ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး (အတြ...

By god-dess11

103K 12.2K 680

စာစဥ္ ၆၆ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၆၆ မှ စဖတ်နိုင်သည် ။ More

စာစဥ္ 66 (1 - 8)
စာစဥ္ ၆၆ (၉-၁၆)
စာစဥ္ ၆၆ (၁၇-၂၆)
စာစဥ္ ၆၇ (၁-၈)
စာစဥ္ ၆၇ (၉-၁၆)
စာစဥ္ ၆၇ (၁၇-၂၆)
စာစဥ္ ၆၈ (၁-၈)
စာစဥ္ ၆၈ (၉-၁၆)
စာစဥ္ ၆၈ (၁၇-၂၆)
စာစဥ္ ၆၉ (၁-၈)
စာစဥ္ ၆၉ (၉-၁၆)
စာစဥ္ ၆၉ (၁၇-၂၆)
စာစဥ္ ၇၀ (၇-၁၂)
စာစဥ္ ၇၀ (၁၃-၁၈)
စာစဥ္ ၇၀ (၁၉-၂၆)
စာစဥ္ ၇၁ (၁-၆)
စာစဥ္ ၇၁ (၇-၁၂)
စာစဥ္ ၇၁ (၁၃-၁၈)
စာစဥ္ ၇၁ (၁၉-၂၆)
စာစဥ္ ၇၂ (၁-၆)
စာစဥ္ ၇၂ (၇-၁၂)
စာစဥ္ ၇၂ (၁၃-၁၈)
စာစဥ္ ၇၂ (၁၉-၂၆)
စာစဥ္ ၇၃ (၁-၆)
စာစဥ္ ၇၃ (၇-၁၂)
စာစဥ္ ၇၃ (၁၃-၁၈)
စာစဥ္ ၇၃ (၁၉-၂၅)
စာစဥ္ ၇၄ (၁-၆)
စာစဥ္ ၇၄ (၇-၁၂)
စာစဥ္ ၇၄ (၁၃-၁၈)
စာစဥ္ ၇၄ (၁၉-၂၆)
စာစဥ္ ၇၅ (၁-၆)
စာစဥ္ ၇၅ (၇-၁၄)
စာစဥ္ ၇၅ (၁၅-၂၀)
စာစဥ္ ၇၅ (၂၁-၂၆)
စာစဥ္ ၇၆ (၁-၆)
စာစဥ္ ၇၆ (၇-၁၂)
စာစဥ္ ၇၆ (၁၃-၁၈)

စာစဥ္ ၇၀ (၁-၆)

2K 282 5
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  70
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၇၀၊ အခန္း ၁။ အေတြ ့အၾကံဳေတြ အမ်ားၾကီး ရွိတယ္

တတိယအၾကီးအကဲသည္ ဖိန့္ဖိန့္တုန္ဂုိဏ္းသားမ်ားကို သတိေပးလုိက္ရာ ဂုိဏ္းသားတစ္ေယာက္က ရယ္ရယ္ေမာေမာၿပံဳးၿပံဳးရႊင္ၿဖင့္ ဆုိလာသည္ ။

“စိတ္ခ်ပါ တတိယအၾကီးအကဲ … ဒီလိုအလုပ္မ်ိဳးက ဒါ က်ြန္ေတာ္တုိ့အတြက္ ပထမဆံုးအၾကိမ္မွ မဟုတ္တာ”

ခုနစ္စင္ၾကယ္သည္ တတိယအၾကီးအကဲအား လႊတ္ကာ ေလးစားမိသြား၏ ။

တတိယအၾကီးအကဲသည္ ကံေကာင္းၿပီး တတိယအၾကီးအကဲ ဆုိသည့္ ေနရာကို ေရာက္လာခဲ့သူ မဟုတ္ပါေခ် ။ တကယ္လုိ အရည္အခ်င္းရွိလို့ သာမန္လူမ်ားထက္ သတိၱေၿပာင္ေၿမာက္လုိ့သာ ယေန့တြင္ တတိယအၾကီးအကဲဟူ၍ ၿဖစ္လာရၿခင္း ၿဖစ္ေပသည္ ။

လ်န္ေမးရႊမ္းနွင့္ ဟြမ္မင္းကြမ္တုိ့သည္ ရက္ေပါင္းမ်ားစြာ ၾကာေအာင္ ဖိန့္ဖိန္ ့တုန္ဂုိဏ္းသားမ်ား၏ နွိပ္စက္ၿခင္း ခံခဲ့ရသၿဖင့္ သူတုိ့၏စိတ္ဓာတ္ခံနုိင္ရည္တုိ့ ၿပိဳလဲက်မတတ္ ၿဖစ္ေနေလၿပီ ။

ထုိဂုိဏ္းသားမ်ားသည္ သူတုိ့အား ဆဲလဲမဆဲဆုိ ရိုက္လဲမရုိက္နွက္ ဒဏ္ရာတစ္ခုတေလေလးပင္ ရေအာင္ မလုပ္ခဲ့ပါေသာ္လည္း အင္မတန္ခံရခက္လြန္းေသာ နွိပ္စက္နည္းၾကီးၿဖင့္ ေန့စဥ္ရက္ဆက္ နွိပ္စက္ခဲ့ေလသည္ ။

လ်န္ေမးရႊမ္းနွင့္ ဟြမ္မင္းကြမ္တုိ့မွာ သံုးရက္သံုးညလံုးလံုး
တစ္ေမွးပင္ မအိပ္စက္ရသလို ေမွာင္မုိက္ေနသည့္ အခန္းထဲတြင္ အလင္းေရာင္ဟူ၍ ေရးေရးေလးပင္ မရွိေလရကား
ေန့မွန္း ညမွန္းပင္ ေကာင္းေကာင္း မသိၾက ေတာ့ေပ ။

ဖိန့္ဖိန့္တုန္ဂုိဏ္းသားတစ္ေယာက္သည္ အိပ္ေဆးၿပားမ်ားကို ကုိင္လာၿပီး ေရသန့္ဘူးထဲကုိ ထည့္ကာ သူတုိ့ကုိ ေသာက္ေစသည္ ။

ထို့ေနာက္တြင္ ဟြမ္မင္းကြမ္ နွင့္ လ်န္ေမးရႊမ္းတုိ့ အိပ္မေပ်ာ္ေစရေအာင္ မ်က္ခြံမ်ားအား ကလစ္ၿဖင့္ ေထာက္ထားေလသည္မုိ့ သူတို့ခမ်ာ အိပ္လုိ့လည္း မရနုိင္ဘဲ မ်က္လံုးတုိ့မွာ နီတာရဲေနကာ ထပ္ေတာင့္မခံနုိင္ေတာ့ေပ ။

“ဟားဟား” တတိယအၾကီးအကဲသည္ ၿပံဳးကာ ၀င္လာၿပီး အိပ္ခ်င္သည့္ေ၀ဒနာကို ေသေကာင္းေပါင္းလဲ ခံစားေနရ ေသာ လ်န္ေမးရႊမ္းနွင့္ ဟြမ္မင္းကြမ္အား ၾကည့္ကာ .. “ဘယ္လိုခံစားရလဲ”

“မင္းတုိ့ … မ်ိဳးမစစ္ေကာင္ေတြ … သတိၱရွိရင္ သတ္ပစ္လုိက္”

ဟြမ္မင္းကြမ္သည္ တတိယအၾကီးအကဲကုိ ၿမင္သည္နွင့္ ေဟာက္စားမာန္မဲလိုက္ပါေသာ္လည္း အလြန္အမင္း အားအင္ကုန္ခမ္းေနၿပီၿဖစ္သၿဖင့္ အားမပါနုိင္ေတာ့ေခ် ။
စိတ္ခြန္အားမွာ တၿဖည္းၿဖည္းခ်င္း ေလ်ာ့က်လာရေလၿပီ ။

“အိမ္ေတာ္ထိန္း ဟြမ္ က ဘာလို့မ်ား စိတ္္ဆုိးေနတာလဲ ။ က်ြန္ေတာ္တုိ့က စည္းကမ္းကို လုိက္နာတဲ့ ၿမိဳ့ၿပလူေတြပါဗ်ာ သတ္တာမ်ိဳးကို ဘယ္လုပ္ပါ့မလဲ ။
ကိုင္းပါ မင္းတုိ့ နွစ္ေယာက္ မေၿပာဘူးဆုိရင္လဲ ဆက္လုပ္ၾကတာေပါ့ ။ တၿဖည္းၿဖည္းခ်င္းနဲ့ မင္းတုိ့ေတြ ေၿပာခ်င္စိတ္ ရွိလာမွာပါ”
တတိယအၾကီးအကဲက ခပ္ၿပံဳးၿပံဳးေလး ေၿပာေနသည္ ။

“မလုပ္နဲ့ … က်ြန္မ ေတာင္းပန္ပါတယ္ ။
နည္းနည္းေလာက္ နည္းနည္းေလာက္ အိပ္ပါရေစ ။
နည္းနည္းေလးဆုိ ရပါၿပီ”

လ်န္ေမးရႊမ္းက ခပ္တုိးတိုးေလး ညည္းကာ ေတာင္းဆုိမိ သည္ ။
သူမ တကယ္ကို ေတာင့္မခံနုိင္ေတာ့ပါေပ ။

အိပ္ခြင့္မရသည့္အတြက္ သူမမွာ အလြန္အက်ဴးကို
အားအင္ကုန္ခမ္းေနေလၿပီ ။ အခုလို နွိပ္စက္မႈမ်ိဳးသည္ကား ကုိယ္ကာယကို ထိခုိက္နာက်င္ေအာင္ လုပ္သည့္ နွိပ္စက္မႈမ်ဳိးထက္ပင္ အဆေပါင္းေထာင္ေသာင္းမက နာက်င္လြန္းေပ၏ ။

“အိပ္ခ်င္လား .. ရုိးရိုးေလးပါ ။ ရီေရွာင္အန္း ဘယ္လိုေသသြားလဲဆုိတာ ေၿပာၿပလုိက္ .. ဒါဆုိ ရၿပီ ။ ေၿပာၿပလုိက္တာနဲ့ ခ်က္ခ်င္း အိပ္ခြင့္ေပးမယ္ ဘယ္လိုလဲ” တတိယအၾကီးအကဲက ခပ္ၿပံဳးၿပံဳးေလးၿဖင့္ ေမးလုိက္သည္ ။

“ရီေရွာင္အန္းက … ရီ၀မ္၀မ္မိသားစုရဲ့ .. အသတ္ .. ခံလုိက္ရတာပါ”

“ဟူး .. မေၿပာခ်င္ဘူးဆုိေတာ့လဲ ေကာင္းၿပီေလ ။
ဒီအေၿဖကို ငါေတာ့ စိတ္တုိင္းမက်ဘူးဆုိေတာ့
ဘာလုပ္ရင္ ေကာင္းမလဲ”

တတိယအၾကီးအကဲသည္ လ်န္ေမးရႊမ္းကုိ ၾကည့္ၿပီးေနာက္ တြင္ ခုနစ္စင္ၾကယ္ဘက္ကို လွည့္ၾကည့္လုိက္သည္ ။

“ခုနစ္စင္ၾကယ္ သူတုိ့ကို အိပ္ေဆးေတြ ဆက္တုိက္ထား”

တတိယအၾကီးအကဲ ထြက္သြားဖုိ့ လုပ္လုိက္ရာ
ဟြမ္မင္းကြမ္ နွင့္ လ်န္ေမးရႊမ္းတုိ့ အေၾကာက္ၾကီး ေၾကာက္သြားၾက၏ ။

“မလုပ္နဲ့ .. ေၿပာၿပပါမယ္ ေၿပာၿပပါမယ္ အကုန္ ေၿပာၿပပါမယ္ ။ ဟြမ္မင္းကြမ္ နဲ့ က်ြန္မ ပါ ။ က်ြန္မတုိ့ လူငွားၿပီးေတာ့ ရီေရွာင္အန္းကို သတ္ခုိင္းခဲ့တာပါ ။ ၿပီးေတာ့ ရီေရွာင္ထင္းနဲ့ ရီမူဖန္တုိ့ကုိ တမင္သက္သက္ ေခ်ာက္ခ်ခဲ့တာပါ”

လ်န္ေမးရႊမ္းက ငိုယိုကာ ေၿပာေတာ့သည္ ။

တတိယအၾကီးအကဲမွာ ေၿခလွမ္းရပ္သြားၿပီး
အၿပံဳးေလးၿဖင့္ လွည့္ၾကည့္လာသည္ ။

“ဒီလုိမွေပါ့ ဒါေပမယ့္ ဒီစကားကုိ မင္းနဲ့ ဟြမ္မင္းကြမ္ တုိ့ စကားေၿပာရင္းကေန ေၿပာမိသြားတဲ့ပံုစံမ်ိဳးနဲ့ ေၿပာရမယ္ ၊
ငါတုိ့ကို ေၿပာၿပေနသလုိ ပံုစံမ်ိဳး ၿဖစ္လုိ့ မရဘူး”

“ဘာၿဖစ္လုိ့လဲ တတိယအၾကီးအကဲ”

ခုနစ္စင္ၾကယ္သည္ တတိယအၾကီးအကဲ အား စိတ္ရႈပ္ေထြးစြာၿဖင့္ လွည့္ၾကည့္လုိက္သည္ ။

တတိယအၾကီးအကဲသည္ ခုနစ္စင္ၾကယ္အား ၾကည့္လုိက္ေသာ္လည္း လ်စ္လ်ဴရႈထားလုိက္၏ ။

……………………………………………………………………...........

စာစဥ္ ၇၀၊ အခန္း ၂။  ဗီလိန္ပံုစံ လာၿပီေဟ့

ၾကယ္ခုနစ္က တိတ္တိတ္ေလး ရွင္းၿပလာသည္ ။

“ငါတုိ့ ဒီလုိပံုစံနဲ့ ရုိက္ထားလုိက္ရင္ အစ္မဖန္းက ဒါကို သက္ေသအေနနဲ့ တရားရံုးကုိ ယူသြားတဲ့အခါက်
ဒီအသံကုိ ၾကားတဲ့သူေတြက ဘယ္လုိထင္မလဲ”

“မသိဘူးေလ” ခုနစ္စင္ၾကယ္က ေခါင္းခါသည္ ။

“ဒီအသံသြင္းထားတာကို အနွိပ္စက္ခံရလုိ့ ေၾကာက္ၿပီး ထြက္လာတဲ့စကားလုိ့ပဲ သတ္မွတ္သြားၾကမွာေပါ့ ။
လ်န္ေမးရႊမ္း နဲ့ ဟြမ္မင္းကြမ္ တုိ့ စကားေၿပာရင္းကေန ထည့္ေၿပာမိသြားတာဆုိရင္ေတာ့ အၿပစ္လြတ္ လံုး၀ ကြက္တိၿဖစ္သြားၿပီေလ”
ဟု ၾကယ္ခုနစ္က ရွင္းၿပလုိက္ရ၏ …

“ေကာင္းေကာင္းအိပ္ခ်င္တယ္ဆုိရင္ ငါ ေၿပာသလုိလုုပ္ ၊ နားလည္လား”
တတိယအၾကီးအကဲသည္ သူတုိ့ကုိ ေမးလုိက္ၿပီးေနာက္ ၾကိဳးၿဖည္ေပးခုိင္းလုိက္၏ ။

ထိုအခုိက္တြင္ လ်န္ေမးရႊမ္း နွင့္ ဟြမ္မင္းကြမ္တုိ့၏ စိတ္ဓာတ္တုိ့မွာ ၿပိဳလဲၿပီးေနေလၿပီ ။

“ဟြမ္ … ဟြမ္မင္းကြမ္ ငါတုိ့ ရီေရွာင္အန္းကုိ လူငွားသတ္ခုိင္းၿပီးေတာ့ ရီေရွာင္ထင္းနဲ့ ရီမူဖန္တုိ့ကုိ ေခ်ာက္ခ်ထားတာ … မေပၚေလာက္ပါဘူးေနာ္”

လ်န္ေမးရႊမ္းသည္ ပင္ပန္းႏြမ္းနယ္ေနမႈကို အံတုရင္း
ဟြမ္မင္းကြမ္အား ေၿပာလုိက္သည္ ။

“စိတ္ခ်ပါကြာ ေပၚမွာ မဟုတ္ဘူး ။ ငါတုိ့အစီအစဥ္က လံုး၀ကုိ ကြက္တိပဲ ဘယ္သူကမွ သတိထားမိမွာ မဟုတ္ဘူး ။ ဟုိငတံုးနွစ္ေကာင္ ရီေရွာင္ထင္းနဲ့ ရီမူဖန္တုိ့ ခံရတာ နည္းေတာင္နည္းေသးတယ္ ။ သူတုိ့တစ္မိသားစုလံုး ငတံုးေတြ ခ်ည္းပဲ”

“တကယ္ေတြးၾကည့္ရင္ အဲ့ဒီတစ္မိသားစုလံုးက ဟာသပဲ ။ ဟုိအရင္တုန္းက ရီေရွာင္အန္းက အေၾကြးတင္အမ်ားၾကီး
တင္ၿပီးေတာ့ ကုမၸဏီရဲ့ ရံပံုေငြေတြကုိ ေၿဖာင္ထားတာ ။ ေနာက္ေတာ့ ဟုိအဘိုးၾကီး ရီဟုန္းေ၀ရဲ့အေနာက္မွာ ရွိေနတဲ့ မာဖီးယားဂုိဏ္းနဲ့ မိတ္ေဆြဖြဲ ့ၿပီး သူ လုပ္ထားသမ်ွကုိ ရီေရွာင္ထင္းတုိ့ကို ပံုခ်ပစ္တယ္ ..”

