The Crown ✅

By Ciel_Zizawar

227K 15.5K 1K

Plundering The Crown. The Beginning of TawWin Nation. Own Universe. ✅ အပိုင်း ၃၂ နောက်ပိုင်း paid gp ရှိပါတ... More

အခန်း ၁။
အခန်း ၂။ ⚠
အခန်း ၃။
အခန်း ၄။
အခန်း ၅။ ⚠
အခန်း ၆။
အခန်း ၇။
အခန်း ၈။
အခန်း ၉။ ⚠
အခန်း ၁၀။
အခန်း ၁၁။
အခန်း ၁၂
အခန်း ၁၃။ ⚠
အခန်း ၁၄။
အခန်း ၁၅။ (ပထမပိုင်း)
အခန်း ၁၅။ (ဒုတိယပိုင်း)
အခန်း ၁၆။
အခန်း ၁၇။
အခန်း ၁၈။
အခန်း ၁၉။
အခန်း ၂၀။ ⚠
အခန်း ၂၁။
အခန်း ၂၂။
အခန်း ၂၃။
အခန်း ၂၄.၁။
အခန်း ၂၄။
အခန်း ၂၅။
အခန်း ၂၇။
အခန်း ၂၈။ ⚠
အခန်း ၂၉။
အခန်း ၃၀။
အခန်း ၃၁။ ⚠(Special Present)
အခန်း ၃၂။ (Final)
မုန့်ဖိုး
paid for fund

အခန်း ၂၆။

5.2K 406 73
By Ciel_Zizawar

Unicode

မဟာမြတ်သူရဲ့ဆုံးဖြတ်ချက်ကိုဒီတစ်ခါ ခမည်းတော်ကောမိခင်ကောက ကန့်ကွက်တာမရှိ။ သည့်အစား နှစ်ဦးနှစ်ဖက်ကြားဝင်ပါတာမျိုးလည်းမရှိပါ။ နှစ်ဖက်လုံးကိုနားလည်သည့် ဘေးလူအနေဖြင့် ဘေးမှာသာရှိသင့်သည်မဟုတ်လား။

ဆေးရုံကဆင်းတော့လည်း ဧကရာဇ်ကပဲဆေးရုံတက်ရတဲ့ကိစ္စကို ဖြေရှင်းပေးသည်။ Social ပေါ်မှာပြန့်နေတဲ့သတင်းကတော့ တော်ဝင်မင်းသားနဲ့ Liberty ရဲ့ဥက္ကဌ တို့ရဲ့တော်စပ်မှုဆိုတာတွေချည်း။ တစ်ပါတ်နဲ့တော်ရုံငြိမ်ကျမသွားဘဲ ဂယက်ကကြီးပုံပေါ်သည်။ Crown ကိုပါထိခတ်လာတဲ့လှိုင်းတွေကမနည်း။ ခုံရုံးအဆိုတင်သွင်းချက်များမှာ မဟာမြတ်သူဟာမကာကွယ်နိုင်လောက်ပါဘူးဆိုသည့် ထင်မြင်ချက်တွေသာ။

ဗိုက်ကတစ်ဖက်ဖြင့် အလုပ်တွေကိုစိမ်းလက်ထဲထည့်ခဲ့ပြီးမှ တော်ဝင်မိသားစုအရှုပ်အရှင်းတွေကိုထပ်လှည့်ကြရသည်။ ​ရှေ့ဆောင်ဖြစ်တဲ့မဟာမြတ်သူက ကြင်နာတတ်တဲ့မင်းသားမို့ အိမ်ရှေ့စံဖြစ်ရင်တောင် ကလေးတစ်ယောက်လွယ်ထားသည်ဆိုတဲ့အမှန်တရားက မပြောင်းလဲသွားပါဘူးတဲ့လေ။

ထို့အစား ဧကရာဇ်ရဲ့ဝမ်းကွဲညီမတော်၏သားကို နေရာပေးစေချင်သည်။

အတင့်ရဲလို့။ တော်ဝင်မျိုးဆက်ကိုစော်ကားတဲ့လူတွေ။

အလုပ်ကိစ္စဘက်လုံးဝအာရုံမလွှဲနိုင်တော့ လစ်ဟင်းသွားတဲ့မိသားစုထောက်တိုင်နေရာကိုပြန်ဝင်လာရသည်။ တော်ဝင်မျိုးရိုးက သူပြုတ်ကျရင် မိသားစုတစ်လုံးလဲမှာမဟုတ်လား။ သူ့အာရုံအလုံးစုံက ဒီထဲမှာနစ်မြုပ်နေပြီး မည်မည်ရရလည်းမတွေးတောနိုင်ပါ။

" သခင်လေး ကားအဆင်သင့်ဖြစ်ပြီ "

နိမိတ်မရှိတော့တည်းက စံအိမ်ကြီးမှာပြန်လည်နေထိုင်နေပြီဖြစ်ပြီး ယခုဆိုနှစ်ပါတ်ကျော်ပြီဖြစ်သည်။

နိမိတ်နဲ့ပတ်သတ်ပြီးဘာမှမတွေးနိုင်။ တွေးဖို့လည်းအချိန်ကရှိမနေဘူးမို့ သူ့အာရုံတွေကတစ်နေရာထဲမှာသာရှိသည်။

မဟာမြတ်သူကားပေါ်ရောက်တာနဲ့ ကားတန်းသည်စထွက်ခွာလေသည်။

အမျိုးသားကိုယ်ဝန်ဆောင်မို့လို့လုပ်နိုင်စွမ်းမရှိဘူးထင်နေလျှင် ထိုထင်နေသမျှကိုပြောင်းပြန်လှန်ပစ်မည်။ သူ့အား မည်သူကများခြေတော်တင်ရဲမည်နည်း။

" တော်ဝင်ဆိပ်ကမ်းက ဝန်ကြီးများအစည်းအဝေးကိုအရင်သွား စံနန်းကိုအပြန်မှဝင်မယ် "

" ဟုတ်ကဲ့ပါသခင်လေး "

သုံးစီးတန်းကားလေးသည် ယခင်ကမဟာမြတ်သူ၏နေရာအစစ်အမှန်ကိုပြန်ပို့ပေးနေသည်။ နိမိတ်နဲ့မရခင်က သူ့အာရုံတွေကစီးပွားရေးနှင့် တော်ဝင်ရဲ့ crown ကိုလျာထားခြင်းခံရတဲ့ တစ်လက်မမှမလွဲသည့်မင်းသားတစ်ပါးပင်။ နိုင်ငံရေးစီမံချက်များနှင့် များပြားလှတဲ့အငြင်းပွားဖွယ်ရာတွေကြား ခေါင်းနစ်ခဲ့ရတဲ့သူ့ကို နိမိတ်ကအိမ်ထောင်ရေးဆိုသည့်ချုပ်နှောင်မှုနှင့်ဆွဲထုတ်ပစ်ခဲ့သည်။

ဒီကောင်နဲ့ပတ်သတ်တာတွေသူမစဥ်းစားချင်ပါဘူးဆိုမှ စဥ်းစားမိနေပြန်ပါပြီ။

ခေါင်းကိုအသာအယာခါလို့ လမ်းမတန်းဘက်ကိုသူငေးနေလိုက်တော့သည်။ သူ့အတွေးတွေကိုနိမိတ်ဆီကိုထပ်မရောက်စေလို။

ထို့နောက် တော်ဝင်ဆိပ်ကမ်းရှိ အစည်းအရုံးသို့ရောက်ပြီးနောက်တွင် သူ့စိတ်သည် ကြည်လင်ပြတ်သားသောမင်းသားတစ်ပါးဟန်ကိုဆောင်လေသည်။

အစောင့်များခြံရံ၍ အထဲသို့လိမ့်ဝင်လာသည်ဟုထင်ရသော ဗိုက်တစ်လုံးသည် အများအမြင်တွင်အထင်သေးရယ်ချင်စရာကောင်းသည်။ အကယ်လို့ဒီဗိုက်ကလေးကို နိမိတ်မြင်ပါက ထိုသို့ထင်မည်မဟုတ်ပါ။

အားနည်းနေရမည့်အချိန်မှာတောင် အရှိန်အဝါတစ်ခုရှိနေမြဲဖြစ်သည့် သူ့အမျိုးသားဟုပင်ဖြေလိမ့်မည်။

သူရောက်ပြီနှင့်လူစုံနေပြီဖြစ်ကာ ဦးလှသောင်းဦးဆောင်၍ တော်ဝင်မျိုးဆက်ကိုဖြုတ်ချဖို့ကြံနေသော ဝန်ကြီးများက အသက်ငယ်ရွယ်သေးသည့်မဟာ​မြတ်သူကိုသိပ်အထင်မကြီးပါချေ။

ထိုင်ခုံတွင်နေရာယူသည်နှင့် ပါးစပ်ပေါက်များမှထွက်လာသောစကားများသည် မဟာမြတ်သူကိုအထင်သေးသည့်စကားတွေဖြစ်သည်။ အမျိုးသားကိုယ်ဝန်ဆောင်ခြင်းထပ်၍ ဂုဏ်သိက္ခာအားဖိနင်းနေကြကာ မသင့်တော်ပါဟူသောစကားတွေက စိတ်ပျက်ဖွယ်ရာ။

များသောအားဖြင့် အိမ်ထောင်ရေးကိုသာဂရုစိုက်သင့်သည်ဟူသောစကားများမှာ သူ့မာနကိုအကြီးအကျယ်ထိခိုက်လေသည်။

ထိုသို့ဖိအားများကြားမှ တစ်ချက်မတုန်လှုပ်စွာငြိမ်နေသော်လည်း တကယ်တော့သူစိတ်ရှုပ်နေပြီ။ ဘာလိုချင်လဲသိနေသူအဖို့ အငိုသည်းပြသည့်ကလေးအား ဘာလိုချင်လဲတကူးတကမမေးချင်ပါ။

ကလေးများသည် အန္တရာယ်ရှိသောအရာများနှင့် ကစားဖို့မသင့်တော်ဘူးမဟုတ်လား။ ထို့ကြောင့်ဒီကလေးတွေကို သူကဘာကြောင့်လိုချင်တာပေးးရမှာတဲ့လဲ။

