CLOUD

By Choco__JN

6K 547 85

လွင့်မြောနေတဲ့ ကောင်းကင်ပေါ်က အဖြူရောင်တိမ်တိုက်တွေကို ဖမ်းဆုပ်ဖို့‌ကြိုးစားဖူးလား? လြင့္ေျမာေနတဲ့ ေကာင္းကင္ေ... More

Prologue
Chapter: One
Chapter: Two
Chapter: Three
Chapter: Five
Chapter: Six
Chapter: Seven
Epilogue
Thanks Letter

Chapter: Four

403 49 4
By Choco__JN

Unicode Version

လျှို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ ဂျဲနိုရဲ့ဘဝက ထင်သလောက်တော့ မရိုးရှင်းခဲ့။ တစ်နေ့စာထမင်းတစ်နပ်စားနိုင်ဖို့အတွက် တစ်နေ့ရုန်းကန်ရတဲ့အခြေအနေအထိ မရောက်ခဲ့ပေမယ့် အဲ့လိုအခြေအနေအထိ မရောက်ခဲ့အောင် ထောက်ပံ့ပေးခဲ့တဲ့လူတွေက သူ့အတွက်တော့ တစ်သက်လုံးသစ္စာစောင့်သိသွားရမယ့် ကျေးဇူး‌ရှင်တွေ။ အဓိပ္ပါယ်မရှိတော့တဲ့ သူ့ရဲ့ဘဝက အထက်ကလူတွေရဲ့ သေဆိုသေ ရှင်ဆိုရှင် ဘဝဖြစ်ခဲ့ပေမယ့် အဲ့ဒီဘဝကလည်း ဂျယ်မင်းနဲ့ မတွေ့ခင်အချိန်အထိပဲ။

ဂျယ်မင်းနဲ့တွေ့ဆုံခဲ့ရတဲ့ အဖြစ်အပျက်ကတော့ မထင်မှတ်ပဲဖြစ်ပျက်ခဲ့တာဆိုပေမယ့် သူ့ဘဝရဲ့ အကြီးမားဆုံးအားအင်ဖြစ်နေခဲ့တယ်။ မိုးသားအရောင်ဆံနွယ်တွေနဲ့ကောင်လေးက မြင်ရုံနဲ့တောင် ရင်ထဲမှာအေးချမ်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ အမြဲတမ်းဂစ်တာတစ်လုံးနဲ့ သံစဉ်တွေဖန်တီးလေ့ရှိတဲ့ ဂျယ်မင်းက တခါတလေဆိုရင် သူ့အတွက် ကိုယ်တိုင်သီချင်းတွေရေးစပ်ပေးတတ်သေးတယ်။ သူက ပီယာနိုကိုတီးပြီး ဂျယ်မင်းက ဂစ်တာတီးရင်း သူကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းစာပိုဒ်ကို ခပ်တိုးတိုးညည်းဆိုလေ့ရှိတဲ့ အချိန်တွေဆိုရင် သူတို့ပတ်ဝန်းကျင်မှာ ‌လွှမ်းခြုံထားတဲ့လေထုက နူးညံ့စွာပြောင်းသွားတတ်တယ်။ ဂီတကို မြတ်နိုးတဲ့ကောင်လေးက သူ့ရဲ့သီချင်းဆိုသံကိုလည်း ကြားချင်သေးတာ။ ဂီတဆိုရင် ပီယာနိုတီးတာကလွဲပြီး ကျန်တာမသိတဲ့ သူ့အတွက်တော့ ဂျယ်မင်းရဲ့တောင်းဆိုချက်က အနည်းငယ်မြင့်မားနေခဲ့သည်။ ဒါပေမယ့်လည်း ဂျယ်မင်းက အချိန်ရတိုင်း သူ့ကိုသီချင်းဆိုပြဖို့ တောင်းဆိုနေတုန်း။

တခါတလေတော့လည်း တွေးမိတယ်။
ဂျယ်မင်းကသူလက်လှမ်းမမှီနိုင်တဲ့နေရာက လူတစ်ယောက်ဆိုတာ။ နေရောင်ခြည်လိုမျိုး နွေးထွေးတဲ့အပြုံးတွေနဲ့ကောင်လေးကို ဖမ်းဆုပ်ထားဖို့မဝံ့ရဲခဲ့ပါလေ။ ဂျဲနိုက ဂျယ်မင်းကို ကောင်းကင်မှာလွင့်မြောနေတဲ့ ဖမ်းဆုပ်ဖို့ခက်တဲ့ တိမ်တိုက်တွေနဲ့တူတယ်လို့ တွေးခဲ့မိတယ်။

ခရစ်စမတ်နေ့ပြီးကတည်းက သူ့အိမ်ကို အမြဲတမ်းလိုလိုရောက်လာတတ်တဲ့ ဂျယ်မင်းက ရိုးရှင်းတဲ့ Date တွေနဲ့ပဲ ရောင့်ရဲခဲ့တယ်။ ဒီလိုအခြေအနေမျိုးကို မကြုံဖူးတာ မဟုတ်ပါပဲနဲ့ကို နှစ်ယောက်သားက အပြင်မှာချိန်းတွေ့ကြတိုင်း ဆယ်ကျော်သက်လေးတွေလိုမျိုး ရင်ခုန်သံတွေမြန်လာတတ်ကြတယ်တဲ့လေ။

ဓမ္မတေးအဖွဲ့ဝင်ဖြစ်တဲ့ ဂျဲနိုကြောင့် ဘုရားကျောင်းကိုသွားတိုင်း ဂျယ်မင်းက အနောက်က တကောက်ကောက်လိုက်လာလေ့ရှိတယ်။ ရှေ့ဆုံးခုံတန်းကနေထိုင်ပြီး သံစဉ်တွေကိုဖန်တီးနေတဲ့ ဂျဲနိုကိုငေးကြည့်ရတာ ဂျယ်မင်းရဲ့ဝါသနာဖြစ်လာခဲ့တယ်။

ကြားရက် အလုပ်ပြီးတဲ့အချိန်တွေဆိုရင်တော့ ဂျယ်မင်းစာလုပ်တာကို ဂျဲနိုကဘေးကနေ ထိုင်ကြည့်တတ်တယ်။ အသက်ရွယ်တူဖြစ်ပေမယ့် ကျောင်းဆက်မတက်တော့ပဲ ကျောင်းထွက်ပြီး အသက်ရှင်ဖို့အလုပ်လုပ်ရတဲ့ ဂျဲနိုက ဂျယ်မင်းကိုတော့ ဘေးကနေအမြဲအားပေးလေ့ရှိတယ်။ ဒီလိုနဲ့တဖြည်းဖြည်းကြာလာတော့ ဂျဲနိုရဲ့တိုက်ခန်းမှာ ဂျယ်မင်းရဲ့ အသုံးအဆောင်ပစ္စည်းတွေက ဟိုတစ်စ ဒီတစ်စနဲ့ နေရာယူလာခဲ့တယ်။

ဒါပေမယ့် ထူးဆန်းတာတစ်ခုရှိတယ်။ သူတို့တွဲလာတာ သုံးလပြည့်တော့မယ်။ သူအခုအချိန်အထိ ဂျယ်မင်းကို လက်ဖျားနဲ့တောင် မထိရသေးဘူး။ ယုတ်စွအဆုံး ပထမဆုံးအနမ်းတောင် မပေးခဲ့ရသေး။

ချစ်သူတို့သဘာဝ အိမ်ပြန်ခါနီးတိုင်း နှဖူးကိုပေးလေ့ရှိတဲ့ နှုတ်ဆက်အနမ်းဖျော့ဖျော့သာရှိတယ်။ သူနှုတ်ခမ်းကို နမ်းဖို့ကြိုးစားတိုင်းလည်း ဂျယ်မင်းက ရှောင်ထွက်သွားနေကြ။ ဘာလို့လဲ သူ့ကိုသဘောမကျလို့လားလို့ မေးခဲ့ဖူးတယ်။ ဒါပေမယ့် ဂျယ်မင်းပြန်ဖြေတယ့်အဖြေကြောင့် ကလေးဆန်လိုက်တာလို့ပြောပြီး သဘောတကျရယ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့။