“ရီေရွာင္အန္းက ရီယီယီ ၊ ဂူရြဲ ့က်ီတုိ့နဲ့ ေပါင္းၿပီးေတာ့ ရီ၀မ္၀မ္ကုိ ၿပန္ေပးဆြဲၿပီး စိတ္ၾကြေဆးၿပားေတြ ထိုးၿပီးေတာ့ ဗြီဒီယုိရုိက္ယူထားလုိက္ေတာ့ ေဟာ ေနာက္ဆံုးက်ေတာ့ ရီေရွာင္ထင္းက သူ ့သမီးေလးအတြက္ အကုန္ က်ရႈံးခံလုိက္ ပါေလေရာလား ။ အဲ့ရီေရွာင္ထင္း မတံုးဘူးလား”

တတိယအၾကီးအကဲသည္ ဟြမ္မင္းကြမ္တုိ့ ေၿပာဆုိေနသည္ ကုိ ၿပံဳးကာ ရုိက္ကူးေနၿပီး ရုိက္ၿပီးသြားေနာက္ …

“ဒါဆုိ ရၿပီမလား .. က်ြန္မကို အိပ္ခြင့္ေပးပါေတာ့”
လ်န္ေမးရႊမ္းက ညည္းတြားေလသည္ ။

အရမ္းကို နာက်င္လြန္းလုိ့သာ ၿဖစ္ရေပမည္ ။ သုိ့ေသာ္လည္း သူတုိ့နွစ္ေယာက္စလံုးမွာ သရုပ္ေဆာင္ေကာင္းသည္ေၾကာင့္ တစ္ေခါက္ထဲနဲ့ ရုိက္ကူးလုိ့ ၿပီးစီးသြားခဲ့ေလသည္ ။

“ဟားဟား မဆုိးဘူး မဆိုးဘူး”

တတိယအၾကီးအကဲသည္ လ်န္ေမးရႊမ္း နွင့္ ဟြမ္မင္းကြမ္တုိ့ကုိ ၾကည့္ကာ ၿပံဳးၿပံဳးေလး ေခါင္းညိတ္လိုက္သည္ ။

“မင္းတုိ့ အေစာကတည္းက ဒီလုိလုပ္လုိက္ရင္ ၿပီးေနၿပီ ။ အခုေလာက္ထိ ခံစားေနရမွာ မဟုတ္ဘူး”

“၀ိုး တတိယအၾကီးအကဲက မိုက္လုိက္တာ”

ခုနစ္စင္ၾကယ္သည္ တတိယအၾကီးအကဲဆီ ေလ်ွာက္လာကာ လက္မၾကီး ေထာင္ၿပေလသည္ ။

“တတိယအၾကီးအကဲ .. ခင္ဗ်ားက ပထမအၾကီးအကဲထက္ကုိ အမ်ားၾကီး ပုိေတာ္တယ္”

ခုနစ္စင္ၾကယ္ကုိ လ်စ္လ်ဴရႈထားဖုိ့ လုပ္ေတာ့မည့္ တတိယအၾကီးအကဲမွာ ထိုသည္ကုိ ၾကားလုိက္သည့္အခါ
ခ်က္ခ်င္း ၿပံဳးၿဖီးလာေတာ့သည္ ။

“ေအးေပါ့ကြ ပထမအၾကီးအကဲလား အဲ့ဒီအဘိုးၾကီးက ငါ့ကို ဘယ္လိုလုပ္ ယွဥ္နုိင္မွာလဲ ။ သူ ငါ့ကုိ ဘယ္တုန္းကမ်ား ေက်ာ္တက္နုိင္ဖူးလုိ့လဲ”

“ဟဲဟဲ .. က်ြန္ေတာ္တု့ိ ဟြမ္မင္းကြမ္ နဲ့ လ်န္ေမးရႊမ္းတုိ့ကုိ ဘာလုပ္လုိက္ရမလဲ ။ အိပ္ခုိင္းလုိက္ရေတာ့မလား”

“အိပ္ခုိင္းရမယ္ ..”

တတိယအၾကီးအကဲက ခုနစ္စင္ၾကယ္ကုိ ၾကည့္လုိက္သည္ ။

“မင္းေခါင္းက သံေခ်းတက္သြားတာလား ။ အိပ္ေဆးေတြ ဆက္တုိက္စမ္း ။ ေနာက္ေလးနာရီေနမွပဲ သူတုိ့ အိပ္ရမယ္”

“ဘာလို့ ေလးနာရီၾကာမွလဲ”
ခုနစ္စင္ၾကယ္မွာ လံုး၀ကုိ နားမလည္ေတာ့ပါေခ် ။

“ေနာက္ေလးနာရီဆုိရင္ လူတစ္ေယာက္ရဲ့ ခံနုိင္ရည္ ကုန္သြားၿပီ ။ အဲ့ဒီအခ်ိန္ေရာက္လုိ့မွ မအိပ္ရေသးရင္ သူတုိ့ ေသသြားလိမ့္မယ္ ။ ဂုိဏ္းခ်ဳပ္က ငါတုိ့လက္မွာ အသက္မစြန္းရဘူးလုိ့ပဲ အမိန့္ေပးထားတာေလ ။ ဒီေတာ့ ငါ ဒီလုိလုပ္တာလဲ ဂုိဏ္းခ်ဳပ္ရဲ့အမိန့္ကို မနာခံရာ မက်ဘူးမလား”

ခုနစ္စင္ၾကယ္မွာ အံ့ၿသသြား၏ ။

“တကယ့္ကုိ မုိက္တယ္”

သူတုိ့ကုိ မသတ္ဘဲနဲ့ ပါးပါးေလး လွီးၿခင္း … ။

တတိယအၾကီးအကဲသည္ ထိုသုိ့ ေၿပာၿပီးေနာက္
ဗြီဒီယုိကုိ ယူကာ အိမ္ထဲကေန ထြက္ၿပီး ခုနစ္စင္ၾကယ္နဲ့အတူ ၿပန္သြားေလၿပီ ။

တတိယအၾကီးအကဲသည္ ခြင့္လႊတ္ဖို့ရာ ေတာင္းပန္ေတာ့ သည္ ။

“ဂုိဏ္းခ်ဳပ္ ေၿပာထားတဲ့အတုိင္းပဲ က်ြန္ေတာ္ သူတုိ့ကုိ အသက္ရွင္ရက္ ထားထားပါတယ္ ။ လုပ္ေနက် ပံုစံ မဟုတ္ေတာ့ မသတ္မိဖုိ့ကုိ က်ြန္ေတာ္ အစြမ္းကုန္ ၾကိဳးစားထားပါတယ္”

ထုိအသံသြင္းထားတာကုိ နားေထာင္ၿပီးေနာက္တြင္ ရီ၀မ္၀မ္မွာ မ်က္နွာပ်က္သြား၏ ။ သူမက ေမးေစ့ကုိ ပြတ္သပ္ကာ ခပ္တုိးတုိး ေရရြတ္လာသည္ ။

“ဒီလုပ္ရပ္ၾကီးက အရမ္းပဲ … ယုတ္မာလြန္းတယ္ ။
ငါ့ကုိယ္ငါ ဓားၿပၾကီး ၿဖစ္လာသလိုေတာင္ ခံစားေနမိၿပီ”

ခုနစ္စင္ၾကယ္မွာ ဇေ၀ဇ၀ါ ၿဖစ္သြား၏ ။

“အစ္မ ဖန္း … က်ြန္ေတာ္တုိ့က အစကတည္းက ဓားၿပေတြ မဟုတ္ဘူးလား”

ရီ၀မ္၀မ္ အံ့ၿသသြားၿပီး စိတ္မပါလက္မပါ ၿပံဳးလုိက္မိ၏ ။

ဟုတ္သားပဲ ..
ငါ ကုိယ့္ကုိယ္ကုိ ရီ၀မ္၀မ္ ေနရာကေန ေတြးမိသြားတာပဲ ။

ရီ၀မ္၀မ္သည္ ေမးေစ့ေလးကုိ လက္နဲ့ေထာက္ကာ
ခုနစ္စင္ၾကယ္ကို ၾကည့္လုိက္ၿပီး ၿပံဳးၿပလုိက္ကာ …

“ဟက္ ဟုတ္သားပဲ”

………………………………………………………………...................

စာစဥ္ ၇၀၊ အခန္း ၃။  ဗီလိန္ေတြ ေပါင္းၾကၿပီ

ရီ၀မ္၀မ္သည္ ထိုအသံသြင္းထားတာကုိ ထပ္ဖြင့္လုိက္ၿပီး
လ်န္ေမးရႊမ္း နွင့္ ဟြမ္မင္းကြမ္တုိ့ ေၿပာဆုိေနၾကသည္ကုိ နားေထာင္ၾကည့္လုိက္၏ ။

ထိုအသံမွတ္တမ္းတစ္္ခုထဲနဲ့တင္ ရီမူဖန္ နွင့္ ရီေရွာင္ထင္းတုိ့ အၿပစ္ကင္းစင္ေၾကာင္းကုိ သက္ေသၿပနုိင္ၿပီ ၿဖစ္ၿပီး
လ်န္ေမးရႊမ္း နွင့္ ဟြမ္မင္းကြမ္တုိ့ကုိ ေထာင္ထဲ ပုိ့နုိင္ၿပီ
ၿဖစ္ေလသည္ ။

“တတိယအၾကီးအကဲ သူတို့ ေၿပာလာေအာင္ ဘယ္လုိမ်ား လုပ္လုိက္တာလဲ”

ရီ၀မ္၀မ္သည္ သိလုိစြာၿဖင့္ တတိယအၾကီးအကဲအား ၾကည့္လုိက္မိ၏ ။

လ်န္ေမးရႊမ္းနွင့္ ဟြမ္မင္းကြမ္တုိ့သည္ ရိုက္ကူးေနတာကို သိထားပါက သူတုိ့လည္ပင္းအား ဓားေထာက္ထားရင္ေတာ့ ေၿပာမည့္လူစားမ်ား မဟုတ္ၾကေပ ။

ရီ၀မ္၀မ္သာ လ်န္ေမးရႊမ္း နဲ့ ဟြမ္မင္းကြမ္ေနရာမွာဆုိရင္
သူမ ေသခ်င္ေသပါေစ တစ္လံုးမွ ထုတ္ေၿပာမည္မဟုတ္ ။ ဘာေၾကာင့္ေရာ ေၿပာရလိမ့္မည္နည္း ။

တတိယအၾကီးအကဲက ၿပန္မေၿဖရေသးခင္ ခုနစ္စင္ၾကယ္သည္ အေရွ့သုိ့ တုိးကပ္လာကာ ကရားေရရြတ္ တတြတ္တြတ္ ေၿပာခ်ေတာ့သည္ ။

“အဲ့ဒါ က်ြန္ေတာ္ ေၿပာၿပမယ္ ။ တတိယအၾကီးအကဲက လ်န္ေမးရႊမ္းနဲ့ ဟြမ္မင္းကြမ္ကုိ ဖမ္းေခၚသြားၿပီးေတာ့ ေကာင္းေကာင္းမြန္မြန္ပဲ ဆက္ဆံေပးတာ ရုိက္လဲ မရိုက္ဘူး ၊ ေအာ္လဲမေအာ္ဘူး ။ အစာေရာေရေရာ မၿပတ္လပ္ေစရဘူး ။ တစ္ခုပဲ သူတုိ့ကုိ မအိပ္ခုိင္းရံုေလး .. မ်က္ခြံေတြကို ကလစ္နဲ့ လွန္ဖြင့္ေပးထားၿပီးေတာ့ သူတုိ့အစားအေသာက္န့ဲ ေရေတြထဲမွာ အိပ္ေဆးေတြ ထည့္တုိက္တာ ။ လ်န္ေမးရႊမ္းနဲ့ ဟြမ္မင္းကြမ္တုိ့က ေနာက္ဆံုး လံုး၀ ေၿခကုန္လက္ပန္း က်သြားၿပီးေတာ့ အိပ္လို့ရေအာင္လုိ့ ထုတ္ေၿပာလာတာ အစ္မ ။ သူတုိ့မွာမွ ေရြးစရာမရွိတာ အဲ့ေတာ့ က်ြန္ေတာ္တုိ့နဲ့ ပူးေပါင္းၿပီးေတာ့ ဒီလုိစကားမ်ိဳးကုိ ထုတ္ေၿပာေပးရတာေပါ့ ဟဲဟဲ”

ရီ၀မ္၀မ္သည္ တတိယအၾကီးအကဲအား ေတြးဆဆၿဖင့္ ၾကည့္လုိက္သည္ ။ က်ဥ္းထဲက်ပ္ထဲ ေရာက္ၿပီဆုိရင္ တတိယအၾကီးအကဲသည္ အမွန္ပင္ အားကုိးရေခ်သည္ ။

လ်န္ေမးရႊမ္းနွင့္ ဟြမ္မင္းကြမ္တုိ့ ဘယ္ေလာက္ေတာင္ ခါးခါးသီးသီး ၿဖတ္ေက်ာ္ခဲ့လိမ့္ရမလဲ … ။

သာမန္လူမ်ားသည္ ေန့ေပါင္းမ်ားစြာ မအိပ္ရဘဲ မေနနုိင္ၾကပါေခ် ။ ထိုသည္ကုိ တတိယအၾကီးအကဲက သူတုိ့စားမည့္အစားေသာက္နွင့္ ေရထဲတြင္ပါ အိပ္ေဆးေတြ ထပ္ထည့္ထားေပးလိုက္ေသးသည္ ဆုိေတာ့ … ။

ခုနစ္စင္ၾကယ္ ေၿပာသြားသလို လ်န္ေမးရႊမ္းနဲ့ ဟြမ္မင္းကြမ္တုိ့ကို ေကာင္းေကာင္းမြန္မြန္ေလး ဆက္ဆံေပး သြားသည္ ဆုိေသာ္လည္း အိပ္ေဆးေတြ ထည့္တုိက္ၿပီး အိပ္ခြင့္မေပးၿခင္းသည္ကား
ကမ႓ာေပၚက အယုတ္မာအေကာက္က်စ္ဆံုး နည္းေတြထဲက
တစ္ခုသာ ၿဖစ္ေပသည္ ။ တကယ့္ထရိန္နင္ဆင္းထားသူမ်ားသည္ပင္ ထိုဒဏ္ကို ေတာင့္မခံနုိင္ၾကေလရာ သာမန္လူမ်ားမွာ မည္သုိ့ ဆုိဖြယ္ရာ ရွိပါလိမ့္မည္နည္း ။

ရီ၀မ္၀မ္ ဖိန့္ဖိန့္တုန္ဂုိဏ္းကုိ ေရာက္ခါစက ထိုတတိယအၾကီးအကဲ သည္ သူမအတြက္ ေၾကာက္စရာအေကာင္းဆံုးသူထဲက တစ္ေယာက္ ၿဖစ္ခဲ့၏ ။ သုိ့ေသာ္ အခုေတာ့ ရန္သူမွသည္ မိတ္ေဆြအၿဖစ္ ေၿပာင္းလဲ လာကာ အလြန္တရာ အားကုိးရသူၾကီး ၿဖစ္လာခဲ့ေလၿပီ ။

“အစ္မ ဖန္း ဂ်င္းေဟာင္းက ဂ်င္းသစ္ထက္ ပုိစပ္တယ္လုိ့ ေၿပာၾကတယ္မလား ။ ဟဲဟဲ တတိယအၾကီးအကဲကေတာ့ တကယ့္ကုိ ရက္စက္ၾကမ္းတမ္း လူမဆန္ ၊ နွလံုးသားမရွိ ၊ အၾကင္နာကင္းမဲ့၊ ေကာက္က်စ္ယုတ္မာၿပီးေတာ့ ၀ံပုေလြလုိ လူစားလုိ့ ေၿပာရမယ္ေနာ္”
ခုနစ္စင္ၾကယ္သည္ တတိယအၾကီးအကဲအား အခ်ီးမြမ္းၾကီး ခ်ီးမြမ္းေနသည္ ။

တတိယအၾကီးအကဲ၏မ်က္နွာမွာ ေအာက္ၿပဳတ္က်မတတ္
ၿဖစ္သြားရ၏ ။

“ဘာေပါက္ပန္းေလးဆယ္ေတြ ေလ်ွာက္ေၿပာေနတာလဲ ။ ၀ံပုေလြလုိလူစားလုိ့ ဘယ္သူ ့ကို လာေခၚေနတာလဲ”

“ဒါဆုိ လူယုတ္မာက လူယုတ္မာနဲ့ပဲ ေပါင္းတယ္ ဆုိရင္ေရာ”
ခုနစ္စင္ၾကယ္သည္ ေၿပာင္းကာ ခ်ီးမြမ္းလုိက္ၿပန္သည္ ။

ရီ၀မ္၀မ္ ။  “…”

