မြို့အုပ်ရှောင်း [ Mayor Xiao...

By ShweYaminEain0805

88.4K 8.7K 451

"ရှောင်း! ကျွန်တော့်ရဲ့ရှောင်း..." "ပြောပါ ကျုပ်ရဲ့အသည်းအသက်ရေ ကျုပ်နားထောင်နေပါတယ်" More

1
2
3
4
5
6
7
8
9
11
12
13
14
15
16
17
18
19
20 (ဇာတ်သိမ်းပိုင်း)
Extra
Book Cover!!!
Book Order

10

3.9K 404 23
By ShweYaminEain0805

Unicode

ဒီလက်ရှည်ရှည် သွယ်သွယ်တစ်စုံက ရိပေါ်ခါးကို အညင်သာဆုံး ဖက်ထားပြန်ပြီ။

"ကျွန်တော် မြို့အုပ်ရှောင်းကို ချစ်မချစ်မသိသေးဘူး"

"အင်း ဆက်ပြော..."

"ကျွန်တော့်ခါးကို မြို့အုပ်ရှောင်းအခုလိုဖက်ထားပေးတာမျိုး.... ကျွန်တော်တကယ်သဘောကျတယ်"

"ဝမ်မျိုးရိုးက သဘောကျတယ်ဆို ကျုပ်ကတစ်သက်လုံးအတွက်ဖက်ထားပေးမှာပေါ့"

"ဘာလို့အခွန်ကို ဒီနေ့ကောက်ခိုင်းလိုက်တာလဲ ၊ အဆင်မပြေသေးတဲ့သူတွေ အများကြီးရှိသေးတယ်"

"ဝမ်မျိုးရိုးကပေးစရာမလိုဘူး ၊ ကျုပ်နားရှိနေပေးရင်ရပြီ"

"မဟုတ်ဘူး!! ကျွန်တော်ပေးပြီးပြီ ၊ ကျန်တဲ့သူတွေအတွက်ပြောနေတာ"

"ဒီလ နောက်ဆုံးအပတ်ထိ ကျုပ်အခွင့်အရေးပေးထားတာပဲ"

"ဟင်! အကို ပြောတော့..."

မြို့အုပ်ရှောင်းက ရိပေါ်ကို မျက်လုံးစူးစူးတို့ဖြင့်ကြည့်တော့ ပြောလက်စ စကားကို ရပ်ပစ်သည်။ သူသဘောမကျတဲ့သူအကြောင်း သူ့ရှေ့မှာ မပြောသင့်ဘူးလေ။

"ဆက်မပြောတော့ဘူးလား"

"အင်း ထားလိုက်တော့"

"ကျုပ်ရဲ့ မာဖလာ ဝမ်မျိုးရိုးကိုပေးမယ်ဆို ယူချင်လား"

"အင်း မာဖလာ ၊ ကျုပ်ကိုယ်တိုင်ထိုးထားတဲ့ တစ်ခုတည်းသောမာဖလာ"

"မြို့အုပ်ရှောင်းက ဒါမျိုးလည်းရတာလား"

"စိတ်ပါမှပါ"

"ကျွန်တော့်ကိုရော စိတ်ပါမှချစ်မှာလား"

"ဝမ်မျိုးရိုး ကျုပ်ကိုချစ်နေပြီမှတ်လား"

မြို့အုပ်ရှောင်းဒါမျိုးတွေပြောရင် ရိပေါ်တကယ်မခံစားနိုင်။ ရင်တွေတလှပ်လှပ်နဲ့ ရှက်လွန်းလို့ အငွေ့သာပြန်သွားချင်သည်အထိပါပဲ။

"အာ...မြို့...မြို့အုပ်ရှောင်းကလည်း...ကျွန်တော်... မချစ်ပါဘူး"

"ဒါဆို ဘာလို့မေးရတာလဲ"

"ဒီတိုင်း... ဒီတိုင်း သိချင်လို့"

"လူတွေက ကိုယ်စိတ်မဝင်စားတဲ့အရာ သဘောမကျတဲ့အရာမျိုးကို ဂရုစိုက်တတ်လို့လား"

"မြို့အုပ်ရှောင်း... ဆက်မပြောနဲ့တော့နော်၊ ဒီလို... ဒီလိုဆို ကျုပ် နောက်ညတွေမလာတော့ဘဲနေမှာ"

"ဟောဗျာ...ဒါကျုပ်ကို ခြိမ်းခြောက်တာလား၊ ကျုပ်ဆီမဆီရင် ကျုပ်ကဝမ်မျိုးရိုးဆီလာမှာ သတ္တိရှိရင်လုပ်"

"ဟာ...ခဗျား!!"

"သိလား ၊ ကျုပ်ကို ခဗျားဆိုတဲ့ နာမ်စားနဲ့ ခိုင်းနှိုင်းပြောရဲတာ ဝမ်မျိုးရိုးတစ်ယောက်ပဲရှိတယ်"

"ဟုတ်လား"

"အင်း"

ရိပေါ်က ဂုဏ်ဆာသည့်လေသံဖြင့် မေးတော့ မြို့အုပ်ရှောင်း သဘောကျသည်။

"ကျုပ်မေးတာမဖြေဘူးလား"

"ဘာကိုလဲ.."

