ကျယ်ဝန်းလှတဲ့ခြံကျယ်ကြီးထဲမှာ လူတစ်ချို့က ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ ပန်းပင်
တွေနဲ့ပြည့်နေတဲ့ခြံကြီးကို အလှဆင်နေကြပြီး ဧည့်သည်တွေအတွက် ထိုင်စရာနေရာများကို
ပြုလုပ်နေကြသည်။ ခြံထဲမှာထူးထူးဆန်းဆန်း မေဘယ်လ်(Maple)သစ်ပင်တစ်ပင်ရှိနေတယ်။ CEOတစ်ယောက်ရဲ့ မွေးနေ့ပွဲမလို့ သတင်းသမားတွေလည်းရောက်နေကြတယ်။ ဒီလိုလူအများကြီးနဲ့နေရမှာက ကျနော့်အတွက် အခက်အခဲရှိသည်။
မေဘယ်လ်(Maple)နဲ့ပတ်သတ်ပြီး ကျနော်ကြားဖူးထားတာတွေရှိတယ်။
"ကြွေကြလာတဲ့ မေဘယ်လ်ရွက်တစ်ရွက်ကို ဖမ်းမိမယ်ဆိုရင် သင်နဲ့အတူလျှောက်လှမ်းလာတဲ့သူနဲ့ ချစ်ကျွမ်းဝင်နိုင်လိမ့်မယ်"တဲ့
"ကြွေကြလာတဲ့ချယ်ရီပန်းကို ဖမ်းမိရင်
အချစ်ဦးနဲ့ဖူးစာစုံလိမ့်မယ်တဲ့"
ခင်ဗျားတို့တော့မသိဘူး ကျနော်ကတော့
ပန်းတွေအပင်တွေနဲ့ပတ်သတ်လာရင်တော့
ယုံတယ်။
"ဟိတ်..ကြွေရုပ်"
"ဟင်....ကိုစိုင်းဘယ်လိုလုပ်ရောက်လာတာလဲ"
"ကြွေရုပ်ကိုမြင်လို့ အိမ်ပေါ်ကနေဆင်းလာတာ"
ရုတ်တရက်ဆိုသလို မေဘယ်လ်ရွယ်လေး ကျနော့်ခေါင်းပေါ်ပြုတ်ကျလာတယ်။
ပြုတ်ကျလာတဲ့မေဘယ်လ်ရွက်လေးကို
ကိုင်ပြီး ကိုစိုင်းကိုကြည့်နေမိသည်။
ကျနော့်ခေါင်းထဲမှာပေါ်လာတဲ့အတွေးတစ်ခုက
"ကြွေကြလာတဲ့ မေဘယ်လ်ရွက်တစ်ရွက်ကို ဖမ်းမိမယ်ဆိုရင် သင်နဲ့အတူလျှောက်လှမ်းလာတဲ့သူနဲ့ ချစ်ကျွမ်းဝင်နိုင်လိမ့်မယ်"
ကိုစိုင်းနဲ့ကျနော်က ချစ်ကျွမ်းဝင်နိုင်မှာလား။
ကျနော့်တို့ရဲ့ အနားကိုမိန်းကလေးတစ်ယောက်
ရောက်လာတယ်။ထိုမိန်းကလေးက
အရမ်းကျက်သရေရှိတဲ့မိန်းကလေးပါပဲ။
လမ်းလျှောက်ပုံကအစ အလွန်ကျက်သရေ
ရှိလွန်းတယ်။ဖြူဖွေးလွန်းတဲ့အသားအရေ ပေါ်မှာ အဖြူရောင်ဝတ်စုံလေးကို ဝတ်ထား
သည်မှာ ပြောစရာမလိုအောင် လှရက်နေသည်။
"ကြွေရုပ်ကို မိတ်ဆက်ပေးရအုန်းမယ်
ဒါက နွယ်တဲ့ ကိုယ့်သူငယ်ချင်း ပြီးတော့ သူက Modelလေ"
"အော်..ဟုတ်ကဲ့ အစ်မတွေ့ရတာဝမ်းသာပါ
တယ်"
"အစ်မလည်း ဝမ်းသာပါတယ်"
"နာမည်လေးက ချစ်စရာလေးနော် နွယ်တဲ့ နွယ်ဆိုတဲ့နာမည်လေးက တစ်လုံးထဲနဲ့
ကဗျာဆန်တယ်"
"ဟုတ်တယ် နွယ်ရဲ့အဖွားက အဲ့နာမည်ကိုပေးခဲ့တာ"
ဖော်ရွေစွာဆက်ဆံနေတဲ့ ကောင်လေးကို
အလိုက်အထိုက်လေး ပြန်ဆက်ဆံလိုက်ပြီး
စားပွဲဝိုင်းဆီသွားလိုက်တယ်။
လက်ထဲက မေဘယ်လ်ရွက်လေးကိုကိုင်ပြီး ကျနော့်ကိုကြည့်နေတဲ့ ကောင်လေးရဲ့နဖူးကို
အသည်းယားပြီး လက်နဲ့တောက်လိုက် တယ်။
ဒီနေ့ကျမှ ဒီကောင်လေးက ထူးထူးဆန်းဆန်း
အနီရောင်ဆွယ်တာလေးကိုဝတ်ထားတယ်
ပုံမှန်ဆိုရင် အဝါရောင်က သူ့ရဲ့ fav colour မလား။
"Boss စင်ပေါ်သွားလိုက်ပါအုန်း ဧည့်သည်တွေဆုံပြီ"
"အေး လာခဲ့မယ်"
"ကြွေရုပ် ကိုယ်ပြီးမှပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ ကိုစိုင်း"
ကျနော့်ကိုပြုံးပြပြီး ဒီနေရာကနေ ထွက်သွားတဲ့
ကိုစိုင်းကိုလိုက်ကြည့်မိနေတယ်။ ကိုစိုင်းကတော့ ဧည့်သည်တစ်ယောက်ချင်းကို
လိုက်နှုတ်ဆက်နေပြီး စင်ပေါ်တက်သွားတယ်။
"မွေးနေ့ကိုလာပေးကြတဲ့သူတွေအားလုံးကို
ကျေးဇူးအများကြီးတင်ပါတယ် ကမ်းပေ့.."
