တုံထန်းနယ်မြေက ယင်မိသားစုမှာတော့ သခင်မကြီးယင်က ခန်းမထဲမှာ ထိုင်နေကာ မိသားစုရဲ့ငွေစာရင်းစာအုပ်ကို ကြည့်နေလေသည်။
ထိုအချိန်မှာ အစောင့်တစ်ယောက်က စာနှစ်စောင်နဲ့အတူ ဝင်လာ၏။
"သခင်မကြီး....သခင်လေးက သခင်မကြီးဆီကို စာတွေပို့လိုက်ပါတယ်"
"ငါ့သားဆီက စာတွေလား.."
သူမမွာ မယုံကြည်တာသိသာလှသည်။
"ငါ့သားဆီကလား.. ရှင်းဟယ်ဆီကလား"
"သခင်လေးနဲ့ သခင်လေးရုန်တို့ဆီကပါ"
သူမမွာ အံ့သြမှုကြောင့် ခေါင်းမော့ကြည့်လိုက်မိသည်။
"ရဲ့အာနဲ့ ရုန်ယိက ငါ့ဆီ စာရေးလိုက်တယ်လို့ ပြောတာလား"
ဒါက တစ်ကယ့်ကို အံ့သြစရာ ကိစ္စဘဲ ဖြစ်လေသည်။
သူမ စာတွေကို အမြန်ယူကြည့်လိုက်ပြီးနောက် တစ်ချက်ကြည့်လိုက်တာနဲ့ စာအိတ်အပါးပေါ်က စာလုံးတွေက သူမသားရဲ့ လက်ရေးဖြစ်ကြောင်း မှတ်မိလိုက်သည်။
"သူဘဲ.. ငါ့သား ငါ့ဆီစာရေးတာ ဒါပထမဆုံးဘဲ"
သခင်မကြီးယင်မှာ အလွန်အမင်းကို ပျော်ရွှင်ဝမ်းသာနေ၏။ သူမ စာကိုအမြန်ဖွင့်ကာ ဖတ်ကြည့်လိုက်သည်။
'အမေ.. ကျွန်တော် လေးစားစွာနဲ့ ဒီစာကိုရေးလိုက်ပါတယ်..
ဒီတစ်သက်လုံး ရုန်ယိတစ်ယောက်တည်းကိုဘဲ ကျွန်တော့် လက်တွဲဖော်အဖြစ် အသိအမှတ်ပြုနိုင်မယ်.. အကယ်၍ အကြီးအကဲတွေကသာ ကျွန်တော်တို့အတွက် ထပ်ပြီး ခက်ခဲအောင်ပြုလုပ်လာဦးမယ်ဆိုရင်.. ကျွန်တော် မသက်ညှာပေးတော့တဲ့အခါ အပြစ်မတင်ပါနဲ့..'
သူမမွာ တစ်ခဏလောက် မှင်တက်မိသွား၏။
သူမသားက တစ္ဆေကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းတဲ့အချိန်ကတည်းက တစ်ယောက်ယောက် ဒါမှမဟုတ် တစ္ခုခုကို ဒီလိုမျိုး အလေးအနက်ကြီး မဆက်ဆံခဲ့ဖူးပေ။ သူမမွာ သားဖြစ်သူအတွက် ပျော်လည်းပျော်သွားရသလို မနာလိုလည်း ဖြစ်မိလေသည်။ သူမသားက နောက်ဆုံးတော့ တစ်ယောက်ယောက်ကို ကာကွယ်ဖို့ သိလာပြီဖြစ်တာကြောင့် သူမပျော်ရပြီး သားဖြစ်သူ ကာကွယ်ဖို့လုပ်နေတဲ့သူက သူမ မဟုတ်တာကြောင့်တော့ မနာလိုဖြစ်မိလေသည်။ သူမကို အံ့အားသင့်စေတာကတော့ သူမသားက ဘာလို့များ အရမ်းမိန်းမဆန်ပြီး ငိုရတာကြိုက်လွန်းတဲ့ ယောက်ျားလေးတစ်ယောက်ကို သဘောကျသွားရတာလဲဆိုတာကိုဘဲ ဖြစ်လေသည်။
ဒါမှမဟုတ် သူမသားက ရုန်ယိကို မိန်းကလေးတစ်ယောက်လို့များ သဘောထားတာမ်ားလား..။
ဒါပေမဲ့ ဒီလတွေအတွင်း ရှင်းဟယ်ဆီက ရတဲ့စာတွေအရဆိုရင်တော့ ရုန်ယိက အတော်လေးပြောင်းလဲသွားပုံပေါ်လေသည်။ သူက ကျင့်ကြံရေးမှာ အာရုံစိုက်လာပြီး တစ်ခြားသူတွေကိုလည်း သူတို့ဘယ်တုန်းကမှ မမြင်မတွေ့ဖူးခဲ့တဲ့ မွမ်းမံခြင်းအင်းကွက်တွေလုပ်တာကိုလည်း သင်ပေးသေး၏။ ရုန်ယိက သူ့ရဲ့စိတ်ဝင်စားမှုကို ပါးနီတွေ အလှပြင်တာတွေကနေ ကျင့်ကြံခြင်းဘက်ကို လုံးဝပြောင်းလဲ ပစ်လိုက်လေသည်။
တစ်ကယ်တော့ သူတို့နှစ်ယောက် အတူရှိနေကြတာကလည်း မကောင်းတာတော့မဟုတ်ပါဘူး..။ အနည်းဆုံးတော့ သူတို့ကလေးတွေက အဖေတွေနဲ့ မခွဲရတော့ဘူးပေါ့..။
သခင်မကြီးယင်မှာ ရုန်ယိ သူမကို ဘာတွေများရေးပေးလိုက်လဲဆိုတာ.သိချင်စိတ်ပြင်းစွာနဲ့ နောက်ထပ်စာတစ်စောင်ကို ဖွင့်ကြည့်လိုက်သည်။ ဒါပေမဲ့ တစ်လက်မလောက်ထူနေတဲ့ စာအိတ်ကြီးက သူမကို တစ်ကယ်အံ့အားသင့်သွားစေသည်။
စာအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါ.သူမ ပထမဆုံး.သတိပြုမိတဲ့အရာကတော့ စာရေးတဲ့ပုံစံမှားယွင်းနေတာကိုဘဲ ဖြစ်၏။ စာတွေက အမြဲတမ်း ဒေါင်လိုက်သာ ရေးနေကျဖြစ်တာကြောင့် အလျားလိုက်ရေးထားတာတွေကို ဖတ်ရတာ သူမမွာ ကျင့်သားမရပေ။ ရုန်ယိ စာရေးတဲ့ပုံစံက ရယ်လည်းရယ်ရသလို ရှင်းဟယ်ထက်လည်း.အသေးစိတ်ကျလေသည်။ သူက ကျန်းမုရဲ့ လူတွေရဲ့သဘာဝတွေကို မသိနားမလည်မှုတွေ ၊ ယင်ထောင်ရဲ့ ချစ်စရာကောင်းမှုတွေ နဲ့ ယင်စန်စန်ရဲ့ လူကြီးလေးတစ်ယောက်လိုမျိုး ဘဝင်မြင့်နေတဲ့ပုံစံလေးတွေကို သေချာလေးဖော်ပြရေးသားထားတာကြောင့် သူမကို ဆက်တိုက်ကို ရယ်မောနေစေလေ၏။
ခန်းမထဲက သန့်ရှင်းရေးလုပ်နေကြတဲ့ အစေခံတွေမှာ သခင်မကြီးယင်ကို မကြာခဏကြည့်မိကြပြီး ရုန်ယိ ဘာတွေများ ရေးပေးလိုက်လဲဆိုတာကို သိချင်နေမိကြသည်။
သူမ ရုန်ယိရဲ့စာကို ငါးကြိမ်ထက်မနည်းဖတ်လိုက်ပြီး အကြိမ်တိုင်းလည်း ရယ်မောမိ၏။ စာဖတ်ပြီးနောက် သူမရဲ့ မြေးလေးတွေကို တွေ့ချင်စိတ်တွေပိုပြီး ကြီးမားလာရသလို ရုန်ယိအပေါ် သူမရဲ့အမြင်ကလည်း ပိုကောင်းမွန်လာလေသည်။
နောက်ဆုံးမှာတော့ သူမမွာ စာကို မချချင်ချချင်နဲ့ ချလိုက်ကာ ယင်ကျင်းရဲ့စာကို စာအိတ်ထဲပြန်ထည့်ပြီး အစောင့်ကို ကမ်းပေးလိုက်၏။
"ဒီစာကို အကြီးအကဲတွေကို ပြလိုက်"
သူမရဲ့အသံက တည်ကြည်လေးနက်နေလေသည်။
အကြီးအကဲတွေက သူတို့ရဲ့ ဒီလိုအပြုအမူတွေကို လက်မလျှော့ဘဲ ဆက်လုပ်နေဦးမယ်ဆိုရင် အကယ်၍ သူတို့သာ တစ်ခုခုဖြစ်သွားပါက တာဝန်ယူရမဲ့ကိစ္စတွေကို ခံနိုင်ရည်တော့ရှိရပေမည်။
ရုန်ယိရဲ့ စာကို ပြန်ကောက်ကိုင်လိုက်တဲ့အခါ သခင်မကြီးယင်မှာ ပျော်ရွှင်နေတဲ့ မျက်နှာပြန်ဖြစ်သွားရ၏။ သူမတော့ ဒီစာကြောင့် တစ်လလောက်တော့ ပျော်ရွှင်ရတော့မယ်လို့ တွေးလိုက်မိပြီး နောက်ထပ် စာတွေလက်ခံရရှိဖို့လည်း မျှော်လင့်နေမိသည်။
ရုန်ယိမှာ ချီသန့်စင်အဆင့်၄ ကိုမရောက်ခင်အထိ ခြောက်ရက်ဆက်တိုက် ကျင့်ကြံလိုက်ရလေသည်။ ထို့နောက်မှာတော့ နောက်တစ်ဆင့်တင်ဖို့က သူ့အတွက်တော့ သုံးလကနေ ငါးလအထိ အချိန်ယူရပေလိမ့်မည်။ နောက်ပိုင်း အဆင့်တက်မှုတွေက အချိန်ပိုကြာလာပေလိမ့်မည်။ ပြီးတော့ အခြေတည်အဆင့်ကို ရောက်ဖို့ကတော့ နောက်ထပ်နှစ်နှစ်လောက် အချိန်ယူရပေလိမ့်ဦးမည်။
ခြောက်ရက်ကြာပြီးနောက်မှာတော့ သူ့ရဲ့ အာရုံလေးခုကို ပြန်လည်ရရှိလာလေပြီ။
ရုန်ယိမှာ စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ အသံတွေကို ပြန်ကြားရပြီး ရာသီဥတုကို ပြန်ခံစားရတာက အရမ်းကောင်းမွန်လွန်းလှ၏။ လောကကြီးက ဒီလောက်အံ့သြစရာကောင်းမှန်း သူဘယ်တုန်းကမှ မခံစားခဲ့ရေပ။
သူအပြင်ထွက်လိုက်တဲ့အခါ ယင်ကျင်းရဲ့က နှင်းကျနေတာကို ကြည့်နေလေသည်။ သူအမြန်ပြေးသွားကာ သူ့ပုခုံးကို ကိုင်ကာ ထိုင်ချလိုက်ပြီး
"ကလေးတွေအဖေ.. ကျွန်တော် ခင်ဗျား အသံကို မကြားရတာ ရက်အကြာကြီးရှိနေပြီ.. တစ်ခုခုပြောပါဦး.. ခင်ဗျားရဲ့အသံက ဘယ်လိုမျိုးလဲဆိုတာတောင် ကျွန်တော်မေ့တော့မယ်"
ယင်ကျင်းရဲ့မှာ မျက်ခုံးတွေပင့်သွားပြီး
"မင်း ပြန်ကြားရပြီလား"
ရုန်ယိမှာ ပြုံးလိုက်ကာ
"ကလေးတွေအဖေ.. ကျွန်တော် ခင်ဗျားအသံကို တစ်ကယ်ကြိုက်တာ သိလား.. ကျွန်တော့်နားတွေတောင် ကိုယ်ဝန်ရလုနီးပါးဘဲ"
ယင်ကျင်းရဲ့ "......"
