အချစ်ကပေးဆပ်ခြင်းလား မောင်/ အ...
By Kway111
285K 11.9K 131
သို့/မောင် မောင်ကသာပင်လယ်ပြင်ကြီးဆိုရင်.... ငါကအဲ့ပင်လယ်ထဲကငါးလေးပေါ့..... မောင်သတိမထားမိတဲ့တစ်နေရာမှာ.... ကပ... More
intro
ငါခိုးယူခဲ့တဲ့အရာ /ငါခိုးယူခဲ့တဲ့အရာ
မောင်သာဖက်ထားပေးရင် /မောင်သာဖက်ထားပေးရင်
မတူညီတဲ့ငါတို့ /မတူညီတဲ့ငါတို့
အနမျး /အနမ်း
မောင့်ဆန္ဒ / ေမာင့္ဆႏၵ
ခဈြတဲ့သူနံဘေး /ချစ်တဲ့သူနံဘေး
ငါနဲ့ညီလေး 'ခ' / ငါနဲ့ညီလေး 'ခ'
သရကျသီးသုပျ / သရက်သီးသုပ်
မရှိမဖြစ်ဘူး / မရွိမျဖစ္ဘူး
အိမ်မက်ဆိုး / အိမ္မက္ဆိုး
စတင်သတိထားမိစဥ်က / စတင္သတိထားမိစဥ္က
မိုးနှင့်အတူ / မိုးႏွင့္အတူ
ကြယ်တွေဆုံတဲ့ည / ၾကယ္ေတြဆုံတဲ့ည
အကြောင်းပြချက်ကိုယ်စီ / အေၾကာင္းျပခ်က္ကိုယ္စီ
ငါမင်းကိုမုန်းတယ် / ငါမင်းကိုမုန်းတယ်
ကောင်လေး / ေကာင္ေလး
သဝန်တိုတဲ့မောင် / သဝန္တိုတဲ့ေမာင္
မောင့်အတ္တ / ေမာင့္အတၱ
မုန်းရသည့်အကြောင်း / မုန်းရသည့်အကြောင်း
အရှဲ့တိုကျပွီ / အရွဲ့တိုက်ပြီ
စိုးရိမ်တတ်ပြန်ရော / စိုးရိမ်တတ်ပြန်ရော
သို့သော်ချစ်လို့ / သို႔ေသာ္ခ်စ္လို႔
နာရီလေး / နာရီေလး
စိုးရိမ်စိတ် / စိုးရိမ္စိတ္
ထုဆစ်သူကြီး / ထုဆစ္သူႀကီး
မေ့နေတာ / ေမ့ေနတာ
ပြိုင်ဘက် / ၿပိဳင္ဘက္
လက်ဆောင် / လက္ေဆာင္
လမင်းကြီးရဲ့ကြယ်လေး / လမင်းကြီးရဲ့ကြယ်လေး
telegram channel
ချစ်ဖူးမှသိမယ် / ချစ်ဖူးမှသိမယ်
သို့/ မမ / သို့/ မမ
ကိုယျဝနျ / ကိုယ်ဝန်
ချစ်ကြောင်း / ခ်စ္ေၾကာင္း
ဂုဏ်ပြုပွဲ / ဂုဏ္ျပဳပြဲ
ရန်ဖြစ်ပြန်ချစ် / ရန်ဖြစ်ပြန်ချစ်
အိမျနီးခငျြး / အိမ်နီးချင်း
မူမမှန်တာတွေ / မူမမွန္တာေတြ
ထိုအရသာရဲ့အစ / ထိုအရသာရဲ႕အစ
စောင့်နေပေးပါ / ေစာင့္ေနေပးပါ
အဖြစ်မှန် (၁) / အျဖစ္မွန္ (၁)
အဖြစ်မှန် (၂) / အျဖစ္မွန္ (၂)
အဖြစ်မှန် (၃)ဆုံး / အျဖစ္မွန္ (၃)ဆုံး
ကလဲ့စား / ကလဲ့စား
ခေါ်သံလေး / ေခၚသံေလး
မောင်ပြန်လာပြီ / မောင်ပြန်လာပြီ
အနာကျင်ရဆုံးသူ / အနာက်င္ရဆုံးသူ
အချစ်ပို / အခ်စ္ပို
မောင့်ရဲ့... (၁) / မောင့်ရဲ့ ... (၁)
မောင့်ရဲ့... (၂) / ဇာတျသိမ်းပိုင်း
more extra or not🤔
Extra 1 'Uni'
Extra 1 "zg"
မောင့်ရဲ့... (၂) ဇာတ်သိမ်းပိုင်း
6.2K 153 5
By Kway111
#ကြွေ
____အချစ်ကပေးစပ်ခြင်းလား မောင်______
မြို့ပြင်တစ်လျှောက်မောင်းထွက်လာတဲ့ မောင့်ကားအနက်ရောက်လေး...
