ဖွဲ့နှောင်ရစ်သည် [ Complete ]
Af yeiksaryar
364K 10.2K 374
ခရမ်းရောင်ဟာ အာရှတိုက်ရဲ့ မဟာအဆန်ဆုံးအရောင်တစ်ရောင်တဲ့။​ခရမ်းရောင် မိဖုရားကတော့ကိုယ့်တစ်ဘဝလုံးအတွက် မဟာအဆန်ဆု... Mere
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း(၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၉)
11.5K 587 22
Af yeiksaryar
~ ဖွဲ့နှောင်ရစ်သည် ~ အခန်း (၉)
ဒီနေ့ သန့် ကော်ဖီတစ်ခွက်နဲ့ မလှုပ်မယှက် ထိုင်နေဖြစ်တာ နေ့တစ်ဝက် ကျိုးသွားသည်။ နေ့လည်စာလည်း မစားဖြစ်။ အလုပ်စားပွဲတွင်ထိုင်နေပေမယ့် အလုပ်လည်း မလုပ်ဖြစ်။
ဒေါ်ခင်မင်းရှိန် ထွက်သွားသည့်နေ့ကစပြီး သန့် အင်အားရှိသလောက်ရှာသည်။ ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေထဲ လိုက်ရှာသည်။ စိတ်ထင်ရင်ထင်တဲ့နေရာကို ချက်ချင်း စုံစမ်းသည်။
ဒေါ်ခင်မင်းရှိန်နဲ့ပတ်သက်သမျှ မိတ်ဆွေတွေဆီ စုံစမ်းမေးမြန်းကြည့်သည်။ သို့သော် အရှောင်ကောင်းသူ၏ အရိပ် အယောင် မဆိုလေနှင့်၊ သတင်းစကား တစ်ခွန်းပင် မရခဲ့။
ခင်မင်းမရှိသည့် အစောပိုင်းရက်များတွင် သန့်၏စိတ်က အတက် အကျ မြန်နေခဲ့သေး။ တချို့နေ့တွေမှာ အလုပ်ကို တစ်နေကုန် ဖိလုပ်နေတတ်သလို တချို့နေ့တွေမှာ ဘာအလုပ်မှမလုပ်ပဲ တစ်နေကုန်ငိုင်နေခဲ့တာမျိုးလည်း ရှိသည်။ အစားအသောက်လည်း မမှန်။
လူပုံစံက အနည်းငယ်ညှင်းသိုးသိုးနိုင်လာသည်။သို့သော် သပ်ရပ်စမတ်ကျဆဲပင်။ မျက်လုံးတွေ အရောင်ပြောင်းသွားတာနှင့် အနည်းငယ် ပိန်သွားတာမျိုးလောက်ပဲ ဖြစ်သည်။
အမြဲတမ်း ဆွေးရီရီလေး ဖြစ်နေတတ်ပေမယ့် ဘယ်တော့မှ မျက်ရည်ထပ်မကျ။ သန့်က သူမှားသွားပြီမှန်းသိကာစက တစ်ခါပဲ ငိုခဲ့ဖူးသည်။
ခုလိုဝေးသွားမှ ထိုအမျိုးသမီးကို သူ ဘယ်လောက်လိုအပ်မှန်းပိုသိလာရသည်။ သူ့လိုအပ်မှုကလည်း ရှင်သန်ရမယ့် တစ်သက်တာလုံးအတွက်မှန်း သေချာသွား သည်။
နောက်တစ်ခုက လူတွေပြောနေကြတဲ့ အချစ်ဆိုသည့်အရာပင်။ အစက သန့် သေချာမသိခဲ့။ ခဏတဖြုတ်တွေ့ခဲ့ရပြီး သူ့ဘဝတစ်လျှောက်လုံး စိုးမိုးနေခဲ့သည့် အမျိုးသမီး။ ကိုကြီး က ထိုမိန်းမကိုလိုချင်ခဲ့၍ ကြိုးစားခဲ့သည်။ ကြိုးစားသော် လည်း မရခဲ့။
သန့်က အသံပင်မကြားဖူးပဲ ထိုမိန်းမကို တစ်ကြိမ်တည်း မြင်ရုံနှင့် နေ့နေ့ညည သတိရခဲ့သည်။ ကိုကြီးကိုလည်း သူ့ ဒဏ်ရာနဲ့သူမို့ သန့်မမေး။ ကိုကြီးပြောပြမှာကိုလည်း သန့်မလိုချင်ခဲ့။ မသိချင်ခဲ့။
သန့်ကပဲ ငယ်စဥ်က ထိုအမျိုးသမီးကို စိတ်ဝင်စားကြောင်း ကိုကြီးကို ပြောပြခဲ့တာရှိသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် သီးသန့် လိုချင်ခဲ့သည်။ သိချင်ခဲ့သည်။ သူမကို အနားမှာခေါ်ထားနိုင်အောင်လည်း ကြံဆ နိုင်ခဲ့သည်။ ထို့အပြင် သူမကို ထိတွေ့ခဲ့မိသည်။ဇွတ်တရွတ် နမ်းရှိုက်ပစ်ခဲ့သည်။ တကယ်က အချစ်ပင်။
