HANARY(S1+S2)

By greyvictor25

6.7M 435K 74.3K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories 💌
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

Ch-9( Uni/Zg)

48.1K 3.3K 655
By greyvictor25

" ဒါဘာတွေလဲ အချစ် "

" ကတ်ထူလိပ်တွေလေ ပုံဆွဲဖို့ယူလာတာ...စာကြည့်တိုက်လေးဆောက်ပီးတဲ့အခါကျ နံရံမှာ ကလေးတွေမျက်စိပဒါသဖြစ်အောင် ပုံလေးတွေကပ်ထားပေးမလို့ "

မနက်အစောထဲက သူ့အိတ်ထဲလိုအပ်တဲ့ ဆေးပစ္စည်းတွေထည့်နေတဲ့ လွန်းကို လူဆိုးကောင်လေးက ဘေးကနေမျက်တောင်မခပ်ငေးကြည့်နေသည် ရွာကိုရောက်ထဲက အလုပ်တွေရှုပ်နေလို့ထင်သည် လွန်းရဲ့မျက်နှာလေးကချောင်ကျကာ ပင်ပန်းနွမ်းလျနေတဲ့ပုံပင်..

" အချစ် အရမ်းပင်ပန်းနေပီလားဟင် "

" ဘာလို့တုန်း "

" အချစ်မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်နေလို့လေ "

" ကျတော်အဆင်ပြေပါတယ် "

" အချစ်ကအမြဲအဲ့လိိုပဲပြောနေတာ တကယ်တမ်းအဆင်မပြေတာ ကိုသိတယ် "

" ပင်ပန်းနေပေမဲ့ကျတော်သဘောကျလို့ရွေးချယ်ခဲ့တဲ့လမ်းပဲလေ ကျတော်အဆင်ပြေပါတယ် "

" ကိုနှိပ်ပေးမယ်နော် "

လွန်းရဲ့လက်လေးကို ဟန်နရီလှမ်းဆွဲကာ သွယ်လျလျလက်ချောင်းလေးတွေကို ဆုပ်နယ်ကာဂရုတစိုက်နှိပ်ပေးလိုက်သည်

" အချစ်ပိုအောင်လုပ်နေပြန်ပါပီ "

" အချစ်ပိုပီး နမ်းချင်ရင်လဲရပါတယ် ကိုကမငြင်းတတ်ပါဘူး "

အမြဲအနမ်းခံချင်နေတဲ့ ဟန်နရီရဲ့မျက်နှာလေးကို လွန်းလှမ်းဆွဲကာ လူဆိုးကောင်လေးရဲ့နှုတ်ခမ်းကို တံဆိပ်ခတ်လိုက်သည် ဟန်နရီက သူ့ပါးလေးတွေ နဖူးလေးတွေကို နမ်းရင်ရှက်တတ်မှန်းသိတာကြောင့် လွန်းက လူဆိုးကောင်လေးရဲ့ ပါးလေးနှဖက်နဲ့ နဖူးကိုပါတဆက်ထဲ နမ်းရှိုက်လိုက်သည်

သဘောအကျလွန်သွားတဲ့လူဆိုးကောင်လေးက တဖက်ကို
လှည့်ကာပြုံးလိုက်ပီး လွန်းကိုကျောပေးကာ မျက်နှာလွှဲထားလိုက်သည်

" ရှက်သွားတာလား "

" မရှက်ပါဘူး "

" မရှက်ရင်ဒီဘက်လှည့်ပြလေ "

သူနဲ့မျက်နှာချင်းမဆိုင်ပဲ တဖက်ကိုပဲလှည့်ကာပြုံးနေတဲ့ကောင်လေးကြောင့် လွန်းတယောက်ရယ်လိုက်ပီး ဟန်နရီကိုအနောက်ကနေ သိုင်းဖက်လိုက်သည်

" ကျတော်ခင်ဗျားကို ချစ်တယ် "

သူကြားချင်တဲ့စကားသံလေးကြားလိုက်ရတော့ လူဆိုးကောင်လေးက လွန်းနဲ့မျက်နှာချင်းပြန်ဆိုင်ကာ လွန်းရဲ့ရင်ခွင်ထဲ သူ့ခေါင်းကြီးအတင်းတိုး၀င်ကာ ဖက်ထားလိုက်သည်

" ခေါင်းပွတ်ပေးအုံး "

" စိတ်မဖြောင့်အောင် ချွဲနေပြန်ပီ "

" ကိုလဲလိုက်ခဲ့မှာ "

" လိုက်လို့မရဘူးလေ ခင်ဗျားလေးရဲ့ တခြားသူတွေအမြင်မှာကျ အနောက်ကနေ တကောက်ကောက်လိုက်နေရင် မသင့်တော်ဘူးလေ ဒီမှာပဲ လိမ်လိမ်မာမာနေခဲ့နော် ကိုကိုကလိမ်မာပါတယ် "

" အချစ်မရှိတဲ့အချိန် ဒီပန်ကာရှေ့မှာပဲ လေဖြတ်တဲ့အထိ လှဲနေမှာ ကြည့်နေ  "

ကျတော့်ကိုအရွဲ့တိုက်ချင်တာနဲ့ပဲ လေဖြတ်တဲ့အထိလှနေအုံးမယ်ဆိုပဲ ဒီလူဟာ တကယ်နားလည်ရခက်တဲ့လူပါပဲ
သူ့ကိုမခေါ်သွားလို့ အလိုမကျဖြစ်နေတဲ့ကောင်လေးရဲ့ ပါးကိုလှမ်းနမ်းလိုက်တော့ အပြုံးရေးရေးလေးက ထွက်ပေါ်လာတယ်

" ကျတော်ပင်ပန်းတာသက်သာအောင် ကျတော့်ကိုအလုပ်လေးကူလုပ်ပေးလို့ရမလား "

" အချစ်ပင်ပန်းသက်သာမယ်ဆို ကိုအကုန်လုပ်ပေးမှာ "

" တခြားမဟုတ်ပါဘူး နောက်နှရက်လောက်ဆို စာကြည့်တိုက်လေးကပီးတော့မှာဆိုတော့ ဒီကတ်ထူးလေးတွေပေါ်မှာ ကလေးတွေအတွက် ပုံလေးတွေဆွဲပေးလို့ရမလား "

" ကိုက နဂါးပုံတို့ သိမ်းငှက်ပုံတို့ အရိုးခေါင်းပုံတွေဆို ကျွမ်းကျွမ်းကျင်ကျင်ဆွဲတတ်တယ် အဲ့တာတွေဆွဲပေးရမလား "

" ကလေးတွေကို ကြောက်လန့်အောင်မလုပ်ပါနဲ့ဆရာသမားရယ် ကျတော်ဆွဲစေချင်တာ ရှုခင်းပုံတို့ ပန်းအလှပုံလေးတွေဆွဲစေချင်တာ "

" အဲ့တာကျ... "

" ခင်ဗျားမဆွဲတတ်ရင် ကိုကို့(ကို)ဆွဲခိုင်းလိုက်မယ် ကိုကိုကပုံဆွဲတော်တယ်လေ "

" မလိုပါဘူး ဒီကိုပြန်ပေး!! လူကိုများအထင်လာသေးနေတယ် ကိုက မာန်ဟိန်းကိုကိုထက် ပိုတော်တယ် "

