Superstars Of Tomorrow ( Myan...

By C_Chilli69

14.9K 2K 74

Original author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Source: https://allnovelfull.com/ Status in COO : 507 c... More

Description
Chap 1.1 ကပ်ဘေးအဆုံးသတ်ပြီးနောက် ကမ္ဘာသစ်
Chap 1.2
Chap 2 အနက်ရောင်လမ်း(သို့)မှောင်ခိုလမ်း
Chap 3 မင်းသူငယ်ချင်းက အောင်မြင်သွားပြီ
Chap 4 ပုံရိပ်ယောင်အနုပညာရှင်များ
Chap 5 စွမ်းရည်သစ်ပြိုင်ပွဲ
Chap 6 အပြင်းအထန်ကြိုးစားရခြင်း
Chap 7 အရည်အချင်း
Chap 7 အရည်အချင်း
Chap 8 အမိုက်စားနိုးထမှု
Chap 9 ဒါဆို မင်းက ဒီလို အတွင်းရေးမှုးလေးပေါ့
Chap 10 ပြုတ်သွားပြီ
Chap 10- ပြုတ်သွားပြီ
Chap 11 ကျော်တက်သွားပြီ
Chap 12 ချောင်ထိုးခံထားရတဲ့ ပုံရိပ်ယောင်အနုပညာရှင် ပရောဂျက်
Chap 13 ဒီတာဝန်ကို မင်းဆီလွှဲထားလိုက်ပြီ
Chap 14.1 အရမ်းကြီးမမျှော်လင့်ထားနဲ့ ကောင်လေး
14.2
14. 2 Zawgyi
Chap 15 ကြယ်ပွင့်တွေနောက်လိုက်ဖူးလား


435 40 1
By C_Chilli69

ZG

အနက်ရောင်လမ်း (မှောင်ခိုလမ်း) ဆိုတာဘာလဲ??
နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အဆောက်အအုံများမှာလဲ အထပ်ရေ ပိုမိုများပြားလာခဲ့တယ် မိုးမျှော်အဆောက်အဉီးတွေများပြားတဲ့နေရာဖြစ်တဲ့အတွက် အောက်ခြေ လမ်းသွယ်များကို နေရောင်မရောက်နိုင်ပေ ဒါကြောင့်လမ်းသွယ်များမှာ နေ့အချိန်၌ပင် မှောင်မဲနေသည် ထိုလမ်းမျိုးကို အနက်ရောင်လမ်း (မှောင်ခိုလမ်း) ဟု ခေါ်ကြသည်

လက်ရှိ Fang Zhao နေထိုင်ရာတစ်ဝိုက်သည်အထပ် ၁၀၀ ကျော်မြင့်သော အဆောက်အဉီးများနှင့်ပြည့်နေသည် ထိုအဆောက်အဉီးများမှာ တစ်ခုနှင့် တစ်ခုအနည်းငယ်ဟနေပြီး ထိုအဟကြားအောက်ခြေတွင် မှောင်ခိုလမ်းများရှိသည် ထိုလမ်းတွင်နေထိုင်သူများကို ကွက်လပ်ဖြည့်သူများဟု ခေါ်ကြသည် ၄မှာနားခံသာအောင်ခေါ်ခြင်းသာဖြစ်ပြီးအမှန်မှာ ဆင်းရဲနိမ့်ကျသူများဟု ခေါ်ခြင်းသာဖြစ်သည်

မှောင်ခိုလမ်းများမှာ အခြေအနေဆိုးဝါးပြီး နေရောင်မရဘဲ အမြဲမှောင်နေတာကြောင့် အန္တရာယ်လည်းများကြသည်