ထိုအချစ်ကို နားလည်နိုင်စွမ်းနည်းခဲ့၍ သန့်ထုတ်မပြောဖြစ်ခဲ့။ထိုချစ်စိတ်ကို ဆယ်ကျော်သက်အရွယ်ကတည်းက ရရှိခဲ့၍ သန့် အထူးဂရုမပြုခဲ့။သူမကိုသာ သန့်အာရုံရှိခဲ့သည်။ ထိုချစ်စိတ်ကြောင့် သူမကို လိုချင်နေခဲ့ကြောင်းလည်း သူ့ကိုယ်သူပင် သေချာ နားမလည်ခဲ့ရှာပေ။
ခုတော့ သန့် သိခဲ့ပြီ။ အချစ်ကို အာရုံစိုက်နိုင်ခဲ့ပြီ။ပေးစရာအချစ်တွေလည်း နှလုံးသားနှင့် အပြည့်ရှိနေခဲ့ပြီ။ ပေးဆပ်စရာ ဘဝရော သူမအတွက် ရှိနေခဲ့ပြီ။ ခုတော့ သူ့အပေါ် နာကျင်သွားလေသူက ရှောင်ပုန်းနေခဲ့ပြီ။
ဒီနေ့နဲ့ဆို မ ကို မတွေ့ရတာ ရက်ပေါင်းလေးဆယ် ရှိပြီနော်။ကိုယ် မ ကို တွေ့အောင်ရှာမယ် မရယ်။ အချိန်တွေက ကိုယ့်ကို သတ်ဖြတ်နေကြသလိုပါပဲ။ ကိုယ့်မှာ မ မရှိတဲ့နေ့ကစလို့ အလဲလဲအကွဲကွဲပါပဲ။
ဟိုးတုန်းကတည်းက မ အတွက် ရှင်သန်လာခဲ့တာကို မ အတွက် ရှင်လာခဲ့မှန်း မသိနားမလည်စွာ ကြီးရင့်သန်မာလာခဲ့သေးတာပဲ။ မ ကို တွေ့ပြီးမှ ကိုယ်က ဘာဖြစ်လို့ ဆက် မရှင်သန်ရမှာလဲ။ မ ကို ကိုယ် အပိုင်ယူမှရမယ် သိလား။
ကိုယ့်ရဲ့သက်တမ်းတစ်လျှောက်လုံးကို မ ကိုဘေးမှာထားပြီး အိုမင်းသွားမှာ။မ ကိုယ့်ကိုမချစ်လည်း ကိုယ်က ရပါတယ်။ ကိုယ့်အနားမှာ ရှိနေဖို့တော့လိုတာပေါ့။ မ ကိုယ့်အချစ်ကို ယုံပါ့မလား။ နားလည်နိုင်စွမ်းရှိပါ့မလား။ ပြန်ပြီးခံစားပေး နိုင်စွမ်းလည်း ရှိပါ့မလားကွယ်။
နာကျင်ရစတမ်းဆို အမျိုးသမီးချင်း ဖြစ်နေတာတွေကြောင့်၊ ပတ်ဝန်းကျင်ရဲ့ အဆိပ် အတောက်တွေကြောင့်၊ စိတ်ရဲ့နာကျင်ခံရခက်မှုတွေ အကုန်လုံးကို ကိုယ့်တစ်ယောက်တည်း ရယူချင်ပါရဲ့။ မ ကို မထိခိုက်စေချင်ပါဘူး။
ဒါပေမယ့် ချစ်တယ်ကွယ် ချစ်တယ်။ဘယ်မှာ ပုန်းနေ ပုန်းနေ ကိုယ်က လိုက်ရှာ ရမှာပေါ့ မ ရယ်။အဲ့ ဒီတစ်နေ့နေ့ဆိုတာမျိုးနဲ့ ကိုယ် အားတင်းထားပါတယ်။ အပိုင်ရမှ ဖြစ်ပါမယ်။
ရန်ကုန်မြို့ကြီးကတော့ သူ့အလျင်အတိုင်း စီးဆင်းလည်ပတ်နေဆဲပင်။လူတွေ၊ ဘဝတွေ၊ ရုန်းကန်မှုတွေ ကြည်နူးစရာတွေဖြင့် စုံလင်တဲ့အဖြစ်သနစ်တွေဟာ ဖြစ်နေဆဲ။ သန့် တဖြည်းဖြည်း ပို၍ ရင့်ကျက်လာသည်။
ငယ်ငယ်ကတည်းက တည်ငြိမ်သူမို့ အသွင်အပြင်မှာ ပို၍ တည်တည်ကြည်ကြည် ဖြစ်လာသည်။ အသက်ကသာ နှစ်ဆယ့်နှစ်နှစ်လောက်နဲ့ လူပုံစံက ထက်မြက်ပြီး ငြိမ်သက်လွန်းသည်။ အလုပ်ကိုလည်း စိတ်နှစ်ပြီး ပြန်လုပ်လာသည်။
နိုင်ငံခြားဘွဲ့ရလည်းဖြစ် လူလည်း လူငယ်မို့ ဆုံးဖြတ်ချက်တွေ ပိုကောင်းပြီး ကုမ္ပဏီက သန့်၏ဦးစီးမှုအောက်တွင် အလျင်အမြန် အောင်မြင်လျက်ရှိသည်။ တခြားတိုးချဲ့ လုပ်ငန်းတွေလည်း များပြားလာသည်မို့ ကောင်းမြတ်က ပြန်ကူ ပေးရသည်။
တစ်ဖက်တွင်လည်း ခင်မင်းကို ရှာဖွေနေသည်မှာ တစ်ရက်မှ မရပ်ခဲ့ပေ။ သန့် သူ့ကိုယ်သူ အကောင်းဆုံး ပြန်တည်ဆောက်ယူသည်။ စောင့်နေဆဲနော် မ။
.....................
