မနက်မိုးလင်းလို့ဖုန်းဖွင့်ကြည့်တာနဲ့
"Morning ကိုယ့်ရဲ့ကလေးလေး"ဆိုတဲ့စာသားလေးက အမြဲတွေ့ရတတ်တယ်။ ဒီနေ့က ပါးပါးနှင့်
ကိုစိုင်းကို မိတ်ဆက်ပေးရမယ့်နေ့လေ။ အဲ့တာကြောင့် ကျနော်ကိုယ်တိုင်မီးဖိုချောင်ထဲ
ဝင်ပြီး လက်စွမ်းပြရမယ်။
မနက်စောစောစီးစီး မီးဖိုချောင်ထဲဝင်ပြီး
ချက်ပြုတ်နေတဲ့သားကို ကြည့်ရင်း ပြုံးနေမိသည်။
"သားအစောကြီးထနေပါလား"
"ဟုတ်တယ် ပါးပါးနဲ့ ကိုစိုင်းကို အစွမ်းပြမလို့"
"ဟုတ်ပါပြီ"
သားလေးက ရီမောနေတော့ အဖေဖြစ်တဲ့
ကျုပ်က စိတ်ချမ်းသာတယ်လေ။
ကြွေရုပ်က သူ့အဖေနဲ့မိတ်ဆက်ပေးမှာ ဖြစ်တဲ့
အတွက် ဒီနေ့တစ်ရက်လုံး ရုံးမတက်တော့ဘူး။ လုပ်စရာရှိတဲ့ အလုပ်တွေကိုလည်းအကုန်နား ထားလိုက်တယ်။ အဲ့တာမှ ဒီနေ့ အေးအေးဆေးဆေးတွေ့ရမှာလေ။ အိမ်ကထွက်ဖို့ပြင်ရုံပဲ ရှိသေး ဖုန်းမြည်
လာခဲ့တယ်။ သူ့ရဲ့ ချိုသာတဲ့ အသံလေးက အရင်ထွက်ပေါ်လာတယ်။
"ကိုစိုင်း လာပြီလား ကျနော်စောင့်နေတယ်" တဲ့ ဒီကောင်လေးက စကားပြောရင် အရမ်း
ယဉ်ကျေးလွန်းတယ်။
အိမ်ရှေ့က ကားဟွန်းတီးသံကြောင့် ကြွေရုပ်
တစ်ယောက် မီးဖိုချောင်ထဲကနေပြာပြာသလဲနဲ့ ထွက်လာသည်။ ကားပေါ်က ဆင်းလာတဲ့
ကောင်လေးကြောင့် မျက်နှာပေါ်က အပြုံးတွေ ပိုမို တောက်ပလာခဲ့တယ်။
"ကိုစိုင်း အိမ်ပေါ်လာလေ ကျနော် ထမင်းစားဖို့ သွားခူးလိုက်အုန်းမယ်"
"ကိုယ်ရော ကူညီပေးရမလား"
"ဒီလောက်လေးတော့ ကျနော်လုပ်တတ်ပါ
တယ်"
"ဟုတ်ပါပြီ ကြွေရုပ်ရဲ့"
အရှေ့ကထွက်သွားလေသော ကောင်လေးရဲ့
နောက်ကနေ လိုက်ပြီး ဧည့်ခန်းက ဆိုဖာပေါ်မှာ
ထိုင်နေလိုက်တယ်။ ကြွေရုပ်အဖေက ကျနော်တို့ကို တမင်တကာ ရှောင်ပေးနေတာ ထင်ပါရဲ့။ အခုလို မရှိတော့လဲ လွတ်လွတ်လပ်လပ် နေရတာပေါ့။
"ကိုစိုင်းစားလို့ရပြီ"
"အင်း...ကိုယ်လာပြီ"
ထမင်းစားဖို့ ဝင်လိုက်တော့ ထမင်းစားပွဲမှာထိုင် နေတဲ့ကြွေရုပ်ရဲ့အဖေကိုတွေ့လိုက်ရတယ်။
ကျုပ်လည်း ဘာမှမပြောဘဲ နေရာမှာဝင်ထိုင်
လိုက်တယ်။
"ကိုစိုင်း ထည့်စားလေ ကိုစိုင်းကြိုက်တာတွေပဲ
အကုန်ချက်ထားတာ"
"ဟုတ်ကဲ့ပါဗျ"
ကိုစိုင်းစားဖို့အတွက် မနက်မိုးလင်းကတည်းက
