Superstars Of Tomorrow ( Myan...
By C_Chilli69
14.9K 2K 74
Original author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Source: https://allnovelfull.com/ Status in COO : 507 c... More
Description
Chap 1.1 ကပ်ဘေးအဆုံးသတ်ပြီးနောက် ကမ္ဘာသစ်
Chap 1.2
Chap 2 အနက်ရောင်လမ်း(သို့)မှောင်ခိုလမ်း
Chap 3 မင်းသူငယ်ချင်းက အောင်မြင်သွားပြီ
Chap 4 ပုံရိပ်ယောင်အနုပညာရှင်များ
Chap 5 စွမ်းရည်သစ်ပြိုင်ပွဲ
Chap 6 အပြင်းအထန်ကြိုးစားရခြင်း
Chap 7 အရည်အချင်း
Chap 7 အရည်အချင်း
Chap 8 အမိုက်စားနိုးထမှု
Chap 9 ဒါဆို မင်းက ဒီလို အတွင်းရေးမှုးလေးပေါ့
Chap 10 ပြုတ်သွားပြီ
Chap 10- ပြုတ်သွားပြီ
Chap 11 ကျော်တက်သွားပြီ
Chap 12 ချောင်ထိုးခံထားရတဲ့ ပုံရိပ်ယောင်အနုပညာရှင် ပရောဂျက်
Chap 13 ဒီတာဝန်ကို မင်းဆီလွှဲထားလိုက်ပြီ
Chap 14.1 အရမ်းကြီးမမျှော်လင့်ထားနဲ့ ကောင်လေး
14.2
14. 2 Zawgyi
Chap 15 ကြယ်ပွင့်တွေနောက်လိုက်ဖူးလား
233 22 0
By C_Chilli69
ZG
အနုပညာရှင် အစစ်တွေဆီမှာ ရင်းနှီးမြှုပ်နှံကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို စိတ်ပျက်သွားစေတဲ့အချက်မှာ ပုံရိပ်ယောင်အနုပညာရှင်တွေသည် အကျော်ကြားခဲ့ဆုံး အချိန်များမှဆုတ်ယုတ်လာခဲ့သော်လည်း နှစ်များစွာကြာသည့်တိုင်လုံးဝပျောက်ကွယ်သွားခြင်းတော့မရှိပေ ပုံရိပ်ယောင်အနုပညာရှင်များသည် တကယ့်အနုပညာရှင်အစစ်များထက် ပေါ်ပေါက်ချိန်တိုတောင်းသည့်တိုင် အနုပညာလောကတွင် အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေဆဲဖြစ်သည်
ရထားပေါ်တွင်မြူးကြွသောတီးလုံးသံတစ်ခုပေါ်ပေါက်လာပြီး Fang Zhao ၏စိတ်အာရုံကိုနောက်တစ်ကြိမ်ဖမ်းစားသွားပြန်သည် ၄တီးလုံးသည် ဟိုးရှေးပဝေသဏီက နာမည်ကြီးအနုပညာရှင်တစ်ယောက်၏ဂန္တဝင်လက်ရာတစ်ခုဖြစ်သည် ၄ကို စာသားမပါဘဲ တူရိယာသံချည်းသက်သက်ဖြင့်သာတီးမှုတ်ဖျော်ဖြေထားခြင်းဖြစ်သည်
Fang Zhao သည် မျက်လုံးကို မှိတ်လိုက်ပြီး သံစဉ်ထဲနစ်မြောနေလိုက်သည်
