အိပ်ကောင်းကောင်းနဲ့ အိပ်နေသည်မှာနေတောင်
မြင့်နေလေပြီ။ ဆက်အိပ်ချင်သေးပေမယ့်လည်း
ကျောကလည်းအတော်ပူလှပြီ။ လေးတိလေးကန်
ခြေလှမ်းတို့နဲ့ အိပ်မှုန်စုံထားဖြစ်နေသော်မျက်လုံး
တို့ကိုပွတ်သပ်ကာရေချိုးခန်းဆီဝင်ခဲ့သည်။
မနက်စာစားဖို့မီးထို့ချောင်ဆီဝင်လာချိန်တော့
ဝတ်ဝတ်စားစားနဲ့ ပြင်ပြင်ဆင်ဆင် ၊ဆင်ယင်
ထားပုံကတစ်နေရာရာသွားဖို့ရှိသလိုမျိုး
မနက်စာကိုလည်း ခပ်သွက်သွက်သွတ်လို့
စားနေသည်။
" နိုးပြီလား ကင်မ်..."
" အွန်း...ငယ်ကသွားစရာရှိလို့လား
အစောကြီးကို "
ခုံမှဝင်ထိုင်လို့ပါမုန့်တစ်ချက်ကိုယိုသုတ်ပြီး
စားရင်းမေးတော့ ငယ့်မျက်နှာကမအီမသာနဲ့
" ဟုတ်တယ်...ဉက္ကဌကြီးဆီသွားမို့ရယ်
ဟိုလေ ကင်မ်...ဉက္ကဌကြီးကိုလေကင်မ်အခု
လုပ်ထားတဲ့ပရော့ဂျက်ကိုရောင်းဖို့
ပေးလိုက်လားဟင် "
" ဟင်! မပေးရပါဘူး..."
" ဒါဖြင့် သူကရောင်းမို့ဆိုပြီးဝယ်သူနဲ့တောင်
စကားပြောပြီးပြီတဲ့...ငယ့်ကိုလည်းဒီနေ့
လူတစ်ယောက်နဲ့ပေးတွေ့မယ်ပြောတယ်
အဲ့လူကကင်မ့်အစားငယ်နဲ့အလုပ်တွဲရမှာတဲ့ "
" ဘယ်လို! အလုပ်တွဲလုပ်ရမယ် "
ခပ်ကျယ်ကျယ်ထွက်လာသော ကင်မ့်
အသံကြောင်စားလက်စမနက်စာလေးတောင်
မဝင်တော့ပေ။
" ဒီလိုလုံးဝပေးမလုပ်နိုင်ဘူး ...
ကိုယ်ဒယ်ဒီ့ဆီသွားမှဖြစ်မယ် "
ပြောလည်းပြောဝုန်းကနဲ့ထရပ်၍ကင်မ်က
သွားဖို့ပြင်နေသည်။သူလည်းဆက်ကနဲထရပ်
လိုက်ကာကင်မ့်ကိုတာဖို့ပြင်တော့ ရှေ့ကသွား
နေသူကချင်ချင်းနောက်ကိုဆက်ကနဲ့လှည့်လို့
သူလက်မောင်းတွေကိုဆုပ်ကိုင်ထား၏။
" ငယ်ဘယ်မှမသွားရဘူးနော်...ကိုယ်ဘဲ
သွားမယ်...ဒီကိစ္စကဒယ်ဒီနဲ့ကိုယ်ဘဲရှင်းမှရမယ်
ငယ်ဘယ်သူနဲ့မှတွဲလုပ်စရာမလိုဘူး "
" ကင်မ်... စိတ်လိုက်မာန်ပါတွေမလုပ်ပါနဲ့
သွားချင်ရင် ငယ်လိုက်ပို့ပေးမှာပေါ့ "
ပြန်လှည့်ထွက်ဖို့ပြင်နေတဲ့ကင်မ့်လက်ကိုဆွဲကာ
တားလိုက်မိ၏။
ပြန်ကောင်းတာမှမကြာသေးဘဲ တစ်ယောက်ထဲ
ထပ်ထွက်သွားဖို့လုပ်နေသော ကင်မ့်ကိုသူ
လုံးဝစိတ်မချနိုင်ဖြစ်နေသည်။
" ရတယ် ...ကိုယ်ဦးလေးဟွမ်း နဲ့သွားလိုက်မယ်
ငယ်ကဒီမှာဘဲကိုယ့်ကိုစောင့်နေနော် "
" ကင်မ်...ကင်မ့်! "
သူခေါ်တာကိုတစ်ချက်မကြည့် အလောသုံးဆယ်
