๐— ๐˜† ๐—ฃ๐—ฒ๐—ฟ๐—ณ๐—ฒ๐—ฐ๐˜ ๐—”๐—น๐—ฝ๐—ต๏ฟฝ...
By Iris-Hobaring
71.5K 5.4K 1.2K
๐‘ป๐’๐’‘ โžช ๐‘ป๐’‚๐’†๐’‰๐’š๐’–๐’๐’ˆ ๐‘ฉ๐’๐’•๐’•๐’๐’Ž โžช ๐‘ฑ๐’–๐’๐’ˆ๐’Œ๐’๐’๐’Œ ๐‘จ๐’๐’‘๐’‰๐’‚ & ๐‘ถ๐’Ž๐’†๐’ˆ๐’‚ ๐’•๐’š๐’‘๐’† More
ยซ 1 ยป
ยซ 2 ยป
ยซ 3 ยป
ยซ 4 ยป
ยซ 5 ยป
ยซ 6 ยป
ยซ 7 ยป
ยซ 8 ยป
ยซ 9 ยป
ยซ 10 ยป
ยซ 11 ยป
ยซ 12 ยป
ยซ 14 ยป
ยซ 15 ยป
ยซ 16 ยป
ยซ 17 ยป [ ๐—™๐—œ๐—ก๐—”๐—Ÿ]
EXTRA 1
EXTRA 2
ยซ 13 ยป
2.2K 229 58
By Iris-Hobaring
Unicode
မှိုင်ထွေငေးငိုင်လို့ တစ်လမ်းလုံးတိတ်တဆိတ်
လိုက်ပါလာတဲ့ ကင်မ့် ကိုသူ့မှာတော့အရိပ်
တကြည့်ကြည့်နဲ့လုပ်နေရသည်။ ကုမ္ပဏီကပြန်
ကတည်းကဘာတွေဖြစ်လာတယ်ကိုမသိ
ဆောက်တည်ရာမရဖြစ်နေတဲ့ ကင်မ့် ကိုကြည့်ကာ
သက်ပြင်းချမိတော့သည်။
"  ဗိုက်ဆာပြီလား ကင်မ် ...ငယ်ဘာလုပ်ပေးရမလဲ
ကင်မ်ကရောဘာစားချင်လဲ "
" ငယ် အဆင်ပြေတာဘဲကြည့်လုပ်လိုက်ပါ
ကိုယ်ကဘာဖြစ်ဖြစ်စားတယ် "
ဧည့်ခန်းကဆိုဖာပေါ်ထိုင်လို့ခေါင်းကိုနောက်လှန်ချရင်း
မျက်စိတွေမှိတ်ကာနေနေသောကင်မ့် အားမေးလိုက်သည်။
" အင်း "
အပိုအလိုစကားတွေဆက်မပြောတော့ အခန်းထဲ
ဝင်ကာသက်တောင့်သက်သာဖြစ်မယ့် အင်္ကျီတစ်ထည်
ဝင်လဲလို့ မီးဖိုချောင်ဆီ လာလိုက်တော့သည်။
' မင်းအခြေနေမင်းပိုသိမှာပေါ့ ' ဆိုသောစကားကို
အထပ်ထပ်ကြားယောင်တိုင်း ဒေါသတို့ကတစ်ဟုန်
ထိုးထွက်လာသည်။ ခေါင်းကိုဆက်ခနဲထောင်လို့
စိတ်ကိုအတတ်နိုင်ဆုံးလျှော့ထားပေမယ့် ဖြစ်လာ
သမျှကိစ္စက ချွန်းဘယ် ရဲ့ပယောဂမကင်းတာ
သိရင်ပိုလို့ဆိုးလာသည်။
" တောက်!!! "
တောက်တစ်ချက်ပြင်းပြင်းခေါက်၍ နားကြားထဲက
အရာအားဆွဲထုတ်၍ ရောက်လေရာကိုအားနဲ့ပစ်ပေါက်
လိုက်ကာ ဒုန်းဆိုင်းကျဲ၍ အပေါ်တက်ခါအခန်းထဲ
ဝင်ကာ ကုတင်ပေါ်လှဲနေလိုက်သည်။ မျက်စိနှစ်လုံး
ပွင့်နေလို့ဦးနှောက်ကအလုပ်လုပ်နေသေးသည့်ကာလ
ပတ်လုံး မငြိမ်ချမ်းနိုင်တော့မယ့် သူ့ကိုအနားပေးဖို့
လိုနေပြီလေ။
.
.
.
