Here

By YurioKuco

136K 7K 253

If you like the cover,you must read. More

ပဏာမ
1
2
3-1
3(2)
4-1
4-2
5-1
5-2
6-1
6-2

0

18.7K 912 29
By YurioKuco

-ကပ်ဆိုးကြီးရဲ့အစ-

ဘုန်း  ခွပ်

လက်သီးထိုးသံတွေ ခြေထောက်နဲ့ကန်လိုက်သံတွေက စီးကရက်တစ်လိပ်ကိုကိုက်ထားရင်းမတ်တပ်ရပ်နေတဲ့ကျွန်တော့်အာရုံကိုဖမ်းစားသွားခဲ့သည်။ အမှိုက်အိတ်အကြီးကြီးကိုဆွဲထားတဲ့ကျွန်တော်က အလုပ်လုပ်နေတဲ့ဘားရဲ့အနီးအနားကအမှိုက်ပုံးဘေးမှာမတ်တပ်ရပ်နေခဲ့တာ။ မျက်စိကလှမ်းမြင်နေရတဲ့အကွာအဝေးမှာရှိနေတဲ့ထောင့်နားမှာ လူငါးယောက်ခြောက်ယောက်လောက်ရှိမဲ့အုပ်စုတစ်စုက လူတစ်ယောက်ကိုသူတို့ခြေထောက်တွေနဲ့ကန်နေတာကိုမြင်လိုက်ရတဲ့အခါ ကျွန်တော်အမှိုက်အိတ်ကိုသေသေချာချာချည်လိုက်မိပြီး သူတို့တွေဘက်ကိုတစ်ချက်အာရုံစိုက်လိုက်ရင်း ပါးစပ်ထဲမှာရှိနေတဲ့ဆေးလိပ်ကိုတစ်ချက်ရှိုက်လိုက်သည်။ဆေးလိပ်ကိုတစ်ချက်ရှိုက်ဖွာလိုက်ရင်း ဆေးလိပ်ငွေ့တွေကိုအပြင်ဘက်ကိုမှုတ်ထုတ်လိုက်ပြီးတဲ့နောက်မှာ ကျွန်တော့်အတွေးတွေကိုပြန်စုစည်းလိုက်သည်။ ဒီလိုမျိုးအဖြစ်အပျက်တွေကိုမြင်ဖူးတာများလွန်းလို့ ကျွန်တော့်မှာနေသားတောင်ကျနေပြီ။ ဒီဘားအနောက်မှာရှိတဲ့လမ်းကမှောင်မည်းပြီးတော့တိတ်ဆိတ်နေတာကြောင့် ဝနိထမ်းတွေပဲအမှိုက်အိတ်သယ်ဖို့နဲ့ပစ္စည်းတွေပို့ဖို့ဒီလမ်းကိုသုံးကြတာ။

"ကျစ် မင်းရဲ့အားကလည်းပေါ့သေးသေးမဟုတ်ဘူးပဲ"

အမှောင်ထုထဲကနေအသံတစ်ခုကလွင့်ပျံလာခဲ့ပေမယ့် ကျွန်တော်ကတော့အဲ့ဒါကိုသိပ်ဂရုစိုက်မနေဘူး။ကျွန်တော်အခုလက်ရှိလုပ်နေတဲ့အလုပ်ကိုပြီးအောင်လုပ်ပြီးရင် ဘားထဲကိုပြန်ဝင် တံခါးတွေပိတ်ပြီးတော့အိမ်ပြန်ရုံပဲရှိတာလေ။ ဟုတ်တယ် ကျွန်တော်လုပ်သင့်တာကအဲ့ဒါပဲ။ပြီးတော့ ကျွန်တော်ဆိုတဲ့ကောင်ကအတန်းချိန်ပြီးသွားရင် ဒီနေရာမှာအလုပ်လာလုပ်နေကျကောလိပ်ကျောင်းသားတစ်ယောက်ပဲ ဟုတ်တယ်မလား။

အချိန်ကနောက်ကျနေပြီဖြစ်တဲ့အတွက်ကြောင့် ဆိုင်ကိုလာတဲ့လူတွေကမရှိသလောက်ဖြစ်နေပြီ။ တချို့လူတွေကတက္ကစီကားလာမှာကိုစောင့်နေပြီး တချို့ကတော့ကောင်မလေးတွေကိုလိုက်ကြူနေရင်းအဖော်ရအောင်ကြိုးစားနေကြသည်။တချို့ကလည်းကျွန်တော်အခုမြင်နေရတဲ့လူလိုမျိုးရန်ဖြစ်နေကြတာပေါ့။ကျွန်တော်ကအသည်းမရှိတဲ့လူတော့မဟုတ်ပါဘူး။ဒီအတိုင်းသူများတွေရဲ့ကိစ္စမှာဝင်မရှုပ်ချင်တာပဲရှိတာ။ ဒီရန်ပွဲမှာ အရိုက်ခံနေရတဲ့တစ်ယောက်က သူတို့လူအုပ်စုထဲကတစ်ယောက်ယောက်ရဲ့အဖေနဲ့ပြဿနာတက်ထားတာပဲဖြစ်လိမ့်မယ်။ ပိုပြီးတော့သေချာသွားတာက တစ်ယောက်တည်းဖြစ်နေတဲ့သူမှာ လက်သီးချက်တွေခြေထောက်နဲ့ကန်ထားတာတွေကိုတော်တော်ကြီးကိုခံထားရတယ်လေ။

လူတစ်ယောက်လုံးအရိုက်ခံနေရတာတောင်မှဘာမှမလုပ်ဘဲနေနိုင်ရကောင်းလားဆိုပြီး ကျွန်တော့်ကိုကြိုက်သလောက်ကျိန်ဆဲလို့ရပါတယ်။ဘာပဲပြောပြော ကျွန်တော့်ကိုအသည်းနှလုံးမရှိတဲ့လူလို့ထင်နေကြတယ်မလား။ ကျွန်တော်ကတော့အခုထက်ထိသူတို့မှာလည်းဒီလိုမျိုးလုပ်ရတဲ့အကြောင်းအရင်းရှိမှာပါလို့စဉ်းစားနေမိတုန်းပဲ။ အဲ့ဒီလူကအပြစ်ရှိနေလို့ဒိလောက်လူအများကြီးကသူ့ကိုရိုက်နေတာကဖြစ်နိုင်တယ်လေ။ဥပမာပြောရရင် အဲ့ဒီကောင်ကသူခိုးတစ်ယောက်ဖြစ်နေတာမျိုး...

"ငါ့ကိုလွှတ်စမ်း ခွေးကောင်!!! "

"အာ...ဟေး!!!"

ကျွန်တော်ဘေးဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါ အစောကလေးတင်မြေကြီးပေါ်ကိုလဲကျသွားတဲ့သူက နောက်တစ်ခါမတ်တပ်ထရပ်လိုက်ပြီး သူ့ရှေ့မှာရှိနေတဲ့ဂန်းစတားတွေနဲ့မျက်နှာချင်းဆိုင်ဖို့ကြိုးစားနေတာကိုတွေ့လိုက်ရသည်။ ကျွန်တော့်လက်ထဲကစီးကရက်ကိုမြေကြီးပေါ်လွှတ်ပစ်လိုက်ပြီး ခြေထောက်နဲ့ဖိနင်းလိုက်ရင်းအဲ့ဒီလူကိုလျစ်လျူရှုထားလိုက်သည်။ကျွန်တော်ပျင်းပျင်းရိရိနဲ့ပဲအကြိမ်အနည်းငယ်အကြောလျှော့လိုက်ပြီးတော့ အိမ်ပြန်ပြီးအနားယူဖို့ပြင်ဆင်လိုက်သည်။

ကျွန်တော်ထွက်သွားမလို့လုပ်လိုက်ပေမဲ့ ရန်ဖြစ်နေတဲ့လူတွေထဲကတစ်ယောက်က ကျွန်တော့်ရှပ်အင်္ကျီကိုအားနဲ့လာဆွဲထားတာကြောင့် ခြေလှမ်းတွေရပ်တန့်သွားရသည်။

"ကျေးဇူးပြုပြီးတော့..."

အသံဩရှရှကအားနည်းနေတဲ့ပုံစံပေါက်နေပြီး တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အဲ့ဒီလူဝတ်ထားတဲ့ကုတ်အင်္ကျီရဲ့အောက်မှာရှိနေတဲ့လက်မောင်းအသားကကျွန်တော်နဲ့အတူတူပဲဆိုတာကိုသိလိုက်ရသည်။ ကျွန်တော်အလန့်လန့်အဖြန့်ဖြန့်နဲ့ အဲ့ဒီလူမျက်နှာကိုကြည့်လိုက်တဲ့အခါ သူ့နှုတ်ခမ်းနဲ့နှာခေါင်းဆီကနေသွေးတွေစီးကျနေတာကိုတွေ့လိုက်ရပေမဲ့လည်း ဒဏ်ရာဒဏ်ချက်တွေကဒီလူရဲ့ကြည့်ကောင်းမှုကိုတော့မဖုံးလွှမ်းထားနိုင်ခဲ့ဘူး။သူ့ကြည့်ရတာကျွန်တော်နဲ့အသက်သိပ်မကွာဘူးထင်ပါရဲ့။

"ဘယ်ကိုသွားမလို့ကြံစည်နေတာလဲ!?"

