အဆိုတော်တွေနဲ့လက်တွဲနိုင်တော့မည်။  ထိုအချိန်သူ့ခေါင်းထဲတွင် "အဆုံးမဲ့ချမ်းသာခြင်း" ဆိုတဲ့ စကားလုံးနှစ်လုံး ပေါ်လာသည်။

Fang Zhao ကရော?

Fang Sheng သည် အသံတိတ် ရယ်မောလိုက်ကာ လက်ပတ်စခရင်ကိုဖွင့်ပြီး ဇယားမှအဆင့်များကို ဝေ့ကြည့်လိုက်သည်။  လှုပ်ရှားမှု သိပ်မရှိပေ။

"Fang Zhao က မျှော်လင့်စရာမရှိတော့ဘူး"

ထိုအချိန်တွင်…

"တင်!"

သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

Fang Sheng သည် သတိပေးချက်များစွာယူထားလေရာ "တင်" ဟူသောအသံသည် စာသားမက်ဆေ့ခ်ျ သို့မဟုတ် သူ follow လုပ်ထားသော သတင်းစာမျက်နှာများမှ သတင်းအသစ်များကို ဖော်ပြခြင်းဖြစ်သည်။ သို့သော် ထိုအသံကိုကြားချိန်တွင် ဘာကြောင့်မှန်းမသိ Fang Sheng မှာ ရင်ဘတ်ထဲတင်းကျပ်သွားသလိုခံစားလိုက်ရသည်။

သူ့လက်ပတ်ပေါ်က နာရီကို ကြည့်လိုက်တယ်။  မနက် ၈ နာရီ ထိုးပြီ ။

နံနက် ရှစ်နာရီတွင် စစ်ဆေးပြီးသော သီချင်းအသစ်များကို တင်ကြသည်။

ရုတ်တရက် Fang Sheng သည် သတိပေးချက်ကို နှိပ်ရန် ဒုတိယအကြိမ်အတွေးဝင်လာသည်။

သူသည် အနည်းငယ် အသက်ပြင်းပြင်းရှူပြီး နှိပ်လိုက်သည်။  အခြားတစ်ခုခုဖြစ်နိုင်မှာပါ ဟု Fang Sheng တွေးနေသည်။

သူသတိပေးချက်ကို နှိပ်ကာ စာကိုဖတ်ကြည့်ပြီးနောက် သူ့မျက်နှာမှာ ဖြူဖျော့သွားသည်။

သူ့ဖန်သားပြင်တွင် သူ followလုပ်ထားသော တေးရေးဆရာတစ်ဦး၏ အသစ်ထွက်ရှိမှုကို ကြေငြာသည့် သတိပေးချက်ကို ဖော်ပြထားသည်။  "Hehe, My Dear" ကို Bei Zhi က ဖျော်ဖြေပြီး ငွေတောင်ပံမီဒီယာမှ  Fang Zhao က ရေးစပ်ထားသည်။

(T/N  MCရဲ့သီချင်းခေါင်းစဉ်က တကယ်ငစား😅)

တေးရေးဆရာ Fang Zhao

Fang Zhao...

သူသီချင်းခေါင်းစဉ်ကို တိတ်တဆိတ် ရေရွတ်မိသည်။  "Fang Zhao" ဟူသော စကားလုံးနှစ်လုံးကြောင့် သူမျက်လုံးတွေနာလာသည်။  တောင့်တင်းနေတဲ့လက်ချောင်းများကို ရွှေ့ပြီး play ခလုတ်ကိုမနှိပ်ခင်အထိ ထိုနာမည်ကို မျက်လုံးအနာခံပြီး တစ်မိနစ်လောက် စိုက်ကြည့်နေမိသည်။  နားထောင်ပြီးသွားသောအခါ Fang Sheng သည် သူ့အခန်းထဲတွင် နေနေပြီး လုံးဝတိတ်ဆိတ်သွားသည် ။ 

နေ့လယ်ဘက်တွင် သူ့ကို နီယွန်မှ ဖိတ်၍လာရသောအခါ လူများက သူ့ဆီချဉ်းကပ်ပြီး နှုတ်ဆက်ချင်ကြသည်။ သို့သော် ထိုသူမှာ တစ္ဆတေစ်ကောင်လို ဖြူဖျော့နေပြီး အကြည့်များမှာလည်း ကြောက်စရာကောင်းနေသည်ကို သတိထားမိသွားကြသည်။