မူလပိုင်ရှင်မှာ တေးသံသွင်းကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ပြီးနောက် ကျောင်းပြင်ပသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည် တစ်ယောက်တည်းနေခြင်းသည် ဖန်တီးနိုင်စွမ်းမြင့်ပြီးသီးသန့်ဆန်ကာ အလုပ်လုပ်ရအဆင်ပြေစေသည် သို့သော် သူ့ကိုယ်ပိုင်ငွေကြေးမှာ အကန့်အသတ်ရှိသောကြောင့် မှောင်ခိုလမ်းမှ ကွန်တိန်နာပုံစံ အခန်းကျဉ်းလေးလောက်သာတတ်နိုင်ခဲ့သည် ဒါကြောင့် မူလပိုင်ရှင်သည်အလုပ်မှ ငွေရလျှင်ဒီနေရာမှပြောင်းဖို့စီစဉ်ထားသော်လည်း အလုပ်ပြန်မအပ်မီ သူအယုံကြည်ရဆုံးသူ၏သစ္စာဖောက်မှုကိုခံလိုက်ရသည်

မူလပိုင်ရှင်မှာ Fang Sheng နဲ့ သူ့ရည်းစားဟောင်း Si Hong၊ အချင်းချင်းစေ့စပ်ထားတဲ့ Zeng Huang နဲ့ Wan Yue ဆိုသည့် ငယ်သူငယ်ချင်း လေးယောက်ရှိသည် သူတို့၅ယောက်မှာ ငယ်ငယ်ကတည်းက အဆောက်အဉီးတစ်ခုထဲတွင် အတူတူနေထိုင်ကြီးပြင်းလာကြသူများဖြစ်သည် ကံမကောင်းချင်တော့ အလယ်တန်းလောက်မှာ အဆောက်အအုံတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နေထိုင်သူဉီးရေ ၁၀ ပုံ ၁ ပုံသာ အသက်ရှင်ခဲ့သည် အဆောင်မှာနေတဲ့ ကျောင်းသားများသာ အသက်ရှင်ကျန်ခဲ့ခြင်းဖြစ်သည်

အစိုးရက လျော်ကြေးငွေ အများအပြား ပေးပြီး လူမှုဖူလုံရေးစနစ်ကိုတည်ထောင်ကာ ထောက်ပံ့ပေးခဲ့သောကြောင့်သာ သူတို့ကျောင်းပြီးအောင်တတ်နိုင်ခဲ့ကြခြင်းဖြစ်သည် မူလတန်းနဲ့ အလယ်တန်းကို ၅ ယောက်အတူတက်ခဲ့ပြီးကောလိပ်ကိုလည်းချီအန်းမြို့တွင် အတူတူဆက်တက်ခဲ့ကြသည် ၅ ယောက်လုံးမှာ တက္ကသိုလ်အသီးသီးရွေးချယ်ခဲ့ကြပြီး အချင်းချင်းအဆက်အသွယ်ရှိကြသည်  သို့သော် ငယ်စဉ်ကလောက် မရင်းနှီးကြတော့ပေ
ကမ္ဘာပျက်ပြီးနောက် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဂြိုလ်တစ်ခုလုံးကို တစ်ခုတစ်စည်းထဲ ဖြစ်စေခဲ့သည် ထိုမဟာမိတ်ကို အဓိကတိုက်ကြီး ရှစ်ခုနှင့် အထူးတိုက်ကြီး လေးခု ၊ ပေါင်း တိုက်ကြီး ၁၂ ခုတို့ဖြင့် ဖွဲ့စည်းထားသည်
Fang Zhao သည် အဓိက တိုက်ကြီး ရှစ်ခုအနက်မှ တစ်ခုဖြစ်သည့် နိုင်ငံရေးနှင့် ဘဏ္ဍာရေးအချက်အချာ ဖြစ်သော ချီအန်း၏ မြို့တော် ရန်ကျိုး တွင် နေထိုင်ခဲ့သည်။
မူလပိုင်ရှင်သည် သူငယ်ချင်း ၅ ယောက်တွင် အတော်ဆုံးဖြစ်ပြီး ရန်ကျိုးမြို့၏ အကောင်းဆုံး ဂီတကျောင်း ဖြစ်သော ချီအန်းဂီတအကယ်ဒမီတွင် တက်ရောက်နိုင်ခဲ့သည်