ရုပ်ဆိုးဆိုးနဲ့လူတစ်ယောက်ကအနားကိုကပ်လာပြီးသူ့အင်္ကျီကော်လံကိုဆွဲလိုက်သည်။ကျွန်တော့်လက်ကိုဆွဲထားပြီးအကူအညီတောင်းလိုက်တဲ့လူကို တစ်ချက်ကြည့်လိုက်မိပြီး ကိုယ်တိုင်တောင်မသိလိုက်ခင်မှာဘဲ သူ့လက်ကိုကျွန်တော့်ဘက်ဆွဲလိုက်ရင်းသူ့ကိုကူညီလိုက်သည်။

"ဖြည်းဖြည်းပေါ့ P'ကလည်း"

ကျွန်တော်​အေးအေးဆေးဆေး ပြောလိုက်သည်။အရှေ့မှာရှိနေတဲ့မုတ်ဆိတ်မွှေးနဲ့လူကိုကြည့်လိုက်ရုံနဲ့တင် သူတို့တွေကကျွန်တော့်ထက်အသက်ကြီးတဲ့လူတွေပဲဆိုတာကိုသေချာသိလိုက်သည်။ ဒီလူတွေကသူတို့ထက်ငယ်တဲ့ကျောင်းသားလေးတွေဆီကနေဓားပြတိုက်နေတာလား။အနီးကပ်ပြန်ကြည့်မယ်ဆိုရင် ကျွန်တော့်ကိုအကူအညီတောင်းလာတဲ့သူက ကျွန်တော်နဲ့အသက်မတိမ်းမယိမ်းလူတစ်ယောက်ဖြစ်နေတဲ့အပြင် သူဝတ်စားထားတဲ့အဝတ်အစားပုံစံရယ်ပစ္စည်းတွေကိုကြည့်လိုက်တာနဲ့တပြိုင်နက် သူကRich kidပဲဆိုတဲ့အချက်ကသေချာသွားခဲ့သည်။

"သူ့ဆီကပစ္စည်းတွေလိုချင်တာဆိုရင်လည်း ယူပြီးတော့သူ့ကိုလွှတ်လိုက်"

အရှေ့ကလူရဲ့လက်မောင်းကိုဆွဲလိုက်ရင်း ကျွန်တော့်နောက်မှာပုန်းနေတဲ့တစ်ယောက်ကိုကာကွယ်ပေးလိုက်သည်။

"အသားမနာချင်ဘူးဆိုရင် မင်းနဲ့မဆိုင်တဲ့ကိစ္စတွေထဲ ဝင်မပါတာပိုကောင်းမယ်နော်"

မုတ်ဆိတ်နဲ့လူကခြိမ်းခြောက်လာတာကြောင့် ကျွန်တော်ခဏတာတွေဝေသွားရပြီး သူတို့ကိုပြန်မေးလိုက်သည်။

"မင်းတို့တွေတကယ်လိုချင်တာကဘာလဲ"

"မင်းကိုဝင်မပါနဲ့လို့ပြောပြီးသားနော်!"

ကျွန်တော်ခဏရပ်လိုက်ပြီး သူပြောတာမှန်သားပဲလို့တွေးမိလိုက်သည်။ဒီကိစ္စကကျွန်တော်နဲ့ဘာမှမဆိုင်ဘူးလေ။ပြီးတော့ ကျွန်တော့်မှာကျွန်တော်အိမ်ပြန်လာမှာကိုစောင့်နေတဲ့ညီလေးတစ်ယောက်လုံးရှိနေတယ်မလား။ ကျွန်တော့်ညီလေးကိုကာကွယ်ပေးရမယ်ဆိုတဲ့အသိကအတွေးထဲဖျတ်ခနဲဝင်ရောက်လာတဲ့အချိန်မှာ မသိစိတ်ဆီကနေတစ်ခါပြန်နိုးထလာခဲ့သည်။ ပြီးတော့ ကျွန်တော်ဆိုတဲ့ကောင်က ပတ်ဝန်းကျင်ကလူ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲတစ်ကိုယ်ကောင်းဆန်တဲ့​ကောင်လို့သူများတွေပြောကြတာလည်းဟုတ်မယ်ထင်ပါရဲ့။ ဒါပေမဲ့ ဒီကိစ္စထဲဝင်ပါလို့လည်းကျွန်တော့်အနေနဲ့ဘာမှရစရာအကြောင်းမရှိဘူးလေ ဟုတ်တယ်မလား။

စဉ်းစားကြည့်လိုက်မှပဲ ဒီလူမိုက်တွေကိုသူတို့လုပ်ချင်တာလုပ်ခိုင်းပြီးရှောင်နေလိုက်တာကမှ ကျွန်တော့်အတွက်ပိုကောင်းမလားပဲ။ ဒါပေမဲ့လည်း ကျွန်တော့်အနောက်မှာရှိနေတဲ့ရုပ်ချောချောနဲ့လူကကျွန်တော့်လက်ကိုသေချာဆုပ်ကိုင်ထားသည်။

"ငါ့ကိုကူညီပေးရင်...ဘာပဲဖြစ်ဖြစ်ပေးမယ်'

သူကကျွန်တော့်နားနားကပ်ရင်းတိုးတိုးလေးပြောလာသည်။ငါ့လိုလူတစ်ယောက်ကိုပိုက်ဆံနဲ့ဝယ်လို့ရမယ်လို့ထင်နေတယ်ပေါ့။ဘယ်ရမလဲ။ငါ့ကိုများပိုက်ဆံကိစ္စနဲ့ဆွဲဆောင်ရဲတယ်ပေါ့။

"ဘယ်လောက်လဲ?"

ကျွန်တော်သူ့ကိုပြန်မေးလိုက်သည်။

အိုကေအိုကေ ခင်ဗျားတို့မှန်ပါတယ်ဗျာ!!! ကျွန်တော့်ကိုပိုက်ဆံနဲ့ဝယ်လို့ရတာပေါ့။အင်း ကျွန်တော်လည်းသိပြီးသားပဲ။ သူသာကျွန်တော့်ကိုတစ်ခုခုနဲ့ကမ်းလှမ်းလိုက်မယ်ဆိုရင် သူ့ကိုကူညီဖို့အကြောင်းကိုပြန်ပြီးတော့စဉ်းစားကြည့်လို့ရမယ်ထင်တာပဲ။

"ဘတ်ငါးသောင်းပေးမယ် ရပြီလား"

သူပြောလိုက်တဲ့ပိုက်ဆံပမာဏက ကျွန်တော့်ညီလေး
Chay​ရဲ့ကျောင်းလခအတွက်လုံလောက်နေတာကြောင့် ကျွန်တော်ကျေကျေနပ်နပ်နဲ့ပြုံးလိုက်မိသည်။

(Porscheရဲ့ညီနာမည်က Porschayပါ Chayလို့ပဲသုံးဖို့များပါတယ်)

"ငါ့ကိုလိမ်ရင် မင်းသေတဲ့အထိနောက်ကနေလိုက်နေမှာနော်"

တစ်ချိန်တည်းမှာပဲ တစ်ဖက်ကလူမိုက်တွေထဲကတစ်ယောက်က ဘေ့စ်ဘောတုတ်ကိုယူလာပြီး ကျွန်တော်တို့ဆီပစ်လွှဲလိုက်တာကို​မြင်လိုက်တာကြောင့် အနောက်မှာရှိနေတဲ့ရုပ်ချောချောနဲ့လူကိုဘေးဘက်ကိုတွန်းလိုက်ပြီး တုတ်တံကိုကိုင်ထားတဲ့လက်ကိုအားအပြည့်သုံးရင်းခြေထောက်နဲ့ဆောင့်ကန်လိုက်တဲ့အခါ တုတ်ကိုကိုင်ထားတဲ့လူလည်းအောက်ကိုဒူးထောက်ကျသွားရသည်။ ဒီနေ့တော့ ဒီရုပ်ချောချောနဲ့ကောင်လေးအနားဘယ်သူ့ကိုမှအကပ်မခံနိုင်ဘူး။

ခင်​ဗျားတို့သိထားသင့်တာက ကျွန်တော်ကကိုယ်ခံပညာကိုအချိန်အကြာကြီးလေ့လာခဲ့ပြီးတော့ အထက်တန်းမှာနိုင်ငံ့လက်ရွေးစင်ဂျူဒိုကစားသမားဖြစ်ခဲ့တယ်ဆိုတာပဲ။

ကျွန်တော်သူတို့ကိုစကန်လိုက်တဲ့အချိန်မှာပဲ ကျွန်တော်ကန်တာခံလိုက်ရတဲ့လူမိုက်တွေထဲကတချို့ကအောက်မှာမှောက်နေပြီ။နောက်ဆုံးမှာတော့ သူတို့တွေအကုန်လုံးရဲ့ပစ်မှတ်က ရုပ်ချောချောနဲ့လူဆီကနေ ကျွန်တော့်ဆီကိုပြောင်းလာခဲ့သည်။သူတို့တွေကလက်သီးတွေကိုတောက်လျှောက်ပစ်သွင်းနေပေမဲ့ အဲ့ဒီလက်သီးတွေကျွန်တော့်မျက်နှာကိုမထိလိုက်နိုင်ခင်မှာပဲ ကျွန်တော်ကသူတို့တွေအကုန်လုံးကိုအသာလေးပြန်တိုက်နိုင်တယ်လေ။လက်သီးတစ်ချက်ထိုးလိုက်ရုံနဲ့တင် အခြေအနေတွေအကုန်လုံးကိုပြောင်းလဲပစ်လိုက်နိုင်တာ။လေထဲမှာပျံ့လွင့်လာတဲ့သွေးနံ့ကိုသတိထားမိလိုက်တဲ့အခါ ကျွန်တော်ဂုဏ်ယူမှုနဲ့ပြုံးလိုက်မိသည်။သေချာတာကတော့အဲ့ဒီသွေးကကျွန်တော့်ဆီကမဟုတ်ဘူးဆိုတာပဲ။

မင်းတို့ကောင်တွေတစ်ကောင်မှငါ့ကိုမထိနိုင်အောင်လုပ်မှာ။ခေါင်းမာမာနဲ့အရှုံးမပေးချင်တာနဲ့တင် ဒဏ်ရာတွေနဲ့နာကျင်နေတဲ့ကြားကဆက်ပြီးတော့တိုက်ခိုက်နေတဲ့လူမိုက်တွေကို ကျွန်တော်နည်းနည်းလောက်ထပ်ထိုးလိုက်ပြီးတော့ မြေကြီးပေါ်မှာရှိနေတဲ့ကျွန်တော့်အိတ်ကိုယူလိုက်ပြီး အမှိုက်ပုံးရဲ့ဘေးနားမှာဗိုက်ကိုအုပ်ကိုင်ပြီးလဲနေတဲ့လူကိုဆွဲထူလိုက်ရင်းဒီနေရာကနေထွက်ပြေးဖို့အကြံပေးလိုက်သည်။ ကျွန်တော်သူ့ကိုဒီလိုမျိုးပြေးဖို့အကြံပေးတာက ဒီလူမိုက်တွေကလွယ်လွယ်လေးနဲ့အလျှော့မပေးဘူးဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးသိနေတာမို့လို့လေ။

"ငါတို့တွေဘယ်သွားမှာလဲ? "

သူကတော်တော်လေးနာကျင်နေတဲ့ပုံနဲ့သူ့ဗိုက်ပေါ်မှာလက်တင်ထားရင်းမေးလာသည်။

"ငါလည်းမသိဘူး"