ဘယ်သွားမယ်ရယ် မပြောပင်မဲ့
တစ်လမ်းလုံးမောင်ဟာ ငါ့ရဲ့ညာဘက်လက်ကလေးကို တင်း"ဆုပ်ကိုင်နမ်းရှိုက်နေသည်မှာမရပ်တော့ ...
ကားစထွက်ကတည်းက ဘာစားချင်လဲ ဘာလုပ်ချင်လဲ တစ်ချိန်လုံး
အရိပ်တကြည့်"မေးနေတဲ့ မောင့်ကြောင့် ချမ်းပါတယ်ဆိုတဲ့ အအေးဒဏ်ကိုတောင်သတိမထားမိ‌....
ခရီးသွားတိုင်း ကားထဲမှာ မှန်အလုံပိတ်ပြီး air conဖွင့်တတ်တဲ့ မောင်
ဒီတစ်ချိန်မှာတော့ ‌နည်း"အေးရုံမျှသာဖွင့်ထားသည်...
"ကလေးငယ်.... ဘာတွေစဉ်းစားနေတာလဲ..."
"အာ... ဘာမှမဟုတ်ပါဘူး မောင်ရဲ့"
"မဟုတ်ဘူးလည်းပြောသေး... မောင်မေးတာတောင်မကြားဘူး"
"အယ် မောင်ဘာမေးလိုက်လို့လဲ..."
"ချမ်းရင် ကားနောက်ခန်းထဲက
မောင့်အနွေးထည်ယူ၀တ်လို့ရတယ်လို့..."
"ဟုတ်.... အခုတော့မချမ်းသေးဘူး..
နည်းနည်းအိပ်ငိုက်တယ်"
"အိပ်ချင်ရင် အိပ်လေ
‌ဟိုရောက်ရင် မောင်နှိုးလိုက်မယ်...ရွှတ်"
ကားမောင်းရင်းတစ်ဖက်နဲ့တောင် မရရအောင် နှဖူးကိုလာနမ်းသွားသေးတဲ့မောင်ရယ်ပါ...
ပြန်တွေးကြည့်မှ ငါတို့ရဲ့ပထမဆုံးဟန်းနီးမွန်းနဲ့ဆန့်ကျင်ဘက်အခြေအနေပင်
ဘယ်သူကထင်မိမှာလဲ အေးတိအေးစက်နေတတ်တဲ့မောင်က ငါ့အပေါ်အခုလိုနွေး"ထွေး"ဆက်ဆံနေတဲ့ မောင်အဖြစ်ပြောင်းသွားလိမ့်မယ်လို့လေ....
ဘယ်လိုဘဲဖြစ်ဖြစ်...
"ချစ်တယ် မောင်..."
