Except You ( U+Z ) [ Complete...
Autorstwa MikiMiki11
259K 20.3K 917
Uni + Zaw 🔥 မမျှော်လင့်ပဲ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်မိသွားသောအခါ 🤭💜🙆 ရုပ်ရှင်တစ်ခုကိုအခြေခံပြီးရေးထားတာဆို... Więcej
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30 { end }
Part - 18
7.8K 644 15
Autorstwa MikiMiki11
Unicode -----
Except you { 18 }
.
.
.
.
.
.
.
Jungkook သူ့ကို အဘွားဆီကပြန်လာကတည်းက စိတ်ဆိုးနေတဲ့ Jimin ကြောင့်
မျက်နှာကြီးမှာ မပြုံးမတည်ကြီး
ဖစ်နေတော့သည်
Jungkook မင် နှုတ်ခမ်းထော်ပြီး ဆူပုတ်နေပြန်တော့လဲ မနေတတ်စွာ
" မင်..ခင်ဗျား ဘာဖစ်နေတာလဲ "
" ဘာမှ မဖစ်ဘူး "
" ဖစ်ပါတယ် ဖစ်လို့လဲ ခင်ဗျားနှုတ်ခမ်းဆူနေတာပေါ့ ကြည့်ဆူနော် ဆွဲကိုက်ပစ်မှာ "
" အို...မင်း အရှက်မရှိတဲ့လူ "
Jimin မျက်နှာလေးရဲကာပြောတော့
Jungkook ရယ်လိုက်ကာ
" အဟက်...အဲ့တာဆို နှုတ်ခမ်းဆူမနေနဲ့ "
" ဘာဖစ်လဲ ငါ့နှုတ်ခမ်းနဲ့ငါဆူတာ
မင်းနှုတ်ခမ်းငှားဆူနေလို့လား "
" အဲ့တာဆို ကျွန်တော်လဲ
ကျွန်တော်ကိုက်ချင်လို့
ကိုက်ချင်တယ်ပြောတာ
ခင်ဗျား လာမအော်နဲ့ "
မင် Jungkook ကိုမျက်လုံးလေး ပြူးကာ
ကြည့်ပြီး
" မင်း..ငါ့ကိုပြန်ရန်တွေ့နေတာ ...
မိန်းမကြီးကျနေတာပဲ "
Jungkook မျက်ခုံးတွေမြင့်တက်သွားပြီး
မျက်ခုံးကိုလက်နဲ့ခြစ်ကာ ခပ်ထေ့ထေ့ပြုံးလိုက်သည်
" ဘာလဲ..ကျွန်တော် ယောကျာ်းဖစ်ကြောင်း
ပြရမလား "
" မင်းနော်..အဲ့လိုအပြောတွေကြောင့်
မင်းကိုငါအမြင်ကပ်တာသိလား
ပြောရင်လဲအသားယူလိုက်ရမှ
ပြီးတော့မင်းဘာလို့
အဘွားကိုကတိပေးလိုက်တာလဲ "
" ဘာကိုလဲ "
Jimin မျက်နှာလေးနီကာ မသိသလို
မေးနေတဲ့ Jungkook ကိုမျက်စောင်းထိုးလိုက်သည်
" မင်းမသိချင်ယောင်ဆောင်မနေနဲ့
ကလေးယူတာလွယ်တယ်ထင်နေလား "
မင် ပြောပြီး ရှက်လွန်းလို့
Jungkook ကိုမကြည့်ရဲတော့ပဲ
အခြားဘက်ကိုမျက်နှာလေးလှည့်ပစ်လိုက်တော့
