ဆေးရုံထဲကအထွက် Ambulance ကားက လေအလျှင်နဲ့ရောက်လာကာ ဆရာ၀န်တွေသူနာပြုတွေနဲ့ရှုပ်ယှက်ခတ်သွားတဲ့အခိုက်ဟာ သွေးပျက်ဖွယ်ပါ။ ဒီလိုအသံတွေကြားရင် ရင်တွေတုန်ကာဒူးတွေပင်ခွေကျမတတ်ဖြစ်တတ်တဲ့ကျွန်တော့်ကြောင့် ကိုကြီးက သားကိုချီကာ ကျွန်တော့်ကိုလက်မောင်းရင်းမှတွဲထားသည်။
ဘယ်လိုပဲ မကြည့်ချင်ပါဘူးပြောပြော လူနာေခါ်ဆောင်လာတဲ့လမ်းကြောင်းဟာ ကျွန်တော်တို့နဲ့မျက်နှာချင်းဆိုင်အနေအထားဖြစ်တာကြောင့် ရှောင်လွှဲလို့မရ။
သွေးသံတစ်ရဲရဲဖြင့်မေ့မျောနေဟန်ရှိတဲ့သူက အမြန်လမ်းမှာ car accident ကြောင့်ရောက်လာခြင်းတဲ့။
"သွေးပေါင်အတော်ကျနေပြီ"
ပြေးလွှားရင်းဆရာ၀န်တစ်ယောက်ရဲ့အလောတကြီးအသံ။ နောက်ပြီး ဘေးတိုက်မြင်လိုက်ရတဲ့ သွေးတွေမြင်မကောင်းစွာပေကျံနေတဲ့မျက်နှာ။ ဒါ....ဒါ....သေချာပေါက် အကိုမှ အကိုပါ။
ရင်ထဲဗုန်းပေါက်ကွဲသလို တစ်ချက်မျှတုန်ရင်သွားပြီး မေ့လဲမလိုပင်ဖြစ်နေတဲ့ကျွန်တော်က ကိုကြီးရဲ့သန်မာတဲ့လက်တွေကြားထဲမှာ မတ်တပ်ရပ်လျက်အနေအထားနှင့်ပဲဖြစ်သည်။
"ဧကရာဇ်! ဧကရာဇ်လား"
ကိုကြီးနှုတ်မှ မထင်မှတ်ထားတဲ့အသံကြောင့် ကျွန်တော့်တစ်ကိုယ်လုံးရှိသွေးကြောတွေပင်ပြောင်းပြန်စီးဆင်းကုန်ပြီထင်နေရသည်။ မဟုတ်...မဖြစ်နိုင်တာ။ အခု ခုတင်ပေါ်ကလူကလည်း အကိုမဟုတ်သလို ကိုကြီးသိတဲ့ဧကရာဇ်ဆိုတာကလည်း နာမည်တူတာနေမှာ။ ဟုတ်တယ် နာမည်တူတာ အကိုကဘာမှမဖြစ်ဘူး။ သူ့အိမ်မှာ ပျော်ပျော်ရွှင်ရွှင်နေနေတာ။
"လူနာနဲ့အသိလား"
ဘေးကနာ့စ်မလေးတစ်ယောက်ရဲ့ အမေးကို ကိုကြီးက ခုတင်ထက်ကလူကိုသေချာကြည့်ကာ
"အမှန်ပဲ"
"ဒါဆိုလာပါဦး လူနာကချက်ချင်းခွဲစိတ်ဖို့လိုတယ် မိသားစုကိုအကြောင်းကြားပြီး အတည်ပြုပေးပါဦးရှင်"
လျှပ်တစ်ပြတ်အတွင်းဖြစ်ပျက်သွားတဲ့ခဏက ကိုကြီးဟာ အကို့နောက်လိုက်သွားသလို ကျွန်တော်ကလည်း ဦးတည်ရာမဲ့ပြေးထွက်လာမိသည်။ သားကတော့ ကိုကြီးနောက်ကိုပါသွားသည်။
"သတိုး သားကိုခဏ"
ဧကရာဇ်ကိုမြင်ပြီး သတိလက်လွတ်ဖြစ်သွားတဲ့ခဏမှာ သတိုးဟာလည်းဘယ်ရောက်သွားသည်မသိ။ သွေးမြင်ကြောက်တတ်တဲ့ကောင်လေးမို့ ဆေးရုံအပြင်ထွက်သွားသည်ဟုတွေးကာ လက်မှတ်ထိုးပြီး ခွဲခန်းရှေ့စောင့်နေလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ်မိသားစုကိုအသိပေးရမှာပဲဖြစ်တာကြောင့် လူမှု၀န်ထမ်းတစ်ယောက်လာပေးတဲ့ ဧကရာဇ်အိတ်ထဲမွှေနှောက်ကာ ဖုန်းရှာလိုက်သည်။
ဖုန်းက pw တွေဘာတွေခံထားရင်တောင် သိသည်မို့ အလွယ်ဖွင့်ရမှာကျိန်းသေသည်။ အငယ်ကအတူနေခဲ့ကြသည်မို့ ဧကရာဇ်အကြောင်းသိသင့်သလောက်တော့သိပါသည်။ သေချာပေါက် နှိုင်းမွေးနေ့ပဲဖြစ်မှာ။
အိတ်ထဲကဖုန်းကိုထုတ်ကာ ပွင့်လာတဲ့ screen ကိုမြင်ပြီး ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်အထိအံ့ဩနေရင်းမှ အင်ပါယာ့ဖုန်းနံပါတ်ကိုရှာခေါ်လိုက်သည်။ ဖုန်းက lock တွေဘာတွေခံထားခြင်းလည်းမရှိ။
ဘာတုန်း ဒီကောင်လေး သူ့အကိုနဲ့ဖုန်းသိပ်မပြောဖြစ်ဘူးလား။ ခေါ်ဆိုမှုမှတ်တမ်းတွေအကုန်လုံးက နှိုင်းသာဖြစ်၍ အင်ပါယာ့နံပါတ်ကိုမတွေ့။ ဒါ့ကြောင့် contact ထဲမှရှာကာခေါ်လိုက်ရသည်။
Wallpaper ကပုံကိုမြင်ပြီး အံ့ဩသွားသော်လည်း ဖုန်းခေါ်ဆိုမှုမှတ်တမ်းမှာ နှိုင်းတစ်ယောက်တည်းကိုသာတွေ့၍ သက်ပြင်းချရပြန်သည်။
နှိုင်းနဲ့များလက်ထပ်ပြီးသွားပြီလား။ သေချာပေါက်လက်ထပ်ပြီးပြီပဲနေမှာပါ။ ဒါဆို သတိုးပုံကဘာလို့ ဒီကောင်လေးဆီမှာရှိနေရတာလဲ။ ပြီးတော့ wallpaper တောင်ထားထားသေး။
အင်ပါယာ့ကိုဖုန်းခေါ်ပြီးတာနဲ့ Gallery ထဲ၀င်ကာမွှေနှောက်ရှာကာမှ ပို၍အတွေးများရပြန်သည်။
ခုတလောရိုက်ထားတဲ့ပုံတွေက ဧကရာဇ်နဲ့ ကလေးမလေးတစ်ယောက်ပုံတွေဖြစ်ပြီး တစ်ခါတစ်လေ နှိုင်းနဲ့ကလေးမလေးပုံတွေဖြစ်သည်။ ဒီကလေးတွေ တော်တော်အရွယ်ရောက်လာကြတာပဲ။ ကြည့်နေရင်း ငယ်ဘ၀ကိုပြန်တွေးက နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးမိပြန်သည်။
အဲ့နောက်တွေ့လိုက်ရသည်က သတိုးတစ်ယောက်တည်း ပုံတွေဖြစ်သလို သတိုးနဲ့ဧကရာဇ်တွဲလျက်ရိုက်ထားသောပုံတွေသာများသည်။ ပုံတွေကြည့်ပြီး ရင်ထဲဒိန်းခနဲဆောင့်ခုန်သွားရင်း သတိုးနဲ့ကဘာလဲ။ ဒီကောင်လေး သူ့မှာနှိုင်းရှိရက်နဲ့ သတိုးကိုကစားနေတာလား။