"ကျုပ်ရဲ့ မာဖလာယူမှာလား"

"အင်း ယူမယ်"

"ကျုပ်ကို အဖြေပေးတဲ့နေ့ကျ ကျုပ်ပေးမယ်!!"

"ဘာလို့အခုမပေးတာလဲ"

"ကျုပ်မာဖလာလေ... ကျုပ်ပေးချင်တဲ့နေ့ပေးမှာပေါ့"

"မြို့အုပ်ရှောင်းပြောတော့ ကျုပ်ကိုသဘောကျတယ်ဆို... ဘာလို့စကားကို ညင်ညင်သာသာမပြောတာလဲ"

ရိပေါ်က စိတ်တိုသလို လေသံနှင့်ပြောကာ ကျောပေးထားရာမှ မြို့အုပ်ရှောင်းဘက်ကိုလှည့်လိုက်သည်။

"သူများတွေဆို သဘောကျတယ် ချစ်တယ်ဆို အမြဲစကားချိုချိုလေးတွေပြောနေကြတာ"

"ဝမ်မျိုးရိုး ကျုပ်ကိုအဖြေပေးမယ့်နေ့ ကျုပ်ဘက်ကိုလှည့်လို့ပြောထားတယ်နော်... အခု ကျုပ်ဘက်လှည့်တယ်ဆိုတော့"

"မဟုတ်ဘူး ၊ ကျွန်တော်..."

"ကျုပ်လေ...ဒီနှုတ်ခမ်းဖူးဖူးလေးနဲ့တင် ဝမ်မျိုးရိုးဆီ တစ်ဘဝလုံးစာ ကျရှုံးဖို့လုံလောက်ပြီ"

"မြို့အုပ်ရှောင်း ဒါမျိုးတွေပြောမနေနဲ့"

"ကျုပ်တကယ်ပြောတာ အခွင့်အရေးတစ်ခါလောက်ပေးရင် ကျုပ်ဖြင့် အသက်ရှုကြပ်တဲ့အထိ နမ်းရှိုက်ချင်လိုက်တာ"

"မပေးဘူး ၊ ဘာအခွင့်အရေးမှမပေးဘူး"

ရိပေါ်က ဟိုဘက်ပြန်လှည့်ဖို့ ကြိုးစားတော့ မြို့အုပ်ကလက်မခံတော့။ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်မရအောင် ဖက်ထားနေပြီးဖြစ်သည်။

"ပြန်မလှည့်ပါနဲ့တော့၊ အဖြေမပေးချင်သေးရင်တောင် ဒီတစ်ညကျုပ်ရင်ခွင်ထဲ အိပ်စမ်းပါ"

"အင်းအင်း... အရမ်းမဖက်ထားနဲ့ ကျွန်တော်အသက်ရှုကြပ်တယ်"

မြို့အုပ်ရှောင်းသိတာပေါ့။ ဒီကောင်လေးက သူ့ကိုချစ်နေပြီ ... သူ့ကိုယ်သူဝန်မခံချင်သေးတာလေးတစ်ခုပဲ။ ဒီတိုင်းသာဆို အရာရာဟာအဆင်ပြေတော့မှာဆိုပေမယ့် အနှောက်ဝင်လာမှာတော့ မြို့အုပ်ရှောင်း အင်မတန်ကြောက်သည်။

ဘဝမှာ ပထမဆုံးရှင်သန်လာခဲ့တဲ့ အချစ်ကို ကောင်းကောင်းမွန်မွန် ကြီးထွားစေချင်သည်။ ဘာဖြစ်ဖြစ်ပါ... လူတစ်ယောက်ကို တကယ်ချစ်မိပြီဆို အဲ့အရာကိုစွန့်လွှတ်နိုင်ဖို့လည်း သင်ယူထားရမယ်လို့ လူတွေကပြောတယ်မဟုတ်လား။

"ကျုပ်ကိုချစ်လား"

"မသိဘူး"

"ကျုပ် တစ်ပတ်တိတိအချိန်ပေးမယ် ၊ ကျုပ်အတွက်အဖြေစဥ်းစားပေးထား"

"ဟင်... ဘယ်လိုကြီးလဲ"

"ဒီလိုကြီးပဲ"

"ပြီးတော့ ကျုပ်လိုချင်တဲ့အဖြေပဲ ဖြစ်ရမယ်"

"လူညစ်ကြီး မြို့အုပ်မဖြစ်ရဘူး"

"အိပ်တော့... ဝမ်မျိုးရိုးသာစိတ်ပါရင် ကျုပ်ကိုဖက်ထားလို့ရတယ်"

"စိတ်မပါဘူး"

"စိတ်မပါလည်း ဖက်ထား"

မြို့အုပ်ရှောင်းကရိပေါ်လက်ကိုယူကာ သူ့ကိုဖက်လိုက်စေတယ်။ အရှက်ကြီးသူလည်း နည်းနည်းလေးတောင်တွန့်ဆုတ်မနေဘဲ မြို့အုပ်ဆန္ဒအတိုင်းဖက်ထားလိုက်သည်။ အင်း... ဒီလိုကျပြန်တော့လည်း မြို့အုပ်ရှောင်းရဲ့ရင်ခွင်က သူ့အတွက်နွေးထွေးနေသား။

"လောင်းကစား လုပ်တယ်ဆိုတာဟုတ်လား"