ကျွန်တော်ဆိုင်ကယ်ပေါ်ကိုတက်လိုက်ပြီး သူကျွန်တော့်အနောက်မှာသေသေချာချာရှိနေရဲ့လားဆိုတာကိုပြန်စစ်ကြည့်လိုက်ပြီး သူ့လက်တွေကိုဆွဲယူရင်းကျွန်တော့်ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားခိုင်းလိုက်သည်။ သူကျွန်တော့်ကိုအခုထက်ထိပိုက်ဆံမပေးရသေးဘူးဆိုတော့ ဒီအတိုင်း လွှတ်ပေးလိုက်လို့မဖြစ်သေးဘူးလေ။မင်းကိုလွယ်လွယ်လေးနဲ့လက်လွှတ်ပေးလိုက်မယ်လို့များထင်နေတာလား။ကျွန်တော်ဆိုင်ကယ်ကိုအမြန်မောင်းလိုက်တဲ့အချိန်မှာပဲကျွန်တော်တို့နောက်ကိုလိုက်လာတဲ့လူမိုက်တွေကိုမြင်လိုက်ရသည်။ဒါပေမဲ့​လည်း လမ်းမကြီးပေါ်ရောက်တာနဲ့ဆိုင်ကယ်ကိုအရှိန်မြှင့်လိုက်တာကြောင့် သူတို့တွေအကုန်လုံးနောက်မှာကျန်ခဲ့သည်။အခုအချိန်လောက်ဆိုကျွန်တော်တို့ကိုဖမ်းဖို့အတွက်သူတို့ကားတွေဆီပြေးနေကြလောက်ပြီ။

"ကျေးဇူးပဲ"

သူကကျွန်တော့်ကိုပြောလာသည်။

"မလိုပါဘူး"

နောက်ကြည့်မှန်ထဲမှာပေါ်နေတဲ့လမ်းရဲ့ပုံရိပ်ကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားတာကိုကြည့်နေရင်း ကျွန်တော်ခပ်တိုးတိုးပြန်ပြောလိုက်သည်။ ကျွန်တော်မောင်းနေတဲ့အရှိန်နှုန်းနဲ့ဆို သူတို့တွေကျွန်တော့်ကိုမီ​အောင်လိုက်ဖမ်းဖို့ကတော်တော်လေးခက်သွားမှာပဲ။

"သူတို့တွေလိုက်မလာတော့ဘူးထင်တာပဲ "

ကျွန်တော့်အနောက်မှာရှိနေတဲ့အရပ်ရှည်ရှည်နဲ့လူက စိတ်သက်သာရာရသွားတဲ့ပုံနဲ့ သက်ပြင်းချလိုက်သည်။

"နောက်တစ်ခါ ကျေးဇူးတင်ပါတယ်"

သူကကျွန်တော့်ပုခုံးပေါ်ခေါင်းတင်လိုက်ရင်းအသံခပ်တိုးတိုးနဲ့ပြောလာသည်။ သူအခုကျွန်တော့်ရှေ့မှာဖြစ်နေတဲ့ပုံစံကဟန်ဆောင်နေတာမဟုတ်ဘူးဆိုတာကို ကျွန်တော်သေချာသိနေသည်။ နောက်ဆုံးတော့ဟန်ချက်ညီအောင်ညှိတဲ့အနေနဲ့ ကျွန်တော်သူ့လက်ကိုဆွဲယူလိုက်ပြီးရှပ်အင်္ကျီကိုလိမ်ပေးလိုက်သည်။ ဒီလိုမှပဲသူမပြုတ်ကျမှာပေါ့။အင်း သူကျွန်တော့်ကိုပိုက်ဆံမပေးရသေးတော့ သူဆိုင်ကယ်ပေါ်ကနေလိမ့်ကျသွားမှာကြောက်နေရတာတော့အမှန်ပဲ။

"မသေချင်ရင် သေချာကိုင်ထား"

ကျွန်တော့်ခါးကိုဖက်ထားတဲ့လက်တွေကချက်ချင်းတင်းကြပ်သွားသည်။

"ကျေးဇူးပဲ"

"ဘတ်ငါးသောင်းနော်"

ကျွန်တော်သူ့ကိုပြန်ဖြေလိုက်ရင်းနောက်ကြည့်မှန်ကနေကြည့်လိုက်တဲ့အခါ အနောက်မှာရှိနေတဲ့လူကခေါင်းငြိမ့်ပြလာတာကိုတွေ့လိုက်ရသည်။သူ့မျက်နှာကတော်တော်လေးနာနေတဲ့ပုံစံပေါက်နေပေမယ့်လည်း ဆိုင်ကယ်ပေါ်ထိုင်နေတဲ့ပုံစံကိုပြန်ပြင်လိုက်သေးသည်။

"ငါ့အိမ်ကိုမောင်းပေး မင်းကိုပိုက်ဆံပေးမယ်"

သူ့စကားကြောင့်ကျွန်တော်တစ်ချက်ချိန်ဆကြည့်လိုက်မိသည်။သူ့ကိုယုံလို့ရပါ့မလား။ဒီလူကဆေးရောင်းတဲ့လူလည်းဖြစ်နိုင်သလို ကတိပေးထားတဲ့ပိုက်ဆံမပေးဘဲ ကျွန်တော့်ကိုသတ်ပစ်မဲ့မကောင်းတဲ့ကောင်လည်းဖြစ်နိုင်တာပဲ။ သူနဲ့အများကြီးမပတ်သက်ဘဲပိုက်ဆံကိုပြန်ရနိုင်မယ့်နည်းလမ်းမရှိတော့ဘူးလား။

"ငါ့ကိုအဲ့ဒီလိုကြီးကြည့်မနေနဲ့ အေးဆေးပေါ့ ငါမင်းကိုလိမ်ဖို့ညာဖို့အစီအစဉ်မရှိသလိုသတ်ဖို့လည်းအစီအစဉ်မရှိဘူး"

ကျွန်တော်အကြိတ်အနယ်စဉ်းစားနေတာကိုမြင်သွားတဲ့အချိန်မှာပဲသူကပြောလာသည်။သူကမျက်လုံးတွေကိုမှေးလိုက်ပြီး နောက်ကြည့်မှန်ထဲကနေ ကျွန်တော့်ကိုလှမ်းကြည့်ရင်းပြုံးပြလာသည်။

" မင်းငါ့ကိုတစ်ခုခုလုပ်လိုက်ရင်လုပ်လိုက်နိုင်တာပဲ။မင်းမလုပ်ဘူးလို့ ဘယ်သူကသိမှာလဲ။"

ကျွန်တော်သူ့ကိုအရိုးသားဆုံးပြန်ဖြေလိုက်သည်။

"ငါ့ပုံစံကရာဇဝတ်ကောင်ပုံစံဖြစ်နေလို့လား?"

သူကအသံကွဲအက်အက်နဲ့ပြောလာပြီး သူ့နှုတ်ခမ်းမှာရှိနေတဲ့ဒဏ်ရာကြောင့်တစ်ခါပြန်တိတ်သွားသည်။

" ဟေး ဒါမှမဟုတ်ရင် မင်းနဲ့သူတို့နဲ့ကြားမှာ တရားမဝင်တဲ့ဆက်ဆံရေးတစ်ခုရှိနေလို့လား?"

"ဟားဟားဟား"

သူကအနည်းငယ်ထိန်းချုပ်ထားတဲ့ပုံနဲ့ရယ်လိုက်ပြီး နောက်ဆုံးမှာတော့ ကျွန်တော်သူ့ကိုအိမ်ပြန်လိုက်မပို့ပေးဖို့ဆုံးဖြတ်လိုက်သည်။ဒါဆို ကျွန်တော့်အဖိုးအခကရော...အဲ့ဒီပိုက်ဆံကြောင့်ပဲသူ့ကိုဂတ်စ်ဆိုင်တစ်ဆိုင်မှာချပေးခဲ့ပြီးတော့ အဲ့ဒီနေရာကနေတက္ကစီငှါးသွားဖို့ပြောထားတာလေ။ဒါပေမဲ့လည်း အရင်ဆုံးတော့ သူATMထဲကနေပိုက်ဆံထုတ်လို့ရအောင် 7/11မှာတစ်ချက်ဝင်ရပ်ပေးရမယ်။ အဲ့ဒီကရတဲ့ပိုက်ဆံနဲ့ကျွန်တော့်ကိုပေးရမှာပေါ့။

"ငါ့ဖုန်းကပျောက်သွားပြီ ငါ့မှာပိုက်ဆံအိတ်လည်းမရှိဘူး"

သူကATMအရှေ့ကိုရောက်တဲ့အချိန်မှာပဲ ကျွန်တော့်ကိုပြောလာသည်။

"ဟေး မင်းငါ့ဆီကအကူအညီကိုလိမ်တောင်းနေတာလား အဲ့ဒါဆိုရင်တော့ဒီနေရာမှာပဲမင်းကိုသေသွားအောင်ကန်ပစ်လိုက်မယ် "

ကျွန်တော့်ဆိုင်ကယ်ရဲ့အနောက်ခုံမှာထိုင်နေဆဲဖြစ်တဲ့သူ့ဘက်ကိုလှည့်ပြီးပြောလိုက်တဲ့အခါ သူကဆိုင်ကယ်ပေါ်ကနေ သူ့လက်မှာဝတ်ထားတဲ့နာရီကိုချွတ်ပေးလာသည်။

"ဒီနာရီကိုယူသွားလိုက် ဘတ်ငါးသောင်းပဲတန်တဲ့ငါ့ဘဝအတွက်အစားထိုးယူထားတယ်လို့တွေးလိုက်ပေါ့ "

ကျွန်တော်နာရီကိုယူလိုက်ပြီး သံသယအပြည့်နဲ့ကြည့်လိုက်မိသည်။

"ဒီနာရီကအစစ်ဆိုတာကိုဘယ်လိုလုပ်သိမလဲ" 

"အဲ့ဒါဆိုလည်းငါ့ကိုပြန်ပေးလိုက်တော့ "

သူကနာရီကိုပြန်ယူတော့မဲ့ပုံစံလုပ်လိုက်တာကြောင့် ကျွန်တော်သူ့ကိုပြန်ကြည့်လိုက်သည်။သေသေချာချာလေးအသေးစိတ်ပြန်ကြည့်လိုက်မှ ဒီနာရီကဇိမ်ခံပစ္စည်းအကောင်းစားတွေနဲ့လုပ်ထားတယ်ဆိုတာကိုယုံချင်လာသလိုလိုပဲ။ ဒီနာရီကဘယ်လိုလုပ်အတုဖြစ်နိုင်မှာလဲ။ အခုမြင်နေရတဲ့နာရီရဲ့ပုံစံကနည်းနည်းညစ်ပတ်နေတဲ့ပူံစံပေါ်ပေမယ့်လည်း ကျွန်တော်ပြန်မပေးဖို့ဆုံးဖြတ်လာသည်။ ဒီနာရီကသာတကယ်အစစ်အမှန်ဆိုရင် ကျွန်တော်ဒါကိုပြန်ရောင်းလိုက်ရင်သိန်းချီပြီးတော့ပြန်ရမှာပဲ။

"အိုကေလေ မင်းဆိုင်ကယ်ပေါ်ကနေဆင်းလို့ရပြီ ဒါပေမယ့်ဒီနာရီကသာအတုဆိုရင်တော့ ငါမင်းကိုလာရှာပြီးသတ်ပစ်မှာနော် "

"ခဏလေး မင်းဖုန်းကိုငှါးပေးဦး ငါ့အိမ်ကလူတစ်ယောက်လောက်ကိုလှမ်းခေါ်ရဦးမယ် "

သူကကျွန်တော့်ကိုကြည့်နေပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့အခုထက်ထိယုံမှားသံသယလွန်ကဲနေတုန်းပဲ။အဲ့ဒီကောင်ကကျွန်တော့်ဖုန်းကိုယူပြီးတော့ထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ။ အဲ့ဒါဆိုပိုဆိုးသွားမယ်ထင်တယ်နော်။ဒါပေမယ့် အခုလက်ရှိအခြေအနေကိုပြန်ကြည့်လိုက်ရင်တော့ ဒီအတွေးကိုအပြတ်ဖြတ်မှဖြစ်လိမ့်မယ်။

"ယူလေ..."

