ပြဇာတ်ပြင်ကချစ်​တေးသံ

By Yay_Satt_Hlwar

233 14 0

Gl Oneshot More


ပြဇာတ်ပြင်က ချစ်တေးသံ

204 12 0
By Yay_Satt_Hlwar


ခွန်းလွန်တောင်သည် လူ့ပြည်နှင့် ကောင်းကင်ဘုံ၏ ကြားမှ ဆက်စပ်နေရာတစ်ခုဖြစ်သည်။ ခွန်းလွန်တောင်အား ကျော်လွန်လျှင် နတ်မင်းအပေါင်းတို့ အခြေချနေထိုင်သည့် ဖုန်းမာန် ကောင်းကင်နန်းတော် တည်ရှိသည်။ ခွန်းလွန်တောင်သည် သာမာန်လူသားများ မမြင်နိုင်သော နေရာတစ်ခုဖြစ်ကာ မြင့်မြတ်သောနေရာတစ်ခုဖြစ်သည်။ အဆင့်နိမ့်သော နတ်သူငယ်လေးများတောင် ခွန်းလွန်တောင်ထက်သို့ တတ်ရောက်ခွင့်မရှိပေ။ ခွန်းလွန်တောင်တစ်ခုလုံးအား အတားအဆီးတစ်ခုဖြင့် ကာရံထားသည်။ ထိုအတားအဆီးအားဖြတ်နိုင်သည့်သူသာလျှင် တောင်ပေါ်သို့တတ်ခွင့်ရှိသည်။

ကြီးမြတ်လှသော ဖုန်းမာန် ကောင်းကင်နန်းတော်အား ကောင်းကင်မင်းကြီး ထျန်းဟွားကျင်းကျွင်းသည် တရားမျှတစွာ အုပ်ချုပ်သည်။ စစ်ပွဲများမရှိစေရန်နှင့် နတ်မင်းများတာဝန်လစ်ဟာခြင်းမရှိစေရန် တင်းကြပ်စွာအုပ်ချုပ်၏။ အပြစ်ပြုလုပ်သောနတ်မင်းများအား အပြစ်နှင့်ညီမျှသော အပစ်ဒဏ်ပေးသည်။ ကောင်းကင်မင်းကြီး ထျန်းဟွားကျင်းကျွင်း အုပ်ချုပ်နေစဥ်တွင် ကောင်းကင်နန်းတော်သည် တရားမျှတစွာဖြင့်ရှိနေသောကြောင်​့ နတ်မင်းအပေါင်းတို့သည် အပြစ်မပြုရဲကြပေ။

မိုးနတ်သမီး ယွမ့်ချီဖုန်းသည် ကောင်းကင်မင်းကြီး၏ သမီးတော်တစ်ဦးဖြစ်ပြီး လေနတ်မင်း ဖုန်းယွဲ့လင့်လန် ဖြင်​့ စေ့စပ်ထားသူဖြစ်သည်။ ယွမ့်ချီဖုန်းသည် လေနတ်မင်းအားသဘောမကျသလို စေ့စပ်ထားခြင်းအားလည်း သဘောမတူပေ။ သို့သော် ကောင်းကင်မင်းကြီး၏ အမိန့်အား လွန်ဆန်နိုင်ခြင်းမရှိပေ။ ထို့​ကြောင့် တာဝန်အရ မိုးရွာရမည့်ရက်တွင် ခွန်းလွန်တောင်တွင်သာနေထိုင်ကာ ကောင်းကင်နန်းတော်ရှိ စန်းချူးအဆောင်တော်သို့ ပြန်မလာပေ။

ခွန်းလွန်တောင်သည် စွမ်းအား ကျင့်ကြံအားထုတ်ရန် အကောင်းဆုံနေရာတစ်ခုဖြစ်သည့်အ​ပြင် ခွန်းလွန်တောင်၏ သဘာဝအရ စိတ်ဝိဉာဥ်အားတည်ငြိမ်စေသည်။ ခွန်းလွန်တောင်သည် ထင်ရှားသောနေရာတစ်ခုဖြစ်သည့်အပြင် ကောင်းကင်ဘုံ၏ အရေးပါသောနေရာတစ်ခုလည်းဖြစ်ပေသည်။ ထို့​ကြောင့် ကျူးကျော်ဝင်ရောက်မှုများမရှိစေရန် အစောင့်အကြပ်ကြီးစွာချထားသည်။ အတားအစီးဖြင့် ကာကွယ်ထားသည့်အပြင် စွမ်းအားကြီးသည့် နတ်သားရဲတစ်ကောင်သည် ခွန်လွန်​ေတာင်အား ​စောင့်ကြပ်ထားသည်။ ကျူးကျော်ဝင်လာသည့် မည်သူမဆို နတ်သားရဲနှင်​့ မလွဲမသွေ တိုက်ခိုက်ရမည်။

အစောင့်အကြပ်တင်းကြပ်စွာချထားသောကြောင့် ယွမ့်ချီဖုန်း ခွန်းလွန်တောင်တွင်နေထိုင်ခြင်းအား ကောင်းကင်မင်းကြီးသည် တားဆီးခြင်းမရှိပေ။ ထို့အပြင် ခွန်းလွန်တောင်သည် ယွမ့်ချီဖုန်း၏ စွမ်းအား အား တိုးတက်လာစေရန် ကူညီပေးနိုင်သည်။ မကြာခင် ကျရောက်လာမည့် ကောင်းကင်ဘုံ၏ စမ်းသပ်ခြင်းအား ခံနိုင်ရည်ရှိစေရန် လေ့ကျင့်မှုအားမဖြစ်မနေပြုလုပ်ရမည်။ ကောင်းကင်ဘုံရှိ နတ်မင်းအားလုံးသည် ကောင်းကင်ဘုံ စမ်းသပ်မှုမိုးကြိုးအား မလွဲမသွေ ခံကြရမည်။ ကောင်းကင်ဘုံ၏ စမ်းသပ်မှုအောင်မြင်မှသာ မသေမျိုးအဆင့်မှ နတ်သား ၊ နတ်သားအဆင့်မှ နတ်မင်း ၊ နတ်မင်းအဆင့်မှ နတ်ဘုရား စသည်ဖြင်​့ အဆင့်တက်ခွင့်ရမည်။ စမ်းသပ်မှုအားမအောင်မြင်ပါက ကျင့်ကြံထားသည့် စွမ်းအားများဆုံးရှုံးကာ ထပ်မံလေ့ကျင့်ရမည်ဖြစ်သည့်အပြင် မိုးကြိုးကြောင့် ဒဏ်ရာရနိုင်သည်။

ယွမ့်ချီဖုန်းသည် နတ်သမီးအဆင့်သာရှိသေးသောကြောင့် အားထုတ်ကျင့်ကြံမှုများစွာ ပြုလုပ်ရဦးမည်။ ကောင်းကင်မင်းကြီး၏ သမီးတော်ဖြစ်နေလျှင်တောင် ကောင်းကင်ဘုံ၏ စမ်းသပ်မှုအား ခံရမည်ဖြစ်၏။ ကောင်ကင်မင်းကြီးကိုယ်တိုင်တောင် ကောင်းကင်ဘုံ၏ စည်းကမ်းအားဖောက်ဖျက်ခွင့်မရှိပေ။ ယွမ့်ချီဖုန်းသည် တစ်ကိုယ်တည်း အထီးကျန်စွာနေလေ့ရှိသည်။ မိခင်ဖြစ်သူ ဆုံးပါးသွားကတည်းက သူမသည် တဖြည်းဖြည်း တစ်ကိုယ်တည်းနေလာသည်။ ကောင်းကင်မင်းကြီးအား ခမည်းတော်ဟုမခေါ်ဘဲ အများနည်းတူ ကောင်းကင်မင်းကြီးဟု သာခေါ်ဝေါ်သည်။

ယွမ့်ချီဖုန်းသည် လှပသည့်မျက်နှာအားပိုင်ဆိုင်ထားသည်။ သို့သော် မျက်နှာထက်တွင်အပြုံးမရှိဘဲ ခက်ထန်မှုမ​ျားသာရှိသည်။ စကားအားလိုသည်ထက်ပို၍ မပြောပေ။ ဖခင်ဖြစ်သူကောင်းကင်မင်းကြီးနှင့်တောင် တာဝန်အကြောင်းမှလွဲ၍ စကားမပြောပေ။ ကောင်းကင်နန်းတော်ကြီးတွင် မိခင်ဖြစ်သူသည်သာ ယွမ့်ချီဖုန်း စကားအများကြီးပြောသည့် တစ်ဦးတည်းသောသူဖြစ်၍ မိခင်ဆုံးပါးသွားကတည်းကပို၍ပင်တိတ်ဆိတ်လာ၏။

