Dare You Escape?[Completed]

By Daydream-fah

49.2K 3.6K 233

Run away from me,if you dare... {Present for my special one} More

အခန်း(၂)- ထပ်ပြီး ဝမ်ရိပေါ်ပဲလား
အခန်း(၃)- ငါလူသတ်တာမဟုတ်ဘူး..
အခန်း(၄)- သူရောက်လာပြီ
အခန်း(၅)- ရန်ငြိုး
အခန်း(၆)- ဝမ်ရိပေါ်ရဲ့ပျော်တော်ဆက်
အခန်း(၇)- ပြယုဂ်
အခန်း(၈)- ရင်းနှီးနေတဲ့ သူစိမ်း
အခန်း(၉)- လက်တုံ့ပြန်ခြင်း နိဒါန်း
အခန်း(၁၀)- ငါ့အပိုင်ကို ဘယ်သူထိရဲလဲ....
အခန်း(၁၁)- လက်စဖျောက်ခြင်း
အခန်း(၁၂)- ဝမ်သခင်လေးရဲ့ပူပင်သောက
အခန်း(၁၃)- သူငယ်ချင်းတဲ့လား....
အခန်း(၁၄)- ခေါင်းဝါကောင်
အခန်း(၁၅)- အမူးသမားနှင့်တစ်ညတာ
အခန်း(၁၆)- သွေးစွန်းသွားတဲ့ရွာကလေး
ဇာတ်သိမ်းပိုင်း- အဆုံးသတ်မမည်သော အဆုံးသတ်ခြင်း
အပိုင်းပို

အခန်း(၁)- ငါ့ဒီဇိုင်းကို ခိုးသွားတယ်

9.4K 339 26
By Daydream-fah

Suggested Song- 7 Rings by Ariana Grande

"အကြောင်းထူးရင် ပြန်ဆက်သွယ်လိုက်ပါ့မယ်နော် ...လောလောဆယ်တော့ လူမလိုသေးလို့ပါ"

ဖိုင်ထဲကနေ သူဆွဲထားတဲ့ ပုံကြမ်းစာရွက်လေးတွေကို ထုတ်ဖို့ပြင်နေတဲ့လက်တွေက တစ်ဝက်တစ်ပျက်မှာပင် ရပ်တန့်သွားသည်။ ဒီဇိုင်နာရာထူးအတွက် အလုပ်လာလျှောက်တဲ့သူကို ဆွဲထားတဲ့ပုံလေးကို တစ်ချက်တောင်မကြည့်ပဲ တန်းပြီး ငြင်းလွှတ်တာကတော့ တစ်ဆိတ်... လွန်မနေဘူးလားလို့။

အနည်းငယ် စိတ်ကသိကအောက်ဖြစ်သွားပေမယ့်လည်း သူစိတ်ကိုလျှော့ကာ ကောင်တာပေါ်မှာ တင်ထားတဲ့ သူ့ဖိုင်ကိုပြန်ယူရင်း ထိုမိန်းကလေးကို ခေါင်းတစ်ချက်ညိတ်ပြရင်းသာ ပြန်ထွက်လာလိုက်သည်။

ဒီလိုစကားမျိုးက အရင်ထဲက ကြားလာနေကြမို့ အထူးတလည်ခံစားပြီး စိတ်ဓာတ်ကျမနေတော့။ ဒီတစ်ခါနဲ့ဆို သူအငြင်းခံရတာ ဘယ်နှစ်ကြိမ်မြောက်မှန်းတောင်မှတ်မိတော့ဘူး။

များသောအားဖြင့် အခုလိုပဲ ကုမ္ပဏီက သူဌေးနဲ့တွေ့ဖို့နေနေသာသာ မန်နေဂျာနဲ့ပင် မတွေ့လိုက်ရပဲ ဝင်ပေါက်ကနေ လှည့်ပြန်ခဲ့ရတာချည်းပင်။

လက်မှာပတ်ထားတဲ့ မှန်အက်နေတဲ့နာရီလေးကို ငုံ့ကြည့်လိုက်တော့ နေ့လည်၁နာရီခွဲ။ ဒီအတိုင်းသာဆို ဒီနေ့လည်း အလုပ်လက်မဲ့အဖြစ်နဲ့ နေထိုင်ရဦးမှာပေါ့။

စိတ်ညစ်ညစ်နဲ့ ခေါင်းငိုက်စိုက်ချကာ လျှောက်လာရင်း လမ်းချိုးတစ်ခုအရောက်မှာ နားထဲအော်သံလိုလိုကြားလိုက်ရတာမို့ ရပ်ပြီး နားစွင့်လိုက်မိသည်။

"ကယ်ကြပါဦး အား..."

လူတစ်ယောက်ရဲ့ အကူအညီတောင်းသံနဲ့အတူ ရုန်းရင်းဆန်ခတ်အသံတွေကိုပါ ကြားလိုက်ရတာမို့ အသံလာရာနားစွင့်ရင်း လိုက်ရှာမိတော့ လူပြတ်တဲ့လမ်းကြားထဲမှာ အသက်သုံးဆယ်အရွယ်လောက်သာဦးရှိမယ့် အမျိုးသားတစ်ယောက်ကို လူနှစ်ယောက်ကဝိုင်းချုပ်ထားရင်း ဓားထောက်လုနေတာမို့ မတရားတာမြင်ရင် မနေနိူင်တဲ့သူပီပီ အနားမှာကျနေတဲ့တုတ်အရှည်တစ်ချောင်းကို ဆွဲယူကာ အခြေအနေကြည့်နေလိုက်သည်။

ထိုလူနှစ်ယောက်က သူ့ဘက်ကိုကျောပေးထားတာမို့ အလစ်ချောင်းကာ အနောက်ကနေ ဓားကိုင်ထားတဲ့ တစ်ယောက်ရဲ့ခေါင်းကိုအားပါပါရိုက်ချလိုက်တော့ ထိုလူ့လက်ထဲက ဓားကလွတ်ကျသွားပြီး မေ့လဲသွားတာနဲ့ နောက်တစ်ယောက်က ကျသွားတဲ့ဓားကိုပြန်ကောက်ဖို့ လက်လှမ်းလာတာမို့ အလျင်အမြန်ဓားကိုခြေထောက်နဲ့နင်းထားပြီး ထိုလူ့ရဲ့ခေါင်းကိုလည်း လွှဲရိုက်ပစ်လိုက်သည်။

"ကျေးဇူးတင်လိုက်တာ ငါ့ညီရာ.. အကို့ ကားပျက်သွားလို့ taxiငှါးဖို့ရပ်စောင့်နေတုန်း ဒီကောင်တွေက အတင်းဝင်လုတော့တာပဲ ...ငါ့ညီဝင်ကူညီလို့သာပေါ့"

ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကားပြောလာတဲ့လူကြောင့် ခုနက ဟိုလူတွေနဲ့ချရင်း တစ်ရွက်စီလွင့်သွားတဲ့ သူ့ရဲ့ပုံကြမ်းစာရွက်လေးတွေကိုပြန်ကောက်ကာ ဦးထုပ်ကို ခေါင်းမှာသေချာပြန်စောင်းလိုက်ရင်း

"ရပါတယ် ...အမြင်မတော်လို့ ဝင်ကူညီရုံပဲ"

ထိုလူက သူ့လက်ထဲက စာရွက်တွေကို ကြည့်နေတာမို့ စာရွက်ကိုင်ထားတဲ့လက်ကို အနောက်ပို့လိုက်မိသည်။

"ဒါနဲ့ ညီလေးက ဒီဇိုင်နာလား.. စပ်စုတယ်လို့ မထင်နဲ့နော် ...ညီလေးက အကို့ကိုကူညီခဲ့တော့ အကိုဘက်ကလည်း ကူညီပေးနိူင်တာရှိရင် ကူညီပေးချင်လို့ပါ"

"အကူအညီမလိုတာမို့ ခွင့်ပြုပါဦး"

အနောက်ကနေ လှမ်းခေါ်သံကိုလည်း မကြားချင်ယောင်ဆောင်ကာ ခပ်မြန်မြန်လှည့်ထွက်လာမိသည်။ လောကမှာ သူအတွန့်ဆုတ်ဆုံးက တခြားသူတွေဆီက အကူအညီယူဖို့ပဲ။

ဘယ်လောက်ပဲ ခက်ခဲပင်ပန်းနေပါစေ သူတစ်ပါးဆီ အကူအညီတောင်းခံနေမယ့်အစား ကိုယ့်အစွမ်းအစနဲ့ကိုယ် ရုန်းကန်လိုက်ချင်တာမျိုး။

ကိုယ့်အတွေးနဲ့ကိုယ် လျှောက်လာရင်း အိမ်နားရောက်တော့ သူ့အိမ်ရှေ့မှာရပ်နေတဲ့ သူ့သူငယ်ချင်းမ ရွှမ်းလုကိုတွေ့လိုက်ရတာမို့ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီအရှုပ်ထုပ်က ဘာလာလုပ်ပြန်ပြီလဲ။ သူ့ကိုတွေ့တာနဲ့ ရွှမ်းလုက သူ့ဆီအမောတကောပြေးလာကာ

"နင်ကလည်း ကြာလိုက်တာ ..ဘယ်တွေလျှောက်သွားနေတာလဲ ... ငါက အပြင်သွားမလို့ နင့်ကိုအဖော်လာခေါ်တာ"

"မလိုက်ပါဘူး... နင့်ဘာသာတစ်ယောက်ထဲသွားပါလား"

ပြောပြောဆိုဆိုနဲ့ လှည့်ထွက်လာတော့ ရွှမ်းလုက သူ့လက်မောင်းကိုလှမ်းဆွဲကာ မျက်နှာငယ်ဖြင့်

"လုပ်ပါ ရှောင်းကျန့်ရယ် ... ငါတစ်ယောက်တည်း မသွားချင်လို့ လိုက်ခဲ့ပါဟာနော်.. ဒီတစ်ခါပဲ နောက်တစ်ခါဆို ငါနင့်ကို လာမရှုပ်တော့ဘူး စိတ်ချ"

ရှောင်းကျန့်က တကယ်လားဆိုတဲ့သဘောဖြင့် မျက်ခုံးပင့်ပြီး မယုံသင်္ကာဖြင့်ကြည့်လိုက်တော့ ရွှမ်းလုက မျက်နှာချိုသွေးပြီး သွားဖြဲပြနေတာမို့ ခေါင်းအသာခါရင်း ရွှမ်းလုခေါ်တဲ့နောက်ကို လိုက်ရပြန်သည်။

•••

"ဟဲ့ ရှောင်းကျန့် ဟိုမှာကြည့်ဦး"

ရွှမ်းလုနဲ့အတူ စင်တာထဲမှာ ပတ်နေရင်း တစ်နေရာအရောက် သူ့လက်မောင်းကိုလှမ်းဆွဲရင်း ပြောလိုက်တဲ့ ရွှမ်းလုကြောင့် သူလက်ညိုးထိုးပြရာကို လှမ်းကြည့်မိတော့ ကုန်ပစ္စည်းမိတ်ဆက်ပွဲလို ပွဲမျိုးဖြစ်သည်။

သူနားမလည်စွာနဲ့ ရွှမ်းလုကိုလှမ်းမေးဖို့ ပြင်နေတုန်းမှာပဲ LED projecterကနေ မြင်လိုက်ရတဲ့ပုံကြောင့် သူစိတ်တိုလွန်းလို့ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားလိုက်မိသည်။

သူဆွဲထားတဲ့ နာရီဒီဇိုင်းက ဒီမှာဘယ်လိုလုပ်ပြီးရှိနေရတာလဲ။ ပုံစံချင်းဆင်တာများလားဆိုပြီး ပြောရအောင်ကလည်း သူဆွဲထားတဲ့ဒီဇိုင်းနဲ့ အရောင်ကအစ ချွတ်စွပ်တထေရာတည်းဖြစ်နေတာမို့ သူဆွဲထားတဲ့ပုံဆိုတာသေချာသည်။

ရှောင်းကျန့်တို့ရပ်ကြည့်နေရင်းနဲ့ပင် ကင်မကာတွေတကားကားနဲ့သတင်းထောက်အုပ်စုက သူတို့ကိုတွန်းတိုက်ပြီး အပေါက်ဝကိုပြေးသွားတာမို့ ဘာရယ်မဟုတ်လှမ်းကြည့်လိုက်တော့ ပြောင်လက်နေတဲ့ အနက်ရောင်ကားပတ်လည်မှာ အလုအယက်တိုးကြိတ်နေကြလေသည်။ ကားတစ်စီးလုံးက မှန်အမဲတွေချည်းကာထားတာမို့ အထဲကိုတော့မမြင်ရ။

ခဏကြာတော့ ကားတံခါးပွင့်လာပြီး တစ်ကိုယ်လုံးနက်ဆွေးနေအောင်ဝတ်ထားတဲ့လူတစ်ယောက် ဆင်းလာလေသည်။ အသက်အားဖြင့် သူ့ထက်ငယ်ဦးမယ့်ပုံရတဲ့ ထိုကောင်လေးက ဆံနွယ်ရှည်တွေကို အနောက်မှာစုစည်းထားပြီး နားတစ်ဖက်မှာလည်း ငွေရောင်နားကွင်းတစ်ဖက်ကိုတပ်ထားသေးသည်။

