ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး (အတြ...

By god-dess11

104K 12.3K 681

စာစဥ္ ၆၆ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၆၆ မှ စဖတ်နိုင်သည် ။ More

စာစဥ္ 66 (1 - 8)
စာစဥ္ ၆၆ (၉-၁၆)
စာစဥ္ ၆၆ (၁၇-၂၆)
စာစဥ္ ၆၇ (၁-၈)
စာစဥ္ ၆၇ (၉-၁၆)
စာစဥ္ ၆၇ (၁၇-၂၆)
စာစဥ္ ၆၈ (၁-၈)
စာစဥ္ ၆၈ (၉-၁၆)
စာစဥ္ ၆၈ (၁၇-၂၆)
စာစဥ္ ၆၉ (၁-၈)
စာစဥ္ ၆၉ (၉-၁၆)
စာစဥ္ ၆၉ (၁၇-၂၆)
စာစဥ္ ၇၀ (၁-၆)
စာစဥ္ ၇၀ (၇-၁၂)
စာစဥ္ ၇၀ (၁၃-၁၈)
စာစဥ္ ၇၀ (၁၉-၂၆)
စာစဥ္ ၇၁ (၁-၆)
စာစဥ္ ၇၁ (၇-၁၂)
စာစဥ္ ၇၁ (၁၉-၂၆)
စာစဥ္ ၇၂ (၁-၆)
စာစဥ္ ၇၂ (၇-၁၂)
စာစဥ္ ၇၂ (၁၃-၁၈)
စာစဥ္ ၇၂ (၁၉-၂၆)
စာစဥ္ ၇၃ (၁-၆)
စာစဥ္ ၇၃ (၇-၁၂)
စာစဥ္ ၇၃ (၁၃-၁၈)
စာစဥ္ ၇၃ (၁၉-၂၅)
စာစဥ္ ၇၄ (၁-၆)
စာစဥ္ ၇၄ (၇-၁၂)
စာစဥ္ ၇၄ (၁၃-၁၈)
စာစဥ္ ၇၄ (၁၉-၂၆)
စာစဥ္ ၇၅ (၁-၆)
စာစဥ္ ၇၅ (၇-၁၄)
စာစဥ္ ၇၅ (၁၅-၂၀)
စာစဥ္ ၇၅ (၂၁-၂၆)
စာစဥ္ ၇၆ (၁-၆)
စာစဥ္ ၇၆ (၇-၁၂)
စာစဥ္ ၇၆ (၁၃-၁၈)

စာစဥ္ ၇၁ (၁၃-၁၈)

2.1K 313 14
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book. : 71
Chapter. : 13 - 18
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၇၁၊ အခန္း ၁၃။ ရွဲ့က်ဲ့က်ီ

မၾကာခင္ ေရွာင္ဟန္သည္လည္း ၀င္လာၿပီး
ဖူမင္းရွီ၏ ဘယ္ဘက္တြင္ လာထုိင္သည္ ။
သူသည္ ရီ၀မ္၀မ္ နဲ့ ဖူမင္းရွီအား ရံႈ ့မဲ့ကာ ၾကည့္ေန၏ ။

ဒီေန့ ဒီနွစ္ေယာက္ ေသမွာကို သူ ေကာင္းေကာင္းၾကီးကို ထိုင္ၾကည့္ေနမယ္ .. ။

"မဂၤလာပါခင္ဗ်ာ"

ရွဲ့က်ဲ့က်ီသည္ အနီေရာင္၀တ္စံုကို ၀တ္ကာ စင္ၿမင့္ထက္ကို ေလ်ွာက္သြား၏ ။

"ဟဲ့ပလုတ္တုတ္ ..."

"ငါ အၿမင္ေတြ မွားေနတာေတာ့ မဟုတ္ပါဘူးေနာ္"

"ရွဲ ့က်ဲ့က်ီ ဟ"

"ဧည့္သည္စာရင္းထဲမွာ ရွဲ့က်ဲ့က်ီ ဘာလို့ မပါလဲလုိ့ စဥ္းစားေနတာ .. သူက စတားအင္တာတိန္းမန့္ရဲ့ နွစ္ပတ္လည္ေန့မွာ အစီအစဥ္တင္ဆက္သူ ၿဖစ္ေနတာကုိး"

"ရွဲ့က်ဲ့က်ီ ေပ်ာက္ေနတာလဲ ေတာ္ေတာ္ၾကီး ၾကာေနၿပီေနာ္ .. ငါ့အိုင္ေဒါေလးက အရမ္းမုိက္လိုက္တာဟယ္"

ရွဲ့က်ဲ့က်ီသည္ တရုတ္ၿပည္၏ အနုပညာေလာကထဲက ထိပ္တန္းသရုပ္ေဆာင္ၾကီး တစ္ေယာက္ ၿဖစ္ၿပီး အနုပညာေလာကထဲ စ၀င္ပါၿပီဆုိကတည္းက ေအာင္ၿမင္မႈေတြကို ဆြတ္ခူးခဲ့သည့္မွာ က်ရႈံးမႈဆုိတာကုိ ဘယ္တုန္းကမွ မရင္ဆုိင္ခဲ့ရဖူးပါေခ် ။

"ဒီနွစ္ရဲ့ စတားအင္တာတိန္းမန့္ရဲ့ နွစ္ပတ္လည္အခမ္းအနားမွာ အစီအစဥ္တင္ဆက္သူအၿဖစ္ ပါ၀င္ တင္ဆက္ခြင့္ရခဲ့တဲ့အတြက္ သိပ္ကို ဂုဏ္ယူ၀မ္းေၿမာက္ မိပါတယ္ခင္ဗ်ာ ။
အားလံုးလဲ က်ြန္ေတာ့္ကို သိၾကၿပီးသား ၿဖစ္မွာပါ ဟုတ္တယ္မလား"

ရွဲ့က်ဲ့က်ီ၏မ်က္နွာထက္တြင္ နွစ္လုိဖြယ္ အၿပဳံးေလး တစ္ပြင့္က ပြင့္လန္းလာေလၿပီ ။

ေယာက်ာ္းေလးသရုပ္ေဆာင္မ်ား အားလံုး လက္ခုပ္ၿသဘာတီးကာ ၾကိဳဆုိၾကၿပီး မိန္းကေလးသရုပ္ေဆာင္မ်ားသည္ကေတာ့ အသံၿဖိဳင္ၿဖိဳင္ကာ ေအာ္ေခၚအားေပးၾကေတာ့ေလသည္ ။

ရွဲ့က်ဲ့က်ီက ဆက္ေၿပာသည္ ။
"ဟုတ္ပါၿပီ .. က်ြန္ေတာ္ အခ်ိန္ၿဖဳန္းမေနေတာ့ပါဘူး ။ က်ြန္ေတာ္တုိ့ေတြ အင္ပါယာစကိုင္း အင္တာတိန္းမန္ရဲ့ ေၿပာေရးဆုိခြင့္ရွိသူကို ၾကိဳဆုိလုိက္ၾကရေအာင္လား"

လူသန္းေပါင္းမ်ားစြာ၏ အာရံုစုိက္မႈေအာင္တြင္ ဂူရြဲ ့က်ီနွင့္ ရီယီယီတုိ့ စင္ၿမင့္ထက္ကုိ တက္သြားၾကၿပီး အင္ပါယာစကုိင္း အင္တာတိန္းမန့္သည္ စတားအင္တာတိန္းမန့္နွင့္ လက္တြဲမည္ ၿဖစ္ပါေၾကာင္းကို ေၾကညာလာေလသည္ ။

ေယာင္က်ား၀မ္သည္ အရိုထဲ စိမ့္၀င္ေလာက္ေအာင္ ေအးစက္စြာၿဖင့္ ရီ၀မ္၀မ္ကုိ စုိက္ၾကည့္ေနသည္ ။ အင္ပါယာစကုိင္းအင္တာတိန္းမန့္သည္
စတားအင္တာတိန္းမန့္ နွင့္ လက္တြဲလုိက္ၿပီ ၿဖစ္ေသာေၾကာင့္ အခုကစၿပီးေတာ့ ရီပုိင္ ၿပန္လာနုိင္ဖို့မွာ မၿဖစ္နုိင္ေတာ့ေပ ။ အနုပညာေလာကၾကီးတစ္ခုလံုးမွာ သူတို့အပို္င္ ၿဖစ္လာေပေတာ့မည္ ။

"ဂုဏ္ယူပါတယ္ ဂုိဏ္ယူပါတယ္ ဆရာၾကီး ရီ"

"ဟားဟား သူေဌးၾကီး ရီကေတာ့ တကယ့္ကို ကံေကာင္းပါတယ္ ။ တကယ့္ကုိ ေတာ္တဲ့ ေၿမးမေလးနဲ့ ေၿမးသားမက္ေလးကို ရထားတယ္ဗ်ာ"

အင္တာတိန္းမန့္၏ စီနီယာတခ်ိဳ့က ရီဟုန္းေ၀အား ဂုဏ္ၿပဳစကား စဆုိလာၾကေတာ့သည္ ။

ရီဟုန္းေ၀သည္ စိတ္အားရမႈ မ်ားစြာၿဖင့္ ၿပန္လည္ ေခါင္းညိတ္ၿပသည္ ။

ရီယီယီ နဲ့ ဂူရြဲ ့က်ီတုိ့ စင္ၿမင့္ေပၚက ဆင္းလာၿပီးေနာက္တြင္ ေရွာင္ဟန္သည္ စင္ၿမင့္ထက္ကုိ အၿမန္တက္သြားေလၿပီ ။

"က်ြန္ေတာ္ ဒီေန့ စင္ၿမင့္ေပၚ တက္လာရတာက အားလံုးကို မေၿပာမၿဖစ္တဲ့ ကိစၥေလးတစ္ခု ရွိေနလုိ့ပါ"
ဟု ေရွာင္ဟန္ ေၿပာလုိက္ရာ ..
ခန္းမၾကီးတစ္ခုလံုး ခ်က္ခ်င္း တိတ္က်သြား၏ ။

ေရွာင္ဟန္ ေၿပာမည့္အေၾကာင္းအရာမွာ မေန့က ေမြးေန ့ပြဲ ကိစၥနဲ့ ပတ္သက္ေနမည္မွန္း လူတုိင္း သိလုိက္ၾကပါ၏ ။

"မေန့ညတုန္းက ဖူမင္းရွီက က်ြန္ေတာ့္ေမြးေန ့ပြဲကို လာၿပီး ရိုင္းပ်စြာ ေၿပာဆုိတဲ့အၿပင္ကို ကိုယ္ထိလက္ေရာက္ပါ က်ဴးလြန္ခဲ့ပါတယ္ ။ ၿပီးေတာ့ က်ြန္ေတာ္ မဖိတ္ထားဘဲ လာေရာက္ခဲ့တဲ့ ရီပုိင္ကလဲ က်ြန္ေတာ့္ခြင့္ၿပဳခ်က္ မရွိဘဲ လာၿပီး က်ြန္ေတာ့္ေမြးေန ့ပြဲကို ဖ်က္ဆီးသြားခဲ့ပါတယ္ ။ ဖူမင္းရွီကုိ က်ြန္ေတာ့္ကို ရန္လုပ္ေအာင္လုိ့ ေသြးထုိုးေပးခဲ့ ပါတယ္ ။ က်ြန္ေတာ္ အားလံုးကုိ ေမးၾကည့္ခ်င္တာက အဲ့ဒါက ဘယ္လုိအၿပဳအမူမ်ိဳးပါလဲ"

တမုဟုတ္ခ်င္းပင္ လူတုိင္းသည္ ရီ၀မ္၀မ္နွင့္ ဖူမင္းရွီ တုိ့အား ၾကည့္လုိက္ၾကေတာ့သည္ ။

ေယာင္က်ား၀မ္သည္ ၀ုန္းခနဲ ထရပ္လုိက္ၿပီး ထေၿပာေလသည္ ။

"အေကာင္းဆံုး သရုပ္ေဆာင္ဆုရွင္ ဖူ ရဲ့ စရုိက္ကို က်ြန္မတုိ့အားလံုး ေကာင္းေကာင္းၾကီး သိၾကပါတယ္ ။ ဒါက ေသခ်ာေပါက္ကို ရီပုိင္ရဲ့ အမွားပါ ။ ရီပုိင္က အရင္တုန္းကလဲ အင္ေမာ္တယ္ေခတ္ရဲ့ ရံပံုေငြေတြ ကို ေၿဖာင္ၿပီး ဒီနုိင္ငံထဲကေန ထြက္ေၿပးသြားခ့ဲတယ္ ။ သူ ့လုိ လူစားမ်ိဳးက ဒီေန့ဧည့္သည္ေတာ္ေနရာမွာ ဘယ္လုိလုပ္ၿပီး လာထုိင္နုိင္ခဲ့တာလဲေတာင္ က်ြန္မ မသိပါဘူး"

သရုပ္ေဆာင္မ်ားစြာမွာ ရီ၀မ္၀မ္အား ေသေသခ်ာခ်ာ အကဲခတ္ၾကေတာ့သည္ ။

ရွဲ့က်ဲ့က်ီမွာ မ်က္နွာထက္ အနညး္ငယ္ အံ့အားသင့္သြားၿပီး ရီ၀မ္၀မ္ဘက္ကို လွည့္ၾကည့္လာေသာ္လည္း ဘာကိုမွ မေၿပာပါေခ် ။

သူတုိ့ ေၿပာဆုိေနၾကခ်ိန္ အဘိုးၾကီးတစ္ေယာက္သည္ စင္ၿမင့္ထက္ကို တက္လာေလၿပီ ။

ထုိအဘုိးၾကီးသည္ကား ေရွာင္ဟန္၏အဘိုး ၊ ဒီတရုတ္ၿပည္က စတားအင္တာတိန္းမန့္၏ ကုမၸဏီခြဲတစ္ခုက ဒါရုိက္တာတစ္ေယာက္ ၿဖစ္ပါ၏ ။

"က်ြန္ေတာ့္အေနနဲ့ က်ြန္ေတာ္တုိ့ရဲ့ စတားအင္တာတိန္းမန့္မွာ အခုလို ၿပသနာမ်ိဳး ၿဖစ္ရတဲ့အတြက္ သိပ္ကို ရွက္မိပါတယ္ ။ ဖူမင္းရွီက စတားအင္တာတိန္းမန့္ရဲ့ စည္းကမ္းတခ်ိဳ့က သိသိသာသာကို ေဖာက္ဖ်က္ခဲ့ၿပီး စတားအင္တာတိန္းမန့္ရဲ့ နာမည္ဂုဏ္ကို ညွိဳးႏြမ္းေစခဲ့ပါတယ္ ။ ဒါေၾကာင့္ က်ြန္ေတာ္ ဒီေနရာကေနပဲ
ဖူမင္းရွီနဲ့ ခ်ဳပ္ထားတဲ့ စာခ်ဳပ္ကုိ စတားအင္တာတိန္းမန့္ ဘက္က ဖ်က္သိမ္းပါေၾကာင္း အသိေပးလိုက္ပါတယ္"
ထုိအဘိုးၾကီးက ေအးစက္စြာၿဖင့္ ေၿကညာလုိက္၏ ။

...........................................................................................