"သူ ဘာဖြစ်လာတာလဲ"

ဝန်ထမ်းများမှာ တိတ်တဆိတ်အံ့ဩနေကြသည်။

"မသိဘူးလေ၊  သူ စွမ်းရည်သစ်ပြိုင်ပွဲမှာ ကောင်းကောင်းလုပ်နိုင်နေတာပဲဟာ။သူ့သီချင်းသုံးပုဒ်စလုံးက ထိပ်ဆုံး ၁၀၀ ထဲမှာ၊ တစ်ပုဒ်ဆို ထိပ်ဆုံး ၁၀ ပုဒ် ထဲမှာတောင်ပါတာ"

"သူ ထိပ်ဆုံး ၁၀ ယောက်ထဲက ပြုတ်သွားမှာ ငါကြောက်တယ်။ ဒီလိုဆို သူ့အတွက် အခြေအနေမကောင်းဘူးမလား။"

နီယွန်မှ ဝန်ထမ်းတစ်ဦးက ဇယား၏လက်ရှိအခြေအနေကို ဖတ်ပြီးပြောလာသည်။

အဲဒီ့အချိန်တုန်းက Fang Sheng ဘယ်လို ခံစားခဲ့ရလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။  သူက အရည်အချင်းရှိတဲ့ တေးရေးဆရာ မဟုတ်ပေမယ့် ဒါကသီချင်းကောင်းတစ်ပုဒ်ဆိုတာကိုတော့ပြောနိုင်သည်။  ဘယ်သီချင်းက အောင်မြင်နိုင်ပြီး ဘယ်သီချင်းကမှ မအောင်မြင်နိုင်ဘူးဆိုတာ ခွဲခြားသိနိုင်ပြီး သူ့အရသာက လူအများနဲ့ ထပ်တူကျတယ်။  ဒါ့ကြောင့် Fang Zhao ရဲ့ သီချင်းက ဘယ်လို အကျိုးဆက်တွေ ယူဆောင်လာနိုင်မလဲဆိုတာ သူသိနေသည်။  အခုအချိန်မှာ Fang Zhao က သူ့သီချင်းကို အမှီအခိုမရှိဘဲ ထုတ်ခဲ့မယ်ဆိုရင် ပြဿနာဖြစ်မည် မဟုတ်ပေ။  ထိုကဲ့သို့ ခြိမ်းခြောက်မှုမျိုး မပြုလုပ်နိုင်ပေ။  သို့သော် Fang Zhao ၏ နောက်တွင် Big Three ထဲမှ တစ်ခုဖြစ်သည့် ငွေတောင်ပံရှိနေသည်။

ငွေတောင်ပံက လူသစ်များအတွက် သူတို့၏ အရောင်းအင်အားကို အပြည့်အ၀အသုံးချနေသရွေ့ Fang Zhao ၏အဆင့်မှာ ထိုးတက်သွားမည်ဖြစ်သည်။

ရက်နှစ်ဆယ်ဟူသော ပမာဏသည် နည်းလည်းမနည်းသလိုများလည်းမများပေ။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဒါကြီးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

Fang Zhao က ဒီရက်ပိုင်းလေးအတွင်းမှာ သီချင်းအသစ် ဘယ်လိုဖန်တီးလိုက်တာလဲ။

သူအစောကတည်းကရေးထားတာဖြစ်မယ်။ ဟုတ်တယ် ၊  ဒီလိုပဲဖြစ်ရမယ်

ဒါဆို Fang Zhao က သတိထားမိနေခဲ့တာပေါ့။

Fang Sheng သည် အိမ်ပြောင်းရန် မှောင်ခိုလမ်းကိုပြန်သွားတုန်းက Fang Zhao ရဲ့ အကြည့်ကို ပြန်စဉ်းစားကြည့်သည်။  အကြည့်တွေထဲမှာ နက်ရှိုင်းတဲ့ အမုန်းရန်ငြှိုးတွေ သိုဝှက်ထားခဲ့တာပဲ။ ခုတော့ သူ့ရှေ့ကိုကလဲ့စားချေဖို့ ထွက်လာပြီ။

