🍒ဦးကိုချစ်တဲ့ကောင်လေး 🍒
🍒 part 7 🍒
______________________________
" ဦးရေ ဦး "
အပြုံး ထလာသောအခါ ဦး ကိုမတွေ့၍ မေးနေခြင်းဖြစ်သည် ။
ဦးထားသွားမှာကို သူအရမ်းကြောက်ပါသည် ။ ထို့ကြောင့် အိပ်ရာမှ ထကာ အလျင်အမြန် ရှာနေလေ ၏ ။
ဇော်ရိန်ဆိုင်း သည် ကောင်လေးအိပ်ပျော်သွားသောအခါ အလုပ်သို့ သွားလိုက်၏ ။
ကောင်လေးနိုးလာလျှင်ရှာမှာ ဖြစ်သောကြောင့် ကြီးရွှေ ကို အကျိုးအကြောင်း ပြောပြထား ၏ ။
ဒီနေ့မှ တွေ့သည်ကောင်လေးကို ဘာကြောင့် စွဲ လမ်းနေမည့်မှန်း မသိတော့ပါ ။
ယခုချိန် ကောင်လေး နိုးပြီလားဟု ဖုန်း ခဏခဏ ဆက် ရတာကလဲ အမော ။
အပြုံးသည် ကြီးရွှေ ကိုတွေ့သောအခါ ဦးကိုမေးနေလေ၏ ။
" သားဇော်ရိန် အလုပ်သွားတယ်သားရဲ့ ။ ခဏ ကပဲ သားနိုးရင် သားစားချင်တာ ချက်ကျွေးလိုက်ပါ ဆိုလို့လေ "
" ဦးဆီပို့ပေးပါလား ဟင် ။ အပြုံး ဦးအနားမှာပဲ နေ ချင်တာ "
ကြီးရွှေသည် ခေါင်းခြောက်နေသည် ။ သားလေး က အိမ်ပြင်မထွက်ခိုင်းသောကြောင့် အပြုံးလေးကို မလွှတ်ချင်ပေ ။
ကြီးရွှေ သည် အကျိုးအကြောင်းပြောပြရန် ဖုန်းဆက်သော်လည်း သားဇော်ရိန်က ဖုန်းမကိုင်ပေ ။
" သားဇော်ရိန် ပြန်လာမှာပါ သားရဲ့ ။ ကြီးရွှေကိုယုံတယ်မလား ဟင် "
ကြီးရွှေက ပြောနေသောကြောင့် အပြုံးလက်ခံလိုက်ပါသည် ။ သို့ပေမယ့် အပြုံး ညစာ ချက် ချင်သည် ။
ဦးကြိုက်သည့် ဟင်းကိုကျွေးချင်၏ ။
" ဟိုလေ ကြီးရွှေ အပြုံး ညစာ ချက်ချင်လို့ "
" မဟုတ်သေးပါဘူးကွယ် ။ သားဇော်ရိန် သိရင် စိတ်ဆိုးလိမ့်မယ် "
" ဟာ ကြီးရွှေကလည်း အပြုံး အိမ်မှာပဲချက်နေကြဆိုတော့လေ နော် "
ကြီးရွှေလည်း မရသည့်အဆုံး စိတ်ချမ်းသာ လျှင်ပြီးရောဆိုပြီး ချက်ခိုင်းလိုက်တော့သည် ။
-----------------------------------------
အပြုံး ထမင်း ဟင်းချက်ပြီးသောအခါ ဦးတောင်ပြန်လာပြီ ။
ကြီးရွှေ သည် ခေါင်းမူး၍ ဟင်းအမယ် အားလုံးကိုအပြုံးစီစဥ် လိုက်သည် ။
ပြီးတော့ အိမ်အကူမလေး တွေလည်းကူကြပါသည် ။
" ကလေး အပြုံး "
ဇော်ရိန်ဆိုင်းသည် အိမ်သို့ရောက်လျှင်ပင် အပြုံးဆိုသည့် လူသားလေးကိုရှာနေမိ၏ ။
တစ်ညနေလုံးလွမ်းနေရသည်မဟုတ်လား ။
" ဦးရေ "
ကြားချင်သည့်အသံကလေးကိုကြားလိုက်ရသောအခါ ဇော်ရိန်ဆိုက်သည် ပြုံးမိသွားသည် ။ မိမိဆီကိုပြေးလာပြီးဖက်သည့် ကောင်လေး ။
" အပြုံးလွမ်းနေတာ သိလား ".