နေ့ခည်စာချက်ပြုတ်နေရင်းဖုန်းဝင်လာတာ
ကြောင့် လုပ်လက်စလေးတွေကိုခဏပစ်ထား
ပြီးဖုန်းကိုင်ကြည့်တော့
" ဟယ်လို  "
" ဂျောင်ဂု...နောက်အပတ်ကစအလုပ်ပြန်လုပ်ဖို့
ပြင်ထားပါ... မင်းနဲ့ ထယ်ယောင်း ဆွဲတဲ့
ပရော့ဂျက်ကို သူဌေးတစ်‌ယောက်ကသဘောကျလို့
ဝယ်ဖို့လုပ်နေတယ်...ငါနဲ့လည်းစကားပြောပြီးပြီ "
" နေပါဦး ဉက္ကဌကြီးရဲ့... ဒီပရောဂျက်ကပြီးမှ
မပြီးသေးတာ....ကင်မ်ကလည်း ကောင်းကောင်း
သက်သာသေးတာမဟုတ်ဘူး.... "
" ထယ်ယောင်းကိုစောင့်နေလို့တော့မဖြစ်ဘူး
ငါအဆင်ပြေအောင် မင်းနဲ့တွဲလုပ်ရမယ့်
လူတစ်ယောက်ရှာထားပေးတယ်....
မင်းကသူနဲ့လုပ်ရမှာ ... နောက်တစ်ပတ်ထဲ
အလုပ်စမှာမို့ အသင့်ဖြစ်နေပါစေ "
ပြောချင်တာပြော၍ဖုန်းချသွားပါသောသူက
လုပ်ချင်ရာဇွတ်လုပ်မယ့် တဇွတ်ထိုးသမား
ဖြစ်နေတော့ သူဘယ်လိုလုပ်ရမလဲ။
အပေါ်တက်၍ အခန်းတံခါးကိုအသာဖွင်ကြည့်တော့
အိပ်မောကျနေတဲ့ ကင်မ့် ကိုတွေ့တယ်။
ဒုန်းဆိုင်းသောင်းကျန်းလို့အခန်းထဲဝင်သွားပြီး
ကတည်းက အိပ်နေတဲ့ကင်မ်ဟာ နှစ်နှစ်ခြိုက်ခြိုက်
ဖြစ်နေသည်မို့မနှိုးဖြစ်တော့ ....
.
.
.
.
ရက်တွေအလီလီပြောင်းလဲလာသည်မှာ
ကင်မ့် လက်တောင်ပြန်ကောင်းစပြုလာပြီ
တစ်ညခင်းမှာတော့ရေချိုးခန်းထဲအလုပ်ရှုပ်
နေသော အကြင်လင်ခင်ပွန်းနှစ်ယောက်ရဲ့
ကျီစားသံများကိုကြားရပါဦးမယ်။
"လက်ကိုမြှောက်ထားလေ ကင်မ်ရဲ့ "
" ညောင်းနေပြီလေ "
သူ့ပခုံးပေါ်လက်ကိုအသာတင်ရင်းခါးကြီးကိုင်းလို့
မတ်မတ်မရပ်ဘဲ အသဲချွဲကြီးနဲ့ပြောပြန်သည့် ကင်မ်
" ရော့....ခဏကိုင်ထားဦး ဆပ်ပြာတိုက်ပေးမယ် "
အားနေတဲ့လက်ထဲကိုရေပန်းလေးထည့်ပေးကာ
ဆပ်ပြာရည်ကို ယူလိုက်ရင်း ခန္ဓာကိုယ်အ‌ပေါ်ပိုင်းအနှံ့
လိုက်တိုက်ပေးနေတဲ့ငယ်ဟာ ဆူပုပ်ပုပ်နှင့်
မကြည့်ကြည့်လေးနဲ့လည်းကြည့်တတ်သေးသည်။
" ဟော...စင်ကုန်ပြီလေ "
ဂျိုင်းအောက်ကိုဆပ်ပြာတိုက်ပေးတော့ ယားတတ်တဲ့
သူကရေပန်းခလုတ်ကိုဖိမိကာ ရှေ့ကယုန်စိတ်တိုကလေး
အားရေတွေစင်ကုန်တော့ အသံစာစာ တို့ကအလိုမကျ
ထွက်လာသည်။
" ယားတတ်တာကို ငယ်လည်း... "
" တမင်လုပ်ပြီးများ အပိုမပြောနဲ့ "
မျက်စောင်းတထိုးထိုး နှုတ်ခမ်းတထော်ထော်ရန်
တွေ့သူကို ကြည့်ကတအားကိုစချင်လာတော့သည်။
ထိုသို့ပြောကာ ဂျိုင်းနေရာကိုဆက်မတိုက်ပေးတော့ဘဲ
ဝမ်းဗိုက် ချပ်ချပ် ခါးကြီးကြီး နေရာကိုတိုက်ပြန်
တော့လည်း တစ်ခါယားတတ်ပြန်ပါသေးတယ်။
" ဟာ! ကင်မ်နော် နည်းနည်းများနေပြီ။
ငယ်ကရေချိုးပြီးသားနော် "
စွပ်ကျယ်ဂျိုင်းပြုတ်နဲ့ဘောင်းဘီတိုဝတ်ထား
တဲ့သူ့ကို ရေနဲ့စင်ရုံသာပတ်ပေမယ့် တအားဆတ်ဆတ်
