Suwolga ( ရပ်နား )

Od Mari__Zhang

7.4K 561 159

Start Date - 6 . 3 . 2022 #M_may8 Více

*2
*3
ခွင့်ယူခြင်း
*4.1
*4.2
*4
သေချာပေါက်ဖြေပေးစေချင်တယ်

*1

2.2K 139 10
Od Mari__Zhang

"" အရှင်မင်းကြီး ကြွလာပါတယ် ""

နန်းတွင်းသူတွေက ခေါင်းကိုငုံ့ပြီး မိဖုရားကြီးနန်းဆောင်ထဲဝင်လာတဲ့ ဝမ်ဘုရင်မင်းမြတ်ကို ကြိုဆိုတယ်။နန်းဆောင်ပိုင်ရှင်မိဖုရားကြီးက သလွန်တော်ထက်ကနေမထနိုင်ရှာပဲ အတင်းထပေမဲ့ စိတ်အလိုကို ခန္ဓာကိုယ်က မလိုက်နိုင်တော့ အားမတန်မာန်လျှော့ရှာရတယ်။

" ကျန့်အာ "

ကြင်စဦးကတည်းက တစ်နည်း အိမ်နိမ့်စံဘဝကတည်းက လက်ရှိဝမ်ဧကရာဇ်တစ်ဦးတည်းခေါ်ခွင့်ရှိတဲ့ မိဖုရားကြီးရဲ့ငယ်နာမည်။

သူရောက်လာတိုင်း ခရီးဦးကြိုပြုပြီး သူ့စိတ်ဆန္ဒရှိသလို ခစားပြုစုပေးတဲ့ မိဖုရားကြီး။သက်တော် 50 ရောက်လာတဲ့တိုင် မပျက်မယွင်းသေးတဲ့ အစိတ်အပိုင်းတစ်ခုစီတိုင်းက မအိုဟောင်းသေးသလို။

မျက်သားမျက်ခွံမို့မို့လေးတွေက အားမရှိတဲ့ အညိုရောင်အဆင်းနဲ့ ပန်းနုရောင်သန်းနေတတ်တဲ့ နှုတ်ခမ်းသားတစ်စုံက ဖြူဖျော့လို့။မိုးမခနွယ်တွေလို ပျော့ပျောင်းပေမဲ့ သန်မာတဲ့ဆံနွယ်တွေက ဆံထိုးအဖြူလေးနဲ့အံဝင်ခွင်ကျ ထုံးဖွဲ့ထားပုံက ရိုးရှင်းစွာ။

" နောက်ကျမှရောက်လာလည်း ကိုယ်တော့်ကို ခွင့်လွှတ်မယ်မလား "

ပိန်သွားတဲ့ ပါးမို့မို့လေးတွေကို လက်ညှိုးနဲ့အသာပွတ်ဆွဲရင်း နှစ်ကိုယ်ကြားရုံရေရွတ်မိတော့ အသာမှိန်းနေတဲ့ မျက်လုံးတစ်စုံက ခပ်ဖြည်းဖြည်းဖွင့်ကြည့်လာတယ်။ဖျော့တော့နေတဲ့ နှုတ်ခမ်းသားတစ်စုံက လေသံဖျော့ဖျော့လေးဆိုလာတယ်။

" ကျန့်အာက........အရှင့်ကို.......အမြဲ.......အမြဲတမ်း......ခွင့်လွှတ်......ခွင့်လွှတ်ပါတယ်..... "

ယဲ့ယဲ့လေးပဲကျန်တော့တဲ့ အသက်ရှူသံမျှင်းမျှင်းကလေးရဲ့ ပိုင်ရှင်ကို သူထွေးပွေ့လိုက်မိတယ်။

" အရှင့်......အရှင့်......ရင်.....ရင်ငွေ့က......ကျန့်....ကျန့်အာအတွက်.......အရင်လို.....ဟိုးအရင်က.....အတိုင်း နွေးထွေးတယ် ဟမ်းးးး အဟွတ် အဟွတ် ဟမ်းးးးး "

" ဖြေးဖြေးပြောပါ ကျန့်အာရယ် ကိုယ်တော်မင်းအနားမှာ ရှိတယ်လေ "