မှတ်မှတ်ရရ အဲ့ဒီနေ့က သူတို့တွဲတာ တစ်ပတ်ပြည့်တဲ့နေ့။

| ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက် |
(တွဲပြီးခုနစ်ရက်အကြာ)

" ဂျဲနို စူပါမားကတ်သွားရအောင် "

အိပ်ခန်းထဲက ကိုယ့်ရဲ့အဝတ်ဗီရိုကို စိတ်တိုင်းကျ မွှေနောက်ပြီး သူစိတ်တိုင်းကျတဲ့ ခပ်ပွပွရှပ်အဖြူတစ်ထည်ကောက်စွပ်လာတဲ့ ဂျယ်မင်းက မနက်မိုးလင်းတဲ့အချိန်ကတည်းက အိမ်ကိုရောက်နေတာ။

ခရစ်စမတ်ပြီးတဲ့နေ့ကစလို့ အခုအချိန်ထိ ညအိပ်တဲ့အချိန်ကလွဲလို့ မနက်မိုးလင်းကတည်းက ည‌နေစောင်းအချိန်အထိ ဂျယ်မင်းက ဂျဲနိုရဲ့အိမ်မှာပဲ နေတတ်တယ်။ အချိန်ပိုင်းအလုပ်ပေါင်းစုံနဲ့ ဂျဲနိုက ဂျယ်မင်းကို သေချာအချိန်မပေးနိုင်ပေမယ့်လည်း ဂျယ်မင်းက ခေါင်းမာစွာ ဂျဲနိုရဲ့အိမ်ကို ရောက်လာတတ်တုန်း။ ဂျဲနိုရဲ့အိမ်မှာ ရေချိုးပြီးတိုင်းလည်း ဂျဲနိုရဲ့ အဝတ်‌‌ဗီရိုထဲက အဝတ်အစားတွေကို သွားမွှေပြီး သူသဘောကျတာတွေ့ရင် ယူဝတ်နေကြ။ ခန္ဓာကိုယ်ချင်း ကွာခြားချက်သိပ်မရှိပေမယ့် အားကစားလုပ်တဲ့အပြင် ခပ်ပွပွအဝတ်အစားတွေကိုသာ ဝတ်တတ်တဲ့ဂျဲနိုကြောင့် ဂျယ်မင်းသူ့အဝတ်တွေကို ယူဝတ်လိုက်တိုင်း လူကြီးအဝတ်ကို ကလေးယူဝတ်သလိုမျိုး အဝတ်ထဲလူကမြုပ်မြုပ်သွားတတ်တယ်။ ဘာပဲဖြစ်ဖြစ် ကြည့်ရတာ ရယ်ချင်စရာကောင်းသလို၊ ချစ်ဖို့လည်းကောင်းတယ်။

" နော်လို့ မင်းအလုပ်ပိတ်တဲ့ရက်လေး အတူသွားကြမယ်လေ "

" မသွားချင်ပါဘူး အိမ်မှာလဲစားစရာတွေရှိသေးတာကို အလကားသပ်သပ် ပိုက်ဆံကုန်အောင် "

" ဂျန်!"

" သွားမယ် သွားမယ် အနွေးထည်သွားဝတ် အပြင်မှာအေးတယ် "

ပြုံးပျော်သွားတဲ့အပြင် ခြေဖျားလေးပါထောက်ပြီး မြောက်ကြွမြောက်ကြွနဲ့ အခန်းထဲဝင်သွားတဲ့ ဂျယ်မင်းက တစ်ပတ်အတွင်းမှာ ဂျဲနိုကိုဘယ်လို‌ချုပ်ကိုင်ရမလဲ ကောင်းကောင်းသိနှင့်နေပြီးပြီ။

စူပါမားကတ်ကိုရောက်တော့ ဂျယ်မင်းရဲ့ ဦးတည်ရာက အယ်လ်ကိုဟောတွေ အစီအရီတင်ထားတဲ့ နေရာပင်ဖြစ်သည်။

" အရက်သမားလား အားနေသောက်ဖို့ပဲတွေးနေတယ် "

" ဒီနေ့က နှစ်သစ်ကူးလေ မဖြစ်မနေသောက်ရမှာပေါ့ "

ပြောပြောဆိုဆိုနဲ့ဂျယ်မင်းက cart ထဲကို ဆိုဂျူသုံးပုလင်းကောက်ထည့်လိုက်တယ်။ ဂျဲနိုတောင် တားချိန် မရလိုက်။

" အသားတွေလည်း ဝယ်ရအောင်။ ဒီနေ့ည အသားကင်စားကြမယ် "

အမဲသားတွေကို အမျိုးစုံလှီးဖြတ်ထားတဲ့ အသားတန်းကိုရောက်တော့ ဂျဲနိုက cart ကိုခပ်မြန်မြန်တွန်းရင်း ကျော်သွားဖို့ပြင်တယ်။ ကြိုရိပ်မိနေတဲ့ ဂျယ်မင်းက‌လည်း cart ကို လက်နှစ်ဖက်နဲ့ အားထည့်ပြီး အတင်းပြန်ဆွဲထားတယ်။

" Steak စားချင်တယ် ဝယ်သွားရအောင် "

" ဒီကဟာတွေက ဈေးကြီးတယ် မာ့ခ်ကိုလုပ်ခိုင်းရင် အလကားတောင်စားရမှာ။ သူ့ကိုပဲလုပ်ခိုင်းမယ် "

နှင်းစက်လေးတွေကျနေသလိုမျိုး ကြည်ကြည်လင်လင်ဖြစ်နေတဲ့ ဂျယ်မင်းရဲ့မျက်နှာက ချက်ချင်းဆိုသလို နှင်းမုန်တိုင်းတိုက်လိုက်သလိုမျိုး သုန်မှုန်သွားတယ်။

Cart ကိုအားထည့်ပြီး ဂျဲနိုက ထပ်တွန်းတော့ လက်မလျှော့တဲ့ဂျယ်မင်းက ဆန့်ကျင်ဘက်ကနေ cart ကိုပြန်တွန်းတယ်။ နှစ်ဖက်စလုံးကလည်း အလျှော့ပေးဖို့ စိတ်ကူးမရှိကြဘူး။

" ငါက ဒီကဟာပဲစားချင်တာလေ ဂျန်ရာ..."

လေသံဖျော့ဖျော့လေးနဲ့ ဂျယ်မင်းက သူ့ရဲ့နောက်ဆုံးလက်နက်ကိုထုတ်သုံးလိုက်ပြီ။

Cart ကိုတွန်းနေတဲ့ ဂျဲနိုရဲ့လက်တွေက အားလျော့သွားပေမယ့် အပြီးရပ်လိုက်တာတော့ မဟုတ်သေး။ နောက်ဆုံးကျ ဂျယ်မင်းက cart ထဲကို သူ့တစ်ကိုယ်လုံး ခုန်ဝင်ပစ်လိုက်တယ်။ ခုန်ဝင်ပစ်လိုက်ပြီး အထဲမှာ ကျကျနနထိုင်လိုက်ရုံနဲ့မပြီးသေးဘူး ဘေးက အမဲသားထုပ်ကိုပါ ဆွဲယူလိုက်သေး။

ရုန်းရင်းဆန်ခတ်သွားတဲ့ အခြေအနေကြောင့် မားကတ်ထဲက လူတွေက မသိမသာရော သိသိသာသာတွေရော လှည့်ကြည့်လာကြတယ်။ ပြုံးစိစိနဲ့ အချင်းချင်းလက်တို့ပြီး ခပ်တိုးတိုးပြောနေတဲ့လူတွေကပြော၊ ရယ်နေတဲ့လူတွေက ရယ်။

" ငါ့ကိုခြိမ်းခြောက်ပြီးထွက်ခိုင်းရင် အားလုံးကြားအောင် အော်ပစ်လိုက်မှာနော် အနိုင်ကျင့်နေပါတယ်ဆိုပြီး "