နက်မှောင်နေတဲ့မျက်ခုံးတွေကို တွန့်ချိုးထားရင်း သိန်းငှက်တစ်ကောင်လို စူးရဲနေတဲ့အကြည့်တွေကို အရှေ့တည့်တည့်ဆီသာ ပို့ထားပြီး ဘေးနားကဘယ်သူ့ကိုမှ ဂရုမစိုက်ဟန်။

သတင်းထောက်တွေကသာ ထိုကောင်လေးကားပေါ်ကဆင်းလာထဲက အတိုးအကြိတ်လုယက်နေကြပေမယ့် ထိုကောင်လေးကတော့ တစ်ချက်ပင်ဟန်ချက်ပျက်မသွား။ ဘောင်းဘီအိတ်ထဲလက်တစ်ဖက်ထည့်လို့ သူ့ရဲ့ကိုယ်ရံတော်တွေ အလိုက်သင့်ကာပေးထားတဲ့အတိုင်း မာန်ပါပါဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းလာလေသည်။

တဖြည်းဖြည်းနဲ့ ထိုကောင်လေးက သူ့ဆီကိုတည့်တည့်လျှောက်လာနေတာမို့ ကြောင်ပြီးရပ်ကြည့်နေရင်း ရွှမ်းလုကသူ့ရဲ့လက်ကိုလှမ်းဆွဲပြီး အနောက်ကိုဆုတ်လိုက်တာမို့ သူပါယောင်ယမ်းပြီး အနောက်ကိုဆုတ်လိုက်တော့မှ ထိုကောင်လေးက သူ့ပခုံးစွန်းကိုတွန်းတိုက်လို့ စင်ပေါ်ကိုတက်သွားတာမို့ မျက်မှောင်ကျုံ့လိုက်မိသည်။

"အားလုံးပဲ ကျွန်တော်က Leoရဲ့ဝမ်ရိပေါ်ပါ... ဒီတစ်ခါ လီယိုရဲ့ branchတစ်ခုဖြစ်တဲ့ Leo's watchကနေပြီးတော့ launchလုပ်မယ့် ဒီဇိုင်းအသစ်ရဲ့အကြောင်းကိုတော့ အများကြီးမိတ်ဆက်နေစရာမလိုဘူးထင်တယ် ... ဒီdesignကိုဆိုရင် ကျွန်တော်တို့ Leoက အတော်ဆုံး ကျွမ်းကျင်ဒီဇိုင်နာတွေနဲ့အတူ.."

"လူလိမ် ....ငါ့ဒီဇိုင်းကို ခိုးသွားပြီးတော့ အရှက်မရှိပြောရဲသေးတယ်"

ရိပေါ်စကားပြောနေရင်းနဲ့ လူတစ်ယောက်က စင်ပေါ်ကိုပြေးတက်လာကာ သူ့အင်္ကျီရင်ဘတ်ကို ဆောင့်ဆွဲရင်းပြောလိုက်တာမို့ အငိုက်မိကာ ခဏကြောင်သွားပြီးမှ ထိုလူ့ရဲ့လက်တွေကို ဆွဲဖယ်ကာ တွန်းထုတ်လိုက်မိသည်။

ထိုလူက အနောက်ကိုယိုင်ကျသွားပေမယ့် ထပ်ပြီး သူ့ကိုဆွဲကိုပြင်နေတုန်းမှာပဲ သူ့လူတွေက ရောက်လာပြီး ထိုလူ့ကိုချုပ်ထားကြတာမို့ သူ့ကုတ်အင်္ကျီကို သေသေသပ်သပ်ဖြစ်သွားအောင် တစ်ချက်ဆွဲချလိုက်ပြီး သူ့လူတွေကို မေးဆတ်ပြလိုက်သည်။

"ငါ့ကို လွှတ်စမ်း.. သူများဆွဲထားတဲ့ဒီဇိုင်းကို ခိုးထားပြီး မရှက်ကြဘူးလား ... အရှက်မရှိတဲ့ လူလိမ်တွေ"

သူ့လူယုံတွေက ဆွဲချုပ်ပြီး အပြင်ကိုခေါ်သွားတဲ့အထိ သူ့ကိုလက်ညိုးတထိုးထိုးဖြင့် အော်ဟစ်သောင်းကျန်းနေတဲ့လူကို သူစိတ်တိုလွန်းလို့ မေးရိုးတွေထောင်တဲ့အထိ အံကိုတင်းတင်းကြိတ်ထားမိသည်။ ဘယ်လိုသတ္တိတွေနဲ့ ဝမ်ရိပေါ်ကို ဒီလိုလာလုပ်ရဲတာလဲ။

သူအခုနေ ပွဲထဲကထွက်သွားရင် သတင်းထောက်တွေနဲ့ဧည့်သည်တွေအမြင်မှာ ခုနကလူပြောသွားတာကို အတည်ပြုပေးလိုက်သလို ဖြစ်သွားမှာစိုးတာမို့ ဒေါသကိုမြိုသိပ်ရင်း ရုတ်ရုတ်သဲသဲဖြစ်သွားတဲ့အခြေအနေကို ပြန်ဟန့်ရင်း ပွဲပြီးတဲ့အထိ သည်းခံနေလိုက်သည်။

•••

"မင်းကိုငါတို့သူဌေးက ရဲလက် မအပ်တာကိုပဲ ကျေးဇူးတင်လိုက်.. နောက်တစ်ခါဆို မလွယ်ဘူး"

အပြင်ရောက်တာနဲ့ သူ့ကိုတွန်းထုတ်ကာ ပြောပြီးထွက်သွားတဲ့လူတွေရဲ့စကားကြောင့် စိတ်တိုလွန်းလို့ အနောက်ကနေ လိုက်သွားဖို့လုပ်တော့ ရွှမ်းလုက သူ့ရဲ့လက်မောင်းကို လှမ်းဆွဲကာ

"ရှောင်းကျန့်ရယ် နင်ကလည်းစိတ်လျှော့လိုက်ပါဟယ်နော်"

"ငါမမှားတဲ့အတွက် နည်းနည်းလေးမှ မလျှော့ပေးနိူင်ဘူး"

ဒီလောက်မောင်းထုတ်ခံလိုက်ရတာကိုတောင် အခုထိ လေသံမလျှော့သေးတဲ့ရှောင်းကျန့်ကြောင့် ရွှမ်းလုခေါင်းခါလိုက်မိသည်။ ရှောင်းကျန့်ဘယ်လောက်ခေါင်းမာသလဲ သူအသိဆုံး။

"နင့်ဘက်က မမှားတာဟုတ်ပေမယ့် နင်အခုပြဿနာသွားရှာတဲ့သူက ဝမ်ရိပေါ်ဆိုတာသတိရဦး.. ဝမ်တွေ ဘယ်လောက်ထိ အရှိန်အဝါကြီးသလဲ နင်မသိတာလဲမဟုတ်ပဲနဲ့"