ကျွန်တော့်ဖုန်းကိုကမ်းပေးရင်းပြောလိုက်တဲ့အခါ သူကချက်ချငိးယူလိုက်ပြီး ဖုန်းနံပါတ်တစ်ခုကိုလှမ်းခေါ်လိုက်သည်။ကြည့်ရတာတော့ သူ့မိသားစုကိုလှမ်းခေါ်တာထင်ပါရဲ့။ အင်း သူကကျွန်တော်တို့အခုရောက်နေတဲ့နေရာနဲ့သူ့ကိုခေါ်ဖို့အတွက်လူတစ်ယောက်လောက်လွှတ်လိုက်ဖို့ပြောနေတာကိုကြားနေရတယ်လေ။ကျွန်တော်သူ့ကိုဂရုတစိုက်နဲ့ကြည့်နေရင်း စဉ်းစားနေမိတာက သူ့ကိုဆေးရုံအရင်ခေါ်သွားရမလား၊ဒီနေရာမှာပဲချထားခဲ့ရမလားဆိုတာကိုပဲ။သူ့ပုံစံကအသက်ရှုရခက်နေသလိုဖြစ်နေပြီး ခေါင်းကနေသွေးတွေစီးကျနေတာကြောင့် ကျွန်တော့်နည်းနည်းစိုးရိမ်မိလာသည်။ဒါပေမဲ့ သူ့ကိုဆေးရုံကိုလိုက်ပို့ပေးရလို့ပိုက်ဆံနည်းနည်းပိုယူမယ်လိူ့ပြောလို့ရပါ့မလား။

"နောက်တစ်ခါကျေးဇူးတင်တယ်နော် ငါ့ကိုပိုက်ဆံကြောင့်ကယ်ပေးခဲ့တယ်ဆိုပေမယ့်လည်း "

သူကဆိုင်ကယ်ပေါ်ကဆင်းမလို့လုပ်ရင်းပြောလာပေမယ့် ကျွန်တော်သူပြောလိုက်တဲ့စကားကိုဂရုမစိုက်ချင်ယောင်ဆောင်ထားလိုက်သည်။ဘာပဲဖြစ်ဖြစ်လေ လူတွေအကုန်လုံးကတစ်ခုခုလုပ်ပေးရင် တစ်ခုခုပြန်ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့လုပ်ပေးနေကြတာပဲမဟုတ်ဘူးလား။

"မင်းက ***တက္ကသိုလ်မှာတက်နေတာလား?"

"မင်းဘယ်လိုလုပ်သိတာလဲ"

သူကကျွန်တော်တက်နေတဲ့ကျောင်းနာမည်ကိုသိနေတာကြောင့် ကျွန်တော်သူ့ကိုပြန်မေးလိုက်သည်။

"ကျောင်းဝတ်စုံလေ "

သူ့ဆီကအဖြေကိုပြန်ကြားလိုက်ရတဲ့အချိန်မှာပဲနားလည်လိုက်ရတာက ကျွန်တော်အခုဝတ်ထားတာကကျောင်းဝတ်စုံဆိုတာရယ် သူ့ခေါင်းပေါ်ကသွေးတွေကြောင့် ကျွန်တော့်အင်္ကျီလည်းသွေးတွေနဲ့ရွှဲနေပြီဆိုတာပဲ။

"အာ အင်း"

"မင်းနာမည်ကဘာလဲ?"

သူကဆိုင်ကယ်ပေါ်ကနေမဆင်းဘဲမေးလာတာကြောင့် ဒီလိုမေးတာကိုမကြိုက်တဲ့ပုံစံနဲ့ကျွန်တော်မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘာလို့မေးတာလဲ လူတွေလွှတ်ပြီးတော့ငါ့ကိုရှာပြီးရိုက်ခိုင်းမလို့လား "

ကျွန်တော်မျက်ခုံးတစ်ဖက်ပင့်ရင်းပြန်ပြောလိုက်သည်။

"မဟုတ်ပါဘူး မင်းနာမည်ကိုသိချင်ရုံလေးတင်ပဲ အဲ့ဒါအကုန်ပဲ  "

"ဒါဆိုမင်းကငါ့နာမည်ကိုနံရံပေါ်မှာထွင်းပြီးတော့ ကျေးဇူးဆပ်မလို့လား "

ကျွန်တော်တစ်ချက်စဉ်းစားလိုက်ပြီးပြန်ပြောလိုက်သည်။အဲ့ဒီလိုသာလုပ်မယ်ဆိုရင် ငါ့ကိုပိုက်ဆံပေးပြီးတော့ပြန်ခိုင်းလိုက်ပါတော့လား။ဘာလို့ငါ့နာမည်ကိုသိချငိနေရတာလဲ။

"မင်းနာမည်ကိုမပြောပြရင်ငါဆိုင်ကယ်ပေါ်ကနေမဆင်းဘူး  "

သူကကျွန်တော့်ပုခုံးပေါ်ကိုချက်ချင်းခေါင်းတင်ထားလိုက်သည်။

"မင်းမဆင်းဘူးဆိုရင်ကန်ချမှာနော်"

ကျွန်တော်အသံကျယ်ကျယ်နဲ့အော်ပြောလိုက်ပေမဲ့ သူ့မျက်နှာကနဂိုအတိုင်းပဲရှိနေပြီးတော့ ပြောင်းလဲသွားတာမျိုးမရှိဘူး။

"အဲ့ဒါဆိုငါနာရီကိုပြန်ယူလိုက်တော့မယ် ငါ့အိမ်ကိုလိုက်ခဲ့ပြီးပိုက်ဆံယူပေတော့ပဲ "

သူကကျွန်တော့်ကိုခြိမ်းခြောက်လာသည်။

"Jom ငါ့နာမည်ကJom"

သူကကျွန်တော့်ကိုစိုက်ကြည့်နေပြီးတော့ ဆိုင်ကယ်ပေါ်ကနေအေးအေးဆေးဆေးဆင်းပေးလာသည်။ ကျွန်တော်အနောက်ဘက်ကိုပြန်လှည့်ကြည့်လိုက်ပြီး ဒယီးဒယိုင်နဲ့လျှောက်နေတဲ့လူကိုမြင်လိုက်ရတဲ့အခါ သူဘာတွေများလုပ်ခဲ့လို့ ဟိုလူမိုက်တွေဆီကနေအရိုက်ခံရတာလဲဆိုတဲ့အကြောင်းရင်းကို ပြန်တွေးမိလိုက်သည်။

ဒါပေမယ့်လည်း အဲ့ဒါတွေအကုန်လုံးက ကျွန်တော့်ကိစ္စမဟုတ်တာကြောင့် ကျွန်တော်ဆိုင်ကယ်ကိုစက်နှိုးလိုက်ပြီး ဆိုင်ကယ်ဦးထုပ်ကိုဆောင်းရင်း အိမ်ဘက်ကိုဦးတည်လိုက်သည်။

***********************************
လောလောဆယ်တော့ တစ်နေ့တစ်ပိုင်းတင်ပေးနိုင်အောင်ကြိုးစားကြည့်ပါဦးမယ် ယူရီအိုမေတ္တာရပ်ခံထားတဲ့အတိုင်း နည်းနည်းသိုသိုသိပ်သိပ်လုပ်ပေးပါလို့ပြောချင်ပါတယ် အားလုံးကိုကျေးဇူးပါ

Time=12:00
Date=22/2/2021
Words=4000

-ကပ္ဆိုးႀကီးရဲ႕အစ-

ဘုန္း  ခြပ္

လက္သီးထိုးသံေတြ ေျခေထာက္နဲ႕ကန္လိုက္သံေတြက စီးကရက္တစ္လိပ္ကိုကိုက္ထားရင္းမတ္တပ္ရပ္ေနတဲ့ကြၽန္ေတာ့္အာ႐ုံကိုဖမ္းစားသြားခဲ့သည္။ အမွိုက္အိတ္အႀကီးႀကီးကိုဆြဲထားတဲ့ကြၽန္ေတာ္က အလုပ္လုပ္ေနတဲ့ဘားရဲ႕အနီးအနားကအမွိုက္ပုံးေဘးမွာမတ္တပ္ရပ္ေနခဲ့တာ။ မ်က္စိကလွမ္းျမင္ေနရတဲ့အကြာအေဝးမွာရွိေနတဲ့ေထာင့္နားမွာ လူငါးေယာက္ေျခာက္ေယာက္ေလာက္ရွိမဲ့အုပ္စုတစ္စုက လူတစ္ေယာက္ကိုသူတို႔ေျခေထာက္ေတြနဲ႕ကန္ေနတာကိုျမင္လိုက္ရတဲ့အခါ ကြၽန္ေတာ္အမွိုက္အိတ္ကိုေသေသခ်ာခ်ာခ်ည္လိုက္မိၿပီး သူတို႔ေတြဘက္ကိုတစ္ခ်က္အာ႐ုံစိုက္လိုက္ရင္း ပါးစပ္ထဲမွာရွိေနတဲ့ေဆးလိပ္ကိုတစ္ခ်က္ရွိုက္လိုက္သည္။ေဆးလိပ္ကိုတစ္ခ်က္ရွိုက္ဖြာလိုက္ရင္း ေဆးလိပ္ေငြ႕ေတြကိုအျပင္ဘက္ကိုမႈတ္ထုတ္လိုက္ၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ့္အေတြးေတြကိုျပန္စုစည္းလိုက္သည္။ ဒီလိုမ်ိဳးအျဖစ္အပ်က္ေတြကိုျမင္ဖူးတာမ်ားလြန္းလို႔ ကြၽန္ေတာ့္မွာေနသားေတာင္က်ေနၿပီ။ ဒီဘားအေနာက္မွာရွိတဲ့လမ္းကေမွာင္မည္းၿပီးေတာ့တိတ္ဆိတ္ေနတာေၾကာင့္ ဝနိထမ္းေတြပဲအမွိုက္အိတ္သယ္ဖို႔နဲ႕ပစၥည္းေတြပို႔ဖို႔ဒီလမ္းကိုသုံးၾကတာ။