ကိုစိုင်းကြိုက်တဲ့ ချဉ်ပေါင်ရွက်ကြော်၊
ရုံးပတီသီးချက်၊ ပုစွန်တုပ်ချက်၊ ငါးငပိကောင်ကို
ငရုတ်သီးနဲ့ သေသေချာချာလေးချက်ပေးထားတာ။ ကျနော်က အစပ်မစားနိုင်လို့ ဒေါ်ကျင့်ကို မြည်းခိုင်းရတယ်။ ပုစွန်တုပ်က ကျနော်နဲ့
မတည့်တော့ ဒေါ်ကျင့်ကိုပဲ ထပ်မြည်းခိုင်းရ
တယ်။ ဒေါ်ကျင်ဆို ဒီနေ့သနားပါတယ် ကျနော်ခေါ်လို့ မီးဖိုချောင်ထဲဝင်လာလိုက်
ပြန်ထွက်သွားလိုက်နဲ့။
"ထမင်းစားပြီးသွားပြီဆိုတော့ အချိုတည်းဖို့ သား မနက်ကလုပ်ထားတဲ့ ကျောက်ကျောသွား
ယူလိုက်အုန်းမယ် ပါးပါး"
"ကောင်းတာပေါ့ ပါးပါးလည်း ကျောက်ကျော စားချင်နေတာနဲ့အတော်ပဲ"
"သားက ကြိုသိနေတယ်လေ ဟဲ..ဟဲ"
"သွားယူလိုက်တော့လေ"
ဒီကောင်လေးက ယောကျာ်းလေးတစ်ယောက် ဖြစ်ပြီး အိမ်မှုကိစ္စတွေကို ဘယ်လိုလုပ် လုပ်နိုင် နေရတာလဲ။ ဒါဟာ ငါ့ကိစ္စမဟုတ်ပါဘူးလေ။ မီးဖိုချောင်ထဲကနေ ထိုကောင်လေးယူလာတဲ့ ကျောက်
ကျောကို ကြည့်လိုက်တော့ ကျုပ်အကြိုက် အုန်းသီး ကျောက်ကျောဖြစ်နေတယ်။ အရသာကတော့ ပြောစရာမလိုအောင် ကောင်းသည်။
"ကိုစိုင်း စားလို့ကောင်းရဲ့လား"
"ကိုယ်စားဖူးတဲ့ကျောက်ကျောတွေထဲမှာ
ကြွေရုပ်လုပ်ကျွေးတဲ့ ကျောက်ကျော
အကောင်းဆုံးပဲ"
"ကိုစိုင်းကလည်း"
ကျုပ်အရှေ့မှာ နှစ်ယောက်သား သာယာနေ
လိုက်ကြတာ။ ကျုပ်ရှိနေတယ်ဆိုတာ သိရော သိသေးရဲ့လား။
"အဟမ်း..အဟမ်း..မောင်ရင့် မိဘတွေ
အကြောင်း အန်ကယ့်ကိုပြောပြပါအုန်း"
" ဟုတ်ကဲ့ ကျွန်တော့်မှာ မိဘတွေမရှိကြတော့ပါဘူး အဖေဆုံးသွားပြီးကတည်းက အမေကပဲ ကျွန်
တော့်ကိုစောင့်ရှောက်ပေးနေတာ။
နောက်တော့အမေက အကြွေးတွေများပြီး
နေမကောင်းဖြစ်နေတာကို အကြွေးရှင်တွေက အမေ့ကိုသတ်သွားတယ်လေ။"
"သားရဲ့ မိဘတွေအကြောင်း သိရတာ
အန်ကယ် စိတ်မကောင်းပါဘူး"
"ရပါတယ် အန်ကယ်"
ခင်ဗျားကြောင့် ကျုပ်အမေ သေရတာကို
မသိချင်ယောင်ဆောင်နေတဲ့ ခင်ဗျားကို ကျုပ် သတ်မိတော့မယ်။
"ပါးပါး သားတို့အရင်အိမ်ဘေးမှာနေတဲ့
အန်တီဖြူတို့သားမိကို မမှတ်မိလား အန်တီရဲ့သားနဲ့ကျနော်နဲ့တောင်ဆော့သေးတယ်လေ"
"အေး..မှတ်မိတယ်လေ ဘာဖြစ်လို့လဲ"
"အဲ့အန်တီရဲ့သားက ကိုစိုင်းဗျ.."
