မြို့အုပ်ရှောင်း [ Mayor Xiao...

By ShweYaminEain0805

85.3K 8.5K 448

"ရှောင်း! ကျွန်တော့်ရဲ့ရှောင်း..." "ပြောပါ ကျုပ်ရဲ့အသည်းအသက်ရေ ကျုပ်နားထောင်နေပါတယ်" More

1
2
3
4
5
6
7
9
10
11
12
13
14
15
16
17
18
19
20 (ဇာတ်သိမ်းပိုင်း)
Extra
Book Cover!!!
Book Order

8

3.1K 386 4
By ShweYaminEain0805

Unicode

"အဘရေ ကျွန်တော် ချန်ရွှမ်းပါ။ မြို့အုပ်ရှောင်းလွှတ်လိုက်လို့"

"အော်...လာ လူငယ် ထိုင်အုံးလေ"

"ရတယ်အဘ မထိုင်တော့ဘူး ၊ အခွန်ကိစ္စလေး ကျွန်တော်လာပြောတာ"

"အေး... ပြောလေ လူငယ်"

အခွန်ကိစ္စဟု ပြောလိုက်တာနှင့် အဘမျက်နှာဟာ အလိုလို ညှိုးနွမ်းသွားတယ်။ ချန်ရွှမ်းကတော့ ဘာတတ်နိုင်မှာလဲ။ ​သူ့အထက်ကခိုင်းလို့ လုပ်ရတာကို။

"ဒီလရဲ့ နောက်ဆုံအပတ်အမှီပေးဖို့ ပြောခိုင်းလိုက်ပါတယ် အဲ့ဒါ..."

"ဟုတ်ပါပြီ အဘ အမှီလုပ်ပေးပါ့မယ်"

"ဟုတ်အဘ ဒါဆို လောလောဆယ် ကျွန်တော် မြို့ထဲပတ်ပြီး ပေးနိုင်တဲ့သူတွေဆီက အရင်ကောက်ထားလိုက်မယ်နော်"

"ကောင်းပြီ ကောင်းပြီ လူငယ်"

ချန်ရွှမ်းသူ့လူတွေကိုခေါ်ပြီး မြို့ထဲတစ်ဖန်လှည့်သည်။ လူ ၃ ယောက်ကို အပိုင်း ၃ပိုင်းခွဲကာ သွားစေပြီး သူကတော့ ဝမ်ရိပေါ်ရှိရာအရပ်ကိုဦးတည်သည်။

"ရိပေါ်"

အိမ်ရှေ့မှ လှမ်းခေါ်နေပေမယ့် ရိပေါ်ထွက်မလာ။ အိမ်ထဲခေါင်းဝင်လို့ ကြည့်တာတောင်မတွေ့တာကြောင့် ချန်ရွှမ်း အိမ်ရဲ့အနောက်ဘက်ကို ဝင်သွားကြည့်လိုက်တယ်။

မြင်လိုက်တဲ့ မြင်ကွင်းက ချန်ရွှမ်းအတွက် အသက်ရှုဖို့တောင်မေ့စေသည်။ ရိပေါ်က ခါးအောက်ပိုင်းကို အဝတ်ပိုင်းစတစ်ခုနှင့်ပတ်ကာ အုတ်ကန်ဘေးမှာ ရေချိုးနေခြင်းဖြစ်သည်။ ရေချိုးခန်းသီးသန့်မရှိတဲ့အတွက် နောက်ဖေးအုတ်ကန်မှာရေချိုးရခြင်း။

"ရိပေါ်"

"အာ... အကို"

ချန်ရွှမ်းကိုမြင်တာနဲ့ ရိပေါ် အုတ်ကန်ဘောင်ပေါ်တင်ထားတဲ့ သဘက်ကိုယူကာ အပေါ်ပိုင်းကိုခြုံပလိုက်သည်။ သို့သော် ချန်ရွှမ်းအကြည့်ကတော့ ရိပေါ်ဆီမှ သေးသေးလေးမှမလွှဲ။

"အကို... ဘာလာလုပ်တာလဲ"

"အကို!!!"