Jungkook သဘောကျကာပြုံးလိုက်ပြီး
" ကလေးယူတာပဲဘာခက်လို့လဲ
ခင်ဗျားလဲကလေးရနိုင်နေတာပဲကို
ကျွန်တော်တို့မှာဘာလိုသေးလို့လဲ
ဘာလဲ အချစ် က မွေးဖို့
အဆင်သင့်မဖစ်သေးလို့လား
ပြီးတော့ အချစ် လဲ အသက်ကြီးလာမှာလေ
ငယ်တုန်းယူထားမှ ပေါ့
ကျွန်တော်အတွက်ကတော့ ဘာမှစိတ်မပူနဲ့ ကျွန်တော်က အားကောင်းပြီးသား "
" Jungkook မင်းပြောလေဆိုးလေပါ့လား
မင်း အရှက်မရှိတိုင်း လိုက်ပြောမနေနဲ့ "
" ဟာဗျာ...မပြောပါဘူး..ခင်ဗျားနော်
ဒါလေးပြောတာတောင်ရှက်နေတာ
မဂ်လာဦးညကြရင် ခင်ဗျားအခုလို
ရှက်နေရင် ကျွန်တော် ဘာလုပ်ရမှာလဲ "
" မင်း...မင်း..သွားအပြင်မှာသွားအိပ်
အရှက်မရှိတဲ့ လူယုတ်မာရဲ့ "
မျက်နှာလေးမဲ့ပြီးပြောနေတဲ့ Jimin ကြောင့်
Jungkook ပြုံးလိုက်ပြီး
" အချစ်နော် မောင့် ကိုလူယုတ်မာလို့
ခနခနမပြောနဲ့ "
" အံမယ်..မဟုတ်လို့လား "
" မောင်သာယုတ်မာရင် အချစ်အခုလောက်ဆို
သုံးလေးယောက်လောက် မွေးပြီးနေပြီ "
" အို..မင်း..ဘာစကားတွေပြောနေတာလဲ
Jungkook "
" လင်မယား...စကားတွေပြောနေတာလေ
အာ..ပင်ပန်းလိုက်တာ "
Jungkook ပြောပြီး အိပ်ယာပေါ်လှဲလိုက်တော့
မင် သူ့ကိုအမြင်မကြည်စွာကြည့်ပြီး
မျက်စောင်းလေးထိုးကာခြေလက်ဆေးဖို့
ရေချိုးခန်းထဲ၀င်ရန်ပြင်လိုက်သည်
" ဟေ့.. jiminshi အဲ့တာဘယ်လဲ "
" ခြေတွေလက်တွေဆေးမလို့ "
ပြောကာ ခြေလေးစောင့်ရင်း
၀င်သွားသူကို Jungkook ကြည့်ရင်း
ပြုံးလိုက်မိသည်
မင် ရေချိုးခန်းထဲမှာ တမင်အကြာကြီး
နေပစ်လိုက်ကာ
သူအိပ်သွားလောက်တော့မှ မဲ့ပြုံးပြုံးပြီး
ရေချိုးခန်းထဲက ထွက်လာလိုက်သည်
" အမေ့..မင်း...မင်းး..မအိပ်သေးဘူးလား "
Jungkook အကြံကြီးလွန်းသော
Jimin ကြောင့်မဲ့ကာပြုံးလိုက်ပြီး
" ခင်ဗျားကို မနမ်းရသေးသ၍
ကျွန်တော် ဒီညမအိပ်ဘူး "
" မင်း...မင်း..ငါ့ကိုမနက်ကနမ်းပြီးပြီလေ "
Jungkook ထိတ်လန့်နေသော Jimin မျက်နှာလေးကို ပွေ့ချီထားရင်း မှေးစင်းကြည့်ကာ
" အိပ်ခါနီးအနမ်း "
" ဘာ.. အား....Jungkook ..."
