ပြိုင်ပွဲကိုခိုးပြီးဝင်ပြိုင်ဖို့
နှစ်လလောက်ပျောက်သွားသည့်လွိုင်းကြောင့်
အခုမှသိသည့်
အဘိုးဖြစ်သူ ဦးပင်လုံ စိတ်တိုနေသည်
:မင်းသမီးကိုမင်းဘာမင်း
မစောင့်ရှောက်နိုင်ရင်
ငါ့အိမ်ကိုလာနေခိုင်းလိုက်လို့
မင်းကိုဘယ်နှစ်ခါပြောနေရမှာလဲ
အခုကြည့် သမီးမိန်းကလေးတစ်ယောက်
၂လလောက်ပျောက်သွားတာကို
မင်းမို့လို့လိုက်မရှာဘဲနေနေနိုင်တယ်
ကဲ ပြောစမ်းပါအုန်း အခု
ဘယ်မှာရောက်နေတယ်လို့
မင်းခန့်မှန်းထားသလဲ
မဟုတ်လို့ကတော့ကွာ ဖအေရော်
သမီးပါနာပြီသာမှတ်
:အဖေ့ ကျွန်တော့် နဲ့ ဘာဆိုင်လို့လဲ
:မင်း မင်း အပိုမပြောနဲ့
မင်းဒီအသက်အရွယ်ရောက်နေပြီ
အိမ်ထောင်လဲထပ်မယူဘဲ
မင်းတစ်ယောက်တည်း မင်း သမီးကို
မင်းတစ်ယောက်တည်းစောင့်ရှောက်နိုင်ပါတယ်ဆို
အခုကြည့်
: အဖေရာ မဟုတ်သေးပါဘူး
:မဟုတ်တာတွေဟုတ်တာတွေ လာမပြောနဲ့
မင်း သမီး အခုဘယ်ရောက်နေလဲ
စုံစမ်း စမ်း အခုချက်ချင်း
တကယ်ဆိုပျောက်တဲ့နေ့တည်း က စုံစမ်းရမှာ
အသုံးကိုမကျကျဘူး
:ဟာ အဖေရာ ကျွန်တော်စုံစမ်းပြီပါပြီ
အဖေ့မြေးက မော်စကို ရောက်နေတာလို့
သမီးအရိပ်မိုး က ပြောတယ်
:တောက်စ် ငါကွာ အဲ့ကလေးက
လက်တွေခြေထောက်တွေကျိုးလာအုန်းမှာ
မင်းကွာ ငါရိုက်လို့လဲ ဒီအသက်အရွယ်ရောက်နေပြီ
ဦးပင်လုံတစ်ယောက်မြေးဖြစ်သူကိုစိတ်ပူပန်နေပြီး
ဘေးပတ်ဝန်းကျင်ကိုတောင်ဂရုမစိုက်မိ
ရုံးခန်းထဲတစ်ယောက်တည်းရှိသည်အထင်နှင့်
ဖုန်းပြောနေသည့် ဦးပင်လုံ အား
ကြည့်နေကြသည် ဆေးရုံဝန်ထမ်းများ
:ဘာကြည့်နေကြတာလဲ
ကိုယ့်တာဝန်ကိုသွားလုပ်ကြ
:ဟို ဒေါက်တာ ဆေးရုံမှတ်တမ်းတွေယူလာခိုင်းလို့ပါ
:ဪ ဪ ဟုတ်ပြီ ဟုတ်ပြီ
ထားခဲ့ချည်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
: ဘိုးဘိုး!
: အေးလာအုန်း လာလာ လာခဲ့စမ်း
ဆရာဝန်တစ်ယောက်နှင့်စကားပြောနေရင်း
ရုံးခန်းတံခါးကိုမခေါက်ဘဲဝင်လာသည့် လွိုင်း
အဘိုးနားရောက်သွားသာ်နှင့်
ဗိုက်တင်းကြောလိမ်ဆွဲခံလိုက်ရသည်
:အားးးးအားးးးးးးနာတယ် နာတယ်
: ဒီတစ်ခါလဲ ကျိုးပဲ့ခဲ့သေးလား ပြစမ်း
လွိုင်း လက်ကိုယူကာလှန်လှော်ကြည့်နေသည့်
အဘိုးဖြစ်သူကိုပြုံးကာကြည့်ပြီး
သွားဖြဲနဲ့ ရယ်ပြလိုက်ကာ
:ဘယ်နေရာမှလဲမကျိုးခဲ့ဘူး
တစ်ခုဘဲရှုံးသွားတယ်အဘိုးရာ
အဲ့တစ်ယောက်ကို ပြန်အနိုင်ယူပြမယ် ကြည့်နေ
လက်သီးလက်မောင်းတန်းပြီးပြောနေသည့်
ထိုကောင်မလေးကိုစိမ်းပြုံးကာကြည့်နေသည်
ကိုယ်နဲ့တွေ့ရင်ကျရုပ်ကရူတည်တည်မှေးစင်းစင်းနဲ့
ဒီလိုကြတော့လဲ ကလေးသာသာလေး ပါလား
စိမ်းကိုမြင်သွားသလိုဖြင့်
:ဪ ရှင်ကို
ဘာကိစ္စဒီကိုရောက်နေတာလဲ
စိမ်း ရုပ်တည်လိုက်ကာ
: တို့အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး ရောက်လာတာလေ