" ဟုတ်ပါတယ် တလောကလုံးမှာ ခင်ဗျားသာအတော်ဆုံးပါ "

" အချစ်က ကို့ကိုရွဲ့တာလား "

" မရွဲ့ပါဘူး "

" အချစ်ပြန်လာရင် ဒီကတ်ထူမှာ ပုံတွေအပြည့်ဖြစ်နေစေရမယ် "

" ကိုကိုကလိမ်မာလိုက်တာ ညနေပြန်လာမှ နှယောက်ထဲလမ်းလျှောက်ထွက်ကြမယ် "

" တကယ်နော် "

" တကယ်ပေါ့ ကျတော်ရွာထဲသွားနေတုန်း သူများနဲ့သင့်တင့်အောင်နေရမယ်နော် "

" နေပါ့မယ် "

" ပီးတော့ ကျတော်အကို Samကိုခဏခေါ်သွားမယ် ခင်ဗျားက ကိုကိုအနားမှာသွားနေပေးနော် ကိုကိုက အခုချိန်ရွာထိပ်ကညောင်ပင်အောက်မှာကလေးတွေကိုစာပြပေးနေတယ် ခင်ဗျားအဲ့နားမှာ သွားနေပီးပုံလေးတွေ ထိုင်ဆွဲနေလိုက်နော် "

" အချစ်ကလဲ Samကျခေါ်သွားတယ် ဘာလို့ကို့ကျ မခေါ်ရတာလဲ "

" အကို Samကို စာကြည့်တိုက်မှာလိုအပ်တာလေးတွေလုပ်ခိုင်းမလို့ပါ အကို Samက သူများနဲ့လိုက်လျောညီထွေနေတတ်တယ်လေ "

" အဲ့တာဆို ကိုကမနေတတ်ဘူးဆိုတဲ့သဘောလား "

" အဲ့လိုလဲမဟုတ်ပါဘူး ခင်ဗျားကိုကျတော်အလုပ်ခိုင်းထားတယ်လေ အဲ့တာတွေလုပ်ပေးရင် ကျတော်ပျော်မိမှာ "

" ပီးရော အချစ်ပျော်ရင်လဲ ဒီမှာပဲနေပီးပုံဆွဲနေတော့မယ် "

စကားနားထောင်တဲ့ ကောက်စိန်လေးရဲ့ခေါင်းကိုပွတ်ပေးပီး
ပါးလေးကိုထပ်နမ်းလိုက်တော့ သဘောကျသွားပြန်တယ် ဒီအချိန်မှာ ကျတော်ကသူ့ထက်အငယ်မှဟုတ်ရဲ့လားလို့တောင် ပြန်တွေးမိတဲ့အထိပါပဲ

လွန်းထွက်သွားတာနဲ့  ဟန်နရီပုံဆွဲဖို့ပစ္စည်းအစုံအလင်ယူကာ
ရွာထိပ်နားမှာ စာသင်နေတဲ့ မာန်ဟိန်းကိုကိုဆီ ဦးတည်သွားလိုက်သည် စာရေးစားပွဲပေါ်က ကလေးတွေအိမ်စာကို စစ်ပေးနေတဲ့ ကပြားကောင်လေးရဲ့မျက်နှာက ကြည်လင်ကာတောက်ပနေသည် မဟော်ဂနီရောင်ဆံပင်လေးတွေကို အနောက်မှာစုစည်းထားတာကြောင့် ဘေးတိုက်ကြည့်ရင် ဖြောင့်စင်းနေတဲ့နှာတံလေးကို ရှင်းလင်းစွာမြင်နေရသည်

" အဟမ်း "

ဘေးကနေချောင်းဟန့်လိုက်တော့ မာန်ဟိန်းက ဟန်နရီကိုလှမ်းကြည့်သည်

" ကျုပ် ဒီနားမှာထိုင်လို့ရမလား "

" ထိုင်ပေါ့ "

" ကလေးတွေဘယ်ရောက်သွားလဲ "

" ပြန်လွှတ်လိုက်ပီ "

" မြန်လှချည်လား "

" ဒီကကလေးတွေက အကုန်ဘ၀သမားတွေချည်းပဲဟန်နရီ
သူတို့အားတဲ့အချိန်လေးပဲ ငါသင်လို့ရတာ မင်းလိုပြီးပြည့်စုံတဲ့သူတွေမှမဟုတ်တာ "

မာန်ဟိန်းရဲ့စကားကြောင့် ဟန်နရီနှုတ်ဆိတ်သွားကာ ပုံဆွဲဖို့အာရုံစိုက်လိုက်သည် မာန်ဟိန်းကလဲ သူလုပ်လက်စအလုပ်ကို ဆက်လုပ်နေသည်

" မာန်ဟိန်းကိုကို "

" ... "

" ဒီမှာ ကျုပ်ခေါ်နေတယ်လေ "

" နာမည်ခေါ်ပီးရင်လဲ တခါထဲပြောစရာရှိတာပြောလေ "

" ကျစ်!! ခင်ဗျားကျပ်ကျပ်သတိထား "

" ငါ့ကို ဘလိုင်းကြီးရန်တွေ့နေတာလား ဟန်နရီ "

" ကျုပ်ကအမြဲရန်လိုနေတယ်များထင်နေလား "

" ငါ့မျက်စိထဲတော့ အမြဲရန်လိုနေတာ "

" ကျုပ်က မေးစရာရှိလို့ "

" ဘာမေးမှာလဲ "

" ကျုပ်အနားခဏလာထိုင်အုံး "

" မင်းကမေးချင်တဲ့သူလေ အဲ့တော့မင်းငါ့ဆီလာသင့်တာမဟုတ်လား "

" ခင်ဗျားသာလာခဲ့စမ်းပါ ကျုပ်စိတ်မရှည်တော့ဘူး "

" ငါကတော့မလာနိုင်ဘူး မေးစရာရှိရင် ငါ့အနားလာ "

" ခင်ဗျားမလာရင် ကျုပ်အတင်းလာဆွဲခေါ်မှာနော် "

အရင်ထဲက လက်ရဲဇက်ရဲရှိတဲ့ဟန်နရီအကြောင်းသိပီးသားမို့ မာန်ဟိန်းကပဲ အလျှော့ပေးကာ ဟန်နရီအနားသွားထိုင်လိုက်သည် လူဆိုးကောင်ကတော့ သဘောကျသွားတဲ့ပုံပါပဲ

" ဘာမေးမှာလဲ "

" ကျုပ်ရေတံခွန်ပုံစံဆွဲနည်းမေ့နေလို့ အဲ့တာနည်းနည်းဆွဲပြပါလား ကျုပ်မဆွဲတတ်လို့မဟုတ်ဘူးနော် ခဏမေ့နေလို့ "

" တကယ်တော့ မင်းမဆွဲတတ်ဘူးမှတ်လား "

" လူကိုများအထင်လာသေးနေတယ် ခင်ဗျားနဲ့ကျုပ်နဲ့ နဂါးပုံစံပြိုင်ဆွဲမလား ဟမ်!! "

" လူနားမလည်တဲ့စကားတွေငါ့ကိုလာမပြောနဲ့ဟန်နရီ ငါဆွဲပြတာသေချာလိုက်ကြည့် "

မာန်ဟိန်းက သေချာအာရုံစိုက်ကာ ရေတံခွန်ပုံစံကို အသေးစိတ်ဆွဲပြလိုက်သည် ဟန်နရီကတော့ဘေးကနေသာ သေချာလိုက်ကြည့်နေသည်