ထိမခံဖြစ်နေပြန်တော့ ဒီလူပို၍အသဲယားလာပြန်သည်။
" ဘာဖြစ်တုန်းရေစိုတော့ပြန်ချိုးလေနော့်
ကဲ...ငယ်ကရေချိုးချင်ပြန်နေတော့ ကိုယ်ဘဲ
ချိုးပေးမယ် လာ...လာ "
ခါးကျဉ်းကျဉ်းကဆွဲဖက်ကာ ခေါင်းပေါ်ကနေ
ရေတွေဖြန်းချတော့
" ဒီလူ! ပြောမကောင်းဆိုမကောင်းနဲ့
အအေးပတ်ကုန်မယ်လို့ ပိတ်...ပိတ်တော့ "
ပါးစပ်ကသာအသံကုန်ဟစ်အော်နေရပေမယ့်
လူကမရုန်းရဲ တော်တော်သက်သာနေပြီဖြစ်တဲ့
လက်ကရေလို့ပန်းကိုင် အပေါ်ကနေစိတ်ကြိုက်
ကိုလောင်းနေတော့တဲ့ ကင်မ်ဟာတစ်ကယ်ကိုဆိုးသည်။
အကြာကြီးဆို အအေးပတ်မှာလည်းပူရသေးသည်။
ပြောမရသည့်နောက်တော့ လက်ထဲကရေပန်း
ကိုလိုက်လုကာ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။
" ဟာ...လုတယ်ပေါ့ ရလို့လား "
အရယ်တစ်ပိုင်းနဲ့တိုး၍စနေသောကင်မ်ကိုသူ
မနိုင်တော့ပါ ။
" ပိတ်တော့လို့... ကင်မ်ထယ်ယောင်းရှိး
ပြောမကောင်းဆိုမကောင်းနဲ့ ကလေးလား
ခင်ဗျားရယ် "
" ဘယ်လို... ဘယ်လို ခေါ်လိုက်တယ် "
စိတ်မရှည်တဲ့အဆုံးနာမည်အပြည့်စုံခေါ်ချ
လိုက်တော့ချက်ချင်းဆိုသလိုဘဲရပ်တန်သွားသည်။
မျက်မှောင်ကြီးကြုံ့လျက် ပြန်မေးလာပုံကို
မသိသလိုမျက်နှယလွဲ၍ ဟိုကြည့်သည်ကြည့်နဲ့
ကိုယ့်မှာမလုံမလဲ အဲ့လိုခေါ်တာသူမကြိုက်တာ
သိသိရက်နဲ့ခေါ်မိတာကို
" မကြားလို့လား ကင်မ်ထယ်ယောင်းရှီးးး "
" ပြန်ခေါ်ကြည့်လိုက် နောက်တစ်ခေါက်လောက် "
ရုတ်တည်ကြီးနဲ့ ခေါ်ရဲရင်ခေါ်ကြည့်ဆိုသောပုံစံမျိုး
လာပြောတော့ ကိုယ်ကလည်းမခံချင်စိတ်နဲ့ပြန်ခေါ်ပစ်လိုက်သည်။
" ကင်မ်ထယ်-   အွတ်! "
ခေါ်လို့မဆုံးသေး နှုတ်ခမ်းတွေကိုသူဖိကပ်
ပစ်တော့ ကြောင်ကြည့်သည်။
" ဖယ်တော့... အအေးပတ်- "
" မွ "
ပြောစကားကိုဆုံးအောင်နားမထောင်ဘဲမွကနဲ
မြည်အောင်ထပ်နမ်းတော့ မျက်နှာတွေရဲတက်လာသည်။
" ပြောလေ "
" အအေး...အွန်း...ကင်မ်! "
သူခိုင်းတိုင်းလိုက်လုပ်တဲ့ငယ့်နှုတ်ခမ်း‌တွေကို
ဒီတစ်ခါတော့ဆွဲစုပ်ပစ်လိုက်မိသည်။
" တော်ပြီ... ကိုယ့်ဘာသာနေခဲ့တော့
မလုပ်ပေးတော့ဖူး... လွှတ် "
" ငယ်ကလည်း စတာလေကွာ...ဟာ
ဟေ့ အတင်းမရုန်းနဲ့နာတယ်လေ "
လက်ထဲကရုန်းတွက်နေသူလေးအားမရမက
ဆွဲထားလိုက်သည်။ တစ်ချက်တောင်လှည့်မကြည့်
တော့သည့်စိတ်ဆိုးနေသူလေးကိုချော့ရဦးမယ်။
"အဲ့ဒါဆိုလွှတ်လေ ဘာလို့ဆွဲထားသလဲ "
" နောက်မစတော့ပါဘူး... မထားခဲ့နဲ့
ဆပ်ပြာတွေပြောင်အောင်လုပ်ပေးသွားဦးလေ "
နားနားလေးကပ်ပြောတော့ပေးစောင်းစောင်းနဲ့
လှည့်ကြည့်လျက်
" မလုပ်ပေးချင်တော့ဘူး... ကင်မ်က
ပြောစကားမှနားမထောင်တာ...