စကားပံုေတြ မသံုးတတ္ရင္လဲ ေလ်ွာက္မသံုးပါနဲ့လား .. ။

ရီ၀မ္၀မ္ ဘာမွ မေၿပာရေသးခင္ အနီေရာင္၀တ္စုံကုိ ၀တ္ဆင္ထားသည့္ ပထမအၾကီးအကဲသည္ အိမ္အၿပင္ကေန ဧည့္ခန္းထဲကို တၿဖည္းၿဖည္းခ်င္း ၀င္ခ်လာေလၿပီ ။

“လူေတြ စံုေနပါ့လား ။ ဒီေန့ အလုပ္လုပ္စရာ မရွိၾကဘူးလား”

ပထမအၾကီးအကဲသည္ တတိယအၾကီးအကဲကုိ ၿမင္လုိက္သည့္အခါ မခုိ့ၿပံဳးၿပံဳးၿပီး ေမးေတာ့သည္ ။

ခုနစ္စင္ၾကယ္က ၿပန္ေၿဖသည္ ။
“က်ြန္ေတာ္တုိ့ အလုပ္ၿပီးလာခဲ့ၿပီ ပထမအၾကီးအကဲ ။ တတိယအၾကီးအကဲ ရလာခဲ့တဲ့ ဒီအသံသြင္းထားတာကုိ နားေထာင္ၾကည့္ပါလား”

“တကယ္ၾကီးလား ။ တတိယအၾကီးအကဲက
လ်န္ေမးရႊမ္းနဲ့ ဟြမ္မင္းကြမ္တုိ့ စကားေၿပာေနတာကို အသံဖမ္းထားနုိင္တာလား”
ပထမအၾကီးအကဲမွာ မယံုၾကည္နုိင္ ၿဖစ္သြားေလဟန္ ။

“တကယ္ေပါ့ဗ် ၊ တတိယအၾကီးအကဲက သူတုိ့ကို ၿပန္ေပးဆြဲပလုိက္တာကိုး …”

ခုနစ္စင္ၾကယ္သည္ ၿဖစ္ေၾကာင္းကုန္စင္ကို ပထမအၾကီးအကဲအား ရွင္းၿပလုိက္ေလၿပီ ။

ပထမအၾကီးအကဲသည္ အသံသြင္းလာသည္ကို မယံုတယံုၿဖင့္ နားေထာင္ေနရာကေန အဆံုးေရာက္သည္တြင္ မ်က္နွာပ်က္သြား၏ ။

တတိယအၾကီးအကဲက ငါ့ထက္ ေစာၿပီးေတာ့ လုိေနတဲ့သက္ေသကို ရေအာင္ ရွာလုိက္နုိင္ၿပီပဲ … ။

“ဟားဟား က်ြန္ေတာ္ ေၿပာပါတယ္ ဂုိဏ္းခ်ဳပ္ရာ ။
တရုတ္လာတာ က်ြန္ေတာ့္တစ္ေယာက္ထဲ ေခၚလာခဲ့ရင္ ရပါၿပီဆုိ အခုေတာ့ သက္သက္မဲ့လူပိုေတြ ေခၚလာေနတယ္ ။ က်ြန္ေတာ္ ေၿပာခဲ့သလို ပထမအၾကီးအကဲကုိ ဖိန့္ဖိန့္တုန္ဂုိဏ္းမွာပဲ ထားခဲ့ၿပီး အလုုပ္ခုိင္းထားခဲ့ရမွာ”

တတိယအၾကီးအကဲသည္ ဘ၀င္ၿမင့္ၿပံဳး ၿပံဳးကာ ၀င္ေၿပာေတာ့သည္ ။

……………………………………………………………………............

စာစဥ္ ၇၀၊ အခန္း ၄။  ဘယ္သူက ပုိေတာ္လဲ

ပထမအၾကီးအကဲကလည္း ခပ္တည္တည္ၿဖင့္ ၿပန္ေခ်ပ၏ ။
“ဖိန့္ဖိန့္တုန္ဂုိဏ္းရဲ့ ကိစၥ၀ိစၥေတြေလာက္ကို ေၿဖရွင္းဖုိ့က ဒုတိယအၾကီးအကဲ ရွိေနရင္ကုိ ရေနပါၿပီ ။ ငါလား
ငါကေတာ့ ပထမအၾကီးအကဲတစ္ေယာက္အေနနဲ့ ဂုိဏ္းခ်ဳပ္ ဘယ္သြားသြား အေနာက္ကေန လုိက္ေနမွကုိ ၿဖစ္မွာေပါ့”

“ၿပီးေတာ့လဲ တတိယအၾကီးအကဲ မင္းက ဒီကိစၥကုိ ေၿဖရွင္းလုိက္နုိင္ၿပီဆုိေပမယ့္လဲ ေၿဖရွင္းေနတာက အရမ္းကို ၾကာလြန္းတယ္ ။ သာမန္လူေလးနွစ္ေယာက္ကို ကိုင္တြယ္ရတဲ့ကိစၥကုိ နွိပ္စက္တဲ့နည္းေတြပါ သံုးလိုက္ရေသးတယ္ဆုိေတာ့ မင္းကေတာ့ ဒီလုိသာမန္ပါပဲ”

ပထမအၾကီးအကဲနွင့္ တတိယအၾကီးအကဲတုိ့ မီးနဲ့ေရလုိ အခန့္မသင့္ တက်က္က်က္ၿဖစ္ေနၿပန္သည္ကုိ ၾကည့္ရင္း ရီ၀မ္၀မ္ ကူကယ္ရာမဲ့သြားမိ၏ ။

သူတုိ့ေတြသည္ ဒီေလာက္ပင္ အသက္ၾကီးေနၿပီကို ကေလးေလးေတြလုိ ရန္ၿဖစ္ေနၾကေသးသည္ ..

သူမ တကယ္ကို နားမလည္နုိင္ေတာ့ပါေခ် ။

“ပထမအၾကီးအကဲ ေၿပာလုိက္တာကို က်ြန္ေတာ္ သိပ္သေဘာမေပါက္လုိ့ ။ အခ်ိန္အရမ္းၾကာတယ္ဆုိတာက ဘာကုိ ေၿပာတာလဲ ။ ဂုိဏ္းခ်ဳပ္က လ်န္ေမးရႊမ္းနဲ့ ဟြမ္မင္းကြမ္တုိ့ေနာက္ကုိ ေနာက္ေယာင္ခံ လုိက္ရမယ္လုိ့ ငါတုိ့ကို အမိန့္ခ်တုန္းက အခ်ိန္ေတြအမ်ားၾကီး ၿဖဳန္းခဲ့တဲ့ သူက မင္းေလ ပထမအၾကီးအကဲ ။ ဒါေပမယ့္ မင္းဆီမွာ ဘာသဲလြန္စမ်ား ရခဲ့လို့လဲ”

“ငါ့အတြက္ကေတာ့ ငါက သံုးရက္ေလးပဲ အခ်ိန္ယူလုိက္ရ တာ ၿပီးေတာ့ အိပ္ေဆးေလးနဲ့တင္ ဟုိလဒနွစ္ေကာင္ကို အၿဖစ္မွန္ကုိ ထုတ္ေၿပာေအာင္ လုပ္နုိင္တယ္ ။
ဘယ္သူက ပုိေတာ္လဲ ဘယ္သူက ပုိညံ့လဲကို ေၿပာေနစရာကို
မလုိဘူး ။ ဒီမွာ ရွိေနတဲ့ လူတုိင္း ရွင္းရွင္းလင္းလင္းၾကီးကုိ သိေနၾကမယ္လုိ့ ငါ ယံုတယ္”

“ငါေတာ့ ဒီလုိမထင္ဘူး ။ မင္းေနရာမွာ ငါသာ ဆုိရင္ သူတုိ့ အၿဖစ္မွန္ကုိ ထုတ္ေၿပာလာဖုိ့ကို ေန့တစ္၀က္ေလာက္ပဲ ၾကာမွာ”

ပထမအၾကီးအကဲက ခပ္ၿပံဳးၿပံဳးေလးၿဖင့္ ၿပန္ေဆာ္ေလၿပီ ။

တတိယအၾကီးအကဲသည္ မ်က္ေမွာင္ၾကီး တြန္ ့ခ်ိဳးသြားကာ ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္အား ၾကည့္လုိက္ေလၿပီ ။

“မင္းတုိ့ ဘယ္လုိထင္လဲ ။ ပထမအၾကီးအကဲ နဲ့ ငါ ဘယ္သူက ပိုေတာ္လဲ”

ၾကယ္ခုနစ္သည္ ပထမအၾကီးအကဲအား အမူအရာကင္းမဲ့စြာ ၾကည့္လုိက္ၿပီးေနာက္ တတိယအၾကီးအကဲဘက္ကုိ ၾကည့္လုိက္ကာ ထုိ့ေနာက္တြင္ တိတ္ဆိတ္သြားေလသည္ ။

“ပထမအၾကီးအကဲက ပုိေတာ္တယ္”

လွစ္ခနဲ ၀င္ေၿဖလာသူကား ခုနစ္စင္ၾကယ္ ။

တတိယအၾကီးအကဲမွာ ခ်က္ခ်င္း မ်က္နွာပ်က္သြား၏ ။

“ခုနစ္စင္ၾကယ္ မင္းပဲ ေစာနက ေၿပာေတာ့ ငါက ပထမအၾကီးအကဲထက္ ပိုေတာ္တယ္ဆုိ”

“ဟုတ္တယ္ေလ .. ဒါေပမယ့္ ေစာနတုန္းက
ပထမအၾကီးအကဲမွ က်ြန္ေတာ္တုိ့နဲ့ ရွိမေနတာ ။
အခုက် ပထမအၾကီးအကဲက ဒီမွာ ရပ္ေနတယ္ေလ”

ခုနစ္စင္ၾကယ္က ခ်က္က်လက္က် ၿပန္ေၿပာလုိက္ရာ ..

တတိယအၾကီးအကဲ ။ “…”

ၾကယ္ခုနုစ္ ။ “…”

ရီ၀မ္၀မ္ ။ “…”

ခုနစ္စင္ၾကယ္ကို ဥာဏ္မေကာင္းဘူးလုိ့ ဘယ္သူ ေၿပာတာလဲ ။ ေရႊဥာဏ္ေတာ္ စူးေရာက္ခ်က္ကေတာ့ ခုနစ္စင္ၾကယ္ကုိ
တကယ္တမ္း ဘယ္သူမွကုိ ယွဥ္နုိင္မွာ မဟုတ္ဘူး … ။

“ဒါေပမယ့္ ဒီတစ္ေခါက္မွာ တတိယအၾကီးအကဲက အက်ိဳးေဆာင္သြားတာေလ”
ၾကယ္ခုနစ္က ရုတ္ၿခည္းဆုိသလုိ ၀င္ေၿပာေလသည္ ။

“အမွန္ပဲ” ရီ၀မ္၀မ္ ေခါင္းညိတ္လုိက္ပါ၏ ။

“တတိယအၾကီးအကဲေၾကာင့္သာ မဟုတ္ရင္
ငါ လုိခ်င္ေနတဲ့သတင္းကို ဒီေလာက္ၿမန္ၿမန္ၾကီး ရလာမွာ မဟုတ္ဘူး”

ရီ၀မ္၀မ္၏ခ်ီးက်ဴးစကားေၾကာင့္ တတိယအၾကီးအကဲမွာ ဂုဏ္ယူမဆံုးတၿပံဳးၿပံဳးၿဖင့္ ေခါင္းေမာ့ရင္ေကာ့လုိက္ေလၿပီး ပထမအၾကီးအကဲအား ရန္စစြာ ၾကည့္လုိက္ေလသည္ ။

တတိယအၾကီးအကဲ မေၿပာလုိက္ရေသးခင္
ရီ၀မ္၀မ္၏ဖုန္းက ထၿမည္လာသည္ ။

ဖုန္းေခၚလာသည့္နံပတ္ေၾကာင့္ ရီ၀မ္၀မ္ စိတ္ရႈပ္ေထြးသြား ရ၏ ။ မၿမင္ဖူးသည့္ နံပတ္စိမ္းပင္ ။

သူမ ဖုန္းကိုင္လုိက္ရာ …

“မင္းက ရီ၀မ္၀မ္ လား”

ထြက္လာသည့္အသံကား ေအးတိေအးစက္ ။

“ဟုတ္တယ္” ရီ၀မ္၀မ္လည္း စကားအပို ဆုိမေန ။

“မိန္းကေလး ရီ ေရွ့ရက္က လုပ္သြားတဲ့ကိစၥက က်ြန္ေတာ့္ကုိ တကယ္ စိတ္မခ်မ္းေၿမ့ေစဘူးဗ်ာ”

“ရွင္က ဘယ္သူလဲ”

“ဟုန္ရွင္းဂုိဏ္းဆုိတာကိုမ်ား မိန္းကေလး ရီ ၾကားဖူးမလား”

ဟုန္ရွင္းဂုိဏ္း …

ရီ၀မ္၀မ္ ေတြးမိသြား၏ ။

ဟုန္ရွင္းဂုိဏ္းသည္ သူမကုိ ၿပသနာလာရွာလိမ့္မည္ကုိ သိထားပါေသာ္လည္း ဒီေလာက္ၾကီး ၿမန္လိမ့္မည္ဟုေတာ့ ထင္မထားမိခဲ့ေပ ။

လ်န္ေမးရႊမ္း နွင့္ ဟြမ္မင္းကြမ္တုိ့သည္ အဖမ္းခံထားရဆဲ ၿဖစ္ၿပီး တတိယအၾကီးအကဲက သူတုိ့ကုိ မလႊတ္ေပးေသး တာေၾကာင့္
ရီ မိသားစု နွင့္ ဟုန္ရွင္းဂုိဏ္းသည္ ထုိကိစၥအေၾကာင္းကို သိၾကလိမ့္ဦးမည္ မဟုတ္ေပ ။

သုိ့ေၾကာင့္ ဟုန္ရွင္းဂုိဏ္းက သူမကုိ လာရွာၿခင္းမွာ
ရုိက္ကြင္းတြင္ ၿဖစ္သြားခဲ့သည့္ ေယာင္က်ား၀မ္နဲ့ ၿပသနာေၾကာင့္သာ ၿဖစ္ေပလိမ့္မည္ ။

ရီ၀မ္၀မ္ ခပ္တုိးတိုး ရယ္ေမာလိုက္မိ၏ ။

သူမသည္ ေယာင္က်ား၀မ္အေပၚတြင္ ဒီေလာက္ထိ လုပ္ထားတာေတာင္ ေယာင္က်ား၀မ္သည္ မရွက္တတ္ဘဲ ထိုရွက္စရာေကာင္းသည့္ကိစၥအားလံုးကုိ ဟုန္ရွင္းဂုိဏ္းကို ၿပန္တုိင္ခဲ့ေလသည္ ။

ထုိသည္က အခ်က္နွစ္ခ်က္ကုိ ၿပလုိ့ေန၏ ။

…………………………………………………………........................