ဘုန်းခနဲမြည်အောင် လက်ဖဝါးဖြင့်ကျွန်းခုံကြီးအား ရိုက်ချလိုက်လျှင် တစ်ခန်းလုံးရှိဝန်ကြီးများသည်ငြိမ်ကျသွားတော့သည်။

ထိပ်တွင်ထိုင်နေသည့်ဧကရာဇ်က မဟာမြတ်သူရောက်လာကတည်းကဘာတစ်ခွန်းမှမဟ။

" အခန်းထဲကလူတိုင်းကစိုးရိမ်လွန်နေတာပဲ ကျုပ်အထင်တော့ ဒီလောက်ထိအခြေအတင်ဖြစ်နေရင်တော့ မင်းသားကိုလည်းအသားလွတ်ကြီးနှုတ်ထွက်ခိုင်းလို့မရဘူးလေ တော်ဝင်မျိုးဆက်အတွက် ဂုဏ်သိက္ခာကိုထိခိုက်စေလိမ့်မယ် ၊ ခင်ဗျားတို့အတ္တကြီးလို့မရဘူး ၊ နှစ်ဦးနှစ်ဖက်ပြေလည်ချင်ရင်ကိုယ်စားလှယ်ဝင်ရွေးခံဖို့ပဲရှိမယ် "

အခွင့်အရေးအားအသုံးချတတ်သော ဦးလှသောင်း၏စကားများကပါးနပ်လှသည်။ တော်ဝင်မျိုးရိုးပဲ တက်ထိုင်ခွင့်ရှိတဲ့နေရာမှာ ပထမဦးဆုံး ဘာသွေးမှမပါတဲ့ အပြင်လူတွေကိုလက်ခံပေးရတော့မယ်ပေါ့လေ။ အကင်းပါးတဲ့ဒီလူ့ကိုသူတစ်ချက်စေ့စေ့ကြည့်လိုက်သည်။ ဒီလူကဘယ်သူ့ကိုပေးချင်နေတာလဲ။

အသုံးမဝင်တဲ့ခုံနေရာမှာတောင် လူစားထိုးဖို့သူလုပ်ချင်နေသေးတယ်။

တကယ်တော့လည်း တော်ဝင်မင်းဆက်အတွက်သာဒီနေရာကတည်ရှိနေသေးတာဖြစ်သည်။ နိုင်ငံ့အရေးအခင်းတော်တော်များများမှာ ဧကရာဇ်ရဲ့အာဏာပိုင်က သိပ်မကျယ်ပြန့်တော့ပါ။ ၃၀ ရာခိုင်နှုန်းသောလုပ်ပိုင်ခွင့်ရှိသည့်နေရာလေးအတွက်နဲ့ တိုက်ခိုက်နေကြတဲ့လူတွေကိုကြည့်ရင်း သူသက်ပြင်းချမိသည်။

ပြိုင်ဆိုင်မှု။ ကြီးးမြတ်တဲ့တော်ဝင်သွေးထဲကို သူတို့ခိုင်းတိုင်းလုပ်မဲ့ရုပ်သေးရုပ်တွေပစ်ထည့်တော့မည်။

" ကျွန်တော်ဒီနေ့ဒီကိုလာတာ Crown နဲ့ပတ်သတ်ပြီးတော့ ဆွေးနွေးဖို့ကသိပ်လိုသေးတယ်ဆိုတဲ့ အကြောင်းပြောဖို့ပဲ သတ်မှတ်ထားတဲ့စံနန်းရဲ့စည်းမျဥ်းစည်းကမ်းအရဆိုရင် တော်ဝင်မင်းမျိုးမင်းနွယ်ထဲက ဆက်ခံသူဟာအိမ်ထောင်ပြုပြီး တစ်နှစ်ပြည့်မှ ပေးအပ်မှာမဟုတ်လား၊ ဒီတော့အများကြီးရှုပ်ထွေးမနေပါနဲ့၊ တော်ဝင်မင်းသားက အမျိုးသားကိုယ်ဝန်ဆောင်ဖြစ်နေလည်း ကလေးအများကြီးကို ကောင်းကောင်းထိန်းနိုင်ပါသေးတယ်၊ မမေ့နဲ့ဦး ကျွန်တော့်ကိုယ်ထဲတော်ဝင်သွေးအပြည့်ပါတယ် "

ဒီကလေးအုပ်စုလောက်ကိုသူထိန်းနိုင်ပါသေးတယ်။ သူ့လက်ထဲမှာဝှက်ဖဲဆိုတာကြီးရှိနေသရွေ့ ဒီလူတွေကိုပါးပါးလေးပုတ်နိုင်သေးသည်။

မစိုးရိမ်ပါဘူး။ ဒီထက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုတောင် ဒီလိုဖြစ်မယ်သိသိရက်နဲ့သူချမှတ်ခဲ့တာပဲလေ။

ထိုသို့ဖြင့် မဟာမြတ်သူကအခန်းထဲကထွက်လာပြီးလျှင် သူ့ဗိုက်လေးကိုခပ်သာသာလေးပွတ်မိသည်။

ခြေလှမ်းတိုင်းကငြင်သာနေကာ နှုတ်ခမ်းတွင်အပြုံးသဲ့သဲ့ရှိနေ၏။ ဒီယောက်ျား၏ စဥ်းစားတွေးခေါ်မှုတိုင်းသည် သာမန်တော့မဟုတ်ပါ။ အရှည်အဝေးတွေးတတ်လွန်းသည်ဖြစ်ရာ ဘယ်အချိန်မှာဘာကိုချပြရမလဲကောင်းကောင်းသိလေသည်။

" စံနန်းကိုမသွားတော့ဘူး အိမ်ပြန်မယ် "

မိခင်ကတွေ့ချင်ပါသည်ဆိုတောင်သူမပြန်ချင်သေး။ ဒီရက်ပိုင်းမှာ သူဖြေရှင်းရတာတွေများနေသည်။ အကောင်းဆုံးအဖြေကသူ့မှာcrown နဲ့ပတ်သတ်ပြီးအချိန်ဆွဲဖို့ကလွဲရင်ဘာမှမရှိ။ ဆုပ်ကိုင်ထားသည့်ကံကောင်းမှုကို အလွယ်တကူချမပြနိုင်သေးပါ။ စောလွန်းသည်။ ဒီတိုက်ပွဲအတွက်စောလွန်းပါသေးသည်။

စံအိမ်ကိုပြန်ရောက်သည်နှင့် ဗိုက်ကလေးကရေမိုးချိုးကာ ​လှေကားရင်းနှစ်ခုအလည်က ဧည့်ခန်းဆိုဖာ၌ ဘောလုံးလေးလိုကွေးကွေးလေးငြိမ်ထိုင်နေ၏။

နိမိတ်မရှိတဲ့နှစ်ပါတ်လောက်မှာ နိမိတ်အကြောင်းတွေးဖို့မအားခဲ့တော့ သိပ်သတိမရ။ အခုအားလပ်နေသည်နှင့်ခေါင်းထဲဝင်လာသည်က ဒီကောင်သူ့ကလေးကိုတကယ်ဖျက်ချချင်နေတာလားဟူ၍ပင်။

ဗိုက်အားဂရုတစိုက်ပွတ်သတ်ရင်း ညိုနွဲ့လာချပေးသည့် အသီးအနှံတွေကိုတတွတ်တွတ်စားမိသည်။ နောက်ပြီး အသီးဖျော်ရည်တစ်ခွက်ကိုလည်းသောက်သေး၏။

ညနေချမ်းမို့လို့ စံအိမ်ကြီးထဲတစ်ယောက်တည်းထိုင်ရသည်ကိုမနှစ်မြို့ကာ လမ်းလျှောက်ဖို့ထွက်လာသည်။ ခြံဝန်းကြီးအနှံ့တာဝန်ကျသည့် အစောင့်များက ဗိုက်ကလေးထွက်လာသည်ကိုမြင်တော့ မျက်စိထောက်ထောက်ကြည့်နေကြတော့၏။

မဟာမြတ်သူက သူတို့ကိုသတိထားမနေဘဲ စံအိမ်ကြီးရှေ့ရှိ အနည်းငယ်လှမ်းသော ရေပန်းဆီကိုလျှောက်လာသည်။ ငါးကန်လေးကိုဝိုက်ထားကာ ရေပန်းမှဖွာကျသောရေများက ထိုထဲသို့ပြန်ကျသည်မို့ တစ်ချက်တစ်ချက်တွင်ရေမှုန်ရေမွှားများသည် သူ့မျက်နှာထက်လာစင်သည်။

ဘောင်းဘီတိုနှင့် ကြက်ပေါက်ရောင်တီရှပ်ပွကြီးကြောင့် သူ့ပုံစံကအထက်တန်းကျောင်းသားနှင့်တူကာ ပုံမသွင်းထားသည့်ဆံနွယ်တွေကလည်းထပ်အုပ်အုပ်ပင်။

" သခင်လေးအပြင်မှာလေကြမ်းတိုးတယ် ပုဝါပိုင်းယူပေးရမလား "

အနားသို့လှမ်းလာသည့်ထိပ်ပြောင်ပြောင်အစောင့်ကြောင့် သူခေါင်းခါလိုက်သည်။ အဲ့လောက်တော့သူပျော့နွဲ့မနေပါ။

ရေတွေကိုလှမ်းထိခတ်ထားသည်မို့ အေးလာသည့်လက်ဖဝါးတွေကိုကြည့်ရင်းအတွေးရသည်။ နိမိတ်ရှိရင်သူ့လက်ဖဝါးတွေကို သူ့ရင်ဘတ်ထဲအတင်းဆွဲထည့်ထားမှာလား။ ဒါမှမဟုတ်အတင်းဆွဲပွေ့ပြီးအိမ်ထဲပြန်ခေါ်မှာလား။ အဲ့ဒီအခါကျရင်သူကတော့ဒေါသတကြီးနဲ့ လက်မှာပေနေတဲ့ရေတွေနှင့်နိမိတ်မျက်နှာကိုသုတ်နိုင်သည်။ ဖိနပ်တစ်ဖက်တစ်ချက်ကျွတ်ပြီးကလေးလိုရုန်းနေမှာ။