စာစဥ္ ၇၁၊ အခန္း ၁၄။ စတားရဲ့ သူေဌးကို စင္ၿမင့္ေပၚ တက္ဖုိ့ ၾကိဳဆုိလိုက္ရေအာင္

တုိက္ရုိက္အစီအစဥ္ တင္ဆက္ေနၿခင္း ၿဖစ္ေသာေၾကာင့္ တရုတ္ၿပည္၏ဖိုရမ္အသီးသီးတြင္ ထုိလုိက္ဖ္တုိ့က ပလူပ်ံေနကာ ရီ၀မ္၀မ္အား ဆဲဆုိၾကိမ္းေမာင္းလာၾကေတာ့ သည္ ။
တခ်ိဳ့သည္ ရီ၀မ္၀မ္အား သတ္မည္တကဲကဲပါ လုပ္လာၾကေလၿပီ ။

ဖူမင္းရွီ၏ သရုပ္ေဆာင္အမ်ားစုမွာ ဖူမင္းရွီအေပၚ တင္ေနသည့္ အၿပစ္တုိ့ကို ပယ္ဖ်က္ဖုိ့ရာအတြက္ ရီ၀မ္၀မ္အား သည္းၾကီးမည္းၾကီး တုိက္ခုိုက္ၾကေတာ့သည္ ။ ဖူမင္းရွီသည္ ရီ၀မ္၀မ္၏ အညွိဳ့ခံရၿခင္းသာမုိ့ ဖူမင္းရွီအတြက္ အခြင့္အေရးတစ္ခုေလာက္ ထပ္ရဖုိ့ရာ က်ိတ္ေမွွ်ာ္လင့္ကုန္ၾက၏ ။

[ မင္းရွီရဲ့ အခ်စ္ေလး ။ အဲ့ဒီေသာက္ေခြးမေၾကာင့္ မင္းရွီ ပ်က္စီးသြားရၿပီ ဂီးးးးး ]

[ ငါ့ရဲ့ေရွာင္ဟန္ကို ကာကြယ္ပါ ။ ခံရတာ နည္းေတာင္ နည္းေသးတယ္ ။ သူ ့လုိ ပုိင္းလုံးမကမ်ား ဇာမဏိငွက္ ၿဖစ္ဖုိ့ ၾကံေနေသးတယ္ ။
သူ ့ကုိယ္သူ ဘာမွတ္ေနတာလဲ ။ သူကမ်ား ဖူမင္းရွီကို သံုးၿပီး ငါ့ေရွာင္ဟန္ကုိ ရန္ၿဖစ္ခုိင္းရဲ ေသးတယ္ ]

[ ခုန္ဆြဆြ၀က္၀ံေလး ။ သူ ့လုိ မိန္းမမ်ိဳးက အသားၿပားၿဖစ္သြားေတာင္ ထိုက္တန္တယ္ ။ အား မင္းရွီေလးရာ ဘယ္လုိလုပ္ၿပီး အဲ့မိန္းမရဲ့ အၿဖားေယာင္း ခံလုိက္ရတာလဲ ။ ၿပီးေတာ့လဲ စတားအင္တာတိန္းမန့္ရဲ့ နွစ္ပတ္လည္ပြဲကိုေတာင္မွ ပင့္လာခဲ့လိုက္ေသးတယ္ ။ သူ ့ဆီမွာ အဲ့မွာ ထုိင္ေနခြင့္ ဘာရွိလုိ့လဲ ။ စတားအင္တာတိန္းမန့္ရဲ့ နွစ္ပတ္လည္ေန့ အခမ္းအနားကို တက္ဖို့ သူ ့မွာ အရည္အခ်င္းရွိတယ္လုိ့ ဘယ္သူက ေၿပာလုိ့လဲ ]

ဧည့္သည္ေတာ္ေနရာတြင္မူ ဒါရုိက္တာ က်ိဳး နွင့္ ဖူမင္းရွီတို့သည္ ေရွာင္ဟန္တုိ့ေၿမးအဘုိးအား အရူးေတြ ဆုိေသာ အၾကည့္ၿဖင့္ ၾကည့္ေနၾကေလသည္ ။

ကုမၸဏီခြဲေလးတစ္ခုက ဒါရုိက္တာကမ်ား စတားေကာ္ပုိေရးရွင္းၾကီးတစ္ခုလံုးရဲ့ သူေဌးရဲ့ ေၿမးကို အလုပ္ၿဖဳတ္ခ်င္တယ္လား .. ။
သူ အသက္ရွင္ရတာ ၿငီးေငြ ့ေနတာလား .. ။

ဖူမင္းရွီ၏မန္ေနဂ်ာမွာလည္း စိတ္ပ်က္လက္ပ်က္ၿဖင့္ ေခါင္းတခါခါ ။ အခုၿပသနာသည္ကား လက္ထဲကေန လြတ္ထြက္သြားေလၿပီ ။

အင္ပါယာစကုိင္းအင္တာတိန္းမန့္၏ အၾကီးအကဲမ်ားမွာ ရီ၀မ္၀မ္အား မဲ့ကာရြဲ ့ကာၿဖင့္ ၾကည့္ေနၾကေလသည္ ။

ဂူရြဲ ့က်ီက ေထ့ေငါ့က ရယ္ေၿပာ၏ ။

"မိန္းမတစ္ေယာက္အတြက္ အားလံုးအေရွ့မွာ အရွက္ကြဲတာက တကယ္ကို ဆုိးတာပဲ"

ရီဟုန္းေ၀သည္ ရီ၀မ္၀မ္အား စူးစူးရဲရဲ ၾကည့္ေနၿပီး လက္သီးနွစ္ဖက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ထားေလသည္ ။ ဒီေန့ ဒီေနရာတြင္ အထူးပဲြေတာ္သာ ရွိမေနရင္ သူသည္ ရီ၀မ္၀မ္အား ထိုးၿပီးေနေလာက္ေလၿပီ ။

ရွဲက်ဲ့က်ီသည္ စင္ၿမင့္ထက္တြင္ ရပ္ေနရင္းက အေနရခက္စြာၿဖင့္ ရယ္ေမာလာ၏ ။

"ေနာက္ထပ္ ... စတားအင္တာတိန္းမန့္ရဲ့ ဒါရုိက္တာ က်ိဳး နဲ့
ဒါရုိက္တာ လီ တုိ့ကို စင္ၿမင့္ေပၚကို ဖိတ္ေခၚလုိက္ရေအာင္လားဗ်ာ"

ရွဲ့က်ဲ့က်ီ၏စကားအဆံုးတြင္ ဒါရုိုက္တာ က်ိဳး နွင့္ တစ္ေခါင္းလံုး ဆြတ္ဆြတ္ၿဖဴေနေသာ အဘိုးၾကီး တစ္ေယာက္သည္ စင္ၿမင့္ထက္ကုိ တက္လာၾကေလၿပီ ။

တစ္ေခါင္းလံုး ဆြတ္ဆြတ္ၿဖဴေနေသာ အဘုိးအို ဒါရုိက္တာ လီ သည္ကား စတားအင္တာတိန္းမန့္၏ တတိယဒါရုိက္တာ ၿဖစ္ၿပီး ဒါရိုက္တာ က်ိဳး န့ဲ ခင္မင္ရင္းနွီးသူ ၿဖစ္ေသာေၾကာင့္
ဒါရုိက္တာ က်ိဳးသည္ သူ ့အား အားလံုးကုိ ေၿပာၿပထားၿပီးေလၿပီ ။

ဒါရုိက္တာ လီ သည္ ရီ၀မ္၀မ္အား ၿပံဳးကာ ၾကည့္လုိက္ၿပီး အားလံုးကုိ လွည့္ၾကည့္လုိက္သည္ ။

"တကယ္ေတာ့ က်ြန္ေတာ့္မွာ ေၿပာစရာက မ်ားမ်ားစားစား မရွိပါဘူး ။ ဒီနွစ္ရဲ့ နွစ္ပတ္လည္အခမ္းအနားပြဲက
က်ြန္ေတာ္ ၿမင္ဖူးလာခဲ့တဲ့ တစ္ေလ်ွာက္လံုးမွာ စိတ္၀င္စားစရာအေကာင္းဆံုးနဲ့ ေပ်ာ္စရာအေကာင္းဆံုး ပြဲ တစ္ပြဲလု့ိပဲ ဆုိခ်င္ပါတယ္"

သတင္းေထာက္မ်ားစြာမွာ ဒါရုိက္တာ လီ၏ စကားေၾကာင့္ စိတ္ရႈပ္ေထြးသြားၾက၏ ။

ဒါရုိက္တာ က်ိဳး သည္ ခပ္ေရးေရးေလး ၿပံဳးလာသည္ ။

"က်ြန္ေတာ့္မွာလည္း ေၿပာစရာက သိပ္မရွိပါဘူး ။ ဒါေပမယ့္ ..
ဒီေန့ အားလံုးကုိ သတင္းတစ္ခု ထုတ္ေၿပာခ်င္ပါတယ္ ။
က်ြန္ေတာ္တုိ့ စတားေကာ္ပုိေရးရွင္းရဲ့ သူေဌးၾကီးလဲ ဒီေန့ ပြဲေတာ္ကုိ ေရာက္ေနပါတယ္"

သူ ့စခန္းအဆံုး တစ္ခန္းမလံုး ပြက္ေလာရုိက္သြားၿပီး ဖုိရမ္ေပၚတြင္လည္း ပြက္ပြက္ညံသြား၏ ။

စတားေကာ္ပုိေရးရွင္းရဲ့ သူေဌးၾကီးလား ... ။

စတားအင္တာတိန္းမန္ ့တင္ မဟုတ္ဘဲ စတားေကာ္ပိုေရးရွင္းၾကီး တစ္ခုလံုး ရဲ့ သူေဌးၾကီးလား ။

စတားေကာ္ပုိေရးရွင္းသည္ လုပ္ငန္းေပါင္းမ်ားစြာကုိ လုပ္ေနၿပီး စတားအင္တာတိန္းမန့္မွာ စတားေကာ္ပုိေရးရွင္း၏ ကုမၸဏီခြဲေလးတစ္ခုသာ ၿဖစ္၏ ။

စတားေကာ္ပုိေရးရွင္းကို စေထာင္ၿပီဆိုကတည္းက စတားေကာ္ပုိေရးရွင္း၏ သူေဌးၾကီးကုိ ဘယ္သူကမွ
မေတြ ့မၿမင္ဖူးခဲ့ပါေခ် ။ သုိ့ေသာ္လည္း ထိုဆန္းၾကယ္ေသာ သူေဌးၾကီးမွာ ဒီေန့ပြဲကုိေတာ့ လာတက္ေနသည္တဲ့လား ။

လူတုိင္း သိလုိစြာၿဖင့္ ေဘးဘီ၀ဲယာကုိ ၾကည့္လုိက္မိၾကသည္ ။

"တကယ္ၾကီးလား ..."

ရီယီယီသည္လည္း အံ့အားသင့္စြာၿဖင့္ ေဘးဘီ၀ဲယာကုိ လုိက္ၾကည့္မိ၏ ။

ဂူရြဲ ့က်ီသည္ ခ်က္ခ်င္းပင္ စိတ္အားတက္ၾကြလာ၏ ။

ငါ စတားေကာ္ပိုေရးရွင္းရဲ့ သူေဌးကုိ ေသေသခ်ာခ်ာ ၾကည့္ရမယ္ ... ။

ရီဟုန္းေ၀သည္ပင္ ကုိယ္ကုိ ဆန့္တန္းမိၿပီး အနား၀န္းက်င္ကို လိုက္ၾကည့္မိသည္ ။
ဘယ္သူကမွ စတားေကာ္ပုိေရးရွင္း၏ သူေဌးဆုိသူအား
မေတြ ့ၾကပါေခ် ။ ေရွာင္ဟန္တုိ့ ေၿမးအဘိုးလည္း အံ့ၿသသြား၏ ။

....................................................................................

စာစဥ္ ၇၁၊ အခန္း ၁၅။ ရီ၀မ္၀မ္က စတားရဲ့ သူေဌးၾကီး

"သူေဌး ေရာက္ေနတာလား"

ေရွာင္ဟန္သည္ သူ ့အဘိုးအား ၾကည့္လိုက္၏ ။

အဘုိးၾကီးမွာ မ်က္ေမွာင္ၾကဳတ္လာသည္ ။

"သူေဌး တရုတ္ကုိ ေရာက္လာတယ္လုိ့ေတာ့ ၾကားမိတယ္ ...
ဒါေပမယ့္ သူေဌးတုိ့အဖြဲ ့ကို သြားၾကိဳရတဲ့သူက ငါတု့ိေတာ့
မဟုတ္ဘူး ။ အစက လမ္းၾကံဳလုိ့ ၀င္လာၾကည့္ရံု သေဘာေလာက္ပဲ ၿဖစ္မွာလုိ့ ငါ ထင္ထားတာ ...
ဒီနွစ္ နွစ္ပတ္လည္ပြဲကို လာတက္တယ္လား ။
က်ိဳးေထာင္နဲ့ လီဖူ ငါ့ကို ဘာမွလဲ မေၿပာၾကပါလား"

ဒါရုိက္တာ က်ိဳးက ၿပံဳးလုိက္ကာ ဆက္ႏႈတ္ဆက္ေပးသည္ ။

"ေနာက္ထပ္အေနနဲ့ က်ြန္ေတာ္တုိ့ စတားေကာ္ပိုေရးရွင္းရဲ့ သူေဌးၾကီး တက္လာၿပီးေတာ့ အားလံုးကုိ ႏႈတ္ဆက္ပါလိမ့္မယ္"

ခန္းမၾကီးထဲ လက္ခုပ္သံ တေၿဖာင္းေၿဖာင္း ၿမည္လာသည္ ။

အြန္လိုင္းေပၚက အင္တာနက္သံုးသူမ်ားသည္လည္း
အသက္ကို ေအာင့္မိၾကရင္း ေစာင့္ေနမိၾကသလုိ အားလံုးသည္ စတားေကာ္ပိုေရးရွင္း၏ သူေဌးၾကီး ေပၚထြက္လာမွာကုိ ရင္သပ္ရႈေမာစြာ ေစာင့္ေနၾကသည္မို့ ကြန္မန့္တုိ့သည္ပင္ ေနွးက်သြားေလၿပီ ။

သုိ့ေသာ္ ဖန္သားၿပင္ထက္တြင္ သူတို့ ၿမင္လုိက္ရသည္ကား အနက္ေရာင္၀တ္စံုကို ၀တ္ဆင္ထားသည့္ ရီ၀မ္၀မ္သည္ ခပ္တည္တည္ပင္ ထလုိက္ကာ စင္ၿမင့္ထက္ကုိ ေလ်ွာက္လာေလၿပီ ။

ခန္းမၾကီးထဲတြင္ ရီယီယီနဲ့ ဂူရြဲ ့က်ီတုိ့ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လုိက္မိၾကသည္ ။

အဲ့တစ္ေယာက္ ဘာတက္လုပ္မလို့လဲ ။ ဒီနည္းကို သံုးၿပီးေတာ့ စတားေကာ္ပုိေရးရွင္းရဲ့ သူေဌးၾကီး စိတ္၀င္စားေအာင္ လုပ္မလုိ့လား ။

"သနားစရာပဲ" ဂူရြဲ ့က်ီက စုတ္သပ္၏ ။

"သူေတာ့ တကယ္ ရူးသြားၿပီးနဲ့ တူတယ္"
ရီယီယီက ေၿခာက္ကပ္စြာ မွတ္ခ်က္ေပးသည္ ။

အင္ပါယာစကုိင္းမွ အၾကီးအကဲတခ်ိဳ့နွင့္ သရုပ္ေဆာင္တစ္ခ်ိဳ့ မွာလည္း ရီ၀မ္၀မ္အား ဇေ၀ဇ၀ါ ၿဖင့္ ၾကည့္ေနၾကသည္ ။

ဖူမင္းရွီ၏မန္ေနဂ်ာမွာ အံ့အားသင့္စြာၿဖင့္ ရီ၀မ္၀မ္အား ၾကည့္ေနသည္ ။

"သူ ဘာလုပ္ေနတာလဲ ။ မင္းရဲ့ပါတနာ ရူးသြားတာလား"

ဖူမင္းရွီသည္ သူ ့မန္ေနဂ်ာကို ၾကည့္ကာ ၿပန္မေၿဖေပ ။

အေနာက္က ထုိင္ခံုတြင္မူ ကုန္ရႊီသည္ မ်က္လံုးတုိ့ကုိ ပြတ္သပ္ေနၿပီး သူ ့နံေဘးက လ်ိဳခ်န္းဘက္ကုိ လွည့္ၾကည့္လုိက္သည္ ။

လခြမ္း .. အစ္ကုိရီ ဘာလုပ္မလုိ့လဲ ။

လ်ဳိခ်န္းသ္ မ်က္ေမွာင္ၾကဳတ္ကာ ေခါင္းအသာယမ္းသည္ ။

"ငါက ဘယ္လိုလုပ္ သိမွာလဲ"

ဟန္ရွန္းယြီ၏ ရင္ထဲတြင္ ခံစားခ်က္တစ္ခုက ၿဖိဳးၿဖိဳးဖ်ဖ်
၀င္လာေလၿပီ ။

ရီပုိင္က ဒီလုိ ပြဲမ်ိဳးမွာ မလုပ္သင့္တာ လုပ္သင့္တာကုိ ေကာင္းေကာင္းသိတဲ့လူစားမ်ိဳးပါ ။ တၿခားသူေတြ ေၿပာေနသလုိမ်ိဳး စတားေကာ္ပုိေရးရွင္းရဲ့ သူေဌးၾကီး မ်က္စိက်ေအာင္လုိ့ လုပ္ေနတာမ်ိဳး ၿဖစ္စရာအေၾကာင္း လံုး၀ မရွိဘူး ... ။

တရုတ္ၿပည္၏ အြန္လိုင္းေပၚတြင္ ။

[ ေလနဲ့အတူ အကုန္ပါသြားၿပီ : အဲ့ဟာမေလးက ရူးမ်ားသြားတာလား ။ သူတုိ့က စတားရဲ့ သူေဌးၾကီးကို စင္ေပၚကို ဖိတ္ေနတာလဲ ။
သူက ဘာကိစၥ ထရပ္ရတာလဲ ]

[ ဒက္ဒီရဲ့ အခ်စ္ေတာ္ေလး ။ ဟက္ .. ဖူမင္းရွီက ခ်ဴစားရတာ အားမရေသးလို့ စတားရဲ့ သူေဌးၾကီး မ်က္စိက်ေအာင္ လုပ္ေနတာလို့ေတာ့ မေၿပာနဲ့ေနာ္ ]

[ ဘီဘီက်ဴ ။ သူကလား ... စတားရဲ့ သူေဌးၾကီး မ်က္စိက်ေအာင္ လုပ္ခ်င္တယ္လား ။ စတားရဲ့ သူေဌးၾကီးက ဘယ္လိုရုပ္မ်ိဳး ရွိလဲဆုိတာေတာင္ သူ သိလုိ့လား ။ သူေဌးၾကီးပါဆုိေန မၿမင္ဖူးတဲ့ မိန္းမေရာ မရွိမွာမလို့လား ။ ဒီလုိေခြးမကို မ်က္စိက်ပါလိမ့္မယ္ အားၾကီးၾကီး ]

[ ေရွာင္ဟန္ကုိ ခ်စ္တယ္ ။ ဆင္းလာခဲ့စမ္း .. အဲ့စင္ေပၚကေန ဆင္းလာခဲ့စမ္း ]

ခန္းမ၏ ဧည့္သည္ေတာ္ေနရာတြင္မူ ရီဟုန္းေ၀သည္
ေဒါသေၾကာင့္ နီရဲကာ တဆတ္ဆတ္ တုန္ေနေလသည္ ။
သူသည္ ရီယီယီ နွင့္ ဂူရြဲ ့က်ီဘက္ကို လွည့္လုိက္ကာ ..