ဇွန်လမှာ ရန်ကျိုးရဲ့ ရာသီဥတုက အတော်လေးနွေးထွေးပေမဲ့ Fang Sheng ကတော့ ခုမှရေခဲသေတ္တာထဲက ဆွဲထုတ်ခံထားရသလိုမျိုး သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးစက်မှုကို ခံစားနေရသည်။

ငွေတောင်ပံမီဒီယာသည် မကြာသေးမီနှစ်များအတွင်း အောင်မြင်မှုများကျဆင်းလာသည်ဆိုသော်လည်း၊ Big Three ထဲမှ တစ်ခုအနေဖြင့် ၄၏ဈေးကွက်ရှာဖွေနိုင်စွမ်းသည် ကုမ္ပဏီငယ်များယှဉ်နိုင်သည့်အဆင့်မဟုတ်ပေ။ လူသစ်များအတွက် ရည်ရွယ်ထားသော ချန်နယ်တိုင်းတွင် အရောင်းမြှင့်တင်ပေးလိမ့်မည်ဖြစ်သည်။

ဥပမာ ချီအန်းဂီတအကယ်ဒမီရဲ့ကျောင်းကွန်ရက်။

"ဒီမှာ ငွေတောင်ပံက သီချင်းသစ် တင်လိုက်ပြီ။ တေးရေးဆရာက Fang Zhao!"

"အခုချက်ချင်း ဒေါင်းလုဒ်လုပ်ရအောင်။ သူက ငါတို့ဆီက လူဟောင်းပဲ၊ ငါတို့ သူ့ကို အားပေးရမယ်။"

"တေးရေးဌာနက ညီအကိုမောင်နှမတို့ ၊ငါတို့ကျောင်းသားဟောင်း Fang Zhao ကို အားပေးရအောင်!"

"ဒေါင်းလုဒ်လုပ်ပြီးပြီ။"

" ဒေါင်းလုဒ်လုပ်ပြီးပြီ +1။"

"ကျွန်တော်က တူရိယာမေဂျာကဆိုပေမဲ့ ကျွန်တော်လည်း ကူညီပေးပါ့မယ်။"

ကျောင်းသားအများစုသည် သီချင်းကိုနားမထောင်ကြသော်လည်း ဘွဲ့ရများအတွက် ပံ့ပိုးကူညီမှုတွင် ပါဝင်ခဲ့ကြသည်။  Fang Zhao တစ်ဦးတည်း မဟုတ်၊ ထိပ်တန်းဘွဲ့ရကျောင်းသားအားလုံးသည် ထိုကဲ့သို့သော အရေးတယူဆက်ဆံပေးခြင်းမျိုးရရှိကြသည်။

ကျေးဇူးတင်စရာကောင်းသည်က ဒီကျောင်းသားတွေထဲက တစ်ယောက်မှ Fang Zhao ကို ထောက်ပံ့ဖို့ ရည်ရွယ်ချက်မရှိကြပေ။  သူတို့က Fang Zhao ကို မသိတာလည်းဖြစ်နိုင်သလို အခြားလူသစ်တွေရဲ့ ပရိတ်သတ်တွေလည်း ဖြစ်နိုင်သည်။ သို့သော်လည်း Fang Zhao အကြောင်းကို သိချင်နေကြဆဲဖြစ်သည်။ ဒီလိုရာသီကုန်ခါနီးကျမှပေါ်လာတဲ့ သီချင်းကဘယ်လိုမျိုးလဲ။

ယခုလို Fang Zhao ဝင်ပြိုင်နိုင်ရန် ငွေတောင်ပံဘက်မှ အစွမ်းကုန် ဆောင်ရွက်နေပြီး ထိုသို့ဆောင်ရွက်ခြင်းသည်လည်း မိုက်မဲသည်ဟုမဆိုနိုင်ပေ။  Fang Zhao က အပေါစားသီချင်းပဲပေးရင်တောင် ငွေတောင်ပံကတော့ မျက်နှာပျက်ခံမည်မဟုတ်ပေ။