"အင်း... ဘာလို့လဲ"

"ဒီကိုလာတည်းက လောင်းကစားလုပ်တာမတွေ့ဖူးလို့"

"အော်... ဒါကဒီလိုပါပဲ ၊ ဒါနဲ့ ဝမ်မျိုးရိုးက ကျုပ်ကိစ္စတွေ တအားစိတ်ဝင်စားနေသလားလို့"

"ဟာ... မဟုတ်တာဘဲ"

"တွေ့လား လိမ်ပြန်ပြီ"

"ဒါဆိုလည်း စိတ်ဝင်စားတယ်ဗျာ ၊ ဘာဖြစ်လဲ...။ ကျွန်တော်အဖြေပေးရမယ့် သူအကြောင်း အနည်းအကျဥ်းသိထားရမှာပေါ့"

"အဲ့လိုအမှန်အတိုင်း ဝန်ခံစမ်းပါ၊ ကျုပ်လိုချင်တာ အဲ့ဒါပဲ.. ဝမ်မျိုးရိုးသာ သိချင်တယ်ဆို ကျုပ်က အနည်းအကျဥ်းမဟုတ်ဘူး ကျုပ်ခန္ဓာကိုယ်မှာ မွှေးညှင်း ဘယ်နှပင်ရှိတယ်ဆိုတာကအစ ပြောပြမယ်"

"မြို့အုပ်ရှောင်းက စကားပြောတာကတော့ တကယ်ကောင်းနော်"

"ကျုပ်ကစကား ပြောပဲကောင်းတာမဟုတ်ဘူး"

"မြို့အုပ်ရှောင်း!!"

"ကျုပ်ဘားမှ မပြောရသေးဘူး ရှက်မနေနဲ့"

"မရှက်ပါဘူး ဘယ်သူကရှက်နေလို့လဲ"

"ရှက်ချင်လည်းရှက်စမ်းပါ ၊ ဝမ်မျိုးရိုးရှက်နေတဲ့မျက်နှာလေးလည်း ကျုပ်ကချစ်ပါတယ်"

မြို့အုပ်က ရိပေါ်ရဲ့ ခေါင်းလုံးလုံးလေးကို လက်ဖြင့်ပွတ်သပ်လို့ လစ်ရင်လစ်သလိုလည်း ငုံ့ငုံ့နမ်းသည်။

"ကျွန်တော်အိပ်ချင်ပြီ"

"အင်း ကျုပ်နားတိုး"

"အရမ်းကပ်နေပြီလေ ဒီ့ထက်တိုးရင် ကျွန်တော် မြို့အုပ်ရှောင်းပေါ်ရောက်တော့မယ်"

"ကျုပ်ပေါ်မှာ အိပ်ချင်တာလား"

"တော်ပြီဗျာ...အိပ်တော့မယ်"

ချစ်ခြင်းမေတ္တာတွေက စစ်မှန်ခဲ့လျှင် အချိန်တစ်ခုရောက်တဲ့အခါ သေချာပေါက် ရောင်ပြန်ဟပ်မယ်ဆိုတာကို မြို့အုပ်ယုံသည်။

ရိပေါ် တရေးနိုးလို့ မျက်လုံးကိုဖွင့်ကြည့်တော့
မိုးမလင်းသေး။ လရောင်ဖျဖျ ရှိသေးတာကြောင့် ၂ နာရီ ၃နာရီလောက်ရှိပြီလို့ ခန့်မှန်းမိသည်။

အမှတ်မထင်ဘဲ သူ့ဘေးမှာ အိပ်နေတဲ့သူဆီ အကြည့်ရောက်တဲ့အခါ သူတွေးမိသည်။ အိပ်နေတာတောင် ကြည့်ကောင်းလွန်းနေအောင် ဘုရားသခင်က ဘယ်လိုအရာတွေနဲ့များဖန်ဆင်းပေးခဲ့သလဲပေါ့။

"မြို့အုပ်ရှောင်း ခင်ဗျားကလေ... တအားကြည့်ကောင်းတာပဲ။ ကျွန်တော် ခဗျားကို ချစ်လား မချစ်လားတော့ ကိုယ်တိုင်မသိသေးဘူး။ ဒါပေမယ့် ကျွန်တော် ခဗျားရဲ့ မျက်ဝန်းနက်နက်တွေကို သဘောကျတယ်၊ ခဗျားရဲ့ ထင်းနေတဲ့ မေးရိုးတွေ ​၊ ခဗျားရဲ့ ပျော့ပျောင်းနေတဲ့ ဆံနွယ်တွေ ပြီးတော့ ခဗျား နှုတ်ခမ်းအောက်ကမှဲ့နက်ကလေး...၊ ခဗျားသိလား ကျွန်တော် ယောကျ်ားတစ်ယောက်ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို သဘောကျမိနေပြီ"

ရိပေါ်က အိပ်ပျော်နေတဲ့ မြို့အုပ်ရဲ့ ပါးကိုတဖွဖွ ပွတ်သပ်ရင်း သူသဘောကျတဲ့အရာတွေကြောင်း ဖွင့်ဟပြောသည်။ အသက်အရွယ် ကွာဟနေပေမယ့်လည်း မြို့အုပ်ရှောင်းကို သဘောကျနေတယ်ဆိုတာ ရိပေါ်လက်ခံရတော့မယ်ထင်တယ်။