ချုန့်ချန်လော့သည် အပြာရောင် ပျံလွှားငှက်မိစ္ဆာလေးတစ်ကောင်ဖြစ်သည်။ လူ့ခန္ဓာကိုယ်အား ရရှိရန်အတွက် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရ၏။ ကျင့်ကြံရေး ပါရမီမပါသည့် ချန်လော့သည် သူမ​ျားထက် နှစ်ဆပိုလေ့ကျင့်ရသည်။ သူမ၏ ကြိုးစားမှုကြောင့် လှပသော လူ့ခန္ဓာကိုယ်တစ်ခုရခဲ့၏။ ခွန်လွန်းတောင်သည် ကျင့်ကြံရာတွင် အထောက်အကူဖြစ်စေကာ တိုးတက်မှုမြန်ဆန်သည်ဟု ချန်လော့ကြားသိထားသည်။ ထို့ကြောင်​့ ခွန်းလွန်တောင်သို့ခိုးဝင်နိုင်ရန် ကြိုးစားချင်သည်။ ချန်လော့သည် စွမ်းအားမြန်မြန်တိုးတတ်ချင်သည်။ သူမမည်သို့ပင်ကြိုးစားကျင့်ကြံနေပါစေ စွမ်းအားတိုးတက်လာခြင်းမရှိပေ။ ထို့ကြောင့်အရဲစွန့်ကာ ခွန်းလွန်တောင်သို့ ပျံသန်းခဲ့သည်။

ခွန်းလွန်တောင်တွင် အတားအဆီးကာရံထားသည်အားသိသော်လည်း နတ်သားရဲ စောင့်ကြပ်နေသည်အား ချန်လော့မသိခဲ့ပေ။ ထို့ကြောင့် ရှိသမ​ျှ စွမ်းအားဖြင်​့ ခွန်းလွန်တောင်အတားအဆီးအား ဖွင့်နိုင်ခဲ့သည်။ အတားအဆီးဖွင့်ကာ ဝင်လာနိုင်သော်လည်း နတ်သားရဲနှင်​့ ေတွ့ချိန်တွင် စွမ်းအားမမျှ၍ ချန်လော့ ခုခံနိုင်ခြင်းမရှိဘဲ အသတ်ခံရလုနီးပါးဖြစ်နေသည်။

ယွမ့်ချီဖုန်းသည် မိုးရွာရမည့် တာဝန်မရှိသောကြောင့် ဂူထဲတွင် ကျင့်ကြံနေသည်။ မကြာမီ ကောင်းကင်ဘုံစမ်းသပ်မှုရောက်ရှိတော့မည်ဖြစ်၍ အားချိန်တိုင်းလိုလို လေ့ကျင့်ဖြစ်သည်။ တစ်ယောက်တည်းအထီးကျန်နေမည့်အစား ကျင့်ကြံနေခြင်းသည် အထီးကျန်ခြင်းအားသက်သာစေသည်။ ခွန်းလွန်တောင် အတားအဆီးအား တစ်စုံတစ်ယောက်ကျူးကျော်ဖွင့်နေသည်အား သိသော်လည်း ချက်ချင်းမသွားရောက်နိုင်ပေ။

ယွမ့်ချီဖုန်း နတ်သားရဲ၏တိုက်ခိုက်သံကြားမှသာ တောင်အောက်သို့ အလျင်အမြန်ဆင်းကြည့်မိ၏။ သားရဲလက်ထဲတွင် ဒဏ်ရာများဖြင့် သေလုဆဲဆဲ ​ကောင်မလေး အားတွေ့လိုက်ရသည်။ ထို့ကောင်မလေး၏ မျက်ဝန်းထဲတွင် ယွမ့်ချီဖုန်းအား အကူအညီတောင်းနေသည့်အရိပ်အယောင်များအားတွေ့လိုက်ရ၏။ ထိုမိန်းကလေးသည် မိစ္ဆာဖြစ်​ေသာ်လည်း မကောင်းသည့်ပုံစံမပေါ်သည့်အပြင် စွမ်းအားနဲနဲလေးသာရှိသည်ကိုသတိပြုမိ၍ နတ်သားရဲ လက်ထဲမှကယ်တင်လိုက်သည်။ နတ်သားရဲသည် စွမ်းအားနည်းသည့် ချန်လော့အား အနိုင်တိုက်နိုင်သော်လည်း စွမ်းအားမြင့်သည့် ချီဖုန်းလက်ထဲတွင် ရှုံးနိမ့်ရသည်။ ထို့နောက်သူမနေထိုင်ရာတောင်ပေါ်သို့ခေါ်လာ၍ အတွင်းအားအနဲငယ်လွှဲပြောင်းပေးလိုက်သည်။

ခွန်းလွန်တောင်တွင် ရှားပါးသည့်ဆေးဖက်ဝင်အပင်များ ပေါက်ရောက်သဖြင့် ထိုကောင်မလေး၏ အသက်အား ကယ်ဆယ်လိုက်နိုင်သည့် အပြင် ဒဏ်ရာအားသက်သာစေသည်။ အတွင်းအားအနဲငယ်အား လွဲပြောင်းထားပေးသာကြောင့် ယွမ်ချီဖုန်းသည် အနဲငယ် ပင်ပန်းနေသည်။ သို့သော် အားနည်းမှုများအားဖုံးကွယ်၍ ခက်ထန်သော မျက်နှာထားဖြင့်သာ ထိုကောင်မလေးအား အေးစက်စွာကြည့်နေခဲ့သည်။

"မင်းဘယ်သူလဲ ဘာကြောင့် ခွန်းလွန်တောင်ကို ကျူးကျော်ရတာလဲ "

သူမ၏အသံသည် သြဇာလွမ်းမိုးမှုအပြည့်ဖြင့်ပင်။

"ကျွန်မက ချုန့်ချန်လော့ပါ "

ကြောက်ရွံံမှုနှင့်အတူ မဝံ့မရဲဖြစ်နေသော မျက်ဝန်းနှင့်အတူ မျက်စိရှေ့မှ သူမအားကယ်ပေးခဲ့သူအားကြည့်လိုက်သည်။

ယွမ့်ချီဖုန်း ထိုကောင်မလေး၏ နဖူးအား လက်နှစ်ချောင်းဖြင့် အစွမ်းထုပ်ကာ စမ်းသပ်လိုက်သည်။

"မင်းလူခန္ဓာကိုယ်ရထားတာမကြာသေးဘူးဘဲ ကျင့်ကြံအားနဲလွန်းတယ် ပြီးတော့ မင်းကမိစ္ဆာမျိုးနွယ်ကဘဲ ပြောပါ ဘာလိုချင်လို့ ခွန်းလွန်တောင်ကို ကျူးကျော်ရတာလဲ "

"ဟို ...ခွန်းလွန်တောင်က ရှုခင်းက လှတယ်ဆိုလို့ပါ "

"အမှန်အတိုင်းမပြောရင် မင်းကို ကောင်းကင်းနန်းတော်ကို ပို့ရလိမ့်မယ် "

"မလုပ်ပါနဲ့ ပြော... ပြောပါ့မယ် "

သူမမျက်စိရှေ့မှ မိန်းကလေးသည် လှပသော်လည်း ခက်ထန်သည့်မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်နေသည်။ သူမအား သားရဲလက်မှ ကယ်တင်ပေးခဲ့သော်လည်း ယခုတွင် ကိုက်စားမတတ်စိုက်ကြည့်နေသည်။

"တကယ်တော့ ခွန်းလွန်တောင်က ကျင့်ကြံရေး တိုးစေတယ်ဆိုလို့ ခိုးဝင်ခဲ့တာပါ ကျင့်ကြံရေးစွမ်းအားတိုးချင်ရုံကလွဲပြီး တခြားရည်ရွယ်ချက်မရှိပါဘူး "

ထိုမိန်းကလေး၏ မျက်ဝန်းတွင် ကြောက်ရွံ့မှုမှလွဲ၍ လိမ်နေသည့်အရိပ်အယောင်မတွေ့ရပေ။

"မင်းဘာကြောင်​့ ကျင့်ကြံရေး စွမ်းအားတိုးချင်တာလဲ "

"ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်ပါ ချန်လော့ငယ်ငယ်ထဲက လူပုံစံပြောင်းဖို့တောင် နှစ်တွေအကြာကြီး လေ့ကျင့်ခဲ့ရတယ် မျိုးနွယ်တူတွေကြားမှာအမြဲအနိုင်ကျင့်ခံခဲ့ရတယ် အဲ့တာကြောင်​့ စွမ်းအားများလာတဲ့အခါ သူတို့ ချန်လော့ကို အနိုင်မကျင့်ခဲ့ရင် ပြန်ခုခံလို့ရပြီ "

ထိုကောင်မလေးသည် အမှန်တကယ်ဘဲ စွမ်းအားနည်းလွန်းသည်ကို သူမစမ်းသပ်ထားပြီးပြီဖြစ်၍ ထိုကောင်မလေးအား လွတ်ပေးလိုက်မည်ဟု စိတ်ကူးမိသည်။

"မင်းထွက်သွားတော့ ငါမင်းကို ခွင့်လွှတ်ပေးလိုက်မယ် "

"ချန်လော့တောင်းပန်ပါတယ် ရက်နဲနဲလောက် ကျင့်ကြံခွင့်ပေးပါ "

သူမရှေ့တွင် ဒူးထောက်ကာတောင်းဆိုနေသည့် ထိုကောင်မလေးအား ကြည့်လိုက်မိချိန် မျက်ဝန်းထဲမှ မျက်ရည်စများနှင့်အတူ ဖြူစင်သည့် အရိပ်အယောင်များမြင်တွေ့လိုက်ရသည်။ ယွမ့်ချီဖုန်းသည် ခက်ထန်ပုံပေါ်သော်လည်း တကယ်တမ်းတော့စိတ်နှလုံးနူးညံ့သည်။ သူမ ထိုကောင်မလေးအားသနားမိသွားသည်။