"သူ့ဘာသာသူ ဝမ်မကလို့ တခြားဘာမျိုးရိုးပဲဖြစ်နေပါစေ ငါ့ဒီဇိုင်းကို ခိုးသွားတာက ခိုးသွားတာပဲ"

ရွှမ်းလုသိသည်။ ရှောင်းကျန့်ဒီလောက်နဲ့ ရပ်မှာမဟုတ်ဘူးဆိုတာ။ သူကတော့ ဘေးကနေကြည့်ရင်း ရှောင်းကျန့်အစား ခေါင်းကြိမ်းမိသည်။ စီးပွားရေးလောကရဲ့ဘုရင် ဝမ်ရိပေါ်ကိုမှ သွားပြီးပြဿနာရှာရတယ်လို့။

•••

သူ့ရှေ့မှာ ခေါင်းကိုမြေကြီးနဲ့ထိလုမတတ် ငုံ့ထားပြီး ဒူးထောက်နေတဲ့လူကို စိတ်ပျက်စွာနဲ့ကြည့်လိုက်မိသည်။

"ခင်ဗျားက သတ္တိတွေသိပ်ကောင်းနေပုံပဲ.. တခြားသူဆွဲထားတဲ့ဒီဇိုင်းကို ခင်ဗျားဆွဲထားတာပါဆိုပြီး ကျုပ်ဆီကိုလာတင်ပြရဲသေးတယ်"

"တောင်း ပန် ပါတယ် သခင်လေး ..... သခင်လေး ပေးထားတဲ့အချိန်က မလောက်တော့ ကျွန်တော်လည်း ကြံမိကြံရာ.."

သွေးပူလေ့ကျင့်ခန်း မလုပ်တာကြာလို့ထင်။ ဒီလူတွေ သိပ်အတင့်ရဲနေကြတယ်။

"ကျုပ် ခင်ဗျားနဲ့ အပေးအယူလုပ်နေတာမဟုတ်ဘူး.. ကိုယ့်အဆင့်ကိုယ်သိစမ်းပါ"

"တောင်း .. တောင်း ပန် ပါ တယ် ...သခင်လေး ကျွန်တော့်ကို ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ.. နောက်မဖြစ်စေရပါဘူး"

ထိုင်နေတဲ့ သူ့ခြေထောက်ကို ဆွဲဖက်ရင်း ပြောနေတာမို့ ခြေထောက်ကို မာန်ပါပါခါထုတ်လိုက်တော့ ပစ်စလက်ခတ်အနောက်ကို ဖင်ထိုင်ရက်လဲကျသွားတဲ့လူကို စိတ်ပျက်စွာကြည့်လိုက်ရင်း ထိုလူကိုင်လိုက်တဲ့နေရာကို ဖုန်ခါလိုက်ကာ ထိုနေရာက လှည့်ထွက်လာလိုက်သည်။

စိတ်ရှုပ်စရာကောင်းလောက်အောင် အနောက်ကနေ သူ့ကိုတကြော်ကြော်ခေါ်ပြီး တောင်းပန်နေတဲ့အသံတွေက တစ်ခဏအတွင်းမှာတင် နာနာကျင်ကျင်အော်ဟစ်ညီးညူသံတွေအဖြစ် ပြောင်းလဲသွားတာမို့ ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။ အလိုက်သိလွန်းတဲ့ သူ့တပည့်တွေကို ဒီလပိုက်ဆံပိုပေးဦးမှပါ။


ဒါလေးက အလွန်ဆုံး၁၅ပိုင်းလောက်ပဲမှန်းထားတာဆိုတော့ ဇာတ်လမ်းသွားတာအနည်းငယ်တော့ မြန်နေပါလိမ့်မယ်ရှင်..
#fah🦄

Suggested Song- 7 Rings by Ariana Grande

"အ​ေၾကာင္​းထူးရင္​ ျပန္​ဆက္​သြယ္​လိုက္​ပါ​့မယ္​​ေနာ္​ ...​ေလာ​ေလာဆယ္​​ေတာ့ လူမလို​ေသးလို႔ပါ"

ဖိုင္​ထဲက​ေန သူဆြဲထားတဲ့ ပံုၾကမ္​းစာရြက္​​ေလး​ေတြကို ထုတ္​ဖို႔ျပင္​​ေနတဲ့လက္​​ေတြက တစ္​ဝက္​တစ္​ပ်က္​မွာပင္​ ရပ္​တန္​႔သြားသည္​။ ဒီဇိုင္​နာရာထူးအတြက္​ အလုပ္​လာ​ေလွ်ာက္​တဲ့သူကို ဆြဲထားတဲ့ပံု​ေလးကို တစ္​ခ်က္​​ေတာင္​မၾကည္​့ပဲ ​တန္​းၿပီး ျငင္​းလႊတ္​တာက​ေတာ့ တစ္​ဆိတ္​... လြန္​မ​ေနဘူးလားလို႔။

အနည္​းငယ္​ စိတ္​ကသိက​ေအာက္​ျဖစ္​သြား​ေပမယ္​့လည္​း သူစိတ္​ကို​ေလွ်ာ့ကာ ​ေကာင္​တာ​ေပၚမွာ တင္​ထားတဲ့ သူ႔ဖိုင္​ကိုျပန္​ယူရင္​း ထိုမိန္​းက​ေလးကို ​ေခါင္​းတစ္​ခ်က္​ညိတ္​ျပရင္​းသာ ျပန္​ထြက္​လာလိုက္​သည္​။

ဒီလိုစကားမ်ိဳးက အရင္​ထဲက ၾကားလာ​ေနၾကမို႔ အထူးတလည္​ခံစားၿပီး စိတ္​ဓာတ္​က်မ​ေန​ေတာ့။ ဒီတစ္​​ခါနဲ႔ဆို သူအျငင္​းခံရတာ ဘယ္​ႏွစ္​ႀကိမ္​​ေျမာက္​မွန္​း​ေတာင္​မွတ္မိ​ေတာ့ဘူး။

မ်ား​ေသာအားျဖင္​့ အခုလိုပဲ ကုမၸဏီက သူ​ေဌးနဲ႔​ေတြ႕ဖို႔​ေန​ေနသာသာ မန္​​ေနဂ်ာနဲ႔ပင္​ မ​ေတြ႔လိုက္​ရပဲ ဝင္​​ေပါက္​က​ေန လွည္​့ျပန္​ခဲ့ရတာခ်ည္​းပင္​။

လက္​မွာပတ္​ထားတဲ့ မွန္​အက္​​ေနတဲ့နာရီ​ေလးကို ငံု႔ၾကည္​့လိုက္​​ေတာ့ ​ေန႔လည္​၁နာရီခြဲ။ ဒီအတိုင္​းသာဆို ဒီ​ေန႔လည္​း အလုပ္​လက္​မဲ့အျဖစ္​နဲ႔ ​ေနထိုင္​ရဦးမွာ​ေပါ့။

စိတ္​ညစ္​ညစ္​နဲ႔ ​ေခါင္​းငိုက္​စိုက္​ခ်ကာ ​ေလွ်ာက္​လာရင္​း လမ္​းခ်ိဳးတစ္​ခုအ​ေရာက္​မွာ ​နားထဲ​ေအာ္​သံလိုလိုၾကားလိုက္​ရတာမို႔ ရပ္​ၿပီး နားစြင္​့လိုက္​မိသည္​။

"ကယ္​ၾကပါဦး အား..."