"ကမ်းပေ့..!!"
မသောက်တတ်သောက်တတ်နဲ့ ဘေးနားက
ဝိုင်ခွက်ကိုကိုင်ပြီး တစ်ခွက်လုံးမော့ချလိုက်တဲ့ ကောင်လေးကိုကြည့်ရင်း စင်ပေါ်ကနေ
ရီချင်စိတ်ကိုမနည်းထိန်းထားရသည်။
"ဧည့်သည်တော်တွေအတွက် သတင်းကောင်းရှိပါတယ် ကျွန်တော်တို့ရဲ့ CEOက သူ့ကြိုက်နေတဲ့ သူကို သီချင်းဆိုပြပြီး ချစ်သူဖြစ်ခွင့်
တောင်းမှာဖြစ်ပါတယ်"
"ဟယ်..ဒီနေရာမှာ"
"အရမ်း romantic ဆန်လိုက်တာ"
"CEOရဲ့ချစ်သူဖြစ်မယ့်သူကနွယ်ထင်တယ် သူတို့ကအရမ်းလိုက်ဖက်တယ်"
"ဟုတ်တယ် ဖြစ်လောက်တယ်"
"ဒါနဲ့CEOက ကြွေရုပ်လွှာဆိုတဲ့ကောင်လေးနဲ့
လည်းသတင်းတွေထွက်နေတယ်"
"ငါကတော့ နွယ်လို့ပဲထင်တယ်"
အတင်းတွေကိုယ်စီပြောနေကြတဲ့ မိန်းကလေးတွေအနားကနေ ထထွက်သွားချင်မိတာ
အမှန်ပါပဲ။ ကိုစိုင်းကသူချစ်နေရတဲ့သူကို
ဖွင့်ပြောမယ်တဲ့။ ကျနော်မဟုတ်တာတော့
သေချာတယ်။
သံယောဇဉ်များနဲ့ နှောင်ဖွဲ့လို့ထားတယ်
မျှော်လင့်လို့ရူးဆဲ အချစ်ရဲ့ကမ္ဘာလေးထဲ...
အခုဆို နင်ငါ့ကို...မုန်းလို့သွားခဲ့တယ်
မယုံနိုင်ပါ နင်ပြောတဲ့စကားများရယ်
ငါအချစ်တွေ မင်းအပေါ်မှာ
ပုံအောလို့ ထားခဲ့တယ်
မင်းပြောတော့ ငါ့ကိုချစ်တယ်ဆို
ဟူး..ဖြေ.....
နောက်တစ်ယောက်နဲ့ တွဲလို့သွားမယ်
ဘာကြောင့်လဲဟေ့...
ဒဏ်ရာတွေသာပေးလို့ စွန့်ခွာကွာ
ငါ့ခံစားချက်နင်ထည့်လို့မတွက်
အခုတော့ငါရူး...အခုတော့ရူး.....
မင်းကြောင့်ငါရူး...မင်းကြောင့်ရူး
ကြိုးစားပြီးမေ့ပျောက်ကြည့်တယ်
ဘယ်လိုမှမရ...
မင်းစိတ်နဲ့ငါ့ရဲ့ခန္ဓာ ဘယ်လိုမှရုန်းမထွက်နိုင်ပါ
အသိစိတ်ကမေးနေမိတယ်ငါမှားလား...
ဟိုတစ်ချိန်တွေပြန်ကာတွေး
ငါပြန်ကာတွေးရင်းလေ
မင်းပြောတော့ ငါ့ကိုချစ်တယ်ဆို ခုဖြေ...
နောက်တစ်ယောက်နဲ့ တွဲလို့သွား
နင်ဘာကြောင့်လဲ ဟေး...ရေ
ဒဏ်ရာတွေသာပေးလို့ စွန့်ခွာသွား
ငါ့ခံစားချက်နင်ထည့်လို့မတွက်
အခုတော့ငါရူး...အခုတော့ရူး.....
မင်းကြောင့်ငါရူး...မင်းကြောင့်ရူး
ဟိုးအဝေးဆုံးအရပ်မှာ
မင်းအဆင်ပြေပါ့မလားရေး...