"ဟေ..ဟုတ်လား"
"ဟုတ်တယ် သားလည်း အံ့ဩနေတာ အဲ့တာ
ကြောင့်"
"အဲ့ကလေးလေးတောင် ဒီအရွယ်ရောက်နေပြီပဲ
ပါးပါး ဒီနေ့ရုံးကို သွားစရာရှိသေးတယ် သားတို့ လွတ်လွတ်လပ်လပ်နေကြပေါ့ကွာ ပါးပါးတော့ သွားပြီ"
သားရဲ့ချစ်သူက သားငယ်ငယ်တုန်းကအသိဆိုတော့ သားအတွက် ကျုပ်က စိတ်ချရတာပေါ့။ သူတို့နှစ်ယောက်တည်း အတူတူရှိစေချင်တာ ကြောင့် အိမ်ကနေ တမင်တကာရှောင်ထွက်လာခဲ့
လိုက်တယ်။
"ကြွေရုပ်..ကိုယ့်ကို ကြွေရုပ်ရဲ့အခန်းလိုက်ပြ ပါလား"
"ဟုတ်ကဲ့ လာလေ"
တော်ပါသေးရဲ့ မနက်က အခန်းကို သန့်ရှင်းရေး
လုပ်ထားလို့။ ပုံမှန်ဆိုရင် အခန်းကို
သန့်သန့်ရှင်းရှင်း ထားပေမယ့် ဒီတစ်ပတ်
အလုပ်တွေအရမ်းများနေလို့ အခန်းမရှင်းမိဘူး။ မနက်ကမှ အခန်းထဲ ဝင်ပြီး မြန်မြန်
သန့်ရှင်းရေး လုပ်ရတယ်။
ထိုလူသားလေးရဲ့အခန်းထဲကိုကြည့်လိုက်တော့ လိုက်ကာ၊ စားပွဲ၊ ဗီဒို၊ ကုတင်၊ စောင် စသည့် အရာရာတိုင်းဟာ အဝါရောင်တွေဖြစ်နေတယ်။ ဒီကောင်
လေးက အဝါရောင်ကိုတော်တော် ဆွဲလမ်းနေတာပဲ။ ကျုပ်ရဲ့အကြည့်က စားပွဲခုံပေါ်က အဝါရောင် ဗူးလေးပေါ် မျက်စိရောက်သွားတယ်။
"ကိုယ် ဒီဗူးလေးကို ဖွင့်ကြည့်လို့ရမလား"
"ရတယ်လေ ကိုစိုင်း"
ဗူးလေးကို ဖွင့်ကြည့်လိုက်တော့ ဗူးလေးထဲမှာ ကျူးလစ်ပန်းလေးကိုတွေ့လိုက်ရတယ်။
ကျူးလစ်ပန်းလေးက ညိုးနွမ်းပြီး
ခြောက်ကပ်နေတယ်။ ကြည့်ရတာ ဗူးထဲမှာ ထည့်ပြီး သိမ်းထားတာ တော်တော်ကြာပြီ
ထင်ပါရဲ့။
"ဘယ်လောက်တန်ဖိုးရှိနေလို့ ဒီလိုသိမ်းထားရတာလဲ"
"ကျနော့်အတွက်တော့ တန်ဖိုးရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်သိပ်ချစ်ရတဲ့ ကိုစိုင်း ပေးထားလို့လေ"
"........"
ခဏတာ ဒီအခန်းလေးက ငြိမ်သက်သွားခဲ့
တယ်။ ကြွေရုပ်ကတော့ ထိုဗူးလေးကိုကြည့်နေ
ခဲ့တယ်။ ကြွေရုပ်က ကျနော့်အပေါ် ငယ်ငယ်
ကတည်းက မေတ္တာရှိနေတာလား။
*မင်းအဖေကြောင့်သာမဟုတ်ရင် ငါလည်း မင်းကို မေတ္တာစစ် ပြန်ပေးမိမှာ*
အခုတော့ အပြစ်တင်ချင်ရင် မင်းအဖေကိုပဲ တင်တော့။
ကျုပ်ဘေးက ကောင်လေးက ကုတင်ပေါ်ကနေ ထပြီး ပြတင်းပေါက်ကိုကြည့်နေတယ်။ ပြီးတော့ "ကိုစိုင်း မြန်မြန်လာ"လို့ပြောပြီး အခန်းထဲကနေ ပြေးထွက်သွားတယ် ။ ကျုပ်လည်း သူ့နောက်ကနေ အမြန်ပြေးလိုက်သွားသည်။ သူခြံတံခါးဖွင့်ပြီး
အပြင်ဘက်ကိုပြေးသွား
တယ်။ နောက်တော့ သူ့ရဲ့အသံကိုကြားလိုက်ရလို့ ကြည့်လိုက်တော့။ ရေခဲမုန့်ဝယ်နေတာဖြစ်
နေတယ်။
*ရေခဲမုန့်စားဖို့ အခုလိုပြေးလာရတယ်တဲ့လား*
ကျုပ်သူ့အနားလည်း ကပ်သွားရော
"ကိုစိုင်းအတွက်ပါ ကျနော်ဝယ်လိုက်မယ်" တဲ့
"ဦးလေး ရေခဲမုန့် ၂ခွက် ဘယ်လောက်ကျလဲ"
"၄၀၀ပါ ငါ့တူရီးရေ"
"ဘယ်လိုလုပ်မလဲ ကျနော့်မှာ အကြွေမပါဘူး ၅၀၀၀တန်ပဲရှိတယ်"
"ဦးလေးကလည်း ခုမှဈေးဦးပေါက်တာ "
"အဲ့တာဆို ယူလိုက်တော့ဗျာ"
"ဦးလေး မယူရပါစေနဲ့"
"ယူပါဆိုဗျာ"
ရေခဲမုန့်ရောင်းတဲ့ ဦးလေးကြီးလက်ထဲကနေ
ရေခဲမုန့်၂ခွက်ကို ယူပြီး ကျုပ်အတွက် ၁ခွက် ပေးတဲ့ကောင်လေးကို ကျုပ်တော့ နားမလည်
နိုင်တော့ဘူး။ ဒီကောင်လေးက အခုတော့ တော်တော်ပျော်နေရှာတယ်။
"ကိုယ်တော့ မင်းကိုနားမလည်နိုင်ဘူး အခုလို ရေခဲမုန့်စားဖို့ အိမ်ထဲကနေ အဝေးကြီး ပြေးလာရတယ်
လို့ မင်းစားချင်ရင် ကိုယ်ဆိုင်မှာ လိုက်ဝယ်ကျွေးမှာပေါ့"
"ဆိုင်မှာစားရတာထက် အခုလို လှည်းနဲ့လာ
ရောင်းတဲ့သူဆီမှာ စားရတာ ပိုပြီးကောင်းတယ်။ကျနော်အခုလိုစားတယ်ဆိုတာ သူတို့ကိုလှူချင်လို့စားတာ သူတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ဒီတိုင်းပိုက်ဆံပေးလိုက်ရင် သူတို့ကိုအထင်သေးလို့ပေးတယ်လို့ထင်မှာဆိုးလို့ပါ။အမှန်တိုင်းပြောရရင် ကျနော့်အိပ်ကပ်ထဲမှာ အကြွေပါတယ်။ တမင်တကာ၅၀၀၀တန်ပေးလိုက်တာ"
"........"