ဘာလဲ ပြဿနာရှိလို့လား
ဦးပင်လုံ : သူနာမည် က ဒေါက်တာနီလာစိမ်းပေါ့
အရိုးအကျောမှာသူကတော်တော်ကျွမ်းကျင်တယ်
ဒေါက်တာစိမ်းကလွိုင်းကို
ဆေးကုပေးဖူးတဲ့သူမဟုတ်လား
ဒါကကျွန်တော့ရဲ့တစ်ဦးတည်းသော်မြေးပါ
: ဆရာမြေးမှန်း မသိခဲ့လို့ပါ
သိခဲ့ရင် သေသေချာချာ
နာနာကျင်ကျင်လေးကုပေးခဲ့မှာ
သူကိုပြုံးပြလိုက်ပြီးပြောလိုက်သည်မို့
စိမ်းကိုမျက်စောင်းထိုးနေသည်
: အဲ့ဆို စိမ်း ကို ခွင့်ပြုပါအုန်း
:ကောင်းပါပြီ
ခေါင်းငြိမ့်ကာထွက်သွားသည်အထိ
စိမ်းကိုမျက်စောင်းထိုးလို့မပြီးသေး
: လာစမ်း လွိုင်းမြန်မာ
နောက်တစ်ခါခိုးထွက်မယ်ဆို
ဒီထပ်ပိုဆိုးမယ် ဒီထပ်ပိုဆိုးမယ်
နားရွက်ကိုလိမ်ဆွဲပြီးခေါင်းကို
တောက်ကနဲခေါက်ကာဆူသည်မို့ လွိုင်းမှာရှုပ်မဲ့မဲ့
: အ နာတယ် ဘိုးဘိုးရဲ့ နာတယ်လို့
တော်ပြီတော်ပြီ ဘိုးဘိုးနားနေရင်
ဒဏ်ရာဒဏ်ချက်တွေနဲ့ရစရာကိုရှိမှာမဟုတ်ဘူး
သွားပြီ သွားပြီ
:ပြန်လာခဲ့စမ်း !
: နောက်နေ့မှတွေ့မယ်နော် ဘိုးဘိုး
: ဒီကောင်မလေးတော့ နာတော့မယ်
ဆေးရုံဝင်းထဲကအထွက်
ကားအဖြူတစ်စီး က လွိုင်းဘေးမှာလာရပ်ကာ
စိမ်း : သနားစရာလေးဘဲ နေပူထဲမှာစောင့်နေရတာ
: အဟင်း အဲ့လောက်တောင်
သနားစရာကောင်းသွားလား
စိမ်း :တော်တော် သနားစရာကောင်းတယ်
ရွဲ့ကာပြန်ဖြေလိုက်တော့စိမ်းကိုကြည့်ပြီး
မျက်နှာလွဲသွားကာ
:တို့လိုက်ပို့ပေးမယ်လေ ဘယ်လိုလဲ
: ရှင့်ကားတစ်စီးထဲ စီးစရာရှိတာမဟုတ်ဘူး
:အို့ တို့ က မင်း တို့ကိုကူညီထားလို့
ပြန်ကူညီပေးမဲ့သဘောနဲ့မေးလိုက်တာပါ
သနားတဲ့ပုံစံနဲ့မေးသလိုဖြစ်သွားရင် sorry ကွာ
သိတယ်မလား တို့က မင်းထက်
ကျေးဇူးတရားကို ပိုနားလည်တယ်လေ
:အဟင်း ဟုတ်ပါရဲ့
ရှင်လိုအပျိုကြီးတစ်ယောက်က
ကောင်လေးလာကြိုတဲ့feelingကို
ဘယ်နားလည်ပါ့မလဲ
ကားကိုကိုယ်တိုင်မောင်းတာထပ်
အဲ့ခံစားချက်ကပိုကောင်းတယ်လေ
သိတယ်မလားသိလည်းသိမှာမဟုတ်ပါဘူးလေ
ထားပါ ကဲ သွားပြီနော်
ဒေါက်တာအပျိုကြီး
လက်ပြကာ ကားအဖြူစီးပေါ်တတ်သွားပြီး
ကောင်လေးတစ်ယောက်ကိုဖက်လိုက်ကာ
စိမ်းကိုပြုံးပြီးကြည့်လာသည်
:တောက်စ် ငါကိုကမှားတာ
စိမ်းရဲ့ကားထွက်သွားတော့မှ
: ဖယ်စမ်းပါ ကောင်မရယ်
ငါကိုပွတ်သီးပွတ်သပ်နဲ့ ဟယ်
ဟိန်းဇေယျ ကိုကြည့်လိုက်တာ
လွိုင်းမှာရယ်သွားသည်
သူ့ပုံစံအမှန်ဒီလိုလေးပင်
တိုက်ကွန်ဒိုကစားသမားဆိုတော့
အသားဖြူဖြူထောင်ထောင်မောင်းမောင်း
ဆံပင်ကိုအရှည်ထားထားပြီးနောက်သို့စည်းထားသည်
မေးရိုးရှည်ရှည်နှင့်မျက်နှာကျကခပ်ချောချောပင်
: သူကများပြောရတယ်ရှိသေး
အဟင်း အဲ့ဒါထားပါ
ဟိုဒေါက်တာအပျိုကြီးကိုရှယ်ဖဲ့ခဲ့တာ
ဟားဟား......
