'ဝဲ'
By La_Yaung_Nge01
98.2K 3.6K 142
အဝါရောင်ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က Hopeless loveတဲ့💛 အဝါရောင်ကျူးလစ်ပန်းလေးရဲ့ အဓိပ္ပာယ်က Hopeless loveတဲ့💛 More
Intro
Part 1(U & Z)
Part 2(U & Z)
Part 3 (U & Z)
Part 4 (U & Z)
Part 5 (U & Z)
Part 6 (U & Z)
Part 7 (U & Z)
Part 9 ( U & Z )
Part 10 ( U & Z )
Part 11 ( U & Z )
Part 12 ( U & Z )
Part 13 ( U & Z )
Part 14 ( U & Z )
Part 15 ( U & Z )
Part 16 ( U & Z )
Part 17 ( U & Z )
Part 18 ( U & Z )
Part 19 ( U & Z )
Part 20 ( U & Z )
Part 21 ( U & Z )
Part 22 ( U & Z )
Part 23 ( U & Z )
Part 24 (Final)
Part 8 ( U & Z )
2.5K 139 6
By La_Yaung_Nge01
ကျနော်နှင့်ကိုစိုင်းချစ်သူဖြစ်တာ ဒီနေ့နဲ့ဆိုရင် ရက်၂၀၀ပြည့်တဲ့နေ့လေ။ ဆိုင်ကိုအသွားအပြန် ၊အကြိုအပို့ကို ကိုစိုင်းပဲ လုပ်ပေးတယ်။
ကျနော်တို့ရဲ့ဆက်ဆံရေးက အလွန်ကောင်းမွန်
လှသည်။ ဒီနေ့ ကိုစိုင်းမသိအောင် ကိုစိုင်းရဲ့ ရုံးခန်းကိုသွားမယ်။ပြီးရင် ရုံးခန်းမှာ ပန်းထိုးဖို့အတွက် နှင်းဆီနီတစ်စည်း ယူသွားမယ်။
ကျနော်ရုံးထဲဝင်သွားတော့ ဝန်ထမ်းတွေ
​အကုန်လုံးက နှုတ်ဆက်ကြတယ်။ဒီလို
နှုတ်ဆက်တာက ကျနော့်ကို အခက်တွေ့စေ
တယ်။ကျနော်လည်း ဝန်ထမ်းကောင်မလေးကို မေးပြီး ကိုစိုင်းရှိရာ ရုံးခန်းထဲကို ဝင်လာလိုက်
တယ်။
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျနော့်ရင်ဝ ကိုဆောင့်ကန်လိုက်သလိုပဲ။ ကိုစိုင်းရဲ့ပေါင်
ပေါ်မှာ နွယ်ကထိုင်နေတယ်။ ဘာလို့ထိုင်နေရတာလဲ။ကျနော် ချက်ချင်း ရုံးခန်းထဲက
ပြန်ထွက်လာလိုက်တယ်။ ကိုစိုင်းရဲ့ ခေါ်သံကိုပါ မကြားချင်ယောင်ဆောင်လိုက်သည်။
"ကြွေရုပ် ကိုယ့်ကိုစောင့်အုန်းလေ"
ကိုစိုင်းရဲ့အသံကိုထပ်ကြားလိုက်ရတော့
ကျနော့်ခြေလှမ်းတွေ အလိုလိုရပ်တန့်သွားခဲ့
တယ်။ ကျနော့်မှာအသိစိတ်တွေမရှိတဲ့လူတစ်
ယောက်လို ရပ်နေခဲ့မိသည်။ ကျနော့်ရဲ့လက်ကို တစ်ယောက်ယောက်က ကိုင်လိုက်သည်။
"ကြွေရုပ် ကိုရှင်းပြတာ နားထောင်အုန်း၊
ကြွေရုပ် ထင်သလိုမဟုတ်ဘူး"
"ကျနော် ဘာသံမှ မကြားချင်ဘူး ကျနော့်ကို
လွှတ်ပေးပါ....!"