လူတစ္​​ေယာက္​ရဲ႕ အကူအညီ​ေတာင္​းသံနဲ႔အတူ ႐ုန္​းရင္​းဆန္​ခတ္​အသံ​ေတြကုိပါ ၾကားလိုက္​ရတာမို႔ အသံလာရာနားစြင္​့ရင္​း လိုက္​႐ွာမိ​ေတာ့ လူျပတ္​တဲ့လမ္​းၾကားထဲမွာ အသက္​သံုး​ဆယ္​အရြယ္​​ေလာက္​သာဦး႐ွိမယ္​့ အမ်ိဳးသားတစ္​​ေယာက္​ကို ​လူႏွစ္​​ေယာက္​ကဝိုင္​းခ်ဳပ္​ထားရင္​း ဓား​ေထာက္​လု​ေနတာမို႔ မတရားတာျမင္​ရင္​ မ​ေနႏိူင္​တဲ့သူပီပီ အနားမွာက်​ေနတဲ့တုတ္​အ႐ွည္​တစ္​​ေခ်ာင္​းကို ဆြဲယူကာ အ​ေျခအ​ေနၾကည္​့​ေနလိုက္​သည္​။

ထိုလူႏွစ္​​ေယာက္​က သူ႔ဘက္​ကို​ေက်ာ​ေပးထားတာမို႔ အလစ္​​ေခ်ာင္​းကာ အ​ေနာက္​က​ေန ဓားကိုင္​ထားတဲ့ တစ္​​ေယာက္​ရဲ႕​ေခါင္​းကိုအားပါပါ႐ိုက္​ခ်လိုက္​​ေတာ့ ထိုလူ႔လက္​ထဲက ဓားကလြတ္​က်သြားၿပီး ​​ေမ့လဲသြားတာနဲ႔ ​ေနာက္​တစ္​​ေယာက္​က က်သြားတဲ့ဓားကိုျပန္​​ေကာက္​ဖို႔ လက္​လွမ္​းလာတာမို႔ အလ်င္​အျမန္​ဓားကို​ေျခ​ေထာက္​နဲ႔နင္​းထားၿပီး ထိုလူ႔ရဲ႕​ေခါင္​းကိုလည္​း လႊဲ႐ိုက္​ပစ္​လိုက္​သည္​။

"​ေက်းဇူး​တင္​လိုက္​တာ ငါ့ညီရာ.. အကို႔ ကားပ်က္​သြားလို႔ taxiငွါးဖို႔ရပ္​​ေစာင္​့​ေနတုန္​း ဒီ​ေကာင္​​ေတြက အတင္​းဝင္​လု​ေတာ့တာပဲ ...ငါ့ညီဝင္​ကူညီလို႔သာ​ေပါ့"

ဝမ္​းသာအားရျဖင္​့ ​ေက်းဇူးတင္​စကား​ေျပာလာတဲ့လူ​ေၾကာင္​့ ခုနက ဟိုလူ​ေတြနဲ႔ခ်ရင္​း တစ္​ရြက္​စီလြင္​့သြားတဲ့ သူ႔ရဲ႕ပံုၾကမ္​းစာရြက္​​ေလး​ေတြကိုျပန္​​ေကာက္​ကာ ဦးထုပ္​ကို ​ေခါင္​းမွာ​ေသခ်ာျပန္​​ေစာင္​းလိုက္​ရင္​း

"ရပါတယ္ ...အျမင္​မ​ေတာ္​လို႔ ဝင္​ကူညီရံုပဲ"

ထိုလူက သူ႔လက္​ထဲက စာရြက္​​ေတြကို ၾကည္​့​ေနတာမို႔ စာရြက္​ကိုင္​ထားတဲ့လက္​ကို အ​ေနာက္​ပို႔လိုက္​မိသည္​။

"ဒါနဲ႔ ညီ​ေလးက ဒီဇိုင္​နာလား.. စပ္​စုတယ္​လို႔ မထင္​နဲ႔​ေနာ္​ ...ညီ​ေလးက အကို႔ကိုကူညီခဲ့​ေတာ့ အကိုဘက္​ကလည္​း ကူညီ​ေပးႏိူင္​တာ႐ွိရင္​ ကူညီ​ေပးခ်င္​လို႔ပါ"

"အကူအညီမလိုတာမို႔ ခြင္​့ျပဳပါဦး"

အ​ေနာက္​က​ေန လွမ္း​ေခၚ​သံကိုလည္​း မၾကားခ်င္​​ေယာင္​​ေဆာင္​ကာ ခပ္​ျမန္​ျမန္​​လွည္​့ထြက္​လာမိသည္​။ ​ေလာကမွာ သူအတြန္​႔ဆုတ္​ဆံုးက တျခားသူ​​ေတြဆီက အကူအညီယူဖို႔ပဲ။

ဘယ္​​ေလာက္​ပဲ ခက္​ခဲပင္​ပန္​း​ေနပါ​ေစ သူတစ္​ပါး​ဆီ အကူအညီ​​ေတာင္​း​ခံ​ေနမယ္​့အစား ကိုယ္​့အစြမ္​းအစနဲ႔ကိုယ္​ ႐ုန္​းကန္​လိုက္​ခ်င္​တာမ်ိဳး။

ကိုယ္​့အ​ေတြးနဲ႔ကိုယ္​ ​​ေလွ်ာက္​လာရင္း အိမ္​နား​ေရာက္​​ေတာ့ သူ႔အိမ္​​ေ႐ွ႕မွာရပ္​​ေနတဲ့ သူ႔သူငယ္​ခ်င္​းမ ရႊမ္​းလုကို​ေတြ႔လိုက္​ရတာမို႔ မ်က္​​ေမွာင္​ၾကဳတ္​လိုက္​မိသည္​။ ဒီအ႐ႈပ္​ထုပ္​က ဘာလာလုပ္​ျပန္​ၿပီလဲ။ သူ႔ကို​ေတြ႔တာနဲ႔ ရႊမ္​းလုက သူ႔ဆီအ​ေမာတ​ေကာ​ေျပးလာကာ

