Luv Warning

By double_mimi

1.3K 127 19

first fanfictionမလို့ပေါ့ပေါ့ပါးပါးလေးပဲရေးထားတယ်🍬 ပြီးတော့first time လဲဖြစ်တဲ့တွက်လိုအပ်ချက်တွေရှိပါသေးတယ်သ... More

1✌︎︎
2✌︎︎
3✌︎︎
4✌︎︎
5✌︎︎
6✌︎︎

7✌︎︎ [Final]

183 20 1
By double_mimi

ညထဲကပြန်မလာတဲ့jiminကို စောင့်နေလျက်။

ခနကြာတော့စောင့်မျှော်နေသူလေးပြန်ရောက်လာခဲ့တယ်။jiminမျက်နှာမကောင်းတာကိုyoongiသတိမထားမိ။

"Min jimin မင်းမနေ့က"

"ကျွန်တော်ခင်ဗျားနဲ့စကားမများချင်သေးဘူးဗျာ"

"ခုမှရူးချင်ယောင်ဆောင်မနေနဲ့"

"ခင်ဗျားကြီးအလိုက်ကန်းဆိုးလဲမသိဘူးနော် ကျွန်တော့်ပုံကပျော်နေတဲ့ပုံပေါက်နေလား"

Jiminပြောတော့မှာ ကြက်ပေါက်ကိုအကဲခတ်ကြည့်လိုက်သည်။

"ဒါနဲ့မင်းသူငယ်ချင်း အုန်းမွှေးလုံးဆံပင်နဲ့ကောင်ရော မတွေ့ပါလား"

"အီး ဟီး......."

"ဟာ ဘာလို့ငိုတာလဲမင်းကိုငါလက်ဖျားနဲ့တောင်မထိရသေးဘူးနော်"

"jungkook အမေရိကပြန်သွားပြီ ခုပဲသူ့ကိုလေဆိပ်ပို့ပြီးပြန်လာတာ ကျွန်တော့်မှာအဖော်မရှိတော့ဘူး အဟင့်"

"သူငယ်ချင်းပြန်သွားတာနဲ့ငိုစရာလား"

"ငိုစရာပေါ့ ခင်ဗျားကြီးတို့ကကျွန်တော့်ကိုဝိုင်းပြီးအနိုင်ကျင့်ကြတော့မှာလေ"

"အမယ် မင်းကိုအားအားယားယားအနိုင်မကျင့်ပါဘူး မင်းကြောက်နေရင်taehyungကိုပြန်လွှတ်လိုက်တော့မယ်"

"ကြိုက်သလိုသာလုပ်တော့ဗျာ စိတ်ညစ်တယ် သွားနားလိုက်အုံးမယ်"

ကြက်ပေါက်လေးစိတ်ညစ်နေတာမြင်ရတော့yoongiမှာလဲစိတ်မကောင်း။

🐣🐣🐣

အရင်ဆိုJungkook နဲ့စကားပြောနေကျ၊ဒီညတော့အထီးကျန်စရာပင်။ ညနက်သည်အထိ Jungkookကိုလွမ်းတဲ့စိတ်နဲ့Jiminတော်တော်လေးနဲ့အိပ်မပျော်ပေ။

ဒေါက် ဒေါက် ဒေါက်

တံခါးခေါကိသံကြောင့်အိပ်ချင်မူးတူးနဲ့တံခါးဖွင့်ပေးလိုက်သည်။

"ဘာလဲကွာ ညနက်ကြီး ဘာကိစ္စရှိလို့လဲ"

"ကျွန်တော်အိပ်မပျော်လို့ ကျွန်တော်နဲ့အဖော်
ခနလောက်လုပ်ပေးပါလား"

"ဘာလို့လုပ်ပေးရမှာလဲ အိပ်ရေးပျက်အောင် မင်းအိပ်မပျော်ပေမဲ့ငါအိပ်ပျော်တယ်လေ သွားသွားသေချာလေးပြန်အိပ်ကြည့်
အိပ်ပျော်သွားလိမ့်မယ်"

Yoongiဟာသူထင်ထားတာထက်ပိုပြီးအေးစက်စက်နိုင်ပါလား။နွေးထွေးမှုမရှိလိုက်တဲ့လူကြီး။

ခြံထဲကထိုင်နေကျဒန်းပေါ်မှာ ထိုင်ပြီးဟိုတွေးလိုက်ဒီတွေးလိုက်နဲ့။လေစိမ်းတွေကလဲဒီညကျမှအတိုးချပြီးတိုက်နေသလားအောက်မေ့ရတယ်။အေးနေတဲ့ကြားထဲကအနွေးဓာတ်လေးတချို့ကိုရလိုက်တယ်။

