(Unicode)
ဒီနေ့က The Great အနေနဲ့ fashion တစ်ခုတည်းသာမက ကျန်စီးပွားရေးလုပ်ငန်းများကိုပါ မဟာမြတ်သူဦးပြန်လှည့်လာတာဖြစ်သည်။
ပင်ပန်းခြင်းဆိုသည်အား နဖူးတွေ့ဒူးတွေ့ရုန်းကန်ရသူအဖို့ ညည်းညူစရာရယ်မရှိ။ သူအရမ်းပင်ပန်းလာလျှင် နိမိတ်ကပြုစုလိမ့်မည်။ သူတစ်ခုခုဖြစ်ရလျှင်လည်းနိမိတ်ကပဲ ဦးဆုံးရောက်လာလိမ့်မယ်။
Ring Ring Ring
တိတ်နေသည့်အခန်းထဲ၌ စူးရှသည့်ဖုန်းသံကြောင့် အလုပ်တွင်အာရုံဝင်စားနေသူက သတိဝင်လာလျှင်
" Hello! "
" ညနေ သတင်းစာရှင်းလင်းပွဲရှိတယ်လို့ အဖေကပြောခိုင်းလိုက်တယ် "
နိမိတ်အသံသြရှရှက ဖုန်းကနေဖြတ်သန်းလို့သူ့နားစည်ကိုရိုက်ခတ်သည်။ တစ်နေ့လုံးမနက်ကလည်းအလောတကြီးမို့မတွေ့ခဲ့ရတဲ့အပြင် အခုလည်းအသံသာကြားရသေးသည်။ အနည်းငယ်ညစ်ညူးချင်သောစိတ်ကြောင့် မျက်ခုံးတို့တွန့်ချိုးရင်းသူတုံ့ပြန်လိုက်၏။
" ငါခဏနေပြန်လာမယ် အဝတ်တွေသွားယူပေးထားဦး "
" အမိန့်အတိုင်းပါဗျာ မောင်စောင့်နေမယ်နော် "
တစ်ဖက်ကဖုန်းကျသွားသည်နှင့် မဟာမြတ်သူက လုပ်လက်စအလုပ်တွေလက်စသတ်ပစ်ရသည်။ ဒီနေ့ညနေအတွက် တကယ်ဆိုသူအားမရှိ။ သူတို့အကြောင်းကို တစ်ကမ္ဘာလုံးသိတော့မယ်ဆိုတဲ့စိတ်နဲ့ အမှန်တိုင်းဝန်ခံရရင် အနည်းငယ်တော့စိတ်လှုပ်ရှားပါသည်။
ဒီလူနှင့်သူ့ကြားက ပတ်သတ်ဆက်နွယ်မှုကို လူတိုင်းကိုချပြဖို့မရည်ရွယ်ခဲ့ပေမဲ့ အခုလိုမျိုးပြောရလိမ့်မယ်ဟုမထင်ပါ။
ထိုညနေပင်သူစံအိမ်ကြီးကိုပြန်လာခဲ့သော်လည်း စံအိမ်ကြီးမဝင်ခဲ့။ ဦးမောင်လမ်းပြမှုနှင့်အတူ သစ်တောဝန်းဘက်ကိုသာထွက်လာခဲ့သည်။
" အစ်ကိုလေးက အဆင်သင့်ဖြစ်နေပြီ သခင်လေးပဲကျန်တော့တယ် "
" မှီပါတယ် ကျွန်တော်တို့နောက်မကျသေးပါဘူး "
အိမ်ထဲရောက်သည်နှင့်ဦးမောင်လက်ထဲက သူ့ဝတ်စုံကိုယူခဲ့ရသည်။ ယခင်သူဝတ်နေကျဖြစ်သော ရင်ကွဲဝတ်စုံပင်ဖြစ်ကာ နိမိတ်မြင်လျှင်ဘယ်လိုဖြစ်မလဲသူသိချင်လာ၏။
မဟုတ်တာ။ သူနိမိတ်ကိုတွေးမိခဲ့သည်လား။
" ကားအဆင်သင့်ပြင်ခိုင်းထားလိုက်ပါ ဦးမောင် ခဏနေထွက်ခဲ့မယ် "
" ဟုတ်ပြီ သခင်လေး "
သူအိမ်ထဲဝင်သွားသည်နှင့် နိမိတ်ကအိမ်အနောက်ဖက်ကနေထွက်လာသည်။ ထို့နောက်သူ့လက်ထဲက အဝတ်အစား နှင့် သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်၏။
" ရေချိုးဦး ကိုမြတ်သူ "
မဟာမြတ်သူက မျက်ခုံးတစ်ဖက်ပင့်၏။ နိမိတ်ကသူ့ကိုဘယ်လိုခေါ်လိုက်တာ။
" အင်း ထူးထူးဆန်းဆန်း "
သူဘာမှတော့ထပ်မပြောတော့။ အဝတ်အစားကိုပါယူ၍ အိပ်ခန်းထဲဝင်လိုက်သည်။ သူ့နောက်လိုက်လာသူကလည်း မဟာမြတ်သူ၏လက်မောင်းတွေကိုဖမ်းဆွဲကာ အတင်းပွေ့ဖက်၏။
" ဘာဖြစ်နေတာလဲ "
" အဟွန်း! မောင့်ယောက်ျား၊ ဟုတ်တယ်မလား။ ခင်ဗျားကမောင့်ယောက်ျား။ "
သူဘာမှပြန်မပြောပေမဲ့ နိမိတ်ကျောပြင်တွေကိုပွတ်သတ်ပေးမိသည်။ အလုပ်ကြောင့်ပင်ပန်းနေတဲ့စိတ်တွေပါ လွင့်ပါး၏။ စိတ်လက်ကြည်သာရှိဖို့က ထိုမျှလောက်အရေးကြီးမှန်း သူဘယ်တုန်းကမှမသိခဲ့ပါ။
" မောင် ခင်ဗျားကိုချစ်တယ် ကိုမြတ်သူ "
" အင်း ငါသိတယ် "
" ဒါပဲလား၊ ဟင်! ပြောပါဦး၊ သိတယ်ဆိုရုံပဲလား၊ "
" ငါရေချိုးချင်ပြီး တစ်ကိုယ်လုံးနုံးနေတာ "
သူပြောတော့မလွှတ်ချင်လွှတ်ချင်နှင့် လွှတ်ပေးသည်။ ပြီးတော့သူ့တစ်ကိုယ်လုံးပြန်ဆွဲယူကာ နိမိတ်လက်မောင်းတွေပေါ် ပက်လက်လှန်ချ၍ နှုတ်ခမ်းအားဖိကပ်ရုံမျှနမ်း၏။ ပြီးတော့မှသာရေချိုးခန်းထဲလွှတ်ပေးသည်။
ထိုနှုတ်ခမ်း၏ပူနွေးမှုကပျောက်မသွား။ ရေအေးတွေအောက်တိုးဝင်ခဲ့သည့်တိုင် ရင်ဘတ်ကြီးထဲပူလောင်နေတာဖြစ်သည်။
ဘုရားရေ။ သူဘာဖြစ်တာတဲ့လဲ။
" မောင့်အချစ် ခင်ဗျားဒီအဝတ်အစားကို တကယ်ဝတ်မှာလား "
အလိုမကျသည့်အသံအားရေချိုးခန်းထဲမှပင် အတိုင်းသားကြားသည့်အခါ နိမိတ်မျက်နှာဘယ်လိုရှုံ့တွနေမလဲဆိုတာကိုသူတွေးမိနေသည်။
" အချစ်ရေ... မောင်ပြောတာကြားလား "
ရေချိုးခန်းတံခါးအား တဒုန်းဒုန်းထုရိုက်လာသည်ကြောင့် သူအော်လိုက်လျှင်
" အင်းလို့... ဝတ်မှာ၊ ကော်ဖီနွေးနွေးတစ်ခွက်လောက်ဖျော်ပေး ငါဗိုက်ဆာတယ် "
ထိုမှငြိမ်သွားသူကအခန်းထဲရှိသေးရဲ့လားပင်မသိ။
သူ့တစ်ကိုယ်လုံးတိုက်ချွတ်ပြီးမှ အခန်းထဲထွက်လာလျှင် နိမိတ်မျက်နှာသုန်မှုန်နေတာကိုတွေ့လေသည်။
မျက်နှာကိုကအမျိုးမျိုး။ သူပဲပြောင်းနိုင်တယ်။ ဒီကောင့်ကိုတော့အံ့သြပါသည်။
" ဘာဖြစ်နေတာလဲ ဗိုက်ဆာတယ်လို့ "
" ဘာလို့ ဒီအဝတ်လဲ "
" ဘာဖြစ်လို့လဲ ငါအရင်လည်းဝတ်နေကျပဲ "