စိတ်ပူလို့ပြောရင် ပြောင်ချော်ချော်နဲ့
အရေးမစိုက်ဘူး ပြီးရင်လူကိုစွတ်စွဲသေးတယ် "
" ဟာ... စကားတွေတအားများတာဘဲ
အခုနလို ဆွဲနမ်းလိုက်ရမလား ပြော "
" တွေ့လား တွေ့လား ပြောပါတယ်...
အရေးမစိုက်ပါဘူးလို့...ကင်မ်ကြောင့်
ဝမ်းနည်းရတယ်သိရဲ့လား...နေမကောင်းဖြစ်ကြည့်
သူစားချင်တာမစားချင်တာစာရပြီဆို လူကို
မလုပ်ကျွေးချင်တာလား ငြိုငြင်တာလားဆိုပြီး
စွပ်စွဲဦးမယ် "
ထိုသို့ပြောလိုက်လို့တိကနဲ့ငြိမ်ကျကာသူပြောသလို
လုပ်ပေးမလားမှတ်တယ် အခုတော့အလွဲကြီးလွဲလေပြီ
" ငယ်! စကား‌ေတွအများကြီးမပြောလို့မရဘူးလား "
ဒေါသမပါပေမယ့်အနည်းငယ်ခက်ထန်သွား
သောအသံမှာ အချစ်စိတ်တွေထန်လာလို့
နှုတ်ခမ်းသေး‌သေးချွန်ချွန် ကြည့်မိတိုင်း
ရင်တအားဖိုစေသည်။
" ပြောရမှာဘဲ... ကင်မ်ကငယ့်စကားဆို
‌နားထောင်လို့လား... အခုလည်းကြည့်!
ငယ်ကစိတ်ပူလို့ပြောတာကို ကင်မ်က
အငယ်ဆိုပြီးငယ့်ကိုအနိုင်ကျင့်နေတယ် "
" ဘယ်မှာအနိုင်ကျင့်လို့လဲငယ့်ကို "
" အော်တယ်လေ ခုနက...အော်တာမဟုတ်ဘူးလား
အဲ့ဒါအနိုင်ကျင့်တာပေါ့ လက်ထပ်တုန်းကတော့
စိတ်မကောင်းဖြစ်အောင်မလုပ်ပါဘူးဆိုပြီး
အခုတော့ တစ်ခုပြီးတစ်ခုစိတ်ပူရအောင်လုပ်တယ်
အခုကျစိတ်ပူပေးတဲ့လူကိုပါအော်နေပြီ ဟင့်!
နောက်ကျရင် ရိုက်ပါရိုက်တော့မှာ
အီး...ဟီး...ဟီး... "
‌ထို့သို့လုပ်ဖို့မပြောနဲ့ စိတ်ကူးထဲတောင်ထည့်
မယဉ်ဖူးတာတွေကို တဗြဲ‌ဗြဲငို၍ ပြောသောငယ့်
ကိုသူလက်မြှောက်အရှုံးပေးလိုက်ပါပြီ။
အဲ့နေ့ကကိုယ်အပျော်အပျက်ပြောမိတဲ့ကိုယ့်
ပါးစပ်ကိုသာ ဖျက်ရိုက်ပစ်ချင်တော့သည်။
အခုတော့ ငယ်ဝမ်းနည်းရပြီ။
" မငိုပါနဲ့ ငယ်ရယ်... အော်တာမဟုတ်ရပါဘူး
ငယ့်ကိုကိုယ်ကဘယ်လိုအော်ရက်မှာလဲ
အခုဟာက ငယ်ကအသဲယားအောင်လုပ်နေတာကို
ငယ့်ကိုပြောထားတယ်မှတ်မိလား စိတ်မထိန်းနိုင်ရင်
ငယ်ဘဲပိုငိုရမှာနော် "
" တော်ပြီ တော်ပြီ  ငယ်သွားတော့မယ်
ကိုယ့်ဘာသာလုပ်ခဲ့တော့ အင့်! "
သူပြောလိုက်မှ မျက်နှာတွေရဲကာလူကို
အငိုက်မိချိန်တွန်းထုတ်၍ ရေပန်းကိုအင့်ဆိုပြီး
ထိုးပေးရင်းလစ်ခနဲထွက်ပြေးသွားသည်။
ပြေးနိုင်တုန်းပြေးထားပေဦး ငယ်ရေ
" အ့...အား "
ဆိုးဆိုးစွက်စွက်နဲ့ လက်မြှောက်လိုက်က
နာသွားတော့ညီးသံထွက်လာသည်။
နှစ်ယောက်သားချစ်ကြည်နူးတစ်တစ်တူးတုန်း
ကတော့နာတာဘာတာတောင်သတိမရအခုမှ
နာတာသတိရသည်။
ဪ...အချစ်ရဲ့စွမ်းအားကတယ်လည်းကြီးသကိုး။
.......