ဖယောင်းလေးလို ပျော့ပျောင်းတဲ့ လက်နူးနူးညံ့ညံ့လေးတွေက အတွင်းဝတ်ရုံထဲကို ဖြည်းဖြည်းချင်း ရောက်သွားတယ်။ပြန်ထုတ်လာတော့မှ သူမြင်လိုက်ရတာဟာ သူ့ရင်ထဲကိုအပ်နဲ့အပိုင်းပိုင်းထိုးဆိတ်နေသလိုပဲ။

ကျောက်စိမ်းဆံထိုးလေးဟာ သူ့ကိုကိုင်ထားတဲ့ လက်တစ်စုံလို ရှင်းသန့်နေတုန်းပဲ။ပိုင်ရှင်ဟာ အမြတ်တနိုးထိန်းသိမ်းထားမှန်း သိပ်သိသာတယ်။

" ကျန့်အာကို.....ပေးခဲ့တုန်းကအတိုင်း.......သန့်ရှင်းနေတုန်း......မလား.....ဟင် "

" ဒါပေါ့ ကျန့်အာရယ် ကျန့်အာသိပ်တော်တယ် "

ပြုံးလိုက်တိုင်း ဖီးနပ်စ်ငှက်ကခုန်နေသလို လှပလွန်းတဲ့မျက်ဝန်းတွေ၊နှုတ်ခမ်းတွေ အရင်အတိုင်းပဲ။

" နောက်....နောက်ဘဝများ.....ရှိ.....ရှိခဲ့ရင်.....ကျန့်အာတစ်ယောက်တည်း...အခု....အခုလိုမျိုးပဲ......အရှင်....အရှင့်ကို....ပိုင်.....ပိုင်ဆိုင်ချင်..... "

ဘေးကိုစောင်းကျသွားတဲ့ မျက်နှာလေးရဲ့နောက်မှာ ဝင်သက်ထွက်သက်တွေအကုန်ကပ်ပါသွားသလို။ဆံထိုးလေးဟာလဲ ရင်ဘတ်ကလေးကတစ်ဆင့် ဘေးကိုလျှောကျသွားခဲ့တယ်။

" ကျန့်အာ!!! လာကြစမ်း သမားတော်!!!! "

အလောတကြီးပြေးဝင်လာရတဲ့ သမားတော်ဟာ မိဖုရားကြီးရဲ့လည်တိုင်ကျော့ကျော့လေးကို တစ်ချက်စမ်းကြည့်ပြီး ဒူးထောက်ချလိုက်တော့တယ်။

နန်းတွင်းသူတွေ အထိန်းတော်တွေ ကုန်းကုန်းတွေ အားလုံးဒူးထောက်ကြတယ်။မိဖုရားကြီးကို နောက်ဆုံးအကြိမ် ဂါရဝပြုခစားကြတယ်။

" ကျန့်အာ!!!!! "

" စိတ်လျှော့တော်မူပါ အရှင်မင်းကြီး မိဖုရားကြီးရဲ့ နောက်ဆုံးသေတမ်းစာကို ဖတ်ရှုရပါတော့မယ် "

အတွင်းဝန်အမတ်ဟာ မိဖုရားကြီးရဲ့ တံဆိပ်တုံးရိုက်ထားတဲ့ သေတမ်းစာကို ကိုင်ကာ နောက်ဆုံးအမိန့်ပြန်တမ်းကို ဖတ်ရှုတော့တယ်။