မင်းအတွက်နဲ့ငါစိတ်ပူမိတယ်
သတိရစိတ်တွေရင်ထဲက အိုး....
ရူး မင်းကြောင့်ငါရူးတော့မှာရူးတော့မှာ
အခုတော့မင်းကြောင့်ငါရူးမင်းကြောင့်ရူး
ရူး...ရူး...ဟူး......မင်းကြောင့်ငါရူး ဟူး
မင်းကြောင့်ငါရူး.......
သီချင်းဆိုနေရင်း စင်ပေါ်ကနေဆင်းပြီး
တစ်လှမ်းချင်းဆင်းလာတဲ့ကိုစိုင်း။ လူတိုင်းရဲ့
အကြည့်တွေကလည်း ကိုစိုင်းဆီမှာ။ ကိုစိုင်းရဲ့
ခြေလှမ်းတွေက ကျနော်နဲ့တစ်ဖြည်းဖြည်း
နီးကပ်လာခဲ့တယ်။
"ကိုယ်မင်းကိုချစ်တယ် ကြွေရုပ် ကိုယ့်ချစ်သူ
ဖြစ်ပေးနိုင်မလား"
"ဟင်...ကိုစိုင်းလူတွေအများကြီးရဲ့ရှေ့မှာ ကျနော့်ကိုမနောက်ပါနဲ့"
"ကိုယ်တကယ်ပြောတာပါ ကိုယ်မင်းကို
ငယ်ငယ်လေးကတည်းကချစ်မြတ်နိုးခဲ့ရတာပါ မင်းနဲ့ဝေးသွားကတည်းက အလုပ်မလုပ်
တော့တဲ့ကိုယ့်ရဲ့နှလုံးသားက မင်းနဲ့တွေ့မှပြန်
အသက်ဝင်လာတာပါ ကိုယ့်ရဲ့ချစ်သူဖြစ်ပေး
နိုင်မလားကြွေရုပ်"
"ဟုတ်..."
"တကယ်နော်"
လူကြားထဲမှာ ဖွင့်ပြောခံရတာ ရှက်ဖို့အရမ်းကောင်းတာပဲ။ လူတွေကလည်း ကျနော်တို့ကိုပဲ ကြည့်နေကြတယ်။ကျနော်လေ ဒီနေရာကနေ ထွက်သွား
ချင်မိတယ်။
"ဟယ်...မထင်ရဘူးနော်"
"အေးလေ ငါက နွယ်လို့ထင်ထားတာ"
"ငါရောပဲ CEOကနွယ်နဲ့ပဲလိုက်တယ်"
"ဟဲ့ နင်တို့ကသာနွယ်နဲ့လိုက်တယ်လို့ပြောနေတာ ငါကကြွေရုပ်နဲ့ပဲလိုက်တယ်လို့ထင်တယ်"
"ငါလည်းကြွေရုပ်နဲ့ပဲ သဘောတူတယ်"
ကျနော်တို့ကို သဘောတူတဲ့သူတွေလည်းရှိသလို သဘောမတူတဲ့သူတွေလည်းရှိတယ်။ နွယ်နဲ့ကိုစိုင်းနဲ့ကို လိုက်တယ်လို့ပြောလည်း
ပြောချင်စရာပဲ သူတို့၂ယောက်က လူတွေ
အမြင်မှာ အရမ်းလိုက်ဖက်နေတာကို။
ပွဲပြီးပြီးချင်း ကိုစိုင်းကပဲ ကျနော့်ကို အိမ်အထိ
ကိုယ်တိုင်ကားမောင်းပြီး ပို့ပေးတယ်။
ရှက်စိတ်နဲ့မလို့ ဘာမှမပြောပဲ တစ်လမ်းလုံး
ငြိမ်နေလိုက်သည်။
"ကြွေရုပ် အိမ်ရောက်ပြီ"
"ဟုတ်ကဲ့..ဟုတ်"
"နေအုန်း..."
ကျနော်နဲ့ နှုတ်ခမ်းသားအပေါ် နူးညံ့တဲ့အနမ်းတစ်ခုရောက်လာတယ်။ အဲ့တာကကျနော်ကို ရုတ်တရက် ကြောင်သွားစေတယ်။
"မင်းနဲ့ကိုယ်က ဝိုင်အမျိုးအစားတစ်ခုထဲကို သောက်ခဲ့တာပါ ဘာလို့မင်းလေးရဲ့နှုတ်ခမ်းက ချိုနေရတာလဲ"
"......."
ရှက်ပြီး ခေါင်းငုံနေတဲ့ကောင်လေးရဲ့မျက်နှာကို အပေါ်ဆွဲမော့လိုက်တယ်။
"ကိုယ်ကမင်းရဲ့ချစ်သူဖြစ်သွားတဲ့အတွက် မင်းရဲ့
နှုတ်ခမ်းသားလေးကို ကိုယ်ပိုင်တယ်"
ကိုစိုင်းပြောနေတဲ့စကားကို ပြန်မဖြေဘဲ အိမ်ထဲ
ဝင်လာမိတယ်။ကျနော်လေ အရမ်း
ရင်ခုန်လွန်းလို့ ပေါက်ထွက်မတတ်ဖြစ်နေပြီ။
အိမ်ထဲဝင်လာတာနဲ့ အပေါက်ဝမှာရပ်စောင့်နေတဲ့ပါးပါးကိုမြင်လိုက်ရတယ်။ ပါးပါး ကျနော်တို့
နှစ်ယောက်ကိုမြင်သွားတာလား။
"ဧည့်ခန်းထဲလာခဲ့..!"