ရေချိုးခြင်စကိုလက်စသတ်လို့ အဝတ်စားလဲကာ
လက်ကရေစိုနေသော ပတ်တီးအား လဲခိုင်းဖို့
ငယ့်ကို ရှာမိတော့ မီးဖို့ချောင်ထဲမှာတွေ့သည်။
မသိမသာအထဲကို ခြေသံလုံလုံနဲ့ဝင်လာလို့
စားပွဲပေါ်ကခွက်ကလေးက်ုစပ်စုကြည့်လိုက်တော့
Chocolateပူပူလေးတစ်ခွက် ကသူအတွက်လုပ်
ပေးထားပုံပါဘဲ မီးဖိုပေါ်တင်ထားသောအငွေ့တထောင်း
ထောင်ထ၍ တပွက်ပွက်ဆူနေပြီဖြစ်တဲ့အိုးကလေးထဲက
နွားနိုကိုတော့သူ့ရှေ့ကခွက်ထဲ လောင်းထည့်ကာ
တဖူးဖူး မှုတ်၍ မြည့်နေသည်။ ပူနေသေးတာ
ကိုဒီကောင်လေးကတော့
" အာ....ကင်မ် ကလည်း အသံမပေးဘာမပေးနဲ့
လန့်လိုက်တာ "
နောက်ကမားမားရပ်နေသော ကင်မ့်ကြောင့်
လန့်သွားကာ သူပြောမိလိုက်ပေမယ့် မထုံတတေး
နဲ့အနားတိုးလာသည်။ သူကလည်း ဘာလို့မှန်းမသိ
ကင်မ်တစ်လှမ်းတိုးလာတိုင်း သူကတစ်လှမ်းနောက်ကို
ဆုပ်သည်။
နောက်ဆုံး စားပွဲခုံနဲ့ ကင့်မ်ကြားပိတ်မိသွားလို့
သူရှောင်မရတော့ ရုပ်တည်ကြီးနဲ့ကင်မ်မျက်နှာ
ကလည်းတစ်ဖြေးဖြေးအနားတိုးလာသည်။
တော်တော်လေးကိုနီးနီးလာတဲ့ကင်မ့်မျက်နှာ
ကြောင့်သူထင်တာကင်မ်သူ့ကိုနမ်းတော့မယ်ဆိုပြီး
နှလုံးသားကအတော်ကိုပြာယာခတ်နေပြီ။
မျက်စိအစုံကိုမှိတ်လို့ မဝံ့မရဲမျက်နှာကိုမော့
ပေးသည်။
" ဖူး.... ! "
ဖူးကနဲအသံနဲ့အတူ သူမျက်နှာဆီရိုက်ခတ်လာသော
လေအေးအေးကြောင့် မျက်လုံးကိုဆက်ခနဲဖွင့်လိုက်သည်။
ဒီတစ်ခါကင်မ့်ကို တင်းသွားပြီ။
" အဟမ်း...ဒီမှာ လက်ကိုဆေးလိမ်းပေးပါဦး
ပြောမို့....ကိုယ်သွားနှင့်တော့မယ် လိုက်လာခဲ့နော် "
ဘာမှတောက်ပြောချိန်မရလိုက် လှစ်ခနဲခွက်လေးကိုင်
ကာထွက်သွားသည့်ကင်မ့်ကြောင့် သူ့မှာအင်တင်တင်
နဲ့ကျန်ခဲ့သည်။ ဒီလူကြီးသက်သက်သူ့ကိုအနိုင်ပိုင်းသွားတာ
လှစ်ကနဲ့အခန်းထဲပြန်ဝင်လာရင်း ဖြစ်သွားသော
ငယ်ပုံလေးကိုမြင်ကာ တစ်ခစ်ခစ်ခိုးရယ်နေမိတော့
သည်။ ခဏာအကြာခြေသံကြားတော့ သူမြန်မြန်ဘဲ
ဝရံတာကိုထွက်ကာ ထိုနေရာမှာရှိတဲ့ ဒန်းပေါ်ထိုင်နေ
လိုက်သည်။
ငယ်ဝင်လာမှသတိရတာ ခွက်ကျန်ခဲ့ပြီ။ အခုမှ
ထယူလို့လည်းမရတော့ ခွက်လေးကိုင်ကာသူ့ဆီလာ
နေပြီဖြစ်တဲ့ငယ်ကြောင့်တွေကရာ စာအုပ်ကိုကောက်
ဖတ်နေလိုက်တယ်။
ဝရံတာကမဂ္ဂဇင်းစာ
အုပ်ဖတ်နေတဲ့ကင့်မ်ဆီသွားလိုက်ပြီး