" ဟားဟား "
" လူယုတ်မာကြီး "
တစ်ယောက်ကထု တစ်ယောက်က
စကာနမ်း နှစ်ယောက်သားကျီစယ်နေပုံလေးက မသိရင် အရမ်းချစ်ကြတဲ့
ဇနီးမောင်နှံလိုပင်
" ဟင့်အင်း.. Jungkook ...ဖယ် "
Jungkook နမ်းနေရင်း သူ့ကိုရင်ခွင်အောက်ကနေ မျက်၀န်းလေးဝိုင်းကာ မျက်နှာလေးနီနေပြီး မောဟိုက်စွာပြောလာတဲ့ မင့် ကြောင့်
ပြုံးလိုက်မိကာ
" ဘာလို့လဲ..မောလို့လား..
မောင် ဒီလောက်နမ်းနေတာကို
အခုထက်ထိ ကျင့်သားမရသေးဘူးလား
အချစ် "
" မသိဘူး..ဖယ်..ဖယ်..ငါရှက်တယ် "
Jungkook ညို့မျက်၀န်းတွေနဲ့
Jimin ကိုကြည့်တော့
မင် ထိုမျက်၀န်းတွေထဲကရုန်းမထွက်နိုင်ပဲ
ကြည့်နေမိကာ
Jungkook မျက်နှာ မင့် မျက်နှာအနားကိုကပ်လာပြီး
" ဘာမှ မစိုးရိမ်ပါနဲ့စိတ်ချပါ..
ကျွန်တော် လက်မထပ်ရသေးပဲ
နမ်းတာထက်ပိုတဲ့အရာတွေကို
မလုပ်ပါဘူး ...မင် မရုန်းဘူးဆို
ကျွန်တော်ကတိပေးတယ် "
Jungkook ပြောပြီး မှင်သက်စွာငြိမ်သပ်နေတဲ့
မင့် ပါးပြင် နှုတ်ခမ်းဖူးဖူးလေးမှအစ
လည်တိုင်လှလှလေးတွေကိုပါ
အပိုင်သိမ်းယူနေကာ
မင့်မှာတော့ ရှက်လွန်းတာကြောင့်ရော
သူမရုန်းနဲ့လို ပြောထားတာကြောင့်ရော
Jungkook ရင်ခွင်ထဲမှာ မျက်လုံးလေးမှိတ်ပြီး
သူဆိုးသမျှကို ငြိမ်ငြိမ်လေး အနမ်းခံနေရတော့သည်
Jungkook လူဆိုးကောင်
.
.
.
" မေမေသမီး ၀င်ခဲ့မယ်နော် "
သခင်မကြီး အမေဖစ်သူကို ပြန်ချော့ဖို့အတွက် အခန်းထဲကို၀င်လာပြီး
မိခင်ဖစ်သူအနားတို့သွားကာ
စိတ်ဆိုးနေသောမေမေ့ကို
" မေမေ သမီးကို စိတ်ဆိုးနေတာလား
မေမေ "
မယ်မယ်ကြီး မကြားချင်ယောင်ဆောင်ကာ
တရားစာအုပ်ကိုဖတ်နေတော့
သခင်မကြီး၀မ်းနည်းသွားကာ
" မေမေ..သမီးမှားတာသမီးသိပါပြီ
သမီးကိုခွင့်လွှတ်ပါနော် မေမေ "
ထိုအခါ မယ်မယ်ကြီး စာအုပ်ကို
ဘေးချလိုက်ပြီး သမီးဖစ်သူကို
မျက်နှာလေးတင်းထားပြီး ကြည့်လိုက်သည်
" ညည်းတကယ်မှားတာကိုသိတာလား "
" တကယ်ပေါ့မေမေရဲ့ ဟင့်..."
