HANARY(S1+S2)

By greyvictor25

6.6M 433K 73.7K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories 💌
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

Ch-12(Uni/Zg)

46.4K 3.2K 286
By greyvictor25

ဟီရိုက ဟန်နရီအနားကပ်လာကာ ဟန်နရီနှုတ်ခမ်းပေါ်က သွေးစကို သုတ်ပီး သူထိုးထားတဲ့နှုတ်ခမ်းနေရာကို ဖိချထားသည် ဟန်နရီလက်သီးကိုဆုပ်ကာ တောင့်ခံထားသည် ဟီရိုက သူ့အားနဲ့ပိုပီးဖိထားတော့ ဟန်နရီမျက်နှာရှုံ့လာသည်

" တောင့်ခံ!!! "

ဟီရိုရဲ့အမိန့်ကြောင့် ဟန်နရီအံကိုကြိတ်ကာ တောင့်ခံထားသည် ဟန်နရီနှုတ်ခမ်းကို ဟီရိုကတအားဖိချထားတာကြောင့် ဟန်နရီမျက်ရည်၀ဲတတ်လာသည် သို့ပေမဲ့ တုန့်တုန့်မျှမလှုပ် တောင့်ခံထားဆဲပင် သူစိတ်တိုင်းကျတဲ့အချိန်မှ ဟန်နရီကို လွှတ်ပေးလိုက်သည် ဟီရိုက ဟန်နရီထက်သွေးအေးကာ ပိုရက်စက်သူပင်

"လက်နက်တွေကော "

" swiss ကိုတင်ပေးလိုက်ပီ မပြောမဆိုနဲ့ဘာလို့ရောက်လာတာလဲ "

" ကိုယ့်မြေးကို လွမ်းလို့လာတာလေ မလာရဘူးလား "

" ဟီရိုဒီကိုလာတာ အကြောင်းပြချက်ရှိမယ်ဆိုတာ ကျတော်သိပီးသား "

ဟန်နရီက သူ့နှုတ်ခမ်းကို အ၀တ်တခုနဲ့ဖိထားပီး ဆိုဖာပေါ်ခြေချိတ်ကာထိုင်ချလိုက်သည်

" မနက်ဖန်ဂိုဏ်းပေါင်းချုပ်တွေ့ဆုံပွဲရှိတယ်လေ အဲ့အတွက်အဆင်သင့်ပြင်ထား ဟန်နရီ "

" မနက်ဖန် အစည်းအ၀ေးပီးတာနဲ့ swissကိုတန်းပြန်မှာမှတ်လား "

" ဘာလို့ပြန်စေချင်နေတာလဲ "

" သဘက်ခါဆိုလွန်းပြန်ရောက်တော့မှာ ဟီရိုနဲ့မတွေ့စေချင်ဘူး "

" အချစ်မှာ မကျဆုံးစေနဲ့ဟန်နရီ အထူးသဖြင့်အဲ့ကောင်လေးဆီမှာပေါ့ "

" ကျတော်ဒီလောက်ထိ ဟီရိုခိုင်းသမျှလုပ်ပေးနေတာတောင် ဘာကိုမကျေနပ်နိုင်သေးတာလဲ ဒယ်ဒီတုန်းကပျော့ညံ့နေခဲ့လို့ ကျတော့်ကို ဟီရိုစိတ်တိုင်းကျ ပုံသွင်းခဲ့တာမှတ်လား "

" ဟန်နရီ "

" ဟီရိုက အရမ်းတဖက်သတ်ဆန်လွန်းတယ် "

" ဟန်နရီဗစ်တာ!!! "

" ဒယ်ဒီဆုံးတုန်းကတောင် ဟီရိုအဖက်လုပ်ခဲ့လို့လား ဟမ်!! "

" သူက ပျော့ညံ့တဲ့လူတယောက် မင်းက သန်မာရမယ် မင်းကငါ့ရဲ့တဦးတည်းသောမြေးပဲ "

" တဦးတည်းသောမြေးမို့လို့ ငယ်ငယ်ထဲက စိတ်ဒဏ်ရာတွေပေးခဲ့တာလား "

" ငါက မင်းကိုချစ်လွန်းလို့အခုလိုတွေပြောနေတာ...အဲ့ကောင်လေးကြောင့် မိုက်ရူးရဲဆန်တဲ့လုပ်ရပ်ကိုလုပ်ခဲ့လို့ သေမလိုဖြစ်ခဲ့ပီးပီမှတ်လား !! နောက်တခါအဲ့လုပ်ရပ်မျိုးထပ်လုပ်ရင် ခွင့်လွှတ်မယ်မထင်နဲ့ "

ဟီရိုက သူ့လက်ထဲကသေနတ်နဲ့ ခေါင်းငုံနေတဲ့ဟန်နရီမျက်နှာကို ဆွဲမော့ကာ စိုက်ကြည့်လိိုက်သည်

" အဲ့ဒီမျက်ရည်တွေကို အခုချက်ချင်းပြန်သုတ်စမ်း!!! ဘယ်တော့မှ မပျော့ညံ့စေနဲ့ မင်းက ဗစ်တာဂိုဏ်းရဲ့ခေါင်းဆောင်မို့လိို့ ကိုယ့်ငယ်သားတွေရှေ့မှာ ဘယ်တော့မှမျက်ရည်မကျမိစေနဲ့ "

ဟန်နရီချက်ချင်းသူ့မျက်ရည်တွေကို ပြန်သုတ်ကာ ရုပ်တည်ထားလိုက်သည်

" ဆေးဘူးယူလာခဲ့ "

ဟီရိုက ဘေးနားကနောက်လိုက်တွေကို ဆေးဘူးသွားယူခိုင်းကာ ကပိုကရိုကျနေတဲ့ ဟန်နရီရဲ့ဆံပင်တွေကိုသပ်တင်ပေးလိုက်သည်

" မင်းတို့ထွက်သွားကြ "

အခန်းထဲမတ်တပ်ရပ်နေတဲ့ နောက်လိုက်တွေကို ဟီရိုအပြင်ထွက်ခိုင်းကာ တံခါး lockချလိုက်သည်
ဆိုဖာမှာ ခံစားချက်မရှိတဲ့လူတယောက်လိုထိုင်နေတဲ့ သူ့မြေးအနားကိုချဥ်းကပ်သွားကာ သူထိုးထားလို့အနည်းငယ်ယောင်နေတဲ့ ဟန်နရီရဲ့နှုတ်ခမ်းကို ဆေးထည့်ပေးလိုက်သည်

" Samကော "

" ပစ္စည်းပို့ခိုင်းထားတယ် "

" ဘယ်သူ့ကိုမှမယုံမိစေနဲ့ ကိုယ့်ဘေးနားက လူတွေကရန်သူတွေချည်းပဲလို့ စိတ်ထဲမှာမှတ်ထား "