ဘယ္လို ဖော်ပြခိုင်းနှိုင်းချက်မျိုးကြီးလဲ...
တံခါးနားမွာ ရပ်နေတဲ့ ရှင်းဟယ်က ပြောလာသည်။
"သခင်က ဆူပူနေမယ်ဆိုရင်ရော သခင်လေး ဒိ်လိုမျိုးဘဲ ခံစားရဦးမွာလား"
"သူက အဲ့လိုပြောနေတဲ့အချိန်မှာတောင်မှ ခံ့ညားပြီး ကြော့ရှင်းတပ်မက်ဖွယ်ဖြစ်နေမှာဘဲ"
ရှင်းဟယ်မှာ သူ့မေးသူထိကြည့်လိုက်သည်။ သူ့သခင် စကားကို ကြမ်းတမ်းစွာပြောဆိုတာမျိုး သူတစ်ခါမှမတွေ့ဖူးပေ.. ဒါကြောင့် အဲ့အချိန် သူဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ.သူလည်း သိချင်မိသည်။
ထိုအချိန်မှာ တစ်ဖက်ခြံဝန်းလေးထဲကနေပြီး ကလေးတွေရဲ့ တခစ်ခစ်ပျော်ရွှင်ရယ်မောနေသံတွေကို ကြားလိုက်ကြရ၏။
ရုန်ယိက ချက်ချင်း လှမ်းအော်လိုက်သည်။
"ကျန်းမုရေ.. မင်းညီလေးနှစ်ယောက်ကို ဒီကိုခေါ်လာခဲ့ဦး"
ရုန်ယိရဲ့စကားက ကျန်းမုကို ကျည်ဆံတစ်တောင့်လိုမျိုး ပြုမူစေတဲ့ ခလုတ်တစ်ခုနဲ့တူပြီး သူက ချက်ချင်းဘဲ သူ့ညီလေးနှစ်ယောက်ကို သယ္ကာ ရုန်ယိတို့်ခြံဝန်းထဲကို ရောက်ရှိလာ၏။
"ဖေဖေ.."
ယင်ထောင်က ရုန်ယိလက်မောင်းထဲကို ပြေးဝင်လာသည်။
ရုန်ယိက သူ့ရဲ့ အေးစက်နီရဲနေတဲ့ မျက်နှာလေးကို ဆွဲလိုက်ပြီး
"မင်းရဲ့အသံလေးက ချိုသာပြီး ချစ်စရာကောင်းတယ်လို့ ငါ ပထမဆုံးတွေးမိတာဘဲ.. ထပ်ခေါ်ပါဦး"
"ဖေဖေ..ဖေဖေ..ဖေဖေ..."
ယင်ထောင်က လိမ္မာစွာဘဲ ထပ်ခေါ်လာသည်။
ကျန်းမုက သူတို့ ကျိုရွှီဂိုဏ်းကနေ ခိုးယူလာကြတဲ့ အဖိုးတန်ပစ္စည်းတွေအကုန်လုံးကို ရုန်ယိရှေ့ကို ချပေးလိုက်သည်။
"ဖေဖေ့အတွက်..."
"ငါ့အတွက်လား.."
ရုန်ယိမှာ အဌဂံပုံမီးဖိအိုးကိုကြည့်ရင်း အံ့သြသွားရ၏။
"ဒါက ဘာလို့ ဂိုဏ်းချုပ်ရဲ့ခန်းမကြီးထဲက တစ်ခုနဲ့ တူနေရတာလဲ"
ယင်ကျင်းရဲ့က ပေါ့ပေါ့ပါးပါးလေသံနဲ့ ပြောလာသည်။
"ဒါတွေက တစ်ကယ်လည်း ကျိုရွှီဂိုဏ်းကနေ ယူလာတာတွေဘဲလေ"
ကလေးတွေနောက်ကနေ လိုက္လာတဲ့ ရန်ချိုးရွှမ်က ပြုံးစိစိနဲ့ အထဲကို ဝင်လာကာ
"ကလေးတွေက ငါ့အတွက်လည်း ပုလဲတွေ ရတနာပစ္စည်းတွေ အများကြီးယူလာသေးတယ်.. တစ်ချက်ကြည့်တာနဲ့ အဲ့တာတွေက ရှောင်ယင်ရုံရဲ့ဟာတွေမှန်း သိသာတယ်လေ.. သူ့ဆီက ပစ္စည်းဆို ဘာတစ်ခုမှ မလိုချင်ပေမဲ့ ဒါက ငါ့မြေးလေးတွေရဲ့ စေတနာဆိုတော့ ငါ အဲ့တာတွေကို ယွဲ့ရှီဆီယူသွားပြီး အရည်ကျိုပြီး တစ်ခြားအဆင်တန်ဆာ လှလှလေးတွေ လုပ်ခိုင်းထားလိုက်တယ်."
ရုန်ယိမှာ အဌဂံပုံမီးဖိုကို လိုချင်နေတာ ကြာလှပြီဖြစ်တာကြောင့် ပျော်ပျော်ကြီးလက်ခံလိုက်ပြီး ကျန်းမုကို ကျေးဇူးတင်လိုက်သည်။
ကျန်းမုမှာ သူပေးလိုက်တဲ့လက်ဆောင်က မှန်ကန်သွားတာကြောင့် ပျော်ရွှင်နေလေသည်။
ရုန်ယိက ပါဝင်ပစ္စည်းတွေ အကုန္လုံးကို အကြမ်းဖျင်းကြည့်ရှုကာ သိမ်းလိုက်ပြီး
"မြေအောက်အကျဉ်းထောင်ထဲက သားရဲတွေရော ဘယ်မှာလဲ.. သူတို့ ဒီမွာ ရှိနေကြသေးလား"
သူ ထိုနေရာကနေ ထွက်လာတုန်းက နားမကြားရသေးတာကြောင့် သူတို့ကို ကတိပေးထားတာကို မလုပ်ပေးရသေးပေ။
ရှင်းဟယ်က ပြန်ဖြေလာ၏။
"ဟုတ်ကဲ့.. ကျွန်တော် သူတို့ကို လာဖို့ခေါ်လိုက်မယ်"
ရန်ချိုးရွှမ်က
"သူတို့က နည်းနည်းတော့ ဆန္ဒစောနေကြပေမယ့်.. မင်း မကြားရတာသိနေတော့လည်း စိတ်ရှည်ရှည်နဲ့ စောင့်နေရုံဘဲ တတ်နိုင်ကြတယ်လေ"
သိပ်မကြာခင်မှာဘဲ အမွှေးထူကြွက်မည်းတွေနဲ့ ခရမ်းနက်ရောင် ရေမြွေတွေက အထဲကိုဝင်လာကြ၏။
ရုန်ယိ သူတို့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
"မင်းတို့နဲ့ တစ်ခြားသားရဲတွေအပေါ် ငါအကြွေးတင်သွားပြီ.. မင်းတို့က ငါ့ကိုကူညီပြီး သတင်းပို့ပေးတာကြောင့်သာမဟုတ်ရင် ငါ အခုချိန်ထိ မြေအောက်အကျဉ်းထောင်ထဲမှာ ရှိနေဦးမှာ.. ဒါနဲ့ မင်းတို့ အရင်တစ်ခေါက်က ပြောတော့ ကျုံးကုနယ်မြေကိုသွားပြီး သခင်ရှန်ကျဲ့လို့ခေါ်တဲ့ မြင့်မြတ်တဲ့သားရဲကို သွားရှာမလို့ဆို ဟုတ်တယ်မလား"
ကြွက်မည်းက စိတ်အားထက်သန်စွာနဲ့ ခေါင်းငြိမ့်လာသည်။
"ဟုတ်တယ်.. ငါတို့ သခင်ရှန်ကျဲ့ကို သွားရှာကြမလို့"
"သခင်ရှန်ကျဲ့.."
ယင်ကျင်းရဲ့မှာ မျက်လုံးတွေ မှေးကျဉ်းသွား၏။
"ကျုံးကုနယ်မြေကို အုပ်ချုပ်တဲ့ မြင့်မြတ်တဲ့သားရဲလား"
"ဟုတ်တယ်"
ယင်ကျင်းရဲ့က တည်ငြိမ်စွာဆိုလာ၏။
"သူက လွန်ခဲ့တဲ့ နှစ်ခြောက်ရာကတည်းက ပျောက်နေတာ"
ကြွက်မည်းတွေနဲ့ ရေမြွေတွေမှာ ဘာပြန်ပြောရမှန်းမသိတော့။
"သူက ပျောက်နေတာလား"
"အင်း.. ဒါပေမဲ့ တစ်ချို့ကတော့ သူသေသွားပြီလို့ ပြောကြတယ်"
ကြွက်မည်းက အမြန်ငြင်းဆိုလာသည်။
"မဖြစ်နိုင်တာ.. သူက ဒဏ္ဍာရီလာသားရဲ ပိုင်ကျဲ့နဲ့ ဇာမဏီတို့ရဲ့ သွေးမျိုးဆက်ဖြစ်တဲ့ မြင့်မြတ်တဲ့သားရဲလေ.. သူကမသေနိုင်ဘူး.. သူ့ကိုဘယ်သူမှ မသတ်နိုင်ဘူး"
ရန်ချိုးရွှမ်က ရှင်းပြလိုက်၏။
"ဒါပေမဲ့ သူပျောက်နေတာ နှစ်ရာချီနေပြီ.. အခု ကျုံးကုနယ်မြေက အုပ်စုတွေအများကြီးကွဲထွက်နေပြီး.. အင်အားကြီးသားရဲတွေက အုပ်ချုပ်နေကြတာ.. မင်းတို့က သခင်ရှန်ကျဲ့ကို တွေ့ချင်ရုံဘဲဆိုရင်တော့ အဲ့နေရာကို မသွားဖို့ဘဲ အကြံပေးချင်တယ်.. အဲ့ကအခြေအနေတွေက အရမ်းကြောက်စရာကောင်းတယ်.. အဲ့က သားရဲဘုရင်တွေအကုန်လုံးက ကျုံးကုနယ်မြေက အမြင့်ဆုံးအာဏာအတွက် တစ်နှစ်ပတ်လုံးတိုက်ခိုက်နေကြတာ.. မင်းတို့ရဲ့ ကျင့်ကြံရေးအရဆိုရင် သိပ်မကြာခင်မှာဘဲ သူတို့လက်ထဲမှာ သေသွားလိမ့်မယ်"
ကြွက်မည်း "......."