"သြားစမ္း .. အဲ့ဟာမေလးကုိ ဒီကုိ ၿပန္ဆြဲေခၚလာခဲ့ၾက ။ အဲ့ဒီက်က္သေရတုံးမေၾကာင့္ ငါတု့ိ ရီ မိသားစု လံုးလံုး မ်က္နွာပ်က္ရေတာ့မယ္ ။ စတားေကာ္ပုိေရးရွင္းရဲ့ သူေဌးၾကီးက အၿပစ္တင္လာရင္ ဘယ္လိုလုပ္မလဲ ။ သူ လုပ္တဲ့အၿပစ္ကို ငါတုိ့ရီမိသားစုနဲ့ အင္ပါယာစကုိင္း အင္တာတိန္းမန့္က တာ၀န္ယူရရင္ ဘယ္လုိလုပ္မလဲ"

သို့ေသာ္လည္း ရီ၀မ္၀မ္မွာ စင္ၿမင့္ထက္ကို ေရာက္သြားေလၿပီ ။

"မေတြ ့ရတာ ၾကာၿပီေနာ္ ရွဲ့က်ဲ့က်ီ"

ရီ၀မ္၀မ္သည္ စင္ၿမင့္ေပၚတြင္ ရွိေနသည့္ ရွဲ့က်ဲ့က်ီအား ႏူးႏူးညံ့ညံ့ေလး ႏႈတ္ဆက္လိုက္၏ ။

"မေတြ ့ရတာ တကယ္ၾကီး ၾကာပါၿပီဗ်ာ ။ ငါတုိ့ ညစာစားၿပီးထဲက
မေတြ ့ၿဖစ္တာဆုိေတာ့ တစ္သက္ေလာက္ ၾကာသြားၿပီလားေတာင္ ထင္ရတယ္"

ရွဲ့က်ဲ့က်ီက အၿပံဳးေလးၿဖင့္ ၿပန္ေၿဖသည္ ။

ရီ၀မ္၀မ္သည္ ေတြးၾကည့္လုိက္မိ၏ ။

တကယ္ပင္ မေတြ ့ရတာ တစ္သက္ေလာက္ ၾကာသြားသလိုပင္ ။

"အဲ့တစ္ေယာက္က ရွဲ့က်ဲ့က်ီကိုေတာင္ သိေနတာလား ။ မဟုတ္ေသးဘူး ေနဦး .. ရွဲ့က်ဲ့က်ီက သူ ့ကုိ တကယ္ၾကီး သိေနသလုိပဲ"

"မဟုတ္ေလာက္ပါဘူးေနာ္ .. ရွဲ့က်ဲ့က်ီလို လူမ်ိဳးက ရီပုိင္ကုိ ဘယ္လိုလုပ္ၿပီး သိနုိင္မွာလဲ ။ ဒါေပမယ့္ သူတို့နွစ္ေယာက္ပံုစံက သူငယ္ခ်င္းေတြအတုိင္းပဲလားလို့"

အနုပညာရွင္တစ္ခ်ိဳ့ကေတာ့ ပါးစပ္အေဟာင္းသား ၿဖစ္ေနမိၾက၏ ။

"အားလံုးပဲ တိတ္တိတ္ေလး ေနေပးလုိ့ ရမလား"

ရီ၀မ္၀မ္သည္ စိတ္မရွည္စြာၿဖင့္ မ်က္ေမွာင္ၾကဳတ္ကာ ေၿပာလိုက္၏ ။

သရုပ္ေဆာင္မ်ားစြာမွာ မေက်မနပ္ ၿဖစ္သြားၾက၏ ။

ရီပုိင္က ငါတုိ့ကုိ တိတ္တိတ္ေနခုိင္းရေအာင္ သူ ့ကုိယ္သူ ဘာမ်ား မွတ္ေနတာလဲ ။

"ဟားဟား စိတ္မဆုိးပါနဲ့ သူေဌးရာ ။ လူတိုင္းက သူေဌးကို
ပထမဆံုး ေတြ ့ဖူးၾကတာဆုိေတာ့ စိတ္လႈပ္ရွားေနၾကလုိ့ပါ ။ ဒီနွစ္ စတားအင္တာတိန္းမန့္ရဲ့ နွစ္ပတ္လည္ပြဲကုိ သူေဌးလာတက္တာကို လူတိုင္းက ဂုဏ္ယူေနၾကတာပါ"

စင္ၿမင့္ထက္တြင္ ဒါရုိက္တာ က်ိဳး သည္ ရီ၀မ္၀မ္ ဘက္ကို လွည့္ၿပီး ၿပံဳးကာ ေၿပာေနသည္ ။

........................................................................................

စာစဥ္ ၇၁၊ အခန္း ၁၆။ ဘယ္လုိဟာသလဲ

ရီ၀မ္၀မ္နံေဘးတြင္ ရပ္ေနသည့္ ဒါရုိက္တာ က်ိဳး သည္ ႏူးညံ့စြာ ၿပံဳးေနရင္းက ခန္းမၾကီးဘက္ကုိ ၾကည့္လုိက္ကာ ..

"အားလံုးပဲ က်ြန္ေတာ့္ေဘးမွာ ရပ္ေနတဲ့ ဒီအမ်ိဳးသမီးကို ရင္းနွီးၾကမယ္လုိ့ ယံုၾကည္ပါတယ္ ။
သူ ့ရဲ့နာမည္က ရီပုိင္ပါ အင္ေမာ္တယ္ေခတ္ကို တစ္ေယာက္ထဲ တည္ေထာင္ထားခဲ့တဲ့သူပါ ။ ဒါေပမယ့္ ဥကၠဌ ရီ မွာက တၿခားနာမည္တစ္ခုလဲ ရွိေနပါတယ္ ။ ဥကၠဌ ရီ က အင္ေမာ္တယ္ေခတ္ကို တည္ေထာင္သူဆုိတဲ့အၿပင္ကုိ က်ြန္ေတာ္တုိ့ စတားေကာ္ပုိေရးရွင္းၾကီးရဲ့ သူေဌးၾကီး ၿဖစ္တာကိုေတာ့ လူတုိင္း မသိၾကေလာက္ဘူးလို့ ထင္ပါတယ ။ က်ြန္ေတာ္ အခု ေၿပာေနတာက စတားအင္တာတိန္းမန့္ေလးကို ေၿပာေနတာ မဟုတ္ဘူး ဆုိတာကို ေသေသခ်ာခ်ာေလး ထပ္ေၿပာပါရေစ ။
ဥကၠဌ ရီ က က်ြန္ေတာ္တို့ စတားေကာ္ပုိေရးရွင္းၾကီး တစ္ခုလံးုးရဲ့ သူေဌးၾကီး ပါ"

"ဟားဟား ဒါရုိက္တာ က်ိဳး ကုိ ေက်းဇူးတင္ရမွာပါ ။ ဒါရုိက္တာ က်ိဳး က ထပ္တလဲလဲ ဖိတ္ၾကားလြန္းလို့သာ ဥကၠဌ ရီ က ဒီနွစ္ရဲ့ ပြဲကုိ လာတက္ေရာက္ေပးတာပါ ။ က်ြန္ေတာ့္အေနနဲ့ က်ြန္ေတာ္တုိ့ကုိ မ်က္နွာသာေပးတဲ့အေနနဲ့ ၾကြေရာက္လာေပးတဲ့ ဥကၠဌရီကုိ စတားအင္တာတိန္းမန့္က သရုပ္ေဆာင္ေတြနဲ ့ ၀န္ထမ္းေတြကိုယ္စား ေက်းဇူးတင္ေၾကာင္း ေၿပာပါရေစ"

အဘိုးၾကီး ဒါရုိက္တာ လီ သည္လည္း အၿမန္ ၀င္ေၿပာလာသည္ ။

လူတုိင္း ရီ၀မ္၀မ္အား ၿပဴးၾကည့္ေနမိၾက၏ ။
လူတခ်ိဳ့ဆို သရဲတစ္ေကာင္ကို ၿမင္လုိက္ရသည့္အလားနွယ္ မ်က္လံုးၿပဴးကာ ပါးစပ္ၾကီး ၿပဲေနၾကေလသည္ ။

တိတ္ဆိတ္ေန၏ ။

ဒါရုိက္တာ က်ိဳး နွင့္ ဒါရုိက္တာ လီ ၏ စကားအဆံုးတြင္ ခန္းမၾကီးတစ္ခုလံုး တိတ္က်သြားသည္မွာ အပ္က်သံကိုပင္ ၾကားနုိင္ေလာက္၏ ။

ဒါရုိက္တာ က်ိဳး နွင့္ ဒါရုိက္တာ လီ နွစ္ေယာက္စလံုး သည္ တရုတ္ၿပည္က စတားအင္တာတိန္းမန့္၏ ထိပ္တန္းဒါရုိက္တာမ်ား ၿဖစ္ၾကေသာေၾကာင့္ ညာေၿပာစရာ ဘာအေၾကာင္းမွ မရွိပါေခ် ။

စတားေကာ္ပုိေရးရွင္း၏ သူေဌးၾကီး ေပၚလာၿခင္းကိစၥမွာ အခုလိုေနရာမ်ိဳးတြင္ စေနာက္ေၿပာၿခင္း မည္သုိ့မွ မၿဖစ္နုိင္ေပ ။ မဟုတ္ပါက ဒါရိုက္တာ က်ိဳး နွင့္ ဒါရုိက္တာ လီ နွစ္ေယာက္စလံုး အလုပ္ပါ ၿပဳတ္သြားနုိင္ေပသည္ ။

ေရွာင္ဟန္သည္ ပါးစပ္အေဟာင္းသား ၿဖစ္ေနၿပီး
သူ ့လုိပင္ ပါးစပ္အေဟာင္းသား ၿဖစ္ေနေသာ အဘိုးဘက္ကုိ လွည့္ၾကည့္လုိက္မိ၏ ။

"ဘယ္..ဘယ္လိုလုပ္... ဘယ္လုိလုပ္ၿပီး ၿဖစ္နုိင္မွာလဲ"

ေရွာင္ဟန္၏အဘိုးသည္ ရီ၀မ္၀မ္အား ၾကည့္ေနရင္း အသက္ရွဴသံတုိ့ ေလးလံလာကာ နဖူထက္တြင္ ေခ်ြးပ်ံေနေလၿပီ ။

အဲ့မိန္းမက .. ဘယ္လိုလုပ္ ၿဖစ္နုိင္မွာလဲ ။

စတားအင္တာတိန္းမန္၏ ဒါရုိက္တာေတြထဲက တစ္ေယာက္အေနၿဖင့္ စတားေကာ္ပိုေရးရွင္း၏ သူေဌးမွာ အသက္ၾကီးၾကီး ေယာက်ာ္းတစ္ေယာက္မွန္းကုိ သိေနပါ၏ ။

အခု လာသည္က သူေဌး မဟုတ္ဘူး ။
သူေဌးရဲ့ သူေဌးၾကီး ၿဖစ္ေနတာ ဟုတ္ၿပီလား ။
ဒါဆုိ စတားေကာ္ပုိေရးရွင္းရဲ့ သူေဌးက ဒီမိန္းမရဲ့ ေအာက္မွာ အလုပ္လုပ္ေနတာေပါ့ ။

"ဘိုးဘိုး .. သူက စတားေကာ္ပိုေရးရွင္းရဲ့ သူေဌးၾကီးလား ။ ဘယ္လိုလုပ္ ၿဖစ္နုိင္မွာလဲ .. ဟုိအဘိုးၾကီးနွစ္ေယာက္ ေပါင္းၿပီး ညာေနတာပဲ ၿဖစ္ရမယ္ .. သူတုိ့ တစ္ခုခု ၾကံေနတာပဲ ေနမယ္"

ေရွာင္ဟန္က ခ်က္ခ်င္းကို ထစြပ္စြဲေလသည္ ။

အဘိုးၾကီးသည္ ခ်က္ခ်င္း ေရွာင္ဟန္ဘက္ကို လွည့္ၿပီး မ်က္နွာကို ရုိက္ခ်ပစ္လုိက္ေသာေၾကာင့္ ..

"ဘိုးဘိုး .. " ေရွာင္ဟန္သည္ သူ ့မ်က္နွာကို လက္နဲ့အုပ္ကာ တအံ့တၿသ ၿဖစ္ေန၏ ။

"တိတ္စမ္း"

အဘိုးၿဖစ္သူမွာ သူ ့ကုိ စိမ္းစိမ္း၀ါး၀ါး ၾကည့္လိုက္ၿပီး ...
"မင္းေၾကာင့္ ငါပါ ပ်က္စီးရၿပီ ေခြးသား"

တစ္ၿခားတစ္ဖက္တြင္မူ ရီယီယီမွာ စင္ၿမင့္ထက္တြင္ ၀င့္ထည္စြာ ရပ္ေနေသာ ရီ၀မ္၀မ္အား တအံ့တၿသၿဖင့္ ၾကည့္ေနမိသည္ ။
ရီယီယီ၏နံေဘးတြင္မူ ဂူရြဲ ့က်ီသည္ လံုး၀တုန္လႈပ္စြာၿဖင့္
ရီ၀မ္၀မ္အား ေငးၾကည့္ေနသည္ ။

ရီ၀မ္၀မ္က .. စတားေကာ္ပိုေရးရွင္းၾကီးရဲ့ သူေဌးလား ။
ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ ။
ဘယ္လုိလုပ္ၿပီး .. ၿဖစ္နုိင္မွာလဲ ။

"ဒါရုိက္တာ က်ိဳး နဲ့ ဒါရုိက္တာ လီ တုိ့ ေစာနက ဘာေၿပာလိုက္တာလဲ ။ ရီ၀မ္၀မ္က စတားေကာ္ပိုေရးရွင္းၾကီးရဲ့ သူေဌး .. ဟုတ္လား"

ရီဟုန္းေ၀မွာ နားၾကားမ်ား မွားသြားေလၿခင္းလားဟု ေတြးကာ မ်က္ေမွာင္အၾကဳတ္ၾကီး ၾကဳတ္ေနသည္ ။

သူသည္ ရီ၀မ္၀မ္၏ အစြမ္းအစကုိ သိထားပါ၏ ။

ရီ၀မ္၀မ္က စတားေကာ္ပိုေရးရွင္းၾကီး၏ သူေဌး ဆုိသည္မွာ ဘယ္လုိဟာသမ်ိဳးၾကီးလဲ ။

"ဒါ လံုး၀ မၿဖစ္နုိင္ဘူး"

ေယာင္က်ား၀မ္မွာ ရင္ထဲ တဒုန္းဒုန္း ခုန္ေနေလၿပီ ။

ရီပုိင္က စတားေကာ္ပိုေရးရွင္းရဲ့ သူေဌးၾကီး ဘယ္လုိမွ မၿဖစ္နုိင္ဘူး ။

...........................................................................................