စာစဥ္ ၇၀၊ အခန္း ၅။  တစ္ခါမွ မေသဖူးေလာက္ဘူး

တစ္ခ်က္မွာ ေယာင္က်ား၀မ္သည္ ဓာတ္ပံုေတြနဲ့ ဗြီဒီယိုေတြ ဖြင့္ခ်ခံလုိက္ရမွာကုိ လံုးလံုးကုိ ဂရုမစုိက္ၿခင္း .. ။

ေနာက္တစ္ခ်က္မွာ ဟုန္ရွင္းဂုိဏ္းသည္ ရီ၀မ္၀မ္ကုိ
အသာေလး ေခ်မႈန္းပစ္ကာ ထုိကိစၥကုိ လွလွပပၾကီး ကုိယ္တြယ္ေပးနုိင္သည္ကုိ သိေနၿပီး ရီ၀မ္၀မ္အေပၚ
သူမ အနုိင္ရနုိင္တာ ေသခ်ာေနၿခင္္း .. ။

ရီ၀မ္၀မ္အတြက္ကေတာ့ ထိုလူမ်ားမွာ အေတာ့္ကို စိတ္၀င္စားစရာ ေကာင္းလွေခ်သည္ ။

သူတု့ိသည္ ကစားခ်င္ေနမွေတာ့ သူမသည္လည္း လုိက္ကစားေပးရမွာေပါ့ ။ သူမလည္း ဂရုမစုိက္ပါေခ် ။

“ရွင္က ဟုန္ရွင္းဂုိဏ္းမွာ ဘာအဆင့္မ်ား ရိွလဲ သိလို့ရမလား”

“ဟက္ ဒါက မိန္းကေလး ရီ နဲ့ မဆုိင္ပါဘူး ။ ဒါေပမယ့္
မင္း လုပ္ခဲ့တဲ့အရာအတြက္ ေနာက္ဆုတ္လုိ့ မရေတာ့ဘူး ။ ရုိက္ကြင္းမွာ ရုိက္သြားခဲ့တဲ့ ေယာင္က်ား၀မ္ရဲ့ ပံုနဲ့ ဗြီဒီယုိေတြကို ေယာင္က်ား၀မ္ကို ၿပန္အပ္လုိက္”

“ၿပီးတာနဲ့ သတင္းစာရွင္းလင္းပြဲ လုပ္ၿပီးေတာ့ အင္ေမာ္တယ္ေခတ္ရဲ့ ရံပံုေငြေတြကို ခုိးၿပီး ထြက္ေၿပးသြားခဲ့တယ္ ဆုိတာကို ၀န္ခံ ။ ၿပီးရင္ တေလာကလံုးရဲ့ေရွ့မွာ ေယာင္က်ား၀မ္ေရွ့ ဒူးေထာက္ၿပီး ေတာင္းပန္ရမယ္ ။ ငါ ေၿပာတဲ့အတုိင္း လုပ္မယ္ဆုိရင္ေတာ့
မိန္းကေလး ရီ ရဲ့ မိသားစုက ေဘးကင္းကင္းနဲ့ ေနရမွာပါ”

“ဒါေပမယ့္ ေခါင္းမာၿပီးေတာ့ လုပ္ခ်င္တုိင္း လုပ္ေနဦးမယ္
ဆုိရင္ေတာ့ မိန္းကေလး ရီ .. မင္းရဲ့မုိက္မဲမႈေၾကာင့္
မင္းမိသားစု ဒုကၡၾကီးၾကီး ေရာက္ရလိမ့္မယ္ ။
မိန္းကေလး ရီ ဘယ္လုိသေဘာရလဲ”

“ဟက္ .. ရဲတင္းလြန္းတယ္”

ရီ၀မ္၀မ္၏ႏႈတ္ခမ္းတုိ့ တြန္ ့ေကြးတက္သြားသည္ ။

“က်ြန္မကို ဒီလုိမ်ိဳး ေၿပာရဲတ့ဲသူက ရွင္က ပထမဆံုးပဲ ။ ဟုန္ရွင္းဂုိဏ္းေနာ္ ။ အခုေၿပာသြားတဲ့စကားေတြအတြက္
ရွင္ ၿပန္ေပးဆပ္ရမယ္”

“မိန္းကေလး ရီ က ေသရမွာ မေၾကာက္ဘူး ကိုး ။
မိသားစုဘာၿဖစ္ၿဖစ္ ဂရုမစုိက္ဘူးလုိ့ ေၿပာေနတာလား …”

ဟုန္ရွင္းဂုိဏ္းက ေၿပာလုိ့ မၿပီးေသးခင္
ရီ၀မ္၀မ္က ဖုန္းခ်ပစ္လုိက္၏ ။

“အစ္မ ဖန္း ဟုန္ရွင္းဂုိဏ္းက ဘာထၿဖစ္တာလဲ ။
သူတုိ့ကမ်ား ရာရာစစ ေထာင္လႊားရဲေသးတယ္ ..
ေသမင္းရဲ့အရသာကုိ တစ္ခါမွ မၿမည္းစမ္းၾကည့္ဖူးဘူးနဲ့ တူတယ္” ခုနစ္စင္ၾကယ္က ထေၿပာသည္ ။

ရီ၀မ္၀မ္သည္ ဖုန္းကုိင္လိုက္တုန္းက စပီကာဖြင့္ထားခဲ့သည္မုိ့ အားလံုးက စကားကို ရွင္းရွင္းလင္းလင္း ၾကားလုိက္ၾကရ၏ ။

“ဂုိဏ္းခ်ဳပ္ ဒီကိစၥကုိလဲ က်ြန္ေတာ့္ကုိသာ လဲႊလုိက္ပါ ။ အခ်ိန္တုိအတြင္း ဟုန္ရွင္းဂုိဏ္းကလူေတြ
တစ္ေယာက္မွ မက်န္ဘဲ အကုန္ၾကြသြားေစရမယ္” တတိယအၾကီးအကဲက မည္းပုတ္ေနသည့္မ်က္နွာၿဖင့္ ကတိေပးလာသည္ ။

“အဟက္ လာလာခ်ည္ေသး တတိယအၾကီးအကဲက သိပ္ရယ္ရတာပဲ”

ပထမအၾကီးအကဲက ထကာ ရြဲ ့ေခ်ၿပီ ။

တတိယအၾကီးအကဲမွာ မ်က္ေမွာင္ၾကဳတ္သြားၿပီး
နီရဲေတာက္ေနသည့္ ပထမအၾကီးအကဲအား ၾကည့္လိုက္ကာ
“ဘာစကား ေၿပာတာလဲ”

“ဘာစကား ေၿပာတယ္လုိ့ ထင္လဲ ။ တတိယအၾကီးအကဲ
မင္းက ဒီေနရာကုိ လြတ္လပ္ေသာနယ္ေၿမမ်ား မွတ္ေနတာလား ။ ဒီေနရာက ဥပေဒေတြနဲ့ ထိန္းခ်ဳပ္ထားတဲ့ ေနရာ တရုတ္ၿပည္ကြ ။ ဘယ္ဟာပဲၿဖစ္ၿဖစ္ ဥပေဒအတုိင္းပဲ သြားတယ္”

“မင္း ငါ့ကုိ သင္ေပးေနစရာ လုိလုိ့လား”
တတိယအၾကီးအကဲမွာ စိတ္မၾကည္မသာ ၿဖစ္သြား၏ ။

ရီ၀မ္၀မ္သည္ ေတြးၾကည့္လုိက္ၿပီးေနာက္ ဟုန္ရွင္းဂုိဏ္းကိစၥအား ပထမအၾကီးအကဲကုိသာ အပ္လုိက္ေတာ့၏ ။

တတိယအၾကီးအကဲသည္ ထိုကိစၥေၾကာင့္ စိတ္မရႊင္မပ် ၿဖစ္သြားေသာ္လည္း ရီ၀မ္၀မ္သည္ ဆံုးၿဖတ္ခ်က္ ခ်ၿပီးေနၿပီမုိ့ ထပ္မေၿပာေတာ့ပါေခ် ။

ထုိ့ေနာက္တြင္ ရီ၀မ္၀မ္သည္ ေရႊပင္လယ္စံအိမ္ကေန ထြက္လာကာ ၾကယ္ခုနစ္နွင့္ ခုနစ္စင္ၾကယ္အား စီအိမ္ေတာ္ဆီ ကားေမာင္းခိုင္းလုိက္သည္ ။

နာရီ၀က္ခန့္ ၾကာေသာ္ ရီ၀မ္၀မ္၏လမ္းၿပမႈၿဖင့္ ၾကယ္ခုနစ္သည္ စီအိမ္ေတာ္၏အၿပင္ဘက္တြင္ ကားရပ္လုိက္ေတာ့၏ ။

လက္ရွိတြင္ ခ်င္းရူရွီသည္ စီ မိသားစုကုိ ထိန္းခ်ဳပ္ထားၿပီး
အဘြား စီ အား ေနအိမ္အက်ယ္ခ်ဳပ္ ထားကာ
အဘြားစီ ၏ အာဏာအားလံုးကုိ ပိတ္သိမ္းထားသည္ ။

ရီ၀မ္၀မ္သည္ အီလဲဗင္းနွင့္ စကားထစ္ေလး ဖန္ရႊမ္းယီအား ဆက္သြယ္ၾကည့္ဖုိ့ လုပ္ထားေသာ္လည္း
ဖန္ရႊမ္းယီ၏ ဖုန္းမွာ ဆက္သြယ္လုိ့ မရၿဖစ္ေနကာ
အီလဲဗင္း၏ဖုန္းမွာ စက္ပိတ္ထားသည္ေၾကာင့္
နွစ္ေယာက္စလံုးကုိ ဆက္သြယ္လုိ့ မရ ၿဖစ္သြားရ၏ ။

ရီ၀မ္၀မ္သည္ စီ အိမ္ေတာ္ဆီကုိ အေလာတၾကီး ကပ္မသြားပါေခ် ။

ဟုိတုန္းက ခ်င္းရူရွီသည္ သူမအား အၾကိမ္ၾကိမ္ က်ရံႈးေအာင္ တုိက္ခုိက္ခ်င္ခဲ့သည္မို့ အခုလည္း သူမ ေရာက္ေနမွန္း သိသြားပါက
ကိစၥေတြ ရႈပ္ေထြးကုန္ေပလိမ့္မည္ ။

“ဟုိတစ္ေယာက္ကုိ ရင္းရင္းနွီးနွီး ၿမင္ဖူးေနသလိုပဲ.. ”

………………………………………………………………………...........

စာစဥ္ ၇၀၊ အခန္း ၆။  အရွင္နတ္ဆိုး မဟုတ္ဘူးလား

ခုနစ္စင္ၾကယ္သည္ စီးကရက္မီးညွိလိုက္သည့္တဒဂၤ အေ၀းကတစ္စံုတေယာက္ကုိ လွမ္းၿမင္လုိက္ရာ ..

ေက်ာဆန့္သြားမိသလို မယံုၾကည္နုိင္စြာၿဖင့္ မ်က္လံုးတုိ့ကို အလူးလူးအလဲလဲ ပြတ္သပ္ကာ ထိုအေ၀းတစ္ေနရာအား လက္ညွိဳးညႊန္ရင္း ေၿပာဆုိလာသည္ ။

“ေသစမ္း အဲ့ဒါ အရွင္နတ္ဆိုး မလား”

အရွင္နတ္ဆိုးဟု ဆုိလာၿခင္းေၾကာင့္
ရီ၀မ္၀မ္ အံ့အားသင့္မိသြားၿပီး
ခုနစ္စင္ၾကယ္ ညႊန္ၿပရာဆီ ၾကည့္လုိက္မိရာ ..

စီအိမ္ေတာ္တံခါး၀တြင္ အနက္ေရာင္၀တ္စံုနဲ့ေယာက်ာ္း တစ္ေယာက္သည္ တခနေလး ေပၚလာၿပီး ခ်က္ခ်င္း ၿပန္လွည့္ထြက္သြားေလသည္ ။

သုိ့ေသာ္ ထိုသုိ့ လွည့္လုိက္သည့္တဒဂၤေလးမွာပင္
မ်က္နွာကို လွမ္းၿမင္လိုက္မိသည့္ ရီ၀မ္၀မ္သည္ကေတာ့ ထုိေယာက်ာ္းမွာ ခုနစ္စင္ၾကယ္ေၿပာသြားသလိုပင္ ဆံပင္နက္သြားတာေလးကလြဲၿပီး အရွင္နတ္ဆိုးအတုိင္း တေထရာတည္းတူေနတာကုိ ခ်က္ခ်င္း တန္းသိလုိက္ပါ၏ ။

“စီရီဟန္ ..”

ရီ၀မ္၀မ္သည္ တဒုတ္ဒုတ္ ခုန္လာသည့္ ရင္အစံုကုိ ဖိထားမိလုိက္ရင္း ခပ္တုိးတိုး ေရရြတ္လုိက္သည္ ။

“အရွင္နတ္ဆိုးနဲ့ ခ်ြတ္စြတ္ၾကီးေတာ့ မတူပါဘူး”

အေရွ့က ခရီးသည္ထုိင္ခံုတြင္ ထုိင္ေနေသာ ၾကယ္ခုနစ္က အမူအရာကင္းမဲ့စြာၿဖင့္ ထေၿပာလာသည္ ။

“တူတာေတာ့ မွန္ေပမယ့္လို့ ၀တ္ပံုစားပံုနဲ့ သြားပံုလာပံုေတြက လံုး၀ ကြဲေနတယ္ ။ ၿပီးေတာ့ အဲ့လူရဲ့ဆံပင္ေတြက အနက္ေရာင္ေတြ”

“သူတုိ့ေနာက္ကေန လိုက္”
ရီ၀မ္၀မ္ သည္ ခ်က္ခ်င္းပင္ အမိန့္ေပးလိုက္၏ ။

“စိတ္ခ် အစ္မ ဖန္း” ခုနစ္စင္ၾကယ္သည္ စီးကရက္ကို မီးသတ္လုိက္ကာ လီဗာေပၚ ေၿခေထာက္တင္ပစ္လုိက္ၿပီး ထုိေယာက်ာ္းေနာက္က ခ်က္ခ်င္း လိုက္ေတာ့သည္ ။

ထိုေယာက်ာ္းကုိ မွီလုမီွအံ့ဆဲဆဲတြင္ ထိုသူမွာ ေနာက္ေဖးလမ္းၾကားထဲ ၀င္သြားၿပီး ခ်က္ခ်င္း ေပ်ာက္သြား ေတာ့ေလၿပီ ။

ရီ၀မ္၀မ္သည္လည္း ခ်က္ခ်င္းပင္ ခုနစ္စင္ၾကယ္အား ကားအရပ္ခိုင္းလုိက္၏ ။

သူတုိ့သည္ ကားတံခါးကို ၿမန္ၿမန္ဖြင့္ၿပီး ၿမန္ၿမန္လုိက္လုိက္ ၾကေသာ္လည္း ၁၅ မိနစ္ တိတိ ၾကာတာေတာင္
ထုိေယာက်ာ္းကို မေတြ ့ၾကေတာ့ ။

“ဟူး ငါတုိ့ကို မ်က္လွည့္မ်ား ၿပသြားတာလား ..
သူ ဘယ္ေပ်ာက္သြားတာလဲ”

ခုနစ္စင္ၾကယ္သည္ ဟုိဟုိဒီဒီကုိ လုိက္ၾကည့္ေနပါေသာ္လည္း ထိုလမ္းၾကားထဲတြင္ သက္ရွိဆုိလုိ့ တစ္ေယာက္ပင္ မရွိေခ် ။

ရီ၀မ္၀မ္သည္လည္း အံ့ၿသေနမိ၏ ။
ထိုေယာက်ာ္းကုိ ခုနစ္စင္ၾကယ္နဲ့ ၾကယ္ခုနစ္တုိ့ပါ ၿမင္လုိက္ၾကၿခင္းမို့
သူမ အၿမင္မွားၿခင္း လံုးလံုးမဟုတ္ပါေပ ။

ထုိ့ၿပင္ ထုိေယာက်ာ္း၏ ၀တ္ပံုစားပံုမွာ လြတ္လပ္ေသာနယ္ေၿမက အရွင္နတ္ဆိုးနဲ့ လံုးလံုးၾကီး ကြဲထြက္ကာ စီရီဟန္စစ္စစ္ၾကီး ၿဖစ္ေနသည္ ။

ရီ၀မ္၀မ္ မ်က္ေမွာင္အၾကီးၾကီး ၾကဳတ္ထားမိသည္ ။

ဘာေတြ ၿဖစ္ေနတာလဲ … ။

ငါ စီရီဟန္ကို ၿမင္လိုက္တာ ေသခ်ာပါတယ္ .. ။

စီရီဟန္က တရုတ္ၿပည္မွာ ရွိေနတာဆုိရင္ ဒါဆုိ လြတ္လပ္ေသာနယ္ေၿမမွာ ရွိေနတဲ့ အရွင္နတ္ဆိုးက ဘယ္သူလဲ .. ။

“အဲ့လူက အရွင္နတ္ဆိုးမ်ား ၿဖစ္နုိင္မလား ။ ၀တ္ပံုစားပံု ကြာတယ္ဆုိေပမယ့္ ရုပ္ကေတာ့ တေထရာထဲပဲေနာ္” ခုနစ္စင္ၾကယ္သည္ စိတ္ရႈပ္ေထြးစြာၿဖင့္ ေမးလုိက္သည္ ။

“မေၿပာတတ္ဘူး”
ၾကယ္ခုနစ္က တည္ၿငိမ္စြာပင္ ၿပန္ေၿဖသည္ ။

ရီ၀မ္၀မ္သည္ကေတာ့ အေတြးထဲ နစ္ေနမိ၏ ။

အေစာနက လူမွာ အရွင္နတ္ဆိုး ဟုတ္မဟုတ္ကုိ သိရဖို့က
ခက္ခဲလွ၏ ။
အခုခ်ိန္မွာ ေတြးဆမွန္းၾကည့္ေနလည္း အလကားပါပင္ ။
သူ ့ကုိ ေတြ ့ၿပီးမွ ဆံုးၿဖတ္ခ်က္ ခ်လို့လည္း ရသည္သာ ။

ရီ၀မ္၀မ္ ထပ္ရွာဖို့ လုပ္လုိက္မိေသာ္လည္း
ဖုန္းက တတီတီ ထၿမည္လာေခ်သည္ ။

“ဂုိဏ္းခ်ဳပ္ ပထမအၾကီးအကဲက သူ ့အလုပ္မွာ ကြိဳင္တက္ ေနၿပီ ။ ဂုိဏ္းခ်ဳပ္ အခ်ိန္ရရင္ ဒီကို လာၾကည့္ေပးပါဦး” တတိယအၾကီးအကဲ၏အသံ ဖုန္းထဲကေန ထြက္လာသည္ ။

ထုိသတင္းေၾကာင့္ ရီ၀မ္၀မ္ အ့ံၿသသြား၏ ။

ပထမအၾကီးအကဲ က အလုပ္မွာ ၿပသနာၿဖစ္ေနတာလား ။

ဘယ္လုိလုပ္ ၿဖစ္နုိင္မွာလဲ ။

ပထမအၾကီးအကဲက ဘာမဟုတ္တဲ့ ဟုန္ရွင္းဂုိဏ္းေလးကုိ ကုိင္တြယ္တာမွာ က်ရႈံးသြားတယ္လား ။

မေတာ္တဆ တစ္ခုခုမ်ား ၿဖစ္သြားလို့လား ။

“ဘာၿဖစ္တာလဲ”
ရီ၀မ္၀မ္ မ်က္ေမွာင္ၾကဳတ္ကာ ေမးၾကည့္လုိက္သည္ ။

“ဖုန္းထဲမွာ ေၿပာလို့ အဆင္မေၿပဘူး ဂုိဏ္းခ်ဳပ္ ။
ဂုိဏ္းခ်ဳပ္ကိုယ္တုိင္ လာၾကည့္လိုက္တာက ပုိေကာင္းတယ္”

ဖုန္းတစ္ဖက္ကေန ေအာ္ဟစ္သံ ၊ ညည္းတြားသံသဲ့သဲ့ကုိလည္း ရီ၀မ္၀မ္ ၾကားေနရ၏ ။

“သိၿပီ ၊ ခုနစ္စင္ၾကယ္ကို လိပ္စာပုိ့လုိက္ ။
အခုပဲ လာခဲ့မယ္”

ဖုန္းခ်ၿပီးသည့္ေနာက္ သိပ္မၾကာခင္ ခုနစ္စင္ၾကယ္ဆီ လိပ္စာေရာက္လာၿပီး သူတို့ ခ်က္ခ်င္း ကားထဲ ၿပန္၀င္လုိက္ကာ ခုနစ္စင္ၾကယ္သည္ တတိယအၾကီးအကဲ ပုိ့ထားေသာ GPS လမ္းၿပေၿမပံုအတုိင္း ေမာင္းထြက္သြား ေတာ့သည္ ။

……………………………………………………………………............

