ဆုံစည်းခွင့်လေး (Completed)

By Meaningless101

42.5K 1.5K 38

*Fall in love with me* More

Ep-01
Ep-02
Ep-03
Ep-04
Ep-05
Ep-06
Ep-07
Ep-08
Ep-09
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep-15
Ep-16
Ep-17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep - 28
Ep-29
Ep-30
✨Notice✨
Ep-31
Ep-32
Ep-33
➡Advertisement〽⬅
Ep-34
Ep-35
Ep-36
Ep-37
ကြော်ငြာတစ်ဖြတ် 😉
မိတ်ဆက်ခြင်း
Ep-38
Ep-39
Ep-40
Ep-41 🌑🌑
Ep-43
Ep-44
Ep-45
Final
new fic
Hey...

Ep-42

615 23 0
By Meaningless101



"သား...သတိုးလေး"

"ဗျာ ကြီးကြီး"

ကြီးကြီးကဘေးနားလာထိုင်ကာ စကားစလာတော့ အလိုက်သင့်လေးပြန်ဖြေလိုက်ပေမယ့် ကိုယ့်ထက်ပိုအတွေးလွန်နေတဲ့ ကြီးကြီးကို ပြန်သတိပေးနေရပြန်ပါသည်။

"ကြီးကြီး"

"ဟေ အင်း...ကြီးကြီးခုပြောမယ့်စကားကို သားသေချာစဉ်းစားစေချင်တယ်"

တွေးဆဆပြောလာတဲ့ကြီးကြီးစကားတွေကိုနားထောင်ဖို့သာဆုံးဖြတ်ရသည်။ ပုံမှန်ဆိုကြီးကြီး ဒီလိုစကားပလ္လင်ခံလေ့မရှိ။

"ဘာများလဲ ကြီးကြီးရဲ့"

"သားကိုလူတွေဘယ်လိုပြောနေလဲ သားကြားပြီးမှာပေါ့"

"ဟုတ် သားကြားပါတယ် သူတို့ပြောနေတာတွေကိုလဲ သားစိတ်ထဲ ဘယ်လိုမှမအောက်မေ့ပါဘူး သားကိုယ်တိုင်က ဒီလမ်းကိုရွေးချယ်ခဲ့တာမို့ နောက်လဲ ဂရုမစိုက်ပါဘူး"

ကျွန်တော်ကိုယ်၀န်ဆောင်တဲ့သတင်းက ကျွန်တော်တို့ ကျောပေါ်တင်သာမက အောက်ချိုင်းထဲကရွာမှာပါ သတင်းပျံ့နေသည်။ ကျိန်စာသင့်တဲ့ယောက်ျားဆိုပြီး ကျွန်တော့်မြင်တာနဲ့ ဝေးဝေးကရှောင်ကြသလို ကွယ်ရာကျလည်း ရှုံ့ချနေကြပြန်သည်။ သူတို့ဘယ်လိုပဲရွံ့စရာသတ္တဝါလို ဆက်ဆံနေကြပါစေ ကျွန်တော်ကတော့ မွေးလာမယ့် သားလေးအတွက်ပဲတွေးချင်သည်။

"ကြီးကြီးကတော့ ကလေးကိုထိခိုက်မှာစိုးရိမ်တယ်သားရယ် ကလေးကြီးလာရင် ရွာကလူတွေဝိုင်းကျဉ်ကြမှာမလိုလားဘူး အဲ့တော့ ကလေးအဖေကိုဆက်သွယ်စေချင်တယ် ဒီလိုပုံစံနဲ့ဆို သားလည်းစောင့်ရှောက်နိုင်..."

ကြီးကြီးစကားကို ကျွန်တော်ဆက်နားထောင်နိုင်စွမ်းမရှိတော့ပါ။ ကြီးကြီးက ကျွန်တော့်ကို ကလေးမွေးပြီး မစောင့်ရှောက်နိုင်တဲ့သူလိုတွေးနေတာမဟုတ်ပါလား။ ကျွန်တော်အဲ့လောက်မ‌ပျော့ညံ့မှန်း ကြီးကြီးသိရက်နဲ့။ ကိုယ်တိုင်ကတာ၀န်မယူနိုင်ဘူး ဒီလိုလူအများအပြောခံရမှာတွေကိုကြောက်နေရင် ဒီကလေးကိုမွေးဖို့ဆုံးဖြတ်ခဲ့မှာကိုမဟုတ်။

"ကြီးကြီး သားကရတယ်လို့ပြောနေတယ်လေ ကျွန်တော့်ကိုစိတ်ကြိုက်ပြောကြပါစေ သားကိုတော့အထိမခံနိုင်အောင် ကာကွယ်မှာပါ အဲ့လိုကာကွယ်နိုင်အောင်လည်းကျွန်တော်ကြိုးစားမှာ"

"မိုက်လိုက်တာသားရယ် သားကိုဒီ့ထက်ပိုပြီးမခံစားစေချင်တော့လို့ပြောနေတာပါ"

ကြီးကြီးကငိုသံစွက်ပြောလာတော့ ကျွန်တော်လည်း မခံစားနိုင်ပါ။ ကြီးကြီးကကျွန်တော့်အတွက်ပြောတာဆိုပေမယ့် ကျေးဇူးလည်းမတင်မိ။

"တောင်းပန်ပါတယ် သားလေးကြီးလာရင်တော့ အဖေကကျွန်တော်တစ်ယောက်တည်းလို့ပြောပါနော် ကလေးကိုအဖေနှစ်ယောက်ရှိတာ မသိစေချင်ဘူး"

အဖေနှစ်ယောက်ရှိတာမသိစေချင်တာထက် ကျွန်တော်ကိုယ်တိုင်မွေးထားတာမို့ သားအဖေကကျွန်တော်တစ်ယောက်တည်းဘဲဖြစ်ရမည်။ တကယ်လို့ သားကအရွယ်ရောက်လို့မေးလာခဲ့ရင်လည်း သားမှာဒီအဖေတစ်ယောက်တည်းရှိတာပါလို့ဘဲဖြေမည်။ ဒါက ကျွန်တော့်ရဲ့သေးငယ်တဲ့အတ္တ။

"ဒါမျိုးက ဖုံးကွယ်လို့မှမရတာငါ့သားရယ် ရွာထဲကလူတွေကြောင့် တစ်နေ့မဟုတ်တစ်နေ့သိမှာပဲ"

"ကြီးကြီး သားကြောက်တယ် ကလေးကကျွန်တော့်ကိုမုန်းသွားမှာသားကြောက်တယ်ကြီးကြီးရဲ့အီးဟီး"

"အော် ခက်ပါရောလားသားရယ် ဒီအဖွားကြီးကဘယ်လိုနှစ်သိမ့်ရပါ့မလဲ"

ရင်ခွင်ထဲတိုးဝေ့ကာ ငိုနေတဲ့ဗိုက်လုံးလုံးလေးနဲ့ကောင်လေးကို ကျွန်မလည်းနှစ်သိမ့်မပေးတတ်ပါ။ ညတိုင်းလိုလိုတစ်ယောက်တည်းကြိတ်ငိုနေတတ်တဲ့ ဒီကလေးကို အလွန်ပဲသနားလှသည်။ ဘယ်လို၀ဋ်ကြွေးတွေကြောင့်များ ဒီချစ်စရာကောင်လေးကို လောကဓံတရားတွေခါးစည်းခံရစေတာများလဲ။ ၀ဋ်ကြွေးကြီးလိုက်တာ သားလေးရယ်....။

√√√√√√√√√√√√√√√√√√√

မနက်အစောထကာ မနက်စာပြင်ဆင်နေခိုက် ခြံထဲကား၀င်လာသံကြားတာကြောင့် ထွက်ကြည့်လိုက်တော့ သုတအဖေနဲ့အမေ။ ဒီလိုကြီး တစ်ခါမှလာမလည်ဖူးတာကြောင့် ဘာပြောရမှန်းမသိကြောင်နေစဉ်

"သား အင်ပါယာ"

"အာ အန်တီတို့အကြောင်းမကြားဘာမကြားနဲ့ လာပါဗျ ထိုင်ပါဦး"

ရုတ်တရက်ကြီးရောက်ချလာတဲ့ သုတအဖေနဲ့အမေကို ဆိုဖာမှာအရင်ထိုင်ခိုင်းလိုက်သည်။ မျက်နှာအမူအရာတွေကြည့်ရပုံထောက် သတင်းကောင်းတော့ ဟုတ်ဟန်မတူ။

"အန်ကယ်နဲ့အန်တီက ရုတ်တရက်ကြီးရောက်လာတာဆိုတော့ ဘာကိစ္စများရှိလို့..."