" ဒီလောက်ဆိုရပီလား "

" ရပီ "

" အဲ့တာကို ဆေးရောင်လှလှလေးချယ်လိိုက် "

" ကျုပ်သိပါတယ် "

" သိရင်လဲပီးတာပဲ "

သူ့ကိစ္စပီးတာနဲ့ မာန်ဟိန်းကသူ့နေရာပြန်ကာ ကလေးတွေအိမ်စာကို ဆက်စစ်နေလိိုက်သည် ဟန်နရီကတော့ မျက်နှာရှုံ့မဲ့ကာ ပုံဆက်ဆွဲနေလိုက်သည် အနုအယွပုံလေးတွေမို့ လူဆိုးကောင်လေးအတွက် ခက်ခဲနေတဲ့ပုံပါပဲ

အချိန်အတော်ကြာတဲ့အထိ သေချာအာရုံစိုက်ပီး ပုံဆွဲနေတဲ့ ဟန်နရီအနားကို မာန်ဟိန်းချဥ်းကပ်လာလိုက်ပီး အကဲခတ်လိုက်သည် ဟန်နရီဆွဲတဲ့ပုံတွေကိုကြည့်ပီး မာန်ဟိန်းတယောက်ရယ်ချင်စိတ်တွေကို ထိန်းထားလိုက်သည်

" ဟန်နရီ "

" ဘာလဲ "

" အဲ့တာဘာပုံတွေလဲ "

" ပန်းပွင့်တွေလေ မမြင်ဘူးလား "

" မင်းကဘာပုံကိုဆွဲချင်တာလဲ "

" သဘာ၀ရှုခင်းပုံလေ ကျုပ်ဆွဲနေတာကို သေချာကြည့်ပါလား "

" ရေတံခွန်ပေါ်မှာ ပန်းပင်တွေပေါက်နေတာ မင်းမြင်ဖူးလို့လား "

" .... "

" မင်းဆွဲတဲ့ သဘာ၀ရှုခင်းပုံကိုလဲကြည့်အုံးလေ ရေတံခွန်မှာ ပန်းပွင့်တွေက မျောပါလာတာလား ပီးတော့ဒါကဘာကြီးလဲ? "

" လှေပုံလေ "

" ရေတံခွန်ပေါ်မှာ လှေပုံသွားဆွဲမှတော့ အပြင်မှာသာဆို မင်းလှေပေါ်က လူတွေအဲ့ရေတံခွန်ထဲပါသွားတာနဲ့ပဲ အကုန်သေကုန်တော့မှာ "

" ..... "

မျက်နှာလေးဆူပီး သူဆွဲထားတဲ့ပုံကို သေချာပြန်ကြည့်နေတဲ့ဟန်နရီကြောင့် မာန်ဟိန်းခပ်ရေးရေးလေးပြုံးလိုက်သည်

" ငါ့ကိုပေး ငါ့ပြန်ပြင်ပေးမယ် "

မာန်ဟိန်းက ဟန်နရီလက်ထဲကကတ်ထူကို လှမ်းယူကာ စိတ်ရှည်စွာနဲ့ တဆင့်ချင်းပြန်ပြင်ဆွဲပေးလိုက်သည်

" ပန်းပွင့်တွေကိုလဲ အမဲရောင်ကခြယ်ထားသေးတယ် အမဲရောင်ပန်းပွင့် မင်းမြင်ဖူးလို့လားဟန်နရီ "

" ကျုပ်ကြိုက်တဲ့အရောင်ဆွဲထားတာလေ "

" မင်းကြိုက်တဲ့အရောင်ဆွဲလို့မရဘူးလေ သဘာ၀ကျအောင်ဆွဲရမှာပေါ့ "

" ခင်ဗျားက ကျုပ်ကိုဆူနေတာလား "

" ငါကမင်းထက်အကြီးနော် မင်းကိုဆုံးမပိုင်ခွင့်ငါ့မှာရှိတယ် "

" ခင်ဗျားကဆုံးမရအောင် ကျုပ်ကဆိုးနေလို့လား "

" အခုပုံကိုပဲကြည့်လေ မင်းငါ့ကို ရွယ်တူပုံစံနဲ့ပြောဆိုဆက်ဆံနေတာမှတ်လား "

" ဟုတ်ကဲ့ဗျ ကျတော်မှားသွားပါတယ် "

သူ့ကိုတမင်အရွဲ့တိုက်ပီး ရိုသေပြနေတဲ့လူဆိုးကောင်လေးကြောင့် မာန်ဟိန်းသက်ပြင်းချကာ ခေါင်းကိုခါလိိုက်သည်

" တကယ်လူဆိုးကောင် "

" အဲ့လူဆိုးကောင်က ခင်ဗျားကိုဘာလုပ်နေလို့လဲ "

" စကားမများနဲ့တော့ ဒီမှာငါပြန်ပြင်ပေးထားတယ် "

မာန်ဟိန်းသေချာပြန်ပြင်ကာဆွဲပေးထားတဲ့ပုံလေးကို ဟန်နရီသေချာကြည့်ပီး ဆေးရောင်လေးတွေကို ဂရုတစိုက်ပြန်ခြယ်လိုက်သည်

" ကျေးဇူးပဲ "

" ဘာကိုလဲ "

" ပုံပြန်ဆွဲပေးလို့လေ "

" အင်း "

🎶🎵I want you to know
I love you the most I'll always be there right by your side Cause baby, you're always in mind 🎶

အမှတ်မထင်၀င်ရောက်လာတဲ့ ဖုန်းသံကြောင့် ဟန်နရီထိုနေရာမှ အမြန်ထကာ မာန်ဟိန်းနဲ့အလှမ်း၀ေးတဲ့နေရာရောက်မှဖုန်းကိုင်လိုက်သည်

အချိန်အတော်ကြာတဲ့အထိ ဖုန်းပြောပီးကာမှဟန်နရီ မာန်ဟိန်းရှိတဲ့နေရာကိုပြန်လာလိုက်သည် မျက်နှာကတော့ အရင်ကထက်ပိုခက်ထန်ကာ အရယ်အပြုံးမရှိပဲ အလိုမကျတဲ့ပုံပင် ...

" မာန်ဟိန်းကိုကို "

" အင်း "

" ကျုပ်အရေးကြီးကိစ္စရှိလို့ အိမ်ကိုပြန်ရလိမ့်မယ် Samကိုလဲခေါ်သွားမှာ အဲ့တာကြောင့် ခင်ဗျား လွန်းကို သေချာစောင့်ရှောက်ထားပေးလို့ရမလား "

" မင်းဘာမဟုတ်တာလုပ်အုံးမလို့လဲ ဟန်နရီ "

" ခင်ဗျားသိစရာမလိုပါဘူး နောက်ပီး Samအတွက်စိတ်မပူနဲ့ ကျုပ်တပည့်ကို ထိခိုက်အောင် ဘယ်တော့မှလုပ်မှာမဟုတ်ဘူး "

" မင်းအရေးကြီးကိစ္စရှိရင်လဲသွားပါ ငါလွန်းကိုသေချာစောင့်ရှောက်ပီး မြို့ကိုအတူပြန်လာခဲ့မယ် "