"" မိဖုရားကြီးရဲ့ နောက်ဆုံးဆန္ဒ

ငါဟာ အရှင်မင်းကြီး အိမ်နိမ့်စံဘဝကတည်းက တရားဝင်ဇနီးမယားအဖြစ် လက်ထပ်ယူခဲ့တဲ့ အမျိုးသားတစ်ယောက်ဖြစ်တယ်။ ကောအမျိုးသားဖြစ်တဲ့အလျောက် ကလေးမွေးဖွားနိုင်ပေမဲ့ ငါဟာ ကံအဆိုးဆုံးကောအမျိုးသားတစ်ယောက်အနေနဲ့ အရှင်မင်းကြီးရဲ့ ရင်သွေးကိုမလွယ်ပေးခဲ့နိုင်ဘူး။ဒါကြောင့် ငါသေဆုံးပြီးနောက်မှာ ငါ့နန်းဆောင်ကို ဖျက်ချဖို့မျှော်လင့်တယ်။ငါ့ကိုတော်ဝင်အမျိုးအနွယ်အဖြစ်က ရုတ်သိမ်းပြီး သာမန်လူတစ်ယောက်အနေနဲ့သာ မြှုပ်နှံဖို့မျှော်လင့်တယ်။အသစ်တင်မြှောက်မဲ့ မိဖုရားကြီးက အရှင်မင်းကြီးကို နန်းသွေးရတနာအစစ်အမှန််မွေးဖွားပေးနိုင်မယ်လို့ ငါမျှော်လင့်တယ်။ကောအမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ငါခေါင်းချသွားတဲ့နန်းဆောင်မှာမနေစေဘဲ အသစ်ဆောက်လုပ်တဲ့နန်းဆောင်မှာပဲ နေဖို့ငါမျှော်လင့်တယ်။ ငါရဲ့တန်ဖိုးမရှိတဲ့အတ္တလေးက နောက်အသစ် တိုင်းပြည်မိခင်ဟာ ငါရဲ့အထီးကျန်မှုတွေ ပြည့်နှက်နေတဲ့ နန်းဆောင်မှာ နေထိုင်ပြီး ငါ့လို အထီးကျန်မှုတွေ မခံစားရဖို့ပဲ။ဒါဟာ ငါရဲ့နောက်ဆုံးဆန္ဒပဲ ""

"" မိဖုရားခေါင်မယ်မယ် မယ်မယ်!!!! "'

ရံရွှေတော်တွေ၊နန်းတွင်းသူတွေရဲ့ ငိုကြွေးသံတွေ။တိုင်းပြည်မိခင်ဆိုတဲ့ နေရာမှာ 26 နှစ်ကြာထိုင်သွားခဲ့တဲ့ ကောအမျိုးသားတစ်ယောက်ရဲ့ သေတမ်းစာဟာ သူတို့နှလုံးသားကို ငိုကြွေးသံတွေ ပြည့်နှက်စေခဲ့တယ်။

" ကိုယ်တော်တောင်းပန်ပါတယ် တောင်းပန်ပါတယ် အား!!!!! "

ရင်ကွဲလုမတတ် ငိုကြွေးမှုတွေကို ရှောင်းကျန့်က ကြားနိုင်စွမ်းရှိမနေတော့တာက ကံကောင်းမှုလေလား ကံဆိုးမှုလေလား။

ဘုရင်မင်းမြတ်ရဲ့ တစ်ဦးတည်းသော တရားဝင်ဇနီးတစ်ဖြစ်လဲ မိဖုရားကြီးက တစ်သက်လုံးစာအထီးကျန်ရမှုတွေကို မြိုသိပ်ရင်း ထပ်ပြီးမြိုသိပ်ရင်း နေထိုင်သွားခဲ့တယ်။သူ့ရဲ့အထီးကျန်မှုတွေကို ဖြေဖျောက်ပေးဖို့လဲ မတောင်းဆိုခဲ့သလို ချစ်ပေးဖို့လဲ နှုတ်ခွန်းမဟခဲ့ဘူး။ထွေးပွေ့ပေးဖို့ မပြောခဲ့သလို အလိုရှိမှလာတတ်တဲ့သူ့ကိုလည်း မငြင်းဆန်ခဲ့ဖူးဘူး။

" ကိုယ်တော့်အမှားတွေပါ ကိုယ်တော့်အမှားတွေကို ပြန်ပေးဆပ်ပါ့မယ် နောက်တစ်ကြိမ်လေးပဲ ကိုယ်တော်ဆီ ပြန်လာပေးပါ...... "

မိဖုရားကြီးက ဝမ်ဘုရင်မင်းမြတ်ရဲ့ တောင်းဆိုသံတွေကိုလည်း မကြားနိုင်တော့ပါဘူး။

#M_may8
Sun 6 March 2022

ထင်ကြတဲ့အတိုင်း Rebirth ပါပဲ။ဒါလေးကတော့ ထင်မထားသလိုလေးဖြစ်လာပါလိမ့်မယ်။

"" အရွင္မင္းႀကီး ႂကြလာပါတယ္ ""

နန္းတြင္းသူေတြက ေခါင္းကိုငုံ႔ၿပီး မိဖုရားႀကီးနန္းေဆာင္ထဲဝင္လာတဲ့ ဝမ္ဘုရင္မင္းျမတ္ကို ႀကိဳဆိုတယ္။နန္းေဆာင္ပိုင္ရွင္မိဖုရားႀကီးက သလြန္ေတာ္ထက္ကေနမထႏိုင္ရွာပဲ အတင္းထေပမဲ့ စိတ္အလိုကို ခႏၶာကိုယ္က မလိုက္ႏိုင္ေတာ့ အားမတန္မာန္ေလွ်ာ့ရွာရတယ္။