ရေမြွေ "......."
ခန်းမကြီးတစ်ခုလုံးမှာ တိတ်ကျသွား၏။
ရုတ်တရက် အပြင်ဘက်ကနေ တစ်ယောက်ယောက်က ပြောလာသည်။
"သခင်ရှန်ကျဲ့က အသက်ရှင်နေသေးတယ် ထင်တယ်"
လူတိုင်းအပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ ယင်စုက ပျံဝင်လာတာကို တွေ့လိုက်ရ၏။
ရုန်ယိမှာ သိချင်သွားကာ
"ခင်ဗျား ဘယ်လိုလုပ်သိလဲ"
"ပြောကြတာတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က သားရဲတစ်ကောင်က သူ့ကိုတွေ့လိုက်တယ်တဲ့"
"လွန်ခဲ့တဲ့နှစ်အနည်းငယ်.. အတိအကျ ဘယ်နှစ်နှစ်လောက်လဲ"
ယင်ကျင်းရဲ့ မေးကြည့်လိုက်သည်။
ယင်စုက ခဏလောက်စဥ်းစားကြည့်လိုက်ကာ
"ကျုပ်ထင်တာတော့ ခုနှစ်နှစ် ရှစ်နှစ်လောက်ပေါ့"
"ဘယ်နေရာမှာလဲ"
"ကျုံးဟိုင်နယ်မြေရော ပေပနယ်မြေရော နှစ်နေရာစလုံးမှာဘဲ.. အမှန် ဟုတ်လား မဟုတ်လားတော့ ကျုပ်လည်း သေချာမသိဘူး.. ကျုပ်လည်း တစ်ခြားသူတွေပြောတာ ကြားခဲ့ရုံဘဲ.. အတည်ပြုပေးတဲ့သူတော့မရှိဘူး"
ယင်ကျင်းရဲ့ "......"
ရုန်ယိမှာတော့ ယင်ကျင်းရဲ့က သခင်ရှန်ကျဲ့ဘယ်မှာရှိနေလဲဆိုတာ သိရဖို့ကို သားရဲနှစ်အုပ်စုထက်တောင်မှ ဘာလို့များ ဆန္ဒတွေစောနေရတာလဲဆိုတာ သိချင်သွားရသည်။
ကြွက်မည်းက နားမလည်နိုင်စွာနဲ့ မေးလာသည်။
"သူက ဘာလို့ ပျောက်ဆုံးသွားရတာလဲ"
ယင်စုက ပြန်ဖြေလိုက်၏။
"တစ်စုံတစ်ယောက်က သူ့ရဲ့နတ်ဘုရားလိုစွမ်းအားတွေကို လိုချင်ခဲ့ပြီးတော့ သူ့ကို ဒဏ်ရာအပြင်းအထန်ရသွားအောင်လုပ်ခဲ့တာလို့ ကြားတယ်..ဒါကြောင့် သူက ပုန်းနေဖို့ကို ရွေးခဲ့တာတဲ့"
သားရဲနှစ်ကောင်မှာ အကြည့်ချင်း ဖလှယ်လိုက်ကြပေမဲ့ ဘာမှတော့ ပြောမလာကြတော့..။
"အကယ်၍ မင်းတို့ ကျုံးကုနယ်မြေကို သွားချင်သေးတယ်ဆိုရင်လည်း.."
ရုန်ယိက ပြောလိုက်သည်။
"မင်းတို့ကို အဲ့ကိုပို့ပေးမဲ့ တစ်ယောက်ယောက်ရှာပေးဖို့ ငါ့ရဲ့ကျင့်ကြံဖော်ကို မေးပေးလို့ရတယ်.. ဒါပေမဲ့ မင်းတို့ မဆုံးဖြတ်ရသေးဘူးဆိုရင်လည်း တွေးတောပြီးတဲ့အထိ ဒီမှာဘဲနေလို့ရတယ်.. အကူအညီလိုရင် ငါ့ကိုသာလာပြောလိုက်"
သူတို့မှာ မျက်လုံးတွေ အရောင်လက်သွားပြီး
"ငါတို့ ဒီမှာနေလို့ရလား"
သူတို့မှာက သွားစရာနေရာမရှိပေ.. ရုန်အိမ်တော်က သူတို့အတွက်တော့ လုံးဝကိုအပြီးပြည့်စုံဆုံး နေရာဘဲ ဖြစ်လေသည်။
"ဒါပေါ့"
"ဒါပေမဲ့ ငါတို့က အများကြီးနော်"
ရန်ချိုးရွှမ်က သူမရဲ့နဖူးကို ကိုင်လိုက်ကာ
"ယိအာ.. မင်းအပြင်ကို တစ်ချက်လောက်သွားကြည့်ပါလား"
"......"
ရုန်ယိ အခန်းအပြင်ဘက်ကို လျှောက်သွားကြည့်လိုက်တဲ့အခါ ခေါင်မိုးတွေ ၊ တိုင်လုံးတွေ နဲ့ ရက်မတွေပေါ်မှာ များစွာသော သားရဲမျိုးစုံကို တွေ့လိုက်ရလေသည်။
"ဘာလို့ အဲ့လောက်တောင် များနေရတာလဲ"
သူ့အိမ်တော်ကြီးက တိရစ္ဆာန်ရုံဖြစ်တော့မယ်လို့ သူခံစားနေရ၏။
"ကျိုရွှီဂိုဏ်းထဲမှာနေကြတဲ့ သားရဲအားလုံးနီးပါးက ကျွန်တော်တို့အိမ်တော်ထဲကို ထွက်ပြေးလာကြတာလေ"
ရှင်းဟယ်က ပြန်ဖြေလိုက်သည်။
ခေါင်မိုးပေါ်မှာ နားနေတဲ့ ငှက်က ပြောလာသည်။
"ငါတို့က ခေါင်မိုးလေးဘဲ ယူမှာပါ.. ငါတို့ကို မနှင်ထုတ်ပါနဲ့နော်"
ဒီနေရာက ဝိညာဥ်ချီတွေက ကျိုရွှီဂိုဏ်းထဲမှာထက် ပိုပြီးသန့်စင်သည်။ ဒီမှာ ရက်အနည်းငယ်လောက် ကျင့်ကြံတာက ကျိုရွှီဂိုဏ်းမှာ.တစ်လလောက်ကျင့်ကြံတာနဲ့ တူညီ၏။ သူတို့ ဒီနေရာကနေ ထွက်မသွားချင်ပေ။
တိုင်လုံးတွေ ရက်မတွေပေါ်က သားရဲတွေကလည်း သူတို့ကို မမောင်းထုတ်ဖို့ ရုန်ယိကို တောင်းဆိုလာကြသည်။ သူတို့မှာ ကျင့်ကြံဆင့်နိမ့်တဲ့အပြင် အခုမှ ပထမဆုံးအကြိမ် ကျိုရွှီဂိုဏ်းကနေ ထွက်လာတာဖြစ်တာကြောင့် ဘယ်ကိုသွားရမှန်းလဲ မသိကြပေ။
ရုန်ယိမှာ အနေရခက်စွာနဲ့ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်သည်။ အရေအတွက်က တစ်ကယ့်ကို များလွန်းတာကြောင့် သူတို့အကုန်လုံးကို နေရာချပေးဖို့ကတော့ မလွယ်ကူလှ.. ဒါပေမဲ့ အဲ့လိုလုပ်လိုက်လို့လည်း.သူ့အတွက် ဘာမှ ထိခိုက်မသွားပေ။
ခဏလောက်တွေးကြည့်ပြီး သူပြောလိုက်၏။
"နေလို့ရပါတယ် ဒါပေမဲ့ မင်းတို့ ပြဿနာရှာတာတွေ တိုက်ခိုက်ကြတာတွေတော့ မလုပ်ရဘူး.. ဒါ့အပြင် မင်းတို့ ဒီမှာ အလကားလည်း နေလို့မရဘူး.. ငါ့အတွက် ကိစ္စတွေတော့ လုပ်ပေးဖို့လိုတယ်"
သားရဲတစ်ကောင်က မေးလာသည်။
"ဘာလုပ်ပေးရမှာလဲ.. မင်းက ငါတို့ရဲ့ လွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်မှာလား.. အဲ့တာက ငါတို့အသက်တွေကိုရော ထိခိုက်လာနိုင်လား"
ရုန်ယိက ခေါင်းခါလိုက်ပြီး
"မဟုတ်ပါဘူး.. မင်းတို့တွေအကုန် လွတ်လွတ်လပ်လပ်ပါဘဲ.. ဒီကနေထွက်သွားချင်တယ်ဆိုရင်လည်း အချိန်မရွေးရတယ်.. မင်းတို့လုပ်ရမဲ့အလုပ်ကလည်း စကားပြောသလောက်ကို လွယ်ပါတယ်.. သေချာပေါက် မင်းတို့အသက်ကို ထိခိုက်စေမှာမဟုတ်ဘူး.."
ဒါကိုကြားတဲ့အခါ သားရဲတွေအကုန်လုံး ဒီမှာနေဖို့ ဆန္ဒရှိကြလေသည်။
ရုန်ယိ သူတို့ကို နေရာချပေးလိုက်၏။
"မြေကြီးထဲမှာ နေနိုင်တဲ့သူတွေကတော့ တွင်းတူးနေကြ..တစ်ခြားသူတွေကတော့ နေဖို့ ကိုယ့်ဘာသာဘဲ နေရာရှာလိုက်ကြတော့.. ဒါပေမဲ့ လျှောက်လမ်းတွေ ၊ ခြံဝန်းထဲက လူမြင်ကွင်းတွေနဲ့ ငါတို့အခန်းတွေကိုတော့ မရွေးကြနဲ့"
ထိုသားရဲတွေမှာ အကုန်လုံး ပျော်ရွှင်သွားကြ၏။
ရန်ချိုးရွှမ်မှာ အနည်းငယ်အံ့အားသင့်သွားပြီး
"ယိအာ.. မင်းတစ်ကယ်ဘဲ သူတို့အားလုံးကို ခေါ်ထားမလို့လား"
"သူတို့က အကူအညီရနိုင်တယ်လေ.. ယာယီတော့ ဒီမှာ နေခိုင်းထားလိုက်ပါ.. သူတို့အတွက် တစ်ခြားနေရာတွေရှာတွေ့တော့မှဘဲ ကျွန်တော် သူတို့အတွက် ထပ်စီစဥ်ပေးလိုက်တော့မယ်"
ထိုအချိန်မှာ ရှန်းလွီ့နဲ့ပုချီတို့က ဝင်လာကြသည်။
"ဆရာ"
ရုန်ယိက ပြုံးပြလိုက်သည်။
"ခင်ဗျားတို့ ရောက်လာကြပြီလား"
"ဆရာ..အဆင်ပြေရဲ့လား"
ရှန်းလွီ့က ရုန်ယိရဲ့ ကျန်းမာရေးအခြေအနေကို သိချင်နေတာဖြစ်၏။
"ကောင်းပါတယ်"
ရုန်ယိက တစ်ပတ်လှည့်ပြလိုက်ပြီး
"ဒီ့ထက်ကောင်းတာ မရှိတော့ဘူး"
ရုန်ယိကို တွေ့တဲ့အခါ ပုချီမှာ ဘာစကားမှထွက်ကျမလာတော့..။
ရုန်ယိက လေထုကို သက်တောင့်သက်သာဖြစ်အောင် လုပ်ဖို့ ကြိုးစားလိုက်သည်။
"လာကြလေ.. ခြံထဲမှာ လမ်းလေးခဏလောက်လျှောက်ကြရအောင်"
ပုချီက ခေါင်းငြိမ့်လာသည်။
ပုချီမှာ ပြောစရာတစ်ခုခုရှိနေမှန်းသိတာကြောင့် ရှန်းလွီ့က လိုက်မသွားတော့။
သူတို့ ခြံဝန်းထဲကို ရောက်တာနဲ့ သားရဲငှက်တွေရဲ့ ကျည်ကျည်ကျာကျာအော်မြည်နေသံတွေကို ကြားလိုက်ကြရ၏။
ရုန်ယိက ပြုံးလိုက်ပြီး
"အခု ဒီနေရာက ပိုပြီး အသက်ဝင်တက်ကြွသွားတယ်.. ဆောင်းရာသီနဲ့တောင်မတူတော့ဘူး"
"ဆရာ.."