"မောင်လည်း ပိုချစ်တယ်"
____အချစ်ကပေးစပ်ခြင်းလား မောင်______
"ပြွတ်စ်... ကလေးလေး
ထတော့လေ... ကိုယ်တို့မနက်စာသွားစားကြရအောင်... မွ"
မနက်ခင်းနှုတ်ဆက်အနမ်းလေးနဲ့ မောင့်ကြောင့် ခပ်ရေးရေးမျက်လုံးလေးနဲ့လှမ်းကြည့်မိတယ်....
ညတုန်းက နှိုးမယ်ဆိုပြီးမနှိုးဘဲနဲ့ ဟိုတယ်ထဲအထိချီလာပြန်ပြီ..
မောင်ဟာ ခန္ဓာကိုယ်သေးသေးလေးကို ရင်ခွင်ကျယ်ကြီးထဲထည့်ကာ မျက်နှာအနှံ့နေရာမလပ်အောင်အထိ အနမ်းတွေချွေနေပါရဲ့....
"အွန်း.... မောင်.... ဟာ့... အသက်ရှူ...
အင့်..ကြပ်လာပြီ လို့.."
နှုတ်ခမ်းသားအတွင်းရောအပြင်ရော သကြားလုံးစားနေတယ်များမှတ်နေလားမသိ အငမ်းမရစုပ်နေတဲ့လူကြီး....
လျှာကြီးကလည်း ဟို၀င်ဒီ၀င်နဲ့...
အပြင်လူတွေနဲ့ ငါတို့ဆိုဆက်ဆံရေးကသာမန်အတိုင်းဘဲထင်ရပင်မဲ့
နှစ်ယောက်တည်းရှိတဲ့အချိန်ဆိုမောင်ဟာတအားကပ်တွယ်သလို
အခုလိုတစ်ဇွတ်ထိုးလည်းလုပ်တတ်သေး.....
"‌ဆောရီး ကိုယ်နည်းနည်းစိတ်ပါသွားလို့..."
ကိုယ့်ကိုကိုယ်မနည်းထိန်းနေရမှန်း မျက်နှာကိုကြည့်ရုံနဲ့သိနိုင်သည်....
မသိချင်ယောင်ဆောင်ပစ်လိုက်ချင်ပင်မဲ့ အားလပ်ရက်လေးမောင့်ဆန္ဒဖြည့်ဆည်းပေးရတာပေါ့
အမှန်တော့ ငါလည်းမထိန်းနိုင်တော့ဘူးလေ
"မောင်... ပြွတ်စ်
မနက်စာစားဖို့စောပါသေးတယ် ‌ငါတို့တစ်ခုခုလုပ်ကြရအောင်လေ နော်..."
"ကလေးငယ် မောင့်ကိုလာမစ'နဲ့နော်
နောက်မှ နေလည်စာတောင်မစားနိုင်ဘဲဖြစ်သွားလိမ့်မယ်..."
"အဲ့တာဆိုလည်းမစားဘူးပေါ့
မောင့်ကိုဘဲစားချင်တာ ဟီးဟီး.."
သူ့ဘာ့သာပြောပြီးပြန်ရှက်နေတဲ့ ကလေးငယ်ရယ်ပါ....
နားရွက်တွေမှနီလို့...
"ဟွန်း... ဟုတ်တာပေါ့
အဲ့တာဆိုလည်းအချိန်မဆွဲဘဲမောင့်ကိုလာစား‌တော့လေ..."
အိပ်ရာပေါ် လှဲချပြီး
သူ့ကိုလာစားပါဆိုတဲ့ရုပ်နဲ့ လူလည်ကြီး...
အဲ့လိုနဲ့ဘဲ ရှိန်းခမျာပင်ပန်းပြီးမနက်စာမပြောနဲ့ နေ့လည်စာတောင်မစားနိုင်ခဲ့ပါဘူး....
ညအချိန်လည်းတဖြည်းဖြည်းနက်လာတာနဲ့အမျှ ကောင်းကင်ပေါ်က‌ကြယ်တွေလည်း အပြိုင်အဆိုင်တောက်ပနေကြတော့သည်...
