Unicode
#တစ်ခါတစ်လေ အရာရာပြည့်စုံနေတဲ့သူတွေဘ၀မှာလည်း မထင်မှတ်ထားတဲ့ တစ်ခုမဟုတ်တစ်ခု အမျိုးမျိုးသောအရာတွေဖြစ်တက်တယ် #
ဒီနေ့ သူမနဲ့သူမချစ်သူကောင်မလေးတို့၏၅နှစ်ပြည့်ဖြစ်သည်ထိုကြောင့် သူမချစ်သူအားစပရိုက်တိုက်ရန် သူတို့နှစ်ယောက်အတူနေရန်၀ယ်ထားသောအခန်းအား သူမတစ်ယောက်ထဲပြင်ဆင်ကာစောင့်နေသည် အကုန်လုံးပြီးသွားသောအခါ သူမချစ်သူအံ့ဩသွားစေရန် မီးအားပိတ်ကာ တိုက်ခန်းအတွင်းရှီဘယ်သူမှမမြင်နိုင်သောနေရာတစ်ခုတွင်ပုန်းကွယ်နေလိုက်၏ ခနကြာတော့ တံခါးဖွင့်သံကြားလို့ သူမထအော်တော့မည့်အချိန် အပြင်မှ သူမအရင်းနှီးဆုံး သူငယ်ချင်းနှင့်သူမချစ်သူအသံကိုကြားလိုက်ရလိုက်ရတာကြောင့်သူမ မထွက်လာပဲထိုနာရာတွင်သာတိတ်တိတ်လေးငြိမ်နေလိုက်သည်
"လီလီ မင်းမီးပိတ်ထားတာလား"
"မီးပိတ်ထားတော့ ရှင်နဲ့ကျွန်မအတွက် ပိုကောင်းတယ်မဟုတ်ဘူးလား"
"အဲ့ဒါလည်း ဟုတ်တာပဲ" ဟုဆိုကာ တံခါး၀မှာပင် ချက်ချင်းလီလီမေးကိုပင့်ကာ နူတ်ခမ်းကိုကြမ်းတမ်းစွာနမ်းနေလေ၏ နမ်းပြီးငါးမိနစ်ခန့်အကြာတွင်
"လီလီ မင်းဒီလိုလုပ်တာ မင်းချစ်သူသိသွားမှာ မကြောက်ဘူးလား"
"ဘာလဲ ရှင်ကယောက်ျားဖြစ်ပြီကြောက်နေတာလား ကိုယ်သူငယ်ချင်းရဲ့ရည်းစားနဲ့နောက်ကွယ်မှာဖောက်ပြန်နေလို့လေ"
"မကြောက်ပါဘူး သူမအရင်ထဲကတုံးအနေတာမို့ သူမအပေါ်နည်းနည်းကောင်းပေးလိုက်တာနဲ့ ကိုယ်ကိုလုံး၀ကိုယုံကြည့်မှုပေးနေတာ ဟ ဟား"
"ကျွန်မလည်း သူမသာ မချမ်းသာရင် ဒါမှမဟုတ် ရှင့်ကြောင့်သာမဟုတ်ဘူးဆို ကျွန်မသူမနဲ့ရည်းစားဖြစ်စရာအကြောင်းကိုမရှီဘူး ကယ်ပါ သူမအကြောင်းထားလိုက်အခုက ကျွန်မတို့ဇာတ်လမ်းဆက်ကြမယ်"
ထိုအချိန်သူမချောင်ထဲကနေ လျင်မြန်စွာထလိုက်ကာ မီးကိုဖွင့်လိုက်၏ ထိုအခါမှ လန့်သွားသည်ထင်၏ နမ်းနေတာကရပ်ပြီးလှည့်ကြည့်လာသည် မတ်တပ်ရပ်နေသော ကျွန်မကိုမြင်လိုက်ရတော့ထိတ်လန့်အံ့ဩသွားတဲ့ သူတို့မျက်နှာကိုေသချာစွာကြည့်လိုက်၏
"အန်နာ" နှစ်ယောက်သားပြိုင်တူခေါ်လိုက်ကြသည်
"ကျွန်မကွယ်ရာမှာမဟုတ်တာလုပ်နေပြီးတော့ အခုမှအရမ်းလန့်သွားတာလား"
"မဟုတ်ဘူး အန်နာ လီလီရှင်းပြ...."