ပါးပါးရဲ့အသံကတင်းမာနေခဲ့တယ်။ ကျနော့်ကို ဒီလိုအသံမျိုးနဲ့တစ်ခါမှမပြောဖူးဘူး။
"ပြောပါအုန်း ခုနကကောင်လေးနဲ့သားနဲ့ ဘယ်လို
ပတ်သတ်လဲ ပြီးတော့ ဒီညနေတက်လာတဲ့သတင်းတွေကအမှန်လား"
"ပါးပါး ကျနော်တောင်းပန်ပါတယ် ကျနော်
ပါးပါးကိုမတိုင်ပင်ဘဲ လုပ်ခဲ့မိလို့"
"ပါးပါးကို မတောင်းပန်ပါနဲ့ မေးတာကိုပဲဖြေပါ"
ကျနော့်တစ်ကိုယ်လုံး ကြောက်လို့တုန်နေခဲ့တာ
အမှန်ပါပဲ။
"သူက သားရဲ့ချစ်သူပါ...ပြီးတော့သတင်းတွေက
လည်း အမှန်ပါ"
"ဘာ..!!သွား..အခန်းထဲသွားတော့"
ကျနော် နေရာကနေထပြီး အခန်းထဲကိုပြေးဝင်
လိုက်တော့တယ်။
ငါ့သားက Gayလား ငါကငါ့သားကို မျှော်လင့်
ထားတာ ခုတော့။ နောက်ဆုံးတော့လည်းငါ့သားရဲ့ ဖြစ်တည်မှုကို ငါလက်ခံရမှာပဲလေ။
ငါ့သားလေးဒါမှ လူအလယ်မှာ မျက်နှာမငယ်ရမှာ။
ဒေါသစိတ်ကို ထိန်းပြီး သားရှိရာအခန်းထဲကို
ဝင်လာခဲ့တယ်။ တံခါးကိုဖွင့်လိုက်တော့
ကုတင်ပေါ်မှာငိုနေတဲ့သားကို မြင်လိုက်ရတယ်။ သားအခုလိုငိုနေတာမြင်ရတော့ ပါးပါးရင်ထဲ စိတ်မကောင်းလိုက်တာ။
"သား..ငိုမနေနဲ့တော့"
"ကျနော်တောင်းပန်ပါတယ် ကျနော့်ကြောင့် ပါးပါးမျက်နှာငယ်ရလို့"
"သားမတောင်းပန်ပါနဲ့ ဒါကသားအပြစ်မဟုတ် ဘူး..ပါးပါးနားလည်တယ်.."
"တကယ်လား ပါးပါး"
"ဟုတ်တယ် သားအဆင်ပြေတဲ့နေ့ သားချစ်သူနဲ့ ပါးပါးကိုမိတ်ဆက်ပေးလေ"
"ဟုတ်ကဲ့ ပါးပါး"
ကျနော်အပျော်လွန်ပြီး ပါးပါးကိုဖက်မိတယ်။ ပါးပါးကျနော့်အပေါ်နားလည်ပေးမယ်လို့ ထင်မထားခဲ့ဘူး။ကျနော့်အဖေအဖြစ် ပါးပါးကို ရခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။
သားလေးပျော်ရွှင်ဖို့က အဓိကပဲလေ။
သားပျော်ရွှင်ဖို့အတွက်လုပ်ပေးရမှာ အဖေ
တစ်ယောက် တာဝန်မဟုတ်လား။
La Yaung Nge(25.2.2022)
နွယ့်ကိုချစ်ပေးကြပါအုန်း
က်ယ္ဝန္းလွတဲ့ၿခံက်ယ္ႀကီးထဲမွာ လူတစ္ခ်ိဳ႕က ႐ုတ္႐ုတ္သဲသဲျဖစ္ေနၾကသည္။ ပန္းပင္
ေတြနဲ႔ျပည့္ေနတဲ့ၿခံႀကီးကို အလွဆင္ေနၾကၿပီး ဧည့္သည္ေတြအတြက္ ထိုင္စရာေနရာမ်ားကို
ျပဳလုပ္ေနၾကသည္။ ၿခံထဲမွာထူးထူးဆန္းဆန္း ေမဘယ္လ္(Maple)သစ္ပင္တစ္ပင္ရွိေနတယ္။ CEOတစ္ေယာက္ရဲ႕ ေမြးေန႔ပြဲမလို႔ သတင္းသမားေတြလည္းေရာက္ေနၾကတယ္။ ဒီလိုလူအမ်ားႀကီးနဲ႔ေနရမွာက က်ေနာ့္အတြက္ အခက္အခဲရွိသည္။
ေမဘယ္လ္(Maple)နဲ႔ပတ္သတ္ၿပီး က်ေနာ္ၾကားဖူးထားတာေတြရွိတယ္။
"ေႂကြၾကလာတဲ့ ေမဘယ္လ္႐ြက္တစ္႐ြက္ကို ဖမ္းမိမယ္ဆိုရင္ သင္နဲ႔အတူေလွ်ာက္လွမ္းလာတဲ့သူနဲ႔ ခ်စ္ကြၽမ္းဝင္ႏိုင္လိမ့္မယ္"တဲ့