ပြေးထွက်သွားသောကင်မ့်ကိုဘယ်လိုမှတားမရ
သူမှာသည့်အတိုင်းအိမ်ကသာထိုင်စောင့်နေရမည်။
သားအဖနှစ်ယောက်ကြား သူမဝင်တာကောင်းသည်လေ
ဟိုတစ်ရက်ကဆိုလည်း ဒေါတွေကန်လို့ဝုန်းဒိုင်းကျဲ
တာလဲသူဘဲ အခုထပ်ပြီးဘာတွေဖြစ်လာဦးမယ်
မသိ။ အခုလည်းတစ်ခုခုဆိုစိတ်ဆက်လို့ ထင်ရာ
တွေလုပ်လုပ်တတ်ပြီး မူမမှန်တာလည်းသတိထားမိ
ပြန်သည်။
ဒီအကြောင်းကိုလည်းပြောရနိုးနိုးမပြောရနိုးနိုးနဲ့
မပြောပြန်ရင်လည်းမကောင်းတာမို့ပြောလိုက်မိတာ
အခုတော့ပိုဆိုးကုန်ပြီ။
" ခက်တော့တာဘဲကင်မ်ရယ် "
......
ကမူးရှုးထိုး ဖြစ်ပျက်နေသည့်သူပုံမှာ
တားမရဆီးမရကိုဖြစ်နေပြီ။ ကားပေါ်ကခြေချ
သည်နှင့် တွေ့လိုက်ရသောချွန်းဘယ်မျက်နှာ
ကြောင့် လက်သီးကျစ်ကျစ်ဆုပ်ထားမိ၏။
ကုမ္ပဏီကိုချောင်းပေါက်မတက် ဒယ်ဒီ့ရုံးခန်း
အားတံခါးမရှိဓားမရှိဝင်ထွက်နေပါသော
ထိုသတ္တဝါ ကိုစိတ်ထဲအမျိုးမျိုးကြိမ်းဝါးနေမိသည်မှာ
ထိုလူ၏မျက်နှာမြင်လိုက်တိုင်းပင်ဖြစ်သည်။
ဒေါသမင်းမူနေသည့် ထယ်ယောင်းက
ဂျာကင်အနက် အောက်ရှပ်အဖြူဝတ်လို့
ဂျင်းဘောင်းဘီ ကအပြဲရာပေါင်းများစွာနဲ့
လမ်းသရဲစတိုလ်ခပ်ရမ်းရမ်း ဖြစ်နေပြီး
ဆံပင်ဘုတ်သိုက်နားကပ်တွဲလောင်းတွေက
ရိုးတို့ယမ်းတန်း နဲ့မျက်စိရှုပ်စရာဖြစ်နေသည့်
ချွန်းဘယ်ကိုကြည့်ကာ ကျစ်တစ်ချက်စုတ်သတ်ရင်း
ဝင်သွားလေတော့သည်။
သူ့အားခြေအဆုံးခေါင်းအစကြည်သွားသော
ထယ်ယောင်းက ကုမ္ပဏီကိုလာသည့်ဒီဇိုင်းက
ဒီလိုလာဆိုသည့် အမြင်မကြည်တဲ့အနေအထား
မှာပေမယ့်သူမပြင်နိုင်။ ဒါတွေကသူအကြိုက်ဘဲလေ
ပြီးတော့ဒီအလုပ်တွေကလည်းသူနဲ့အပ်ဆက်တာမဟုတ်
အချိန်တန် သွေးမစပ်အစ်ကိုကင်မ်ထယ်ယောင်း
သာပိုင်သွားရမှာဖြစ်ပြီး သူကျန်းမာရေးမကောင်း
လို့လတ်တလောလာကူညီရုံအပြင် ဘာအာရုံမှရှိမနေပါ။
ဆိုင်ကယ်သော့ကိုလှည့်လို့လေချွန်ကာ ထယ်ယောင်း
ဝင်သွားပြီးခဏအကြာမှလိုက်၍ဝင်လာလိုက်သည်။
ငယ်စဉ်က မသင့်မြတ်တင်းမာမှုတွေက အခုချိန်ထိ
သူတို့ကြား အရှိန်မပြေနိုင်သေးတဲ့ခါ ဘယ်သူကမှ
လည်းအလျော့မပေးသလို ဘယ်သူ့ဘက်ကမှလည်း
ရန်မမူနေပါ။ နှစ်ယောက်စလုံးကမီးကဲ့သို့လေဆိုသည့်
အရာပင့်မှ တဟုန်းဟုန်းတောက်လောင်သည့်အမျိုး။
.