ခင်မင်းဒီရွာလေးကို ရောက်တာ နှစ်လပင်ပြည့်ခဲ့ပြီ။ ဒီရွာတွင် ဒေါ်လေး ယောကျ်ား၏ညီမ ရှိသည်။ ယောင်းမတော်ပေမယ့် ဒေါ်ဒေါ်မြနှင့်ဒေါ်လေးမှာ ညီအစ်မအရင်းသဖွယ် ရင်းနှီးချစ်ခင်သည်။ ဒေါ်ဒေါ်မြက အပျိုကြီးမို့ ဒေါ်လေးနှင့်ခင်မင်းတို့မှာ အားနာစရာ တခြားအိမ်သားတွေ မရှိပေ။
ဒေါ်လေးတို့လင်မယားမှာ ခင်မင်းကို ငယ်ငယ်လေးကတည်းက စောင့်ရှောက် လာခဲ့တာဖြစ်သည်။လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ဒေါ်လေးယောကျ်ား ဆုံးသွား သဖြင့် ဒေါ်လေးနှင့်ခင်မင်း နှစ်ယောက်တည်းကျန်ခဲ့တာဖြစ်သည်။
သန့်တို့အိမ်က ပြန်လာသည့်မနက်တွင် သန့်က ကောင်းမြတ်၏ ညီမအရင်းမို့ ခင်မင်း ဆက်မပတ်သက်ချင်တော့ကြောင်း၊ ခဏရှောင်နေချင်ကြောင်း ပြော၍ ခင်မင်းအလိုအတိုင်း ဒေါ်လေးနဲ့အတူ ဒီရွာလေးကို ရောက်လာခဲ့ခြင်းဖြစ်သည်။ ဒေါ်လေးကိုဖြစ်ကြောင်းကုန်စင် မပြောပြဖြစ်ပေမယ့် ခင်မင်းအရမ်းခံစားရကာ မျက်နှာပျက်နေသဖြင့် ခင်မင်းသဘောအတိုင်း ဒေါ်လေးလုပ်ပေးခဲ့သည်။
အရေးကြီးသည့်စာရွက်စာတမ်းများ ယူ၍ အဝတ်အစားတချို့ ထည့်ကာ တောရွာ လေးဆီ ထွက်လာခဲ့သည်။ ဒေါ်ဒေါ်မြနှင့် ဒေါ်လေးမှာ ဖုန်းအဆက်အသွယ် အမြဲတမ်းရှိသဖြင့် ဒေါ်ဒေါ်မြအခြေအနေကို ဒေါ်လေးသိနေခဲ့သည်။ ထို့ကြောင့် တူဝရီးနှစ်ယောက် ဘာမှအားနာစရာ မျက်နှာကြည့်စရာမလိုသော ဒေါ်ဒေါ်မြဆီ ချက်ချင်း လာခဲ့ကြသည်။
ပိုးထည်တိုက်ကို ပိတ်ခဲ့ကာ ဝန်ထမ်းကောင်မလေးတွေဆီ ဖုန်းဆက်အကြောင်း ကြားခဲ့သည်။ အလုပ်မလာရသော်လည်း ဝန်ထမ်းတွေကို လစာ တစ်ဝက်ပေးမည် ဟု ဒေါ်လေး ဆုံးဖြတ်ခဲ့သည်။ တစ်လ တစ်ခါ ဒေါ်လေးနှင့် ဒေါ်ဒေါ်မြ ရန်ကုန် ပြန်လာကာ စီစဥ်သည်။
ရွာရောက်ကတည်းက ခင်မင်း ဖုန်းနံပါတ်တွေ ချိန်းပစ်ခဲ့သည်မို့ ကိုရှားနောင် အပါအဝင် မည်သူမှ ခင်မင်းကို ဆက်သွယ်မရခဲ့ပေ။ ကိုရှားနောင်ကိုလည်း ခင်မင်း မတွဲချင်တော့ပါ။ အိမ်ထောင်ဘက်အဖြစ်လည်း မရွေးချယ်လိုတော့ပါ။
ဆိုရှယ်မီဒီယာကို အရံ acc ဖြင့် ခဏတဖြုတ်သာ ခင်မင်းသုံးတော့သည်။ မေးလ်ကိုလည်း တစ်ခါမှ ဖွင့်မကြည့်တော့။ ရွာဓလေ့ကြားမှာ ဒဏ်ရာတွေ အနည်းငယ် သက်သာမေ့ပျောက်သလိုရှိလာပေမယ့် ပြန်သတိရတိုင်း သန့်ကို နာကျည်းမိဆဲပင်။ တချို့ညတွေမှာ သူမကိုသူမ နှမြောတသ စွာ ကြိတ်ငိုမိဆဲပင်။
တစ်နေ့ တစ်နေ့ သဘာဝရှု့ခင်းတွေကို ငေးလိုက် ဘုန်းကြီးကျောင်း သွားလိုက်နဲ့ နေသည်။ရွာကျောင်းလေးမှာလည်း အခမဲ့ စာသင်ပေးသေးသည်။ ခင်မင်း ကိုယ့်စိတ်ကို အားလပ်အောင် မထားချင်ပေ။ ဒေါ်လေး၏အရိပ်အာဝါသက ခုထိ ခင်မင်းကို လုံခြုံအေးချမ်းစေသည်။ ဒေါ်ဒေါ်မြ၏ တောဓလေ့ဟင်းလျာများ မှာလည်း ခံတွင်းတွေ့ကာ ထမင်းမြိန်စေသည်။ ခင်မင်း၏ ခေါင်းထဲကို သန့် ဟူသည့် လူသားဝင်ရောက်မလာခဲ့ရင် နေပျော်စရာကောင်းပါသည်။ သို့သော် ခင်မင်းမလိုချင်ခဲ့ဆုံးနေ့တစ်နေ့ ရောက်လာခဲ့သည်။