"ကောင်းပြီ ငါမင်းကို ကျင့်ကြံခွင့်ပေးမယ် ဒါပေမဲ့ မင်းသိုသိုသိပ်သိပ်နေရမယ် ပြီးတော့ ငါ့အစေခံအဖြစ်နေရမယ် "

"ချန်လော့သဘောတူတယ် "

"မင်းအခုတော့ မင်းနေတဲ့နေရာကိုပြန်သွား တတိယလရဲ့ ပထမပတ်မှာ မင်းဒီကိုပြန်လာခဲ့ပါ ခွန်းလွန်တောင်အတားအဆီးဖယ်နည်းနဲ့ မင်းကိုယ်ပေါ်က မိစ္ဆာအငွေ့အသက်ကိုဖုံးထားဖို့အတွက် ငါသင်ပေးလိုက်မယ် သတိရပါ မင်းလာတာကိုဘယ်သူမှမသိစေနဲ့ "

"ချန်လော့ လိုက်နာပါ့မယ် "

သူမ ဒူးထောက်နေရာမှထလိုက်ကာ အရိုအသေပြုလိုက်သည်။

"မိန်းက​လေး နာမည်ကို ချန်လော့သိခွင့်ရှိမလား "

"ယွမ့်ချီဖုန်း "

"ကျေးဇူးတင်ပါတယ် ယွမ့်ချီဖုန်း မိန်းကလေး "

"ကျေးဇူးတင်ဖို့ မလိုပါဘူး ချီဖုန်းလို့ဘဲခေါ်နိုင်ပါတယ် "

"ချန်လော့ကိုခွင့်ပြုပါဦး "

ထိုကောင်မလေး ထွက်သွားချိန်မှ သူမ ကျင့်ကြံခြင်းအား ပြန်လည် စတင်ခဲ့သည်။ သူမ၏ စွမ်းအားသည်အရင်ထက်တိုးတက်လာသည်မှာအမှန်ပင်။ မိုးကြိုးဒဏ်အားခံနိုင်ရည်ရှိရန် သူမအတော်ကြိုးစားအားထုတ်ထားရသည်။ မကြာခင်တွင် ကောင်းကင်ဘုံစမ်းသပ်မှုရောက်လာတော့မည်။ ထို့်ကြောင့် ကောင်းကင်နန်းတော်ရှိ စန်းချူးအဆောင်တော်သို့ ပြန်လာခဲ့ရ၏။ စမ်းသပ်မှုရောက်ရှိလာမည့်အချိန်အား အဆင်သင့်စောင့်ကြိုနေသည်။

ကောင်းကင်ဘုံစမ်းသပ်မှု၏ မိုးကြိုးချက်များသည် ပိုမ​ျားလာသည့်အပြင် မိုးကြိုးအားလည်းပိုမ​​ျားလာသည်။ ထို့ကြောင်​့ထိခိုက်မှု ပို၍ ပြင်းထန်၏။ မိုးကြိုးတစ်ချက်ဆီတိုင်းသည် အသဲခိုက်အောင်နာကျင်ရသော်လည်း ယွမ့်ချီဖုန်း၏ မျက်နှာသည် တစ်ချက်မှပြောင်းမသွားပေ။ ဝတ်ထားသော ဝတ်ရုံအပြာရောင်မှာ သွေးများကြောင့်အနီရောင်သို့ပင် ပြောင်းလဲနေလေပြီ။ သို့သော် နာကျင်မှုအားမခံစားရသလို ခက်ထန်သောမျက်နှာအနေအထား အေးစက်သောအကြည့်များသည် ပြောင်းလဲသွားခြင်းမရှိပေ။

မိုးကြိုး တစ်ဆယ့်ရှစ်ချက်လုံးအား ခံယူပြီးချိန်တွင် ခန္ဓာကိုယ်သည် သွေးရောင်လွှမ်းနေသော်လည်း ဟန်ချက်မပျက်ဘဲ စန်းချူးအဆောင်သို့ လျှောက်လာခဲ့၏။ ပြန်လည်ကုသခြင်းအစွမ်းဖြင့် အချိန်အတော်တန်ကြာအောင် ကုသလိုက်ရသည်။ သွေးရောင်လွှမ်းနေသောဝတ်ရုံအား ချွတ်လိုက်ပြီး ဝတ်ရုံအသစ်တစ်စုံလဲလိုက်သည်။ ထို့နောက် ကောင်းကင်မင်းကြီးဆင့်ခေါ်ထားခြင်းကြောင့် ကျင်းရန် နန်းဆောင်သို​့ လာခဲ့လိုက်​သည်။

သူမ ကျင်းရန်နန်းဆောင်သို့အရောက်တွင် လေနတ်သားလည်း ရှိနေခဲ့သည်။

"ကောင်းကင်မင်းကြီး ယွမ့်ချီဖုန်း ဂါဝရပြုပါတယ် "

ကောင်းကင်မင်းကြီးရှေ့တွင်ရပ်ကာ လက်နှစ်ဖက်သွယ်ယှက်လျက် ဦးညွတ်ကာ ဂါဝရပြုလိုက်သည်။

"မိုးကြိုးစမ်းသပ်ချက်ပြီးသွားပြီဆိုတော့ အခုဆို နတ်မင်းအဆင့်ရောက်သွားပြီ ကျင့်ကြံရေးကို ခနထားပြီး လက်ထပ်ပွဲ အတွက်ဆွေးနွေးချင်တယ် "

"လက်ထပ်ပွဲ အတွက်ဆိုရင် ချီဖုန်းဘက်က ဆွေးနွေးစရာမရှိပါဘူး "

"အရှင်မင်းကြီး ကျွန်တော်မျိုးလည်း လက်ထပ်ဖို့မလောပါဘူး အဲ့တာကြောင့် လင့်လန့်လည်း မိုးနတ်မင်းရဲ့သဘောအတိုင်းပါဘဲ "

မိုးနတ်မင်း၏ စိတ်အား သိနေသည့် ဖုန်းယွဲ့လင့်လန် သည် ကောင်းကင်မင်းကြီးအား ဝင်၍ ဖျောင်းဖျလေသည်။

"မင်းတို့က ဆန္ဒမရှိသေးဘူးဆိုတော့ ထားလိုက်ပါ "

"ချီဖုန်း ကို ခွင့်ပြုပါဦး ကောင်းကင်မင်းကြီး "

"ကောင်းပြီ "

ချီဖုန်း ကျင်းရန် နန်းဆောင်မှ သူမ၏ စန်းချူးနန်းဆောင်သို့သာ ပြန်လာလိုက်၏။ စန်းချူးနန်းဆောင်တွင် သူမနေလေ့မရှိသောကြောင့် အစေခံဟူ၍ အနဲငယ်သာရှိသည်။ ထိုအစေခံများသည်လည်း စန်းချူးနန်းဆောင်အား သန့်ရှင်းရေးလုပ်ရန်အတွက်သာ ထားထားခြင်းဖြစ်၏။

ကောင်းကင်မင်းကြီးသည် ထွက်သွားသည့် သမီးဖြစ်သူအား ကြည့်ကာ သက်ပြင်းချလိုက်သည်။ ချီဖုန်းအားမွေးပြီးချိန်မှစ၍ ကောင်းကင်နန်းတော်၏ အရေးကိစ္စများကြောင့် ချီဖုန်းတို့သားအမိအား ဂရုမစိုက်ဖြစ်ခဲ့ပေ။ ထို့အပြင် ဆက်ခံသူသားတော် မွေးပေးထားသည့် ကြင်ယာတော်အား ဧကရီမြောက်လိုက်ရသည်။ မောင်မဆောင်၏ အရေးကိစ္စများအား ဝင်ရောက်မစွက်ဖက်နိုင်သည့် ကောင်းကင်မင်းကြီးသည် ဒုတိယကြင်ယာတော်ဖြစ်သူ ချီဖုန်း၏ မိခင် အနိုင်ကျင့်ခံနေရခြင်းအားမသိပေ။ ငယ်စဥ်ကတည်းက အမေဖြစ်သူအား အနိုင်ကျင့်နေသည်ကိုမြင်ရ၍ စိတ်ဒဏ်ရာရရှိခဲ့သည့် ယွမ့်ချီဖုန်းသည် ဖခင်ဖြစ်သူအား မုန်းတီးနေခဲ့သည်။

ဖုန်းမာန်နန်းတော်တစ်ခုလုံးတွင် ယွမ့်ချီဖုန်းသည် အမေဖြစ်သူနှင့်သာစကားပြောသည်။ သူမကြီးလာသည့်အခါ လေနတ်မင်းနှင့်အတင်းစေ့စပ်ပေးသောကြောင့် ဖခင်အား ပို၍ မုန်းလာခဲ့သည်။ ထို့အပြင် အမေဖြစ်သူဆုံးသွားသည့်အချိန်ထိလာမကြည့်သည့် ဖခင်ဖြစ်သူကောင်းကင်မင်းကြီးအားနာကျည်းမုန်းတီးခဲ့သည်။ ဖုန်းမာန်နန်းဆောင်တစ်ခုလုံးတွင် ခင်တွယ်အားထားရသည့် မိခင်ဆုံးပါးပြီးနောက် ချီဖုန်းမျက်နှာတွင် အပြုံးဟူ၍ မမြင်ရတော့ပေ။

