Short Story About Htin Htin,Y...

By Ophelia_Evens

98.6K 9.9K 434

My Lover is a Violinist(Htin Htin and Yin Yin) Two Lifetimes and I'd still choose you(La Yaung and DeDe) More

My lover is a Violinist(part-2)
My lover is a violinist(part-3)
My lover is a violinist(part-4)
My lover is a violinist(part-5)
My lover is a violinist(part-6)
My lover is a violinist(part-7)
My lover is a violinist(part-8)
My lover is a violinist(Final)

My lover is a violinist(Part-1)

17.4K 1.3K 31
By Ophelia_Evens

Scroll down for Zawgyi🎻

လင်းမြတ်ထင်ကသူ့ဘဝမှာ သူဟာအမြဲရောင့်ရဲတတ်ပြီး လိုအင်ဆန္ဒတို့်မရှိတဲ့သူလို့ သူ့ကိုယ်သူအမြဲမှတ်ယူထားခဲ့တယ်။အစွဲအလမ်းကြီးဖို့ဆိုတာ ဝေးလို့မိခင်အရင်းဖြစ်သူရဲ့ဈာပနကိုတောင် ဦးလေးဖြစ်သူရဲ့လက်ထဲမှာ သိပ်ဝမ်းမနည်းရဘဲ ဖြတ်သန်းနိုင်ခဲ့၏။အဲ့ဒီ့နောက်မှာတော့ သူဟာရုပ်ဝတ္ထုတွေထက်သဘောကျရမယ့် သက်ရှိတစ်ယောက်ကိုတွေ့ရှိခဲ့ပြီး လက်လွှတ်အဆုံးရှုံးမခံနိုင်ပါဘူး ဆိုသည့်အချိန်မှာမှ အဲ့ဒီ့သက်ရှိဟာသူနဲ့အဝေးဆုံးကို စွန့်ခွာပြေးထွက်သွားခဲ့တယ်။

ယဉ်ယဉ်ကသိပ်ဆိုးတာပဲ။

လေယာဉ်ပြတင်းပေါက်မှတစ်ဆင့်မြင်နေရတဲ့ မြင်ကွင်းဟာအမိမြေပါလားဆိုသည့်အသိဟာ သူ့ရင်ကိုနွေးထွေးစေပါသည်။စပီကာမှတစ်ဆင့် ထွက်လာတဲ့လေယာဉ်မယ်၏အသံအရ မကြာမီတွင်မြေပေါ်သို့ ဆင်းသက်တော့မည်ဖြစ်သည်။

ဒီအချိန်ဆို လင်းမြတ်ထင်ရဲ့ယဉ်ယဉ်ဟာ ဘယ်ဆီမှာများရှိနေလိမ့်မလဲ။

သူ့အသက်ဆယ့်ခုနှစ်နှစ်ကျော်အရွယ်မှာပဲ အင်္ဂလန်တွင်ကျောင်းသွားတတ်ခဲ့ရသည်။ဒယ်ဒီရယ်၊ကူကူးရယ်၊အမြွှာနှစ်ယောက်ရယ်က ကျောင်းပိတ်ရက်တွေအတွင်းသူ့ဆီလာလည်ရုံမှအပ လင်းမြတ်ထင်သည် မြန်မာနိုင်ငံသို့ပြန်မရောက်ဖြစ်ခဲ့။

စီးပွားရေးဘက်ကိုအားသန်တဲ့သူ့အား ဒယ်ဒီကအတော်လေးအားထား ထားပုံရတာကြောင့် ပြည်ပတွင်စီးပွားရေးdegreeရအောင် သူ့ဆုံးဖြတ်ချက်နှင့်သူသွားခဲ့ခြင်းဖြစ်သည်။ကူကူးရောဒယ်ဒီပါ သူ့ကိုစိတ်ပူကြမှန်း လင်းမြတ်ထင်သိပါသည်။အဲ့လိုဆိုပေမယ့်လည်း နှစ်ယောက်လုံးကသူ့အားယုံကြည်ခဲ့သလို သူကလည်း အဲ့ဒီ့ယုံကြည်မှုတွေကို အလွဲသုံးစားမလုပ်ခဲ့ပါ။

Airlinesပိုင်ရှင်၏သားကလေယာဉ်ကို first classတွင်မစီးဘဲ bussiness classတွင်စီးခြင်းကိုကြည့်ရုံဖြင့် လင်းမြတ်ထင်ဟာ အဘယ်မျှအထက်စီးမဆန်ကြောင်း သိနိုင်ပါသည်။နှစ်ဆယ့်သုံးနှစ်ကျော်ကောင်လေးက ဘဝကိုသာမန်ဆန်ဆန်ဖြတ်သန်းချင်ပုံရသည်။

လူအုပ်ထဲမှ လင်းမြတ်ထင်ရဲ့ခြောက်ပေတစ်လက်မအရပ်ဟာ ထိုးထွက်နေ၏။ခြေတံရှည်ကြီးတွေဟာ စောင့်မျှော်နေတဲ့မိသားစုုထံသို့ မပြေးရုံတမယ် ရွေ့လျားနေသည်။ဖော့ဖယောင်းကဲ့သို့ လက်ချောင်းရှည်သွယ်သွယ်များသည် ခရီးဆောင်အိတ်အားတစ်ဖက်ဆွဲလျက် နောက်တစ်ဖက်သည် လှမ်းမြင်နေရသော မိသားစုအားဝှေ့ယမ်းပြလျက်ရှိသည်။

Foreignerများနှင့်ဖြတ်သွားဖြတ်လာလူများပင် လင်းမြတ်ထင်အား ဂရုတစိုက်ကြည့်မိကြရလောက်အောင် သူ့ပုံရိပ်သည် လူအများကြားထင်းလင်းနေသည်။ဒါဟာ အခုမှမဟုတ်။ငယ်စဉ်ကတည်းက သူတို့မိသားစုဟာ လူအများအာရုံစိုက်ခြင်းခံခဲ့ရသည်ဖြစ်၍ လင်းမြတ်ထင်က ထိုကဲ့သို့အာရုံစိုက်မှုများနှင့်အသားကျနေခဲ့ပြီ။

"ထင်ထင်သိပ်ဆိုးတယ်နော်။ဒီနေ့ပြန်လာမှာကို လေယာဉ်ပေါ်တက်မှဖုန်းဆက်တယ်။ကူကူးတို့လာပြန်ကြိုမှာပေါ့"

အနားရောက်ရောက်ချင်း ဂရုဏာဒေါသောလေသံဖြင့်ပြောနေသည့် သူ့ကူကူးက အသက်အရွယ်ကြောင့်မျက်မှန်တပ်နေခဲ့ရပြီ။သို့သော် အသက်ပိုကြီးသည့်ပုံပေါက်ရမည့်အစား အလုပ်သင်တက္ကသိုလ်ဆရာလေးနှင့်ပိုတူနေ၏။ယခုတော့ သူ့ရင်ဘတ်ကျော်ကျော်နားလောက်သာရှိတော့သည့် ကူကူး၏ခန္ဓာကိုယ်အား ရင်ထဲထည့်ဖက်လိုက်တော့သည်။

"Bussiness classကစီးခဲ့ပြန်ပြီလား ထင်ထင်"