မိဘတွေသဘောတူလို့နှိုင်းနဲ့လက်ထပ်လိုက်တယ်ဆိုရင်တောင် ဧကရာဇ်ကငယ်ငယ်လေးကတည်းက နှိုင်းကိုပဲသဘောကျနေခဲ့တာဖြစ်သည်။ ဒါတွေသူအသိဆုံး။ ဧကရာဇ်က သူ့အကိုထက် ကျွန်တော်နဲ့ပိုရင်းနှီးသည်။ တစ်ခုခုဆို ကျွန်တော်နဲ့အမြဲတိုင်ပင်နေကျ။ သူဆယ်တန်းအောင်စားရင်းထွက်တာနဲ့တန်းဖွင့်ပြောမှာလို့လည်း တကြော်ကြော်ဟစ်ကြွေးနေတဲ့ကောင်လေး။ အဲ့လိုကောင်လေးက ခုချိန်မှာ သူ့ရည်ရွယ်ချက်တွေအောင်မြင်သွားပြီထင်ပါရဲ့။ သို့ပေမယ့် သတိုးနဲ့ပတ်သတ်မှုကိုမစဉ်းစားတတ်။ ရိုးရိုးအသိတွေပါလို့ပြောရအောင်လည်း ပုံတွေကထင်သလောက်မရိုးရှင်း။
ခဏတာစိတ်ကစားပြီး ဖြစ်သွားတာလား။ ဒါမှမဟုတ် အသစ်အဆန်းအနေနဲ့ကစားပြီး သတိုးကိုပစ်ခဲ့တာလား။ ဒါဆို ဒီကလေးကရော...။
ကြည့်ရင်း ကြည့်ရင်း ညပွဲတစ်ခုမှာ နှိုင်းရယ် ဧကရာဇ်ရယ် သတိုးရယ် သုံးယောက်အတူရိုက်ထားတဲ့ပုံကိုတွေ့လိုက်ရတဲ့ခဏ အနည်းငယ်စိတ်သက်သာရာရသွားပါသလို စိုးရိမ်စိတ်လည်းဖြစ်လာပြန်ပါသည်။ ထပ်ပြီး နှိုင်းကနှလုံးရောဂါသည်လေးဆိုတဲ့အသိကပြန်၀င်လာကာ ဒီဇာတ်လမ်းကိုဆက်ပြီးမတွေးချင်တော့။
ဒီဇာတ်လမ်းမှာ နှိုင်းကအနစ်နာဆုံးသူတစ်ယောက်ဆိုရင်တောင် သတိုးကလည်းနှိုင်းနည်းတူ နစ်နာခဲ့တာပဲဖြစ်သည်။ ဧကရာဇ်ကဘာလို့ ဒီလောက်ပြောင်းလဲသွားတာလဲ။ ကျွန်တော်မရှိတဲ့အခိုက်အတန့်မှာ တစ်ခြားသူတွေရောဘယ်လောက်ထိပြောင်းလဲကုန်ပြီလဲ။ ထပ်ပြီး ပါပါးနဲ့မာမီကိုပါသတိရလာတဲ့အခိုက်ဟာ သားမိုက်တစ်ယောက်ရဲ့နောင်တတို့နဲ့အတူ ပြန်တောင်မတွေ့ရဲတော့။
"ဧကရာဇ်...ဧကရာဇ်ဘယ်မှာလဲ"
ခပ်လှမ်းလှမ်းက ကောင်တာမှာ ဧကရာဇ်ကိုမေးနေကြတဲ့လူတစ်စုကြောင့် ခြေမခိုင်စွာ အနားသွားလိုက်ရင်း
"အင်ပါယာ! သုတ! ကောင်းစစ်!"
အကုန်လုံးကအရင်အတိုင်းပဲဖြစ်ကာ အရင်ထက်ပင်ရုပ်တွေကပို၍နုပျိုနေပါသလို။
"အ မျိုး မျိုးမင်း မင်း မင်းကွာ"
လေးယောက်သားအစကားအထစ်ထစ်နဲ့ ဖက်ကာငိုနေကြသည်မှာ ခွဲခန်းထဲက ဧကရာဇ်ကိုပင်မေ့နေသည်အထိ။
"ငါတို့မင်းကို ဘယ်လောက်တောင်လိုက်ရှာနေခဲ့ရလဲ အဟုန်ဆို နိုင်ငံခြားမှာ မင်းကိုရှာရင်း ခရီးသွားအေဂျင်စီတွေထောင်ထားတာ အတော်တောင်တွင်ကျယ်နေပြီ ဒါတောင်မင်းကိုမတွေ့လို့ အဟုန်ဘယ်လောက်ထိ စိတ်ဓာတ်ကျခဲ့ရလဲ"
"အင်း အဟုန်နဲ့ ရဲရင့်ရော"
"ဆက်သွယ်ထားတယ် အဟုန်ကခဏနေရောက်လိမ့်မယ် ရဲရင့်က မနက်မှရောက်မှာ"
"ငါ ငါတောင်းပန်ပါတယ်"
"ဒါနဲ့ ကလေးက"
အားလုံးအသိ၀င်မှ မျိုးမင်းချီထားတဲ့ကလေးကိုသတိပြုမိသည်။
"ဟေ့ကောင် ဒီကောင်လေးက ဧကရာဇ်ငယ်ငယ်ကနဲ့မတူဘူးလားကွ"
ကောင်းစစ်ကမေးသလို သုတကလည်း တရားခံရှာသလိုမျက်လုံးနဲ့ကြည့်နေကာ အင်ပါယာကတော့ကလေးကိုပဲတွေတွေကြီးစိုက်ကြည့်နေသည်။
"လာပါဦး ဦးဆီကို ဧကရာဇ်ရော"
အင်ပါယာက ကလေးကိုပြောင်းချီလိုက်ကာ ဧကရာဇ်ကိုမေးလာတာကြောင့် မစိုးရိမ်ရတဲ့အကြောင်းပါသေရှာရှင်းပြပြီး ခွဲခန်းရှေ့ရောက်လာခဲ့သည်။
"ငါအစောကမှဖုန်းဆက်လိုက်တယ် မင်းတို့ကဘယ်လိုလုပ်တန်းရောက်လာကြတာလဲ"
"ငါတို့ဒီရောက်နေတာ နှစ်ရက်ရှိပြီ မင်းဒီမှာဆိုလို့လာရှာတာ ပြီးတော့ ဧကရာဇ်ဒီလိုဖြစ်တော့ ဖုန်းဆက်တဲ့သူကမင်းဖြစ်နေတာလေ ငါတို့ဘယ်လောက်တောင်လန့်သွားခဲ့ရလဲ"
"မျိုးမင်းမြတ်ရာ မင်းကထွက်သွားတုန်းကလည်း surprise တိုက်ခဲ့သလို ပြန်တွေ့ပြန်တော့လည်း surprise ပဲကွာ"
အင်ပါယာ့စကားဆုံးတာနဲ့ ကောင်းစစ်က၀င်ပြောကာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း အတိတ်ကိုသတိရစေသည်။
"ဒါနဲ့ နှိုင်းရော ဧကရာဇ်နဲ့လက်ထပ်လိုက်ပြီလား"
သိချင်စိတ်ပြင်းပြနေတဲ့မေးခွန်းမို့ မေးလိုက်သော်လည်း သုတနဲ့ကောင်းစစ်က တခွီးခွီးထရယ်တာကြောင့်ကြောင်သွားရသည်။
"ငါမေးတဲ့ထဲ ရယ်စရာပါလို့လား"
"အင်ပါယာ့မျက်နှာလည်းကြည့်ပါဦး ခွေးအကြီးချီးတစ်နေတဲ့ရုပ်ဖြစ်နေပြီ"
"ဘာဖြစ်လို့လဲ"
"ဟ ဘာဖြစ်ရမှာတုန်း မိနှိုင်းက အင်ပါယာနဲ့လက်ထပ်ထားလို့သမီးလေးတစ်ယောက်တောင်ရနေပြီကို မင်းဟာကဘုမသိဘမသိနဲ့ ညီနဲ့အတင်းပေးစားနေပြန်ပြီ"