စာစဥ္ ၇၀၊ အခန္း ၆။ ဆႏၵ မၿပည့္သြားေစရဘူး

ၿမဳိ့စြန္က အေဆာက္အဦးပ်က္ၾကီးတစ္ခုတြင္ ။

ရီ၀မ္၀မ္ ေရာက္သြားသည့္အခ်ိန္
ပထမအၾကီးအကဲနွင့္ တတိယအၾကီးအကဲတုိ့သည္
ၾကမ္းေပၚတြင္ လဲေနေသာ အသက္၂၀ ၀န္းက်င္သာ ရွိဦးမည့္ လူငယ္ေလးတစ္ေယာက္ ေဘးတြင္ စကားနုိင္လုေနၾကေလ၏ ။ ထိုသတိေမ့ေနေသာ လူငယ္ေလးသည္ကား
နဖူးတြင္ ဒဏ္ရာအၾကီးၾကီး ရထားလ်က္ ။
ေသသလား ရွင္သလား မသဲကြဲရ ။

ရီ၀မ္၀မ္ ထိုသူေဌးသားလို သားသားနားနား ၀တ္စားထားေသာ လူငယ္ေလးအား ၾကည့္လုိက္ၿပီး ..
“ဘာၿဖစ္ၾကတာလဲ”

ခုနစ္စင္ၾကယ္သည္လည္း ထုိလူငယ္ေလးကို ၾကည့္လာသည္ ။

“အာ .. အဲ့ဒါက ဘယ္သူပါလိမ့္”

ၾကယ္ခုနစ္ မ်က္ေမွာင္ၾကဳတ္သြားကာ ..

“ေလ်ာင္ဟုိင္ခ်န္းရဲ့သား ေလ်ာင္က်ားခ်ီ”

သူသည္ ဟုန္ရွင္းဂုိဏ္းနွင့္ ပတ္သက္ၿပီး အကုန္စံုစမ္းထားခဲ့သူမို့ ေၿမၾကီးေပၚက ထိုလူငယ္အား တစ္ခ်က္ၾကည့္လုိက္ရံုနဲ့ တန္းသိလုိက္ပါ၏ ။

ေလ်ာင္ဟုိင္ခ်န္းသည္ ဟုန္ရွင္းဂုိဏ္း၏ ဂုိဏ္းေခါင္းေဆာင္ ၿဖစ္ၿပီး သမီးသံုးေယာက္နွင့္ သားတစ္ေယာက္ ရွိ၏ ။ သားၿဖစ္သူ ေလ်ာင္က်ားခ်ီသည္ သူ အခ်စ္ရဆံုး ကေလး ၿဖစ္ေပသည္ ။

“အမ္ …” ရီ၀မ္၀မ္လည္း အံ့အားသင့္သြား၏ ။ မ်က္ေတာင္တစ္ခါခတ္မ်ွ အခ်ိန္အတြင္းတြင္ ပထမအၾကီးအကဲ သည္ ေလ်ာင္ဟုိင္ခ်န္း၏သားကုိ ဖမ္းေခၚလာနုိင္လိမ့္မည္ဟု သူမ တကယ္ကုိ မထင္ထားမိခဲ့ ပါေခ် ။

တတိယအၾကီးအကဲက မေက်မခ်မ္းၿဖင့္ ၿပန္တုိ္င္လာသည္ ။

“ဂုိဏ္းခ်ဳပ္ … တရုတ္ၿပည္က တရားဥပေဒစုိးမိုးတဲ့နုိင္ငံ ၊
အရာရာကုိ စည္းနဲ့ကမ္းနဲ့ လုပ္ရမယ္လုိ့ ပထမအၾကီးအကဲ ေၿပာလုိ့ က်ြန္ေတာ္ အဲ့ဒီအတုိင္း လုပ္ခဲ့တယ္ ။ ဒါပေမယ့္ သူ က်ေတာ့ ေန့ခင္းေၾကာင္ေတာင္ၾကီးကို လူတစ္ေယာက္ကို ၿပန္ေပးဆြဲလာခဲ့တယ္”

ပထမအၾကီးအကဲသည္ တတိယအၾကီးအကဲအား
အ လုိက္တာဆုိသည့္အၾကည့္ၿဖင့္ ၾကည့္လုိက္ကာ
ေအးစက္စြာၿဖင့္ ၿပန္ေခ်ပသည္ ။

“တတိယအၾကီးအကဲ မင္းရဲ့ေသးသိမ္တဲ့အစီအစဥ္ေတြနဲ့ ငါ့ကို ေၿခရာလာမတုိင္း နဲ့ေလ”

“ဘာမဟုတ္တဲ့ ယင္ေကာင္ေလးနွစ္ေကာင္ကိုေတာင္ အခ်ိန္ေတြအမ်ားၾကီး ၿဖဳန္းထားခဲ့တဲ့မင္းမွာ ဘာ၀င္ေၿပာစရာ ေနရာမ်ား ရွိလုိ့လဲ ။ ငါကက်ေတာ့ လက္ေအာက္ငယ္သား ေတြကို ခ်ဳပ္နုိင္ဖုိ့ သူတုိ့ေခါင္းေဆာင္ကို ဖမ္းလာတာဟ ။ ဟုုိဖြတ္ အိမ္ေတာ္ထိန္း နဲ့
သူ ့ရည္းစားက သူတုိ့ေနာက္မွာ ဟုန္ရွင္း ဂိုဏ္း ရွိတယ္ဆုိၿပီး ေၿမာက္ၾကြေၿမာက္ၾကြ လုပ္ေနတာ ။ ဟုန္ရွင္းဂုိဏ္းကို ငါတုိ့ ထိန္းလုိက္တာနဲ့ အကုန္လံုးက ပမႊားေလးေတြ ၿဖစ္မသြားဘူးလား”

ရီ၀မ္၀မ္သည္ ေမးေစ့ကုိ ပြတ္သပ္လုိက္ရင္း ..
“အင္း .. အဲ့ဒါေတာ့ မွန္တယ္”

ဂုိဏ္းခ်ဳပ္မွာ ပထမအၾကီးအကဲဘက္ကို ယိမ္းယုိင္ေနၿပီမွန္း သိလုိုက္ရခ်ိန္ တတိယအၾကီးအကဲ စုိးရိမ္ၾကီးလာေတာ့၏ ။

“သူ အရူးလုပ္တာကို မခံနဲ့ ဂုိဏ္းခ်ဳပ္ ။ က်ြန္ေတာ္က လ်န္ေမးရႊမ္းနဲ့ ဟြမ္မင္းကြမ္ကုိ ဖမ္းထားတယ္ဆုိတာက သူတို့က စဥ့္နီတံုးေပၚက အသားတစ္ေတြမို့လို့ ။ သူတုိ့ကို ၿပန္ေပးဆြဲထားရင္ေတာင္မွ ၿပသနာၿဖစ္ဖုိ့ ေ၀းလို့ သူတုိ့က ဘာတစ္ခြန္းမွကို ထုတ္ေၿပာမွာ မဟုတ္လုိ့ပဲ .. ဒါေပမယ့္ ဒီေကာင္ေလးကက်ေတာ့ ေလ်ာင္ဟုိင္ခ်န္းရဲ့ အလုိလိုက္ခံထားရတဲ့သား ၊ သူ ့ကုိ သြားဖမ္းလိုက္တာက ေလ်ာင္ဟုိင္ခ်န္းရဲ့ေဒါသကို သြားဆြလုိက္တာနဲ့ အတူတူပဲ ။
အခုဆုိ ေလ်ာင္ဟုိင္ခ်န္း ေဒါသေစြ ့ေစြ ့ခုန္ေနေလာက္ၿပီ”

ပထမအၾကီးအကဲမွာ မ်က္နွာၾကီး မည္းပုတ္လာသည္ ။
“မင္း ဘာမွလည္း မသိဘဲနဲ့ …”

တတိယအၾကီးက ၿပန္ရန္ေတြ ့၏ ။
“ဟက္ ဟုတ္တယ္ ငါက ဘာမွ မသိဘူး ။ ဒါဆုိ
အခုအေၿခအေနကုိ ဘယ္လုိကုိယ္တြယ္မလဲဆုိတာ ရွင္းစမ္းပါဦး ။ ပထမအၾကီးအကဲ မင္းက ေလ်ာင္ဟုိင္ခ်န္းကို ေအာင္ေအာင္ၿမင္ၿမင္ ၿခိမ္းေၿခာက္နုိင္မယ္ဆုိေတာ့ေရာ အဲ့ေနာက္က် ဘာဆက္ၿဖစ္မလဲ ။
သူ ၿပန္မထိလာဘူးဆုိတာ က်ိန္းေသလား”

“သူ ၿပန္ထိလာေတာ့ေရာ ဘာၿဖစ္လဲ ။
ငါတုိ့ ဖိန့္ဖိန့္တုန္ဂုိဏ္းက ဟုန္ရွင္းဂုိဏ္းေလာက္ေလးကို ေၾကာက္ေနရမွာလား”

“ပထမအၾကီးအကဲရာ ငါတုိ့ဖိန့္ဖိန့္တုန္ဂိုဏ္းကေတာ့ ေသခ်ာေပါက္ကို ဘာကုိမွ မေၾကာက္တတ္ဘူးေပါ့ ။ ဒါေပမယ့္ ဒီတရုတ္ၿပည္မွာက တရားဥပေဒက ရွိေနတယ္ ဒါဆုိ ဒုကၡမမ်ားဘူးလား .. ဒီေနရာက လြတ္လပ္ေသာနယ္ေၿမ မဟုတ္ဘူး ပထမအၾကီးအကဲ ။
ဒီစကားကုိ မင္းကိုယ္တုိင္ပဲ ေၿပာခဲ့တာေလ ။ ဘာလဲ အခုမွ ကုိယ့္မ်က္နွာကိုယ္ ၿပန္ၿဖတ္ရိုက္ခ်င္ေနၿပီလား”

ပထမအၾကီးအကဲခမ်ာ “လီစီ .. မင္း .. ”
ဟုသာ ေၿပာနုိင္ေတာ့၏ ။

ထိုစကားမ်ားလာၾကၿပန္ၿခင္းေၾကာင့္ ရီ၀မ္၀မ္ စိတ္မရွည္နုိင္ေတာ့ဘဲ လက္ယမ္းၿပလုိက္ေတာ့သည္ ။

“ေတာ္ၾကေတာ့ ။ ဆူညံမေနဘဲ တိတ္တိ္တ္ေနၾက ။
ခနေလာက္ စဥ္းစားၾကည့္လုိက္ဦးမယ္”

လြတ္လပ္ေသာနယ္ေၿမမွာသာ ဆုိရင္ အရာရာသည္ ေၿဖရွင္းရလြယ္ပါေသာ္လည္း အခုက တရုတ္ၿပည္တြင္မို့ ေတာ္ေတာ္ေလး ဒုကၡမ်ားလွပါ၏ ။

ပထမအၾကီးအကဲနွင့္ တတိယအၾကီးအကဲတုိ့
ခ်က္ခ်င္း တိတ္ၾကသြားၿပီး တစ္ေယာက္ကိုတစ္ေယာက္ အသံတိတ္အၾကည့္နဲ့သာ ရန္သတ္ေနၾကေလသည္ ။

ရီ၀မ္၀မ္မွာ အေၿဖကို စဥ္းစားေနခုိက္ ေၿမၾကီးေပၚကေန ညည္းသံသဲ့သဲ့ေလးကို ၾကားလုိက္ရသည္ ။

ေလ်ာင္က်ားခ်ီ နုိးလာေလၿပီ ။

ေလ်ာင္က်ားခ်ီသည္ ပထမအၾကီးအကဲအား ေဒါသတၾကီး ၾကည့္လုိက္၏ ။

“ခင္ဗ်ားက ဘယ္သူလဲ ။ ငါ ဘယ္သူလဲ မသိတာလား ။
ငါ့ကို ၿပန္ေပးဆြဲလာရေအာင္ ခင္ဗ်ားကို ဘယ္သူက သတိၱေပးလုိက္တာလဲ”

“ငါ ေၿပာၿပလုိက္မယ္ ။ ငါ့ကို ဖမ္းၿပီးေတာ့ ငါ့အေဖကို ၿခိမ္းၿခိမ္ခ်င္တယ္ဆုိရင္ေတာ့ ဆက္သာစိတ္ကူးေန ။
ငါ ေသရရင္ေတာင္မွ ခင္ဗ်ားတုိ့ဆႏၵမၿပည့္သြားေစရဘူး”

……………………………………………………………......................
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘

ႀကိဳတင္ဖတ္႐ႈလိုပါက စာစဥ္တစ္ခုကို ၅၀ဝ နဲ႔ paid group မွာ ဖတ္႐ႈလို႔ ရပါၿပီရွင္ ။
ေဘလႊဲရမယ့္နံပတ္ေလးကေတာ့ 09402842937 ပါ ။

....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  70
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၇၀၊ အခန်း ၁။ အတွေ့အကြုံတွေ အများကြီး ရှိတယ်

တတိယအကြီးအကဲသည် ဖိန့်ဖိန့်တုန်ဂိုဏ်းသားများကို သတိပေးလိုက်ရာ ဂိုဏ်းသားတစ်ယောက်က ရယ်ရယ်မောမောပြုံးပြုံးရွှင်ဖြင့် ဆိုလာသည် ။

“စိတ်ချပါ တတိယအကြီးအကဲ … ဒီလိုအလုပ်မျိုးက ဒါ ကျွန်တော်တို့အတွက် ပထမဆုံးအကြိမ်မှ မဟုတ်တာ”

ခုနစ်စင်ကြယ်သည် တတိယအကြီးအကဲအား လွှတ်ကာ လေးစားမိသွား၏ ။

တတိယအကြီးအကဲသည် ကံကောင်းပြီး တတိယအကြီးအကဲ ဆိုသည့် နေရာကို ရောက်လာခဲ့သူ မဟုတ်ပါချေ ။ တကယ်လို အရည်အချင်းရှိလို့ သာမန်လူများထက် သတ္တိပြောင်မြောက်လို့သာ ယနေ့တွင် တတိယအကြီးအကဲဟူ၍ ဖြစ်လာရခြင်း ဖြစ်ပေသည် ။

လျန်မေးရွှမ်းနှင့် ဟွမ်မင်းကွမ်တို့သည် ရက်ပေါင်းများစွာ ကြာအောင် ဖိန့်ဖိန့်တုန်ဂိုဏ်းသားများ၏ နှိပ်စက်ခြင်း ခံခဲ့ရသဖြင့် သူတို့၏စိတ်ဓာတ်ခံနိုင်ရည်တို့ ပြိုလဲကျမတတ် ဖြစ်နေလေပြီ ။

ထိုဂိုဏ်းသားများသည် သူတို့အား ဆဲလဲမဆဲဆို ရိုက်လဲမရိုက်နှက် ဒဏ်ရာတစ်ခုတလေလေးပင် ရအောင် မလုပ်ခဲ့ပါသော်လည်း အင်မတန်ခံရခက်လွန်းသော နှိပ်စက်နည်းကြီးဖြင့် နေ့စဉ်ရက်ဆက် နှိပ်စက်ခဲ့လေသည် ။

လျန်မေးရွှမ်းနှင့် ဟွမ်မင်းကွမ်တို့မှာ သုံးရက်သုံးညလုံးလုံး
တစ်မှေးပင် မအိပ်စက်ရသလို မှောင်မိုက်နေသည့် အခန်းထဲတွင် အလင်းရောင်ဟူ၍ ရေးရေးလေးပင် မရှိလေရကား
နေ့မှန်း ညမှန်းပင် ကောင်းကောင်း မသိကြ တော့ပေ ။

ဖိန့်ဖိန့်တုန်ဂိုဏ်းသားတစ်ယောက်သည် အိပ်ဆေးပြားများကို ကိုင်လာပြီး ရေသန့်ဘူးထဲကို ထည့်ကာ သူတို့ကို သောက်စေသည် ။