"မင်းမိန်းမရှိလား တုမနှိုင်းနဲ့လာတွေ့တာ"

ဒေါသမမည်တဲ့ ခပ်လောလောလေသံနဲ့ပြောလာတော့ သိလိုက်ပါပြီ အိမ်ကမိန်းမမွှေချက်ကတော့ သုတမိဘတွေပါအိမ်ရောက်လာတဲ့အထိ။

"အာ ဟုတ်ကဲ့ ခဏလေးထိုင်ပါဦးနော် အိပ်ပျော်နေလို့ သွားနှိုးပေးမယ်ဗျ"

"အေးအေး သားရယ် အန်တီတို့အရေးတကြီးပြောစရာရှိလို့ပါ"

ဘွားတော်ကရင်ဘတ်ဖိပြီး မသက်မသာဟန်နဲ့ပြောနေပေမယ့် ဘိုးတော်ကတော့ မျက်နှာကြီးနီမြန်းလျက် ရုပ်ပျက်နေသည်။

အပေါ်ထပ်တက်လာကာ အခန်းထဲ၀င်လိုက်တော့ အမယ် ကျေးဇူးရှင်က သူဘာအပြစ်မှမလုပ်ထားတဲ့အတိုင်း ပြဲကားနေအောင်အိပ်နေတာများ။

အနားကို ခြေဖွနင်းကာ နှိုင်းအိပ်နေတဲ့ခုတင်စောင်းမှာကပ်ထိုင်လိုက်ရင်း ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်တွေကိုသပ်တင်ပေးကာ

"နှိုင်း...အသဲလေး ထတော့နော် "

နားနားတိုးကပ်ကာ ခပ်ဖွဖွ‌ပြောပြီးနှိုးလိုက်တော့ မျက်ခုံးတွေတွန့်ချိုးလာကာ ပြန်အိပ်နေပြန်သည်။

"အိပ်မယ်ဆိုလည်း ကိုယ့်ပြဿနာကိုယ်ရှင်းပြီးမှအိပ် ထတော့ကွာ အောက်ထပ်မှာ သုတမိဘတွေရောက်နေတယ်"

"ဟင် ဘာလာလုပ်တာတဲ့လဲ"

ထိုသို့မေးလာပေမယ့် မျက်လုံးတွေကတော့ဖွင့်မလာသေး။

"သဲကကွာ ထတော့ လူကြီးတွေကိုအားနာစရာ"

"ကိုကိုကလည်း သဲမရှိဘူးလို့ပြောလိုက်တာမဟုတ်ဘူး"

"ခုမှတော့ကြောက်မနေနဲ့ ပြောဦး ဟိုတလောက Surprise လုပ်တာဘယ်လိုဖြစ်သွားလဲ အခုလာတာ အဲ့တာနဲ့ဆိုင်လား"

"ဟီးဟီး အဲ့တုန်းကဖြင့်လိုက်မလာဘဲနဲ့ အခုမှသိချင်မနေနဲ့ လူကြီးတွေစောင့်နေတာမလား သွားမယ်"

စပ်ဖြဲဖြဲရုပ်လေးက ချက်ချင်းတည်သွားကာ အပြင်ထွက်သွားပုံက တကယ့်မျက်နှာနှစ်ဖက်နဲ့မိန်းမမျိုး။ အဲ့လိုမိန်းမတွေကိုမုန်းပေမယ့် နှိုင်းကတော့ ချစ်စရာကောင်းသည်။

"ဟော သမီးရေ လာထိုင်ပါဦးကွယ် အန်တီတို့ သမီးနဲ့တိုင်ပင်စရာရှိလို့"

"ဘာများလည်း အန်တီရဲ့"

ဘာကြောင့်လာတယ်ဆိုတာသိသိရက်နဲ့ တမင်မျက်နှာပြောင်တိုက်မေးနေတဲ့ နှိုင်းကိုတော့ ဘေးကနေ အသည်းတစ်ယားယား။

"ဟို...သမီးရယ် သမီးက အန်တီ့သားနဲ့ရော အဆောင်တော်လေးနဲ့ပါရင်းနှီးနေတာဆိုတော့ သားတို့ကိုဖြောင်းဖျပေးပါဦးလား သမီးရယ်၊ သူတို့ချင်း မေတ္တာမျှလို့တွဲနေကြတယ်ဆိုတာထိလက်ခံနိုင်ပေမယ့် လူသိရှင်ကြား လက်ထပ်မယ်ဆိုတာကြီးကတော့ အန်တီတို့လည်း အချိန်လိုတယ်လေနော် ပြီးတော့ အန်တီကရတနာဆိုင်ဖွင့်ထားတော့ အလွှာအမျိုးမျိုးနဲ့ ပေါင်းသင်းရတော့ ဒီကိစ္စကဘယ်လိုမှအဆင်မပြေဘူးရယ် နောက်ပြီးဖေကြီးကလည်း သူ့ကုမ္ပဏီမှာ မျက်နှာပျက်စရာတွေဖြစ်ကုန်မယ်လေ"

"အန်တီတို့ခံစားချက်ကို သမီးနားလည်ပါတယ် ဒါပေမယ့် သူတို့ကို အဆုံးထိနားလည်ပေးလိုက်လို့မဖြစ်ဘူးလားအန်တီရယ် ကိုကြီးသုတကလည်းတွေးခေါ်တတ်တဲ့အရွယ်ရောက်နေသလို အဆောင်ကလည်း ပြီးစလွယ်ဆုံးဖြတ်ချက်ချတတ်တဲ့သူမျိုးမဟုတ်ဘူးလေ ခုချိန်မှာ အန်တီတို့အတွက်မကြည့်ပဲ သူတို့ကိုယ်ပိုင်ဘ၀လေးမှာပျော်ခွင့်ပေးလိုက်ပါနော် အန်တီလည်းသတိထားမိမှာပါ ကိုကြီးသုတကအဆောင်ရောက်လာမှ ဘယ်လောက်တောင်ပျော်ပြီး လူသား‌ဆန်လာလိုက်သလဲ အရင်ကဆို ကျောက်ရုပ်ကြီးလို မလှုပ်မယှက်နဲ့ သူ့မြင်ပြီး ကိုယ်ပါအထီးကျန်နေသလိုခံစားရတယ် အဲ့တာကြောင့်..."