စာစဥ္ ၇၁၊ အခန္း ၁၇။ ဥကၠဌ ရီ စကားနည္းနည္းေလာက္ ေၿပာေပးပါလား

လုိက္ဖ္ေပၚတြင္လည္း လံုး၀ကို ပြက္ေလာညံကုန္သည္ ။

[ က်ဲ့က်ီေလးကို မေစာင့္နုိင္ေတာ့ဘူး ။ ဟားဟားဟား ငါေတာ့ ရယ္ရလြန္းလုိ့ ေသေတာ့မွာပဲ ... ပြဲကေတာ့ ေကာင္းၿပီ ။ ရီပုိင္က ၿပန္လာနုိင္ဖို့အတြက္ ဖူမင္းရွီကုိ ကပ္ထားပါတယ္လုိ့ ေၿပာေနတဲ့ လူေတြ ဘယ္ေရာက္ကုန္ ၿပီလဲ ]

[ ဗုဒၶၾကြလာၿပီ ။ ဟားဟား .. လက္စသတ္ေတာ့ ရီပုိင္က စတားေကာ္ပိုေရးရွင္းရဲ့ သူေဌးမ ၿဖစ္ေနတာကုိး ။ ေရွာင္ဟန္ .. ဖူမင္းရွီ .. ပြင့္ပြင့္လင္းလင္း ေၿပာရရင္ သူတုိ့က ရီပုိင္အတြက္ အလုပ္လုပ္ေပးေနရတဲ့သူေတြ အဆင့္ပဲ ရွိတယ္ ။ ရီပုိင္ကို သတ္ပစ္မယ္လုိ့ ေၿပာတဲ့လူေတြ ဘယ္ေၿပးကုန္ၿပီလဲ ။ ၿမန္ၿမန္သြားၾကစမ္း .. ကုိယ့္ကိုယ္ကုိ လာအရွက္ခြဲမေနၾကနဲ့ ]

[ က်ြန္ေတာ့္မွာ ဇနီးေခ်ာေခ်ာေလး ရွိတယ္ ။ ေစာနတုန္းက လူတစ္ေယာက္က ရီပုိင္ကုိ အနုပညာေလာကကေန ေမာင္းထုတ္ပစ္မယ္လုိ့ ေၿပာတဲ့သူ ရွိတာ ၿမင္မိပါတယ္ ။ ၿပီးေတာ့လဲ ဘာတဲ့ ရီပုိင္က အင္ေမာ္တယ္ေခတ္ရဲ့ ရံပံုေငြ ေတြကို ခုိးယူသြားပါတယ္ဆုိပဲ ။ စတားအင္တာတိန္းမန့္က စတားေကာ္ပုိေရးရွင္းၾကီးရဲ့ ေအာက္က ကုမၸဏီငယ္ေလး တစ္ခုပဲ ၿပီးေတာ့ ရီပုိင္က စတားေကာ္ပုိေရးရွင္းၾကီးရဲ့ ပုိင္ရွင္ၾကီး ၿဖစ္ေနတာ .. ဒါနဲ့မ်ား သူက အင္ေမာ္တယ္ေခတ္ရဲ့ ေငြေတြကုိ ခုိးသြားပါတယ္လုိ့ စြပ္စြဲၾကေသးတယ္ .. အဲ့လုိ ေၿပာထြက္တဲ့သူကို တကယ့္ကို ေလးစားတယ္ ]

ရီ၀မ္၀မ္ ရဲ့ သရုပ္မွန္ကို ေၾကညာလုိက္ၿပီးေနာက္
ခ်က္ခ်င္းပင္ ရီပုိင္၏ပရိသတ္မ်ားမွာ အားလိုအားရ ၿဖစ္လာကာ အားၿပည့္မာန္ၿပည့္ ၿဖစ္လာၾကေလၿပီ ။

ရီပုိင္ကုိ ၀ုိင္းေၿပာခဲ့ၾကေသာ ထုိအင္တာနက္သံုးသူမ်ားသည္ကေတာ့ ခ်က္ခ်င္း ၿငိမ္က်သြားၾကေတာ့ကာ တစ္ေယာက္မွ ေရွ့ထြက္ ေၿပာမလာရဲၾကေတာ့ေပ ။

စတားေကာ္ပုိေရးရွင္းရဲ့့ သူေဌးမက ဖူမင္းရွီဆီကေန ကပ္စားဖို့ လုိလို့လား ။ ေရွာင္ဟန္ကို ပ်က္စီးေအာင္ လုပ္ခ်င္တာမ်ား
ဖူမင္းရွီကုိ သံုးေနစရာ လုိလို့လား ။

ရီ၀မ္၀မ္ရဲ့ စကားတစ္ခြန္းနဲ့တင္ကို ဖူမင္းရွီေရာ ေရွာင္ဟန္ေရာ နွစ္ေယာက္စလံုး အလုပ္ၿပဳတ္သြားနုိင္တဲ့ဟာ .. ။

ထုိအခုိက္ ရီပုိင္နဲ့ အက်ြမ္းတ၀င္ ရွိၾကေသာ သရုပ္ေဆာင္မ်ား ၿဖစ္သည့္ လ်ိဳခ်န္း ၊ ကုန္ရႊီ ၊ ဟန္ရွန္းတုိ့အားလံုးမွာ ရီ၀မ္၀မ္ကုိ သရဲမတစ္ေယာက္ကို ၿမင္ေနရသလုိ ေၾကာင္ၾကည့္ေနမိၾကေလသည္ ။

"လခြမ္း ... ေသာက္က်ိဳးနဲ .. အစ္ကုိ ရီ က .. စတားေကာ္ပိုေရးရွင္းရဲ့ သူေဌးလား ။ ငါ အိပ္မက္မက္ေနတာမ်ားလား"

ကုန္ရႊီသည္ လ်ိဳခ်န္းနဲ့ က်န္းယန္ရန္ကုိ ၾကည့္ကာ ေမးလာသည္ ။

"အဲ .. ငါလဲ မသိဘူးေလ .."

က်န္းယန္ရန္သည္ ေခါင္းကို ခါၿပ၏ ။

သူမသည္ ရီ၀မ္၀မ္ ထိုကိစၥကုိ ေၿပာၿပတာကုိ တစ္ခါမွ
မၾကားခဲ့ဖူးပါေခ် ... ။

"စတားအင္တာတိန္းမန့္ရဲ့ ဒါရိုက္တာ က်ိဳး နဲ့ ဒါရုိက္တာ လီ တုိ့က ေၿပာေနတာပဲဟာ ။ ညာေနတာ ဟုတ္ပါ့မလား"

လ်ိဳခ်န္းသည္ မယံုၾကည္နုိင္ ၿဖစ္မိေနေသာ္လည္း စတားအင္တာတိန္းမန့္၏ ဒါရိုက္တာ နွစ္ေယာက္က ေၾကညာသြားတာမို့ ထုိသည္မွာ မမွားနုိင္ပါေခ် ။

"ဒါဆုိ .. ဒါဆုိ ငါတုိ့က .. မင္းသားေလးေတ ၿဖစ္သြားၿပီေပါ့"
ကုန္ရႊီက တအ့ံတၿသၿဖစ္ရာကေန ထေမးလာသည္ ။

ဟန္ရွန္းယြီ ။ "..."

လ်ိဳခ်န္း ။ "..."

က်န္းယန္ရန္ ။ "ဒါဆုိ ငါက မင္းသမီးေလးေပါ့ ..."

ရီဟုန္းေ၀သည္ ထိုဒါရုိက္တာနွစ္ေယာက္ကို ၾကည့္ေနရင္းက ၀ုန္းခနဲ ထရပ္လုိက္ကာ ..

"ဒါရိုက္တာ က်ိဳး .. ဒါရုိက္တာ လီ .. ဒါရုိက္တာတုိ့ ေၿပာလိုက္တာက သူက စတားေကာ္ပုိေရးရွင္းရဲ့ ပုိင္ရွင္လုိ့လား .. ဒါေပမယ့္ ဒါက မၿဖစ္မွ မၿဖစ္နုိင္တာ ။ စတားေကာ္ပိုေရးရွင္းကို တည္ေထာင္ထားတာၿဖင့္ နွစ္ေပါင္းမ်ားစြာ ရွိေနၿပီ .. ဒါေပမယ့္ သူ ့အသက္က ဘယ္ေလာက္ပဲ ရွိေသးလုိ့လဲ"

ဒါရုိက္တာ က်ိဳး သည္ ရီဟုန္းေ၀အား ၾကည့္ကာ ၿပံဳးလာၿပီး ..

"ဆရာၾကီး ရီ က ဘာကုိ ေၿပာေနတာပါလဲ ။ ဒါရိုက္တာ လီ နဲ့ က်ြန္ေတာ္က ဒီလုိကိစၥမ်ိဳးကုိ ေနာက္ေၿပာင္ရဲပါ့မလား"

ရီဟုန္းေ၀သည္ မ်က္ေမွာင္ၾကီး ၾကဳတ္ထားၿပီး ရီ၀မ္၀မ္အား ၾကည့္လိုက္သည္ ။

ရီ၀မ္၀မ္သာ စတားေကာ္ပိုေရးရွင္းရဲ့ ပုိင္ရွင္ ဆုိရင္
အရင္တုန္းက အိမ္မွာ ဘာလို့ တစ္ခြန္းေတာင္ မဟခဲ့ရတာလဲ ။
ၿပီးေတာ့ .. ဒါ အဓိပၸာယ္မရွိလြန္းဘူး .. ။

"၀မ္၀မ္ .. ေၿမးက စတားေကာ္ပိုေရးရွင္းရဲ့ ပိုင္ရွင္ ဆုိမွေတာ့ အင္ပါယာစကုိင္းအင္တာတိန္းမန့္နဲ့ စတားအင္တာတိန္းမန့္ က အခုကစၿပီးေတာ့ ညီအစ္မေတြ ၿဖစ္သြားၿပီေပါ့"

ရီဟုန္းေ၀သည္ ခ်က္ခ်င္းပင္ ရီ၀မ္၀မ္အား အမိန့္ေပး၏ ။

သို့ေသာ္လည္း ရီ၀မ္၀မ္သည္ သူ ့အား တစ္ခြန္း ၿပန္မေၿဖသလုိ တစ္ခ်က္ပင္ မၾကည့္လာပါေခ် ။

"ဟားဟား ဥကၠဌ ရီ စင္ၿမင့္ေပၚ တက္လာၿပီးမွေတာ့ မိန့္ခြန္းေလး နည္းနည္းပါးပါး ေၿပာပါဦးလား"
ဒါရုိက္တာ က်ိဳးက ရီ၀မ္၀မ္ကုိ ေၿပာလိုက္၏ ။

"ေကာင္းပါၿပီ ဒါရုိက္တာ က်ိဳး က ေၿပာေနမွေတာ့ နည္းနည္းပါးပါး ေၿပာရမွာေပါ့"

ရီ၀မ္၀မ္သည္ ေခါင္းေမာ့လာၿပီး ခန္းမၾကီးကို ေ၀့ၾကည့္လုိက္ၿပီးေနာက္ တည္ၿငိမ္စြာၿဖင့္ ေၿပာဆုိလာသည္ ။

"မေန့တုန္းက ေရွာင္ဟန္ရဲ့ေမြးေန့ပြဲမွာ ေရွာင္ဟန္ကို ဖူမင္းရွီကုိ ရန္လုပ္ခဲ့တယ္ဆုိတာ အမွန္ပဲ ။ အဲ့ဒါကလဲ က်ြန္မ ဆႏၵအတုိင္းပဲ .. ေရွာင္ဟန္က နာမည္ေက်ာ္ၾကားတယ္ ၊ ေနာက္ခံအသုိင္းအ၀ိုင္း ၾကီးတယ္ဆုိၿပီးေတာ့ လူတုိင္းကို အထင္ေသးအၿမင္ေသးနဲ့ ဆက္ဆံတယ္ ။ သရုပ္ေဆာင္ငယ္ေလးေတြကုိ ခနခန ရမ္းကားၿပီး အနုပညာေလာကအေပၚမွာ ေလးစားမႈ လံုး၀ မရွိဘူး ။
ဒါေၾကာင့္ က်ြန္မ ဒီေနရာကေနပဲ ေၾကညာလုိက္ပါမယ္ ။ စတားအင္တာတိန္းမန့္ဘက္ကေန က်ြန္မတုိ့ရဲ့ သရုပ္ေဆာင္ ေရွာင္ဟန္နဲ့ ခ်ဳပ္ထားတဲ့ စာခ်ဳပ္ကို ဖ်က္သိမ္းပါတယ္"

..................................................................................

စာစဥ္ ၇၁၊ အခန္း ၁၈။ ဘာမုိ့လုိ့

ေရွာင္ဟန္က ထရပ္ၿပီး ရီ၀မ္၀မ္ကုိ လက္ညွိဳးထုိးကာ ..

"င့ါစာခ်ဳပ္ကို ဖ်က္သိမ္းရေအာင္ မင္းမွာ ဘာအခြင့္အေရး ရွိလို့လဲ .. မင္းက စတားေကာ္ပိုေရးရွင္းရဲ့ ပိုင္ရွင္ပါလုိ့ ေၿပာလုိက္ရံုနဲ့ပဲ
ပုိင္ရွင္ ၿဖစ္သြားေရာလား မင္း .."

ေရွာင္ဟန္ စကားေၿပာလုိ့ မၿပီးေသးခင္ ဒါရိုက္တာ က်ိဳး သည္ စိတ္မရွည္စြာၿဖင့္ လက္ကုိ ယမ္းကာ လံုၿခံဳေရး၀န္ထမ္းမ်ားအား ေရွာင္ဟန္ကို ခန္းမထဲကေန ေမာင္းထုတ္ခုိင္းလုိက္ေလၿပီ ။
ရီ၀မ္၀မ္က ဆက္ေၿပာသည္ ။

"ေရွာင္ဟန္ရဲ့ အုပ္ထိန္းသူ ၿဖစ္တဲ့ သူ ့အဘုိးကလဲ
အမွန္ကုိ အမွားၿဖစ္ေအာင္ ေၿပာင္းေၿပာခဲ့ၿပီး ကုမၸဏီရဲ့ သိကၡာကို ႏြမ္းပါးေစခဲ့တယ္ .. ဒီေန့ကစၿပီးေတာ့ စတားေကာ္ပိုေရးရွင္းဟာ သူနဲ့ ခ်ဳပ္ထားတဲ့ စာခ်ဳပ္ကုိ ဖ်က္သိမ္းပါမယ္ ။ ဒါရိုက္တာ က်ိဳး နဲ့ ဒါရုိက္တာ လီ က သူ စီမံကြပ္ကဲေနတဲ့ ကုမၸဏီခြဲနဲ့ သူ ့ေအာက္မွာရွိေနတဲ့ သရုပ္ေဆာင္ေတြအားလံုးကို လက္လႊဲယူပါလိမ့္မယ္"

ဒါရုိက္တာ က်ိဳး နွင့္ ဒါရုိက္တာ လီ တုိ့၏ မ်က္၀န္းထဲ စိတ္လႈပ္ရွားမႈတုိ့ ေပါက္ဖြားလာၾကေလၿပီ ။ သူတို့ေတြ ေနာက္ကုမၸဏီခြဲကို ခြဲယူရေတာ့မွာလား ... အရမ္း စိတ္ေက်နပ္ဖုိ့ ေကာင္းလုိက္တာ .. ။

သတင္းေထာက္မ်ားစြာမွာ ထုိတရားမမွ်တမႈေၾကာင့္ ေရွာင္ဟန္၏အဘိုးဘက္ကေန ကာေၿပာေပးၾကေလၿပီ ။

"ဥကၠဌ ရီ .. ေရွာင္ဟန္ရဲ့အဘိုး က စတားအင္တာတိန္းမန့္အတြက္ကို အမ်ားၾကီး အက်ိဳးေဆာင္ေပးထားခဲ့တာပါ ။ ဒါကို ဘာမဟုတ္တဲ့ အၿပစ္ေသးေသးေလးအတြက္ စတားအင္တာတိန္းမန့္ကေန ေမာင္းထုတ္မယ္ဆုိေတာ့ .. ဒါ က်ိဳးေၾကာင္းမဆီေလ်ာ္လြန္း ဘူး မလား"

"အမွန္ပဲ .. ဥကၠဌ ရီ ရဲ့ ဆံုးၿဖတ္ခ်က္က မဆီေလ်ာ္လြန္းဘူး လို့ မထင္ဘူးလား"

ရီ၀မ္၀မ္သည္ အမူအရာကင္းမဲ့စြာပင္ ထုိေမးခြန္းထုတ္ေနေသာ သတင္းေထာက္မ်ားအား ၾကည့္လုိက္ၿပီး ထူးမၿခားနားစြာၿဖင့္ ၿပန္ေၿဖလုိက္သည္ကား ..

"က်ြန္မက စတားရဲ့ ပိုင္ရွင္ .. ဒီေတာ့ က်ြန္မ ေၿပာသမ်ွကို စည္းမ်ဥ္းပဲ ။ ရွင္တုိ့မွာ တၿခားေမးစရာ ရွိလား"

သတင္းေထာက္မ်ားမွာ ဆြံ ့အသြားၾကၿပီး တစ္ေယာက္ကုိတစ္ေယာက္ ၾကည့္မိသြားၾက၏ ။

"ေနာက္ထပ္ .. အင္ပါယာစကုိင္းအင္တာတိန္းမန့္နဲ့ ပတ္သက္ေနတဲ့ကိစၥကုိ ေၿပာပါမယ္"

ရီ၀မ္၀မ္သည္ ရီယီယီ နွင့္ ဂူရြဲ ့က်ီတုိ့အား တစ္ခ်က္ၾကည့္လုိက္ကာ ...

"စတားအင္တာတိန္းမန့္က အင္ပါယာစကုိင္း အင္တာတိန္းမန့္နဲ့ တြဲလုပ္ေနတဲ့အလုပ္မွန္သမ်ွကုိ အကုန္ ဖ်က္သိမ္းတယ္လုိ့ က်ြန္မ ဒီကေနပဲ ေၾကညာလုိက္ပါတယ္ ။ အင္ပါယာစကုိင္းအင္တာတိန္းမန့္ကို က်ြန္မတုိ့ လႊဲေပးထား တဲ့ သရုပ္ေဆာင္ေတြကို ၿပန္ေခၚပါမယ္ ၊ ရံပံုေငြေတြ အားလံုးကိုလဲ က်ြန္မတုိ့ ၿပန္ထုတ္ပါမယ္"

"ဘာ ..."