" Samက ကျတော်အယုံကြည်ရဆုံးလူပဲ "

" လောကကြီးရဲ့ မာယာတွေကို လျှော့မတွက်နဲ့ဟန်နရီ "

ဟီရိုက သူ့မျက်နှာလေးကိုအသာအယာထိကာ ပြောဆိုနေတာကြောင့် ဟန်နရီတဖက်ကိုမျက်နှာလွှဲသွားသည်

" ဘာလိုချင်တာရှိလဲ "

" ဘာမှမရှိဘူး "

" ကိုယ့်အဖိုးကို စိတ်ဆိုးနေတာလား"

" မဆိုးပါဘူး "

ဟန်နရီကစိတ်ဆိုးရင် သိသာတဲ့လူမျိုးဖြစ်တာကြောင့် ဟီရိုတဖက်ကိုလှည့်ကာ ပြုံးလိုက်သည်

" မနက်ဖန်အတွက် အသင့်ပြင်ထား တခြားအဖွဲ့တွေရှေ့မှာ ငါ့ကိုမျက်နှာမပျက်စေနဲ့ "

ဟီရိုက ဟန်နရီပခုံးကိုအသာအယာပုတ်ကာ အခန်းထဲကထွက်သွားသည် အသက်60ကျော်အဖိုးကြီးတယောက်ဆိုပေမဲ့ ခန္ဓာကိုယ်တောင့်တင်းကာ ကြည့်ကောင်းဆဲပင် အကြည့်တွေကလဲ ဟန်နရီနည်းတူ အမြဲသွေးအေးနေတတ်သည်

*****

မြို့စွန်နားက ခြံကျယ်ကြီးထဲ ကားများစွာစီတန်းရပ်ထားသည် ထိုအဆောက်အဦးအတွင်းပိုင်းကို အဖိုးတန်အသုံးအဆောင်များနှင့်အလှဆင်ထားပီး နံရံတလျှောက် ကျောက်စီပန်းချီကားများဖြင့်အလှဆင်ထားသည် နန်းတော်သဖွယ်ခမ်းနားတဲ့ထိုအဆောက်အဦးထဲ အနက်ရောင်လောက၌ကျင်လည်ကြတဲ့ ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များကတတ်ရောက်လာကြသည် တာ၀န်၀တ္တရားအရ တနှစ်တခါတွေ့ဆုံပွဲဖြစ်လို့ ဂိုဏ်ပေါင်းစုံမှ Mafiaများစွာကထိုပွဲသို့ တတ်ရောက်ကြသည် အပြင်မှာဘယ်လောက်ပဲရန်စရှိပါစေ ထိုတွေ့ဆုံပွဲရောက်ရင် မသိချင်ယောင်ဆောင်နေရသည် ထိုအိမ်၌အချင်းချင်းသတ်ဖြတ်ခွင့်မပြု...

ခြံ၀န်းထဲ၀င်ရောက်လာတဲ့ အစိမ်းရောင်ပြိုင်ကားလေးကြောင့် ထိုအိမ်ထဲမှ လူသုံးယောက်လောက်ကအပြေးအလွှား ကားတံခါးလာဖွင့်ပေးကြသည် ကားထဲမှ မီးခိုးရောင်အနောက်တိုင်း၀တ်စုံကို သေသပ်စွာ၀တ်ဆင်ထားပီး ရုပ်ဖြောင့်တဲ့လူတယောက်ကဆင်းလာသည် ထိုလူရဲ့အကြည့်တွေကစူးရှကာ ဖြောင့်စင်းနေတဲ့နှာတံလေးကြောင့် လူကြမ်းရုပ်ပေါက်မနေပဲ ကြည့်ကောင်းနေသည်
ထိုလူက ရှိန်းခန့်ပိုင်ပင်

" သူတို့ရောက်ပီလား "

" မရောက်သေးပါဘူး Boss "

ရှိန်းခန့်ပိုင်တချက်ပြုံးလိုက်ပီး သူ့အိတ်ကပ်ထဲမှ cigaretteကိုထုတ်ယူကာ မီးညှိပီး ထိုအဆောက်အဦးထဲသို့၀င်သွားလိုက်သည်

ခဏအကြာ ထိုခြံ၀န်းထဲ အနက်ရောင်ကားသုံးစီး၀င်ရောက်လာသည် ထိုကားတွေ၀င်ရောက်လာတာနဲ့ ခြံ၀န်းထဲအသင့်စောင့်နေတဲ့ လူတွေက တံခါးဖွင့်ပေးကြသည် ထိုလူတွေ၀င်ရောက်လာတာနဲ့ အိမ်တော်ထဲမှ ဂိုဏ်းပေါင်းစုံက ခေါင်းငုံ့ကာ အရိုအသေပြုထားရသည်

ခါးကိုဖြောင့်တန်းစွာ ရပ်ပီး တလှမ်းချင်း၀င်ရောက်လာတဲ့လူကြောင့် မည်သူမှမော်မကြည့်ရဲကြ...ထိုဂိုဏ်းတွေအနက်မှ ဟီရိုဗစ်တာသည် ရာထူးအကြီးဆုံးဖြစ်တာကြောင့် ထိုတွေ့ဆုံပွဲ၌ဟီရိုရဲ့အမိန့်သာ နာခံရသည် ဟန်နရီကို အမြင်မကြည်သူတွေရှိကြပေမဲ့ ဟီရိုကြောင့် ဟန်နရီကိုမည်သူမှ ရန်မစရဲကြ ဟန်နရီကလဲ သူ့အဖိုးနည်းတူထူးချွန်ကာ ဥာဏ်အရမ်းများတာကြောင့် တော်ရုံတန်ရုံမပတ်သတ်တာအကောင်းဆုံးပင်

ဟီရိုရဲ့ဘေးမှာ ခံစားချက်မရှိသလိုလိုက်ပါလာသူက ဟန်နရီဗစ်တာပင်...အကြည့်တွေက အရှေ့တည့်တည့်ကိုသာ ဦးတည်နေပီး မျက်လုံးတွေကတည်ငြိမ်နေသည် မျက်နှာကခက်ထန်ကာ အရယ်အပြုံးတစက်မှမရှိတာကြောင့် သာမန်လူတယောက်အနေနဲ့ကြောက်စရာကောင်းနေမှာအမှန် နဂါးပုံစံထိုးထွင်းထားတဲ့ ကိုယ်ပိုင်သေနတ်ကိုလဲ သူ့လက်ကြားထဲမှာတင် လှည့်ကစားကာ လျှောက်လှမ်းလာလိုက်သည် ဟန်နရီအနောက်မှ တပ်ကြပ်မကွာလိုက်ပါလာသူက
Samပင် ပုံမှန်အနေအထားဆို ဟီရိုနဲ့ ဟန်နရီပဲထိုပွဲကိုတတ်ရောက်ရပေမဲ့ Samပါကပ်ပါလာတာကြောင့် ထိုကောင်လေးက ဟန်နရီရဲ့မြှောက်စားပေးခြင်းခံထားရသူဆိုတာ ကြည့်ယုံနဲ့သိနိုင်သည်