"အာ...ဟို"

"ဘာလာလုပ်တာလဲလို့"

"ဟို...မြို့အုပ်က အခွန်ကောက်ခိုင်းလိုက်လို့"

"အင်း ဟုတ်ပြီ ဟုတ်ပြီ ဒါဆို ​ရှေ့မှာခဏစောင့်နော် ကျွန်တော်ထွက်လာခဲ့မယ်"

ချန်ရွှမ်း အိမ်နောက်ဖေးထဲမှ ထွက်လာလိုက်ပေမယ့် မျက်လုံးထဲရိပေါ်ရဲ့ ရေစိုနေတဲ့ အသားဖွေးဖွေးတွေက ကြီးစိုးဆဲ။ အတော်တန်ကြာတော့ ရိပေါ် အဝတ်အစားလဲပြီး ထွက်လာခဲ့တယ်။

"အကို... ၁၀ယွမ်မဟုတ်လား၊ ဒီမှာ"

"အင်း ရိပေါ် ကျေးဇူး"

"အကို ဒီနေ့ တစ်မြို့လုံးကိုလိုက်ကောက်နေတာလား"

"အင်း ဟုတ်တယ် ကိုယ့်လူတွေနဲ့ လေ"

"မြို့အုပ်ကကောက်ခိုင်းလိုက်ပြီလား "

"ဟုတ်တယ် ရိပေါ် ဒါကြောင့်မို့ကိုယ်လာကောက်ရတာပေါ့"

"အဆင်မပြေတဲ့သူတွေရှိရင်ရော အကို"

"ဒါလည်း သူနားလည်ပေးမှာမဟုတ်ပါဘူး"

"ဗျာ...ဘယ်လို!"

"အင်းလေ ဆရာ့အတွက်ကပိုက်ဆံပဲအရေးကြီးတာရိပေါ်ရဲ့...အဆင်မပြေတဲ့သူတွေအတွက်ကိုတော့ ကိုယ်ကပဲ ကြားကညှိကြည့်ပေးရမှာပေါ့"

"အကို ကျွန်တော်တို့မြို့ဘက်ကို ကြည့်ပေးတာ ကျေးဇူးတင်လိုက်တာ "

"မလိုပါဘူး ရိပေါ်ရယ်"

ပြောပြီး ချန်ရွှမ်းက ရိပေါ်ရဲ့ခေါင်းလုံးလေးကိုလှမ်းပွတ်သည်။ ဆရာ့အတွက်ဆို အားကိုးယုံကြည်ရတဲ့ တပည့်တစ်ယောက်ပါပဲ...ဒါပေမယ့် အချစ်အတွက်ဆို ဗီလိန်လုပ်သင့်ရင်လုပ်ရမယ် မဟုတ်လား။ ချန်ရွှမ်းလည်း အသည်းနှလုံးနဲ့လူပါ။

"အာ...အကို တစ်ခြားအိမ်တွေမသွားတော့ဘူးလား"

"အော်...အင်း သွားရမှာ ရိပေါ် ဒါဆိုအကို အခုပဲသွားတော့မယ်နော်"

"ဟုတ်အကို ဂရုစိုက်သွားပါ"

"ဒါနဲ့ခြေထောက်က သက်သာသွားပြီလား "

"ခြေထောက်ကတော့ အကိုမြင်တဲ့အတိုင်းပဲ စောစောကရေချိုးတာတောင် အုတ်ကန်မှီချိုးခဲ့ရတာ ထော့နင်း ထော့နင်းတော့ဖြစ်တုံး"

"အကို ညကျရင် လာခေါ်ပေးမယ်နော်"

"ဟုတ်အကို"