ရေလှိုင်းတွေရဲ့ရိုက်ခတ်သံနဲ့အတူ တိုက်ခတ်လာတဲ့လေပြေလေညှင်းလေး တွေမှာ လည်းပါးပြင်ပေါ်ကြည်ဆယ်လို့....
ကောင်းကင်ပြာကြီးရယ် ရေလှိုင်းတွေရယ် တိုက်ခတ်နေတဲ့ခပ်အေးအေးလေပြေတစ်ချို့ရယ် တိတ်ဆိတ်မှုကိုဖြိုခွင်းနေတဲ့ ပင်လယ်အော်သံရယ် အပြိုင်အဆိုင်တောက်ပနေကြတဲ့ကြယ်လေးတွေရယ် အလင်းရောင်ပေးနေတဲ့လမင်းကြီးရယ်
သံသောင်ပြင်ပေါ်မှာ ခြေလွတ်လက်လွတ်လှဲချပြီး သဘာ၀တရားကိုခံစားနေတဲ့မောင်နဲ့ သူ့ရဲ့ကိုယ်ပိုင်ကြယ်လေး ရှိန်းရယ်....
ပြီးပြည့်စုံတဲ့မြင်ကွင်းကိုပြပါဆိုလျှင်
မောင့်အတွက်တော့ တကူးတကရှာနေစရာမလို ဒီအရာတွေမပါခဲ့ရင်တောင် ရှိန်းဆိုတဲ့လူသားလေးတစ်ယောက်တည်းနဲ့တင်လုံလောက်ပြီ....
"မောင် အဲ့ဂစ်တာကြီးကဘာလုပ်ဖို့ငှားလာတာလဲ..."
"မောင့်ကလေးလေးကိုသီချင်းဆိုပြမလို့ပေါ့...."
"ဟီးဟီး တကယ်လား..."
"အင်းပေါ့... နားထောင်မလား"
"ဟုတ်...."
လှဲနေရာမှထိုင်လိုက်တဲ့ ရှိန်းရဲ့
မျက်နှာချင်းဆိုင်မှာ နေရာယူလိုက်ပြီး တီးခတ်လိုက်တဲ့သံစဉ်နဲ့အတူ....
🎶ကြယ်ပန်းလေးတွေပျိုးခဲ့
အို မင်းလေးပန်ဖို့အတွက်🎶
🎶ရှိသမျှအချိန်တွေရယ်
မင်းအရိပ်များထဲလွင့်ပျောက်သွားဆဲ🎶
🎶မင်းတစ်ယောက်သာငါ့ရဲ့
အမြဲမတ်တဲ့အိပ်မက်🎶
🎶အချစ်ရဲ့ခေါ်ဆောင်ရာ
တစ်ရှိုက်မက်မက်နဲ့မြောလွင့်ရင်းသာ🎶
🎶ကမ္ဘာမြေပေါ်နေပျော်ခဲ့....
အရာရာငါ ကျေနပ်တယ်🎶
🎶ဘ၀တစ်ခုကိုပုံဖော်ဖို့အတွက်
မင်းရှိမှပြည့်စုံနိုင်မယ်...🎶
🎶မသိစိတ်တွေနဲ့......
အိပ်မက်တွေထဲမှာမင်းဘဲ🎶
🎶ရွှေမှုန်တွေကြဲ ဖန်သားနန်းတော်လေးထဲ
၀င်လာတဲ့မင်းခြေလှမ်းတွေပန်းပွင့်တယ်🎶
🎶အချစ်ကြောင့်ပါဘဲ.....