ဟက်ခနဲရယ်လိုက်သည့်သခင်ငယ်လေးကြောင့် အစောင့်က ဘာကိုရယ်လိုက်သည်မသိပေမဲ့ မဟာမြတ်သူကတော့သူ့ကိုယ်သူပင်ရယ်မှန်းမသိလိုက်။

ထို့နောက်သူကလက်တွေကိုခါခတ်ပြီး မြက်ခင်းထားသည့်လမ်းကျဥ်းလေးမှတစ်ဆင့် သစ်တောဝန်းဘက်သို့လျှိုဝင်သွားလေသည်။ အခုချိန်မှာဂရုအစိုက်ဆုံးဖြစ်ရမည်ကိုသိတဲ့အစောင့်တွေကလည်း နှစ်ယောက်လောက်ကနောက်ကလိုက်သွားသည်။

မဟာမြတ်သူက လမ်းကျဥ်းလေးတစ်လျှောက်ဘယ်ညာဝေ့ဝဲကြည့်ကာလျှောက်ရင်း အိမ်လေးဆီသို့လှမ်းသွားသည်။ ငှက်သံများကျီကျီကျာကျာက သူအိပ်ရာနိုးတိုင်းကြားရသည့်သတိပေးသံဟုသတိရသည်။ ထို့နောက်ခပ်လှမ်းမြင်မြင်ရသည့်အိမ်ငယ်လေး။

ခြေလှမ်းတို့ကတိကျသေချာလှသည်။ အိမ်တံခါးအားဖွင့်ကာ ဝင်သွားပြီးမှ အိမ်ထဲရှိအသွင်အပြင်ကိုသူစေ့စေ့ကြည့်မိ၏။ မီးလင်းဖိုလေးကအေးစက်စက်ငြိမ်းနေကာ ဆိုဖာတွေကလူမထိုင်သည်ကြောင့် အတွန့်အ​ခေါက်မရှိငြိမ်သက်လို့။

လူမနေထားသည်ကြောင့် လေထုကအေးစက်နေကာ နိမိတ်ဖြဲချခဲ့သည့်သူ့အဝတ်ကကြမ်းပြင်မှာအရှိတိုင်းသား။

နှစ်ပါတ်လုံးဒီနေရာကိုလူလာမရှင်းဘူးလား။

သူအခုမှသေချာကြည့်မိသည် အိမ်နံရံမှာသုတ်ထားတဲ့ဆေးတွေက အဝါရောင်ခပ်ဖျော့ဖျော့ပြောင်းလို့။
ယခင်ခရမ်းနုရောင်တွေကဘယ်ရောက်သွားပြီလဲ။ လေထုထဲမှာနိမိတ်ရဲ့အငွေ့အသက်တွေကိုသူအဆုတ်အပြည့်ရှိုက်မိသည်။ ထို့နောက်အိပ်ခန်းဆီသို့လှမ်းသွားမိသေး၏။

အခန်းတံခါးစေ့ရုံလေးအားတွန်းဖွင့်လျှင် KingBed size မွေ့ရာကြီးနှင့် ဗီရိုနှစ်လုံးပြိုင်ထားသည်ကိုမြင်ရသည်။ ကုတင်ဘေးစားပွဲမှာနိမိတ်နာရီနဲ့တခြားအသုံးဆောင်ပစ္စည်းတွေ။ ဧည့်ခန်းမှာလည်းနိမိတ်သုံးနေကျရေနွေးခွက်ကြီးတွေ့ခဲ့သေးတယ်။

အိပ်ရာပေါ်ခွေခွေလေးတက်လှဲရင်းကျန်ရစ်သည့်အငွေ့အသက်ကိုရှူရှိုက်မိသည်။ ဒီကောင်ပြန်လာမှာပါ။ အရင်တစ်ခါလိုပြန်လာမှာ။ တစ်လပြည့်တာနဲ့ပြန်ပေါ်လာမှာ။ သူသိပါတယ်။

အိပ်ရေးပျက်ခဲ့တဲ့နှစ်ပါတ်အစား ယခုတွင်သူသည်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီဖြစ်သည်။ နိမိတ်အုံးသည့်ခေါင်းအုံးကြီးအားပေါင်ကြားခွညှပ်၍ ဖက်ထားးကာအိပ်ပျော်ခဲ့တာဖြစ်သည်။

အနားမှာရှိနေကျ တစ်စုံတစ်ယောက်က အဝေးခဏရောက်သွားခိုက်မှာ ဒီလိုလွမ်းတာတွေလည်းဖြစ်တတ်တာပဲလေ။ ဒီယောက်ျားကသူ့ကိုစိတ်အရင်းမှန်နဲ့နွေးထွေးခဲ့တာမို့ ဒီလောက်တော့လွမ်းနေသင့်ပါတယ်။ ဟုတ်တယ်။ ဒီတုံ့ပြန်ချက်တွေကမှားမနေပါဘူး။ သူနိမိတ်ကိုလွမ်းတာဖြစ်သင့်ပါတယ်လေ။

//

ထိုနေ့ကစ စံအိမ်ကိုပဲ ပြန်လာအိပ်ဖြစ်တဲ့သူက ညဘက်တွေကောင်းကောင်းအိပ်မပျော်ဖြစ်ကာ မျက်တွင်းတွေညိုနက်နေသည်။ များသောအားဖြင့်ညသန်းခေါင်အိပ်ပျော်ပြီးတိုင်း မအီမသာဖြင့်နိုးလာတတ်ပြီး စိတ်ထဲအခဲမကျေပေ။ ဘာကိုအခဲမကျေမှန်းလည်း သူ့ကိုယ်သူမသိပါ။

ထိုသို့ရက်မှလပြောင်းသည့်နေ့တွင်တော့ နိမိတ်ပြန်လာမည်အထင်နှင့် အိမ်ငယ်လေးမှာညနေတည်းကစောင့်သည်။ အိမ်နောက်ဖေးမှာစာဖတ်နေခဲ့ပြီး နိမိတ်ဝင်လာတာနဲ့တွေ့ဖို့ရည်ရွယ်သည်။ သို့သော် ညဦးပိုင်းသို့တဖြေးဖြေးအချိန်ကူးပြောင်းလာသည်အထိ နိမိတ်ကရောက်မလာသေး။ ပထမဦးဆုံးအကြိမ်လူတစ်ယောက်ကိုမျှော်ခြင်းဖြစ်သည်။

bellတီးသံကြောင့်သူ့ခေါင်းတစ်ခုလုံးအုံကာ ထုံကျင်သွားပြီး dreambed ပေါ်ကထပြေးသွားသူသည် အခန်းတံခါးကိုလှစ်ခနဲဆွဲလှပ်ပစ်သည်။ သို့သော်သူ့စိတ်နံရံလေးအပြိုပြိုအလဲလဲကွဲကျသွားတာပါပဲ။

" ထမင်းလာပို့တာသခင်လေး ဦးမောင်ကသခင်လေးညစာစားဖို့ညိုနွဲ့နဲ့ ဒီကအစ်ကိုကြီးကိုလွှတ်လိုက်တာ။

ညိုနွဲ့နောက်က အသင့်အနေအထားဖြင့် ကျောပေးထားသည့်အစောင့်နှင့် ခပ်လှမ်းလှမ်းကသူ့အိမ်အားလှမ်းကြည့်နေသည့်အစောင့်နှစ်ယောက်ကြောင့် သူသက်ပြင်းချရင်း ညိုနွဲ့လက်ထဲကညစာခြင်းလေးကိုလှမ်းယူလိုက်သည်။

" ဒီညဒီမှာအိပ်မှာမို့ သူတို့နှစ်ယောက်ကိုပါစောင့်မနေဘဲပြန်သွားလို့ ညဥ့်နက်ရင်အေးတယ် "

" ရှင်! အာ မဟုတ်တာ၊ ဟိုးမှာတွေ့လား၊ လွန်ခဲ့တဲ့တစ်ခေါက်သခင်လေးဒီမှာလာအိပ်တည်းက ဦးမောင်ကပင်စည်ခွကြားမှာ သစ်လုံးအိမ်သုံးလုံးတည်ခိုင်းထားတာ၊ အထဲမှာအိမ်သုံးးပစ္စည်းအကုန်ရှိလို့မပူပါနဲ့၊ ခဏနေရင်ကျွန်မသူတို့အတွက်ကော်ဖီတွေလာပို့ဦးမှာပါ။ "

ထိုမှသာဂရုမစိုက်သည့်ဟန်ဖြင့်အိမ်တံခါးအားပြန်ပိတ်သွားသည်မို့ ညိုနွဲ့သက်ပြင်းခပ်လေးလေးသာချလိုက်သည်။

စားပွဲပေါ်အစီအရီတင်ထားသည့် ပူနွေးနေသောဟင်းခွက်များအားသူကြည့်ရင်းစိတ်လေးလာသည်။ နိမိတ်ဘာလို့မလာတာလဲ။ သူကကောဘာလို့ရူးကြောင်ကြောင်နဲ့ဒီမှာလာစောင့်နေမိတာလဲ။

" ဟား! မဟာမြတ်သူ မင်းစောက်ရူးလား "

ဆိုဖာပေါ်နောက်လှန်မှီလိုက်ရင်း ဝဲတက်လာသည့်မျက်ရည်တွေကို ပုတ်ခတ်ပစ်လိုက်သည်။ သူ့ကိုယ်သူဘာစောက်ရူးထနေမိမှန်းပင်မသိတော့ပါချေ။