ရိပေါ်ကိုနှုတ်ဆက်ပြီး ချန်ရွှမ်း ထွက်သွားသည်။ ကောက်စရာရှိတဲ့အိမ်တွေကို ချန်ရွှမ်းဆက်ကောက်သည်။ အလုပ်တွင် စိတ်မပါပေမယ့်လည်း မလုပ်လို့မရ။

ချန်ရွှမ်းသူ့လူတွေနဲ့ ဆုံမှတ်ကိုရောက်တော့ ဘယ်သူမှမရှိတော့။ မဟုတ်မှလွဲ သူဝမ်ရိပေါ်အိမ်မှာကြာသွားလို့ သူတို့မစောင့်တော့တာဖြစ်မည်။ အဲ့တော့လည်း ဘာဖြစ်လဲ တစ်ယောက်တည်း ပြန်ရတာပေါ့။

ချန်ရွှမ်း အိမ်ပြန်ရောက်တော့.. ဟုတ်သည်။ ဟို ၃ ကောင်ကသူ့ထက်အရင် ရောက်နှင့်ပြီးသားဖြစ်၏။

"ငါ့ကိုတောင်မစောင့်နိုင်ကြဘူး မင်းတို့ဆိုသည်မှာ"

"မသိဘူးရယ် ကျွန်တော်တို့ကအကိုပြန်သွားပြီထင်လို့"

"အင်းပါ အင်းပါ ထားလိုက်တော့! မင်းတို့က အခန်းမပြန်သေးဘဲ ဒီမှာဘာရပ်လုပ်နေတာလဲ"

"ဟို...အကို့ကို မြို့အုပ်ကပြန်ရောက်ရင်သူ့ဆီလာအုံးတဲ့ ၊ ဘာတွေအလိုမကျ ဖြစ်နေလဲမသိပါဘူး"

"ဟုတ်လား အင်းအင်း ငါသွားလိုက်မယ်၊ မင်းတို့ပြန်နားတော့"

"ဟုတ်ကဲ့အကို"

ချန်ရွှမ်း တံခါး နှစ်ချက်ခေါက်ကာ မြို့အုပ်အခန်းထဲဝင်သွားလိုက်သည်။ မြို့အုပ်ကတော့ ပုံမှန်အတိုင်း ကုတင်ပေါ်တွင် မှီထိုင်နေကာ ဆေးလိပ်ကြမ်းတစ်လိပ်ကို ဖွာရှိုက်နေသည်။

"ကျွန်တော် ရောက်ပါပြီ ဆရာ"

"မင်း ဒီနေ့ဘယ်အပိုင်းသွားလဲ"

"တောင်ပိုင်းပါဆရာ"

"​တောင်ပိုင်းဟုတ်လား...အဟက်! အချိုးတွေပြင်ထား ချန်ရွှမ်း ကိုယ့်လုပ်ရပ်ကိုယ်ပြန်သုံးသပ်"

"ဗျာ... ဘာကိုလဲဆရာ"

"ငါပြောတာကို မင်းနားလည်တယ် ၊ မသိချင်ယောင်မဆောင်နဲ့"

"ကျွန်တော် ဘာအပစ်များလုပ်ထားမိလို့လဲ"

"မင်းအခုမလုပ်ပေမယ့် နောက်လုပ်တော့မှာ"

"ဆရာ ပြောတာ ကျွန်တော် ဘယ်လိုမှနားမလည်နိုင်တော့ဘူး"

"ငါကြိုပြောမယ် ချန်ရွှမ်း ငါ့အပိုင်လို့ သက်မှတ်ထားတဲ့အရာကို သူများက မျက်စောင်းလေးစွေကြည့်တာတောင် ငါမကြိုက်ဘူး!!!"

"ဆရာ..."