ကြွေရုပ်ရဲ့အသံ ကျယ်လွန်းလို့ ရုံးခန်းထဲက လူတွေက ကျုပ်တို့နှစ်ယောက်ကိုကြည့်နေကြတယ်။ကျုပ်
လည်း ကြွေရုပ်လက်ကိုဆွဲပြီး
ခေါင်မိုးထက်ပေါ် တက်လာခဲ့သည်။ ခေါင်မိုးပေါ်ရောက်တာတောင် ကြွေရုပ်ရဲ့မျက်ရည်တွေက ကျနေဆဲပါ။
"ကိုယ်ပြောပြမယ် ခုနကကြွေရုပ်ထင်သလို
မဟုတ်ဘူး နွယ် နှင့်ကိုယ်က အလုပ်ကိစ္စပြောနေတာ၊ပြီးတော့ နွယ်ကပြန်တော့မယ်ဆိုပြီး ထလိုက်
တာ ချော်လဲပြီးကိုယ့်အပေါ် ပြုတ်ကျတာပါ။"
"ကျနော်လည်း ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်းမသိဘူး..ငိုချင်တာပဲသိတယ်အဟင့်..ဟင့်"
"မငိုနဲ့တော့နော် တိတ်တော့ လိမ္မာတယ်"
ကြွေရုပ်မျက်နှာထက်က မျက်ရည်တွေကို
ကျုပ်လက်နဲ့သုတ်ပေးလိုက်တယ်။ ကြွေရုပ် ရဲ့ ခန္ဓာကိုယ်လေးကို ကျုပ်ရင်ခွင်ထဲထည့်လိုက်
သည်။ကျုပ်ရင်ခွင်ထဲမှာတောင် ရှိုက်သံတွေက ကြားနေရတယ်။
"ဒီနှင်းဆီပန်းက ဘာလုပ်ဖို့ယူလာတာလဲ"
ကျုပ်မေးလိုက်တော့ သူ့လက်ထဲက ပန်းစည်းကို ကျုပ်ဆီ ပေးပြီး...
"ကိုစိုင်းအတွက်ယူလာတာ"လို့ပြောတယ်။
ပန်းစည်းထဲက နှင်းဆီပန်းတစ်ပွင့်ကို ယူပြီး ကြွေရုပ်ရဲ့နားမှာ ပန်ပေးလိုက်တယ်။ ပြီးတော့ ကျုပ်ပါးစပ်ကနေ..
"မင်းလေးက အရမ်းလှတာပဲ"လို့ပြောလိုက်မိတယ်။ ဒီတစ်ခါ ကျုပ်သတိလက်လွတ်ပြောမိလိုက်ခြင်းဖြစ်သည်။
"ကိုယ့်ကို ဒီမှာခနစောင့်နေနော် ကိုယ်ပြန်လာခဲ့မယ်"
"ဟုတ်"ကိုစိုင်းထွက်သွားတာနဲ့ အပြင်ဘက်ကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။ အခုမှပေါ့ သွားသလိုပဲ။
ခေါင်မိုးထက်ကနေ မြန်မြန်ဆင်းပြီး ကြွေရုပ်
ကိုချော့ဖို့ တွေ့ရာ ဂီတာကိုယူခဲ့တယ်။
"သူဌေး အဲ့တာ ကျနော့်ဂီတာလေ"
"ငါနောက်မှပြန်ပေးမယ် ငါ့ချစ်သူစိတ်ကောက်
နေလို့"
"သူဌေးတို့များ ချစ်သူ့ကို ကြောက်ချက်"
ဂီတာယူပြီးတာနဲ့ ခေါင်မိုးထက်ကိုမြန်မြန်ပြေး လာခဲ့လိုက်တယ်။ ဓာတ်လှေကားမရှိတာ
ကြောင့် ရိုးရိုးလှေကားကနေ တက်လာရတာ ​ခြေထောက်တွေလည်း ညောင်းလှပါပြီ။
ခေါင်မိုးထက်သို့ရောက်ရောက်ချင်း မြင်လိုက်
ရတဲ့ကြွေရုပ်ရဲ့ပုံစံကြောင့် မော​နေတာတောင် ဘယ်ရောက်သွားလဲမသိတော့ပါ။
အဝါရောင်အကျီလေးဝတ်ပြီး နှင်းဆီပန်းလေး ပန်ထားတဲ့ကောင်လေးရဲ့ ဆံပင်တွေက လေနဲ့အတူ လွှင့်နေဆဲပါ။ မျက်လုံးထောင့်က
မျက်ရည်စတွေလဲ ကျနေသေးသည်။
*ထိုမြင်ကွင်းလေးက ပန်းချီကားတစ်ချပ်လိုပဲ*
ကျုပ်ရဲ့ ဂီတာကြိုးလေးကို စတင်တီးခတ်
လိုက်သည်...