ဒယ်ဒီကတော့ ကူကူးနောက်တွင်ရပ်လျက် သူ့အကြောင်းသိနေသည့်အလား ခပ်ပြုံးပြုံးဖြင့်ပြောပါသည်။ထိုအခါ ကြယ်ရောင်လင်းထင်ကပါ အဖေနှင့်အကိုကြားအတင်းတိုးဝင်ဖက်တော့သည်။

"ကိုကြီး မီးဖို့ဘာလက်ဆောင်ပါလဲ"

"ခြောက်ဘာသာဂုဏ်ထူးရှင်အတွက်ပဲပါလာတယ်"

ကြယ်ရောင်လင်းထင်နှင့်လရောင်လင်းထင်က လောလောလတ်လတ်မှ ဆယ်တန်းအောင်ထားကြသူများဖြစ်ပြီး အမြွှာနှစ်ယောက်မှာ တစ်ယောက်ကခြောက်ဘာသာ၊တစ်ယောက်က တစ်ဘာသာဂုဏ်ထူးရှင်ဖြစ်သည်။ထို့ကြောင့် လင်းမြတ်ထင်သည် တစ်ဘာသာဂုဏ်ထူးရှင် ညီမအငယ်ဆုံးလေးအား စနောက်လိုက်၏။

"မီးကartဘက်ပဲဝါသနာပါလို့ပါနော်။ကိုငယ်က သူ့ဟာသူဂျူတီကုတ်ဝတ်ချင်တာ မီးလဲဘယ်တတ်နိုင်မလဲ"

လရောင်လင်းထင်နှင့်လင်းမြတ်ထင်တို့ ညီအကိုနှစ်ယောက်က လက်သီးချင်းတိုက်လိုက်ကြသည်။ဒါဟာ သူတို့ညီအကိုနှစ်ယောက်အတွက် ပြန်လည်ကြိုဆိုသည့်နှုတ်ဆက်မှုပင်။ဆယ့်ခြောက်နှစ်ကျော်ကျော် လရောင်လင်းထင်က လင်းမြတ်ထင်၏အရပ်ကြီးကိုပင် မှီတော့မည်။သူတို့မောင်နှမသုံးယောက်လုံးဟာ အရပ်ကြီးတွေတော့ အတော်ရှည်ကြသည်။

"ဒယ်ဒီ ကြည့်ဦး။ကိုကြီးကမျက်နှာလိုက်တယ် မီးကိုလျစ်လျူရှုနေပြီ"

ကြယ်ရောင်လင်းထင်က သူမဗီဇအတိုင်း ဂုတ်အတိဆံနွယ်များဝေ့ခါသွားသည်အထိ နှုတ်ခမ်းစူ၊ခေါင်းယမ်းပြီး အလိုအလိုက်ဆုံးအဖေဖြစ်သူကိုတိုင်တောတော့ လရောင်လင်းထင်သည်မျက်မှောင်တစ်ချက်ကြုတ်လျက် ခေါင်းယမ်းလိုက်သည်။အမြွှာသာပြောရတယ်သူတို့နှစ်ယောက်ဟာ လုံးဝမတူ။မီးနဲ့ရေသကဲ့သို့ပင်။သို့သော် အိမ့်ဆည်းလည်းလေးဟာ ဒီအရှုပ်မလေးဖြစ်သည်ဆိုတာကတော့ လရောင်လင်းထင်လက်မခံချင်လည်း လက်ခံရမည်သာ။

အပြန်တွင်တော့ လင်းမြတ်ထင်အတွက်ကားတစ်စီး၊လင်းထင်ကျော်ဇောတို့စီးလာသည်က ကားတစ်စီးနှင့် နှစ်စီးသည်ရှေ့ဆင့်နောက်ဆင့်ရပ်ထားသည်။လင်းထင်ကျော်ဇောတို့ကားမှ driverသည် လင်းမြတ်ထင်၏ခရီးဆောင်အိတ်အား ဒုတိယကားပေါ်သို့တင်ပေးလိုက်သည်။

"သဘောကျရဲ့လား ထင်ထင်။သားပြန်လာရင်စီးဖို့ဆိုပြီး လွန်ခဲ့တဲ့လတည်းကဒယ်ဒီနဲ့ကူကူးသွားဝယ်ထားတာ"

နက်မှောင်မှောင် matte blackသည် လူအများအာရုံကျစရာပင်။
လင်းမြတ်ထင် ကူကူး၏စကားကိုပြုံး၍ခေါင်းညိတ်လိုက်ကာ သဘောကျကြောင်းပြောလိုက်သည်။လင်းမြတ်ထင်က racing carတွေထက်luxury carတွေကိုပိုသဘောကျတာကြောင့် သူတို့လက်စွဲBMW နောက်ဆုံးထွက်ကိုသာ ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။

"ဟိုမှာကျန်ခဲ့တဲ့ကားက နှမြောစရာကြီး ဒါပေမယ့် အများကြီးသဘောကျပါတယ်"

လင်းမြတ်ထင်၏ကားနှင့်လရောင်လင်းထင်ကလိုက်ပြန်လာကာ ကြယ်ရောင်လင်းထင်က အဖေနှစ်ယောက်ကားပေါ်ပါသွား၏။ကားနှစ်စီးဟာ ရှေ့ဆင့်နောက်ဆင့်ပင် ခပ်မှန်မှန်မောင်းနှင်လျက် လင်းမြတ်ထင်၏ငယ်ဘဝအမှတ်တရများစွာရှိသည့် အိမ်သို့ပြန်ခဲ့ကြသည်။

သူ့အခန်းဟာ အရင်အတိုင်းပါပဲ။အမြိုင်နဲ့ညိုသွယ်တို့က မင်္ဂလာတွေဆောင်၊အိမ်ကထွက်သွားကြတာကြာပြီဆိုပေမယ့် အရီကတော့အိမ်တွင်ရှိဆဲပင်။သူ့အခန်းကိုလည်းအမြဲသန့်ရှင်းရေး လုပ်ပေးပုံရသည်။အခန်းဟာဖုန်တစ်စက်မရှိသလို ပစ္စည်းတွေဟာလည်း သူ့နေရာနှင့်သူအစီအစဉ်တကျရှိဆဲ။

ကုတင်ဘေးမှ တယောလေးကတော့ ဖုန်အနည်းငယ်တက်နေချေပြီ။လင်းမြတ်ထင် အရင်ဆုံးလုပ်သည်က ထိုတယောအားယူ၍ ပေါင်ပေါ်တင်ကာအဝတ်စတစ်ခုဖြင့်အသေချာပွတ်သပ်လိုက်သည်။ယဉ်ယဉ်နှင့်သူဟာ သေချာပေါက်ပြန်တွေ့ရမည်လို့ ယုံကြည်ထားဆဲပါပဲ။ဒါကြောင့် ဒီလက်ဆောင်အားပေးရန် သေချာထိန်းသိမ်းထားရမည်။