ဘေးကိုကြည့်တော့ သူ့အဝတ်တွေကိုပြန့်ကျဲထားသည်။ ဒီကောင်အတော်ဆိုးနေတာပဲ။ ရန်မဖြစ်တာကြာတော့ဖြစ်ချင်နေပုံပင်။
" ဘာဖြစ်တာလဲ ဘာလို့ဖွထားတာလဲ "
" သူများတွေကြည့်မှာမကြိုက်ဘူး "
" နိမိတ်! ငါ့ကိုလာမရစ်နဲ့နော်၊ စိတ်မရှည်ဘူး၊ ဗိုက်ဆာတယ်လို့ပြောနေတယ် "
လေသံခပ်တင်းတင်းပြောတော့မှ မျက်နှာငယ်လေးနှင့်ထွက်သွားတော့သည်။ ဒီကောင်ဒေါသထွက်တာတောင်မမြင်ရတာကြာပြီမဟုတ်လား။ သူ့အားချစ်တယ်ဟုစပြောပြီးတည်းက နိမိတ်ဒေါသတွေကိုသူမမြင်ရတော့တာ။ ထူးဆန်းသား။ မပြောင်းလဲတာဟာလည်းလူပဲဖြစ်သလို ပြောင်းလဲတတ်တာဟာလည်းလူပါပဲ။
အဝတ်အစားဝတ်၍သူထွက်လာတော့ ခုံပေါ်မှာကိတ်မုန့်နှင့်ကော်ဖီခွက်ကိုတွေ့သည်။ နိမိတ်ကသူ့ရင်ဘတ်တွေကိုမှုန်ကုပ်ကုပ်ကြည့်နေတာ။ သဘောကသူမကြိုက်ဘူးပေါ့လေ။
" အားဆေးပုလင်းကော မယူလာဘူးလား "
" မေ့ခဲ့တယ် "
" မေ့မှာပေါ့ ခင်ဗျားကအိုနေပြီလေ မှတ်ဉာဏ်ကဘယ်ကောင်းမလဲ "
လေသံတွေပြောင်းသွားတဲ့နိမိတ်ကိုသူမျက်ခုံးပင့်ကာကြည့်မိသည်။ ဒီကောင်ဘာဖြစ်သွားတာတဲ့လဲ။ ချက်ချင်းကြီးကိုလေသံပြောင်းသွားတာ သူ့ကိုစိတ်ဆိုးတာလား။
ဆတ်ခနဲခါထုတ်၍ အခန်းထဲဝင်သွားသူကိုကြည့်မိသည်။ တကယ်ကြီးစိတ်ဆိုးနေတာလား။
သူဂရုမစိုက်မိ။ နေရာတွင်ထိုင်လို့ စားစရာရှိတာကိုပါးစပ်သေးသေးလေးနှင့်ကိုက်စားမိသည်။ နိမိတ်ထွက်လာသည်နှင့် ရှဥ့်ပေါက်လေးလိုမုန့်စားနေသူကို မျက်ဝန်းနက်တွေနှင့်ကြည့်မိ၏။ အတော်နားလည်မှုမရှိတဲ့လူ။ သူဘာဖြစ်နေလဲမသိဘူးလား။
စားနေတဲ့ပုံစံကိုက အသည်းယားစရာ။
" အပြင်မှာအေးတယ် coat တစ်ထည်လောက်မယူဘူးလား "
" အအေးကြိုက်တယ် "
သိသိရက်နှင့်သူရွဲ့တော့ နိမိတ်မျက်နှာကဆယ်ဆလောက်အိုကျသွားသလို။ အသံတစ်သံမှမထွက်ဘဲ မဟာမြတ်သူ၏ရင်ဘတ်ဟကြောင်းကြီးကိုကြည့်နေသည်။ ရင်ညွန့်ရိုးမှ ရင်ဝထိမြင်နေရသည်မို့ သူတကယ်သဘောမကျပါ။ ဘာလို့လူကြားထဲဝတ်ဦးမှာလဲ။
" အချစ် မပြောင်းတော့ဘူးလား တကယ် "
" No... "
နိမိတ်ကမရပေ။ ကော်ဖီသောက်နေတဲ့သူ့အနားသို့ခပ်သွက်သွက်လှမ်းလာပြီး ကော်ဖီခွက်ကိုချလိုက်သည်နှင့် ရင်ဘတ်စကနေကိုင်ကာအင်္ကျီကိုသူ့အားနှင့်ဖြဲချပစ်တော့သည်။
" နိမိတ်ရှိန်ဝါ!! "
" ပြဲသွားပြီ သွားလဲတော့ "
" ဒါဘယ်လောက်ကြာအောင်အပ်ထားရလဲ သိရဲ့လား ငါဠိုးမသားရဲ့!! "
" ကျုပ်စကားအစောကြီးထဲကနားထောင်ဖို့ ခင်ဗျားကိုပြောတယ် "
" အား.. ဒီခွေး "
ရှူးရှူးရှဲရှဲပေါက်ကွဲနေသည်ကအလုပ်မဖြစ်ပေ။ နိမိတ်ကပေတိပေထုံဖြင့် တစ်ဖက်ဆိုဖာမှာခြေချိတ်ဝင်ထိုင်၏။ မျက်ခုံးတစ်ဖက်ပင့်ပြကာအိပ်ခန်းဘက်သို့လက်ညွှန်လျှင် ဒေါသတကြီးထ၍ အိပ်ခန်းထဲဝင်ရ၏။
" ခွေးကောင်! "
ထိုသို့ဖြင့် သူနောက်တစ်ထည်ကိုလဲခဲ့ရလေသည်။ ရင်ဟိုက်တွေအများကြီးရှိလည်း ဒီကောင်ထပ်ဖြဲဦးမှာကိုသိတာမို့ ညှပ်ရိုးပေါ်တဲ့အထိသာဟိုက်သည့် အညိုရောင်ဆွယ်တာဝတ်ကာထွက်ခဲ့ရတော့သည်။
" သွားရအောင် "
သူဒေါသထွက်ထွက်ဖြင့် ညှို့သကျည်းကိုပိတ်ကန်ပစ်ကာထွက်လာခဲ့လိုက်သည်။ နိမိတ်ဘာဖြစ်နေမလဲသူမသိချင်။ သိဖို့စိတ်မဝင်စားပါ။ ဒီကောင်ဒါနဲ့ပဲတန်တယ်။
လျှောက်လမ်းသွယ်ကနေ ဘောက်ဆတ်ဆတ်ဖြင့်သူထွက်လာကာ မိနစ်ပိုင်းကြာသည်နှင့် စံအိမ်ကြီးဆီကိုရောက်သည်။ ကားအစီးလိုက်တန်းထားသည်၍ ဖြူစွတ်သည့်ကားပေါ်ကိုတက်ကာ တံခါးကိုဆောင့်ပိတ်လိုက်သည်။
နိမိတ်နောက်ကနေခုန်ဆွဆွဖြင့်လိုက်လာကာ တံခါးဖွင့်၍အတင်းဝင်လာလျှင် ခြေထောက်ဖြင့်ကာထားမိသည်။ နိမိတ်ကကာထားသည့်ခြေထောက်မှဖိနပ်အားချွတ်ဖယ်၍ ဖြူဖွေးသည့်ခြေဖဝါးလေးကိုကိုင်ကာ အတင်းတိုးလာပြန်၏။
" မလာနဲ! သွား! မလာစမ်းနဲ့! ငါဠိုးမသား! "
" အချစ်ရယ် "
" ဠီးချစ်လား! "
နိမိတ်သူ့ကိုအတင်းဆွဲဖက်၍ မျက်နှာအနှံ့အနမ်းတွေကျဲချကာ ချော့မြှူရပြန်၏။
" လိမ္မာပါတယ် "
" ငါ့အဝတ်ကိုဖြဲတဲ့ကောင် ဠီးလိမ္မာရမှာလား "
" မောင်မှားပါတယ် "
အတင်းကော့ကန်နေသည့် ခြေထောက်များအားဖမ်းဆွဲ၍ သူနှုတ်ခမ်းတွေဖြင့်ဖိနမ်းလျှင် တရှူးရှူးတရှဲရှဲဒေါသထွက်နေသူက အသက်ကိုပြင်းပြင်းရှူ၍ ငြိမ်ကျသွားတော့သည်။
" မောင်းတော့ "
ထိုမှသာ ကားတန်းရှည်သည် ငြိမ့်ညောင်းစွာဖြင့် မောင်းထွက်လာတော့၏။
နိမိတ်က သူ့ခြေဖဝါးတွေကိုပွတ်သပ်နမ်းရှိုက်ရင်း ခြေဖမိုးတွေကိုပါနမ်းသည်။ ပက်လက်လေးလန်နေသူက ဒေါသထွက်ထားသည့်မျက်နှာနီလေးဖြင့် သူ့အားအခဲမကျေစွာကြည့်သည်။