Yoongiသူယူလာတဲ့အပေါ်ထပ်ကိုJiminအားခြုံပေးလိုက်သည်။

"ဒီမှာတစ်ညလုံးထိုင်ဖို့စဉ်းစားထားတာလား အအေးပက်ပြီးတော့ သေနေအုံးမယ်"

"ကျွန်တော်သေသွားရင် ခင်ဗျားပျော်နေမှာမလား"

Jiminစကားကြောင့်တစ်ချက်ပြုံးလိုက်ပြီး

"ဟဟ ဒီလိုပြန်စွာပုံထောက်ရင်တော့ မင်းမသေနိုင်သေးပါဘူး"

"ဒါနဲ့အိပ်နေတာဆို ဘာလို့ဆင်းလာတာလဲ"

"ငါအိမ်မက်ကောင်းနေတာကိုမင်းကြောင့်နိုးသွားတာလေ ပြန်အိပ်လို့မရတာနဲ့ဆင်းလာတာ"

သူထင်ထားတဲ့အဖြေမဟုတ်တာကြောင့် Jiminအနည်းငယ်စိတ်ပျက်မိသွားသည်။သူကပဲတစ်ဖက်သတ်ဖြစ်နေတာပဲလား။Yoongiကရောသူ့လိုမခံစားရဘူးလားသိချင်မိတယ်။

ဘာစကားသံမှမကြားတော့ဘဲ ပုခုံးကလဲလေးပင်နေတဲ့ခံစားချက်မျိုး ကြည့်လိုက်တော့သူ့
ပုခုံးလေးကိုမှီပြီး ကြက်ပေါက်လေးက
အိပ်ပျော်နေတာကိုး။အိပ်ပျော်နေတဲ့ကြက်ပေါက်ကိုနိုးမနေတော့ဘဲ အခန်းထဲထိပွေ့ချီလာခဲ့သည်။

"အမလေး ငါ့ခါး ငါ့ခါးကျိုးတော့မယ် ကြက်ပေါက်
ဒီလောက်လေးမယ်ထင်မထားဘူး အိုက်ဂူး ငါ့ခါးလေး"

Jiminအခန်းထဲက စားပွဲခုံပေါ်မှာတင်ထားတဲ့ အဘွားနဲ့jiminတွဲရိုက်ထားတဲ့ဓာတ်ပုံလေးကိုကြည့်ရင်းပြုံးမိသည်။

🐱🐱🐱

ဆံပင်ပွရှုပ်ရှုပ်နဲ့ဆင်းလာတဲ့ကြက်ပေါက်ကိုကြည့်ရင်းပြုံးမိပြန်သည်။ဒီကောင်လေးကဘယ်လိုနေနေကိုချစ်စရာကောင်းနေတော့မှာလား။

"မင်းအတွက်မနက်စာပြင်ပေးထားတယ်"

သူ့အတွက်ပြင်ပေးထားတဲ့မနက်စာကိုမစားဘဲထိုင်ကြည့်နေသည်။

"ဘာလဲ ငါဝမ်းနုတ်ဆေးထည့်ထားမှာစိုးလို့လား"

"ဟုတ်တယ် တစ်ခါပဲရမယ်နှစ်ခါတော့မရဘူး"

"စိတ်ဖြောင့်ဖြောင့်သာစား ဘာဆေးမှမထည့်ထားဘူး ဒါနဲ့မင်းကိုပြောစရာရှိတယ်"

"ဘာပြောမလို့လဲ"

"ကိစ္စတွေလဲရှင်းလင်းသွားပြီဆိုတော့ ကိုယ်
ဂျပန်ပြန်တော့မယ်"

စားလက်စမနက်စာတောင်မျိုမကျတော့အောင်Yoongiစကားကရင်ထဲစို့နစ်သွားတယ်။

"ဟုတ်လား ဘယ်တော့ပြန်မှာလဲ"

"ဒီညနေ"

"ကျွန်တော်လေဆိပ်လိုက်မပို့တော့ဘူးနော်"

"အင်း ကိုယ်လဲမင်းကိုလိုက်မပို့စေချင်ဘူး"