ကြွေရုပ်ရဲ့ စကားအဆုံးမှာ ကျနော်ဘာစကားမှ ပြန်မပြောနိုင်တာ အမှန်ပါ။ ဒီကောင်လေးက စိတ်ကောင်းရှိလွန်းတယ်။ ၂၀၀တန် ရေခဲမုန့်ကို စားပြီး ပျော်ရွှင်နေတာက ကလေးတစ်ယောက် လိုပဲ။
အချိန်အားဖြင့် ၄နာရီခွဲ ကောင်းကင်ဟာ
နေဝင်တာကြောင့် နီညိုရောင်လေးပြောင်းနေခဲ့
တယ်။ လေစိမ်းတွေဟာလည်း တိုက်နေဆဲပါ။
ကျုပ်နဲ့အတူ လမ်းလျှောက်လာတဲ့ကောင်လေးကတော့ ပျော်ရွှင်စွာနဲ့ လက်ထဲက ရေခဲမုန့်ကို စားပြီး အိမ်ပြန်လာခဲ့တယ်။
"ကိုယ်ပြန်တော့မယ် ကြွေရုပ်"
"မိုးတောင်မှောင်တော့မယ် အိမ်ပြန်တဲ့လမ်းမှာ ကားကို ဂရုစိုက်မောင်းနော် နောက်တစ်ခါမှပဲ ကိုစိုင်းကို ရေခဲမုန့် ဝယ်ကျွေးတော့မယ်"
"ဟုတ်ပါပြီ ကိုစိုင်းအတွက်ဆိုပြီး
နောက်တစ်ခါကိုယ့်ရဲ့ရေခဲမုန့်ပါထပ်မလုစားနဲ့"
"မလုစားပါဘူး ဟွန်း..."
"ကိုယ်ပြန်ပြီနော်"
"ဟုတ်"
ကြွေရုပ်တစ်ယောက် ခြံထဲကနေ တစ်ရွေ့ရွေ့ ထွက်သွားသော ကား ကိုကြည့်ပြီးမှ အိမ်ထဲကို
ဝင်လာခဲ့တော့သည်။
အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး
အကြောင်းတစ်ခုကို တွေးနေမိသည်။
အိမ်ရောက်တော့လည်း တွေးနေမိသည်။
ဘာပဲလုပ်လုပ် အဲ့အကြောင်းကိုပဲ ထပ်တွေးနေမိသည်။
*ကို့လုပ်ရပ်က မှားနေပြီလား ကြွေရုပ်*
La Yaung Nge(1.3.2022)
Voteတွေအရမ်းနည်းသွားလို့ စာရေးရတာ
တောင် အားမရှိဘူး။ Voteတွေ၊Comment တွေက ကိုယ့်ရဲ့အားဆေးပါ။ ဒီနေ့ဆို 'ဝဲ'လေးရေးတာ ၁လ ပြည့်ခဲ့ပြီ။
မနက္မိုးလင္းလို႔ဖုန္းဖြင့္ၾကည့္တာနဲ႔
"Morning ကိုယ့္ရဲ႕ကေလးေလး"ဆိုတဲ့စာသားေလးက အၿမဲေတြ႕ရတတ္တယ္။ ဒီေန႔က ပါးပါးႏွင့္
ကိုစိုင္းကို မိတ္ဆက္ေပးရမယ့္ေန႔ေလ။ အဲ့တာေၾကာင့္ က်ေနာ္ကိုယ္တိုင္မီးဖိုေခ်ာင္ထဲ
ဝင္ၿပီး လက္စြမ္းျပရမယ္။
မနက္ေစာေစာစီးစီး မီးဖိုေခ်ာင္ထဲဝင္ၿပီး
ခ်က္ျပဳတ္ေနတဲ့သားကို ၾကည့္ရင္း ၿပဳံးေနမိသည္။
"သားအေစာႀကီးထေနပါလား"