.
.
" ဒါကတအားလွန်တယ်မထင်ဘူးလား
အနည်းဆုံးတော့ကျွန်တော်နဲ့တိုင်ပင်သင့်တယ် "
" ငါတိုင်ပင်တော့ရော မင်းကလက်ခံမှာလား
ဒါကငါတို့မိသားစုအကျိုးစီးပွားအတွက်ဘဲလေ
ဘာတွေဒီလောက်ဒေါကန်နေရတာလဲ "
ခပ်အေးအေးနဲ့ လပ်တော့မျက်နှာပြင်က
မျက်လုံးမကွာဘဲ ကင်မ်ချာယောင်းပြောသည့်
စကားကြောင့်နထင်သွေးဆောင့်တက်သွားသည်။
မိသားစုအကျိုးစီးပွားတဲ့ ထိုနေရာတင်သူ
ဟော်ဟစ်ကာရယ်ပစ်လိုက်ချင်ပါရဲ့။
" မိသားစုအကျိုးတွက်လား ချစ်ရပါသော
သားလေးအကြံပေးတဲ့အကွက်တွေလား
ကွဲပြားအောင်ပြောပါဦး ဒယ်ဒီရဲ့ "
ဒီတစ်ခါတော့ ကင်မ်ချာယောင်းလှုပ်လှုပ်ရှားရှား
ဖြစ်သွားသည်။
" နေပါဦး မင်းကဒါတွေဘယ်လိုသိပြီး
ရောက်လာတာလဲ "
" ဘယ်ကသိသိပါ.... ရောင်းဖို့ကိစ္စကိုလုံးဝ
စိတ်မကူးဘူး ဒယ်ဒီ... ဒယ်ဒီကြိုးစားလည်း
မရရ ရတဲ့နည်းနဲ့လိုက်ဖျက်မှာဘဲ "
" အဟွန်း.... သူများပြောရင်တောင်
ကိရိယာတစ်ခုပါမှသိရမယ့် မင်းအဖြစ်က
ဘယ်လိုလုပ်လိုက်ဖျက်မှာလဲ "
လှောင်ရယ်သံစွက်စွက်နဲ့ သူအားနားကန်းနေတဲ့
သူလို့ပြောရမှာရိုင်းသည့်ကြောင့်လား သူ့ဂုဏ်သိက္ခာ
ကိုထည့်တွက်နေသည်ကြောင်လားတော့မသိ
အလိမ္မာသုံး၍ချေပလိုက်သောစကားမှာသူရှိုက်
ထိသလို ဖြစ်သွားသည်။
အံ့ဩနေသောသူအနားလက်နောက်ပစ်ကာ
တစ်လှမ်းချင်းလျှောက်လို့ပခုံးတစ်ဖက်အားပုတ်ကာ
" လိမ္မာစမ်းပါကွာ...အရင်ကရော
မင်းငြင်းနိုင်စွမ်းရှိသလား...ငါပြောသလိုသာလုပ်
ဒီပရော့ဂျက်ကို ချွန်းဘယ်ကိုပေးလုပ်လိုက်
ပြီးရင်ရောင်းလိုက်တော့... အောင်မြင်ရင်လည်း
မင်းရဲ့ဦးဆောင်မှုမှာ ချွန်းဘယ်နဲ့ဂျောင်ဂု
လည်းနာမည်ရလာမှာဘဲ... လက်မခံဘူးဆိုရင်
ငါကအလိမ္မာသုံးပြီး မင်းဟာနားမကြားတော့တဲ့
ဒုက္ခိတဆိုတာလူသိရှင်ကြားချပြရတော့မယ် "
" ဟင်! "
အခန်းအပြင်မှနေ၍ကြားရသည့်စကားကြောင့်
ချွန်းဘယ်ဟင်ကနဲအသံထွက်သွားမိသည်။
မတိုးမကျယ်နဲ့ဒယ်ဒီ့အသံအေးစက်စက် တစ်ဖက်သူကို
အေးအေးဆေးဆေးခြိမ်းခြောက်နေသည်။
ထယ်ယောင်းကနားမကြားရဘူးဆိုသော
စကားဟာ ယုံနိုင်ဖွယ်ရာမရှိသလိုဘဲ
သူနဲ့ဒယ်ဒီ စကားပြောနေသည်မှာ နားလေးသူ
ကဲ့သို့ အော်ကြီးဟစ်မဟုတ်ပေမယ့် တိတ်ဆိတ်တဲ့
နေရာအခန်းကျယ်မှာတော့နားပါးသူတွေကြားနိုင်သည်။
ဘေးချင်းယှဉ်လျက်ဖြစ်နေပါသောဒယ်ဒီ့မျက်နှာ