လေယာဉ်မတက်ခင်မင်းရဲ့မျက်နှာလေးကိုမြင်လိုက်ရင်ကိုယ်ထွက်သွားရက်မှာမဟုတ်ဘူး Yoongiစိတ်ထဲရေရွတ်လိုက်သည်။

🐣🐣🐣

လေဆိပ်ကိုtaehyungကပဲလိုက်ပို့ပေးခဲ့တယ်။ဘယ်လောက်တောင်များကျွန်တော့်ကိုခင်တွယ်နေလဲမသိဘူး တစ်ငိုငိုတစ်ရီရီနဲ့မပြန်ဖို့တားနေခဲ့တယ်။

"Bro မင်းဟာလေတအားပိုတာပဲ အရင်ကငါ့ဆီကိုအပတ်တိုင်းလာနေပြီးတော့"

"ဒါပေမဲ့လဲလွမ်းတယ် မင်းနဲ့နေ့တိုင်းအတူရှိခဲ့ကြတာလေ"

"ကဲ လေယာဉ်ထွက်တော့မယ် ငိုမနေနဲ့တော့။
ငါသွားပြီနော် bro"

ကျန်နေခဲ့တဲ့သူပဲခံစားရတာမဟုတ်ပါဘူး
ထွက်သွားတဲ့သူလဲခံစားရပါတယ်။ကြက်ပေါက်လေးရောခံစားနေရမလား။

🐱🐱🐱

3months later........

📲📲📲

"jungkook ahငါကြောင်ကြီးကိုလွမ်းတယ် သူထွက်သွားတဲ့နေ့ကစပြီးတစ်ရက်မှမပျက်ဘဲလွမ်းနေခဲ့ရတာ"

"မင်းသူ့ကိုချစ်တာသေချာပြီဆိုရင် လိုက်သွားပြီးဖွင့်ပြောလိုက် ဖွင့်ပြောပြီးလူသားဆန်လိုက်"

"ဟုတ်ပြီ ငါ့ရဲ့ခံစားချက်တွေကိုဖွင့်ဟဖို့အချိန်တန်ပြီ ငါကြောင်ကြီးကိုဖွင့်ပြောတော့မယ်"

"great job bro"

🐣🐣🐣

ချက်ချင်းပင်လေယာဉ်လက်မှတ်ဖြတ်ပြီးyoongiရှိရာဂျပန်ကိုလိုက်သွားခဲ့သည်။

Yoongiရှိရာဂျပန်ကိုရောက်လာပြီး yoongiတို့အိမ်ကိုရောက်လာခဲ့သည်။အိမ်မှာyoongiရဲ့အမေဖြစ်သူနဲ့တွေ့ပြီး ကြောင်ကြီးရှိတဲ့studio လိပ်စာကိုပေးလိုက်တယ်။

ကြောင်ကြီးကိုတွေ့ရတော့မယ်ဆိုတဲ့အသိစိတ်နဲ့တင်ရင်ခုန်သံတွေမြန်လာပြီး studioရောက်လို့ရောက်မှန်းတောင်သတိမထားမိလိုက်။

ရင်ခုန်စွာနဲ့လာခဲ့သော်လည်း Studioရောက်တော့မြင်လိုက်ရတဲ့မြင်ကွင်းက ရင်ထဲကိုစို့နစ်သွားခဲ့တယ်။

Yoongiနဲ့တစ်ခြားမိန်းမတစ်ယောက် နီးကပ်ပြီးပျော်ရွှင်နေတဲ့မြင်ကွင်းကိုမြင်လိုက်ရတော့အသည်းဟက်တက်ကွဲခဲ့ရသည်။

တံခါးနားကကြက်ပေါက်ကိုမြင်လိုက်တော့ဝမ်းသာမလို့ရှိသေး အဲ့ကြက်ပေါက်ကထွက်ပြေးသွားတယ်တဲ့လေ။ဘာဖြစ်သွားမှန်းမသိပေမဲ့လည်း လုပ်လက်စအလုပ်ကိုပစ်ထားပြီးချစ်ရတဲ့သူနောက်ကိုချက်ချင်းပြေးလိုက်သွားရသည်။

အဲ့ကြက်ပေါက်ခြေထောက်မှာ စက်များတပ်ထားလားအောက်မေ့ရတယ် ပြေးသွားတာဘယ်ရောက်သွားမှန်းတောင်မသိလိုက်ဘူး။

ရှာရင်းရှာရင်းနဲ့ ညစျေးတန်းထဲရောက်တော့ကြက်ပေါက်လေးကိုတွေ့ပါပြီ။

"Jimin"