"ဟုတ္တယ္ ပါးပါးနဲ႔ ကိုစိုင္းကို အစြမ္းျပမလို႔"
"ဟုတ္ပါၿပီ"
သားေလးက ရီေမာေနေတာ့ အေဖျဖစ္တဲ့
က်ဳပ္က စိတ္ခ်မ္းသာတယ္ေလ။
ေႂကြ႐ုပ္က သူ႔အေဖနဲ႔မိတ္ဆက္ေပးမွာ ျဖစ္တဲ့
အတြက္ ဒီေန႔တစ္ရက္လုံး ႐ုံးမတက္ေတာ့ဘူး။ လုပ္စရာရွိတဲ့ အလုပ္ေတြကိုလည္းအကုန္နား ထားလိုက္တယ္။ အဲ့တာမွ ဒီေန႔ ေအးေအးေဆးေဆးေတြ႕ရမွာေလ။ အိမ္ကထြက္ဖို႔ျပင္႐ုံပဲ ရွိေသး ဖုန္းျမည္
လာခဲ့တယ္။ သူ႔ရဲ႕ ခ်ိဳသာတဲ့ အသံေလးက အရင္ထြက္ေပၚလာတယ္။
"ကိုစိုင္း လာၿပီလား က်ေနာ္ေစာင့္ေနတယ္" တဲ့ ဒီေကာင္ေလးက စကားေျပာရင္ အရမ္း
ယဥ္ေက်းလြန္းတယ္။
အိမ္ေရွ႕က ကားဟြန္းတီးသံေၾကာင့္ ေႂကြ႐ုပ္
တစ္ေယာက္ မီးဖိုေခ်ာင္ထဲကေနျပာျပာသလဲနဲ႔ ထြက္လာသည္။ ကားေပၚက ဆင္းလာတဲ့
ေကာင္ေလးေၾကာင့္ မ်က္ႏွာေပၚက အၿပဳံးေတြ ပိုမို ေတာက္ပလာခဲ့တယ္။
"ကိုစိုင္း အိမ္ေပၚလာေလ က်ေနာ္ ထမင္းစားဖို႔ သြားခူးလိုက္အုန္းမယ္"
"ကိုယ္ေရာ ကူညီေပးရမလား"
"ဒီေလာက္ေလးေတာ့ က်ေနာ္လုပ္တတ္ပါ
တယ္"
"ဟုတ္ပါၿပီ ေႂကြ႐ုပ္ရဲ႕"
အေရွ႕ကထြက္သြားေလေသာ ေကာင္ေလးရဲ႕
ေနာက္ကေန လိုက္ၿပီး ဧည့္ခန္းက ဆိုဖာေပၚမွာ
ထိုင္ေနလိုက္တယ္။ ေႂကြ႐ုပ္အေဖက က်ေနာ္တို႔ကို တမင္တကာ ေရွာင္ေပးေနတာ ထင္ပါရဲ႕။ အခုလို မရွိေတာ့လဲ လြတ္လြတ္လပ္လပ္ ေနရတာေပါ့။
"ကိုစိုင္းစားလို႔ရၿပီ"
"အင္း...ကိုယ္လာၿပီ"
ထမင္းစားဖို႔ ဝင္လိုက္ေတာ့ ထမင္းစားပြဲမွာထိုင္ ေနတဲ့ေႂကြ႐ုပ္ရဲ႕အေဖကိုေတြ႕လိုက္ရတယ္။
က်ဳပ္လည္း ဘာမွမေျပာဘဲ ေနရာမွာဝင္ထိုင္
လိုက္တယ္။
"ကိုစိုင္း ထည့္စားေလ ကိုစိုင္းႀကိဳက္တာေတြပဲ
အကုန္ခ်က္ထားတာ"
"ဟုတ္ကဲ့ပါဗ်"
ကိုစိုင္းစားဖို႔အတြက္ မနက္မိုးလင္းကတည္းက
ကိုစိုင္းႀကိဳက္တဲ့ ခ်ဥ္ေပါင္႐ြက္ေၾကာ္၊
႐ုံးပတီသီးခ်က္၊ ပုစြန္တုပ္ခ်က္၊ ငါးငပိေကာင္ကို
င႐ုတ္သီးနဲ႔ ေသေသခ်ာခ်ာေလးခ်က္ေပးထားတာ။ က်ေနာ္က အစပ္မစားႏိုင္လို႔ ေဒၚက်င့္ကို ျမည္းခိုင္းရတယ္။ ပုစြန္တုပ္က က်ေနာ္နဲ႔