မနက် မြို့အုပ်နိုးတော့ ရိပေါ် အနားမှာမရှိတော့။ ဒီကောင်လေး သူ့အထက်အရင်နိုးပြီး နှုတ်တောင်မဆက်ဘဲ ထွက်သွားလေရဲ့။ ဘာဖြစ်ဖြစ် ဒီညတော့ မြို့အုပ်ကောင်းကောင်းအိပ်ပျော်သွားတယ်။ ရင်ခွင်ထဲ မြတ်နိုးရာလေးရှိနေခဲ့တာကို..။

"ညက ဝမ်မျိုးရိုးပြောတာတွေကိုသာ ကျုပ်ကကြားတယ်ဆို အရင်လိုပဲ မျက်နှာလေးရဲပြီး ရှက်နေအုံးမလား"

မြို့အုပ်က သဘောကျစွာပြုံးရင်းပြောသည်။ သူ့ရဲ့ ဝမ်မျိုးရိုး ရှက်နေမယ့်ပုံလေးကို မျက်လုံးထဲ မြင်ယောင်နေလို့ ထင်ပါရဲ့။
.
.
.
.
.
"ရိပေါ်"

"အာ...အကိုလာလေ ဘာကိစ္စရှိလို့လဲ"

"ကိစ္စရှိမှ ကိုယ်လာမှာလား"

"အဲ့လိုသဘောမဟုတ်ပါဘူးဗျာ "

ချန်ရွှမ်းက ဒီနောက်ပိုင်းမှာ အချိန်ရလျှင်ရသလို ရိပေါ်ဆီသာလာတော့သည်။ ရိပေါ်နှင့်
အလာပသလာပ ပြောရင်းသူ့ရဲ့နားချိန်လေးကို အသုံးပြုတတ်သည်။

"အကို့ကို မြို့အုပ်ထပ်ဆူသေးလား"

"ဟင့်အင်း... စကားတောင်မပြောပါဘူး စိတ်ဆိုးသွားတယ်ထင်တယ်"

"အဲ့ဒါ ကျွန်တော့်ကြောင့်ပါ"

"မဟုတ်တာ ရိပေါ်ရယ် အဲ့လိုကြီးမတွေးပါနဲ့"

"အကို့ကို ပြောပြစရာရှိတယ်"

"ပြောလေ ရိပေါ် ကိုယ်နားထောင်ပေးမယ်"

"ဟို...အကို့ကို ပထမဆုံးပြောပြမှာနော် ကျွန်တော် ဘယ်သူ့ကိုမှတောင်ပြောမပြဖြစ်သေးဘူး"

"အင်းပါ ရိပေါ်ရဲ့ ပြောချည်"

"မြို့အုပ်ရှောင်းကလေ...ဟို"

"အင်း မြို့အုပ်ရှောင်းကဘာဖြစ်လဲ"

"မြို့အုပ်ရှောင်းက ကျွန်တော့်ကို ချစ်ခွင့်ပန်ထားတယ်"

"ဘယ်လို!!"

ချန်ရွှမ်းအသည်းကို ဓားနဲ့ခွဲပြီးဆားသိပ်လိုက်သလိုပါပဲ။ ကြားလိုက်ရတဲ့ စကားက နားထဲသံရည်ပူလောင်းထည့်ခံရသကဲ့သို့ ပူလောင်လွန်းသည်။ ဝမ်ရိပေါ်ကို သူအရင်ဆုံးတွေ့ပြီး အရင်ဆုံးသဘောကျခဲ့တာ...။ ပိုင်ဆိုင်ရမယ့်လူက သူမဟုတ်ဘူးဆို အဓိပ္ပါယ်ရှိပါ့မလား။

_____________________________

မနက်ဖြန်ကစပြီး သင်တန်းရော အလုပ်ရော ပြန် run ရပြီမို့ update ကြာခဲ့ရင် သည်းခံပေးကြပါအုံး လူကြီးမင်းတို့ရေ..။

Thanks For your vote & feedback
my essential readers ❤

Wang's

Zawgyi

ဒီလက္ရွည္ရွည္ သြယ္သြယ္တစ္စုံက ရိေပၚခါးကို အညင္သာဆုံး ဖက္ထားျပန္ၿပီ။

"ကြၽန္ေတာ္ ၿမိဳ႕အုပ္ေရွာင္းကို ခ်စ္မခ်စ္မသိေသးဘူး"

"အင္း ဆက္ေျပာ..."

"ကြၽန္ေတာ့္ခါးကို ၿမိဳ႕အုပ္ေရွာင္းအခုလိုဖက္ထားေပးတာမ်ိဳး.... ကြၽန္ေတာ္တကယ္သေဘာက်တယ္"

"ဝမ္မ်ိဳးရိုးက သေဘာက်တယ္ဆို က်ဳပ္ကတစ္သက္လုံးအတြက္ဖက္ထားေပးမွာေပါ့"

"ဘာလို႔အခြန္ကို ဒီေန႕ေကာက္ခိုင္းလိုက္တာလဲ ၊ အဆင္မေျပေသးတဲ့သူေတြ အမ်ားႀကီးရွိေသးတယ္"

"ဝမ္မ်ိဳးရိုးကေပးစရာမလိုဘူး ၊ က်ဳပ္နားရွိေနေပးရင္ရၿပီ"

"မဟုတ္ဘူး!! ကြၽန္ေတာ္ေပးၿပီးၿပီ ၊ က်န္တဲ့သူေတြအတြက္ေျပာေနတာ"

"ဒီလ ေနာက္ဆုံးအပတ္ထိ က်ဳပ္အခြင့္အေရးေပးထားတာပဲ"

"ဟင္! အကို ေျပာေတာ့..."