ရုပ်လေးနဲ့ ပြောနေတဲ့စကားနဲ့မှမလိုက် ခပ်ပြုံးပြုံးပြောလာတဲ့ဂျယ်မင်းက ဂျဲနိုပြောမယ့်စကားတွေကို ကြိုသိနေသယောင် အရှေ့ကနေကြိုပိတ်လိုက်ထားတယ်။

လူတွေဝိုင်းကြည့်နေကြတာတောင် တစ်စက်ကလေးမှမဖြုံတဲ့ဂျယ်မင်းက  တွန်းလှည်းထဲမှာထိုင်နေရင်း ဟိုကိုသွား ဒီကိုသွားနဲ့ လက်ညိုးတထိုးထိုးလုပ်ပြီး ခိုင်းနေသေးတာ။

ကော်ဖီထုပ်တွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေ၊ အအေးပုလင်းတွေ၊ ဘီယာဗူးတွေ၊ အသင့်စား ကင်မ်ချီအထုပ်တွေ၊ အသင့်စားမုန့်ထုပ်တွေကို တွန်းလှည်းထဲဆွဲဆွဲယူနေတဲ့ဂျယ်မင်းက လက်ရှိအခြေအနေကို အတော်လေးသဘောတွေ့သလို ပြုံးရွှင်နေပြီး ဂျဲနိုကလည်း တွန်းလှည်းတွန်းနေရင်းနဲ့ ကလေးဆန်လွန်းတဲ့ ဂျယ်မင်းရဲ့ အပြုအမူတွေကြောင့် ခပ်ပြုံးပြုံးဖြစ်ရတယ်။ ဂျယ်မင်းက လူကြီးဆန်တဲ့ အချိန်တွေဆို သူ့ထက်တောင်ပိုရင့်ကျက်နေပြီး အခုလိုအချိန်တွေဆိုလည်း ငါးနှစ်သားအရွယ်ကလေးတစ်ယောက်လိုမျိုး ချွဲနွဲ့တတ်ပြန်တယ်။

" နှစ်သစ်ကူးရဲ့ တစ်ဆယ့်နှစ်နာရီအတိမှာ ဆုတောင်းရင် ဆုတောင်းပြည့်တတ်တယ်တဲ့ "

" ဘယ်သူကပြောတာလဲ "

စိတ်လှုပ်ရှားခြင်းအပြည့်နဲ့ပြောလာတဲ့ မျက်လုံးတောက်တောက်တွေနဲ့‌ကောင်လေးက သူ့စကားကြားတော့ ဆူပုတ်ပုတ်နဲ့လှည့်ကြည့်တယ်။

" ပျင်းဖို့ကောင်းတဲ့လူ "

ခပ်တိုးတိုးထွက်လာတဲ့အသံကြောင့် ဂျဲနိုမှာ အံ့ဩရတယ်။ သူတစ်ခုခုများ မှားပြောမိလိုက်လား။

" ဘာတွေဆုတောင်းဖို့ စဉ်းစားထားလဲ "

" ဆုတောင်းတွေက ပြောပြလိုက်ရင် မပြည့်တတ်ဘူးလေ "

ဂျယ်မင်းက နီရဲနေတဲ့ နှာခေါင်းထိပ်ကို ပွတ်သပ်ရင်းပြောတယ်။ ဒီဇင်ဘာရဲ့နှင်းတွေ‌ကြောင့် နှာခေါင်းထိပ်တွေရော ပါးပြင်တွေရော နီရဲလို့။

တိုင်ကပ်နာရီပေါ်က နာရီလက်တံတွေက တဖြည်းဖြည်းနဲ့ တစ်ဆယ့်နှစ်နာရီထိုးဖို့နီးကပ်လာတာကိုမြင်ရတယ်။

မီးဖိုချောင်ထဲကနေ ဝိုင်ပုလင်းရယ် ဝိုင်ခွက်ရယ်ကိုကိုင်ပြီးထွက်လာတဲ့ ဂျယ်မင်းက သူ့ဘေးမှာလာထိုင်တယ်။ ဆာကူရာလိုရနံ့ရှိတဲ့ ဂျယ်မင်းရဲ့ကိုယ်သင်းနံ့မှာ သူသုံးနေကျ ရေချိုးဆပ်ပြာက  လိမ္မော်ခွံလိုမျိုး သင်းသင်းလေးနဲ့ စိတ်ကြည်စေမယ့် ရနံ့တစ်မျိုးပါရောယှက်လာတာကို ခံစားမိတယ်။

" သောက်ဦးမလား?"

" တော်ပြီ "

ဝိုင်နှစ်ပုလင်းရဲ့အရှိန်နဲ့ သူရော ဂျယ်မင်းပါ အသိစိတ်လွတ်လောက်တဲ့အထိ မမူးပေမယ့် အနည်းငယ် ရီဝေဝေဖြစ်နေတဲ့အဆင့်မှာ။

" ပြီးရောလေ "

ချစ်ရသူက ဘဝထဲက အပြီးအပိုင်ထွက်သွားခဲ့ပေမယ့် စိတ်မနာနိုင်ပဲနောက်ဆုံးထွက်သက်အချိန်အထိ ချစ်ရသူကိုသာ တမ်းတနေခဲ့မိတဲ့ လူတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ပုံရိပ်ကို ‌ဆွေးဆွေးမြေ့မြေ့ငေး‌ရင်း ဝိုင်ပုလင်းထဲက ဝိုင်တွေကို ဝိုင်ခွက်ထဲငှဲ့တယ်။ ဂျဲနိုကတော့ ဖန်သားပြင်ပေါ်က ဇာတ်လမ်းအစား ဂျယ်မင်းကိုငေးမောတယ်။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်မှာ လူသားတစ်ယောက်ရဲ့ ဝင်သက်ထွက်သက်နဲ့ အနွေးဓာတ်ကို ကိုယ့်ဘေးမှာ ခံစားမိနေတာ ထင်သလောက်လဲ မဆိုးလှ။

" ကြည့်လို့ဝပြီလား?"

" ဟင့်အင်း "

ဟက်ခနဲရယ်လိုက်တဲ့ ဂျယ်မင်းက တီဗွီဖန်သားပြင်ပေါ်က အကြည့်တို့ကို မလွှဲဖြစ်ဘူး။

" အဲ့ဇာတ်လမ်းကို ကြည့်တာဘယ်နှခေါက်ရှိပြီလဲ?မရိုးသေးဘူးလား?"

" မရိုးပါဘူး ဇာတ်လမ်းက ယုတ္တိမရှိပေမယ့် မင်းသမီးကချောတယ်လေ "

ခပ်နောက်နောက်ပြောတဲ့ ဂျယ်မင်းရဲ့စကားသံကို သူချက်ချင်းမတုံ့ပြန်မိသေးဘူး။

" ယုတ္တိမရှိဘူး?"