သခင်မကြီး မေမေ စကားပြန်ပြောတာကြောင့်
၀မ်းသာပြီး မျက်ရည်တွေကျလာကာ
" တကယ်ပါမေမေရယ်
သမီးမေမေမကြိုက်တာ
နောက်ဘာမှမလုပ်တော့ပါဘူးနော် "
" ပြီးရော ဒါပေမယ့်
ငါ့ကိုကတိတစ်ခုပေးရမယ် "
" ဘာများလဲမေမေရဲ့ "
သခင်မကြီးစကားပြန်ပြောသောမေမေ့ကို
၀မ်းသာအားရမေးလိုက်သည်
" တခြားဟာတော့မဟုတ်ပါဘူး
မနက်ဖြန်ကစပြီး မြေးတို့မဂ်လာပွဲပြီးတဲ့အထိ
ညည်းမြေးတို့အနားမှာ နေပေးရမယ် "
" မေမေကလဲ သမီးသဘောမတူတဲ့
မဂ်လာပွဲကို မတက်ချင်ပါဘူး "
" ညည်းပြောတော့အသိတရားရပြီဆို
သွားအေ..ငါ့ကိုဘယ်တော့မှ
စကားလာမပြောနဲ့ "
မေမေအဲ့လိုပြောတော့လဲ သခင်မကြီး
မျက်နှာပျက်သွားကာ
" မေမေကလဲ သမီးမနှောင့်ယှက်ဘူး
ပြောပြီးပြီပဲ ..ဒါပေမယ့်
မဂ်လာပွဲတော့ မတက်ချင်ပါဘူး "
" ဟဲ့ အဲ့ဒါညည်းရဲ့တစ်ဦးတည်းသော
ကျန်တဲ့သားလေးလေ ညည်းမရှိလို့
ကောင်းမလားအေ့ "
" ကောင်းတယ်မေမေရယ်
သူတောင်အမေပြောစကားကိုနားမထောင်ပဲ
လုပ်ချင်တာ လုပ်သွားတာပဲ "
" အေးညည်းဆက်ပြီး ခေါင်းမာနေ
သွားတော့..."
" ဟာမေမေကလဲ..ပြီးရောမေမေရယ်
သမီးလိုက်မယ် ဟုတ်ပြီလား "
" ပြီးရော "
" အဲ့တာဆို..မနက်ဖြန်သွားဖို့
လိုအပ်တာတွေသွားပြင်ဆင်လိုက်ဦးမယ် "
" မနက်ဖြန် ၉ နာရီနော် သွားမှာက "
" အင်းပါမေမေရယ် သမီးသိပါတယ် "
သမီးဖစ်သူထွက်သွားတော့မှ
မယ်မယ်ကြီးပြုံးကာ
" နေနိုင်တာလဲမဟုတ်ပဲနဲ့
ကောင်မစုတ်လေး "
{ A/N : ကိုယ်တွေကသာမကျေနပ်နေပေမယ့်
မယ်မယ်ကြီးကတော့ သူ့သားသမီးကိုချစ်တယ် မိဘကိုနော့🤒 }
" မယ်မယ်ကြီး အိပ်သေးဘူး လား "
" မအိပ်သေးပါဘူးတော်
မြစ်လေးက မအိပ်သေးဘူးလား "
ကလေးထိန်းလက်ထဲမှာချီထားပြီး
ငိုနေသော Namjin လေးကြောင့်
မယ်မယ်ကြီးမေးလိုက်တော့
" ဟုတ်ကဲ့...မယ်မယ်ကြီး
သမီးလဲရအောင်သိပ်ပါတယ်
Namjin လေးက အကိုလေး မင် ကိုပဲ
ခေါ်ပြီး ငိုနေတာ အဲ့ဒါ
သမီး သခင်လေးကိုကြောက်လို့
မသွားရဲလို့ "
" ဟီး..ပါးပါးရှီ...ပါးပါး "
" ဟယ်မြစ်လေး ဘွားဆီလာလေ "
" လာပူး..ပါးပါးရှီ..သွားမယ် "
မယ်မယ်ကြီး သက်ပျင်းလေးချလိုက်ကာ
" ကဲမြစ်လေးကတိတ်မယ့်ပုံမပေါ်ဘူး
သွား သားမင်လေးဆီခေါ်သွားလိုက်
အိပ်မှာမဟုတ်သေးဘူး "
ကလေးထိန်း မျက်နှာလေး ရှုံ့မဲ့သွားကာ
ခေါင်းလေးကုတ်လိုက်ပြီး
" ဟို..ဟို..သမီး..သခင်လေးကို
ကြောက်တယ် မယ်မယ်ကြီးရဲ့ "
" မကြောက်ပါနဲ့အေ..သွားသွား
တော်ကြာ မြစ်လေး ငိုရလွန်းလို့
မောနေဦးမယ် "
" ဟုတ်မယ်မယ်ကြီး "
ကလေးထိန်းကောင်မလေး ခေါင်းလေးကုတ်ကာ Namjin လေးကို ချီပြီး
အပေါ်ထပ်ကို တက်လာသည်
တံခါးကိုမဝံ့မရဲလေးခေါက်လိုက်ကာ
ဒေါက်..ဒေါက်..ဒေါက်....