"ကဲ ငါမပြောဘူးလား မိန်းမရယ် နှိုင်းကမင်းသားနဲ့တစ်ဖွဲ့တည်းပါဆို သားအင်ပါယာကိုလည်းအားနာပါတယ် သမီးနှိုင်းကလည်း အန်ကယ်တို့ဒီအိမ်ကိုမလာခဲ့ဘူးလို့ပဲ သတ်မှတ်ပေးပါ"

"ခ...ခဏ...ခဏလေးနေပါဦး အန်ကယ်ရယ် ဒီထိရောက်လာမှတော့ အန်ကယ်တို့ဆုံးဖြတ်ချက်ကို သမီးလည်းသိချင်ပါတယ်"

ထပြန်မယ်လုပ်တဲ့သူတွေကိုတားပြီး သူသိချင်တာပဲဦးတည်မေးနေတဲ့နှိုင်းပုံစံက တကယ့်ကိုအဖြူထည်။

"ကဲ လက်ထပ်စာချုပ်ကြီးပါပြပြီး မင်္ဂလာဆောင်ချင်ပါတယ်ပြောနေမှတော့ ဘာပြောလို့ရတော့မှာလည်း သမီးရယ် အန်ကယ်တို့သဘောမတူဘူးဆိုတောင် သူတို့ကညားပြီးနေပြီဘဲ အဲ့တော့ မျက်နှာပူပူနဲ့ပဲ အဆောင်တော်အမေဆီကို မင်္ဂလာကိစ္စသွား‌ဆွေးနွေးရတော့မှာပေါ့"

"အဲ့တာပြောတာပေါ့ တကယ်ဆို သားကကျွန်မတို့ကို အသိပေးသင့်တယ် ခုတော့မပြောမဆိုနဲ့ပျောက်သွားပြီး ပြန်လာတော့ တရားရုံးမှာလက်ထပ်ပြီးပါပြီတဲ့ ကျွန်မဖြင့် ဆိုင်သွားရင် ဘယ်လိုမျက်နှာပြရမလဲမသိတော့ဘူးရှင်"

"အန်တီရယ် အဲ့တာရှက်စရာမဟုတ်ပါဘူး အချစ်ပါ လူနှစ်ယောက်မုန်းနေတာထက် တစ်ယောက်နဲ့တစ်ယောက်ချစ်နေတာကိုမြင်ရတာ ဘယ်လောက်မျက်စိပဒေဿဖြစ်လိုက်လဲ အချစ်ကအချစ်ပါအန်တီ ယောက်ျားကမိန်းမမှချစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မျိုးမရှိပါဘူး လူတိုင်းမှာ တန်းတူညီအခွင့်အရေးရှိသလိုပေါ့ လူတိုင်း ဘယ်သူ့ကိုမဆိုချစ်နိုင်ပါတယ် သူတို့ချစ်တဲ့ အချစ်တွေကစစ်မှန်ရင် ပျော်စရာတွေနဲ့အဆုံးသတ်ရမှာပေါ့ ဥပမာ ကိုကြီးသုတနဲ့အဆောင်ကိုပဲကြည့် ခုချိန်ပျော်ခွင့်ပေးလိုက်ရင် အန်တီတို့နောင်တကင်းမှာပါ"

"အင်း လူတိုင်းကသမီးလိုတွေးရင်တော့ ကောင်းတာပေါ့ ကဲ အန်တီတို့လည်းပြန်လိုက်ဦးမယ် သားရေ ပြန်ပြီနော် အိမ်လည်းလာလည်ကြဦး"

"ဟုတ်ကဲ့အန်တီ"

"ဟုတ် ဂရုစိုက်ပြန်ကြပါ ပျော်ရွှင်ပါစေနော်"

ခါးကုန်းကာအရိုအသေပေးနေသည်က အိမ်ရှေ့ကကားထွက်သွားသည်အထိပင်ခါးပြန်မတ်မလာ။

"အဟင်း နောင်တရနေတာလား"

"အံ့ဩ ဘာလို့ရရမှာလည်း ကိုကိုနော် သဲကိုလာအပြစ်တင်လို့မရဘူး အဆောင်က Surprise လုပ်မယ်ဆိုတာပဲသိတာ ခုလိုကြီး မင်္ဂလာဆောင်ဖြစ်သွားမယ်မှန်းဘယ်သိမလဲ သိရင်ဒီ့ထက်ပိုကောင်းအောင်ပြင်ဆင်ပေးပါတယ် မိုက်နေရော ဒီကိစ္စ ဟိန်းသူကိုအသိပေးရမယ် အား အရမ်းသဘောကျတာဘဲ ကိုကြီးတို့ကိုလည်း မင်္ဂလာဆောင်ပေးရမယ် အဟိ ကြိုက်တယ် ကြိုက်တယ်"

တစ်ယောက်တည်း အရူးလိုစကားတွေပြောရင်း အပေါ်ပြေးတက်သွားတဲ့ကောင်မလေးကိုကြည့်ကာ သက်ပြင်းသာအကြိမ်ကြိမ်ချနေမိသည်။

နှိုင်းရဲ့ LGBT တွေအပေါ်ထားတဲ့အမြင်က ထင်ထားတာထက်ပိုစွဲလမ်းကာ ရောဂါတစ်ခုလိုလောင်ကျွမ်းနေသည်။ နေ့နေ့ညည အသစ်ထွက်သမျှ BL/GL Series တွေထိုင်ကြည့် ဓာတ်ပုံတွေ ပိုစတာတွေကရော အခန်းထဲက မင်္ဂလာဦးဓာတ်ပုံတောင်ဖယ်ပေးရမတတ် ပြည့်နှက်နေသည်။

ရှုပ်တယ်ပြောရင်လည်း 'ကိုကိုကဆရာ၀န်တစ်ယောက်ဖြစ်ပြီး အမြင်ကျဉ်းလိုက်တာ ဒီလိုမှန်းသိရင် ကိုကို့ကိုမယူဘူး' စသော စသောစကားလုံးတွေနဲ့ လူကိုနားညည်းအောင် တစ်ပြစ်တောက်တောက် အာပေါက်မတတ်ပြောနေတော့မှာ။

အဲ့တော့ ငါယူထားတာ မိန်းမဟုတ်ဘူး ကလေးဆိုတဲ့အသိနဲ့ဘဲ စိတ်ဖြေလိုက်တော့တယ်။ဟူး....။

√√√√√√√√√√√√√√√√√√√

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်တုမနှိုင်းရယ် အမေ့ကိုကယ်ပေးပါ နင်ဘာခိုင်းခိုင်း ငါအကုန်လုပ်ပါ့မယ်"

"ဟင့်အင်း ငါကနင့်အမေသေတာကို တစ်စိမ့်စိမ့်ထိုင်ကြည့်ချင်တာ"

"တောင်းပန်ပါတယ်ဟာ အမေ့အပြစ်ကျွေးတွေအကုန် ငါဘဲပေးဆပ်မှာမလို့ အမေ့ကိုတော့ကယ်ပေးပါဟာ ငါကဒီလိုတောင်းပန်ပါတယ်"

ဒူးထောက်ပြီးရှီခိုးမတတ်ငိုယိုကာ တောင်းပန်နေရှာတဲ့ရှေ့ကမိန်းကလေးကိုကြည့်ပြီး သူမ'မမြင်အောင် မျက်ရည်တွေကိုပုတ်ခတ်ထုတ်ကာ မျက်နှာလွှဲထားလိုက်သည်။

မုန်းပါသည်။ မုန်းတယ်ဆိုတာထက် အသည်းနာသည်။ ခုချိန်ထိ နှိုင်းမိဘတွေအပေါ်ရက်စက်ခဲ့တဲ့ပုံရိပ်တွေက အရိပ်လိုပြန်မြင်ယောင်နေဆဲ။ ရင်ထဲတစ်ဆစ်ဆစ်နာလာရကာ မောဟိုက်လာသည်။ တကယ်ဆို အမုန်းတွေကိုသင်ပုန်းချေလိုက်ချင်ပေမယ့် ထိုအချိန်ကပုံရိပ်တွေက လုံး၀ခွင့်မလွှတ်နိုင်စရာ။