ကိုသူငဲ့ကြည့်မိလိုက်သည်။လက်သီးတစ်ချက်တင်းတင်း
စုပ်၍ ချာကနဲသူလှည့်ထွက်လာလိုက်သည်။
" တောက် !!! "
တံခါးကိုခပ်ကြမ်းကြမ်းဆွဲဖွင့်လိုက်သည်နှင့်
ချွန်းဘယ်နဲ့ထပ်၍ဆုံပြန်သည်။ ဒေါသပုန်ထနေသော
သူကတောက်တစ်ချက်ပြင်းပြင်းခေါက်လို့ခြေလှမ်း
ကျဲများနှင့်ထွက်သွား၏။
မဟန်လှသောအခြေတွေဖြစ်နေတာတောင်
ဒယ်ဒီကခပ်အေးအေးပြုံးပြနေသည်။
" ရောက်နေတာကြာပြီလား "
ပြုံးတုံ့တုံ့နဲ့ဒယ်ဒီကမေးတော့ ခေါင်းကိုသာ
ခါပြလိုက်၏။
" ထယ်ယောင်းနဲ့ဘာတွေဖြစ်ကြတာလဲ "
" ဘာမှမဟုတ်ပါဘူး ဒီလိုပါဘဲ "
" သူက နားမကြားရတော့ဘူးဆိုတာ
တကယ်လား ဒယ်ဒီ "
သိလိုစိတ်နဲ့မေးပြန်တော့ ဒယ်ဒီကခေါင်းငြိမ့်
ပြသည်။ အံ့ဩစိတ်က ထိန်းမတိုင်သိန်းမရ
တစ်ခါဏအတွင်းခံစားချက်ပေါင်းစုံသွားသည်။
မထင်ရက်စရာ ဒီလူကနားမကြားတော့ဘူးဆိုတာလေ
" ဒယ်ဒီ ကသူအက်ဆီးဒန့်ဖြစ်တုန်းက
သွားတောင်မကြည့်ဘဲ သိနေတာလား "
" ဒယ်ဒီကသွားမကြည့်ပေမယ့် နားရှိသေးတယ်လေ
အဲ့တော့သိရတာပေါ့ "
ဆိုဖာမှာဝင်ထိုင်လို့သူမေးသည်ကို ခပ်အေးအေး
သာပြန်ဖြေသည့်ပုံစံကိုသူမကြိုက်ချင်ပါ။
" ခေါ်ရင်းကိစ္စကိုပြောပါဦး ဒယ်ဒီ "
" မနက်ဖြန်ကျစလုပ်ရမှာတွေကို
ပြောပြထားမလို့ ခေါ်တာ... မနက်ဖြန်တော့
ဒီပုံဒီဂိုက်နဲ့ လာလို့မရဘူးနော်...ပထမဆုံး
အဲ့ဒါကိုသတိပေးတာ "
ဖိုင်တွေတစ်ထပ်ယူလို့ ဖြေးဖြေးချင်းလျှောက်
လာကာပြောဆိုနေသူ စကားကစိတ်ပျက်စရာအတိ
ဘေးမှာထိုင်၍စိတ်ရှည်လက်ရှည် ရှင်းပြနေသော
ဒယ့်ဒီစကားတွေကို နားထောင်ချင်သော်လည်း
အောင့်အီးသည်းခံလို့ အင်းအဲလုပ်နေလိုက်သည်။
သူ့လက်ထဲရောက်မှသိပ်ကို တိုးတက်မယ်လို့
ထင်နေတဲ့သူ... ကြိုးစားသူကိုတော့အဖတ်မလုပ်
ပျက်စီးစေမယ့်သူလက်ထဲပုံအပ်ချင်နေတော့
အင်း... လိုလိုလားလားတွေအပျက်စီးခံစေချင်
တော့မှလည်း ကိုယ်ကသူ့ဆန္ဒကိုဖြည့်ဆည်းပေးရုံပေါ့။
ကင်မ်ထယ်ယောင်းရဲ့အပေါ်မှာလည်းဖခင်၏
လျစ်လျူမှုတွေကအဆုံးမသတ်နိုင်အောင်ရှိပြန်သည်။
ကင်မ်ချာယောင်းရဲ့အပေါ်မှာလဲ ချွန်းဘယ်ရဲ့
အနည်မထိုင်သေးသော အမုန်းတရားတွေက
ဖြစ်ထွန်းနေသေးသည်။
ကံကြမ္မာရဲ့ပဉ္စလက်မှာကြဉ်လည်နေသူတိုင်း
ကတော့ နောင်တဆိုတာကိုခံစားရဦးမှာပါ။
အနှေးနဲ့အမြန်ဘဲကွာလိမ့်မည်။
.