ဟီရိုက ၀ိုင်ခွက်ကိုကိုင်ကာ အပေါ်မြှောက်ပြလိုက်တော့ ကျန်တဲ့သူတွေကပါ ၀ိုင်ခွက်ကိုယ်စီကိုင်ကာ သောက်သုံးကြသည် ဟန်နရီရဲ့အကြည့်တွေက သူ့အရှေ့တည့်တည့်က ရှိန်းခန့်ပိုင်ဆီဦးတည်နေပီး ရှိန်းခန့်ပိုင်ရဲ့အကြည့်တွေကလဲ ဟန်နရီဆီသာဦးတည်နေသည်

" ပျော်စရာလေးဖြစ်သွားအောင် Gameလေးကစားကြရင်မကောင်းဘူးလား ဟီရို "

ဟန်နရီက ဟီရိုရဲ့အနားကပ်ကာ ပူဆာလိုက်တော့ ဟီရိုကခေါင်းညိမ့်ပြသည်

" သဘော "

ဟီရိုက လက်ဖြှောက်နှချက်တီးလိုက်တော့ အကုန်လုံးငြိမ်ကျသွားသည်

" ကျုပ်မြေးက Gameလေးကစားချင်လို့တဲ့ အဲ့တာဘယ်သူ အတူပါ၀င်ပေးနိုင်မလဲ "

" ကျတော့်မှာ အတူပြိုင်ရမဲ့ပြိုင်ဖက်ရှိပီးသားပါဟီရိုရဲ့"

ဟန်နရီရဲ့စကားအဓိပ္ပာယ်ကို နားလည်သွားတဲ့ရှိန်းခန့်ပိုင်က တချက်ပြုံးကာ သူ့လက်ထဲက၀ိုင်ခွက်ကိုဘေးချထားလိုက်ပီး ဟန်နရီ့အရှေ့ကို ချဥ်းကပ်လာလိုက်သည်

" ဆိုလိုချင်တာက ငါကမင်းရဲ့ပြိုင်ဖက်ပဲဆိုပါတော့ "

" ကျုပ်နည်းနည်းပျင်းနေလို့ ပျော်စရာ Gameလေးကစားကြရင်မကောင်းဘူးလား "

" အသက်လောင်းကြေးထပ်တာတော့ မဟုတ်လောက်ပါဘူးနော် ဗစ်တာ"

ဟန်နရီ မဲ့ပြုံးတချက်ပြုံးကာ ရှိန်းခန့်ပိုင်ရဲ့နားအနားကပ်ပီး နှယောက်ထဲကြားနိုင်လောက်မဲ့ အသံအနေအထားဖြင့်ပြောလိုက်သည်

" အသက်လောင်းကြေးက နောက်မှခင်ဗျားနဲ့သပ်သပ်ရှင်းမယ် အခုလောလောဆယ်တော့ ကလေးကစားစရာ gameလောက်ပဲကစားကြတာပေါ့ "

" ငါ့မှာလဲ ဒီထက်ပိုပျော်စရာကောင်းတဲ့ gameလေးတွေရှိသေးတာမို့ နောက်မှသပ်သပ်ကစားကြတာပေါ့ "

နှယောက်သားတီးတိုးပြောနေတဲ့ဟန်နရီတို့ကို ကျန်တဲ့အဖွဲ့သားတွေက အကဲခတ်ကာ ငေးကြည့်နေကြသည်
ဟန်နရီက သူ့လက်ထဲကသေနတ်ကို လှည့်ကစားလိုက်ပီး မောင်းတင်လိုက်သည် ဟန်နရီသေနတ်ကိုင်တာနဲ့ ရှိန်းကပါ သူ့သေနတ်ကိုဆွဲထုတ်လိုက်သည်

" ဟိုးအရှေ့က ၀ိုင်ခွက်တွေတွေ့တယ်မှတ်လား ခင်ဗျားနဲ့ကျုပ် ဘယ်သူက လက်ပိုဖြောင့်လဲပြိုင်ကြတာပေါ့ "

ဟန်နရီရဲ့ပြိုင်ဆိုင်မှုကို သဘောကျသွားတဲ့ဟီရိုက ခေါင်းကိုအသာညိမ့်ကာ အနောက်ကနေ စောင့်ကြည့်နေလိုက်သည်

ဟန်နရီက ပစ်မှတ်ကိုအာရုံစိုက်ကာ လက်တဖက်ထဲနှင့် သူ့ရှေ့က၀ိုင်ခွက်ကိုလှမ်းပစ်လိုက်သည် တချက်ထဲနှင့် ကွဲသွားတဲ့၀ိုင်ခွက်လေးကြောင့် ဟန်နရီက ရှိန်းခန့်ကိုမေးငေါ့ပြလိုက်သည်

ရှိန်းကလဲသေချာအာရုံစိုက်ကာ သူ့ရှေ့က၀ိုင်ခွက်ကို လှမ်းပစ်လိုက်သည် ပစ်မှတ်ကလွဲချော်သွားခြင်းမရှိပေ...

"နောက်၀ိုင်ခွက်ကို ဒီထက်အလှမ်း၀ေးတဲ့နေရာမှာထားလိုက် "

ဟန်နရီရဲ့အမိန့်ကြောင့် ထိုနားမှာရပ်နေတဲ့လူတွေက ၀ိုင်ခွက်ကို အလှမ်း၀ေးတဲ့နေရာမှာ တင်ထားလိုက်သည်
ဟန်နရီ သူ့လက်တဖက်ကိုဆန့်တန်းကာ 3စက္ကန့်အတွင်း ပစ်မှတ်ကိုမှန်အောင်ပစ်လိုက်သည် ရှိန်းကလဲအားကျမခံ ပစ်မှတ်ကို မှန်အောင်ပစ်လိုက်သည် နှယောက်လုံးလက်ရည်တူနေတာကြောင့် အကုန်လုံးက စောင့်ကြည့်နေကြသည်

" မျက်စိတဆုံးရောက်တဲ့အထိ အ၀ေးဆုံးမှာထားလိုက် "

ဟန်နရီရဲ့အမိန့်အတိုင်း ၀ိုင်ခွက်ကို အ၀ေးဆုံးအကွာအ၀ေးရောက်တဲ့အထိထားလိုက်ကြသည် ပစ်မှတ်ကတော်တော်အလှမ်း၀ေးသွားတဲ့အပြင် ၀ိုင်ခွက်ကသေးငယ်တာကြောင့် မျက်စိထဲ ၀ိုးတိုး၀ါးတားလေးသာမြင်နေရသည် ရှိန်းက ဟန်နရီကိုစိိုက်ကြည့်ကာ သေနတ်မောင်းတင်လိုက်သည် ပီးတာနဲ့ ပစ်မှတ်ကိုအာရုံသေချာစိုက်ကာ
ပစ်လိုက်သည်