သဘောတကျရယ်နေသည့်
လွိုင်းကိုအံ့ဩသလိုကြည့်လာကာ
လွိုင်းနဖူးကိုဇေဇေကလက်ဖြင့်စမ်းရင်း
:ကောင်မ ဆေးမှားသောက်ခဲ့တာလား
ခေါင်းထိသွားတာလား
တစ်ခါမှဒီအစွယ်ကြီးပေါ်အောင်
ရယ်ဖူးတာမတွေ့ဖူးဘူး
နင် မဟုတ်မှလွဲရော် ဟယ်
လက်တစ်ဖတ်ကအံ့ဩသလိုပါးစပ်ကိုအုပ်ရင်း
သူ့ကကိုယ့်ထပ်နွဲ့ရှာတယ်
လက်ညိုးတစ်ထိုးထိုးနှင့်မို့
လွိုင်းဇေဇေလက်ကိုရိုက်ချလိုက်ကာ
:ပေါက်ကရတွေမပြောနဲ့ မဖြစ်နိုင်တာတွေ
နင်သတိမထားမိလို့နေမှာပါ
ကဲပါ သင်တန်းကိုမောင်းစမ်းပါ
ဇေဇေရာကြာတယ်
:အိုခေပါရှင့်
လွိုင်းအတွက်ကတော့မထူးစမ်းတော့သလို
သူ့ပုံစံအမှန်အတိုင်းနေစေတော့သည်
လွိုင်းတို့ အရိပ်မိုးတို့ အိမ့်မှူးခင်တို့ နှင့်ဆို
သူကဒီလိုပုံစံအမှန်
ကျန်တဲ့အချိန်သူကလုံးဝကျား
ရေတောင်မရော်တဲ့တကယ့်ကို
စောက်ကျိုးနည်းကျားစစ်စစ်
သင်တန်းရောက်သွားတော့
အားလုံးကခဏနားနေကြသည်
အကုန်ချွေးတွေစိုရွဲနေကာ
ရေသောက်သူကသောက်
လွိုင်း :ဘာတုန်း ဆင်းပြီလားဟ
အိမ့်မှူးခင် :အချိန်လဲပြန်ကြည့်အုန်း
နေ့လည်စာစားချိန်ကြီး စောက်ရေးထဲ
: ဟယ် ညည်း ဟယ် စကားပြော
ကြမ်းတမ်းလိုက်တာဟယ်
မိုး :ဟဲ့ ဇေဇေမ ဝင်မနှောင့်နဲ့
သူ့ကိုကို နဲ့ ပြတ်သွားလို့
ပြီးကားပါထပ်ပြတ်သွားတယ်လေ
သူ အဲ့ကြောင့် ကြေကွဲနေတာ
:အမလေး အဲ့ဒါများမပူနဲ့
ဇေဇေတစ်ယောက်လုံးရှိတယ်
လိုက်ပို့ပေးမယ် စိတ်သာချ
: အားကိုးရတယ် ငါ့ကောင်ကြီး က
သူ့လက်မောင်းကိုဖက်ကာ
ပွတ်သီးပွတ်သပ်လုပ်ပြီးစတော့
အရိပ်မိုးကိုတွန်းထုတ်ကာ
:ဖယ်စမ်း! ကောင်မ ညည်းတို့အိန္ဒြေကိုမရှိဘူး
ယောကျာ်းစစ်စစ်ကြီးရဲ့အသံနှင့်ဟောက်လိုက်သည်မို့
မိုးကတဟားဟားဖြင့်ရယ်နေသည်
မျက်နှာတည်နဲ့ထိုင်နေသည့်နှစ်ယောက်မှာလဲ
ပြုံးစိစိဖြင့်ဇေဇေကိုကြည့်လာသည်မို့
လွိုင်းတို့ကိုမျက်စောင်းထိုးသွားကာ
ဖင်ကိုလိမ်ကောက်ပြပြီး ထွက်သွားသည်
သူဟာလေ တအားနွဲ့နှောင်းနေတာပါ
>>>>>>>>>>>>>>>>>>>>>>>>>>>
တစ်ပတ်ကြာပြီးနောက်
: ကျော် သန်းညွှန့်
ဒေါက်တာကိုတကယ်ရှစ်တာပါ
ဒေါက်တာရယ်ယုံပါ
ကျော်ကလေ မန်းကျည်းကုန်းရွာမှာ
၁၀ဧကနဲ့နွား ရှောက် (၆) ကောင် နဲ့ဒေါက်တာကို
တင်တောင်းမှာပါ ဒါကို အန်တီ ကလဲ
လက်ခံပြီးသားဘဲလေ ဒေါက်တာကသမီးကောင်းရတနာလေးတစ်ပါးအနေနဲ့
အန်တီ ဖြစ်စေရှင်တဲ့အတိုင်း
: ရှင်ဘာရှင်ဘာကြီးဘဲဖြစ်နေဖြစ်နေ!
လက်ထပ်ဖို့မပြောနဲ့စေ့စပ်ဖို့တောင်ဝေလာဝေးဘဲ
ရှင်ထပ်နှောင့်ယှက်လာရင်
ရှင်ရွာရှင်မပြန်ရဘဲမြို့မှာတင်
ထောင်ကျသွားမယ် ဖယ်!