" အင်းလေ ကြည့်ပါလား ကိုယ့်ကိုပစ်ပြီး အခြားလူတွေအတွက် သူရဲကောင်းကြီးလုပ်ပြီး အသေခံသွားတဲ့လူတစ်ယောက်ကို နေ့တိုင်း...မဟုတ်ဘူး သေတဲ့အချိန်အထိ တမ်းတမ်းစွဲ‌ဖြစ်နေတာလေ အရှုံးသမားလိုမျိုး၊ မင်းသမီးကြောင့်သာမဟုတ်ရင် ဒီကားကို ဇာတ်လမ်းတစ်ဝက်နဲ့တင်ရပ်ပစ်မှာ "

အများကြီးပြောပြီး မောသွားပုံရတယ်။ ဝိုင်ကိုမော့သောက်ပြန်တယ်။

" မင်းအတွက် ကိုယ်ကဘာလဲ "

တီဗွီဖန်သားပြင်ပေါ်က အကြည့်လွှဲပြီး သူ့ရဲ့မျက်ဝန်းတွေထဲ တဖြည်းဖြည်းဝင်ရောက်လာတယ်။ အထူးအဆန်းဆိုတဲ့သဘောနဲ့။

" ဘယ်လိုဖြေစေချင်တာလဲ "

" အဖြေမရှိဘူးပဲ ထားလိုက်တော့ ကိစ္စမရှိဘူး "

" မင်းအတွက်ရော ငါကဘာလဲ "

ခဏတာ အေးခဲသွားမိသလိုပဲ။

မျက်ခုံးစွန်းကို လက်ညှိုးနဲ့ ခပ်ဖွဖွကုတ်ရင်း ပြောလာတဲ့ဂျယ်မင်းက တိတ်ဆိတ်သွားတဲ့သူ့ဆီက အဖြေကိုစောင့်မျှော်နေတုန်း။

" မင်းကတော့ ကိစ္စမရှိပေမယ့် ငါကတော့ ကိစ္စရှိတယ်နော်။ အဖြေမရှိတာမလိုချင်ဘူး "

ည တစ်ဆယ့်နှစ်နာရီထိုးဖို့ စက္ကန့်ပိုင်းလေးပဲလိုတော့တယ်။ မိနစ်ဝက်လောက်နေရင် နောက်နှစ်ကို ကူးပြောင်းတော့မယ်။ ၂၀၁၆ မဟုတ်တော့တဲ့ ၂၀၁၇ ခုနှစ်ကို သူဂျယ်မင်းနဲ့ အတူဖြတ်သန်းရင် ဖြတ်သန်းလို့ရနိုင်တယ်။ ဒါမှမဟုတ် အရင်နှစ်တွေတုန်းကလိုမျိုး တစ်ယောက်ထဲ နှစ်သစ်ကိုကြိုဆိုရတာလဲ ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ မဟုတ်လည်း ပျောက်ကွယ်သွားနိုင်တာပဲ လောကကြီးကနေ။

" အိမ် "

တစ်ဆယ့်နှစ်နာရီ ထိုးသွားပြီ။

Happy New Year ဆိုတဲ့ အော်ဟစ်သံတွေနဲ့ တဝုန်းဝုန်းပေါက်ကွဲနေတဲ့ မီးရှူးမီးပန်းအသံတွေက မဖိတ်ခေါ်ပါပဲနဲ့ နားစည်ထဲကို အလုအယက်တိုးဝင်လာတယ်။

" ဘာရယ် "

" အမှောင်ထုမှာ လမ်းပျောက်နေတဲ့ကိုယ့်အတွက် ခဏတာ နားခိုလို့ရမယ့်အိမ်၊ အင်း...ကိုယ့်အတွက် မင်းကအဲ့လိုလူမျိုးပဲ "

ဂျဲနိုရဲ့စကားထဲမှာ ခဏတာဆိုတဲ့ စကားလုံးပါဝင်နေတယ်။ အဲ့ဒီ အဓိပ္ပါယ်ကို ဂျယ်မင်းလည်းသိတယ်။

ဝိုင်သုံးပုလင်းမြောက်ရဲ့ ရီဝေမှုက အရှိန်ထိုးတက်လာတယ်။ နှစ်ယောက်လုံးရဲ့ မျက်ဝန်းတွေထဲမှာ ယစ်မူးမှုတွေ အတိုင်းသား။ တစ်ယောက်မျက်ဝန်းအပေါ် တစ်ယောက်ကုပ်တွယ်ရင်း အသက်ရှူရှိုက်သံကို လိုက်ဖမ်းမိကြတယ်။ နီးကပ်လာတဲ့ နှုတ်ခမ်းလွှာနှစ်ခုကိုလည်း သတိထားခဲ့မိကြမှာမဟုတ်ဘူး။ နှုတ်ခမ်းလွှာချင်း ထပ်တူကျဖို့ လက်သည်းခွံလောက်ပဲ လိုတော့တဲ့အကွာအဝေးမှာ အရင်သတိပြန်ဝင်လာတဲ့ ဂျယ်မင်းက မျက်နှာကို တစ်ဖက်လှည့်ပစ်လိုက်တယ်။

" ဘာလို့လဲ?"

ပြန်မဖြေခဲ့ဘူး။

" ကိုယ့်ကို သဘောမကျလို့လား?"

" မဟုတ်ဘူး "

ငြင်းဆန်လာခဲ့ပေမယ့် သူ့ကိုပြန်ကြည့်မလာခဲ့ဘူး။

" ငါတို့တွဲတာ ရက်ပေါင်းတစ်ရာ့ငါးဆယ်ပြည့်မှ နှုတ်ခမ်းကိုနမ်းရမယ် "

" ဟင် ဘာဖြစ်လို့လဲ? "

" ဒီလိုမျိုးမင်းသဘောအတိုင်းလိုက်လျောနေလို့ ခဏလေးနဲ့ ငါ့ကိုရိုးပြီး ထားခဲ့ရင် ဘယ်လိုလုပ်မလဲ အခုတောင် ခဏတာဆိုတဲ့ စကားကပါနေတာ "

ဂျဲနိုအနေနဲ့ ဒီလိုအခိုက်အတန့်တွေကို ဖန်ပုလင်းထဲသိမ်းထားချင်ခဲ့တယ်။ သူဂျယ်မင်းကို လက်မလွှတ်ချင်တော့ဘူး။ တဖြည်းဖြည်းနဲ့ အချိန်တွေကြာလာလေလေ လက်လွှတ်ဖို့ခက်ခဲလာလေလေပဲ။ ဒီထက်ပိုပြီးနောက်မကျသွားခင် သူလက်လွှတ်သင့်နေပြီဆိုပေမယ့် ရူးရူးမိုက်မိုက်နဲ့ပဲ ရှေ့ဆက်တိုးချင်နေတုန်း။

သူတို့နှစ်ယောက်ရဲ့နေ့ရက်တွေက သာယာပါတယ်။ အင်း...သာယာခဲ့ပါတယ်။

-To Be Continue

Zawgyi Version

လွ်ိဳ႕ဝွက္မႈေတြနဲ႔ျပည့္ႏွက္ေနတဲ့ ဂ်ဲႏိုရဲ႕ဘဝက ထင္သေလာက္ေတာ့ မ႐ိုးရွင္းခဲ့။ တစ္ေန႔စာထမင္းတစ္နပ္စားႏိုင္ဖို႔အတြက္ တစ္ေန႔႐ုန္းကန္ရတဲ့အေျခအေနအထိ မေရာက္ခဲ့ေပမယ့္ အဲ့လိုအေျခအေနအထိ မေရာက္ခဲ့ေအာင္ ေထာက္ပံ့ေပးခဲ့တဲ့လူေတြက သူ႔အတြက္ေတာ့ တစ္သက္လုံးသစၥာေစာင့္သိသြားရမယ့္ ေက်းဇူး‌ရွင္ေတြ။ အဓိပၸါယ္မရွိေတာ့တဲ့ သူ႔ရဲ႕ဘဝက အထက္ကလူေတြရဲ႕ ေသဆိုေသ ရွင္ဆိုရွင္ ဘဝျဖစ္ခဲ့ေပမယ့္ အဲ့ဒီဘဝကလည္း ဂ်ယ္မင္းနဲ႔ မေတြ႕ခင္အခ်ိန္အထိပဲ။