"ဘယ်လောက်လိုတာလဲ"

မျက်စိစုံမှိတ်ကာမေးလိုက်တော့ ရှေ့ကအမျိုးသမီးကခေါင်းထောင်လာကာ

"တစ်ရာ သိန်းတစ်ရာဆိုလောက်ပါပြီ"

"Acc No. ပေးခဲ့ မနက်ဖြန်ကျလှမ်းထည့်ပေးမှာမို့ အဲ့အစား ထပ်ပေါ်မလာနဲ့ ငါ့မျက်စိရှေ့မှာမဟုတ်ဘူး ငါ့ပတ်၀န်းကျင်မှာပါ နင့်သတင်းဘာမှမကြားချင်ဘူး"

ခပ်ပြတ်ပြတ်ပြောကာ အမြန်ထပြန်လာသည်။ မဟုတ်ရင် သနားမိသွားမှာ...။ သူကလည်း ကိုယ့်သွေးသားပါလားဆိုတဲ့စိတ်နဲ့ အရာရာကူညီမိသွားလိမ့်မယ်။ ဟင့်အင်း မကူညီချင်ဘူး။

သူတို့နဲ့ကင်းအောင် အမြဲရှောင်နေခဲ့ပေမယ့် Shopping mall မှာအမှတ်မထင်လာတွေ့ကာ နီးရာကော်ဖီဆိုင်ထဲဆွဲခေါ်ခံရပြီး စကားပြောဖြစ်သွားတာဖြစ်သည်။

ဒီကိစ္စကိုကြီးသိလို့မဖြစ်။ ကိုကြီးကသွေးအေးတဲ့သူမျိုး။ သူရက်စက်ပြီဆို ဘယ်လောက်ထိဆိုးလဲအသိဆုံးမို့...။

√√√√√√√√√√√√√√√√√√√

အဆောင်တော်တို့မွှေချက်ကတော့ တစ်ယောက်တည်းရှိလို့သာတော်ရော့သည်။ လုပ်လာပုံက တစ်ဖက်မိဘတွေကိုအားနာစရာ။ ဘယ်လိုပဲလူရင်းတွေဘဲဆိုဆို ဒီကိစ္စက ကိုယ်တိုင်လည်းမျက်နှာပူရသည်မို့ အားနာလှသည်။

"သားရယ် တစ်ခုခုဆို မေမေ့ကိုအရင်တိုင်ပင်မှပေါ့ ခုတော့ကောင်းသေးရဲ့လား အားနာစရာကွယ်"

"ဟွန့် မေမေ့ကိုတိုင်ပင်ရင် အချိန်ဆွဲနေမှာပေါ့ ဒါတောင်ကိုကိုက အချိန်ဆွဲနေလို့ မနည်းရအောင်ယူထားရတာ ဘာလဲ မေမေတို့က သားချစ်တဲ့သူနဲ့ယူမှာ မပျော်ဘူးလား"

"အယ် အဲ့လိုလည်းမဟုတ်..."

"ရပြီမေမေ ဖေဖေအပြင်ကပြန်လာရင် သေချာပြောထားနော် မူမနေနဲ့လို့ မနက်ကျယောက္ခမတွေလာရင် မျက်နှာမပျက်ချင်ဘူး ဒါပဲမေမေရာ ကိုကိုလည်းပင်ပန်းနေလောက်ပြီ အရင်သွားနားခိုင်းလိုက်ဦးမယ်"

"ဪဟဲ့ ...အတော်မွေးရကျိုးနပ်တယ် အစောကတည်းကအခန်းထဲ၀င်သွားတာ အိပ်တောင်ပျော်နေလောက်ပြီကို"

"မေမေကလည်း ယောက်ျားမယူဖူးတာလည်းမဟုတ်ဘဲနဲ့"

ဂုတ်ကိုလက်နဲ့ပွတ်သပ်ရင်း ရှက်ဝဲဝဲလေသံနဲ့ပြောကာ ကိုကိုရှိရာအခန်းထဲပြေး၀င်လာခဲ့သည်။ မေမေကတော့ နောက်ကနေမွေးရကျိုးနပ်လို့မေတ္တာ‌ပို့နေလျက်ပေါ့...။

ကိုကိုက ခုဆို အရာအားလုံး ကျွန်တော့်သဘော ကျွန်တော့်ဆန္ဒအတိုင်းသာလိုက်လုပ်ပေးသလို အရမ်းလည်းဂရုစိုက်လာကာ အများကြီးပိုချစ်ပေးလာသည်။ အရင်ဆို လူကြားထဲ လက်ကိုင်ပါးနမ်းကအစရှက်တတ်တဲ့သူက ခုတော့ လူကြားထဲလည်မရှောင် ဟိုနမ်းဒီနမ်းနဲ့ အတော်သွေးရဲလာသည်ပြောရမည်။ နှစ်‌ယောက်တည်းရှိရင်တော့ ကိုကိုဟာအဓိပတိနှာဗူးလုံးလုံးဖြစ်သည်။ အသားယူတာကလည်း တအား ။

တစ်ခါတစ်လေ နှစ်ဘက်မိဘတွေရှေ့တောင်မရှောင်နိုင်။ ကြင်စဦးဆိုတော့ ပြောမရတဲ့အဆုံး သူတို့လည်းမမြင်ချင်ယောင်ဆောင်ကာလျစ်လျူရှုပေးကြသည်။ သူတို့ကလွှတ်ထားလေ ကျွန်တော်တို့ကရောက်တက်လေ။ ဒါပေမယ့် လူကြီးတွေရှေ့မှာတော့ မဖွယ်မရာကိစ္စတွေကိုရှောင်ပါသည်။ အဟိ။



.............................................










"သား...သတိုးေလး"

"ဗ်ာ ႀကီးႀကီး"

ႀကီးႀကီးကေဘးနားလာထိုင္ကာ စကားစလာေတာ့ အလိုက္သင့္ေလးျပန္ေျဖလိုက္ေပမယ့္ ကိုယ့္ထက္ပိုအေတြးလြန္ေနတဲ့ ႀကီးႀကီးကို ျပန္သတိေပးေနရျပန္ပါသည္။

"ႀကီးႀကီး"

"ေဟ အင္း...ႀကီးႀကီးခုေျပာမယ့္စကားကို သားေသခ်ာစဥ္းစားေစခ်င္တယ္"

ေတြးဆဆေျပာလာတဲ့ႀကီးႀကီးစကားေတြကိုနားေထာင္ဖို႔သာဆုံးျဖတ္ရသည္။ ပုံမွန္ဆိုႀကီးႀကီး ဒီလိုစကားပလႅင္ခံေလ့မရွိ။

"ဘာမ်ားလဲ ႀကီးႀကီးရဲ႕"

"သားကိုလူေတြဘယ္လိုေျပာေနလဲ သားၾကားၿပီးမွာေပါ့"

"ဟုတ္ သားၾကားပါတယ္ သူတို႔ေျပာေနတာေတြကိုလဲ သားစိတ္ထဲ ဘယ္လိုမွမေအာက္ေမ့ပါဘူး သားကိုယ္တိုင္က ဒီလမ္းကိုေ႐ြးခ်ယ္ခဲ့တာမို႔ ေနာက္လဲ ဂ႐ုမစိုက္ပါဘူး"