အင့်ခနဲရှိုက်သံပင်ထွက်ပြီးနောက် ညစာကိုပလုပ်ပလောင်းစားမိသည်။

မလာချင်တဲ့ကောင်မလာနဲ့။ မင်း ငါ့အိမ်အရိပ်ကိုမနင်းနဲ့။

ထမင်းတွေကိုနိမိတ်ဟုမှတ်ကာအံကြိတ်ဝါးလိုက်ရင်း သူဒေါသတကြီးတွေးမိသည်။

ကလေးနဲ့သူ့ကို ဒီကောင်မလွမ်းဘူးလား။

ဦး​ဏှောက်သေးသေးလေးအားအလုပ်ပေးရင်းဖြင့် သူရှုပ်ထွေးလာကာ ညစာအားလက်စသတ်၍ အိပ်ခန်းထဲဝင်သွားတော့သည်။ အခန်းအားလော့ချ၍ အိပ်ရာပေါ်တက်ပြီးလျှင် သူ့ဗိုက်ဆူဆူလေးအားပွတ်သတ်ကာ တတွတ်တွတ်စကားပြောမိ၏။

" မင်းဖအေ ကိုမျိုးအောင်ကိုမျှော်မနေနဲ့ အိပ်တော့ "

လက်ချောင်းထိပ်လေးများဖြင့်ဖတ်ခနဲထိပုတ်လိုက်ကာ သူဆူလိုက်မိသည်။ တကယ်ဆိုဘယ်သူကမျှော်နေတာတဲ့လဲ။

" ဟမ့်! လူကဖြင့်အမွှေးမပြောနဲ့ ခြေလက်တောင်မစုံချင်သေးဘူး။ ဖအေ့လက်မောင်းပေါ်ခေါင်းမအုံးရရင် ငါ့ကိုညညလန့်နိုးအောင် ဒုက္ခပေးတယ် ဟုတ်လား။ ငါလည်းမင်းဖအေပါ၊ နည်းနည်းပါးပါးသတိရဦး။ မင်းဖအေကိုချည်းမျှော်မနေနဲ့၊ သူ့ကြောင့်မင်းဆိုတဲ့လက်တောက်လောက်လေး မျိုးအောင်တယ်ဆိုတိုင်း ကျေးဇူးသိပ်သိပြမနေနဲ့။ လွယ်ထားတာကငါဆိုတာလည်းသတိရ။ "

ပွစိပွစိသူပြောမိပြီးမှ ဘာပြောမိခဲ့သလဲပြန်တွေးမိသည်။ သူ့လက်မောင်းပေါ်ခေါင်းအုံးမအိပ်ရလို့။ ဟုတ်လား။ နိမိတ်လက်မောင်းပေါ်သူခေါင်းအုံးမအိပ်ရလို့တဲ့လား။

ရင်ဘတ်ကြီးထဲဟာလာဟင်းလင်း။ နိမိတ်ကသူ့ကိုအကျင့်တွေလုပ်ပေးခဲ့တာပဲ။ ဒါကိုတွေးမိ​တော့စိတ်တိုသည်။ နိမိတ်ကသူလိုကောင်ကိုအကျင့်လုပ်ပေးသွားတာတဲ့လား။

သူကကော သူကကောဘာလို့များနိမိတ်ကိုမျှော်နေတာ။ သူမျှော်နေတာသာသိရင် နိမိတ်ကဂုဏ်ယူပြုံးကြီးနဲ့စပ်ဖြီးဖြီးလုပ်ဦးမလားမသိ။

ဒါမှမဟုတ် " မောင်သိသားပဲ ခင်ဗျားက ကျုပ်မရှိဘဲမှမနေနိုင်တာ " လို့ကြွားမလား။
သူမရှိဘဲ ကိုယ်တကယ်မနေနိုင်ဘူးလား။

မေးခွန်းများကသူ့ဦးဏှောက်သေးသေးလေးထဲပြွတ်သိပ်နေသည်။ ယခုချိန်နိမိတ်ကိုမြင်လျှင်သူဘာပြောချင်မလဲဟုမေးလိုက်မိတဲ့အခါ အဖြေကကြောက်စရာ။

ဘုရားရေ။ ဒါသူမှဟုတ်ရဲ့လား။

ငိုချင်လာသည်။ ဒီကောင်မရှိရင်ညတောင်အိပ်မပျော်ခဲ့တာ တစ်လဆိုတဲ့အချိန်ကသက်သေ။ ရှားရှားပါးပါး ဒီအိမ်ထဲရောက်လို့သူ့အငွေ့အသက်နဲ့အိပ်မှသာ သူတစ်ရက်ပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်နိုင်ခဲ့တာ။

အဲ့လောက်ထိနိမိတ်ကိုသူစွဲလန်းသွားပြီလား။

ပြန်လာမှဖြစ်မယ်။ နိမိတ်ပြန်လာမှဖြစ်မယ်။ သူပြန်လာမယ်လို့လည်းယုံကြည်နေပါတယ်။ သူသိတယ်။ နိမိတ်ကသူနဲ့သူ့ကလေးကိုစိတ်ချပြီးတော့ထားခဲ့မှာမဟုတ်ဘူး။

သူ့ခြေဖမိုးလေးနမ်းရရင်တောင် ကမ္ဘာတစ်ခုအပိုင်ရသလို ပျော်နေတတ်တဲ့ကောင်က ဒီတစ်ခါလည်းအဲ့သည်လိုအနမ်းမျိုးအတွက်ပြန်လာမှာပါ။ ဒါပေမဲ့မတူတာက ခြေဖမိုးဝင်းဝင်းလေးအစား ဒီတစ်ခါသူ့နှုတ်ခမ်းသားတွေဖြစ်မှာ။

သူမျှော်နေမည်။ ရုတ်တရက်ဖြင့်သူသည် ကိုယ့်ခြေဖမိုးလေးကိုကိုယ်ပြန်ကြည့်မိ၏။ ကိုယ်ကထွက်သွားဟုဆိုတော့လည်း နိမိတ်ကတစ်ချက်မငြင်းဘဲသွားခဲ့သည်။ နမ်းနေကျခြေဖမိုးလေး လစ်ဟသွားမှာတောင်သူမကြောက်ဘဲလေ။ မတွေ့ချင်ဘူးဆိုခဲ့တုန်းကလည်း မောင့်မျက်နှာမမြင်ချင်ရင်ရတယ် ကလေးကိုတော့ဘာမှမလုပ်ပါနဲ့ဆိုပြီးတောင်းဆိုခဲ့သေးသည်။

သူနမ်းနေကျခြေဖမိုးလေးစဖြစ်လာတာဘယ်တုန်းကတဲ့လဲ။
ကိုယ်ထင်တာ နင်းခံခဲ့ရတဲ့မာနဟာသူဖြစ်ပြီး မိန့်မိန့်ကြီးတင်စီးယူခဲ့သူသည်နိမိတ်ရှိန်ဝါပင်။ သို့သော်သူ့ထက်မလျော့တဲ့မာနမျိုးနဲ့ ဒီကောင်ကသူ့ခြေဖဝါးအောက် ခစားခဲ့တာအကြိမ်ကြိမ်ပါ။

မမြင်ခဲ့လိုက်တာပါ။ သူမျက်ကန်းတစ္ဆေဖြစ်ခဲ့တာ။ သူ့ခြေဖမိုးလေးနမ်းဖို့ပဲ ကြိုးစားနေတဲ့ကောင်ကို သူဘယ်လိုလွဲမှားခဲ့တာတဲ့လဲ။

မြင်ပြီ။ သူမြင်ပါပြီ။ ဤအရာသည်နိမိတ်ပြသခဲ့တဲ့ အနိုင်ရရှိမှုဖြစ်ပါလိမ့်မယ်။

9.March

မဟာမြတ်သူကခုထိချစ်တယ်မပြောသေးပါဘူးနော်။ သူကအခုမှနိမိတ်အချစ်ကိုမြင်ပြီးး နိမိတ်မရှိရင်မဖြစ်တာကိုသိတာပါ။ သူ့ဦးဏှောက်သေးသေးလေးကတခြားကိစ္စပဲရမယ်။ အချစ်ရေးအချစ်ရာတွေမရဘူး။

ကိုမျိုးအောင်ကတော့ ဒီအပိုင်းမပါဘူးဆိုတာ ကျွန်တော့်ဘေးနားခေါ်သိပ်ထားလို့ပါ။

spoiler alert ကတော့ ကိုမျိုးအောင်ဆိုတဲ့နာမည်အတိုင်းပဲ နိမိတ်ရှိန်ဝါ မျိုးအောင်ထားတာ စုဘူးကနှစ်ဘူးပါညော် TwT


Zawgyi

မဟာျမတ္သူရဲ႕ဆုံးျဖတ္ခ်က္ကိုဒီတစ္ခါ ခမည္းေတာ္ေကာမိခင္ေကာက ကန့္ကြက္တာမရွိ။ သည့္အစား ႏွစ္ဦးႏွစ္ဖက္ၾကားဝင္ပါတာမ်ိဳးလည္းမရွိပါ။ ႏွစ္ဖက္လုံးကိုနားလည္သည့္ ေဘးလူအေနျဖင့္ ေဘးမွာသာရွိသင့္သည္မဟုတ္လား။

ေဆး႐ုံကဆင္းေတာ့လည္း ဧကရာဇ္ကပဲေဆး႐ုံတက္ရတဲ့ကိစၥကို ေျဖရွင္းေပးသည္။ Social ေပၚမွာျပန့္ေနတဲ့သတင္းကေတာ့ ေတာ္ဝင္မင္းသားနဲ႕ Liberty ရဲ႕ဥကၠဌ တို႔ရဲ႕ေတာ္စပ္မႈဆိုတာေတြခ်ည္း။ တစ္ပါတ္နဲ႕ေတာ္႐ုံၿငိမ္က်မသြားဘဲ ဂယက္ကႀကီးပုံေပၚသည္။ Crown ကိုပါထိခတ္လာတဲ့လွိုင္းေတြကမနည္း။ ခုံ႐ုံးအဆိုတင္သြင္းခ်က္မ်ားမွာ မဟာျမတ္သူဟာမကာကြယ္နိုင္ေလာက္ပါဘူးဆိုသည့္ ထင္ျမင္ခ်က္ေတြသာ။