ဂ်ယ္မင္းနဲ႔ေတြ႕ဆုံခဲ့ရတဲ့ အျဖစ္အပ်က္ကေတာ့ မထင္မွတ္ပဲျဖစ္ပ်က္ခဲ့တာဆိုေပမယ့္ သူ႔ဘဝရဲ႕ အႀကီးမားဆုံးအားအင္ျဖစ္ေနခဲ့တယ္။ မိုးသားအေရာင္ဆံႏြယ္ေတြနဲ႔ေကာင္ေလးက ျမင္႐ုံနဲ႔ေတာင္ ရင္ထဲမွာေအးခ်မ္းသြားေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္။ အၿမဲတမ္းဂစ္တာတစ္လုံးနဲ႔ သံစဥ္ေတြဖန္တီးေလ့ရွိတဲ့ ဂ်ယ္မင္းက တခါတေလဆိုရင္ သူ႔အတြက္ ကိုယ္တိုင္သီခ်င္းေတြေရးစပ္ေပးတတ္ေသးတယ္။ သူက ပီယာႏိုကိုတီးၿပီး ဂ်ယ္မင္းက ဂစ္တာတီးရင္း သူကိုယ္တိုင္ေရးစပ္ထားတဲ့ သီခ်င္းစာပိုဒ္ကို ခပ္တိုးတိုးညည္းဆိုေလ့ရွိတဲ့ အခ်ိန္ေတြဆိုရင္ သူတို႔ပတ္ဝန္းက်င္မွာ ‌လႊမ္းၿခဳံထားတဲ့ေလထုက ႏူးညံ့စြာေျပာင္းသြားတတ္တယ္။ ဂီတကို ျမတ္ႏိုးတဲ့ေကာင္ေလးက သူ႔ရဲ႕သီခ်င္းဆိုသံကိုလည္း ၾကားခ်င္ေသးတာ။ ဂီတဆိုရင္ ပီယာႏိုတီးတာကလြဲၿပီး က်န္တာမသိတဲ့ သူ႔အတြက္ေတာ့ ဂ်ယ္မင္းရဲ႕ေတာင္းဆိုခ်က္က အနည္းငယ္ျမင့္မားေနခဲ့သည္။ ဒါေပမယ့္လည္း ဂ်ယ္မင္းက အခ်ိန္ရတိုင္း သူ႔ကိုသီခ်င္းဆိုျပဖို႔ ေတာင္းဆိုေနတုန္း။

တခါတေလေတာ့လည္း ေတြးမိတယ္။
ဂ်ယ္မင္းကသူလက္လွမ္းမမွီႏိုင္တဲ့ေနရာက လူတစ္ေယာက္ဆိုတာ။ ေနေရာင္ျခည္လိုမ်ိဳး ေႏြးေထြးတဲ့အၿပဳံးေတြနဲ႔ေကာင္ေလးကို ဖမ္းဆုပ္ထားဖို႔မဝံ့ရဲခဲ့ပါေလ။ ဂ်ဲႏိုက ဂ်ယ္မင္းကို ေကာင္းကင္မွာလြင့္ေျမာေနတဲ့ ဖမ္းဆုပ္ဖို႔ခက္တဲ့ တိမ္တိုက္ေတြနဲ႔တူတယ္လို႔ ေတြးခဲ့မိတယ္။

ခရစ္စမတ္ေန႔ၿပီးကတည္းက သူ႔အိမ္ကို အၿမဲတမ္းလိုလိုေရာက္လာတတ္တဲ့ ဂ်ယ္မင္းက ႐ိုးရွင္းတဲ့ Date ေတြနဲ႔ပဲ ေရာင့္ရဲခဲ့တယ္။ ဒီလိုအေျခအေနမ်ိဳးကို မႀကဳံဖူးတာ မဟုတ္ပါပဲနဲ႔ကို ႏွစ္ေယာက္သားက အျပင္မွာခ်ိန္းေတြ႕ၾကတိုင္း ဆယ္ေက်ာ္သက္ေလးေတြလိုမ်ိဳး ရင္ခုန္သံေတြျမန္လာတတ္ၾကတယ္တဲ့ေလ။

ဓမၼေတးအဖြဲ႕ဝင္ျဖစ္တဲ့ ဂ်ဲႏိုေၾကာင့္ ဘုရားေက်ာင္းကိုသြားတိုင္း ဂ်ယ္မင္းက အေနာက္က တေကာက္ေကာက္လိုက္လာေလ့ရွိတယ္။ ေရွ႕ဆုံးခုံတန္းကေနထိုင္ၿပီး သံစဥ္ေတြကိုဖန္တီးေနတဲ့ ဂ်ဲႏိုကိုေငးၾကည့္ရတာ ဂ်ယ္မင္းရဲ႕ဝါသနာျဖစ္လာခဲ့တယ္။

ၾကားရက္ အလုပ္ၿပီးတဲ့အခ်ိန္ေတြဆိုရင္ေတာ့ ဂ်ယ္မင္းစာလုပ္တာကို ဂ်ဲႏိုကေဘးကေန ထိုင္ၾကည့္တတ္တယ္။ အသက္႐ြယ္တူျဖစ္ေပမယ့္ ေက်ာင္းဆက္မတက္ေတာ့ပဲ ေက်ာင္းထြက္ၿပီး အသက္ရွင္ဖို႔အလုပ္လုပ္ရတဲ့ ဂ်ဲႏိုက ဂ်ယ္မင္းကိုေတာ့ ေဘးကေနအၿမဲအားေပးေလ့ရွိတယ္။ ဒီလိုနဲ႔တျဖည္းျဖည္းၾကာလာေတာ့ ဂ်ဲႏိုရဲ႕တိုက္ခန္းမွာ ဂ်ယ္မင္းရဲ႕ အသုံးအေဆာင္ပစၥည္းေတြက ဟိုတစ္စ ဒီတစ္စနဲ႔ ေနရာယူလာခဲ့တယ္။

ဒါေပမယ့္ ထူးဆန္းတာတစ္ခုရွိတယ္။ သူတို႔တြဲလာတာ သုံးလျပည့္ေတာ့မယ္။ သူအခုအခ်ိန္အထိ ဂ်ယ္မင္းကို လက္ဖ်ားနဲ႔ေတာင္ မထိရေသးဘူး။ ယုတ္စြအဆုံး ပထမဆုံးအနမ္းေတာင္ မေပးခဲ့ရေသး။

ခ်စ္သူတို႔သဘာဝ အိမ္ျပန္ခါနီးတိုင္း ႏွဖူးကိုေပးေလ့ရွိတဲ့ ႏႈတ္ဆက္အနမ္းေဖ်ာ့ေဖ်ာ့သာရွိတယ္။ သူႏႈတ္ခမ္းကို နမ္းဖို႔ႀကိဳးစားတိုင္းလည္း ဂ်ယ္မင္းက ေရွာင္ထြက္သြားေနၾက။ ဘာလို႔လဲ သူ႔ကိုသေဘာမက်လို႔လားလို႔ ေမးခဲ့ဖူးတယ္။ ဒါေပမယ့္ ဂ်ယ္မင္းျပန္ေျဖတယ့္အေျဖေၾကာင့္ ကေလးဆန္လိုက္တာလို႔ေျပာၿပီး သေဘာတက်ရယ္႐ုံကလြဲလို႔ ဘာမွမတတ္ႏိုင္ခဲ့။

မွတ္မွတ္ရရ အဲ့ဒီေန႔က သူတို႔တြဲတာ တစ္ပတ္ျပည့္တဲ့ေန႔။

| ၂၀၁၆ ဒီဇင္ဘာ ၃၁ ရက္ |
(တြဲၿပီးခုနစ္ရက္အၾကာ)

" ဂ်ဲႏို စူပါမားကတ္သြားရေအာင္ "

အိပ္ခန္းထဲက ကိုယ့္ရဲ႕အဝတ္ဗီ႐ိုကို စိတ္တိုင္းက် ေမႊေနာက္ၿပီး သူစိတ္တိုင္းက်တဲ့ ခပ္ပြပြရွပ္အျဖဴတစ္ထည္ေကာက္စြပ္လာတဲ့ ဂ်ယ္မင္းက မနက္မိုးလင္းတဲ့အခ်ိန္ကတည္းက အိမ္ကိုေရာက္ေနတာ။