" က်န္႔အာ "

ၾကင္စဦးကတည္းက တစ္နည္း အိမ္နိမ့္စံဘဝကတည္းက လက္ရွိရန္ဧကရာဇ္တစ္ဦးတည္းေခၚခြင့္ရွိတဲ့ မိဖုရားႀကီးရဲ႕ငယ္နာမည္။

သူေရာက္လာတိုင္း ခရီးဦးႀကိဳျပဳၿပီး သူ႔စိတ္ဆႏၵရွိသလို ခစားျပဳစုေပးတဲ့ မိဖုရားႀကီး။သက္ေတာ္ 50 ေရာက္လာတဲ့တိုင္ မပ်က္မယြင္းေသးတဲ့ အစိတ္အပိုင္းတစ္ခုစီတိုင္းက မအိုေဟာင္းေသးသလို။

မ်က္သားမ်က္ခြံမို႔မို႔ေလးေတြက အားမရွိတဲ့ အညိဳေရာင္အဆင္းနဲ႔ ပန္းႏုေရာင္သန္းေနတတ္တဲ့ ႏႈတ္ခမ္းသားတစ္စုံက ျဖဴေဖ်ာ့လို႔။မိုးမခႏြယ္ေတြလို ေပ်ာ့ေပ်ာင္းေပမဲ့ သန္မာတဲ့ဆံႏြယ္ေတြက ဆံထိုးအျဖဴေလးနဲ႔အံဝင္ခြင္က် ထုံးဖြဲ႕ထားပုံက ႐ိုးရွင္းစြာ။

" ေနာက္က်မွေရာက္လာလည္း ကိုယ္ေတာ့္ကို ခြင့္လႊတ္မယ္မလား "

ပိန္သြားတဲ့ ပါးမို႔မို႔ေလးေတြကို လက္ညႇိဳးနဲ႔အသာပြတ္ဆြဲရင္း ႏွစ္ကိုယ္ၾကား႐ုံေရ႐ြတ္မိေတာ့ အသာမွိန္းေနတဲ့ မ်က္လုံးတစ္စုံက ခပ္ျဖည္းျဖည္းဖြင့္ၾကည့္လာတယ္။ေဖ်ာ့ေတာ့ေနတဲ့ ႏႈတ္ခမ္းသားတစ္စုံက ေလသံေဖ်ာ့ေဖ်ာ့ေလးဆိုလာတယ္။

" က်န္႔အာက........အရွင့္ကို.......အၿမဲ.......အၿမဲတမ္း......ခြင့္လႊတ္......ခြင့္လႊတ္ပါတယ္..... "

ယဲ့ယဲ့ေလးပဲက်န္ေတာ့တဲ့ အသက္ရႉသံမွ်င္းမွ်င္းကေလးရဲ႕ ပိုင္ရွင္ကို သူေထြးေပြ႕လိုက္မိတယ္။

" အရွင့္......အရွင့္......ရင္.....ရင္ေငြ႕က......႐ႊမ္.....က်န္႔အာအတြက္.......အရင္လို.....ဟိုးအရင္က.....အတိုင္း ေႏြးေထြးတယ္ ဟမ္းးးး အဟြတ္ အဟြတ္ ဟမ္းးးးး "

" ေျဖးေျဖးေျပာပါ က်န္႔အာရယ္ ကိုယ္ေတာ္မင္းအနားမွာ ရွိတယ္ေလ "

ဖေယာင္းေလးလို ေပ်ာ့ေပ်ာင္းတဲ့ လက္ႏူးႏူးညံ့ညံ့ေလးေတြက အတြင္းဝတ္႐ုံထဲကို ျဖည္းျဖည္းခ်င္း ေရာက္သြားတယ္။ျပန္ထုတ္လာေတာ့မွ သူျမင္လိုက္ရတာဟာ သူ႔ရင္ထဲကိုအပ္နဲ႔အပိုင္းပိုင္းထိုးဆိတ္ေနသလိုပဲ။