"က်စ္ မင္းရဲ႕အားကလည္းေပါ့ေသးေသးမဟုတ္ဘူးပဲ"

အေမွာင္ထုထဲကေနအသံတစ္ခုကလြင့္ပ်ံလာခဲ့ေပမယ့္ ကြၽန္ေတာ္ကေတာ့အဲ့ဒါကိုသိပ္ဂ႐ုစိုက္မေနဘူး။ကြၽန္ေတာ္အခုလက္ရွိလုပ္ေနတဲ့အလုပ္ကိုၿပီးေအာင္လုပ္ၿပီးရင္ ဘားထဲကိုျပန္ဝင္ တံခါးေတြပိတ္ၿပီးေတာ့အိမ္ျပန္႐ုံပဲရွိတာေလ။ ဟုတ္တယ္ ကြၽန္ေတာ္လုပ္သင့္တာကအဲ့ဒါပဲ။ၿပီးေတာ့ ကြၽန္ေတာ္ဆိုတဲ့ေကာင္ကအတန္းခ်ိန္ၿပီးသြားရင္ ဒီေနရာမွာအလုပ္လာလုပ္ေနက်ေကာလိပ္ေက်ာင္းသားတစ္ေယာက္ပဲ ဟုတ္တယ္မလား။

အခ်ိန္ကေနာက္က်ေနၿပီျဖစ္တဲ့အတြက္ေၾကာင့္ ဆိုင္ကိုလာတဲ့လူေတြကမရွိသေလာက္ျဖစ္ေနၿပီ။ တခ်ိဳ႕လူေတြကတကၠစီကားလာမွာကိုေစာင့္ေနၿပီး တခ်ိဳ႕ကေတာ့ေကာင္မေလးေတြကိုလိုက္ၾကဴေနရင္းအေဖာ္ရေအာင္ႀကိဳးစားေနၾကသည္။တခ်ိဳ႕ကလည္းကြၽန္ေတာ္အခုျမင္ေနရတဲ့လူလိုမ်ိဳးရန္ျဖစ္ေနၾကတာေပါ့။ကြၽန္ေတာ္ကအသည္းမရွိတဲ့လူေတာ့မဟုတ္ပါဘူး။ဒီအတိုင္းသူမ်ားေတြရဲ႕ကိစၥမွာဝင္မရႈပ္ခ်င္တာပဲရွိတာ။ ဒီရန္ပြဲမွာ အရိုက္ခံေနရတဲ့တစ္ေယာက္က သူတို႔လူအုပ္စုထဲကတစ္ေယာက္ေယာက္ရဲ႕အေဖနဲ႕ျပႆနာတက္ထားတာပဲျဖစ္လိမ့္မယ္။ ပိုၿပီးေတာ့ေသခ်ာသြားတာက တစ္ေယာက္တည္းျဖစ္ေနတဲ့သူမွာ လက္သီးခ်က္ေတြေျခေထာက္နဲ႕ကန္ထားတာေတြကိုေတာ္ေတာ္ႀကီးကိုခံထားရတယ္ေလ။

လူတစ္ေယာက္လုံးအရိုက္ခံေနရတာေတာင္မွဘာမွမလုပ္ဘဲေနနိုင္ရေကာင္းလားဆိုၿပီး ကြၽန္ေတာ့္ကိုႀကိဳက္သေလာက္က်ိန္ဆဲလို႔ရပါတယ္။ဘာပဲေျပာေျပာ ကြၽန္ေတာ့္ကိုအသည္းႏွလုံးမရွိတဲ့လူလို႔ထင္ေနၾကတယ္မလား။ ကြၽန္ေတာ္ကေတာ့အခုထက္ထိသူတို႔မွာလည္းဒီလိုမ်ိဳးလုပ္ရတဲ့အေၾကာင္းအရင္းရွိမွာပါလို႔စဥ္းစားေနမိတုန္းပဲ။ အဲ့ဒီလူကအျပစ္ရွိေနလို႔ဒိေလာက္လူအမ်ားႀကီးကသူ႕ကိုရိုက္ေနတာကျဖစ္နိုင္တယ္ေလ။ဥပမာေျပာရရင္ အဲ့ဒီေကာင္ကသူခိုးတစ္ေယာက္ျဖစ္ေနတာမ်ိဳး...

"ငါ့ကိုလႊတ္စမ္း ေခြးေကာင္!!! "

"အာ...ေဟး!!!"

ကြၽန္ေတာ္ေဘးဘက္ကိုလွည့္ၾကည့္လိုက္တဲ့အခါ အေစာကေလးတင္ေျမႀကီးေပၚကိုလဲက်သြားတဲ့သူက ေနာက္တစ္ခါမတ္တပ္ထရပ္လိုက္ၿပီး သူ႕ေရွ႕မွာရွိေနတဲ့ဂန္းစတားေတြနဲ႕မ်က္ႏွာခ်င္းဆိုင္ဖို႔ႀကိဳးစားေနတာကိုေတြ႕လိုက္ရသည္။ ကြၽန္ေတာ့္လက္ထဲကစီးကရက္ကိုေျမႀကီးေပၚလႊတ္ပစ္လိုက္ၿပီး ေျခေထာက္နဲ႕ဖိနင္းလိုက္ရင္းအဲ့ဒီလူကိုလ်စ္လ်ဴရႈထားလိုက္သည္။ကြၽန္ေတာ္ပ်င္းပ်င္းရိရိနဲ႕ပဲအႀကိမ္အနည္းငယ္အေၾကာေလွ်ာ့လိုက္ၿပီးေတာ့ အိမ္ျပန္ၿပီးအနားယူဖို႔ျပင္ဆင္လိုက္သည္။

ကြၽန္ေတာ္ထြက္သြားမလို႔လုပ္လိုက္ေပမဲ့ ရန္ျဖစ္ေနတဲ့လူေတြထဲကတစ္ေယာက္က ကြၽန္ေတာ့္ရွပ္အကၤ်ီကိုအားနဲ႕လာဆြဲထားတာေၾကာင့္ ေျခလွမ္းေတြရပ္တန႔္သြားရသည္။

"ေက်းဇူးျပဳၿပီးေတာ့..."

အသံဩရွရွကအားနည္းေနတဲ့ပုံစံေပါက္ေနၿပီး တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႕တင္ အဲ့ဒီလူဝတ္ထားတဲ့ကုတ္အကၤ်ီရဲ႕ေအာက္မွာရွိေနတဲ့လက္ေမာင္းအသားကကြၽန္ေတာ္နဲ႕အတူတူပဲဆိုတာကိုသိလိုက္ရသည္။ ကြၽန္ေတာ္အလန့္လန့္အျဖန့္ျဖန့္နဲ႕ အဲ့ဒီလူမ်က္ႏွာကိုၾကည့္လိုက္တဲ့အခါ သူ႕ႏႈတ္ခမ္းနဲ႕ႏွာေခါင္းဆီကေနေသြးေတြစီးက်ေနတာကိုေတြ႕လိုက္ရေပမဲ့လည္း ဒဏ္ရာဒဏ္ခ်က္ေတြကဒီလူရဲ႕ၾကည့္ေကာင္းမႈကိုေတာ့မဖုံးလႊမ္းထားနိုင္ခဲ့ဘူး။သူ႕ၾကည့္ရတာကြၽန္ေတာ္နဲ႕အသက္သိပ္မကြာဘူးထင္ပါရဲ႕။

"ဘယ္ကိုသြားမလို႔ႀကံစည္ေနတာလဲ!?"

႐ုပ္ဆိုးဆိုးနဲ႕လူတစ္ေယာက္ကအနားကိုကပ္လာၿပီးသူ႕အကၤ်ီေကာ္လံကိုဆြဲလိုက္သည္။ကြၽန္ေတာ့္လက္ကိုဆြဲထားၿပီးအကူအညီေတာင္းလိုက္တဲ့လူကို တစ္ခ်က္ၾကည့္လိုက္မိၿပီး ကိုယ္တိုင္ေတာင္မသိလိုက္ခင္မွာဘဲ သူ႕လက္ကိုကြၽန္ေတာ့္ဘက္ဆြဲလိုက္ရင္းသူ႕ကိုကူညီလိုက္သည္။

"ျဖည္းျဖည္းေပါ့ P'ကလည္း"

ကြၽန္ေတာ္​ေအးေအးေဆးေဆး ေျပာလိုက္သည္။အေရွ႕မွာရွိေနတဲ့မုတ္ဆိတ္ေမႊးနဲ႕လူကိုၾကည့္လိုက္႐ုံနဲ႕တင္ သူတို႔ေတြကကြၽန္ေတာ့္ထက္အသက္ႀကီးတဲ့လူေတြပဲဆိုတာကိုေသခ်ာသိလိုက္သည္။ ဒီလူေတြကသူတို႔ထက္ငယ္တဲ့ေက်ာင္းသားေလးေတြဆီကေနဓားျပတိုက္ေနတာလား။အနီးကပ္ျပန္ၾကည့္မယ္ဆိုရင္ ကြၽန္ေတာ့္ကိုအကူအညီေတာင္းလာတဲ့သူက ကြၽန္ေတာ္နဲ႕အသက္မတိမ္းမယိမ္းလူတစ္ေယာက္ျဖစ္ေနတဲ့အျပင္ သူဝတ္စားထားတဲ့အဝတ္အစားပုံစံရယ္ပစၥည္းေတြကိုၾကည့္လိုက္တာနဲ႕တၿပိဳင္နက္ သူကRich kidပဲဆိုတဲ့အခ်က္ကေသခ်ာသြားခဲ့သည္။

"သူ႕ဆီကပစၥည္းေတြလိုခ်င္တာဆိုရင္လည္း ယူၿပီးေတာ့သူ႕ကိုလႊတ္လိုက္"

အေရွ႕ကလူရဲ႕လက္ေမာင္းကိုဆြဲလိုက္ရင္း ကြၽန္ေတာ့္ေနာက္မွာပုန္းေနတဲ့တစ္ေယာက္ကိုကာကြယ္ေပးလိုက္သည္။

"အသားမနာခ်င္ဘူးဆိုရင္ မင္းနဲ႕မဆိုင္တဲ့ကိစၥေတြထဲ ဝင္မပါတာပိုေကာင္းမယ္ေနာ္"

မုတ္ဆိတ္နဲ႕လူကၿခိမ္းေျခာက္လာတာေၾကာင့္ ကြၽန္ေတာ္ခဏတာေတြေဝသြားရၿပီး သူတို႔ကိုျပန္ေမးလိုက္သည္။

"မင္းတို႔ေတြတကယ္လိုခ်င္တာကဘာလဲ"

"မင္းကိုဝင္မပါနဲ႕လို႔ေျပာၿပီးသားေနာ္!"