"နင္​ကလည္​း ၾကာလိုက္​တာ ..ဘယ္​​ေတြ​ေလွ်ာက္​သြား​ေနတာလဲ ... ငါက အျပင္​သြားမလို႔ နင္​့ကိုအ​ေဖာ္​လာ​ေခၚတာ"

"မလိုက္​ပါဘူး... နင္​့ဘာသာတစ္​​ေယာက္​ထဲသြားပါလား"

​ေျပာ​ေျပာဆိုဆိုနဲ႔ လွည္​့ထြက္​လာ​ေတာ့ ရႊမ္​းလုက သူ႔လက္​​ေမာင္​းကိုလွမ္​းဆြဲကာ မ်က္​ႏွာငယ္​ျဖင္​့

"လုပ္​ပါ ​ေ႐ွာင္​းက်န္​႔ရယ္​ ... ငါတစ္​​ေယာက္​တည္​း မသြားခ်င္​လို႔ လိုက္​ခဲ့ပါဟာ​ေနာ္​.. ဒီတစ္​ခါပဲ ​ေနာက္​တစ္​ခါဆို ငါနင္​့ကို လာမ႐ႈပ္​​ေတာ့ဘူး စိတ္​ခ်"

​ေ႐ွာင္​းက်န္​႔က တကယ္​လားဆိုတဲ့သ​ေဘာျဖင္​့ မ်က္​ခံုးပင္​့ၿပီး မယံုသကၤာျဖင္​့ၾကည္​့လိုက္​​ေတာ့ ရႊမ္​းလုက မ်က္​ႏွာခ်ိဳ​ေသြးၿပီး သြားျဖဲျပ​ေနတာမို႔ ​ေခါင္​းအသာခါရင္​း ရႊမ္​းလု​ေခၚတဲ့​ေနာက္​ကို လိုက္​ရျပန္​သည္​။

•••

"​ဟဲ့ ​ေ႐ွာင္​းက်န္​႔ ဟိုမွာၾကည္​့ဦး"

ရႊမ္​းလုနဲ႔အတူ စင္​တာထဲမွာ ပတ္​​ေနရင္​း တစ္​​ေနရာအ​ေရာက္​ သူ႔လက္​​ေမာင္​းကိုလွမ္​းဆြဲရင္​း ​ေျပာလိုက္​တဲ့ ရႊမ္​းလု​ေၾကာင္​့ သူလက္​ညိဳးထိုးျပရာကို လွမ္​းၾကည္​့မိ​ေတာ့ ကုန္​ပစၥည္​းမိတ္​ဆက္​ပြဲလို ပြဲမ်ိဳးျဖစ္​သည္။

သူနားမလည္​စြာနဲ႔ ​႐ႊမ္​းလုကိုလွမ္​း​ေမးဖို႔ ျပင္​​ေနတုန္​းမွာပဲ LED projecterက​ေန ျမင္​လိုက္​ရတဲ့ပံု​ေၾကာင္​့ သူစိတ္​တိုလြန္​းလို႔ လက္​သီးႏွစ္​ဖက္​ကို တင္​းတင္​းဆုပ္​ထားလိုက္​မိသည္​။

သူဆြဲထားတဲ့ နာရီဒီဇိုင္​းက ဒီမွာဘယ္​လိုလုပ္​ၿပီး႐ွိ​ေနရတာလဲ။ ပံုစံခ်င္​းဆင္​တာမ်ားလားဆိုၿပီး ​ေျပာရ​ေအာင္​ကလည္​း သူဆြဲထားတဲ့ဒီဇိုင္​းနဲ႔ အ​ေရာင္​ကအစ ခြၽတ္​စြပ္​တ​ေထရာတည္​းျဖစ္​​ေနတာမို႔ သူဆြဲထားတဲ့ပံုဆိုတာ​ေသခ်ာသည္​။

​ေ႐ွာင္​းက်န္​႔တို႔ရပ္​ၾကည္​့​ေနရင္​းနဲ႔ပင္​ ကင္​မကာ​ေတြတကားကားနဲ႔သတင္​း​ေထာက္​အုပ္​စုက သူတို႔ကိုတြန္​းတိုက္​ၿပီး အ​ေပါက္​ဝကို​ေျပးသြားတာမို႔ ဘာရယ္​မဟုတ္​လွမ္​းၾကည္​့လိုက္​​ေတာ့ ​​ေျပာင္​လက္​​ေနတဲ့ အနက္​​ေရာင္​ကားပတ္​လည္​မွာ အလုအယက္​တိုးႀကိတ္​​ေနၾက​ေလသည္​။ ကားတစ္​စီးလံုးက မွန္​အမဲ​ေတြခ်ည္​းကာထားတာမို႔ အထဲကို​ေတာ့မျမင္​ရ။

ခဏၾကာ​ေတာ့ ကားတံခါးပြင္​့လာၿပီး တစ္​ကိုယ္​လံုးနက္​​ေဆြး​ေန​ေအာင္​ဝတ္​ထားတဲ့လူတစ္​​ေယာက္​ ဆင္​းလာ​ေလသည္​။ အသက္​အားျဖင္​့ သူ႔ထက္​ငယ္​ဦးမယ္​့ပံုရတဲ့ ထို​ေကာင္​​ေလးက ဆံႏြယ္​႐ွည္​​ေတြကို အ​ေနာက္​မွာစုစည္​းထားၿပီး နားတစ္​ဖက္​မွာလည္​း ​​ေငြ​ေရာင္​နားကြင္​းတစ္​ဖက္​ကိုတပ္​ထား​ေသးသည္​။

နက္​​ေမွာင္​​ေနတဲ့မ်က္​ခံုး​ေတြကို တြန္​႔ခ်ိဳးထားရင္​း သိန္​းငွက္​တစ္​​ေကာင္​လို စူးရဲ​ေနတဲ့အၾကည္​့​ေတြကို အ​ေ႐ွ႕တည္​့တည္​့ဆီသာ ပို႔ထားၿပီး ​ေဘးနားကဘယ္​သူ႔ကိုမွ ဂ႐ုမစိုက္​ဟန္​။

သတင္​း​ေထာက္​​ေတြကသာ ထို​ေကာင္​​ေလးကား​ေပၚကဆင္​းလာထဲက အတိုးအႀကိတ္​လုယက္​​ေနၾက​ေပမယ္​့ ထို​ေကာင္​​ေလးက​ေတာ့ တစ္​ခ်က္​ပင္​ဟန္​ခ်က္​ပ်က္​မသြား။ ​ေဘာင္​းဘီအိတ္​ထဲလက္​တစ္​ဖက္​ထည္​့လို႔ သူ႔ရဲ႕ကိုယ္​ရံ​ေတာ္​​ေတြ အလိုက္​သင္​့ကာ​ေပးထားတဲ့အတိုင္​း မာန္​ပါပါျဖင္​့ တစ္​လွမ္​းခ်င္​း ​ေလွ်ာက္​လွမ္​းလာ​ေလသည္​။