ပုချီမှာ အနေရခက်သလိုခံစားနေရသည်။
"ဆရာ ကျိုရွှီဂိုဏ်းမှာ ခံစားခဲ့ရတဲ့ နှိပ်စက်မှုတွေအတွက် ကျုပ်တောင်းပန်ပါတယ်"
"ဒါက ခင်ဗျားလုပ်တာမှ မဟုတ်တာ... ခင်ဗျားက ဘာလို့တောင်းပန်ရမှာလဲ"
"ဂိုဏ်းချုပ်ရဲ့ ဆရာအဘိုးလေးအနေနဲ့ ကျုပ် သူ့ကို သေချာမသင်ကြားပေးခဲ့မိဘူးလေ.. အဲ့အတွက် တောင်းပန်တာပါ"
ရုန်ယိက လက်နောက်ပစ်ထားကာ ရေခဲနေတဲ့ ကန်ပေါ်က ကြိုးကြာကို ကြည့်နေရင်းနဲ့ ကျိုရွှီဂိုဏ်းက မသေမျိုးသားရဲက ဘာလို့ ဒီရောက်နေတာလည်း သိချင်သွားရသည်။
"ကျွန်တော့်ကို ကူညီတော့မဲ့ ဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီး သူ့မိန်းမနားချတာကို ခံလိုက်ရတာလဲဆိုတာကိုဘဲ ကျွန်တော်သိချင်တာပါ"
"အဲ့တာက......"
ပုချီက ရုန်ယိကို ဖြစ်စဥ်တစ်ခုလုံးကို ပြောပြလာသည်။
ရုန်ယိမှာ မျက်ခုံးတွေ တွန့်သွားရပြီး
"ဒါဆို သူတို့ ကျွန်တော့်ကို ဒီလိုဖြေရှင်းတာက အကုန်လုံး ယင်အကြီးအကဲတွေကြောင့်လို့ ဆိုလိုတာပေါ့"
"ဟုတ်ပါတယ်"
ရုန်ယိက နှာခေါင်းရှုံ့လိုက်ကာ
"ကျွန်တော့်လို ဘာမဟုတ်တဲ့ သူလေးတစ်ယောက်နဲ့ ရင်ဆိုင်ဖို့အတွက်ကို သူတို့တော်တော်ကြီး စိတ်ဆင်းရဲခံလိုက်ကြရတာဘဲ"
ပုချီက ရုန်ယိအတွက် စိတ်ပူနေမိတာကြောင့်
"ယင်အကြီးအကဲတွေက ရက်စက်ပြီး ရင်ဆိုင်ဖြေရှင်းဖို့ခက်တယ်.. တစ်ခုကျရှုံးသွားရင် နောက်ထပ်နောက်ထပ် အခွင့်အရေးတွေကို အမိအရဖမ်းဆုပ်ကြမှာဘဲ"
"ရင်ဆိုင်ဖို့ ခက်တယ်လား..ကျွန်တော်တော့ အဲ့လိုမထင်ဘူး"
ရုန်ယိက သူတို့ကို မျက်လုံးထဲကို လုံးဝကို မထည့်ထားပေ။
ပုချီက ရုန်ယိမှာ ဝှက်ဖဲတစ်ချပ်ရှိနေမှန်း ခံစားရတာကြောင့် ချက်ချင်း မေးလိုက်၏။
"ဆရာ...ဆရာက.."
ရုန်ယိက သူ့ကို ပြန်မေးလာသည်။
"ခင်ဗျား.. ခင်ဗျားရဲ့ဆရာ ကျွန်တော့်အတွက် ကလဲ့စားချေပေးချင်လား"
"ဒါပေါ့"
သူ့ဆရာတစ်ယောက်တည်းအတွက်သာမကဘဲ ကျိုရွှီဂိုဏ်းတစ်ခုလုံးအတွက်ပါ ပုချီ ကလဲ့စားချေချင်နေတာဖြစ်၏။ သူတို့ကြောင့် ကျိုရွှီဂိုဏ်းက အခုလိုနိမ့်ကျသွားပြီး ဒီလိုရလဒ်မျိုးရလာတဲ့အချိန်မှာ ထိုအကြီးအကဲတွေကတော့ သူတို့ရဲ့ကိုယ်ပိုင်ဘဝကို သက်တောင့်သက်သာလေး ဖြတ်သန်းနေကြလေသည်။ ဒါကို ပုချီ ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ..။
ရုန်ယိက စာရွက်တစ်ရွက်နဲ့ စုတ်တံတစ်ချောင်းထုတ်ယူကာ ပုံတစ်ပုံဆွဲလိုက်ပြီး ပုချီကို ကမ်းပေးလိုက်သည်။
"ဒီပုံစံအတိုင်း မွမ်းမံခြင်းအင်းကွက် ငါးခုလုပ်.. ပြီးရင် အဲ့တာတွေကို တုံထန်းနယ်မြေက ဒုတိယအင်အားအကြီးဆုံးမိသားစုနဲ့ ယင်မိသားစုနဲ့ ဆန့်ကျင်ဖက်မိသားစုတွေဆီကို ပို့လိုက်.. ဒီတိုက်ခိုက်ရေးအင်းကွက်တွေက သူတို့ရဲ့ လက်နက်တွေကို အဆင့်မြှင့်တင်ပေးနိုင်တယ်လို့ သူတို့ကိုပြောလိုက်.. သူတို့ ဒါတွေထပ်ပြီးလိုချင်ရင် ယင်အကြီးအကဲတွေရဲ့ ခေါင်းနဲ့လာလဲလို့ရတယ်.."
ပုချီ "!!!"
သူ့ဆရာက လက်ထဲမှာရှိနေတဲ့ ကတ်တွေကို ဘယ်လို ကစားရမလဲဆိုတာ တစ်ကယ်သိလွန်းတယ်ဆိုတာတော့ သူဝန်ခံရမည်။ သူက ကမ္ဘာကြီးကို မီးတင်ရှို့ချင်နေတာဘဲ..။
"သခင်ယင်ကရော..."
"ကျွန်တော် သူ့ကိုရှင်းပြလိုက်မယ်.. ပြီးတော့ သူတို့ခေါင်းတွေကိုရဖို့ဆိုတာကလည်း မလွယ်ကူပါဘူး..သူတို့ကို အခက်တွေ့အောင်လုပ်နိုင်ရုံလောက်ဘဲ.. ဒုတိယအင်အားအကြီးဆုံးမိသားစုကသာ သူတို့ပြိုင်ဖက်အနေနဲ့ဆိုရင် သူတို့သေချာပေါက် ဒုက္ခတော့ ရောက်ကြမှာဘဲ.. အဲ့အကြီးအကဲတွေက အမြဲတမ်း ကျွန်တော့်ရဲ့ မွမ်းမံခြင်းအင်းကွက်တွေကို အထင်သေးနေတာလေ.. အဲ့အင်းကွက်တွေရဲ့ ဆွဲဆောင်နိုင်မှုနဲ့ စွမ်းအားကို သူတို့သိအောင် ပြပေးလိုက်မယ်"
ပုချီမှာတော့ နောက်ထပ် ဘာတွေဖြစ်လာမလဲဆိုတာ တစ်ကယ့်ကို သိချင်နေလေပြီ။
"ကျုပ် အခုချက်ချင်း သွားလုပ်လိုက်တော့မယ်"
"ချီယွဲ့ရှီနဲ့ တစ်ခြားသူတွေကို ဒီကိုခေါ်ပေးဖို့ ရုန်စုကိုပြောပေးပါဦး.. ကျွန်တော် သူတို့ကို ပြောစရာရှိသေးတယ်"
"ဟုတ်ကဲ့"
************
Zawgyi
တုံထန္းနယ္ေျမက ယင္မိသားစုမွာေတာ့ သခင္မႀကီးယင္က ခန္းမထဲမွာ ထိုင္ေနကာ မိသားစုရဲ႕ေငြစာရင္းစာအုပ္ကို ၾကည့္ေနေလသည္။
ထိုအခ်ိန္မွာ အေစာင့္တစ္ေယာက္က စာႏွစ္ေစာင္နဲ႕အတူ ဝင္လာ၏။
"သခင္မႀကီး....သခင္ေလးက သခင္မႀကီးဆီကို စာေတြပို႔လိုက္ပါတယ္"
"ငါ့သားဆီက စာေတြလား.."
သူမမြာ မယုံၾကည္တာသိသာလွသည္။
"ငါ့သားဆီကလား.. ရွင္းဟယ္ဆီကလား"
"သခင္ေလးနဲ႕ သခင္ေလး႐ုန္တို႔ဆီကပါ"
သူမမြာ အံ့ၾသမႈေၾကာင့္ ေခါင္းေမာ့ၾကည့္လိုက္မိသည္။
"ရဲ႕အာနဲ႕ ႐ုန္ယိက ငါ့ဆီ စာေရးလိုက္တယ္လို႔ ေျပာတာလား"
ဒါက တစ္ကယ့္ကို အံ့ၾသစရာ ကိစၥဘဲ ျဖစ္ေလသည္။
သူမ စာေတြကို အျမန္ယူၾကည့္လိုက္ၿပီးေနာက္ တစ္ခ်က္ၾကည့္လိုက္တာနဲ႕ စာအိတ္အပါးေပၚက စာလုံးေတြက သူမသားရဲ႕ လက္ေရးျဖစ္ေၾကာင္း မွတ္မိလိုက္သည္။
"သူဘဲ.. ငါ့သား ငါ့ဆီစာေရးတာ ဒါပထမဆုံးဘဲ"
သခင္မႀကီးယင္မွာ အလြန္အမင္းကို ေပ်ာ္႐ႊင္ဝမ္းသာေန၏။ သူမ စာကိုအျမန္ဖြင့္ကာ ဖတ္ၾကည့္လိုက္သည္။
'အေမ.. ကြၽန္ေတာ္ ေလးစားစြာနဲ႕ ဒီစာကိုေရးလိုက္ပါတယ္..
ဒီတစ္သက္လုံး ႐ုန္ယိတစ္ေယာက္တည္းကိုဘဲ ကြၽန္ေတာ့္ လက္တြဲေဖာ္အျဖစ္ အသိအမွတ္ျပဳနိုင္မယ္.. အကယ္၍ အႀကီးအကဲေတြကသာ ကြၽန္ေတာ္တို႔အတြက္ ထပ္ၿပီး ခက္ခဲေအာင္ျပဳလုပ္လာဦးမယ္ဆိုရင္.. ကြၽန္ေတာ္ မသက္ညွာေပးေတာ့တဲ့အခါ အျပစ္မတင္ပါနဲ႕..'