ဗိုက္ကတစ္ဖက္ျဖင့္ အလုပ္ေတြကိုစိမ္းလက္ထဲထည့္ခဲ့ၿပီးမွ ေတာ္ဝင္မိသားစုအရႈပ္အရွင္းေတြကိုထပ္လွည့္ၾကရသည္။ ေရွ႕ေဆာင္ျဖစ္တဲ့မဟာျမတ္သူက ၾကင္နာတတ္တဲ့မင္းသားမို႔ အိမ္ေရွ႕စံျဖစ္ရင္ေတာင္ ကေလးတစ္ေယာက္လြယ္ထားသည္ဆိုတဲ့အမွန္တရားက မေျပာင္းလဲသြားပါဘူးတဲ့ေလ။

ထို႔အစား ဧကရာဇ္ရဲ႕ဝမ္းကြဲညီမေတာ္၏သားကို ေနရာေပးေစခ်င္သည္။

အတင့္ရဲလို႔။ ေတာ္ဝင္မ်ိဳးဆက္ကိုေစာ္ကားတဲ့လူေတြ။

အလုပ္ကိစၥဘက္လုံးဝအာ႐ုံမလႊဲနိုင္ေတာ့ လစ္ဟင္းသြားတဲ့မိသားစုေထာက္တိုင္ေနရာကိုျပန္ဝင္လာရသည္။ ေတာ္ဝင္မ်ိဳးရိုးက သူျပဳတ္က်ရင္ မိသားစုတစ္လုံးလဲမွာမဟုတ္လား။ သူ႕အာ႐ုံအလုံးစုံက ဒီထဲမွာနစ္ျမဳပ္ေနၿပီး မည္မည္ရရလည္းမေတြးေတာနိုင္ပါ။

" သခင္ေလး ကားအဆင္သင့္ျဖစ္ၿပီ "

နိမိတ္မရွိေတာ့တည္းက စံအိမ္ႀကီးမွာျပန္လည္ေနထိုင္ေနၿပီျဖစ္ၿပီး ယခုဆိုႏွစ္ပါတ္ေက်ာ္ၿပီျဖစ္သည္။

နိမိတ္နဲ႕ပတ္သတ္ၿပီးဘာမွမေတြးနိုင္။ ေတြးဖို႔လည္းအခ်ိန္ကရွိမေနဘူးမို႔ သူ႕အာ႐ုံေတြကတစ္ေနရာထဲမွာသာရွိသည္။

မဟာျမတ္သူကားေပၚေရာက္တာနဲ႕ ကားတန္းသည္စထြက္ခြာေလသည္။

အမ်ိဳးသားကိုယ္ဝန္ေဆာင္မို႔လို႔လုပ္နိုင္စြမ္းမရွိဘူးထင္ေနလွ်င္ ထိုထင္ေနသမွ်ကိုေျပာင္းျပန္လွန္ပစ္မည္။ သူ႕အား မည္သူကမ်ားေျခေတာ္တင္ရဲမည္နည္း။

" ေတာ္ဝင္ဆိပ္ကမ္းက ဝန္ႀကီးမ်ားအစည္းအေဝးကိုအရင္သြား စံနန္းကိုအျပန္မွဝင္မယ္ "

" ဟုတ္ကဲ့ပါသခင္ေလး "

သုံးစီးတန္းကားေလးသည္ ယခင္ကမဟာျမတ္သူ၏ေနရာအစစ္အမွန္ကိုျပန္ပို႔ေပးေနသည္။ နိမိတ္နဲ႕မရခင္က သူ႕အာ႐ုံေတြကစီးပြားေရးႏွင့္ ေတာ္ဝင္ရဲ႕ crown ကိုလ်ာထားျခင္းခံရတဲ့ တစ္လက္မမွမလြဲသည့္မင္းသားတစ္ပါးပင္။ နိုင္ငံေရးစီမံခ်က္မ်ားႏွင့္ မ်ားျပားလွတဲ့အျငင္းပြားဖြယ္ရာေတြၾကား ေခါင္းနစ္ခဲ့ရတဲ့သူ႕ကို နိမိတ္ကအိမ္ေထာင္ေရးဆိုသည့္ခ်ဳပ္ႏွောင္မႈႏွင့္ဆြဲထုတ္ပစ္ခဲ့သည္။

ဒီေကာင္နဲ႕ပတ္သတ္တာေတြသူမစဥ္းစားခ်င္ပါဘူးဆိုမွ စဥ္းစားမိေနျပန္ပါၿပီ။

ေခါင္းကိုအသာအယာခါလို႔ လမ္းမတန္းဘက္ကိုသူေငးေနလိုက္ေတာ့သည္။ သူ႕အေတြးေတြကိုနိမိတ္ဆီကိုထပ္မေရာက္ေစလို။

ထို႔ေနာက္ ေတာ္ဝင္ဆိပ္ကမ္းရွိ အစည္းအ႐ုံးသို႔ေရာက္ၿပီးေနာက္တြင္ သူ႕စိတ္သည္ ၾကည္လင္ျပတ္သားေသာမင္းသားတစ္ပါးဟန္ကိုေဆာင္ေလသည္။

အေစာင့္မ်ားၿခံရံ၍ အထဲသို႔လိမ့္ဝင္လာသည္ဟုထင္ရေသာ ဗိုက္တစ္လုံးသည္ အမ်ားအျမင္တြင္အထင္ေသးရယ္ခ်င္စရာေကာင္းသည္။ အကယ္လို႔ဒီဗိုက္ကေလးကို နိမိတ္ျမင္ပါက ထိုသို႔ထင္မည္မဟုတ္ပါ။

အားနည္းေနရမည့္အခ်ိန္မွာေတာင္ အရွိန္အဝါတစ္ခုရွိေနၿမဲျဖစ္သည့္ သူ႕အမ်ိဳးသားဟုပင္ေျဖလိမ့္မည္။

သူေရာက္ၿပီႏွင့္လူစုံေနၿပီျဖစ္ကာ ဦးလွေသာင္းဦးေဆာင္၍ ေတာ္ဝင္မ်ိဳးဆက္ကိုျဖဳတ္ခ်ဖိဳ႕ႀကံေနေသာ ဝန္ႀကီးမ်ားက အသက္ငယ္႐ြယ္ေသးသည့္မဟာျမတ္သူကိုသိပ္အထင္မႀကီးပါေခ်။

ထိုင္ခုံတြင္ေနရာယူသည္ႏွင့္ ပါးစပ္ေပါက္မ်ားမွထြက္လာေသာစကားမ်ားသည္ မဟာျမတ္သူကိုအထင္ေသးသည့္စကားေတြျဖစ္သည္။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ျခင္းထပ္၍ ဂုဏ္သိကၡာအားဖိနင္းေနၾကကာ မသင့္ေတာ္ပါဟူေသာစကားေတြက စိတ္ပ်က္ဖြယ္ရာ။

မ်ားေသာအားျဖင့္ အိမ္ေထာင္ေရးကိုသာဂ႐ုစိုက္သင့္သည္ဟူေသာစကားမ်ားမွာ သူ႕မာနကိုအႀကီးအက်ယ္ထိခိုက္ေလသည္။

ထိုသို႔ဖိအားမ်ားၾကားမွ တစ္ခ်က္မတုန္လႈပ္စြာၿငိမ္ေနေသာ္လည္း တကယ္ေတာ့သူစိတ္ရႈပ္ေနၿပီ။ ဘာလိုခ်င္လဲသိေနသူအဖို႔ အငိုသည္းျပသည့္ကေလးအား ဘာလိုခ်င္လဲတကူးတကမေမးခ်င္ပါ။

ကေလးမ်ားသည္ အႏၱရာယ္ရွိေသာအရာမ်ားႏွင့္ ကစားဖို႔မသင့္ေတာ္ဘူးမဟုတ္လား။ ထို႔ေၾကာင့္ဒီကေလးေတြကို သူကဘာေၾကာင့္လိုခ်င္တာေပးးရမွာတဲ့လဲ။

ဘုန္းခနဲျမည္ေအာင္ လက္ဖဝါးျဖင့္ကြၽန္းခုံႀကီးအား ရိုက္ခ်လိဳက္လွ်င္ တစ္ခန္းလုံးရွိဝန္ႀကီးမ်ားသည္ၿငိမ္က်သြားေတာ့သည္။

ထိပ္တြင္ထိုင္ေနသည့္ဧကရာဇ္က မဟာျမတ္သူေရာက္လာကတည္းကဘာတစ္ခြန္းမွမဟ။

" အခန္းထဲကလူတိုင္းကစိုးရိမ္လြန္ေနတာပဲ က်ဳပ္အထင္ေတာ့ ဒီေလာက္ထိအေျခအတင္ျဖစ္ေနရင္ေတာ့ မင္းသားကိုလည္းအသားလြတ္ႀကီးႏႈတ္ထြက္ခိုင္းလို႔မရဘူးေလ ေတာ္ဝင္မ်ိဳးဆက္အတြက္ ဂုဏ္သိကၡာကိုထိခိုက္ေစလိမ့္မယ္ ၊ ခင္ဗ်ားတို႔အတၱႀကီးလို႔မရဘူး ၊ ႏွစ္ဦးႏွစ္ဖက္ေျပလည္ခ်င္ရင္ကိုယ္စားလွယ္ဝင္ေ႐ြးခံဖို႔ပဲရွိမယ္ "

အခြင့္အေရးအားအသုံးခ်တတ္ေသာ ဦးလွေသာင္း၏စကားမ်ားကပါးနပ္လွသည္။ ေတာ္ဝင္မ်ိဳးရိုးပဲ တက္ထိုင္ခြင့္ရွိတဲ့ေနရာမွာ ပထမဦးဆုံး ဘာေသြးမွမပါတဲ့ အျပင္လူေတြကိုလက္ခံေပးရေတာ့မယ္ေပါ့ေလ။ အကင္းပါးတဲ့ဒီလူ႕ကိုသူတစ္ခ်က္ေစ့ေစ့ၾကည့္လိုက္သည္။ ဒီလူကဘယ္သူ႕ကိုေပးခ်င္ေနတာလဲ။