ထို့နောက်တွင် ဟွမ်မင်းကွမ် နှင့် လျန်မေးရွှမ်းတို့ အိပ်မပျော်စေရအောင် မျက်ခွံများအား ကလစ်ဖြင့် ထောက်ထားလေသည်မို့ သူတို့ခမျာ အိပ်လို့လည်း မရနိုင်ဘဲ မျက်လုံးတို့မှာ နီတာရဲနေကာ ထပ်တောင့်မခံနိုင်တော့ပေ ။

“ဟားဟား” တတိယအကြီးအကဲသည် ပြုံးကာ ဝင်လာပြီး အိပ်ချင်သည့်ဝေဒနာကို သေကောင်းပေါင်းလဲ ခံစားနေရ သော လျန်မေးရွှမ်းနှင့် ဟွမ်မင်းကွမ်အား ကြည့်ကာ .. “ဘယ်လိုခံစားရလဲ”

“မင်းတို့ … မျိုးမစစ်ကောင်တွေ … သတ္တိရှိရင် သတ်ပစ်လိုက်”

ဟွမ်မင်းကွမ်သည် တတိယအကြီးအကဲကို မြင်သည်နှင့် ဟောက်စားမာန်မဲလိုက်ပါသော်လည်း အလွန်အမင်း အားအင်ကုန်ခမ်းနေပြီဖြစ်သဖြင့် အားမပါနိုင်တော့ချေ ။
စိတ်ခွန်အားမှာ တဖြည်းဖြည်းချင်း လျော့ကျလာရလေပြီ ။

“အိမ်တော်ထိန်း ဟွမ် က ဘာလို့များ စိတ်ဆိုးနေတာလဲ ။ ကျွန်တော်တို့က စည်းကမ်းကို လိုက်နာတဲ့ မြို့ပြလူတွေပါဗျာ သတ်တာမျိုးကို ဘယ်လုပ်ပါ့မလဲ ။
ကိုင်းပါ မင်းတို့ နှစ်ယောက် မပြောဘူးဆိုရင်လဲ ဆက်လုပ်ကြတာပေါ့ ။ တဖြည်းဖြည်းချင်းနဲ့ မင်းတို့တွေ ပြောချင်စိတ် ရှိလာမှာပါ”
တတိယအကြီးအကဲက ခပ်ပြုံးပြုံးလေး ပြောနေသည် ။

“မလုပ်နဲ့ … ကျွန်မ တောင်းပန်ပါတယ် ။
နည်းနည်းလောက် နည်းနည်းလောက် အိပ်ပါရစေ ။
နည်းနည်းလေးဆို ရပါပြီ”

လျန်မေးရွှမ်းက ခပ်တိုးတိုးလေး ညည်းကာ တောင်းဆိုမိ သည် ။
သူမ တကယ်ကို တောင့်မခံနိုင်တော့ပါပေ ။

အိပ်ခွင့်မရသည့်အတွက် သူမမှာ အလွန်အကျူးကို
အားအင်ကုန်ခမ်းနေလေပြီ ။ အခုလို နှိပ်စက်မှုမျိုးသည်ကား ကိုယ်ကာယကို ထိခိုက်နာကျင်အောင် လုပ်သည့် နှိပ်စက်မှုမျိုးထက်ပင် အဆပေါင်းထောင်သောင်းမက နာကျင်လွန်းပေ၏ ။

“အိပ်ချင်လား .. ရိုးရိုးလေးပါ ။ ရီရှောင်အန်း ဘယ်လိုသေသွားလဲဆိုတာ ပြောပြလိုက် .. ဒါဆို ရပြီ ။ ပြောပြလိုက်တာနဲ့ ချက်ချင်း အိပ်ခွင့်ပေးမယ် ဘယ်လိုလဲ” တတိယအကြီးအကဲက ခပ်ပြုံးပြုံးလေးဖြင့် မေးလိုက်သည် ။

“ရီရှောင်အန်းက … ရီဝမ်ဝမ်မိသားစုရဲ့ .. အသတ် .. ခံလိုက်ရတာပါ”

“ဟူး .. မပြောချင်ဘူးဆိုတော့လဲ ကောင်းပြီလေ ။
ဒီအဖြေကို ငါတော့ စိတ်တိုင်းမကျဘူးဆိုတော့
ဘာလုပ်ရင် ကောင်းမလဲ”

တတိယအကြီးအကဲသည် လျန်မေးရွှမ်းကို ကြည့်ပြီးနောက် တွင် ခုနစ်စင်ကြယ်ဘက်ကို လှည့်ကြည့်လိုက်သည် ။

“ခုနစ်စင်ကြယ် သူတို့ကို အိပ်ဆေးတွေ ဆက်တိုက်ထား”

တတိယအကြီးအကဲ ထွက်သွားဖို့ လုပ်လိုက်ရာ
ဟွမ်မင်းကွမ် နှင့် လျန်မေးရွှမ်းတို့ အကြောက်ကြီး ကြောက်သွားကြ၏ ။

“မလုပ်နဲ့ .. ပြောပြပါမယ် ပြောပြပါမယ် အကုန် ပြောပြပါမယ် ။ ဟွမ်မင်းကွမ် နဲ့ ကျွန်မ ပါ ။ ကျွန်မတို့ လူငှားပြီးတော့ ရီရှောင်အန်းကို သတ်ခိုင်းခဲ့တာပါ ။ ပြီးတော့ ရီရှောင်ထင်းနဲ့ ရီမူဖန်တို့ကို တမင်သက်သက် ချောက်ချခဲ့တာပါ”

လျန်မေးရွှမ်းက ငိုယိုကာ ပြောတော့သည် ။

တတိယအကြီးအကဲမှာ ခြေလှမ်းရပ်သွားပြီး
အပြုံးလေးဖြင့် လှည့်ကြည့်လာသည် ။

“ဒီလိုမှပေါ့ ဒါပေမယ့် ဒီစကားကို မင်းနဲ့ ဟွမ်မင်းကွမ် တို့ စကားပြောရင်းကနေ ပြောမိသွားတဲ့ပုံစံမျိုးနဲ့ ပြောရမယ် ၊
ငါတို့ကို ပြောပြနေသလို ပုံစံမျိုး ဖြစ်လို့ မရဘူး”

“ဘာဖြစ်လို့လဲ တတိယအကြီးအကဲ”

ခုနစ်စင်ကြယ်သည် တတိယအကြီးအကဲ အား စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်သည် ။

တတိယအကြီးအကဲသည် ခုနစ်စင်ကြယ်အား ကြည့်လိုက်သော်လည်း လျစ်လျူရှုထားလိုက်၏ ။

……………………………………………………………………...........

စာစဉ် ၇၀၊ အခန်း ၂။  ဗီလိန်ပုံစံ လာပြီဟေ့

ကြယ်ခုနစ်က တိတ်တိတ်လေး ရှင်းပြလာသည် ။

“ငါတို့ ဒီလိုပုံစံနဲ့ ရိုက်ထားလိုက်ရင် အစ်မဖန်းက ဒါကို သက်သေအနေနဲ့ တရားရုံးကို ယူသွားတဲ့အခါကျ
ဒီအသံကို ကြားတဲ့သူတွေက ဘယ်လိုထင်မလဲ”

“မသိဘူးလေ” ခုနစ်စင်ကြယ်က ခေါင်းခါသည် ။

“ဒီအသံသွင်းထားတာကို အနှိပ်စက်ခံရလို့ ကြောက်ပြီး ထွက်လာတဲ့စကားလို့ပဲ သတ်မှတ်သွားကြမှာပေါ့ ။
လျန်မေးရွှမ်း နဲ့ ဟွမ်မင်းကွမ် တို့ စကားပြောရင်းကနေ ထည့်ပြောမိသွားတာဆိုရင်တော့ အပြစ်လွတ် လုံး၀ ကွက်တိဖြစ်သွားပြီလေ”
ဟု ကြယ်ခုနစ်က ရှင်းပြလိုက်ရ၏ …

“ကောင်းကောင်းအိပ်ချင်တယ်ဆိုရင် ငါ ပြောသလိုလုပ် ၊ နားလည်လား”
တတိယအကြီးအကဲသည် သူတို့ကို မေးလိုက်ပြီးနောက် ကြိုးဖြည်ပေးခိုင်းလိုက်၏ ။

ထိုအခိုက်တွင် လျန်မေးရွှမ်း နှင့် ဟွမ်မင်းကွမ်တို့၏ စိတ်ဓာတ်တို့မှာ ပြိုလဲပြီးနေလေပြီ ။

“ဟွမ် … ဟွမ်မင်းကွမ် ငါတို့ ရီရှောင်အန်းကို လူငှားသတ်ခိုင်းပြီးတော့ ရီရှောင်ထင်းနဲ့ ရီမူဖန်တို့ကို ချောက်ချထားတာ … မပေါ်လောက်ပါဘူးနော်”

လျန်မေးရွှမ်းသည် ပင်ပန်းနွမ်းနယ်နေမှုကို အံတုရင်း
ဟွမ်မင်းကွမ်အား ပြောလိုက်သည် ။

“စိတ်ချပါကွာ ပေါ်မှာ မဟုတ်ဘူး ။ ငါတို့အစီအစဉ်က လုံးဝကို ကွက်တိပဲ ဘယ်သူကမှ သတိထားမိမှာ မဟုတ်ဘူး ။ ဟိုငတုံးနှစ်ကောင် ရီရှောင်ထင်းနဲ့ ရီမူဖန်တို့ ခံရတာ နည်းတောင်နည်းသေးတယ် ။ သူတို့တစ်မိသားစုလုံး ငတုံးတွေ ချည်းပဲ”

“တကယ်တွေးကြည့်ရင် အဲ့ဒီတစ်မိသားစုလုံးက ဟာသပဲ ။ ဟိုအရင်တုန်းက ရီရှောင်အန်းက အကြွေးတင်အများကြီး
တင်ပြီးတော့ ကုမ္ပဏီရဲ့ ရံပုံငွေတွေကို ဖြောင်ထားတာ ။ နောက်တော့ ဟိုအဘိုးကြီး ရီဟုန်းဝေရဲ့အနောက်မှာ ရှိနေတဲ့ မာဖီးယားဂိုဏ်းနဲ့ မိတ်ဆွေဖွဲ့ပြီး သူ လုပ်ထားသမျှကို ရီရှောင်ထင်းတို့ကို ပုံချပစ်တယ် ..”

“ရီရှောင်အန်းက ရီယီယီ ၊ ဂူရွဲ့ကျီတို့နဲ့ ပေါင်းပြီးတော့ ရီဝမ်ဝမ်ကို ပြန်ပေးဆွဲပြီး စိတ်ကြွဆေးပြားတွေ ထိုးပြီးတော့ ဗွီဒီယိုရိုက်ယူထားလိုက်တော့ ဟော နောက်ဆုံးကျတော့ ရီရှောင်ထင်းက သူ့သမီးလေးအတွက် အကုန် ကျရှုံးခံလိုက် ပါလေရောလား ။ အဲ့ရီရှောင်ထင်း မတုံးဘူးလား”

တတိယအကြီးအကဲသည် ဟွမ်မင်းကွမ်တို့ ပြောဆိုနေသည် ကို ပြုံးကာ ရိုက်ကူးနေပြီး ရိုက်ပြီးသွားနောက် …

“ဒါဆို ရပြီမလား .. ကျွန်မကို အိပ်ခွင့်ပေးပါတော့”
လျန်မေးရွှမ်းက ညည်းတွားလေသည် ။

အရမ်းကို နာကျင်လွန်းလို့သာ ဖြစ်ရပေမည် ။ သို့သော်လည်း သူတို့နှစ်ယောက်စလုံးမှာ သရုပ်ဆောင်ကောင်းသည်ကြောင့် တစ်ခေါက်ထဲနဲ့ ရိုက်ကူးလို့ ပြီးစီးသွားခဲ့လေသည် ။

“ဟားဟား မဆိုးဘူး မဆိုးဘူး”

တတိယအကြီးအကဲသည် လျန်မေးရွှမ်း နှင့် ဟွမ်မင်းကွမ်တို့ကို ကြည့်ကာ ပြုံးပြုံးလေး ခေါင်းညိတ်လိုက်သည် ။

“မင်းတို့ အစောကတည်းက ဒီလိုလုပ်လိုက်ရင် ပြီးနေပြီ ။ အခုလောက်ထိ ခံစားနေရမှာ မဟုတ်ဘူး”

“ဝိုး တတိယအကြီးအကဲက မိုက်လိုက်တာ”

ခုနစ်စင်ကြယ်သည် တတိယအကြီးအကဲဆီ လျှောက်လာကာ လက်မကြီး ထောင်ပြလေသည် ။

“တတိယအကြီးအကဲ .. ခင်ဗျားက ပထမအကြီးအကဲထက်ကို အများကြီး ပိုတော်တယ်”

ခုနစ်စင်ကြယ်ကို လျစ်လျူရှုထားဖို့ လုပ်တော့မည့် တတိယအကြီးအကဲမှာ ထိုသည်ကို ကြားလိုက်သည့်အခါ
ချက်ချင်း ပြုံးဖြီးလာတော့သည် ။

“အေးပေါ့ကွ ပထမအကြီးအကဲလား အဲ့ဒီအဘိုးကြီးက ငါ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ ။ သူ ငါ့ကို ဘယ်တုန်းကများ ကျော်တက်နိုင်ဖူးလို့လဲ”

“ဟဲဟဲ .. ကျွန်တော်တု့ိ ဟွမ်မင်းကွမ် နဲ့ လျန်မေးရွှမ်းတို့ကို ဘာလုပ်လိုက်ရမလဲ ။ အိပ်ခိုင်းလိုက်ရတော့မလား”

“အိပ်ခိုင်းရမယ် ..”

တတိယအကြီးအကဲက ခုနစ်စင်ကြယ်ကို ကြည့်လိုက်သည် ။

“မင်းခေါင်းက သံချေးတက်သွားတာလား ။ အိပ်ဆေးတွေ ဆက်တိုက်စမ်း ။ နောက်လေးနာရီနေမှပဲ သူတို့ အိပ်ရမယ်”

“ဘာလို့ လေးနာရီကြာမှလဲ”
ခုနစ်စင်ကြယ်မှာ လုံးဝကို နားမလည်တော့ပါချေ ။

“နောက်လေးနာရီဆိုရင် လူတစ်ယောက်ရဲ့ ခံနိုင်ရည် ကုန်သွားပြီ ။ အဲ့ဒီအချိန်ရောက်လို့မှ မအိပ်ရသေးရင် သူတို့ သေသွားလိမ့်မယ် ။ ဂိုဏ်းချုပ်က ငါတို့လက်မှာ အသက်မစွန်းရဘူးလို့ပဲ အမိန့်ပေးထားတာလေ ။ ဒီတော့ ငါ ဒီလိုလုပ်တာလဲ ဂိုဏ်းချုပ်ရဲ့အမိန့်ကို မနာခံရာ မကျဘူးမလား”

ခုနစ်စင်ကြယ်မှာ အံ့သြသွား၏ ။

“တကယ့်ကို မိုက်တယ်”

သူတို့ကို မသတ်ဘဲနဲ့ ပါးပါးလေး လှီးခြင်း … ။

တတိယအကြီးအကဲသည် ထိုသို့ ပြောပြီးနောက်
ဗွီဒီယိုကို ယူကာ အိမ်ထဲကနေ ထွက်ပြီး ခုနစ်စင်ကြယ်နဲ့အတူ ပြန်သွားလေပြီ ။

တတိယအကြီးအကဲသည် ခွင့်လွှတ်ဖို့ရာ တောင်းပန်တော့ သည် ။

“ဂိုဏ်းချုပ် ပြောထားတဲ့အတိုင်းပဲ ကျွန်တော် သူတို့ကို အသက်ရှင်ရက် ထားထားပါတယ် ။ လုပ်နေကျ ပုံစံ မဟုတ်တော့ မသတ်မိဖို့ကို ကျွန်တော် အစွမ်းကုန် ကြိုးစားထားပါတယ်”

ထိုအသံသွင်းထားတာကို နားထောင်ပြီးနောက်တွင် ရီဝမ်ဝမ်မှာ မျက်နှာပျက်သွား၏ ။ သူမက မေးစေ့ကို ပွတ်သပ်ကာ ခပ်တိုးတိုး ရေရွတ်လာသည် ။

“ဒီလုပ်ရပ်ကြီးက အရမ်းပဲ … ယုတ်မာလွန်းတယ် ။
ငါ့ကိုယ်ငါ ဓားပြကြီး ဖြစ်လာသလိုတောင် ခံစားနေမိပြီ”

ခုနစ်စင်ကြယ်မှာ ဇဝေဇဝါ ဖြစ်သွား၏ ။

“အစ်မ ဖန်း … ကျွန်တော်တို့က အစကတည်းက ဓားပြတွေ မဟုတ်ဘူးလား”

ရီဝမ်ဝမ် အံ့သြသွားပြီး စိတ်မပါလက်မပါ ပြုံးလိုက်မိ၏ ။

ဟုတ်သားပဲ ..
ငါ ကိုယ့်ကိုယ်ကို ရီဝမ်ဝမ် နေရာကနေ တွေးမိသွားတာပဲ ။

ရီဝမ်ဝမ်သည် မေးစေ့လေးကို လက်နဲ့ထောက်ကာ
ခုနစ်စင်ကြယ်ကို ကြည့်လိုက်ပြီး ပြုံးပြလိုက်ကာ …

“ဟက် ဟုတ်သားပဲ”

………………………………………………………………...................