မျက်စောင်းထိုးဝိုင်းက
ဒေါက်တာအပျိုကြီးရဲ့ခပ်စွာစွာအသံကို
နားထောင်ပြီး လွိုင်းတစ်ခစ်ခစ်နဲ့
သဘောကျကာရယ်နေသည်
:ကျော့်ကိုလက်ထပ်ပါ
ကျော်ဒေါက်တာကိုမချ(ရရင်)ချင်သေမှာ
:တောက်စ်! ဒီ
ရှက်လွန်းလို့မျက်နှာများပင်ရဲတတ်လာသည်
ဒီအညာသားနဲ့ စကားပြောနေသည့် စိမ်းကို
ဘေးဝိုင်းကလူတွေကြည့်ကွက်ကြည့်ကွက်ဖြင့်
:ကိုသန်းညွှန့်သနားပါတယ်
ဒေါက်တာ ရယ်
ပြုံးတုန်းတုန်းမျက်နှာပေးနှင့်
ပိုက်ဆံအိတ်ကိုစလွယ်သိုင်းထားသည်
ဦးထုတ်လေးကိုစောင်းထားပြီး
oversize T shirt
အဖြူရောင်အပွတစ်ထည်ထဲမှာ
နစ်မြှုပ်နေသည့်ပုံကချစ်စဖွယ်
:မင်းနဲ့မဆိုင်ရင်ဖယ်နေလိုက်နော်လွိုင်းမြန်မာ
ဒါ စနောက်ရမဲ့ အချိန်မဟုတ်ဘူး
:အို့ ကိုသန်းညွှန့် က လူချောဘဲ
ပါးစပ်ကိုအံ့ဩသလိုလက်ဖြင့်ပိတ်ကာပြောသည်
သွားခေါခေါ်အသားညိုနက်နက်နှင့်
ဆံပင်မှာအုန်းဆီများရွဲလို့ပင်
လွိုင်းရဲ့စကားကြောင့် ရယ်ပြလိုက်တော့
စောက်ကျိုးနည်း ရွှေသွားကြီးကိုဝင်းလို့
:သန့်ပြန့်ပြီးဒီလိုလူချောလူသန့်ကို
ဒေါက်တာစဥ်းစားသင့်တာပေါ့
: ညလေး ချာ(ရာ) ကျော့်ကိုကူပြောပေးစမ်းပါအုန်း
ထိုအညာသားမှာစကားလဲမပီပြန်
: ဒါပေါ့ဒါပေါ့ ကူပြောပေးရမှာပေါ့
:လွိုင်းမြန်မာ မင်းဝင်မပါနဲ့လို့
တို့ ပြောနေတယ်နော်
လူအများနှင့်မို့လွိုင်းအနားကိုကပ်ကာ
အံ့ကြိတ်ထားသည့်အသံနှင့်ပြောလာသည်ကို
လွိုင်းကဂရုမစိုက်သလို
စိမ်းကိုဟိုဘက်တွန်းလိုက်ပြီး
စိမ်းဘေးမှာ ဝင်ထိုင်လိုက်ကာ
: ဒေါက်တာ နဲ့ ခင်တာကြာပြီလားရှင့်
:မနေ့ကမှသိတာဗျာ
ကျော်ဒေါက်တာကိုမြင်မြင်ချင်းဘဲ
ရစ်(ချစ်)မိသွားတယ်ဆိုပါတော့ဗျာ
လွိုင်း : ရှစ်မိတာကမြန်လိုက်တာနော် ဒေါက်တာ
လွိုင်း ဘေးနားမှာ လက်ပိုက်ပြီးထိုင်ကာ မျက်မှောင်ကြုတ်ကာ
စိတ်တိုသည့်ပုံနှင့်ထိုင်ကြည့်နေသည်
လွိုင်းကိုကြည့်လာပြီး
စိတ်ပျက်သလိုဖြင့် မျက်နှာလွဲသွားကာ
ထိုအညာသားမှာတော့
စိမ်းကိုကြည့်ကွက်ကြည့်ကွက်ဖြင့်
လွိုင်းပြုံးစစမျက်နှာပေးနှင့်
: ရှင်တို့ တော မှာ အယ်မဟုတ်သေးဘူး
အညာ ဟုတ်တယ် ဟုတ်တယ် အညာပေါ့
အညာမှာရှင်လယ်ဘယ်နှစ်ကွက်တောင်
ပိုင်တာတုန်းရှင့် ရှင့်ကိုကြည့်ရတာ
လုံးဝအလန်းစားသူဌေးကြီးလိုဘဲ
:ဒါပေါ့ဗျ ကျွန်တော်အညာမှာ
၁၀ဧကတောင်ပိုင်တာ ဒါအပြင်နွားမကြီး၅ကောင်နဲ့နွားထီး ၁ကောင်တောင် ပိုင်သေးတယ်ဗျာ
ဒေါက်တာမှာတော့လွိုင်းစနောက်နေသည်ကို
မှုန်ကုပ်ကုပ်နှင့်ကြည့်နေသည်
:ဟာ မိုက်တယ် ရှင်တော်တော်ချမ်းသာနေတာဘဲ
ဒါနဲ့ရှင့်လို ဒါဘာခေါ်လဲ