ခြေလေးနှစ်ဖက်ကမိုးထောင်နေသည်မို့ ဘောင်းဘီထုပ်ထဲအင့်နေသည့်တင်ပါးတွေကလည်း မို့မောက်လျက်။
နိမိတ်သူ့တင်ပါးတွေကို ညှစ်ကိုင်လိုက်လျှင်အင့်ခနဲအသံထွက်ကာ မျက်ဝန်းနီတွေနဲ့ကြည့်ပြန်သည်။
" လက်သရမ်းမနေနဲ့ "
" အဟင်း! မောင်မှားပါတယ် "
ဒေါသထွက်ထားသည်ကြောင့် အသက်အား ပြင်းပြစွာလှိုက်၍ရှူနေရသူသည် နိမိတ်ကိုဘာမှပြန်မပြောတော့ပေ။ မျက်ဝန်းတွေမှိတ်ချ၍ အနားယူ၏။
//
ကားတန်းရှည်ထိုးရပ်သည်နှင့် အုတ်အော်သောင်းနင်းဖြစ်ကာ media သမားတွေအပြင် တချို့သတင်းကြောင့်စုရုံးနေသည့် လူတချို့ပါရှိချေ၏။
ကားထဲမှအရပ်ရှည်ကာ တောင့်ဖြောင့်သည့်ကိုယ်ခန္ဓာနှင့်လူတစ်ယောက်ဆင်းလာလျှင် ကင်မရာမီးရောင်တဖျတ်ဖျတ်တို့က မျက်စိကျိန်းလောက်စရာ။ နိမိတ်ကထိုလူ့ကို လက်ကမ်းခေါ်လျှင် တော်ဝင်မင်းသားက သူနှင့်မတိမ်းမယိမ်းယှဥ်ကာထွက်လာ၏။
လူရှုပ်စိတ်ရှုပ်သည်ကိုမကြိုက်သည့်သူ့အတွက် ဒီအနေအထားက မွန်းကျပ်ကာခေါင်းကိုက်စေသည်။ စည်းစနစ်မကျဘဲ အတင်းတိုးဝှေ့နေသည်ကြောင့် အလုပ်တွေနှင့်ပင်ပန်းထာသည့်လူသည်မူးဝေလာပြီဖြစ်သည်။
နိမိတ်ကဒေါသထွက်လာပြီဖြစ်သည်။ မျက်စပစ်လိုက်သည်နှင့် သူခေါ်လာသည့် သိန်းထွဋ်တို့အဖွဲ့က သူတို့ဘေးမှနေကာ လမ်းထွင်ပေးလေသည်။ နိမိတ်ဒီလူ့ကိုရင်ခွင်ထဲတင်းတင်းထည့်ဖက်ထားတာ။ ဝမ်းဗိုက်ပေါ်လက်အုပ်၍ အထိအခိုက်နည်းအောင် သူဂရုစိုက်ရသည်။
" သတိထားလျှောက် "
ထို့နောက်မှသာသူတို့က ခန်းမထဲသို့ဝင်ရောက်လာနိုင်၏။
အပြင်ကောအတွင်းကောမီးရောင်တဖျတ်ဖျတ်ဖြင့် စိတ်ရှုပ်လာသူက ခေါင်းတွေချာချာလည်နေပြီ။ ထိုးကိုက်လာသည့်ခေါင်းက ဆယ်ပေါင်တူနှင့်ထုနေသယောင်။ သူနိမိတ်ကိုမကိုင်ဘဲ အနိုင်နိုင်ရပ်လျှင် နားလည်သူက သူ့ကိုလွှတ်ပေးထားသည်။
ခမည်းတော်နှင့်မိခင်က စင်ပေါ်မှာရှိနေကြပြီးသား။ သူတို့တက်လာသည်နှင့် ထကာနှုတ်ဆက်သည်။
" စကြတော့မလား သား "
ထို့နောက် ဧကရာဇ်ကဦးဆောင်၍စကားအနည်းငယ်ပြောကာ မဟာမြတ်သူနှင့်နိမိတ်ကိုခေါ်သည်။ သူတို့နှစ်ယောက်ယှဥ်လျက်သားကိုမြင်တော့ လူထုတွင်အမေးပေါင်းများစွာရှိ၏။ မတည့်ကြတဲ့လူနှစ်ယောက်ကစင်ပေါ်မှာဘာလာလုပ်သလဲ။ တော်ဝင်ကားပေါ်ကနေ Liberty ရဲ့ chairman ကဘာလို့ဆင်းလာသလဲ။ company နှစ်ခုပူးပေါင်းရေးဆိုလျှင်တော့ စီးပွားလောကကိုလှုပ်ကိုင်မည့်သတင်းပင်။
သို့သော်ငြား...
" ကိုယ်တို့အသိပေးနောက်ကျသွားတဲ့အတွက် အရင်ဦးဆုံးလူထုကိုတောင်းပန်ပါတယ်၊ ဝေ့ဝိုက်မနေချင်ပါဘူး၊ ကိုယ်နဲ့ တော်ဝင်မင်းသားနဲ့က တရားဝင်လက်ထပ်ယူပြီးထားတဲ့ လိင်တူစုံတွဲဖြစ်တယ်။ လက်ထပ်မှတ်ပုံတင်ပြီးသားဖြစ်သလို လက်ထပ်စာချုပ်လည်းချုပ်ပြီးသားပါ။ ယခုဆိုအိမ်ထောင်သက် ၇ လကျော် ၈ လထဲကိုဝင်ရောက်နေပါပြီ "
တုံ့ပြန်သံမရှိသည့်ခန်းမသည်ငြိမ်သက်လျက်ရှိသည်။ တိုက်ရိုက်ထုတ်လွှင့်သူများကပါ မည်သို့မှမဆိုနိုင်။ မိနစ်ပိုင်းမှသတိဝင်လာသူတို့က မေးခွန်းများစွာကိုပေါပေါလောလောမေးတော့၏။
ဆူညံသံတို့ကခန်းမထဲပြည့်သွားခဲ့လျှင်
" ကျွန်တော် မေးခွန်းသုံးခုပဲဖြေပေးပါ့မယ် "
သူ့အသံကဟိန်းထွက်နေကာ ခန်းမသည်တမဟုတ်ချင်းပင် ငြိမ်ကျသွားတော့သည်။
ထို့နောက် စီစဥ်သူက စာနယ်ဇင်းသမားတစ်ယောက်ကိုရွေးလိုက်လျှင်
" သက်ဆိုင်သူတွေဆိုရင် ဘာလို့များအရင်ကလူထုကိုထင်ယောင်ထင်မှားဖြစ်အောင်လုပ်ရတာလဲရှင့် အရင်ကကောဘယ်လိုပတ်သတ်မှုတွေရှိခဲ့တာလဲ တော်ဝင်ရဲ့စည်းမျဥ်းစည်းကမ်းတွေကိုချိုးဖောက်ခဲ့သေးလား "
မေးခွန်းသုံးခုကိုတစ်ပြိုင်တည်းမေးသော်လည်း နိမိတ်ကနောက်ဆုံးတစ်ခုကိုသာဖြေဆိုခဲ့သည်။
" တော်ဝင်စံနန်းက ဘယ်စည်းမျဥ်းကိုမှ မချိုးဖောက်ခဲ့ပါဘူး ကိုက်ညီမှုတွေနဲ့ပဲပြုလုပ်ခဲ့ကြတာ နောက်တစ်ယောက် "
" မင်းသားမှာကိုယ်ဝန်ရှိနေတာလားရှင့် တော်ဝင်မင်းသားကအမျိုးသားကိုယ်ဝန်ဆောင်ဖြစ်နေတာလား ဖြေပေးပါရှင့် "
အနည်းငယ်ဆူထွက်နေတာသည့်ဗိုက်လေးက မသိသာသော်လည်း မိန်းမများ၏မျက်လုံးတွင်တော့ထူးဆန်းနေလောက်မည်။ နိမိတ်ကတုန်လှုပ်သွားသော်လည်း စိတ်ရှုပ်နေသည့်မဟာမြတ်သူကတော့ထိုသို့မဟုတ်ပါ။ မျက်နှာတွင်မည်သည့်ခံစားချက်မှထုတ်မပြထားဘဲ မေးခွန်းထုတ်သည့်လူအား ပြုံးစစဖြင့်ကြည့်နေတာဖြစ်သည်။
တိတ်ဆိတ်နေသည့်လူအများစုကလည်းဒီအကြောင်းကိုသိချင်နေကြဟန်။ သို့သော်နိမိတ်ကတော့ပေးပြောမည်မဟုတ်တာကြောင့် သူငြင်းဖို့နှုတ်ဟလိုက်လျှင်ပဲ...