ခေတ်သစ်စတင်ချိန်ကတည်းက ချီအန်းဂီတ အကယ်ဒမီ၏တေးရေးဌာနသည် Yanzhou ၏သြဇာအရှိဆုံးတေးရေးဆရာအယောက်တစ်ရာစာရင်းတွင် တစ်ဝက်နီးပါးပါဝင်ခဲ့သည်။ ၄တို့ထဲ ကမ္ဘာလုံးအဆင့် သြဇာလွှမ်းမိုးမှုရှိတဲ့ တေးရေးဆရာတွေလည်း ပါဝင်ကြတယ်။ ဒါ့ကြောင့်  အကယ်ဒမီသည် လူများစွာရဲ့အိပ်မက်တစ်ခုဖြစ်လာသည်။

တေးရေးဌာန၏နောက်ဆုံးနှစ် ကျောင်းသားများအများစုသည် ဘွဲ့မယူမီကတည်းက တေးသံသွင်းကုမ္ပဏီများနှင့် စာချုပ်ချုပ်လေ့ရှိကြပြီး မူလပိုင်ရှင်လည်း ၄တို့ထဲမှတစ်ယောက်ဖြစ်သည် ဘွဲ့မရမီ နှစ်ဝက်အလိုလောက်တွင် ရန်ကျိုး၏ အဓိက ဖျော်ဖြေရေး လုပ်ငန်းစုကြီး သုံးခုထဲမှ တစ်ခုဖြစ်သည့် ငွေတောင်ပံ မီဒီယာလုပ်ငန်းစုနှင့် ခြောက်လကြာ အလုပ်သင် စာချုပ်ကို ချုပ်ဆိုခဲ့သည်။

အလုပ်သင်ပထမသုံးလတာကာလအတွင်း မူလပိုင်ရှင်သည် စီနီယာများ၏လက်တိုလက်တောင်းကိစ္စများကိုဆောင်ရွက်ပေးရပြီးကုမ္ပဏီမှစီစဉ်ထားသော သင်တန်းများကိုလည်း တက်ခဲ့ရသည်။ ဒုတိယသုံးလကို နှစ်စဉ်ပါရမီရှင်သစ် ပြိုင်ပွဲအတွက် ပြင်ဆင်ရန်အားစိုက်ခဲ့သည် နောက်ဆုံး၃လတာကာလတွင်းဆောင်ရွက်ချက်များကိုကြည့်ပြီး ကုမ္ပဏီတွင် ဆက်နေလိုသူများကို အချိန်ပြည့်ဝန်ထမ်းအဖြစ်ခန့်အပ်ကာ ပြိုင်ပွဲ၏ရလဒ်ပေါ်မူတည်၍အရင်းအမြစ်များခွဲဝေထောက်ပံ့ပေးမည်ဖြစ်သည်

သို့သော် မူလပိုင်ရှင်၏ပြိုင်ပွဲအတွက် ကြိုးစားပြင်ဆင်ထားသောလက်ရာများကို ၄၏ငယ်သူငယ်ချင်း Fang Sheng မှ ခိုးယူသွားခဲ့သည်။

Fang Sheng နှင့် မူလပိုင်ရှင်သည် မိသားစုအမည်တူကြသည့်အမျိုးဝေးဆွေမျိုးများဖြစ်ကြသည်။ သူသည် ညီအစ်ကိုကောင်း၊ မိတ်ဆွေကောင်းတစ်ဦးဖြစ်ခဲ့သော်လည်း အရေးကြီးသောအချိန်တွင်  မူလပိုင်ရှင်၏ နောက်ကျောကို ဓားနှင့်ထိုးခဲ့သည်။  နာကျင်စရာထိုးနှက်မှုနှင့် ဖိအားများကို တွန်းလှန်ဖို့ကြိုးစားရင်း နောက်ဆုံးတွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။