ထိုနေ့ကညနေစာအတွက် သူအလွန်တရာမှလွမ်းနေခဲ့သော ကူကူး၏လက်ရာတို့ကိုစားခဲ့ရပြီး မနက်ဖြန်ကတော့နေ့ထူး နေ့ရက်ပင်ဖြစ်သည်။သူတို့Airlines၏နှစ်ပတ်လည် မိတ်ဆုံစားပွဲဖြစ်ပြီး ဒယ်ဒီကထိုပွဲတွင်သူ့အား မီဒီယာများတွင်ချပြပြီး ရှယ်ယာရှင်အချို့နှင့်လည်း မိတ်ဆက်ပေးကာဆက်ခံသူနေရာ ကြေညာမည်ဟုဆို၏။သုံးယောက်ထဲတွင် ဒယ်ဒီအားကိုးသည့်သူကလည်း သူပဲဖြစ်သည်။လရောင်လင်းထင်က ဆရာဝန်လိုင်းဖြစ်ပြီး စီးပွားရေးဘက်ကိုဝင်စွက်ဖက်မည်မဟုတ်။အဲ့ဒီ်လိုပဲ ကြယ်ရောင်လင်းထင်ကလည်း အနုပညာဘက်သာအားသာသည်။

ထို့ကြောင့် အရာရာဟာ လင်းမြတ်ထင် ခေါင်းပေါ်သို့သာပုံကျလာခဲ့ရသည်။

မနက်စာစားပွဲဝိုင်းဟာ အရင်နှစ်တွေကလို နွေးနွေးထွေးထွေးနှင့်သိုက်သိုက်ဝန်းဝန်းပြန်ဖြစ်လာခဲ့သည်။ထိပ်ဆုံးတွင်ထိုင်နေသော ဒယ်ဒီသည်ကူကူးမျက်မှန်ကို ပိုးပုဝါဖြင့်သေချာသုတ်ပေးနေပြီး ကူကူးကလည်း ထိုအရာကိုကော်ဖီသောက်နေရင်းစောင့်နေကာ ကြယ်ရောင့်၏ပေါက်ပေါက်ဖောက်သကဲ့သို့ စကားများအားသေချာနားထောင်ပေးနေ၏။ညီဖြစ်သူလရောင်လင်းထင်ကတော့ စကားနည်းလွန်းလှသည်။အေးတိအေးစက်ဖြင့် ကော်ဖီအားတစ်ငုံချင်း ဇိမ်ဆွဲသောက်နေ၏။

"ညနေပွဲအတွက် ဒယ်ဒီorchestra showတစ်ခုတောင်စီစဉ်ထားသေးတယ်။သားရဲ့ဦးငယ်ရည်သွေးတို့လည်း လာလိမ့်မယ်"

ဒယ်ဒီကညနေအစီအစဉ်အကြောင်း သူ့အားပြောပြလာပါသည်။လင်းမြတ်ထင် classical musicတွေကိုကြိုက်ရသည့်အကြောင်းအရင်းသည် ယဉ်မင်းသက်ကြောင့်ဖြစ်သည်။Orchestra show(တူရိယာသံစုံတီးဝိုင်း)တွေတွင် တယောသမားလည်း ပါဝင်၍ဖြစ်သည်။ထို့ကြောင့် orchestra ဟုပြောရုံနှင့် လင်းမြတ်ထင်အား တစ်စုံတစ်ခုကိုမျှော်လင့်စေပါသည်။သို့သော် ယဉ်ယဉ်ဟာလည်း ငယ်ငယ်တုန်းကလို သူ့အိပ်မက်ဖြစ်သည့် violinistဖြစ်လာခဲ့ရဲ့လားဆိုတာ လင်းမြတ်ထင်အတွက်မသေချာပါ။

"Orchestraတွေကဒီနိုင်ငံမှာပါခေတ်စားလာပြီလား"

လင်းမြတ်ထင်ကသေချာမေးလိုက်သည်။သူနေခဲ့သောနိုင်ငံတွင် orchestra showတွေconcertတွေဟာ မစိမ်းသော်လည်း မြန်မာနိုင်ငံအခြေအနေနှင့်ဆိုလျှင် ယခုလိုနိုင်ငံရပ်ခြားဂီတဖျော်ဖြေမှုမျိုးသည် စိမ်းသက်လှသည်။EDMပွဲတွေလိုမဟုတ်ဘဲ ၁၈ရာစုလောက်ကတည်းကခေတ်စားခဲ့သည့် ဂန္တဝင်ဂီတအမျိုးအစားကြီးဖြစ်၍ ဖြစ်သည်။

"တော်တော်လေးပေါက်မြောက်လာပြီလို့ပြောလို့ရတယ်။နာမည်အကြီးဆုံးကတော့ Symphonyဆိုတဲ့အဖွဲ့ပဲ။ဒယ်ဒီအခုငှါးထားတာ အဲ့ဒီ့အဖွဲ့ပေါ့။သားက classical musicတွေကြိုက်တာမလို့ ဒီအဖွဲ့ကိုလည်းနည်းနည်းလေ့လာကြည့်လေ။နိုင်ငံတကာစံချိန်မှီရဲ့လားလို့"

သူ့ကိုတကယ့်အကဲဖြတ်ပညာရှင်ကြီးလို ပြောနေသည့်ဒယ်ဒီ့ရဲ့ခပ်နောက်နောက်စကားကြောင့် လင်းမြတ်ထင် အသာရယ်လိုက်မိသည်။သူလည်းသိပ် အသိ၊အတတ်ကြီးတော့မဟုတ်ပါ။ဟိုနိုင်ငံတွင်တော့ ကျောင်းတစ်ဖက်နှင့်ပင် ထိုသို့သောဂန္တဝင်ဂီတပွဲတွေကို ခဏခဏသွားကြည့်ဖြစ်ပါသည်။

"ဟုတ်ပြီ ဒယ်ဒီ ဒယ်ဒီ့သားကြီးတစ်ချက်ဝေဖန်ကြည့်မယ်"

သူ့စကားကိုဒယ်ဒီကသဘောတကျ ခေါင်းတညိတ်ညိတ်နှင့် ရယ်သည်။

"ကိုကြီးဒယ်ဒီ့လုပ်ငန်းတွေမြန်မြန်သာဦးစီးပေးလိုက်တော့။ဒယ်ဒီက ကူကူးနဲ့ပဲအချိန်ပြည့်နေချင်နေပြီ"

ဖခင်၏စိတ်အားအတပ်သိသလို ပြောသည့်ကြယ်ရောင်လင်းထင်စကားကြောင့် လင်းမြတ်ထင်အပါအဝင် အကုန်လုံးကထရယ်ပါတော့သည်။ရယ်ခဲလှသည့်လရောင်လင်းထင်ပင် ပြုံးတုံ့တုံ့ဖြစ်သွား၏။ကလေးတွေက သူတို့နေထိုင်လာသည့်ဘဝတစ်လျှောက်လုံးမှာ သူတို့ဒယ်ဒီဟာ ကူကူးအပေါ်ဘယ်လောက်တောင်ချစ်ကြောင်း မြင်တွေ့ပြီးခဲ့ပြီဖြစ်တာကြောင့် ကြယ်ရောင်လင်းထင်ဆိုလျှင် ဒယ်ဒီ့လိုလူကိုရမှယောက်ျားယူမည်ဟူ၍ကြွေးကြော်ထားသလို သူမအကိုတွေကိုလည်း ဒယ်ဒီ့လိုယောက်ျားဖြစ်အောင်ကြိုးစားကြ ဟုကြုံတိုင်းပြောတတ်ပါသည်။