၎သံစဉ်ကို အများပိုင်ပို့ဆောင်ရေးလုပ်ငန်းမှ ယာဉ်မောင်းများ တက်ကြွစေရန် အသုံးပြုလေ့ရှိကြသည် ၄သံစဉ်သည် ယာဉ်မောင်းများကိုသာမက ခရီးသည်များကိုလည်း နှိုးဆော်နိုင်စွမ်းရှိသည် ထို့ကြောင့် အချို့က
' ထိုသံစဉ်သည် နည်းနည်းလေးနားထောင်ရုံဖြင့် အလုပ်လုပ်ရန်စိတ်အားတက်ကြွလာစေနိုင်သောကြောင့် ရုံးသီချင်းအဖြစ်သတ်မှတ်သင့်သည် '
ဟုအရွှန်းဖောက်ကြသည်
ဂီတသံသည် ပြင်းရှသောစိတ်အားထက်သန်မှုနှင့် တက်ကြွလှုပ်ရှားသောပတ်ဝန်းကျင်ကိုဖန်တီးပေးနေသည် ခုံပေါ်မှခရီးသည်များမှာလည်း ချိတ်ထားသောခြေထောက်များကိုလှုပ်ခါ၍စည်းချက်လိုက်နေကြသည် စည်းချက်လိုက်သံများမြန်ဆန်လာသည်နှင့်အမျှ အိပ်ငိုက်နေသောသူများသည်လည်း စိတ်ဝိဉာည်များနိုးကြားလာကြသည်
တူညီသောသီချင်းကို နားထောင်ရင်း ခရီးသည်များတစ်ဉီးနှင့်တစ်ဉီး ရင်းနှီးမှုကို ခံစားလာရသည်။
သူဒီလိုမခံစားရတာ ဘယ်လောက်ကြာပြီလဲ။
Fang Zhao သည် သူ၏ သွေးကြောများမှ သွေးများ ပွက်ပွက်ဆူလာသည်ဟု ခံစားရသည်ည်။ အရမ်းစိတ်လှုပ်ရှားလွန်း၍ အော်ဟစ်ပစ်လိုက်ချင်သည်။
ဒီကမ္ဘာကို သူသဘောကျသည်
ရထားသည် စက်ဝိုင်းလို မြို့ကိုပတ်နေသည် ရထားမှာ မြို့ထဲမပါဘဲ မြို့ပြင်မှ ဆင်ခြေဖုံးဒေသများကိုသာပတ်နေခြင်းဖြစ်သော်လည်း
Fang Zhao သည် မှတ်ဉာဏ်အသစ်များနှင့် အသားကျလာပြီဖြစ်သောကြောင့် မြေနေရာ ပတ်ဝန်းကျင်ကိုနားလည်ကျွမ်းကျင်နေသည်
သူအတက်အဆင်းလုပ်တဲ့ဘူတာကိုပြန်ရောက်တဲ့အခါ ခံစားချက်တွေလည်းကွဲပြားလာသည် သူဒီလောကထဲသို့ တတ်နိုင်သမျှ မြန်မြန် ရောနှောပြီး ပျော်မွေ့ချင်နေပြီ။
ရထားခများကို ခရီးစဉ်အလိုက် သတ်မှတ်ထားသည်။ Fang Zhao သည် လက်ပတ်ကိုဝှေ့ယမ်းပြီး ယာဉ်စီးခကို ပေးလိုက်သည် ။ အများပိုင်ပို့ဆောင်ရေးဖြစ်သောကြောင့် ယာဉ်စီးခမှာ အတော်လေး ဈေးသက်သာသည်။ Fang Zhao သည် သူ့ခရီးစဉ်အတွက်ဒေါ်လာ ၅၀ ကုန်ကျပြီး အခြားသယ်ယူပို့ဆောင်ရေးပုံစံများထက် အနည်းငယ်ပိုသက်သာသည်။ Fang Zhao လက်ထဲမှ ငွေကြေးသည် အကန့်အသတ်ရှိသောကြောင့် ယခုလိုသုံးခြင်းသည် ဇိမ်ခံဖြုန်းတီးသည်ဟုဆိုနိုင်သော်လည်း ထိုက်တန်သည်ဟု ခံစားရသည်။
