Annoying Zhao Gongzi (Myanmar...
By Eri1485EXOL
83K 11.4K 214
This is just a translation ... Original work is 讨厌的赵公子 by Your唯 and we translated from the website, novelupda... More
Description
Just Notes
Chapter - 1 (Part 1)
Chapter - 1 (Part 2)
Chapter - 2 (Part 1)
Chapter - 2 (Part 2)
Chapter - 3 (Part 1)
Chapter - 3 (Part 2)
Chapter - 4 (Part 1)
Chapter - 4 (Part 2)
Chapter - 4 (Part 3)
Chapter - 4 (Part 4)
Chapter - 5 (Part 1)
Chapter - 5 (Part 2)
Chapter - 6 (Part 1)
Chapter - 6 (Part 2)
Chapter - 6 (Part 3)
Chapter - 6 (Part 4)
Chapter - 7 (Part 1)
Chapter - 7 (Part 2)
Chapter - 7 (Part 3)
Chapter - 7 (Part 4)
Chapter - 8 (Part 1)
Chapter - 8 (Part 2)
Chapter - 9 (Part 1)
Chapter - 9 (Part 2)
Chapter - 9 (Part 3)
Chapter - 10 (Part 1)
Chapter - 10 (Part 2)
Chapter - 10 (Part 3)
Chapter - 10 (Part 4)
Chapter - 11 (Part 1)
Chapter - 11 (Part 2)
Chapter - 11 (Part 3)
Chapter - 12 (Part 1)
Chapter - 12 (Part 2)
Chapter - 12 (Part 3)
Chapter - 13 (Part 1)
Chapter - 13 (Part 2)
Chapter - 13 (Part 3)
Chapter - 14 (Part 1)
Chapter - 14 (Part 2)
Chapter - 14 (Part 3)
Chapter - 14 (Part 4)
Chapter - 15 (Part 2)
Chapter - 15 (Part 3)
Chapter - 15 (Part 4)
Chapter - 16 (Part 1)
Chapter - 16 (Part 2)
Chapter - 17 (Part 1)
Chapter - 17 (Part 2)
Chapter - 17 (Part 3)
Chapter - 17 (Part 4)
Chapter - 18 (Part 1)
Chapter - 18 (Part 2)
Chapter - 19 (Part 1)
Chapter - 19 (Part 2)
Chapter - 20 (Part 1)
Chapter - 20 (Part 2)
Chapter - 20 (Part 3)
Chapter - 21 (Part 1)
Chapter - 21 (Part 2)
Chapter - 21 (Part 3)
Chapter - 22 (Part 1)
Chapter - 22 (Part 2)
Chapter - 23 (Part 1)
Chapter - 23 (Part 2)
Chapter - 24 (Part 1)
Chapter - 24 (Part 2)
Chapter - 25 (Part 1)
Chapter - 25 (Part 2)
Chapter - 26 (Final)
Chapter - 15 (Part 1)
575 94 1