"အသက်တွေကြီးလာတော့ ဘယ်အချိန်ထွက်သွားရမလဲမသိတော့ဘူး။မထွက်သွားခင်အချိန်လေးမှာ ကူကူးငယ်လက်လေးကိုအချိန်ပြည့်ကိုင်ထားချင်တဲ့စိတ်ကြောင့်ပေါ့ သမီးရယ်"

ဆံပင်ဖြူဘယ်မှာလဲဟုပင် ပြန်ရှာယူရမည့်ဒယ်ဒီက သန်တုန်းမြန်တုန်း သွက်သွက်လက်လက်နှင့်တည်တည်ကြည်ကြည်ခန့်ခန့်ညားညားရှိတုန်းဆိုတာ သူတို့မောင်နှမတွေအကုန်သိပါသည်။ယခုစကားကိုလည်း ဒယ်ဒီကကူကူးကိုကြည့်လျက် စစနောက်နောက်ပြောမှန်းလည်း သိတာကြောင့် သူတို့မောင်နှမတွေကလည်း ရယ်ရယ်မောမော အာမေဋိတ်သံတစ်ချို့ဖြင့် ပြန်တုံ့ပြန်လိုက်သော်ငြား ရုပ်တည်ကြီးဖြင့် မျက်နှာတစ်မျိုးဖြစ်သွားရတာကတော့ သူတို့ကူကူးပင်။

"ဆက်စားကြ ကူကူးစားလို့ပြီးပြီ"

ကူကူးအရင်စားပွဲမှထသွားပြီး နောက်မှချက်ချင်းထလိုက်သွားသည့် ဒယ်ဒီ့ကြောင့်လင်းမြတ်ထင် ပုခုံးတွန့်လျက်ညီမဖြစ်သူအားကြည့်လိုက်သည်။သူအမေးမျက်ဝန်းဖြင့်ကြည့်သည်ကညီမဖြစ်သူကို  ပြန်ဖြေတော့အေးတိအေးစက်ရေခဲတုန်းညီလေးကပြန်ဖြေသည်။

"ဒီနှစ်တွေမှာ ကူကူးကသေစကားပြောတာတွေနဲ့ပတ်သက်ပြီး အရမ်းsensitiveဖြစ်နေတာ။ဖွားဖွားကြီးဆုံးသွားတည်းကပဲ"

လင်းမြတ်ထင်ခေါင်းညိတ်၍ တွေးလိုက်မိသည်။ဒယ်ဒီ့စကားကြောင့်ကူကူးကစိတ်ဆိုးသွားခြင်းဖြစ်မည်။ဒါ့ကြောင့် ဒယ်ဒီကလည်းလိုက်ချော့ခြင်းဖြစ်မည်။

"ကူကူးငယ်"

လင်းထင်ကျော်ဇောသည် ဧည့်ခန်းထဲသို့ဘောက်ဆတ် ဘောက်ဆတ်ဖြင့်ထွက်သွားသည့် တန်ခူးရိပ်၏လက်အားအမိအရဆွဲကိုင်လိုက်ကာ သူ့ဘက်သို့လှည့်စေလိုက်သည်။

"ကိုယ်ကကလေးတွေကိုစလိုက်တာပါ။ကူကူးငယ် စိတ်မဆိုးပါနဲ့"

"ကူးကစိတ်ဆိုးလို့ဒီလိုဖြစ်တယ်များ ထင်နေလား။အဲ့လိုစကားတွေကြားရင် ကူးစိတ်မကောင်းဖြစ်လွန်းလို့ပါ"

တန်ခူးရိပ်၏အသံသည် အဖျားခတ်တုန်ယင်နေခဲ့သည်။လင်းထင်ကျော်ဇောက တန်ခူးရိပ်၏မျက်မှန်အားအသာပင့်တင်ပေးလိုက်ပြီး...

"စိတ်ချပါ။ကိုယ်ကဘယ်တော့မှအရင်မထွက်သွားဘူး။ကူကူးငယ်ကိုထားခဲ့ပြီးလည်း စိတ်ဖြောင့်ဖြောင့်နဲ့ထွက်သွားနိုင်မယ်မထင်ဘူး။ထားခဲ့တဲ့လူထက်ကျန်ခဲ့တဲ့လူက ပိုခံစားရတာသိတာမလို့ ကူကူးငယ်အရင်ဆုံးထွက်သွားပြီးမှ ကိုယ်ကစိတ်ချလက်ချနဲ့လိုက်ခဲ့မယ် ဟုတ်ပြီလား။ဒါ သေစကားတွေပြောနေတာမဟုတ်ဘူးနော်။ကူကူးငယ်ထက်နောက်ကျပြီး လိုက်ခဲ့မယ့်ကိုယ်က ကူကူးငယ်ကိုလည်းစောစောစီးစီးထွက်သွားခွင့်မပြုဘူးဆိုတာ ပြောပြတာ။ကိုယ့်ကိုယုံ ဟုတ်ပြီလား"

"ကူးကို အဲ့လောက်ချစ်လား"

"ဘဝတစ်လျှောက်လုံးနဲ့ သက်သေပြခဲ့တာမလုံလောက်သေးရင် ကူကူးငယ်နောက်ကိုပဲ သံသရာတစ်ဆုံးလိုက်ခဲ့ပါ့မယ်"

အဆုံးသတ်မှာတော့ တန်ခူးရိပ်ကပဲ လင်းထင်ကျော်ဇော၏ရင်ခွင်ကျယ်ကြီးထဲ မှီခိုဖို့ဖြစ်လာရတာပင်။ဧည့်ခန်းမှထွက်လာသည့် ရယ်သံတစ်ချို့ကြောင့် ထမင်းစားခန်းထဲမှမောင်နှမသုံးယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက် မျက်ခုံးပင့်သူကပင့်၊ပြုံးသူကပြုံးဖြစ်သွားကြသည်။အဖေနှစ်ယောက်ရဲ့ချစ်ခြင်းကို တခြားလူတွေထက်သူတို့ကအသိဆုံးမဟုတ်လား။

TBC........

A/N-နောက်အပိုင်းမှာတော့ CEOလေးနဲ့တယောသမားလေးတို့စတွေ့ကြပါပြီ။

Zawgyi

လင္းျမတ္ထင္ကသူ႕ဘဝမွာ သူဟာအၿမဲေရာင့္ရဲတတ္ၿပီး လိုအင္ဆႏၵတို႔္မရွိတဲ့သူလို႔ သူ႕ကိုယ္သူအၿမဲမွတ္ယူထားခဲ့တယ္။အစြဲအလမ္းႀကီးဖို႔ဆိုတာ ေဝးလို႔မိခင္အရင္းျဖစ္သူရဲ႕ဈာပနကိုေတာင္ ဦးေလးျဖစ္သူရဲ႕လက္ထဲမွာ သိပ္ဝမ္းမနည္းရဘဲ ျဖတ္သန္းနိုင္ခဲ့၏။အဲ့ဒီ့ေနာက္မွာေတာ့ သူဟာ႐ုပ္ဝတၳဳေတြထက္သေဘာက်ရမယ့္ သက္ရွိတစ္ေယာက္ကိုေတြ႕ရွိခဲ့ၿပီး လက္လႊတ္အဆုံးရႈံးမခံနိုင္ပါဘူး ဆိုသည့္အခ်ိန္မွာမွ အဲ့ဒီ့သက္ရွိဟာသူနဲ႕အေဝးဆုံးကို စြန႔္ခြာေျပးထြက္သြားခဲ့တယ္။