" ဘယ်သူလဲ "
" ဟို..ဟို..ဟို
ကလေးထိန်းပါသခင်လေး "
ကလေးထိန်းမလေး အထဲက
သခင်လေးရဲ့အသံကြားကတည်းက
ကြောက်ဒူးတုန်နေပြီ
" အို.. Jungkook မင်းဖယ်တော့ "
မင် Jungkook အနမ်းတွေထဲမှာ
နစ်မျောနေရင်း တံခါးအပြင်ဘက်ကအသံကြောင့် ရှက်လန့်တကြား
Jungkook ကိုယ်ကြီးကိုတွန်းလိုက်ပြီး
အကျီလေးတွေဆွဲဆန့် ခေါင်းလေးကိုသပ်ကာ
သူ့ကိုထိုင်ကာပြုံးပြီးကြည့်နေသော
Jungkook ကိုမျက်စောင်းထိုးပြီး
တံခါးသွားဖွင့်လိုက်သည်
" ဟယ်..ဘာဖစ်..သမီးဘာဖစ်လို့လဲ
ညီမလေး "
" ဟီး..ပါးပါး..ဂျစ်ဂျစ်.."
သူ့ကိုတွေ့တာနဲ့ အတင်းဖက်တွယ်ထားတဲ့
သမီးလေးကြောင့် မင် လန့်သွားကာ
ပြန်ပြီးဖက်ထားလိုက်သည်
ဘေးမှာလန့်နေတဲ့ ကောင်မလေးကိုကြည့်ကာ
" ညီမလေးဘာဖစ်လို့လဲ..ဘာဖစ်လို့
သမီးက ငိုနေရတာလဲ "
" ဟို..သမီးလဲမသိပါဘူးအကိုလေး
Namjin လေးကအကိုလေးဆီကိုပဲ
ပို့ပေးဆိုပြီး ငိုနေတာ
အဲ့တာကြောင့် သမီးလာရတာပါ "
ပြောပြီး သခင်လေးကိုကြည့်လိုက်တော့
သူ့ကိုအေးစက်စွာကြည့်နေတာကြောင့်
ကောင်မလေးလန့်သွားကာ
" အ..အ..အကိုလေး သမီး
အောက်ဆင်းတော့မယ်နော်
Nam..Namjin လေးပြန်ပို့ချင်ရင်
ခလုတ်ကိုနှိပ်လိုက်နော် "
" ဟုတ်ပြီ ညီမ "
ပြောပြီးတာနဲ့ ကလေးထိန်းကောင်မလေးတစ်ယောက် လှစ်ခနဲ အောက်ထပ်သို့
အမြန်ပြန်ပြေးဆင်းလာပါတော့သည်
မဟုတ်ရင် သခင်လေးရဲ့အကြည့်ကြောင့်
ရေခဲတုန်းကြီးဖစ်ရချည်ရဲ့
" ဟာ..အချစ်..မောင့်နားမသိပ်နဲ့လေ "
" ဘာဖစ်လို့လဲ "
" မောင်ကအအိပ်ကြမ်းတယ်
သမီးကိုဖိမိနေမယ် အဲ့တာကြောင့်
အချစ်အလယ်ကအိပ် "
{ A/N: ငါသိနေတယ်နော် ငကု🤭 }
မင် Jungkook ကိုမျက်စောင်းလေးထိုးလိုက်ကာ
" သတိနဲ့အိပ်လေ ဘေးမှာထားရင်
သမီးပြုတ်ကျမှာဆိုးလို့ "
" ဟာဗျာ..အချစ်ကလဲ ဒီလောက်အိပ်ယာအကြီးကြီးကို "