ဘေးမှာဝင်လိုက်လိုက်သည်။ သို့ပေမယ့်
ကင်မ်ဟာဘာစကားမှမပြော စာအုပ်ကိုစိတ်ဝင်
တစ်စားဖတ်နေတာကြောင့်စာအုပ်ကုိလိုက်
ကြည့်လိုက်တော့ အမျိုးသမီအလှအပရေးရာနဲ့
ပတ်သက်တဲ့အကြောင်းမှာ မောဒယ်တစ်ယောက်
ချင်းဆီက ဘီကီနီနဲ့ မဂ္ဂဇင်းစာမျက်နှာပေါ်က
စာသားတွေထဲကပါတဲ့အချက်တွေလိုဘဲ
လှပပြီးဆွဲဆောင်မှုရှိတယ်...ကင်မ်ကဒါမျိုးကို
စိတ်ဝင်စားတာလား
"ကင်မ်...သူကလှလား"
မျှော်လင့်ချက်အပြည့်နဲ့တောက်ပနေတဲ့
မျက်ဝန်းလေးတွေကိုတစ်ချက်ကြည့်ပြီး
ခေါင်းငြိမ့်ပြလိုက်သည်။
"တော်တော်ကိုလှတာ"
ခံစားချက်အပြည့်နဲ့ပြောလာတဲ့ ကင်မ့်ကိုကြည့်ကာ
ငိုချင်လာသည်။ ဟုတ်သားဘဲသူကြိုက်လည်း
ကြိုက်ချင်စရာ အဖုအဖောင်းအချိုးအဆစ်
ကိုညီလို့လှနေတဲ့ကောင်မလေးနဲ့ သူနဲ့က
တူမှမတူဘဲပြီးတော့သူကယောကျာ်းလေးလေ
သေချာတွေးကြည့်တော့လည်း သူ့မှာကကင်မ်
မက်မောရလောက်စရာဘာတွေများရှိနေလို့လဲ
သူတို့နှစ်ယောက်လက်ထပ်ခြင်းကိုမလိုလားသူတွေ
ပြောတာသူကြားခဲ့သလို ကင်မ်မျိုးဆက်မှာTrue
blood မျိုးဆက်သစ်တစ်ယောက် မွေးဖွားပေးဖို့
သူကအသုံးချခံဖြစ်လာတာလား ...
ဟင့်အင်း ...မဟုတ်တာတွေ အဲ့လိုသာဆိုကင်မ်
ကသူ့ကိုဒီလောက်ထိ အရောတဝင်နေမှာမှမဟုတ်တာ
ဂရုလည်းစိုက်မှာမဟုတ်ဘူး... ဒီလိုကြင်နာပြမှာ
လည်းမဟုတ်ဘူး...ဒါပေမယ့်ဒီလိုကြင်နာဂရုစိုက်
ပြတာတွေကတစ်ချိန်ဒီအကြောင်းကြောင့်ပါလို့
ဖြစ်လာခဲ့ရင်လည်း ချစ်ရသူမို့အပြစ်မတင်ရက်ပါဘူး
တိတ်တဆိတ်ထထွက်သွားတဲ့ကျောပြင်လေးကိုလှမ်း
ကြည့်လိုက်မိတယ် ဟောဒီကောင်လေးစိတ်ကောက်
သွားတာလား သူကစတာပါ တစ်ကယ်ထင်သွားပြန်ပြီ
ထင်တယ်...နောက်ကနေထလိုက်သွားလိုက်သည်။
" ငယ်....စိတ်ဆိုးသွားတာလား "
မေးတော့ခေါင်းခါပြတယ်။ ရေစိုနေသောပတ်တီး
ကိုဖယ်လို့ လက်ကိုဆေးလိမ်းပေးနေသည်။
နှုတ်ဆိတ်နေတဲ့ငယ့်ကြောင့်သူမနေတတ်တော့ပါ
သူစတာတအားလွန်သွားသလား။
" အများကြီးမတွေးပါနဲ့လားငယ်....
ကိုယ်ကစတာပါ...ဒီတိုင်း ငယ့်ကို
ပျော်စေပျက်စေသဘောနဲ့ ပြောမိတာပါ"
သူကသာငယ့်မျက်နှာလိုက်ကြည့်၍အမောတကော
ရှင်းပြနေတာ ငယ်ကတော့သူ့ကိုပြန်တောင်မကြည့်
တော့သလို ဘာတစ်ခွန်းမျှလည်းမပြောတောပါ။
" ငယ်...ကိုယ့်ကို ကြည့်ပါဦး...