ထိုနေ့က ခင်မင်း ကျောင်းတွင် ခလေးတွေကို စာပြနေခဲ့သည်။ ကျောင်းဝင်း ရှေ့မှာ ကားတစ်စီးလာရပ်ပြီး ခင်မင်း မတွေ့ချင်ခဲ့သော မျက်နှာတွေကို မြင်လိုက် ရသည်။ ဒေါ်လေးလည်း ကျောင်းကို လိုက်လာခဲ့သည်။ သန့်တို့က အိမ်ကိုအရင် ဝင်ကာ ဒေါ်လေးတို့နှင့်အရင် တွေ့ဆုံစကားပြောထားပုံရသည်။
ဒေါ်လေးက သမီးရယ် လူငယ်တွေအချင်းချင်း သေချာ စကားပြောလိုက်ပါဦး။ စိတ်ကိုလည်းလျှော့ပါ ဟုနားချသည်။
ဒေါ်လေးနှင့်ကောင်းမြတ် စကားပြောနေကြသည်။ ဆယ်တန်းကတည်းက တက္ကသိုလ်ပြီးသည်အထိ ခင်မင်းနှင့်တွဲလာခဲ့သည့်သူငယ်ချင်းမို့ ကောင်းမြတ်က ခင်မင်းတို့အိမ် မကြာမကြာ လာလည်ခဲ့ဖူး၍ ဒေါ်လေးနှင့်က ရင်းနှီးပြီးသားပင်။ ကောင်းမြတ် ခင်မင်းအပေါ် ပိုင်ဆိုင်လိုစိတ်နှင့် ခိုးပြေးခဲ့သည့်ကိစ္စကြောင့်သာ အားလုံးပြဿနာဖြစ်ခဲ့ကြရသည်။
ဒေါ်လေးတို့က ဆရာ ဆရာမများနားနေခန်းတွင် စကားပြောနေကြ၍ သန့်နှင့် ခင်မင်းက လူရှင်းသော ကျောင်းဝင်း၏အနောက်ဖက် တစ်နေရာတွင်ဖြစ်သည်။ လေတဖြူးဖြူးတိုက်ခတ်နေသဖြင့် သန့်၏ လှပမွှေးပျံ့သော ဆံနွယ်များက တစ်ချက်တစ်ချက် လွင့်၍နေသည်။ ခင်မင်းက ကျောင်းမှာမို့ ဆံထုံးလေးနှင့် ဖြစ်သည်။
ခင်မင်းမျက်နှာမှာ အလွန်အမင်း တင်းမာလျက်ရှိသည်။
"မ"
ခင်မင်းမထူး။
"ကိုယ့်ဘက်က အရမ်းမှားသွားပါတယ်။ တောင်းပန်လည်း ကျေအေးပေးနိုင်မယ့် အမှားမျိုး မဟုတ်တာကိုလည်း ကိုယ် နားလည်ပါတယ်"
ခင်မင်းအသံတိတ်လျက်ပင်။
"ကိုယ် မ ကို ချစ်တယ်"
"ဖြောင်း"
မထင်မှတ်ပဲ အရိုက်ခံလိုက်ရ၍ သန့်မှာ ပိုနာသွားသယောင်ရှိသည်။ခင်မင်း စပ်ဖျင်းဖျင်းလက်ကို ဖိဆုပ်ထားကာ ရန်လိုစွာ သန့်ကိုကြည့်၍
"ပြန်ပြောစမ်းပါ။အဲ့ဒီ အချစ်ဆိုတဲ့စကားနဲ့ မင်းလိုလူ တန်သလား"
"မ ကိုယ့်ကို ထပ်ရိုက်ရင်ရိုက်ပါ။ကိုယ်ကတော့ အမှန်ကိုပြောရမှာပဲ။ ကိုယ် မ ကို ချစ်တယ်"
"ဖြောင်း"
နှစ်ချက်ဆင့်မို့ သန့်ပါးတစ်ဖက်မှာ သိသိသာသာ ရဲတက်သွားကာ မျက်လုံး တစ်ဖက်မှာ မျက်ရည်ဥသွားသည်။ ခင်မင်း၏မျက်ဝန်းတွင်လည်း မျက်ရည် ဝိုင်းတက်လာကာ
"မင်း ငါ့ကို ဘယ်လိုအတန်းစားထင်လို့ လုပ်ခဲ့လဲမသိဘူး။ လူကို အဆုံးစွန်ထိဖျက်ဆီးပစ်ပြီးမှ ချစ်လို့ ဆိုတဲ့စကားကို ငါ အင်မတန် ရွံတယ်"
"မဟုတ်ဘူး။ကိုယ်မှားတာ မှန်ပါတယ်။ ဒါပေမယ့် မ ကို ချစ်နေတဲ့စိတ်ကိုတော့ အဲ့ဒီအပြစ်နဲ့ မရောထွေးပစ်ပါနဲ့ မ ရယ်။ကိုယ် တကယ်ပြောတာပါ။မ ကို ဟိုးငယ်ငယ်ကတည်းက ကိုယ် ချစ်ခဲ့ရတာပါ"
"ဟားဟား"
ခင်မင်း ရယ်လိုက်ပြီး ရယ်သံမဆုံးခင် သွားစေ့သွားကာ အသံမှာ နာကျင်လွန်း နေမှန်း သိသာနေသည်။
"ငါ ထိန်းသိမ်းလာခဲ့သမျှ မင်း တစ်ဖက်သတ်အနိုင်ကျင့်ပြီး ဖျက်ဆီးပစ်လိုက်ဖို့ မဟုတ်ဘူး"
"ကိုယ် သိပါတယ် မ။ တကယ်က ကိုယ် အေးအေး ဆေးဆေး ပြောပြချင်လို့ အိမ်ကိုခေါ်ခဲ့တာပါ။ ဒီလိုလုပ်ဖို့ထိ မရည်ရွယ်ခဲ့ပါဘူး။အိမ်မှာအိပ်ခိုင်းတာလည်း ခုလို အနိုင်ယူဖို့မဟုတ်ပါဘူး။ မ က အတင်းငြင်းနေရင်းနဲ့ ရုတ်တရက် ဖြစ်သွားခဲ့ရတာပါ။ ကိုယ် တမင်ကြိုတင်ကြံစည်ခဲ့တာ မဟုတ်ပါဘူး။ မရယ် ကိုယ်ပြောနေတာတွေ တကယ်ပါ။ကိုယ်က အစကတည်းက ချစ်နေခဲ့တဲ့သူပါ"