.
.
.
" ဦးလေးမှာ စီးကရက်ရှိလား "
ကူရှင်ကိုလျော့လျောမှီလို့မေးလိုက်တော့
ဦးလေးဟွမ်းက ရှိတဲ့စီးကရက်ဘူးကလေးကို
ထုတ်ပေးသည်။
ကားမှန်ကိုချလို့ အပြင်ဖက်ကိုငေးကာ
စီးကရက်ကို တစ်ရှိုက်ချင်းဖွာထုတ်ကာ
အတိတ်ကဒဏ်ရာတို့ကို ချီးခြောက်ရေနူး
သလိုပြန်လည်တွေးမိပြန်၏။
ငါးနှစ်အရွယ်ကစ ဒယ်ဒီလက်ကလေးဆွဲလို့
ကုတ်ကုတ်ကလေးပါလာသည့်ချွန်းဘယ်ကို
တစ်ချိန်က သူ့ညီလေးလိုသဘောထားဖူးပါရဲ့။
ပျော်ရွင်စရာကလေးဘဝရဲ့အမှတ်တရတွေလည်း
ရှိဖူးခဲ့ပါတယ်။ သူရောက်လာချိန်ကစသိသိသာသာ
ကိုယ့်ကိုပစ်ပယ်လာသော ဒယ်ဒီ့ကိုသူကကလေးပီပီ
ဘယ်လိုမျိုးမှသဘောထားချင်းမျိုး၊စိတ်ထဲစွဲမှတ်
ငြိုးတေးထားခြင်းမျိုးမရှိပါ။
အရွယ်ရောက်လာသည်နှင့်အမျှ ပြောင်းလဲလာ
သောစိတ်တို့မှာ ဒယ်ဒီပြုခဲ့တယ်ဉပက္ခာတွေက
မနာလိုစိတ်တစ်ခုကို သူ့ကိုထဲမောင်းသွင်းပေးခဲ့သည်။
ထိုသို့နဲ့ မနာလိုစိတ်တို့တိုးလေ သူေဖြေဖျာက်၍
ပိုကြိုးစားလေအရာမထင်လေနဲ့လုံးလည်ချာလည်
လိုက်နေသောသူ့ဘဝမှာ မျက်နှာသာပေးမှုဆိုတာ
သူနဲ့မသက်ဆိုင်သလိုဘဲ ချွန်းဘယ် ကTrue blood Alphaတစ်ယောက်လို့သိရသည့်နေတွင် ရုန်းလေ
နစ်လေဖြစ်နေသော မနာလိုမှုနွံအိုင်ထဲသူကဆုံးဆုံး
ကိုမြုပ်လို့သွား၏။
ဒါပေမယ့်လည်း သူအခွင့်မအရေးရခဲ့ပါတယ်
အထက်တန်းအောင်ပြီးတာနဲ့ချွန်းဘယ်ကနိုင်ငံခြားမှာ
ကျောင်းနေချင်ပါတယ်လို့ပြောတာကြောင့်ဒယ်ဒီက
LAကိုပို့ပေးခဲ့ပါသည်။ ထို့နောက်မှတော့ သူတစ်ယောက်
သာကျန်တာမို့ အစွမ်းကုန်အရည်အချင်းတွေကိုထုတ်
ပြကာကြိုးစာခဲ့ပေမယ့်လည်း ထိုနည်း၎င်းပါဘဲ။
စေ့စေ့တွေးကြည့်ရင်သူကသိပ်ကိုရယ်စရာကောင်း
နေသည်။ မပေးချင်ပါဘူးဆိုတဲ့အရာကိုဇွတ်မျှော်လင့်
သလိုဘဲ ကြီးကြီးမားမား တိုးတက်သွားဖို့မရှိတဲ့
အရာလေးကို ခြေကုန်လက်ပန်းအကျခံလို့
မျှော်ကိုးနေရသေးသည်။
လက်ရှိဖြစ်နေတဲ့ပုံကိုလည်းပြန်ကြည့်မိရင်
တဟားဟားရယ်ချပစ်လိုက်သည်။
ကားနောက်ခန်းကထွက်လာသည့်ခြောက်ကပ်ကပ်
ရယ်သံတွေမှာ ကျယ်လောင်လျက်။ဖြစ်ပုံကဗိုက်နှိပ်
လို့ရယ်နေသောသူက နေမြင့်မြင့်အချိန်မို့ အရူးရင့်
နေသလိုပါဘဲ။
.