" အိမ်ထောင်ဖက်ရဲ့ရင်သွေးကိုလွယ်ပေးရတယ်ဆိုတာ ဝမ်းသာစရာပါပဲ၊ ကိုယ့်အနေနဲ့ငြင်းစရာမရှိပါဘူး "
နိမိတ်ထိုလူ့ကိုကြောင်ကြည့်နေတာဖြစ်သည်။ ဘယ်လိုစိတ်နဲ့များဒီလိုပြောထွက်လာရတာလဲ။ သူမထင်ထားပေ။ မဟာမြတ်သူထုတ်ပြောပါလိမ့်မည်ဟုသူမထင်ထားပေ။
သူ့လက်ဖဝါးတွေကိုဖျစ်ညှစ်ပစ်တော့ အပြုံးယဲ့ယဲ့ကိုပေးသည်။ မီးရောင်တွေက စိတ်ကိုထိခိုက်စေသော်လည်း နိမိတ်ကိုတော့သူပြုံးပြနိုင်သေးသည်။
ခွန်အားတွေကျန်ပါသေးတယ်လေ။
" နောက်ဆုံးမေးခွန်းပါ "
" ရှေ့လျှောက်ကော The Great နဲ့ Liberty ကဘယ်လိုဆက်ဖြစ်မလဲရှင့် ပူးပေါင်းဆောင်ရွက်ရေးတွေကောရှိလာဦးမလား "
" ကျွန်တော့်အမျိုးသားသာဆန္ဒရှိရင် Liberty နာမည်ကလည်း The Great ဖြစ်လာနိုင်ပါတယ် "
ထိုစကားပြီးသည်နှင့် လက်ခုပ်သံတို့ပင်တဖြောင်းဖြောင်းခတ်ကာ တချို့မေးချင်သူတို့၏အသံကိုဖုံးလွှမ်းသွားတော့သည်။
နိမိတ်ကဧကရာဇ်နှင့် ယောက္ခမကိုအကျိုးအကြောင်းတိုးတိုးပြောကာ မဟာမြတ်သူနောက်ကလိုက်ရသည်။ သူမဟန်ဘူးဆိုတာကိုသိသည်မို့ ပစ်မလဲခင်ပင်လိုက်သွားရသည်။
လူအုပ်ကြားထဲ ပြန်တိုးရသည့်အခါတွင် နိမိတ်သူ့ခါးကနေကိုင်ထားမိသည်။အပြင်ဘက်ရှိဝင်ခွင့်မရသည့် media တွေကလည်း အုံးအုံးကျွက်ကျွက်ဖြစ်ကုန်၏။
အသက်ရှူတွေပင်ကြပ်လာကာ လဲချင်နေပြီဖြစ်တာကြောင့် လူတွေကြားထဲအတင်းတိုးဝှေ့ရသည်။ ရင်တွေပင်တဒုန်းဒုန်းခုန်နေပြီဖြစ်၏။ နိမိတ်သူ့ခါးကနေထိန်းပေးလို့သာတော်တော့သည်။
ကားတံခါးဆွဲဖွင့်လိုက်သည်နှင့် မဟာမြတ်သူတစ်ကိုယ်လုံးက နိမိတ်အပေါ်မှီကျလာကာ သတိလစ်နေပြီဖြစ်သည်။ သို့သော်အပြင်လူတွေတော့မသိရ။
ဒေါသကြောင့် မေးရိုးကြီးတလှုပ်လှုပ်ဖြစ်ကာ သူအော်ဆဲပစ်ချင်နေပြီ။ ခင်ဗျားကဘာလို့နာမည်ကြီးနေရတာလဲဟူ၍သာ စိတ်ဆိုးပစ်ချင်၏။ သူတစ်ကိုယ်လုံးကို ခက်ခက်ခဲခဲပင်ကားထဲထည့်ရသည်။
" မြန်မြန်မောင်းတော့ ဆေးရုံကိုမောင်း! "
သူ့ကိုပွေ့ထားရင်းဖြင့် လက်သီးကိုတင်းတင်းဆုပ်ထားကာ သွေးကြောတွေပင်ထင်းထနေပြီ။ လူအုပ်ကိုဆွဲထုတ်ပစ်ချင်သည်မှာနည်းနည်းမှပင်ထိန်းမရပါ။
ထိုလူ့ပါးပြင်ပေါ်ကဆံနွယ်စတွေကိုသပ်သင်၍ အရိပ်တကြည့်ကြည့်ဖြစ်ကာ စိုးရိမ်စိတ်လွန်ကဲရလေသည်။
ဒီလူနဲ့ပတ်သတ်ရင် သူ့စိတ်ကထိလွယ်ရှလွယ်။
//
sorry ပါ မနေ့က spicy တွေစားပြီး ဖင်ပူနေလို့ စာမရေးနိုင်တာ။ မီးကမနက်၁၁ကနေ ည၉ထိဆက်တိုက်ပျက်တော့ ပူလောင်အိုက်စပ်နေတဲ့ရာသီဥတုနဲ့စာရေးရတာအဆင်မပြေဖြစ်နေကော။ ခြံထဲဆင်းရေးရင်အေးပေမဲ့ အဖေကခြံထဲကကုလားထိုင်ကိုလုထားနေတော့ ထိုင်စရာမရှိဘူးရယ်။
(Zawgyi)
ဒီေန႕က The Great အေနနဲ႕ fashion တစ္ခုတည္းသာမက က်န္စီးပြားေရးလုပ္ငန္းမ်ားကိုပါ မဟာျမတ္သူဦးျပန္လွည့္လာတာျဖစ္သည္။
ပင္ပန္းျခင္းဆိုသည္အား နဖူးေတြ႕ဒူးေတြ႕႐ုန္းကန္ရသူအဖို႔ ညည္းၫူစရာရယ္မရွိ။ သူအရမ္းပင္ပန္းလာလွ်င္ နိမိတ္ကျပဳစုလိမ့္မည္။ သူတစ္ခုခုျဖစ္ရလွ်င္လည္းနိမိတ္ကပဲ ဦးဆုံးေရာက္လာလိမ့္မယ္။
Ring Ring Ring
တိတ္ေနသည့္အခန္းထဲ၌ စူးရွသည့္ဖုန္းသံေၾကာင့္ အလုပ္တြင္အာ႐ုံဝင္စားေနသူက သတိဝင္လာလွ်င္
" Hello! "
" ညေန သတင္းစာရွင္းလင္းပြဲရွိတယ္လို႔ အေဖကေျပာခိုင္းလိုက္တယ္ "
နိမိတ္အသံၾသရွရွက ဖုန္းကေနျဖတ္သန္းလို႔သူ႕နားစည္ကိုရိုက္ခတ္သည္။ တစ္ေန႕လုံးမနက္ကလည္းအေလာတႀကီးမို႔မေတြ႕ခဲ့ရတဲ့အျပင္ အခုလည္းအသံသာၾကားရေသးသည္။ အနည္းငယ္ညစ္ၫူးခ်င္ေသာစိတ္ေၾကာင့္ မ်က္ခုံးတို႔တြန့္ခ်ိဳးရင္းသူတုံ႕ျပန္လိုက္၏။