လွိုင်းမှာကိုယ့်ပါးစပ်ကိုဟပြကာလက်ညိုးထိုးပြသည်
:ချွှေ(ရွှေ) သွားဗျ ဒီမှာကြည့်
သွားကြီးဖြဲပြကာသူ့ရွှေသွားကိုလဲ
ကြွားကိန်းထုတ်နေသည်
:ဝါးးးးး မိုက်လိုက်တာ
ကျွန်မလဲရှင့်လိုရွှေသွားတွေအများကြီးကို
ပါးစပ်အပြည့်တပ်လိုက်ရင်
ရှယ်လှသွားမှာဘဲ
နော် ဒေါက်တာ ဟုတ်တယ်မလား
စိမ်းကိုတံတောင်နှင့်တို့ကာပြောသည်မို့
စိမ်းရဲ့မျက်နှာကပြေလျော့သွားကာရယ်ချင်လာသည်
ခေါင်းငုံ့ကာမျက်နှာကိုတည်လိုက်ပြီး
: ညလေးက ကိုကြီးလို ရွှေ သွားတွေတပ်ချင်ရင်
အောင်သမာဓိရွှေကအကောင်းဆုံးဘဲဗျာ သိလား
ကျော်ဒါတွေဒါတွေဆို
အောင်သမာဓိကလုပ်ထားတာဗျ
:ဝိုးးးးးအစ်ကိုကတော်တော်ချမ်းသာတာဘဲ
ဒေါက်တာစဥ်းစားသင့်ပြီနော့်....ဟုတ်တယ်မလား
အံ့ကြိတ်ပြရင်း ခုံအောက်က လွိုင်း ရဲ့ sneakerအဖြူလေးကို
ဒေါက်ဖိနပ်ဖြင့်နာနာလေး တတ်ကြိတ်ပြစ်လိုက်သည်
:အား
:ညလေးဘာဖြစ်တာလဲ ပွဲရှိတ် ကိုက်တာလား
ခုံအောက်တွေလဲကုန်းကြည့်လိုက်သည့်မို့
ခြေချိတ်ကာထိုင်နေသည့်
စိမ်းမှာခါးပင်မတ်သွားရသည်
လွိုင်း :အဟမ်း ရတယ် ရတယ်
: ဘာကောင်မှမချိပါဘူး
: ဟုတ်တယ်ဟုတ်တယ် ဘာကောင်မှမရှိဘူး
အဟမ်း အဟမ်း
:မင်းတို့ စကားပြောလို့မပြီးသေးဘူးဆိုလဲ
တို့ကိုပြန်ခွင့်ပြုအုန်း တို့dutyဝင်ရအုန်းမှာ
: ဟာဒေါက်တာကလဲချိတ်မကောက်ပါနဲ့
ကျော်တို့ကမိတ်ဖြစ်ဆွေဖြစ်စကားကောင်းနေတာနဲ့
လွိုင်းကိုဘဲမှုန်ကုပ်ကုပ်နှင့်ကြည့်နေသည်မို့
လွိုင်းရယ်ချင်နေသည့်မျက်နှာပေးကို
တည်လိုက်ကာခါးကိုမတ်လိုက်သည်
:အဟမ်း ဆိုတော့ ဒေါက်တာ
ဒီက ကိုသန်းညွှန်ကိုမစေ့စပ်ချင်ဘူးလား
ဒီလူကြီးကလုံးဝအပြန်စားကြီးကို
စိမ်းကိုပခုံးချင်းတိုက်ပြီးပြုံးစိစိနှင့်ပြောသည်
: မင်း ဒါနောက်စရာအချိန်မဟုတ်ဘူးနော်
လွိုင်းမြန်မာ
သန်းညွှန့် :ဒေါက်တာစိတ်လျော့ပါအုန်း
:ရှင့်ပါးစမ်းပိတ်ထား!
ဖယ်ပေး! လွိုင်းမြန်မာ
:ဟ ပြန်တော့မလို့လား
ကိုသန်းညျွန့်ကိုရော် မစဥ်းစားပေးတော့ဘူးလား
: လွိုင်းမြန်မာ
မှုန်တေတေကြည့်လာသည်မို့
: အိုခေပါ
ခုံမှထပေးလိုက်ပြီး
နားနားသို့ကပ်ပြောလိုက်သည်က
: ကိုသန်းညွှန့်ကိုစဥ်းစားပေးလိုက်ပါအုန်း
သူ့ခင်ဗျာသနားပါတယ်
:မင်းဘာမင်းစဥ်းစားပြီး
မင်းဘာမင်းဘဲ သူကိုယူလိုက်
လက်တို့ပြီးပြောသည်မို့လွိုင်းဗိုက်ကို
တံတောင်ဖြင့်တွတ်ကာပြောသည်
: ဟင့်အင်း တော်ပြီ ရတယ်
ဒေါက်တာအတွက်ချန်ပေးထားမယ်နော်
မျက်ခုံးပင့်ပြပြီးပြုံးစိစိဖြင့်လစ်ထွက်သွားသည့်လွိုင်း
:ဒေါက်တာနေပါအုန်း ကျော်လိုက်ပို့ပေးမယ်လေ
:ရှင်အဲ့ခုံကနေနည်းနည်းလေးမှမခွာနဲ့!