မှောင်ခိုလမ်းကိုပြန်ရောက်သောအခါ Fang Zhao သည်ဆေးဆိုင်မှခွေးလေးကို အရင်ဝင်ခေါ်လိုက်သည်။ အမွေးထူထူတွင်အရောင်များပေနေသည့် ခွေးညစ်ပတ်လေးကို အမွှေးများ ရိတ်သင်ပေးလိုက်သောအခါပိုပိန်သွားသည်။အရိုးများ အရေပြားအောက်မှာ
ငေါထွက်နေသည်ကိုမြင်ရသည်ည်။
ခွေးလေးမှာအမွှေးရိတ်လိုက်သောကြောင့် နေမထိထိုင်မထိဖြစ်နေပုံပေါ်သည် ဆိုင်ရှင်၏မျက်နှာလည်းခွေးနည်းတူ ဖြူဖျော့နေသည်
"မင်းရဲ့ခွေးက ငါ့ညှပ်တွေကို ဖျက်ဆီးမိလုနီးနီးပဲ"
ပိုင်ရှင်က Fang Zhao ကို တိုင်တန်းလိုက်သည် ။
"ဒါပေမယ့် ငါ ဒေါ်လာ ၅၀ လို့ ပြောထားပြီးသားမို့ ငါ့စကားကိုပြန်မပြောင်းပါဘူး။ "
ခွေးမွေးတွေက ဒီလောက် တောင်မာတာလား??? Fang Zhao က သံသယဖြစ်မိသည်။ အစက ခွေးမွှေးများသည် ထုံးနေပြီး စွန်းထင်းညစ်ပတ်နေသောကြောင့် ပွတ်သပ်ကြည့်လို့မရဖြစ်နေသည်။ ယခုဆေးဆိုင်ရှင်၏ မကျေမနပ်ပ်ပြောဆိုမှုကြောင့် ခွေးမွှေးတွေ ခုလိုမာကြောကုန်တာ ကပ်ဘေးချိန်ထဲကလား ဟုတွေးနေမိသည်
ပိုင်ရှင်က အမှန်အတိုင်း မပြောဘဲ ပိုပိုသာသာ ချဲ့ကားပြောတာလည်း ဖြစ်နိုင်သည်။
"ဘာပဲဖြစ်ဖြစ် မင်းရဲ့ခွေးကို ခေါ်သွားတော့။ ငါအိပ်ရဉီးမယ်"
ပိုင်ရှင်က လက်ဝှေ့ယမ်းကာပြောသည်။ မှောင်ခိုလမ်းများ၏ စီးပွားရေးမှာ ညအချိန်မှ အကောင်းဆုံးဖြစ်သောကြောင့် နေ့ခင်းဘက် အိပ်ကြသည်
Fang Zhao သည် အမွှေးရိတ်ထားသောခွေးလေးကိုပွေ့ချီပြီးဆိုင်မှတိတ်တဆိတ်ထွက်လာသည်
Fang Zhao ထွက်သွားပြီးနောက် ဆေးဆိုင်ပိုင်ရှင်သည် သူ့ညှပ်များကို သန့်ရှင်းရေးလုပ်သောအခါ ၄တို့မှာ အမှန်ပင်ပျက်သွားပြီဖြစ်သည်။ သူအပိုပြောခြင်းမဟုတ်ရပါ
"ခွေးအမွှေးရိတ်ပေးလိုက်တာတကယ်ပျက်သွားတာလား"
ထိတ်လန့်တုန်လှုပ်နေသော ပိုင်ရှင်သည် ညှပ်များကို ထပ်မံစစ်ဆေးပြီးနောက် ၄တို့ အမှန်တကယ် ပျက်သွားကြောင်း အတည်ပြုလိုက်သည်။
"ဈေးပေါတဲ့ပစ္စည်းတွေမို့လို့သာတော်တော့တယ်။ တော်ပြီ နောက်ဘယ်တော့ယ်တော့မှ ခွေးကို အမွှေးမရိတ်ပေးတော့ဘူး"
ဟု ဆေးဆိုင်ပိုင်ရှင်ကရေရွတ်လိုက်သည်။
အိမ်အပြန်လမ်းတွင် Fang Zhao သည် Yue Qing ၏ဆိုင်ကိုဖြတ်သွားကာ နောက်ထပ်အစားအစာအချို့ကို ရွေးယူလိုက်သည်။