တျဖည္​းျဖည္​းနဲ႔ ထို​ေကာင္​​ေလးက သူ႔ဆီကိုတည္​့တည္​့​ေလွ်ာက္​လာ​ေနတာမို႔ ​ေၾကာင္​ၿပီးရပ္​ၾကည္​့​ေနရင္​း ရႊမ္​းလုကသူ႔ရဲ႕လက္​ကိုလွမ္​းဆြဲၿပီး အ​ေနာက္​ကိုဆုတ္​လိုက္​တာမို႔ သူပါ​ေယာင္​ယမ္​းၿပီး အ​ေနာက္​ကိုဆုတ္​လိုက္​​ေတာ့မွ ထို​ေကာင္​​ေလးက သူ႔ပခံုးစြန္​းကိုတြန္​းတိုက္​လို႔ စင္​​ေပၚကိုတက္​သြားတာမို႔ မ​်က္​​ေမွာင္​က်ံဳ႕လိုက္​မိသည္​။

"အားလံုးပဲ ကြၽန္​​ေတာ္​က Leoရဲ႕ဝမ္​ရိ​ေပၚပါ... ဒီတစ္​ခါ လီယိုရဲ႕ branchတစ္​ခုျဖစ္​တဲ့ Leo's watchက​ေနၿပီး​ေတာ့ launchလုပ္​မယ္​့ ဒီဇိုင္​းအသစ္​ရဲ႕အ​ေၾကာင္​းကို​ေတာ့ အမ်ားႀကီး​မိတ္​ဆက္​​ေနစရာမလိုဘူးထင္​တယ္​ ... ဒီdesignကိုဆိုရင္​ ကြၽန္​​ေတာ္​တို႔ Leoက အ​ေတာ္​ဆံုး ကြၽမ္​းက်င္​ဒီဇိုင္နာ​ေတြနဲ႔အတူ.."

"လူလိမ္​ ....ငါ့ဒီဇိုင္​းကို ခိုးသြားၿပီး​ေတာ့ အ႐ွက္​မ႐ွိ​ေျပာရဲ​ေသးတယ္​"

ရိ​ေပၚစကား​ေျပာ​ေနရင္​းနဲ႔ လူတစ္​​ေယာက္​က စင္​​ေပၚကို​ေျပးတက္​လာကာ သူ႔အက်ႌရင္​ဘတ္​ကို ​ေဆာင္​့ဆြဲရင္​း​ေျပာလိုက္​တာမို႔ အငိုက္​မိကာ ခဏ​ေၾကာင္​သြားၿပီးမွ ထိုလူ႔ရဲ႕လက္​​ေတြကို ဆြဲဖယ္​ကာ တြန္​းထုတ္​လိုက္​​မိသည္​။

ထိုလူက အ​ေနာက္​ကိုယိုင္​က်သြား​ေပမယ္​့ ထပ္​ၿပီး သူ႔ကိုဆြဲကိုျပင္​​ေနတုန္​းမွာပဲ သူ႔လူ​ေတြက ​ေရာက္​လာၿပီး ထိုလူ႔ကိုခ်ဳပ္​ထားၾက​တာမို႔ သူ႔ကုတ္​အက်ႌကို ​ေသ​ေသသပ္​သပ္​ျဖစ္​သြား​ေအာင္​ တစ္​ခ်က္​ဆြဲခ်လိုက္​ၿပီး သူ႔လူ​ေတြကို ​ေမးဆတ္​ျပလိုက္​သည္​။

"ငါ့ကို လႊတ္စမ္​း.. သူမ်ားဆြဲထားတဲ့ဒီဇိုင္​းကို ခိုးထားၿပီး မ႐ွက္​ၾကဘူးလား ... အ႐ွက္​မ႐ွိတဲ့ လူလိမ္​​ေတြ"

​သူ႔လူယံု​ေတြက ဆြဲခ်ဳပ္​ၿပီး အျပင္​ကို​ေခၚသြား​တဲ့အထိ​ သူ႔ကိုလက္​ညိဳးတထိုးထိုးျဖင္​့ ​ေအာ္​ဟစ္​​ေသာင္​းက်န္​း​ေနတဲ့လူကို သူစိတ္​တိုလြန္​းလို႔ ​ေမး႐ိုး​ေတြ​ေထာင္​တဲ့အထိ အံကိုတင္​းတင္​းႀကိတ္​ထားမိသည္​။ ဘယ္​လိုသတၱိ​ေတြနဲ႔ ဝမ္​ရိ​ေပၚကို ဒီလိုလာလုပ္​ရဲတာလဲ။

​သူအခု​ေန ပြဲထဲကထြက္​သြားရင္​ သတင္​း​ေထာက္​​ေတြနဲ႔ဧည္​့သည္​​ေတြအ​ျမင္​မွာ ခုနကလူ​ေျပာသြား​တာကို အတည္​ျပဳ​ေပးလိုက္​သလို ျဖစ္​သြားမွာစိုးတာမို႔ ​ေဒါသကိုၿမိဳသိပ္​ရင္​း ႐ုတ္​႐ုတ္သဲသဲျဖစ္​သြားတဲ့အ​ေျခအ​ေနကို ျပန္​ဟန္​႔ရင္​း ပြဲၿပီးတဲ့အထိ သည္​းခံ​ေနလိုက္​သည္​။

•••

"မင္​းကို​ငါတို႔သူ​ေဌးက ရဲလက္​ မအပ္​တာကိုပဲ ​ေက်းဇူးတင္​လိုက္​.. ​ေနာက္​တစ္​ခါဆို မလြယ္​ဘူး"

အျပင္​​ေရာက္​တာနဲ႔ သူ႔ကိုတြန္​းထုတ္​ကာ ​ေျပာၿပီးထြက္​သြားတဲ့လူ​ေတြရဲ႕စကား​ေၾကာင္​့ စိတ္​တိုလြန္​းလို႔ အ​ေနာက္​က​ေန လိုက္​သြားဖို႔လုပ္​​ေတာ့ ရႊမ္​းလုက သူ႔ရဲ႕လက္​​ေမာင္​းကို လွမ္​းဆြဲကာ

"​ေ႐ွာင္​းက်န္​႔ရယ္​ နင္​ကလည္​းစိတ္​​ေလွ်ာ့လိုက္​ပါဟယ္​​ေနာ္​"

"ငါမမွားတဲ့အတြက္​ နည္​းနည္​း​ေလးမွ မ​ေလွ်ာ့​ေပးႏိူင္​ဘူး"