"မင်း စကားတွေ မကြားချင်ဘူး။ အခု မင်း ငါ့ကိုဘာဒုက္ခထပ်ပေးချင်လို့လဲ။မင်း ဘဝနဲ့ မင်း။ငါ့ဘဝနဲ့ငါ။ရှင်းပြချင်လို့ လာခဲ့တာဆိုရင် မင်း ပြန်လို့ရပြီ"
"ဟင့်အင်း မဟုတ်ဘူး။ကိုယ် မ ကို ချစ်လို့ အပိုင်လိုချင်တယ်"
"ဘာ၊မရူးစမ်းနဲ့ သန့်"
"ကိုယ့်ကို အဲ့လောက်ထိ မပြောစမ်းနဲ့ မ။ရူး ရမယ်ဆိုလည်း မ ကိုမို့ ရူးပစ်ချင် စမ်းပါရဲ့"
"ငါ အပိုစကားတွေအတွက် အချိန်မပေးနိုင်ဘူး။မင်းပြန်လို့ရပြီ"
"လွမ်းလိုက်တာ မ ရယ်"
သန့် ခင်မင်းကို တစိမ့်စိမ့် ကြည့်နေသည်မို့ ခင်မင်းလက်ကလေး ပိုက်ထား လိုက်သည်။
"မင်း မသွားရင် ငါ သွားမယ်"
"နေပါဦး။ ကိုယ် အခု ပြောမှာကို သေချာနားထောင်ပေးပါ။ ကိုယ် မ ကို လိုချင်တယ်။ ကိုယ်တို့ လက်ထပ်ရအောင်"
"မင်း ဘာတွေ ပြောနေတာလဲ။လက်ထပ် ထိမ်မြားခြင်း ဥပဒေကို မင်းနားမလည်ဘူးလား ဟမ်။ တကယ်လို့ ယူလို့ရတယ်ဆိုတောင် မင်းလိုလူကို ယူမယ့်အစား တခြားဘာမဆို ရွေးသွားမယ်"
"မ ကိုယ့်ကို ရွေးမှရမယ်။အဲ့ ဒီညက ကိုယ့်အခန်းထဲမှာ cctv ရှိတယ် မ။ ကိုယ်တမင် ကြံစည်ထားတာ မဟုတ်ပါဘူး။ အရင်ကတည်းက တပ်ထားတဲ့ အနေအထားမှာ မပိတ်ဖြစ်တာပါ။ မထင်မှတ်တာတွေလည်း ဖြစ်သွားခဲ့တာပါ မရယ်။ တစ်ခုရှိတာက မ ကိုယ့်ကို ငြင်းနေဦးမယ်ဆို ကိုယ် ဒါကို"
ခင်မင်း ခေါင်းထဲ မိုက်ခနဲ ဖြစ်ချင်သွားပေမယ့် အားတင်းကာ
"ဘာလဲ၊ အွန်လိုင်းမှာ ဖြန့်ပြီး အရှက်ခွဲမလို့လား။ ငါ မှန်း ဘယ်သူသိလို့လဲ။ဒီလို အကျပ်ကိုင်မလို့လား။ ငါ ဂရုမစိုက်ဘူး"
"မဟုတ်ဘူး မ။ လူတကာကို မပြပါဘူး။ တစ်ယောက်တည်းကိုပဲ ဒီဖိုင်ပို့လိုက်မှာ။ မရဲ့ အုပ်ထိန်းသူကိုဖြစ်ဖြစ်"
"ဘာ၊ မင်း "
စကားဆက်မဆိုနိုင်ပဲ ခင်မင်း ရင်ထဲတလှပ်လှပ်တုန်လာသည်။ လူက တစ်ခုခုကို အားပြုကိုင်ထားချင်လောက်အောင် ပြိုကျမလိုဖြစ်လာသည်။ မငိုရပါပဲ မျက်ရည် တွေသာ တတောက်တောက် ကျလာသည်။ သန့်ကို စက်ဆုပ်ခါးသက်စွာ စိုက်ကြည့်၍
"မင်း၊ မင်း"
သန့် အသာလေးထိန်းပွေ့ထားလိုက်သည်။ မျက်ရည်တွေ သုတ်ပေးသည်။ ခင်မင်းမှာ ရှောင်ဖယ်နိုင်စွမ်းတောင် မရှိရှာတော့ပါ။ ဒီရင်ခွင်ကို မုန်းလှပေမယ့်။
ခင်မင်း ထိုအဖြစ်ကို မိဘသဖွယ်ဖြစ်နေသော ဒေါ်လေးကို မည်သို့မျှ မမြင်စေချင်ပါ။ ထို့ကြောင့် တစ်စုံတစ်ယောက်၏ သဘောအတိုင်း သူမဘဝကို အဆုံးဖြတ်ခံလိုက်ရသည်။ နားနေခန်းကို ခင်မင်းနှင့်သန့် ပြန်ရောက်လာပြီး ဒေါ်လေးရယ်၊ ကောင်းမြတ်ရယ် လေးယောက်သား မျက်နှာစုံညီ စကားပြောဖြစ် ကြသည်။
သန့်က
"ဒေါ်လေးကို သန့် ဒေါ်ခင်မင်းရဲ့ မိဘလိုသဘောထားပြီး ပြောပါရစေ။ တကယ်တော့ ဒေါ်ခင်မင်းကို သန့်က ချစ်ခင်စုံမက်နေတာပါ ဒေါ်လေး"
"ဟင်၊ဘယ်လိုဖြစ်ပြီး"