ကြၽန္ေတာ္ကိုယ္၀န္ေဆာင္တဲ့သတင္းက ကြၽန္ေတာ္တို႔ ေက်ာေပၚတင္သာမက ေအာက္ခ်ိဳင္းထဲက႐ြာမွာပါ သတင္းပ်ံ့ေနသည္။ က်ိန္စာသင့္တဲ့ေယာက္်ားဆိုၿပီး ကြၽန္ေတာ့္ျမင္တာနဲ႕ ေဝးေဝးကေရွာင္ၾကသလို ကြယ္ရာက်လည္း ရႈံ႕ခ်ေနၾကျပန္သည္။ သူတို႔ဘယ္လိုပဲ႐ြံ႕စရာသတၱဝါလို ဆက္ဆံေနၾကပါေစ ကြၽန္ေတာ္ကေတာ့ ေမြးလာမယ့္ သားေလးအတြက္ပဲေတြးခ်င္သည္။

"ႀကီးႀကီးကေတာ့ ကေလးကိုထိခိုက္မွာစိုးရိမ္တယ္သားရယ္ ကေလးႀကီးလာရင္ ႐ြာကလူေတြဝိုင္းက်ဥ္ၾကမွာမလိုလားဘူး အဲ့ေတာ့ ကေလးအေဖကိုဆက္သြယ္ေစခ်င္တယ္ ဒီလိုပုံစံနဲ႕ဆို သားလည္းေစာင့္ေရွာက္နိုင္..."

ႀကီးႀကီးစကားကို ကြၽန္ေတာ္ဆက္နားေထာင္နိုင္စြမ္းမရွိေတာ့ပါ။ ႀကီးႀကီးက ကြၽန္ေတာ့္ကို ကေလးေမြးၿပီး မေစာင့္ေရွာက္နိုင္တဲ့သူလိုေတြးေနတာမဟုတ္ပါလား။ ကြၽန္ေတာ္အဲ့ေလာက္မ‌ေပ်ာ့ညံ့မွန္း ႀကီးႀကီးသိရက္နဲ႕။ ကိုယ္တိုင္ကတာ၀န္မယူနိုင္ဘူး ဒီလိုလူအမ်ားအေျပာခံရမွာေတြကိုေၾကာက္ေနရင္ ဒီကေလးကိုေမြးဖို႔ဆုံးျဖတ္ခဲ့မွာကိုမဟုတ္။

"ႀကီးႀကီး သားကရတယ္လို႔ေျပာေနတယ္ေလ ကြၽန္ေတာ့္ကိုစိတ္ႀကိဳက္ေျပာၾကပါေစ သားကိုေတာ့အထိမခံနိုင္ေအာင္ ကာကြယ္မွာပါ အဲ့လိုကာကြယ္နိုင္ေအာင္လည္းကြၽန္ေတာ္ႀကိဳးစားမွာ"

"မိုက္လိုက္တာသားရယ္ သားကိုဒီ့ထက္ပိုၿပီးမခံစားေစခ်င္ေတာ့လို႔ေျပာေနတာပါ"

ႀကီးႀကီးကငိုသံစြက္ေျပာလာေတာ့ ကြၽန္ေတာ္လည္း မခံစားနိုင္ပါ။ ႀကီးႀကီးကကြၽန္ေတာ့္အတြက္ေျပာတာဆိုေပမယ့္ ေက်းဇူးလည္းမတင္မိ။

"ေတာင္းပန္ပါတယ္ သားေလးႀကီးလာရင္ေတာ့ အေဖကကြၽန္ေတာ္တစ္ေယာက္တည္းလို႔ေျပာပါေနာ္ ကေလးကိုအေဖႏွစ္ေယာက္ရွိတာ မသိေစခ်င္ဘူး"

အေဖႏွစ္ေယာက္ရွိတာမသိေစခ်င္တာထက္ ကြၽန္ေတာ္ကိုယ္တိုင္ေမြးထားတာမို႔ သားအေဖကကြၽန္ေတာ္တစ္ေယာက္တည္းဘဲျဖစ္ရမည္။ တကယ္လို႔ သားကအ႐ြယ္ေရာက္လို႔ေမးလာခဲ့ရင္လည္း သားမွာဒီအေဖတစ္ေယာက္တည္းရွိတာပါလို႔ဘဲေျဖမည္။ ဒါက ကြၽန္ေတာ့္ရဲ႕ေသးငယ္တဲ့အတၱ။

"ဒါမ်ိဳးက ဖုံးကြယ္လို႔မွမရတာငါ့သားရယ္ ႐ြာထဲကလူေတြေၾကာင့္ တစ္ေန႕မဟုတ္တစ္ေန႕သိမွာပဲ"

"ႀကီးႀကီး သားေၾကာက္တယ္ ကေလးကကြၽန္ေတာ့္ကိုမုန္းသြားမွာသားေၾကာက္တယ္ႀကီးႀကီးရဲ႕အီးဟီး"

"ေအာ္ ခက္ပါေရာလားသားရယ္ ဒီအဖြားႀကီးကဘယ္လိုႏွစ္သိမ့္ရပါ့မလဲ"

ရင္ခြင္ထဲတိုးေဝ့ကာ ငိုေနတဲ့ဗိုက္လုံးလုံးေလးနဲ႕ေကာင္ေလးကို ကြၽန္မလည္းႏွစ္သိမ့္မေပးတတ္ပါ။ ညတိုင္းလိုလိုတစ္ေယာက္တည္းႀကိတ္ငိုေနတတ္တဲ့ ဒီကေလးကို အလြန္ပဲသနားလွသည္။ ဘယ္လို၀ဋ္ေႂကြးေတြေၾကာင့္မ်ား ဒီခ်စ္စရာေကာင္ေလးကို ေလာကဓံတရားေတြခါးစည္းခံရေစတာမ်ားလဲ။ ၀ဋ္ေႂကြးႀကီးလိုက္တာ သားေလးရယ္....။

√√√√√√√√√√√√√√√√√√√

မနက္အေစာထကာ မနက္စာျပင္ဆင္ေနခိုက္ ၿခံထဲကား၀င္လာသံၾကားတာေၾကာင့္ ထြက္ၾကည့္လိုက္ေတာ့ သုတအေဖနဲ႕အေမ။ ဒီလိုႀကီး တစ္ခါမွလာမလည္ဖူးတာေၾကာင့္ ဘာေျပာရမွန္းမသိေၾကာင္ေနစဥ္

"သား အင္ပါယာ"

"အာ အန္တီတို႔အေၾကာင္းမၾကားဘာမၾကားနဲ႕ လာပါဗ် ထိုင္ပါဦး"

႐ုတ္တရက္ႀကီးေရာက္ခ်လာတဲ့ သုတအေဖနဲ႕အေမကို ဆိုဖာမွာအရင္ထိုင္ခိုင္းလိုက္သည္။ မ်က္ႏွာအမူအရာေတြၾကည့္ရပုံေထာက္ သတင္းေကာင္းေတာ့ ဟုတ္ဟန္မတူ။

"အန္ကယ္နဲ႕အန္တီက ႐ုတ္တရက္ႀကီးေရာက္လာတာဆိုေတာ့ ဘာကိစၥမ်ားရွိလို႔..."