ယဥ္ယဥ္ကသိပ္ဆိုးတာပဲ။

ေလယာဥ္ျပတင္းေပါက္မွတစ္ဆင့္ျမင္ေနရတဲ့ ျမင္ကြင္းဟာအမိေျမပါလားဆိုသည့္အသိဟာ သူ႕ရင္ကိုေႏြးေထြးေစပါသည္။စပီကာမွတစ္ဆင့္ ထြက္လာတဲ့ေလယာဥ္မယ္၏အသံအရ မၾကာမီတြင္ေျမေပၚသို႔ ဆင္းသက္ေတာ့မည္ျဖစ္သည္။

ဒီအခ်ိန္ဆို လင္းျမတ္ထင္ရဲ႕ယဥ္ယဥ္ဟာ ဘယ္ဆီမွာမ်ားရွိေနလိမ့္မလဲ။

သူ႕အသက္ဆယ့္ခုႏွစ္ႏွစ္ေက်ာ္အ႐ြယ္မွာပဲ အဂၤလန္တြင္ေက်ာင္းသြားတတ္ခဲ့ရသည္။ဒယ္ဒီရယ္၊ကူကူးရယ္၊အႁမႊာႏွစ္ေယာက္ရယ္က ေက်ာင္းပိတ္ရက္ေတြအတြင္းသူ႕ဆီလာလည္႐ုံမွအပ လင္းျမတ္ထင္သည္ ျမန္မာနိုင္ငံသို႔ျပန္မေရာက္ျဖစ္ခဲ့။

စီးပြားေရးဘက္ကိုအားသန္တဲ့သူ႕အား ဒယ္ဒီကအေတာ္ေလးအားထား ထားပုံရတာေၾကာင့္ ျပည္ပတြင္စီးပြားေရးdegreeရေအာင္ သူ႕ဆုံးျဖတ္ခ်က္ႏွင့္သူသြားခဲ့ျခင္းျဖစ္သည္။ကူကူးေရာဒယ္ဒီပါ သူ႕ကိုစိတ္ပူၾကမွန္း လင္းျမတ္ထင္သိပါသည္။အဲ့လိုဆိုေပမယ့္လည္း ႏွစ္ေယာက္လုံးကသူ႕အားယုံၾကည္ခဲ့သလို သူကလည္း အဲ့ဒီ့ယုံၾကည္မႈေတြကို အလြဲသုံးစားမလုပ္ခဲ့ပါ။

Airlinesပိုင္ရွင္ရဲ႕သားကေလယာဥ္ကို high classတြင္မစီးဘဲ bussiness classတြင္စီးျခင္းကိုၾကည့္႐ုံျဖင့္ လင္းျမတ္ထင္ဟာ အဘယ္မွ်အထက္စီးမဆန္ေၾကာင္း သိနိုင္ပါသည္။ႏွစ္ဆယ့္သုံးႏွစ္ေက်ာ္ေကာင္ေလးက ဘဝကိုသာမန္ဆန္ဆန္ျဖတ္သန္းခ်င္ပုံရသည္။

လူအုပ္ထဲမွ လင္းျမတ္ထင္ရဲ႕ေျခာက္ေပတစ္လက္မအရပ္ဟာ ထိုးထြက္ေန၏။ေျခတံရွည္ႀကီးေတြဟာ ေစာင့္ေမွ်ာ္ေနတဲ့မိသားစုုထံသို႔ မေျပး႐ုံတမယ္ ေ႐ြ႕လ်ားေနသည္။ေဖာ့ဖေယာင္းကဲ့သို႔ လက္ေခ်ာင္းရွည္သြယ္သြယ္မ်ားသည္ ခရီးေဆာင္အိတ္အားတစ္ဖက္ဆြဲလ်က္ ေနာက္တစ္ဖက္သည္ လွမ္းျမင္ေနရေသာ မိသားစုအားေဝွ႕ယမ္းျပလ်က္ရွိသည္။

Foreignerမ်ားႏွင့္ျဖတ္သြားျဖတ္လာလူမ်ားပင္ လင္းျမတ္ထင္အား ဂ႐ုတစိုက္ၾကည့္မိၾကရေလာက္ေအာင္ သူ႕ပုံရိပ္သည္ လူအမ်ားၾကားထင္းလင္းေနသည္။ဒါဟာ အခုမွမဟုတ္။ငယ္စဥ္ကတည္းက သူတို႔မိသားစုဟာ လူအမ်ားအာ႐ုံစိုက္ျခင္းခံခဲ့ရသည္ျဖစ္၍ လင္းျမတ္ထင္က ထိုကဲ့သို႔အာ႐ုံစိုက္မႈမ်ားႏွင့္အသားက်ေနခဲ့ၿပီ။

"ထင္ထင္သိပ္ဆိုးတယ္ေနာ္။ဒီေန႕ျပန္လာမွာကို ေလယာဥ္ေပၚတက္မွဖုန္းဆက္တယ္။ကူကူးတို႔လာျပန္ႀကိဳမွာေပါ့"

အနားေရာက္ေရာက္ခ်င္း ဂ႐ုဏာေဒါေသာေလသံျဖင့္ေျပာေနသည့္ သူ႕ကူကူးက အသက္အ႐ြယ္ေၾကာင့္မ်က္မွန္တပ္ေနခဲ့ရၿပီ။သို႔ေသာ္ အသက္ပိုႀကီးသည့္ပုံေပါက္ရမည့္အစား အလုပ္သင္တကၠသိုလ္ဆရာေလးႏွင့္ပိုတူေန၏။ယခုေတာ့ သူ႕ရင္ဘတ္ေက်ာ္ေက်ာ္နားေလာက္သာရွိေတာ့သည့္ ကူကူး၏ခႏၶာကိုယ္အား ရင္ထဲထည့္ဖက္လိုက္ေတာ့သည္။

"Bussiness classကစီးခဲ့ျပန္ၿပီလား ထင္ထင္"

ဒယ္ဒီကေတာ့ ကူကူးေနာက္တြင္ရပ္လ်က္ သူ႕အေၾကာင္းသိေနသည့္အလား ခပ္ၿပဳံးၿပဳံးျဖင့္ေျပာပါသည္။ထိုအခါ ၾကယ္ေရာင္လင္းထင္ကပါ အေဖႏွင့္အကိုၾကားအတင္းတိုးဝင္ဖက္ေတာ့သည္။

"ကိုႀကီး မီးဖို႔ဘာလက္ေဆာင္ပါလဲ"

"ေျခာက္ဘာသာဂုဏ္ထူးရွင္အတြက္ပဲပါလာတယ္"

ၾကယ္ေရာင္လင္းထင္ႏွင့္လေရာင္လင္းထင္က ေလာေလာလတ္လတ္မွ ဆယ္တန္းေအာင္ထားၾကသူမ်ားျဖစ္ၿပီး အႁမႊာႏွစ္ေယာက္မွာ တစ္ေယာက္ကေျခာက္ဘာသာ၊တစ္ေယာက္က တစ္ဘာသာဂုဏ္ထူးရွင္ျဖစ္သည္။ထို႔ေၾကာင့္ လင္းျမတ္ထင္သည္ တစ္ဘာသာဂုဏ္ထူးရွင္ ညီမအငယ္ဆုံးေလးအား စေနာက္လိုက္၏။