"ဟက် တော်ပါပြီ အမှန်ကိုသိနေပြီပဲ ဘာတွေလိမ်ညာနေအုန်းမှာလဲ" သူမဒေါသတွေကြောင့်အသံကျယ်ကျယ်ဖြင့်အော်ပြောလိုက်သည်
"လီလီရယ် ထပ်ပြီးညာနေဖို့ မလိုတော့ဘူး"
မက်စ် အန်နာရှေ့တွင် လီလီခါးကိုဖက်ကာပြောလိုက်သည်
"အန်နာ အန်နာ မင်းကလေအခုမှသိတယ်ဆိုတော့ အရမ်းတုံးအတာပဲ" ထိုသူက သူမအားလှောင်ပြုံးဖြင့်ပြောသည်
"ဒါပေါ့ မက်စ်ရဲ့ ဒီ၅နှစ်လုံးလုံးတောင် သူမကဘာမှမရိပ်မိခဲ့တာပဲကို"
*ဖြန်း*
သူမ မက်စ်အားပါးတစ်ချက်သွားချလိုက်သည်
"ငါကနင်ကိုသူငယ်ချင်းလို့သတ်မှတ်ထားပင်မဲ့ နင်မလို့ငါကို သစ္စာဖောက်ပြီး သူရည်းစားကိုလုယူရက်တယ်"
မက်စ်သူ့လက်ဖြင့် အရိုက်ခံရသောပါးကိုကိုင်ကာ အန်နာအနားကိုကပ်ပြီးတိုးတိုးလေးပြောလိုက်၏
"အန်နာမသိသေးတာတစ်ခုရှီတယ် လီလီကနင်နဲ့မတွဲခင်ထဲကငါမိန်းမဖြစ်နေတာပဲ မိန်းကလေးတန်မဲ့ငါအပေါ်အမြဲနှိမ်တက်တဲ့မင်းကိုနာကျင်အောင် ငါကလီလီကို နင်သူအပေါ်ကိုချစ်အောင်လုပ်ခိုင်းခဲ့တာပဲ ဘယ်လိုလဲယောက်ျားတစ်ယောက်ရဲ့ မာနကိုလာထိတဲ့အကျိုးဆက်တွေလေ"
"ဘာ ဘာပြောတယ် ငါနင်ကို ဘယ်တုန်းကများနှိမ့်ခဲ့ဖူးလို့လည်း မက်စ်"
"လွန်ခဲ့တဲ့6နှစ်ကညစာစားပွဲမှာမင်းလူအုပ်ခြားထဲငါကိုအရှက်ရအောင်လုပ်ခဲ့တာလေ မင်းအခုပြန်မှတ်မိပြီလား"
သူမပြောစရာစကားများပျောက်ကွယ်သွားသည်
"အမှန်အတိုင်းသိပြီးပြီဆိုတော့ ငါတို့သွားတော့မယ် မင်း၀ယ်ထားတဲ့ တိုက်ခန်းမှာမင်းတစ်ယောက်ထဲနေခဲ့တော့ လာ လီလီကိုယ်အိမ်ကိုသွားမယ်"
သူတို့ထွက်သွားတဲ့အခါမှာတောင် စိတ်လွတ်သွားတာကြောင့် ဘာမှမပြောနိုင်တော့ပဲ သူမအခန်းကြမ်းပြင်ပေါ်တွင် အရုပ်တစ်ရုပ်လိုထိုင်နေမိသည် ခနအကြာ သူမအသက်မဲ့စွာကြမ်းပြင်ပေါ်မှထကာ ထမင်းစားခန်းထဲမှာ ဓားတစ်ချောင်းယူလိုက်ပြီး အိပ်ခန်းထဲကုတင်ပေါ်တွင်ထိုင်ကာ ပါလာသောဓားဖြင့် သူမလက်ကိုသူမလှီးဖြတ်လိုက်သည် သူမ၏မျက်လုံးများမှိတ်လိုက်ပြီးခနနေတော့သူမ လောကကြီးနှင့်အဆက်အသွယ်ပျက်သွားလေသည်