"မဟုတ်ဘူးလေ ဧကရာဇ်ကနှိုင်းကိုဘယ်လောက်ထိချစ်လဲ ငါ့ကိုပြောတာ အောင်စားရင်းထွက်ရင်ဖွင့်ပြောမှာတဲ့လေ ငါကအဆင်ပြေသွားပြီထင်တာ ဘာတွေမှားသွားတာတုန်း မင်းတို့ညီအကိုက"
"မျိုးမင်းမြတ် မင်းဟာလေ အလိုက်ကမ်းဆိုးမသိချက်ကတော့ အရင်တိုင်းပဲ မပြောင်းလဲဘူး တကယ်"
ထင်ရာလျှောက်ပြောနေတဲ့ မျိုးမင်းမြတ်ကို သုတက အပြစ်တင်စကားဆိုကာ သုံးယောက်သားရယ်နေကြပြန်သည်။
"မင်းကအောင်စားရင်းမတိုင်ခင် ဂယက်ထပြီးထွက်သွားတာကိုး အောင်စားရင်းထွက်တဲ့နေ့က ငါတို့ဆိုဘယ်လောက်ထိ surprise ဖြစ်လိုက်သလဲ အင်ပါယာက မိနှိုင်းလက်ကြီးဆွဲခေါ်လာပြီး သူ့အမေနဲ့မိတ်ဆက်ပေးတာဗျာ ငါတို့ ဧကရာဇ်ကိုဘယ်လောက်ထိသနားလိုက်ရလဲ ခုလည်း သူကြိုက်တဲ့ကောင်လေးက ထားသွားလို့စိတ်ထိခိုက်လို့မှမဆုံးသေး accident ထပ်ဖြစ်တယ် ကံဆိုးလိုက်တဲ့ ဧကရာဇ်လေး ငါတော့ဒီဘ၀မှာ ဧကရာဇ်လောက်အချစ်ကံခေတဲ့သူမျိုးမတွေ့ဖူးသေးဘူး"
"အဟွန်း အိမ်ထောင်ရှင်အသစ်စက်စက်လေးဆိုတော့ပြောပေါ့"
"What? သုတကလက်ထပ်ပြီးပြီလား ဘယ်သူနဲ့လဲ"
"ဟော ယောက်ျားကဖုန်းခေါ်နေပြန်ပြီလား မင်းဟာကလွန်တယ်နော် ငါးမိနစ်ခြားကိုဖုန်းခေါ်နေတော့တာ မနေနိုင်လိုက်ခဲ့လို့ပြောလိုက်"
ကောင်းစစ်အပြောကြောင့် ကျွန်တော့်မှာ ကြောင်ပြီးရင်းကြောင်။
"နေပါဦး မင်းဆိုလိုတာက သုတက ယောက်ျားတစ်ယောက်နဲ့လက်ထပ်ထားတယ်လို့ပြောချင်တာလား"
"အေး သုတတင်မဟုတ်ဘူး အဟုန်နဲ့ ငါရောဘဲ ရဲရင့်ကတော့လူပျိုကြီးပေါ့ ဟဲဟဲ အင်ပါယာတစ်ယောက်ပဲ မိန်းမနဲ့လက်ထပ်ထားတာ"
"ဪ"
ယောက်ျားယူတာကို ဂုဏ်ယူစွာကြွားနေတဲ့ ကောင်းစစ်ကြောင့်ပြုံးရပြန်သည်။ တကယ့်ကောင်တွေ အရင်ကလိုပဲ အရှက်မရှိကြဘူး။
ဒီလိုနဲ့ ညဘက်ရောက်လာပါသလို ဧကရာဇ်ဟာလည်း ဆေးရှိန်နဲ့မှေးနေပေသည်။
ကရုဏာလေးဟာလည်း အလိုက်သိစွာငြိမ်နေပြီး သူ့ဖေဖေကိုမေးမလာ။ အဲ့အစား အင်ပါယာနဲ့တည့်နေကာ တခစ်ခစ်ရယ်နေသေးသည်။
"ကလေးအဖေဖြစ်ဖူးတော့ ဘယ်ကလေးနဲ့မဆိုတည့်အောင်နေတတ်သွားပြီဘဲ ငါတို့အင်ပါယာကတော့"
ကောင်းစစ်ကကျောဆန့်ကာ လှမ်းပြောသော်လည်း အင်ပါယာကလှည့်ပင်မကြည့်။
ဆေးရုံက အစိုးရဆေးရုံဖြစ်တာကြောင့် VVIP ခန်းရယ်မရှိ။ အခန်းကျယ်ကြီး၀ယ် ကုတင်ဆယ်လုံးလောက်ရှိတဲ့အကန့်ထဲနေရသည်။ ကံကောင်းတယ်ပြောရမလား ဘေးလူနာကနှစ်ယောက်သာရှိ၍ ကျွန်တော်တို့ ကျယ်ကျယ်လွတ်လွတ်နဲ့ သက်သောင့်သက်သာနေရသည်။
"ကိုကို ဇိမ်းကဘယ်လိုဖြစ်....အယ် ဇိမ်းအသေးလေး"
နှိုင်းက မေမေ့လက်ကိုတွဲလျက်အလောတကြီး၀င်လာပြီးမေးလိုက်သော်လည်း အင်ပါယာ့လက်ထဲက ကလေးကိုမြင်ကာ သုံးနှုန်းလိုက်တဲ့စကားကြောင့် အကုန်ပွဲကျသွားပါသလို မျိုးမင်းမြတ်သည်လည်း စိတ်မလုံသလိုခံစားရကာ လည်ပင်းသာပွတ်သပ်၍နေလိုက်တော့သည်။
"ဟင်...ဟုတ်တယ်မလား ကိုကြီးမျိုးမင်း အာ အရမ်းလွမ်းနေခဲ့တာ"
လူနာခုတင်ထက် တင်ပလွှဲထိုင်နေတဲ့ မျိုးမင်ူမြတ်ကိုပြေးဖက်ကာ မျက်လည်များပင်တလိမ့်လိမ့်ကျနေတဲ့ နှိုင်းက အရင်က ကလေးဆိုးလေးနှိုင်းနဲ့ တစ်ထေရာတည်းပင်။
"အဆိုးလေးက ခုထိအငိုသန်လေးဖြစ်နေတုန်း"
"အင့်...နောက်ဆိုမပြောမဆိုနဲ့ပျောက်မသွားတော့နဲ့ နှိုင်းက ကိုကြီးကိုနိုင်ငံခြားထွက်သွားတယ်ထင်တာ ကြည့်ပါဦး အသားတွေညိုသွားလိုက်တာများ ဆံပင်တွေကလည်းဘယ်လိုတွေလည်း ဘယ်လောက်တောင်ဖြစ်ကတက်ဆန်းနေနေလို့ ဒီလိုပုံဖြစ်နေတာလဲ"
"ကဲ ဖြည်းဖြည်းမေးပါဂျီးတော်ရယ် ကျွန်တော်မျိုးအကုန်ဖြေပါ့မယ် ဟုတ်ပြီလား အဝေးကလာရတာမောနေရောပေါ့ အရင်ဆုံးနားလိုက်ဦး မနက်မှာ ကိုကြီးကအကုန်ရှင်းပြပေးမယ်"
အဆိုးလေးကိုချော့ကာ ခုတင်ပေါ်ထိုင်ခိုင်းလိုက်ရင်း အင်ပါယာ့အမေကို စိတ်မလုံစွာပြုံးပြလိုက်သည်။
"သားရယ် သားထွက်သွားတော့ နောက်ပိုင်းကလူတွေဘယ်လောက်စိတ်ပူနေလိုက်လဲ"
"ကျွန်တော့်အမှားပါအန်တီ"
"အင်း ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီးပြီ မင်းမိသားစုပိုင်လုပ်ငန်းတွေကိုလည်း ပြန်ဦးစီးဖို့အချိန်တန်နေပြီ သား ဒီကြားထဲတစ်လျှောက်လုံး ရဲရင့်နဲ့အဟုန်က သားကိုယ်စားဦးစီးပေးနေရတာ..."