ဒုတိယထပ်က သူ့အငှားအိမ်လေးဆီပြန်လာလိုက်သည် သူနေသောအဆောက်အဉီး၏ အထပ် ၈၀ နှင့် အထက်တွင်နေသူများမှာ နေရောင်ရနေသေး၍အနည်းငယ်ကံကောင်းသည် အောက်အထပ်များမှနေရောင်မရတော့ပေ နဂိုကတည်းကအမှောင်ရိပ်ကျသည့် သူ့ဒုတိယထပ်အခန်းဆိုပြောစရာပင်မလိုတော့ပေ မီးမဖွင့်ရသေးသောသူ့အခန်းသည် သူနိုးလာခါစထက်တောင်မှောင်နေပြီဖြစ်သည်
တိုက်ခန်းကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက်၊ Fang Zhao သည် သူ့လက်ပတ်မျက်နှာပြင်တွေပေါ်နေသော အပိတ်ခံထားရသည့် ဖုန်ခေါ်ဆိုမှု ၁၇ ခုကိုကြည့်လိုက်သည်
ခေါ်ဆိုမှု ၁၇ ခုတွင် ငွေတောင်ပံမီဒီယာအလုပ်သင်အေးဂျင့်မှ ၃ ခါ ၊ Wan Yue မှ ၄ခါနှင့် Zeng Huang မှ၁၀ ခါဖြစ်သည်။
Wan Yue နှင့် Zeng Huang တို့သည် မူလပိုင်ရှင်၏ တခြား ငယ်သူငယ်ချင်း နှစ်ယောက်ဖြစ်သည်။ Fang Sheng နဲ့ မတူတာက သူတို့အတွဲသည် Fang Sheng လောက် အချိန်ကြာကြာအတူမရှိပေးခဲ့ပေမဲ့ သူတို့နှစ်ယောက်လုံး သူ့အပေါ် ရိုးသားကြတယ်။ တက္ကသိုလ်တက်နေစဉ် Fang Sheng ၏သွေးထိုးမှုကြောင့်သာ ဝေးသွားကြခြင်းဖြစ်သည် ငွေတောင်ပံတွင် အလုပ်သင်ဆင်းသောအခါ အဆက်အသွယ်ပိုနည်းသွားကြသည်
သူဘက်မှ ပိတ်ဆို့မှု (block)ကို ဖယ်ပြီး ၂ မိနစ်ပင်မကြာ Zeng Huang ဆီမှဖုန်းထပ်ဝင်လာသည်
Fang Zhao သည် သူ့လက်ကောက်ပေါ်မှလက်ခံခလုတ်ကို နှိပ်လိုက်ပြီးနောက်သုံးဖက်မြင်မျက်နှာပြင်တစ်ခုထွက်လာပြီး စိုးရိမ်နေသော Zeng Huang ပုံပေါ်လာသည်။
"မင်း အဆင်ပြေရဲ့လား Zhao?"
Zeng Huang သည် Fang Zhao ကိုမြင်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ Fang Zhao ၏ အေးဆေးဖြစ်နေသောမျက်နှာထားကြောင့် တစ်ခုခုပြောလိုသော်လည်း သူ့စိတ်ခံစားချက်ကို ထိန်းလိုက်သည်။
"မင်း စိတ်ရှုပ်ပြီး မဟုတ်တာ တစ်ခုခုလုပ်မိမှာစိုးလို့"
"မဟုတ်တာ လုပ်ပြီးပြီ" ဟု သူ့ကိုယ်သူပြောလိုက်တယ်။
Zeng Huang မျက်နှာပေါ်ရှိ ခံစားချက်အစစ်အမှန်ကို သတိပြုမိသောကြောင့် Fang Zhao က
"ကျွန်တော် အဆင်ပြေပါတယ်။"
"ကောင်းလိုက်တာ။ ကိစ္စတွေကဒီလိုဖြစ်သွားတယ်ဆိုပေမယ့် Xiao Hong..."