"ေႂကြၾကလာတဲ့ခ်ယ္ရီပန္းကို ဖမ္းမိရင္
အခ်စ္ဦးနဲ႔ဖူးစာစုံလိမ့္မယ္တဲ့"
ခင္ဗ်ားတို႔ေတာ့မသိဘူး က်ေနာ္ကေတာ့
ပန္းေတြအပင္ေတြနဲ႔ပတ္သတ္လာရင္ေတာ့
ယုံတယ္။
"ဟိတ္..ေႂကြ႐ုပ္"
"ဟင္....ကိုစိုင္းဘယ္လိုလုပ္ေရာက္လာတာလဲ"
"ေႂကြ႐ုပ္ကိုျမင္လို႔ အိမ္ေပၚကေနဆင္းလာတာ"
႐ုတ္တရက္ဆိုသလို ေမဘယ္လ္႐ြယ္ေလး က်ေနာ့္ေခါင္းေပၚျပဳတ္က်လာတယ္။
ျပဳတ္က်လာတဲ့ေမဘယ္လ္႐ြက္ေလးကို
ကိုင္ၿပီး ကိုစိုင္းကိုၾကည့္ေနမိသည္။
က်ေနာ့္ေခါင္းထဲမွာေပၚလာတဲ့အေတြးတစ္ခုက
"ေႂကြၾကလာတဲ့ ေမဘယ္လ္႐ြက္တစ္႐ြက္ကို ဖမ္းမိမယ္ဆိုရင္ သင္နဲ႔အတူေလွ်ာက္လွမ္းလာတဲ့သူနဲ႔ ခ်စ္ကြၽမ္းဝင္ႏိုင္လိမ့္မယ္"
ကိုစိုင္းနဲ႔က်ေနာ္က ခ်စ္ကြၽမ္းဝင္ႏိုင္မွာလား။
က်ေနာ့္တို႔ရဲ႕ အနားကိုမိန္းကေလးတစ္ေယာက္
ေရာက္လာတယ္။ထိုမိန္းကေလးက
အရမ္းက်က္သေရရွိတဲ့မိန္းကေလးပါပဲ။
လမ္းေလွ်ာက္ပုံကအစ အလြန္က်က္သေရ
ရွိလြန္းတယ္။ျဖဴေဖြးလြန္းတဲ့အသားအေရ ေပၚမွာ အျဖဴေရာင္ဝတ္စုံေလးကို ဝတ္ထား
သည္မွာ ေျပာစရာမလိုေအာင္ လွရက္ေနသည္။
"ေႂကြ႐ုပ္ကို မိတ္ဆက္ေပးရအုန္းမယ္
ဒါက ႏြယ္တဲ့ ကိုယ့္သူငယ္ခ်င္း ၿပီးေတာ့ သူက Modelေလ"
"ေအာ္..ဟုတ္ကဲ့ အစ္မေတြ႕ရတာဝမ္းသာပါ
တယ္"
"အစ္မလည္း ဝမ္းသာပါတယ္"
"နာမည္ေလးက ခ်စ္စရာေလးေနာ္ ႏြယ္တဲ့ ႏြယ္ဆိုတဲ့နာမည္ေလးက တစ္လုံးထဲနဲ႔
ကဗ်ာဆန္တယ္"
"ဟုတ္တယ္ ႏြယ္ရဲ႕အဖြားက အဲ့နာမည္ကိုေပးခဲ့တာ"
ေဖာ္ေ႐ြစြာဆက္ဆံေနတဲ့ ေကာင္ေလးကို
အလိုက္အထိုက္ေလး ျပန္ဆက္ဆံလိုက္ၿပီး
စားပြဲဝိုင္းဆီသြားလိုက္တယ္။
လက္ထဲက ေမဘယ္လ္႐ြက္ေလးကိုကိုင္ၿပီး က်ေနာ့္ကိုၾကည့္ေနတဲ့ ေကာင္ေလးရဲ႕နဖူးကို
အသည္းယားၿပီး လက္နဲ႔ေတာက္လိုက္ တယ္။
ဒီေန႔က်မွ ဒီေကာင္ေလးက ထူးထူးဆန္းဆန္း
အနီေရာင္ဆြယ္တာေလးကိုဝတ္ထားတယ္
ပုံမွန္ဆိုရင္ အဝါေရာင္က သူ႔ရဲ႕ fav colour မလား။
"Boss စင္ေပၚသြားလိုက္ပါအုန္း ဧည့္သည္ေတြဆုံၿပီ"
"ေအး လာခဲ့မယ္"
"ေႂကြ႐ုပ္ ကိုယ္ၿပီးမွျပန္လာခဲ့မယ္"
"ဟုတ္ကဲ့ ကိုစိုင္း"
က်ေနာ့္ကိုၿပဳံးျပၿပီး ဒီေနရာကေန ထြက္သြားတဲ့
ကိုစိုင္းကိုလိုက္ၾကည့္မိေနတယ္။ ကိုစိုင္းကေတာ့ ဧည့္သည္တစ္ေယာက္ခ်င္းကို
လိုက္ႏႈတ္ဆက္ေနၿပီး စင္ေပၚတက္သြားတယ္။
"ေမြးေန႔ကိုလာေပးၾကတဲ့သူေတြအားလုံးကို
ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ကမ္းေပ့.."