အသုံးမဝင္တဲ့ခုံေနရာမွာေတာင္ လူစားထိုးဖို႔သူလုပ္ခ်င္ေနေသးတယ္။

တကယ္ေတာ့လည္း ေတာ္ဝင္မင္းဆက္အတြက္သာဒီေနရာကတည္ရွိေနေသးတာျဖစ္သည္။ နိုင္ငံ့အေရးအခင္းေတာ္ေတာ္မ်ားမ်ားမွာ ဧကရာဇ္ရဲ႕အာဏာပိုင္က သိပ္မက်ယ္ျပန့္ေတာ့ပါ။ ၃၀ ရာခိုင္ႏႈန္းေသာလုပ္ပိုင္ခြင့္ရွိသည့္ေနရာေလးအတြက္နဲ႕ တိုက္ခိုက္ေနၾကတဲ့လူေတြကိုၾကည့္ရင္း သူသက္ျပင္းခ်မိသည္။

ၿပိဳင္ဆိုင္မႈ။ ႀကီးးျမတ္တဲ့ေတာ္ဝင္ေသြးထဲကို သူတို႔ခိုင္းတိုင္းလုပ္မဲ့႐ုပ္ေသး႐ုပ္ေတြပစ္ထည့္ေတာ့မည္။

" ကြၽန္ေတာ္ဒီေန႕ဒီကိုလာတာ Crown နဲ႕ပတ္သတ္ၿပီးေတာ့ ေဆြးႏြေးဖို႔ကသိပ္လိုေသးတယ္ဆိုတဲ့ အေၾကာင္းေျပာဖို႔ပဲ သတ္မွတ္ထားတဲ့စံနန္းရဲ႕စည္းမ်ဥ္းစည္းကမ္းအရဆိုရင္ ေတာ္ဝင္မင္းမ်ိဳးမင္းႏြယ္ထဲက ဆက္ခံသူဟာအိမ္ေထာင္ျပဳၿပီး တစ္ႏွစ္ျပည့္မွ ေပးအပ္မွာမဟုတ္လား၊ ဒီေတာ့အမ်ားႀကီးရႈပ္ေထြးမေနပါနဲ႕၊ ေတာ္ဝင္မင္းသားက အမ်ိဳးသားကိုယ္ဝန္ေဆာင္ျဖစ္ေနလည္း ကေလးအမ်ားႀကီးကို ေကာင္းေကာင္းထိန္းနိုင္ပါေသးတယ္၊ မေမ့နဲ႕ဦး ကြၽန္ေတာ့္ကိုယ္ထဲေတာ္ဝင္ေသြးအျပည့္ပါတယ္ "

ဒီကေလးအုပ္စုေလာက္ကိုသူထိန္းနိုင္ပါေသးတယ္။ သူ႕လက္ထဲမွာဝွက္ဖဲဆိုတာႀကီးရွိေနသေ႐ြ႕ ဒီလူေတြကိုပါးပါးေလးပုတ္နိုင္ေသးသည္။

မစိုးရိမ္ပါဘူး။ ဒီထက္ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ကိုေတာင္ ဒီလိုျဖစ္မယ္သိသိရက္နဲ႕သူခ်မွတ္ခဲ့တာပဲေလ။

ထိုသို႔ျဖင့္ မဟာျမတ္သူကအခန္းထဲကထြက္လာၿပီးလွ်င္ သူ႕ဗိုက္ေလးကိုခပ္သာသာေလးပြတ္မိသည္။

ေျခလွမ္းတိုင္းကျငင္သာေနကာ ႏႈတ္ခမ္းတြင္အၿပဳံးသဲ့သဲ့ရွိေန၏။ ဒီေယာက္်ား၏ စဥ္းစားေတြးေခၚမႈတိုင္းသည္ သာမန္ေတာ့မဟုတ္ပါ။ အရွည္အေဝးေတြးတတ္လြန္းသည္ျဖစ္ရာ ဘယ္အခ်ိန္မွာဘာကိုခ်ျပရမလဲေကာင္းေကာင္းသိေလသည္။

" စံနန္းကိုမသြားေတာ့ဘူး အိမ္ျပန္မယ္ "

မိခင္ကေတြ႕ခ်င္ပါသည္ဆိုေတာင္သူမျပန္ခ်င္ေသး။ ဒီရက္ပိုင္းမွာ သူေျဖရွင္းရတာေတြမ်ားေနသည္။ အေကာင္းဆုံးအေျဖကသူ႕မွာcrown နဲ႕ပတ္သတ္ၿပီးအခ်ိန္ဆြဲဖို႔ကလြဲရင္ဘာမွမရွိ။ ဆုပ္ကိုင္ထားသည့္ကံေကာင္းမႈကို အလြယ္တကူခ်မျပနိုင္ေသးပါ။ ေစာလြန္းသည္။ ဒီတိုက္ပြဲအတြက္ေစာလြန္းပါေသးသည္။

စံအိမ္ကိုျပန္ေရာက္သည္ႏွင့္ ဗိုက္ကေလးကေရမိုးခ်ိဳးကာ ေလွကားရင္းႏွစ္ခုအလည္က ဧည့္ခန္းဆိုဖာ၌ ေဘာလုံးေလးလိုေကြးေကြးေလးၿငိမ္ထိုင္ေန၏။

နိမိတ္မရွိတဲ့ႏွစ္ပါတ္ေလာက္မွာ နိမိတ္အေၾကာင္းေတြးဖို႔မအားခဲ့ေတာ့ သိပ္သတိမရ။ အခုအားလပ္ေနသည္ႏွင့္ေခါင္းထဲဝင္လာသည္က ဒီေကာင္သူ႕ကေလးကိုတကယ္ဖ်က္ခ်ခ်င္ေနတာလားဟူ၍ပင္။

ဗိုက္အားဂ႐ုတစိုက္ပြတ္သတ္ရင္း ညိုႏြဲ႕လာခ်ေပးသည့္ အသီးအႏွံေတြကိုတတြတ္တြတ္စားမိသည္။ ေနာက္ၿပီး အသီးေဖ်ာ္ရည္တစ္ခြက္ကိုလည္းေသာက္ေသး၏။

ညေနခ်မ္းမို႔လို႔ စံအိမ္ႀကီးထဲတစ္ေယာက္တည္းထိုင္ရသည္ကိုမႏွစ္ၿမိဳ႕ကာ လမ္းေလွ်ာက္ဖို႔ထြက္လာသည္။ ၿခံဝန္းႀကီးအႏွံ႕တာဝန္က်သည့္ အေစာင့္မ်ားက ဗိုက္ကေလးထြက္လာသည္ကိုျမင္ေတာ့ မ်က္စိေထာက္ေထာက္ၾကည့္ေနၾကေတာ့၏။

မဟာျမတ္သူက သူတို႔ကိုသတိထားမေနဘဲ စံအိမ္ႀကီးေရွ႕ရွိ အနည္းငယ္လွမ္းေသာ ေရပန္းဆီကိုေလွ်ာက္လာသည္။ ငါးကန္ေလးကိုဝိုက္ထားကာ ေရပန္းမွဖြာက်ေသာေရမ်ားက ထိုထဲသို႔ျပန္က်သည္မို႔ တစ္ခ်က္တစ္ခ်က္တြင္ေရမႈန္ေရမႊားမ်ားသည္ သူ႕မ်က္ႏွာထက္လာစင္သည္။

ေဘာင္းဘီတိုႏွင့္ ၾကက္ေပါက္ေရာင္တီရွပ္ပြႀကီးေၾကာင့္ သူ႕ပုံစံကအထက္တန္းေက်ာင္းသားႏွင့္တူကာ ပုံမသြင္းထားသည့္ဆံႏြယ္ေတြကလည္းထပ္အုပ္အုပ္ပင္။

" သခင္ေလးအျပင္မွာေလၾကမ္းတိုးတယ္ ပုဝါပိုင္းယူေပးရမလား "

အနားသို႔လွမ္းလာသည့္ထိပ္ေျပာင္ေျပာင္အေစာင့္ေၾကာင့္ သူေခါင္းခါလိုက္သည္။ အဲ့ေလာက္ေတာ့သူေပ်ာ့ႏြဲ႕မေနပါ။

ေရေတြကိုလွမ္းထိခတ္ထားသည္မို႔ ေအးလာသည့္လက္ဖဝါးေတြကိုၾကည့္ရင္းအေတြးရသည္။ နိမိတ္ရွိရင္သူ႕လက္ဖဝါးေတြကို သူ႕ရင္ဘတ္ထဲအတင္းဆြဲထည့္ထားမွာလား။ ဒါမွမဟုတ္အတင္းဆြဲေပြ႕ၿပီးအိမ္ထဲျပန္ေခၚမွာလား။ အဲ့ဒီအခါက်ရင္သူကေတာ့ေဒါသတႀကီးနဲ႕ လက္မွာေပေနတဲ့ေရေတြႏွင့္နိမိတ္မ်က္ႏွာကိုသုတ္နိုင္သည္။ ဖိနပ္တစ္ဖက္တစ္ခ်က္ကြၽတ္ၿပီးကေလးလို႐ုန္းေနမွာ။

ဟက္ခနဲရယ္လိုက္သည့္သခင္ငယ္ေလးေၾကာင့္ အေစာင့္က ဘာကိုရယ္လိုက္သည္မသိေပမဲ့ မဟာျမတ္သူကေတာ့သူ႕ကိုယ္သူပင္ရယ္မွန္းမသိလိုက္။

ထို႔ေနာက္သူကလက္ေတြကိုခါခတ္ၿပီး ျမက္ခင္းထားသည့္လမ္းက်ဥ္းေလးမွတစ္ဆင့္ သစ္ေတာဝန္းဘက္သို႔လွ်ိုဝင္သြားေလသည္။ အခုခ်ိန္မွာဂ႐ုအစိုက္ဆုံးျဖစ္ရမည္ကိုသိတဲ့အေစာင့္ေတြကလည္း ႏွစ္ေယာက္ေလာက္ကေနာက္ကလိုက္သြားသည္။