စိတ်ဆိုးမာန်ဆိုးနှင့်ဆိုင်ထဲမှထွက်သွားသည်မို့
ဒေါက်တာနောက်ကိုလိုက်လာကာ
ကားပါကင်အမိုးအောက်တွင်
စိမ်းနောက်ကနေဖြေးဖြေးချင်း
လမ်းလျှောက်လာသည့်လွိုင်း
: ဪ ကိုသန်းညွှန့် ကိုသန်းညွှန့်
လွိုင်းကိုလှည့်ကြည့်လာတော့
ပါးစပ်မှာလဲချိုချဥ်တစ်လုံးနှင့်
: တို့စိတ်ကကြည်နေတာမဟုတ်ဘူးနော် လွိုင်းမြန်မာ
ဒေါက်တာနှင့်မျက်နှာချင်းဆိုင်ရပ်လိုက်ကာ
ပြုံးစစမျက်နှာပေးဖြင့်
:သိပါတယ် သိပါတယ် အဲ့ကြောင့်မို့
ကိုသန်းညွှန့်ကိုစဥ်းစားပေးဖို့လိုက်ပြောပေးတာ
တရူးရူးနှင့်ဒေါသတွေထွက်လာပြီး
လွိုင်းဗိုက်တင်းကြောကိုလိမ်ဆွဲလာသည်
:မစနဲ့လို့ မင်းကိုပြောနေတယ်လေ
မကြားဘူးလား ဟမ် မကြားဘူးလား
: အားအား နာတယ်နာတယ် ဒေါက်တာ
လွတ် လွတ် နာတယ်လို့
လွိုင်းကိုမျက်စောင်းထိုးကာ
ထွက်သွားမည်လုပ်တော့
စိမ်းလက်ကိုလှမ်းဆွဲလာကာ
:နေပါအုန်း လမ်းလျှောက်သွားမလို့လား
ရှင့်ဆေးရုံ က အဝေးကြီးဟာကို လာပါ
စိမ်းလက်ကိုဆွဲကာကားထဲဝင်ခိုင်းလိုက်ပြီး
ကားမောင်းရင်းတစ်ခစ်ခစ်နှင့်ကြိတ်ရယ်နေသည့်
လွိုင်းကြောင့်စိမ်းပါရယ်ချင်လာသည်မို့
မျက်နှာလွဲလိုက်ကာ အပြင်ဘက်ကိုကြည့်လိုက်သည်
:သန်းညွှန့်ဆိုဘဲ အဲ့နာမည်မှတ်ထားအုန်းမှ
တော်တော်ဂွကျတဲ့လူ
ရွှေသွားကြီးကိုဝင်းလို့ မိုက်လိုက်တာ
စိမ်းအသံထွက်ရယ်မိပြီး
ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်ကာ
လွိုင်းစိမ်းကိုစချင်လာလို့
ကားကိုအရှိန်လျော့မောင်းလိုက်ကာ
ဘေးသို့ခဏရပ်လိုက်သည်
: ဒါနဲ့ ရှင့်အမေ က သူကိုဘယ်လိုရှာတွေ့ခဲ့တာလဲ
သမီးလေးအတွက် လယ်၁၀ဧကနဲ့နွား၆ ကောင်
ပိုင်တာ နည်းသလား
လွိုင်း က အရယ်တစ်ဝက်နှင့်ပြောသည်
:အေး ရယ်နေလိုက် မင်း ရယ်နေလိုက်!
လွိုင်းကိုတစ်ဘုန်းဘုန်းဖြင့်ရိုက်လာသည်မို့
ဒေါက်တာလက်တွေကိုဖမ်းချုပ်လိုက်ကာ
: နာတယ် လူကိုအသားနာအောင်ဘဲ လုပ်နေ
မျက်လုံးချင်းဆုံသွားသည်မို့
စိမ်းမျက်နှာပူလာရသည်
ဒီလိုခံစားချက်မျိုးမခံစားခဲ့ရဖူးသည်မို့
နေရခက်သွားသလို
တွဲခဲ့ဖူးသမျှမိန်းကလေးတွေနဲ့တောင်
ဒီလိုခြေတုန်လက်တုန်တစ်ခါမှမဖြစ်ဖူး
: ဖယ်စမ်း
လက်ကိုရုန်းလိုက်ကာခုံမှာပြန်ထိုင်လိုက်သည်
စိမ်းလက်ကိုတို့လိုက်ကာ
:ရှိသေးလား ကိုသန်းညွှန့် လို လူတွေ
:မင်းတော်တော်မှသဘောကျနေရဲ့လား
ခုဏကလိုမှုန်ကုပ်ကုပ်စိတ်ရှုပ်နေသည့်
ပုံစံမဟုတ်တော့ဘဲ ပြုံးယောင်သမ်းလာသည်မို့
ဒေါက်တာကိုမျက်လုံးချင်းဆိုင်ကြည့်လိုက်ကာ
:သဘောကျတာပေါ့
အရမ်းအရမ်းသဘောကျတာ
အရယ်တစ်ဝက်ဖြင့်ပြောလာပင်မဲ့
စိမ်းရင်ကိုခုန်သွားစေသလိုမို့
ရယ်နေသည့်သူမကိုကြည့်ပြီး
: မင်းအဲ့လောက်မှသဘောကျနေလဲ
အဲ့ကိုသန်းညွှန့်ကိုမင်းဘဲယူလိုက်ပါ့လား
ဟိုကမင်းဆိုနေ့ချင်းပြီးတောင်လက်ထပ်အုန်းမှာ
:အမယ် တော်ပါ
စိမ်းကိုပြုံးစိစိနှင့်ကြည့်သည်မို့
စိမ်းမျက်နှာလွဲလိုက်ကာ
လွိုင်းမှာပြုံးတုန်းတုန်းဖြင့်
: နေ့လည်စာစားရအောင်ကွာ
ဟိုမှာလဲအစာစားတာမမြင်ဘူး
ဟုတ်တယ်မလား
:တို့ မစားဘူး တို့ ကို
အခုချက်ချင်းဆေးရုံကိုပို့ပေး
:ဟာ လာစမ်းပါ ရှင်ကလဲ
နေလည်စာတော့စားပါ
ကျွန်မဝယ်ကျွေးမယ်လေ ဘယ်လိုလဲ
မျက်စပြစ်ကာပြောသည်မို့
စိမ်းလက်ကိုဆွဲထားသည့်သူ့လက်ကဖယ်လိုက်ကာ