သူမမြာ တစ္ခဏေလာက္ မွင္တက္မိသြား၏။
သူမသားက တစ္ေဆက်င့္ႀကံျခင္းလမ္းစဥ္ကို စတင္ေလွ်ာက္လွမ္းတဲ့အခ်ိန္ကတည္းက တစ္ေယာက္ေယာက္ ဒါမွမဟုတ္ တစၡဳခုကို ဒီလိုမ်ိဳး အေလးအနက္ႀကီး မဆက္ဆံခဲ့ဖူးေပ။ သူမမြာ သားျဖစ္သူအတြက္ ေပ်ာ္လည္းေပ်ာ္သြားရသလို မနာလိုလည္း ျဖစ္မိေလသည္။ သူမသားက ေနာက္ဆုံးေတာ့ တစ္ေယာက္ေယာက္ကို ကာကြယ္ဖို႔ သိလာၿပီျဖစ္တာေၾကာင့္ သူမေပ်ာ္ရၿပီး သားျဖစ္သူ ကာကြယ္ဖို႔လုပ္ေနတဲ့သူက သူမ မဟုတ္တာေၾကာင့္ေတာ့ မနာလိုျဖစ္မိေလသည္။ သူမကို အံ့အားသင့္ေစတာကေတာ့ သူမသားက ဘာလို႔မ်ား အရမ္းမိန္းမဆန္ၿပီး ငိုရတာႀကိဳက္လြန္းတဲ့ ေယာက္်ားေလးတစ္ေယာက္ကို သေဘာက်သြားရတာလဲဆိုတာကိုဘဲ ျဖစ္ေလသည္။
ဒါမွမဟုတ္ သူမသားက ႐ုန္ယိကို မိန္းကေလးတစ္ေယာက္လို႔မ်ား သေဘာထားတာမ္ားလား..။
ဒါေပမဲ့ ဒီလေတြအတြင္း ရွင္းဟယ္ဆီက ရတဲ့စာေတြအရဆိုရင္ေတာ့ ႐ုန္ယိက အေတာ္ေလးေျပာင္းလဲသြားပုံေပၚေလသည္။ သူက က်င့္ႀကံေရးမွာ အာ႐ုံစိုက္လာၿပီး တစ္ျခားသူေတြကိုလည္း သူတို႔ဘယ္တုန္းကမွ မျမင္မေတြ႕ဖူးခဲ့တဲ့ မြမ္းမံျခင္းအင္းကြက္ေတြလုပ္တာကိုလည္း သင္ေပးေသး၏။ ႐ုန္ယိက သူ႕ရဲ႕စိတ္ဝင္စားမႈကို ပါးနီေတြ အလွျပင္တာေတြကေန က်င့္ႀကံျခင္းဘက္ကို လုံးဝေျပာင္းလဲ ပစ္လိုက္ေလသည္။
တစ္ကယ္ေတာ့ သူတို႔ႏွစ္ေယာက္ အတူရွိေနၾကတာကလည္း မေကာင္းတာေတာ့မဟုတ္ပါဘူး..။ အနည္းဆုံးေတာ့ သူတို႔ကေလးေတြက အေဖေတြနဲ႕ မခြဲရေတာ့ဘူးေပါ့..။
သခင္မႀကီးယင္မွာ ႐ုန္ယိ သူမကို ဘာေတြမ်ားေရးေပးလိုက္လဲဆိုတာ.သိခ်င္စိတ္ျပင္းစြာနဲ႕ ေနာက္ထပ္စာတစ္ေစာင္ကို ဖြင့္ၾကည့္လိုက္သည္။ ဒါေပမဲ့ တစ္လက္မေလာက္ထူေနတဲ့ စာအိတ္ႀကီးက သူမကို တစ္ကယ္အံ့အားသင့္သြားေစသည္။
စာအိတ္ကိုဖြင့္ၾကည့္လိုက္တဲ့အခါ.သူမ ပထမဆုံး.သတိျပဳမိတဲ့အရာကေတာ့ စာေရးတဲ့ပုံစံမွားယြင္းေနတာကိုဘဲ ျဖစ္၏။ စာေတြက အၿမဲတမ္း ေဒါင္လိုက္သာ ေရးေနက်ျဖစ္တာေၾကာင့္ အလ်ားလိုက္ေရးထားတာေတြကို ဖတ္ရတာ သူမမြာ က်င့္သားမရေပ။ ႐ုန္ယိ စာေရးတဲ့ပုံစံက ရယ္လည္းရယ္ရသလို ရွင္းဟယ္ထက္လည္း.အေသးစိတ္က်ေလသည္။ သူက က်န္းမုရဲ႕ လူေတြရဲ႕သဘာဝေတြကို မသိနားမလည္မႈေတြ ၊ ယင္ေထာင္ရဲ႕ ခ်စ္စရာေကာင္းမႈေတြ နဲ႕ ယင္စန္စန္ရဲ႕ လူႀကီးေလးတစ္ေယာက္လိုမ်ိဳး ဘဝင္ျမင့္ေနတဲ့ပုံစံေလးေတြကို ေသခ်ာေလးေဖာ္ျပေရးသားထားတာေၾကာင့္ သူမကို ဆက္တိုက္ကို ရယ္ေမာေနေစေလ၏။
ခန္းမထဲက သန႔္ရွင္းေရးလုပ္ေနၾကတဲ့ အေစခံေတြမွာ သခင္မႀကီးယင္ကို မၾကာခဏၾကည့္မိၾကၿပီး ႐ုန္ယိ ဘာေတြမ်ား ေရးေပးလိုက္လဲဆိုတာကို သိခ်င္ေနမိၾကသည္။
သူမ ႐ုန္ယိရဲ႕စာကို ငါးႀကိမ္ထက္မနည္းဖတ္လိုက္ၿပီး အႀကိမ္တိုင္းလည္း ရယ္ေမာမိ၏။ စာဖတ္ၿပီးေနာက္ သူမရဲ႕ ေျမးေလးေတြကို ေတြ႕ခ်င္စိတ္ေတြပိုၿပီး ႀကီးမားလာရသလို ႐ုန္ယိအေပၚ သူမရဲ႕အျမင္ကလည္း ပိုေကာင္းမြန္လာေလသည္။
ေနာက္ဆုံးမွာေတာ့ သူမမြာ စာကို မခ်ခ်င္ခ်ခ်င္နဲ႕ ခ်လိဳက္ကာ ယင္က်င္းရဲ႕စာကို စာအိတ္ထဲျပန္ထည့္ၿပီး အေစာင့္ကို ကမ္းေပးလိုက္၏။
"ဒီစာကို အႀကီးအကဲေတြကို ျပလိုက္"
သူမရဲ႕အသံက တည္ၾကည္ေလးနက္ေနေလသည္။
အႀကီးအကဲေတြက သူတို႔ရဲ႕ ဒီလိုအျပဳအမူေတြကို လက္မေလွ်ာ့ဘဲ ဆက္လုပ္ေနဦးမယ္ဆိုရင္ အကယ္၍ သူတို႔သာ တစ္ခုခုျဖစ္သြားပါက တာဝန္ယူရမဲ့ကိစၥေတြကို ခံနိုင္ရည္ေတာ့ရွိရေပမည္။
႐ုန္ယိရဲ႕ စာကို ျပန္ေကာက္ကိုင္လိုက္တဲ့အခါ သခင္မႀကီးယင္မွာ ေပ်ာ္႐ႊင္ေနတဲ့ မ်က္ႏွာျပန္ျဖစ္သြားရ၏။ သူမေတာ့ ဒီစာေၾကာင့္ တစ္လေလာက္ေတာ့ ေပ်ာ္႐ႊင္ရေတာ့မယ္လို႔ ေတြးလိုက္မိၿပီး ေနာက္ထပ္ စာေတြလက္ခံရရွိဖို႔လည္း ေမွ်ာ္လင့္ေနမိသည္။
႐ုန္ယိမွာ ခ်ီသန႔္စင္အဆင့္၄ ကိုမေရာက္ခင္အထိ ေျခာက္ရက္ဆက္တိုက္ က်င့္ႀကံလိုက္ရေလသည္။ ထို႔ေနာက္မွာေတာ့ ေနာက္တစ္ဆင့္တင္ဖို႔က သူ႕အတြက္ေတာ့ သုံးလကေန ငါးလအထိ အခ်ိန္ယူရေပလိမ့္မည္။ ေနာက္ပိုင္း အဆင့္တက္မႈေတြက အခ်ိန္ပိုၾကာလာေပလိမ့္မည္။ ၿပီးေတာ့ အေျခတည္အဆင့္ကို ေရာက္ဖို႔ကေတာ့ ေနာက္ထပ္ႏွစ္ႏွစ္ေလာက္ အခ်ိန္ယူရေပလိမ့္ဦးမည္။
ေျခာက္ရက္ၾကာၿပီးေနာက္မွာေတာ့ သူ႕ရဲ႕ အာ႐ုံေလးခုကို ျပန္လည္ရရွိလာေလၿပီ။
႐ုန္ယိမွာ စိတ္လႈပ္ရွားစြာ မတ္တပ္ထရပ္လိုက္ၿပီး အသက္ျပင္းျပင္းရႉလိုက္သည္။ အသံေတြကို ျပန္ၾကားရၿပီး ရာသီဥတုကို ျပန္ခံစားရတာက အရမ္းေကာင္းမြန္လြန္းလွ၏။ ေလာကႀကီးက ဒီေလာက္အံ့ၾသစရာေကာင္းမွန္း သူဘယ္တုန္းကမွ မခံစားခဲ့ေရပ။
သူအျပင္ထြက္လိုက္တဲ့အခါ ယင္က်င္းရဲ႕က ႏွင္းက်ေနတာကို ၾကည့္ေနေလသည္။ သူအျမန္ေျပးသြားကာ သူ႕ပုခုံးကို ကိုင္ကာ ထိုင္ခ်လိဳက္ၿပီး
"ကေလးေတြအေဖ.. ကြၽန္ေတာ္ ခင္ဗ်ား အသံကို မၾကားရတာ ရက္အၾကာႀကီးရွိေနၿပီ.. တစ္ခုခုေျပာပါဦး.. ခင္ဗ်ားရဲ႕အသံက ဘယ္လိုမ်ိဳးလဲဆိုတာေတာင္ ကြၽန္ေတာ္ေမ့ေတာ့မယ္"
ယင္က်င္းရဲ႕မွာ မ်က္ခုံးေတြပင့္သြားၿပီး
"မင္း ျပန္ၾကားရၿပီလား"
႐ုန္ယိမွာ ၿပဳံးလိုက္ကာ
"ကေလးေတြအေဖ.. ကြၽန္ေတာ္ ခင္ဗ်ားအသံကို တစ္ကယ္ႀကိဳက္တာ သိလား.. ကြၽန္ေတာ့္နားေတြေတာင္ ကိုယ္ဝန္ရလုနီးပါးဘဲ"
ယင္က်င္းရဲ႕ "......"
ဘယႅို ေဖာ္ျပခိုင္းႏွိုင္းခ်က္မ်ိဳးႀကီးလဲ...