"ဒယ်ဒီရော...ဒယ်ဒီကဘာလို့သူကိုယ်တိုင်မဦးစီး"
မျိုးမင်းမြတ်အမေးအောက်မှာ အားလုံးမျက်နှာပျက်လျက်။
"သား မသိသေးဘူးပဲ သားမာမီနဲ့ဒယ်ဒီက လွန်ခဲ့တဲ့ သုံးနှစ်ကရှေ့ဆင့်နောက်ဆင့်ပဲ ဆုံးသွားခဲ့ပြီ"
"ဗျာ"
ကျွန်တော့်မှာ အံ့ဩရုံကလွဲ ဘာမှမတတ်နိုင်။ မျက်ရည်ကျဖို့တော့မတန်တဲ့ ကျွန်တော့်အပြစ်တွေက နောက်ဘ၀ထိဆပ်လို့ရော ကုန်နိုင်ပါ့မလား။
"လာပါဦး သားသားရဲ့ တီတီ့မှာလည်း သားသားအရွယ်သမီးလေးတစ်ယောက်ရှိတယ်သိလား ခုတော့မခေါ်ခဲ့ဘူး နောက်တော့မှမိတ်ဆက်ပေးမယ်နော် ကဲ ပြောပါဦး သားသားနာမည်ကဘယ်သူလဲ"
"ချစ်သောဂယုနာ"
"ဟင်...တီတီကနားမလည်လို့ပြန်ပြောပေးပါလား"
"ချစ်...သော...ဂ....ယု...နာ..."
ကလေးက တစ်လုံးချင်းအသံဆွဲကာ ပြောလိုက်သည့်ကြောင့် ဝိုင်းရည်ကြရပြန်သည်။
"ဪ ချစ်သောကရုဏာလား...သားနာမည်ကဆန်းဆန်းလေးဘဲ ပြီးတော့သားကချစ်စရာလေး ကိုကြီးသုတရေ ကြည့်ပါဦး သားလေးက သတိုးနဲ့ ဇိမ်းစမ်ကျထားတဲ့ရုပ်လေးနဲ့တူဘူးလား ဟီးဟီး"
"သတိုး"
မျက်နှာတွေပျက်သွားပေမယ့် ချက်ချင်းပြန်ပြင်ကာ ပြုံးနေကြတဲ့သူတွေကိုကြည့်ပြီး ရေရွတ်လိုက်မိပါသလို လူစိမ်းဆိုကြောက်တတ်တဲ့ ကရုဏာကလည်း နှိုင်းနဲ့အင်ပါယာ့ကျမှအတော်လေးကပ်နေတာကြောင့် အမှန်တိုင်းပြောပြဖို့ပဲရည်ရွယ်လိုက်သည်။
"အမှန်ပဲ အဲ့တာ သတိုးသားလေး"
"ဟင်!"
အကုန်လုံးဆီက အာမေဋိတ်သံထွက်ပေါ်လာပြီးနောက် နားမလည်တဲ့မျက်၀န်းတွေနဲ့ကြည့်လာကြတဲ့အပေါ် သေချာနားလည်အောင်ရှင်းပြလိုက်ရသည်။
"ဒီလို သတိုးကသူ့အဒေါ်ရှိတဲ့ကျောပေါ်ရွာမှာလာနေတာ။ အဲ့မှာငါနဲ့တွေ့တာပဲ။ နောက်တော့သတိုးကဆေးခန်းပြရင်း ကိုယ်၀န်ရှိနေတယ်ဆိုတာသိရော။ မင်းတို့လည်းသိမှာပါ အမျိုးသားကိုယ်၀န်ဆောင်တွေက တစ်ရာမှာတစ်ယောက်တောင်မရှိနိုင်ဘူးဆိုတာ။ ငါလည်းသိသိချင်းအရမ်းအံ့ဩခဲ့ပေမယ့် နောက်တော့အသားကျသွားတာပဲ။
သတိုးကအရမ်းဒုက္ခခံခဲ့ရတာ။ ကိုယ်၀န်ဖျက်ချဖို့အကြံပေးတာတောင် သန်မာတဲ့ကောင်လေးက သူ့ကိုဘုရားပေးတဲ့ဆုလာဒ်ဖြစ်တာကြောင့် ဒီကလေးကိုသူလိုချင်ပါတယ်တဲ့လေ။ ပတ်၀န်းကျင်ကဝိုင်းကြဉ်ကြတာတောင် ဒီကလေးကိုရအောင်မေးခဲ့တာ။ သူကအဖေဖြစ်သလိုအမေလည်းဖြစ်တာမို့ ဒီကလေးရဲ့မိဘကသူတစ်ယောက်တည်းပါတဲ့လေ။
သူကကလေးအဖေအကြောင်းတစ်ခွန်းမှမဟဖူးတော့ ငါလည်းမမေးဖြစ်ဘူး တိုက်တိုက်ဆိုင်ဆိုင် ဧကရာဇ်ကလေးဖြစ်နေတာဘဲ"
တရှည်တလျားရှင်းပြမှုဆုံးတဲ့နောက် အားလုံးကသတိုးကိုအလိုရှိနေကြပြန်သည်။ အားလုံးထဲမှာမှ နှိုင်းရဲ့သံယောဇဉ်အတိမ်အနက်ကိုသတိထားမိသည်။ နှိုင်းကသူ့ခံစားချက်ကို ထိန်းမထားတတ်တဲ့သူဖြစ်တာကြောင့် ဟန်ဆောင်မှုဆိုတာမတွ့ရ။ ခုလည်း၀မ်းပန်းတနည်းငိုကာ သတိုးကိုဘယ်လောက်သတိရကြောင်း ဧကရာဇ်ကသတိုးကိုဘယ်လောက်ထိချစ်ကြောင်း တဖွဖွပြောကာ ငိုရင်းရှိုက်ရင်းအိပ်ပျော်မှ ငြိမ်သွားတော့သည်။
အမှန်ပြောပြီးကာမှ သတိုးကိုသတိရသွားရသည်။ သတိုးကရော လက်ခံပါ့မလား။ ဆက်မပတ်သတ်ချင်တော့ဘူးလို့ပြောခဲ့တာမလို့ စိုးရိမ်ပေမယ့် ဒီမိသားစုအကြောင်းကောင်းကောင်းသိတာမို့ သတိုးကိုစိတ်ချလက်ချပေးလိုက်နိုင်သည်။ ပြီးတော့ ဧကရာဇ်အချစ်ကိုလည်းယုံသည်။
****************************************
ကဲ....ဇိမ်းတို့ကိုနှုတ်ဆက်ရတော့မှာပါနော်။ ဒါပြီးရင်နောက်ထပ် fic အသစ်တွေလာဦးမှာမို့ ဆက်ပြီးအားပေးပါဦး။ ကျွန်တော်ကအရေးအသားညံ့မှန်းသိပေမယ့် ဝါသနာကမနေနိုင်လို့ ရေးမိတာပါ။ အမှားပါရင်ခွင့်လွှတ်ပါနော်။🤢
***************************************
ေဆး႐ုံထဲကအထြက္ Ambulance ကားက ေလအလွ်င္နဲ႕ေရာက္လာကာ ဆရာ၀န္ေတြသူနာျပဳေတြနဲ႕ရႈပ္ယွက္ခတ္သြားတဲ့အခိုက္ဟာ ေသြးပ်က္ဖြယ္ပါ။ ဒီလိုအသံေတြၾကားရင္ ရင္ေတြတုန္ကာဒူးေတြပင္ေခြက်မတတ္ျဖစ္တတ္တဲ့ကြၽန္ေတာ့္ေၾကာင့္ ကိုႀကီးက သားကိုခ်ီကာ ကြၽန္ေတာ့္ကိုလက္ေမာင္းရင္းမွတြဲထားသည္။