"မင်းပါးစပ်ဟလိုက်တာနဲ့ မင်းဗိုက်ထဲအူဘယ်နှခွေရှိလဲ သိတယ်... ငါဒီလောက်ပဲပြောမယ် ချန်ရွှမ်း မင်းနဲ့ငါ ဆက်ဆံရေးမပြတ်ချင်ရင် မင်းသတိထားနေ သွားတော့.."

ချန်ရွှမ်းစိတ်တိုသည်။ အသားတွေတုန်သည်အထိကို စိတ်တိုလွန်းသည်။ ဆရာဆိုတဲ့ အသိကြောင့်သာ ထိန်းလိုက်နိုင်တာ..။ မြို့အုပ် ဘယ်အရာကို ဘာရည်ရွယ်ချက်နဲ့ပြောလည်း ချန်ရွှမ်းသိပ်သိတာပေါ့။

ညရောက်တော့ ချန်ရွှမ်း ရိပေါ်ဆီသွားသည်။ မြို့အုပ်ရှောင်းဆီကိုလာဖို့ ရိပေါ်တစ်ယောက်တည်းအဆင်မပြေနိုင်ဘူးလေ..။ သူ့ခံစားချက်ကိုလည်း ငဲ့ကြည့်ပေးနိုင်ရင်ကောင်းမယ်။ ပြိုင်ဘက်ဆီ အောင်မြင်မှုကို ရော့ဆိုပြီး တွန်းပေးနေတာထက်ဆိုးသည်။

"ရိပေါ်ရေ ကိုယ်ရောက်ပြီနော်"

"ရောက်ပြီလား အကို ထမင်းစားသွားပါအုံးလား"

"တော်ပြီ ရိပေါ် ကိုယ်စားခဲ့ပြီးပြီ"

"အင်း... အကို မျက်နှာလည်းမကောင်းပါလား ဘယ်လိုဖြသ်တာလဲ"

"အာ... ရိပေါ်ပြီးပြီလား သွားကြမယ်လေ လာ"

"ခြေထောက်က လမ်းလျှောက်နိုင်နေပြီအကို ကုန်းပိုးစရာမလိုတော့ပါဘူး၊ ဘေးကနေ ထိန်းပေးရင်ရပြီ"

"ဒါဆိုလည်း လာ ကိုယ့်ပခုံးကိုဖက်ထား!"

ရိပေါ်လည်း မငြင်းတော့ဘဲ ချန်ရွှမ်းပခုံးကို ဖက်ကာ လမ်းလျှောက်လို့ထွက်လာခဲ့ကြသည်။

"အကို တစ်ခုခုအဆင်မပြေတာရှိလို့လား ၊ စိတ်ထဲနေလို့မကောင်းရင် ကျွန်တော့်ကိုရင်ဖွင့်လို့ရပါတယ်"

"ကိုယ် အပူမကူးစေချင်ပါဘူး ရိပေါ်ရယ်"

"မဟုတ်တာ အကိုတောင် ကျွန်တော့်ကို အချိန်ပေးပြီးလာကူညီနေတာပဲကို... ကျွန်တော်ရင်ဖွင့်တာလောက်တော့ နားထောင်ပေးနိုင်ပါတယ်"

"ရိပေါ်"

"ဟုတ်"

"ကိုယ်ကဆိုးသွမ်းတဲ့သူတစ်ယောက်လား"

"မဟုတ်တာ အကိုကလူကောင်းတစ်ယောက်ဟာကို"

"ဒါဆို ဘာလို့ ကိုယ့်ကို မြို့အုပ်ကအကောင်းမမြင်ရတာလဲ"

"ဟင်... မြို့အုပ်က အကို့ကို အကောင်းမမြင်ဘူးဟုတ်လား"

ငိုတဲ့ကလေးပဲ နို့စို့ရတာလေ..။ မျက်ရည်ခံထိုးတတ်တဲ့သူကလည်း လူတွေရဲ့သနားမှုကိုရတယ်မဟုတ်လား။ အခွင့်အရေးဆိုတာ ၂ခါမရဘူးတဲ့..။ ရခဲတဲ့အခွင့်အရေးလေးကိုတော့ ချန်ရွှမ်းလက်လွှတ်မခံနိုင်။