သူပန်ထားတဲ့ ပန်းနီနီ...
နေရာခဏလဲချင်သည်...
ကြင်နာသူလေး လှဖို့...
အစွမ်းကုန်ကြိုးစားမည်...
ရင်မှာ ဒီလောက် ချစ်ပါသည်...
သူပျော်တာ အမြဲတွေ့ချင်သည်...
သူ့အရိပ် အဖြစ်အမြဲ ရှိနေတတ်ပြီ...
သူဆင်မြန်းတဲ့ ဖိနပ်နီနီ...
နေရာခဏလဲချင်သည်...
ကြင်နာသူလေးခလုတ်မထိဖို့...
ကိုကြိုးစားမည်...
ရင်မှာ ဒီလောက်ချစ်ပါသည်...
ဘာမဆို ကိုအဆုံးရှုံးခံမည်...
အလှမ်း​ဝေးတဲ့ ပန်းကလေး...
မြနှင်းဆီ...
*ကိုယ်လေ မင်းနားမှာပန်ထားတဲ့ နှင်းဆီပန်းလေးကို မနာလိုလိုက်တာ..*
"ကိုယ် မင်းကိုနောက်တစ်ခါငိုအောင်မလုပ်
တော့ဘူးနော်..ကိုယ်ကတိပေးတယ်"
ကျနော်လည်း မျက်ရည်တွေကို လက်နဲ့သုတ်
လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတော့ ကိုစိုင်းရဲ့ ခန္ဓာကိုယ်ကို တင်းကျပ်စွာဖက်ထားလိုက်သည်။
*ကျနော်တို့ နှစ်ယောက်ရဲ့ anniနေ့လေးက မျက်ရည်တွေကျခဲ့ရတယ်*
"အိမ်ရောက်ပြီ ကြွေရုပ်"
"ကျနော် သွားနှင့်ပြီ"
ဒီနေ့တော့ ကြွေရုပ်က ကျုပ်ကို စိမ်းကားလိုက်
တာ။ ဒီနေ့တော့ သူ့ရဲ့အပြုံးတွေကို မမြင်ခဲ့ရဘူး၊ သူရီမောနေတဲ့အသံတွေမကြားခဲ့ရဘူး၊ သူရဲ့စကားသံတွေအများကြီးမကြားခဲ့ရဘူး။
ငိုထားတဲ့မျက်နှာနဲ့ အိမ်ထဲဝင်လာတဲ့သားကို ဘာစကားမှမပြောဘဲ ကြည့်နေလိုက်တယ်။ သားအခုလိုငိုတာ မမြင်ဖူးဘူး။
"ဒေါ်ကျင်ရေ သားကို ထမင်းစားဖို့သွားခေါ်
လိုက်အုန်း"
"ဟုတ်ကဲ့ အစ်ကိုလေး"
ကြွေရုပ်လေး ဘာဖြစ်လို့လဲမသိဘူး။
အိမ်ပြန်ရောက်တည်းက အခန်းထဲကကို
မထွက်ဘူး။ သားရဲ့ကောင်လေးနဲ့ပဲရန်ဖြစ်လာတာလို့လား။ အို...ငါဟာလေ ကိုယ့်ကိစ္စမဟုတ်
တာကို စပ်စုချင်နေတယ်။
"သားလေး..ကြွေရုပ်ထမင်းစားရအောင်"
"ဟုတ်..ဟုတ်ကဲ့ ဒေါ်ကျင်"
ဒေါ်ကျင်လာခေါ်တာကြောင့် ထမင်းစားဖို့
အောက်ဆင်းလာခဲ့လိုက်တယ်။ ငိုထားတာ ရိပ်မိမှာဆိုးလို့ သေချာမျက်နှာသုတ်ပြီး ထမင်းစားပွဲမှာထိုင်လိုက်တယ်။ ထမင်းစားပွဲလေးက ကျနော်စကားမပြောတော့ တိတ်နေတာပေါ့။