ဘယ္လိုပဲ မၾကည့္ခ်င္ပါဘူးေျပာေျပာ လူနာေခၚေဆာင္လာတဲ့လမ္းေၾကာင္းဟာ ကြၽန္ေတာ္တို႔နဲ႕မ်က္ႏွာခ်င္းဆိုင္အေနအထားျဖစ္တာေၾကာင့္ ေရွာင္လႊဲလို႔မရ။
ေသြးသံတစ္ရဲရဲျဖင့္ေမ့ေမ်ာေနဟန္ရွိတဲ့သူက အျမန္လမ္းမွာ car accident ေၾကာင့္ေရာက္လာျခင္းတဲ့။
"ေသြးေပါင္အေတာ္က်ေနၿပီ"
ေျပးလႊားရင္းဆရာ၀န္တစ္ေယာက္ရဲ႕အေလာတႀကီးအသံ။ ေနာက္ၿပီး ေဘးတိုက္ျမင္လိုက္ရတဲ့ ေသြးေတြျမင္မေကာင္းစြာေပက်ံေနတဲ့မ်က္ႏွာ။ ဒါ....ဒါ....ေသခ်ာေပါက္ အကိုမွ အကိုပါ။
ရင္ထဲဗုန္းေပါက္ကြဲသလို တစ္ခ်က္မွ်တုန္ရင္သြားၿပီး ေမ့လဲမလိုပင္ျဖစ္ေနတဲ့ကြၽန္ေတာ္က ကိုႀကီးရဲ႕သန္မာတဲ့လက္ေတြၾကားထဲမွာ မတ္တပ္ရပ္လ်က္အေနအထားႏွင့္ပဲျဖစ္သည္။
"ဧကရာဇ္! ဧကရာဇ္လား"
ကိုႀကီးႏႈတ္မွ မထင္မွတ္ထားတဲ့အသံေၾကာင့္ ကြၽန္ေတာ့္တစ္ကိုယ္လုံးရွိေသြးေၾကာေတြပင္ေျပာင္းျပန္စီးဆင္းကုန္ၿပီထင္ေနရသည္။ မဟုတ္...မျဖစ္နိုင္တာ။ အခု ခုတင္ေပၚကလူကလည္း အကိုမဟုတ္သလို ကိုႀကီးသိတဲ့ဧကရာဇ္ဆိုတာကလည္း နာမည္တူတာေနမွာ။ ဟုတ္တယ္ နာမည္တူတာ အကိုကဘာမွမျဖစ္ဘူး။ သူ႕အိမ္မွာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနေနတာ။
"လူနာနဲ႕အသိလား"
ေဘးကနာ့စ္မေလးတစ္ေယာက္ရဲ႕ အေမးကို ကိုႀကီးက ခုတင္ထက္ကလူကိုေသခ်ာၾကည့္ကာ
"အမွန္ပဲ"
"ဒါဆိုလာပါဦး လူနာကခ်က္ခ်င္းခြဲစိတ္ဖို႔လိုတယ္ မိသားစုကိုအေၾကာင္းၾကားၿပီး အတည္ျပဳေပးပါဦးရွင္"
လွ်ပ္တစ္ျပတ္အတြင္းျဖစ္ပ်က္သြားတဲ့ခဏက ကိုႀကီးဟာ အကို႔ေနာက္လိုက္သြားသလို ကြၽန္ေတာ္ကလည္း ဦးတည္ရာမဲ့ေျပးထြက္လာမိသည္။ သားကေတာ့ ကိုႀကီးေနာက္ကိုပါသြားသည္။
"သတိုး သားကိုခဏ"
ဧကရာဇ္ကိုျမင္ၿပီး သတိလက္လြတ္ျဖစ္သြားတဲ့ခဏမွာ သတိုးဟာလည္းဘယ္ေရာက္သြားသည္မသိ။ ေသြးျမင္ေၾကာက္တတ္တဲ့ေကာင္ေလးမို႔ ေဆး႐ုံအျပင္ထြက္သြားသည္ဟုေတြးကာ လက္မွတ္ထိုးၿပီး ခြဲခန္းေရွ႕ေစာင့္ေနလိုက္သည္။ ဘယ္လိုပဲျဖစ္ျဖစ္မိသားစုကိုအသိေပးရမွာပဲျဖစ္တာေၾကာင့္ လူမႈ၀န္ထမ္းတစ္ေယာက္လာေပးတဲ့ ဧကရာဇ္အိတ္ထဲေမႊႏွောက္ကာ ဖုန္းရွာလိုက္သည္။
ဖုန္းက pw ေတြဘာေတြခံထားရင္ေတာင္ သိသည္မို႔ အလြယ္ဖြင့္ရမွာက်ိန္းေသသည္။ အငယ္ကအတူေနခဲ့ၾကသည္မို႔ ဧကရာဇ္အေၾကာင္းသိသင့္သေလာက္ေတာ့သိပါသည္။ ေသခ်ာေပါက္ ႏွိုင္းေမြးေန႕ပဲျဖစ္မွာ။
အိတ္ထဲကဖုန္းကိုထုတ္ကာ ပြင့္လာတဲ့ screen ကိုျမင္ၿပီး ပါးစပ္ေဟာင္းေလာင္းျဖစ္သြားသည္အထိအံ့ဩေနရင္းမွ အင္ပါယာ့ဖုန္းနံပါတ္ကိုရွာေခၚလိုက္သည္။ ဖုန္းက lock ေတြဘာေတြခံထားျခင္းလည္းမရွိ။
ဘာတုန္း ဒီေကာင္ေလး သူ႕အကိုနဲ႕ဖုန္းသိပ္မေျပာျဖစ္ဘူးလား။ ေခၚဆိုမႈမွတ္တမ္းေတြအကုန္လုံးက ႏွိုင္းသာျဖစ္၍ အင္ပါယာ့နံပါတ္ကိုမေတြ႕။ ဒါ့ေၾကာင့္ contact ထဲမွရွာကာေခၚလိုက္ရသည္။
Wallpaper ကပုံကိုျမင္ၿပီး အံ့ဩသြားေသာ္လည္း ဖုန္းေခၚဆိုမႈမွတ္တမ္းမွာ ႏွိုင္းတစ္ေယာက္တည္းကိုသာေတြ႕၍ သက္ျပင္းခ်ရျပန္သည္။
ႏွိုင္းနဲ႕မ်ားလက္ထပ္ၿပီးသြားၿပီလား။ ေသခ်ာေပါက္လက္ထပ္ၿပီးၿပီပဲေနမွာပါ။ ဒါဆို သတိုးပုံကဘာလို႔ ဒီေကာင္ေလးဆီမွာရွိေနရတာလဲ။ ၿပီးေတာ့ wallpaper ေတာင္ထားထားေသး။
အင္ပါယာ့ကိုဖုန္းေခၚၿပီးတာနဲ႕ Gallery ထဲ၀င္ကာေမႊႏွောက္ရွာကာမွ ပို၍အေတြးမ်ားရျပန္သည္။
ခုတေလာရိုက္ထားတဲ့ပုံေတြက ဧကရာဇ္နဲ႕ ကေလးမေလးတစ္ေယာက္ပုံေတြျဖစ္ၿပီး တစ္ခါတစ္ေလ ႏွိုင္းနဲ႕ကေလးမေလးပုံေတြျဖစ္သည္။ ဒီကေလးေတြ ေတာ္ေတာ္အ႐ြယ္ေရာက္လာၾကတာပဲ။ ၾကည့္ေနရင္း ငယ္ဘ၀ကိုျပန္ေတြးက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုၿပဳံးမိျပန္သည္။
အဲ့ေနာက္ေတြ႕လိုက္ရသည္က သတိုးတစ္ေယာက္တည္း ပုံေတြျဖစ္သလို သတိုးနဲ႕ဧကရာဇ္တြဲလ်က္ရိုက္ထားေသာပုံေတြသာမ်ားသည္။ ပုံေတြၾကည့္ၿပီး ရင္ထဲဒိန္းခနဲေဆာင့္ခုန္သြားရင္း သတိုးနဲ႕ကဘာလဲ။ ဒီေကာင္ေလး သူ႕မွာႏွိုင္းရွိရက္နဲ႕ သတိုးကိုကစားေနတာလား။