ကြၽန္ေတာ္ခဏရပ္လိုက္ၿပီး သူေျပာတာမွန္သားပဲလို႔ေတြးမိလိုက္သည္။ဒီကိစၥကကြၽန္ေတာ္နဲ႕ဘာမွမဆိုင္ဘူးေလ။ၿပီးေတာ့ ကြၽန္ေတာ့္မွာကြၽန္ေတာ္အိမ္ျပန္လာမွာကိုေစာင့္ေနတဲ့ညီေလးတစ္ေယာက္လုံးရွိေနတယ္မလား။ ကြၽန္ေတာ့္ညီေလးကိုကာကြယ္ေပးရမယ္ဆိုတဲ့အသိကအေတြးထဲဖ်တ္ခနဲဝင္ေရာက္လာတဲ့အခ်ိန္မွာ မသိစိတ္ဆီကေနတစ္ခါျပန္နိုးထလာခဲ့သည္။ ၿပီးေတာ့ ကြၽန္ေတာ္ဆိုတဲ့ေကာင္က ပတ္ဝန္းက်င္ကလူ ဘယ္သူ႕ကိုမွဂ႐ုမစိုက္ဘဲတစ္ကိုယ္ေကာင္းဆန္တဲ့​ေကာင္လို႔သူမ်ားေတြေျပာၾကတာလည္းဟုတ္မယ္ထင္ပါရဲ႕။ ဒါေပမဲ့ ဒီကိစၥထဲဝင္ပါလို႔လည္းကြၽန္ေတာ့္အေနနဲ႕ဘာမွရစရာအေၾကာင္းမရွိဘူးေလ ဟုတ္တယ္မလား။

စဥ္းစားၾကည့္လိုက္မွပဲ ဒီလူမိုက္ေတြကိုသူတို႔လုပ္ခ်င္တာလုပ္ခိုင္းၿပီးေရွာင္ေနလိုက္တာကမွ ကြၽန္ေတာ့္အတြက္ပိုေကာင္းမလားပဲ။ ဒါေပမဲ့လည္း ကြၽန္ေတာ့္အေနာက္မွာရွိေနတဲ့႐ုပ္ေခ်ာေခ်ာနဲ႕လူကကြၽန္ေတာ့္လက္ကိုေသခ်ာဆုပ္ကိုင္ထားသည္။

"ငါ့ကိုကူညီေပးရင္...ဘာပဲျဖစ္ျဖစ္ေပးမယ္'

သူကကြၽန္ေတာ့္နားနားကပ္ရင္းတိုးတိုးေလးေျပာလာသည္။ငါ့လိုလူတစ္ေယာက္ကိုပိုက္ဆံနဲ႕ဝယ္လို႔ရမယ္လို႔ထင္ေနတယ္ေပါ့။ဘယ္ရမလဲ။ငါ့ကိုမ်ားပိုက္ဆံကိစၥနဲ႕ဆြဲေဆာင္ရဲတယ္ေပါ့။

"ဘယ္ေလာက္လဲ?"

ကြၽန္ေတာ္သူ႕ကိုျပန္ေမးလိုက္သည္။

အိုေကအိုေက ခင္ဗ်ားတို႔မွန္ပါတယ္ဗ်ာ!!! ကြၽန္ေတာ့္ကိုပိုက္ဆံနဲ႕ဝယ္လို႔ရတာေပါ့။အင္း ကြၽန္ေတာ္လည္းသိၿပီးသားပဲ။ သူသာကြၽန္ေတာ့္ကိုတစ္ခုခုနဲ႕ကမ္းလွမ္းလိုက္မယ္ဆိုရင္ သူ႕ကိုကူညီဖို႔အေၾကာင္းကိုျပန္ၿပီးေတာ့စဥ္းစားၾကည့္လို႔ရမယ္ထင္တာပဲ။

"ဘတ္ငါးေသာင္းေပးမယ္ ရၿပီလား"

သူေျပာလိုက္တဲ့ပိုက္ဆံပမာဏက ကြၽန္ေတာ့္ညီေလး
Chay​ရဲ႕ေက်ာင္းလခအတြက္လုံေလာက္ေနတာေၾကာင့္ ကြၽန္ေတာ္ေက်ေက်နပ္နပ္နဲ႕ၿပဳံးလိုက္မိသည္။

(Porscheရဲ႕ညီနာမည္က Porschayပါ Chayလို႔ပဲသုံးဖို႔မ်ားပါတယ္)

"ငါ့ကိုလိမ္ရင္ မင္းေသတဲ့အထိေနာက္ကေနလိုက္ေနမွာေနာ္"

တစ္ခ်ိန္တည္းမွာပဲ တစ္ဖက္ကလူမိုက္ေတြထဲကတစ္ေယာက္က ေဘ့စ္ေဘာတုတ္ကိုယူလာၿပီး ကြၽန္ေတာ္တို႔ဆီပစ္လႊဲလိုက္တာကို​ျမင္လိုက္တာေၾကာင့္ အေနာက္မွာရွိေနတဲ့႐ုပ္ေခ်ာေခ်ာနဲ႕လူကိုေဘးဘက္ကိုတြန္းလိုက္ၿပီး တုတ္တံကိုကိုင္ထားတဲ့လက္ကိုအားအျပည့္သုံးရင္းေျခေထာက္နဲ႕ေဆာင့္ကန္လိုက္တဲ့အခါ တုတ္ကိုကိုင္ထားတဲ့လူလည္းေအာက္ကိုဒူးေထာက္က်သြားရသည္။ ဒီေန႕ေတာ့ ဒီ႐ုပ္ေခ်ာေခ်ာနဲ႕ေကာင္ေလးအနားဘယ္သူ႕ကိုမွအကပ္မခံနိုင္ဘူး။

ခင္​ဗ်ားတို႔သိထားသင့္တာက ကြၽန္ေတာ္ကကိုယ္ခံပညာကိုအခ်ိန္အၾကာႀကီးေလ့လာခဲ့ၿပီးေတာ့ အထက္တန္းမွာနိုင္ငံ့လက္ေ႐ြးစင္ဂ်ဴဒိုကစားသမားျဖစ္ခဲ့တယ္ဆိုတာပဲ။

ကြၽန္ေတာ္သူတို႔ကိုစကန္လိုက္တဲ့အခ်ိန္မွာပဲ ကြၽန္ေတာ္ကန္တာခံလိုက္ရတဲ့လူမိုက္ေတြထဲကတခ်ိဳ႕ကေအာက္မွာေမွာက္ေနၿပီ။ေနာက္ဆုံးမွာေတာ့ သူတို႔ေတြအကုန္လုံးရဲ႕ပစ္မွတ္က ႐ုပ္ေခ်ာေခ်ာနဲ႕လူဆီကေန ကြၽန္ေတာ့္ဆီကိုေျပာင္းလာခဲ့သည္။သူတို႔ေတြကလက္သီးေတြကိုေတာက္ေလွ်ာက္ပစ္သြင္းေနေပမဲ့ အဲ့ဒီလက္သီးေတြကြၽန္ေတာ့္မ်က္ႏွာကိုမထိလိုက္နိုင္ခင္မွာပဲ ကြၽန္ေတာ္ကသူတို႔ေတြအကုန္လုံးကိုအသာေလးျပန္တိုက္နိုင္တယ္ေလ။လက္သီးတစ္ခ်က္ထိုးလိုက္႐ုံနဲ႕တင္ အေျခအေနေတြအကုန္လုံးကိုေျပာင္းလဲပစ္လိုက္နိုင္တာ။ေလထဲမွာပ်ံ့လြင့္လာတဲ့ေသြးနံ႕ကိုသတိထားမိလိုက္တဲ့အခါ ကြၽန္ေတာ္ဂုဏ္ယူမႈနဲ႕ၿပဳံးလိုက္မိသည္။ေသခ်ာတာကေတာ့အဲ့ဒီေသြးကကြၽန္ေတာ့္ဆီကမဟုတ္ဘူးဆိုတာပဲ။

မင္းတို႔ေကာင္ေတြတစ္ေကာင္မွငါ့ကိုမထိနိုင္ေအာင္လုပ္မွာ။ေခါင္းမာမာနဲ႕အရႈံးမေပးခ်င္တာနဲ႕တင္ ဒဏ္ရာေတြနဲ႕နာက်င္ေနတဲ့ၾကားကဆက္ၿပီးေတာ့တိုက္ခိုက္ေနတဲ့လူမိုက္ေတြကို ကြၽန္ေတာ္နည္းနည္းေလာက္ထပ္ထိုးလိုက္ၿပီးေတာ့ ေျမႀကီးေပၚမွာရွိေနတဲ့ကြၽန္ေတာ့္အိတ္ကိုယူလိုက္ၿပီး အမွိုက္ပုံးရဲ႕ေဘးနားမွာဗိုက္ကိုအုပ္ကိုင္ၿပီးလဲေနတဲ့လူကိုဆြဲထူလိုက္ရင္းဒီေနရာကေနထြက္ေျပးဖို႔အႀကံေပးလိုက္သည္။ ကြၽန္ေတာ္သူ႕ကိုဒီလိုမ်ိဳးေျပးဖို႔အႀကံေပးတာက ဒီလူမိုက္ေတြကလြယ္လြယ္ေလးနဲ႕အေလွ်ာ့မေပးဘူးဆိုတာကိုကြၽန္ေတာ္ေကာင္းေကာင္းႀကီးသိေနတာမို႔လို႔ေလ။

"ငါတို႔ေတြဘယ္သြားမွာလဲ? "

သူကေတာ္ေတာ္ေလးနာက်င္ေနတဲ့ပုံနဲ႕သူ႕ဗိုက္ေပၚမွာလက္တင္ထားရင္းေမးလာသည္။

"ငါလည္းမသိဘူး"

ကြၽန္ေတာ္ဆိုင္ကယ္ေပၚကိုတက္လိုက္ၿပီး သူကြၽန္ေတာ့္အေနာက္မွာေသေသခ်ာခ်ာရွိေနရဲ႕လားဆိုတာကိုျပန္စစ္ၾကည့္လိုက္ၿပီး သူ႕လက္ေတြကိုဆြဲယူရင္းကြၽန္ေတာ့္ခါးကိုတင္းတင္းၾကပ္ၾကပ္ဖက္ထားခိုင္းလိုက္သည္။ သူကြၽန္ေတာ့္ကိုအခုထက္ထိပိုက္ဆံမေပးရေသးဘူးဆိုေတာ့ ဒီအတိုင္း လႊတ္ေပးလိုက္လို႔မျဖစ္ေသးဘူးေလ။မင္းကိုလြယ္လြယ္ေလးနဲ႕လက္လႊတ္ေပးလိုက္မယ္လို႔မ်ားထင္ေနတာလား။ကြၽန္ေတာ္ဆိုင္ကယ္ကိုအျမန္ေမာင္းလိုက္တဲ့အခ်ိန္မွာပဲကြၽန္ေတာ္တို႔ေနာက္ကိုလိုက္လာတဲ့လူမိုက္ေတြကိုျမင္လိုက္ရသည္။ဒါေပမဲ့​လည္း လမ္းမႀကီးေပၚေရာက္တာနဲ႕ဆိုင္ကယ္ကိုအရွိန္ျမႇင့္လိုက္တာေၾကာင့္ သူတို႔ေတြအကုန္လုံးေနာက္မွာက်န္ခဲ့သည္။အခုအခ်ိန္ေလာက္ဆိုကြၽန္ေတာ္တို႔ကိုဖမ္းဖို႔အတြက္သူတို႔ကားေတြဆီေျပးေနၾကေလာက္ၿပီ။