Zeng Huang သည် လမ်းခွဲပြီးသားရည်းစားဟောင်းနာမည်ကိုထုတ်ပြောတာ ရက်စက်လွန်းသည်ဟု တွေးမိသောကြောင့် ရပ်လိုက်သည်။ ထို့နောက်စကားလမ်းကြောင်းပြောင်းကာ
"ဒီလူယုတ်မာ Fang Sheng က သူ့ကိုယ်သူ ကျေနပ်နေပုံပဲ။ Zhao! သားကြီး မင်း သူ့ကို တရားစွဲမှာလား။ သူတစ်ခြားသူတွေကိုလှည့်စားလို့ရပေမယ့် ငါတို့ကိုတော့ မရဘူး။ ဒါမင်းသီချင်းတွေဆိုတာ အရှင်းကြီး။ Fang Sheng လိုအရည်အချင်းနဲ့ ဒါမျိုးရေးနိုင်မှာမဟုတ်ဘူး။"
"မလိုသေးဘူး၊ လောလောဆယ်"
Fang Zhao ကပြောပါတယ်။
"မင်း ပိုက်ဆံအတွက် စိတ်ပူနေရင် Wan Yue နဲ့ ငါမှာ စုထားတာတွေရှိတယ်"
"တကယ် မလိုသေးပါဘူး၊ ငါ အခု သူနဲ့ ရန်ဖြစ်ဖို့ အချိန်မရှိဘူး"
Fang Zhao က ပြောပါတယ်။
"စွမ်းရည်ပြိုင်ပွဲစတော့မယ်။ ကျွန်တော် အမီလိုက်နိုင်ဖို့ လိုတယ်။"
Zeng Huang သည် အံသြသွားသည်။ ဒီလောက်နောက်ကျနေတာတောင် အမီလိုက်ဉီးမယ် ဒီရာသီပွဲစဖို့ ၃ လမှာ ၂ လကုန်သွားပြီးတစ်လပဲကျန်တော့တယ် ဇွန်လထဲရောက်တာပြဿနာမဟုတ်ပေမယ့် လက်ရှိ Fang Zhao မှာ တင်ပြစရာမရှိသေးပေ
Zeng Hong သံသယဝင်မိပေမယ့် Fang Zhao သာ သူ့ဈာန်ဝင်စားမှုကို ထပ်ရှာတွေ့သရွေ့ ဒီအခက်အခဲကိုကျော်ဖြတ်နိုင်သရွေ့ အဆင်ပြေသည်
"ဒီလိုဆိုလည်း လုပ်ကွာ။တစ်ခုခုလိုရင် ငါတို့ကိုပြော။ ဒါနဲ့ မင်းမှာ ပိုက်ဆံရောရှိသေးလား"
ထုတ်မေးပြီးမှ Fang Zhao မာနကို ထိခိုက်သွားမှာကို စိုးရိမ်သွားသည်။ Fang Zhao က သူ့ငွေကြေးအခက်အခဲအကြောင်းပြောသူမျိုးကို သဘောမကျပေ။
Zeng Huang ကထပ်မရှင်းပြခင်မှာ Fang Zhao က
"ငါ့မှာ ပိုက်ဆံနည်းနည်း ကျန်သေးတယ်၊ ငါ့မှာ နောက်ထပ်တစ်လစာလောက်တော့ ကျန်သေးတယ်။"
"အိုး... ဒီလိုဆိုတော်သေးတာပေါ့။ ဒါပေမယ့် မင်း ကျပ်တည်းလာရင်တော့ ငါတို့ကိုပြောရမယ်နော်။"
"အေးပါ ၊ ငါ ဒီနေ့ကစပြီး lockdown mode ထဲဝင်တော့မယ်။"
lockdown ချခြင်း သည် အနုပညာဖန်တီးသူတို့ အသုံးများသော ဘန်းစကားတစ်ခုဖြစ်ပြီး အဓိပ္ပာယ်မှာ သူတို့အရာအားလုံးနှင့်အဆက်အသွယ်ဖြတ်ပြီး သူတို့အလုပ်မှာပဲ နစ်မြှုပ်ထားမယ် ဟုဆိုလိုသည်