" သွား..အပိုတွေပြောမနေနဲ့ အိပ်တော့ "
Jimin ပြောလိုက်တော့ Jungkook စောင်လေးခေါင်းမူးခြုံကာ တစ်ဖက်လှည့်သွားသောကြောင့် မင် မျက်စောင်းလေးထိုးလိုက်ကာ ပြုံးလိုက်ပြီး
သမီးလေးကိုစောင်ခြုံပေးရင်း
ညအိပ်မီးလေးမှိတ်ကာ မျက်လုံးလေးကိုမှိတ်လိုက်တော့သည်
.
.
.
တင်..တင်...တင် ( နှိုးစက်သံ )
{ A/N : ငါကပေါက်ကရ🤣 }
Jimin နာရီအချက်ပေးသံလေးကြောင့်
နိုးသွားကာ ဘေးကိုကြည့်လိုက်သည်
သမီးလေးက ကုတင်ရဲ့ Jungkook အိပ်တဲ့နေရာရောက်နေကာ
Jungkook ကတော့ မင့် ကိုဖက်ပြီးအိပ်နေတာ
အိပ်မက်များ မက်နေသလားမသိ
မင် သူ့ကိုဖက်ထားတဲ့ Jungkook လက်ကိုအသာဖယ်ကာ သမီးကို
အိပ်ယာအလယ်ကို ထပ်ရွေ့ပေးပြီး
မျက်နှာသစ်ရန် အတွက်ရေချိုးခန်း၀င်ကာ
ပြန်ထွက်လာပြီး..
မျက်နှာကိုခရင်မ် လေးလိမ်းကာ
ဘုရားဆွမ်းတော်ကပ်ဖို့နဲ့ သူတို့နိုးရင်စားဖို့အတွက် မနက်စာ ဝိုင်းပြင်ပေးရန်
အောက်ထပ်သို့ဆင်းလာခဲ့သည်
" ဟယ် အကိုလေးနိုးပြီလား "
" အင်း..အကို ဘုရားဆွမ်းကပ်မလို့ "
" ရပြီ ရပြီ အကိုလေး သမီး အဆင်သင့်
ပြင်ပြီးပြီ "
မင် ထိုကောင်မလေးကိုပြုံးပြကာ
" ညီမလေးအခုလိုလုပ်ထားတော့
ကုသိုလ်ရတာပေါ့ "
" ဟီးဟီး..သမီးကနောက်ဘ၀ရောက်ရင်
အကိုလေးလို ကံကောင်းချင်တာပါ "
" ဟင်..အကိုက ဘာကံကောင်းလို့လဲ ညီမရဲ့ "
" အကိုလေးက ဒီလောက်ချောပြီး
ချစ်တတ်တဲ့ သခင်လေးကိုလဲ ရထားတယ်
အကိုလေးကလဲချောတယ်လှတယ်
သဘောထားကောင်းတယ်
စိတ်ထားဖြူစင်တယ် ပြီးတော့
ဘာမှ လိုလေစိတ်မရှိအောင်
သခင်လေးက အကိုလေးကို အရိပ်တကြည့်ကြည့်နဲ့ဖြည့်စည်းပေးနေတာလေ
အဲ့တာအကိုလေးကံကောင်းတာပေါ့
သမီး တို့လဲ နောက်ဘ၀ရောက်ရင်
အကိုလေးလိုဖစ်အောင်
အမြဲဆုတောင်းတယ်သိလား "
{ A/N : ကိုယ်လဲ ငကုအချစ်ခံလူတန်းစားဖစ်ချင်တယ်🥺
ဒါပေမယ့် ဘ၀က Jimin မဟုတ် 🙂}