မဟာျမတ္သူက လမ္းက်ဥ္းေလးတစ္ေလွ်ာက္ဘယ္ညာေဝ့ဝဲၾကည့္ကာေလွ်ာက္ရင္း အိမ္ေလးဆီသို႔လွမ္းသြားသည္။ ငွက္သံမ်ားက်ီက်ီက်ာက်ာက သူအိပ္ရာနိုးတိုင္းၾကားရသည့္သတိေပးသံဟုသတိရသည္။ ထို႔ေနာက္ခပ္လွမ္းျမင္ျမင္ရသည့္အိမ္ငယ္ေလး။

ေျခလွမ္းတို႔ကတိက်ေသခ်ာလွသည္။ အိမ္တံခါးအားဖြင့္ကာ ဝင္သြားၿပီးမွ အိမ္ထဲရွိအသြင္အျပင္ကိုသူေစ့ေစ့ၾကည့္မိ၏။ မီးလင္းဖိုေလးကေအးစက္စက္ၿငိမ္းေနကာ ဆိုဖာေတြကလူမထိုင္သည္ေၾကာင့္ အတြန့္အေခါက္မရွိၿငိမ္သက္လို႔။

လူမေနထားသည္ေၾကာင့္ ေလထုကေအးစက္ေနကာ နိမိတ္ၿဖဲခ်ခဲ့သည့္သူ႕အဝတ္ကၾကမ္းျပင္မွာအရွိတိုင္းသား။

ႏွစ္ပါတ္လုံးဒီေနရာကိုလူလာမရွင္းဘူးလား။

သူအခုမွေသခ်ာၾကည့္မိသည္ အိမ္နံရံမွာသုတ္ထားတဲ့ေဆးေတြက အဝါေရာင္ခပ္ေဖ်ာ့ေဖ်ာ့ေျပာင္းလို႔။
ယခင္ခရမ္းႏုေရာင္ေတြကဘယ္ေရာက္သြားၿပီလဲ။ ေလထုထဲမွာနိမိတ္ရဲ႕အေငြ႕အသက္ေတြကိုသူအဆုတ္အျပည့္ရွိုက္မိသည္။ ထို႔ေနာက္အိပ္ခန္းဆီသို႔လွမ္းသြားမိေသး၏။

အခန္းတံခါးေစ့႐ုံေလးအားတြန္းဖြင့္လွ်င္ KingBed size ေမြ႕ရာႀကီးႏွင့္ ဗီရိုႏွစ္လုံးၿပိဳင္ထားသည္ကိုျမင္ရသည္။ ကုတင္ေဘးစားပြဲမွာနိမိတ္နာရီနဲ႕တျခားအသုံးေဆာင္ပစၥည္းေတြ။ ဧည့္ခန္းမွာလည္းနိမိတ္သုံးေနက်ေရႏြေးခြက္ႀကီးေတြ႕ခဲ့ေသးတယ္။

အိပ္ရာေပၚေခြေခြေလးတက္လွဲရင္းက်န္ရစ္သည့္အေငြ႕အသက္ကိုရႉရွိုက္မိသည္။ ဒီေကာင္ျပန္လာမွာပါ။ အရင္တစ္ခါလိုျပန္လာမွာ။ တစ္လျပည့္တာနဲ႕ျပန္ေပၚလာမွာ။ သူသိပါတယ္။

အိပ္ေရးပ်က္ခဲ့တဲ့ႏွစ္ပါတ္အစား ယခုတြင္သူသည္ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္သြားၿပီျဖစ္သည္။ နိမိတ္အုံးသည့္ေခါင္းအုံးႀကီးအားေပါင္ၾကားခြညွပ္၍ ဖက္ထားးကာအိပ္ေပ်ာ္ခဲ့တာျဖစ္သည္။

အနားမွာရွိေနက် တစ္စုံတစ္ေယာက္က အေဝးခဏေရာက္သြားခိုက္မွာ ဒီလိုလြမ္းတာေတြလည္းျဖစ္တတ္တာပဲေလ။ ဒီေယာက္်ားကသူ႕ကိုစိတ္အရင္းမွန္နဲ႕ႏြေးေထြးခဲ့တာမို႔ ဒီေလာက္ေတာ့လြမ္းေနသင့္ပါတယ္။ ဟုတ္တယ္။ ဒီတုံ႕ျပန္ခ်က္ေတြကမွားမေနပါဘူး။ သူနိမိတ္ကိုလြမ္းတာျဖစ္သင့္ပါတယ္ေလ။

//

ထိုေန႕ကစ စံအိမ္ကိုပဲ ျပန္လာအိပ္ျဖစ္တဲ့သူက ညဘက္ေတြေကာင္းေကာင္းအိပ္မေပ်ာ္ျဖစ္ကာ မ်က္တြင္းေတြညိုနက္ေနသည္။ မ်ားေသာအားျဖင့္ညသန္းေခါင္အိပ္ေပ်ာ္ၿပီးတိုင္း မအီမသာျဖင့္နိုးလာတတ္ၿပီး စိတ္ထဲအခဲမေက်ေပ။ ဘာကိုအခဲမေက်မွန္းလည္း သူ႕ကိုယ္သူမသိပါ။

ထိုသို႔ရက္မွလေျပာင္းသည့္ေန႕တြင္ေတာ့ နိမိတ္ျပန္လာမည္အထင္ႏွင့္ အိမ္ငယ္ေလးမွာညေနတည္းကေစာင့္သည္။ အိမ္ေနာက္ေဖးမွာစာဖတ္ေနခဲ့ၿပီး နိမိတ္ဝင္လာတာနဲ႕ေတြ႕ဖို႔ရည္႐ြယ္သည္။ သို႔ေသာ္ ညဦးပိုင္းသို႔တေျဖးေျဖးအခ်ိန္ကူးေျပာင္းလာသည္အထိ နိမိတ္ကေရာက္မလာေသး။ ပထမဦးဆုံးအႀကိမ္လူတစ္ေယာက္ကိုေမွ်ာ္ျခင္းျဖစ္သည္။

bellတီးသံေၾကာင့္သူ႕ေခါင္းတစ္ခုလုံးအုံကာ ထုံက်င္သြားၿပီး dreambed ေပၚကထေျပးသြားသူသည္ အခန္းတံခါးကိုလွစ္ခနဲဆြဲလွပ္ပစ္သည္။ သို႔ေသာ္သူ႕စိတ္နံရံေလးအၿပိဳၿပိဳအလဲလဲကြဲက်သြားတာပါပဲ။

" ထမင္းလာပို႔တာသခင္ေလး ဦးေမာင္ကသခင္ေလးညစာစားဖို႔ညိုႏြဲ႕နဲ႕ ဒီကအစ္ကိုႀကီးကိုလႊတ္လိုက္တာ။

ညိုႏြဲ႕ေနာက္က အသင့္အေနအထားျဖင့္ ေက်ာေပးထားသည့္အေစာင့္ႏွင့္ ခပ္လွမ္းလွမ္းကသူ႕အိမ္အားလွမ္းၾကည့္ေနသည့္အေစာင့္ႏွစ္ေယာက္ေၾကာင့္ သူသက္ျပင္းခ်ရင္း ညိုႏြဲ႕လက္ထဲကညစာျခင္းေလးကိုလွမ္းယူလိုက္သည္။

" ဒီညဒီမွာအိပ္မွာမို႔ သူတို႔ႏွစ္ေယာက္ကိုပါေစာင့္မေနဘဲျပန္သြားလို႔ ညဥ့္နက္ရင္ေအးတယ္ "

" ရွင္! အာ မဟုတ္တာ၊ ဟိုးမွာေတြ႕လား၊ လြန္ခဲ့တဲ့တစ္ေခါက္သခင္ေလးဒီမွာလာအိပ္တည္းက ဦးေမာင္ကပင္စည္ခြၾကားမွာ သစ္လုံးအိမ္သုံးလုံးတည္ခိုင္းထားတာ၊ အထဲမွာအိမ္သုံးးပစၥည္းအကုန္ရွိလို႔မပူပါနဲ႕၊ ခဏေနရင္ကြၽန္မသူတို႔အတြက္ေကာ္ဖီေတြလာပို႔ဦးမွာပါ။ "

ထိုမွသာဂ႐ုမစိုက္သည့္ဟန္ျဖင့္အိမ္တံခါးအားျပန္ပိတ္သြားသည္မို႔ ညိုႏြဲ႕သက္ျပင္းခပ္ေလးေလးသာခ်လိဳက္သည္။

စားပြဲေပၚအစီအရီတင္ထားသည့္ ပူႏြေးေနေသာဟင္းခြက္မ်ားအားသူၾကည့္ရင္းစိတ္ေလးလာသည္။ နိမိတ္ဘာလို႔မလာတာလဲ။ သူကေကာဘာလို႔႐ူးေၾကာင္ေၾကာင္နဲ႕ဒီမွာလာေစာင့္ေနမိတာလဲ။

" ဟား! မဟာျမတ္သူ မင္းေစာက္႐ူးလား "

ဆိုဖာေပၚေနာက္လွန္မွီလိုက္ရင္း ဝဲတက္လာသည့္မ်က္ရည္ေတြကို ပုတ္ခတ္ပစ္လိုက္သည္။ သူ႕ကိုယ္သူဘာေစာက္႐ူးထေနမိမွန္းပင္မသိေတာ့ပါေခ်။

အင့္ခနဲရွိုက္သံပင္ထြက္ၿပီးေနာက္ ညစာကိုပလုပ္ပေလာင္းစားမိသည္။

မလာခ်င္တဲ့ေကာင္မလာနဲ႕။ မင္း ငါ့အိမ္အရိပ္ကိုမနင္းနဲ႕။

ထမင္းေတြကိုနိမိတ္ဟုမွတ္ကာအံႀကိတ္ဝါးလိုက္ရင္း သူေဒါသတႀကီးေတြးမိသည္။

ကေလးနဲ႕သူ႕ကို ဒီေကာင္မလြမ္းဘူးလား။

ဦးေဏွာက္ေသးေသးေလးအားအလုပ္ေပးရင္းျဖင့္ သူရႈပ္ေထြးလာကာ ညစာအားလက္စသတ္၍ အိပ္ခန္းထဲဝင္သြားေတာ့သည္။ အခန္းအားေလာ့ခ်၍ အိပ္ရာေပၚတက္ၿပီးလွ်င္ သူ႕ဗိုက္ဆူဆူေလးအားပြတ္သတ္ကာ တတြတ္တြတ္စကားေျပာမိ၏။