"ေက်းဇူးပဲ"

သူကကြၽန္ေတာ့္ကိုေျပာလာသည္။

"မလိုပါဘူး"

ေနာက္ၾကည့္မွန္ထဲမွာေပၚေနတဲ့လမ္းရဲ႕ပုံရိပ္ကတျဖည္းျဖည္းနဲ႕ေပ်ာက္ကြယ္သြားတာကိုၾကည့္ေနရင္း ကြၽန္ေတာ္ခပ္တိုးတိုးျပန္ေျပာလိုက္သည္။ ကြၽန္ေတာ္ေမာင္းေနတဲ့အရွိန္ႏႈန္းနဲ႕ဆို သူတို႔ေတြကြၽန္ေတာ့္ကိုမီ​ေအာင္လိုက္ဖမ္းဖို႔ကေတာ္ေတာ္ေလးခက္သြားမွာပဲ။

"သူတို႔ေတြလိုက္မလာေတာ့ဘူးထင္တာပဲ "

ကြၽန္ေတာ့္အေနာက္မွာရွိေနတဲ့အရပ္ရွည္ရွည္နဲ႕လူက စိတ္သက္သာရာရသြားတဲ့ပုံနဲ႕ သက္ျပင္းခ်လိဳက္သည္။

"ေနာက္တစ္ခါ ေက်းဇူးတင္ပါတယ္"

သူကကြၽန္ေတာ့္ပုခုံးေပၚေခါင္းတင္လိုက္ရင္းအသံခပ္တိုးတိုးနဲ႕ေျပာလာသည္။ သူအခုကြၽန္ေတာ့္ေရွ႕မွာျဖစ္ေနတဲ့ပုံစံကဟန္ေဆာင္ေနတာမဟုတ္ဘူးဆိုတာကို ကြၽန္ေတာ္ေသခ်ာသိေနသည္။ ေနာက္ဆုံးေတာ့ဟန္ခ်က္ညီေအာင္ညွိတဲ့အေနနဲ႕ ကြၽန္ေတာ္သူ႕လက္ကိုဆြဲယူလိုက္ၿပီးရွပ္အကၤ်ီကိုလိမ္ေပးလိုက္သည္။ ဒီလိုမွပဲသူမျပဳတ္က်မွာေပါ့။အင္း သူကြၽန္ေတာ့္ကိုပိုက္ဆံမေပးရေသးေတာ့ သူဆိုင္ကယ္ေပၚကေနလိမ့္က်သြားမွာေၾကာက္ေနရတာေတာ့အမွန္ပဲ။

"မေသခ်င္ရင္ ေသခ်ာကိုင္ထား"

ကြၽန္ေတာ့္ခါးကိုဖက္ထားတဲ့လက္ေတြကခ်က္ခ်င္းတင္းၾကပ္သြားသည္။

"ေက်းဇူးပဲ"

"ဘတ္ငါးေသာင္းေနာ္"

ကြၽန္ေတာ္သူ႕ကိုျပန္ေျဖလိုက္ရင္းေနာက္ၾကည့္မွန္ကေနၾကည့္လိုက္တဲ့အခါ အေနာက္မွာရွိေနတဲ့လူကေခါင္းၿငိမ့္ျပလာတာကိုေတြ႕လိုက္ရသည္။သူ႕မ်က္ႏွာကေတာ္ေတာ္ေလးနာေနတဲ့ပုံစံေပါက္ေနေပမယ့္လည္း ဆိုင္ကယ္ေပၚထိုင္ေနတဲ့ပုံစံကိုျပန္ျပင္လိုက္ေသးသည္။

"ငါ့အိမ္ကိုေမာင္းေပး မင္းကိုပိုက္ဆံေပးမယ္"

သူ႕စကားေၾကာင့္ကြၽန္ေတာ္တစ္ခ်က္ခ်ိန္ဆၾကည့္လိုက္မိသည္။သူ႕ကိုယုံလို႔ရပါ့မလား။ဒီလူကေဆးေရာင္းတဲ့လူလည္းျဖစ္နိုင္သလို ကတိေပးထားတဲ့ပိုက္ဆံမေပးဘဲ ကြၽန္ေတာ့္ကိုသတ္ပစ္မဲ့မေကာင္းတဲ့ေကာင္လည္းျဖစ္နိုင္တာပဲ။ သူနဲ႕အမ်ားႀကီးမပတ္သက္ဘဲပိုက္ဆံကိုျပန္ရနိုင္မယ့္နည္းလမ္းမရွိေတာ့ဘူးလား။

"ငါ့ကိုအဲ့ဒီလိုႀကီးၾကည့္မေနနဲ႕ ေအးေဆးေပါ့ ငါမင္းကိုလိမ္ဖို႔ညာဖို႔အစီအစဥ္မရွိသလိုသတ္ဖို႔လည္းအစီအစဥ္မရွိဘူး"

ကြၽန္ေတာ္အႀကိတ္အနယ္စဥ္းစားေနတာကိုျမင္သြားတဲ့အခ်ိန္မွာပဲသူကေျပာလာသည္။သူကမ်က္လုံးေတြကိုေမွးလိုက္ၿပီး ေနာက္ၾကည့္မွန္ထဲကေန ကြၽန္ေတာ့္ကိုလွမ္းၾကည့္ရင္းၿပဳံးျပလာသည္။

" မင္းငါ့ကိုတစ္ခုခုလုပ္လိုက္ရင္လုပ္လိုက္နိုင္တာပဲ။မင္းမလုပ္ဘူးလို႔ ဘယ္သူကသိမွာလဲ။"

ကြၽန္ေတာ္သူ႕ကိုအရိုးသားဆုံးျပန္ေျဖလိုက္သည္။

"ငါ့ပုံစံကရာဇဝတ္ေကာင္ပုံစံျဖစ္ေနလို႔လား?"

သူကအသံကြဲအက္အက္နဲ႕ေျပာလာၿပီး သူ႕ႏႈတ္ခမ္းမွာရွိေနတဲ့ဒဏ္ရာေၾကာင့္တစ္ခါျပန္တိတ္သြားသည္။

" ေဟး ဒါမွမဟုတ္ရင္ မင္းနဲ႕သူတို႔နဲ႕ၾကားမွာ တရားမဝင္တဲ့ဆက္ဆံေရးတစ္ခုရွိေနလို႔လား?"

"ဟားဟားဟား"

သူကအနည္းငယ္ထိန္းခ်ဳပ္ထားတဲ့ပုံနဲ႕ရယ္လိုက္ၿပီး ေနာက္ဆုံးမွာေတာ့ ကြၽန္ေတာ္သူ႕ကိုအိမ္ျပန္လိုက္မပို႔ေပးဖို႔ဆုံးျဖတ္လိုက္သည္။ဒါဆို ကြၽန္ေတာ့္အဖိုးအခကေရာ...အဲ့ဒီပိုက္ဆံေၾကာင့္ပဲသူ႕ကိုဂတ္စ္ဆိုင္တစ္ဆိုင္မွာခ်ေပးခဲ့ၿပီးေတာ့ အဲ့ဒီေနရာကေနတကၠစီငွါးသြားဖို႔ေျပာထားတာေလ။ဒါေပမဲ့လည္း အရင္ဆုံးေတာ့ သူATMထဲကေနပိုက္ဆံထုတ္လို႔ရေအာင္ 7/11မွာတစ္ခ်က္ဝင္ရပ္ေပးရမယ္။ အဲ့ဒီကရတဲ့ပိုက္ဆံနဲ႕ကြၽန္ေတာ့္ကိုေပးရမွာေပါ့။

"ငါ့ဖုန္းကေပ်ာက္သြားၿပီ ငါ့မွာပိုက္ဆံအိတ္လည္းမရွိဘူး"

သူကATMအေရွ႕ကိုေရာက္တဲ့အခ်ိန္မွာပဲ ကြၽန္ေတာ့္ကိုေျပာလာသည္။

"ေဟး မင္းငါ့ဆီကအကူအညီကိုလိမ္ေတာင္းေနတာလား အဲ့ဒါဆိုရင္ေတာ့ဒီေနရာမွာပဲမင္းကိုေသသြားေအာင္ကန္ပစ္လိုက္မယ္ "

ကြၽန္ေတာ့္ဆိုင္ကယ္ရဲ႕အေနာက္ခုံမွာထိုင္ေနဆဲျဖစ္တဲ့သူ႕ဘက္ကိုလွည့္ၿပီးေျပာလိုက္တဲ့အခါ သူကဆိုင္ကယ္ေပၚကေန သူ႕လက္မွာဝတ္ထားတဲ့နာရီကိုခြၽတ္ေပးလာသည္။

"ဒီနာရီကိုယူသြားလိုက္ ဘတ္ငါးေသာင္းပဲတန္တဲ့ငါ့ဘဝအတြက္အစားထိုးယူထားတယ္လို႔ေတြးလိုက္ေပါ့ "

ကြၽန္ေတာ္နာရီကိုယူလိုက္ၿပီး သံသယအျပည့္နဲ႕ၾကည့္လိုက္မိသည္။

"ဒီနာရီကအစစ္ဆိုတာကိုဘယ္လိုလုပ္သိမလဲ" 

"အဲ့ဒါဆိုလည္းငါ့ကိုျပန္ေပးလိုက္ေတာ့ "

သူကနာရီကိုျပန္ယူေတာ့မဲ့ပုံစံလုပ္လိုက္တာေၾကာင့္ ကြၽန္ေတာ္သူ႕ကိုျပန္ၾကည့္လိုက္သည္။ေသေသခ်ာခ်ာေလးအေသးစိတ္ျပန္ၾကည့္လိုက္မွ ဒီနာရီကဇိမ္ခံပစၥည္းအေကာင္းစားေတြနဲ႕လုပ္ထားတယ္ဆိုတာကိုယုံခ်င္လာသလိုလိုပဲ။ ဒီနာရီကဘယ္လိုလုပ္အတုျဖစ္နိုင္မွာလဲ။ အခုျမင္ေနရတဲ့နာရီရဲ႕ပုံစံကနည္းနည္းညစ္ပတ္ေနတဲ့ပူံစံေပၚေပမယ့္လည္း ကြၽန္ေတာ္ျပန္မေပးဖို႔ဆုံးျဖတ္လာသည္။ ဒီနာရီကသာတကယ္အစစ္အမွန္ဆိုရင္ ကြၽန္ေတာ္ဒါကိုျပန္ေရာင္းလိုက္ရင္သိန္းခ်ီၿပီးေတာ့ျပန္ရမွာပဲ။