" ငါခဏေနျပန္လာမယ္ အဝတ္ေတြသြားယူေပးထားဦး "
" အမိန့္အတိုင္းပါဗ်ာ ေမာင္ေစာင့္ေနမယ္ေနာ္ "
တစ္ဖက္ကဖုန္းက်သြားသည္ႏွင့္ မဟာျမတ္သူက လုပ္လက္စအလုပ္ေတြလက္စသတ္ပစ္ရသည္။ ဒီေန႕ညေနအတြက္ တကယ္ဆိုသူအားမရွိ။ သူတို႔အေၾကာင္းကို တစ္ကမၻာလုံးသိေတာ့မယ္ဆိုတဲ့စိတ္နဲ႕ အမွန္တိုင္းဝန္ခံရရင္ အနည္းငယ္ေတာ့စိတ္လႈပ္ရွားပါသည္။
ဒီလူႏွင့္သူ႕ၾကားက ပတ္သတ္ဆက္ႏြယ္မႈကို လူတိုင္းကိုခ်ျပဖို႔မရည္႐ြယ္ခဲ့ေပမဲ့ အခုလိုမ်ိဳးေျပာရလိမ့္မယ္ဟုမထင္ပါ။
ထိုညေနပင္သူစံအိမ္ႀကီးကိုျပန္လာခဲ့ေသာ္လည္း စံအိမ္ႀကီးမဝင္ခဲ့။ ဦးေမာင္လမ္းျပမႈႏွင့္အတူ သစ္ေတာဝန္းဘက္ကိုသာထြက္လာခဲ့သည္။
" အစ္ကိုေလးက အဆင္သင့္ျဖစ္ေနၿပီ သခင္ေလးပဲက်န္ေတာ့တယ္ "
" မွီပါတယ္ ကြၽန္ေတာ္တို႔ေနာက္မက်ေသးပါဘူး "
အိမ္ထဲေရာက္သည္ႏွင့္ဦးေမာင္လက္ထဲက သူ႕ဝတ္စုံကိုယူခဲ့ရသည္။ ယခင္သူဝတ္ေနက်ျဖစ္ေသာ ရင္ကြဲဝတ္စုံပင္ျဖစ္ကာ နိမိတ္ျမင္လွ်င္ဘယ္လိုျဖစ္မလဲသူသိခ်င္လာ၏။
မဟုတ္တာ။ သူနိမိတ္ကိုေတြးမိခဲ့သည္လား။
" ကားအဆင္သင့္ျပင္ခိုင္းထားလိုက္ပါ ဦးေမာင္ ခဏေနထြက္ခဲ့မယ္ "
" ဟုတ္ၿပီ သခင္ေလး "
သူအိမ္ထဲဝင္သြားသည္ႏွင့္ နိမိတ္ကအိမ္အေနာက္ဖက္ကေနထြက္လာသည္။ ထို႔ေနာက္သူ႕လက္ထဲက အဝတ္အစား ႏွင့္ သူ႕ကိုေျခဆုံးေခါင္းဆုံးၾကည့္၏။
" ေရခ်ိဳးဦး ကိုျမတ္သူ "
မဟာျမတ္သူက မ်က္ခုံးတစ္ဖက္ပင့္၏။ နိမိတ္ကသူ႕ကိုဘယ္လိုေခၚလိုက္တာ။
" အင္း ထူးထူးဆန္းဆန္း "
သူဘာမွေတာ့ထပ္မေျပာေတာ့။ အဝတ္အစားကိုပါယူ၍ အိပ္ခန္းထဲဝင္လိုက္သည္။ သူ႕ေနာက္လိုက္လာသူကလည္း မဟာျမတ္သူ၏လက္ေမာင္းေတြကိုဖမ္းဆြဲကာ အတင္းေပြ႕ဖက္၏။
" ဘာျဖစ္ေနတာလဲ "
" အဟြန္း! ေမာင့္ေယာက္်ား၊ ဟုတ္တယ္မလား။ ခင္ဗ်ားကေမာင့္ေယာက္်ား။ "
သူဘာမွျပန္မေျပာေပမဲ့ နိမိတ္ေက်ာျပင္ေတြကိုပြတ္သတ္ေပးမိသည္။ အလုပ္ေၾကာင့္ပင္ပန္းေနတဲ့စိတ္ေတြပါ လြင့္ပါး၏။ စိတ္လက္ၾကည္သာရွိဖို႔က ထိုမွ်ေလာက္အေရးႀကီးမွန္း သူဘယ္တုန္းကမွမသိခဲ့ပါ။
" ေမာင္ ခင္ဗ်ားကိုခ်စ္တယ္ ကိုျမတ္သူ "
" အင္း ငါသိတယ္ "
" ဒါပဲလား၊ ဟင္! ေျပာပါဦး၊ သိတယ္ဆို႐ုံပဲလား၊ "
" ငါေရခ်ိဳးခ်င္ၿပီး တစ္ကိုယ္လုံးႏုံးေနတာ "
သူေျပာေတာ့မလႊတ္ခ်င္လႊတ္ခ်င္ႏွင့္ လႊတ္ေပးသည္။ ၿပီးေတာ့သူ႕တစ္ကိုယ္လုံးျပန္ဆြဲယူကာ နိမိတ္လက္ေမာင္းေတြေပၚ ပက္လက္လွန္ခ်၍ ႏႈတ္ခမ္းအားဖိကပ္႐ုံမွ်နမ္း၏။ ၿပီးေတာ့မွသာေရခ်ိဳးခန္းထဲလႊတ္ေပးသည္။
ထိုႏႈတ္ခမ္း၏ပူႏြေးမႈကေပ်ာက္မသြား။ ေရေအးေတြေအာက္တိုးဝင္ခဲ့သည့္တိုင္ ရင္ဘတ္ႀကီးထဲပူေလာင္ေနတာျဖစ္သည္။
ဘုရားေရ။ သူဘာျဖစ္တာတဲ့လဲ။
" ေမာင့္အခ်စ္ ခင္ဗ်ားဒီအဝတ္အစားကို တကယ္ဝတ္မွာလား "
အလိုမက်သည့္အသံအားေရခ်ိဳးခန္းထဲမွပင္ အတိုင္းသားၾကားသည့္အခါ နိမိတ္မ်က္ႏွာဘယ္လိုရႈံ႕တြေနမလဲဆိုတာကိုသူေတြးမိေနသည္။
" အခ်စ္ေရ... ေမာင္ေျပာတာၾကားလား "
ေရခ်ိဳးခန္းတံခါးအား တဒုန္းဒုန္းထုရိုက္လာသည္ေၾကာင့္ သူေအာ္လိုက္လွ်င္
" အင္းလို႔... ဝတ္မွာ၊ ေကာ္ဖီႏြေးႏြေးတစ္ခြက္ေလာက္ေဖ်ာ္ေပး ငါဗိုက္ဆာတယ္ "
ထိုမွၿငိမ္သြားသူကအခန္းထဲရွိေသးရဲ႕လားပင္မသိ။
သူ႕တစ္ကိုယ္လုံးတိုက္ခြၽတ္ၿပီးမွ အခန္းထဲထြက္လာလွ်င္ နိမိတ္မ်က္ႏွာသုန္မႈန္ေနတာကိုေတြ႕ေလသည္။
မ်က္ႏွာကိုကအမ်ိဳးမ်ိဳး။ သူပဲေျပာင္းနိုင္တယ္။ ဒီေကာင့္ကိုေတာ့အံ့ၾသပါသည္။