ရီယီယီ နွင့္ ဂူရြဲ ့က်ီတုိ့ မ်က္နွာပ်က္သြားသည္ ။

ရီ၀မ္၀မ္ တကယ္ၾကီး အဲ့လို လုပ္ပစ္ရင္ အင္ပါယာစကိုင္း အင္တာတိန္းမန့္ အထိနာလိမ့္မယ္ ။

စတားအင္တာတိန္းမန့္သည္ စာခ်ဳပ္ကုိ တစ္ဖက္သတ္ ဖ်က္ပစ္လိုက္ၿခင္းေၾကာင့္ နစ္နာေၾကး ေပးရမည္ ၿဖစ္ေသာ္လည္း ထိုေပးရမည့္ပမာဏမွာ အင္ပါယာစကုိင္း အင္တာတိန္းမန့္၏ ဆံုးရႈံးမႈနဲ့စာရင္ ဘာမွ မဟုတ္ပါေခ် ။

"ဘာေၿပာလိုက္တယ္"
ရီဟုန္းေ၀သည္ ထရပ္လုိက္ၿပီး
ရီ၀မ္၀မ္အား ေဒါသတၾကီးၿဖင့္ စိုက္ၾကည့္လုိက္ကာ ..
"ဒီလိုေနရာမ်ိဳးမွာ ဘယ္လုိ ေပါက္တတ္ကရေတြ ေလ်ွာက္ေၿပာရဲရတာလဲ"

ရီ၀မ္၀မ္သည္ ရီဟုန္းေ၀အား ၾကည့္လိုက္ကာ ေၿခာက္ကပ္စြာၿဖင့္ ေမးလုိက္၏ ။
"ဒီေနရာမ်ိဳးမွာ ဒီလုိပံုစံမ်ိဳးနဲ့ က်ြန္မကို လာေၿပာေနတာက ဘာအေနနဲ့လဲဆုိတာ ေမးလုိ့ရမလား ဆရာၾကီး ရီ"

ရီမူဖန္နဲ့ ရီေရွာင္ထင္းတုိ့ အစြပ္စြဲခံေနရတုန္းက
သူ ဘယ္ေရာက္ေနလဲ ။ သားနဲ့ ေၿမးအေပၚမွာက်
ဘာလုိ့ တစ္ခါေလးေတာင္ အယံုအၾကည္ မရွိခဲ့ရတာလဲ ။

သူမ တရုတ္ၿပည္ကို မသြားမၿဖစ္လုိ့ ထြက္သြားခဲ့ရတုန္းကေရာ
သူ ဘယ္ေရာက္ေနလဲ ။

သူမအေပၚမွာ နည္းနည္းေလးေတာင္ စိတ္ပူေပးခဲ့လို့လား ။

သူမတုိ့တစ္မိသားစုလံုး ဒုကၡအၾကီးအက်ယ္ ေရာက္ေနခဲ့တုန္းက အဘိုးဆုိတဲ့သူက ဘယ္ကုိ ေရာက္ေနခဲ့လဲ ။

ၿပီးေတာ့ ရီဟုန္းေ၀က ရီယီယီရဲ့ မိသားစုကို ေရြးခ်ယ္လုိက္တာက သူမမိသားစုကို စြန့္ပစ္လုိက္တာနဲ့ အတူတူပဲ ။ သတင္းေထာက္ေတြရဲ့ေရွ့မွာ ရီဟုန္းေ၀က သူမဟာ သူ ့ေၿမးမပါလို့ တစ္ခါမွ ၀န္မခံခဲ့ဖူးဘူး ။
ၿပီးေတာ့လဲ သူမက ရီမိသားစု၀င္ ဘယ္တုန္းကမွ မဟုတ္ခဲ့သလို သူတုိ့နဲ့ ဘာေသြးသားခ်င္းမွ မေတာ္စပ္တာ အမွန္ပဲ ။

သူမ ၿပန္ေက်းဇူးဆပ္ရမယ့္သူေတြက သူမမိဘေတြနဲ့ အစ္ကိုပဲ
ရွိတယ္ ။ ရီမိသားစုရဲ့ က်န္တဲ့သူေတြကေတာ့ ..
သူမနဲ့ ဟိုးကတည္းက ဘာမွကို မဆုိင္ေတာ့တဲ့သူေတြပဲဟာ ။

"ဘာ .. ဘာေၿပာလိုက္တယ္ ။ ငါ ေၿပာလုိက္မယ္ အင္ပါယာစကိုင္း အင္တာတိန္းမန့္နဲ့ စတားအင္တာတိန္းမန့္ကို ခြဲမယ့္ဆိုတဲ့စကားကို အခုခ်က္ခ်င္း ၿပန္ရုတ္သိမ္းစမ္း ။ ငါ ေၿပာတာကုိ ၾကားလား" ရီဟုန္းေ၀က စိတ္ဆုိးဆုိးၿဖင့္ ထေအာ္ေလသည္ ။

"ဥကၠဌ ရီ .. ရွင္ က်ြန္မကို လာၿခိမ္းေၿခာက္ေနတာလား"
ရီ၀မ္၀မ္သည္ ရီဟုန္းေ၀အား ေအးစက္စြာ ၾကည့္လုိက္၏ ။

"ၿခိမ္းေၿခာက္ေတာ့ေကာ ဘာၿဖစ္လဲ"

"အိုး" ရီ၀မ္၀မ္က ခပ္ေဖ်ာ့ေဖ်ာ့ေလး ၿပံဳးလုိက္ကာ ..
"ဒါၿဖင့္ရင္ေတာ့ ရွင္က ဘာမုို့လုိ့ က်ြန္မကို ၿခိမ္းေၿခာက္ေနတာလဲဆုိတာ သိခ်င္မိပါရဲ့"

............................................................................................
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘

ႀကိဳတင္ဖတ္႐ႈလိုပါက စာစဥ္တစ္ခုကို ၅၀ဝ နဲ႔ paid group မွာ ဖတ္႐ႈလို႔ ရပါၿပီရွင္ ။
ေဘလႊဲရမယ့္နံပတ္ေလးကေတာ့ 09402842937 ပါ ။ ေကာင္းေသာညခ်မ္းေလး ျဖစ္ၾကပါေစ 😘

....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book. : 71
Chapter. : 13 - 18
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၇၁၊ အခန်း ၁၃။ ရှဲ့ကျဲ့ကျီ

မကြာခင် ရှောင်ဟန်သည်လည်း ဝင်လာပြီး
ဖူမင်းရှီ၏ ဘယ်ဘက်တွင် လာထိုင်သည် ။
သူသည် ရီဝမ်ဝမ် နဲ့ ဖူမင်းရှီအား ရှုံ့မဲ့ကာ ကြည့်နေ၏ ။

ဒီနေ့ ဒီနှစ်ယောက် သေမှာကို သူ ကောင်းကောင်းကြီးကို ထိုင်ကြည့်နေမယ် .. ။

"မင်္ဂလာပါခင်ဗျာ"

ရှဲ့ကျဲ့ကျီသည် အနီရောင်ဝတ်စုံကို ဝတ်ကာ စင်မြင့်ထက်ကို လျှောက်သွား၏ ။

"ဟဲ့ပလုတ်တုတ် ..."

"ငါ အမြင်တွေ မှားနေတာတော့ မဟုတ်ပါဘူးနော်"

"ရှဲ့ကျဲ့ကျီ ဟ"

"ဧည့်သည်စာရင်းထဲမှာ ရှဲ့ကျဲ့ကျီ ဘာလို့ မပါလဲလို့ စဉ်းစားနေတာ .. သူက စတားအင်တာတိန်းမန့်ရဲ့ နှစ်ပတ်လည်နေ့မှာ အစီအစဉ်တင်ဆက်သူ ဖြစ်နေတာကိုး"

"ရှဲ့ကျဲ့ကျီ ပျောက်နေတာလဲ တော်တော်ကြီး ကြာနေပြီနော် .. ငါ့အိုင်ဒေါလေးက အရမ်းမိုက်လိုက်တာဟယ်"

ရှဲ့ကျဲ့ကျီသည် တရုတ်ပြည်၏ အနုပညာလောကထဲက ထိပ်တန်းသရုပ်ဆောင်ကြီး တစ်ယောက် ဖြစ်ပြီး အနုပညာလောကထဲ စဝင်ပါပြီဆိုကတည်းက အောင်မြင်မှုတွေကို ဆွတ်ခူးခဲ့သည့်မှာ ကျရှုံးမှုဆိုတာကို ဘယ်တုန်းကမှ မရင်ဆိုင်ခဲ့ရဖူးပါချေ ။

"ဒီနှစ်ရဲ့ စတားအင်တာတိန်းမန့်ရဲ့ နှစ်ပတ်လည်အခမ်းအနားမှာ အစီအစဉ်တင်ဆက်သူအဖြစ် ပါဝင် တင်ဆက်ခွင့်ရခဲ့တဲ့အတွက် သိပ်ကို ဂုဏ်ယူဝမ်းမြောက် မိပါတယ်ခင်ဗျာ ။
အားလုံးလဲ ကျွန်တော့်ကို သိကြပြီးသား ဖြစ်မှာပါ ဟုတ်တယ်မလား"

ရှဲ့ကျဲ့ကျီ၏မျက်နှာထက်တွင် နှစ်လိုဖွယ် အပြုံးလေး တစ်ပွင့်က ပွင့်လန်းလာလေပြီ ။

ယောကျာ်းလေးသရုပ်ဆောင်များ အားလုံး လက်ခုပ်သြဘာတီးကာ ကြိုဆိုကြပြီး မိန်းကလေးသရုပ်ဆောင်များသည်ကတော့ အသံဖြိုင်ဖြိုင်ကာ အော်ခေါ်အားပေးကြတော့လေသည် ။

ရှဲ့ကျဲ့ကျီက ဆက်ပြောသည် ။
"ဟုတ်ပါပြီ .. ကျွန်တော် အချိန်ဖြုန်းမနေတော့ပါဘူး ။ ကျွန်တော်တို့တွေ အင်ပါယာစကိုင်း အင်တာတိန်းမန်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ကြိုဆိုလိုက်ကြရအောင်လား"

လူသန်းပေါင်းများစွာ၏ အာရုံစိုက်မှုအောင်တွင် ဂူရွဲ့ကျီနှင့် ရီယီယီတို့ စင်မြင့်ထက်ကို တက်သွားကြပြီး အင်ပါယာစကိုင်း အင်တာတိန်းမန့်သည် စတားအင်တာတိန်းမန့်နှင့် လက်တွဲမည် ဖြစ်ပါကြောင်းကို ကြေညာလာလေသည် ။

ယောင်ကျားဝမ်သည် အရိုထဲ စိမ့်ဝင်လောက်အောင် အေးစက်စွာဖြင့် ရီဝမ်ဝမ်ကို စိုက်ကြည့်နေသည် ။ အင်ပါယာစကိုင်းအင်တာတိန်းမန့်သည်
စတားအင်တာတိန်းမန့် နှင့် လက်တွဲလိုက်ပြီ ဖြစ်သောကြောင့် အခုကစပြီးတော့ ရီပိုင် ပြန်လာနိုင်ဖို့မှာ မဖြစ်နိုင်တော့ပေ ။ အနုပညာလောကကြီးတစ်ခုလုံးမှာ သူတို့အပိုင် ဖြစ်လာပေတော့မည် ။

"ဂုဏ်ယူပါတယ် ဂိုဏ်ယူပါတယ် ဆရာကြီး ရီ"

"ဟားဟား သူဌေးကြီး ရီကတော့ တကယ့်ကို ကံကောင်းပါတယ် ။ တကယ့်ကို တော်တဲ့ မြေးမလေးနဲ့ မြေးသားမက်လေးကို ရထားတယ်ဗျာ"

အင်တာတိန်းမန့်၏ စီနီယာတချို့က ရီဟုန်းဝေအား ဂုဏ်ပြုစကား စဆိုလာကြတော့သည် ။

ရီဟုန်းဝေသည် စိတ်အားရမှု များစွာဖြင့် ပြန်လည် ခေါင်းညိတ်ပြသည် ။

ရီယီယီ နဲ့ ဂူရွဲ့ကျီတို့ စင်မြင့်ပေါ်က ဆင်းလာပြီးနောက်တွင် ရှောင်ဟန်သည် စင်မြင့်ထက်ကို အမြန်တက်သွားလေပြီ ။

"ကျွန်တော် ဒီနေ့ စင်မြင့်ပေါ် တက်လာရတာက အားလုံးကို မပြောမဖြစ်တဲ့ ကိစ္စလေးတစ်ခု ရှိနေလို့ပါ"
ဟု ရှောင်ဟန် ပြောလိုက်ရာ ..
ခန်းမကြီးတစ်ခုလုံး ချက်ချင်း တိတ်ကျသွား၏ ။

ရှောင်ဟန် ပြောမည့်အကြောင်းအရာမှာ မနေ့က မွေးနေ့ပွဲ ကိစ္စနဲ့ ပတ်သက်နေမည်မှန်း လူတိုင်း သိလိုက်ကြပါ၏ ။

"မနေ့ညတုန်းက ဖူမင်းရှီက ကျွန်တော့်မွေးနေ့ပွဲကို လာပြီး ရိုင်းပျစွာ ပြောဆိုတဲ့အပြင်ကို ကိုယ်ထိလက်ရောက်ပါ ကျူးလွန်ခဲ့ပါတယ် ။ ပြီးတော့ ကျွန်တော် မဖိတ်ထားဘဲ လာရောက်ခဲ့တဲ့ ရီပိုင်ကလဲ ကျွန်တော့်ခွင့်ပြုချက် မရှိဘဲ လာပြီး ကျွန်တော့်မွေးနေ့ပွဲကို ဖျက်ဆီးသွားခဲ့ပါတယ် ။ ဖူမင်းရှီကို ကျွန်တော့်ကို ရန်လုပ်အောင်လို့ သွေးထိုးပေးခဲ့ ပါတယ် ။ ကျွန်တော် အားလုံးကို မေးကြည့်ချင်တာက အဲ့ဒါက ဘယ်လိုအပြုအမူမျိုးပါလဲ"

တမုဟုတ်ချင်းပင် လူတိုင်းသည် ရီဝမ်ဝမ်နှင့် ဖူမင်းရှီ တို့အား ကြည့်လိုက်ကြတော့သည် ။

ယောင်ကျားဝမ်သည် ဝုန်းခနဲ ထရပ်လိုက်ပြီး ထပြောလေသည် ။

"အကောင်းဆုံး သရုပ်ဆောင်ဆုရှင် ဖူ ရဲ့ စရိုက်ကို ကျွန်မတို့အားလုံး ကောင်းကောင်းကြီး သိကြပါတယ် ။ ဒါက သေချာပေါက်ကို ရီပိုင်ရဲ့ အမှားပါ ။ ရီပိုင်က အရင်တုန်းကလဲ အင်မော်တယ်ခေတ်ရဲ့ ရံပုံငွေတွေ ကို ဖြောင်ပြီး ဒီနိုင်ငံထဲကနေ ထွက်ပြေးသွားခဲ့တယ် ။ သူ့လို လူစားမျိုးက ဒီနေ့ဧည့်သည်တော်နေရာမှာ ဘယ်လိုလုပ်ပြီး လာထိုင်နိုင်ခဲ့တာလဲတောင် ကျွန်မ မသိပါဘူး"

သရုပ်ဆောင်များစွာမှာ ရီဝမ်ဝမ်အား သေသေချာချာ အကဲခတ်ကြတော့သည် ။

ရှဲ့ကျဲ့ကျီမှာ မျက်နှာထက် အနည်းငယ် အံ့အားသင့်သွားပြီး ရီဝမ်ဝမ်ဘက်ကို လှည့်ကြည့်လာသော်လည်း ဘာကိုမှ မပြောပါချေ ။

သူတို့ ပြောဆိုနေကြချိန် အဘိုးကြီးတစ်ယောက်သည် စင်မြင့်ထက်ကို တက်လာလေပြီ ။

ထိုအဘိုးကြီးသည်ကား ရှောင်ဟန်၏အဘိုး ၊ ဒီတရုတ်ပြည်က စတားအင်တာတိန်းမန့်၏ ကုမ္ပဏီခွဲတစ်ခုက ဒါရိုက်တာတစ်ယောက် ဖြစ်ပါ၏ ။

"ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ရဲ့ စတားအင်တာတိန်းမန့်မှာ အခုလို ပြသနာမျိုး ဖြစ်ရတဲ့အတွက် သိပ်ကို ရှက်မိပါတယ် ။ ဖူမင်းရှီက စတားအင်တာတိန်းမန့်ရဲ့ စည်းကမ်းတချို့က သိသိသာသာကို ဖောက်ဖျက်ခဲ့ပြီး စတားအင်တာတိန်းမန့်ရဲ့ နာမည်ဂုဏ်ကို ညှိုးနွမ်းစေခဲ့ပါတယ် ။ ဒါကြောင့် ကျွန်တော် ဒီနေရာကနေပဲ
ဖူမင်းရှီနဲ့ ချုပ်ထားတဲ့ စာချုပ်ကို စတားအင်တာတိန်းမန့် ဘက်က ဖျက်သိမ်းပါကြောင်း အသိပေးလိုက်ပါတယ်"
ထိုအဘိုးကြီးက အေးစက်စွာဖြင့် ကြေညာလိုက်၏ ။

...........................................................................................