.
.
ကားရပ်တာနဲ့ခြေလှမ်းတွေကယိုင်နဲ့နဲ့စီးကရက်
ကိုခပ်ပြင်းပြင်းရှိုက်ဖွာလို့ လက်ကျန်ကိုတမံသလင်း
ပေါ်ပစ်ချကာခြေထောက်နဲ့တက်နင်းပစ်လိုက်သလို
နားထဲက ကိရိယာကိုလည်းဖယ်ထုတ်ကာလက်ထဲ
ကျစ်ကျစ်စုပ်လာခဲ့သည်။
" ကင်မ် ... "
ခေါင်းငိုက်စိုက်ချလို့ဂျုံးဂျုံးကျနေသလို
သူခေါ်တာကို နည်းနည်းလေးတောင်လှည့်မကြည့်
စာကြည့်ခန်းထဲအားတန်းနေအောင်ဝင်သွား၏။
မြင်မြင်သမျှမျက်စိရှေ့ကအရာတွေဟာအခု
ချိန်မှာဘာမှအသုံးမဝင်တော့စာအုပ်ေတွအများ
အပြားစီစီရီရီရှိနေသောစာအုပ်စင်တွေကိုကြည့်ရင်
လှောင်ရယ်ခံနေသလိုဘဲ
စာရေးစားပွဲမှာဝင်ထိုင်လို့ မျက်နှာကြိလက်နဲ့အုပ်လို့
အသက်မှန်မှန်ရှူရင်းဒေါသတွေကိုထိန်းချုပ်သည်။
'မင်းအခြေအနေမင်းပိုသိမှာပေါ့'
'မင်းကနားမကြားတဲ့ဒုက္ခတိဆိုတာ
ငါအလိမ္မာသုံးပြီးချပြရလိမ့်မယ်'
ထိုစကားတွေဆိုနေတုန်းကအထက်သေးတဲ့
အကြည့်တွေ အားလုံးကတစ်ခဏအတွင်းတွေးမိရင်
တောင်စိတ်ထိန်းမရတော့ပေ။
" အား! "
ဒုန်း!! ခွမ်း! ချလွမ်း
စိတ်ထွက်ပေါက်ရှာလို့ စာပွဲပေါ်ကပစ္စည်းတွေကို
ခပ်ကြမ်းကြမ်း လက်တစ်ချက်ရမ်းလို့တိုင်ချပစ်
လိုက်သည်။
'ဝုန်း!!!!"
စိတ်လိုလက်အရပြုမှုမိသည်မှာ ထိုစာအုပ်စင်ကြီး
ကိုလည်းဆွဲ၍လှဲပစ်လိုက်သည်။
ခွမ်း!!!
" သွားစမ်းကွာ!!! စောက်သုံးမဝင်တဲ့ဟာတွေ "
ခြေထောက်နားရှိစာအုပ်ထူထူနဲ့ကောက်ပစ်
လိုက်သော ဆုတွေတစ်သီတစ်တန်းရှိနေသည့်
နံရံကပ်မှန်ဗီရိုကြီးက မှန်တွေဟာအစိတ်စိတ်အမွှာမွှာ
ကြမ်းပြင်ထက်ပြန့်ကျဲလို့
ဒါကြိတောင်အားမရနိုင်သေး ထိုဆုတွေကိုထုတယူကာ
ပြတင်းပေါက်ကတစ်ခုပြီးတစ်ခုကိုပစ်ချနေသည်။
" ကင်မ်! "
အသံစုံကြားနေရသောကြောင့်စာကြည့်ခန်းထဲ
ဝင်ကြည့်မိတာ မျက်စိရှေ့မြက်နေရသည့်
မြင်ကွင်းမှာတစ်ခန်းလုံးပွစာကျဲလို့ မြင်လို့ပင်
မကောင်းတော့
သောင်းကျန်းနေသောကင်မ့်ကိုခေါ်လိုက်ပေမယ့်
လည်း မကြားနိုင်သူကတော့ရှေ့ဆက်လို့တိုးနေသည်။
ဒုန်း !!ဒုန်း!!