တံခါးနားမြာ ရပ္ေနတဲ့ ရွင္းဟယ္က ေျပာလာသည္။
"သခင္က ဆူပူေနမယ္ဆိုရင္ေရာ သခင္ေလး ဒိ္လိုမ်ိဳးဘဲ ခံစားရဦးမြာလား"
"သူက အဲ့လိုေျပာေနတဲ့အခ်ိန္မွာေတာင္မွ ခံ့ညားၿပီး ေၾကာ့ရွင္းတပ္မက္ဖြယ္ျဖစ္ေနမွာဘဲ"
ရွင္းဟယ္မွာ သူ႕ေမးသူထိၾကည့္လိုက္သည္။ သူ႕သခင္ စကားကို ၾကမ္းတမ္းစြာေျပာဆိုတာမ်ိဳး သူတစ္ခါမွမေတြ႕ဖူးေပ.. ဒါေၾကာင့္ အဲ့အခ်ိန္ သူဘယ္လိုပုံစံျဖစ္ေနမလဲဆိုတာ.သူလည္း သိခ်င္မိသည္။
ထိုအခ်ိန္မွာ တစ္ဖက္ၿခံဝန္းေလးထဲကေနၿပီး ကေလးေတြရဲ႕ တခစ္ခစ္ေပ်ာ္႐ႊင္ရယ္ေမာေနသံေတြကို ၾကားလိုက္ၾကရ၏။
႐ုန္ယိက ခ်က္ခ်င္း လွမ္းေအာ္လိုက္သည္။
"က်န္းမုေရ.. မင္းညီေလးႏွစ္ေယာက္ကို ဒီကိုေခၚလာခဲ့ဦး"
႐ုန္ယိရဲ႕စကားက က်န္းမုကို က်ည္ဆံတစ္ေတာင့္လိုမ်ိဳး ျပဳမူေစတဲ့ ခလုတ္တစ္ခုနဲ႕တူၿပီး သူက ခ်က္ခ်င္းဘဲ သူ႕ညီေလးႏွစ္ေယာက္ကို သယၠာ ႐ုန္ယိတို႔္ၿခံဝန္းထဲကို ေရာက္ရွိလာ၏။
"ေဖေဖ.."
ယင္ေထာင္က ႐ုန္ယိလက္ေမာင္းထဲကို ေျပးဝင္လာသည္။
႐ုန္ယိက သူ႕ရဲ႕ ေအးစက္နီရဲေနတဲ့ မ်က္ႏွာေလးကို ဆြဲလိုက္ၿပီး
"မင္းရဲ႕အသံေလးက ခ်ိဳသာၿပီး ခ်စ္စရာေကာင္းတယ္လို႔ ငါ ပထမဆုံးေတြးမိတာဘဲ.. ထပ္ေခၚပါဦး"
"ေဖေဖ..ေဖေဖ..ေဖေဖ..."
ယင္ေထာင္က လိမၼာစြာဘဲ ထပ္ေခၚလာသည္။
က်န္းမုက သူတို႔ က်ိဳ႐ႊီဂိုဏ္းကေန ခိုးယူလာၾကတဲ့ အဖိုးတန္ပစၥည္းေတြအကုန္လုံးကို ႐ုန္ယိေရွ႕ကို ခ်ေပးလိုက္သည္။
"ေဖေဖ့အတြက္..."
"ငါ့အတြက္လား.."
႐ုန္ယိမွာ အဌဂံပုံမီးဖိအိုးကိုၾကည့္ရင္း အံ့ၾသသြားရ၏။
"ဒါက ဘာလို႔ ဂိုဏ္းခ်ဳပ္ရဲ႕ခန္းမႀကီးထဲက တစ္ခုနဲ႕ တူေနရတာလဲ"
ယင္က်င္းရဲ႕က ေပါ့ေပါ့ပါးပါးေလသံနဲ႕ ေျပာလာသည္။
"ဒါေတြက တစ္ကယ္လည္း က်ိဳ႐ႊီဂိုဏ္းကေန ယူလာတာေတြဘဲေလ"
ကေလးေတြေနာက္ကေန လိုကႅာတဲ့ ရန္ခ်ိဳး႐ႊမ္က ၿပဳံးစိစိနဲ႕ အထဲကို ဝင္လာကာ
"ကေလးေတြက ငါ့အတြက္လည္း ပုလဲေတြ ရတနာပစၥည္းေတြ အမ်ားႀကီးယူလာေသးတယ္.. တစ္ခ်က္ၾကည့္တာနဲ႕ အဲ့တာေတြက ေရွာင္ယင္႐ုံရဲ႕ဟာေတြမွန္း သိသာတယ္ေလ.. သူ႕ဆီက ပစၥည္းဆို ဘာတစ္ခုမွ မလိုခ်င္ေပမဲ့ ဒါက ငါ့ေျမးေလးေတြရဲ႕ ေစတနာဆိုေတာ့ ငါ အဲ့တာေတြကို ယြဲ႕ရွီဆီယူသြားၿပီး အရည္က်ိဳၿပီး တစ္ျခားအဆင္တန္ဆာ လွလွေလးေတြ လုပ္ခိုင္းထားလိုက္တယ္."
႐ုန္ယိမွာ အဌဂံပုံမီးဖိုကို လိုခ်င္ေနတာ ၾကာလွၿပီျဖစ္တာေၾကာင့္ ေပ်ာ္ေပ်ာ္ႀကီးလက္ခံလိုက္ၿပီး က်န္းမုကို ေက်းဇူးတင္လိုက္သည္။
က်န္းမုမွာ သူေပးလိုက္တဲ့လက္ေဆာင္က မွန္ကန္သြားတာေၾကာင့္ ေပ်ာ္႐ႊင္ေနေလသည္။
႐ုန္ယိက ပါဝင္ပစၥည္းေတြ အကုႏႅဳံးကို အၾကမ္းဖ်င္းၾကည့္ရႈကာ သိမ္းလိုက္ၿပီး
"ေျမေအာက္အက်ဥ္းေထာင္ထဲက သားရဲေတြေရာ ဘယ္မွာလဲ.. သူတို႔ ဒီမြာ ရွိေနၾကေသးလား"
သူ ထိုေနရာကေန ထြက္လာတုန္းက နားမၾကားရေသးတာေၾကာင့္ သူတို႔ကို ကတိေပးထားတာကို မလုပ္ေပးရေသးေပ။
ရွင္းဟယ္က ျပန္ေျဖလာ၏။
"ဟုတ္ကဲ့.. ကြၽန္ေတာ္ သူတို႔ကို လာဖို႔ေခၚလိုက္မယ္"
ရန္ခ်ိဳး႐ႊမ္က
"သူတို႔က နည္းနည္းေတာ့ ဆႏၵေစာေနၾကေပမယ့္.. မင္း မၾကားရတာသိေနေတာ့လည္း စိတ္ရွည္ရွည္နဲ႕ ေစာင့္ေန႐ုံဘဲ တတ္နိုင္ၾကတယ္ေလ"
သိပ္မၾကာခင္မွာဘဲ အေမႊးထူႂကြက္မည္းေတြနဲ႕ ခရမ္းနက္ေရာင္ ေရေႁမြေတြက အထဲကိုဝင္လာၾက၏။
႐ုန္ယိ သူတို႔ကို ေက်းဇူးတင္ေၾကာင္း ေျပာလိုက္သည္။
"မင္းတို႔နဲ႕ တစ္ျခားသားရဲေတြအေပၚ ငါအေႂကြးတင္သြားၿပီ.. မင္းတို႔က ငါ့ကိုကူညီၿပီး သတင္းပို႔ေပးတာေၾကာင့္သာမဟုတ္ရင္ ငါ အခုခ်ိန္ထိ ေျမေအာက္အက်ဥ္းေထာင္ထဲမွာ ရွိေနဦးမွာ.. ဒါနဲ႕ မင္းတို႔ အရင္တစ္ေခါက္က ေျပာေတာ့ က်ဳံးကုနယ္ေျမကိုသြားၿပီး သခင္ရွန္က်ဲ့လို႔ေခၚတဲ့ ျမင့္ျမတ္တဲ့သားရဲကို သြားရွာမလို႔ဆို ဟုတ္တယ္မလား"
ႂကြက္မည္းက စိတ္အားထက္သန္စြာနဲ႕ ေခါင္းၿငိမ့္လာသည္။
"ဟုတ္တယ္.. ငါတို႔ သခင္ရွန္က်ဲ့ကို သြားရွာၾကမလို႔"
"သခင္ရွန္က်ဲ့.."
ယင္က်င္းရဲ႕မွာ မ်က္လုံးေတြ ေမွးက်ဥ္းသြား၏။
"က်ဳံးကုနယ္ေျမကို အုပ္ခ်ဳပ္တဲ့ ျမင့္ျမတ္တဲ့သားရဲလား"
"ဟုတ္တယ္"
ယင္က်င္းရဲ႕က တည္ၿငိမ္စြာဆိုလာ၏။
"သူက လြန္ခဲ့တဲ့ ႏွစ္ေျခာက္ရာကတည္းက ေပ်ာက္ေနတာ"
ႂကြက္မည္းေတြနဲ႕ ေရေႁမြေတြမွာ ဘာျပန္ေျပာရမွန္းမသိေတာ့။
"သူက ေပ်ာက္ေနတာလား"
"အင္း.. ဒါေပမဲ့ တစ္ခ်ိဳ႕ကေတာ့ သူေသသြားၿပီလို႔ ေျပာၾကတယ္"
ႂကြက္မည္းက အျမန္ျငင္းဆိုလာသည္။
"မျဖစ္နိုင္တာ.. သူက ဒ႑ာရီလာသားရဲ ပိုင္က်ဲ့နဲ႕ ဇာမဏီတို႔ရဲ႕ ေသြးမ်ိဳးဆက္ျဖစ္တဲ့ ျမင့္ျမတ္တဲ့သားရဲေလ.. သူကမေသနိုင္ဘူး.. သူ႕ကိုဘယ္သူမွ မသတ္နိုင္ဘူး"
ရန္ခ်ိဳး႐ႊမ္က ရွင္းျပလိုက္၏။
"ဒါေပမဲ့ သူေပ်ာက္ေနတာ ႏွစ္ရာခ်ီေနၿပီ.. အခု က်ဳံးကုနယ္ေျမက အုပ္စုေတြအမ်ားႀကီးကြဲထြက္ေနၿပီး.. အင္အားႀကီးသားရဲေတြက အုပ္ခ်ဳပ္ေနၾကတာ.. မင္းတို႔က သခင္ရွန္က်ဲ့ကို ေတြ႕ခ်င္႐ုံဘဲဆိုရင္ေတာ့ အဲ့ေနရာကို မသြားဖို႔ဘဲ အႀကံေပးခ်င္တယ္.. အဲ့ကအေျခအေနေတြက အရမ္းေၾကာက္စရာေကာင္းတယ္.. အဲ့က သားရဲဘုရင္ေတြအကုန္လုံးက က်ဳံးကုနယ္ေျမက အျမင့္ဆုံးအာဏာအတြက္ တစ္ႏွစ္ပတ္လုံးတိုက္ခိုက္ေနၾကတာ.. မင္းတို႔ရဲ႕ က်င့္ႀကံေရးအရဆိုရင္ သိပ္မၾကာခင္မွာဘဲ သူတို႔လက္ထဲမွာ ေသသြားလိမ့္မယ္"
ႂကြက္မည္း "......."