By Eri1485EXOL
Unicode
ငါက ရိုမန့်တစ်ဆန်တဲ့လူတစ်ယောက်အဖြစ် မွေးဖွားလာခဲ့တာ။ အဲ့ဒါကြောင့် ငါ့မှာ ရှုပ်ထွေးပြီး​တော့ ထိလွယ်ရှလွယ်တဲ့ ခံစားချက်​တွေ များစွာရှိ​နေတယ်။ အဲ့အပြင် ငါ ချစ်မြတ်နိုးရတဲ့လူကိုလည်း အဲ့လိုခံစားချက်​တွေကို ကျေကျေနပ်နပ်ကြီး ခံစား​စေလိုတယ်။
စိတ်အနှောင့်အယှက်ဖြစ်စရာ ​ကျောင်းကုန်းဇီသာမရှိခဲ့ဘူးဆိုရင်​တော့ ငါက ရှုပ်​ပွေတဲ့လူတစ်ယောက် ဖြစ်သွားနိုင်တယ်။
ဒါပေမယ့် ဘဝမှာ ဘာဆို ဘာမှ ရှိမှာမဟုတ်​တော့ဘူး။
ဒါတွေအားလုံးက အရေးမကြီးပါဘူး။ အရေးကြီးတာက ​ကျောင်းကုန်းဇီဟာ ဒီလိုလူမျိုးမဟုတ်ဘူး။ ​ကျောင်းကုန်းဇီက နားလည်ရခက်တဲ့လူတစ်ယောက်ဖြစ်​နေတယ်​လေ။ သူ့မျက်လုံးထဲမှာ နမ်းတာထက် အစာစားတာက ပိုအရေးကြီးတယ်။ အဝတ်အစားက အစားအသောက်ထက် ပိုအရေးကြီးတယ်... သူက လုံးဝကို လက်တွေ့ဆန်တဲ့သူမို့ သူ ငါ့ကို ပေးတဲ့လက်ဆောင်တွေက အရမ်းဖြစ်ကတတ်ဆန်းဆန်တယ်။ သူ ငါ့ကို ဂရုတစိုက်နဲ့ ရွေးချယ်ထားတဲ့ လက်ဆောင်တစ်ခု​တော့ ပေးခဲ့ဖူးပါရဲ့။ ဒါကြောင့် ဆက်မကြိုးစား​တော့ဖို့ သူ့ကို ငါ ပြောလိုက်ရတယ်။
ဘာပဲဖြစ်ဖြစ် ​ကျောင်းကုန်းဇီဆိုတဲ့လူမှာ ​ဖော်ပြထိုက်တဲ့ အချစ်ရေးရာဇဝင်​တွေမရှိခဲ့ဘူးဆိုပေမယ့် တစ်နည်းနည်းနဲ့တော့ သူ လုပ်ခဲ့တာပါပဲ။
တစ်ဖက်လူက သူ့ထက် ငယ်ရွယ်တဲ့ မိန်းမပျိုလေးဖြစ်ပြီး က​လေးဘဝက ချစ်ရသူလည်းဖြစ်ကာ မိသားစုနောက်ခံအရ သူနဲ့လိုက်ဖက်​နေ​ပေမယ့် သူတို့ကြားထဲကို ငါက အရှက်မရှိ ဝင်​ရောက်လာခဲ့တယ်။ ငါက ​ကျောင်းကုန်းဇီရဲ့ အကျင့်သီလနဲ့ အကြောင်းပြချက်​တွေကို လုယက်ခဲ့တယ်​လေ။
အနည်းဆုံးတော့ ဦး​လေးတာ့လီရဲ့ မျက်လုံးထဲမှာ​ အဲ့လိုပုံစံ​ဖြစ်​နေခဲ့တာ။
ပြီး​တော့ အခြားလူအများစုရဲ့အမြင်မှာလည်း အဲ့လိုဖြစ်​နေခဲ့တယ်​လေ။
အရင်က ရုပ်ရှင်တွေ, ဝတ္ထုတွေထဲမှာ ဒီလို အလားတူဇာတ်လမ်းမျိုးကို ငါ မကြာခဏ မြင်ခဲ့ဖူးတယ်။ အခြေအနေအများစုမှာ​တော့ ဒီအမျိုးသမီးမှာ ငါ့ထက် မလိုမုန်းတီးစိတ်​တွေများ​နေမယ်ဆိုရင်​ ငါက ပိုမြင့်မြတ်တဲ့အကျင့်စာရိတ္တရှိတဲ့​နေရာကို ရရှိနိူင်တယ်။
ဒါပေမယ့် သူမမှာက အပြစ်အနာအဆာ လုံးဝမရှိဘူး။