ခရစ္စမတ္ၿပီးတဲ့ေန႔ကစလို႔ အခုအခ်ိန္ထိ ညအိပ္တဲ့အခ်ိန္ကလြဲလို႔ မနက္မိုးလင္းကတည္းက ည‌ေနေစာင္းအခ်ိန္အထိ ဂ်ယ္မင္းက ဂ်ဲႏိုရဲ႕အိမ္မွာပဲ ေနတတ္တယ္။ အခ်ိန္ပိုင္းအလုပ္ေပါင္းစုံနဲ႔ ဂ်ဲႏိုက ဂ်ယ္မင္းကို ေသခ်ာအခ်ိန္မေပးႏိုင္ေပမယ့္လည္း ဂ်ယ္မင္းက ေခါင္းမာစြာ ဂ်ဲႏိုရဲ႕အိမ္ကို ေရာက္လာတတ္တုန္း။ ဂ်ဲႏိုရဲ႕အိမ္မွာ ေရခ်ိဳးၿပီးတိုင္းလည္း ဂ်ဲႏိုရဲ႕ အဝတ္‌‌ဗီ႐ိုထဲက အဝတ္အစားေတြကို သြားေမႊၿပီး သူသေဘာက်တာေတြ႕ရင္ ယူဝတ္ေနၾက။ ခႏၶာကိုယ္ခ်င္း ကြာျခားခ်က္သိပ္မရွိေပမယ့္ အားကစားလုပ္တဲ့အျပင္ ခပ္ပြပြအဝတ္အစားေတြကိုသာ ဝတ္တတ္တဲ့ဂ်ဲႏိုေၾကာင့္ ဂ်ယ္မင္းသူ႔အဝတ္ေတြကို ယူဝတ္လိုက္တိုင္း လူႀကီးအဝတ္ကို ကေလးယူဝတ္သလိုမ်ိဳး အဝတ္ထဲလူကျမဳပ္ျမဳပ္သြားတတ္တယ္။ ဘာပဲျဖစ္ျဖစ္ ၾကည့္ရတာ ရယ္ခ်င္စရာေကာင္းသလို၊ ခ်စ္ဖို႔လည္းေကာင္းတယ္။

" ေနာ္လို႔ မင္းအလုပ္ပိတ္တဲ့ရက္ေလး အတူသြားၾကမယ္ေလ "

" မသြားခ်င္ပါဘူး အိမ္မွာလဲစားစရာေတြရွိေသးတာကို အလကားသပ္သပ္ ပိုက္ဆံကုန္ေအာင္ "

" ဂ်န္!"

" သြားမယ္ သြားမယ္ အေႏြးထည္သြားဝတ္ အျပင္မွာေအးတယ္ "

ၿပဳံးေပ်ာ္သြားတဲ့အျပင္ ေျခဖ်ားေလးပါေထာက္ၿပီး ေျမာက္ႂကြေျမာက္ႂကြနဲ႔ အခန္းထဲဝင္သြားတဲ့ ဂ်ယ္မင္းက တစ္ပတ္အတြင္းမွာ ဂ်ဲႏိုကိုဘယ္လို‌ခ်ဳပ္ကိုင္ရမလဲ ေကာင္းေကာင္းသိႏွင့္ေနၿပီးၿပီ။

စူပါမားကတ္ကိုေရာက္ေတာ့ ဂ်ယ္မင္းရဲ႕ ဦးတည္ရာက အယ္လ္ကိုေဟာေတြ အစီအရီတင္ထားတဲ့ ေနရာပင္ျဖစ္သည္။

" အရက္သမားလား အားေနေသာက္ဖို႔ပဲေတြးေနတယ္ "

" ဒီေန႔က ႏွစ္သစ္ကူးေလ မျဖစ္မေနေသာက္ရမွာေပါ့ "

ေျပာေျပာဆိုဆိုနဲ႔ဂ်ယ္မင္းက cart ထဲကို ဆိုဂ်ဴသုံးပုလင္းေကာက္ထည့္လိုက္တယ္။ ဂ်ဲႏိုေတာင္ တားခ်ိန္ မရလိုက္။

" အသားေတြလည္း ဝယ္ရေအာင္။ ဒီေန႔ည အသားကင္စားၾကမယ္ "

အမဲသားေတြကို အမ်ိဳးစုံလွီးျဖတ္ထားတဲ့ အသားတန္းကိုေရာက္ေတာ့ ဂ်ဲႏိုက cart ကိုခပ္ျမန္ျမန္တြန္းရင္း ေက်ာ္သြားဖို႔ျပင္တယ္။ ႀကိဳရိပ္မိေနတဲ့ ဂ်ယ္မင္းက‌လည္း cart ကို လက္ႏွစ္ဖက္နဲ႔ အားထည့္ၿပီး အတင္းျပန္ဆြဲထားတယ္။

" Steak စားခ်င္တယ္ ဝယ္သြားရေအာင္ "

" ဒီကဟာေတြက ေဈးႀကီးတယ္ မာ့ခ္ကိုလုပ္ခိုင္းရင္ အလကားေတာင္စားရမွာ။ သူ႔ကိုပဲလုပ္ခိုင္းမယ္ "

ႏွင္းစက္ေလးေတြက်ေနသလိုမ်ိဳး ၾကည္ၾကည္လင္လင္ျဖစ္ေနတဲ့ ဂ်ယ္မင္းရဲ႕မ်က္ႏွာက ခ်က္ခ်င္းဆိုသလို ႏွင္းမုန္တိုင္းတိုက္လိုက္သလိုမ်ိဳး သုန္မႈန္သြားတယ္။

Cart ကိုအားထည့္ၿပီး ဂ်ဲႏိုက ထပ္တြန္းေတာ့ လက္မေလွ်ာ့တဲ့ဂ်ယ္မင္းက ဆန႔္က်င္ဘက္ကေန cart ကိုျပန္တြန္းတယ္။ ႏွစ္ဖက္စလုံးကလည္း အေလွ်ာ့ေပးဖို႔ စိတ္ကူးမရွိၾကဘူး။

" ငါက ဒီကဟာပဲစားခ်င္တာေလ ဂ်န္ရာ..."

ေလသံေဖ်ာ့ေဖ်ာ့ေလးနဲ႔ ဂ်ယ္မင္းက သူ႔ရဲ႕ေနာက္ဆုံးလက္နက္ကိုထုတ္သုံးလိုက္ၿပီ။

Cart ကိုတြန္းေနတဲ့ ဂ်ဲႏိုရဲ႕လက္ေတြက အားေလ်ာ့သြားေပမယ့္ အၿပီးရပ္လိုက္တာေတာ့ မဟုတ္ေသး။ ေနာက္ဆုံးက် ဂ်ယ္မင္းက cart ထဲကို သူ႔တစ္ကိုယ္လုံး ခုန္ဝင္ပစ္လိုက္တယ္။ ခုန္ဝင္ပစ္လိုက္ၿပီး အထဲမွာ က်က်နနထိုင္လိုက္႐ုံနဲ႔မၿပီးေသးဘူး ေဘးက အမဲသားထုပ္ကိုပါ ဆြဲယူလိုက္ေသး။

႐ုန္းရင္းဆန္ခတ္သြားတဲ့ အေျခအေနေၾကာင့္ မားကတ္ထဲက လူေတြက မသိမသာေရာ သိသိသာသာေတြေရာ လွည့္ၾကည့္လာၾကတယ္။ ၿပဳံးစိစိနဲ႔ အခ်င္းခ်င္းလက္တို႔ၿပီး ခပ္တိုးတိုးေျပာေနတဲ့လူေတြကေျပာ၊ ရယ္ေနတဲ့လူေတြက ရယ္။

" ငါ့ကိုၿခိမ္းေျခာက္ၿပီးထြက္ခိုင္းရင္ အားလုံးၾကားေအာင္ ေအာ္ပစ္လိုက္မွာေနာ္ အႏိုင္က်င့္ေနပါတယ္ဆိုၿပီး "

႐ုပ္ေလးနဲ႔ ေျပာေနတဲ့စကားနဲ႔မွမလိုက္ ခပ္ၿပဳံးၿပဳံးေျပာလာတဲ့ဂ်ယ္မင္းက ဂ်ဲႏိုေျပာမယ့္စကားေတြကို ႀကိဳသိေနသေယာင္ အေရွ႕ကေနႀကိဳပိတ္လိုက္ထားတယ္။

လူေတြဝိုင္းၾကည့္ေနၾကတာေတာင္ တစ္စက္ကေလးမွမၿဖဳံတဲ့ဂ်ယ္မင္းက  တြန္းလွည္းထဲမွာထိုင္ေနရင္း ဟိုကိုသြား ဒီကိုသြားနဲ႔ လက္ညိဳးတထိုးထိုးလုပ္ၿပီး ခိုင္းေနေသးတာ။