စန်းချူးနန်းဆောင်တွင် ရက်အနဲငယ်အနားယူပြီး၍ ခွန်းလွန်တောင်သို့ပြန်လာခဲ့သည်။ သူမ၏ တာဝန်အရ လူ့ပြည်အား မိုးရွာသွန်းပေးသည်။ အားလပ်ချိန်များတွင် ဝိဉာဥ်စွမ်းအားတိုးတက်အောင် လေ့ကျင့်နေသည်။ ခွန်းလွန်တောင်ကြီးတွင်အရင်လို သူမတစ်ယောက်ထဲတော့မဟုတ်တော့ပေ။ သူမအစေခံအဖြစ်နေထိုင်၍ ဝိဉာဥ်စွမ်းအားလေ့ကျင့်နေသည့် ငှက်မိစ္ဆာမလေး ချန်းလော့ရှိနေခဲ့သည်။

အပြုံးအရယ်မရှိတာကြာပြီဖြစ်သည့်သူမသည် ချန်းလော့နှင့်အတူနေထိုင်စဥ်တွင် ပြုံးရယ်ဖြစ်သည်။ အထီးကျန်ခြင်းအားလည်းမခံစားရတော့ပေ။ သူမ လေ့ကျင့်မှုပြီးချိန်းတွင် လူ့ပြည်သို်သွားကာ ပျော်ပါးတတ်သည်။ ချန်လော့နှင့်အတူ ယွမ့်ချီဖုန်းတို့သည် မကြာခန လူ့ပြည့်သို့အလည်သွားတတ်သည်။ ဝိဉာဥ်စွမ်းအားအတူလေ့ကျင့်ကြသည်။ ယ​ွမ့်ချီဖုန်း၏ သင်ပြပေးမှုကြောင့် ချန်လော့၏ စွမ်းအားသည်အလျင်အမြန်တိုးတတ်လာသည်။

နှစ်တော်တော်များများအတူတူဖြတ်သန်းပြီးချိန်တွင် တစ်ယောက်ပေါ်တစ်ယောက် ခံစားချက်များရှိလာခဲ့သည်။ တစ်နေ့တွင် ယွမ်ချီဖုန်း ဝိဉာဥ်စွမ်းအားလေ့ကျင့်နေစဥ်တွင် ချန်လော့သည် အကြာကြီးငေးကြည့်နေမိသည်။ မျက်ခုံးမ​ျားတွန့်ချိုးထားကာ ခက်ထန်သောမျက်နှာနှင့် အပြုံးတို့ကင်းမဲ့လျက် စတွေ့ချိန်အား ပြန်သတိရစေသည်။ စတွေ့ချိန်တွင် ယွမ့်ချီဖုန်းအားကြောက်ရွ့ံနေခဲ့၏။ ယခုတွင်တော့ ရင်ဘတ်ထဲမှ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်းသဘောကျနေခဲ့သည်။ ထိုအချိန်ထိ ယွမ့်ချီဖုန်းသည် ကောင်းကင်မင်းကြီး၏ သမီးတော်ဖြစ်သည်ကို ချန်လော့ မသိသေးပေ။

"အရူးမလေး ငေးလို့ပြီးဦးမှာလား "

ကျင့်ကြံနေစဥ်တွင် ဘေးနားပတ်ဝန်းကျင်ရှိအရာများအား စိတ်အာရုံဖြင့်မြင်တွေ့နိုင်သည်။ သူမအား အချိန်ကြာမြင့်စွာ ငေးကြည့်နေသည့် ချန်လော့ကြောင့် နေရပင်ခက်လာသည်။ထို့ကြောင့် ကျင့်ကြံခြင်းအားရပ်နားလိုက်သည်။

"ချီဖုန်းကျဲ အလှက ချန်လော့ကို ညို့ထားတယ်လေ မျက်လုံးက ချီဖုန်းကျဲ အလှမှာဘဲ နစ်မြောနေတာ "

"ချန်လော့လေး စကားတွေတက်နေတာ "

"ချီဖုန်းကျဲ ဘာလို့အဲ့လောက်လှရတာလဲ "

"တကယ်ဆို ချန်လော့က ပိုလှတာ "

"မဟုတ်ပါဘူး ချန်လော့မျက်လုံးထဲမှာ ချီဖုန်းကျဲ ကအလှဆုံးဘဲ "

ချန်လော့ ချီဖုန်း ရှိရာသို့ ေလျှာက်လာလိုက်ကာ ချီဖုန်းနဘေးတွင်ဝင်ထိုင်လိုက်သည်။

"ချီဖုန်းကျဲ "

"ရှင် "

"လူ့ပြည်မှာ ချန်လော့ပြဇာတ်သွားကြည့်ချင်တယ် "

"ခ​ျန်လော့လေးသွားချင်ရင် ကျဲ လိုက်ပို့ပေးမယ် "

ချန်လော့မျက်နှာသည် ဝင်းပသွားသည်။ ချန်လော့ပျော်တာမြင်ရလျှင် ချီဖုန်းလည်း ပျော်နေသည်။ မပြုံးဖြစ်ခဲ့သည်မှာအချိန်အတော်ကြာနေပြီဖြစ်သောသူမသည် ယခုတွင်တော့ ​ေန့တိုင်းပြုံးပျော်နေသည်။
ချန်လော့၏ သဘောအတိုင်း လူ့ပြည်သို့ ပြဇာတ်ကြည့်ရန် ရောက်လာကြသည်။

ပြဇာတ်ရုံတွင် ရှေ့ဆုံးတန်းမှထိုင်ကာ အတူတူပြဇာတ်ကြည့်ကြသည်။ ပြဇာတ်၏ အကြောင်းအရာသည် မြွေမိစ္ဆာနှင့် လူသားချစ်ကြိုက်မိ၍ မိစ္ဆာသည် အပြစ်ပေးခြင်းခံရကာ ပိတ်လှောင်ခြင်းခံထားရသည်။ မိစ္ဆာနှင့် လူသားသည်ချစ်ခွင့်မရှိဟူသော အဆိုကြောင့် ချစ်သူနှစ်ဦးကွဲကွာရသည်။ ပြဇာတ်လေးသည် ဝမ်းနည်းစွာဖြင့်ပင် အဆုံးသတ်သွားသည်။

ပြဇာတ်အပြီးတွင် ချန်လော့တစ်ချိန်လုံး မှိုင်တွေနေမိသည်။ မိစ္ဆာသည် လူသားနှင့် ချစ်ကြိုက်ခွင့်မရှိဘူး ဟူသည့်စကားသည် နားထဲတွင် အထပ်ထပ်ကြားယောင်နေသည်။ မိစ္ဆာဖြစ်သည့်အတွက် ချစ်ကြိုက်ခွင့်မရကာ ချစ်ရသူနှင့်ခွဲခွာရသည်။ ချန်လော့စိတ်ထဲတွင် အလွန်ပင် ဝမ်းနည်းနေသည်။

ပြဇာတ်ကြည့်ပြီးအပြန်တွင် ခါတိုင်းနှင့်မတူ မျက်နှာမကောင်းသည့်ချန်လော့အား ချီဖုန်း စိတ်ပူမိသွားသည်။

"ချန်လော့ ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်ဘူး"

"ချီဖုန်းကျဲ မိစ္ဆာနဲ့လူသားကပေါင်းဖက်လို့မရရင် မိစ္ဆာနဲ့ နတ်မင်းကရော ပေါင်းဖက်ခွင့်ရှိပါ့မလား"

"ချန်လော့က ဘာလို့စိတ်ပူနေတာလဲ ဒါက ပြဇာတ်တစ်ခုဘဲလေ တကယ့်အဖြစ်အပျက်မှမဟုတ်တာ "

ချန်လော့အားနှစ်သိမ့်ပေးရန်အတွက် ပြောလိုက်သော်လည်း မိစ္ဆာနှင့်နတ်သည် ဘယ်လိုမှပေါင်းဖက်ခွင့်မရှိသည့်အပြင် ကောင်းကင်၏ စည်းကမ်းဖောက်မိသဖြင်​့ အပြစ်ပေးခြင်းခံရမည်ကို ချီဖုန်း စိတ်ထဲတွင် သိနေပြီးသားဖြစ်သည်။

"ဟုတ်တာဘဲနော် ချန်လော့ကစိတ်ပူလို့ပါ ချီဖုန်းကျဲ "

"စိတ်မပူပါနဲ့ ချန်လော့ ကျဲ မင်းကို အကောင်းဆုံးကာကွယ်ပေးမှာပါ "

"ချီဖုန်းကျဲ ကျဲကို ချန်လော့ချစ်တယ် "

"ကျဲလည်း ချန်လော့ကိုချစ်တယ် "

"ချီဖုန်းကျဲ လူတွေကဘာလို့ မိစ္ဆာကိုမုန်းတာလဲဟင် မိစ္ဆာတွေကမကောင်းတဲ့သူမဟုတ်ပါဘူး "

"တချို့မိစ္ဆာတွေက လူကိုအန္တရာယ်ပြုတတ်တယ် အဲ့တာကြောင့် မုန်းကြတာ "