ဒေါ်လေးမှာ ရုတ်တရက် အံ့သြကာ နားလည်ဖို့ကြိုးစားနေပုံရသည်။ ရှုပ်ထွေး သွားပုံလည်းရသည်။ သန့်က
"ဟုတ်ပါတယ်၊သန့်တို့က မိန်းခလေးချင်းပါ။ ဒါပေမယ့် ဂျန်ဒါမပါပဲ လူတစ်ယောက်ကို နောက်ထပ်လူတစ်ယောက်က ချစ်ခင်မိတယ်လို့ပဲ ရိုးရိုးလေး ပဲတွေးပေးပါ။ ဒေါ်ခင်မင်းအပေါ်လည်း မေတ္တာစိတ်အပြည့်နဲ့ပါ။ လူ့အဖြစ်ကို ရတုန်းမှာ ကိုယ်ချစ်တဲ့သူနဲ့တော့ သန့်က ပေါင်းဖက်ချင်ပါတယ်။ဘယ်အရာမှ မရေရာပါဘူး။ရှင်သန်ခွင့်ရှိတုန်းမှာ ကိုယ့်စိတ်ကလက်ခံနိုင်တဲ့လူနဲ့ပဲ အတူတူ နေချင်ပါတယ်။ တခြားလူတွေ၊ ဥပဒေတွေ၊ ပတ်ဝန်းကျင်အယူအဆတွေဆိုတာ ကာယကံရှင်တွေက စည်းလုံးနေရင် ဘယ်သူမှ ကြားဝင် စော်ကားလို့မရပါဘူး။ ဒါကြောင့် ဒီက ဒေါ်လေးနဲ့ဒေါ်ခင်မင်း ၊ကိုကြီးနဲ့သန့် မိသားစုနှစ်ခုကို မိသားစု တစ်ခုတည်း ဖြစ်ခွင့်ပေးပါ"
"ဒေါ်လေးစိတ်ထဲ နည်းနည်းရှုပ်ထွေးနေတယ်။ ဒီဘက်ခေတ်လူငယ်တွေကိုလည်း ဒေါ်လေး လိုက်မမှီတော့ပါဘူး"
ကောင်းမြတ်ကလည်း ဝင်၍
"ဒေါ်လေး၊သားကို ဒေါ်လေးသိလာတာလည်း သား ဆယ်တန်းကတည်းကပါ။ သားဘက်ကသာ အမှားတစ်ခုမရှိခဲ့ရင် ခင်မင်းနဲ့ဒေါ်လေး သားကို ဒီလိုမုန်းနေမှာ မဟုတ်ဘူး။ အဲ့ဒီနေ့ကို ပြန်ပြင်လို့ရရင် သား ပြန်ပြင်လိုက်ချင်ပါတယ်။ခုချိန်မှာ သားရင်ထဲမှာ ခင်မင်းအတွက် ဖြူစင်တဲ့သူငယ်ချင်းအချစ်ပဲ ရှိပါတယ်။ သားရဲ့ ညီမလေးကိုလည်း သားယုံတယ်။ ဒါကြောင့် သူ့အုပ်ထိန်းသူ အကိုကြီး တစ်ယောက်အနေနဲ့ သန့်ရဲ့စိတ်ခံစားချက်ကို ကြည့်ပေးဖို့ သားတောင်းဆို ပါတယ်"
"အို သားကို ဒေါ်လေး မမုန်းပါဘူးကွယ်။စိတ်ဆိုးတာလောက်ပဲရှိတာပါ"
ဒေါ်လေးစကားကြားလိုက်ရစဥ် ကောင်းမြတ်မျက်နှာမှာ ဝင်းခနဲ ဖြစ်သွားသည်။ ခင်မင်းက အခုထိ ဘာတစ်ခွန်းမှ ဝင်မပြောသေး။
"သမီး သဘောကရော၊ဟို သန့်ကို ပြန်ချစ်ရဲ့လား"
ခင်မင်း တွေတွေငေးငေးလေးဖြစ်နေပြီး
" သမီး သန့်ကို လက်ခံမှ ရမှာပါ"
သန့်နဲ့ကောင်းမြတ်က ပျော်သွားပေမယ့် ဒေါ်လေးက
"သမီး ဆန္ဒရှိသလိုဆုံးဖြတ်ပါ။ ဒေါ်လေးက သမီးသဘောအတိုင်းပါပဲ။ သမီးမျက်နှာလေးက မလန်းလိုက်တာ။ နေကောင်းရဲ့လား သမီး"
"ကောင်းပါတယ် ဒေါ်လေး"
ခင်မင်း၏ ရင်ထဲက အပူကို မည်သူမှ မျှဝေခံစားပေးနိုင်မည်မဟုတ်ပါ။ ထိုလူတွေနှင့် ဆုံတွေ့ခဲ့ ပတ်သက်ခဲ့ရသည်က ခင်မင်း၏ ကံတရားပင်။
"ဒေါ်လေးတို့ သန့်တို့နှင့် ခု ပြန်လိုက်ခဲ့ပါ"
"ချက်ချင်းကြီးလား၊ နောက်မှလိုက်ခဲ့မယ်လေ"
"ဒါဆို ဒေါ်ခင်မင်း တစ်ယောက်တော့ ပြန်လိုက်ခဲ့ပါ။ ကုမ္ပဏီမှာလည်း အလုပ်ရှိ သေးတယ်"
"သမီးပြန်လိုက်သွားရင်လိုက်သွားလေ။ ဒေါ်လေး မနက်ဖြန် လိုက်လာခဲ့မယ်နော်"
ခင်မင်း ဘာမှပြောချင်စိတ်မရှိတော့ပါ။ သန့် စီမံသလိုလက်ခံရုံသာရှိတော့သည်။ သူ့မှာက နိုင်ကွက်နဲ့ကိုး။ သန့်ကလည်း ခင်မင်းကိုမထားခဲ့လိုတော့။ သူမနဲ့ ထပ် မဝေးနိုင်။ ရှောင်ပုန်းတတ်သူကို သူ စိတ်မချတော့ပါ။
.....................