စာစဉ် ၇၁၊ အခန်း ၁၄။ စတားရဲ့ သူဌေးကို စင်မြင့်ပေါ် တက်ဖို့ ကြိုဆိုလိုက်ရအောင်

တိုက်ရိုက်အစီအစဉ် တင်ဆက်နေခြင်း ဖြစ်သောကြောင့် တရုတ်ပြည်၏ဖိုရမ်အသီးသီးတွင် ထိုလိုက်ဖ်တို့က ပလူပျံနေကာ ရီဝမ်ဝမ်အား ဆဲဆိုကြိမ်းမောင်းလာကြတော့ သည် ။
တချို့သည် ရီဝမ်ဝမ်အား သတ်မည်တကဲကဲပါ လုပ်လာကြလေပြီ ။

ဖူမင်းရှီ၏ သရုပ်ဆောင်အများစုမှာ ဖူမင်းရှီအပေါ် တင်နေသည့် အပြစ်တို့ကို ပယ်ဖျက်ဖို့ရာအတွက် ရီဝမ်ဝမ်အား သည်းကြီးမည်းကြီး တိုက်ခိုက်ကြတော့သည် ။ ဖူမင်းရှီသည် ရီဝမ်ဝမ်၏ အညှို့ခံရခြင်းသာမို့ ဖူမင်းရှီအတွက် အခွင့်အရေးတစ်ခုလောက် ထပ်ရဖို့ရာ ကျိတ်မျှော်လင့်ကုန်ကြ၏ ။

[ မင်းရှီရဲ့ အချစ်လေး ။ အဲ့ဒီသောက်ခွေးမကြောင့် မင်းရှီ ပျက်စီးသွားရပြီ ဂီးးးးး ]

[ ငါ့ရဲ့ရှောင်ဟန်ကို ကာကွယ်ပါ ။ ခံရတာ နည်းတောင် နည်းသေးတယ် ။ သူ့လို ပိုင်းလုံးမကများ ဇာမဏိငှက် ဖြစ်ဖို့ ကြံနေသေးတယ် ။
သူ့ကိုယ်သူ ဘာမှတ်နေတာလဲ ။ သူကများ ဖူမင်းရှီကို သုံးပြီး ငါ့ရှောင်ဟန်ကို ရန်ဖြစ်ခိုင်းရဲ သေးတယ် ]

[ ခုန်ဆွဆွဝက်ဝံလေး ။ သူ့လို မိန်းမမျိုးက အသားပြားဖြစ်သွားတောင် ထိုက်တန်တယ် ။ အား မင်းရှီလေးရာ ဘယ်လိုလုပ်ပြီး အဲ့မိန်းမရဲ့ အဖြားယောင်း ခံလိုက်ရတာလဲ ။ ပြီးတော့လဲ စတားအင်တာတိန်းမန့်ရဲ့ နှစ်ပတ်လည်ပွဲကိုတောင်မှ ပင့်လာခဲ့လိုက်သေးတယ် ။ သူ့ဆီမှာ အဲ့မှာ ထိုင်နေခွင့် ဘာရှိလို့လဲ ။ စတားအင်တာတိန်းမန့်ရဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ဖို့ သူ့မှာ အရည်အချင်းရှိတယ်လို့ ဘယ်သူက ပြောလို့လဲ ]

ဧည့်သည်တော်နေရာတွင်မူ ဒါရိုက်တာ ကျိုး နှင့် ဖူမင်းရှီတို့သည် ရှောင်ဟန်တို့မြေးအဘိုးအား အရူးတွေ ဆိုသော အကြည့်ဖြင့် ကြည့်နေကြလေသည် ။

ကုမ္ပဏီခွဲလေးတစ်ခုက ဒါရိုက်တာကများ စတားကော်ပိုရေးရှင်းကြီးတစ်ခုလုံးရဲ့ သူဌေးရဲ့ မြေးကို အလုပ်ဖြုတ်ချင်တယ်လား .. ။
သူ အသက်ရှင်ရတာ ငြီးငွေ့နေတာလား .. ။

ဖူမင်းရှီ၏မန်နေဂျာမှာလည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းတခါခါ ။ အခုပြသနာသည်ကား လက်ထဲကနေ လွတ်ထွက်သွားလေပြီ ။

အင်ပါယာစကိုင်းအင်တာတိန်းမန့်၏ အကြီးအကဲများမှာ ရီဝမ်ဝမ်အား မဲ့ကာရွဲ့ကာဖြင့် ကြည့်နေကြလေသည် ။

ဂူရွဲ့ကျီက ထေ့ငေါ့က ရယ်ပြော၏ ။

"မိန်းမတစ်ယောက်အတွက် အားလုံးအရှေ့မှာ အရှက်ကွဲတာက တကယ်ကို ဆိုးတာပဲ"

ရီဟုန်းဝေသည် ရီဝမ်ဝမ်အား စူးစူးရဲရဲ ကြည့်နေပြီး လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည် ။ ဒီနေ့ ဒီနေရာတွင် အထူးပွဲတော်သာ ရှိမနေရင် သူသည် ရီဝမ်ဝမ်အား ထိုးပြီးနေလောက်လေပြီ ။

ရှဲကျဲ့ကျီသည် စင်မြင့်ထက်တွင် ရပ်နေရင်းက အနေရခက်စွာဖြင့် ရယ်မောလာ၏ ။

"နောက်ထပ် ... စတားအင်တာတိန်းမန့်ရဲ့ ဒါရိုက်တာ ကျိုး နဲ့
ဒါရိုက်တာ လီ တို့ကို စင်မြင့်ပေါ်ကို ဖိတ်ခေါ်လိုက်ရအောင်လားဗျာ"

ရှဲ့ကျဲ့ကျီ၏စကားအဆုံးတွင် ဒါရိုက်တာ ကျိုး နှင့် တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေသော အဘိုးကြီး တစ်ယောက်သည် စင်မြင့်ထက်ကို တက်လာကြလေပြီ ။

တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေသော အဘိုးအို ဒါရိုက်တာ လီ သည်ကား စတားအင်တာတိန်းမန့်၏ တတိယဒါရိုက်တာ ဖြစ်ပြီး ဒါရိုက်တာ ကျိုး နဲ့ ခင်မင်ရင်းနှီးသူ ဖြစ်သောကြောင့်
ဒါရိုက်တာ ကျိုးသည် သူ့အား အားလုံးကို ပြောပြထားပြီးလေပြီ ။

ဒါရိုက်တာ လီ သည် ရီဝမ်ဝမ်အား ပြုံးကာ ကြည့်လိုက်ပြီး အားလုံးကို လှည့်ကြည့်လိုက်သည် ။

"တကယ်တော့ ကျွန်တော့်မှာ ပြောစရာက များများစားစား မရှိပါဘူး ။ ဒီနှစ်ရဲ့ နှစ်ပတ်လည်အခမ်းအနားပွဲက
ကျွန်တော် မြင်ဖူးလာခဲ့တဲ့ တစ်လျှောက်လုံးမှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ ပျော်စရာအကောင်းဆုံး ပွဲ တစ်ပွဲလု့ိပဲ ဆိုချင်ပါတယ်"

သတင်းထောက်များစွာမှာ ဒါရိုက်တာ လီ၏ စကားကြောင့် စိတ်ရှုပ်ထွေးသွားကြ၏ ။

ဒါရိုက်တာ ကျိုး သည် ခပ်ရေးရေးလေး ပြုံးလာသည် ။

"ကျွန်တော့်မှာလည်း ပြောစရာက သိပ်မရှိပါဘူး ။ ဒါပေမယ့် ..
ဒီနေ့ အားလုံးကို သတင်းတစ်ခု ထုတ်ပြောချင်ပါတယ် ။
ကျွန်တော်တို့ စတားကော်ပိုရေးရှင်းရဲ့ သူဌေးကြီးလဲ ဒီနေ့ ပွဲတော်ကို ရောက်နေပါတယ်"

သူ့စခန်းအဆုံး တစ်ခန်းမလုံး ပွက်လောရိုက်သွားပြီး ဖိုရမ်ပေါ်တွင်လည်း ပွက်ပွက်ညံသွား၏ ။

စတားကော်ပိုရေးရှင်းရဲ့ သူဌေးကြီးလား ... ။

စတားအင်တာတိန်းမန့်တင် မဟုတ်ဘဲ စတားကော်ပိုရေးရှင်းကြီး တစ်ခုလုံး ရဲ့ သူဌေးကြီးလား ။

စတားကော်ပိုရေးရှင်းသည် လုပ်ငန်းပေါင်းများစွာကို လုပ်နေပြီး စတားအင်တာတိန်းမန့်မှာ စတားကော်ပိုရေးရှင်း၏ ကုမ္ပဏီခွဲလေးတစ်ခုသာ ဖြစ်၏ ။

စတားကော်ပိုရေးရှင်းကို စထောင်ပြီဆိုကတည်းက စတားကော်ပိုရေးရှင်း၏ သူဌေးကြီးကို ဘယ်သူကမှ
မတွေ့မမြင်ဖူးခဲ့ပါချေ ။ သို့သော်လည်း ထိုဆန်းကြယ်သော သူဌေးကြီးမှာ ဒီနေ့ပွဲကိုတော့ လာတက်နေသည်တဲ့လား ။

လူတိုင်း သိလိုစွာဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်မိကြသည် ။

"တကယ်ကြီးလား ..."

ရီယီယီသည်လည်း အံ့အားသင့်စွာဖြင့် ဘေးဘီဝဲယာကို လိုက်ကြည့်မိ၏ ။

ဂူရွဲ့ကျီသည် ချက်ချင်းပင် စိတ်အားတက်ကြွလာ၏ ။

ငါ စတားကော်ပိုရေးရှင်းရဲ့ သူဌေးကို သေသေချာချာ ကြည့်ရမယ် ... ။

ရီဟုန်းဝေသည်ပင် ကိုယ်ကို ဆန့်တန်းမိပြီး အနားဝန်းကျင်ကို လိုက်ကြည့်မိသည် ။
ဘယ်သူကမှ စတားကော်ပိုရေးရှင်း၏ သူဌေးဆိုသူအား
မတွေ့ကြပါချေ ။ ရှောင်ဟန်တို့ မြေးအဘိုးလည်း အံ့သြသွား၏ ။

....................................................................................

စာစဉ် ၇၁၊ အခန်း ၁၅။ ရီဝမ်ဝမ်က စတားရဲ့ သူဌေးကြီး

"သူဌေး ရောက်နေတာလား"

ရှောင်ဟန်သည် သူ့အဘိုးအား ကြည့်လိုက်၏ ။

အဘိုးကြီးမှာ မျက်မှောင်ကြုတ်လာသည် ။

"သူဌေး တရုတ်ကို ရောက်လာတယ်လို့တော့ ကြားမိတယ် ...
ဒါပေမယ့် သူဌေးတို့အဖွဲ့ကို သွားကြိုရတဲ့သူက ငါတု့ိတော့
မဟုတ်ဘူး ။ အစက လမ်းကြုံလို့ ဝင်လာကြည့်ရုံ သဘောလောက်ပဲ ဖြစ်မှာလို့ ငါ ထင်ထားတာ ...
ဒီနှစ် နှစ်ပတ်လည်ပွဲကို လာတက်တယ်လား ။
ကျိုးထောင်နဲ့ လီဖူ ငါ့ကို ဘာမှလဲ မပြောကြပါလား"

ဒါရိုက်တာ ကျိုးက ပြုံးလိုက်ကာ ဆက်နှုတ်ဆက်ပေးသည် ။

"နောက်ထပ်အနေနဲ့ ကျွန်တော်တို့ စတားကော်ပိုရေးရှင်းရဲ့ သူဌေးကြီး တက်လာပြီးတော့ အားလုံးကို နှုတ်ဆက်ပါလိမ့်မယ်"

ခန်းမကြီးထဲ လက်ခုပ်သံ တဖြောင်းဖြောင်း မြည်လာသည် ။

အွန်လိုင်းပေါ်က အင်တာနက်သုံးသူများသည်လည်း
အသက်ကို အောင့်မိကြရင်း စောင့်နေမိကြသလို အားလုံးသည် စတားကော်ပိုရေးရှင်း၏ သူဌေးကြီး ပေါ်ထွက်လာမှာကို ရင်သပ်ရှုမောစွာ စောင့်နေကြသည်မို့ ကွန်မန့်တို့သည်ပင် နှေးကျသွားလေပြီ ။

သို့သော် ဖန်သားပြင်ထက်တွင် သူတို့ မြင်လိုက်ရသည်ကား အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ရီဝမ်ဝမ်သည် ခပ်တည်တည်ပင် ထလိုက်ကာ စင်မြင့်ထက်ကို လျှောက်လာလေပြီ ။

ခန်းမကြီးထဲတွင် ရီယီယီနဲ့ ဂူရွဲ့ကျီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည် ။

အဲ့တစ်ယောက် ဘာတက်လုပ်မလို့လဲ ။ ဒီနည်းကို သုံးပြီးတော့ စတားကော်ပိုရေးရှင်းရဲ့ သူဌေးကြီး စိတ်ဝင်စားအောင် လုပ်မလို့လား ။

"သနားစရာပဲ" ဂူရွဲ့ကျီက စုတ်သပ်၏ ။

"သူတော့ တကယ် ရူးသွားပြီးနဲ့ တူတယ်"
ရီယီယီက ခြောက်ကပ်စွာ မှတ်ချက်ပေးသည် ။

အင်ပါယာစကိုင်းမှ အကြီးအကဲတချို့နှင့် သရုပ်ဆောင်တစ်ချို့ မှာလည်း ရီဝမ်ဝမ်အား ဇဝေဇဝါ ဖြင့် ကြည့်နေကြသည် ။

ဖူမင်းရှီ၏မန်နေဂျာမှာ အံ့အားသင့်စွာဖြင့် ရီဝမ်ဝမ်အား ကြည့်နေသည် ။

"သူ ဘာလုပ်နေတာလဲ ။ မင်းရဲ့ပါတနာ ရူးသွားတာလား"

ဖူမင်းရှီသည် သူ့မန်နေဂျာကို ကြည့်ကာ ပြန်မဖြေပေ ။

အနောက်က ထိုင်ခုံတွင်မူ ကုန်ရွှီသည် မျက်လုံးတို့ကို ပွတ်သပ်နေပြီး သူ့နံဘေးက လျိုချန်းဘက်ကို လှည့်ကြည့်လိုက်သည် ။

လခွမ်း .. အစ်ကိုရီ ဘာလုပ်မလို့လဲ ။

လျိုချန်းသ် မျက်မှောင်ကြုတ်ကာ ခေါင်းအသာယမ်းသည် ။

"ငါက ဘယ်လိုလုပ် သိမှာလဲ"

ဟန်ရှန်းယွီ၏ ရင်ထဲတွင် ခံစားချက်တစ်ခုက ဖြိုးဖြိုးဖျဖျ
ဝင်လာလေပြီ ။

ရီပိုင်က ဒီလို ပွဲမျိုးမှာ မလုပ်သင့်တာ လုပ်သင့်တာကို ကောင်းကောင်းသိတဲ့လူစားမျိုးပါ ။ တခြားသူတွေ ပြောနေသလိုမျိုး စတားကော်ပိုရေးရှင်းရဲ့ သူဌေးကြီး မျက်စိကျအောင်လို့ လုပ်နေတာမျိုး ဖြစ်စရာအကြောင်း လုံး၀ မရှိဘူး ... ။

တရုတ်ပြည်၏ အွန်လိုင်းပေါ်တွင် ။

[ လေနဲ့အတူ အကုန်ပါသွားပြီ : အဲ့ဟာမလေးက ရူးများသွားတာလား ။ သူတို့က စတားရဲ့ သူဌေးကြီးကို စင်ပေါ်ကို ဖိတ်နေတာလဲ ။
သူက ဘာကိစ္စ ထရပ်ရတာလဲ ]

[ ဒက်ဒီရဲ့ အချစ်တော်လေး ။ ဟက် .. ဖူမင်းရှီက ချူစားရတာ အားမရသေးလို့ စတားရဲ့ သူဌေးကြီး မျက်စိကျအောင် လုပ်နေတာလို့တော့ မပြောနဲ့နော် ]

[ ဘီဘီကျူ ။ သူကလား ... စတားရဲ့ သူဌေးကြီး မျက်စိကျအောင် လုပ်ချင်တယ်လား ။ စတားရဲ့ သူဌေးကြီးက ဘယ်လိုရုပ်မျိုး ရှိလဲဆိုတာတောင် သူ သိလို့လား ။ သူဌေးကြီးပါဆိုနေ မမြင်ဖူးတဲ့ မိန်းမရော မရှိမှာမလို့လား ။ ဒီလိုခွေးမကို မျက်စိကျပါလိမ့်မယ် အားကြီးကြီး ]

[ ရှောင်ဟန်ကို ချစ်တယ် ။ ဆင်းလာခဲ့စမ်း .. အဲ့စင်ပေါ်ကနေ ဆင်းလာခဲ့စမ်း ]

ခန်းမ၏ ဧည့်သည်တော်နေရာတွင်မူ ရီဟုန်းဝေသည်
ဒေါသကြောင့် နီရဲကာ တဆတ်ဆတ် တုန်နေလေသည် ။
သူသည် ရီယီယီ နှင့် ဂူရွဲ့ကျီဘက်ကို လှည့်လိုက်ကာ ..