"မီးကartဘက္ပဲဝါသနာပါလို႔ပါေနာ္။ကိုငယ္က သူ႕ဟာသူဂ်ဴတီကုတ္ဝတ္ခ်င္တာ မီးလဲဘယ္တတ္နိုင္မလဲ"

လေရာင္လင္းထင္ႏွင့္လင္းျမတ္ထင္တို႔ ညီအကိုႏွစ္ေယာက္က လက္သီးခ်င္းတိုက္လိုက္ၾကသည္။ဒါဟာ သူတို႔ညီအကိုႏွစ္ေယာက္အတြက္ ျပန္လည္ႀကိဳဆိုသည့္ႏႈတ္ဆက္မႈပင္။ဆယ့္ေျခာက္ႏွစ္ေက်ာ္ေက်ာ္ လေရာင္လင္းထင္က လင္းျမတ္ထင္၏အရပ္ႀကီးကိုပင္ မွီေတာ့မည္။သူတို႔ေမာင္ႏွမသုံးေယာက္လုံးဟာ အရပ္ႀကီးေတြေတာ့ အေတာ္ရွည္ၾကသည္။

"ဒယ္ဒီ ၾကည့္ဦး။ကိုႀကီးကမ်က္ႏွာလိုက္တယ္ မီးကိုလ်စ္လ်ဴရႈေနၿပီ"

ၾကယ္ေရာင္လင္းထင္က သူမဗီဇအတိုင္း ဂုတ္အတိဆံႏြယ္မ်ားေဝ့ခါသြားသည္အထိ ႏႈတ္ခမ္းစူ၊ေခါင္းယမ္းၿပီး အလိုအလိုက္ဆုံးအေဖျဖစ္သူကိုတိုင္ေတာေတာ့ လေရာင္လင္းထင္သည္မ်က္ေမွာင္တစ္ခ်က္ၾကဳတ္လ်က္ ေခါင္းယမ္းလိုက္သည္။အႁမႊာသာေျပာရတယ္သူတို႔ႏွစ္ေယာက္ဟာ လုံးဝမတူ။မီးနဲ႕ေရသကဲ့သို႔ပင္။သို႔ေသာ္ အိမ့္ဆည္းလည္းေလးဟာ ဒီအရႈပ္မေလးျဖစ္သည္ဆိုတာကေတာ့ လေရာင္လင္းထင္လက္မခံခ်င္လည္း လက္ခံရမည္သာ။

အျပန္တြင္ေတာ့ လင္းျမတ္ထင္အတြက္ကားတစ္စီး၊လင္းထင္ေက်ာ္ေဇာတို႔စီးလာသည္က ကားတစ္စီးႏွင့္ ႏွစ္စီးသည္ေရွ႕ဆင့္ေနာက္ဆင့္ရပ္ထားသည္။လင္းထင္ေက်ာ္ေဇာတို႔ကားမွ driverသည္ လင္းျမတ္ထင္၏ခရီးေဆာင္အိတ္အား ဒုတိယကားေပၚသို႔တင္ေပးလိုက္သည္။

"သေဘာက်ရဲ႕လား ထင္ထင္။သားျပန္လာရင္စီးဖို႔ဆိုၿပီး လြန္ခဲ့တဲ့လတည္းကဒယ္ဒီနဲ႕ကူကူးသြားဝယ္ထားတာ"

နက္ေမွာင္ေမွာင္ matte blackသည္ လူအမ်ားအာ႐ုံက်စရာပင္။
လင္းျမတ္ထင္ ကူကူး၏စကားကိုၿပဳံး၍ေခါင္းညိတ္လိုက္ကာ သေဘာက်ေၾကာင္းေျပာလိုက္သည္။လင္းျမတ္ထင္က racing carေတြထက္luxury carေတြကိုပိုသေဘာက်တာေၾကာင့္ သူတို႔လက္စြဲBMW ေနာက္ဆုံးထြက္ကိုသာ ဝယ္ေပးခဲ့ျခင္း ျဖစ္သည္။

"ဟိုမွာက်န္ခဲ့တဲ့ကားက ႏွေျမာစရာႀကီး ဒါေပမယ့္ အမ်ားႀကီးသေဘာက်ပါတယ္"

လင္းျမတ္ထင္၏ကားႏွင့္လေရာင္လင္းထင္ကလိုက္ျပန္လာကာ ၾကယ္ေရာင္လင္းထင္က အေဖႏွစ္ေယာက္ကားေပၚပါသြား၏။ကားႏွစ္စီးဟာ ေရွ႕ဆင့္ေနာက္ဆင့္ပင္ ခပ္မွန္မွန္ေမာင္းႏွင္လ်က္ လင္းျမတ္ထင္၏ငယ္ဘဝအမွတ္တရမ်ားစြာရွိသည့္ အိမ္သို႔ျပန္ခဲ့ၾကသည္။

သူ႕အခန္းဟာ အရင္အတိုင္းပါပဲ။အၿမိဳင္နဲ႕ညိုသြယ္တို႔က မဂၤလာေတြေဆာင္၊အိမ္ကထြက္သြားၾကတာၾကာၿပီဆိုေပမယ့္ အရီကေတာ့အိမ္တြင္ရွိဆဲပင္။သူ႕အခန္းကိုလည္းအၿမဲသန႔္ရွင္းေရး လုပ္ေပးပုံရသည္။အခန္းဟာဖုန္တစ္စက္မရွိသလို ပစၥည္းေတြဟာလည္း သူ႕ေနရာႏွင့္သူအစီအစဥ္တက်ရွိဆဲ။

ကုတင္ေဘးမွ တေယာေလးကေတာ့ ဖုန္အနည္းငယ္တက္ေနေခ်ၿပီ။လင္းျမတ္ထင္ အရင္ဆုံးလုပ္သည္က ထိုတေယာအားယူ၍ ေပါင္ေပၚတင္ကာအဝတ္စတစ္ခုျဖင့္အေသခ်ာပြတ္သပ္လိုက္သည္။ယဥ္ယဥ္ႏွင့္သူဟာ ေသခ်ာေပါက္ျပန္ေတြ႕ရမည္လို႔ ယုံၾကည္ထားဆဲပါပဲ။ဒါေၾကာင့္ ဒီလက္ေဆာင္အားေပးရန္ ေသခ်ာထိန္းသိမ္းထားရမည္။

ထိုေန႕ကညေနစာအတြက္ သူအလြန္တရာမွလြမ္းေနခဲ့ေသာ ကူကူး၏လက္ရာတို႔ကိုစားခဲ့ရၿပီး မနက္ျဖန္ကေတာ့ေန႕ထူး ေန႕ရက္ပင္ျဖစ္သည္။သူတို႔Airlines၏ႏွစ္ပတ္လည္ မိတ္ဆုံစားပြဲျဖစ္ၿပီး ဒယ္ဒီကထိုပြဲတြင္သူ႕အား မီဒီယာမ်ားတြင္ခ်ျပၿပီး ရွယ္ယာရွင္အခ်ိဳ႕ႏွင့္လည္း မိတ္ဆက္ေပးကာဆက္ခံသူေနရာ ေၾကညာမည္ဟုဆို၏။သုံးေယာက္ထဲတြင္ ဒယ္ဒီအားကိုးသည့္သူကလည္း သူပဲျဖစ္သည္။လေရာင္လင္းထင္က ဆရာဝန္လိုင္းျဖစ္ၿပီး စီးပြားေရးဘက္ကိုဝင္စြက္ဖက္မည္မဟုတ္။အဲ့ဒီ္လိုပဲ ၾကယ္ေရာင္လင္းထင္ကလည္း အႏုပညာဘက္သာအားသာသည္။