သူ့ကိုတွေ့တော့ထပ်ပြီးထွက်ပြေးမလို့လုပ်နေသေးတာ။ထပ်ပြီးထွက်မပြေးနိုင်အောင်လက်ကိုဖမ်းဆွဲထားလိုက်တယ်။

"ကြက်ပေါက် ကိုယ့်ဆီလာတာလား"

"မဟုတ်ပါဘူး"

"ကိုယ့်ကိုတွေ့တာနဲ့ဘာလို့ထွက်ပြေးသွားတာလဲ"

"ဘာမှမဖြစ်ပါဘူး ခင်ဗျားကောင်မလေးနားပဲသွားနေစမ်းပါ ကျွန်တော့်နောက်ဘာလို့လိုက်လာတာလဲ"

လက်စသတ်တော့ ကြက်ပေါက်ကအထင်လွဲနေတာကိုး။

"အော် အဲ့တစ်ယောက်ကကိုယ့်ကောင်မလေးမဟုတ်ပါဘူး ကိုယ့်မှာကောင်မလေးမရှိဘူး ကောင်လေးပဲရှိတာ"

"အဲဒါဆိုလဲအဲ့ကောင်လေးဆီသွားလေ"

"အင်း ခုပဲအဲ့ကောင်လေးကိုလိုက်ရှာရင်းနဲ့သူ့ရှေ့ရောက်နေတာ"

"အပိုတွေသွားစမ်းပါအဲ့တစ်ယောက်ဆီကိုပဲပြီးတော့ရီနေလိုက်တာများgummy smileတွေတောင်ပေါ်လို့"

"IUရဲ့သီချင်းတွက်ကိုယ်ကprodလုပ်ပေးနေရလို့ပါ ပြီးတော့SUGAလဲရှိတယ်အဲ့ဒီမှာ"

"ကျွန်တော်မြင်တာတော့ခင်ဗျားတို့နှစ်ယောက်ထဲပါပဲ ပြီးတော့သာယာနေကြတာ"

"SUGA tioletထဲဝင်သွားတဲ့ချိန်နေမှာပါ မယုံရင်လိုက်ခဲ့ တစ်ခါတည်းမိတ်ပါဆက်ပေးမယ်ဒါကကိုယ်အရမ်းချစ်ရတဲ့ကိုယ့်ကောင်လေးပါဆိုပြီး"

"မယုံပါဘူး ပြီးတော့ကျွန်တော်ကဘယ်တုန်းကခင်ဗျားကောင်လေးဖြစ်သွားတာလဲ ခင်ဗျားကကျွန်တော့်ကိုချစ်လို့လား"

"ချစ်တာမှာတုန်လို့ဗျာ ကိုယ်မင်းကိုအရင်တည်းကဖွင့်ပြောခဲ့ရမှာ အဲ့ချိန်တုန်းကကိုယ်သတ္တိနည်းခဲ့လို့"

"အပိုတွေ ချစ်တယ်သာပြောတာကျွန်တော့်ဆီကိုတောင်ပြန်မလာဘူး"

"အော်ဟော အတည်ပြောနေတာ မင်းဆီမလာဘူးဆိုတာကကိုယ့်အလုပ်တွေအပြီးမသတ်ရသေးလို့ပါ အလုပ်တွေပြီးတာနဲ့မင်းဆီလာဖို့ဆုံးဖြတ်ထားတာပါကွာ"

"မယုံဘူး"

"တကယ်မယုံဘူးမလား"

"ဟုတ်တယ် ဘာလဲဇာတ်လမ်းတွေထဲကလိုလုပ်မလို့လား လူကြားထဲမှာဖက်ထားပြီးမယုံမချင်းမလွှတ်ပေးဘူးဆိုပြီး အာဟအဲတာမျိုးတွေကရိုးနေပြီ"

"မဟုတ်ပါဘူး အဲ့နည်းနဲ့တော့ဆင်တူတယ်"

လူအများကြီးကြားထဲ ထိုင်ချပြီးကလေးလေးတစ်ယောက်လိုချင်တာမရလို့ သူ့မိခင်ကိုပူဆာနေသလို လမ်းမကြီးပေါ်မှာအိပ်ပြီးyoongiတစ်ယောက်jiminကိုဂျီကျပါတော့သည်။လူတိုင်းကလဲသူတို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်နဲ့ တစ်ချို့ဆိုဖုန်းနဲ့ပါမှတ်တမ်းတင်ထားကြတယ်။