"သွားစမ်း .. အဲ့ဟာမလေးကို ဒီကို ပြန်ဆွဲခေါ်လာခဲ့ကြ ။ အဲ့ဒီကျက်သရေတုံးမကြောင့် ငါတု့ိ ရီ မိသားစု လုံးလုံး မျက်နှာပျက်ရတော့မယ် ။ စတားကော်ပိုရေးရှင်းရဲ့ သူဌေးကြီးက အပြစ်တင်လာရင် ဘယ်လိုလုပ်မလဲ ။ သူ လုပ်တဲ့အပြစ်ကို ငါတို့ရီမိသားစုနဲ့ အင်ပါယာစကိုင်း အင်တာတိန်းမန့်က တာဝန်ယူရရင် ဘယ်လိုလုပ်မလဲ"

သို့သော်လည်း ရီဝမ်ဝမ်မှာ စင်မြင့်ထက်ကို ရောက်သွားလေပြီ ။

"မတွေ့ရတာ ကြာပြီနော် ရှဲ့ကျဲ့ကျီ"

ရီဝမ်ဝမ်သည် စင်မြင့်ပေါ်တွင် ရှိနေသည့် ရှဲ့ကျဲ့ကျီအား နူးနူးညံ့ညံ့လေး နှုတ်ဆက်လိုက်၏ ။

"မတွေ့ရတာ တကယ်ကြီး ကြာပါပြီဗျာ ။ ငါတို့ ညစာစားပြီးထဲက
မတွေ့ဖြစ်တာဆိုတော့ တစ်သက်လောက် ကြာသွားပြီလားတောင် ထင်ရတယ်"

ရှဲ့ကျဲ့ကျီက အပြုံးလေးဖြင့် ပြန်ဖြေသည် ။

ရီဝမ်ဝမ်သည် တွေးကြည့်လိုက်မိ၏ ။

တကယ်ပင် မတွေ့ရတာ တစ်သက်လောက် ကြာသွားသလိုပင် ။

"အဲ့တစ်ယောက်က ရှဲ့ကျဲ့ကျီကိုတောင် သိနေတာလား ။ မဟုတ်သေးဘူး နေဦး .. ရှဲ့ကျဲ့ကျီက သူ့ကို တကယ်ကြီး သိနေသလိုပဲ"

"မဟုတ်လောက်ပါဘူးနော် .. ရှဲ့ကျဲ့ကျီလို လူမျိုးက ရီပိုင်ကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ ။ ဒါပေမယ့် သူတို့နှစ်ယောက်ပုံစံက သူငယ်ချင်းတွေအတိုင်းပဲလားလို့"

အနုပညာရှင်တစ်ချို့ကတော့ ပါးစပ်အဟောင်းသား ဖြစ်နေမိကြ၏ ။

"အားလုံးပဲ တိတ်တိတ်လေး နေပေးလို့ ရမလား"

ရီဝမ်ဝမ်သည် စိတ်မရှည်စွာဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏ ။

သရုပ်ဆောင်များစွာမှာ မကျေမနပ် ဖြစ်သွားကြ၏ ။

ရီပိုင်က ငါတို့ကို တိတ်တိတ်နေခိုင်းရအောင် သူ့ကိုယ်သူ ဘာများ မှတ်နေတာလဲ ။

"ဟားဟား စိတ်မဆိုးပါနဲ့ သူဌေးရာ ။ လူတိုင်းက သူဌေးကို
ပထမဆုံး တွေ့ဖူးကြတာဆိုတော့ စိတ်လှုပ်ရှားနေကြလို့ပါ ။ ဒီနှစ် စတားအင်တာတိန်းမန့်ရဲ့ နှစ်ပတ်လည်ပွဲကို သူဌေးလာတက်တာကို လူတိုင်းက ဂုဏ်ယူနေကြတာပါ"

စင်မြင့်ထက်တွင် ဒါရိုက်တာ ကျိုး သည် ရီဝမ်ဝမ် ဘက်ကို လှည့်ပြီး ပြုံးကာ ပြောနေသည် ။

........................................................................................

စာစဉ် ၇၁၊ အခန်း ၁၆။ ဘယ်လိုဟာသလဲ

ရီဝမ်ဝမ်နံဘေးတွင် ရပ်နေသည့် ဒါရိုက်တာ ကျိုး သည် နူးညံ့စွာ ပြုံးနေရင်းက ခန်းမကြီးဘက်ကို ကြည့်လိုက်ကာ ..

"အားလုံးပဲ ကျွန်တော့်ဘေးမှာ ရပ်နေတဲ့ ဒီအမျိုးသမီးကို ရင်းနှီးကြမယ်လို့ ယုံကြည်ပါတယ် ။
သူ့ရဲ့နာမည်က ရီပိုင်ပါ အင်မော်တယ်ခေတ်ကို တစ်ယောက်ထဲ တည်ထောင်ထားခဲ့တဲ့သူပါ ။ ဒါပေမယ့် ဥက္ကဌ ရီ မှာက တခြားနာမည်တစ်ခုလဲ ရှိနေပါတယ် ။ ဥက္ကဌ ရီ က အင်မော်တယ်ခေတ်ကို တည်ထောင်သူဆိုတဲ့အပြင်ကို ကျွန်တော်တို့ စတားကော်ပိုရေးရှင်းကြီးရဲ့ သူဌေးကြီး ဖြစ်တာကိုတော့ လူတိုင်း မသိကြလောက်ဘူးလို့ ထင်ပါတယ ။ ကျွန်တော် အခု ပြောနေတာက စတားအင်တာတိန်းမန့်လေးကို ပြောနေတာ မဟုတ်ဘူး ဆိုတာကို သေသေချာချာလေး ထပ်ပြောပါရစေ ။
ဥက္ကဌ ရီ က ကျွန်တော်တို့ စတားကော်ပိုရေးရှင်းကြီး တစ်ခုလံးုးရဲ့ သူဌေးကြီး ပါ"

"ဟားဟား ဒါရိုက်တာ ကျိုး ကို ကျေးဇူးတင်ရမှာပါ ။ ဒါရိုက်တာ ကျိုး က ထပ်တလဲလဲ ဖိတ်ကြားလွန်းလို့သာ ဥက္ကဌ ရီ က ဒီနှစ်ရဲ့ ပွဲကို လာတက်ရောက်ပေးတာပါ ။ ကျွန်တော့်အနေနဲ့ ကျွန်တော်တို့ကို မျက်နှာသာပေးတဲ့အနေနဲ့ ကြွရောက်လာပေးတဲ့ ဥက္ကဌရီကို စတားအင်တာတိန်းမန့်က သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေ"

အဘိုးကြီး ဒါရိုက်တာ လီ သည်လည်း အမြန် ဝင်ပြောလာသည် ။

လူတိုင်း ရီဝမ်ဝမ်အား ပြူးကြည့်နေမိကြ၏ ။
လူတချို့ဆို သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလားနှယ် မျက်လုံးပြူးကာ ပါးစပ်ကြီး ပြဲနေကြလေသည် ။

တိတ်ဆိတ်နေ၏ ။

ဒါရိုက်တာ ကျိုး နှင့် ဒါရိုက်တာ လီ ၏ စကားအဆုံးတွင် ခန်းမကြီးတစ်ခုလုံး တိတ်ကျသွားသည်မှာ အပ်ကျသံကိုပင် ကြားနိုင်လောက်၏ ။

ဒါရိုက်တာ ကျိုး နှင့် ဒါရိုက်တာ လီ နှစ်ယောက်စလုံး သည် တရုတ်ပြည်က စတားအင်တာတိန်းမန့်၏ ထိပ်တန်းဒါရိုက်တာများ ဖြစ်ကြသောကြောင့် ညာပြောစရာ ဘာအကြောင်းမှ မရှိပါချေ ။

စတားကော်ပိုရေးရှင်း၏ သူဌေးကြီး ပေါ်လာခြင်းကိစ္စမှာ အခုလိုနေရာမျိုးတွင် စနောက်ပြောခြင်း မည်သို့မှ မဖြစ်နိုင်ပေ ။ မဟုတ်ပါက ဒါရိုက်တာ ကျိုး နှင့် ဒါရိုက်တာ လီ နှစ်ယောက်စလုံး အလုပ်ပါ ပြုတ်သွားနိုင်ပေသည် ။

ရှောင်ဟန်သည် ပါးစပ်အဟောင်းသား ဖြစ်နေပြီး
သူ့လိုပင် ပါးစပ်အဟောင်းသား ဖြစ်နေသော အဘိုးဘက်ကို လှည့်ကြည့်လိုက်မိ၏ ။

"ဘယ်..ဘယ်လိုလုပ်... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

ရှောင်ဟန်၏အဘိုးသည် ရီဝမ်ဝမ်အား ကြည့်နေရင်း အသက်ရှူသံတို့ လေးလံလာကာ နဖူထက်တွင် ချွေးပျံနေလေပြီ ။

အဲ့မိန်းမက .. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။

စတားအင်တာတိန်းမန်၏ ဒါရိုက်တာတွေထဲက တစ်ယောက်အနေဖြင့် စတားကော်ပိုရေးရှင်း၏ သူဌေးမှာ အသက်ကြီးကြီး ယောကျာ်းတစ်ယောက်မှန်းကို သိနေပါ၏ ။

အခု လာသည်က သူဌေး မဟုတ်ဘူး ။
သူဌေးရဲ့ သူဌေးကြီး ဖြစ်နေတာ ဟုတ်ပြီလား ။
ဒါဆို စတားကော်ပိုရေးရှင်းရဲ့ သူဌေးက ဒီမိန်းမရဲ့ အောက်မှာ အလုပ်လုပ်နေတာပေါ့ ။

"ဘိုးဘိုး .. သူက စတားကော်ပိုရေးရှင်းရဲ့ သူဌေးကြီးလား ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ .. ဟိုအဘိုးကြီးနှစ်ယောက် ပေါင်းပြီး ညာနေတာပဲ ဖြစ်ရမယ် .. သူတို့ တစ်ခုခု ကြံနေတာပဲ နေမယ်"

ရှောင်ဟန်က ချက်ချင်းကို ထစွပ်စွဲလေသည် ။

အဘိုးကြီးသည် ချက်ချင်း ရှောင်ဟန်ဘက်ကို လှည့်ပြီး မျက်နှာကို ရိုက်ချပစ်လိုက်သောကြောင့် ..

"ဘိုးဘိုး .. " ရှောင်ဟန်သည် သူ့မျက်နှာကို လက်နဲ့အုပ်ကာ တအံ့တသြ ဖြစ်နေ၏ ။

"တိတ်စမ်း"

အဘိုးဖြစ်သူမှာ သူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်ပြီး ...
"မင်းကြောင့် ငါပါ ပျက်စီးရပြီ ခွေးသား"

တစ်ခြားတစ်ဖက်တွင်မူ ရီယီယီမှာ စင်မြင့်ထက်တွင် ဝင့်ထည်စွာ ရပ်နေသော ရီဝမ်ဝမ်အား တအံ့တသြဖြင့် ကြည့်နေမိသည် ။
ရီယီယီ၏နံဘေးတွင်မူ ဂူရွဲ့ကျီသည် လုံးဝတုန်လှုပ်စွာဖြင့်
ရီဝမ်ဝမ်အား ငေးကြည့်နေသည် ။

ရီဝမ်ဝမ်က .. စတားကော်ပိုရေးရှင်းကြီးရဲ့ သူဌေးလား ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။
ဘယ်လိုလုပ်ပြီး .. ဖြစ်နိုင်မှာလဲ ။

"ဒါရိုက်တာ ကျိုး နဲ့ ဒါရိုက်တာ လီ တို့ စောနက ဘာပြောလိုက်တာလဲ ။ ရီဝမ်ဝမ်က စတားကော်ပိုရေးရှင်းကြီးရဲ့ သူဌေး .. ဟုတ်လား"

ရီဟုန်းဝေမှာ နားကြားများ မှားသွားလေခြင်းလားဟု တွေးကာ မျက်မှောင်အကြုတ်ကြီး ကြုတ်နေသည် ။

သူသည် ရီဝမ်ဝမ်၏ အစွမ်းအစကို သိထားပါ၏ ။

ရီဝမ်ဝမ်က စတားကော်ပိုရေးရှင်းကြီး၏ သူဌေး ဆိုသည်မှာ ဘယ်လိုဟာသမျိုးကြီးလဲ ။

"ဒါ လုံး၀ မဖြစ်နိုင်ဘူး"

ယောင်ကျားဝမ်မှာ ရင်ထဲ တဒုန်းဒုန်း ခုန်နေလေပြီ ။

ရီပိုင်က စတားကော်ပိုရေးရှင်းရဲ့ သူဌေးကြီး ဘယ်လိုမှ မဖြစ်နိုင်ဘူး ။

...........................................................................................

စာစဉ် ၇၁၊ အခန်း ၁၇။ ဥက္ကဌ ရီ စကားနည်းနည်းလောက် ပြောပေးပါလား

လိုက်ဖ်ပေါ်တွင်လည်း လုံးဝကို ပွက်လောညံကုန်သည် ။

[ ကျဲ့ကျီလေးကို မစောင့်နိုင်တော့ဘူး ။ ဟားဟားဟား ငါတော့ ရယ်ရလွန်းလို့ သေတော့မှာပဲ ... ပွဲကတော့ ကောင်းပြီ ။ ရီပိုင်က ပြန်လာနိုင်ဖို့အတွက် ဖူမင်းရှီကို ကပ်ထားပါတယ်လို့ ပြောနေတဲ့ လူတွေ ဘယ်ရောက်ကုန် ပြီလဲ ]

[ ဗုဒ္ဓကြွလာပြီ ။ ဟားဟား .. လက်စသတ်တော့ ရီပိုင်က စတားကော်ပိုရေးရှင်းရဲ့ သူဌေးမ ဖြစ်နေတာကိုး ။ ရှောင်ဟန် .. ဖူမင်းရှီ .. ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့က ရီပိုင်အတွက် အလုပ်လုပ်ပေးနေရတဲ့သူတွေ အဆင့်ပဲ ရှိတယ် ။ ရီပိုင်ကို သတ်ပစ်မယ်လို့ ပြောတဲ့လူတွေ ဘယ်ပြေးကုန်ပြီလဲ ။ မြန်မြန်သွားကြစမ်း .. ကိုယ့်ကိုယ်ကို လာအရှက်ခွဲမနေကြနဲ့ ]

[ ကျွန်တော့်မှာ ဇနီးချောချောလေး ရှိတယ် ။ စောနတုန်းက လူတစ်ယောက်က ရီပိုင်ကို အနုပညာလောကကနေ မောင်းထုတ်ပစ်မယ်လို့ ပြောတဲ့သူ ရှိတာ မြင်မိပါတယ် ။ ပြီးတော့လဲ ဘာတဲ့ ရီပိုင်က အင်မော်တယ်ခေတ်ရဲ့ ရံပုံငွေ တွေကို ခိုးယူသွားပါတယ်ဆိုပဲ ။ စတားအင်တာတိန်းမန့်က စတားကော်ပိုရေးရှင်းကြီးရဲ့ အောက်က ကုမ္ပဏီငယ်လေး တစ်ခုပဲ ပြီးတော့ ရီပိုင်က စတားကော်ပိုရေးရှင်းကြီးရဲ့ ပိုင်ရှင်ကြီး ဖြစ်နေတာ .. ဒါနဲ့များ သူက အင်မော်တယ်ခေတ်ရဲ့ ငွေတွေကို ခိုးသွားပါတယ်လို့ စွပ်စွဲကြသေးတယ် .. အဲ့လို ပြောထွက်တဲ့သူကို တကယ့်ကို လေးစားတယ် ]

ရီဝမ်ဝမ် ရဲ့ သရုပ်မှန်ကို ကြေညာလိုက်ပြီးနောက်
ချက်ချင်းပင် ရီပိုင်၏ပရိသတ်များမှာ အားလိုအားရ ဖြစ်လာကာ အားပြည့်မာန်ပြည့် ဖြစ်လာကြလေပြီ ။

ရီပိုင်ကို ဝိုင်းပြောခဲ့ကြသော ထိုအင်တာနက်သုံးသူများသည်ကတော့ ချက်ချင်း ငြိမ်ကျသွားကြတော့ကာ တစ်ယောက်မှ ရှေ့ထွက် ပြောမလာရဲကြတော့ပေ ။

စတားကော်ပိုရေးရှင်းရဲ့ သူဌေးမက ဖူမင်းရှီဆီကနေ ကပ်စားဖို့ လိုလို့လား ။ ရှောင်ဟန်ကို ပျက်စီးအောင် လုပ်ချင်တာများ
ဖူမင်းရှီကို သုံးနေစရာ လိုလို့လား ။

ရီဝမ်ဝမ်ရဲ့ စကားတစ်ခွန်းနဲ့တင်ကို ဖူမင်းရှီရော ရှောင်ဟန်ရော နှစ်ယောက်စလုံး အလုပ်ပြုတ်သွားနိုင်တဲ့ဟာ .. ။

ထိုအခိုက် ရီပိုင်နဲ့ အကျွမ်းတဝင် ရှိကြသော သရုပ်ဆောင်များ ဖြစ်သည့် လျိုချန်း ၊ ကုန်ရွှီ ၊ ဟန်ရှန်းတို့အားလုံးမှာ ရီဝမ်ဝမ်ကို သရဲမတစ်ယောက်ကို မြင်နေရသလို ကြောင်ကြည့်နေမိကြလေသည် ။

"လခွမ်း ... သောက်ကျိုးနဲ .. အစ်ကို ရီ က .. စတားကော်ပိုရေးရှင်းရဲ့ သူဌေးလား ။ ငါ အိပ်မက်မက်နေတာများလား"

ကုန်ရွှီသည် လျိုချန်းနဲ့ ကျန်းယန်ရန်ကို ကြည့်ကာ မေးလာသည် ။

"အဲ .. ငါလဲ မသိဘူးလေ .."