မာန်ဟိန်းနဲ့စကားပြောပီးတာနဲ့ ဟန်နရီလှည့်ထွက်ကာ သူ့ကားရှိရာကိုအမြန်သွားလိုက်သည် ကားနားရောက်တာနဲ့ ပတ်၀န်းကျင်ကိုအကဲခတ်ကာ ကားထဲအမြန်၀င်လိုက်သည်
အထဲရောက်တာနဲ့ သူဖွက်ထားတဲ့ Boxထဲက တစစီဖြစ်နေတဲ့ သေနတ်အပိုင်းအစတွေကို အချိန်ခဏအတွင်းမှာတင် တပ်ဆင်လိိုက်သည် လျှင်မြန်နေတဲ့လက်တွေက ကျည်ကဒ်ကိုဆွဲထုတ်ကာ ကျည်အပြည့်ဖြည့်လိုက်သည် သွေးအေးနေတဲ့မျက်လုံးတွေက ထိတ်လန့်ခြင်းမရှိတည်ငြိမ်လျှက်ပင် လက်မှာပတ်ထားတဲ့ နဂါးပုံစံဒိုင်ခွက်နဲ့နာရီကလဲ ထိုလူရဲ့လက်မှာ ပနံသင့်စွာလိုက်ဖက်နေသည်

သေနတ်တပ်ဆင်ပီးတာနဲ့ ကားထဲမှာသေချာဖွက်ထားကာ ဟန်မပျက်ပင်အပြင်ပြန်ထွက်လာလိုက်သည် အ၀ေးကနေပြန်ရောက်လာတဲ့ လွန်းနဲ့ Samကို ဟန်နရီပုံမှန်အတိုင်းပြုံးပြလိိုက်ပီး လွန်းရဲ့ဆေးအိတ်လေးကို ဆွဲယူလိုက်သည်

" ခင်ဗျားဘယ်ကနေ ပြန်လာတာလဲ "

" ကားထဲမှာ ပစ္စည်းလေးကျန်ခဲ့လားလို့သွားကြည့်တာ
အချစ် ဗိုက်ဆာနေပီလား "

" အင်း "

" အဲ့တာဆို အချစ်မာန်ဟိန်းနဲ့အတူပြန်နှင့်လိုက်နော် ကိုခဏနေလိုက်လာခဲ့မယ် "

" ခင်ဗျားကကော "

" ကိုက Samနဲ့ အလုပ်ကိစ္စလေးပြောစရာရှိလို့ ခဏစကားပြောလိုက်အုံးမယ် ပီးတာနဲ့ကိုလိုက်လာခဲ့မယ်နော် "

" အင်း "

လွန်းနဲ့မာန်ဟိန်း သူတို့ရှေ့ကနေ ထွက်သွားတာနဲ့ ဟန်နရီက Samကိုမျက်စပစ်လိုက်သည် အထာပေါက်လွယ်တဲ့ Samက ချက်ချင်းပဲ ဟန်နရီရှေ့ကနေပြေးကာ ကားထဲအမြန်၀င်လိုက်သည်

" ဟိုဘက်က ဖုန်းဆက်လာပီ သဘက်ခါလောက်သူတို့လာ
လိမ့်မယ် "

" အဲ့တာဆို ကျတော်တို့ဘယ်နေ့ပြန်ကြမလဲ "

" မနက်ဖန်အစောပိုင်းပဲပြန်ကြမယ် ပစ္စည်းတွေအဆင်သင့်ပြင်ထားလိုက် "

" ဟုတ်ကဲ့ Boss "

" မာန်ဟိန်းနဲ့ လွန်းကိုစောင့်ကြည့်ဖို့ လူလွှတ်ပေးထားလိုက် ရန်သူထက် ခြေတလှမ်းအမြဲသာနေမှဖြစ်မှာ "

" ဟုတ်ကဲ့ Boss...စိတ်ချရတဲ့လူတယောက်ကို ကျတော်လွှတ်လိုက်မယ် "

" မလိုအပ်ပဲနဲ့ သေနတ်ကိုအသုံးမပြုနဲ့ မဆိုင်တဲ့သူဆို ငါဘယ်တော့မှ အသက်သေတဲ့အထိမလုပ်ဖူးဆိုတာသိတယ်မှတ်လား "

" ဟုတ်ကဲ့ "

" မာန်ဟိန်းကိုနားလည်အောင်သေချာပြောပြလိုက် သူ့ကြည့်ရတာမင်းကိုစိတ်ပူနေတဲ့ပုံပဲ "

" အကိုကစိုးရိမ်လွန်တတ်လိို့ပါ ကျတော်ပြောပြလိုက်ပါ့မယ် "

" ဟိုဘက်က ခေါင်းဆောင်ကိုငါကိုယ်တိုင်ရှင်းမယ် မင်းကအခြေအနေထိန်းထားပေး "

" ဟုတ်ကဲ့ Boss "

" အဲ့တာဆို ထမင်းသွားစားရအောင် ပုံမှန်အတိုင်းဟန်မပျက်ပဲနေ  "

ကွယ်ရာမှာ ဘယ်လောက်ကြောက်စရာကောင်းတဲ့သူဖြစ်နေပါစေ သူချစ်တဲ့သူအနားရောက်တာနဲ့ ဟန်နရီချက်ချင်းပြုံးကာ လွန်းအနားကိုတိုး၀င်လိုက်သည် Samလဲထိုနည်းတူ မာန်ဟိန်းအနားကပ်ကာ ကပိုကရိုကျနေတဲ့မာန်ဟိန်းရဲ့ဆံပင်လေးတွေကိုလှန်တင်ပေးလိုက်သည် အကြင်နာကိုယ်စီပြည့်နေတဲ့ ထမင်း၀ိုင်းလေးက ပြီးပြည့်စုံနေတော့မယ်ထင်ပါတယ်

***


**
27.2.22
Grey

**

" ဒါဘာေတြလဲ အခ်စ္ "

" ကတ္ထူလိပ္ေတြေလ ပုံဆြဲဖို႔ယူလာတာ...စာၾကည့္တိုက္ေလးေဆာက္ပီးတဲ့အခါက် နံရံမွာ ကေလးေတြမ်က္စိပဒါသျဖစ္ေအာင္ ပုံေလးေတြကပ္ထားေပးမလို႔ "

မနက္အေစာထဲက သူ႔အိတ္ထဲလိုအပ္တဲ့ ေဆးပစၥည္းေတြထည့္ေနတဲ့ လြန္းကို လူဆိုးေကာင္ေလးက ေဘးကေနမ်က္ေတာင္မခပ္ေငးၾကည့္ေနသည္ ႐ြာကိုေရာက္ထဲက အလုပ္ေတြရႈပ္ေနလို႔ထင္သည္ လြန္းရဲ႕မ်က္ႏွာေလးကေခ်ာင္က်ကာ ပင္ပန္းႏြမ္းလ်ေနတဲ့ပုံပင္..