ထွက်သက်၀င်သက်တွေတိုင်းမှာမင်းဘဲ
အတူမဆုံပင်မဲ့အတူရှိရသလိုဘဲ🎶
🎶အို အိပ်မက်လေးလိုပျောက်ကွယ်မှာကိုစိုးတယ်
အချစ်ကြောင့်ပါဘဲ.....🎶
(တေးဆိုရှင် A sai (black hole)ရဲ့
ဖန်သားနန်တော်
သီချင်းကိုသက်ဆိုင်သူအား အပြည့်အ၀crdပေးပါတယ်)
"ဝါး တော်လိုက်တာ...."
သီချင်းဆုံးတာနဲ့ လက်ခုပ်ဩဘာတွေပေးပြီး တစ်ယောက်တည်းကျေနပ်နေတဲ့ကောင်လေး....
မျက်၀န်းလေးတွေကလည်းကြည်လဲ"နဲ့...
မောင့်အသံက အဆိုတော်တွေလောက်မကောင်းပင်မဲ့ တည်ငြိမ်ပြီးဩရှရှအသံကိုမှကြည်လင်ပြတ်သားတာကြောင့်
စာသားရဲ့အဓိပ္ပာယ်ကိုအလွယ်တကူခံစားမိနိုင်သည်....
ချီးကျူးလို့တောင်မဆုံးသေး
ရုတ်တရက်မက်တပ်ရပ်လိုက်တဲ့ မောင့်ကြောင့် ရှိုန်းလည်းဘာမသိညာမသိ မက်တပ်လိုက်ရပ်လိုက်သည်..
မောင်ဟာ သဲသောင်ပြင်ပေါ်ခြေတစ်ဖက်ဒူးထောက်ချလိုက်ပြီး ဘောင်းဘဲအိပ်ကပ်ထဲက အရောင်တလပ်"နဲ့အရာလေးကိုထုတ်ကာ..
"မောင့်ကိုလက်ထပ်နိုင်မလား ကလေးငယ်
မောင် မင်းရဲ့ဘ၀လက်တွဲဖော်ဖြစ်ပါရစေ... "
‌မင်္ဂလာသက်တန်း၅နှစ်ကျော်ပြီးလို့ သားလေးတောင်ကျောင်းတတ်တဲ့အရွယ်ရောက်နေမှ ရုတ်တရက်ကိုယ့်ယောက်ျားစီကလက်ထပ်ခွင့်တောင်းခံရတဲ့ ခံစားချက်ဟာ
အမည်တောင်မဖော်လိုနိုင်တော့ပါ...
ပြောမဲ့သာပြောတာမောင့်ဘက်ကလည်း ဘယ်တုန်းကမှလက်ထပ်ခွင့်တောင်းခဲ့ခြင်းမရှိ....
ရှိန်းကသာ လိုချင်လွန်းလို့
မရမကလက်ထပ်ခဲ့တာလေ...
ရုတ်တရက်ကျလာတဲ့မျက်ရည်တွေက ဒီတစ်ခါမှာတော့၀မ်းနည်း၍ကျလာခြင်းမဟုတ်ပျော်လွန်း၍သာ...
ခေါင်းကိုတစ်ဆက်ဆက်ငြိမ့်ရင်း ဘယ်နှစ်ကြိမ်မှန်းမသိအောင် မောင့်ရဲ့တောင်းဆိုချက်လိုလက်ခံမိနေသည်...
"‌အချိန်အတော်လေးယူခဲ့မိတဲ့အတွက်‌လည်းတောင်းပန်ပါတယ်နော်...
ပြွတ်စ် ချစ်တယ် ကလေးငယ်..."
"အီးဟီး မောင်....
ငါလည်း မောင့်ကိုအရမ်းချစ်တယ် ....
အများကြီးချစ်တယ်"
မူလလက်စွပ်လေးရှိနေပြီးသား လက်သူကြွယ်လေးကို အသစ်ထပ်မံတိုးလာတဲ့အချစ်တွေနဲ့အတူ နောက်လက်စွပ်တစ်ကွင်းကိုပါ ထားရှိစေလိုက်တော့သည်...