" ဘာျဖစ္ေနတာလဲ ဗိုက္ဆာတယ္လို႔ "
" ဘာလို႔ ဒီအဝတ္လဲ "
" ဘာျဖစ္လို႔လဲ ငါအရင္လည္းဝတ္ေနက်ပဲ "
ေဘးကိုၾကည့္ေတာ့ သူ႕အဝတ္ေတြကိုျပန့္က်ဲထားသည္။ ဒီေကာင္အေတာ္ဆိုးေနတာပဲ။ ရန္မျဖစ္တာၾကာေတာ့ျဖစ္ခ်င္ေနပုံပင္။
" ဘာျဖစ္တာလဲ ဘာလို႔ဖြထားတာလဲ "
" သူမ်ားေတြၾကည့္မွာမႀကိဳက္ဘူး "
" နိမိတ္! ငါ့ကိုလာမရစ္နဲ႕ေနာ္၊ စိတ္မရွည္ဘူး၊ ဗိုက္ဆာတယ္လို႔ေျပာေနတယ္ "
ေလသံခပ္တင္းတင္းေျပာေတာ့မွ မ်က္ႏွာငယ္ေလးႏွင့္ထြက္သြားေတာ့သည္။ ဒီေကာင္ေဒါသထြက္တာေတာင္မျမင္ရတာၾကာၿပီမဟုတ္လား။ သူ႕အားခ်စ္တယ္ဟုစေျပာၿပီးတည္းက နိမိတ္ေဒါသေတြကိုသူမျမင္ရေတာ့တာ။ ထူးဆန္းသား။ မေျပာင္းလဲတာဟာလည္းလူပဲျဖစ္သလို ေျပာင္းလဲတတ္တာဟာလည္းလူပါပဲ။
အဝတ္အစားဝတ္၍သူထြက္လာေတာ့ ခုံေပၚမွာကိတ္မုန့္ႏွင့္ေကာ္ဖီခြက္ကိုေတြ႕သည္။ နိမိတ္ကသူ႕ရင္ဘတ္ေတြကိုမႈန္ကုပ္ကုပ္ၾကည့္ေနတာ။ သေဘာကသူမႀကိဳက္ဘူးေပါ့ေလ။
" အားေဆးပုလင္းေကာ မယူလာဘူးလား "
" ေမ့ခဲ့တယ္ "
" ေမ့မွာေပါ့ ခင္ဗ်ားကအိုေနၿပီေလ မွတ္ဉာဏ္ကဘယ္ေကာင္းမလဲ "
ေလသံေတြေျပာင္းသြားတဲ့နိမိတ္ကိုသူမ်က္ခုံးပင့္ကာၾကည့္မိသည္။ ဒီေကာင္ဘာျဖစ္သြားတာတဲ့လဲ။ ခ်က္ခ်င္းႀကီးကိုေလသံေျပာင္းသြားတာ သူ႕ကိုစိတ္ဆိုးတာလား။
ဆတ္ခနဲခါထုတ္၍ အခန္းထဲဝင္သြားသူကိုၾကည့္မိသည္။ တကယ္ႀကီးစိတ္ဆိုးေနတာလား။
သူဂ႐ုမစိုက္မိ။ ေနရာတြင္ထိုင္လို႔ စားစရာရွိတာကိုပါးစပ္ေသးေသးေလးႏွင့္ကိုက္စားမိသည္။ နိမိတ္ထြက္လာသည္ႏွင့္ ရွဥ့္ေပါက္ေလးလိုမုန့္စားေနသူကို မ်က္ဝန္းနက္ေတြႏွင့္ၾကည့္မိ၏။ အေတာ္နားလည္မႈမရွိတဲ့လူ။ သူဘာျဖစ္ေနလဲမသိဘူးလား။
စားေနတဲ့ပုံစံကိုက အသည္းယားစရာ။
" အျပင္မွာေအးတယ္ coat တစ္ထည္ေလာက္မယူဘူးလား "
" အေအးႀကိဳက္တယ္ "
သိသိရက္ႏွင့္သူ႐ြဲ႕ေတာ့ နိမိတ္မ်က္ႏွာကဆယ္ဆေလာက္အိုက်သြားသလို။ အသံတစ္သံမွမထြက္ဘဲ မဟာျမတ္သူ၏ရင္ဘတ္ဟေၾကာင္းႀကီးကိုၾကည့္ေနသည္။ ရင္ၫြန့္ရိုးမွ ရင္ဝထိျမင္ေနရသည္မို႔ သူတကယ္သေဘာမက်ပါ။ ဘာလို႔လူၾကားထဲဝတ္ဦးမွာလဲ။
" အခ်စ္ မေျပာင္းေတာ့ဘူးလား တကယ္ "
" No... "
နိမိတ္ကမရေပ။ ေကာ္ဖီေသာက္ေနတဲ့သူ႕အနားသို႔ခပ္သြက္သြက္လွမ္းလာၿပီး ေကာ္ဖီခြက္ကိုခ်လိဳက္သည္ႏွင့္ ရင္ဘတ္စကေနကိုင္ကာအကၤ်ီကိုသူ႕အားႏွင့္ၿဖဲခ်ပစ္ေတာ့သည္။
" နိမိတ္ရွိန္ဝါ!! "
" ၿပဲသြားၿပီ သြားလဲေတာ့ "
" ဒါဘယ္ေလာက္ၾကာေအာင္အပ္ထားရလဲ သိရဲ႕လား ငါဠိုးမသားရဲ႕!! "
" က်ဳပ္စကားအေစာႀကီးထဲကနားေထာင္ဖို႔ ခင္ဗ်ားကိုေျပာတယ္ "
" အား.. ဒီေခြး "
ရႉးရႉးရွဲရွဲေပါက္ကြဲေနသည္ကအလုပ္မျဖစ္ေပ။ နိမိတ္ကေပတိေပထုံျဖင့္ တစ္ဖက္ဆိုဖာမွာေျခခ်ိတ္ဝင္ထိုင္၏။ မ်က္ခုံးတစ္ဖက္ပင့္ျပကာအိပ္ခန္းဘက္သို႔လက္ၫႊန္လွ်င္ ေဒါသတႀကီးထ၍ အိပ္ခန္းထဲဝင္ရ၏။
" ေခြးေကာင္! "
ထိုသို႔ျဖင့္ သူေနာက္တစ္ထည္ကိုလဲခဲ့ရေလသည္။ ရင္ဟိုက္ေတြအမ်ားႀကီးရွိလည္း ဒီေကာင္ထပ္ၿဖဲဦးမွာကိုသိတာမို႔ ညွပ္ရိုးေပၚတဲ့အထိသာဟိုက္သည့္ အညိုေရာင္ဆြယ္တာဝတ္ကာထြက္ခဲ့ရေတာ့သည္။
" သြားရေအာင္ "
သူေဒါသထြက္ထြက္ျဖင့္ ညွို႔သက်ည္းကိုပိတ္ကန္ပစ္ကာထြက္လာခဲ့လိုက္သည္။ နိမိတ္ဘာျဖစ္ေနမလဲသူမသိခ်င္။ သိဖို႔စိတ္မဝင္စားပါ။ ဒီေကာင္ဒါနဲ႕ပဲတန္တယ္။
ေလွ်ာက္လမ္းသြယ္ကေန ေဘာက္ဆတ္ဆတ္ျဖင့္သူထြက္လာကာ မိနစ္ပိုင္းၾကာသည္ႏွင့္ စံအိမ္ႀကီးဆီကိုေရာက္သည္။ ကားအစီးလိုက္တန္းထားသည္၍ ျဖဴစြတ္သည့္ကားေပၚကိုတက္ကာ တံခါးကိုေဆာင့္ပိတ္လိုက္သည္။