Fang Zhao သည် အတွေးစများကို ရပ်တန့်လိုက်ပြီး အပြင်မှ လှုပ်ရှားသွားလာမှုများကို သတိထားကြည့်မိသည်။  လူတွေရဲ့ လှုပ်ရှားမှုများကို နေရာတိုင်းမှ ကြားနေရသည်။  Fang Zhao၏ တိုက်ခန်းမှာ ဒုတိယထပ်မှာရှိပြီး အောက်ဘက်မှ ဆိုင်ဖွင့်သံ ပစ္စည်းရွှေ့သံများကြားနေရတယ်။  လမ်းဘေးရှိ အဆောက်အအုံများတွင် နေထိုင်သူများကလည်း ၄တို့၏ ပြတင်းပေါက်များကို ဖွင့်ထားပြီး အပြင်ကို ငေးကြည့်နေကြသည်။
လမ်းမှာ အနည်းငယ်မှောင်နေသော်လည်း  Fang Zhaoသည်ရှားပါးအနုပညာတစ်ခုလို ခံစားကြည့်ရှုနေသည်
ကမ္ဘာပျက်ကတည်းက အရာရာပြောင်းလဲသွားပုံမှာ Fang Zhao အတွက် စိမ်းသက်နေသော်လည်း  တစ်ချိန်တည်းမှာပင်စိတ်ဝင်စားမှုကိုလည်းဖြစ်စေသည်
ဤသည်မှာ ကမ္ဘာသစ်ဖြစ်သည်။
ဖျက်ဆီးခြင်းကာလဟုလည်း ခေါ်သော ကပ်ဘေးကြီးအပြီးတွင် ရွှေခေတ် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်

၎မှာစစ်ပွဲမှ လွတ်မြောက်ခဲ့ကြသော မိတ်ဟောင်း ဆွေဟောင်းများအတွက် ဝမ်းသာစရာပင်။  အသက် ဘီလီယံနှင့်ချီ၍ ရင်းနှီးခဲ့ရသည့် နှစ် ၁၀၀ စစ်ပွဲသည် လူတိုင်းမျှော်လင့်ထားသည့် သာယာဝပြောမှုကို ရရှိစေခဲ့သည်။

ဆူညံသံများနှင့် အမှောင်ထုသည် သူ့အာရုံကြောများဆီဝင်ရောက်လာသော်လည်း သူ့အတွက် အနှောက်အယှက်မဖြစ်ပေ သူတောင့်တခဲ့သောကမ္ဘာဆီရောက်နေပြီဖြစ်သည် Fang Zhao သည်မျက်လုံးမှိတ်ကာအသက်ပြင်းပြင်းရှူရင်း ကမ္ဘာသစ်၏ လတ်ဆတ်သောလေကို လောဘကြီးစွာ ရှူရှိုက်လိုက်သည်။စေ့ဆော်မှုများသည်သူ့ခေါင်းထဲမှာ ပေါက်ကွဲမတတ်ဖြစ်လာပြီး  ကိုယ်ခန္ဓာအပူချိန်မှာလည်း သွေးများ ဆူပွက်စေမတတ်တက်လာသည်။  သူ့ဆံစတစ်စချင်းစီကပင် စိတ်လှုပ်ရှားစွာ တဆတ်ဆတ်တုန်နေသည်။

ဒါပေမယ့်ဒီလောက်နဲ့ မလုံလောက်သေးဘူး။
ဂန္တဝင်အဆင့်မြင့်လက်ရာတစ်ခုဖန်တီးဖို့ ဒီလောက်နဲ့မလုံလောက်ပေ

အပြင်ကဆူညံသံများမှာလည်း ကျ
ယ်သည်ထက်ကျယ်လာပြီး ပိုမိုအသက်ဝင်လာသည်

Fang Zhao သည် သူ့မှတ်ဉာဏ်ရှာဖြွေခင်းကို ရပ်လိုက်ပြီး ပြတင်းပေါက်ကို ပိတ်လိုက်သည်။  သူ့ကိုယ်ခန္ဓာအသစ်ရဲ့ မှတ်ဉာဏ်များအရမကြာမီ အနက်ရောင်လမ်းရဲ့ နေ့လယ်ပိုင်း အစည်ကားဆုံးအချိန်ကို ရောက်ရှိလာတော့မည်ဖြစ်သည်။