" မင္းဖေအ ကိုမ်ိဳးေအာင္ကိုေမွ်ာ္မေနနဲ႕ အိပ္ေတာ့ "

လက္ေခ်ာင္းထိပ္ေလးမ်ားျဖင့္ဖတ္ခနဲထိပုတ္လိုက္ကာ သူဆူလိုက္မိသည္။ တကယ္ဆိုဘယ္သူကေမွ်ာ္ေနတာတဲ့လဲ။

" ဟမ့္! လူကျဖင့္အေမႊးမေျပာနဲ႕ ေျခလက္ေတာင္မစုံခ်င္ေသးဘူး။ ဖေအ့လက္ေမာင္းေပၚေခါင္းမအုံးရရင္ ငါ့ကိုညညလန့္နိုးေအာင္ ဒုကၡေပးတယ္ ဟုတ္လား။ ငါလည္းမင္းဖေအပါ၊ နည္းနည္းပါးပါးသတိရဦး။ မင္းဖေအကိုခ်ည္းေမွ်ာ္မေနနဲ႕၊ သူ႕ေၾကာင့္မင္းဆိုတဲ့လက္ေတာက္ေလာက္ေလး မ်ိဳးေအာင္တယ္ဆိုတိုင္း ေက်းဇူးသိပ္သိျပမေနနဲ႕။ လြယ္ထားတာကငါဆိုတာလည္းသတိရ။ "

ပြစိပြစိသူေျပာမိၿပီးမွ ဘာေျပာမိခဲ့သလဲျပန္ေတြးမိသည္။ သူ႕လက္ေမာင္းေပၚေခါင္းအုံးမအိပ္ရလို႔။ ဟုတ္လား။ နိမိတ္လက္ေမာင္းေပၚသူေခါင္းအုံးမအိပ္ရလို႔တဲ့လား။

ရင္ဘတ္ႀကီးထဲဟာလာဟင္းလင္း။ နိမိတ္ကသူ႕ကိုအက်င့္ေတြလုပ္ေပးခဲ့တာပဲ။ ဒါကိုေတြးမိေတာ့စိတ္တိုသည္။ နိမိတ္ကသူလိုေကာင္ကိုအက်င့္လုပ္ေပးသြားတာတဲ့လား။

သူကေကာ သူကေကာဘာလို႔မ်ားနိမိတ္ကိုေမွ်ာ္ေနတာ။ သူေမွ်ာ္ေနတာသာသိရင္ နိမိတ္ကဂုဏ္ယူၿပဳံးႀကီးနဲ႕စပ္ၿဖီးၿဖီးလုပ္ဦးမလားမသိ။

ဒါမွမဟုတ္ " ေမာင္သိသားပဲ ခင္ဗ်ားက က်ဳပ္မရွိဘဲမွမေနနိုင္တာ " လို႔ႂကြားမလား။
သူမရွိဘဲ ကိုယ္တကယ္မေနနိုင္ဘူးလား။

ေမးခြန္းမ်ားကသူ႕ဦးေဏွာက္ေသးေသးေလးထဲႁပြတ္သိပ္ေနသည္။ ယခုခ်ိန္နိမိတ္ကိုျမင္လွ်င္သူဘာေျပာခ်င္မလဲဟုေမးလိုက္မိတဲ့အခါ အေျဖကေၾကာက္စရာ။

ဘုရားေရ။ ဒါသူမွဟုတ္ရဲ႕လား။

ငိုခ်င္လာသည္။ ဒီေကာင္မရွိရင္ညေတာင္အိပ္မေပ်ာ္ခဲ့တာ တစ္လဆိုတဲ့အခ်ိန္ကသက္ေသ။ ရွားရွားပါးပါး ဒီအိမ္ထဲေရာက္လို႔သူ႕အေငြ႕အသက္နဲ႕အိပ္မွသာ သူတစ္ရက္ပဲႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္နိုင္ခဲ့တာ။

အဲ့ေလာက္ထိနိမိတ္ကိုသူစြဲလန္းသြားၿပီလား။

ျပန္လာမွျဖစ္မယ္။ နိမိတ္ျပန္လာမွျဖစ္မယ္။ သူျပန္လာမယ္လို႔လည္းယုံၾကည္ေနပါတယ္။ သူသိတယ္။ နိမိတ္ကသူနဲ႕သူ႕ကေလးကိုစိတ္ခ်ၿပီးေတာ့ထားခဲ့မွာမဟုတ္ဘူး။

သူ႕ေျခဖမိုးေလးနမ္းရရင္ေတာင္ ကမၻာတစ္ခုအပိုင္ရသလို ေပ်ာ္ေနတတ္တဲ့ေကာင္က ဒီတစ္ခါလည္းအဲ့သည္လိုအနမ္းမ်ိဳးအတြက္ျပန္လာမွာပါ။ ဒါေပမဲ့မတူတာက ေျခဖမိုးဝင္းဝင္းေလးအစား ဒီတစ္ခါသူ႕ႏႈတ္ခမ္းသားေတြျဖစ္မွာ။

သူေမွ်ာ္ေနမည္။ ႐ုတ္တရက္ျဖင့္သူသည္ ကိုယ့္ေျခဖမိုးေလးကိုကိုယ္ျပန္ၾကည့္မိ၏။ ကိုယ္ကထြက္သြားဟုဆိုေတာ့လည္း နိမိတ္ကတစ္ခ်က္မျငင္းဘဲသြားခဲ့သည္။ နမ္းေနက်ေျခဖမိုးေလး လစ္ဟသြားမွာေတာင္သူမေၾကာက္ဘဲေလ။ မေတြ႕ခ်င္ဘူးဆိုခဲ့တုန္းကလည္း ေမာင့္မ်က္ႏွာမျမင္ခ်င္ရင္ရတယ္ ကေလးကိုေတာ့ဘာမွမလုပ္ပါနဲ႕ဆိုၿပီးေတာင္းဆိုခဲ့ေသးသည္။

သူနမ္းေနက်ေျခဖမိုးေလးစျဖစ္လာတာဘယ္တုန္းကတဲ့လဲ။
ကိုယ္ထင္တာ နင္းခံခဲ့ရတဲ့မာနဟာသူျဖစ္ၿပီး မိန့္မိန့္ႀကီးတင္စီးယူခဲ့သူသည္နိမိတ္ရွိန္ဝါပင္။ သို႔ေသာ္သူ႕ထက္မေလ်ာ့တဲ့မာနမ်ိဳးနဲ႕ ဒီေကာင္ကသူ႕ေျခဖဝါးေအာက္ ခစားခဲ့တာအႀကိမ္ႀကိမ္ပါ။

မျမင္ခဲ့လိုက္တာပါ။ သူမ်က္ကန္းတစ္ေဆျဖစ္ခဲ့တာ။ သူ႕ေျခဖမိုးေလးနမ္းဖို႔ပဲ ႀကိဳးစားေနတဲ့ေကာင္ကို သူဘယ္လိုလြဲမွားခဲ့တာတဲ့လဲ။

ျမင္ၿပီ။ သူျမင္ပါၿပီ။ ဤအရာသည္နိမိတ္ျပသခဲ့တဲ့ အနိုင္ရရွိမႈျဖစ္ပါလိမ့္မယ္။

9.March

မဟာျမတ္သူကခုထိခ်စ္တယ္မေျပာေသးပါဘူးေနာ္။ သူကအခုမွနိမိတ္အခ်စ္ကိုျမင္ၿပီးး နိမိတ္မရွိရင္မျဖစ္တာကိုသိတာပါ။ သူ႕ဦးေဏွာက္ေသးေသးေလးကတျခားကိစၥပဲရမယ္။ အခ်စ္ေရးအခ်စ္ရာေတြမရဘူး။

ကိုမ်ိဳးေအာင္ကေတာ့ ဒီအပိုင္းမပါဘူးဆိုတာ ကြၽန္ေတာ့္ေဘးနားေခၚသိပ္ထားလို႔ပါ။

spoiler alert ကေတာ့ ကိုမ်ိဳးေအာင္ဆိုတဲ့နာမည္အတိုင္းပဲ နိမိတ္ရွိန္ဝါ မ်ိဳးေအာင္ထားတာ စုဘူးကႏွစ္ဘူးပါေညာ္ TwT

Continue Reading

You'll Also Like

45.8K 2.6K 17
ဒီဓာတ်ပုံလေးထဲမှာပဲ မင်းနဲ့ကိုယ့်ရဲ့အချစ်တွေကိုအမြဲသိမ်းဆည်းထားမယ်။ ဘ၀တစ်ဘ၀စာကြာတဲ့အထိ..၊ မင်းကိုယ့်နားပြန်ရောက်လာတဲ့အထိပေါ့။ စိုင်းမော်သွေး
5.5K 353 37
မောင်က အဲ့ဒီမျက်ဝန်းညိုတွေအတွက်ကြောင့်ပဲ ဒီသံသရာမှာ ခုံမင်စွာ ကျင်လည်ပေးခဲ့ပါတယ်။ စေလိုရာ စေပါစေ..လွမ်းဟာ မောင့်ရဲ့ အရှင်သခင်ပါပဲ။
1.1M 37.4K 55
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.8M 139K 80
Zawgyi ထူးဆန္းေသာက်ိန္စာတခုေၾကာင့္ ဆက္ႏြယ္မိေသာ မ်ိဳးတူေယာက္က်ားႏွစ္ေယာက္ၾကားက marriage lifeေလး Unicode ထူးဆန်းသောကျိန်စာတခုကြောင့် ဆက်နွယ်မိသော မျို...