ဒီ​ေလာက္​​ေမာင္​းထုတ္​ခံလိုက္​ရတာကို​ေတာင္​ အခုထိ ​ေလသံမ​ေလွ်ာ့​ေသးတဲ့​ေ႐ွာင္​းက်န္​႔​ေၾကာင္​့ ရႊမ္​းလု​ေခါင္​းခါလိုက္​မိသည္​။ ​ေ႐ွာင္​းက်န္​႔ဘယ္​​ေလာက္​​ေခါင္​းမာသလဲ သူအသိဆံုး။

"နင္​့ဘက္​က မမွားတာဟုတ္​​ေပမယ္​့ နင္​အခုျပႆနာသြား႐ွာတဲ့သူက ဝမ္​ရိ​ေပၚဆိုတာ​သတိရဦး.. ဝမ္​​ေတြ ဘယ္​​ေလာက္​ထိ အ႐ွိန္​အဝါႀကီးသလဲ နင္​မသိတာလဲမဟုတ္​ပဲနဲ႔"

"သူ႔ဘာသာသူ ဝမ္​မကလို႔ တျခားဘာမ်ိဳး႐ိုးပဲျဖစ္​​ေနပါ​ေစ ငါ့ဒီဇိုင္​းကို ခိုးသြားတာက ခိုးသြားတာပဲ"

ရႊမ္​းလုသိသည္​။ ​ေ႐ွာင္​းက်န္​႔ဒီ​ေလာက္​နဲ႔ ရပ္​မွာမဟုတ္​ဘူးဆိုတာ။ သူက​ေတာ့ ​​ေဘးက​ေနၾကည္​့ရင္​း ​ေ႐ွာင္​းက်န္​႔အစား ​ေခါင္​းႀကိမ္​းမိသည္​။ စီးပြား​ေရး​ေလာကရဲ႕ဘုရင္​ ဝမ္​ရိ​ေပၚကိုမွ သြားၿပီးျပႆနာ႐ွာရတယ္​လို႔။

•••

သူ႔​ေ႐ွ႕မွာ ​ေခါင္​းကို​ေျမႀကီးနဲ႔ထိလုမတတ္​ ငံု႔ထားၿပီး ဒူး​ေထာက္​​ေနတဲ့လူကို စိတ္​ပ်က္​စြာနဲ႔ၾကည္​့လိုက္​မိသည္​။

"ခင္​ဗ်ားက သတၱိ​ေတြသိပ္​​ေကာင္​း​ေနပံုပဲ.. တျခားသူဆြဲထားတဲ့ဒီဇိုင္​းကို ခင္​ဗ်ားဆြဲထားတာပါဆိုၿပီး က်ဳပ္​ဆီကိုလာတင္​ျပရဲ​ေသးတယ္​"

"​ေတာင္​း ပန္​ ပါတယ္​ သခင္​​ေလး ..... သခင္​​ေလး ​ေပးထားတဲ့အခ်ိန္​က မ​ေလာက္​​ေတာ့ ကြၽန္​​ေတာ္​လည္​း ၾကံမိၾကံရာ.."

​ေသြးပူ​ေလ့က်င္​့ခန္​း မလုပ္​တာၾကာလို႔ထင္​။ ဒီလူ​ေတြ သိပ္​အတင္​့ရဲ​ေနၾကတယ္​။

"က်ဳပ္​ ခင္​ဗ်ားနဲ႔ အ​ေပးအယူလုပ္​​ေနတာမဟုတ္​ဘူး.. ကိုယ္​့အဆင္​့ကိုယ္​သိစမ္​းပါ"

"​ေတာင္​း .. ​ေတာင္​း ပန္​ ပါ တယ္​ ...သခင္​​ေလး ကြၽန္​​ေတာ္​့ကို ဒီတစ္​ခါ​ေတာ့ ခြင္​့လႊတ္​​ေပးပါ.. ​ေနာက္​မျဖစ္​​ေစရပါဘူး"

ထိုင္​​ေနတဲ့ သူ႔​ေျခ​ေထာက္​ကို ဆြဲဖက္​ရင္​း ​​ေျပာ​ေနတာမို႔ ​ေျခ​ေထာက္​ကို မာန္​ပါပါခါထုတ္​လိုက္​​ေတာ့ ပစ္​စလက္​ခတ္​အ​ေနာက္​ကို ဖင္​ထိုင္​ရက္​လဲက်သြားတဲ့လူကို စိတ္​ပ်က္​စြာၾကည္​့လိုက္​ရင္​း ထိုလူကိုင္​လိုက္​တဲ့​ေနရာကို ဖုန္​ခါလိုက္​ကာ ထို​ေနရာက လွည္​့ထြက္​လာလိုက္​သည္​။

စိတ္​႐ႈပ္​စရာ​ေကာင္​း​ေလာက္​​ေအာင္​ အ​ေနာက္​က​ေန သူ႔ကိုတ​ေၾကာ္​​ေၾကာ္​​ေခၚၿပီး ​ေတာင္​းပန္​​ေနတဲ့အသံ​ေတြက တစ္​ခဏအတြင္​းမွာတင္​ နာနာက်င္​က်င္​​ေအာ္​ဟစ္​ညီးညဴသံ​ေတြအျဖစ္​ ​ေျပာင္​းလဲသြားတာမို႔ ခပ္​မဲ့မဲ့ျပံဳးလိုက္​မိသည္​။ အလိုက္​သိလြန္​းတဲ့ သူ႔တပည့္​ေ​တြကို ဒီလပိုက္​ဆံပို​ေပးဦးမွပါ။


ဒါ​ေလးက အလြန္​ဆံုး၁၅​ပိုင္​း​ေလာက္​ပဲမွန္​းထားတာဆို​ေတာ့ ဇာတ္​လမ္​းသြားတာအနည္​းငယ္​​ေတာ့ ျမန္​​ေနပါလိမ္​့မယ္​​႐ွင္​..
#fah🦄




Continue Reading

You'll Also Like

20.2K 1.3K 15
Both Zawgyi and Uni ပထမဆုံးရေးတာမလို့ အမှားပါရင်ခွင့်လွှတ်ပေးပါ တတ်နိုင်သလောက်ကြိုးစားပြီးရေးသွားမှာပါ ဒီ fic လေးထဲမှာသုံးထားတဲ့စကားလုံး အချို့ကသူငယ်...
2.2M 128K 44
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
3.8K 324 4
𝚈𝚒𝚣𝚑𝚊𝚗 𝚏𝚒𝚌 シ︎ တချိူ့အပုဒ်လေးတွေကို Fb က Chinese short video လေးတွေကိုသဘောကျလို့ Yizhan version အဖြစ်ပြန်လည်ရေးထားတာဖြစ်ပါတယ်။ အဲ့တွက်လည်း 💢...
235K 16.6K 25
**Wang Yibo*** **Xiao Zhan***