Jimin ပြုံးလိုက်ကာ
" ညီမလေးရယ် လူတိုင်းကတော့
ဘ၀မှာ ပြီးပြည့်စုံနေတယ် မရှိပါဘူး
သူ့ကံတရားနဲ့သူရှိတာပဲလေ
ဒါပေမယ့် ညီမလေးတို့ကလဲ
စိတ်ထားလေးဖြူစင်ပြီး ချစ်စရာလေးပါ
အဲ့တော့ လူကောင်းနဲ့တွေ့မျာပါ
အကို ဘုရားဆွမ်းတော် သွားကပ်ဦးမယ်နော် "
" ဟုတ်ကဲ့ အကိုလေး "
မင် ထိုကောင်မလေး ပြင်ဆင်ပေးထားတဲ့
ဆွမ်းတော်ပန်းကန်လေးယူကာ
ဘုရားခန်းကို တက်လာပြီး ဆွမ်းကပ်ကာ
ဘုရားရှိခိုးပြီးတော့
Jungkook ကိုနိုးဖို့အတွက်
အခန်းဘက်ကိုထွက်လာလိုက်သည်
အဘွားကဒီနေ့ ၉ နာရီကို
ဘုန်းကြီးကျောင်းသွားဖို့ ပြောထားတယ်မဟုတ်လား
Jimin တံခါးဖွင့်ကာ၀င်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကြည်နူးစွာ
ပြုံးလိုက်မိသည်
သမီးလေးက Jungkook ရင်ဘက်ပေါ်
မှောက်ခုံလေးအိပ်နေတာကို
သူကပြန်ဖက်ထားတာ
အိပ်နေတဲ့ပုံလေးက တကယ့်သားအဖတွေလိုပင်
Jimin အိပ်မောကျနေသော
နှစ်ယောက်ကိုကြည့်ကာ
မနှိုးရက်တော့ပဲ
မနက်စာဝိုင်းပြင်ဆင်ပေးဖို့သာ
အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်
ဒါဒါလေးတွေတော့မသိဘူး ကိုယ်တော့
Jk အချစ်လို့ ခေါ်ပြီး သူ့ကိုယ်သူ မောင် လို့ပြောတာကျိတ်ပြီးရင်ခုန်နေတာ🤭
_______________________________________
Zawgyi -----
Except you { 18 }
.
.
.
.
.
.
.
ဖစ်နေတော့သည်
" ဘာမှ မဖစ်ဘူး "
Jungkook ရယ်လိုက်ကာ
" အဲ့တာဆို ကျွန်တော်လဲ
ကိုက်ချင်တယ်ပြောတာ
ခင်ဗျား လာမအော်နဲ့ "
ကြည့်ပြီး
မိန်းမကြီးကျနေတာပဲ "
ပြရမလား "
ပြီးတော့မင်းဘာလို့
" ဘာကိုလဲ "
ဘာလဲ အချစ် က မွေးဖို့
ငယ်တုန်းယူထားမှ ပေါ့
ခနခနမပြောနဲ့ "
" အံမယ်..မဟုတ်လို့လား "
Jungkook "
အာ..ပင်ပန်းလိုက်တာ "
ပြုံးလိုက်မိသည်
နေပစ်လိုက်ကာ
" အိပ်ခါနီးအနမ်း "
" ဘာ.. အား....Jungkook ..."