Fang Zhao သီချင်းသစ်ရေးဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် အရေးတကြီးမဟုတ်လျှင်ထပ်မနှောင့်ယှက်သင့်ကြောင်း Zeng Huang သဘောပေါက်သည်
အရင်င်က Fang Zhao သည် ဒီလိုဖြစ်လာလျှင် ကြက်ခေါင်းဆိတ်မခံ ပြန်လှန်တတ်သော်လည်း ဒီတစ်ခါတော့ ငြိမ်နေပြီး ချက်ကျလက်ကျ ဆုံးဖြတ်လာသည်
Fang Huang ၏ သစ္စာဖောက်မှုကြောင့် သူနဲ့ Wan Yue အပေါ်သဘောမကျမဖြစ်ဘဲ အရင်ကထက်ပိုရင်းနှီးလာပုံရသဖြင့် သူတကယ်ဝမ်းသာမိသည် သူတို့၅ယောက်သည် အရာအားလုံးအေးအတူပူအမျှရင်ဆိုင်ရင်းကြီးပြင်းလာကြသူများဖြစ်သည် Zeng Huang သည် သူတို့အုပ်စုတွင် အကြီးဆုံးဖြစ်ပြီး သူတို့ မိဘမဲ့ဘဝ​​ရောက်သည့်အခါ သူ့ကိုယ်သူအစ်ကိုကြီးတစ်ယောက်လိုခံယူပြီး ကျန်သူများကိုစောင့်ရှောက်ပေးခဲ့သည် သို့သော် အရွယ်ရောက်လာသည်နှင့်အမျှ တစ်ယောက်နှင့်တစ်ယောက်ဝေးကွာသွားကြသည်
ခုလိုတြွေဖစ်ပျက်လာသည့်အခါ Zeng Huang မှာ အတော်စိတ်ပူနေသည် Fang Zhao တစ်ယောက် ကျောင်းဆောင်မှာမနေဘဲ အပြင်မှာနေပြီး ဘယ်နေရာမှာနေလဲဆိုတာ မပြောပြသောကြောင့် ခုလိုတြွေဖစ်လာတဲ့အခါ ဘယ်မှာသွားရှာရမလဲ မသိပေ သူ့ဖုန်းတွေပါ မကိုင်တဲ့အခါ သူတို့နှစ်ယောက်လုံး ဘာလုပ်ရမလဲ မသိအောင်လမ်းပျောက်နေခဲ့သည် ခုလို အဆင်ပြေကြောင်းသိရမှသာ စိတ်လျှော့နိုင်တော့သည်
Zeng Huang နဲ့ ဖုန်းပြောပြီးနောက် Fang Zhao က သူ့အေးဂျင့် Da Ang ဆီ ဖုန်းခေါ်လိုက်သည်
ဖုန်းဝင်သွားတာနဲ့တပြိုင်နက် Da Ang မှာ ဒေါသတကြီး အော်ဟစ်လာသည်
"Fang Zhao မင်း ဘာစောက်လုပ်တွေလုပ်နေတာလဲ!!! အမြဲတမ်းဝန်ထမ်းဖြစ်ချင်သေးရဲ့လား!!! ပြိုင်ပွဲကနေနှုတ်ထွက်ချင်နေတာလား!! ဘယ်နှရက်ရှိနေပြီလဲ !!ဇွန်ရောက်တော့မယ်ကွ ဇွန်!! အဲဒါ ဘာကိုဆိုလိုတာလဲ ရော သိလား။ ဒီရာသီရဲ့ စွမ်းရည်သစ်ပြိုင်ပွဲအတွက် ရေကုန်ရေခမ်းကြိုးစားနေရတော့အချိန်ကွ! အလုပ်သင် ၁၀ ယောက်မှ ၆ ယောက်ကပြိုင်ပွဲဝင်နေပြီ မပြိုင်ရသေးတဲ့ ၄ ယောက်မှာ ၃ ယောက်က သီချင်းပို့ပြီး အသံသွင်းပြီးလို့ မနက်ဖြန်ဆိုထွက်တော့မယ် Fang Zhao, မင်းတစ်ယောက်ပဲကျန်တော့တာ ဘယ်မှာလဲ မင်းရဲ့သီချင်း !!!"