ေရေႁမြ "......."
ခန္းမႀကီးတစ္ခုလုံးမွာ တိတ္က်သြား၏။
႐ုတ္တရက္ အျပင္ဘက္ကေန တစ္ေယာက္ေယာက္က ေျပာလာသည္။
"သခင္ရွန္က်ဲ့က အသက္ရွင္ေနေသးတယ္ ထင္တယ္"
လူတိုင္းအျပင္ဘက္ကို လွမ္းၾကည့္လိုက္တဲ့အခါ ယင္စုက ပ်ံဝင္လာတာကို ေတြ႕လိုက္ရ၏။
႐ုန္ယိမွာ သိခ်င္သြားကာ
"ခင္ဗ်ား ဘယ္လိုလုပ္သိလဲ"
"ေျပာၾကတာေတာ့ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ေလာက္က သားရဲတစ္ေကာင္က သူ႕ကိုေတြ႕လိုက္တယ္တဲ့"
"လြန္ခဲ့တဲ့ႏွစ္အနည္းငယ္.. အတိအက် ဘယ္ႏွစ္ႏွစ္ေလာက္လဲ"
ယင္က်င္းရဲ႕ ေမးၾကည့္လိုက္သည္။
ယင္စုက ခဏေလာက္စဥ္းစားၾကည့္လိုက္ကာ
"က်ဳပ္ထင္တာေတာ့ ခုႏွစ္ႏွစ္ ရွစ္ႏွစ္ေလာက္ေပါ့"
"ဘယ္ေနရာမွာလဲ"
"က်ဳံးဟိုင္နယ္ေျမေရာ ေပပနယ္ေျမေရာ ႏွစ္ေနရာစလုံးမွာဘဲ.. အမွန္ ဟုတ္လား မဟုတ္လားေတာ့ က်ဳပ္လည္း ေသခ်ာမသိဘူး.. က်ဳပ္လည္း တစ္ျခားသူေတြေျပာတာ ၾကားခဲ့႐ုံဘဲ.. အတည္ျပဳေပးတဲ့သူေတာ့မရွိဘူး"
ယင္က်င္းရဲ႕ "......"
႐ုန္ယိမွာေတာ့ ယင္က်င္းရဲ႕က သခင္ရွန္က်ဲ့ဘယ္မွာရွိေနလဲဆိုတာ သိရဖို႔ကို သားရဲႏွစ္အုပ္စုထက္ေတာင္မွ ဘာလို႔မ်ား ဆႏၵေတြေစာေနရတာလဲဆိုတာ သိခ်င္သြားရသည္။
ႂကြက္မည္းက နားမလည္နိုင္စြာနဲ႕ ေမးလာသည္။
"သူက ဘာလို႔ ေပ်ာက္ဆုံးသြားရတာလဲ"
ယင္စုက ျပန္ေျဖလိုက္၏။
"တစ္စုံတစ္ေယာက္က သူ႕ရဲ႕နတ္ဘုရားလိုစြမ္းအားေတြကို လိုခ်င္ခဲ့ၿပီးေတာ့ သူ႕ကို ဒဏ္ရာအျပင္းအထန္ရသြားေအာင္လုပ္ခဲ့တာလို႔ ၾကားတယ္..ဒါေၾကာင့္ သူက ပုန္းေနဖို႔ကို ေ႐ြးခဲ့တာတဲ့"
သားရဲႏွစ္ေကာင္မွာ အၾကည့္ခ်င္း ဖလွယ္လိုက္ၾကေပမဲ့ ဘာမွေတာ့ ေျပာမလာၾကေတာ့..။
"အကယ္၍ မင္းတို႔ က်ဳံးကုနယ္ေျမကို သြားခ်င္ေသးတယ္ဆိုရင္လည္း.."
႐ုန္ယိက ေျပာလိုက္သည္။
"မင္းတို႔ကို အဲ့ကိုပို႔ေပးမဲ့ တစ္ေယာက္ေယာက္ရွာေပးဖို႔ ငါ့ရဲ႕က်င့္ႀကံေဖာ္ကို ေမးေပးလို႔ရတယ္.. ဒါေပမဲ့ မင္းတို႔ မဆုံးျဖတ္ရေသးဘူးဆိုရင္လည္း ေတြးေတာၿပီးတဲ့အထိ ဒီမွာဘဲေနလို႔ရတယ္.. အကူအညီလိုရင္ ငါ့ကိုသာလာေျပာလိုက္"
သူတို႔မွာ မ်က္လုံးေတြ အေရာင္လက္သြားၿပီး
"ငါတို႔ ဒီမွာေနလို႔ရလား"
သူတို႔မွာက သြားစရာေနရာမရွိေပ.. ႐ုန္အိမ္ေတာ္က သူတို႔အတြက္ေတာ့ လုံးဝကိုအၿပီးျပည့္စုံဆုံး ေနရာဘဲ ျဖစ္ေလသည္။
"ဒါေပါ့"
"ဒါေပမဲ့ ငါတို႔က အမ်ားႀကီးေနာ္"
ရန္ခ်ိဳး႐ႊမ္က သူမရဲ႕နဖူးကို ကိုင္လိုက္ကာ
"ယိအာ.. မင္းအျပင္ကို တစ္ခ်က္ေလာက္သြားၾကည့္ပါလား"
"......"
႐ုန္ယိ အခန္းအျပင္ဘက္ကို ေလွ်ာက္သြားၾကည့္လိုက္တဲ့အခါ ေခါင္မိုးေတြ ၊ တိုင္လုံးေတြ နဲ႕ ရက္မေတြေပၚမွာ မ်ားစြာေသာ သားရဲမ်ိဳးစုံကို ေတြ႕လိုက္ရေလသည္။
"ဘာလို႔ အဲ့ေလာက္ေတာင္ မ်ားေနရတာလဲ"
သူ႕အိမ္ေတာ္ႀကီးက တိရစ္ဆာန္႐ုံျဖစ္ေတာ့မယ္လို႔ သူခံစားေနရ၏။
"က်ိဳ႐ႊီဂိုဏ္းထဲမွာေနၾကတဲ့ သားရဲအားလုံးနီးပါးက ကြၽန္ေတာ္တို႔အိမ္ေတာ္ထဲကို ထြက္ေျပးလာၾကတာေလ"
ရွင္းဟယ္က ျပန္ေျဖလိုက္သည္။
ေခါင္မိုးေပၚမွာ နားေနတဲ့ ငွက္က ေျပာလာသည္။
"ငါတို႔က ေခါင္မိုးေလးဘဲ ယူမွာပါ.. ငါတို႔ကို မႏွင္ထုတ္ပါနဲ႕ေနာ္"
ဒီေနရာက ဝိညာဥ္ခ်ီေတြက က်ိဳ႐ႊီဂိုဏ္းထဲမွာထက္ ပိုၿပီးသန့္စင္သည္။ ဒီမွာ ရက္အနည္းငယ္ေလာက္ က်င့္ႀကံတာက က်ိဳ႐ႊီဂိုဏ္းမွာ.တစ္လေလာက္က်င့္ႀကံတာနဲ႕ တူညီ၏။ သူတို႔ ဒီေနရာကေန ထြက္မသြားခ်င္ေပ။
တိုင္လုံးေတြ ရက္မေတြေပၚက သားရဲေတြကလည္း သူတို႔ကို မေမာင္းထုတ္ဖို႔ ႐ုန္ယိကို ေတာင္းဆိုလာၾကသည္။ သူတို႔မွာ က်င့္ႀကံဆင့္နိမ့္တဲ့အျပင္ အခုမွ ပထမဆုံးအႀကိမ္ က်ိဳ႐ႊီဂိုဏ္းကေန ထြက္လာတာျဖစ္တာေၾကာင့္ ဘယ္ကိုသြားရမွန္းလဲ မသိၾကေပ။
႐ုန္ယိမွာ အေနရခက္စြာနဲ႕ ပတ္ပတ္လည္ကို လိုက္ၾကည့္လိုက္သည္။ အေရအတြက္က တစ္ကယ့္ကို မ်ားလြန္းတာေၾကာင့္ သူတို႔အကုန္လုံးကို ေနရာခ်ေပးဖို႔ကေတာ့ မလြယ္ကူလွ.. ဒါေပမဲ့ အဲ့လိုလုပ္လိုက္လို႔လည္း.သူ႕အတြက္ ဘာမွ ထိခိုက္မသြားေပ။
ခဏေလာက္ေတြးၾကည့္ၿပီး သူေျပာလိုက္၏။
"ေနလို႔ရပါတယ္ ဒါေပမဲ့ မင္းတို႔ ျပႆနာရွာတာေတြ တိုက္ခိုက္ၾကတာေတြေတာ့ မလုပ္ရဘူး.. ဒါ့အျပင္ မင္းတို႔ ဒီမွာ အလကားလည္း ေနလို႔မရဘူး.. ငါ့အတြက္ ကိစၥေတြေတာ့ လုပ္ေပးဖို႔လိုတယ္"
သားရဲတစ္ေကာင္က ေမးလာသည္။
"ဘာလုပ္ေပးရမွာလဲ.. မင္းက ငါတို႔ရဲ႕ လြတ္လပ္ခြင့္ကို ကန့္သတ္ခ်ဳပ္ခ်ယ္မွာလား.. အဲ့တာက ငါတို႔အသက္ေတြကိုေရာ ထိခိုက္လာနိုင္လား"
႐ုန္ယိက ေခါင္းခါလိုက္ၿပီး
"မဟုတ္ပါဘူး.. မင္းတို႔ေတြအကုန္ လြတ္လြတ္လပ္လပ္ပါဘဲ.. ဒီကေနထြက္သြားခ်င္တယ္ဆိုရင္လည္း အခ်ိန္မေ႐ြးရတယ္.. မင္းတို႔လုပ္ရမဲ့အလုပ္ကလည္း စကားေျပာသေလာက္ကို လြယ္ပါတယ္.. ေသခ်ာေပါက္ မင္းတို႔အသက္ကို ထိခိုက္ေစမွာမဟုတ္ဘူး.."