မတည့္ေတာ့ ေဒၚက်င့္ကိုပဲ ထပ္ျမည္းခိုင္းရ
တယ္။ ေဒၚက်င္ဆို ဒီေန႔သနားပါတယ္ က်ေနာ္ေခၚလို႔ မီးဖိုေခ်ာင္ထဲဝင္လာလိုက္
ျပန္ထြက္သြားလိုက္နဲ႔။
"ထမင္းစားၿပီးသြားၿပီဆိုေတာ့ အခ်ိဳတည္းဖို႔ သား မနက္ကလုပ္ထားတဲ့ ေက်ာက္ေက်ာသြား
ယူလိုက္အုန္းမယ္ ပါးပါး"
"ေကာင္းတာေပါ့ ပါးပါးလည္း ေက်ာက္ေက်ာ စားခ်င္ေနတာနဲ႔အေတာ္ပဲ"
"သားက ႀကိဳသိေနတယ္ေလ ဟဲ..ဟဲ"
"သြားယူလိုက္ေတာ့ေလ"
ဒီေကာင္ေလးက ေယာက်ာ္းေလးတစ္ေယာက္ ျဖစ္ၿပီး အိမ္မႈကိစၥေတြကို ဘယ္လိုလုပ္ လုပ္ႏိုင္ ေနရတာလဲ။ ဒါဟာ ငါ့ကိစၥမဟုတ္ပါဘူးေလ။ မီးဖိုေခ်ာင္ထဲကေန ထိုေကာင္ေလးယူလာတဲ့ ေက်ာက္
ေက်ာကို ၾကည့္လိုက္ေတာ့ က်ဳပ္အႀကိဳက္ အုန္းသီး ေက်ာက္ေက်ာျဖစ္ေနတယ္။ အရသာကေတာ့ ေျပာစရာမလိုေအာင္ ေကာင္းသည္။
"ကိုစိုင္း စားလို႔ေကာင္းရဲ႕လား"
"ကိုယ္စားဖူးတဲ့ေက်ာက္ေက်ာေတြထဲမွာ
ေႂကြ႐ုပ္လုပ္ေကြၽးတဲ့ ေက်ာက္ေက်ာ
အေကာင္းဆုံးပဲ"
"ကိုစိုင္းကလည္း"
က်ဳပ္အေရွ႕မွာ ႏွစ္ေယာက္သား သာယာေန
လိုက္ၾကတာ။ က်ဳပ္ရွိေနတယ္ဆိုတာ သိေရာ သိေသးရဲ႕လား။
"အဟမ္း..အဟမ္း..ေမာင္ရင့္ မိဘေတြ
အေၾကာင္း အန္ကယ့္ကိုေျပာျပပါအုန္း"
" ဟုတ္ကဲ့ ကြၽန္ေတာ့္မွာ မိဘေတြမရွိၾကေတာ့ပါဘူး အေဖဆုံးသြားၿပီးကတည္းက အေမကပဲ ကြၽန္
ေတာ့္ကိုေစာင့္ေရွာက္ေပးေနတာ။
ေနာက္ေတာ့အေမက အေႂကြးေတြမ်ားၿပီး
ေနမေကာင္းျဖစ္ေနတာကို အေႂကြးရွင္ေတြက အေမ့ကိုသတ္သြားတယ္ေလ။"
"သားရဲ႕ မိဘေတြအေၾကာင္း သိရတာ
အန္ကယ္ စိတ္မေကာင္းပါဘူး"
"ရပါတယ္ အန္ကယ္"
ခင္ဗ်ားေၾကာင့္ က်ဳပ္အေမ ေသရတာကို
မသိခ်င္ေယာင္ေဆာင္ေနတဲ့ ခင္ဗ်ားကို က်ဳပ္ သတ္မိေတာ့မယ္။
"ပါးပါး သားတို႔အရင္အိမ္ေဘးမွာေနတဲ့
အန္တီျဖဴတို႔သားမိကို မမွတ္မိလား အန္တီရဲ႕သားနဲ႔က်ေနာ္နဲ႔ေတာင္ေဆာ့ေသးတယ္ေလ"
"ေအး..မွတ္မိတယ္ေလ ဘာျဖစ္လို႔လဲ"
"အဲ့အန္တီရဲ႕သားက ကိုစိုင္းဗ်.."