"ဟာ ခင်ဗျားမရှက်ဘူးလား လူတွေကြည့်နေကြတယ်လေ ကလေးလဲမဟုတ်ဘဲနဲ့"

Jiminရှက်လွန်းလို့အဲ့နားကနေထွက်လာမယ်ကြံတော့ Yoongiကကြက်ပေါက်ရဲ့ခြေသလုံးကိုဖက်ပြီးဂျီကျပြန်တယ်။

"Yoongiခင်ဗျားဘယ်လိုဖြစ်နေတာလဲ ခင်ဗျားမရှက်ပေမဲ့ကျွန်တော်ရှက်တယ် ဘာတွေအစားမှားလာလို့ဒီလောက်အတင့်ရဲနေတာလဲ"

"ဘာမှအစားမမှားဘူး အချစ်ဆေးတွေစားပြီးချစ်ဆိပ်တွေတက်နေတာလေ ကဲကိုယ့်ကိုယုံမှာလား မယုံရင်မင်းမျက်နှာဘယ်နားသွားထားရမှန်းမသိဘဲဖြစ်နေမှာနော်"

"ယုံတယ် ယုံတာမလို့ မြန်မြန်ထတော့"

"အဲဒါဆိုချစ်လား"

"မသိဘူးဗျာ"

"မသိရင်မထဘူးကွာ"

"ကျွန်တော် ဂျပန်ကိုဘာလို့လာတယ်ထင်လဲ"

"ဘာလို့လာတာလဲ"

"ခင်ဗျားကလေကျွန်တော့်ကိုအကျင့်ယုတ်ဖို့ဆိုရင်ဥာဏ်နီဥာဏ်နက်တွေထွက်တယ်နော် ဒါမျိုးကျဝေးလိုက်တာ
ခင်ဗျားကိုဟောဒီကကျွန်တော်ကဘယ်လောက်ချစ်ကြောင်းဖွင့်ဟမလို့ KoreaကနေJapanထိလာခဲ့တာ"

"သိသားပဲ တမင်ကြားချင်လို့ဥာဏ်ဆင်တာ"

"လူလည်ကြီး ထတော့ ဒီကနေမြန်မြန်ထွက်သွားရအောင် ရှက်လွန်းလို့ရူးတော့မှာဘဲ"

"ဟဟ ဟုတ်ပါပြီကိုယ့်ရဲ့ကြက်ပေါက်လေးရယ်"

Yoongiသူဝတ်ထားတဲ့အနက်ရောင်jacketကို
ချွတ်ပြီးရှက်နေတဲ့ကြက်ပေါက်ကို မျက်နှာကာလို့ရအောင်ပေးလိုက်သည်။နှစ်ယောက်
သားလက်ကိုတွဲပြီး ညစျေးတန်းတစ်လျှောက်လှမ်းလျှောက်လာရင်း..........

နောက်တစ်နေ့တွင်တော့ ဂျပန်မှာpopular nowဖြစ်နေတဲ့လူတွေကတော့Yoongiနှင့်Jiminဖြစ်လာခဲ့တယ်။

ပြီးပါပြီ။

Continue Reading

You'll Also Like

433K 13K 95
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
2.9K 355 4
//𝖶𝗁𝖾𝗇 𝖸𝗈𝗎 𝖠𝗋𝖾 𝖵𝖾𝗋𝗒 𝖬𝗎𝖼𝗁 𝖨𝗇 𝖫𝗈𝗏𝖾 𝖶𝗂𝗍𝗁 𝖸𝗈𝗎𝗋 𝖡𝖾𝗌𝗍𝖿𝗋𝗂𝖾𝗇𝖽'𝗌 𝖡𝗋𝗈𝗍𝗁𝖾𝗋 // 𝖲𝗁𝖾𝗇𝖳𝖺𝖾𝗋𝖺𝖾(𝖶𝗋𝗂𝗍𝗍�...
38.4K 2.7K 29
သူ့ထက်ငယ်တဲ့ ချစ်သူကောင်မလေးကိုအရမ်းချစ်ပြီးအလိုလိုက်တဲ့ကောင်လေးရယ်.. မိဘဂရုစိုက်မှုကိုမရခဲ့လို့ ချစ်သူကောင်လေးရဲ့ဂရုစိုက်မှုကိုရရင် ကမ္ဘာပေါ်မှာသူမလောက်...
616K 22.3K 96
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...