အပြာရောင်ပင်လယ်၏ဘေးရှီ သဲသောင်ပြင်ပေါ်တွင်ကောင်မလေးတစ်ယောက်အိပ်ဆက်လှဲလျောင်းနေသည်
"Host Host"
သူမခေါ်သံကြားတာကြောင့် မျက်လုံးများဖွင့်ပြီး ဘေးဘက်ကိုလှည့်လည်ကြည့်လိုက်သည် သူမခြေထောက်နားမှာတော့လှပတဲ့အဖြူရောင်ကြောင်ငယ်လေးတစ်ကောင်သာရှီ၏
"Host ကျွန်တော်ကHostခြေထောက်နားကကြောင်လေးပါ"
သူမလည်း ထိုကြောင်လေးကို လက်ထဲပွေ့ကာ မေးလိုက်သည်
"မင်းကဘယ်သူလဲ"
"ကျွန်တော်ကsystem Joon77ပါ"
"ငါဘာလို့ အရင်ကအကြောင်းတွေမမှတ်မိတာလဲ ငါနာမည်ကလွဲလို့ပေါ့"
"အခုမမှတ်မိတာက Hostရဲ့အသက်ဝိညဉ်စွမ်းအားကလျော့နည်းနေလို့ပါ ကျွန်တော်တို့ကမ်ဘာတစ်ခုချင်းဖြတ်သန်းလို့ systemကချပေးတဲ့ missionတွေအောင်မြင်ရင်ဝိညဉ်စွမ်းတွေပြန်ရမှာပါ Host systemနဲ့ချိတ်ဆက်ဖို့အတွက်လက်ခံမှာလား"
"အွန်း လက်ခံမယ်"
"ဒါနဲ့ မင်းက ငါစိတ်ထဲကပြောတာကိုကြားရလား"
"အခု Hostနဲ့System ချိတ်ဆက်ပြီးတာကြောင့်ကြားရပါတယ်"
"ဒါနဲ့Host ကျွန်တော်တို့ Systemရဲ့ထူးခြားချက်တစ်ခုက Hostတွေနဲ့အတူ Systemပါ အဲ့ကမ်မ္ဘာရဲ့ဇာတ်ကောင်တစ်ခုအဖြစ်၀င်ရမှာပါ"
"မင်းတို့ systemကထူးဆန်းလိုက်တာ"
"တကယ်လို့ Hostအဆင်သင့်ဖြစ်ရင် ကျွန်တော်တို့ ပထမကမ္ဘာကိုကူးပြောင်းကြမယ်"
"ဟုတ်ပြီ"
Zawgyi
systemနှင့်ချိတ်ဆက်ခြင်း
ထိုအချိန်သူမချောင်ထဲကနေ လျင်မြန်စွာထလိုက်ကာ မီးကိုဖွင့်လိုက်၏ ထိုအခါမှ လန့်သွားသည်ထင်၏ နမ်းနေတာကရပ်ပြီးလှည့်ကြည့်လာသည် မတ်တပ်ရပ်နေသော ကျွန်မကိုမြင်လိုက်ရတော့ထိတ်လန့်အံ့ဩသွားတဲ့ သူတို့မျက်နှာကိုသေချာစွာကြည့်လိုက်၏
*ဖြန်း*
"Host Host"
"မင်းကဘယ်သူလဲ"
"အွန်း လက်ခံမယ်"
"ဟုတ်ပြီ"