ထို႔ေၾကာင့္ အရာရာဟာ လင္းျမတ္ထင္ ေခါင္းေပၚသို႔သာပုံက်လာခဲ့ရသည္။

မနက္စာစားပြဲဝိုင္းဟာ အရင္ႏွစ္ေတြကလို ေႏြးေႏြးေထြးေထြးႏွင့္သိုက္သိုက္ဝန္းဝန္းျပန္ျဖစ္လာခဲ့သည္။ထိပ္ဆုံးတြင္ထိုင္ေနေသာ ဒယ္ဒီသည္ကူကူးမ်က္မွန္ကို ပိုးပုဝါျဖင့္ေသခ်ာသုတ္ေပးေနၿပီး ကူကူးကလည္း ထိုအရာကိုေကာ္ဖီေသာက္ေနရင္းေစာင့္ေနကာ ၾကယ္ေရာင့္၏ေပါက္ေပါက္ေဖာက္သကဲ့သို႔ စကားမ်ားအားေသခ်ာနားေထာင္ေပးေန၏။ညီျဖစ္သူလေရာင္လင္းထင္ကေတာ့ စကားနည္းလြန္းလွသည္။ေအးတိေအးစက္ျဖင့္ ေကာ္ဖီအားတစ္ငုံခ်င္း ဇိမ္ဆြဲေသာက္ေန၏။

"ညေနပြဲအတြက္ ဒယ္ဒီorchestra showတစ္ခုေတာင္စီစဥ္ထားေသးတယ္။သားရဲ႕ဦးငယ္ရည္ေသြးတို႔လည္း လာလိမ့္မယ္"

ဒယ္ဒီကညေနအစီအစဥ္အေၾကာင္း သူ႕အားေျပာျပလာပါသည္။လင္းျမတ္ထင္ classical musicေတြကိုႀကိဳက္ရသည့္အေၾကာင္းအရင္းသည္ ယဥ္မင္းသက္ေၾကာင့္ျဖစ္သည္။Orchestra show(တူရိယာသံစုံတီးဝိုင္း)ေတြတြင္ တေယာသမားလည္း ပါဝင္၍ျဖစ္သည္။ထို႔ေၾကာင့္ orchestra ဟုေျပာ႐ုံႏွင့္ လင္းျမတ္ထင္အား တစ္စုံတစ္ခုကိုေမွ်ာ္လင့္ေစပါသည္။သို႔ေသာ္ ယဥ္ယဥ္ဟာလည္း ငယ္ငယ္တုန္းကလို သူ႕အိပ္မက္ျဖစ္သည့္ violinistျဖစ္လာခဲ့ရဲ႕လားဆိုတာ လင္းျမတ္ထင္အတြက္မေသခ်ာပါ။

"Orchestraေတြကဒီနိုင္ငံမွာပါေခတ္စားလာၿပီလား"

လင္းျမတ္ထင္ကေသခ်ာေမးလိုက္သည္။သူေနခဲ့ေသာနိုင္ငံတြင္ orchestra showေတြconcertေတြဟာ မစိမ္းေသာ္လည္း ျမန္မာနိုင္ငံအေျခအေနႏွင့္ဆိုလွ်င္ ယခုလိုနိုင္ငံရပ္ျခားဂီတေဖ်ာ္ေျဖမႈမ်ိဳးသည္ စိမ္းသက္လွသည္။EDMပြဲေတြလိုမဟုတ္ဘဲ ၁၈ရာစုေလာက္ကတည္းကေခတ္စားခဲ့သည့္ ဂႏၲဝင္ဂီတအမ်ိဳးအစားႀကီးျဖစ္၍ ျဖစ္သည္။

"ေတာ္ေတာ္ေလးေပါက္ေျမာက္လာၿပီလို႔ေျပာလို႔ရတယ္။နာမည္အႀကီးဆုံးကေတာ့ Symphonyဆိုတဲ့အဖြဲ႕ပဲ။ဒယ္ဒီအခုငွါးထားတာ အဲ့ဒီ့အဖြဲ႕ေပါ့။သားက classical musicေတြႀကိဳက္တာမလို႔ ဒီအဖြဲ႕ကိုလည္းနည္းနည္းေလ့လာၾကည့္ေလ။နိုင္ငံတကာစံခ်ိန္မွီရဲ႕လားလို႔"

သူ႕ကိုတကယ့္အကဲျဖတ္ပညာရွင္ႀကီးလို ေျပာေနသည့္ဒယ္ဒီ့ရဲ႕ခပ္ေနာက္ေနာက္စကားေၾကာင့္ လင္းျမတ္ထင္ အသာရယ္လိုက္မိသည္။သူလည္းသိပ္ အသိ၊အတတ္ႀကီးေတာ့မဟုတ္ပါ။ဟိုနိုင္ငံတြင္ေတာ့ ေက်ာင္းတစ္ဖက္ႏွင့္ပင္ ထိုသို႔ေသာဂႏၲဝင္ဂီတပြဲေတြကို ခဏခဏသြားၾကည့္ျဖစ္ပါသည္။

"ဟုတ္ၿပီ ဒယ္ဒီ ဒယ္ဒီ့သားႀကီးတစ္ခ်က္ေဝဖန္ၾကည့္မယ္"

သူ႕စကားကိုဒယ္ဒီကသေဘာတက် ေခါင္းတညိတ္ညိတ္ႏွင့္ ရယ္သည္။

"ကိုႀကီးဒယ္ဒီ့လုပ္ငန္းေတြျမန္ျမန္သာဦးစီးေပးလိုက္ေတာ့။ဒယ္ဒီက ကူကူးနဲ႕ပဲအခ်ိန္ျပည့္ေနခ်င္ေနၿပီ"

ဖခင္၏စိတ္အားအတပ္သိသလို ေျပာသည့္ၾကယ္ေရာင္လင္းထင္စကားေၾကာင့္ လင္းျမတ္ထင္အပါအဝင္ အကုန္လုံးကထရယ္ပါေတာ့သည္။ရယ္ခဲလွသည့္လေရာင္လင္းထင္ပင္ ၿပဳံးတုံ႕တုံ႕ျဖစ္သြား၏။ကေလးေတြက သူတို႔ေနထိုင္လာသည့္ဘဝတစ္ေလွ်ာက္လုံးမွာ သူတို႔ဒယ္ဒီဟာ ကူကူးအေပၚဘယ္ေလာက္ေတာင္ခ်စ္ေၾကာင္း ျမင္ေတြ႕ၿပီးခဲ့ၿပီျဖစ္တာေၾကာင့္ ၾကယ္ေရာင္လင္းထင္ဆိုလွ်င္ ဒယ္ဒီ့လိုလူကိုရမွေယာက္်ားယူမည္ဟူ၍ေႂကြးေၾကာ္ထားသလို သူမအကိုေတြကိုလည္း ဒယ္ဒီ့လိုေယာက္်ားျဖစ္ေအာင္ႀကိဳးစားၾက ဟုႀကဳံတိုင္းေျပာတတ္ပါသည္။