"ေဟ..ဟုတ္လား"
"ဟုတ္တယ္ သားလည္း အံ့ဩေနတာ အဲ့တာ
ေၾကာင့္"
"အဲ့ကေလးေလးေတာင္ ဒီအ႐ြယ္ေရာက္ေနၿပီပဲ
ပါးပါး ဒီေန႔႐ုံးကို သြားစရာရွိေသးတယ္ သားတို႔ လြတ္လြတ္လပ္လပ္ေနၾကေပါ့ကြာ ပါးပါးေတာ့ သြားၿပီ"
သားရဲ႕ခ်စ္သူက သားငယ္ငယ္တုန္းကအသိဆိုေတာ့ သားအတြက္ က်ဳပ္က စိတ္ခ်ရတာေပါ့။ သူတို႔ႏွစ္ေယာက္တည္း အတူတူရွိေစခ်င္တာ ေၾကာင့္ အိမ္ကေန တမင္တကာေရွာင္ထြက္လာခဲ့
လိုက္တယ္။
"ေႂကြ႐ုပ္..ကိုယ့္ကို ေႂကြ႐ုပ္ရဲ႕အခန္းလိုက္ျပ ပါလား"
"ဟုတ္ကဲ့ လာေလ"
ေတာ္ပါေသးရဲ႕ မနက္က အခန္းကို သန႔္ရွင္းေရး
လုပ္ထားလို႔။ ပုံမွန္ဆိုရင္ အခန္းကို
သန႔္သန႔္ရွင္းရွင္း ထားေပမယ့္ ဒီတစ္ပတ္
အလုပ္ေတြအရမ္းမ်ားေနလို႔ အခန္းမရွင္းမိဘူး။ မနက္ကမွ အခန္းထဲ ဝင္ၿပီး ျမန္ျမန္
သန႔္ရွင္းေရး လုပ္ရတယ္။
ထိုလူသားေလးရဲ႕အခန္းထဲကိုၾကည့္လိုက္ေတာ့ လိုက္ကာ၊ စားပြဲ၊ ဗီဒို၊ ကုတင္၊ ေစာင္ စသည့္ အရာရာတိုင္းဟာ အဝါေရာင္ေတြျဖစ္ေနတယ္။ ဒီေကာင္
ေလးက အဝါေရာင္ကိုေတာ္ေတာ္ ဆြဲလမ္းေနတာပဲ။ က်ဳပ္ရဲ႕အၾကည့္က စားပြဲခုံေပၚက အဝါေရာင္ ဗူးေလးေပၚ မ်က္စိေရာက္သြားတယ္။
"ကိုယ္ ဒီဗူးေလးကို ဖြင့္ၾကည့္လို႔ရမလား"
"ရတယ္ေလ ကိုစိုင္း"
ဗူးေလးကို ဖြင့္ၾကည့္လိုက္ေတာ့ ဗူးေလးထဲမွာ က်ဴးလစ္ပန္းေလးကိုေတြ႕လိုက္ရတယ္။
က်ဴးလစ္ပန္းေလးက ညိဳးႏြမ္းၿပီး
ေျခာက္ကပ္ေနတယ္။ ၾကည့္ရတာ ဗူးထဲမွာ ထည့္ၿပီး သိမ္းထားတာ ေတာ္ေတာ္ၾကာၿပီ
ထင္ပါရဲ႕။
"ဘယ္ေလာက္တန္ဖိုးရွိေနလို႔ ဒီလိုသိမ္းထားရတာလဲ"
"က်ေနာ့္အတြက္ေတာ့ တန္ဖိုးရွိတယ္။ ဘာလို႔လဲဆိုေတာ့ က်ေနာ္သိပ္ခ်စ္ရတဲ့ ကိုစိုင္း ေပးထားလို႔ေလ"
"........"
ခဏတာ ဒီအခန္းေလးက ၿငိမ္သက္သြားခဲ့
တယ္။ ေႂကြ႐ုပ္ကေတာ့ ထိုဗူးေလးကိုၾကည့္ေန
ခဲ့တယ္။ ေႂကြ႐ုပ္က က်ေနာ့္အေပၚ ငယ္ငယ္
ကတည္းက ေမတၱာရွိေနတာလား။
*မင္းအေဖေၾကာင့္သာမဟုတ္ရင္ ငါလည္း မင္းကို ေမတၱာစစ္ ျပန္ေပးမိမွာ*
အခုေတာ့ အျပစ္တင္ခ်င္ရင္ မင္းအေဖကိုပဲ တင္ေတာ့။
က်ဳပ္ေဘးက ေကာင္ေလးက ကုတင္ေပၚကေန ထၿပီး ျပတင္းေပါက္ကိုၾကည့္ေနတယ္။ ၿပီးေတာ့ "ကိုစိုင္း ျမန္ျမန္လာ"လို႔ေျပာၿပီး အခန္းထဲကေန ေျပးထြက္သြားတယ္ ။ က်ဳပ္လည္း သူ႔ေနာက္ကေန အျမန္ေျပးလိုက္သြားသည္။ သူၿခံတံခါးဖြင့္ၿပီး
အျပင္ဘက္ကိုေျပးသြား
တယ္။ ေနာက္ေတာ့ သူ႔ရဲ႕အသံကိုၾကားလိုက္ရလို႔ ၾကည့္လိုက္ေတာ့။ ေရခဲမုန႔္ဝယ္ေနတာျဖစ္
ေနတယ္။
*ေရခဲမုန႔္စားဖို႔ အခုလိုေျပးလာရတယ္တဲ့လား*
က်ဳပ္သူ႔အနားလည္း ကပ္သြားေရာ
"ကိုစိုင္းအတြက္ပါ က်ေနာ္ဝယ္လိုက္မယ္" တဲ့