" တောက်!!! "

ပစ်မှတ်လွဲချော်သွားတာကြောင့် ရှိန်းတယောက်ဒေါသထွက်ကာ သူ့ coatအင်္ကျီကိုဆွဲချွတ်လိုက်သည်

" ငါနောက်တခါထပ်ပစ်မယ် "

" ခင်ဗျားသဘောပဲ "

ဟန်နရီခွင့်ပြုတာနဲ့ ရှိန်းနောက်တကြိမ်အာရုံသေချာပြန်စိုက်လိုက်သည် ပစ်မှတ်ကတော်တော်လေးအလှမ်း၀ေးတာကြောင့် ထိမှန်အောင်ပစ်ဖို့ အတော်လေးခဲယဥ်းသည်

" ဟာကွာ!!! "

ဒုတိယအကြိမ်လဲလွဲချော်သွားတာကြောင့် ရှိန်းအတော်လေးပေါက်ကွဲသွားပုံပါပဲ ဟန်နရီကတော့ ခပ်ရေးရေးပြုံးကာ သူ့သေနတ်ကို မောင်းတင်လိုက်သည် အကုန်လုံးရဲ့အကြည့်ကလဲ ဟန်နရီဆီဦးတည်နေသည် ဟန်နရီသူ့ပါးစောင်ကို လျှာနဲ့ထိုးကာ အနောက်ကိုသုံးလှမ်းဆုတ်လိုက်သည် ပီးတာနဲ့ လက်ကြားထဲကသေနတ်ကို တပတ်လှည့်ကစားလိုက်ပီး ချက်ချင်းလက်ဆန့်ကာ ပစ်မှတ်ကိုချိန်ပစ်လိုက်သည် အပိုအလိုမရှိတိကျတဲ့အကွာအ၀ေးကြောင့် ၀ိုင်ခွက်လေးက အပိုင်းပိုင်းကွဲထွက်ကာ မြေပေါ်ခစားသွားသည် အကုန်လုံးကလဲ လက်ခုပ်တီးကာ ဟန်နရီကိုဂုဏ်ပြုကြသည်
ရှိန်းကတော့ မျက်နှာကိုတည်ထားကာ ဟန်နရီကိုစိုက်ကြည့်နေသည်

" ကျုပ်က အရာရာထူးချွန်ပီးသားပဲလေ အဟက် "

" မင်းနဲ့ငါနဲ့ကိစ္စက မပီးသေးဘူးနော် ဗစ်တာ...နောက်မှမင်းနဲ့စာရင်းရှင်းမယ် ဟီရိုမပါလာစေနဲ့ "

" ကျုပ်လဲယောကျ်ားပါ ခင်ဗျားနဲ့နှယောက်ထဲပဲစာရင်းရှင်းချင်တာ ကြားထဲဘယ်သူ့ကိုမှ ဆွဲထည့်မှာမဟုတ်ဘူး "

ရှိန်းအကြည့်တွေကစူးရှကာ ဟန်နရီကိုမျက်နှာလွှဲလိုက်ပီး ထိုအဆောက်အဦးထဲမှချက်ချင်းထွက်သွားသည် ဟန်နရီကတော့ လက်ပိုက်ကာ ဟီရိုအနားကို ပြန်ချဥ်းကပ်လာလိုက်သည်

****

ရှိန်းသူ့ကားထဲရောက်တာနဲ့ ကားပြတင်းပေါက်ကို သူ့တံတောင်နဲ့ထိုးချလိုက်သည် ဒေါသစိတ်တွေကိုမြိုသိပ်ထားပေမဲ့ အသက်ရှုသံတွေက မြန်ဆန်လာသည် ဟန်နရီနဲ့တွေ့လိုက်တိုင်း အမြဲရှုံးနေတာကြောင့်
စိတ်အလိုမကျဖြစ်လာသည်

" တောက် !!!! "

သူ့အိတ်ကပ်ထဲမှ cigaretteကိုထုတ်ကာ မီးညှိပီး ဆေးလိပ်ငွေ့တွေကို အပြင်ဘက်ကိုမှုတ်ထုတ်လိုက်သည် အပြောင်းအလဲမြန်ဆန်လွန်းတဲ့ မျက်နှာအမူအယာကြောင့် ရှိန်းရဲ့စိတ်ကို ခန့်မှန်းရခက်လွန်းသည် သေချာတာတော့ ရှိန်းက ဟန်နရီကို နောက်ဆုံးပစ်မှတ်အနေနဲ့သတ်မှတ်ထားတာကြောင့် ပထမပစ်မှတ်က ဟီရိုဗစ်တာပင်

" မင်းအဖေသေခဲ့တာ သွေးရိုးသားရိုးသေခဲ့တယ်လို့ထင်နေတာလားဗစ်တာ...မင်းရဲ့တဦးတည်းသော သွေးသားရင်းချာဖြစ်တဲ့ ဟီရိုကိုပါ မင်းအဖေနောက်လိုက်ခိုင်းမှာမို့လို့ နောက်ဆုံးကျမှ မင်းနဲ့စာရင်းရှင်းကြတာပေါ့ "

***
4.3.22
Grey

**

ဟီ႐ိုက ဟန္နရီအနားကပ္လာကာ ဟန္နရီႏႈတ္ခမ္းေပၚက ေသြးစကို သုတ္ပီး သူထိုးထားတဲ့ႏႈတ္ခမ္းေနရာကို ဖိခ်ထားသည္ ဟန္နရီလက္သီးကိုဆုပ္ကာ ေတာင့္ခံထားသည္ ဟီ႐ိုက သူ႔အားနဲ႔ပိုပီးဖိထားေတာ့ ဟန္နရီမ်က္ႏွာရႈံ႕လာသည္

" ေတာင့္ခံ!!! "

ဟီ႐ိုရဲ႕အမိန္႔ေၾကာင့္ ဟန္နရီအံကိုႀကိတ္ကာ ေတာင့္ခံထားသည္ ဟန္နရီႏႈတ္ခမ္းကို ဟီ႐ိုကတအားဖိခ်ထားတာေၾကာင့္ ဟန္နရီမ်က္ရည္၀ဲတတ္လာသည္ သို႔ေပမဲ့ တုန္႔တုန္႔မွ်မလႈပ္ ေတာင့္ခံထားဆဲပင္ သူစိတ္တိုင္းက်တဲ့အခ်ိန္မွ ဟန္နရီကို လႊတ္ေပးလိုက္သည္ ဟီ႐ိုက ဟန္နရီထက္ေသြးေအးကာ ပိုရက္စက္သူပင္