"အသက္ေတြႀကီးလာေတာ့ ဘယ္အခ်ိန္ထြက္သြားရမလဲမသိေတာ့ဘူး။မထြက္သြားခင္အခ်ိန္ေလးမွာ ကူကူးငယ္လက္ေလးကိုအခ်ိန္ျပည့္ကိုင္ထားခ်င္တဲ့စိတ္ေၾကာင့္ေပါ့ သမီးရယ္"

ဆံပင္ျဖဴဘယ္မွာလဲဟုပင္ ျပန္ရွာယူရမည့္ဒယ္ဒီက သန္တုန္းျမန္တုန္း သြက္သြက္လက္လက္ႏွင့္တည္တည္ၾကည္ၾကည္ခန႔္ခန႔္ညားညားရွိတုန္းဆိုတာ သူတို႔ေမာင္ႏွမေတြအကုန္သိပါသည္။ယခုစကားကိုလည္း ဒယ္ဒီကကူကူးကိုၾကည့္လ်က္ စစေနာက္ေနာက္ေျပာမွန္းလည္း သိတာေၾကာင့္ သူတို႔ေမာင္ႏွမေတြကလည္း ရယ္ရယ္ေမာေမာ အာေမဋိတ္သံတစ္ခ်ိဳ႕ျဖင့္ ျပန္တုံ႕ျပန္လိုက္ေသာ္ျငား ႐ုပ္တည္ႀကီးျဖင့္ မ်က္ႏွာတစ္မ်ိဳးျဖစ္သြားရတာကေတာ့ သူတို႔ကူကူးပင္။

"ဆက္စားၾက ကူကူးစားလို႔ၿပီးၿပီ"

ကူကူးအရင္စားပြဲမွထသြားၿပီး ေနာက္မွခ်က္ခ်င္းထလိုက္သြားသည့္ ဒယ္ဒီ့ေၾကာင့္လင္းျမတ္ထင္ ပုခုံးတြန႔္လ်က္ညီမျဖစ္သူအားၾကည့္လိုက္သည္။သူအေမးမ်က္ဝန္းျဖင့္ၾကည့္သည္ကညီမျဖစ္သူကို  ျပန္ေျဖေတာ့ေအးတိေအးစက္ေရခဲတုန္းညီေလးကျပန္ေျဖသည္။

"ဒီႏွစ္ေတြမွာ ကူကူးကေသစကားေျပာတာေတြနဲ႕ပတ္သက္ၿပီး အရမ္းsensitiveျဖစ္ေနတာ။ဖြားဖြားႀကီးဆုံးသြားတည္းကပဲ"

လင္းျမတ္ထင္ေခါင္းညိတ္၍ ေတြးလိုက္မိသည္။ဒယ္ဒီ့စကားေၾကာင့္ကူကူးကစိတ္ဆိုးသြားျခင္းျဖစ္မည္။ဒါ့ေၾကာင့္ ဒယ္ဒီကလည္းလိုက္ေခ်ာ့ျခင္းျဖစ္မည္။

"ကူကူးငယ္"

လင္းထင္ေက်ာ္ေဇာသည္ ဧည့္ခန္းထဲသို႔ေဘာက္ဆတ္ ေဘာက္ဆတ္ျဖင့္ထြက္သြားသည့္ တန္ခူးရိပ္၏လက္အားအမိအရဆြဲကိုင္လိုက္ကာ သူ႕ဘက္သို႔လွည့္ေစလိုက္သည္။

"ကိုယ္ကကေလးေတြကိုစလိုက္တာပါ။ကူကူးငယ္ စိတ္မဆိုးပါနဲ႕"

"ကူးကစိတ္ဆိုးလို႔ဒီလိုျဖစ္တယ္မ်ား ထင္ေနလား။အဲ့လိုစကားေတြၾကားရင္ ကူးစိတ္မေကာင္းျဖစ္လြန္းလို႔ပါ"

တန္ခူးရိပ္၏အသံသည္ အဖ်ားခတ္တုန္ယင္ေနခဲ့သည္။လင္းထင္ေက်ာ္ေဇာက တန္ခူးရိပ္၏မ်က္မွန္အားအသာပင့္တင္ေပးလိုက္ၿပီး...

"စိတ္ခ်ပါ။ကိုယ္ကဘယ္ေတာ့မွအရင္မထြက္သြားဘူး။ကူကူးငယ္ကိုထားခဲ့ၿပီးလည္း စိတ္ေျဖာင့္ေျဖာင့္နဲ႕ထြက္သြားနိုင္မယ္မထင္ဘူး။ထားခဲ့တဲ့လူထက္က်န္ခဲ့တဲ့လူက ပိုခံစားရတာသိတာမလို႔ ကူကူးငယ္အရင္ဆုံးထြက္သြားၿပီးမွ ကိုယ္ကစိတ္ခ်လက္ခ်နဲ႕လိုက္ခဲ့မယ္ ဟုတ္ၿပီလား။ဒါ ေသစကားေတြေျပာေနတာမဟုတ္ဘူးေနာ္။ကူကူးငယ္ထက္ေနာက္က်ၿပီး လိုက္ခဲ့မယ့္ကိုယ္က ကူကူးငယ္ကိုလည္းေစာေစာစီးစီးထြက္သြားခြင့္မျပဳဘူးဆိုတာ ေျပာျပတာ။ကိုယ့္ကိုယုံ ဟုတ္ၿပီလား"

"ကူးကို အဲ့ေလာက္ခ်စ္လား"

"ဘဝတစ္ေလွ်ာက္လုံးနဲ႕ သက္ေသျပခဲ့တာမလုံေလာက္ေသးရင္ ကူကူးငယ္ေနာက္ကိုပဲ သံသရာတစ္ဆုံးလိုက္ခဲ့ပါ့မယ္"

အဆုံးသတ္မွာေတာ့ တန္ခူးရိပ္ကပဲ လင္းထင္ေက်ာ္ေဇာ၏ရင္ခြင္က်ယ္ႀကီးထဲ မွီခိုဖို႔ျဖစ္လာရတာပင္။ဧည့္ခန္းမွထြက္လာသည့္ ရယ္သံတစ္ခ်ိဳ႕ေၾကာင့္ ထမင္းစားခန္းထဲမွေမာင္ႏွမသုံးေယာက္လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လ်က္ မ်က္ခုံးပင့္သူကပင့္၊ၿပဳံးသူကၿပဳံးျဖစ္သြားၾကသည္။အေဖႏွစ္ေယာက္ရဲ႕ခ်စ္ျခင္းကို တျခားလူေတြထက္သူတို႔ကအသိဆုံးမဟုတ္လား။

TBC........

A/N-ေနာက္အပိုင္းမွာေတာ့ CEOေလးနဲ႕တေယာသမားေလးတို႔စေတြ႕ၾကပါၿပီ။

Continue Reading

You'll Also Like

3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
408K 23.2K 42
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
1M 78.4K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
162K 3.6K 24
"I only fuck girls who want to be fucked, flipped over and banged, Sunshine and..." "And that's what I want, daddy. Exactly what I want from you." * ...