"မင္းမိန္းမရွိလား တုမႏွိုင္းနဲ႕လာေတြ႕တာ"

ေဒါသမမည္တဲ့ ခပ္ေလာေလာေလသံနဲ႕ေျပာလာေတာ့ သိလိုက္ပါၿပီ အိမ္ကမိန္းမေမႊခ်က္ကေတာ့ သုတမိဘေတြပါအိမ္ေရာက္လာတဲ့အထိ။

"အာ ဟုတ္ကဲ့ ခဏေလးထိုင္ပါဦးေနာ္ အိပ္ေပ်ာ္ေနလို႔ သြားႏွိုးေပးမယ္ဗ်"

"ေအးေအး သားရယ္ အန္တီတို႔အေရးတႀကီးေျပာစရာရွိလို႔ပါ"

ဘြားေတာ္ကရင္ဘတ္ဖိၿပီး မသက္မသာဟန္နဲ႕ေျပာေနေပမယ့္ ဘိုးေတာ္ကေတာ့ မ်က္ႏွာႀကီးနီျမန္းလ်က္ ႐ုပ္ပ်က္ေနသည္။

အေပၚထပ္တက္လာကာ အခန္းထဲ၀င္လိုက္ေတာ့ အမယ္ ေက်းဇူးရွင္က သူဘာအျပစ္မွမလုပ္ထားတဲ့အတိုင္း ၿပဲကားေနေအာင္အိပ္ေနတာမ်ား။

အနားကို ေျခဖြနင္းကာ ႏွိုင္းအိပ္ေနတဲ့ခုတင္ေစာင္းမွာကပ္ထိုင္လိုက္ရင္း ဖရိုဖရဲျဖစ္ေနတဲ့ ဆံပင္ေတြကိုသပ္တင္ေပးကာ

"ႏွိုင္း...အသဲေလး ထေတာ့ေနာ္ "

နားနားတိုးကပ္ကာ ခပ္ဖြဖြ‌ေျပာၿပီးႏွိုးလိုက္ေတာ့ မ်က္ခုံးေတြတြန႔္ခ်ိဳးလာကာ ျပန္အိပ္ေနျပန္သည္။

"အိပ္မယ္ဆိုလည္း ကိုယ့္ျပႆနာကိုယ္ရွင္းၿပီးမွအိပ္ ထေတာ့ကြာ ေအာက္ထပ္မွာ သုတမိဘေတြေရာက္ေနတယ္"

"ဟင္ ဘာလာလုပ္တာတဲ့လဲ"

ထိုသို႔ေမးလာေပမယ့္ မ်က္လုံးေတြကေတာ့ဖြင့္မလာေသး။

"သဲကကြာ ထေတာ့ လူႀကီးေတြကိုအားနာစရာ"

"ကိုကိုကလည္း သဲမရွိဘူးလို႔ေျပာလိုက္တာမဟုတ္ဘူး"

"ခုမွေတာ့ေၾကာက္မေနနဲ႕ ေျပာဦး ဟိုတေလာက Surprise လုပ္တာဘယ္လိုျဖစ္သြားလဲ အခုလာတာ အဲ့တာနဲ႕ဆိုင္လား"

"ဟီးဟီး အဲ့တုန္းကျဖင့္လိုက္မလာဘဲနဲ႕ အခုမွသိခ်င္မေနနဲ႕ လူႀကီးေတြေစာင့္ေနတာမလား သြားမယ္"

စပ္ၿဖဲၿဖဲ႐ုပ္ေလးက ခ်က္ခ်င္းတည္သြားကာ အျပင္ထြက္သြားပုံက တကယ့္မ်က္ႏွာႏွစ္ဖက္နဲ႕မိန္းမမ်ိဳး။ အဲ့လိုမိန္းမေတြကိုမုန္းေပမယ့္ ႏွိုင္းကေတာ့ ခ်စ္စရာေကာင္းသည္။

"ေဟာ သမီးေရ လာထိုင္ပါဦးကြယ္ အန္တီတို႔ သမီးနဲ႕တိုင္ပင္စရာရွိလို႔"

"ဘာမ်ားလည္း အန္တီရဲ႕"

ဘာေၾကာင့္လာတယ္ဆိုတာသိသိရက္နဲ႕ တမင္မ်က္ႏွာေျပာင္တိုက္ေမးေနတဲ့ ႏွိုင္းကိုေတာ့ ေဘးကေန အသည္းတစ္ယားယား။

"ဟို...သမီးရယ္ သမီးက အန္တီ့သားနဲ႕ေရာ အေဆာင္ေတာ္ေလးနဲ႕ပါရင္းႏွီးေနတာဆိုေတာ့ သားတို႔ကိုေျဖာင္းဖ်ေပးပါဦးလား သမီးရယ္၊ သူတို႔ခ်င္း ေမတၱာမွ်လို႔တြဲေနၾကတယ္ဆိုတာထိလက္ခံနိုင္ေပမယ့္ လူသိရွင္ၾကား လက္ထပ္မယ္ဆိုတာႀကီးကေတာ့ အန္တီတို႔လည္း အခ်ိန္လိုတယ္ေလေနာ္ ၿပီးေတာ့ အန္တီကရတနာဆိုင္ဖြင့္ထားေတာ့ အလႊာအမ်ိဳးမ်ိဳးနဲ႕ ေပါင္းသင္းရေတာ့ ဒီကိစၥကဘယ္လိုမွအဆင္မေျပဘူးရယ္ ေနာက္ၿပီးေဖႀကီးကလည္း သူ႕ကုမၸဏီမွာ မ်က္ႏွာပ်က္စရာေတြျဖစ္ကုန္မယ္ေလ"

"အန္တီတို႔ခံစားခ်က္ကို သမီးနားလည္ပါတယ္ ဒါေပမယ့္ သူတို႔ကို အဆုံးထိနားလည္ေပးလိုက္လို႔မျဖစ္ဘူးလားအန္တီရယ္ ကိုႀကီးသုတကလည္းေတြးေခၚတတ္တဲ့အ႐ြယ္ေရာက္ေနသလို အေဆာင္ကလည္း ၿပီးစလြယ္ဆုံးျဖတ္ခ်က္ခ်တတ္တဲ့သူမ်ိဳးမဟုတ္ဘူးေလ ခုခ်ိန္မွာ အန္တီတို႔အတြက္မၾကည့္ပဲ သူတို႔ကိုယ္ပိုင္ဘ၀ေလးမွာေပ်ာ္ခြင့္ေပးလိုက္ပါေနာ္ အန္တီလည္းသတိထားမိမွာပါ ကိုႀကီးသုတကအေဆာင္ေရာက္လာမွ ဘယ္ေလာက္ေတာင္ေပ်ာ္ၿပီး လူသား‌ဆန္လာလိုက္သလဲ အရင္ကဆို ေက်ာက္႐ုပ္ႀကီးလို မလႈပ္မယွက္နဲ႕ သူ႕ျမင္ၿပီး ကိုယ္ပါအထီးက်န္ေနသလိုခံစားရတယ္ အဲ့တာေၾကာင့္..."