" တော်ပါတော့! ကင်မ်...တော်တော့လို့! "
စားပွဲပေါ်ကလက်ပ်တော့ကိုအသားမနာသိအတိုင်း
လက်နဲ့နှစ်ချက်လောက်ဆင့်ထိုးပြီး မရတဲ့အဆုံး
ခုံးစောင်းနဲ့ရိုက်၍ဖျက်စီးပြန်သည်။
ဒေါသထွက်၍ သောင်းကျန်းနေသောကင်မ့်
ပုံစံကိုဒါပထမဆုံးအကြိမ်မြင်ဖူးသည်မို့
အခန်းဝတင်ရှေ့ဆက်မတိုးရဲဘဲ ကြောက်ကြောက်နဲ့သာ
အော်နေရသည်။ဘာတွေဖြစ်လာလို့အဲ့လောက်ထိတောင်
ဒေါကန်နေရသလဲ
" တော်ပြီလို့! ရယ်လိုက်ပါတော့ ကင်မ်ရယ်
ရပ်လိုက်ပါတော့! ငယ်ကြောက်တယ်လို့!!! "
နောက်ဆုံးကျန်နေသောနံရံပေါ်မှာမှန်ဘောင်ခတ်၍
အသေးစိတ် ရေးဆွဲထားသော ပရော့ဂျက်ပိုစတာ
ကိုပါဖြုတ်ချကာရိုက်ခွဲမို့ပြင်နေသော ကင်မ့်အား
ခါးကိုပေးဖက်၍ဆွဲကာ အကြောက်ကန်အော်ဟစ်၍
တာရပါတော့တယ်။
အသုံးမကျပါဘူး။ သူကအသုံးဝင်ခဲ့တဲ့သူမဟုတ်ဘူး
အသုံးချခံဖြစ်သွားတာ သူသိပ်အသည်။
နှစ်တွေအကြားကြီး ကိုယ့်ကိုယ်အားပေးသလိုနဲ့
လိမ်လည်ရင်း ဘာမဟုတ်တာကိုမှတောင်းတ
နေမိတာကိုလည်း မုန်းမိသည်။
အခုတော့ ကိုယ့်သမိုင်းကိုယ်ရေးပြီး အမှားတစ်ချက်
လုပ်မိတာနဲ့သူများတံတွေးခွက်မှာပက်လက်ကိုမျော
ရတော့မည်။
သူအသုံးမကျလို့ဖြစ်လာတဲ့အနာအဆာတစ်ခုမှာ
လူတွေလက်ညိုးငေါက်ငေါက်ထိုး၍အပြောခံရမှာ
သူတစ်ယောက်တည်းမဟုတ် ငယ်တို့သားအမိပါ
ပါလာဦးမည်။
အားကိုးချင်လို့ လက်ထပ်ပေးခဲ့တဲ့ငယ့်အမေကိုသူ
ဘယ်လိုများမျက်နှာပြရတော့မလဲ။Alpha
တစ်ယောက်ဖြစ်ပါရက်နဲ့သူများကြိုးဆွဲးရာက
နေရသောသူဖြစ်နေတာကို ငယ့်ကိုဘယ်လိုပုံစံ
နဲ့ပြောပြနိုင်မလဲ။ ငယ်သာသိသွားရင်ဖြင့်
ဆိုသော ယူကျုံးမရသည်စိတ်တို့နဲ့ ယောက်ကျာ်း
တန်မဲ့ရှူံးပွဲချငိုနေမိ၏။
တသိမ့်သိမ်တုန်၍ ခပ်တိုးတိုးထွက်လာသော
ဩရှရှငိုသံက သူရင်ကိုနာစေသည်။
ပေါက်ပြဲရှနာဒဏ်ရာတွေနဲ့လက်တွေကဒါတောင်
နံရံကိုထိုးကြိတ်နေသေးသည်။
" တော့်ပါတော့ဆိုတာကို... ဒဏ်ရာတွေနဲ့
နာကုန်မယ်လေ "
ငိုချင်ရဲ့လက်တို့ဖြစ်နေတဲ့သူက လက်တွေကို
ဆွဲလိုတားရင်းပြောလိုက်သည်။
" ဘာတွေဖြစ်လာလို့အခုလောက်ထိ
ဖြစ်နေရတာလဲကင်မ်.... ဘာတွေဖြစ်ခဲ့လို့လဲ "
မျက်နှာညိုးညိုးကို မော့ယူ၍မေးတော့
သူ့လက်တွေကိုပြန်လည်စုပ်ကိုင်လို့ခေါင်းခါသည်။
ကျလာသောမျက်ရည်တွေကလည်း ပေါက်ခနဲ
ပေါက်ခနဲ မြင်ရသသည့်သူမှာတောင်ဘယ်လို
ဘယ်ပုံနှစ်သိမ့်ရမယ်မသိတော့
" ကိုယ့်ကြောင့်ပါငယ်ရယ်....