သူမက သမ္မတကြီးရဲ့တူမ​လေးဖြစ်ပြီး အကျင့်စရိုက်ကလည်း ပွင့်လင်းပြီး​တော့ ရွှင်လန်းတက်ကြွကာ အမြော်အမြင်ရှိတဲ့သူလည်းဖြစ်တယ်။ သူမက နိုင်ငံခြားမှာ ကျောင်းတက်ခဲ့ပြီး အလှမယ်ပြိုင်ပွဲ​တွေမှာလည်း ထိပ်ဆုံး(၃)ဦး​ထဲကို ပါဝင်ခဲ့တယ်။ ပြီးပြည့်စုံတဲ့လူသားဆိုတာ တစ်ယောက်မှမရှိဘူး​လေ။ သူမမှာ ဆိုးယုတ်ပြီး​တော့ ရက်စက်ချင်တဲ့ နှလုံးသားတစ်ခု​တော့ ရှိသင့်ပါတယ်။ ဒါပေမယ့် ဦးလေးတာ့လီက ကားကို ​နောက်ဆုတ်ပစ်လိုက်တဲ့အချိန်မှာ သူမက ငါ့ကို သတ္တိရှိရှိနဲ့ တွန်းဖယ်ပစ်လိုက်တယ်​။
အိုး။
ငါ့ကို တားဖို့ ​ကျောင်းကုန်းဇီသာ မရှိဘူးဆိုရင် ငါ သူမကို ချစ်မိသွားလိမ့်မယ်။ အမှန်တော့ သူမဆီမှာ ငါ့အတွက် ဖုံးကွယ်ထားတဲ့ ခံစားချက်အချို့ရှိ​နေတယ်လို့ ငါယုံကြည်တယ်။
ဒါဆိုရင် ဒီအခြေအနေနဲ့ ပတ်သက်ပြီး​တော့ နောက်ထပ်ရှုထောင့်တစ်ခု ရှိကောင်းရှိ​နေနိုင်တာပဲ။ ဒီဇာတ်လမ်းရဲ့ မတူတဲ့ဗားရှင်းမှာ​တော့ ​ကျောင်းကုန်းဇီဟာ ငါ့ရဲ့ ရွံရှာဖွယ်ကောင်းမှု​တွေကို စောစောစီးစီးမြင်​တွေ့သွားခဲ့ပြီး အချိန်အတော်ကြာခွဲခွာခဲ့ရပြီးနောက်မှာ သူမနဲ့ ပြန်လည်ပေါင်းစည်းသွားသင့်တယ်​လေ။
အမ်...
တကယ်တော့ ငါ အမှန်အတိုင်းပြောဖို့ မစီစဉ်ထားဘူးဆိုပေမယ့် ဒီမှာပဲ သီးသန့်ပြောပြလိုက်​တော့မယ်။ အမှန်က သူမနဲ့ငါ့ရဲ့ကြားမှာ မအောင်မြင်ခဲ့တဲ့ဆက်ဆံရေးတစ်ခုရှိခဲ့တယ်။
သူမနဲ့ငါ သီးသန့်ချိန်းတွေ့ခဲ့ဖူးတယ်​လေ။ အဲ့ဒီကြားထဲမှာ ​ကျောင်းကုန်းဇီရဲ့ အနှောင့်အယှက်ကြောင့်သာမဟုတ်ရင် ငါ သူမရဲ့ဖွင့်ဟဝန်ခံမှုကို လက်ခံလိုက်မိမှာ။
သူမက ငါ့ကို ဖွင့်ဟ​ပြောဖို့ စီစဉ်နေတာဖြစ်မယ်။ ငါ သေချာပေါက် နားလည်မှုလွဲ​နေတာမဟုတ်ဘူး​နော်။ ဒီလိုမှမဟုတ်ရင် သူမ ငါ့ကို လက်ဆောင်ပေးတဲ့ ပန်းစည်းတွေ, ဒါမှမဟုတ် အဲ့ဒီပန်းစည်းတွေရဲ့ အတွင်းမှာရှိတဲ့ ကတ်တွေ, ကတ်တွေပေါ်က ချစ်စရာကောင်းတဲ့ အချစ်စကားတွေကို ငါ ဘယ်လိုရှင်းပြရမှန်းမသိဘူး​လေ။
"လူတွေ မကြာခဏ​ပြောကြတယ်, အချစ်ဟာ အရာအားလုံးကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်တယ်တဲ့, ငါ့ရဲ့နှလုံးခုန်နှုန်းနဲ့ သူရဲ​ဘော​ကြောင်မှု​တွေကို​ကော​ပေါ့, ရိရှင်, နင် နားလည်လားဟင်?"
ငါ နားလည်ပါတယ်။
"အခြေအနေ​တွေက လူမိုက်တွေ ကိုယ့်ကိုယ်ကို ထောင်ချဖို့အတွက် သုံးတဲ့ လှောင်အိမ်တစ်ခုလိုပဲ။ ဒါတောင် ငါတို့က လွတ်လွတ်လပ်လပ် မွေးဖွားလာတာ။ ရိရှင်, နင် ဘယ်လိုထင်လဲဟင်?"