ဒါကိုၾကားတဲ့အခါ သားရဲေတြအကုန္လုံး ဒီမွာေနဖို႔ ဆႏၵရွိၾကေလသည္။
႐ုန္ယိ သူတို႔ကို ေနရာခ်ေပးလိုက္၏။
"ေျမႀကီးထဲမွာ ေနနိုင္တဲ့သူေတြကေတာ့ တြင္းတူးေနၾက..တစ္ျခားသူေတြကေတာ့ ေနဖို႔ ကိုယ့္ဘာသာဘဲ ေနရာရွာလိုက္ၾကေတာ့.. ဒါေပမဲ့ ေလွ်ာက္လမ္းေတြ ၊ ၿခံဝန္းထဲက လူျမင္ကြင္းေတြနဲ႕ ငါတို႔အခန္းေတြကိုေတာ့ မေ႐ြးၾကနဲ႕"
ထိုသားရဲေတြမွာ အကုန္လုံး ေပ်ာ္႐ႊင္သြားၾက၏။
ရန္ခ်ိဳး႐ႊမ္မွာ အနည္းငယ္အံ့အားသင့္သြားၿပီး
"ယိအာ.. မင္းတစ္ကယ္ဘဲ သူတို႔အားလုံးကို ေခၚထားမလို႔လား"
"သူတို႔က အကူအညီရနိုင္တယ္ေလ.. ယာယီေတာ့ ဒီမွာ ေနခိုင္းထားလိုက္ပါ.. သူတို႔အတြက္ တစ္ျခားေနရာေတြရွာေတြ႕ေတာ့မွဘဲ ကြၽန္ေတာ္ သူတို႔အတြက္ ထပ္စီစဥ္ေပးလိုက္ေတာ့မယ္"
ထိုအခ်ိန္မွာ ရွန္းလြီ့နဲ႕ပုခ်ီတို႔က ဝင္လာၾကသည္။
"ဆရာ"
႐ုန္ယိက ၿပဳံးျပလိုက္သည္။
"ခင္ဗ်ားတို႔ ေရာက္လာၾကၿပီလား"
"ဆရာ..အဆင္ေျပရဲ႕လား"
ရွန္းလြီ့က ႐ုန္ယိရဲ႕ က်န္းမာေရးအေျခအေနကို သိခ်င္ေနတာျဖစ္၏။
"ေကာင္းပါတယ္"
႐ုန္ယိက တစ္ပတ္လွည့္ျပလိုက္ၿပီး
"ဒီ့ထက္ေကာင္းတာ မရွိေတာ့ဘူး"
႐ုန္ယိကို ေတြ႕တဲ့အခါ ပုခ်ီမွာ ဘာစကားမွထြက္က်မလာေတာ့..။
႐ုန္ယိက ေလထုကို သက္ေတာင့္သက္သာျဖစ္ေအာင္ လုပ္ဖို႔ ႀကိဳးစားလိုက္သည္။
"လာၾကေလ.. ၿခံထဲမွာ လမ္းေလးခဏေလာက္ေလွ်ာက္ၾကရေအာင္"
ပုခ်ီက ေခါင္းၿငိမ့္လာသည္။
ပုခ်ီမွာ ေျပာစရာတစ္ခုခုရွိေနမွန္းသိတာေၾကာင့္ ရွန္းလြီ့က လိုက္မသြားေတာ့။
သူတို႔ ၿခံဝန္းထဲကို ေရာက္တာနဲ႕ သားရဲငွက္ေတြရဲ႕ က်ည္က်ည္က်ာက်ာေအာ္ျမည္ေနသံေတြကို ၾကားလိုက္ၾကရ၏။
႐ုန္ယိက ၿပဳံးလိုက္ၿပီး
"အခု ဒီေနရာက ပိုၿပီး အသက္ဝင္တက္ႂကြသြားတယ္.. ေဆာင္းရာသီနဲ႕ေတာင္မတူေတာ့ဘူး"
"ဆရာ.."
ပုခ်ီမွာ အေနရခက္သလိုခံစားေနရသည္။
"ဆရာ က်ိဳ႐ႊီဂိုဏ္းမွာ ခံစားခဲ့ရတဲ့ ႏွိပ္စက္မႈေတြအတြက္ က်ဳပ္ေတာင္းပန္ပါတယ္"
"ဒါက ခင္ဗ်ားလုပ္တာမွ မဟုတ္တာ... ခင္ဗ်ားက ဘာလို႔ေတာင္းပန္ရမွာလဲ"
"ဂိုဏ္းခ်ဳပ္ရဲ႕ ဆရာအဘိုးေလးအေနနဲ႕ က်ဳပ္ သူ႕ကို ေသခ်ာမသင္ၾကားေပးခဲ့မိဘူးေလ.. အဲ့အတြက္ ေတာင္းပန္တာပါ"
႐ုန္ယိက လက္ေနာက္ပစ္ထားကာ ေရခဲေနတဲ့ ကန္ေပၚက ႀကိဳးၾကာကို ၾကည့္ေနရင္းနဲ႕ က်ိဳ႐ႊီဂိုဏ္းက မေသမ်ိဳးသားရဲက ဘာလို႔ ဒီေရာက္ေနတာလည္း သိခ်င္သြားရသည္။
"ကြၽန္ေတာ့္ကို ကူညီေတာ့မဲ့ ဂိုဏ္းခ်ဳပ္က ဘယ္လိုလုပ္ၿပီး သူ႕မိန္းမနားခ်တာကို ခံလိုက္ရတာလဲဆိုတာကိုဘဲ ကြၽန္ေတာ္သိခ်င္တာပါ"
"အဲ့တာက......"
ပုခ်ီက ႐ုန္ယိကို ျဖစ္စဥ္တစ္ခုလုံးကို ေျပာျပလာသည္။
႐ုန္ယိမွာ မ်က္ခုံးေတြ တြန့္သြားရၿပီး
"ဒါဆို သူတို႔ ကြၽန္ေတာ့္ကို ဒီလိုေျဖရွင္းတာက အကုန္လုံး ယင္အႀကီးအကဲေတြေၾကာင့္လို႔ ဆိုလိုတာေပါ့"
"ဟုတ္ပါတယ္"
႐ုန္ယိက ႏွာေခါင္းရႈံ႕လိုက္ကာ
"ကြၽန္ေတာ့္လို ဘာမဟုတ္တဲ့ သူေလးတစ္ေယာက္နဲ႕ ရင္ဆိုင္ဖို႔အတြက္ကို သူတို႔ေတာ္ေတာ္ႀကီး စိတ္ဆင္းရဲခံလိုက္ၾကရတာဘဲ"
ပုခ်ီက ႐ုန္ယိအတြက္ စိတ္ပူေနမိတာေၾကာင့္
"ယင္အႀကီးအကဲေတြက ရက္စက္ၿပီး ရင္ဆိုင္ေျဖရွင္းဖို႔ခက္တယ္.. တစ္ခုက်ရႈံးသြားရင္ ေနာက္ထပ္ေနာက္ထပ္ အခြင့္အေရးေတြကို အမိအရဖမ္းဆုပ္ၾကမွာဘဲ"
"ရင္ဆိုင္ဖို႔ ခက္တယ္လား..ကြၽန္ေတာ္ေတာ့ အဲ့လိုမထင္ဘူး"
႐ုန္ယိက သူတို႔ကို မ်က္လုံးထဲကို လုံးဝကို မထည့္ထားေပ။
ပုခ်ီက ႐ုန္ယိမွာ ဝွက္ဖဲတစ္ခ်ပ္ရွိေနမွန္း ခံစားရတာေၾကာင့္ ခ်က္ခ်င္း ေမးလိုက္၏။
"ဆရာ...ဆရာက.."
႐ုန္ယိက သူ႕ကို ျပန္ေမးလာသည္။
"ခင္ဗ်ား.. ခင္ဗ်ားရဲ႕ဆရာ ကြၽန္ေတာ့္အတြက္ ကလဲ့စားေခ်ေပးခ်င္လား"
"ဒါေပါ့"
သူ႕ဆရာတစ္ေယာက္တည္းအတြက္သာမကဘဲ က်ိဳ႐ႊီဂိုဏ္းတစ္ခုလုံးအတြက္ပါ ပုခ်ီ ကလဲ့စားေခ်ခ်င္ေနတာျဖစ္၏။ သူတို႔ေၾကာင့္ က်ိဳ႐ႊီဂိုဏ္းက အခုလိုနိမ့္က်သြားၿပီး ဒီလိုရလဒ္မ်ိဳးရလာတဲ့အခ်ိန္မွာ ထိုအႀကီးအကဲေတြကေတာ့ သူတို႔ရဲ႕ကိုယ္ပိုင္ဘဝကို သက္ေတာင့္သက္သာေလး ျဖတ္သန္းေနၾကေလသည္။ ဒါကို ပုခ်ီ ဘယ္လိုလုပ္ သည္းခံနိုင္ပါ့မလဲ..။
႐ုန္ယိက စာ႐ြက္တစ္႐ြက္နဲ႕ စုတ္တံတစ္ေခ်ာင္းထုတ္ယူကာ ပုံတစ္ပုံဆြဲလိုက္ၿပီး ပုခ်ီကို ကမ္းေပးလိုက္သည္။
"ဒီပုံစံအတိုင္း မြမ္းမံျခင္းအင္းကြက္ ငါးခုလုပ္.. ၿပီးရင္ အဲ့တာေတြကို တုံထန္းနယ္ေျမက ဒုတိယအင္အားအႀကီးဆုံးမိသားစုနဲ႕ ယင္မိသားစုနဲ႕ ဆန့္က်င္ဖက္မိသားစုေတြဆီကို ပို႔လိုက္.. ဒီတိုက္ခိုက္ေရးအင္းကြက္ေတြက သူတို႔ရဲ႕ လက္နက္ေတြကို အဆင့္ျမႇင့္တင္ေပးနိုင္တယ္လို႔ သူတို႔ကိုေျပာလိုက္.. သူတို႔ ဒါေတြထပ္ၿပီးလိုခ်င္ရင္ ယင္အႀကီးအကဲေတြရဲ႕ ေခါင္းနဲ႕လာလဲလို႔ရတယ္.."
ပုခ်ီ "!!!"
သူ႕ဆရာက လက္ထဲမွာရွိေနတဲ့ ကတ္ေတြကို ဘယ္လို ကစားရမလဲဆိုတာ တစ္ကယ္သိလြန္းတယ္ဆိုတာေတာ့ သူဝန္ခံရမည္။ သူက ကမၻာႀကီးကို မီးတင္ရွို႔ခ်င္ေနတာဘဲ..။
"သခင္ယင္ကေရာ..."
"ကြၽန္ေတာ္ သူ႕ကိုရွင္းျပလိုက္မယ္.. ၿပီးေတာ့ သူတို႔ေခါင္းေတြကိုရဖို႔ဆိုတာကလည္း မလြယ္ကူပါဘူး..သူတို႔ကို အခက္ေတြ႕ေအာင္လုပ္နိုင္႐ုံေလာက္ဘဲ.. ဒုတိယအင္အားအႀကီးဆုံးမိသားစုကသာ သူတို႔ၿပိဳင္ဖက္အေနနဲ႕ဆိုရင္ သူတို႔ေသခ်ာေပါက္ ဒုကၡေတာ့ ေရာက္ၾကမွာဘဲ.. အဲ့အႀကီးအကဲေတြက အၿမဲတမ္း ကြၽန္ေတာ့္ရဲ႕ မြမ္းမံျခင္းအင္းကြက္ေတြကို အထင္ေသးေနတာေလ.. အဲ့အင္းကြက္ေတြရဲ႕ ဆြဲေဆာင္နိုင္မႈနဲ႕ စြမ္းအားကို သူတို႔သိေအာင္ ျပေပးလိုက္မယ္"
ပုခ်ီမွာေတာ့ ေနာက္ထပ္ ဘာေတြျဖစ္လာမလဲဆိုတာ တစ္ကယ့္ကို သိခ်င္ေနေလၿပီ။
"က်ဳပ္ အခုခ်က္ခ်င္း သြားလုပ္လိုက္ေတာ့မယ္"
"ခ်ီယြဲ႕ရွီနဲ႕ တစ္ျခားသူေတြကို ဒီကိုေခၚေပးဖို႔ ႐ုန္စုကိုေျပာေပးပါဦး.. ကြၽန္ေတာ္ သူတို႔ကို ေျပာစရာရွိေသးတယ္"
"ဟုတ္ကဲ့"
************
5.3.2022