သူသည် အိမ်ကို တစ်ချက်ဝှေ့ကြည့်လိုက်ချိန် သူ့အကြည့်က သူ့အိပ်ရာပေါ်ရှိ လက်ကောက်ဆီရောက်သွားပြီး နှစ်စက္ကန့်လောက် စိုက်ကြည့်လိုက်သည်။  ထို့နောက်ဆတ်ခနဲ့ယူလိုက်ကာ သူ့ဘယ်လက်မှာ ပတ်လိုက်သည်  ၄မှာ ကမ္ဘာသစ်ရှိ လူ 90 ရာခိုင်နှုန်း ပိုင်ဆိုင်သည့် ကိုယ်ပိုင်ကွန်ပျူတာမျိုး ဖြစ်သည်။

ဘက်စုံ အသုံးပြုနိုင်သောပစ္စည်းဖြစ်တာကြောင့် ၄ကို ပိုက်ဆံအဖြစ် အိမ်သော့အဖြစ် အမျိုးမျိုးအသုံးပြုနိုင်သည်

လက်ပတ်ဝတ်ပြီးနောက် သူ့ကိုလိုက်ကြည့်နေသောခွေးလေးကို ကောက်ချီလိုက်သည်
သူထွက်လိုက်သည်နှင့် သူကဲ့သို့ပင် အခြားလူများလည်း ပထမထပ်သို့ ဦးတည်သွားနေသည်ကို တွေ့လိုက်သည်။  သူ၏ အဆောက်အဦးသည် ပျားအုံနှင့်တူပြီး လူများစွာ စုပေါင်းနေထိုင်ကြရသည်။  အများစုသည်  Fang Zhao ကဲ့သို့ နေရောင်မရသော အခန်းကျဉ်းလေးထဲတွင်နေထိုင် ရုန်းကန်ရင်း အချိန်ကုန်ဆုံးကြရသည်

အထပ်မြင့် အဆောက်အအုံများ စုပြုံနေသောကြောင့် အောက်ဘက်မှလမ်းများသည် အမြဲလိုလို မှောင်နေတတ်သည်။  ပိုက်ဆံတတ်နိုင်သူများက အလင်းရောင်နောက်လိုက်ကာ ပိုမြင့်သောအထပ်များကိုပြောင်းရွှေ့ကြသည်

အထပ်မြင့် တိုက်ခန်းမတတ်နိုင်သူများ  မသန်စွမ်းသူများအတွက် မှောင်ခိုလမ်းများပေါ် နေ့လယ်ဘက် နေရောင်နဲ့ ခဏတာထိတွေ့ရချိန်သည် ကျက်သရေအရှိဆုံး အချိန်ဖြစ်သည်

အောက်ထပ်သို့ အပြေးအလွှားဆင်းလာကြသော လူများသည် Fang Zhao ကို ကြည့်ပြီးနောက် ဖြတ်လျှောက်သွားကြသည်။  သူ့ကိုရိပ်ဖမ်းသံဖမ်းလောက်သာသိကြသောကြောင့်  အထူးတလည်နှုတ်ဆက်ခြင်းမျိုးလည်းမရှိကြပေ

သူတို့ထဲက တော်တော်များများသည် Fang Zhao သယ်လာသောခွေး​ကို စူးစမ်းလိုတဲ့သဘောဖြင့်ကြည့်လာကြသည်။  Fang Zhao က ၄ကိုစိတ်ထဲမထားပဲ ပြန်သာပြုံးပြလိုက်သည်။

မြို့သူမြို့သားများ သိသိသာသာ ထိတ်လန့်သွားကြသည်။  အမြဲလိုလို စိတ်ဓာတ်ကျနေတဲ့ လူငယ်လေးဟာ ပြုံးနေတာကြောင့် သူတို့ အံ့သြသွားခြင်းဖြစ်သည်

ဒီအချိန်​နေပူဆာလှုံရန် အပြင်ထွက်လာသူ အများစုသည် အသက်ကြီးပိုင်းများဖြစ်ကြသည်။  ဓာတ်လှေကားမှ ထွက်လာသည့် လူအုပ်မှာ အများအားဖြင့် တုန်ချိနေသော ဆံဖြူ အဖိုးအဖွားများ ဖြစ်သည်။