"သား ဘာဖြစ်လာတာလဲ"
"ဘာ..ဘာမှမဖြစ်ပါဘူး"
"မဖြစ်ရင်လဲ ပြီးရော တည့်အောင်နေကြ"
"ဟုတ်"
ထမင်းစားပြီးတာနဲ့ အပေါ်ထပ်ကို တက်လာခဲ့လိုက်တယ်။ဒီနေ့တော့ နောက်ကျတဲ့အထိ လိုင်း သုံးနေခဲ့မိတယ်။ ၁၂နာရီတောင်ခွဲသွားပြီပဲ အချိန်တွေက မြန်လိုက်တာ။ဖုန်းကိုဘေးနားချပြီး အိပ်ဖို့ပြင်လိုက်ချိန် message ဝင်လာခဲ့
သည်။"ကလေးမအိပ်သေးဘူးလား ညဉ့်နက်
နေပြီလေ မနက်ကျရင် ဆိုင်သွားရအုန်းမယ်"
ပို့လိုက်တဲ့စာကိုဖတ်ပြီး "ဟုတ်"လို့ ပြန်ပို့လိုက် တယ်။ အရင်လိုရှည်ရှည်ဝေးဝေးပြောချင်စိတ်
လဲမရှိပါ။
ဒီညတော့ နောက်ကျမှအိပ်ပျော်ခဲ့သည်။ မနက်မိုးလင်းတာနဲ့ဆိုင်သွားဖို့ပြင်ဆင်ပြီး
ကိုစိုင်းအလာကို ခြံရှေ့က ထိုင်ခုံပေါ်မှာ စောင့်
နေလိုက်သည်။ စောင့်နေတာတောင် ကြာပြီ..
ခုထိရောက်မလာသေးပါလား။ အိပ်ကပ်ထဲက
ဖုန်းကိုထုတ်ကြည့်လိုက်တော့..
"ကြွေရုပ် ကိုယ်ဒီနေ့လာမခေါ်နိုင်တော့ဘူး အစည်းအဝေးရှိလို့ ကိုယ်သွားပြီ စိတ်မစိုးနဲ့
အုန်း" ဆိုတော့ messageလေးရောက်နှင့်နေ
တယ်။
ငါလည်းနော် အရူးလိုမျိုး စောင့်နေမိတယ်။ ဖြတ်လာတဲ့ ကားတစ်စီးကိုဌားပြီး ဆိုင်ကို လာခဲ့လိုက်တယ်။ စက်ဘီးစီးချင်ပေမယ့်
ကိုစိုင်းက အရင်တစ်ခါလို ဆိုင်ကယ်နဲ့တိုက်မိမှာ စိုးလို့ မစီးခိုင်းလို့ မစီးရတာပေါ့။
ကားတွေကလည်း ကျပ်လိုက်တာ။ နောက်ကျနေပါတယ်ဆိုမှ မီးပွိုင့်နဲ့လာတိုးနေတယ်။
"ညီမရယ် လမ်းမှာကားတွေပိတ်နေလို့ အစ်ကို နောက်ကျသွားတယ်"
"သူဌေး ဟိုမှာလူတစ်ယောက်ရောက်နေတယ် သူဌေးကိုတွေ့ချင်လို့တဲ့"
"ဘယ်သူလဲ..ညီမ"
"ဟိုမှာ"
ညီမလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်လိုက်
တော့ နွယ်ဖြစ်နေတယ်။ နွယ်က ဒီကိုဘာလုပ်ဖို့လာတာလဲ။ကျနော်လည်း လွယ်အိတ်ကိုစားပွဲခုံ ပေါ်တင်ပြီး နွယ့်ရှေ့က ထိုင်ခုံပေါ်မှာထိုင်လိုက်
တယ်။
"နွယ်ရောက်နေတာကြာပြီလား"