ၿမိဳ႕အုပ္ေရွာင္းက ရိေပၚကို မ်က္လုံးစူးစူးတို႔ျဖင့္ၾကည့္ေတာ့ ေျပာလက္စ စကားကို ရပ္ပစ္သည္။ သူသေဘာမက်တဲ့သူအေၾကာင္း သူ႕ေရွ႕မွာ မေျပာသင့္ဘူးေလ။

"ဆက္မေျပာေတာ့ဘူးလား"

"အင္း ထားလိုက္ေတာ့"

"က်ဳပ္ရဲ႕ မာဖလာ ဝမ္မ်ိဳးရိုးကိုေပးမယ္ဆို ယူခ်င္လား"

"အင္း မာဖလာ ၊ က်ဳပ္ကိုယ္တိုင္ထိုးထားတဲ့ တစ္ခုတည္းေသာမာဖလာ"

"ၿမိဳ႕အုပ္ေရွာင္းက ဒါမ်ိဳးလည္းရတာလား"

"စိတ္ပါမွပါ"

"ကြၽန္ေတာ့္ကိုေရာ စိတ္ပါမွခ်စ္မွာလား"

"ဝမ္မ်ိဳးရိုး က်ဳပ္ကိုခ်စ္ေနၿပီမွတ္လား"

ၿမိဳ႕အုပ္ေရွာင္းဒါမ်ိဳးေတြေျပာရင္ ရိေပၚတကယ္မခံစားနိုင္။ ရင္ေတြတလွပ္လွပ္နဲ႕ ရွက္လြန္းလို႔ အေငြ႕သာျပန္သြားခ်င္သည္အထိပါပဲ။

"အာ...ၿမိဳ႕...ၿမိဳ႕အုပ္ေရွာင္းကလည္း...ကြၽန္ေတာ္... မခ်စ္ပါဘူး"

"ဒါဆို ဘာလို႔ေမးရတာလဲ"

"ဒီတိုင္း... ဒီတိုင္း သိခ်င္လို႔"

"လူေတြက ကိုယ္စိတ္မဝင္စားတဲ့အရာ သေဘာမက်တဲ့အရာမ်ိဳးကို ဂ႐ုစိုက္တတ္လို႔လား"

"ၿမိဳ႕အုပ္ေရွာင္း... ဆက္မေျပာနဲ႕ေတာ့ေနာ္၊ ဒီလို... ဒီလိုဆို က်ဳပ္ ေနာက္ညေတြမလာေတာ့ဘဲေနမွာ"

"ေဟာဗ်ာ...ဒါက်ဳပ္ကို ၿခိမ္းေျခာက္တာလား၊ က်ဳပ္ဆီမဆီရင္ က်ဳပ္ကဝမ္မ်ိဳးရိုးဆီလာမွာ သတၱိရွိရင္လုပ္"

"ဟာ...ခဗ်ား!!"

"သိလား ၊ က်ဳပ္ကို ခဗ်ားဆိုတဲ့ နာမ္စားနဲ႕ ခိုင္းႏွိုင္းေျပာရဲတာ ဝမ္မ်ိဳးရိုးတစ္ေယာက္ပဲရွိတယ္"

"ဟုတ္လား"

"အင္း"

ရိေပၚက ဂုဏ္ဆာသည့္ေလသံျဖင့္ ေမးေတာ့ ၿမိဳ႕အုပ္ေရွာင္း သေဘာက်သည္။

"က်ဳပ္ေမးတာမေျဖဘူးလား"

"ဘာကိုလဲ.."

"က်ဳပ္ရဲ႕ မာဖလာယူမွာလား"

"အင္း ယူမယ္"

"က်ဳပ္ကို အေျဖေပးတဲ့ေန႕က် က်ဳပ္ေပးမယ္!!"

"ဘာလို႔အခုမေပးတာလဲ"

"က်ဳပ္မာဖလာေလ... က်ဳပ္ေပးခ်င္တဲ့ေန႕ေပးမွာေပါ့"

"ၿမိဳ႕အုပ္ေရွာင္းေျပာေတာ့ က်ဳပ္ကိုသေဘာက်တယ္ဆို... ဘာလို႔စကားကို ညင္ညင္သာသာမေျပာတာလဲ"

ရိေပၚက စိတ္တိုသလို ေလသံႏွင့္ေျပာကာ ေက်ာေပးထားရာမွ ၿမိဳ႕အုပ္ေရွာင္းဘက္ကိုလွည့္လိုက္သည္။

"သူမ်ားေတြဆို သေဘာက်တယ္ ခ်စ္တယ္ဆို အၿမဲစကားခ်ိဳခ်ိဳေလးေတြေျပာေနၾကတာ"

"ဝမ္မ်ိဳးရိုး က်ဳပ္ကိုအေျဖေပးမယ့္ေန႕ က်ဳပ္ဘက္ကိုလွည့္လို႔ေျပာထားတယ္ေနာ္... အခု က်ဳပ္ဘက္လွည့္တယ္ဆိုေတာ့"

"မဟုတ္ဘူး ၊ ကြၽန္ေတာ္..."