"မိစ္ဆာတိုင်းက အန္တရာယ်မပေးပါဘူး "

"ကျဲသိပါတယ် ချန်လော့လေးက ဘယ်သူ့ကိုမှ အန္တရာယ်မပေးဘူးဆိုတာ လာအခုတော့ပြန်ကြရအောင် ပြန်ရောက်ရင် ငါးစွပ်ပြုတ်လုပ်ကျွေးမယ် "

"ဟုတ် ချီဖုန်းကျဲ "

ခွန်လွန်တောင်သို့ ပြန်လာသည့် လမ်းတစ်လျောက် ချီဖုန်းစိတ်ထဲလေးလံနေသည်။ တစ်စုံတစ်ခုဖြစ်တော့မည်ကို ကြိုတင်မြင်ယောင်နေမိသည်။ ခွန်းလွန်တောင်သို့ရောက်ချိန်တွင် သူမ ပြုလုပ်ထားသည့်အကာအကွယ်အား တစ်စုံတစ်ယောက်ဖျက်ထားသည်။ ထို့​ကြောင့် ခွန်းလွန်တောင်ခြေတွင် ချန်လော့အား ထားခဲ့ကာ တစ်နေရာတွင် ပုန်းနေရန်ပြောလိုက်သည်။

"ချန်လော့ ကောင်းကင်နန်းတော်က တစ်ယောက်ယောက် ခွန်းလွန်တောင်ပေါ်ရောက်နေတယ် ချန်လော့ကိုတွေသွားလို့မရဘူး ခွန်းလွန်တောင်နဲ့​ေ၀းတဲ့ တစ်နေရာမှာ သွားပုန်းနေလိုက် "

"ဟုတ် ချီဖုန်းကျဲ "

ချန်လော့ ငှက်သဏ္ဍန်အသွင်းပြောင်းကာ ခွန်းလွန်တောင်နှင့်ဝေးသည့် နေရာတစ်ခုသို့ပျံသန်းသွားလိုက်သည်။

ယွမ်ချီဖုန်းသည် ခက်ထန်သော မျက်နှာထားနှင့်အတူ တောင်ပေါ်သို့တတ်ခဲ့သည်။ တောင်ပေါ်တွင် သူမအားစောင့်နေသည့်သူမှာ လေနတ်မင်း ဖုန်းယွဲ့လင့်လန်ပင်။

"လေနတ်မင်း ဘာကိစ္စရှိလို့ ခွန်းလွန်တောင်ကို လာတာလဲ "

"ကိုယ့်ကြင်ယာတော်လောင်းဆီလာတွေ့တာပေါ့ "

"ဘယ်သူက ရှင့် ကြင်ယာတော်လောင်းလဲ"

ယွမ့်ချီဖုန်းမျက်နှာတွင် ဒေါသထွက်နေသောအရိပ်အယောင်အပြည့်ဖြင့် မျက်ဝန်းများနီရဲလျက်။

"ကိုယ်မင်းကို ကောင်းကင်မင်းကြီး အမိန့်အရ ဖုန်းမာန်နန်းတော်ကိုပြန်ဖို့ လာခေါ်တာ"

"ကောင်းပြီ သွားမယ်"

ကောင်းကင်မင်းကြီးသည် သမီးဖြစ်သူ ယွမ့်ချီဖုန်း မိစ္ဆာမလေးနှင့်အတူတူနေထိုင်သည်ကို သိနေပြီးသားဖြစ်သည်။ ချီဖုန်းအားအန္တရာယ်ကျရောက်လျှင် ကာကွယ်ပေးရန် နတ်မင်းတစ်ပါးအားလျို့ဝှက်စွာစေလွှတ်ထားသည်ကို ချီဖုန်းမသိပေ။ နတ်မင်းတစ်ပါးအနေဖြင့် မိစ္ဆာနှင့် ပေါင်းသင်းခြင်းသည် ပြစ်မှုကြီးထဲမှတစ်ခုဖြစ်သည်။ တစ်ခြားနတ်မင်းအပေါင်းတို့ ဤအကြောင်းအားကြားသိပါက ယွမ့်ချီဖုန်းအား အပြစ်ပေးရန်တောင်းဆိုကြမည်မှာ အသေချာပင်။ ထိုသတင်းအားလျို့ဝှက်ထားကာ ယွမ့်ဖုန်းချီအား ဖုန်းမာန်နန်းတော်သို့ ပြန်ခေါ်လာရန် လေနတ်မင်းအား လျို့ဝှက်အမိန့်ပေးလိုက်​ေတာ့သည်။

"ကောင်ကင်မင်းကြီး ယွမ်ချီဖုန်း ဂါဝရပြုပါတယ် "

"ကောင်းကင်မင်းကြီး ဖုန်းယွဲ့လင့်လန် ဂါဝရပြုပါတယ်"

"ထကြပါ "

"ကျေးဇူးပါ ကောင်းကင်မင်းကြီး "

"ဖုန်းချီနဲ့ လင့်လန် မင်းတို့ကိုခေါ်ရတဲ့အကြောင်းကတော့ လက်ထပ်ပွဲကျင်းပဖို့ ငါကိုယ်တော်အမိန့်ပေးဖို့ဘဲ "

"လင့်လန် အမိန့်နာခံပါတယ် မင်းကြီး "

"ဖုန်းချီသဘောမတူဘူး "

"အမိန့်ကိုလွန်ဆန်ချင်တာလား ဖုန်းချီ
လာကြစမ်း မိုးနတ်မင်း ကို စန်းချူးအဆောင်မှာ ပိတ်လှောင်ထားလိုက် ငါကိုယ်တော်အမိန့်မရမချင်း အပြင်ထွက်ခွင့်မရှိဘူး "

ဖခင်ဖြစ်သူ ကောင်းကင်မင်းကြီးအား ခက်ထန်စွာကြည့်၍ စန်းချူးနန်းဆောင်သို့ပြန်သွားခဲ့သည်။ ကောင်းကင်မင်းကြီးသည် မိစ္ဆာနှင့် အတူနေနေသည်ကို တားဆီးရန်အတွက် ဖုန်းမာန်နန်းတော်အတွင်းရှိ စန်းချူးအဆောင်တွင် ယွမ်ချီဖုန်းအားပိတ်လှောင်ထားခဲ့သည်။ ထိုမှသာလျှင် သတင်းပေါက်ကြားခြင်းမရှိဘဲ အပြစ်မှကင်းလွှတ်မည်ဖြစ်သည်။ လေနတ်မင်း လင့်လန်နှင့် ဖုန်းချီ၏ မင်္ဂလာပွဲသည် ထိုမိစ္ဆာနှင့် ပက်သတ်နေမှုအား ဝေးကွာ​ေစနိုင်သည်။ ဖုန်းချီအန္တရာယ်ကင်းစေရန်အတွက် ပိတ်လှောင်ထားခြင်းမှလွဲ၍ ရွေးစရာမရှိပေ။

ယွမ့်ချီဖုန်းသည် သူမအား အ​ဆောင်ထဲ၌ဖမ်းချုပ်ခံရမှုကြောင့် ဖခင်ဖြစ်သူအပါ် အမုန်းများသာပို၍တိုးလာခဲ့သည်။ စန်းချူးနန်းဆောင်အား အတားအဆီးပြုလုပ်ထားသည်ဖြစ်၍ အပြင်သို့ထွက်၍မရပေ။ သူမ ချန်လော့အားစိတ်ပူမိသည်မှာအမှန်ပင်။ စန်းချူးနန်းဆောင်တွင် ပိတ်ထားခြင်းခံနေရစဥ် ချန်လော့ သူမအား ခွန်းလွန်တောင်တွင် စောင့်နေပါက ကောင်းကင်နန်းတော်မှ နတ်မင်းများဖမ်းဆီးခြင်းအား ခံရနိုင်သည်။ ပိတ်ခံထားရခြင်းမှ လွတ်မြောက်နိုင်မည့် တစ်ခုထဲသောနည်းလမ်းသည် လေနတ်မင်းလင့်လန် အား လက်ထပ်ခြင်းသာဖြစ်သည်။ သူမ မချစ်မနှစ်သက်သည့် သူအား ဘယ်သောအခါမှလက်ထပ်မည်မဟုတ်ပေ။

အဆောင်တော်တွင် ရက်အနဲငယ်ပိတ်လှောင်ခံရပြီးနောက် ကျင်းရန်နန်းဆောင်အတွင်းသို့ လာရောက်ရန် အမိန့်ပေးခံခဲ့ရသည်။

"ကောင်းကင်မင်းကြီး ယွမ့်ချီဖုန်း ရောက်ပါပြီ "

"မင်းနေလေ့ရှိတဲ့ ခွန်းလွန်တောင်မှာ မိစ္ဆာတစ်ကောင်ဖမ်းမိခဲ့တယ် သူ့ဆီမှာ မင်းရဲ့နတ်အငွေ့အသက်တွေရှိနေတယ် မင်းတို့ကဘယ်လိုဆက်ဆံရေးမျိုးလဲ "