" အခ်စ္ အရမ္းပင္ပန္းေနပီလားဟင္ "

" ဘာလို႔တုန္း "

" အခ်စ္မ်က္ႏွာေလးက ျဖဴဖပ္ျဖဴေရာ္ျဖစ္ေနလို႔ေလ "

" က်ေတာ္အဆင္ေျပပါတယ္ "

" အခ်စ္ကအၿမဲအဲ့လိိုပဲေျပာေနတာ တကယ္တမ္းအဆင္မေျပတာ ကိုသိတယ္ "

" ပင္ပန္းေနေပမဲ့က်ေတာ္သေဘာက်လို႔ေ႐ြးခ်ယ္ခဲ့တဲ့လမ္းပဲေလ က်ေတာ္အဆင္ေျပပါတယ္ "

" ကိုႏွိပ္ေပးမယ္ေနာ္ "

လြန္းရဲ႕လက္ေလးကို ဟန္နရီလွမ္းဆြဲကာ သြယ္လ်လ်လက္ေခ်ာင္းေလးေတြကို ဆုပ္နယ္ကာဂ႐ုတစိုက္ႏွိပ္ေပးလိုက္သည္

" အခ်စ္ပိုေအာင္လုပ္ေနျပန္ပါပီ "

" အခ်စ္ပိုပီး နမ္းခ်င္ရင္လဲရပါတယ္ ကိုကမျငင္းတတ္ပါဘူး "

အၿမဲအနမ္းခံခ်င္ေနတဲ့ ဟန္နရီရဲ႕မ်က္ႏွာေလးကို လြန္းလွမ္းဆြဲကာ လူဆိုးေကာင္ေလးရဲ႕ႏႈတ္ခမ္းကို တံဆိပ္ခတ္လိုက္သည္ ဟန္နရီက သူ႔ပါးေလးေတြ နဖူးေလးေတြကို နမ္းရင္ရွက္တတ္မွန္းသိတာေၾကာင့္ လြန္းက လူဆိုးေကာင္ေလးရဲ႕ ပါးေလးႏွဖက္နဲ႔ နဖူးကိုပါတဆက္ထဲ နမ္းရႈိက္လိုက္သည္

သေဘာအက်လြန္သြားတဲ့လူဆိုးေကာင္ေလးက တဖက္ကို
လွည့္ကာၿပဳံးလိုက္ပီး လြန္းကိုေက်ာေပးကာ မ်က္ႏွာလႊဲထားလိုက္သည္

" ရွက္သြားတာလား "

" မရွက္ပါဘူး "

" မရွက္ရင္ဒီဘက္လွည့္ျပေလ "

သူနဲ႔မ်က္ႏွာခ်င္းမဆိုင္ပဲ တဖက္ကိုပဲလွည့္ကာၿပဳံးေနတဲ့ေကာင္ေလးေၾကာင့္ လြန္းတေယာက္ရယ္လိုက္ပီး ဟန္နရီကိုအေနာက္ကေန သိုင္းဖက္လိုက္သည္

" က်ေတာ္ခင္ဗ်ားကို ခ်စ္တယ္ "

သူၾကားခ်င္တဲ့စကားသံေလးၾကားလိုက္ရေတာ့ လူဆိုးေကာင္ေလးက လြန္းနဲ႔မ်က္ႏွာခ်င္းျပန္ဆိုင္ကာ လြန္းရဲ႕ရင္ခြင္ထဲ သူ႔ေခါင္းႀကီးအတင္းတိုး၀င္ကာ ဖက္ထားလိုက္သည္

" ေခါင္းပြတ္ေပးအုံး "

" စိတ္မေျဖာင့္ေအာင္ ခြၽဲေနျပန္ပီ "

" ကိုလဲလိုက္ခဲ့မွာ "

" လိုက္လို႔မရဘူးေလ ခင္ဗ်ားေလးရဲ႕ တျခားသူေတြအျမင္မွာက် အေနာက္ကေန တေကာက္ေကာက္လိုက္ေနရင္ မသင့္ေတာ္ဘူးေလ ဒီမွာပဲ လိမ္လိမ္မာမာေနခဲ့ေနာ္ ကိုကိုကလိမ္မာပါတယ္ "

" အခ်စ္မရွိတဲ့အခ်ိန္ ဒီပန္ကာေရွ႕မွာပဲ ေလျဖတ္တဲ့အထိ လွဲေနမွာ ၾကည့္ေန  "

က်ေတာ့္ကိုအ႐ြဲ႕တိုက္ခ်င္တာနဲ႔ပဲ ေလျဖတ္တဲ့အထိလွေနအုံးမယ္ဆိုပဲ ဒီလူဟာ တကယ္နားလည္ရခက္တဲ့လူပါပဲ
သူ႔ကိုမေခၚသြားလို႔ အလိုမက်ျဖစ္ေနတဲ့ေကာင္ေလးရဲ႕ ပါးကိုလွမ္းနမ္းလိုက္ေတာ့ အၿပဳံးေရးေရးေလးက ထြက္ေပၚလာတယ္

" က်ေတာ္ပင္ပန္းတာသက္သာေအာင္ က်ေတာ့္ကိုအလုပ္ေလးကူလုပ္ေပးလို႔ရမလား "

" အခ်စ္ပင္ပန္းသက္သာမယ္ဆို ကိုအကုန္လုပ္ေပးမွာ "

" တျခားမဟုတ္ပါဘူး ေနာက္ႏွရက္ေလာက္ဆို စာၾကည့္တိုက္ေလးကပီးေတာ့မွာဆိုေတာ့ ဒီကတ္ထူးေလးေတြေပၚမွာ ကေလးေတြအတြက္ ပုံေလးေတြဆြဲေပးလို႔ရမလား "

" ကိုက နဂါးပုံတို႔ သိမ္းငွက္ပုံတို႔ အ႐ိုးေခါင္းပုံေတြဆို ကြၽမ္းကြၽမ္းက်င္က်င္ဆြဲတတ္တယ္ အဲ့တာေတြဆြဲေပးရမလား "

" ကေလးေတြကို ေၾကာက္လန္႔ေအာင္မလုပ္ပါနဲ႔ဆရာသမားရယ္ က်ေတာ္ဆြဲေစခ်င္တာ ရႈခင္းပုံတို႔ ပန္းအလွပုံေလးေတြဆြဲေစခ်င္တာ "

" အဲ့တာက်... "

" ခင္ဗ်ားမဆြဲတတ္ရင္ ကိုကို႔(ကို)ဆြဲခိုင္းလိုက္မယ္ ကိုကိုကပုံဆြဲေတာ္တယ္ေလ "

" မလိုပါဘူး ဒီကိုျပန္ေပး!! လူကိုမ်ားအထင္လာေသးေနတယ္ ကိုက မာန္ဟိန္းကိုကိုထက္ ပိုေတာ္တယ္ "

" ဟုတ္ပါတယ္ တေလာကလုံးမွာ ခင္ဗ်ားသာအေတာ္ဆုံးပါ "

" အခ်စ္က ကို႔ကို႐ြဲ႕တာလား "

" မ႐ြဲ႕ပါဘူး "

" အခ်စ္ျပန္လာရင္ ဒီကတ္ထူမွာ ပုံေတြအျပည့္ျဖစ္ေနေစရမယ္ "

" ကိုကိုကလိမ္မာလိုက္တာ ညေနျပန္လာမွ ႏွေယာက္ထဲလမ္းေလွ်ာက္ထြက္ၾကမယ္ "

" တကယ္ေနာ္ "

" တကယ္ေပါ့ က်ေတာ္႐ြာထဲသြားေနတုန္း သူမ်ားနဲ႔သင့္တင့္ေအာင္ေနရမယ္ေနာ္ "

" ေနပါ့မယ္ "