"ကဲ ငါမေျပာဘူးလား မိန္းမရယ္ ႏွိုင္းကမင္းသားနဲ႕တစ္ဖြဲ႕တည္းပါဆို သားအင္ပါယာကိုလည္းအားနာပါတယ္ သမီးႏွိုင္းကလည္း အန္ကယ္တို႔ဒီအိမ္ကိုမလာခဲ့ဘူးလို႔ပဲ သတ္မွတ္ေပးပါ"

"ခ...ခဏ...ခဏေလးေနပါဦး အန္ကယ္ရယ္ ဒီထိေရာက္လာမွေတာ့ အန္ကယ္တို႔ဆုံးျဖတ္ခ်က္ကို သမီးလည္းသိခ်င္ပါတယ္"

ထျပန္မယ္လုပ္တဲ့သူေတြကိုတားၿပီး သူသိခ်င္တာပဲဦးတည္ေမးေနတဲ့ႏွိုင္းပုံစံက တကယ့္ကိုအျဖဴထည္။

"ကဲ လက္ထပ္စာခ်ဳပ္ႀကီးပါျပၿပီး မဂၤလာေဆာင္ခ်င္ပါတယ္ေျပာေနမွေတာ့ ဘာေျပာလို႔ရေတာ့မွာလည္း သမီးရယ္ အန္ကယ္တို႔သေဘာမတူဘူးဆိုေတာင္ သူတို႔ကညားၿပီးေနၿပီဘဲ အဲ့ေတာ့ မ်က္ႏွာပူပူနဲ႕ပဲ အေဆာင္ေတာ္အေမဆီကို မဂၤလာကိစၥသြား‌ေဆြးႏြေးရေတာ့မွာေပါ့"

"အဲ့တာေျပာတာေပါ့ တကယ္ဆို သားကကြၽန္မတို႔ကို အသိေပးသင့္တယ္ ခုေတာ့မေျပာမဆိုနဲ႕ေပ်ာက္သြားၿပီး ျပန္လာေတာ့ တရား႐ုံးမွာလက္ထပ္ၿပီးပါၿပီတဲ့ ကြၽန္မျဖင့္ ဆိုင္သြားရင္ ဘယ္လိုမ်က္ႏွာျပရမလဲမသိေတာ့ဘူးရွင္"

"အန္တီရယ္ အဲ့တာရွက္စရာမဟုတ္ပါဘူး အခ်စ္ပါ လူႏွစ္ေယာက္မုန္းေနတာထက္ တစ္ေယာက္နဲ႕တစ္ေယာက္ခ်စ္ေနတာကိုျမင္ရတာ ဘယ္ေလာက္မ်က္စိပေဒႆျဖစ္လိုက္လဲ အခ်စ္ကအခ်စ္ပါအန္တီ ေယာက္်ားကမိန္းမမွခ်စ္ရမယ္ဆိုတဲ့ ကန႔္သတ္ခ်က္မ်ိဳးမရွိပါဘူး လူတိုင္းမွာ တန္းတူညီအခြင့္အေရးရွိသလိုေပါ့ လူတိုင္း ဘယ္သူ႕ကိုမဆိုခ်စ္နိုင္ပါတယ္ သူတို႔ခ်စ္တဲ့ အခ်စ္ေတြကစစ္မွန္ရင္ ေပ်ာ္စရာေတြနဲ႕အဆုံးသတ္ရမွာေပါ့ ဥပမာ ကိုႀကီးသုတနဲ႕အေဆာင္ကိုပဲၾကည့္ ခုခ်ိန္ေပ်ာ္ခြင့္ေပးလိုက္ရင္ အန္တီတို႔ေနာင္တကင္းမွာပါ"

"အင္း လူတိုင္းကသမီးလိုေတြးရင္ေတာ့ ေကာင္းတာေပါ့ ကဲ အန္တီတို႔လည္းျပန္လိုက္ဦးမယ္ သားေရ ျပန္ၿပီေနာ္ အိမ္လည္းလာလည္ၾကဦး"

"ဟုတ္ကဲ့အန္တီ"

"ဟုတ္ ဂ႐ုစိုက္ျပန္ၾကပါ ေပ်ာ္႐ႊင္ပါေစေနာ္"

ခါးကုန္းကာအရိုအေသေပးေနသည္က အိမ္ေရွ႕ကကားထြက္သြားသည္အထိပင္ခါးျပန္မတ္မလာ။

"အဟင္း ေနာင္တရေနတာလား"

"အံ့ဩ ဘာလို႔ရရမွာလည္း ကိုကိုေနာ္ သဲကိုလာအျပစ္တင္လို႔မရဘူး အေဆာင္က Surprise လုပ္မယ္ဆိုတာပဲသိတာ ခုလိုႀကီး မဂၤလာေဆာင္ျဖစ္သြားမယ္မွန္းဘယ္သိမလဲ သိရင္ဒီ့ထက္ပိုေကာင္းေအာင္ျပင္ဆင္ေပးပါတယ္ မိုက္ေနေရာ ဒီကိစၥ ဟိန္းသူကိုအသိေပးရမယ္ အား အရမ္းသေဘာက်တာဘဲ ကိုႀကီးတို႔ကိုလည္း မဂၤလာေဆာင္ေပးရမယ္ အဟိ ႀကိဳက္တယ္ ႀကိဳက္တယ္"

တစ္ေယာက္တည္း အ႐ူးလိုစကားေတြေျပာရင္း အေပၚေျပးတက္သြားတဲ့ေကာင္မေလးကိုၾကည့္ကာ သက္ျပင္းသာအႀကိမ္ႀကိမ္ခ်ေနမိသည္။

ႏွိုင္းရဲ႕ LGBT ေတြအေပၚထားတဲ့အျမင္က ထင္ထားတာထက္ပိုစြဲလမ္းကာ ေရာဂါတစ္ခုလိုေလာင္ကြၽမ္းေနသည္။ ေန႕ေန႕ညည အသစ္ထြက္သမွ် BL/GL Series ေတြထိုင္ၾကည့္ ဓာတ္ပုံေတြ ပိုစတာေတြကေရာ အခန္းထဲက မဂၤလာဦးဓာတ္ပုံေတာင္ဖယ္ေပးရမတတ္ ျပည့္ႏွက္ေနသည္။

ရႈပ္တယ္ေျပာရင္လည္း 'ကိုကိုကဆရာ၀န္တစ္ေယာက္ျဖစ္ၿပီး အျမင္က်ဥ္းလိုက္တာ ဒီလိုမွန္းသိရင္ ကိုကို႔ကိုမယူဘူး' စေသာ စေသာစကားလုံးေတြနဲ႕ လူကိုနားညည္းေအာင္ တစ္ျပစ္ေတာက္ေတာက္ အာေပါက္မတတ္ေျပာေနေတာ့မွာ။

အဲ့ေတာ့ ငါယူထားတာ မိန္းမဟုတ္ဘူး ကေလးဆိုတဲ့အသိနဲ႕ဘဲ စိတ္ေျဖလိုက္ေတာ့တယ္။ဟူး....။

√√√√√√√√√√√√√√√√√√√

"ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္တုမႏွိုင္းရယ္ အေမ့ကိုကယ္ေပးပါ နင္ဘာခိုင္းခိုင္း ငါအကုန္လုပ္ပါ့မယ္"

"ဟင့္အင္း ငါကနင့္အေမေသတာကို တစ္စိမ့္စိမ့္ထိုင္ၾကည့္ခ်င္တာ"

"ေတာင္းပန္ပါတယ္ဟာ အေမ့အျပစ္ေကြၽးေတြအကုန္ ငါဘဲေပးဆပ္မွာမလို႔ အေမ့ကိုေတာ့ကယ္ေပးပါဟာ ငါကဒီလိုေတာင္းပန္ပါတယ္"

ဒူးေထာက္ၿပီးရွီခိုးမတတ္ငိုယိုကာ ေတာင္းပန္ေနရွာတဲ့ေရွ႕ကမိန္းကေလးကိုၾကည့္ၿပီး သူမ'မျမင္ေအာင္ မ်က္ရည္ေတြကိုပုတ္ခတ္ထုတ္ကာ မ်က္ႏွာလႊဲထားလိုက္သည္။

မုန္းပါသည္။ မုန္းတယ္ဆိုတာထက္ အသည္းနာသည္။ ခုခ်ိန္ထိ ႏွိုင္းမိဘေတြအေပၚရက္စက္ခဲ့တဲ့ပုံရိပ္ေတြက အရိပ္လိုျပန္ျမင္ေယာင္ေနဆဲ။ ရင္ထဲတစ္ဆစ္ဆစ္နာလာရကာ ေမာဟိုက္လာသည္။ တကယ္ဆို အမုန္းေတြကိုသင္ပုန္းေခ်လိဳက္ခ်င္ေပမယ့္ ထိုအခ်ိန္ကပုံရိပ္ေတြက လုံး၀ခြင့္မလႊတ္နိုင္စရာ။