"လက္နက္ေတြေကာ "

" swiss ကိုတင္ေပးလိုက္ပီ မေျပာမဆိုနဲ႔ဘာလို႔ေရာက္လာတာလဲ "

" ကိုယ့္ေျမးကို လြမ္းလို႔လာတာေလ မလာရဘူးလား "

" ဟီ႐ိုဒီကိုလာတာ အေၾကာင္းျပခ်က္ရွိမယ္ဆိုတာ က်ေတာ္သိပီးသား "

ဟန္နရီက သူ႔ႏႈတ္ခမ္းကို အ၀တ္တခုနဲ႔ဖိထားကာ ဆိုဖာေပၚမေျခခ်ိတ္ကာထိုင္ခ်လိုက္သည္

" မနက္ဖန္ဂိုဏ္းေပါင္းခ်ဳပ္ေတြ႕ဆုံပြဲရွိတယ္ေလ အဲ့အတြက္အဆင္သင့္ျပင္ထား ဟန္နရီ "

" မနက္ဖန္ အစည္းအ၀ေးပီးတာနဲ႔ swissကိုတန္းျပန္မွာမွတ္လား "

" ဘာလို႔ျပန္ေစခ်င္ေနတာလဲ "

" သဘက္ခါဆိုလြန္းျပန္ေရာက္ေတာ့မွာ ဟီ႐ိုနဲ႔မေတြ႕ေစခ်င္ဘူး "

" အခ်စ္မွာ မက်ဆုံးေစနဲ႔ဟန္နရီ အထူးသျဖင့္အဲ့ေကာင္ေလးဆီမွာေပါ့ "

" က်ေတာ္ဒီေလာက္ထိ ဟီ႐ိုခိုင္းသမွ်လုပ္ေပးေနတာေတာင္ ဘာကိုမေက်နပ္ႏိုင္ေသးတာလဲ ဒယ္ဒီတုန္းကေပ်ာ့ညံ့ေနခဲ့လို႔ က်ေတာ့္ကို ဟီ႐ိုစိတ္တိုင္းက် ပုံသြင္းခဲ့တာမွတ္လား "

" ဟန္နရီ "

" ဟီ႐ိုက အရမ္းတဖက္သတ္ဆန္လြန္းတယ္ "

" ဟန္နရီဗစ္တာ!!! "

" ဒယ္ဒီဆုံးတုန္းကေတာင္ ဟီ႐ိုအဖက္လုပ္ခဲ့လို႔လား ဟမ္!! "

" သူက ေပ်ာ့ညံ့တဲ့လူတေယာက္ မင္းက သန္မာရမယ္ မင္းကငါ့ရဲ႕တဦးတည္းေသာေျမးပဲ "

" တဦးတည္းေသာေျမးမို႔လို႔ ငယ္ငယ္ထဲက စိတ္ဒဏ္ရာေတြေပးခဲ့တာလား "

" ငါက မင္းကိုခ်စ္လြန္းလို႔အခုလိုေတြေျပာေနတာ...အဲ့ေကာင္ေလးေၾကာင့္ မိုက္႐ူးရဲဆန္တဲ့လုပ္ရပ္ကိုလုပ္ခဲ့လို႔ ေသမလိုျဖစ္ခဲ့ပီးပီမွတ္လား !! ေနာက္တခါအဲ့လုပ္ရပ္မ်ိဳးထပ္လုပ္ရင္ ခြင့္လႊတ္မယ္မထင္နဲ႔ "

ဟီ႐ိုက သူ႔လက္ထဲကေသနတ္နဲ႔ ေခါင္းငုံေနတဲ့ဟန္နရီမ်က္ႏွာကို ဆြဲေမာ့ကာ စိုက္ၾကည့္လိိုက္သည္

" အဲ့ဒီမ်က္ရည္ေတြကို အခုခ်က္ခ်င္းျပန္သုတ္စမ္း!!! ဘယ္ေတာ့မွ မေပ်ာ့ညံ့ေစနဲ႔ မင္းက ဗစ္တာဂိုဏ္းရဲ႕ေခါင္းေဆာင္မို႔လိို႔ ကိုယ့္ငယ္သားေတြေရွ႕မွာ ဘယ္ေတာ့မွမ်က္ရည္မက်မိေစနဲ႔ "

ဟန္နရီခ်က္ခ်င္းသူ႔မ်က္ရည္ေတြကို ျပန္သုတ္ကာ ႐ုပ္တည္ထားလိုက္သည္

" ေဆးဘူးယူလာခဲ့ "

ဟီ႐ိုက ေဘးနားကေနာက္လိုက္ေတြကို ေဆးဘူးသြားယူခိုင္းကာ ကပိုက႐ိုက်ေနတဲ့ ဟန္နရီရဲ႕ဆံပင္ေတြကိုသပ္တင္ေပးလိုက္သည္

" မင္းတို႔ထြက္သြားၾက "

အခန္းထဲမတ္တပ္ရပ္ေနတဲ့ ေနာက္လိုက္ေတြကို ဟီ႐ိုအျပင္ထြက္ခိုင္းကာ တံခါး lockခ်လိုက္သည္
ဆိုဖာမွာ ခံစားခ်က္မရွိတဲ့လူတေယာက္လိုထိုင္ေနတဲ့ သူ႔ေျမးအနားကိုခ်ဥ္းကပ္သြားကာ သူထိုးထားလို႔အနည္းငယ္ေယာင္ေနတဲ့ ဟန္နရီရဲ႕ႏႈတ္ခမ္းကို ေဆးထည့္ေပးလိုက္သည္

" Samေကာ "

" ပစၥည္းပို႔ခိုင္းထားတယ္ "

" ဘယ္သူ႔ကိုမွမယုံမိေစနဲ႔ ကိုယ့္ေဘးနားက လူေတြကရန္သူေတြခ်ည္းပဲလို႔ စိတ္ထဲမွာမွတ္ထား "

" Samက က်ေတာ္အယုံၾကည္ရဆုံးလူပဲ "

" ေလာကႀကီးရဲ႕ မာယာေတြကို ေလွ်ာ့မတြက္နဲ႔ဟန္နရီ "

ဟီ႐ိုက သူ႔မ်က္ႏွာေလးကိုအသာအယာထိကာ ေျပာဆိုေနတာေၾကာင့္ ဟန္နရီတဖက္ကိုမ်က္ႏွာလႊဲသြားသည္

" ဘာလိုခ်င္တာရွိလဲ "

" ဘာမွမရွိဘူး "

" ကိုယ့္အဖိုးကို စိတ္ဆိုးေနတာလား"

" မဆိုးပါဘူး "