"ကျွန်တော်ရေးလို့ မပြီးသေးဘူး"
Fang Zhao ပြန်ဖြေလိုက်သည်။ ခုနေချိန်မှာ မီးတောင်လူသား Du Angသည် သူလိုချင်တဲ့ရလဒ်မှလွဲ၍ ကျန်တာဘာပြောပြောလက်ခံမည်မဟုတ်ပေ။ မင်းပစ္စည်းခိုးခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ သူနဲ့မဆိုင်ပေ။
Du Ang မယုံသင်္ကာနှင့်ကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ သုံးဖက်မြင်မျက်နှာပြင်ရှိ သူ့မျက်လုံးများဖြင့် Fang Zhao ကို ပေါက်ကွဲတော့မတတ် စိုက်ကြည့်နေတယ်။
ထို့နောက်သူစိတ်လျှော့လိုက်သည်။ Fang Zhao ကိုလက်မလွှတ်နိုင်သောကြောင့်မဟုတ် ၊ ဆက်ပြီးအချိန်မဖြုန်းချင်သောကြောင့်ဖြစ်သည်။
Du Ang က အလေးအနက်ဆိုလာသည်။
"၁၀ရက် ! ၁၀ ရက်အတွင်း ငါ့ဆီတစ်ခုခုပို့ပေးနိုင်ရင် မင်းကို ပြိုင်ပွဲအတွက်စာရင်းသွင်းပေးမယ်။ မင်းအတွက်နေရာချန်ပေးထားမယ်။ မပေးနိုင်ရင်တော့ မင်းအတွက်ပြီးပြီသာမှတ်လိုက်"
ဟုပြောပြီး Fang Zhao ပြန်မဖြေခင်ဖုန်းချသွားသည်။
Fang Zhao သည် Du Ang ရဲ့ ဒေါသအပေါ် စိတ်မခုပေ။ Fang Zhao သည် ဒီရက်ထဲသီချင်းများနှင့်ပတ်သက်ပြီး ဘာမှမပြောသည့်အပြင် အဆက်အသွယ်ပါဖြတ်ထားသောကြောင့် Du Ang ဒေါသထွက်ခြင်းဖြစ်သည်။ သူ့အလုပ်သူလုပ်ရမည်ဖြစ်ပြီး မသိယောင်ဆောင်နေ၍မရပေ။ ခုFang Zhao နဲ့ ဖုန်းရပြန်တော့လည်း လက်ဗလာနဲ့ပြန်လှည့်လာရသည်။ ဒီတော့ သူစိတ်ဆိုးတာ သဘာဝကျသည်။
ဖုန်းထဲမှ Du Ang သည် စကားကြမ်းများပြောနေသော်လည်း သူ့မှတ်ဉာဏ်သစ်များအရ အေးဂျင့်မှာ သူ့ဘက်ကဖြစ်သည်။ သူ့အတွက် ၁၀ ရက် အချိန်တိုးပေးထားသည်။ တခြားအေးဂျင့်သာဆိုလျှင် ၁၀ ရက်မပြောနှင့် ၅ ရက်တောင်မရဘဲ အလုပ်ပါထုတ်ခံရမည်ဖြစ်သည်။
Du Ang ပြောသည့် စွမ်းရည်သစ်ပြိုင်ပွဲ၏ အဓိကအချက်မှာ လူသစ်များ၏အိပ်မက်ဟုဆိုနိုင်သော လူသစ်ဉီးဆောင်သူပြဇယားဖြစ်သည်။
လူတိုင်း ထိုဇယားတွင် ပါဝင်ခွင့်မရပေ။ ပါဝင်သူများသည် တေးသံသွင်းကုမ္ပဏီတစ်ခုခုနှင့်လက်မှတ်ရေးထိုးထားပြီး ၄တို့ထဲမှ ရွေးချယ်ခံထားရသူများဖြစ်သည်။အများစုမှာ ဂီတကျောင်းမှ ဘွဲ့ရခါနီး သို့ ဘွဲ့ရခါစများဖြစ်ပြီး ကျောင်းတက်စဉ်ကတည်းက စာချုပ်ချုပ်ခွင့်ရသည့် ထူးချွန်သူအချို့လည်းပါသည်။