နိမိတ္ေနာက္ကေနခုန္ဆြဆြျဖင့္လိုက္လာကာ တံခါးဖြင့္၍အတင္းဝင္လာလွ်င္ ေျခေထာက္ျဖင့္ကာထားမိသည္။ နိမိတ္ကကာထားသည့္ေျခေထာက္မွဖိနပ္အားခြၽတ္ဖယ္၍ ျဖဴေဖြးသည့္ေျခဖဝါးေလးကိုကိုင္ကာ အတင္းတိုးလာျပန္၏။
" မလာနဲ! သြား! မလာစမ္းနဲ႕! ငါဠိုးမသား! "
" အခ်စ္ရယ္ "
" ဠီးခ်စ္လား! "
နိမိတ္သူ႕ကိုအတင္းဆြဲဖက္၍ မ်က္ႏွာအႏွံ႕အနမ္းေတြက်ဲခ်ကာ ေခ်ာ့ျမႇူရျပန္၏။
" လိမၼာပါတယ္ "
" ငါ့အဝတ္ကိုၿဖဲတဲ့ေကာင္ ဠီးလိမၼာရမွာလား "
" ေမာင္မွားပါတယ္ "
အတင္းေကာ့ကန္ေနသည့္ ေျခေထာက္မ်ားအားဖမ္းဆြဲ၍ သူႏႈတ္ခမ္းေတြျဖင့္ဖိနမ္းလွ်င္ တရႉးရႉးတရွဲရွဲေဒါသထြက္ေနသူက အသက္ကိုျပင္းျပင္းရႉ၍ ၿငိမ္က်သြားေတာ့သည္။
" ေမာင္းေတာ့ "
ထိုမွသာ ကားတန္းရွည္သည္ ၿငိမ့္ေညာင္းစြာျဖင့္ ေမာင္းထြက္လာေတာ့၏။
နိမိတ္က သူ႕ေျခဖဝါးေတြကိုပြတ္သပ္နမ္းရွိုက္ရင္း ေျခဖမိုးေတြကိုပါနမ္းသည္။ ပက္လက္ေလးလန္ေနသူက ေဒါသထြက္ထားသည့္မ်က္ႏွာနီေလးျဖင့္ သူ႕အားအခဲမေက်စြာၾကည့္သည္။
ေျခေလးႏွစ္ဖက္ကမိုးေထာင္ေနသည္မို႔ ေဘာင္းဘီထုပ္ထဲအင့္ေနသည့္တင္ပါးေတြကလည္း မို႔ေမာက္လ်က္။
နိမိတ္သူ႕တင္ပါးေတြကို ညွစ္ကိုင္လိုက္လွ်င္အင့္ခနဲအသံထြက္ကာ မ်က္ဝန္းနီေတြနဲ႕ၾကည့္ျပန္သည္။
" လက္သရမ္းမေနနဲ႕ "
" အဟင္း! ေမာင္မွားပါတယ္ "
ေဒါသထြက္ထားသည္ေၾကာင့္ အသက္အား ျပင္းျပစြာလွိုက္၍ရႉေနရသူသည္ နိမိတ္ကိုဘာမွျပန္မေျပာေတာ့ေပ။ မ်က္ဝန္းေတြမွိတ္ခ်၍ အနားယူ၏။
//
ကားတန္းရွည္ထိုးရပ္သည္ႏွင့္ အုတ္ေအာ္ေသာင္းနင္းျဖစ္ကာ media သမားေတြအျပင္ တခ်ိဳ႕သတင္းေၾကာင့္စု႐ုံးေနသည့္ လူတခ်ိဳ႕ပါရွိေခ်၏။
ကားထဲမွအရပ္ရွည္ကာ ေတာင့္ေျဖာင့္သည့္ကိုယ္ခႏၶာႏွင့္လူတစ္ေယာက္ဆင္းလာလွ်င္ ကင္မရာမီးေရာင္တဖ်တ္ဖ်တ္တို႔က မ်က္စိက်ိန္းေလာက္စရာ။ နိမိတ္ကထိုလူ႕ကို လက္ကမ္းေခၚလွ်င္ ေတာ္ဝင္မင္းသားက သူႏွင့္မတိမ္းမယိမ္းယွဥ္ကာထြက္လာ၏။
လူရႈပ္စိတ္ရႈပ္သည္ကိုမႀကိဳက္သည့္သူ႕အတြက္ ဒီအေနအထားက မြန္းက်ပ္ကာေခါင္းကိုက္ေစသည္။ စည္းစနစ္မက်ဘဲ အတင္းတိုးေဝွ႕ေနသည္ေၾကာင့္ အလုပ္ေတြႏွင့္ပင္ပန္းထာသည့္လူသည္မူးေဝလာၿပီျဖစ္သည္။
နိမိတ္ကေဒါသထြက္လာၿပီျဖစ္သည္။ မ်က္စပစ္လိုက္သည္ႏွင့္ သူေခၚလာသည့္ သိန္းထြဋ္တို႔အဖြဲ႕က သူတို႔ေဘးမွေနကာ လမ္းထြင္ေပးေလသည္။ နိမိတ္ဒီလူ႕ကိုရင္ခြင္ထဲတင္းတင္းထည့္ဖက္ထားတာ။ ဝမ္းဗိုက္ေပၚလက္အုပ္၍ အထိအခိုက္နည္းေအာင္ သူဂ႐ုစိုက္ရသည္။
" သတိထားေလွ်ာက္ "
ထို႔ေနာက္မွသာသူတို႔က ခန္းမထဲသို႔ဝင္ေရာက္လာနိုင္၏။
အျပင္ေကာအတြင္းေကာမီးေရာင္တဖ်တ္ဖ်တ္ျဖင့္ စိတ္ရႈပ္လာသူက ေခါင္းေတြခ်ာခ်ာလည္ေနၿပီ။ ထိုးကိုက္လာသည့္ေခါင္းက ဆယ္ေပါင္တူႏွင့္ထုေနသေယာင္။ သူနိမိတ္ကိုမကိုင္ဘဲ အနိုင္နိုင္ရပ္လွ်င္ နားလည္သူက သူ႕ကိုလႊတ္ေပးထားသည္။
ခမည္းေတာ္ႏွင့္မိခင္က စင္ေပၚမွာရွိေနၾကၿပီးသား။ သူတို႔တက္လာသည္ႏွင့္ ထကာႏႈတ္ဆက္သည္။
" စၾကေတာ့မလား သား "
ထို႔ေနာက္ ဧကရာဇ္ကဦးေဆာင္၍စကားအနည္းငယ္ေျပာကာ မဟာျမတ္သူႏွင့္နိမိတ္ကိုေခၚသည္။ သူတို႔ႏွစ္ေယာက္ယွဥ္လ်က္သားကိုျမင္ေတာ့ လူထုတြင္အေမးေပါင္းမ်ားစြာရွိ၏။ မတည့္ၾကတဲ့လူႏွစ္ေယာက္ကစင္ေပၚမွာဘာလာလုပ္သလဲ။ ေတာ္ဝင္ကားေပၚကေန Liberty ရဲ႕ chairman ကဘာလို႔ဆင္းလာသလဲ။ company ႏွစ္ခုပူးေပါင္းေရးဆိုလွ်င္ေတာ့ စီးပြားေလာကကိုလႈပ္ကိုင္မည့္သတင္းပင္။
သို႔ေသာ္ျငား...