အိမ်ပြန်ရောက်တော့ ညနေသုံးနာရီလောက် ရှိနေပြီဖြစ်သည်။ သန့်က ချက်ချင်း ကုမ္ပဏီသွားဖို့ လုပ်သည်။
"မ လိုက်ခဲ့မလား၊ကိုယ် ကုမ္ပဏီသွားမလို့"
ခင်မင်း ပင်ပန်းနေပေမယ့် သန့်စံအိမ်တော်တွင် နေသားမကျသေးသဖြင့် မကျန်ခဲ့ ချင်သောကြောင့် သန့်နဲ့အတူ ကုမ္ပဏီလိုက်လာခဲ့သည်။ ကုမ္ပဏီရောက်တော့ သန့်က အလုပ်တန်းလုပ်သည်။
ခင်မင်းက သန့်အခန်းထဲဝင်လာခဲ့သည်။ စိတ်မောလူမောဖြစ်နေ၍ သန့်၏ ရေချိုးခန်းထဲ ခင်မင်း ရေချိုးလိုက်သည်။ ရေချိုးခန်းထဲရောက်မှ အောင့်ထားသမျှ မျက်ရည်တွေ ကျလာပြန်သည်။ ရေပန်းအောက်တွင် ခင်မင်း ဝအောင် ရှိုက်ငိုပစ်မိသည်။
ရေချိုးပြီး အဝတ်ပိုမပါသဖြင့် သန့်ဗီရိုထဲက သန့်၏ညအိပ် ဝတ်စုံတစ်စုံ ထုတ်ဝတ်လိုက်သည်။ ထို့နောက် အိပ်ယာပေါ်တွင် မျက်လုံးမှိတ်ပြီး ငြိမ်နေလိုက် သည်။
"ဟဲလို ကိုကြီး"
"သန့်လေးတို့ အိမ်ပြန်အိပ်မယ် မဟုတ်လား။ညစာ ပြင်ဆင် ထားမလို့"
"ဟုတ် ကိုကြီး"
"ဟုတ်ပြီ၊ဟုတ်ပြီ ဒါဆို ကိုကြီး ဖုန်းချလိုက်ဦးမယ်နော်"
အလုပ်လက်စသတ်ပြီး သန့် ရုံးခန်းမှ သူ့အခန်းထဲ ကူးလာလိုက်သည်။ အိပ်ယာပေါ်တွင် ရေမိုးချိုးကာ သူ့အင်္ကျီလေးထုတ်ဝတ်ပြီး အိပ်ပျော်နေသည့် ခင်မင်းကို တွေ့လိုက်ရသည်။
သန့် ငေးကြည့်နေသည်။ အိပ်ပျော်နေတာလေးက အပြစ်ကင်းလိုက်တာ မ ရယ်။ ချစ်ဖို့ကောင်းလိုက်သည့်မြင်ကွင်းပင်။ သူမ ပင်ပန်းနေရှာပေမည်ပေါ့။ သန့်က ကုတင်ဘေးက ခုံလေးပေါ်ထိုင်ကာ ကုတင်ပေါ် လက်တင်ပြီး ခဏ မှောက်အိပ်နေ လိုက်သည်။
ထိုစဥ်ကုတင်ပေါ်မှ ခင်မင်း လူးလွန့်လှုပ်ရှားကာ မျက်လုံးပွင့်လာသည်။ သန့်လည်း မှောက်နေရာမှ ထ လိုက်ကာ
"နိုးသွားတာလား မ"
"အင်း၊ဘယ်အချိန်ရှိပြီလဲ"
"ငါးခွဲပြီ။မ နိုးပြီဆို ကိုယ်တို့အိမ်ပြန်ရအောင်လေ"
ခင်မင်း ဘာမှမပြော။ ထိုစဥ် အလုပ်ကိစ္စဖုန်းလာ၍ သန့်ဖုန်းပြောနေပြန်သည်။ ပြီးသွားသည်နှင့် ခင်မင်းက
"မင်းက အလုပ်တော်တော်ကြိုးစားနေပါလား၊ ခရီးကပြန်ရောက်တာနဲ့ အိမ်မှာ မနားပဲ ကုမ္ပဏီတန်းလာတာပဲ"
"ဟုတ်တယ်လေ၊ မိန်းမ ရသွားပြီကိုး။ပို ကြိုးစားရမှာပေါ့"
ခင်မင်း စိတ်ပျက်စွာ မျက်နှာလွှဲသွားသည်။ သန့်က အတင်းလိုက်မေးပြန်သည်။
"မဟုတ်ဘူးလား မ၊ ချစ်တဲ့သူရှိသွားတော့ ပိုအလုပ်လုပ်ရမှာပေါ့။နော် မ"
"ဘယ်သိမလဲ။ တို့ကမှ မချစ်တတ်တာ"
သန့် ထိသွားကာ သူ့ကိုယ်သူ ပြောမိသည်။ မှတ်စမ်း သန့်။
အိမ်ပြန်ရောက်တော့ ဒေါ်ကြီးရယ်ဦးဝေရယ်နှင့် အိမ်မှာခေါ်ထားသော တခြား ကောင်မလေးတစ်ယောက်၊ ဦးဝေကိုကူမည့် မောင်စိုး စသည်ဖြင့် အိမ်ရှိ လူအကုန်ကို ခင်မင်းနဲ့ မိတ်ဆက်ပေးသည်။ သန့်နှင့် ခင်မင်း စားဖို့ ထမင်းဝိုင်း ပြင်ပေးသည်။ ခင်မင်းက
"ဒေါ်ကြီးရော တစ်ခါတည်းစားပါလားရှင်၊ကောင်း မြတ် နင်ရော"
"ဒေါ်ကြီးက ရပါတယ် သမီးရဲ့။ဒေါ်ကြီးက မိုးမချုပ်ခင် စားထားနှင့်ပြီးပြီ"
သြော် သူ့သဘောမပါပဲ သန့်ကြောင့် ဒီအိမ်မှာ လာနေရတာတောင် ယဥ်ကျေး ပေးသည့် မိန်းကလေးပါလား။ ကောင်းမြတ်က
"ငါ ပြန်ရောက်တုန်းက ဗိုက်ဆာလို့ မုန့်စားထားသေးတယ်။ နောက်မှ စားလိုက်မယ် ခင်မင်း"