ေက်ာက္စိမ္းဆံထိုးေလးဟာ သူ႔ကိုကိုင္ထားတဲ့ လက္တစ္စုံလို ရွင္းသန္႔ေနတုန္းပဲ။ပိုင္ရွင္ဟာ အျမတ္တႏိုးထိန္းသိမ္းထားမွန္း သိပ္သိသာတယ္။

" က်န္႔အာကို.....ေပးခဲ့တုန္းကအတိုင္း.......သန္႔ရွင္းေနတုန္း......မလား.....ဟင္ "

" ဒါေပါ့ က်န္႔အာရယ္ က်န္႔အာသိပ္ေတာ္တယ္ "

ၿပဳံးလိုက္တိုင္း ဖီးနပ္စ္ငွက္ကခုန္ေနသလို လွပလြန္းတဲ့မ်က္ဝန္းေတြ၊ႏႈတ္ခမ္းေတြ အရင္အတိုင္းပဲ။

" ေနာက္....ေနာက္ဘဝမ်ား.....ရွိ.....ရွိခဲ့ရင္.....က်န္႔အာတစ္ေယာက္တည္း...အခု....အခုလိုမ်ိဳးပဲ......အရွင္....အရွင့္ကို....ပိုင္.....ပိုင္ဆိုင္ခ်င္..... "

ေဘးကိုေစာင္းက်သြားတဲ့ မ်က္ႏွာေလးရဲ႕ေနာက္မွာ ဝင္သက္ထြက္သက္ေတြအကုန္ကပ္ပါသြားသလို။ဆံထိုးေလးဟာလဲ ရင္ဘတ္ကေလးကတစ္ဆင့္ ေဘးကိုေလွ်ာက်သြားခဲ့တယ္။

" က်န္႔အာ!!! လာၾကစမ္း သမားေတာ္!!!! "

အေလာတႀကီးေျပးဝင္လာရတဲ့ သမားေတာ္ဟာ မိဖုရားႀကီးရဲ႕လည္တိုင္ေက်ာ့ေက်ာ့ေလးကို တစ္ခ်က္စမ္းၾကည့္ၿပီး ဒူးေထာက္ခ်လိုက္ေတာ့တယ္။

နန္းတြင္းသူေတြ အထိန္းေတာ္ေတြ ကုန္းကုန္းေတြ အားလုံးဒူးေထာက္ၾကတယ္။မိဖုရားႀကီးကို ေနာက္ဆုံးအႀကိမ္ ဂါရဝျပဳခစားၾကတယ္။

" က်န္႔အာ!!!!! "

" စိတ္ေလွ်ာ့ေတာ္မူပါ အရွင္မင္းႀကီး မိဖုရားႀကီးရဲ႕ ေနာက္ဆုံးေသတမ္းစာကို ဖတ္ရႈရပါေတာ့မယ္ "

အတြင္းဝန္အမတ္ဟာ မိဖုရားႀကီးရဲ႕ တံဆိပ္တုံး႐ိုက္ထားတဲ့ ေသတမ္းစာကို ကိုင္ကာ ေနာက္ဆုံးအမိန္႔ျပန္တမ္းကို ဖတ္ရႈေတာ့တယ္။