ဟန္နရီကစိတ္ဆိုးရင္ သိသာတဲ့လူမ်ိဳးျဖစ္တာေၾကာင့္ ဟီ႐ိုတဖက္ကိုလွည့္ကာ ၿပဳံးလိုက္သည္

" မနက္ဖန္အတြက္ အသင့္ျပင္ထား တျခားအဖြဲ႕ေတြေရွ႕မွာ ငါ့ကိုမ်က္ႏွာမပ်က္ေစနဲ႔ "

ဟီ႐ိုက ဟန္နရီပခုံးကိုအသာအယာပုတ္ကာ အခန္းထဲကထြက္သြားသည္ အသက္60ေက်ာ္အဖိုးႀကီးတေယာက္ဆိုေပမဲ့ ခႏၶာကိုယ္ေတာင့္တင္းကာ ၾကည့္ေကာင္းဆဲပင္ အၾကည့္ေတြကလဲ ဟန္နရီနည္းတူ အၿမဲေသြးေအးေနတတ္သည္

*****

ၿမိဳ႕စြန္နားက ၿခံက်ယ္ႀကီးထဲ ကားမ်ားစြာစီတန္းရပ္ထားသည္ ထိုအေဆာက္အဦးအတြင္းပိုင္းကို အဖိုးတန္အသုံးအေဆာင္မ်ားႏွင့္အလွဆင္ထားပီး နံရံတေလွ်ာက္ ေက်ာက္စီပန္းခ်ီကားမ်ားျဖင့္အလွဆင္ထားသည္ နန္းေတာ္သဖြယ္ခမ္းနားတဲ့ထိုအေဆာက္အဦးထဲ အနက္ေရာင္ေလာက၌က်င္လည္ၾကတဲ့ ဂိုဏ္းေပါင္းစုံမွ ေခါင္းေဆာင္မ်ားကတတ္ေရာက္လာၾကသည္ တာ၀န္၀တၱရားအရ တႏွစ္တခါေတြ႕ဆုံပြဲျဖစ္လို႔ ဂိုဏ္ေပါင္းစုံမွ Mafiaမ်ားစြာကထိုပြဲသို႔ တတ္ေရာက္ၾကသည္ အျပင္မွာဘယ္ေလာက္ပဲရန္စရွိပါေစ ထိုေတြ႕ဆုံပြဲေရာက္ရင္ မသိခ်င္ေယာင္ေဆာင္ေနရသည္ ထိုအိမ္၌အခ်င္းခ်င္းသတ္ျဖတ္ခြင့္မျပဳ...

ၿခံ၀န္းထဲ၀င္ေရာက္လာတဲ့ အစိမ္းေရာင္ၿပိဳင္ကားေလးေၾကာင့္ ထိုအိမ္ထဲမွ လူသုံးေယာက္ေလာက္ကအေျပးအလႊား ကားတံခါးလာဖြင့္ေပးၾကသည္ ကားထဲမွ မီးခိုးေရာင္အေနာက္တိုင္း၀တ္စုံကို ေသသပ္စြာ၀တ္ဆင္ထားပီး ႐ုပ္ေျဖာင့္တဲ့လူတေယာက္ကဆင္းလာသည္ ထိုလူရဲ႕အၾကည့္ေတြကစူးရွကာ ေျဖာင့္စင္းေနတဲ့ႏွာတံေလးေၾကာင့္ လူၾကမ္း႐ုပ္ေပါက္မေနပဲ ၾကည့္ေကာင္းေနသည္
ထိုလူက ရွိန္းခန္႔ပိုင္ပင္

" သူတို႔ေရာက္ပီလား "

" မေရာက္ေသးပါဘူး Boss "

ရွိန္းခန္႔ပိုင္တခ်က္ၿပဳံးလိုက္ပီး သူ႔အိတ္ကပ္ထဲမွ cigaretteကိုထုတ္ယူကာ မီးညႇိပီး ထိုအေဆာက္အဦးထဲသို႔၀င္သြားလိုက္သည္

ခဏအၾကာ ထိုၿခံ၀န္းထဲ အနက္ေရာင္ကားသုံးစီး၀င္ေရာက္လာသည္ ထိုကားေတြ၀င္ေရာက္လာတာနဲ႔ ၿခံ၀န္းထဲအသင့္ေစာင့္ေနတဲ့ လူေတြက တံခါးဖြင့္ေပးၾကသည္ ထိုလူေတြ၀င္ေရာက္လာတာနဲ႔ အိမ္ေတာ္ထဲမွ ဂိုဏ္းေပါင္းစုံက ေခါင္းငုံ႔ကာ အ႐ိုအေသျပဳထားရသည္

ခါးကိုေျဖာင့္တန္းစြာ ရပ္ပီး တလွမ္းခ်င္း၀င္ေရာက္လာတဲ့လူေၾကာင့္ မည္သူမွေမာ္မၾကည့္ရဲၾက...ထိုဂိုဏ္းေတြအနက္မွ ဟီ႐ိုဗစ္တာသည္ ရာထူးအႀကီးဆုံးျဖစ္တာေၾကာင့္ ထိုေတြ႕ဆုံပြဲ၌ဟီ႐ိုရဲ႕အမိန္႔သာ နာခံရသည္ ဟန္နရီကို အျမင္မၾကည္သူေတြရွိၾကေပမဲ့ ဟီ႐ိုေၾကာင့္ ဟန္နရီကိုမည္သူမွ ရန္မစရဲၾက ဟန္နရီကလဲ သူ႔အဖိုးနည္းတူထူးခြၽန္ကာ ဥာဏ္အရမ္းမ်ားတာေၾကာင့္ ေတာ္႐ုံတန္႐ုံမပတ္သတ္တာအေကာင္းဆုံးပင္

ဟီ႐ိုရဲ႕ေဘးမွာ ခံစားခ်က္မရွိသလိုလိုက္ပါလာသူက ဟန္နရီဗစ္တာပင္...အၾကည့္ေတြက အေရွ႕တည့္တည့္ကိုသာ ဦးတည္ေနပီး မ်က္လုံးေတြကတည္ၿငိမ္ေနသည္ မ်က္ႏွာကခက္ထန္ကာ အရယ္အၿပဳံးတစက္မွမရွိတာေၾကာင့္ သာမန္လူတေယာက္အေနနဲ႔ေၾကာက္စရာေကာင္းေနမွာအမွန္ နဂါးပုံစံထိုးထြင္းထားတဲ့ ကိုယ္ပိုင္ေသနတ္ကိုလဲ သူ႔လက္ၾကားထဲမွာတင္ လွည့္ကစားကာ ေလွ်ာက္လွမ္းလာလိုက္သည္ ဟန္နရီအေနာက္မွ တပ္ၾကပ္မကြာလိုက္ပါလာသူက
Samပင္ ပုံမွန္အေနအထားဆို ဟီ႐ိုနဲ႔ ဟန္နရီပဲထိုပြဲကိုတတ္ေရာက္ရေပမဲ့ Samပါကပ္ပါလာတာေၾကာင့္ ထိုေကာင္ေလးက ဟန္နရီရဲ႕ေျမႇာက္စားေပးျခင္းခံထားရသူဆိုတာ ၾကည့္ယုံနဲ႔သိႏိုင္သည္