မိဘေတြသေဘာတူလို႔ႏွိုင္းနဲ႕လက္ထပ္လိုက္တယ္ဆိုရင္ေတာင္ ဧကရာဇ္ကငယ္ငယ္ေလးကတည္းက ႏွိုင္းကိုပဲသေဘာက်ေနခဲ့တာျဖစ္သည္။ ဒါေတြသူအသိဆုံး။ ဧကရာဇ္က သူ႕အကိုထက္ ကြၽန္ေတာ္နဲ႕ပိုရင္းႏွီးသည္။ တစ္ခုခုဆို ကြၽန္ေတာ္နဲ႕အၿမဲတိုင္ပင္ေနက်။ သူဆယ္တန္းေအာင္စားရင္းထြက္တာနဲ႕တန္းဖြင့္ေျပာမွာလို႔လည္း တေၾကာ္ေၾကာ္ဟစ္ေႂကြးေနတဲ့ေကာင္ေလး။ အဲ့လိုေကာင္ေလးက ခုခ်ိန္မွာ သူ႕ရည္႐ြယ္ခ်က္ေတြေအာင္ျမင္သြားၿပီထင္ပါရဲ႕။ သို႔ေပမယ့္ သတိုးနဲ႕ပတ္သတ္မႈကိုမစဥ္းစားတတ္။ ရိုးရိုးအသိေတြပါလို႔ေျပာရေအာင္လည္း ပုံေတြကထင္သေလာက္မရိုးရွင္း။
ခဏတာစိတ္ကစားၿပီး ျဖစ္သြားတာလား။ ဒါမွမဟုတ္ အသစ္အဆန္းအေနနဲ႕ကစားၿပီး သတိုးကိုပစ္ခဲ့တာလား။ ဒါဆို ဒီကေလးကေရာ...။
ၾကည့္ရင္း ၾကည့္ရင္း ညပြဲတစ္ခုမွာ ႏွိုင္းရယ္ ဧကရာဇ္ရယ္ သတိုးရယ္ သုံးေယာက္အတူရိုက္ထားတဲ့ပုံကိုေတြ႕လိုက္ရတဲ့ခဏ အနည္းငယ္စိတ္သက္သာရာရသြားပါသလို စိုးရိမ္စိတ္လည္းျဖစ္လာျပန္ပါသည္။ ထပ္ၿပီး ႏွိုင္းကႏွလုံးေရာဂါသည္ေလးဆိုတဲ့အသိကျပန္၀င္လာကာ ဒီဇာတ္လမ္းကိုဆက္ၿပီးမေတြးခ်င္ေတာ့။
ဒီဇာတ္လမ္းမွာ ႏွိုင္းကအနစ္နာဆုံးသူတစ္ေယာက္ဆိုရင္ေတာင္ သတိုးကလည္းႏွိုင္းနည္းတူ နစ္နာခဲ့တာပဲျဖစ္သည္။ ဧကရာဇ္ကဘာလို႔ ဒီေလာက္ေျပာင္းလဲသြားတာလဲ။ ကြၽန္ေတာ္မရွိတဲ့အခိုက္အတန႔္မွာ တစ္ျခားသူေတြေရာဘယ္ေလာက္ထိေျပာင္းလဲကုန္ၿပီလဲ။ ထပ္ၿပီး ပါပါးနဲ႕မာမီကိုပါသတိရလာတဲ့အခိုက္ဟာ သားမိုက္တစ္ေယာက္ရဲ႕ေနာင္တတို႔နဲ႕အတူ ျပန္ေတာင္မေတြ႕ရဲေတာ့။
"ဧကရာဇ္...ဧကရာဇ္ဘယ္မွာလဲ"
ခပ္လွမ္းလွမ္းက ေကာင္တာမွာ ဧကရာဇ္ကိုေမးေနၾကတဲ့လူတစ္စုေၾကာင့္ ေျခမခိုင္စြာ အနားသြားလိုက္ရင္း
"အင္ပါယာ! သုတ! ေကာင္းစစ္!"
အကုန္လုံးကအရင္အတိုင္းပဲျဖစ္ကာ အရင္ထက္ပင္႐ုပ္ေတြကပို၍ႏုပ်ိဳေနပါသလို။
"အ မ်ိဳး မ်ိဳးမင္း မင္း မင္းကြာ"
ေလးေယာက္သားအစကားအထစ္ထစ္နဲ႕ ဖက္ကာငိုေနၾကသည္မွာ ခြဲခန္းထဲက ဧကရာဇ္ကိုပင္ေမ့ေနသည္အထိ။
"ငါတို႔မင္းကို ဘယ္ေလာက္ေတာင္လိုက္ရွာေနခဲ့ရလဲ အဟုန္ဆို နိုင္ငံျခားမွာ မင္းကိုရွာရင္း ခရီးသြားေအဂ်င္စီေတြေထာင္ထားတာ အေတာ္ေတာင္တြင္က်ယ္ေနၿပီ ဒါေတာင္မင္းကိုမေတြ႕လို႔ အဟုန္ဘယ္ေလာက္ထိ စိတ္ဓာတ္က်ခဲ့ရလဲ"
"အင္း အဟုန္နဲ႕ ရဲရင့္ေရာ"
"ဆက္သြယ္ထားတယ္ အဟုန္ကခဏေနေရာက္လိမ့္မယ္ ရဲရင့္က မနက္မွေရာက္မွာ"
"ငါ ငါေတာင္းပန္ပါတယ္"
"ဒါနဲ႕ ကေလးက"
အားလုံးအသိ၀င္မွ မ်ိဳးမင္းခ်ီထားတဲ့ကေလးကိုသတိျပဳမိသည္။
"ေဟ့ေကာင္ ဒီေကာင္ေလးက ဧကရာဇ္ငယ္ငယ္ကနဲ႕မတူဘူးလားကြ"
ေကာင္းစစ္ကေမးသလို သုတကလည္း တရားခံရွာသလိုမ်က္လုံးနဲ႕ၾကည့္ေနကာ အင္ပါယာကေတာ့ကေလးကိုပဲေတြေတြႀကီးစိုက္ၾကည့္ေနသည္။
"လာပါဦး ဦးဆီကို ဧကရာဇ္ေရာ"
အင္ပါယာက ကေလးကိုေျပာင္းခ်ီလိုက္ကာ ဧကရာဇ္ကိုေမးလာတာေၾကာင့္ မစိုးရိမ္ရတဲ့အေၾကာင္းပါေသရွာရွင္းျပၿပီး ခြဲခန္းေရွ႕ေရာက္လာခဲ့သည္။
"ငါအေစာကမွဖုန္းဆက္လိုက္တယ္ မင္းတို႔ကဘယ္လိုလုပ္တန္းေရာက္လာၾကတာလဲ"
"ငါတို႔ဒီေရာက္ေနတာ ႏွစ္ရက္ရွိၿပီ မင္းဒီမွာဆိုလို႔လာရွာတာ ၿပီးေတာ့ ဧကရာဇ္ဒီလိုျဖစ္ေတာ့ ဖုန္းဆက္တဲ့သူကမင္းျဖစ္ေနတာေလ ငါတို႔ဘယ္ေလာက္ေတာင္လန႔္သြားခဲ့ရလဲ"
"မ်ိဳးမင္းျမတ္ရာ မင္းကထြက္သြားတုန္းကလည္း surprise တိုက္ခဲ့သလို ျပန္ေတြ႕ျပန္ေတာ့လည္း surprise ပဲကြာ"
အင္ပါယာ့စကားဆုံးတာနဲ႕ ေကာင္းစစ္က၀င္ေျပာကာ ေရွးေဟာင္းႏွောင္းျဖစ္ေတြေျပာရင္း အတိတ္ကိုသတိရေစသည္။
"ဒါနဲ႕ ႏွိုင္းေရာ ဧကရာဇ္နဲ႕လက္ထပ္လိုက္ၿပီလား"
သိခ်င္စိတ္ျပင္းျပေနတဲ့ေမးခြန္းမို႔ ေမးလိုက္ေသာ္လည္း သုတနဲ႕ေကာင္းစစ္က တခြီးခြီးထရယ္တာေၾကာင့္ေၾကာင္သြားရသည္။
"ငါေမးတဲ့ထဲ ရယ္စရာပါလို႔လား"
"အင္ပါယာ့မ်က္ႏွာလည္းၾကည့္ပါဦး ေခြးအႀကီးခ်ီးတစ္ေနတဲ့႐ုပ္ျဖစ္ေနၿပီ"
"ဘာျဖစ္လို႔လဲ"
"ဟ ဘာျဖစ္ရမွာတုန္း မိႏွိုင္းက အင္ပါယာနဲ႕လက္ထပ္ထားလို႔သမီးေလးတစ္ေယာက္ေတာင္ရေနၿပီကို မင္းဟာကဘုမသိဘမသိနဲ႕ ညီနဲ႕အတင္းေပးစားေနျပန္ၿပီ"