ေကာ္ဖီထုပ္ေတြ၊ ေခါက္ဆြဲေျခာက္ထုပ္ေတြ၊ အေအးပုလင္းေတြ၊ ဘီယာဗူးေတြ၊ အသင့္စား ကင္မ္ခ်ီအထုပ္ေတြ၊ အသင့္စားမုန႔္ထုပ္ေတြကို တြန္းလွည္းထဲဆြဲဆြဲယူေနတဲ့ဂ်ယ္မင္းက လက္ရွိအေျခအေနကို အေတာ္ေလးသေဘာေတြ႕သလို ၿပဳံး႐ႊင္ေနၿပီး ဂ်ဲႏိုကလည္း တြန္းလွည္းတြန္းေနရင္းနဲ႔ ကေလးဆန္လြန္းတဲ့ ဂ်ယ္မင္းရဲ႕ အျပဳအမူေတြေၾကာင့္ ခပ္ၿပဳံးၿပဳံးျဖစ္ရတယ္။ ဂ်ယ္မင္းက လူႀကီးဆန္တဲ့ အခ်ိန္ေတြဆို သူ႔ထက္ေတာင္ပိုရင့္က်က္ေနၿပီး အခုလိုအခ်ိန္ေတြဆိုလည္း ငါးႏွစ္သားအ႐ြယ္ကေလးတစ္ေယာက္လိုမ်ိဳး ခြၽဲႏြဲ႕တတ္ျပန္တယ္။

" ႏွစ္သစ္ကူးရဲ႕ တစ္ဆယ့္ႏွစ္နာရီအတိမွာ ဆုေတာင္းရင္ ဆုေတာင္းျပည့္တတ္တယ္တဲ့ "

" ဘယ္သူကေျပာတာလဲ "

စိတ္လႈပ္ရွားျခင္းအျပည့္နဲ႔ေျပာလာတဲ့ မ်က္လုံးေတာက္ေတာက္ေတြနဲ႔‌ေကာင္ေလးက သူ႔စကားၾကားေတာ့ ဆူပုတ္ပုတ္နဲ႔လွည့္ၾကည့္တယ္။

" ပ်င္းဖို႔ေကာင္းတဲ့လူ "

ခပ္တိုးတိုးထြက္လာတဲ့အသံေၾကာင့္ ဂ်ဲႏိုမွာ အံ့ဩရတယ္။ သူတစ္ခုခုမ်ား မွားေျပာမိလိုက္လား။

" ဘာေတြဆုေတာင္းဖို႔ စဥ္းစားထားလဲ "

" ဆုေတာင္းေတြက ေျပာျပလိုက္ရင္ မျပည့္တတ္ဘူးေလ "

ဂ်ယ္မင္းက နီရဲေနတဲ့ ႏွာေခါင္းထိပ္ကို ပြတ္သပ္ရင္းေျပာတယ္။ ဒီဇင္ဘာရဲ႕ႏွင္းေတြ‌ေၾကာင့္ ႏွာေခါင္းထိပ္ေတြေရာ ပါးျပင္ေတြေရာ နီရဲလို႔။

တိုင္ကပ္နာရီေပၚက နာရီလက္တံေတြက တျဖည္းျဖည္းနဲ႔ တစ္ဆယ့္ႏွစ္နာရီထိုးဖို႔နီးကပ္လာတာကိုျမင္ရတယ္။

မီးဖိုေခ်ာင္ထဲကေန ဝိုင္ပုလင္းရယ္ ဝိုင္ခြက္ရယ္ကိုကိုင္ၿပီးထြက္လာတဲ့ ဂ်ယ္မင္းက သူ႔ေဘးမွာလာထိုင္တယ္။ ဆာကူရာလိုရနံ႔ရွိတဲ့ ဂ်ယ္မင္းရဲ႕ကိုယ္သင္းနံ႔မွာ သူသုံးေနက် ေရခ်ိဳးဆပ္ျပာက  လိေမၼာ္ခြံလိုမ်ိဳး သင္းသင္းေလးနဲ႔ စိတ္ၾကည္ေစမယ့္ ရနံ႔တစ္မ်ိဳးပါေရာယွက္လာတာကို ခံစားမိတယ္။

" ေသာက္ဦးမလား?"

" ေတာ္ၿပီ "

ဝိုင္ႏွစ္ပုလင္းရဲ႕အရွိန္နဲ႔ သူေရာ ဂ်ယ္မင္းပါ အသိစိတ္လြတ္ေလာက္တဲ့အထိ မမူးေပမယ့္ အနည္းငယ္ ရီေဝေဝျဖစ္ေနတဲ့အဆင့္မွာ။

" ၿပီးေရာေလ "

ခ်စ္ရသူက ဘဝထဲက အၿပီးအပိုင္ထြက္သြားခဲ့ေပမယ့္ စိတ္မနာႏိုင္ပဲေနာက္ဆုံးထြက္သက္အခ်ိန္အထိ ခ်စ္ရသူကိုသာ တမ္းတေနခဲ့မိတဲ့ လူတစ္ေယာက္ရဲ႕ ဘဝဇာတ္ေၾကာင္းကို ႐ိုက္ကူးထားတဲ့ ပုံရိပ္ကို ‌ေဆြးေဆြးေျမ့ေျမ့ေငး‌ရင္း ဝိုင္ပုလင္းထဲက ဝိုင္ေတြကို ဝိုင္ခြက္ထဲငွဲ႔တယ္။ ဂ်ဲႏိုကေတာ့ ဖန္သားျပင္ေပၚက ဇာတ္လမ္းအစား ဂ်ယ္မင္းကိုေငးေမာတယ္။ ႏွစ္တစ္ႏွစ္ရဲ႕ ေနာက္ဆုံးရက္မွာ လူသားတစ္ေယာက္ရဲ႕ ဝင္သက္ထြက္သက္နဲ႔ အေႏြးဓာတ္ကို ကိုယ့္ေဘးမွာ ခံစားမိေနတာ ထင္သေလာက္လဲ မဆိုးလွ။

" ၾကည့္လို႔ဝၿပီလား?"

" ဟင့္အင္း "

ဟက္ခနဲရယ္လိုက္တဲ့ ဂ်ယ္မင္းက တီဗြီဖန္သားျပင္ေပၚက အၾကည့္တို႔ကို မလႊဲျဖစ္ဘူး။

" အဲ့ဇာတ္လမ္းကို ၾကည့္တာဘယ္ႏွေခါက္ရွိၿပီလဲ?မ႐ိုးေသးဘူးလား?"

" မ႐ိုးပါဘူး ဇာတ္လမ္းက ယုတၱိမရွိေပမယ့္ မင္းသမီးကေခ်ာတယ္ေလ "

ခပ္ေနာက္ေနာက္ေျပာတဲ့ ဂ်ယ္မင္းရဲ႕စကားသံကို သူခ်က္ခ်င္းမတုံ႔ျပန္မိေသးဘူး။

" ယုတၱိမရွိဘူး?"