"ခွန်းလွန်တောင်ကို ကျူးကျော်လာတဲ့ မိစ္ဆာလေးကို ဆေးကုပေးခဲ့ဖူးတယ် ပြီးတော့ ခွန်းလွန်တောင်ကနေမောင်းထုတ်လိုက်ပြီ ဘယ်လိုမှပက်သက်မှုမရှိဘူး "

ကောင်းကင်မင်းကြီးသည် ချန်လော့အား ဖမ်းမိခဲ့သည်ကိုသူမသိလိုက်ပါသည်။ သူမစိတ်ပူနေသည့်အတိုင်း အမှန်တကယ်ဖြစ်လာခဲ့သည်။ ချန်လော့အားစိတ်ပူသော်လည်း မျက်နှာတွင် ခက်ထန်သောအပြုအမူမှလွဲ၍ အမူအရာတစ်ခုမှမပြောင်းလဲပေ။

"လေနတ်မင်း "

"ကျွန်တော်ရှိပါတယ် "

"ဖမ်းမိခဲ့တဲ့မိစ္ဆာကိုခေါ်ခဲ့"

"ဟုတ် "

လေနတ်မင်းသည် ကောင်းကင်မင်းကြီး၏ အမိန့်အတိုင်း ဖမ်းဆီးထားသော မိစ္ဆာအားခေါ်လာခဲ့သည်။

ယွမ့်ချီဖုန်း မျှော်လင့်မိသည့်အတိုင်း တကယ်ကို ချန်လော့ပင် ယွမ့်ချီဖုန်း မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများ ဖြတ်ပြေးသွားခဲ့သည်။ ချန်လော့ထံတွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာမတွေ့ရသဖြင့် အနဲငယ်စိတ်ချလိုက်သည်။ ထို့နောက် ချန်လော့အား မျက်နှာလွဲကာ ကောင်းကင်မင်းကြီးထံသို့သာ မျက်နှာလွဲထားသည်။
ချန်လော့သည် ချီဖုန်းကျဲအား အသနားခံသည့်မျက်ဝန်းများဖြင့် ကြည့်နေသော်လည်း လျစ်လျုရှုအကြည့်လွှဲခြင်းသာ ခံလိုက်ရသည်။

"လေနတ်မင်း ဖုန်းယွဲ့လင့်လန် မိုးနတ်မင်း ယွမ့်ချီဖုန်း အမိန့်နာခံပါ "

လင့်လန်နှင့်အတူ ချီဖုန်းသည် ကောင်းကင်မင်းကြီး၏ အရှေ့တွင် ဒူးထောင်လျက် လက်နှစ်အားသွယ်ယှက်ကာအရိုအသေပြုနေသည်။

"လေနတ်မင်းနဲ့ မိုးနတ်မင်းရဲ့ လက်ထပ်ပွဲကို နောက်ဆုံးလရဲ့ ဒုတိယအပတ်မှာ ကျင်းပမယ် "

အမိန့်သံ၏ အဆုံးတွင် ယွမ့်ချီဖုန်းနှင့်အတူ ချုန့်ချန်လော့ ပါ အံ့သြမှင်သက်သွားသည်။ လက်ထပ်ပွဲသည် ကောင်းကင်နန်းတော်အတွက် ဝမ်းမြောက်စရာတစ်ခုဖြစ်သော်လည်း ဖုန်းချီနှင့် ချန်လော့အတွက် ငရဲတစ်ခုလိုပင်။ ဖုန်းချီ၏ မျက်နှာသည် သိသိသာသာ ပျက်သွားသည်။ ခက်ထန်သောမျက်နှာအထက် မျက်ဝန်းတို့တွင် ဝမ်းနည်းကြေကွဲမှုများပါဝင်နေသည်။ ချန်လော့သည် အခြေနေအရ မည်သည့်အကြောင်းအရာမှ ဝင်ပြောခြင်းမရှိပေမဲ့ ဘယ်လောက်နာကျင်နေရမည်ကို ချီဖုန်းသာသိသည်။

"အမိန့်တော်အတိုင်းပါ ကျွန်တော် လင့်လန်အမိန့်နာခံပါတယ် "

"ကောင်းကင်မင်းကြီး ခွင့်လွှတ်တော်မူပါ လက်ထပ်ပွဲကို ဖုန်းချီသဘောမတူပါဘူး "

"အမိန့်ကိုမနာခံတာလား ယွမ့်ချီဖုန်း "

"ဟုတ်ပါတယ် ချီဖုန်းကို အပြစ်ပေးပါ ကောင်းကင်အရှင် "

"မင်း! ! "

ကောင်းကင်မင်းကြီးသည် စိတ်ဆိုးမှုနှင့်အတူ မျက်ဝန်းတို့တွင် ဒေါသအရိပ်အယောင်များထင်ဟပ်နေသည်။

"ကောင်းပြီလေ မင်းဘယ်လောက်ခေါင်းမာနိုင်လဲ ကြည့်ရအောင် "

ပလ္လင်ထက်မှ အောက်သို်ဆင်းလာကာ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော ငှက်မိစ္ဆာလေးထံသို့ ဦးတည် လျှောက်လာနေသည်။

"ဒီ မိစ္ဆာက ကောင်းကင်ဘုံရဲ့ ပိုင်နက်ကို ကျူးကျော်ပြီး အတင့်ရဲစွာ မိစ္ဆာအတတ်ကို ကျင့်ကြံခဲ့တယ် ဒါကြောင့် လူ့ပြည်မှာ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံရမယ် ဘယ်တော့မှ နတ်အဖြစ် ကျင့်ကြံခွင့်မရတော့ဘူး "

ထိုအပြစ်ဒဏ်သည် သိသိသာသာ ကြီးမားလှသည် ။ ခွန်းလွန်တောင်သို့ ခိုးဝင်ခြင်းသည် ဤမျှလောက် ပြစ်ဒဏ်ပေးရန်မသင့်ပေ။ မဟုတ်မခံသည့်စိတ်ရှိသည့်အပြင် ချန်လော့နှင့် ပတ်သက်မှုရှိနေသည်ကို သိနေသော ကောင်းကင်မင်းကြီးသည် ချီဖုန်းအား လက်ထပ်ပွဲအားလက်ခံရန် အကြပ်ကိုင်လိုက်ခြင်းပင်။ ထို့ကြောင့် ဖခင်ပေါ်ထားသည့်အမုန်းတရားသည် တစတစ ပို၍ ကြီးမားလာခဲ့သည်။

အပြစ်ပေးသည့် ယွီရှန်းမျှော်စင်ထက်သို့ ကောင်းကင်မင်းကြီးနှင့်အတူ လေနတ်မင်း ၊ ချီဖုန်း ၊ ချုပ်နှောင်ခြင်းခံထားရသော ချန်လော့ အပြင် အစောင့်နှစ်ဦးရောက်လာခဲ့သည်။ ယွီရှန်းမျှော်စင်မှ အပြစ်ပေးခြင်းခံရသူသည် သေမျိုးလောကသို့မရောက်မှီ အချိန်အတွင်း ကျင့်ကြံထားသည့် စွမ်းအားများအား စုပ်ယူဖယ်ရှားခြင်းခံရသည်။ စွမ်းအား စုပ်ယူခံရချိန်တွင် အသွေးအသားထဲမှ နာကျင်မှုအား ပြင်းထန်စွာ ခံစားရစေသည်။ သေမျိုးလောကသို့ မရောက်မီစပ်ကြားအချိန်တွင် အတိတ်ဘဝ မှတ်ဉာဏ်နှင့်အတူ ခန္ဓာကိုယ်အား ဖျက်စီးခြင်းခံရသည်။ ယွီရှန်းမျှော်စင်သည် ကြီးလေးသည့် အပြစ်အား ကျူးလွန်ထားသည့် သူများအား အပြစ်ပေးသည့် ကြောက်မက်ဖွယ်နေရာတစ်ခုပင်။ ယွီရှန်းမျှော်စင်သည် နတ်မင်းများအားလုံးအတွက် ​ကြောက်မက်ဖွယ်ရာ အိမ်မက်ဆိုးကြီးတစ်ခုပင်။ ယွီရှန်းမျှော်စင်မှ အပြစ်ပေးခံရမည်ကို နတ်မင်းအားလုံးကြောက်ကြသည်။

"မိစ္ဆာမကိုပစ်ချလိုက် "

"နေဦး "

ချန်လော့အရှေ့တွင်ကွယ်ရပ်၍ ကာကွယ်လိုက်ပြီး ချူပ်နှောင်ထားသော အတားအဆီးအား ဖယ်ပေးလိုက်သည်။

"သူ့မှာအပြစ်မရှိဘူး အခုလို အ​ြပစ်ပေးလို့မရဘူး "

"ခွန်းလွန်တောင်ကို ကျူးကျော်ပြီးတော့ မိစ္ဆာအတတ်ကိုလေ့ကျင့်တာက အပြစ်မဟုတ်ဘူးလား "

"ခွန်းလွန်တောင်ကို ကျူးကျော်တဲ့အတွက် သူ့ကို ချီဖုန်းအပြစ်ပေးပြီးသွားပြီ စွမ်းအားလေ့ကျင့်တာက ချီဖုန်းခွင့်ပြုလိုက်တာဖြစ်လို့ အပြစ်ရှိတာက ချီဖုန်းပါ ကောင်းကင်မင်းကြီး ကျေးဇူးပြု၍ ချီဖုန်းကိုအပြစ်ပေးပါ "