ဒီကိုကြည့်ငယ် မရုန်းနဲ့ "
သူ့ဆီကရှောင်ထွက်ဖို့ကြိုးစားနေတဲ့ငယ့်
ကို သူဆွဲထားမိတယ်။ မျက်နှာနုနုကိုလက်ကြီးကြီး
နဲ့ထိန်းယူလို့ သူ့ကိုကြည့်စေတော့ အရည်လဲ့လဲ့
မျက်ဝန်းဝိုင်းတွေနဲ့ ငိုမဲ့မဲ့ကလေး
ထိလွယ်ရှလွယ်လိုက်တာငယ်ရယ်
" တစ်ခုခုပြောပါဦး ငယ်ရာ...အဲ့လိုကြီး
မနေပါနဲ့...ကိုယ်တောင်းပန်ပါတယ် "
" ပြောတော့...ကင်မ်ကနားထောင်မှာမို့လို့လား "
မျက်လုံးလေးလှန်ကြည့်ကပြန်စွားပါသော
ငယ့်ကို ကြည့်၍တစ်ချက်ရယ်လိုက်သည်။
" တွေ့လားအခုတောင်လှောင်ချင်နေပြီ "
" မဟုတ်ပါဘူးကွာ... ကိုယ်ကအသဲယားလို့
ငယ်အဲ့လိုတွေ သဝန်တိုပြရင်သိပ်အသဲယားဖို့
ကောင်းတာဘဲ "
" အသဲယားရင်ရယ်တယ်တဲ့လား
အခုမှဘဲမြင်ဖူးတော့တယ် "
မျက်စောင်းထိုးလို့ ရွဲ့တည့်တည့်လေးပြောပြန်တော့
လည်း ချစ်စရာကောင်းနေပြန်ပြီ။
" ငယ်သိလား ... သူတို့ကလှပေမယ့်
ကိုယ်သဘောကျတဲ့ ငယ့်လိုမျက်လုံးဝိုင်းဝိုင်းလေးတွေ
သူတို့မှာမရှိဘူး "
ပြောကာဆိုကာနဲ့ မျက်ခွံလေးကိုကင်မ်ကဖွဖွ
ကလေးနမ်းတော့ သူ့မှာကြောင်အန်းအန်းရယ်
" ဒီလိုနှာခေါင်းလုံးလုံးလေးလည်းမရှိဘူး "
ဟော ထပ်၍နမ်းပြန်တယ်။
" ဒီလိုပါးဖောင်းဖောင်းလေးလည်းမရှိဘူး "
ပါးကိုခပ်ဖွဖွလေးနမ်းတော့ မရိတ်သင်ရသေးသော
ကင်မ့်ရဲ့ နှုတ်ခမ်းမွှေးပါးပါးက ပါးပြင်ကိုထိလို့
ကျီစယ်ပြန်တဲ့အခါ ကြက်သီးမွှေးညှင်းတို့ကတဖြန်းဖြန်း
ထလာ၏။
" နောက်တော့ ... ကိုယ်မက်မောမိတဲ့
ဒီလိုနှုတ်ခမ်းသေးသေးလေးလည်း ...
သူတို့မှာမရှိဘူး ... "
နှုတ်ခမ်းသေးသေးကိုတစ်ချက်နမ်းလို့
သူဆက်ပြောတယ်။ ငယ်ဟာလည်း
သူ့စကားတွေကို ဆက်၍နားစွင့်နေသည်။
" ကိုယ်ကလှတာတွေကိုမမက်မောပါဘူးငယ်...
ကိုယ်မက်မောတဲ့အရာတွေအားလုံးက
ငယ့်တစ်ယောက်ထဲဆီမှာဘဲရှိတာမို့....
တစ်ခြားမဟုတ်တ‌တွေလျှောက်မတွေးဘဲ
ကိုယ့်ကိုယ်ဘဲ ယုံပေးပါလားကွာ "
ရင်တွင်းဖြစ်တွေ မကြားခင်တည်းကဒီလူက
မျက်စိစုံမှိတ်ယုံလိုက်ပြီးသားပါ ဒါပေမယ့်
ပြတ်ပြတ်သားသား ကင်မ့်သဘောထားကိုတော့
သိချင်မိသည်။
" ယုံပေးမယ်မလားဟင်... "
‌" ငယ်ကဟိုးအစတည်းက ကင်မ့်ကိုယုံပြီး
ဆူးပုံကိုတောင်နင်းခိုင်းရင်နင်းမယ့်လူမျိုးမို့
ကင်မ် မေးစရာလိုနေသေးလို့လား "
သူ‌ပြန်ပြောတော့ ကင်မ်ကပြုံးတယ်။ အကြိမ်ကြိမ်
မြင်နေရသောဒီအပြုံးတွေကိုမြက်တိုင်း အခုချိန်ထိ
ရင်ခုန်နေမိတုန်းပါဘဲ။
ဖြေးဖြေးချင်း သူ့ကိုယ်ကိုအိပ်ယာပေါ်လှဲချလို့
ကင်မ်က အုပ်မိုးလိုက်တော့ မလွပ်မလပ် နီးနီးကပ်ကပ်
အခြေအနေမှာ သူစိတ်တွေတအားလှုပ်ရှားနေသည်။
" ငယ်က ကင်မ်ကိုယုံပြီးဆူးပုံနင်းမယ်ဆို
ကိုယ်ကလည်း ငယ့်ကိုယုံလို့ စုံလန်းကန်း
နေပေးပါ့မယ် "