"မဟုတ္ဘူးေလ ဧကရာဇ္ကႏွိုင္းကိုဘယ္ေလာက္ထိခ်စ္လဲ ငါ့ကိုေျပာတာ ေအာင္စားရင္းထြက္ရင္ဖြင့္ေျပာမွာတဲ့ေလ ငါကအဆင္ေျပသြားၿပီထင္တာ ဘာေတြမွားသြားတာတုန္း မင္းတို႔ညီအကိုက"
"မ်ိဳးမင္းျမတ္ မင္းဟာေလ အလိုက္ကမ္းဆိုးမသိခ်က္ကေတာ့ အရင္တိုင္းပဲ မေျပာင္းလဲဘူး တကယ္"
ထင္ရာေလွ်ာက္ေျပာေနတဲ့ မ်ိဳးမင္းျမတ္ကို သုတက အျပစ္တင္စကားဆိုကာ သုံးေယာက္သားရယ္ေနၾကျပန္သည္။
"မင္းကေအာင္စားရင္းမတိုင္ခင္ ဂယက္ထၿပီးထြက္သြားတာကိုး ေအာင္စားရင္းထြက္တဲ့ေန႕က ငါတို႔ဆိုဘယ္ေလာက္ထိ surprise ျဖစ္လိုက္သလဲ အင္ပါယာက မိႏွိုင္းလက္ႀကီးဆြဲေခၚလာၿပီး သူ႕အေမနဲ႕မိတ္ဆက္ေပးတာဗ်ာ ငါတို႔ ဧကရာဇ္ကိုဘယ္ေလာက္ထိသနားလိုက္ရလဲ ခုလည္း သူႀကိဳက္တဲ့ေကာင္ေလးက ထားသြားလို႔စိတ္ထိခိုက္လို႔မွမဆုံးေသး accident ထပ္ျဖစ္တယ္ ကံဆိုးလိုက္တဲ့ ဧကရာဇ္ေလး ငါေတာ့ဒီဘ၀မွာ ဧကရာဇ္ေလာက္အခ်စ္ကံေခတဲ့သူမ်ိဳးမေတြ႕ဖူးေသးဘူး"
"အဟြန္း အိမ္ေထာင္ရွင္အသစ္စက္စက္ေလးဆိုေတာ့ေျပာေပါ့"
"What? သုတကလက္ထပ္ၿပီးၿပီလား ဘယ္သူနဲ႕လဲ"
"ေဟာ ေယာက္်ားကဖုန္းေခၚေနျပန္ၿပီလား မင္းဟာကလြန္တယ္ေနာ္ ငါးမိနစ္ျခားကိုဖုန္းေခၚေနေတာ့တာ မေနနိုင္လိုက္ခဲ့လို႔ေျပာလိုက္"
ေကာင္းစစ္အေျပာေၾကာင့္ ကြၽန္ေတာ့္မွာ ေၾကာင္ၿပီးရင္းေၾကာင္။
"ေနပါဦး မင္းဆိုလိုတာက သုတက ေယာက္်ားတစ္ေယာက္နဲ႕လက္ထပ္ထားတယ္လို႔ေျပာခ်င္တာလား"
"ေအး သုတတင္မဟုတ္ဘူး အဟုန္နဲ႕ ငါေရာဘဲ ရဲရင့္ကေတာ့လူပ်ိဳႀကီးေပါ့ ဟဲဟဲ အင္ပါယာတစ္ေယာက္ပဲ မိန္းမနဲ႕လက္ထပ္ထားတာ"
"ဪ"
ေယာက္်ားယူတာကို ဂုဏ္ယူစြာႂကြားေနတဲ့ ေကာင္းစစ္ေၾကာင့္ၿပဳံးရျပန္သည္။ တကယ့္ေကာင္ေတြ အရင္ကလိုပဲ အရွက္မရွိၾကဘူး။
ဒီလိုနဲ႕ ညဘက္ေရာက္လာပါသလို ဧကရာဇ္ဟာလည္း ေဆးရွိန္နဲ႕ေမွးေနေပသည္။
က႐ုဏာေလးဟာလည္း အလိုက္သိစြာၿငိမ္ေနၿပီး သူ႕ေဖေဖကိုေမးမလာ။ အဲ့အစား အင္ပါယာနဲ႕တည့္ေနကာ တခစ္ခစ္ရယ္ေနေသးသည္။
"ကေလးအေဖျဖစ္ဖူးေတာ့ ဘယ္ကေလးနဲ႕မဆိုတည့္ေအာင္ေနတတ္သြားၿပီဘဲ ငါတို႔အင္ပါယာကေတာ့"
ေကာင္းစစ္ကေက်ာဆန႔္ကာ လွမ္းေျပာေသာ္လည္း အင္ပါယာကလွည့္ပင္မၾကည့္။
ေဆး႐ုံက အစိုးရေဆး႐ုံျဖစ္တာေၾကာင့္ VVIP ခန္းရယ္မရွိ။ အခန္းက်ယ္ႀကီး၀ယ္ ကုတင္ဆယ္လုံးေလာက္ရွိတဲ့အကန႔္ထဲေနရသည္။ ကံေကာင္းတယ္ေျပာရမလား ေဘးလူနာကႏွစ္ေယာက္သာရွိ၍ ကြၽန္ေတာ္တို႔ က်ယ္က်ယ္လြတ္လြတ္နဲ႕ သက္ေသာင့္သက္သာေနရသည္။
"ကိုကို ဇိမ္းကဘယ္လိုျဖစ္....အယ္ ဇိမ္းအေသးေလး"
ႏွိုင္းက ေမေမ့လက္ကိုတြဲလ်က္အေလာတႀကီး၀င္လာၿပီးေမးလိုက္ေသာ္လည္း အင္ပါယာ့လက္ထဲက ကေလးကိုျမင္ကာ သုံးႏႈန္းလိုက္တဲ့စကားေၾကာင့္ အကုန္ပြဲက်သြားပါသလို မ်ိဳးမင္းျမတ္သည္လည္း စိတ္မလုံသလိုခံစားရကာ လည္ပင္းသာပြတ္သပ္၍ေနလိုက္ေတာ့သည္။
"ဟင္...ဟုတ္တယ္မလား ကိုႀကီးမ်ိဳးမင္း အာ အရမ္းလြမ္းေနခဲ့တာ"
လူနာခုတင္ထက္ တင္ပလႊဲထိုင္ေနတဲ့ မ်ိဳးမင္ူျမတ္ကိုေျပးဖက္ကာ မ်က္လည္မ်ားပင္တလိမ့္လိမ့္က်ေနတဲ့ ႏွိုင္းက အရင္က ကေလးဆိုးေလးႏွိုင္းနဲ႕ တစ္ေထရာတည္းပင္။
"အဆိုးေလးက ခုထိအငိုသန္ေလးျဖစ္ေနတုန္း"
"အင့္...ေနာက္ဆိုမေျပာမဆိုနဲ႕ေပ်ာက္မသြားေတာ့နဲ႕ ႏွိုင္းက ကိုႀကီးကိုနိုင္ငံျခားထြက္သြားတယ္ထင္တာ ၾကည့္ပါဦး အသားေတြညိုသြားလိုက္တာမ်ား ဆံပင္ေတြကလည္းဘယ္လိုေတြလည္း ဘယ္ေလာက္ေတာင္ျဖစ္ကတက္ဆန္းေနေနလို႔ ဒီလိုပုံျဖစ္ေနတာလဲ"
"ကဲ ျဖည္းျဖည္းေမးပါဂ်ီးေတာ္ရယ္ ကြၽန္ေတာ္မ်ိဳးအကုန္ေျဖပါ့မယ္ ဟုတ္ၿပီလား အေဝးကလာရတာေမာေနေရာေပါ့ အရင္ဆုံးနားလိုက္ဦး မနက္မွာ ကိုႀကီးကအကုန္ရွင္းျပေပးမယ္"
အဆိုးေလးကိုေခ်ာ့ကာ ခုတင္ေပၚထိုင္ခိုင္းလိုက္ရင္း အင္ပါယာ့အေမကို စိတ္မလုံစြာၿပဳံးျပလိုက္သည္။
"သားရယ္ သားထြက္သြားေတာ့ ေနာက္ပိုင္းကလူေတြဘယ္ေလာက္စိတ္ပူေနလိုက္လဲ"
"ကြၽန္ေတာ့္အမွားပါအန္တီ"
"အင္း ၿပီးခဲ့တာေတြလည္းၿပီးခဲ့ၿပီးၿပီ မင္းမိသားစုပိုင္လုပ္ငန္းေတြကိုလည္း ျပန္ဦးစီးဖို႔အခ်ိန္တန္ေနၿပီ သား ဒီၾကားထဲတစ္ေလွ်ာက္လုံး ရဲရင့္နဲ႕အဟုန္က သားကိုယ္စားဦးစီးေပးေနရတာ..."