"ချီဖုန်းကျဲ ကျဲနဲမဆိုင်ပါဘူး ချန်လော့ အပြစ်ပါ "

"ချန်လော့မေ့သွားပြီလား ကျဲ ချန်လော့ကို ကာကွယ်ပေးမယ်လို့ ဂတိပေးထားတယ်လေ "

ဖခင်အ​ေရှ့တွင်တောင် ပြုံးရယ်ခြင်းမရှိသည့် ချီဖုန်းသည် မိစ္ဆာမလေးအရှေ့တွင် ပြုံးနေခဲ့သည်။

"ယွမ်ချီဖုန်း မိစ္ဆာနဲ့ပတ်သက်တာက ဘယ်လောက်အပြစ်ကြီးမားတယ်ဆိုတာ မင်းမသိဘူးလား မင်းကငါ့ကိုယ်​ေတာ်သမီးဖြစ်နေလို့ အပြစ်ပေးမခံရဘူးလို့ထင်နေတာလား "

"ချီဖုန်း မလုပ်ရဲပါဘူး ပြီးတော့ ခမည်းတော်ရဲ့သမီးဆိုတာ ချီဖုန်းအတွက် အမည်ခံတစ်ခုပါ ချီဖုန်းနဲ့ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကိုခံယူမှာပါ "

"မင်းမယ်တော်အတိုင်းဘဲ ခေါင်းမာလွန်းတယ် "

ချီဖုန်းသည် သူမကျင့်ကြံထားသည့် စွမ်းအားအများစုအား ကိုယ်တိုင်ဖျက်စီးလိုက်သည်။ သူမလုပ်ဆောင်သည့်အချိန်မြန်လွန်းသည့်အတွက် တားချိန်မရလိုက်ပေ။ နှုတ်ခမ်းဝတို့မှ သွေးများစီးကျလာကာ စွမ်းအားပျက်စီးခြင်းကြောင့်နာကျင်မှုသည် တဖြည်းဖြည်း ပေါ်ပေါက်လာသည်။ ကျန်ရှိနေသော စွမ်းအားအနဲငယ်အား ချန်လော့အားလွှဲပြောင်းပေးလိုက်သည်။

"ချန်လော့ ကျဲနဲ့အတူ လိုက်ရဲလား "

"ချီဖုန်းကျဲသွားတဲ့ဘယ်နေရာမဆို ချန်လော့လိုက်မယ် "

"ကောင်းပြီ ကျဲ မင်းကိုအကောင်းဆုံးကာကွယ်ပေးမယ် "

မျက်ဝန်းထဲတွင်ဝမ်းသာခြင်းများနှင့်အတူ မျက်နှာထက်တွင်အပြုံးများဝေဆာနေသည်။ ခန္ဓာကိုယ်အတွင်းမှ နာကျင်ခြင်းများသည် ချစ်ရသူနှင့်အတူရှိလျှင် နာကျင်မှုအားမခံစားရသလိုပင်။ နှုတ်ခမ်းထက်မှ ယိုစီးကျနေသောသွေးများသည် ခန္ဓာကိုယ်ထဲတွင် မည်သို့နာကျင်နေရသည်ကို ဖော်ပြလျက်ပင်။ သို့သော် နှုတ်ခမ်းသည် နာကျင်မှုမရှိသည့်အလား ကွေးညွတ်လျက် လှပစွာပြုံးေနခဲ့သည် ။

ယွမ့်ချီဖုန်းသည် ချုန့်ချန်လော့ လက်အား ကိုင်လျက် ကြောက်လန့်ခြင်းအလျင်းမရှိ နောင်တကင်းမဲ့စွာဖြင်​့ ယွီရှန်းမျှော်စင်ထက်မှ ခုန်ချလိုက်သည်။ ဖခင်ဖြစ်သူ ကောင်းကင်မင်းကြီးသည် စိတ်လိုက်မာန်ပါဖြင့် ယွီရှန်းမျှော်စင်ထက်မှ ခုန်ချသွားသည့် သမီးဖြစ်သူအား ဝမ်းနည်းစွာပင် ကြည့်နေရသည်။ ထိုသို့ခုန်ချသွားခြင်းသည် သူ၏ အပြစ်မကင်းသလို ခံစားနေရသော်လည်း ရပ်ကြည့်နေရုံမှလွဲ၍ မတတ်နိုင်ခဲ့ပါ။
ချီဖုန်းသည် ချန်လော့အပေါ် ယခုလောက်ထိမေတ္တာကြီးမားမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အပြစ်ပေးခံရမည်ဆိုး၍ ကာကွယ်ပေးချင်ခဲ့သော ဖခင်၏ အတ္တသည် သမီးဖြစ်သူအားထိခိုက်စေခဲ့သည်။ ကောင်းကင်မင်းကြီးသည် ယွမ့်ချီဖုန်းအား ချစ်ခင်သော်လည်း နွေးထွေးကြင်နာမှုမပေးခဲ့နိုင်ပေ။ နောက်ကွယ်မှ တိတ်တဆိတ်သာ ကာကွယ်ပေးခဲ့သည်။ ချစ်ခြင်းမေတ္တာအား ဘယ်သောအခါမှ ထုတ်ပြခဲ့ခြင်းမရှိပေ။

ယွီရှန်းမျှော်စင်အတွင်းမှ ခံစားရသော နာကျင်မှုများသည် ချစ်ရသူအား ဆုံးရှုံးရသည့်နာကျင်မှုလောက်တော့ ဆိုးမည်မထင်။ နာကျင်နေသော်လည်း ချစ်ရသူလက်အားတွဲကာ နာကျင်မှုအားအပြုံးဖြင့် ရင်ဆိုင်ခဲ့ကြ၏။

"ချန်လော့ လူ့ပြည်ရောက်တဲ့အခါ ကျဲကိုစောင့်နေပါ ကျဲသေချာပေါက် ချန်လော့ကို တွေ့အောင်လာရှာမယ် "

"ဟုတ်ကျဲ ချီဖုန်းကျဲ လာရှာတာကို ချန်လော့စောင့်နေမယ် "

နာကျင်မှုတွေအကြားအပြုံးဖြင့် လက်တွဲကာ သတိမေ့လျော့မသွားခင်အထိ အတူရှိကြသည်။

ကံကြမ္မာမတူသည့်အပြင် စွမ်းအား အရင်းအမြစ်မတူသောကြောင်​့ လူ့ပြည်တွင် နေရာတစ်ခုထဲမကျရောက်ပေ။ ချီဖုန်းသည် မျိုးရိုးမြင့်သည့် လူတန်းစားထံတွင်မွေးဖွားလာပြီး ချန်လော့သည် မျိူးရိုးနိမ့်သည့် ကုန်သည်လူတန်းစားထံတွင်မွေးဖွားလာရသည်။ လူသားအဖြစ် အသစ်တစ်ဖန်မွေးဖွားလာရသည်ဖြစ်၍ အတိတ်ဘဝမှ မှတ်ဉာဏ်များသည် ယွီရှန်းမျှော်စင်ထက်တွင်ဖျက်စီးခံလိုက်ရပြီးဖြစ်သည်။ ထို့ကြောင့် အတိတ်ဘဝမှ မှတ်ဉာဏ်မရှိတော့သည့် လူသားနှစ်ဦးသည် ဆံုတွေ့ခဲ့လျှင်တောင် မှတ်မိမည်မဟုတ်ပေ။ သို့သော် ကံတရားသည် ချီဖုန်းနှင့် ချန်လော့တို့၏ ချစ်မေတ္တာ ကြီးမားမှုအား အရှုံးပေးလိုက်ရသည်။ မည်သို့ပင် အဆင့်အတန်းကွာခြားနေပါစေ ၊ နေရပ်ဝေးကွာနေသည်ဖြစ်စေ ၊ အသက်ကွာဟနေသည်ဖြစ်စေ သူမတို့နှစ်ယောက်၏ ချစ်ခြင်းမေတ္တာသည် ဘဝအဆက်ဆက် ခိုင်မြဲနေခဲ့သည်။

နှစ်ပေါင်းများစွာ ဖြတ်ကျော်လာခဲ့သော်လည်း တစ်ဦးကိုတစ်ဦး သစ္စာပျက်ခြင်းမရှိဘဲ ဘဝတိုင်းလိုလို ပေါင်းဖက်ခွင့်ရခဲ့ကြသည်။ မည်မျှပင် ခက်ခဲသော အတားအဆီးကိုမဆို အတူတကွ ဖြတ်ကျော်လာခဲ့ကြပြီးဖြစ်သည်။ လူ့ပြည်တွင် နှစ်ပေါင်းတစ်ထောင်သည် ကောင်းကင်နန်းတော်တွင် တစ်နှစ်သာကြာမြင့်ခဲ့သည်။ ဘဝပေါင်းများစွာ ချီဖုန်းနှင့် ချန်လော့တို့၏ မေတ္တာတရားသည် ကောင်းကင်မင်းကြီး၏ နှလုံးသားအားပျော့ညံ့စေသည်။ ဘဝပေါင်းများစွာ လူ့ပြည်တွင် ကျင်လည်နေသည်အားမြင်ရပြီးနောက် ကောင်းကင်နန်းတော်သို့ ပြန်လည်ခေါ်ဆောင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