"" မိဖုရားႀကီးရဲ႕ ေနာက္ဆုံးဆႏၵ

ငါဟာ အရွင္မင္းႀကီး အိမ္နိမ့္စံဘဝကတည္းက တရားဝင္ဇနီးမယားအျဖစ္ လက္ထပ္ယူခဲ့တဲ့ အမ်ိဳးသားတစ္ေယာက္ျဖစ္တယ္။ ေကာအမ်ိဳးသားျဖစ္တဲ့အေလ်ာက္ ကေလးေမြးဖြားႏိုင္ေပမဲ့ ငါဟာ ကံအဆိုးဆုံးေကာအမ်ိဳးသားတစ္ေယာက္အေနနဲ႔ အရွင္မင္းႀကီးရဲ႕ ရင္ေသြးကိုမလြယ္ေပးခဲ့ႏိုင္ဘူး။ဒါေၾကာင့္ ငါေသဆုံးၿပီးေနာက္မွာ ငါ့နန္းေဆာင္ကို ဖ်က္ခ်ဖို႔ေမွ်ာ္လင့္တယ္။ငါ့ကိုေတာ္ဝင္အမ်ိဳးအႏြယ္အျဖစ္က ႐ုတ္သိမ္းၿပီး သာမန္လူတစ္ေယာက္အေနနဲ႔သာ ျမႇဳပ္ႏွံဖို႔ေမွ်ာ္လင့္တယ္။အသစ္တင္ေျမႇာက္မဲ့ မိဖုရားႀကီးက အရွင္မင္းႀကီးကို နန္းေသြးရတနာအစစ္အမွန္္ေမြးဖြားေပးႏိုင္မယ္လို႔ ငါေမွ်ာ္လင့္တယ္။ေကာအမ်ိဳးသားျဖစ္ေစ အမ်ိဳးသမီးျဖစ္ေစ ငါေခါင္းခ်သြားတဲ့နန္းေဆာင္မွာမေနေစဘဲ အသစ္ေဆာက္လုပ္တဲ့နန္းေဆာင္မွာပဲ ေနဖို႔ငါေမွ်ာ္လင့္တယ္။ ငါရဲ႕တန္ဖိုးမရွိတဲ့အတၱေလးက ေနာက္အသစ္ တိုင္းျပည္မိခင္ဟာ ငါရဲ႕အထီးက်န္မႈေတြ ျပည့္ႏွက္ေနတဲ့ နန္းေဆာင္မွာ ေနထိုင္ၿပီး ငါ့လို အထီးက်န္မႈေတြ မခံစားရဖို႔ပဲ။ဒါဟာ ငါရဲ႕ေနာက္ဆုံးဆႏၵပဲ ""

"" မိဖုရားေခါင္မယ္မယ္ မယ္မယ္!!!! "'

ရံေ႐ႊေတာ္ေတြ၊နန္းတြင္းသူေတြရဲ႕ ငိုေႂကြးသံေတြ။တိုင္းျပည္မိခင္ဆိုတဲ့ ေနရာမွာ 26 ႏွစ္ၾကာထိုင္သြားခဲ့တဲ့ ေကာအမ်ိဳးသားတစ္ေယာက္ရဲ႕ ေသတမ္းစာဟာ သူတို႔ႏွလုံးသားကို ငိုေႂကြးသံေတြ ျပည့္ႏွက္ေစခဲ့တယ္။

" ကိုယ္ေတာ္ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ အား!!!!! "

ရင္ကြဲလုမတတ္ ငိုေႂကြးမႈေတြကို ေရွာင္းက်န္႔က ၾကားႏိုင္စြမ္းရွိမေနေတာ့တာက ကံေကာင္းမႈေလလား ကံဆိုးမႈေလလား။

ဘုရင္မင္းျမတ္ရဲ႕ တစ္ဦးတည္းေသာ တရားဝင္ဇနီးတစ္ျဖစ္လဲ မိဖုရားႀကီးက တစ္သက္လုံးစာအထီးက်န္ရမႈေတြကို ၿမိဳသိပ္ရင္း ထပ္ၿပီးၿမိဳသိပ္ရင္း ေနထိုင္သြားခဲ့တယ္။သူ႔ရဲ႕အထီးက်န္မႈေတြကို ေျဖေဖ်ာက္ေပးဖို႔လဲ မေတာင္းဆိုခဲ့သလို ခ်စ္ေပးဖို႔လဲ ႏႈတ္ခြန္းမဟခဲ့ဘူး။ေထြးေပြ႕ေပးဖို႔ မေျပာခဲ့သလို အလိုရွိမွလာတတ္တဲ့သူ႔ကိုလည္း မျငင္းဆန္ခဲ့ဖူးဘူး။

" ကိုယ္ေတာ့္အမွားေတြပါ ကိုယ္ေတာ့္အမွားေတြကို ျပန္ေပးဆပ္ပါ့မယ္ ေနာက္တစ္ႀကိမ္ေလးပဲ ကိုယ္ေတာ္ဆီ ျပန္လာေပးပါ...... "

မိဖုရားႀကီးက ဝမ္ဘုရင္မင္းျမတ္ရဲ႕ ေတာင္းဆိုသံေတြကိုလည္း မၾကားႏိုင္ေတာ့ပါဘူး။

#M_may8
Sun 6 March 2022

ထင္ၾကတဲ့အတိုင္း Rebirth ပါပဲ။ဒါေလးကေတာ့ ထင္မထားသလိုေလးျဖစ္လာပါလိမ့္မယ္။

Pokračovat ve čtení

Mohlo by se ti líbit

1M 62K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
456K 13.7K 97
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
1M 40K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
685K 25.1K 100
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...