" အင္းေလ ၾကည့္ပါလား ကိုယ့္ကိုပစ္ၿပီး အျခားလူေတြအတြက္ သူရဲေကာင္းႀကီးလုပ္ၿပီး အေသခံသြားတဲ့လူတစ္ေယာက္ကို ေန႔တိုင္း...မဟုတ္ဘူး ေသတဲ့အခ်ိန္အထိ တမ္းတမ္းစြဲ‌ျဖစ္ေနတာေလ အရႈံးသမားလိုမ်ိဳး၊ မင္းသမီးေၾကာင့္သာမဟုတ္ရင္ ဒီကားကို ဇာတ္လမ္းတစ္ဝက္နဲ႔တင္ရပ္ပစ္မွာ "

အမ်ားႀကီးေျပာၿပီး ေမာသြားပုံရတယ္။ ဝိုင္ကိုေမာ့ေသာက္ျပန္တယ္။

" မင္းအတြက္ ကိုယ္ကဘာလဲ "

တီဗြီဖန္သားျပင္ေပၚက အၾကည့္လႊဲၿပီး သူ႔ရဲ႕မ်က္ဝန္းေတြထဲ တျဖည္းျဖည္းဝင္ေရာက္လာတယ္။ အထူးအဆန္းဆိုတဲ့သေဘာနဲ႔။

" ဘယ္လိုေျဖေစခ်င္တာလဲ "

" အေျဖမရွိဘူးပဲ ထားလိုက္ေတာ့ ကိစၥမရွိဘူး "

" မင္းအတြက္ေရာ ငါကဘာလဲ "

ခဏတာ ေအးခဲသြားမိသလိုပဲ။

မ်က္ခုံးစြန္းကို လက္ညႇိဳးနဲ႔ ခပ္ဖြဖြကုတ္ရင္း ေျပာလာတဲ့ဂ်ယ္မင္းက တိတ္ဆိတ္သြားတဲ့သူ႔ဆီက အေျဖကိုေစာင့္ေမွ်ာ္ေနတုန္း။

" မင္းကေတာ့ ကိစၥမရွိေပမယ့္ ငါကေတာ့ ကိစၥရွိတယ္ေနာ္။ အေျဖမရွိတာမလိုခ်င္ဘူး "

ည တစ္ဆယ့္ႏွစ္နာရီထိုးဖို႔ စကၠန႔္ပိုင္းေလးပဲလိုေတာ့တယ္။ မိနစ္ဝက္ေလာက္ေနရင္ ေနာက္ႏွစ္ကို ကူးေျပာင္းေတာ့မယ္။ ၂၀၁၆ မဟုတ္ေတာ့တဲ့ ၂၀၁၇ ခုႏွစ္ကို သူဂ်ယ္မင္းနဲ႔ အတူျဖတ္သန္းရင္ ျဖတ္သန္းလို႔ရႏိုင္တယ္။ ဒါမွမဟုတ္ အရင္ႏွစ္ေတြတုန္းကလိုမ်ိဳး တစ္ေယာက္ထဲ ႏွစ္သစ္ကိုႀကိဳဆိုရတာလဲ ျဖစ္ခ်င္ျဖစ္သြားႏိုင္တယ္။ မဟုတ္လည္း ေပ်ာက္ကြယ္သြားႏိုင္တာပဲ ေလာကႀကီးကေန။

" အိမ္ "

တစ္ဆယ့္ႏွစ္နာရီ ထိုးသြားၿပီ။

Happy New Year ဆိုတဲ့ ေအာ္ဟစ္သံေတြနဲ႔ တဝုန္းဝုန္းေပါက္ကြဲေနတဲ့ မီးရႉးမီးပန္းအသံေတြက မဖိတ္ေခၚပါပဲနဲ႔ နားစည္ထဲကို အလုအယက္တိုးဝင္လာတယ္။

" ဘာရယ္ "

" အေမွာင္ထုမွာ လမ္းေပ်ာက္ေနတဲ့ကိုယ့္အတြက္ ခဏတာ နားခိုလို႔ရမယ့္အိမ္၊ အင္း...ကိုယ့္အတြက္ မင္းကအဲ့လိုလူမ်ိဳးပဲ "

ဂ်ဲႏိုရဲ႕စကားထဲမွာ ခဏတာဆိုတဲ့ စကားလုံးပါဝင္ေနတယ္။ အဲ့ဒီ အဓိပၸါယ္ကို ဂ်ယ္မင္းလည္းသိတယ္။

ဝိုင္သုံးပုလင္းေျမာက္ရဲ႕ ရီေဝမႈက အရွိန္ထိုးတက္လာတယ္။ ႏွစ္ေယာက္လုံးရဲ႕ မ်က္ဝန္းေတြထဲမွာ ယစ္မူးမႈေတြ အတိုင္းသား။ တစ္ေယာက္မ်က္ဝန္းအေပၚ တစ္ေယာက္ကုပ္တြယ္ရင္း အသက္ရႉရႈိက္သံကို လိုက္ဖမ္းမိၾကတယ္။ နီးကပ္လာတဲ့ ႏႈတ္ခမ္းလႊာႏွစ္ခုကိုလည္း သတိထားခဲ့မိၾကမွာမဟုတ္ဘူး။ ႏႈတ္ခမ္းလႊာခ်င္း ထပ္တူက်ဖို႔ လက္သည္းခြံေလာက္ပဲ လိုေတာ့တဲ့အကြာအေဝးမွာ အရင္သတိျပန္ဝင္လာတဲ့ ဂ်ယ္မင္းက မ်က္ႏွာကို တစ္ဖက္လွည့္ပစ္လိုက္တယ္။

" ဘာလို႔လဲ?"

ျပန္မေျဖခဲ့ဘူး။

" ကိုယ့္ကို သေဘာမက်လို႔လား?"

" မဟုတ္ဘူး "

ျငင္းဆန္လာခဲ့ေပမယ့္ သူ႔ကိုျပန္ၾကည့္မလာခဲ့ဘူး။

" ငါတို႔တြဲတာ ရက္ေပါင္းတစ္ရာ့ငါးဆယ္ျပည့္မွ ႏႈတ္ခမ္းကိုနမ္းရမယ္ "

" ဟင္ ဘာျဖစ္လို႔လဲ? "

" ဒီလိုမ်ိဳးမင္းသေဘာအတိုင္းလိုက္ေလ်ာေနလို႔ ခဏေလးနဲ႔ ငါ့ကို႐ိုးၿပီး ထားခဲ့ရင္ ဘယ္လိုလုပ္မလဲ အခုေတာင္ ခဏတာဆိုတဲ့ စကားကပါေနတာ "

ဂ်ဲႏိုအေနနဲ႔ ဒီလိုအခိုက္အတန႔္ေတြကို ဖန္ပုလင္းထဲသိမ္းထားခ်င္ခဲ့တယ္။ သူဂ်ယ္မင္းကို လက္မလႊတ္ခ်င္ေတာ့ဘူး။ တျဖည္းျဖည္းနဲ႔ အခ်ိန္ေတြၾကာလာေလေလ လက္လႊတ္ဖို႔ခက္ခဲလာေလေလပဲ။ ဒီထက္ပိုၿပီးေနာက္မက်သြားခင္ သူလက္လႊတ္သင့္ေနၿပီဆိုေပမယ့္ ႐ူး႐ူးမိုက္မိုက္နဲ႔ပဲ ေရွ႕ဆက္တိုးခ်င္ေနတုန္း။

သူတို႔ႏွစ္ေယာက္ရဲ႕ေန႔ရက္ေတြက သာယာပါတယ္။ အင္း...သာယာခဲ့ပါတယ္။

-To Be Continue









Continue Reading

You'll Also Like

252K 573 21
TOM KAULITZ SMUT
13.3K 1.8K 41
This fic is written in both Unicode and Zawgyi Unicode အချိန်နဲ့ဒီရေဟာဘယ်သူ့ကိုမှမစောင့်သလို ငါ့အချစ်တွေကလည်းမင်းရဲ့ခေါင်းညိတ်အဖြေတစ်ခုကိုဘယ်တော့မှမစ...
1.2K 199 8
မချစ်တတ်တဲ့လူနှစ်ယောက်တွေ့ကြသောအခါ....
432 48 1
✦ 𝗃𝖾𝗇𝗈 × 𝗃𝖺𝖾𝗆𝗂𝗇 𝖿𝖿 : 💌 ✦ |𝗈𝗇𝖾 𝗌𝗁𝗈𝗋𝗍| ✦ ℎ𝑖𝑑𝑖𝑛𝑔 𝑦𝑜𝑢𝑟 𝑠𝑚𝑎𝑙𝑙 ℎ𝑎𝑛𝑑 𝑡ℎ𝑎𝑡'𝑠 𝑝𝑟𝑒𝑡𝑡𝑖𝑒𝑟 𝑡ℎ𝑎𝑛 𝑡ℎ𝑒...