" ဟားဟား "
" လူယုတ်မာကြီး "
ဇနီးမောင်နှံလိုပင်
" ဟင့်အင်း.. Jungkook ...ဖယ် "
ပြုံးလိုက်မိကာ
" ဘာလို့လဲ..မောလို့လား..
အချစ် "
Jimin ကိုကြည့်တော့
ကြည့်နေမိကာ
ကျွန်တော်ကတိပေးတယ် "
အပိုင်သိမ်းယူနေကာ
Jungkook လူဆိုးကောင်
.
.
.
မေမေ "
" တကယ်ပေါ့မေမေရဲ့ ဟင့်..."
" တကယ်ပါမေမေရယ်
သမီးမေမေမကြိုက်တာ
" ပြီးရော ဒါပေမယ့်
" ဘာများလဲမေမေရဲ့ "
စကားလာမပြောနဲ့ "
မျက်နှာပျက်သွားကာ
ကောင်းမလားအေ့ "
" ကောင်းတယ်မေမေရယ်
သွားတော့..."
" ပြီးရော "
မယ်မယ်ကြီးပြုံးကာ
ကောင်မစုတ်လေး "
" မအိပ်သေးပါဘူးတော်
" ဟုတ်ကဲ့...မယ်မယ်ကြီး
မသွားရဲလို့ "
" ဟီး..ပါးပါးရှီ...ပါးပါး "
အိပ်မှာမဟုတ်သေးဘူး "
မောနေဦးမယ် "
" ဟုတ်မယ်မယ်ကြီး "
အပေါ်ထပ်ကို တက်လာသည်
ဒေါက်..ဒေါက်..ဒေါက်....
" ဘယ်သူလဲ "
" ဟို..ဟို..ဟို
ကလေးထိန်းပါသခင်လေး "
ကလေးထိန်းမလေး အထဲက
ကြောက်ဒူးတုန်နေပြီ
ညီမလေး "
" ဟီး..ပါးပါး..ဂျစ်ဂျစ်.."
သမီးက ငိုနေရတာလဲ "
ကောင်မလေးလန့်သွားကာ
" အ..အ..အကိုလေး သမီး
" ဟုတ်ပြီ ညီမ "
" ဘာဖစ်လို့လဲ "
" မောင်ကအအိပ်ကြမ်းတယ်
အချစ်အလယ်ကအိပ် "
{ A/N: ငါသိနေတယ်နော် ငကု🤭 }
.
.
.
တင်..တင်...တင် ( နှိုးစက်သံ )
{ A/N : ငါကပေါက်ကရ🤣 }
ပြန်ထွက်လာပြီး..
ပြင်ပြီးပြီ "
ကုသိုလ်ရတာပေါ့ "
သဘောထားကောင်းတယ်
အကိုလေးလိုဖစ်အောင်
Jimin ပြုံးလိုက်ကာ
" ဟုတ်ကဲ့ အကိုလေး "
အဘွားကဒီနေ့ ၉ နာရီကို
ပြုံးလိုက်မိသည်
သူကပြန်ဖက်ထားတာ
Jimin အိပ်မောကျနေသော
နှစ်ယောက်ကိုကြည့်ကာ
မနှိုးရက်တော့ပဲ
Czytaj Dalej
To Też Polubisz
529 81 5
ချည်ခဲ့ဖူးတဲ့ နှောင်ကြိုးတွေဟာ ဘယ်ချိန် ဘယ်ကာလထိ ခိုင်မြဲနေမလဲ။
158K 18.9K 51
4.3K 415 3
Bl fan fiction - Kookmin ပတ်ဂျီမင်း^ ဂျွန့်ကို မထိနဲ့ လုံးဝမထိမိစေနဲ့ ဂျွန် တခုခုထိခိုက်တာနဲ့ မင်းတို့တဆွေလုံး တမျိုးလုံးကို ငရဲကဘယ်လိုမျိုးလဲဆိုတာ င...
349K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...