"က်ဳပ္ေလ...ဒီႏႈတ္ခမ္းဖူးဖူးေလးနဲ႕တင္ ဝမ္မ်ိဳးရိုးဆီ တစ္ဘဝလုံးစာ က်ရႈံးဖို႔လုံေလာက္ၿပီ"

"ၿမိဳ႕အုပ္ေရွာင္း ဒါမ်ိဳးေတြေျပာမေနနဲ႕"

"က်ဳပ္တကယ္ေျပာတာ အခြင့္အေရးတစ္ခါေလာက္ေပးရင္ က်ဳပ္ျဖင့္ အသက္ရႈၾကပ္တဲ့အထိ နမ္းရွိုက္ခ်င္လိုက္တာ"

"မေပးဘူး ၊ ဘာအခြင့္အေရးမွမေပးဘူး"

ရိေပၚက ဟိုဘက္ျပန္လွည့္ဖို႔ ႀကိဳးစားေတာ့ ၿမိဳ႕အုပ္ကလက္မခံေတာ့။ ခႏၶာကိုယ္တစ္ခုလုံးကို လႈပ္မရေအာင္ ဖက္ထားေနၿပီးျဖစ္သည္။

"ျပန္မလွည့္ပါနဲ႕ေတာ့၊ အေျဖမေပးခ်င္ေသးရင္ေတာင္ ဒီတစ္ညက်ဳပ္ရင္ခြင္ထဲ အိပ္စမ္းပါ"

"အင္းအင္း... အရမ္းမဖက္ထားနဲ႕ ကြၽန္ေတာ္အသက္ရႈၾကပ္တယ္"

ၿမိဳ႕အုပ္ေရွာင္းသိတာေပါ့။ ဒီေကာင္ေလးက သူ႕ကိုခ်စ္ေနၿပီ ... သူ႕ကိုယ္သူဝန္မခံခ်င္ေသးတာေလးတစ္ခုပဲ။ ဒီတိုင္းသာဆို အရာရာဟာအဆင္ေျပေတာ့မွာဆိုေပမယ့္ အႏွောက္ဝင္လာမွာေတာ့ ၿမိဳ႕အုပ္ေရွာင္း အင္မတန္ေၾကာက္သည္။

ဘဝမွာ ပထမဆုံးရွင္သန္လာခဲ့တဲ့ အခ်စ္ကို ေကာင္းေကာင္းမြန္မြန္ ႀကီးထြားေစခ်င္သည္။ ဘာျဖစ္ျဖစ္ပါ... လူတစ္ေယာက္ကို တကယ္ခ်စ္မိၿပီဆို အဲ့အရာကိုစြန့္လႊတ္နိုင္ဖို႔လည္း သင္ယူထားရမယ္လို႔ လူေတြကေျပာတယ္မဟုတ္လား။

"က်ဳပ္ကိုခ်စ္လား"

"မသိဘူး"

"က်ဳပ္ တစ္ပတ္တိတိအခ်ိန္ေပးမယ္ ၊ က်ဳပ္အတြက္အေျဖစဥ္းစားေပးထား"

"ဟင္... ဘယ္လိုႀကီးလဲ"

"ဒီလိုႀကီးပဲ"

"ၿပီးေတာ့ က်ဳပ္လိုခ်င္တဲ့အေျဖပဲ ျဖစ္ရမယ္"

"လူညစ္ႀကီး ၿမိဳ႕အုပ္မျဖစ္ရဘူး"

"အိပ္ေတာ့... ဝမ္မ်ိဳးရိုးသာစိတ္ပါရင္ က်ဳပ္ကိုဖက္ထားလို႔ရတယ္"

"စိတ္မပါဘူး"

"စိတ္မပါလည္း ဖက္ထား"

ၿမိဳ႕အုပ္ေရွာင္းကရိေပၚလက္ကိုယူကာ သူ႕ကိုဖက္လိုက္ေစတယ္။ အရွက္ႀကီးသူလည္း နည္းနည္းေလးေတာင္တြန့္ဆုတ္မေနဘဲ ၿမိဳ႕အုပ္ဆႏၵအတိုင္းဖက္ထားလိုက္သည္။ အင္း... ဒီလိုက်ျပန္ေတာ့လည္း ၿမိဳ႕အုပ္ေရွာင္းရဲ႕ရင္ခြင္က သူ႕အတြက္ႏြေးေထြးေနသား။

"ေလာင္းကစား လုပ္တယ္ဆိုတာဟုတ္လား"

"အင္း... ဘာလို႔လဲ"

"ဒီကိုလာတည္းက ေလာင္းကစားလုပ္တာမေတြ႕ဖူးလို႔"

"ေအာ္... ဒါကဒီလိုပါပဲ ၊ ဒါနဲ႕ ဝမ္မ်ိဳးရိုးက က်ဳပ္ကိစၥေတြ တအားစိတ္ဝင္စားေနသလားလို႔"