ချီအန်းရှိ အဆင့်မြင်တက္ကသိုလ်တစ်ခု၏ အဆောင်အတွင်းတွင် တတိယနှစ် ကျောင်းသားတစ်ဉီးအိပ်ရာမှထလာသည်။  အိပ်ရာထ နောက်ကျပြီး သတင်းသစ်များကြည့်ရန် သန်းဝေရင်း လိုင်းပေါ်တက်လာသည်။

သူ့အကျင့်အတိုင်း သူသုံးနေကျ Intimately You Music ဟုခေါ်သော Appကို ဖွင့်လိုက်ပြီးတစ်နေ့တာအတွက် အကြံပြုထားသောသီချင်းများကို ဖွင့်လိုက်သည်။

ဤအကြံပြုချက်သီချင်းအားလုံးနိမ့်ကျနေပြီးသူရဲ့ယခင်ကနှစ်သက်မှုလိုလားချက်အဆင့်များကိုပါ နှိမ့်ချထားရသည်။  သူကြိုက်တဲ့သီချင်းတွေ့ရင် မှတ်ထားလိုက်ပြီး၊ သူတကယ်သဘောကျမှသာ ဒေါင်းလုဒ်ဆွဲလိုက်သည်။

သူသည် သူ့နားကြပ်များကို တပ်လိုက်ပြီး သီချင်းတွေ နားထောင်ရင်း တစ်နေ့တာ၏များပြားလှနေသော ဖျော်ဖြေရေး ခေါင်းစီးများကို ရှာဖွေနေလိုက်သည်။

ဘာမှ မစိတ်ဝင်စားစရာ မရှိသလို သူ့နားထဲဝင်လာတဲ့ သီချင်းများမှာ သူ့ကို အထင်ကြီးအောင်လုပ်နိုင်စွမ်းသိပ်မရှိပါပေ။  မဆိုးပေမယ့် အံ့သြစရာတော့ မဟုတ်ပေ။  အဆင်ပြေတဲ့ သီချင်းတစ်ပုဒ် နှစ်ပုဒ်လောက် ရှိပေမယ့် တစ်ခေါက်နားထောင်ပြီး နောက်ထပ်မစဉ်းစားတော့ပေ။  သူ့ playlist ထဲဝင်ပြီး 'မင်းဘယ်လိုထင်လဲ' လို့မေးရင် သူအများကြီးပြောနိုင်မည်မဟုတ်ပေ။

ဒါက လုပ်ရိုးလုပ်စဉ်တစ်ခုပါ။  သူတို့လို ဂီတလောက အပြင်လူများသည် သူတို့ဒေါင်းလုဒ်လုပ်ထားပြီးသော သီချင်းများကို မကြာခဏ နားထောင်လေ့ရှိသည်၊ ရံဖန်ရံခါ အကြံပြုထားသော အသစ်များ သို့မဟုတ် ယခင်ထွက်ထားပြီးသားများကိုသာ နားထောင်ဖြစ်ကြသည်။

သတင်းကို အာရုံသိပ်မစိုက်ဘဲ သမ်းဝေရင်းဖတ်နေစဉ် သူ့နားထဲ တစ္ဆခြောက်သံလို ရယ်သံကို ကြားလိုက်ရပြီး သူ့ရဲ့ သမ်း(ဝေ)လက်စပင် နှာချေမှုအဖြစ် ပြောင်းသွားသည်။  သူ့ခန္ဓာကိုယ်မှာ နိုးလာပြီး ထိုင်းမှိုင်းနေတဲ့ အိပ်ချင်စိတ်တွေပါပျောက်သွားကာ တုန်လှုပ်ခြောက်ခြားစွာ ထထိုင်မိလိုက်သည်။

ထိုပုံစံအတိုင်း စက္ကန့် ၂၀ လောက်ငြိမ်နေပြီးနောက် နောက်ဆုံးတွင် ကျောင်းသားသည် သူနားထောင်နေသောသီချင်း၏အမည်ကိုသိရရန် သတင်းမှ သီချင်းappသို့ပြောင်းကာ စခရင်ကို အပေါ်အောက်ဆွဲရင်း သူလက်ချောင်းများကိုလှုပ်ရှားနေသည်။