"ဒယ္ဒီေရာ...ဒယ္ဒီကဘာလို႔သူကိုယ္တိုင္မဦးစီး"
မ်ိဳးမင္းျမတ္အေမးေအာက္မွာ အားလုံးမ်က္ႏွာပ်က္လ်က္။
"သား မသိေသးဘူးပဲ သားမာမီနဲ႕ဒယ္ဒီက လြန္ခဲ့တဲ့ သုံးႏွစ္ကေရွ႕ဆင့္ေနာက္ဆင့္ပဲ ဆုံးသြားခဲ့ၿပီ"
"ဗ်ာ"
ကြၽန္ေတာ့္မွာ အံ့ဩ႐ုံကလြဲ ဘာမွမတတ္နိုင္။ မ်က္ရည္က်ဖိဳ႕ေတာ့မတန္တဲ့ ကြၽန္ေတာ့္အျပစ္ေတြက ေနာက္ဘ၀ထိဆပ္လို႔ေရာ ကုန္နိုင္ပါ့မလား။
"လာပါဦး သားသားရဲ႕ တီတီ့မွာလည္း သားသားအ႐ြယ္သမီးေလးတစ္ေယာက္ရွိတယ္သိလား ခုေတာ့မေခၚခဲ့ဘူး ေနာက္ေတာ့မွမိတ္ဆက္ေပးမယ္ေနာ္ ကဲ ေျပာပါဦး သားသားနာမည္ကဘယ္သူလဲ"
"ခ်စ္ေသာဂယုနာ"
"ဟင္...တီတီကနားမလည္လို႔ျပန္ေျပာေပးပါလား"
"ခ်စ္...ေသာ...ဂ....ယု...နာ..."
ကေလးက တစ္လုံးခ်င္းအသံဆြဲကာ ေျပာလိုက္သည့္ေၾကာင့္ ဝိုင္းရည္ၾကရျပန္သည္။
"ဪ ခ်စ္ေသာက႐ုဏာလား...သားနာမည္ကဆန္းဆန္းေလးဘဲ ၿပီးေတာ့သားကခ်စ္စရာေလး ကိုႀကီးသုတေရ ၾကည့္ပါဦး သားေလးက သတိုးနဲ႕ ဇိမ္းစမ္က်ထားတဲ့႐ုပ္ေလးနဲ႕တူဘူးလား ဟီးဟီး"
"သတိုး"
မ်က္ႏွာေတြပ်က္သြားေပမယ့္ ခ်က္ခ်င္းျပန္ျပင္ကာ ၿပဳံးေနၾကတဲ့သူေတြကိုၾကည့္ၿပီး ေရ႐ြတ္လိုက္မိပါသလို လူစိမ္းဆိုေၾကာက္တတ္တဲ့ က႐ုဏာကလည္း ႏွိုင္းနဲ႕အင္ပါယာ့က်မွအေတာ္ေလးကပ္ေနတာေၾကာင့္ အမွန္တိုင္းေျပာျပဖို႔ပဲရည္႐ြယ္လိုက္သည္။
"အမွန္ပဲ အဲ့တာ သတိုးသားေလး"
"ဟင္!"
အကုန္လုံးဆီက အာေမဋိတ္သံထြက္ေပၚလာၿပီးေနာက္ နားမလည္တဲ့မ်က္၀န္းေတြနဲ႕ၾကည့္လာၾကတဲ့အေပၚ ေသခ်ာနားလည္ေအာင္ရွင္းျပလိုက္ရသည္။
"ဒီလို သတိုးကသူ႕အေဒၚရွိတဲ့ေက်ာေပၚ႐ြာမွာလာေနတာ။ အဲ့မွာငါနဲ႕ေတြ႕တာပဲ။ ေနာက္ေတာ့သတိုးကေဆးခန္းျပရင္း ကိုယ္၀န္ရွိေနတယ္ဆိုတာသိေရာ။ မင္းတို႔လည္းသိမွာပါ အမ်ိဳးသားကိုယ္၀န္ေဆာင္ေတြက တစ္ရာမွာတစ္ေယာက္ေတာင္မရွိနိုင္ဘူးဆိုတာ။ ငါလည္းသိသိခ်င္းအရမ္းအံ့ဩခဲ့ေပမယ့္ ေနာက္ေတာ့အသားက်သြားတာပဲ။
သတိုးကအရမ္းဒုကၡခံခဲ့ရတာ။ ကိုယ္၀န္ဖ်က္ခ်ဖိဳ႕အႀကံေပးတာေတာင္ သန္မာတဲ့ေကာင္ေလးက သူ႕ကိုဘုရားေပးတဲ့ဆုလာဒ္ျဖစ္တာေၾကာင့္ ဒီကေလးကိုသူလိုခ်င္ပါတယ္တဲ့ေလ။ ပတ္၀န္းက်င္ကဝိုင္းၾကဥ္ၾကတာေတာင္ ဒီကေလးကိုရေအာင္ေမးခဲ့တာ။ သူကအေဖျဖစ္သလိုအေမလည္းျဖစ္တာမို႔ ဒီကေလးရဲ႕မိဘကသူတစ္ေယာက္တည္းပါတဲ့ေလ။
သူကကေလးအေဖအေၾကာင္းတစ္ခြန္းမွမဟဖူးေတာ့ ငါလည္းမေမးျဖစ္ဘူး တိုက္တိုက္ဆိုင္ဆိုင္ ဧကရာဇ္ကေလးျဖစ္ေနတာဘဲ"
တရွည္တလ်ားရွင္းျပမႈဆုံးတဲ့ေနာက္ အားလုံးကသတိုးကိုအလိုရွိေနၾကျပန္သည္။ အားလုံးထဲမွာမွ ႏွိုင္းရဲ႕သံေယာဇဥ္အတိမ္အနက္ကိုသတိထားမိသည္။ ႏွိုင္းကသူ႕ခံစားခ်က္ကို ထိန္းမထားတတ္တဲ့သူျဖစ္တာေၾကာင့္ ဟန္ေဆာင္မႈဆိုတာမတြ႕ရ။ ခုလည္း၀မ္းပန္းတနည္းငိုကာ သတိုးကိုဘယ္ေလာက္သတိရေၾကာင္း ဧကရာဇ္ကသတိုးကိုဘယ္ေလာက္ထိခ်စ္ေၾကာင္း တဖြဖြေျပာကာ ငိုရင္းရွိုက္ရင္းအိပ္ေပ်ာ္မွ ၿငိမ္သြားေတာ့သည္။
အမွန္ေျပာၿပီးကာမွ သတိုးကိုသတိရသြားရသည္။ သတိုးကေရာ လက္ခံပါ့မလား။ ဆက္မပတ္သတ္ခ်င္ေတာ့ဘူးလို႔ေျပာခဲ့တာမလို႔ စိုးရိမ္ေပမယ့္ ဒီမိသားစုအေၾကာင္းေကာင္းေကာင္းသိတာမို႔ သတိုးကိုစိတ္ခ်လက္ခ်ေပးလိုက္နိုင္သည္။ ၿပီးေတာ့ ဧကရာဇ္အခ်စ္ကိုလည္းယုံသည္။
****************************************
ကဲ....ဇိမ္းတို႔ကိုႏႈတ္ဆက္ရေတာ့မွာပါေနာ္။ ဒါၿပီးရင္ေနာက္ထပ္ fic အသစ္ေတြလာဦးမွာမို႔ ဆက္ၿပီးအားေပးပါဦး။ ကြၽန္ေတာ္ကအေရးအသားညံ့မွန္းသိေပမယ့္ ဝါသနာကမေနနိုင္လို႔ ေရးမိတာပါ။ အမွားပါရင္ခြင့္လႊတ္ပါေနာ္။🤢
***************************************