"ဘယ္ေလာက္လိုတာလဲ"

မ်က္စိစုံမွိတ္ကာေမးလိုက္ေတာ့ ေရွ႕ကအမ်ိဳးသမီးကေခါင္းေထာင္လာကာ

"တစ္ရာ သိန္းတစ္ရာဆိုေလာက္ပါၿပီ"

"Acc No. ေပးခဲ့ မနက္ျဖန္က်လွမ္းထည့္ေပးမွာမို႔ အဲ့အစား ထပ္ေပၚမလာနဲ႕ ငါ့မ်က္စိေရွ႕မွာမဟုတ္ဘူး ငါ့ပတ္၀န္းက်င္မွာပါ နင့္သတင္းဘာမွမၾကားခ်င္ဘူး"

ခပ္ျပတ္ျပတ္ေျပာကာ အျမန္ထျပန္လာသည္။ မဟုတ္ရင္ သနားမိသြားမွာ...။ သူကလည္း ကိုယ့္ေသြးသားပါလားဆိုတဲ့စိတ္နဲ႕ အရာရာကူညီမိသြားလိမ့္မယ္။ ဟင့္အင္း မကူညီခ်င္ဘူး။

သူတို႔နဲ႕ကင္းေအာင္ အၿမဲေရွာင္ေနခဲ့ေပမယ့္ Shopping mall မွာအမွတ္မထင္လာေတြ႕ကာ နီးရာေကာ္ဖီဆိုင္ထဲဆြဲေခၚခံရၿပီး စကားေျပာျဖစ္သြားတာျဖစ္သည္။

ဒီကိစၥကိုႀကီးသိလို႔မျဖစ္။ ကိုႀကီးကေသြးေအးတဲ့သူမ်ိဳး။ သူရက္စက္ၿပီဆို ဘယ္ေလာက္ထိဆိုးလဲအသိဆုံးမို႔...။

√√√√√√√√√√√√√√√√√√√

အေဆာင္ေတာ္တို႔ေမႊခ်က္ကေတာ့ တစ္ေယာက္တည္းရွိလို႔သာေတာ္ေရာ့သည္။ လုပ္လာပုံက တစ္ဖက္မိဘေတြကိုအားနာစရာ။ ဘယ္လိုပဲလူရင္းေတြဘဲဆိုဆို ဒီကိစၥက ကိုယ္တိုင္လည္းမ်က္ႏွာပူရသည္မို႔ အားနာလွသည္။

"သားရယ္ တစ္ခုခုဆို ေမေမ့ကိုအရင္တိုင္ပင္မွေပါ့ ခုေတာ့ေကာင္းေသးရဲ႕လား အားနာစရာကြယ္"

"ဟြန႔္ ေမေမ့ကိုတိုင္ပင္ရင္ အခ်ိန္ဆြဲေနမွာေပါ့ ဒါေတာင္ကိုကိုက အခ်ိန္ဆြဲေနလို႔ မနည္းရေအာင္ယူထားရတာ ဘာလဲ ေမေမတို႔က သားခ်စ္တဲ့သူနဲ႕ယူမွာ မေပ်ာ္ဘူးလား"

"အယ္ အဲ့လိုလည္းမဟုတ္..."

"ရၿပီေမေမ ေဖေဖအျပင္ကျပန္လာရင္ ေသခ်ာေျပာထားေနာ္ မူမေနနဲ႕လို႔ မနက္က်ေယာကၡမေတြလာရင္ မ်က္ႏွာမပ်က္ခ်င္ဘူး ဒါပဲေမေမရာ ကိုကိုလည္းပင္ပန္းေနေလာက္ၿပီ အရင္သြားနားခိုင္းလိုက္ဦးမယ္"

"ဪဟဲ့ ...အေတာ္ေမြးရက်ိဳးနပ္တယ္ အေစာကတည္းကအခန္းထဲ၀င္သြားတာ အိပ္ေတာင္ေပ်ာ္ေနေလာက္ၿပီကို"

"ေမေမကလည္း ေယာက္်ားမယူဖူးတာလည္းမဟုတ္ဘဲနဲ႕"

ဂုတ္ကိုလက္နဲ႕ပြတ္သပ္ရင္း ရွက္ဝဲဝဲေလသံနဲ႕ေျပာကာ ကိုကိုရွိရာအခန္းထဲေျပး၀င္လာခဲ့သည္။ ေမေမကေတာ့ ေနာက္ကေနေမြးရက်ိဳးနပ္လို႔ေမတၱာ‌ပို႔ေနလ်က္ေပါ့...။

ကိုကိုက ခုဆို အရာအားလုံး ကြၽန္ေတာ့္သေဘာ ကြၽန္ေတာ့္ဆႏၵအတိုင္းသာလိုက္လုပ္ေပးသလို အရမ္းလည္းဂ႐ုစိုက္လာကာ အမ်ားႀကီးပိုခ်စ္ေပးလာသည္။ အရင္ဆို လူၾကားထဲ လက္ကိုင္ပါးနမ္းကအစရွက္တတ္တဲ့သူက ခုေတာ့ လူၾကားထဲလည္မေရွာင္ ဟိုနမ္းဒီနမ္းနဲ႕ အေတာ္ေသြးရဲလာသည္ေျပာရမည္။ ႏွစ္‌ေယာက္တည္းရွိရင္ေတာ့ ကိုကိုဟာအဓိပတိႏွာဗူးလုံးလုံးျဖစ္သည္။ အသားယူတာကလည္း တအား ။

တစ္ခါတစ္ေလ ႏွစ္ဘက္မိဘေတြေရွ႕ေတာင္မေရွာင္နိုင္။ ၾကင္စဦးဆိုေတာ့ ေျပာမရတဲ့အဆုံး သူတို႔လည္းမျမင္ခ်င္ေယာင္ေဆာင္ကာလ်စ္လ်ဴရႈေပးၾကသည္။ သူတို႔ကလႊတ္ထားေလ ကြၽန္ေတာ္တို႔ကေရာက္တက္ေလ။ ဒါေပမယ့္ လူႀကီးေတြေရွ႕မွာေတာ့ မဖြယ္မရာကိစၥေတြကိုေရွာင္ပါသည္။ အဟိ။



.............................................


Continue Reading

You'll Also Like

347K 32.1K 31
Zawgyi Title - ငါ့အစ္ကိုက ငါ့ရည္းစားအျဖစ္ကေန ငါ့ေယာက္်ားအျဖစ္ကိုေရာက္သြားခဲ့တယ္။ Iris_Zhu ဆိုတဲ့ ညီမေလး ဘာသာျပန္ထားတာပါ။ Iris_Zhu ဆိုတဲ့ ညီမလေး ဘာသာ...
39.6K 3.2K 66
systemကိုမွ gl typeေလး။ systemႏွစ္သက္သူမ်ား လာေရာက္ဖတ္႐ႈဖို႔ ဖိတ္ေခၚပါရေစ။ (uni+zg) systemကိုမှ gl typeလေး။ systemနှစ်သက်သူများ လာရောက်ဖတ်ရှုဖို့ ဖိတ...
100K 7.2K 68
✨អន្លង់ស្នេហ៍ម៉ាហ្វៀ🥀🔞
1.3M 3.7K 68
ထန်တဲ့အချ်ိန်ဖတ်ဖို့ စုထားတာတွေပါ ကိုယ်တိုင်ရေးသားခြင်းမဟုပါ crdပေးပါတယ်