" ကိုယ္တို႔အသိေပးေနာက္က်သြားတဲ့အတြက္ အရင္ဦးဆုံးလူထုကိုေတာင္းပန္ပါတယ္၊ ေဝ့ဝိုက္မေနခ်င္ပါဘူး၊ ကိုယ္နဲ႕ ေတာ္ဝင္မင္းသားနဲ႕က တရားဝင္လက္ထပ္ယူၿပီးထားတဲ့ လိင္တူစုံတြဲျဖစ္တယ္။ လက္ထပ္မွတ္ပုံတင္ၿပီးသားျဖစ္သလို လက္ထပ္စာခ်ဳပ္လည္းခ်ဳပ္ၿပီးသားပါ။ ယခုဆိုအိမ္ေထာင္သက္ ၇ လေက်ာ္ ၈ လထဲကိုဝင္ေရာက္ေနပါၿပီ "
တုံ႕ျပန္သံမရွိသည့္ခန္းမသည္ၿငိမ္သက္လ်က္ရွိသည္။ တိုက္ရိုက္ထုတ္လႊင့္သူမ်ားကပါ မည္သို႔မွမဆိုနိုင္။ မိနစ္ပိုင္းမွသတိဝင္လာသူတို႔က ေမးခြန္းမ်ားစြာကိုေပါေပါေလာေလာေမးေတာ့၏။
ဆူညံသံတို႔ကခန္းမထဲျပည့္သြားခဲ့လွ်င္
" ကြၽန္ေတာ္ ေမးခြန္းသုံးခုပဲေျဖေပးပါ့မယ္ "
သူ႕အသံကဟိန္းထြက္ေနကာ ခန္းမသည္တမဟုတ္ခ်င္းပင္ ၿငိမ္က်သြားေတာ့သည္။
ထို႔ေနာက္ စီစဥ္သူက စာနယ္ဇင္းသမားတစ္ေယာက္ကိုေ႐ြးလိုက္လွ်င္
" သက္ဆိုင္သူေတြဆိုရင္ ဘာလို႔မ်ားအရင္ကလူထုကိုထင္ေယာင္ထင္မွားျဖစ္ေအာင္လုပ္ရတာလဲရွင့္ အရင္ကေကာဘယ္လိုပတ္သတ္မႈေတြရွိခဲ့တာလဲ ေတာ္ဝင္ရဲ႕စည္းမ်ဥ္းစည္းကမ္းေတြကိုခ်ိဳးေဖာက္ခဲ့ေသးလား "
ေမးခြန္းသုံးခုကိုတစ္ၿပိဳင္တည္းေမးေသာ္လည္း နိမိတ္ကေနာက္ဆုံးတစ္ခုကိုသာေျဖဆိုခဲ့သည္။
" ေတာ္ဝင္စံနန္းက ဘယ္စည္းမ်ဥ္းကိုမွ မခ်ိဳးေဖာက္ခဲ့ပါဘူး ကိုက္ညီမႈေတြနဲ႕ပဲျပဳလုပ္ခဲ့ၾကတာ ေနာက္တစ္ေယာက္ "
" မင္းသားမွာကိုယ္ဝန္ရွိေနတာလားရွင့္ ေတာ္ဝင္မင္းသားကအမ်ိဳးသားကိုယ္ဝန္ေဆာင္ျဖစ္ေနတာလား ေျဖေပးပါရွင့္ "
အနည္းငယ္ဆူထြက္ေနတာသည့္ဗိုက္ေလးက မသိသာေသာ္လည္း မိန္းမမ်ား၏မ်က္လုံးတြင္ေတာ့ထူးဆန္းေနေလာက္မည္။ နိမိတ္ကတုန္လႈပ္သြားေသာ္လည္း စိတ္ရႈပ္ေနသည့္မဟာျမတ္သူကေတာ့ထိုသို႔မဟုတ္ပါ။ မ်က္ႏွာတြင္မည္သည့္ခံစားခ်က္မွထုတ္မျပထားဘဲ ေမးခြန္းထုတ္သည့္လူအား ၿပဳံးစစျဖင့္ၾကည့္ေနတာျဖစ္သည္။
တိတ္ဆိတ္ေနသည့္လူအမ်ားစုကလည္းဒီအေၾကာင္းကိုသိခ်င္ေနၾကဟန္။ သို႔ေသာ္နိမိတ္ကေတာ့ေပးေျပာမည္မဟုတ္တာေၾကာင့္ သူျငင္းဖို႔ႏႈတ္ဟလိုက္လွ်င္ပဲ...
" အိမ္ေထာင္ဖက္ရဲ႕ရင္ေသြးကိုလြယ္ေပးရတယ္ဆိုတာ ဝမ္းသာစရာပါပဲ၊ ကိုယ့္အေနနဲ႕ျငင္းစရာမရွိပါဘူး "
နိမိတ္ထိုလူ႕ကိုေၾကာင္ၾကည့္ေနတာျဖစ္သည္။ ဘယ္လိုစိတ္နဲ႕မ်ားဒီလိုေျပာထြက္လာရတာလဲ။ သူမထင္ထားေပ။ မဟာျမတ္သူထုတ္ေျပာပါလိမ့္မည္ဟုသူမထင္ထားေပ။
သူ႕လက္ဖဝါးေတြကိုဖ်စ္ညွစ္ပစ္ေတာ့ အၿပဳံးယဲ့ယဲ့ကိုေပးသည္။ မီးေရာင္ေတြက စိတ္ကိုထိခိုက္ေစေသာ္လည္း နိမိတ္ကိုေတာ့သူၿပဳံးျပနိုင္ေသးသည္။
ခြန္အားေတြက်န္ပါေသးတယ္ေလ။
" ေနာက္ဆုံးေမးခြန္းပါ "
" ေရွ႕ေလွ်ာက္ေကာ The Great နဲ႕ Liberty ကဘယ္လိုဆက္ျဖစ္မလဲရွင့္ ပူးေပါင္းေဆာင္႐ြက္ေရးေတြေကာရွိလာဦးမလား "
" ကြၽန္ေတာ့္အမ်ိဳးသားသာဆႏၵရွိရင္ Liberty နာမည္ကလည္း The Great ျဖစ္လာနိုင္ပါတယ္ "
ထိုစကားၿပီးသည္ႏွင့္ လက္ခုပ္သံတို႔ပင္တေျဖာင္းေျဖာင္းခတ္ကာ တခ်ိဳ႕ေမးခ်င္သူတို႔၏အသံကိုဖုံးလႊမ္းသြားေတာ့သည္။
နိမိတ္ကဧကရာဇ္ႏွင့္ ေယာကၡမကိုအက်ိဳးအေၾကာင္းတိုးတိုးေျပာကာ မဟာျမတ္သူေနာက္ကလိုက္ရသည္။ သူမဟန္ဘူးဆိုတာကိုသိသည္မို႔ ပစ္မလဲခင္ပင္လိုက္သြားရသည္။
လူအုပ္ၾကားထဲ ျပန္တိုးရသည့္အခါတြင္ နိမိတ္သူ႕ခါးကေနကိုင္ထားမိသည္။အျပင္ဘက္ရွိဝင္ခြင့္မရသည့္ media ေတြကလည္း အုံးအုံးကြၽက္ကြၽက္ျဖစ္ကုန္၏။
အသက္ရႉေတြပင္ၾကပ္လာကာ လဲခ်င္ေနၿပီျဖစ္တာေၾကာင့္ လူေတြၾကားထဲအတင္းတိုးေဝွ႕ရသည္။ ရင္ေတြပင္တဒုန္းဒုန္းခုန္ေနၿပီျဖစ္၏။ နိမိတ္သူ႕ခါးကေနထိန္းေပးလို႔သာေတာ္ေတာ့သည္။
ကားတံခါးဆြဲဖြင့္လိုက္သည္ႏွင့္ မဟာျမတ္သူတစ္ကိုယ္လုံးက နိမိတ္အေပၚမွီက်လာကာ သတိလစ္ေနၿပီျဖစ္သည္။ သို႔ေသာ္အျပင္လူေတြေတာ့မသိရ။
ေဒါသေၾကာင့္ ေမးရိုးႀကီးတလႈပ္လႈပ္ျဖစ္ကာ သူေအာ္ဆဲပစ္ခ်င္ေနၿပီ။ ခင္ဗ်ားကဘာလို႔နာမည္ႀကီးေနရတာလဲဟူ၍သာ စိတ္ဆိုးပစ္ခ်င္၏။ သူတစ္ကိုယ္လုံးကို ခက္ခက္ခဲခဲပင္ကားထဲထည့္ရသည္။
" ျမန္ျမန္ေမာင္းေတာ့ ေဆး႐ုံကိုေမာင္း! "
သူ႕ကိုေပြ႕ထားရင္းျဖင့္ လက္သီးကိုတင္းတင္းဆုပ္ထားကာ ေသြးေၾကာေတြပင္ထင္းထေနၿပီ။ လူအုပ္ကိုဆြဲထုတ္ပစ္ခ်င္သည္မွာနည္းနည္းမွပင္ထိန္းမရပါ။
ထိုလူ႕ပါးျပင္ေပၚကဆံႏြယ္စေတြကိုသပ္သင္၍ အရိပ္တၾကည့္ၾကည့္ျဖစ္ကာ စိုးရိမ္စိတ္လြန္ကဲရေလသည္။
ဒီလူနဲ႕ပတ္သတ္ရင္ သူ႕စိတ္ကထိလြယ္ရွလြယ္။
//
sorry ပါ မေန႕က spicy ေတြစားၿပီး ဖင္ပူေနလို႔ စာမေရးနိုင္တာ။ မီးကမနက္၁၁ကေန ည၉ထိဆက္တိုက္ပ်က္ေတာ့ ပူေလာင္အိုက္စပ္ေနတဲ့ရာသီဥတုနဲ႕စာေရးရတာအဆင္မေျပျဖစ္ေနေကာ။ ၿခံထဲဆင္းေရးရင္ေအးေပမဲ့ အေဖကၿခံထဲကကုလားထိုင္ကိုလုထားေနေတာ့ ထိုင္စရာမရွိဘူးရယ္။