ကျန်းယန်ရန်သည် ခေါင်းကို ခါပြ၏ ။

သူမသည် ရီဝမ်ဝမ် ထိုကိစ္စကို ပြောပြတာကို တစ်ခါမှ
မကြားခဲ့ဖူးပါချေ ... ။

"စတားအင်တာတိန်းမန့်ရဲ့ ဒါရိုက်တာ ကျိုး နဲ့ ဒါရိုက်တာ လီ တို့က ပြောနေတာပဲဟာ ။ ညာနေတာ ဟုတ်ပါ့မလား"

လျိုချန်းသည် မယုံကြည်နိုင် ဖြစ်မိနေသော်လည်း စတားအင်တာတိန်းမန့်၏ ဒါရိုက်တာ နှစ်ယောက်က ကြေညာသွားတာမို့ ထိုသည်မှာ မမှားနိုင်ပါချေ ။

"ဒါဆို .. ဒါဆို ငါတို့က .. မင်းသားလေးတေ ဖြစ်သွားပြီပေါ့"
ကုန်ရွှီက တအံ့တသြဖြစ်ရာကနေ ထမေးလာသည် ။

ဟန်ရှန်းယွီ ။ "..."

လျိုချန်း ။ "..."

ကျန်းယန်ရန် ။ "ဒါဆို ငါက မင်းသမီးလေးပေါ့ ..."

ရီဟုန်းဝေသည် ထိုဒါရိုက်တာနှစ်ယောက်ကို ကြည့်နေရင်းက ဝုန်းခနဲ ထရပ်လိုက်ကာ ..

"ဒါရိုက်တာ ကျိုး .. ဒါရိုက်တာ လီ .. ဒါရိုက်တာတို့ ပြောလိုက်တာက သူက စတားကော်ပိုရေးရှင်းရဲ့ ပိုင်ရှင်လို့လား .. ဒါပေမယ့် ဒါက မဖြစ်မှ မဖြစ်နိုင်တာ ။ စတားကော်ပိုရေးရှင်းကို တည်ထောင်ထားတာဖြင့် နှစ်ပေါင်းများစွာ ရှိနေပြီ .. ဒါပေမယ့် သူ့အသက်က ဘယ်လောက်ပဲ ရှိသေးလို့လဲ"

ဒါရိုက်တာ ကျိုး သည် ရီဟုန်းဝေအား ကြည့်ကာ ပြုံးလာပြီး ..

"ဆရာကြီး ရီ က ဘာကို ပြောနေတာပါလဲ ။ ဒါရိုက်တာ လီ နဲ့ ကျွန်တော်က ဒီလိုကိစ္စမျိုးကို နောက်ပြောင်ရဲပါ့မလား"

ရီဟုန်းဝေသည် မျက်မှောင်ကြီး ကြုတ်ထားပြီး ရီဝမ်ဝမ်အား ကြည့်လိုက်သည် ။

ရီဝမ်ဝမ်သာ စတားကော်ပိုရေးရှင်းရဲ့ ပိုင်ရှင် ဆိုရင်
အရင်တုန်းက အိမ်မှာ ဘာလို့ တစ်ခွန်းတောင် မဟခဲ့ရတာလဲ ။
ပြီးတော့ .. ဒါ အဓိပ္ပာယ်မရှိလွန်းဘူး .. ။

"ဝမ်ဝမ် .. မြေးက စတားကော်ပိုရေးရှင်းရဲ့ ပိုင်ရှင် ဆိုမှတော့ အင်ပါယာစကိုင်းအင်တာတိန်းမန့်နဲ့ စတားအင်တာတိန်းမန့် က အခုကစပြီးတော့ ညီအစ်မတွေ ဖြစ်သွားပြီပေါ့"

ရီဟုန်းဝေသည် ချက်ချင်းပင် ရီဝမ်ဝမ်အား အမိန့်ပေး၏ ။

သို့သော်လည်း ရီဝမ်ဝမ်သည် သူ့အား တစ်ခွန်း ပြန်မဖြေသလို တစ်ချက်ပင် မကြည့်လာပါချေ ။

"ဟားဟား ဥက္ကဌ ရီ စင်မြင့်ပေါ် တက်လာပြီးမှတော့ မိန့်ခွန်းလေး နည်းနည်းပါးပါး ပြောပါဦးလား"
ဒါရိုက်တာ ကျိုးက ရီဝမ်ဝမ်ကို ပြောလိုက်၏ ။

"ကောင်းပါပြီ ဒါရိုက်တာ ကျိုး က ပြောနေမှတော့ နည်းနည်းပါးပါး ပြောရမှာပေါ့"

ရီဝမ်ဝမ်သည် ခေါင်းမော့လာပြီး ခန်းမကြီးကို ဝေ့ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် ပြောဆိုလာသည် ။

"မနေ့တုန်းက ရှောင်ဟန်ရဲ့မွေးနေ့ပွဲမှာ ရှောင်ဟန်ကို ဖူမင်းရှီကို ရန်လုပ်ခဲ့တယ်ဆိုတာ အမှန်ပဲ ။ အဲ့ဒါကလဲ ကျွန်မ ဆန္ဒအတိုင်းပဲ .. ရှောင်ဟန်က နာမည်ကျော်ကြားတယ် ၊ နောက်ခံအသိုင်းအဝိုင်း ကြီးတယ်ဆိုပြီးတော့ လူတိုင်းကို အထင်သေးအမြင်သေးနဲ့ ဆက်ဆံတယ် ။ သရုပ်ဆောင်ငယ်လေးတွေကို ခနခန ရမ်းကားပြီး အနုပညာလောကအပေါ်မှာ လေးစားမှု လုံး၀ မရှိဘူး ။
ဒါကြောင့် ကျွန်မ ဒီနေရာကနေပဲ ကြေညာလိုက်ပါမယ် ။ စတားအင်တာတိန်းမန့်ဘက်ကနေ ကျွန်မတို့ရဲ့ သရုပ်ဆောင် ရှောင်ဟန်နဲ့ ချုပ်ထားတဲ့ စာချုပ်ကို ဖျက်သိမ်းပါတယ်"

..................................................................................

စာစဉ် ၇၁၊ အခန်း ၁၈။ ဘာမို့လို့

ရှောင်ဟန်က ထရပ်ပြီး ရီဝမ်ဝမ်ကို လက်ညှိုးထိုးကာ ..

"င့ါစာချုပ်ကို ဖျက်သိမ်းရအောင် မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ .. မင်းက စတားကော်ပိုရေးရှင်းရဲ့ ပိုင်ရှင်ပါလို့ ပြောလိုက်ရုံနဲ့ပဲ
ပိုင်ရှင် ဖြစ်သွားရောလား မင်း .."

ရှောင်ဟန် စကားပြောလို့ မပြီးသေးခင် ဒါရိုက်တာ ကျိုး သည် စိတ်မရှည်စွာဖြင့် လက်ကို ယမ်းကာ လုံခြုံရေးဝန်ထမ်းများအား ရှောင်ဟန်ကို ခန်းမထဲကနေ မောင်းထုတ်ခိုင်းလိုက်လေပြီ ။
ရီဝမ်ဝမ်က ဆက်ပြောသည် ။

"ရှောင်ဟန်ရဲ့ အုပ်ထိန်းသူ ဖြစ်တဲ့ သူ့အဘိုးကလဲ
အမှန်ကို အမှားဖြစ်အောင် ပြောင်းပြောခဲ့ပြီး ကုမ္ပဏီရဲ့ သိက္ခာကို နွမ်းပါးစေခဲ့တယ် .. ဒီနေ့ကစပြီးတော့ စတားကော်ပိုရေးရှင်းဟာ သူနဲ့ ချုပ်ထားတဲ့ စာချုပ်ကို ဖျက်သိမ်းပါမယ် ။ ဒါရိုက်တာ ကျိုး နဲ့ ဒါရိုက်တာ လီ က သူ စီမံကွပ်ကဲနေတဲ့ ကုမ္ပဏီခွဲနဲ့ သူ့အောက်မှာရှိနေတဲ့ သရုပ်ဆောင်တွေအားလုံးကို လက်လွှဲယူပါလိမ့်မယ်"

ဒါရိုက်တာ ကျိုး နှင့် ဒါရိုက်တာ လီ တို့၏ မျက်ဝန်းထဲ စိတ်လှုပ်ရှားမှုတို့ ပေါက်ဖွားလာကြလေပြီ ။ သူတို့တွေ နောက်ကုမ္ပဏီခွဲကို ခွဲယူရတော့မှာလား ... အရမ်း စိတ်ကျေနပ်ဖို့ ကောင်းလိုက်တာ .. ။

သတင်းထောက်များစွာမှာ ထိုတရားမမျှတမှုကြောင့် ရှောင်ဟန်၏အဘိုးဘက်ကနေ ကာပြောပေးကြလေပြီ ။

"ဥက္ကဌ ရီ .. ရှောင်ဟန်ရဲ့အဘိုး က စတားအင်တာတိန်းမန့်အတွက်ကို အများကြီး အကျိုးဆောင်ပေးထားခဲ့တာပါ ။ ဒါကို ဘာမဟုတ်တဲ့ အပြစ်သေးသေးလေးအတွက် စတားအင်တာတိန်းမန့်ကနေ မောင်းထုတ်မယ်ဆိုတော့ .. ဒါ ကျိုးကြောင်းမဆီလျော်လွန်း ဘူး မလား"

"အမှန်ပဲ .. ဥက္ကဌ ရီ ရဲ့ ဆုံးဖြတ်ချက်က မဆီလျော်လွန်းဘူး လို့ မထင်ဘူးလား"

ရီဝမ်ဝမ်သည် အမူအရာကင်းမဲ့စွာပင် ထိုမေးခွန်းထုတ်နေသော သတင်းထောက်များအား ကြည့်လိုက်ပြီး ထူးမခြားနားစွာဖြင့် ပြန်ဖြေလိုက်သည်ကား ..

"ကျွန်မက စတားရဲ့ ပိုင်ရှင် .. ဒီတော့ ကျွန်မ ပြောသမျှကို စည်းမျဉ်းပဲ ။ ရှင်တို့မှာ တခြားမေးစရာ ရှိလား"

သတင်းထောက်များမှာ ဆွံ့အသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်မိသွားကြ၏ ။

"နောက်ထပ် .. အင်ပါယာစကိုင်းအင်တာတိန်းမန့်နဲ့ ပတ်သက်နေတဲ့ကိစ္စကို ပြောပါမယ်"

ရီဝမ်ဝမ်သည် ရီယီယီ နှင့် ဂူရွဲ့ကျီတို့အား တစ်ချက်ကြည့်လိုက်ကာ ...

"စတားအင်တာတိန်းမန့်က အင်ပါယာစကိုင်း အင်တာတိန်းမန့်နဲ့ တွဲလုပ်နေတဲ့အလုပ်မှန်သမျှကို အကုန် ဖျက်သိမ်းတယ်လို့ ကျွန်မ ဒီကနေပဲ ကြေညာလိုက်ပါတယ် ။ အင်ပါယာစကိုင်းအင်တာတိန်းမန့်ကို ကျွန်မတို့ လွှဲပေးထား တဲ့ သရုပ်ဆောင်တွေကို ပြန်ခေါ်ပါမယ် ၊ ရံပုံငွေတွေ အားလုံးကိုလဲ ကျွန်မတို့ ပြန်ထုတ်ပါမယ်"

"ဘာ ..."

ရီယီယီ နှင့် ဂူရွဲ့ကျီတို့ မျက်နှာပျက်သွားသည် ။

ရီဝမ်ဝမ် တကယ်ကြီး အဲ့လို လုပ်ပစ်ရင် အင်ပါယာစကိုင်း အင်တာတိန်းမန့် အထိနာလိမ့်မယ် ။

စတားအင်တာတိန်းမန့်သည် စာချုပ်ကို တစ်ဖက်သတ် ဖျက်ပစ်လိုက်ခြင်းကြောင့် နစ်နာကြေး ပေးရမည် ဖြစ်သော်လည်း ထိုပေးရမည့်ပမာဏမှာ အင်ပါယာစကိုင်း အင်တာတိန်းမန့်၏ ဆုံးရှုံးမှုနဲ့စာရင် ဘာမှ မဟုတ်ပါချေ ။

"ဘာပြောလိုက်တယ်"
ရီဟုန်းဝေသည် ထရပ်လိုက်ပြီး
ရီဝမ်ဝမ်အား ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ကာ ..
"ဒီလိုနေရာမျိုးမှာ ဘယ်လို ပေါက်တတ်ကရတွေ လျှောက်ပြောရဲရတာလဲ"

ရီဝမ်ဝမ်သည် ရီဟုန်းဝေအား ကြည့်လိုက်ကာ ခြောက်ကပ်စွာဖြင့် မေးလိုက်၏ ။
"ဒီနေရာမျိုးမှာ ဒီလိုပုံစံမျိုးနဲ့ ကျွန်မကို လာပြောနေတာက ဘာအနေနဲ့လဲဆိုတာ မေးလို့ရမလား ဆရာကြီး ရီ"

ရီမူဖန်နဲ့ ရီရှောင်ထင်းတို့ အစွပ်စွဲခံနေရတုန်းက
သူ ဘယ်ရောက်နေလဲ ။ သားနဲ့ မြေးအပေါ်မှာကျ
ဘာလို့ တစ်ခါလေးတောင် အယုံအကြည် မရှိခဲ့ရတာလဲ ။

သူမ တရုတ်ပြည်ကို မသွားမဖြစ်လို့ ထွက်သွားခဲ့ရတုန်းကရော
သူ ဘယ်ရောက်နေလဲ ။

သူမအပေါ်မှာ နည်းနည်းလေးတောင် စိတ်ပူပေးခဲ့လို့လား ။

သူမတို့တစ်မိသားစုလုံး ဒုက္ခအကြီးအကျယ် ရောက်နေခဲ့တုန်းက အဘိုးဆိုတဲ့သူက ဘယ်ကို ရောက်နေခဲ့လဲ ။

ပြီးတော့ ရီဟုန်းဝေက ရီယီယီရဲ့ မိသားစုကို ရွေးချယ်လိုက်တာက သူမမိသားစုကို စွန့်ပစ်လိုက်တာနဲ့ အတူတူပဲ ။ သတင်းထောက်တွေရဲ့ရှေ့မှာ ရီဟုန်းဝေက သူမဟာ သူ့မြေးမပါလို့ တစ်ခါမှ ဝန်မခံခဲ့ဖူးဘူး ။
ပြီးတော့လဲ သူမက ရီမိသားစုဝင် ဘယ်တုန်းကမှ မဟုတ်ခဲ့သလို သူတို့နဲ့ ဘာသွေးသားချင်းမှ မတော်စပ်တာ အမှန်ပဲ ။

သူမ ပြန်ကျေးဇူးဆပ်ရမယ့်သူတွေက သူမမိဘတွေနဲ့ အစ်ကိုပဲ
ရှိတယ် ။ ရီမိသားစုရဲ့ ကျန်တဲ့သူတွေကတော့ ..
သူမနဲ့ ဟိုးကတည်းက ဘာမှကို မဆိုင်တော့တဲ့သူတွေပဲဟာ ။

"ဘာ .. ဘာပြောလိုက်တယ် ။ ငါ ပြောလိုက်မယ် အင်ပါယာစကိုင်း အင်တာတိန်းမန့်နဲ့ စတားအင်တာတိန်းမန့်ကို ခွဲမယ့်ဆိုတဲ့စကားကို အခုချက်ချင်း ပြန်ရုတ်သိမ်းစမ်း ။ ငါ ပြောတာကို ကြားလား" ရီဟုန်းဝေက စိတ်ဆိုးဆိုးဖြင့် ထအော်လေသည် ။

"ဥက္ကဌ ရီ .. ရှင် ကျွန်မကို လာခြိမ်းခြောက်နေတာလား"
ရီဝမ်ဝမ်သည် ရီဟုန်းဝေအား အေးစက်စွာ ကြည့်လိုက်၏ ။

"ခြိမ်းခြောက်တော့ကော ဘာဖြစ်လဲ"

"အိုး" ရီဝမ်ဝမ်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ကာ ..
"ဒါဖြင့်ရင်တော့ ရှင်က ဘာမို့လို့ ကျွန်မကို ခြိမ်းခြောက်နေတာလဲဆိုတာ သိချင်မိပါရဲ့"

............................................................................................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘

ကြိုတင်ဖတ်ရှုလိုပါက စာစဉ်တစ်ခုကို ၅၀ဝ နဲ့ paid group မှာ ဖတ်ရှုလို့ ရပါပြီရှင် ။
ဘေလွှဲရမယ့်နံပတ်လေးကတော့ 09402842937 ပါ ။ ကောင်းသောညချမ်းလေး ဖြစ်ကြပါစေ 😘

Continue Reading

You'll Also Like

1.4M 59.5K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
325K 13K 40
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
919K 10.1K 100
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...