ဟီ႐ိုက ၀ိုင္ခြက္ကိုကိုင္ကာ အေပၚေျမႇာက္ျပလိုက္ေတာ့ က်န္တဲ့သူေတြကပါ ၀ိုင္ခြက္ကိုယ္စီကိုင္ကာ ေသာက္သုံးၾကသည္ ဟန္နရီရဲ႕အၾကည့္ေတြက သူ႔အေရွ႕တည့္တည့္က ရွိန္းခန္႔ပိုင္ဆီဦးတည္ေနပီး ရွိန္းခန္႔ပိုင္ရဲ႕အၾကည့္ေတြကလဲ ဟန္နရီဆီသာဦးတည္ေနသည္

" ေပ်ာ္စရာေလးျဖစ္သြားေအာင္ Gameေလးကစားၾကရင္မေကာင္းဘူးလား ဟီ႐ို "

ဟန္နရီက ဟီ႐ိုရဲ႕အနားကပ္ကာ ပူဆာလိုက္ေတာ့ ဟီ႐ိုကေခါင္းညိမ့္ျပသည္

" သေဘာ "

ဟီ႐ိုက လက္ေျဖႇာက္ႏွခ်က္တီးလိုက္ေတာ့ အကုန္လုံးၿငိမ္က်သြားသည္

" က်ဳပ္ေျမးက Gameေလးကစားခ်င္လို႔တဲ့ အဲ့တာဘယ္သူ အတူပါ၀င္ေပးႏိုင္မလဲ "

" က်ေတာ့္မွာ အတူၿပိဳင္ရမဲ့ၿပိဳင္ဖက္ရွိပီးသားပါဟီ႐ိုရဲ႕"

ဟန္နရီရဲ႕စကားအဓိပၸာယ္ကို နားလည္သြားတဲ့ရွိန္းခန္႔ပိုင္က တခ်က္ၿပဳံးကာ သူ႔လက္ထဲက၀ိုင္ခြက္ကိုေဘးခ်ထားလိုက္ပီး ဟန္နရီ႕အေရွ႕ကို ခ်ဥ္းကပ္လာလိုက္သည္

" ဆိုလိုခ်င္တာက ငါကမင္းရဲ႕ၿပိဳင္ဖက္ပဲဆိုပါေတာ့ "

" က်ဳပ္နည္းနည္းပ်င္းေနလို႔ ေပ်ာ္စရာ Gameေလးကစားၾကရင္မေကာင္းဘူးလား "

" အသက္ေလာင္းေၾကးထပ္တာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ ဗစ္တာ"

ဟန္နရီ မဲ့ၿပဳံးတခ်က္ၿပဳံးကာ ရွိန္းခန္႔ပိုင္ရဲ႕နားအနားကပ္ပီး ႏွေယာက္ထဲၾကားႏိုင္ေလာက္မဲ့ အသံအေနအထားျဖင့္ေျပာလိုက္သည္

" အသက္ေလာင္းေၾကးက ေနာက္မွခင္ဗ်ားနဲ႔သပ္သပ္ရွင္းမယ္ အခုေလာေလာဆယ္ေတာ့ ကေလးကစားစရာ gameေလာက္ပဲကစားၾကတာေပါ့ "

" ငါ့မွာလဲ ဒီထက္ပိုေပ်ာ္စရာေကာင္းတဲ့ gameေလးေတြရွိေသးတာမို႔ ေနာက္မွသပ္သပ္ကစားၾကတာေပါ့ "

ႏွေယာက္သားတီးတိုးေျပာေနတဲ့ဟန္နရီတို႔ကို က်န္တဲ့အဖြဲ႕သားေတြက အကဲခတ္ကာ ေငးၾကည့္ေနၾကသည္
ဟန္နရီက သူ႔လက္ထဲကေသနတ္ကို လွည့္ကစားလိုက္ပီး ေမာင္းတင္လိုက္သည္ ဟန္နရီေသနတ္ကိုင္တာနဲ႔ ရွိန္းကပါ သူ႔ေသနတ္ကိုဆြဲထုတ္လိုက္သည္

" ဟိုးအေရွ႕က ၀ိုင္ခြက္ေတြေတြ႕တယ္မွတ္လား ခင္ဗ်ားနဲ႔က်ဳပ္ ဘယ္သူက လက္ပိုေျဖာင့္လဲၿပိဳင္ၾကတာေပါ့ "

ဟန္နရီရဲ႕ၿပိဳင္ဆိုင္မႈကို သေဘာက်သြားတဲ့ဟီ႐ိုက ေခါင္းကိုအသာညိမ့္ကာ အေနာက္ကေန ေစာင့္ၾကည့္ေနလိုက္သည္

ဟန္နရီက ပစ္မွတ္ကိုအာ႐ုံစိုက္ကာ လက္တဖက္ထဲႏွင့္ သူ႔ေရွ႕က၀ိုင္ခြက္ကိုလွမ္းပစ္လိုက္သည္ တခ်က္ထဲႏွင့္ ကြဲသြားတဲ့၀ိုင္ခြက္ေလးေၾကာင့္ ဟန္နရီက ရွိန္းခန္႔ကိုေမးေငါ့ျပလိုက္သည္

ရွိန္းကလဲေသခ်ာအာ႐ုံစိုက္ကာ သူ႔ေရွ႕က၀ိုင္ခြက္ကို လွမ္းပစ္လိုက္သည္ ပစ္မွတ္ကလြဲေခ်ာ္သြားျခင္းမရွိေပ...

"ေနာက္၀ိုင္ခြက္ကို ဒီထက္အလွမ္း၀ေးတဲ့ေနရာမွာထားလိုက္ "

ဟန္နရီရဲ႕အမိန္႔ေၾကာင့္ ထိုနားမွာရပ္ေနတဲ့လူေတြက ၀ိုင္ခြက္ကို အလွမ္း၀ေးတဲ့ေနရာမွာ တင္ထားလိုက္သည္
ဟန္နရီ သူ႔လက္တဖက္ကိုဆန္႔တန္းကာ 3စကၠန္႔အတြင္း ပစ္မွတ္ကိုမွန္ေအာင္ပစ္လိုက္သည္ ရွိန္းကလဲအားက်မခံ ပစ္မွတ္ကို မွန္ေအာင္ပစ္လိုက္သည္ ႏွေယာက္လုံးလက္ရည္တူေနတာေၾကာင့္ အကုန္လုံးက ေစာင့္ၾကည့္ေနၾကသည္

" မ်က္စိတဆုံးေရာက္တဲ့အထိ အ၀ေးဆုံးမွာထားလိုက္ "