အဆောက်အဦးရဲ့ ဧည့်ခန်းမှ ထွက်လာချိန်၌ လမ်းများမှာတော်တော်လေး စည်ကားနေပြီဖြစ်သည်။  အဓိက သယ်ယူပို့ဆောင်ရေးပုံစံမှာ အခြား လမ်းကြောင်းသို့ ပြောင်းသွားသောကြောင့် မှောင်ခိုလမ်းများပေါ် ယာဉ်အသွားအလာကင်းရှင်းနေသည် အထူးသဖြင့် ဒီလို အချိန်မျိုးဖြစ်သည်

နေမြင့်လာသည်နှင့်အမျှ အိမ်ခြေများပြားသော အောက်ထပ်များလည်း လင်းထိန်လာသည်။  အပြင်မထွက်တဲ့သူများကလည်း အဖိုးတန်နေရောင်ခြည်ကို ခံစားနိုင်ရန် ပြတင်းပေါက်များဖွင့်ထားကြသည်

Fang Zhao သည် သူ့ပိုင်ဆိုင်မှုတွေကိုပြန်ယူရန် အလျင်မလိုပေ။  အဲဒီအစား ပထမထပ်က ဆိုင်ထဲကို ၀င်သွားလိုက်သည်။ သူဗိုက်အတော်ဆာနေပြီဖြစ်သည်။ ကျန်တာတွေက စောင့်နိုင်သေးသည်။

ကပ်ဘေးကြောင့်၊ ခေတ်သစ်ဂြိုလ်အစိုးရသည် နောက်ထပ်စစ်ပွဲကြီးတစ်ခု ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်၍ အစပိုင်းတွင် သေနတ်ကိုင်ဆောင်မှုကိုမကန့်သတ်ခဲ့ပေ။  ထိုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပေါ်လာချိန်ကံဆိုးမိုးမှောင်ကျသော အချိန်များတွင် ၊ အနည်းဆုံး လူများ ချက်ချင်း တိုက်ခိုက်နိုင်စေရန်ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် အထိန်းအကွပ်မဲ့လာပြီး  လက်နက်များ ပေါများလာကာ အဓိကရုဏ်းများ ဖြစ်ပွားလာသည်။  တိုက်ကြီးများတွင်လည်း ခေါင်းဆောင်အပြောင်းအလဲများ ဖြစ်ပွားပြီး ဂြိုလ်အစိုးရ ပြုတ်ကျလုနီးပါးဖြစ်ခဲ့သည်။  ထိုအချိန်မှစ၍သေနတ်ထိန်းချုပ်မှုကို အကောင်အထည်ဖော်ခဲ့သည်။  အထူးသဖြင့် ပြီးခဲ့သောရာစုနှစ်များတွင် သေနတ်ထိန်းချုပ်မှုမှာ တင်းကျပ်ခဲ့သည်။  သာမန်နိုင်ငံသားတစ်ယောက်အနေနှင့် သေနတ်ကိုင်ဆောင်ခွင့် မရှိပေ
သို့သော် ဆိုင်ပိုင်ရှင် Yue Qing သည် စစ်မှုထမ်းဟောင်းဖြစ်ပြီး ဤမှောင်ခိုလမ်းပေါ်ရှိလက်နက်တရားဝင်ပိုင်ဆိုင်သည့် လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ မှောင်ခိုလမ်းမှလူရမ်းကားများသည် လက်နက် ကိုင်ဆောင်ခွင့်ရသူများ နှင့်တော့ ရန်မစရဲပေ၊ ၄မှာ ဤဆိုင် ငြိမ်းချမ်းစွာ ဖွင့်ထားနိုင်သည့် အဓိက အကြောင်းရင်း ဖြစ်သည်။