လေးလေးနက်နက်ကြီးငေးလို့ပြောသူရဲ့
စကားကြောင့်သဘောတကျပြုံးလိုက်တယ်။
သူ့ကို့ငုံ့‌မိုးထားတဲ့ကင်မ့် လည်ပင်းကိုဖက်တွယ်လို့
ပြုံးနေလို့မို့တက်နေသောပါးတစ်ဖက်ကို
နမ်းပစ်လိုက်သည်။
" စကားတွေသိပ်တတ်လို့ ဆုချတာ "
" ဆုချတာကလည်း ပါးကိုဘဲလား "
မှုန်ကုတ်ကုတ်မျက်နှာဘေးလေးနဲ့ ပြောတော့
ရှက်ရှက်နဲ့ဘဲ နှုတ်ခမ်းထူထူတွေကိုဖိကပ်နမ်း
လိုက်မှပြုံးသွား၏။
" အိပ်တော့မယ် ကင်မ်....ငယ်အိပ်ချင်ပြီ "
စကားကိုနာခံစွာ မှိုရသောမျက်နှာနဲ့တပြုံးပြုံး
လုပ်၍ ဖယ်ပေးပြန်‌သည်။အတန်ကြာ ငြိမ်သက်နေပြီး
မှတောင့်တင်းတင်း ကိုယ်ကကျယ်ပြန့်ပြန့်သူရင်ခွင်
ဆီမဆံ့မပြဲနဲ့တိုးခွေ့ကာခါးသွယ်သွယ်ကိုမလွတ်တမ်း
ဖက်ထား၏။ ရွှေအိုရောင်ဆံသားတွေကြားလက်ထိုး
ဖွကာကစားပြီး ကျောပြင်ကျယ်ကိုလည်း ပုတ်ပေး
ရသည်မှာ ဆေးရုံတက်ကတည်းကဒီနေ့ထိအစဉ်မပျက်
သူကလည်းဒီအခြေအနေကိုသိပ်သဘောကျနေပုံပါဘဲ
" ငယ်သိရဲ့လား...ကိုယ်ပြောဖို့ကျန်နေသေးတယ် "
" ဟင်....ဘာကိုလဲ "
ရုတ်တရက်ပြောဖို့ကျန်သေးတယ်ဆိုသော
ကင်မ့်ကြောင့် သူငုံကြည့်မိလိုက် မျက်လုံးလေး
ကလယ်ကယ်နဲ့ကင်မ်ကလည်းသူကိုကြည့်ရင်း
" ဒီတင်ပါးလုံးလုံးလေးကလည်း
သူတို့လို မကြီးပေမယ့် ကိုယ်ကတော့
သဘောကျတယ် "
" ကင်မ်! "
မဟုတ်တရုတ်တွေလျှောက်စနေသောကင်မ်က
စရုံတင်မဟုတ် တင်ပါးကိုပါညစ်လိုက်သည်ကြောင့်
ခပ်စူးစူးအသံကအခန်းတွင်ပြန်လွင့်လာသလို
သွားစွယ်တို့ပေါ်အောင်ရယ်နေသော ကင်မ့်ရယ်
သံလွင်လွင်ပါလည်း ဟိန်းထွက်နေသည်။
ဒီလိုနဲ့စသံ၊ နောက်သံ၊ အော်သံ၊ မာန်သံ
‌လေးတွေကညဦးယံကျော်လွန်သိထိ မဆဲသွားခဲ့ပါ။
Double updatedနော်><
zawgyi code
သက်ပြင်းချမိတော့သည်။
" အင်း "
" တောက်!!! "
လိုနေပြီလေ။
.
.
.
" ဟယ်လို  "
သက်သာသေးတာမဟုတ်ဘူး.... "
.
.
.
.
" ညောင်းနေပြီလေ "
" ဟော...စင်ကုန်ပြီလေ "
ထွက်လာသည်။
" ယားတတ်တာကို ငယ်လည်း... "
ချိုးပေးမယ် လာ...လာ "
ရေတွေဖြန်းချတော့
" ဟာ...လုတယ်ပေါ့ ရလို့လား "
မနိုင်တော့ပါ ။
ခင်ဗျားရယ် "
" ကင်မ်ထယ်-   အွတ်! "
" ဖယ်တော့... အအေးပတ်- "
" မွ "
" ပြောလေ "
" အအေး...အွန်း...ကင်မ်! "
" ငယ်ကလည်း စတာလေကွာ...ဟာ
လှည့်ကြည့်လျက်
စွပ်စွဲဦးမယ် "
" ငယ်! စကား‌တွေအများကြီးမပြောလို့မရဘူးလား "
ရင်တအားဖိုစေသည်။
အီး...ဟီး...ဟီး... "
ငယ်ဘဲပိုငိုရမှာနော် "
" အ့...အား "
နာတာသတိရသည်။
.......
ကိုဒီကောင်လေးကတော့
လန့်လိုက်တာ "
ဆုပ်သည်။
ပေးသည်။
" ဖူး.... ! "
လိုက်သည်။
ဖတ်နေလိုက်တယ်။
ဝရံတာကမဂ္ဂဇင်းစာ
တစ်စားဖတ်နေတာကြောင့်စာအုပ်ကိုလိုက်
စိတ်ဝင်စားတာလား
"ကင်မ်...သူကလှလား"
"တော်တော်ကိုလှတာ"