ဟန္နရီရဲ႕အမိန္႔အတိုင္း ၀ိုင္ခြက္ကို အ၀ေးဆုံးအကြာအ၀ေးေရာက္တဲ့အထိထားလိုက္ၾကသည္ ပစ္မွတ္ကေတာ္ေတာ္အလွမ္း၀ေးသြားတဲ့အျပင္ ၀ိုင္ခြက္ကေသးငယ္တာေၾကာင့္ မ်က္စိထဲ ၀ိုးတိုး၀ါးတားေလးသာျမင္ေနရသည္ ရွိန္းက ဟန္နရီကိုစိိုက္ၾကည့္ကာ ေသနတ္ေမာင္းတင္လိုက္သည္ ပီးတာနဲ႔ ပစ္မွတ္ကိုအာ႐ုံေသခ်ာစိုက္ကာ
ပစ္လိုက္သည္

" ေတာက္!!! "

ပစ္မွတ္လြဲေခ်ာ္သြားတာေၾကာင့္ ရွိန္းတေယာက္ေဒါသထြက္ကာ သူ႔ coatအက်ႌကိုဆြဲခြၽတ္လိုက္သည္

" ငါေနာက္တခါထပ္ပစ္မယ္ "

" ခင္ဗ်ားသေဘာပဲ "

ဟန္နရီခြင့္ျပဳတာနဲ႔ ရွိန္းေနာက္တႀကိမ္အာ႐ုံေသခ်ာျပန္စိုက္လိုက္သည္ ပစ္မွတ္ကေတာ္ေတာ္ေလးအလွမ္း၀ေးတာေၾကာင့္ ထိမွန္ေအာင္ပစ္ဖို႔ အေတာ္ေလးခဲယဥ္းသည္

" ဟာကြာ!!! "

ဒုတိယအႀကိမ္လဲလြဲေခ်ာ္သြားတာေၾကာင့္ ရွိန္းအေတာ္ေလးေပါက္ကြဲသြားပုံပါပဲ ဟန္နရီကေတာ့ ခပ္ေရးေရးၿပဳံးကာ သူ႔ေသနတ္ကို ေမာင္းတင္လိုက္သည္ အကုန္လုံးရဲ႕အၾကည့္ကလဲ ဟန္နရီဆီဦးတည္ေနသည္ ဟန္နရီသူ႔ပါးေစာင္ကို လွ်ာနဲ႔ထိုးကာ အေနာက္ကိုသုံးလွမ္းဆုတ္လိုက္သည္ ပီးတာနဲ႔ လက္ၾကားထဲကေသနတ္ကို တပတ္လွည့္ကစားလိုက္ပီး ခ်က္ခ်င္းလက္ဆန္႔ကာ ပစ္မွတ္ကိုခ်ိန္ပစ္လိုက္သည္ အပိုအလိုမရွိတိက်တဲ့အကြာအ၀ေးေၾကာင့္ ၀ိုင္ခြက္ေလးက အပိုင္းပိုင္းကြဲထြက္ကာ ေျမေပၚခစားသြားသည္ အကုန္လုံးကလဲ လက္ခုပ္တီးကာ ဟန္နရီကိုဂုဏ္ျပဳၾကသည္
ရွိန္းကေတာ့ မ်က္ႏွာကိုတည္ထားကာ ဟန္နရီကိုစိုက္ၾကည့္ေနသည္

" က်ဳပ္က အရာရာထူးခြၽန္ပီးသားပဲေလ အဟက္ "

" မင္းနဲ႔ငါနဲ႔ကိစၥက မပီးေသးဘူးေနာ္ ဗစ္တာ...ေနာက္မွမင္းနဲ႔စာရင္းရွင္းမယ္ ဟီ႐ိုမပါလာေစနဲ႔ "

" က်ဳပ္လဲေယာက်္ားပါ ခင္ဗ်ားနဲ႔ႏွေယာက္ထဲပဲစာရင္းရွင္းခ်င္တာ ၾကားထဲဘယ္သူ႔ကိုမွ ဆြဲထည့္မွာမဟုတ္ဘူး "

ရွိန္းအၾကည့္ေတြကစူးရွကာ ဟန္နရီကိုမ်က္ႏွာလႊဲလိုက္ပီး ထိုအေဆာက္အဦးထဲမွခ်က္ခ်င္းထြက္သြားသည္ ဟန္နရီကေတာ့ လက္ပိုက္ကာ ဟီ႐ိုအနားကို ျပန္ခ်ဥ္းကပ္လာလိုက္သည္

****

ရွိန္းသူ႔ကားထဲေရာက္တာနဲ႔ ကားျပတင္းေပါက္ကို သူ႔တံေတာင္နဲ႔ထိုးခ်လိုက္သည္ ေဒါသစိတ္ေတြကိုၿမိဳသိပ္ထားေပမဲ့ အသက္ရႈသံေတြက ျမန္ဆန္လာသည္ ဟန္နရီနဲ႔ေတြ႕လိုက္တိုင္း အၿမဲရႈံးေနတာေၾကာင့္
စိတ္အလိုမက်ျဖစ္လာသည္

" ေတာက္ !!!! "

သူ႔အိတ္ကပ္ထဲမွ cigaretteကိုထုတ္ကာ မီးညႇိပီး ေဆးလိပ္ေငြ႕ေတြကို အျပင္ဘက္ကိုမႈတ္ထုတ္လိုက္သည္ အေျပာင္းအလဲျမန္ဆန္လြန္းတဲ့ မ်က္ႏွာအမူအယာေၾကာင့္ ရွိန္းရဲ႕စိတ္ကို ခန္႔မွန္းရခက္လြန္းသည္ ေသခ်ာတာေတာ့ ရွိန္းက ဟန္နရီကို ေနာက္ဆုံးပစ္မွတ္အေနနဲ႔သတ္မွတ္ထားတာေၾကာင့္ ပထမပစ္မွတ္က ဟီ႐ိုဗစ္တာပင္

" မင္းအေဖေသခဲ့တာ ေသြး႐ိုးသား႐ိုးေသခဲ့တယ္လို႔ထင္ေနတာလားဗစ္တာ...မင္းရဲ႕တဦးတည္းေသာ ေသြးသားခ်င္းခ်ာျဖစ္တဲ့ ဟီ႐ိုကိုပါ မင္းအေဖေနာက္လိုက္ခိုင္းမွာမို႔လို႔ ေနာက္ဆုံးက်မွ မင္းနဲ႔စာရင္းရွင္းၾကတာေပါ့ "

***
4.3.22
Grey

Continue Reading

You'll Also Like

660K 7K 96
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
110K 8.9K 70
-Welcome To Mysterious University ............ Mysterious University is a place where full of mysterious and something unexplained or inexplicable un...
1M 44.3K 56
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...