"ဟာ... မဟုတ္တာဘဲ"

"ေတြ႕လား လိမ္ျပန္ၿပီ"

"ဒါဆိုလည္း စိတ္ဝင္စားတယ္ဗ်ာ ၊ ဘာျဖစ္လဲ...။ ကြၽန္ေတာ္အေျဖေပးရမယ့္ သူအေၾကာင္း အနည္းအက်ဥ္းသိထားရမွာေပါ့"

"အဲ့လိုအမွန္အတိုင္း ဝန္ခံစမ္းပါ၊ က်ဳပ္လိုခ်င္တာ အဲ့ဒါပဲ.. ဝမ္မ်ိဳးရိုးသာ သိခ်င္တယ္ဆို က်ဳပ္က အနည္းအက်ဥ္းမဟုတ္ဘူး က်ဳပ္ခႏၶာကိုယ္မွာ ေမႊးညွင္း ဘယ္ႏွပင္ရွိတယ္ဆိုတာကအစ ေျပာျပမယ္"

"ၿမိဳ႕အုပ္ေရွာင္းက စကားေျပာတာကေတာ့ တကယ္ေကာင္းေနာ္"

"က်ဳပ္ကစကား ေျပာပဲေကာင္းတာမဟုတ္ဘူး"

"ၿမိဳ႕အုပ္ေရွာင္း!!"

"က်ဳပ္ဘားမွ မေျပာရေသးဘူး ရွက္မေနနဲ႕"

"မရွက္ပါဘူး ဘယ္သူကရွက္ေနလို႔လဲ"

"ရွက္ခ်င္လည္းရွက္စမ္းပါ ၊ ဝမ္မ်ိဳးရိုးရွက္ေနတဲ့မ်က္ႏွာေလးလည္း က်ဳပ္ကခ်စ္ပါတယ္"

ၿမိဳ႕အုပ္က ရိေပၚရဲ႕ ေခါင္းလုံးလုံးေလးကို လက္ျဖင့္ပြတ္သပ္လို႔ လစ္ရင္လစ္သလိုလည္း ငုံ႕ငုံ႕နမ္းသည္။

"ကြၽန္ေတာ္အိပ္ခ်င္ၿပီ"

"အင္း က်ဳပ္နားတိုး"

"အရမ္းကပ္ေနၿပီေလ ဒီ့ထက္တိုးရင္ ကြၽန္ေတာ္ ၿမိဳ႕အုပ္ေရွာင္းေပၚေရာက္ေတာ့မယ္"

"က်ဳပ္ေပၚမွာ အိပ္ခ်င္တာလား"

"ေတာ္ၿပီဗ်ာ...အိပ္ေတာ့မယ္"

ခ်စ္ျခင္းေမတၱာေတြက စစ္မွန္ခဲ့လွ်င္ အခ်ိန္တစ္ခုေရာက္တဲ့အခါ ေသခ်ာေပါက္ ေရာင္ျပန္ဟပ္မယ္ဆိုတာကို ၿမိဳ႕အုပ္ယုံသည္။

ရိေပၚ တေရးနိုးလို႔ မ်က္လုံးကိုဖြင့္ၾကည့္ေတာ့
မိုးမလင္းေသး။ လေရာင္ဖ်ဖ် ရွိေသးတာေၾကာင့္ ၂ နာရီ ၃နာရီေလာက္ရွိၿပီလို႔ ခန့္မွန္းမိသည္။

အမွတ္မထင္ဘဲ သူ႕ေဘးမွာ အိပ္ေနတဲ့သူဆီ အၾကည့္ေရာက္တဲ့အခါ သူေတြးမိသည္။ အိပ္ေနတာေတာင္ ၾကည့္ေကာင္းလြန္းေနေအာင္ ဘုရားသခင္က ဘယ္လိုအရာေတြနဲ႕မ်ားဖန္ဆင္းေပးခဲ့သလဲေပါ့။

"ၿမိဳ႕အုပ္ေရွာင္း ခင္ဗ်ားကေလ... တအားၾကည့္ေကာင္းတာပဲ။ ကြၽန္ေတာ္ ခဗ်ားကို ခ်စ္လား မခ်စ္လားေတာ့ ကိုယ္တိုင္မသိေသးဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ခဗ်ားရဲ႕ မ်က္ဝန္းနက္နက္ေတြကို သေဘာက်တယ္၊ ခဗ်ားရဲ႕ ထင္းေနတဲ့ ေမးရိုးေတြ ​၊ ခဗ်ားရဲ႕ ေပ်ာ့ေပ်ာင္းေနတဲ့ ဆံႏြယ္ေတြ ၿပီးေတာ့ ခဗ်ား ႏႈတ္ခမ္းေအာက္ကမွဲ႕နက္ကေလး...၊ ခဗ်ားသိလား ကြၽန္ေတာ္ ေယာက်္ားတစ္ေယာက္ရဲ႕ ကိုယ္ခႏၶာ အစိတ္အပိုင္းေတြကို သေဘာက်မိေနၿပီ"