"ကမ္းေပ့..!!"
မေသာက္တတ္ေသာက္တတ္နဲ႔ ေဘးနားက
ဝိုင္ခြက္ကိုကိုင္ၿပီး တစ္ခြက္လုံးေမာ့ခ်လိုက္တဲ့ ေကာင္ေလးကိုၾကည့္ရင္း စင္ေပၚကေန
ရီခ်င္စိတ္ကိုမနည္းထိန္းထားရသည္။
"ဧည့္သည္ေတာ္ေတြအတြက္ သတင္းေကာင္းရွိပါတယ္ ကြၽန္ေတာ္တို႔ရဲ႕ CEOက သူ႔ႀကိဳက္ေနတဲ့ သူကို သီခ်င္းဆိုျပၿပီး ခ်စ္သူျဖစ္ခြင့္
ေတာင္းမွာျဖစ္ပါတယ္"
"ဟယ္..ဒီေနရာမွာ"
"အရမ္း romantic ဆန္လိုက္တာ"
"CEOရဲ႕ခ်စ္သူျဖစ္မယ့္သူကႏြယ္ထင္တယ္ သူတို႔ကအရမ္းလိုက္ဖက္တယ္"
"ဟုတ္တယ္ ျဖစ္ေလာက္တယ္"
"ဒါနဲ႔CEOက ေႂကြ႐ုပ္လႊာဆိုတဲ့ေကာင္ေလးနဲ႔
လည္းသတင္းေတြထြက္ေနတယ္"
"ငါကေတာ့ ႏြယ္လို႔ပဲထင္တယ္"
အတင္းေတြကိုယ္စီေျပာေနၾကတဲ့ မိန္းကေလးေတြအနားကေန ထထြက္သြားခ်င္မိတာ
အမွန္ပါပဲ။ ကိုစိုင္းကသူခ်စ္ေနရတဲ့သူကို
ဖြင့္ေျပာမယ္တဲ့။ က်ေနာ္မဟုတ္တာေတာ့
ေသခ်ာတယ္။
သံေယာဇဥ္မ်ားနဲ႔ ေႏွာင္ဖြဲ႕လို႔ထားတယ္
ေမွ်ာ္လင့္လို႔႐ူးဆဲ အခ်စ္ရဲ႕ကမာၻေလးထဲ...
အခုဆို နင္ငါ့ကို...မုန္းလို႔သြားခဲ့တယ္
မယုံႏိုင္ပါ နင္ေျပာတဲ့စကားမ်ားရယ္
ငါအခ်စ္ေတြ မင္းအေပၚမွာ
ပုံေအာလို႔ ထားခဲ့တယ္
မင္းေျပာေတာ့ ငါ့ကိုခ်စ္တယ္ဆို
ဟူး..ေျဖ.....
ေနာက္တစ္ေယာက္နဲ႔ တြဲလို႔သြားမယ္
ဘာေၾကာင့္လဲေဟ့...
ဒဏ္ရာေတြသာေပးလို႔ စြန႔္ခြာကြာ
ငါ့ခံစားခ်က္နင္ထည့္လို႔မတြက္
အခုေတာ့ငါ႐ူး...အခုေတာ့႐ူး.....
မင္းေၾကာင့္ငါ႐ူး...မင္းေၾကာင့္႐ူး
ႀကိဳးစားၿပီးေမ့ေပ်ာက္ၾကည့္တယ္
ဘယ္လိုမွမရ...
မင္းစိတ္နဲ႔ငါ့ရဲ႕ခႏၶာ ဘယ္လိုမွ႐ုန္းမထြက္ႏိုင္ပါ
အသိစိတ္ကေမးေနမိတယ္ငါမွားလား...
ဟိုတစ္ခ်ိန္ေတြျပန္ကာေတြး
ငါျပန္ကာေတြးရင္းေလ
မင္းေျပာေတာ့ ငါ့ကိုခ်စ္တယ္ဆို ခုေျဖ...
ေနာက္တစ္ေယာက္နဲ႔ တြဲလို႔သြား
နင္ဘာေၾကာင့္လဲ ေဟး...ေရ
ဒဏ္ရာေတြသာေပးလို႔ စြန႔္ခြာသြား
ငါ့ခံစားခ်က္နင္ထည့္လို႔မတြက္
အခုေတာ့ငါ႐ူး...အခုေတာ့႐ူး.....