"အိုေကေလ မင္းဆိုင္ကယ္ေပၚကေနဆင္းလို႔ရၿပီ ဒါေပမယ့္ဒီနာရီကသာအတုဆိုရင္ေတာ့ ငါမင္းကိုလာရွာၿပီးသတ္ပစ္မွာေနာ္ "

"ခဏေလး မင္းဖုန္းကိုငွါးေပးဦး ငါ့အိမ္ကလူတစ္ေယာက္ေလာက္ကိုလွမ္းေခၚရဦးမယ္ "

သူကကြၽန္ေတာ့္ကိုၾကည့္ေနေပမဲ့ ကြၽန္ေတာ့္စိတ္ထဲမွာေတာ့အခုထက္ထိယုံမွားသံသယလြန္ကဲေနတုန္းပဲ။အဲ့ဒီေကာင္ကကြၽန္ေတာ့္ဖုန္းကိုယူၿပီးေတာ့ထြက္ေျပးသြားရင္ဘယ္လိုလုပ္မလဲ။ အဲ့ဒါဆိုပိုဆိုးသြားမယ္ထင္တယ္ေနာ္။ဒါေပမယ့္ အခုလက္ရွိအေျခအေနကိုျပန္ၾကည့္လိုက္ရင္ေတာ့ ဒီအေတြးကိုအျပတ္ျဖတ္မွျဖစ္လိမ့္မယ္။

"ယူေလ..."

ကြၽန္ေတာ့္ဖုန္းကိုကမ္းေပးရင္းေျပာလိုက္တဲ့အခါ သူကခ်က္ခ်ငိးယူလိုက္ၿပီး ဖုန္းနံပါတ္တစ္ခုကိုလွမ္းေခၚလိုက္သည္။ၾကည့္ရတာေတာ့ သူ႕မိသားစုကိုလွမ္းေခၚတာထင္ပါရဲ႕။ အင္း သူကကြၽန္ေတာ္တို႔အခုေရာက္ေနတဲ့ေနရာနဲ႕သူ႕ကိုေခၚဖို႔အတြက္လူတစ္ေယာက္ေလာက္လႊတ္လိုက္ဖို႔ေျပာေနတာကိုၾကားေနရတယ္ေလ။ကြၽန္ေတာ္သူ႕ကိုဂ႐ုတစိုက္နဲ႕ၾကည့္ေနရင္း စဥ္းစားေနမိတာက သူ႕ကိုေဆး႐ုံအရင္ေခၚသြားရမလား၊ဒီေနရာမွာပဲခ်ထားခဲ့ရမလားဆိုတာကိုပဲ။သူ႕ပုံစံကအသက္ရႈရခက္ေနသလိုျဖစ္ေနၿပီး ေခါင္းကေနေသြးေတြစီးက်ေနတာေၾကာင့္ ကြၽန္ေတာ့္နည္းနည္းစိုးရိမ္မိလာသည္။ဒါေပမဲ့ သူ႕ကိုေဆး႐ုံကိုလိုက္ပို႔ေပးရလို႔ပိုက္ဆံနည္းနည္းပိုယူမယ္လိူ႕ေျပာလို႔ရပါ့မလား။

"ေနာက္တစ္ခါေက်းဇူးတင္တယ္ေနာ္ ငါ့ကိုပိုက္ဆံေၾကာင့္ကယ္ေပးခဲ့တယ္ဆိုေပမယ့္လည္း "

သူကဆိုင္ကယ္ေပၚကဆင္းမလို႔လုပ္ရင္းေျပာလာေပမယ့္ ကြၽန္ေတာ္သူေျပာလိုက္တဲ့စကားကိုဂ႐ုမစိုက္ခ်င္ေယာင္ေဆာင္ထားလိုက္သည္။ဘာပဲျဖစ္ျဖစ္ေလ လူေတြအကုန္လုံးကတစ္ခုခုလုပ္ေပးရင္ တစ္ခုခုျပန္ရမလားဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႕လုပ္ေပးေနၾကတာပဲမဟုတ္ဘူးလား။

"မင္းက ***တကၠသိုလ္မွာတက္ေနတာလား?"

"မင္းဘယ္လိုလုပ္သိတာလဲ"

သူကကြၽန္ေတာ္တက္ေနတဲ့ေက်ာင္းနာမည္ကိုသိေနတာေၾကာင့္ ကြၽန္ေတာ္သူ႕ကိုျပန္ေမးလိုက္သည္။

"ေက်ာင္းဝတ္စုံေလ "

သူ႕ဆီကအေျဖကိုျပန္ၾကားလိုက္ရတဲ့အခ်ိန္မွာပဲနားလည္လိုက္ရတာက ကြၽန္ေတာ္အခုဝတ္ထားတာကေက်ာင္းဝတ္စုံဆိုတာရယ္ သူ႕ေခါင္းေပၚကေသြးေတြေၾကာင့္ ကြၽန္ေတာ့္အကၤ်ီလည္းေသြးေတြနဲ႕႐ႊဲေနၿပီဆိုတာပဲ။

"အာ အင္း"

"မင္းနာမည္ကဘာလဲ?"

သူကဆိုင္ကယ္ေပၚကေနမဆင္းဘဲေမးလာတာေၾကာင့္ ဒီလိုေမးတာကိုမႀကိဳက္တဲ့ပုံစံနဲ႕ကြၽန္ေတာ္မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

"ဘာလို႔ေမးတာလဲ လူေတြလႊတ္ၿပီးေတာ့ငါ့ကိုရွာၿပီးရိုက္ခိုင္းမလို႔လား "

ကြၽန္ေတာ္မ်က္ခုံးတစ္ဖက္ပင့္ရင္းျပန္ေျပာလိုက္သည္။

"မဟုတ္ပါဘူး မင္းနာမည္ကိုသိခ်င္႐ုံေလးတင္ပဲ အဲ့ဒါအကုန္ပဲ  "

"ဒါဆိုမင္းကငါ့နာမည္ကိုနံရံေပၚမွာထြင္းၿပီးေတာ့ ေက်းဇူးဆပ္မလို႔လား "

ကြၽန္ေတာ္တစ္ခ်က္စဥ္းစားလိုက္ၿပီးျပန္ေျပာလိုက္သည္။အဲ့ဒီလိုသာလုပ္မယ္ဆိုရင္ ငါ့ကိုပိုက္ဆံေပးၿပီးေတာ့ျပန္ခိုင္းလိုက္ပါေတာ့လား။ဘာလို႔ငါ့နာမည္ကိုသိခ်ငိေနရတာလဲ။

"မင္းနာမည္ကိုမေျပာျပရင္ငါဆိုင္ကယ္ေပၚကေနမဆင္းဘူး  "

သူကကြၽန္ေတာ့္ပုခုံးေပၚကိုခ်က္ခ်င္းေခါင္းတင္ထားလိုက္သည္။

"မင္းမဆင္းဘူးဆိုရင္ကန္ခ်မွာေနာ္"

ကြၽန္ေတာ္အသံက်ယ္က်ယ္နဲ႕ေအာ္ေျပာလိုက္ေပမဲ့ သူ႕မ်က္ႏွာကနဂိုအတိုင္းပဲရွိေနၿပီးေတာ့ ေျပာင္းလဲသြားတာမ်ိဳးမရွိဘူး။

"အဲ့ဒါဆိုငါနာရီကိုျပန္ယူလိုက္ေတာ့မယ္ ငါ့အိမ္ကိုလိုက္ခဲ့ၿပီးပိုက္ဆံယူေပေတာ့ပဲ "

သူကကြၽန္ေတာ့္ကိုၿခိမ္းေျခာက္လာသည္။

"Jom ငါ့နာမည္ကJom"

သူကကြၽန္ေတာ့္ကိုစိုက္ၾကည့္ေနၿပီးေတာ့ ဆိုင္ကယ္ေပၚကေနေအးေအးေဆးေဆးဆင္းေပးလာသည္။ ကြၽန္ေတာ္အေနာက္ဘက္ကိုျပန္လွည့္ၾကည့္လိုက္ၿပီး ဒယီးဒယိုင္နဲ႕ေလွ်ာက္ေနတဲ့လူကိုျမင္လိုက္ရတဲ့အခါ သူဘာေတြမ်ားလုပ္ခဲ့လို႔ ဟိုလူမိုက္ေတြဆီကေနအရိုက္ခံရတာလဲဆိုတဲ့အေၾကာင္းရင္းကို ျပန္ေတြးမိလိုက္သည္။

ဒါေပမယ့္လည္း အဲ့ဒါေတြအကုန္လုံးက ကြၽန္ေတာ့္ကိစၥမဟုတ္တာေၾကာင့္ ကြၽန္ေတာ္ဆိုင္ကယ္ကိုစက္ႏွိုးလိုက္ၿပီး ဆိုင္ကယ္ဦးထုပ္ကိုေဆာင္းရင္း အိမ္ဘက္ကိုဦးတည္လိုက္သည္။

***********************************
ေလာေလာဆယ္ေတာ့ တစ္ေန႕တစ္ပိုင္းတင္ေပးနိုင္ေအာင္ႀကိဳးစားၾကည့္ပါဦးမယ္ ယူရီအိုေမတၱာရပ္ခံထားတဲ့အတိုင္း နည္းနည္းသိုသိုသိပ္သိပ္လုပ္ေပးပါလို႔ေျပာခ်င္ပါတယ္ အားလုံးကိုေက်းဇူးပါ

Time=12:00
Date=22/2/2021
Words=4000

Continue Reading

You'll Also Like

119K 5.7K 19
စံကောင်းမွန် + တခေတ်ခွန်း ငယ်ငယ်ကခင်မင်ခဲ့တဲ့ဆက်ဆံရေးကနေအကြောင်းတစ်ခုကြောင့်စိတ်သဘောထားကွဲလွဲပြီး ပြန်တွေ့တဲ့အချိန်မှာသူဌေးနဲ့အလုပ်သမားဆက်ဆံရေးဖြစ်သွ...
14K 518 27
johnson Kim, Real name; Kim Lee A 20 years old expressionless guy and a music artist reincarnated into a fantasy game-like world after dying fr...
134K 6.6K 43
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
182K 13.4K 134
Kaden Chauvet awakes in the same cold room that he remembers, seeing the reflection of pale viridescent eyes that scream curses at his mind. This is...