နောက်ဆုံးဘဝဖြစ်သည့်အတွက် ယခင်ဘဝများထက်ပို၍ ခက်ခဲစွာရင်ဆိုင်ရသည်။ နန်းတော်အတွင်းမှ မင်းသမီးနှင်​့ အစေခံအဖြစ်  အဆင့်အတန်းကွာဟလွန်းသည့်သူမတို့သည် လောကဓံအားရင်ဆိုင်ရန်ခက်ခဲလွန်းလှပေသည်။ ပေါင်းဖက်ခွင့်မရတော့သည့်အဆုံးတွင် နှစ်ဦးလုံးသတ်သေခဲ့ကြသည်။ သူမတို့ သေလွန်ပြီးသည့်အခါ ကောင်းကင်နန်းတော်ထက်သို့ပြန်ရောက်လာသည်။ သို့သော် နောက်ဆုံးဘဝ၏ မှတ်ဉာဏ်များသာရှိသည့်အတွက် ​ကောင်းကင်နန်းတော်အားရင်းနှီးမှုမရှိပေ။

ကောင်းကင်မင်းကြီးသည် မေ့ပျောက်နေသောမှတ်ဉာဏ်အားလုံးနှင်​့ နဂိုမူလရာထူးများအားပြန်လည်ပေးအပ်လိုက်သည်။ ဖုန်းမာန်နန်းတော်၏ ကျင်းရန်နန်းဆောင်တွင် ကောင်းကင်မင်းကြီး ၊ ချီဖုန်း နှင့် ချန်လော့တို့ သုံးဦးသာရှိနေသည်။ ကောင်းကင်မင်းကြီးသည် ချန်လော့အား မိစ္ဆာအဖြစ်မှ နတ်သမီးတစ်ပါးအဖြစ်သို့ ကူးပြောင်းစေရန် စွမ်းအားတချို့လွှဲပြောင်းပေးလိုက်သည်။ ထို့အပြင် ညနတ်သမီးဟူသော ဂုဏ်ပုဒ်အား ချီးမြှင့်လိုက်သည်။ ချန်လော့သည် ညနတ်သမီး ချုန့်ချန်လော့ အဖြစ် ကြယ်တာယာအား စီမံရသည်။

"ချီဖုန်း အရင်က ခမည်းတော်ရဲ့အပြစ်တွေကို ခွင့်လွှတ်ဖို့မတောင်းဆိုပါဘူး သမီးသာ ကောင်းကင်နန်းတော်က ထွက်မသွားရင် သမီးတောင်းဆိုသမျှ ခမည်းတော် လက်ခံပါ့မယ်"

"ခမည်းတော် ချီဖုန်းကသာ ဆိုးမိုက်ခဲ့တာပါ ခမည်းတော်ကို ချီဖုန်းဂတိပေးပါတယ် ခမည်းတော်ဘေးကနေ ထွက်မသွားတော့ပါဘူး "

"ခမည်းတော်အခုကစပြီး သမီးတို့ကို မကန့်ကွက်တော့ပါဘူး ညနတ်သမီး ချန်လော့ ကလည်း အခုကစပြီး ခမည်းတော်ရဲ့သမီးဖြစ်သွားပြီ "

"ခမည်းတော်ကျေးဇူးတင်ပါတယ် "

"အနားယူကြတော့ "

"ခမည်းတော် နှုတ်ဆက်ပါတယ် "

ချီဖုန်းနှင့် ချန်လော့တို့သည် ခမည်းတော်အား နှုတ်ဆက်ဂါဝရပြုလိုက်သည်။ ထို့နောက် အပြုံးကိုယ်စီဖြင်​့ စန်းချူးနန်းဆောင်သို့ပြန်လာခဲ့ကြသည်။

ကောင်းကင်မင်းကြီး အနေဖြင်​့ လိုက်နာရသည့်စည်းကမ်း တာဝန်များရှိသော်လည်း ယခုတွင်တော့ ဖခင်တစ်ယောက်၏ တာဝန်အားကျေပွန်ချင်သေးသည်။ သမီးဖြစ်သူ၏ နှစ်ပေါင်းများစွာ ပျောက်ဆုံးခဲ့သော အပြုံးချိုချိုလေးများသည် ယခုအခါနေ့တိုင်းမြင်တွေ့နိုင်မည်ဖြစ်သည်။ ဖခင်တိုင်းသည် သားသမီးအားချစ်မြတ်နိုးပါသည်။ ချစ်ခြင်းအား ဖွင့်ဟဝန်ခံခြင်းမရှိသော်ငြား နောက်ကွယ်မှ တိတ်တဆိတ်ကာကွယ်ပေးတတ်သည်။ ဖခင်တိုင်းသည် ရင်သွေးအား အန္တရာယ်ကင်းစေချင်သည်။ ဝမ်းနှင့်လွယ်၍ မွေးဖွားရခြင်းမရှိသော်လည်း မိခင်ထက်မပိုလျှင်တောင် မလျော့သော ချစ်ခြင်းများဖြင့် ချစ်နေခဲ့သည်။

ချီဖုန်းနှင့် ချန်လော့သည် ဖုန်းမာန်နန်းတော်တွင် လွတ်လပ်စွာ နေထိုင်နိုင်ပြီး ခွဲခွာရခြင်းမရှိတော့ပေ။
နေ့လည်ဘက်တွင် ချီဖုန်းသည် တာဝန်အရမိုးရွာသွန်းပေးကာ ညဘက်တွင် ချန်လော့၏ တာဝန်အရ ကြယ်တာယာများအားစီမံပေးသည်။ ခွန်းလွန်တောင်သို့ ဝိဉာဥ်စွမ်းအားကျင့်ကြံချိန်တွင်လည်း အတူတကွ ကျင့်ကြံခွင့်ရခဲ့သည်။ နတ်သက်မကြွေခင်အထိ သက်ဆုံးတိုင်အတူနေထိုင်ခဲ့ကြသည်။

ချီဖုန်းနှင်​့ ချန်လော့သည် ဘဝအဆုံးထိ စကားလုံးများဖြင့် အချစ်အားဖော်ပြခြင်းမရှိသော်လည်း အပြုအမူဖြင့်အချစ်အားဖော်ပြခဲ့သည်။ တစ်ဦးကိုတစ်ဦး အကောင်းဆုံးကာကွယ်ခဲ့ကြသည်။ မျက်ဝန်းထဲတွင်အချစ်၏ အရိပ်အယောင်များ ပြည့်နှက်လျက်ပင်။ ယွမ့်ချီဖုန်းနှင်​့ ချုန့်ချန်လော့တို့ နှစ်ဦးသား၏ ချစ်ခြင်းသည် ပြဇာတ်တစ်ခုကဲ့သို့ ​​ရေးသားရခက် ပုံ​ဖော်ရခက်ပေသည်။ ပြဇာတ်ကြည့်ရသည်အားနှစ်သက်သည့် ချန်လော့အတွက် လူ့ပြည်သို့သွားကာ ​ေလျှာက်လည်သည့်အချိန်တိုင်း ချီဖုန်းနှင်​့ ချန်လော့၏ ချစ်မေတ္တာအကြောင်းအား ပြဇာတ်အဖြစ်ဖန်တီးကာ ေဖျာ်ဖြေစေသည်။

စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် သစ္စာရှိခြင်း ၊ ခိုင်မြဲ​ေသာ သံယောဇဥ်တို့အားပေါင်းစည်းလိုက်ပါက မည်သည့်အခက်အခဲ ဒုက္ခပင်ကြုံခဲ့ပါမူ မကြောက်မရွံ့ရင်ဆိုင်နိုင်သည်အား ချီဖုန်းနှင့် ချန်လော့မှ သက်သေပြခဲ့သလိုပင်။ စကားလုံးများဖြင့်သာ ဖော်ပြပြီး အပြုအမူဖြင့် ဖော်ပြခြင်းမရှိသည့် ချစ်ခြင်းသည်မြဲမည်မဟုတ်ပေ။ အချစ်ဟူသည့်အရာသည် နှုတ်ဖျားမှလာသည့်အရာမဟုတ် နှလုံးသားမှ နက်ရှိုင်းစွာ ထွက်ပေါ်လာသော အရာဖြစ်ပေသည်။

Continue Reading

You'll Also Like

6.3K 164 10
This is not my story,,,It is just for offline reading,, To most people, Feng Jin is a mercurial, dangerous man but to Shang Guan Jing who barged into...
409K 7.4K 41
Emily Addison has been abused and neglected by a man she thought was her father. What happens when she gets saved by her brothers? Who has been searc...
34.3K 2.5K 32
« ហឹក អ្ហឹក ៗ ខ្ញុំមិនចង់បានបែបនិងទេ ខ្ញុំចង់ឲ្យប៉ាស្រឡាញ់ខ្ញុំក្នុងនាមស្នេហាមិនមែនរវាងប៉ាកូន » « រវាងយើងទៅមិនរួចទេជុងគុក ប៉ាមិនបានគិតលើឯងលើសពីចំណងប៉...
28.9M 915K 49
[BOOK ONE] [Completed] [Voted #1 Best Action Story in the 2019 Fiction Awards] Liam Luciano is one of the most feared men in all the world. At the yo...