" ကိုယ်ရောလွမ်းနေတာပေါ့ ညစာ စားပြီးပြီလား ".
အပြုံးခေါင်းခါပြ၏ ။ ဦးနှင့်အတူစားဖို့ ဆိုပြီး ဦးကိုစောင့်နေခဲ့သည်။
" အဲ့ဆို ဦးနဲ့အတူတူ စား မယ်လေ "
" ဟုတ်ဦး ဟီးဟီး "
ကြည့်ရသည်မှာ ကလေးပျော်သွားပုံပင် ။ ကလေးပျော်နေသည်ကိုမြင်ရတော့ ကျွန်တော်ပျော်ပါသည် ။
စိတ်ချပါကလေး ။ ကလေး ကို ပျော်ရွှင်အောင် ကိုယ်ထားမယ် ။
" ဦးခဏ လက်သွားဆေးလိုက်ဦးမယ်နော် "
အပြုံးလက်ဆေးချင်၏ ။ ထမင်းစားရင် ဇွန်းခရင်း မသုံးဘဲ လက်ဖြင့်သာအားရပါးရ စားသောက်ချင်၍ ဖြစ်၏ ။
အပြုံး လက်ဆေးရန် ထွက်သွားသည်နှင့် ဇော်ရိန်ဆိုင်သည် လည်း ထမင်းစားပွဲတွင်နေရာယူလိုက်သည် ။
သို့ပေမယ့် ဟင်းပွဲတွေမြင်သည့်အခါမှာ ဇော်ရိန်ဆိုင် မျက်မှောင်ကျုံ့ လိုက်၏ ။
" ကြီးရွှေ... ကြီးရွှေ "
ဇော်ရိန်ဆိုင်း၏ ခေါ်သံကြောင့် ကြီးရွှေသည် ပြာပြာယျာယျာ ထွက်လာခဲ့လိုက်သည် ။
ကြီးရွှေရောက်သည်နှင့် ဘဲဥချက်နှင့် ငပိရည်ကိုလက်ညို းထိုးလိုက်ပြီး
" ဒီဟင်းတွေကိုဘယ်သူချက်တာလဲ "
သားဇော်ရိန်၏ အသံကြေ.င့် စိတ်တိုနေမှန်းကြီးရွှေသိ၏ ။
သားဇော်ရိန်သည် ငပိရည်ကိုအနံ့မကြိုက်သည့်အပြင် ကြ က်ဥ ဘဲဥ လဲမကြိုက်ပေ ။
ဒီဟင်းတွေကို အပြုံးလေးချက်တာမှန်းသိရင် ခက်လှချည်ရဲ့ကွယ် ။
" အဲ့ဒါကလေ....."