Fang Zhao ဆိုင်ထဲဝင်သွားတော့ Yue Qing က ဟင်းခနဲ သက်ပြင်းချကာ ကြည့်လိုက်သည်  မနေ့က ဒီကလေးသည် သူ့ကိုယ်သူ သတ်သေဖို့ သာကြိုးစားနေပြီး တုံ့ပြန်မှုသိပ်မရှိသဖြင့် သူသတိထားမိခြင်းဖြစ်သည်။  မှောင်ခိုလမ်းမှာ နောက်ထပ် သတ်သေမှုဖြစ်တော့မည် ထင်ခဲ့ ပေမယ့် ထိုပိန်ပိန်ပါးပါးကောင်လေး ပြန်ပေါ်လာသည်

Yue Qing ၏ အကြည့်သည် Fang Zhao ချီထားသော ခွေးလေးဆီသို့ ​ရောက်သွားသည်။  ဟုတ်တယ် မနေ့က ဒီခွေးလေးကိုကောင်လေးခေါ်သွားတာကို သူမြင်လိုက်သည်။  သူ့ဆိုင်မှာ ဈေးဝယ်လာတဲ့ လမ်းသရဲတော်တော်များများကတောင် Fang Zhao ခွေးကိုမြေမြှုပ်ပစ်မလား  သတ်စားမလားဆိုပြီး လောင်းကြေးထပ်ခဲ့ကြသေးသည် ခုသူတို့အားလုံး အထင်မှားသွားပုံရသည်။

Fang Zhao သည် Yue Qing ၏ စူးစမ်းသော မျက်လုံးများကို သတိပြုမိသော်လည်း မကောင်းတဲ့သဘောမပါသဖြင့် မသိယောင်ဆောင်ထားလိုက်သည်။  သူ့မှတ်ဉာဏ်ထဲကဈေးအသက်သာဆုံးပစ္စည်းတြွေဖစ်တဲ့  လက်မအရွယ် အလုံပိတ်အစာခြောက် ၃ ချောင်း ဝယ်လိုက်သည်။  ၄တို့၏အရွယ်အစားက ချုံ့ထားခြင်းဖြစ်သည် ဒါကြောင့် ကိုင်ကြည့်လျှင် သတ္တုချောင်းနဲ့တူနေသည်

Yue Qing သည် ရပ်လိုက်ပြီး Fang Zhaoယူထားသော ပစ္စည်းကိုကြည့်လိုက်သည်။ 

"ဒါက ၉ ဒေါ်လာကျယ် ၊ မင်း သူတို့ကို decompression လုပ်ချင်လား"

Decompressionဆိုတာ ဖိအားနဲ့သိပ်ထားသော အစာတုံးများကို စားသုံးနိုင်သော ပုံစံသို့ ပြန်ရောက်အောင် ဖိသိပ်မှုကို လျှော့ချခြင်းကို ဆိုလိုသည်။

(T/N ဒီနေရာကလေ ကိုယ်သိပ်မရှင်းပြတတ်လို့ သူပြောချင်တာက တို့စားတဲ့ခေါက်ဆွဲခြောက်လို အစာခြောက်မျိုးကိုပြောတာ တို့တွေခေါက်ဆွဲပျော့ပျော့ရစားဖို့ရေနွေးနဲ့ပြုတ်စားသလို့ သူတို့ကျ pressure ပြန်ထုတ်ပြီးစားတာ တရုတ်မှာဆိုလည်း ဖက်ထုပ်ခြောက်တို့လိုမျိုးလေ စားခါနီးမှ microwave တို့ထဲထည့်ပြီးစားကြတာမျိုးကိုပြောတာ  )

"ဟုတ်ကဲ့၊ လက်က်ည်စ်ခွက်ပးပါ"

Fang Zhao က ပြောပါတယ်။

"Decompression လုပ်တာင့်(cent)ငါးယ်၊ လက်က်ည်က နောက်ပ်င့်ငါးယ်စုစုပေါင်း 10 ဒေါ်လာ။" 

စကားပြောနေစဉ်တွင်၊ Yue Qing သည်အစာချောင်းများကိုဖောက်လိုက်ပြီး decompressorစက် ထဲသို့ ထည့်လိုက်သည်။  ဆယ်စက္ကန့်အကြာတွင်  စက်ထဲမှဗန်းကိုထုတ်လိုက်ရာ  တစ်ခုစီသည် အရွယ်အစား 20 စင်တီမီတာ နှင့် 8 စင်တီမီတာခန့်ရှိသည့်ဒင်ဆမ်းနှင့်တူသော ပူပူနွေးနွေးပစ္စည်းသုံးမျိုးရလာသည်။

"ယူသွားမှာလား?" 