မင္းေၾကာင့္ငါ႐ူး...မင္းေၾကာင့္႐ူး
ဟိုးအေဝးဆုံးအရပ္မွာ
မင္းအဆင္ေျပပါ့မလားေရး...
မင္းအတြက္နဲ႔ငါစိတ္ပူမိတယ္
သတိရစိတ္ေတြရင္ထဲက အိုး....
႐ူး မင္းေၾကာင့္ငါ႐ူးေတာ့မွာ႐ူးေတာ့မွာ
အခုေတာ့မင္းေၾကာင့္ငါ႐ူးမင္းေၾကာင့္႐ူး
႐ူး...႐ူး...ဟူး......မင္းေၾကာင့္ငါ႐ူး ဟူး
မင္းေၾကာင့္ငါ႐ူး.......
သီခ်င္းဆိုေနရင္း စင္ေပၚကေနဆင္းၿပီး
တစ္လွမ္းခ်င္းဆင္းလာတဲ့ကိုစိုင္း။ လူတိုင္းရဲ႕
အၾကည့္ေတြကလည္း ကိုစိုင္းဆီမွာ။ ကိုစိုင္းရဲ႕
ေျခလွမ္းေတြက က်ေနာ္နဲ႔တစ္ျဖည္းျဖည္း
နီးကပ္လာခဲ့တယ္။
"ကိုယ္မင္းကိုခ်စ္တယ္ ေႂကြ႐ုပ္ ကိုယ့္ခ်စ္သူ
ျဖစ္ေပးႏိုင္မလား"
"ဟင္...ကိုစိုင္းလူေတြအမ်ားႀကီးရဲ႕ေရွ႕မွာ က်ေနာ့္ကိုမေနာက္ပါနဲ႔"
"ကိုယ္တကယ္ေျပာတာပါ ကိုယ္မင္းကို
ငယ္ငယ္ေလးကတည္းကခ်စ္ျမတ္ႏိုးခဲ့ရတာပါ မင္းနဲ႔ေဝးသြားကတည္းက အလုပ္မလုပ္
ေတာ့တဲ့ကိုယ့္ရဲ႕ႏွလုံးသားက မင္းနဲ႔ေတြ႕မွျပန္
အသက္ဝင္လာတာပါ ကိုယ့္ရဲ႕ခ်စ္သူျဖစ္ေပး
ႏိုင္မလားေႂကြ႐ုပ္"
"ဟုတ္..."
"တကယ္ေနာ္"
လူၾကားထဲမွာ ဖြင့္ေျပာခံရတာ ရွက္ဖို႔အရမ္းေကာင္းတာပဲ။ လူေတြကလည္း က်ေနာ္တို႔ကိုပဲ ၾကည့္ေနၾကတယ္။က်ေနာ္ေလ ဒီေနရာကေန ထြက္သြား
ခ်င္မိတယ္။
"ဟယ္...မထင္ရဘူးေနာ္"
"ေအးေလ ငါက ႏြယ္လို႔ထင္ထားတာ"
"ငါေရာပဲ CEOကႏြယ္နဲ႔ပဲလိုက္တယ္"
"ဟဲ့ နင္တို႔ကသာႏြယ္နဲ႔လိုက္တယ္လို႔ေျပာေနတာ ငါကေႂကြ႐ုပ္နဲ႔ပဲလိုက္တယ္လို႔ထင္တယ္"
"ငါလည္းေႂကြ႐ုပ္နဲ႔ပဲ သေဘာတူတယ္"
က်ေနာ္တို႔ကို သေဘာတူတဲ့သူေတြလည္းရွိသလို သေဘာမတူတဲ့သူေတြလည္းရွိတယ္။ ႏြယ္နဲ႔ကိုစိုင္းနဲ႔ကို လိုက္တယ္လို႔ေျပာလည္း
ေျပာခ်င္စရာပဲ သူတို႔၂ေယာက္က လူေတြ
အျမင္မွာ အရမ္းလိုက္ဖက္ေနတာကို။
ပြဲၿပီးၿပီးခ်င္း ကိုစိုင္းကပဲ က်ေနာ့္ကို အိမ္အထိ
ကိုယ္တိုင္ကားေမာင္းၿပီး ပို႔ေပးတယ္။
ရွက္စိတ္နဲ႔မလို႔ ဘာမွမေျပာပဲ တစ္လမ္းလုံး
ၿငိမ္ေနလိုက္သည္။
"ေႂကြ႐ုပ္ အိမ္ေရာက္ၿပီ"
"ဟုတ္ကဲ့..ဟုတ္"
"ေနအုန္း..."
က်ေနာ္နဲ႔ ႏႈတ္ခမ္းသားအေပၚ ႏူးညံ့တဲ့အနမ္းတစ္ခုေရာက္လာတယ္။ အဲ့တာကက်ေနာ္ကို ႐ုတ္တရက္ ေၾကာင္သြားေစတယ္။
"မင္းနဲ႔ကိုယ္က ဝိုင္အမ်ိဳးအစားတစ္ခုထဲကို ေသာက္ခဲ့တာပါ ဘာလို႔မင္းေလးရဲ႕ႏႈတ္ခမ္းက ခ်ိဳေနရတာလဲ"
"......."