" ဦးဘာဖြစ်လို့လဲဟင် "
မြတ်နိုးရသူ၏ အသံကလေးကြောင့် ဒေါသတွေဟာပျောက်ပျက်သွားသည် ။
" မဟုတ်ပါဘူး ကိုယ်က ဒီဟင်းတွေကို "
" မကြိုက်လို့လားဟင် "
ဘာဖြစ်သွားတာလဲကလေးရဲ့ ။ မျက်နှာမညှိုး လိုက်ပါနဲ့ကွာ ။
" အဲ့ဟင်းတွေကို အပြုံးချက်ထားတာပါ ။ ဦးအရမ်းကြိုက်လို့လေ "
ကြည့်ရသည်မှာ သူ့ရဲ့ ဦးဆိုသည့်လူက ကြိုက်သည့်ပုံဟု ဇော်ရိန်ဆိုင်းစိတ်ထဲ၌ကောက်ချက်ချလိုက်သည် ။
သူတောင်ကြိုက်သေးတာပဲ ။ ငါလဲ ကြိုက်ရမှာပေါ့ ။
" ကြိုက်ပါတယ် ကလေးရဲ့ လာ ဦးတို့စားရအောင်နော် ".
သားဇော်ရိန်၏ အဖြေစကားကြောင့် ကြီးရွှေ အံ့ သြမှုက အတိုင်းမသိ ။
ကြည့်ရသည်မှာ အပြုံးလေးဟာ သားဇော်ရိန်ကိုပြောင်းလဲစေသည့်အရာပင် ။
ဇော်ရိန်ဆိုင်းသည် လက်ဖြင့် အားရပါးရ စားနေသော ကောင်လေးကြောင့် ပြုံးနေမိသည် ။
ပြီးတော့ မိမိပန်းကန်လေးထဲသို့ ကလေး ထည့်ပေးထားသည့် ဘဲဥ ဟင်းကို အရဲစွန့်ပြီးစားလိုက်၏ ။
ဇော်ရိန်ဆိုင်း သည် ဘဲဥဟင်း ဒီလောက်စားကောင်းမှန်းမသိခဲ့ပေ ။
ဗိုက်ဆာနေ၍ လည်းပါမည် ။
" အပြုံးနောက်ခါ မီးဖိုဖက်ကိုမဝင်ပါနဲ့ "
" ဘာဖြစ်လို့လဲဟင် "
" ဦးက ကလေးလေး ပင်ပန်းမှာ စိုးလို့ပါကွာ "
အပြုံး ဦးရဲ့စကားကိုနားထောင်ရပါမည် ။ အပြုံးစကားနားမထောင်ရင် ဦးထပ်ပြီးထားသွားမှာ အပြုံးတကယ်ကြောက်ပါသည် ။
" ဟုတ်ဦး ။ ဟိုလေ အပြုံးအိပ်ချင်ပြီ ဦးနဲ့အိပ်လို့ရမလားဟင် "
မမျှော်လင့်ပဲ ကြားလိုက်ရသည့်ထိုစကား ။ အိပ်ချင်တာမှ တစ်ပိုင်းသေနေတာကလေးရဲ့ဟု အော်ပြောလိုက်ချင်၏ ။
ထိုကလေးကို လက်ထပ်ချင်ပေ၏ ။ သို့ပေမယ့် သူ့တွင် ။
" နော်လို့ ဦး "
" ကောင်းပါပြီ ကလေးရဲ့ ".
ထိုနေ့ည တွင် သူတို့နှစ်ဦးလုံး၏ အိမ်မက်ဟာလှပနေမည်သာ ။
-----------------------------------------
ဒီနေ့မနက်ခင်းတွင် အပြုံးစောစောနိုးနေမိ၏ ။ ဘေးတွင်အိပ်နေသော ချစ်ရသောသူ၏ မျက်နှာအစိတ်အပိုင်းတိုင်းဟာ ပြီးပြည့်စုံမှုတစ်ခု ။
" ဦးရေ ဦးရေ "
ဇော်ရိန်ဆိုင်းသည် ချစ်ရသောလူသားလေး၏ အသံကြောင့်ပြုံးမိ၏ ။
" ပြောလေ ကလေးရဲ့ ".
" ထတော့လို့ "
" ဟုတ်သားပဲ ကွာ ။ ဒီနေ့ ကိုယ့် အလုပ်ကိုကလေးကိုခေါ်သွားမယ် "
_________________________________
😁😁
🍒Juliosoul🍒