ရိေပၚက အိပ္ေပ်ာ္ေနတဲ့ ၿမိဳ႕အုပ္ရဲ႕ ပါးကိုတဖြဖြ ပြတ္သပ္ရင္း သူသေဘာက်တဲ့အရာေတြေၾကာင္း ဖြင့္ဟေျပာသည္။ အသက္အ႐ြယ္ ကြာဟေနေပမယ့္လည္း ၿမိဳ႕အုပ္ေရွာင္းကို သေဘာက်ေနတယ္ဆိုတာ ရိေပၚလက္ခံရေတာ့မယ္ထင္တယ္။

မနက္ ၿမိဳ႕အုပ္နိုးေတာ့ ရိေပၚ အနားမွာမရွိေတာ့။ ဒီေကာင္ေလး သူ႕အထက္အရင္နိုးၿပီး ႏႈတ္ေတာင္မဆက္ဘဲ ထြက္သြားေလရဲ႕။ ဘာျဖစ္ျဖစ္ ဒီညေတာ့ ၿမိဳ႕အုပ္ေကာင္းေကာင္းအိပ္ေပ်ာ္သြားတယ္။ ရင္ခြင္ထဲ ျမတ္နိုးရာေလးရွိေနခဲ့တာကို..။

"ညက ဝမ္မ်ိဳးရိုးေျပာတာေတြကိုသာ က်ဳပ္ကၾကားတယ္ဆို အရင္လိုပဲ မ်က္ႏွာေလးရဲၿပီး ရွက္ေနအုံးမလား"

ၿမိဳ႕အုပ္က သေဘာက်စြာၿပဳံးရင္းေျပာသည္။ သူ႕ရဲ႕ ဝမ္မ်ိဳးရိုး ရွက္ေနမယ့္ပုံေလးကို မ်က္လုံးထဲ ျမင္ေယာင္ေနလို႔ ထင္ပါရဲ႕။
.
.
.
.
.
"ရိေပၚ"

"အာ...အကိုလာေလ ဘာကိစၥရွိလို႔လဲ"

"ကိစၥရွိမွ ကိုယ္လာမွာလား"

"အဲ့လိုသေဘာမဟုတ္ပါဘူးဗ်ာ "

ခ်န္႐ႊမ္းက ဒီေနာက္ပိုင္းမွာ အခ်ိန္ရလွ်င္ရသလို ရိေပၚဆီသာလာေတာ့သည္။ ရိေပၚႏွင့္
အလာပသလာပ ေျပာရင္းသူ႕ရဲ႕နားခ်ိန္ေလးကို အသုံးျပဳတတ္သည္။

"အကို႔ကို ၿမိဳ႕အုပ္ထပ္ဆူေသးလား"

"ဟင့္အင္း... စကားေတာင္မေျပာပါဘူး စိတ္ဆိုးသြားတယ္ထင္တယ္"

"အဲ့ဒါ ကြၽန္ေတာ့္ေၾကာင့္ပါ"

"မဟုတ္တာ ရိေပၚရယ္ အဲ့လိုႀကီးမေတြးပါနဲ႕"

"အကို႔ကို ေျပာျပစရာရွိတယ္"

"ေျပာေလ ရိေပၚ ကိုယ္နားေထာင္ေပးမယ္"

"ဟို...အကို႔ကို ပထမဆုံးေျပာျပမွာေနာ္ ကြၽန္ေတာ္ ဘယ္သူ႕ကိုမွေတာင္ေျပာမျပျဖစ္ေသးဘူး"

"အင္းပါ ရိေပၚရဲ႕ ေျပာခ်ည္"

"ၿမိဳ႕အုပ္ေရွာင္းကေလ...ဟို"

"အင္း ၿမိဳ႕အုပ္ေရွာင္းကဘာျဖစ္လဲ"

"ၿမိဳ႕အုပ္ေရွာင္းက ကြၽန္ေတာ့္ကို ခ်စ္ခြင့္ပန္ထားတယ္"

"ဘယ္လို!!"

ခ်န္႐ႊမ္းအသည္းကို ဓားနဲ႕ခြဲၿပီးဆားသိပ္လိုက္သလိုပါပဲ။ ၾကားလိုက္ရတဲ့ စကားက နားထဲသံရည္ပူေလာင္းထည့္ခံရသကဲ့သို႔ ပူေလာင္လြန္းသည္။ ဝမ္ရိေပၚကို သူအရင္ဆုံးေတြ႕ၿပီး အရင္ဆုံးသေဘာက်ခဲ့တာ...။ ပိုင္ဆိုင္ရမယ့္လူက သူမဟုတ္ဘူးဆို အဓိပၸါယ္ရွိပါ့မလား။

_____________________________

မနက္ျဖန္ကစၿပီး သင္တန္းေရာ အလုပ္ေရာ ျပန္ run ရၿပီမို႔ update ၾကာခဲ့ရင္ သည္းခံေပးၾကပါအုံး လူႀကီးမင္းတို႔ေရ..။

Thanks For your vote & feedback
my essential readers ❤

Wang's

Continue Reading

You'll Also Like

914K 17K 10
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
297K 22.5K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...
1.5M 30.4K 23
♥ 🔞🔞🔞🔞🔞🔞🔞🔞🔞 ဒီ fic လေးကတော့ system အမျိုးအစားလေးပါ normalအတွဲလဲပါမယ် blအတြဲလဲပါမွာပါ😚 အများကြီးကြမ်းမှာဖြစ်လို့ warnning..ဒီဖက်ကမ္ဘာမှ fuj...