"ဦးေလး ေရခဲမုန႔္ ၂ခြက္ ဘယ္ေလာက္က်လဲ"
"၄၀၀ပါ ငါ့တူရီးေရ"
"ဘယ္လိုလုပ္မလဲ က်ေနာ့္မွာ အေႂကြမပါဘူး ၅၀၀၀တန္ပဲရွိတယ္"
"ဦးေလးကလည္း ခုမွေဈးဦးေပါက္တာ "
"အဲ့တာဆို ယူလိုက္ေတာ့ဗ်ာ"
"ဦးေလး မယူရပါေစနဲ႔"
"ယူပါဆိုဗ်ာ"
ေရခဲမုန႔္ေရာင္းတဲ့ ဦးေလးႀကီးလက္ထဲကေန
ေရခဲမုန႔္၂ခြက္ကို ယူၿပီး က်ဳပ္အတြက္ ၁ခြက္ ေပးတဲ့ေကာင္ေလးကို က်ဳပ္ေတာ့ နားမလည္
ႏိုင္ေတာ့ဘူး။ ဒီေကာင္ေလးက အခုေတာ့ ေတာ္ေတာ္ေပ်ာ္ေနရွာတယ္။
"ကိုယ္ေတာ့ မင္းကိုနားမလည္ႏိုင္ဘူး အခုလို ေရခဲမုန႔္စားဖို႔ အိမ္ထဲကေန အေဝးႀကီး ေျပးလာရတယ္
လို႔ မင္းစားခ်င္ရင္ ကိုယ္ဆိုင္မွာ လိုက္ဝယ္ေကြၽးမွာေပါ့"
"ဆိုင္မွာစားရတာထက္ အခုလို လွည္းနဲ႔လာ
ေရာင္းတဲ့သူဆီမွာ စားရတာ ပိုၿပီးေကာင္းတယ္။က်ေနာ္အခုလိုစားတယ္ဆိုတာ သူတို႔ကိုလႉခ်င္လို႔စားတာ သူတို႔က တစ္ေန႔လုပ္မွ တစ္ေန႔စားရတာ။ဒီတိုင္းပိုက္ဆံေပးလိုက္ရင္ သူတို႔ကိုအထင္ေသးလို႔ေပးတယ္လို႔ထင္မွာဆိုးလို႔ပါ။အမွန္တိုင္းေျပာရရင္ က်ေနာ့္အိပ္ကပ္ထဲမွာ အေႂကြပါတယ္။ တမင္တကာ၅၀၀၀တန္ေပးလိုက္တာ"
"........"
ေႂကြ႐ုပ္ရဲ႕ စကားအဆုံးမွာ က်ေနာ္ဘာစကားမွ ျပန္မေျပာႏိုင္တာ အမွန္ပါ။ ဒီေကာင္ေလးက စိတ္ေကာင္းရွိလြန္းတယ္။ ၂၀၀တန္ ေရခဲမုန႔္ကို စားၿပီး ေပ်ာ္႐ႊင္ေနတာက ကေလးတစ္ေယာက္ လိုပဲ။
အခ်ိန္အားျဖင့္ ၄နာရီခြဲ ေကာင္းကင္ဟာ
ေနဝင္တာေၾကာင့္ နီညိဳေရာင္ေလးေျပာင္းေနခဲ့
တယ္။ ေလစိမ္းေတြဟာလည္း တိုက္ေနဆဲပါ။
က်ဳပ္နဲ႔အတူ လမ္းေလွ်ာက္လာတဲ့ေကာင္ေလးကေတာ့ ေပ်ာ္႐ႊင္စြာနဲ႔ လက္ထဲက ေရခဲမုန႔္ကို စားၿပီး အိမ္ျပန္လာခဲ့တယ္။
"ကိုယ္ျပန္ေတာ့မယ္ ေႂကြ႐ုပ္"
"မိုးေတာင္ေမွာင္ေတာ့မယ္ အိမ္ျပန္တဲ့လမ္းမွာ ကားကို ဂ႐ုစိုက္ေမာင္းေနာ္ ေနာက္တစ္ခါမွပဲ ကိုစိုင္းကို ေရခဲမုန႔္ ဝယ္ေကြၽးေတာ့မယ္"
"ဟုတ္ပါၿပီ ကိုစိုင္းအတြက္ဆိုၿပီး
ေနာက္တစ္ခါကိုယ့္ရဲ႕ေရခဲမုန႔္ပါထပ္မလုစားနဲ႔"
"မလုစားပါဘူး ဟြန္း..."
"ကိုယ္ျပန္ၿပီေနာ္"
"ဟုတ္"
ေႂကြ႐ုပ္တစ္ေယာက္ ၿခံထဲကေန တစ္ေ႐ြ႕ေ႐ြ႕ ထြက္သြားေသာ ကား ကိုၾကည့္ၿပီးမွ အိမ္ထဲကို
ဝင္လာခဲ့ေတာ့သည္။
အိမ္ျပန္လာတဲ့ လမ္းတစ္ေလွ်ာက္လုံး
အေၾကာင္းတစ္ခုကို ေတြးေနမိသည္။
အိမ္ေရာက္ေတာ့လည္း ေတြးေနမိသည္။
ဘာပဲလုပ္လုပ္ အဲ့အေၾကာင္းကိုပဲ ထပ္ေတြးေနမိသည္။
*ကို႔လုပ္ရပ္က မွားေနၿပီလား ေႂကြ႐ုပ္*
La Yaung Nge(1.3.2022)
Voteေတြအရမ္းနည္းသြားလို႔ စာေရးရတာ
ေတာင္ အားမရွိဘူး။ Voteေတြ၊Comment ေတြက ကိုယ့္ရဲ႕အားေဆးပါ။ ဒီေန႔ဆို 'ဝဲ'ေလးေရးတာ ၁လ ျပည့္ခဲ့ၿပီ။