" ပီးေတာ့ က်ေတာ္အကို Samကိုခဏေခၚသြားမယ္ ခင္ဗ်ားက ကိုကိုအနားမွာသြားေနေပးေနာ္ ကိုကိုက အခုခ်ိန္႐ြာထိပ္ကေညာင္ပင္ေအာက္မွာကေလးေတြကိုစာျပေပးေနတယ္ ခင္ဗ်ားအဲ့နားမွာ သြားေနပီးပုံေလးေတြ ထိုင္ဆြဲေနလိုက္ေနာ္ "

" အခ်စ္ကလဲ Samက်ေခၚသြားတယ္ ဘာလို႔ကို႔က် မေခၚရတာလဲ "

" အကို Samကို စာၾကည့္တိုက္မွာလိုအပ္တာေလးေတြလုပ္ခိုင္းမလို႔ပါ အကို Samက သူမ်ားနဲ႔လိုက္ေလ်ာညီေထြေနတတ္တယ္ေလ "

" အဲ့တာဆို ကိုကမေနတတ္ဘူးဆိုတဲ့သေဘာလား "

" အဲ့လိုလဲမဟုတ္ပါဘူး ခင္ဗ်ားကိုက်ေတာ္အလုပ္ခိုင္းထားတယ္ေလ အဲ့တာေတြလုပ္ေပးရင္ က်ေတာ္ေပ်ာ္မိမွာ "

" ပီးေရာ အခ်စ္ေပ်ာ္ရင္လဲ ဒီမွာပဲေနပီးပုံဆြဲေနေတာ့မယ္ "

စကားနားေထာင္တဲ့ ေကာက္စိန္ေလးရဲ႕ေခါင္းကိုပြတ္ေပးပီး
ပါးေလးကိုထပ္နမ္းလိုက္ေတာ့ သေဘာက်သြားျပန္တယ္ ဒီအခ်ိန္မွာ က်ေတာ္ကသူ႔ထက္အငယ္မွဟုတ္ရဲ႕လားလို႔ေတာင္ ျပန္ေတြးမိတဲ့အထိပါပဲ

လြန္းထြက္သြားတာနဲ႔  ဟန္နရီပုံဆြဲဖို႔ပစၥည္းအစုံအလင္ယူကာ
႐ြာထိပ္နားမွာ စာသင္ေနတဲ့ မာန္ဟိန္းကိုကိုဆီ ဦးတည္သြားလိုက္သည္ စာေရးစားပြဲေပၚက ကေလးေတြအိမ္စာကို စစ္ေပးေနတဲ့ ကျပားေကာင္ေလးရဲ႕မ်က္ႏွာက ၾကည္လင္ကာေတာက္ပေနသည္ မေဟာ္ဂနီေရာင္ဆံပင္ေလးေတြကို အေနာက္မွာစုစည္းထားတာေၾကာင့္ ေဘးတိုက္ၾကည့္ရင္ ေျဖာင့္စင္းေနတဲ့ႏွာတံေလးကို ရွင္းလင္းစြာျမင္ေနရသည္

" အဟမ္း "

ေဘးကေနေခ်ာင္းဟန္႔လိုက္ေတာ့ မာန္ဟိန္းက ဟန္နရီကိုလွမ္းၾကည့္သည္

" က်ဳပ္ ဒီနားမွာထိုင္လို႔ရမလား "

" ထိုင္ေပါ့ "

" ကေလးေတြဘယ္ေရာက္သြားလဲ "

" ျပန္လႊတ္လိုက္ပီ "

" ျမန္လွခ်ည္လား "

" ဒီကကေလးေတြက အကုန္ဘ၀သမားေတြခ်ည္းပဲဟန္နရီ
သူတို႔အားတဲ့အခ်ိန္ေလးပဲ ငါသင္လို႔ရတာ မင္းလိုၿပီးျပည့္စုံတဲ့သူေတြမွမဟုတ္တာ "

မာန္ဟိန္းရဲ႕စကားေၾကာင့္ ဟန္နရီႏႈတ္ဆိတ္သြားကာ ပုံဆြဲဖို႔အာ႐ုံစိုက္လိုက္သည္ မာန္ဟိန္းကလဲ သူလုပ္လက္စအလုပ္ကို ဆက္လုပ္ေနသည္

" မာန္ဟိန္းကိုကို "

" ... "

" ဒီမွာ က်ဳပ္ေခၚေနတယ္ေလ "

" နာမည္ေခၚပီးရင္လဲ တခါထဲေျပာစရာရွိတာေျပာေလ "

" က်စ္!! ခင္ဗ်ားက်ပ္က်ပ္သတိထား "

" ငါ့ကို ဘလိုင္းႀကီးရန္ေတြ႕ေနတာလား ဟန္နရီ "

" က်ဳပ္ကအၿမဲရန္လိုေနတယ္မ်ားထင္ေနလား "

" ငါ့မ်က္စိထဲေတာ့ အၿမဲရန္လိုေနတာ "

" က်ဳပ္က ေမးစရာရွိလို႔ "

" ဘာေမးမွာလဲ "

" က်ဳပ္အနားခဏလာထိုင္အုံး "

" မင္းကေမးခ်င္တဲ့သူေလ အဲ့ေတာ့မင္းငါ့ဆီလာသင့္တာမဟုတ္လား "

" ခင္ဗ်ားသာလာခဲ့စမ္းပါ က်ဳပ္စိတ္မရွည္ေတာ့ဘူး "

" ငါကေတာ့မလာႏိုင္ဘူး ေမးစရာရွိရင္ ငါ့အနားလာ "

" ခင္ဗ်ားမလာရင္ က်ဳပ္အတင္းလာဆြဲေခၚမွာေနာ္ "

အရင္ထဲက လက္ရဲဇက္ရဲရွိတဲ့ဟန္နရီအေၾကာင္းသိပီးသားမို႔ မာန္ဟိန္းကပဲ အေလွ်ာ့ေပးကာ ဟန္နရီအနားသြားထိုင္လိုက္သည္ လူဆိုးေကာင္ကေတာ့ သေဘာက်သြားတဲ့ပုံပါပဲ

" ဘာေမးမွာလဲ "

" က်ဳပ္ေရတံခြန္ပုံစံဆြဲနည္းေမ့ေနလို႔ အဲ့တာနည္းနည္းဆြဲျပပါလား က်ဳပ္မဆြဲတတ္လို႔မဟုတ္ဘူးေနာ္ ခဏေမ့ေနလို႔ "

" တကယ္ေတာ့ မင္းမဆြဲတတ္ဘူးမွတ္လား "

" လူကိုမ်ားအထင္လာေသးေနတယ္ ခင္ဗ်ားနဲ႔က်ဳပ္နဲ႔ နဂါးပုံစံၿပိဳင္ဆြဲမလား ဟမ္!! "

" လူနားမလည္တဲ့စကားေတြငါ့ကိုလာမေျပာနဲ႔ဟန္နရီ ငါဆြဲျပတာေသခ်ာလိုက္ၾကည့္ "

မာန္ဟိန္းက ေသခ်ာအာ႐ုံစိုက္ကာ ေရတံခြန္ပုံစံကို အေသးစိတ္ဆြဲျပလိုက္သည္ ဟန္နရီကေတာ့ေဘးကေနသာ ေသခ်ာလိုက္ၾကည့္ေနသည္

" ဒီေလာက္ဆိုရပီလား "

" ရပီ "

" အဲ့တာကို ေဆးေရာင္လွလွေလးခ်ယ္လိိုက္ "

" က်ဳပ္သိပါတယ္ "