: မင်းကို တို့ပြောနေတယ်မကြားဘူးလား
:ဝယ်ကျွေးမှာလို့ပြောနေတယ်လေ
မကြားဘူးလား
စိမ်း စကား အတိုင်းလိုက်ပြောသည်မို့
စိမ်းရယ်မိလိုက်သည်
သူကိုကြည့်တော့စိမ်းကိုသူက
စိတ်လိုလက်ရရယ်ပြနေသည်မို့
စိမ်းမှာပြုံးသွားကာ
ကားတံခါးကိုဖွင့်ပေးပြီး
စိမ်းလက်ကိုဆွဲကိုင်လာသည်မို့
: ဖယ် ကိုယ့်ဘာသာကိုယ်သွားတတ်တယ်
:အာ ဟုတ်သားဘဲ
ဒီမှာခြေထောက်နှစ်ဖတ်လုံးရှိနေတာ
ခုဏကမမြင်လိုက်ဘူး
ကားပေါ်ကဆင်းပြီးသူ့ကိုမျက်စောင်းထိုးလိုက်ကာ
: မင်းမျက်နှာဘဲ ရူးနေလိုက်
: ဘာစားမှာလဲ ကျွန်မဝယ်ကျွေးမှာပါ
: တို့ကို ပါစတာတစ်ပွဲပေး
ပြီးတော့ စတော်ဘယ်ရီ က လွဲရင်
ကြိုက်တဲ့ juiceတစ်ခွက် ချပေးနော်
:စတော်ဘယ်ရီ က ဘာဖြစ်လို့လဲ
:တို့နဲ့ allergic ရှိတယ်
:ဪ အဲ့ကြောင့်မို့ ရှင်ကိုကြည့်ရတာ
လူနဲ့မတူဖြစ်နေတာ
:ဘယ်လို မင်းဘာပြောလိုက်တယ်
တို့ကလူမဟုတ်လို့ ဘာလဲ
: ရှင်အခုထိမသိသေးဘူးလား
စိမ်းမျက်မှောင်ကြုတ်ကာခေါင်းခါပြတော့
သူကရယ်သည်
: စနေတာ
ရေခွက်ကိုယူကာ ရေငဲ့ရင်း ပြုံးတုန်းတုန်းဖြင့်
: မင်းတော့နော်
စားစရာတွေရောက်လာသည်မို့
စိမ်းကပါစတာကိုစားမည်လုပ်တော့
သူကဖုန်းသုံးနေသည်မို့
: မင်းကဘာမှမစားဘူးလား
: စားခဲ့တယ်လေ အဲ့ဒီ့မှာ ရှင်စကားများနေတာကို နားထောင်ပြီးစားခဲ့တာ
ရယ်ပြီးပြောသည်မို့စိမ်းရယ်ကာခေါင်းခါမိသည်
: တို့အဲ့မှာတော်တော်ကွိုင်တတ်တာ
ဘေးကဝိုင်းကလူတွေကကြည့်နေတာတကယ်ဘဲ
အဲ့လူတော်တော် စိတ်ညစ်ဖို့ကောင်းတယ်
: စိတ်ညစ်ဖို့ကောင်းတယ်လား
ကျွန်မ က ရှင် သူ့ကို သဘောကျနေတယ်
ထင်နေတာ
: မင်းမို့ အဲ့လိုစဥ်းစားတယ်
: ကျွန်မ တကယ်ပြောနေတာ
:မင်း တော်တော့!
တို့ ဒီ ပါစတာ ကိုဆက်စားရမှာလား
မင်းနဲ့စကားများနေရမှာလား
: စားပါ စားပါ
ရန်တော့မလုပ်ပါနဲ့ ရှင့် နားနေရင်
တအားနားပူတာ တကယ်
သူ့ကိုမျက်စောင်းထိုးလိုက်ကာ>>>>>>>>>>
ဆေးရုံဝင်းရှေ့တွင်
: ဒီမယ် ရှင်ညနေပြန်စရာကားမရှိရင်
ကျွန်မလာကြိုပေးရမလား
:ဘာကိစ္စလာကြိုမှာလဲ
မင်းကတို့ရည်းစားမှမဟုတ်တာ
:ကျွန်မရိုးရိုးသားသားမေးတာ
ရှင်ဘာရှင်တွေးချင်ရာတွေးနေတာ
ပြီးရော် လာမကြိုနဲ့ဆိုလဲ
သူလာမကြိုရင်လဲတကယ်ကားငှားပြန်ရမည်မို့
:ရတယ်ရတယ် လာကြိုပေး
ညနေ၃နာရီနော် ဒီကနေစောင့်နေမယ်
ပြုံးကာခေါင်းငြိမ့်ပြရင်း
: အလုပ်လုပ်နေရင်းကို
သန်းညွှန့်အကြောင်းတွေးမနေနဲ့အုန်းနော်
တော်ကြာလူနာတွေလန့်ပြီး
ရှင့်ဆီလာမကုဘဲနေအုန်းမယ်
ပြုံးတုန်းတုန်းဖြင့်စနောက်နေသည်မို့
သူ့ကိုမျက်စောင်းထိုးကြည့်ကာ
: မင်း သွားတော့ သွား
ရယ်ပြပြီးထွက်သွားသည့်လွိုင်းကားကိုကြည့်ပြီး
ဆေးရုံဝင်းထဲဝင်မည်လုပ်တော့
လူတွေကိုလိုက်မေးနေသည့်
ကိုသန်းညွှန့်ကိုတွေ့လိုက်သည်မို့
ဆေးရုံဝင်းထဲမြန်မြန်ဝင်လိုက်ကာ
*တစ်ပတ်လုံးသူ့ကိုပတ်ရှောင်နေရမှာလား
ကျစ် စိတ်ပျက်ပါတယ်
@SxinNatNwe
5.3.2022
20.3.2022
Zawgyi
အခုမှသိသည့်
မင်းခန့်မှန်းထားသလဲ
သမီးပါနာပြီသာမှတ်
အိမ်ထောင်လဲထပ်မယူဘဲ
အခုကြည့်
: အဖေရာ မဟုတ်သေးပါဘူး
အသုံးကိုမကျကျဘူး
:ဘာကြည့်နေကြတာလဲ
:ဪ ဪ ဟုတ်ပြီ ဟုတ်ပြီ
ထားခဲ့ချည်
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
: ဘိုးဘိုး!