"အင်း..နွယ် မင်းကိုပြောစရာရှိလို့ စောင့်နေတာ"
ဘေးကနေ ကြည့်နေရတာ အဆင်ကိုမပြော
လိုက်တာ။ စကားပြောပုံက အစ အချိုးမပြေဘူး။ ငါ့သူဌေးကို တစ်ခုခုလုပ်လို့ကတော့ ငါက ပြန်လုပ်မှာ။
ဥမ္ပာတစ်ယောက် ဘေးကနေကြည့်ပြီး မျက်စောင်းထိုးနေရှာတယ်။
"ဟုတ်ကဲ့ နွယ်ပြောလေ"
"စိုင်းနဲ့ နွယ်က ကျောင်းတက်ကတည်းက ခင်လာကြတာ နှစ်တွေအကြာကြီးပေါင်းလာတာကြာတော့ရင်းရင်းနှီးနှီးနေကြတာမျာတယ်၊
နွယ်က စိုင်းအပေါ် အရမ်းအားကိုးတာ၊ မနေ့က ကိစ္စကလည်း ကြွေရုပ်..မင်းအထင်လွဲတာပါ၊
အဲ့တာကြောင့်စိုင်းကလည်း ငါ့ကိုစိတ်စိုးနေတာ မင်းကြောင့် ငါတို့၂ယောက်ရဲ့ သူငယ်ချင်း
ဆက်ဆံရေး အပျက်စီးမခံချင်ဘူး"
"ဟုတ်...ဟုတ်ကဲ့"
"အေး..အဲ့တာဆို နွယ်ပြန်ပြီ မင်းကြောင့် နွယ်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေ အလကားဖြစ်ကုန်ပြီ"
"ဟုတ်ကဲ့ပါ နွယ်"
နွယ်ပြန်သွားတာတောင် နေရာကမထဘဲ
ထိုင်နေမိတယ်။
သူခိုးကပဲ လူပြန်ဟစ်နေရသေးတယ်။သူဌေးနဲ့ ကိုစိုင်းထက်ဉာဏ်က ချစ်သူတွေလေ။ သူက အနေအထိုင်ဆင်ခြင်သင့်တယ်။အပြင်က
ကြည့်ရင်တော့ ကျက်သရေရှိတဲ့ မိန်းကလေး
မလို့ သဘောကျပေမယ့် အတွင်းစိတ်ကိုသိတော့ ရွံမိတယ်။
"သူဌေး..ဘာလို့ပြန်မပြောတာလဲ အဲ့တာ သက်သက်မဲ့ လူပါးဝတာ သူဌေးကို မတူသလို မတန်သလိုနဲ့ ပြောနေတာ"
"ထားလိုက်ပါ ညီမရယ် သူအဲ့လိုပြောလို့
အစ်ကိုလည်းဘာမှဖြစ်မသွားဘူး"
"ဒါပေမယ့်လည်း...ညီမတော့ ဒေါသထွက်မိ
တယ်"
"ညီမလုပ်စရာရှိတာလုပ်တော့..အစ်ကိုစာအုပ် လေးဖတ်ချင်လို့ ကော်ဖီလေးဖျော်ပေးလို့ရမလား"
"ရတယ် ခဏစောင့်"
သူဌေးကိုသနားလိုက်တာ နောက်နေ့
ကိုစိုင်းထက်ဉာဏ်ကိုတွေ့ရင် နွယ်အခုလိုပြောတာကို တိုင်ပြောရမယ်။
ညီမဖျော်ပေးတဲ့ ကော်ဖီလေးကိုသောက်ပြီး စာအုပ်
ဖတ်နေမိတယ်။ ကောင်းကင်ကလည်း အရောင်တွေလက်နေလိုက်တာ...အခုလိုမျိုး စာအုပ်မဖတ်ရတာတောင်ကြာပြီ။
ကမ္ဘာဟာ ခင်ဗျားဖြစ်ကြောင်း စာအုပ်ကို ဖတ်နေ
ရင်း...