ခေါင်းစဉ်ကိုမြင်သောအခါ ကျောင်းသားမှာ စက္ကန့်ပိုင်းလောက် ကြောင်သွားသည်။

"  'Hehe, My Dear?'  ဒါက ဘယ်လို ခေါင်းစဉ်ကြီးလဲ။"

ကျောင်းသားသည် ဇယားပေါ်ရှိ အခြားသူများနှင့် မတူသော ခေါင်းစဉ်ကို စိုက်ကြည့်ရင်း အော်ဟစ်ညည်းညူလိုက်သည်။  ပထမအကြိမ် နားထောင်ပြီးနောက် သူ့လက်ချောင်းများကို လှုပ်ရှားကာ ထပ်ဖွင့်လိုက်သည်။

နောက်တစ်ခေါက်။

နောက်တစ်ခေါက်။

နောက်တစ်ခေါက်။

"တင်!"

"သင်တစ်နေ့တာအတွက် နမူနာနားထောင်နိုင်ခွင့်မှာ အကန့်အသတ်သို့ ရောက်ရှိသွားပါပြီ"

ဟူသောသတိပေးချက်က ဖန်သားပြင်တွင် ပေါ်လာသည်။

ပြည့်သွားပြီလား ?

ငါဒီသီချင်းကို ငါးခါတောင် နားထောင်ပြီးသွားပြီလား?

အိုး၊ မြန်လိုက်တာ။

သူသည် သီချင်းကို ငါးကြိမ်တိုင်တိုင် အာရုံစူးစိုက်မှု အပြည့်နှင့်နားထောင်နေရာမှ ရုတ်တရက် သတိဝင်လာသည်။ သူ တကယ် သီချင်းတစ်ပုဒ်ထဲကို အာရုံစိုက်ပြီး ငါးကြိမ်လောက် နားထောင်လိုက်မိသည်။

ဒေါင်းလုဒ်လုပ်ရမယ် !။

တစ်ဒေါ်လာပဲကျတာလေ။  သူ တစ်နေ့ခင်းလုံး ထိုသီချင်းကိုပဲ ပတ်ဖွင့်ထားဖို့တွေးနေသည်။ ၄မှာ ပျင်းစရာကောင်းသော နေ့ခင်းအတန်းချိန်နှစ်ခုအတွက် လုံးဝအဆင်ပြေသော သီချင်းဖြစ်သည်။  သူ အိပ်ပျော်ခါနီးတိုင်းနားကြပ်ထဲက "ဟီးဟီး(hehe)" အသံကြောင့် နိုးလာနိုင်သည်။

ဒေါင်းလုဒ်လုပ်ပြီးနောက်၊ သူသည် သီချင်းကို သူ့ကျောင်းကွန်ရက်ပေါ်တွင် တင်လိုက်သည်။

အချောလေးရဲ့အမိုက်စားသီချင်း- "ဒီနေ့ သီချင်းတစ်ပုဒ်ကြောင့် မျောလွင့်မိသွားပြီ။ အောက်မှာ နမူနာ Link..."

_______

အကြာကြီးပစ်ထားမိလို့တောင်းပန်ပါတယ်။ အလုပ်လေးနည်းနည်းရှုပ်နေတာရယ် မီးတွေပျက်တော့ လိုင်းသိပ်တက်လို့မရတာရယ်ကြောင့်ပါ ။အရင်ပစ်ထားမိတာတွေအတွက် ဒီနေ့ပြီးသလောက် စုတင်ပေးထားတယ်နော်။ ခင်ဗျားလေးတို့ သဘောကျလောက်မယ်ထင်ပါတယ်။ ပြီးတော့ novel ကို post တင်ပေးတဲ့ Nandar ဆိုတဲ့တစ်ယောက်ကိုလည်းကျေးဇူးတင်ပါတယ် သူ့ကြောင့်ပဲ follower တွေလည်းရလိုက်သလို ဖတ်သူ ၊ RL ထဲထည့်သူတွေများလာတာပါ။ ဖတ်ပေးသူ၊ ဝေဖန်ပေးသူ၊ RL ထဲ ထည့်ပေးထားသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
💖💖💖

Continue Reading

You'll Also Like

124K 14.4K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
376K 26.8K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
2.9M 190K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
638K 71.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...