" သိရင္လဲပီးတာပဲ "

သူ႔ကိစၥပီးတာနဲ႔ မာန္ဟိန္းကသူ႔ေနရာျပန္ကာ ကေလးေတြအိမ္စာကို ဆက္စစ္ေနလိိုက္သည္ ဟန္နရီကေတာ့ မ်က္ႏွာရႈံ႕မဲ့ကာ ပုံဆက္ဆြဲေနလိုက္သည္ အႏုအယြပုံေလးေတြမို႔ လူဆိုးေကာင္ေလးအတြက္ ခက္ခဲေနတဲ့ပုံပါပဲ

အခ်ိန္အေတာ္ၾကာတဲ့အထိ ေသခ်ာအာ႐ုံစိုက္ပီး ပုံဆြဲေနတဲ့ ဟန္နရီအနားကို မာန္ဟိန္းခ်ဥ္းကပ္လာလိုက္ပီး အကဲခတ္လိုက္သည္ ဟန္နရီဆြဲတဲ့ပုံေတြကိုၾကည့္ပီး မာန္ဟိန္းတေယာက္ရယ္ခ်င္စိတ္ေတြကို ထိန္းထားလိုက္သည္

" ဟန္နရီ "

" ဘာလဲ "

" အဲ့တာဘာပုံေတြလဲ "

" ပန္းပြင့္ေတြေလ မျမင္ဘူးလား "

" မင္းကဘာပုံကိုဆြဲခ်င္တာလဲ "

" သဘာ၀ရႈခင္းပုံေလ က်ဳပ္ဆြဲေနတာကို ေသခ်ာၾကည့္ပါလား "

" ေရတံခြန္ေပၚမွာ ပန္းပင္ေတြေပါက္ေနတာ မင္းျမင္ဖူးလို႔လား "

" .... "

" မင္းဆြဲတဲ့ သဘာ၀ရႈခင္းပုံကိုလဲၾကည့္အုံးေလ ေရတံခြန္မွာ ပန္းပြင့္ေတြက ေမ်ာပါလာတာလား ပီးေတာ့ဒါကဘာႀကီးလဲ? "

" ေလွပုံေလ "

" ေရတံခြန္ေပၚမွာ ေလွပုံသြားဆြဲမွေတာ့ အျပင္မွာသာဆို မင္းေလွေပၚက လူေတြအဲ့ေရတံခြန္ထဲပါသြားတာနဲ႔ပဲ အကုန္ေသကုန္ေတာ့မွာ "

" ..... "

မ်က္ႏွာေလးဆူပီး သူဆြဲထားတဲ့ပုံကို ေသခ်ာျပန္ၾကည့္ေနတဲ့ဟန္နရီေၾကာင့္ မာန္ဟိန္းခပ္ေရးေရးေလးၿပဳံးလိုက္သည္

" ငါ့ကိုေပး ငါ့ျပန္ျပင္ေပးမယ္ "

မာန္ဟိန္းက ဟန္နရီလက္ထဲကကတ္ထူကို လွမ္းယူကာ စိတ္ရွည္စြာနဲ႔ တဆင့္ခ်င္းျပန္ျပင္ဆြဲေပးလိုက္သည္

" ပန္းပြင့္ေတြကိုလဲ အမဲေရာင္ကျခယ္ထားေသးတယ္ အမဲေရာင္ပန္းပြင့္ မင္းျမင္ဖူးလို႔လားဟန္နရီ "

" က်ဳပ္ႀကိဳက္တဲ့အေရာင္ဆြဲထားတာေလ "

" မင္းႀကိဳက္တဲ့အေရာင္ဆြဲလို႔မရဘူးေလ သဘာ၀က်ေအာင္ဆြဲရမွာေပါ့ "

" ခင္ဗ်ားက က်ဳပ္ကိုဆူေနတာလား "

" ငါကမင္းထက္အႀကီးေနာ္ မင္းကိုဆုံးမပိုင္ခြင့္ငါ့မွာရွိတယ္ "

" ခင္ဗ်ားကဆုံးမရေအာင္ က်ဳပ္ကဆိုးေနလို႔လား "

" အခုပုံကိုပဲၾကည့္ေလ မင္းငါ့ကို ႐ြယ္တူပုံစံနဲ႔ေျပာဆိုဆက္ဆံေနတာမွတ္လား "

" ဟုတ္ကဲ့ဗ် က်ေတာ္မွားသြားပါတယ္ "

သူ႔ကိုတမင္အ႐ြဲ႕တိုက္ပီး ႐ိုေသျပေနတဲ့လူဆိုးေကာင္ေလးေၾကာင့္ မာန္ဟိန္းသက္ျပင္းခ်ကာ ေခါင္းကိုခါလိိုက္သည္

" တကယ္လူဆိုးေကာင္ "

" အဲ့လူဆိုးေကာင္က ခင္ဗ်ားကိုဘာလုပ္ေနလို႔လဲ "

" စကားမမ်ားနဲ႔ေတာ့ ဒီမွာငါျပန္ျပင္ေပးထားတယ္ "

မာန္ဟိန္းေသခ်ာျပန္ျပင္ကာဆြဲေပးထားတဲ့ပုံေလးကို ဟန္နရီေသခ်ာၾကည့္ပီး ေဆးေရာင္ေလးေတြကို ဂ႐ုတစိုက္ျပန္ျခယ္လိုက္သည္

" ေက်းဇူးပဲ "

" ဘာကိုလဲ "

" ပုံျပန္ဆြဲေပးလို႔ေလ "

" အင္း "

🎶🎵I want you to know
I love you the most I'll always be there right by your side Cause baby, you're always in mind 🎶

အမွတ္မထင္၀င္ေရာက္လာတဲ့ ဖုန္းသံေၾကာင့္ ဟန္နရီထိုေနရာမွ အျမန္ထကာ မာန္ဟိန္းနဲ႔အလွမ္း၀ေးတဲ့ေနရာေရာက္မွဖုန္းကိုင္လိုက္သည္

အခ်ိန္အေတာ္ၾကာတဲ့အထိ ဖုန္းေျပာပီးကာမွဟန္နရီ မာန္ဟိန္းရွိတဲ့ေနရာကိုျပန္လာလိုက္သည္ မ်က္ႏွာကေတာ့ အရင္ကထက္ပိုခက္ထန္ကာ အရယ္အၿပဳံးမရွိပဲ အလိုမက်တဲ့ပုံပင္ ...