စာစဉ် ၇၀၊ အခန်း ၃။  ဗီလိန်တွေ ပေါင်းကြပြီ

ရီဝမ်ဝမ်သည် ထိုအသံသွင်းထားတာကို ထပ်ဖွင့်လိုက်ပြီး
လျန်မေးရွှမ်း နှင့် ဟွမ်မင်းကွမ်တို့ ပြောဆိုနေကြသည်ကို နားထောင်ကြည့်လိုက်၏ ။

ထိုအသံမှတ်တမ်းတစ်ခုထဲနဲ့တင် ရီမူဖန် နှင့် ရီရှောင်ထင်းတို့ အပြစ်ကင်းစင်ကြောင်းကို သက်သေပြနိုင်ပြီ ဖြစ်ပြီး
လျန်မေးရွှမ်း နှင့် ဟွမ်မင်းကွမ်တို့ကို ထောင်ထဲ ပို့နိုင်ပြီ
ဖြစ်လေသည် ။

“တတိယအကြီးအကဲ သူတို့ ပြောလာအောင် ဘယ်လိုများ လုပ်လိုက်တာလဲ”

ရီဝမ်ဝမ်သည် သိလိုစွာဖြင့် တတိယအကြီးအကဲအား ကြည့်လိုက်မိ၏ ။

လျန်မေးရွှမ်းနှင့် ဟွမ်မင်းကွမ်တို့သည် ရိုက်ကူးနေတာကို သိထားပါက သူတို့လည်ပင်းအား ဓားထောက်ထားရင်တော့ ပြောမည့်လူစားများ မဟုတ်ကြပေ ။

ရီဝမ်ဝမ်သာ လျန်မေးရွှမ်း နဲ့ ဟွမ်မင်းကွမ်နေရာမှာဆိုရင်
သူမ သေချင်သေပါစေ တစ်လုံးမှ ထုတ်ပြောမည်မဟုတ် ။ ဘာကြောင့်ရော ပြောရလိမ့်မည်နည်း ။

တတိယအကြီးအကဲက ပြန်မဖြေရသေးခင် ခုနစ်စင်ကြယ်သည် အရှေ့သို့ တိုးကပ်လာကာ ကရားရေရွတ် တတွတ်တွတ် ပြောချတော့သည် ။

“အဲ့ဒါ ကျွန်တော် ပြောပြမယ် ။ တတိယအကြီးအကဲက လျန်မေးရွှမ်းနဲ့ ဟွမ်မင်းကွမ်ကို ဖမ်းခေါ်သွားပြီးတော့ ကောင်းကောင်းမွန်မွန်ပဲ ဆက်ဆံပေးတာ ရိုက်လဲ မရိုက်ဘူး ၊ အော်လဲမအော်ဘူး ။ အစာရောရေရော မပြတ်လပ်စေရဘူး ။ တစ်ခုပဲ သူတို့ကို မအိပ်ခိုင်းရုံလေး .. မျက်ခွံတွေကို ကလစ်နဲ့ လှန်ဖွင့်ပေးထားပြီးတော့ သူတို့အစားအသောက်နဲ့ ရေတွေထဲမှာ အိပ်ဆေးတွေ ထည့်တိုက်တာ ။ လျန်မေးရွှမ်းနဲ့ ဟွမ်မင်းကွမ်တို့က နောက်ဆုံး လုံး၀ ခြေကုန်လက်ပန်း ကျသွားပြီးတော့ အိပ်လို့ရအောင်လို့ ထုတ်ပြောလာတာ အစ်မ ။ သူတို့မှာမှ ရွေးစရာမရှိတာ အဲ့တော့ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးတော့ ဒီလိုစကားမျိုးကို ထုတ်ပြောပေးရတာပေါ့ ဟဲဟဲ”

ရီဝမ်ဝမ်သည် တတိယအကြီးအကဲအား တွေးဆဆဖြင့် ကြည့်လိုက်သည် ။ ကျဉ်းထဲကျပ်ထဲ ရောက်ပြီဆိုရင် တတိယအကြီးအကဲသည် အမှန်ပင် အားကိုးရချေသည် ။

လျန်မေးရွှမ်းနှင့် ဟွမ်မင်းကွမ်တို့ ဘယ်လောက်တောင် ခါးခါးသီးသီး ဖြတ်ကျော်ခဲ့လိမ့်ရမလဲ … ။

သာမန်လူများသည် နေ့ပေါင်းများစွာ မအိပ်ရဘဲ မနေနိုင်ကြပါချေ ။ ထိုသည်ကို တတိယအကြီးအကဲက သူတို့စားမည့်အစားသောက်နှင့် ရေထဲတွင်ပါ အိပ်ဆေးတွေ ထပ်ထည့်ထားပေးလိုက်သေးသည် ဆိုတော့ … ။

ခုနစ်စင်ကြယ် ပြောသွားသလို လျန်မေးရွှမ်းနဲ့ ဟွမ်မင်းကွမ်တို့ကို ကောင်းကောင်းမွန်မွန်လေး ဆက်ဆံပေး သွားသည် ဆိုသော်လည်း အိပ်ဆေးတွေ ထည့်တိုက်ပြီး အိပ်ခွင့်မပေးခြင်းသည်ကား
ကမ္ဘာပေါ်က အယုတ်မာအကောက်ကျစ်ဆုံး နည်းတွေထဲက
တစ်ခုသာ ဖြစ်ပေသည် ။ တကယ့်ထရိန်နင်ဆင်းထားသူများသည်ပင် ထိုဒဏ်ကို တောင့်မခံနိုင်ကြလေရာ သာမန်လူများမှာ မည်သို့ ဆိုဖွယ်ရာ ရှိပါလိမ့်မည်နည်း ။

ရီဝမ်ဝမ် ဖိန့်ဖိန့်တုန်ဂိုဏ်းကို ရောက်ခါစက ထိုတတိယအကြီးအကဲ သည် သူမအတွက် ကြောက်စရာအကောင်းဆုံးသူထဲက တစ်ယောက် ဖြစ်ခဲ့၏ ။ သို့သော် အခုတော့ ရန်သူမှသည် မိတ်ဆွေအဖြစ် ပြောင်းလဲ လာကာ အလွန်တရာ အားကိုးရသူကြီး ဖြစ်လာခဲ့လေပြီ ။

“အစ်မ ဖန်း ဂျင်းဟောင်းက ဂျင်းသစ်ထက် ပိုစပ်တယ်လို့ ပြောကြတယ်မလား ။ ဟဲဟဲ တတိယအကြီးအကဲကတော့ တကယ့်ကို ရက်စက်ကြမ်းတမ်း လူမဆန် ၊ နှလုံးသားမရှိ ၊ အကြင်နာကင်းမဲ့၊ ကောက်ကျစ်ယုတ်မာပြီးတော့ ဝံပုလွေလို လူစားလို့ ပြောရမယ်နော်”
ခုနစ်စင်ကြယ်သည် တတိယအကြီးအကဲအား အချီးမွမ်းကြီး ချီးမွမ်းနေသည် ။

တတိယအကြီးအကဲ၏မျက်နှာမှာ အောက်ပြုတ်ကျမတတ်
ဖြစ်သွားရ၏ ။

“ဘာပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောနေတာလဲ ။ ဝံပုလွေလိုလူစားလို့ ဘယ်သူ့ကို လာခေါ်နေတာလဲ”

“ဒါဆို လူယုတ်မာက လူယုတ်မာနဲ့ပဲ ပေါင်းတယ် ဆိုရင်ရော”
ခုနစ်စင်ကြယ်သည် ပြောင်းကာ ချီးမွမ်းလိုက်ပြန်သည် ။

ရီဝမ်ဝမ် ။  “…”

စကားပုံတွေ မသုံးတတ်ရင်လဲ လျှောက်မသုံးပါနဲ့လား .. ။

ရီဝမ်ဝမ် ဘာမှ မပြောရသေးခင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပထမအကြီးအကဲသည် အိမ်အပြင်ကနေ ဧည့်ခန်းထဲကို တဖြည်းဖြည်းချင်း ဝင်ချလာလေပြီ ။

“လူတွေ စုံနေပါ့လား ။ ဒီနေ့ အလုပ်လုပ်စရာ မရှိကြဘူးလား”

ပထမအကြီးအကဲသည် တတိယအကြီးအကဲကို မြင်လိုက်သည့်အခါ မခို့ပြုံးပြုံးပြီး မေးတော့သည် ။

ခုနစ်စင်ကြယ်က ပြန်ဖြေသည် ။
“ကျွန်တော်တို့ အလုပ်ပြီးလာခဲ့ပြီ ပထမအကြီးအကဲ ။ တတိယအကြီးအကဲ ရလာခဲ့တဲ့ ဒီအသံသွင်းထားတာကို နားထောင်ကြည့်ပါလား”

“တကယ်ကြီးလား ။ တတိယအကြီးအကဲက
လျန်မေးရွှမ်းနဲ့ ဟွမ်မင်းကွမ်တို့ စကားပြောနေတာကို အသံဖမ်းထားနိုင်တာလား”
ပထမအကြီးအကဲမှာ မယုံကြည်နိုင် ဖြစ်သွားလေဟန် ။

“တကယ်ပေါ့ဗျ ၊ တတိယအကြီးအကဲက သူတို့ကို ပြန်ပေးဆွဲပလိုက်တာကိုး …”

ခုနစ်စင်ကြယ်သည် ဖြစ်ကြောင်းကုန်စင်ကို ပထမအကြီးအကဲအား ရှင်းပြလိုက်လေပြီ ။

ပထမအကြီးအကဲသည် အသံသွင်းလာသည်ကို မယုံတယုံဖြင့် နားထောင်နေရာကနေ အဆုံးရောက်သည်တွင် မျက်နှာပျက်သွား၏ ။

တတိယအကြီးအကဲက ငါ့ထက် စောပြီးတော့ လိုနေတဲ့သက်သေကို ရအောင် ရှာလိုက်နိုင်ပြီပဲ … ။

“ဟားဟား ကျွန်တော် ပြောပါတယ် ဂိုဏ်းချုပ်ရာ ။
တရုတ်လာတာ ကျွန်တော့်တစ်ယောက်ထဲ ခေါ်လာခဲ့ရင် ရပါပြီဆို အခုတော့ သက်သက်မဲ့လူပိုတွေ ခေါ်လာနေတယ် ။ ကျွန်တော် ပြောခဲ့သလို ပထမအကြီးအကဲကို ဖိန့်ဖိန့်တုန်ဂိုဏ်းမှာပဲ ထားခဲ့ပြီး အလုပ်ခိုင်းထားခဲ့ရမှာ”

တတိယအကြီးအကဲသည် ဘဝင်မြင့်ပြုံး ပြုံးကာ ဝင်ပြောတော့သည် ။

……………………………………………………………………............

စာစဉ် ၇၀၊ အခန်း ၄။  ဘယ်သူက ပိုတော်လဲ

ပထမအကြီးအကဲကလည်း ခပ်တည်တည်ဖြင့် ပြန်ချေပ၏ ။
“ဖိန့်ဖိန့်တုန်ဂိုဏ်းရဲ့ ကိစ္စဝိစ္စတွေလောက်ကို ဖြေရှင်းဖို့က ဒုတိယအကြီးအကဲ ရှိနေရင်ကို ရနေပါပြီ ။ ငါလား
ငါကတော့ ပထမအကြီးအကဲတစ်ယောက်အနေနဲ့ ဂိုဏ်းချုပ် ဘယ်သွားသွား အနောက်ကနေ လိုက်နေမှကို ဖြစ်မှာပေါ့”

“ပြီးတော့လဲ တတိယအကြီးအကဲ မင်းက ဒီကိစ္စကို ဖြေရှင်းလိုက်နိုင်ပြီဆိုပေမယ့်လဲ ဖြေရှင်းနေတာက အရမ်းကို ကြာလွန်းတယ် ။ သာမန်လူလေးနှစ်ယောက်ကို ကိုင်တွယ်ရတဲ့ကိစ္စကို နှိပ်စက်တဲ့နည်းတွေပါ သုံးလိုက်ရသေးတယ်ဆိုတော့ မင်းကတော့ ဒီလိုသာမန်ပါပဲ”

ပထမအကြီးအကဲနှင့် တတိယအကြီးအကဲတို့ မီးနဲ့ရေလို အခန့်မသင့် တကျက်ကျက်ဖြစ်နေပြန်သည်ကို ကြည့်ရင်း ရီဝမ်ဝမ် ကူကယ်ရာမဲ့သွားမိ၏ ။

သူတို့တွေသည် ဒီလောက်ပင် အသက်ကြီးနေပြီကို ကလေးလေးတွေလို ရန်ဖြစ်နေကြသေးသည် ..

သူမ တကယ်ကို နားမလည်နိုင်တော့ပါချေ ။

“ပထမအကြီးအကဲ ပြောလိုက်တာကို ကျွန်တော် သိပ်သဘောမပေါက်လို့ ။ အချိန်အရမ်းကြာတယ်ဆိုတာက ဘာကို ပြောတာလဲ ။ ဂိုဏ်းချုပ်က လျန်မေးရွှမ်းနဲ့ ဟွမ်မင်းကွမ်တို့နောက်ကို နောက်ယောင်ခံ လိုက်ရမယ်လို့ ငါတို့ကို အမိန့်ချတုန်းက အချိန်တွေအများကြီး ဖြုန်းခဲ့တဲ့ သူက မင်းလေ ပထမအကြီးအကဲ ။ ဒါပေမယ့် မင်းဆီမှာ ဘာသဲလွန်စများ ရခဲ့လို့လဲ”

“ငါ့အတွက်ကတော့ ငါက သုံးရက်လေးပဲ အချိန်ယူလိုက်ရ တာ ပြီးတော့ အိပ်ဆေးလေးနဲ့တင် ဟိုလဒနှစ်ကောင်ကို အဖြစ်မှန်ကို ထုတ်ပြောအောင် လုပ်နိုင်တယ် ။
ဘယ်သူက ပိုတော်လဲ ဘယ်သူက ပိုညံ့လဲကို ပြောနေစရာကို
မလိုဘူး ။ ဒီမှာ ရှိနေတဲ့ လူတိုင်း ရှင်းရှင်းလင်းလင်းကြီးကို သိနေကြမယ်လို့ ငါ ယုံတယ်”

“ငါတော့ ဒီလိုမထင်ဘူး ။ မင်းနေရာမှာ ငါသာ ဆိုရင် သူတို့ အဖြစ်မှန်ကို ထုတ်ပြောလာဖို့ကို နေ့တစ်ဝက်လောက်ပဲ ကြာမှာ”

ပထမအကြီးအကဲက ခပ်ပြုံးပြုံးလေးဖြင့် ပြန်ဆော်လေပြီ ။

တတိယအကြီးအကဲသည် မျက်မှောင်ကြီး တွန့်ချိုးသွားကာ ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်အား ကြည့်လိုက်လေပြီ ။

“မင်းတို့ ဘယ်လိုထင်လဲ ။ ပထမအကြီးအကဲ နဲ့ ငါ ဘယ်သူက ပိုတော်လဲ”

ကြယ်ခုနစ်သည် ပထမအကြီးအကဲအား အမူအရာကင်းမဲ့စွာ ကြည့်လိုက်ပြီးနောက် တတိယအကြီးအကဲဘက်ကို ကြည့်လိုက်ကာ ထို့နောက်တွင် တိတ်ဆိတ်သွားလေသည် ။

“ပထမအကြီးအကဲက ပိုတော်တယ်”

လှစ်ခနဲ ဝင်ဖြေလာသူကား ခုနစ်စင်ကြယ် ။

တတိယအကြီးအကဲမှာ ချက်ချင်း မျက်နှာပျက်သွား၏ ။

“ခုနစ်စင်ကြယ် မင်းပဲ စောနက ပြောတော့ ငါက ပထမအကြီးအကဲထက် ပိုတော်တယ်ဆို”

“ဟုတ်တယ်လေ .. ဒါပေမယ့် စောနတုန်းက
ပထမအကြီးအကဲမှ ကျွန်တော်တို့နဲ့ ရှိမနေတာ ။
အခုကျ ပထမအကြီးအကဲက ဒီမှာ ရပ်နေတယ်လေ”

ခုနစ်စင်ကြယ်က ချက်ကျလက်ကျ ပြန်ပြောလိုက်ရာ ..