ရွက္ၿပီး ေခါင္းငုံေနတဲ့ေကာင္ေလးရဲ႕မ်က္ႏွာကို အေပၚဆြဲေမာ့လိုက္တယ္။
"ကိုယ္ကမင္းရဲ႕ခ်စ္သူျဖစ္သြားတဲ့အတြက္ မင္းရဲ႕
ႏႈတ္ခမ္းသားေလးကို ကိုယ္ပိုင္တယ္"
ကိုစိုင္းေျပာေနတဲ့စကားကို ျပန္မေျဖဘဲ အိမ္ထဲ
ဝင္လာမိတယ္။က်ေနာ္ေလ အရမ္း
ရင္ခုန္လြန္းလို႔ ေပါက္ထြက္မတတ္ျဖစ္ေနၿပီ။
အိမ္ထဲဝင္လာတာနဲ႔ အေပါက္ဝမွာရပ္ေစာင့္ေနတဲ့ပါးပါးကိုျမင္လိုက္ရတယ္။ ပါးပါး က်ေနာ္တို႔
ႏွစ္ေယာက္ကိုျမင္သြားတာလား။
"ဧည့္ခန္းထဲလာခဲ့..!"
ပါးပါးရဲ႕အသံကတင္းမာေနခဲ့တယ္။ က်ေနာ့္ကို ဒီလိုအသံမ်ိဳးနဲ႔တစ္ခါမွမေျပာဖူးဘူး။
"ေျပာပါအုန္း ခုနကေကာင္ေလးနဲ႔သားနဲ႔ ဘယ္လို
ပတ္သတ္လဲ ၿပီးေတာ့ ဒီညေနတက္လာတဲ့သတင္းေတြကအမွန္လား"
"ပါးပါး က်ေနာ္ေတာင္းပန္ပါတယ္ က်ေနာ္
ပါးပါးကိုမတိုင္ပင္ဘဲ လုပ္ခဲ့မိလို႔"
"ပါးပါးကို မေတာင္းပန္ပါနဲ႔ ေမးတာကိုပဲေျဖပါ"
က်ေနာ့္တစ္ကိုယ္လုံး ေၾကာက္လို႔တုန္ေနခဲ့တာ
အမွန္ပါပဲ။
"သူက သားရဲ႕ခ်စ္သူပါ...ၿပီးေတာ့သတင္းေတြက
လည္း အမွန္ပါ"
"ဘာ..!!သြား..အခန္းထဲသြားေတာ့"
က်ေနာ္ ေနရာကေနထၿပီး အခန္းထဲကိုေျပးဝင္
လိုက္ေတာ့တယ္။
ငါ့သားက Gayလား ငါကငါ့သားကို ေမွ်ာ္လင့္
ထားတာ ခုေတာ့။ ေနာက္ဆုံးေတာ့လည္းငါ့သားရဲ႕ ျဖစ္တည္မႈကို ငါလက္ခံရမွာပဲေလ။
ငါ့သားေလးဒါမွ လူအလယ္မွာ မ်က္ႏွာမငယ္ရမွာ။
ေဒါသစိတ္ကို ထိန္းၿပီး သားရွိရာအခန္းထဲကို
ဝင္လာခဲ့တယ္။ တံခါးကိုဖြင့္လိုက္ေတာ့
ကုတင္ေပၚမွာငိုေနတဲ့သားကို ျမင္လိုက္ရတယ္။ သားအခုလိုငိုေနတာျမင္ရေတာ့ ပါးပါးရင္ထဲ စိတ္မေကာင္းလိုက္တာ။
"သား..ငိုမေနနဲ႔ေတာ့"
"က်ေနာ္ေတာင္းပန္ပါတယ္ က်ေနာ့္ေၾကာင့္ ပါးပါးမ်က္ႏွာငယ္ရလို႔"
"သားမေတာင္းပန္ပါနဲ႔ ဒါကသားအျပစ္မဟုတ္ ဘူး..ပါးပါးနားလည္တယ္.."
"တကယ္လား ပါးပါး"
"ဟုတ္တယ္ သားအဆင္ေျပတဲ့ေန႔ သားခ်စ္သူနဲ႔ ပါးပါးကိုမိတ္ဆက္ေပးေလ"
"ဟုတ္ကဲ့ ပါးပါး"
က်ေနာ္အေပ်ာ္လြန္ၿပီး ပါးပါးကိုဖက္မိတယ္။ ပါးပါးက်ေနာ့္အေပၚနားလည္ေပးမယ္လို႔ ထင္မထားခဲ့ဘူး။က်ေနာ့္အေဖအျဖစ္ ပါးပါးကို ရခဲ့တဲ့အတြက္ အရမ္းေက်းဇူးတင္ပါတယ္။
သားေလးေပ်ာ္႐ႊင္ဖို႔က အဓိကပဲေလ။
သားေပ်ာ္႐ႊင္ဖို႔အတြက္လုပ္ေပးရမွာ အေဖ
တစ္ေယာက္ တာဝန္မဟုတ္လား။
La Yaung Nge(25.2.2022)
ႏြယ့္ကိုခ်စ္ေပးၾကပါအုန္း