" မာန္ဟိန္းကိုကို "

" အင္း "

" က်ဳပ္အေရးႀကီးကိစၥရွိလို႔ အိမ္ကိုျပန္ရလိမ့္မယ္ Samကိုလဲေခၚသြားမွာ အဲ့တာေၾကာင့္ ခင္ဗ်ား လြန္းကို ေသခ်ာေစာင့္ေရွာက္ထားေပးလို႔ရမလား "

" မင္းဘာမဟုတ္တာလုပ္အုံးမလို႔လဲ ဟန္နရီ "

" ခင္ဗ်ားသိစရာမလိုပါဘူး ေနာက္ပီး Samအတြက္စိတ္မပူနဲ႔ က်ဳပ္တပည့္ကို ထိခိုက္ေအာင္ ဘယ္ေတာ့မွလုပ္မွာမဟုတ္ဘူး "

" မင္းအေရးႀကီးကိစၥရွိရင္လဲသြားပါ ငါလြန္းကိုေသခ်ာေစာင့္ေရွာက္ပီး ၿမိဳ႕ကိုအတူျပန္လာခဲ့မယ္ "

မာန္ဟိန္းနဲ႔စကားေျပာပီးတာနဲ႔ ဟန္နရီလွည့္ထြက္ကာ သူ႔ကားရွိရာကိုအျမန္သြားလိုက္သည္ ကားနားေရာက္တာနဲ႔ ပတ္၀န္းက်င္ကိုအကဲခတ္ကာ ကားထဲအျမန္၀င္လိုက္သည္
အထဲေရာက္တာနဲ႔ သူဖြက္ထားတဲ့ Boxထဲက တစစီျဖစ္ေနတဲ့ ေသနတ္အပိုင္းအစေတြကို အခ်ိန္ခဏအတြင္းမွာတင္ တပ္ဆင္လိိုက္သည္ လွ်င္ျမန္ေနတဲ့လက္ေတြက က်ည္ကဒ္ကိုဆြဲထုတ္ကာ က်ည္အျပည့္ျဖည့္လိုက္သည္ ေသြးေအးေနတဲ့မ်က္လုံးေတြက ထိတ္လန္႔ျခင္းမရွိတည္ၿငိမ္လွ်က္ပင္ လက္မွာပတ္ထားတဲ့ နဂါးပုံစံဒိုင္ခြက္နဲ႔နာရီကလဲ ထိုလူရဲ႕လက္မွာ ပနံသင့္စြာလိုက္ဖက္ေနသည္

ေသနတ္တပ္ဆင္ပီးတာနဲ႔ ကားထဲမွာေသခ်ာဖြက္ထားကာ ဟန္မပ်က္ပင္အျပင္ျပန္ထြက္လာလိုက္သည္ အ၀ေးကေနျပန္ေရာက္လာတဲ့ လြန္းနဲ႔ Samကို ဟန္နရီပုံမွန္အတိုင္းၿပဳံးျပလိိုက္ပီး လြန္းရဲ႕ေဆးအိတ္ေလးကို ဆြဲယူလိုက္သည္

" ခင္ဗ်ားဘယ္ကေန ျပန္လာတာလဲ "

" ကားထဲမွာ ပစၥည္းေလးက်န္ခဲ့လားလို႔သြားၾကည့္တာ
အခ်စ္ ဗိုက္ဆာေနပီလား "

" အင္း "

" အဲ့တာဆို အခ်စ္မာန္ဟိန္းနဲ႔အတူျပန္ႏွင့္လိုက္ေနာ္ ကိုခဏေနလိုက္လာခဲ့မယ္ "

" ခင္ဗ်ားကေကာ "

" ကိုက Samနဲ႔ အလုပ္ကိစၥေလးေျပာစရာရွိလို႔ ခဏစကားေျပာလိုက္အုံးမယ္ ပီးတာနဲ႔ကိုလိုက္လာခဲ့မယ္ေနာ္ "

" အင္း "

လြန္းနဲ႔မာန္ဟိန္း သူတို႔ေရွ႕ကေန ထြက္သြားတာနဲ႔ ဟန္နရီက Samကိုမ်က္စပစ္လိုက္သည္ အထာေပါက္လြယ္တဲ့ Samက ခ်က္ခ်င္းပဲ ဟန္နရီေရွ႕ကေနေျပးကာ ကားထဲအျမန္၀င္လိုက္သည္

" ဟိုဘက္က ဖုန္းဆက္လာပီ သဘက္ခါေလာက္သူတို႔လာ
လိမ့္မယ္ "

" အဲ့တာဆို က်ေတာ္တို႔ဘယ္ေန႔ျပန္ၾကမလဲ "

" မနက္ဖန္အေစာပိုင္းပဲျပန္ၾကမယ္ ပစၥည္းေတြအဆင္သင့္ျပင္ထားလိုက္ "

" ဟုတ္ကဲ့ Boss "

" မာန္ဟိန္းနဲ႔ လြန္းကိုေစာင့္ၾကည့္ဖို႔ လူလႊတ္ေပးထားလိုက္ ရန္သူထက္ ေျခတလွမ္းအၿမဲသာေနမွျဖစ္မွာ "

" ဟုတ္ကဲ့ Boss...စိတ္ခ်ရတဲ့လူတေယာက္ကို က်ေတာ္လႊတ္လိုက္မယ္ "

" မလိုအပ္ပဲနဲ႔ ေသနတ္ကိုအသုံးမျပဳနဲ႔ မဆိုင္တဲ့သူဆို ငါဘယ္ေတာ့မွ အသက္ေသတဲ့အထိမလုပ္ဖူးဆိုတာသိတယ္မွတ္လား "

" ဟုတ္ကဲ့ "

" မာန္ဟိန္းကိုနားလည္ေအာင္ေသခ်ာေျပာျပလိုက္ သူ႔ၾကည့္ရတာမင္းကိုစိတ္ပူေနတဲ့ပုံပဲ "

" အကိုကစိုးရိမ္လြန္တတ္လိို႔ပါ က်ေတာ္ေျပာျပလိုက္ပါ့မယ္ "

" ဟိုဘက္က ေခါင္းေဆာင္ကိုငါကိုယ္တိုင္ရွင္းမယ္ မင္းကအေျခအေနထိန္းထားေပး "

" ဟုတ္ကဲ့ Boss "

" အဲ့တာဆို ထမင္းသြားစားရေအာင္ ပုံမွန္အတိုင္းဟန္မပ်က္ပဲေန  "

ကြယ္ရာမွာ ဘယ္ေလာက္ေၾကာက္စရာေကာင္းတဲ့သူျဖစ္ေနပါေစ သူခ်စ္တဲ့သူအနားေရာက္တာနဲ႔ ဟန္နရီခ်က္ခ်င္းၿပဳံးကာ လြန္းအနားကိုတိုး၀င္လိုက္သည္ Samလဲထိုနည္းတူ မာန္ဟိန္းအနားကပ္ကာ ကပိုက႐ိုက်ေနတဲ့မာန္ဟိန္းရဲ႕ဆံပင္ေလးေတြကိုလွန္တင္ေပးလိုက္သည္ အၾကင္နာကိုယ္စီျပည့္ေနတဲ့ ထမင္း၀ိုင္းေလးက ၿပီးျပည့္စုံေနေတာ့မယ္ထင္ပါတယ္

***


**
27.2.22
Grey

Continue Reading

You'll Also Like

656K 14.2K 46
အချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....
32.4K 2.5K 19
ဦးဘဝရဲ႕ အခ်စ္​ဆံုးလူအျဖစ္​မမွတ္​မိရင္​​ေတာင္​ အမုန္​းဆံုးသူအျဖစ္​နဲ႔​ေတာ့မွတ္​မိ​ေန​ေပးပါ 'ဦး'။
1.1M 48.2K 60
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
207K 7.7K 25
ဦး ႕ ႕ ႔ လို႕ေခၚရံုနဲ႕ ကြ်န္ေတာ့္မွာလံုျခံဳေႏြးေထြးမႈေတြျပည့္နွက္ေနသည့္ ရင္ခြင္တစ္ခုကို အျမဲခံစားမိသည္႕ ႕ ႕ ဦ ႕ ႕ ႕ လို႕စဥ္းစားရံုနဲ႕ ကြ်န္ေတာ့ အေ...