ကိုယ်အသုံးမကျခဲ့တာတွေကြောင့်! "
ရှေ့ဆက်ပြောမယ့်စကားတွေတောင်ပြော
လို့မထွက်နိုင်တော့ပါ။
ပြိုလဲလာသောခန္ဓာကိုယ်မားမားဟာသူ့ရင်ခွင်ဆီ
ထိန်း၍ကျောပြင်ကျယ်ကို ပုတ်ကာချော့မြူတော့
ပိုတိုး၍ငိုပြန်သည်။
" အဲ့လိုတွေ မတွေးပါနဲ့လားဟင်...
ကင်မ် ဒီလိုဖြစ်နေတာငယ်မကြည့်ရက်ဘူး
တစ်ခုခုဆို ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့လား
ကင်မ်ရယ် "
တိတ်တဆိပ်နဲ့ခေါင်းခါနေသူကိုဘယ်လိုချော့ရပါလဲ
ထိုသို့နဲ့သူကချော့လေ ပိုတိုးငိုလေနဲ့သူ့ကြောင့်
ဆိုတာကိုသာထပ်ကာတလဲလဲ ရေရွတ်နေ၏။
Replyမပြန်တာကိုစိတ်မဆိုးကြနဲ့နော်
ဒါလေးကိုမီအပြီးရေးနေရလို့
နောက်လာပြန်မယ်နော်
zawgyi code
စားနေသည်။
" နိုးပြီလား ကင်မ်..."
အစောကြီးကို "
ပေးလိုက်လားဟင် "
" ဟင်! မပေးရပါဘူး..."
မဝင်တော့ပေ။
သွားဖို့ပြင်နေသည်။သူလည်းဆက်ကနဲထရပ်
တားလိုက်မိ၏။
" ကင်မ်...ကင်မ့်! "
ပြန်သည်။
" ခက်တော့တာဘဲကင်မ်ရယ် "
......
ဝင်သွားလေတော့သည်။
.
.
.
ဖြစ်သွားသည်။
ရောက်လာတာလဲ "
ထိသလို ဖြစ်သွားသည်။
" ဟင်! "
" တောက် !!! "
" ရောက်နေတာကြာပြီလား "
ခါပြလိုက်၏။
တကယ်လား ဒယ်ဒီ "
အဲ့တော့သိရတာပေါ့ "
အဲ့ဒါကိုသတိပေးတာ "
ဖြစ်ထွန်းနေသေးသည်။
.
.
.
.
ထုတ်ပေးသည်။
ထိုသို့နဲ့ မနာလိုစိတ်တို့တိုးလေ သူဖြေဖျောက်၍
ကိုမြုပ်လို့သွား၏။
မျှော်ကိုးနေရသေးသည်။
နေသလိုပါဘဲ။
.
.
.
" ကင်မ် ... "
ချိန်မှာဘာမှအသုံးမဝင်တော့စာအုပ်တွေအများ
လှောင်ရယ်ခံနေသလိုဘဲ
" အား! "
ဒုန်း!! ခွမ်း! ချလွမ်း
လိုက်သည်။
'ဝုန်း!!!!"
ခွမ်း!!!
" ကင်မ်! "
မကောင်းတော့
ဒုန်း !!ဒုန်း!!
ဒေါကန်နေရသလဲ
တာရပါတော့တယ်။
ရတော့မည်။
ပါလာဦးမည်။
နဲ့ပြောပြနိုင်မလဲ။ ငယ်သာသိသွားရင်ဖြင့်
နာကုန်မယ်လေ "
ပိုတိုး၍ငိုပြန်သည်။
ကင်မ်ရယ် "