သဲသောင်ပြင်ပေါ်ဒူးထောက်လျှက်သား လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ရင်း အရာအားလုံးကိုခဏတာမေ့ထားပလိုက်ပြီ...
အရမ်းမထူးခြားလှပါဘူး အ‌ဆောင်အယောင်အပြင်အဆင်တွေလည်းမပါခဲ့သလို တီးဝိုင်းတွေ မီးဆိုင်းတွေလည်းမပါခဲ့ပါဘူး
ကလေးငယ်အကြိုက်ဆုံးကြယ်ရောင်စုံအောက်မှာ သာ မောင့်ဘက်ကဒူးထောက်ရင်းလက််ထပ်ခွင့်တောင်းခဲ့တာလေ...
အဲ့လိုဘဲ မောင်ဆိုတဲ့လူကြီးက
ကလေးငယ်ဆိုတဲ့ ကောင်လေးကို ရိုးရှင်းသယောင်နဲ့ရှင်းပြရခတ်တဲ့အချစ်တွေနဲ့ချစ်တယ်
ဒီအချစ်မှာ အရောင်ပါရင်ပါလိမ့်မယ်
ဒါပေမဲ့အဲ့အရောင်တွေက မင်းတစ်ယောက်တည်းအတွက်ပါဘဲ
မောင့်ရဲ့ ကလေးငယ်.......
ပြီးပါပြီ
_____________
"အချစ်ကပေးစပ်ခြင်းလား မောင်"ဆိုတဲ့ ဇာတ်လမ်းလေးဟာ ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါပြီ
အမှားတွေလည်းအများကြီးပါခဲ့သလို ဇာတ်ရှိန်အတတ်အကျလည်းတအားမြန်ခဲ့တာမို့ ကိုယ့်ကိုကိုယ်လိုအပ်ချက်တွေရှိနေမှန်းလည်း သိပါတယ်
အစကနေအဆုံးထိ လိုက်ပါစီးမျောပေးခဲ့တဲ့ စာဖတ်သူတစ်ဦးချင်းစီကိုကျေးဇူးအထူးတင်ရှိပါကြောင်း....
ဖြစ်နိုင်ရင် side coupleလေးတွေ အချိုလေးတွေနဲ့ပြန်လာချင်ပါသေးတယ် ဇာတ်လမ်းလေးလည်း completedဖြစ်သွားပြီဆိုတော့ ဈေးဗန်းခင်းဖို့စောင့်နေတဲ့ကလေးတွေလည်း လှုပ်ရှားလို့ရပြီလို့ ဟိဟိ
အားလုံးဘဲ ကျန်းမာရေးဂရုစိုက်ကြပါအားလုံးကိုချစ်ပါတယ်လို့....
Continue Reading
You'll Also Like
254K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
242K 13K 20
ရိုရိုလေးနဲ့ချိုချိုလေး😋နေ့တိုင်းအပိုင်းသစ်တင်မှာပါနော်🤗 Start date-July 16.2021 End date-August 10.2021 ရိုရိုလေးနဲ့ချိုချိုလေး😋နေ့တိုင်းအပိုင်းသ...
16.7K 500 27
မောင့်ရဲ့သျှား (intro) အရာရာမှာသိတတ်လိမ်မာလွန်းပြီးစာလည်းပြောစရာမလိုအောင်အလွန်တော် သားအမိနှစ်ယောက်သာရှိ၍အမေတစ်ခုသားတစ်ခုဖြစ်နေရသူ အထက်တန်းကျောင်းသားလ...
10K 851 27
မျက်စိမမြင်သူ ကောင်လေးတစ်ယောက်ကို မြင်မြင်ချင်း သနားဂရုဏာသက်ကာ မေတ္တာသက်ဝင်ခဲ့သူ........ သနားလို့ ချစ်ခဲ့တာမှန်ပေမယ့် သူ့ကိုစွဲလမ်းခဲ့တာကတော့ သနားစိတ...