အဘိုးနားရောက်သွားသ်ာနှင့်
:ဪ ရှင်ကို
စိမ်း ရုပ်တည်လိုက်ကာ
ဘာလဲ ပြဿနာရှိလို့လား
သိခဲ့ရင် သေသေချာချာ
:ကောင်းပါပြီ
: လာစမ်း လွိုင်းမြန်မာ
သွားပြီ သွားပြီ
:ပြန်လာခဲ့စမ်း !
ဆေးရုံဝင်းထဲကအထွက်
: အဟင်း အဲ့လောက်တောင်
မျက်နှာလွဲသွားကာ
:အဟင်း ဟုတ်ပါရဲ့
ဘယ်နားလည်ပါ့မလဲ
ထားပါ ကဲ သွားပြီနော်
ဒေါက်တာအပျိုကြီး
:တောက်စ် ငါကိုကမှားတာ
: ဖယ်စမ်းပါ ကောင်မရယ်
အဟင်း အဲ့ဒါထားပါ
ဟားဟား......
သဘောတကျရယ်နေသည့်
ခေါင်းထိသွားတာလား
ရယ်ဖူးတာမတွေ့ဖူးဘူး
ဇေဇေရာကြာတယ်
:အိုခေပါရှင့်
သူကဒီလိုပုံစံအမှန်
ရေသောက်သူကသောက်
: ဟယ် ညည်း ဟယ် စကားပြော
ကြမ်းတမ်းလိုက်တာဟယ်
:ဖယ်စမ်း! ကောင်မ ညည်းတို့အိန္ဒကြေိုမရှိဘူး
>>>>>>>>>>>>>>>>>>>>>>>>>>>
တစ်ပတ်ကြာပြီးနောက်
: ကျော် သန်းညွှန့်
ဒေါက်တာရယ်ယုံပါ
ထောင်ကျသွားမယ် ဖယ်!
သဘောကျကာရယ်နေသည်
:ကျော့်ကိုလက်ထပ်ပါ
:တောက်စ်! ဒီ
ဒေါက်တာ ရယ်
oversize T shirt
တို့ ပြောနေတယ်နော်
:မနေ့ကမှသိတာဗျာ
ထိုအညာသားမှာတော့
ကြွားကိန်းထုတ်နေသည်
:ဝါးးးးး မိုက်လိုက်တာ
ရှယ်လှသွားမှာဘဲ
ကျော်ဒါတွေဒါတွေဆို
:အားးးးးး
ခုံအောက်တွေလဲကုန်းကြည့်လိုကြည့်မို့
: ဘာကောင်မှမချိပါဘူး
အဟမ်း အဟမ်း
:အဟမ်း ဆိုတော့ ဒေါက်တာ
လွိုင်းမြန်မာ
:ရှင့်ပါးစမ်းပိတ်ထား!
ဖယ်ပေး! လွိုင်းမြန်မာ
:ဟ ပြန်တော့မလို့လား
: လွိုင်းမြန်မာ
: အိုခေပါ
ခုံမှထပေးလိုက်ပြီး
သူ့ခင်ဗျာသနားပါတယ်
: ဟင့်အင်း တော်ပြီ ရတယ်
လွတ် လွတ် နာတယ်လို့
ထွက်သွားမည်လုပ်တော့
တော်တော်ဂွကျတဲ့လူ
ပိုင်တာ နည်းသလား
နေရခက်သွားသလို
: ဖယ်စမ်း
:သဘောကျတာပေါ့
အရမ်းအရမ်းသဘောကျတာ
:အမယ် တော်ပါ
: နေ့လည်စာစားရအောင်လား
ဟုတ်တယ်မလား
:တို့ မစားဘူး တို့ ကို
:ဟာ လာစမ်းပါ ရှင်ကလဲ
နေလည်စာတော့စားပါ
မကြားဘူးလား
စိမ်းရယ်မိလိုက်သည်
စိမ်းမှာပြုံးသွားကာ
:အာ ဟုတ်သားဘဲ
ခုဏကမမြင်လိုက်ဘူး
လူနဲ့မတူဖြစ်နေတာ
သူကရယ်သည်
: စနေတာ
: မင်းတော့နော်
: မင်းကဘာမှမစားဘူးလား
ထင်နေတာ
: ကျွန်မ တကယ်ပြောနေတာ
:မင်း တော်တော့!
: စားပါ စားပါ
တအားနားပူတာ တကယ်
ဆေးရုံဝင်းရှေ့တွင်
: ဒီမယ် ရှင်ညနေပြန်စရာကားမရရှိရင်
:ဘာကိစ္စလာကြိုမှာလဲ
:ရတယ်ရတယ် လာကြိုပေး
: အလုပ်လုပ်နေရင်းကို
: မင်း သွားတော့ သွား
ကျစ် စိတ်ပျက်ပါတယ်
@SxinNatNwe
5.3.2022
20.3.2022