"အင်း ဒီနေ့ ရိပေါ်တို့ တောင်ပိုင်းလာမိလို့ထင်တယ် ကိုယ့်ကို အကြောင်းမဲ့ခေါ်ဆူတယ်လေ"

"ဘယ်လို! သူကိုယ်တိုင်ပဲ အခွန်ကောက်ခိုင်းလိုက်တာမဟုတ်လား"

"ကိုယ်လည်း နားမလည်တော့ပါဘူးရိပေါ်ရာ... ပြီးတော့ ကိုယ်ရိပေါ်ကို တစ်ခုလောက်မေးလို့ရမလား"

"ဟုတ် မေးလေ အကို"

"ရိပေါ်နဲ့ မြို့အုပ်နဲ့က.. ဟို ပက်သက်နေကြတာလား"

"အကို!!! ဘယ်လိုပြောလိုက်တာလဲ၊ ကျွန်တော် သူနဲ့ဘားမှမဟုတ်ဘူး"

ရိပေါ် အသံခပ်မာမာဖြင့်အော်တော့ ချန်ရွှမ်းသူ့မေးခွန်းအတွက် အားနာမိသည်။

"ဟို... တစ်မျိုးမထင်ပါနဲ့ရိပေါ် ကိုယ်ကဒီတိုင်း"

"ကျွန်တော် သူ့ဆီကိုညတိုင်းသွားတာကို ပက်သက်နေကြတယ်လို့ထင်တာလား အကို"

"မဟုတ်ဘူးရိပေါ်... ကိုယ်ပြောတာအဲ့သဘောမဟုတ်ဘူး"

"ဒါဆို ဘာလို့ဒီမေးခွန်းမေးတာလဲ ၊ အကို့အမြင်မှာ ကျွန်တော်က အဲ့သလောက်စျေးပေါနေလား"

"မဟုတ်ဘူး မြို့အုပ်က ရိပေါ်ကို သူ့အပိုင်လို စကားမျိုးပြောလိုက်တယ်"

"ဟင်... ဘယ်လို"

________________________________

အလုပ်က Exam ကြောင့်ရော သင်တန်းကြောင့်ရော အားလပ်ချိန်သိပ်မရှိတာကြောင့် ၃ရက်လောက် ပျောက်နေတာပါ။ အမြန်ဆုံး complete ဖြစ်အောင် ကြိုးစားပြီးရေးပါ့မယ်
Thanks For your vote & feedback
My essential readers ❤

Wang's

Zawgyi




"အေး... ပြောလေ လူငယ်"







"ရိပေါ်"



"ရိပေါ်"

"အာ... အကို"


"အကို... ဘာလာလုပ်တာလဲ"

"အကို!!!"

"အာ...ဟို"

"ဘာလာလုပ်တာလဲလို့"





"အင်း ရိပေါ် ကျေးဇူး"







"ဗျာ...ဘယ်လို!"



"မလိုပါဘူး ရိပေါ်ရယ်"








"ဟုတ်အကို"









"ဟုတ်ကဲ့အကို"




"တောင်ပိုင်းပါဆရာ"


"ဗျာ... ဘာကိုလဲဆရာ"






"ဆရာ..."















"ရိပေါ်"

"ဟုတ်"









"ဟုတ် မေးလေ အကို"







"ဒါဆို ဘာလို့ဒီမေးခွန်းမေးတာလဲ ၊ အကို့အမြင်မှာ ကျွန်တော်က အဲ့သလောက်ဈေးပေါနေလား"


"ဟင်... ဘယ်လို"

________________________________

My essential readers ❤

Wang's

Continue Reading

You'll Also Like

484K 19.5K 20
စိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke
340K 20.3K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
86.4K 4.6K 24
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...