ဘယ်လောက်
ခံနိုင်ရည်ရှိသူပဲဖြစ်ဖြစ်
လောကဓံက
အရှိုက်ကိုလာထိုးရင်တော့
အောင့်တာပဲ
ဥပမာ...
မင်းနဲ့ ဝေးရတာမျိုးပေါ့...
ဆိုတဲ့စာလေးကိုဖတ်လိုက်မိတယ်။စာထဲမှာ ပြောထားသလိုပဲ ကျနော်လည်း ကိုစိုင်းနဲ့ဝေးရမှာ
ကြောက်တယ်။
"ဟယ်လို"
"ကြွေရုပ်ဆိုင်မှာပဲမလား ကိုယ်လာခေါ်ပြီ"
"ဟုတ်"
ကျနော် ကိုစိုင်းနဲ့မဝေးချင်ဘူး။ ဘယ်သူတွေ လာပဲ ဖျက်စီးဖျက်စီး ကျနော်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုထိန်းသိမ်းထားမယ်။အရင်က
ထက် ပိုချစ်ပေးမယ်။
La Yaung Nge(9.3.2022)
ဒီတစ်ပိုင်းနည်း"ကြာသွားတဲ့အတွက်sorryပါ❤️
ကြွေရုပ်လွှာလေး❤️
တယ်။
လွှတ်ပေးပါ....!"
နေလို့"
လိုက်သည်...
သူပန်ထားတဲ့ ပန်းနီနီ...
နေရာခဏလဲချင်သည်...
ကြင်နာသူလေး လှဖို့...
နေရာခဏလဲချင်သည်...
ကိုကြိုးစားမည်...
        မြနှင်းဆီ...
"ကျနော် သွားနှင့်ပြီ"
လိုက်အုန်း"
"ဟုတ်ကဲ့ အစ်ကိုလေး"
တာကို စပ်စုချင်နေတယ်။
"ဟုတ်..ဟုတ်ကဲ့ ဒေါ်ကျင်"
"သား ဘာဖြစ်လာတာလဲ"
"ဘာ..ဘာမှမဖြစ်ပါဘူး"
"ဟုတ်"
လဲမရှိပါ။
တယ်။
"ဘယ်သူလဲ..ညီမ"
"ဟိုမှာ"
တယ်။
"ဟုတ်ကဲ့ နွယ်ပြောလေ"
"ဟုတ်...ဟုတ်ကဲ့"
"ဟုတ်ကဲ့ပါ နွယ်"
ထိုင်နေမိတယ်။
တယ်"
"ရတယ် ခဏစောင့်"
ရင်း...
ဘယ်လောက်
လောကဓံက
အောင့်တာပဲ
ဥပမာ...
ကြောက်တယ်။
"ဟယ်လို"
"ဟုတ်"
ထက် ပိုချစ်ပေးမယ်။
La Yaung Nge(9.3.2022)
ကြွေရုပ်လွှာလေး❤️
Continue Reading
You'll Also Like
22K 1.3K 18
The Colby's Of Miami. Ever since the late 70s the name Colby has rang bells in the streets of Miami. Dane Colby had his hooks deep into the streets...
234K 9K 81
Kwon Eunbi with her children in the chatroom
24K 338 21
○ ကျနော် ချစ်သူ မာဖီးယား ​ Intro မင်းလေးကို ကိုယ်အရမ်းချစ်လို့ ရအောင်ယူထားတာ မင်းလေးကို လက်လွတ်ဖို့ မဟုပူး နားလည်လား ...
10M 650K 75
Yaduvanshi series #1 An Arranged Marriage Story. POWER!!!!! That's what he always wanted. He is king of a small kingdom of Madhya Pradesh but his pow...