လူသစ်များနှင့် စာချုပ်မချုပ်ရသေးသော ကုမ္ပဏီများကျန်နေသေးပြီးအလားအလာရှိသော လူသစ်တစ်ဦးကို အိတ်ထဲထည့်ရန် သို့မဟုတ် အခြားကုမ္ပဏီဆီမှ လုယူရန် မျှော်လင့်မျှော်လင့်ချက်ဖြင့် ဇယားကို စောင့်ကြည့်နေကြသည်။
လူသစ်ဉီးဆောင်မှုပြဇယားအကြောင်းပြောလျှင် နောက်ထပ်အချက်တစ်ခုကိုလည်းသိဖို့လိုသည်။ ၄မှာ ပုံရိပ်ယောင်အနုပညာရှင်များပေါ်ပေါက်လာမှုသည် တေးရေးဆရာတို့အတွက်အကောင်းဆုံးဖြစ်သည်။
အဆိုတော်နှင့်ပတ်သက်၍စိတ်ပူစရာမလိုပေ ပုံရိပ်ယောင်ဖန်တီးသော ကုမ္ပဏီများက အသံကိုလည်းဖန်တီးနိုင်သည်။ဖားသံလိုအသံကိုပင် ကောင်းကင်က ကောင်းချီးပေးခံရသောအသံမျိုးဖြစ်အောင်ပြောင်းလဲနိုင်သည်။ ဒါ့ကြောင့် ဆန့်ကျင်ဘက်အနေဖြင့် ပုံရိပ်ယောင်အနုပညာရှင်များကို အလေးပေးသောကုမ္ပဏီများသည် နည်းပညာနှင့် ဖန်တီးကျွမ်းကျင်မှုများကြောင့် အရည်အသွေးပိုကောင်းသည် ထို့ကြောင့် ဉီးဆောင်သူပြဇယားတွင်ပေါ်လာသော ပုံရိပ်ယောင်အနုပညာရှင်များသည် တေးရေးဆရာများ၏အရည်အချင်းကို မီးမောင်းထိုးပြနေသည်
၎မှာ ဂီတလောကမှတေးရေးဆရာအသစ်တို့အတွက် မဟညအခွင့်အရေးကြီးဖြစ်သည်။
၎သည် အသစ်ဝင်ရောက်လာသူများကြား တိုက်ပွဲဖြစ်သလို ကုမ္ပဏီအထောက်အပံ့များ၏ တိုက်ပွဲလည်းဖြစ်သည်။
Fang Zhao သည် သူ့လက်ပတ်ဖြင့်လိုင်းပေါ်တက်လိုက်သည်။ Du Ang ပြောခဲ့သလိုပင် သူ့လို ငွေတောင်ပံ မီဒီယာနှင့်လက်မှတ်ရေးထိုးထားသော အလုပ်သင်များထဲမှ ခြောက်ယောက်သည် စွမ်းရည်သစ်ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီပြီး ၅ ယောက်မှာ ထိပ်ဆုံးအယောက် ၅၀ စာရင်းဝင်နေသည်။ ကုမ္ပဏီက သူတို့ကို ဆက်လက်ကြော်ငြာပေးနေသရွေ့ သီချင်းများမှာ ပိုမိုနာမည်ကြီးလာမည်ဖြစ်သည်။ ပြိုင်ပွဲပြီးသောအခါတွင်လည်း ၄တို့မှာအဆင့်ကောင်းများရသွားမည်ဖြစ်သည်။
Continue Reading
You'll Also Like
2.1M 162K 36
No descriptions here
1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
1.8M 186K 69
BL ဝတ္ထုရေးတဲ့ စာရေးဆရာတစ်ယောက်က သူဘယ်လောက်ဘဲ ကြိုးစားရေးနေပါစေ စာဖတ်သူတွေက အကြိုက်မတွေ့ဘူး။ယုတ္တိမရှိဘူးဆိုပြီး ဆိုးဝါးတဲ့ မှတ်ချက်တွေပေးတယ်။ တစ်နေ့...
409K 8.9K 36