အဲ့ဒါ သိပ်မှန်တယ်လို့ ငါ ထင်ပါတယ်။
"ငါတို့က အချစ်ကို လွတ်လွတ်လပ်လပ်နဲ့ သတ္တိရှိရှိ မ​ဖော်ပြနိုင်ဘူးဆိုရင် ဘာလို့ သူရဲဘောကြောင်ပြီး​တော့ စည်းကမ်းတကျနေထိုင်ဖို့ကို စိတ်အားထက်သန်နေရ​သေးတာလဲ? ရိရှင်, ငါပြောတာမှန်တယ်ထင်လားဟင်?"
သူမ ငါ့ကို လေးလေးနက်နက် ချစ်​နေတယ်လို့ ငါ ထင်တယ်။ အဲ့နောက်မှာ​တော့ ​ကျောင်းကုန်းဇီက အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်​လေ။ သူက တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ။
​ကျောင်းကုန်းဇီက ဖုန်းကို ချလိုက်ပြီး ငါ့ကို မျက်ခုံးပင့်ကြည့်လာတယ်, "မင်း ဘာလို့ အဲ့အဝတ်​အစား ဝတ်​​ထားတာလဲ?"
ဘာလို့လဲဆို​တော့ ဒါက စတိုင်ကျပြီး​တော့ ငါ့ကို ကြည့်လို့ကောင်းစေတယ်​လေ။
​ကျောင်းကုန်းဇီက ​ပြောတယ်, "အဝတ်အစား ပြန်လဲလိုက်"
ငါက ​ပြောလိုက်တယ်, "မစ္စယု လာတယ်ဆိုတာက အထူးအဆန်း​လေ, သူမက သမ္မတကြီးကို ကိုယ်စားပြုပြီး​တော့ သခင်ကြီးနဲ့ စီးပွားရေးကိစ္စ လာဆွေးနွေးတာလို့ ငါကြားတယ်, ငါတို့ သူမကို သင့်​လျော်တဲ့ လေးစားမှုမရှိဘဲ ဆက်ဆံလို့မရဘူး, ဒါတင်မက​သေးဘူး​, သူမရဲ့ ကူညီမှုကြောင့် အစ်ကို(၃) ​ထောင်က လွတ်​နိူင်တော့မှာ ​ကျေးဇူးတင်စရာပဲ​လေ"
​ကျောင်းကုန်းဇီက ​ပြောတယ်, "အဝတ်အစား သွားလဲ"
​ကျောင်းကုန်းဇီက သူ့အဝတ်အစားတစ်စုံကို ဗီရိုထဲကထုတ်ကာ ငါ့ဆီ လှမ်း​ပေးပြီး ​ပြောတယ်, "ဒါတွေ ဝတ်လိုက်, ကြည့်ကောင်းတယ်"
သူ လိမ်​နေတာ!
Zawgyi
အိုး။
အမ်...
ငါ နားလည်ပါတယ်။
ငါက ​ပြောလိုက်တယ်, "မစ္စယု လာတယ်ဆိုတာက အထူးအဆန်း​လေ, သူမက သမ္မတကြီးကို ကိုယ်စားပြုပြီး​တော့ သခင်ကြီးနဲ့ စီးပွားရေးကိစ္စ လာဆွေးနွေးတာလို့ ငါကြားတယ်, ငါတို့ သူမကို သင့်​လျော်တဲ့ လေးစားမှုမရှိဘဲ ဆက်ဆံလို့မရဘူး, ဒါတင်မက​သေးဘူး​, သူမရဲ့ ကူညီမှုကြောင့် အစ်ကို(၃) ​ထောင်က လွတ်​နိုင်တော့မှာ ​ကျေးဇူးတင်စရာပဲ​လေ"
သူ လိမ်​နေတာ!
Continue Reading
You'll Also Like
61.2K 10.6K 57
Title - Heavenly Wife Chinese title - 仙妻男当 Author - Kun Cheng Xiong Mao Status - 58 chapters + 3 extras (Completed) ဝိညာဥ်အမြစ်တွေကို ဖခင်အရင်းမှ ဖြတ...
11.8K 1.1K 7
•Original Title - 最后一百天 •English Title - The Final 100 Days •Author - 买菜 •Genres - Tragedy...
76.3K 12.9K 29
This is not my own story. It is my translation work. All Credits to original author. Associated name- 反派天生嗜甜 Type-Web novel Author-封玖 Status in C...
1.1M 45.1K 57
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...