Yue Qing က မေးသည်။

"မဟုတ်ဘူး ကျွန်တော် ဒီမှာထိုင်စားမှာ။" 

Fang Zhao ပန်းကန်ပြားကိုယူကာ

"သူဌေး Yue၊ ကုလားထိုင်ကို အင်ြရွှေ့လို့လား"  လို့မေးလိုက်တယ်

"သိပ်ဝေးဝေးယူသွားနဲ့"

Yue Qing က ခေါင်းမမော့ဘဲ ပြန်ဖြေသည်။ ထိုကလေး သူ့ထိုင်ခုံကို ခိုးသွားမှာကိုမစိုးရိမ်ပေ  ဒီလမ်းပေါ်တွင် သူ့ဆီက ခိုးရဲသူ အလွန်နည်းပါးသည်။

Fang Zhao သည် ခွေးလေးကို စတိုးဆိုင်ဝင်ပေါက်နားတွင် ချလိုက်ပြီး ကုလားထိုင်ယူရန် အတွင်းသို့ ပြန်ဝင်လာခဲ့သည်။

Fang Zhao က ခွေးကို မုန့်သုံးခုထဲက တစ်ခုပေးခဲ့ပြီး ကျန်နှစ်ခုကို သူ့အတွက် သိမ်းထားလိုက်သည်။  အကယ်၍ ကပ်ဘေးတွင်းသာဆိုလျှင် သူ့အစာကိုခုမှတွေ့ဖူးသော ခွေးတစ်ကောင်အား ရက်ရက်ရောရော ခွဲပေးမည်မဟုတ်ပေ သို့သော်လည်း Fang Zhao သည် ခေတ်သစ်၌ ပြန်လည်မွေးဖွားလာပြီးနောက် စိတ်ကောင်းရှိနေသည်။  မျှဝေလိုစိတ်ရှိနေသည်။  မူလပိုင်ရှင်က ၄ကို မွေးစားခဲ့ပြီး မသေသေးတာကြောင့် သူကဆက်စောင့်ရှောက်ထားမည်ဖြစ်သည်။

ဖိထားသောအစာခြောက်မုန့်များသည် အရသာဆိုးဝါးလှသည် လက်ဖက်ရည်သည်လည်း ဈေးပေါသော အကြမ်းမှုန့်ဖြင့်ဖျော်ထားခြင်းဖြစ်သည် မဟုတ်ရင် ဒီမျှဈေးသက်သာနေမည်မဟုတ်ပေ  သို့သော် ကပ်ဘေးမှ လွတ်မြောက်လာသူ သူ့အတွက်၊ ဒီ အစားအစာသည် စားကောင်းသည်ဟု ဆိုနိုင်သည်။  ကပ်ဘေးကာလတွင် သူသည် အစာခေါင်းပါးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။  နောက်ပိုင်းတွင် သူသည် အစားအသောက်အတွက် ပူစရာမလိုသော်လည်း ဇီဇာမကြောင်ခဲ့ပေ

ရိုးစင်း ကြမ်းတမ်းသော အစားအစာများ၊ စစ်ပွဲ၏ ဖိအားများနှင့် ယှဉ်လျှင် ဖိသိပ်ထားသော အစာခြောက်မုန့်များက နူးညံ့သည်။  အခုတော့ သူတကယ်ပဲ အေးအေးဆေးဆေး ထိုင်ပြီး နေ့လယ်စာ စားနိုင်ပြီ။  ဒီကမ္ဘာက Fang Zhao အတွက် ဟုပင် ဆိုနိုင်သည်

Continue Reading

You'll Also Like

624K 70.2K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
6.4K 1.2K 38
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
996K 59K 40
( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့​ကြောင့်တစ်စုံတစ်ရာ နာမည်...
1.1M 61.9K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...