ထမင်းစားပြီး ခင်မင်းကို သန့်က သူ့အခန်းထဲ တန်းခေါ်လာခဲ့သည်။ ရောက်ခဲ့ရပြန်ပြီ။ ထိုအခန်းထဲက သူမ ဘဝပျက်ကာ ထွက်လာခဲ့ရသည်။ ယခု ထိုအခန်းထဲ ဘယ်အချိန်ထိ မသိ ပြန်နေရပေဦးမည်။
ခင်မင်း ဒေါ်လေးဆီဖုန်းဆက်နေတုန်း သန့်က ရေချိုးခန်းဝင်နေသည်။ သန့် ပြန်ထွက်လာသည့်အခါ တဘက်ဖြူဖြူကို ရင်လျားထားသည်မို့ ဖွေးဖြူနေသည့် အသားအရေကို မြင်နေရသည်။
လှပသည့် သန့် ခန္ဓာကိုယ်ကို ဤကဲ့သို့ ရင်လျားဖြင့်မမြင်ဖူးခဲ့၍ ခင်မင်း မျက်နှာလေး အနည်းငယ်နီကာ တစ်ဖက်သို့လှည့်နေလိုက်သည်။ ခင်မင်းက သူမ၏ညအိပ်ဝတ်စုံထုတ်ကာ အင်္ကျီလဲဖို့ပြင်သည်။သန့်က
"ဘာလုပ်မလို့လဲ "
"ဟို မင်းအင်္ကျီမို့ ပြန်လဲဖို့"
"ဟာ လဲမနေပါနဲ့။ ဘာဖြစ်လဲ ခုဝတ်ထားတာလည်း ညအိပ်ဝတ်စုံပဲဟာ။ ဝတ်ထားလိုက်ပေါ့"
ခင်မင်းပြန်သိမ်းလိုက်သည်။ ခင်မင်း ကုတင်ပေါ်ထိုင်နေတုန်း ခင်မင်းပေါင်ပေါ် ခေါင်းအုံးအိပ်ကာ သန့် လှဲချလိုက်သည်။ ရုတ်တရုတ်မို့ ခင်မင်း တွန်းထုတ်ဖို့ မမှီလိုက်ပါ။
"ဖယ်၊လွတ်လွတ်လပ်လပ်သွားအိပ်"
"မ ၊ ကိုယ့်နဖူးစမ်းကြည့် ၊ကိုယ်ပူနေလားလို့ ၊ပါးတစ်ဖက်လည်း နာလို့"
ခင်မင်း စမ်းကြည့်တော့ ကိုယ်နည်းနည်းပူနေသည်မို့
"မင်း ဖျားတော့မလားမသိဘူး။ဆေးသွားသောက်ချည်"
"မ တိုက်လေ"
"မတိုက်ဘူး။ မင်း ကလေးမှမဟုတ်တာ။ကိုယ့်ဘာသာ သွားသောက်"
"အပြင်လိုက်ဦးမလား"
မလိုက်တော့ဘူး ဟုဆိုကာ အခန်းထဲတွင် ခင်မင်း အနားယူရင်းကျန်ခဲ့သည်။ သန့်က ဆေးသောက်ပြီး ကိုကြီးနှင့် စကားပြောနေခဲ့သေးသည်။ အခန်းထဲ ပြန်ဝင် လာတော့ နံရံဘက်လှည့်ကာ စောင်ခြုံ၍ အိပ်နေသော ခင်မင်းကိုတွေ့ရသည်။ ခေါင်းရင်းဘက်က ဆံပင်ရှည်တွေကို လက်နဲ့ယူကာ ရှိုက်နမ်းပြီးမှ ပြန်ထားပေး လိုက်သည်။
"မ အိပ်ပြီလား"
အင်း ဟု မပွင့်တပွင့်အသံလေးဖြင့်ပြောသည်။ သန့်က ခင်မင်းကိုယ်လေးကို ဖက်ထားကာ
"ဒီဘက်လှည့်"
"ဟင့်အင်း၊တို့ကို မနှောင့်ယှက်နဲ့တော့။အိပ်ချင်ပြီ"
တကယ်လည်းပင်ပန်းနေပုံရသည်မို့ ခင်မင်း မျက်နှာလေးကို ခဏတဖြုတ် တိုးဝှေ့ ရှိုက်နမ်းပစ်လိုက်ကာ ဘေးမှာ အသာ ဝင်လှဲလိုက်သည်။ တစ်ညလုံး ခင်မင်း ကိုယ်လုံးလေးကို ဖက်ကာ သန့်အိပ်ပျော်သွားသည်။
ရပါတယ်။ ပိုင်ဆိုင်နေရပြီပဲ။ အေးဆေးပေါ့။
* * * * *
Yeik Hsar Yar
vote ပေးကြပါဦးနော်😉🖤
မန်ဘာဝင်ပြီး fb paid group မှာ စ/ဆုံးဖတ်လို့ရပါတယ်
📢 cb ကနေ hi ​ပြီး fic ခေါင်းစဥ်နဲ့တကွ မန်ဘာဝင်ချင်လို့ပါလို့ တစ်ခါတည်း ပြောပေးပါ။
Fortsæt med at læse
You'll Also Like
112K 12.4K 110
💥New BL ဒါဒါတို့ရေ... ရှေးခတ်ကျေးလက်တောရွာကို ကူးပြောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ဒါဒါလေးတို့အတွက် အသစ်လေးလာပါပြီ .... ရှားပါးတဲ့ MC Gong ပါနော် Gp လေးက...
19K 1.7K 18
297K 16K 53
A Love Story ( Own Characters ) ဘုဏ်းဇေယျာကျော်xရှင်းသန့်တည်ကြည် " မင်းသားလေး...မင်း ငါ့အပေါ် သိပ်သဘောကောင်းတာပဲ၊ ငါ့မေမေကပြောတယ်၊ အသက်ကြီးလို့ လက်ထ...
100K 6.9K 24
Font: both UNICODE & ZAWGYI Genre: Lesbian Romance/ Transgender / Tomboy/ GL Update: Every Sunday, Tuesday & Wednesday (UNICODE) မမျှော်လင့်တဲ့ အခြေအ...