တတိယအကြီးအကဲ ။ “…”

ကြယ်ခုနုစ် ။ “…”

ရီဝမ်ဝမ် ။ “…”

ခုနစ်စင်ကြယ်ကို ဉာဏ်မကောင်းဘူးလို့ ဘယ်သူ ပြောတာလဲ ။ ရွှေဉာဏ်တော် စူးရောက်ချက်ကတော့ ခုနစ်စင်ကြယ်ကို
တကယ်တမ်း ဘယ်သူမှကို ယှဉ်နိုင်မှာ မဟုတ်ဘူး … ။

“ဒါပေမယ့် ဒီတစ်ခေါက်မှာ တတိယအကြီးအကဲက အကျိုးဆောင်သွားတာလေ”
ကြယ်ခုနစ်က ရုတ်ခြည်းဆိုသလို ဝင်ပြောလေသည် ။

“အမှန်ပဲ” ရီဝမ်ဝမ် ခေါင်းညိတ်လိုက်ပါ၏ ။

“တတိယအကြီးအကဲကြောင့်သာ မဟုတ်ရင်
ငါ လိုချင်နေတဲ့သတင်းကို ဒီလောက်မြန်မြန်ကြီး ရလာမှာ မဟုတ်ဘူး”

ရီဝမ်ဝမ်၏ချီးကျူးစကားကြောင့် တတိယအကြီးအကဲမှာ ဂုဏ်ယူမဆုံးတပြုံးပြုံးဖြင့် ခေါင်းမော့ရင်ကော့လိုက်လေပြီး ပထမအကြီးအကဲအား ရန်စစွာ ကြည့်လိုက်လေသည် ။

တတိယအကြီးအကဲ မပြောလိုက်ရသေးခင်
ရီဝမ်ဝမ်၏ဖုန်းက ထမြည်လာသည် ။

ဖုန်းခေါ်လာသည့်နံပတ်ကြောင့် ရီဝမ်ဝမ် စိတ်ရှုပ်ထွေးသွား ရ၏ ။ မမြင်ဖူးသည့် နံပတ်စိမ်းပင် ။

သူမ ဖုန်းကိုင်လိုက်ရာ …

“မင်းက ရီဝမ်ဝမ် လား”

ထွက်လာသည့်အသံကား အေးတိအေးစက် ။

“ဟုတ်တယ်” ရီဝမ်ဝမ်လည်း စကားအပို ဆိုမနေ ။

“မိန်းကလေး ရီ ရှေ့ရက်က လုပ်သွားတဲ့ကိစ္စက ကျွန်တော့်ကို တကယ် စိတ်မချမ်းမြေ့စေဘူးဗျာ”

“ရှင်က ဘယ်သူလဲ”

“ဟုန်ရှင်းဂိုဏ်းဆိုတာကိုများ မိန်းကလေး ရီ ကြားဖူးမလား”

ဟုန်ရှင်းဂိုဏ်း …

ရီဝမ်ဝမ် တွေးမိသွား၏ ။

ဟုန်ရှင်းဂိုဏ်းသည် သူမကို ပြသနာလာရှာလိမ့်မည်ကို သိထားပါသော်လည်း ဒီလောက်ကြီး မြန်လိမ့်မည်ဟုတော့ ထင်မထားမိခဲ့ပေ ။

လျန်မေးရွှမ်း နှင့် ဟွမ်မင်းကွမ်တို့သည် အဖမ်းခံထားရဆဲ ဖြစ်ပြီး တတိယအကြီးအကဲက သူတို့ကို မလွှတ်ပေးသေး တာကြောင့်
ရီ မိသားစု နှင့် ဟုန်ရှင်းဂိုဏ်းသည် ထိုကိစ္စအကြောင်းကို သိကြလိမ့်ဦးမည် မဟုတ်ပေ ။

သို့ကြောင့် ဟုန်ရှင်းဂိုဏ်းက သူမကို လာရှာခြင်းမှာ
ရိုက်ကွင်းတွင် ဖြစ်သွားခဲ့သည့် ယောင်ကျားဝမ်နဲ့ ပြသနာကြောင့်သာ ဖြစ်ပေလိမ့်မည် ။

ရီဝမ်ဝမ် ခပ်တိုးတိုး ရယ်မောလိုက်မိ၏ ။

သူမသည် ယောင်ကျားဝမ်အပေါ်တွင် ဒီလောက်ထိ လုပ်ထားတာတောင် ယောင်ကျားဝမ်သည် မရှက်တတ်ဘဲ ထိုရှက်စရာကောင်းသည့်ကိစ္စအားလုံးကို ဟုန်ရှင်းဂိုဏ်းကို ပြန်တိုင်ခဲ့လေသည် ။

ထိုသည်က အချက်နှစ်ချက်ကို ပြလို့နေ၏ ။

…………………………………………………………........................

စာစဉ် ၇၀၊ အခန်း ၅။  တစ်ခါမှ မသေဖူးလောက်ဘူး

တစ်ချက်မှာ ယောင်ကျားဝမ်သည် ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေ ဖွင့်ချခံလိုက်ရမှာကို လုံးလုံးကို ဂရုမစိုက်ခြင်း .. ။

နောက်တစ်ချက်မှာ ဟုန်ရှင်းဂိုဏ်းသည် ရီဝမ်ဝမ်ကို
အသာလေး ချေမှုန်းပစ်ကာ ထိုကိစ္စကို လှလှပပကြီး ကိုယ်တွယ်ပေးနိုင်သည်ကို သိနေပြီး ရီဝမ်ဝမ်အပေါ်
သူမ အနိုင်ရနိုင်တာ သေချာနေခြင်း .. ။

ရီဝမ်ဝမ်အတွက်ကတော့ ထိုလူများမှာ အတော့်ကို စိတ်ဝင်စားစရာ ကောင်းလှချေသည် ။

သူတု့ိသည် ကစားချင်နေမှတော့ သူမသည်လည်း လိုက်ကစားပေးရမှာပေါ့ ။ သူမလည်း ဂရုမစိုက်ပါချေ ။

“ရှင်က ဟုန်ရှင်းဂိုဏ်းမှာ ဘာအဆင့်များ ရှိလဲ သိလို့ရမလား”

“ဟက် ဒါက မိန်းကလေး ရီ နဲ့ မဆိုင်ပါဘူး ။ ဒါပေမယ့်
မင်း လုပ်ခဲ့တဲ့အရာအတွက် နောက်ဆုတ်လို့ မရတော့ဘူး ။ ရိုက်ကွင်းမှာ ရိုက်သွားခဲ့တဲ့ ယောင်ကျားဝမ်ရဲ့ ပုံနဲ့ ဗွီဒီယိုတွေကို ယောင်ကျားဝမ်ကို ပြန်အပ်လိုက်”

“ပြီးတာနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့ အင်မော်တယ်ခေတ်ရဲ့ ရံပုံငွေတွေကို ခိုးပြီး ထွက်ပြေးသွားခဲ့တယ် ဆိုတာကို ဝန်ခံ ။ ပြီးရင် တလောကလုံးရဲ့ရှေ့မှာ ယောင်ကျားဝမ်ရှေ့ ဒူးထောက်ပြီး တောင်းပန်ရမယ် ။ ငါ ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင်တော့
မိန်းကလေး ရီ ရဲ့ မိသားစုက ဘေးကင်းကင်းနဲ့ နေရမှာပါ”

“ဒါပေမယ့် ခေါင်းမာပြီးတော့ လုပ်ချင်တိုင်း လုပ်နေဦးမယ်
ဆိုရင်တော့ မိန်းကလေး ရီ .. မင်းရဲ့မိုက်မဲမှုကြောင့်
မင်းမိသားစု ဒုက္ခကြီးကြီး ရောက်ရလိမ့်မယ် ။
မိန်းကလေး ရီ ဘယ်လိုသဘောရလဲ”

“ဟက် .. ရဲတင်းလွန်းတယ်”

ရီဝမ်ဝမ်၏နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားသည် ။

“ကျွန်မကို ဒီလိုမျိုး ပြောရဲတဲ့သူက ရှင်က ပထမဆုံးပဲ ။ ဟုန်ရှင်းဂိုဏ်းနော် ။ အခုပြောသွားတဲ့စကားတွေအတွက်
ရှင် ပြန်ပေးဆပ်ရမယ်”

“မိန်းကလေး ရီ က သေရမှာ မကြောက်ဘူး ကိုး ။
မိသားစုဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးလို့ ပြောနေတာလား …”

ဟုန်ရှင်းဂိုဏ်းက ပြောလို့ မပြီးသေးခင်
ရီဝမ်ဝမ်က ဖုန်းချပစ်လိုက်၏ ။

“အစ်မ ဖန်း ဟုန်ရှင်းဂိုဏ်းက ဘာထဖြစ်တာလဲ ။
သူတို့ကများ ရာရာစစ ထောင်လွှားရဲသေးတယ် ..
သေမင်းရဲ့အရသာကို တစ်ခါမှ မမြည်းစမ်းကြည့်ဖူးဘူးနဲ့ တူတယ်” ခုနစ်စင်ကြယ်က ထပြောသည် ။

ရီဝမ်ဝမ်သည် ဖုန်းကိုင်လိုက်တုန်းက စပီကာဖွင့်ထားခဲ့သည်မို့ အားလုံးက စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရ၏ ။

“ဂိုဏ်းချုပ် ဒီကိစ္စကိုလဲ ကျွန်တော့်ကိုသာ လွဲှလိုက်ပါ ။ အချိန်တိုအတွင်း ဟုန်ရှင်းဂိုဏ်းကလူတွေ
တစ်ယောက်မှ မကျန်ဘဲ အကုန်ကြွသွားစေရမယ်” တတိယအကြီးအကဲက မည်းပုတ်နေသည့်မျက်နှာဖြင့် ကတိပေးလာသည် ။

“အဟက် လာလာချည်သေး တတိယအကြီးအကဲက သိပ်ရယ်ရတာပဲ”

ပထမအကြီးအကဲက ထကာ ရွဲ့ချေပြီ ။

တတိယအကြီးအကဲမှာ မျက်မှောင်ကြုတ်သွားပြီး
နီရဲတောက်နေသည့် ပထမအကြီးအကဲအား ကြည့်လိုက်ကာ
“ဘာစကား ပြောတာလဲ”

“ဘာစကား ပြောတယ်လို့ ထင်လဲ ။ တတိယအကြီးအကဲ
မင်းက ဒီနေရာကို လွတ်လပ်သောနယ်မြေများ မှတ်နေတာလား ။ ဒီနေရာက ဥပဒေတွေနဲ့ ထိန်းချုပ်ထားတဲ့ နေရာ တရုတ်ပြည်ကွ ။ ဘယ်ဟာပဲဖြစ်ဖြစ် ဥပဒေအတိုင်းပဲ သွားတယ်”

“မင်း ငါ့ကို သင်ပေးနေစရာ လိုလို့လား”
တတိယအကြီးအကဲမှာ စိတ်မကြည်မသာ ဖြစ်သွား၏ ။

ရီဝမ်ဝမ်သည် တွေးကြည့်လိုက်ပြီးနောက် ဟုန်ရှင်းဂိုဏ်းကိစ္စအား ပထမအကြီးအကဲကိုသာ အပ်လိုက်တော့၏ ။

တတိယအကြီးအကဲသည် ထိုကိစ္စကြောင့် စိတ်မရွှင်မပျ ဖြစ်သွားသော်လည်း ရီဝမ်ဝမ်သည် ဆုံးဖြတ်ချက် ချပြီးနေပြီမို့ ထပ်မပြောတော့ပါချေ ။

ထို့နောက်တွင် ရီဝမ်ဝမ်သည် ရွှေပင်လယ်စံအိမ်ကနေ ထွက်လာကာ ကြယ်ခုနစ်နှင့် ခုနစ်စင်ကြယ်အား စီအိမ်တော်ဆီ ကားမောင်းခိုင်းလိုက်သည် ။

နာရီဝက်ခန့် ကြာသော် ရီဝမ်ဝမ်၏လမ်းပြမှုဖြင့် ကြယ်ခုနစ်သည် စီအိမ်တော်၏အပြင်ဘက်တွင် ကားရပ်လိုက်တော့၏ ။

လက်ရှိတွင် ချင်းရူရှီသည် စီ မိသားစုကို ထိန်းချုပ်ထားပြီး
အဘွား စီ အား နေအိမ်အကျယ်ချုပ် ထားကာ
အဘွားစီ ၏ အာဏာအားလုံးကို ပိတ်သိမ်းထားသည် ။

ရီဝမ်ဝမ်သည် အီလဲဗင်းနှင့် စကားထစ်လေး ဖန်ရွှမ်းယီအား ဆက်သွယ်ကြည့်ဖို့ လုပ်ထားသော်လည်း
ဖန်ရွှမ်းယီ၏ ဖုန်းမှာ ဆက်သွယ်လို့ မရဖြစ်နေကာ
အီလဲဗင်း၏ဖုန်းမှာ စက်ပိတ်ထားသည်ကြောင့်
နှစ်ယောက်စလုံးကို ဆက်သွယ်လို့ မရ ဖြစ်သွားရ၏ ။

ရီဝမ်ဝမ်သည် စီ အိမ်တော်ဆီကို အလောတကြီး ကပ်မသွားပါချေ ။

ဟိုတုန်းက ချင်းရူရှီသည် သူမအား အကြိမ်ကြိမ် ကျရှုံးအောင် တိုက်ခိုက်ချင်ခဲ့သည်မို့ အခုလည်း သူမ ရောက်နေမှန်း သိသွားပါက
ကိစ္စတွေ ရှုပ်ထွေးကုန်ပေလိမ့်မည် ။

“ဟိုတစ်ယောက်ကို ရင်းရင်းနှီးနှီး မြင်ဖူးနေသလိုပဲ.. ”

………………………………………………………………………...........

စာစဉ် ၇၀၊ အခန်း ၆။  အရှင်နတ်ဆိုး မဟုတ်ဘူးလား

ခုနစ်စင်ကြယ်သည် စီးကရက်မီးညှိလိုက်သည့်တဒင်္ဂ အဝေးကတစ်စုံတယောက်ကို လှမ်းမြင်လိုက်ရာ ..

ကျောဆန့်သွားမိသလို မယုံကြည်နိုင်စွာဖြင့် မျက်လုံးတို့ကို အလူးလူးအလဲလဲ ပွတ်သပ်ကာ ထိုအဝေးတစ်နေရာအား လက်ညှိုးညွှန်ရင်း ပြောဆိုလာသည် ။

“သေစမ်း အဲ့ဒါ အရှင်နတ်ဆိုး မလား”

အရှင်နတ်ဆိုးဟု ဆိုလာခြင်းကြောင့်
ရီဝမ်ဝမ် အံ့အားသင့်မိသွားပြီး
ခုနစ်စင်ကြယ် ညွှန်ပြရာဆီ ကြည့်လိုက်မိရာ ..

စီအိမ်တော်တံခါးဝတွင် အနက်ရောင်ဝတ်စုံနဲ့ယောကျာ်း တစ်ယောက်သည် တခနလေး ပေါ်လာပြီး ချက်ချင်း ပြန်လှည့်ထွက်သွားလေသည် ။

သို့သော် ထိုသို့ လှည့်လိုက်သည့်တဒင်္ဂလေးမှာပင်
မျက်နှာကို လှမ်းမြင်လိုက်မိသည့် ရီဝမ်ဝမ်သည်ကတော့ ထိုယောကျာ်းမှာ ခုနစ်စင်ကြယ်ပြောသွားသလိုပင် ဆံပင်နက်သွားတာလေးကလွဲပြီး အရှင်နတ်ဆိုးအတိုင်း တထေရာတည်းတူနေတာကို ချက်ချင်း တန်းသိလိုက်ပါ၏ ။

“စီရီဟန် ..”

ရီဝမ်ဝမ်သည် တဒုတ်ဒုတ် ခုန်လာသည့် ရင်အစုံကို ဖိထားမိလိုက်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည် ။

“အရှင်နတ်ဆိုးနဲ့ ချွတ်စွတ်ကြီးတော့ မတူပါဘူး”

အရှေ့က ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော ကြယ်ခုနစ်က အမူအရာကင်းမဲ့စွာဖြင့် ထပြောလာသည် ။

“တူတာတော့ မှန်ပေမယ့်လို့ ဝတ်ပုံစားပုံနဲ့ သွားပုံလာပုံတွေက လုံး၀ ကွဲနေတယ် ။ ပြီးတော့ အဲ့လူရဲ့ဆံပင်တွေက အနက်ရောင်တွေ”

“သူတို့နောက်ကနေ လိုက်”
ရီဝမ်ဝမ် သည် ချက်ချင်းပင် အမိန့်ပေးလိုက်၏ ။

“စိတ်ချ အစ်မ ဖန်း” ခုနစ်စင်ကြယ်သည် စီးကရက်ကို မီးသတ်လိုက်ကာ လီဗာပေါ် ခြေထောက်တင်ပစ်လိုက်ပြီး ထိုယောကျာ်းနောက်က ချက်ချင်း လိုက်တော့သည် ။

ထိုယောကျာ်းကို မှီလုမှီအံ့ဆဲဆဲတွင် ထိုသူမှာ နောက်ဖေးလမ်းကြားထဲ ဝင်သွားပြီး ချက်ချင်း ပျောက်သွား တော့လေပြီ ။

ရီဝမ်ဝမ်သည်လည်း ချက်ချင်းပင် ခုနစ်စင်ကြယ်အား ကားအရပ်ခိုင်းလိုက်၏ ။

သူတို့သည် ကားတံခါးကို မြန်မြန်ဖွင့်ပြီး မြန်မြန်လိုက်လိုက် ကြသော်လည်း ၁၅ မိနစ် တိတိ ကြာတာတောင်
ထိုယောကျာ်းကို မတွေ့ကြတော့ ။

“ဟူး ငါတို့ကို မျက်လှည့်များ ပြသွားတာလား ..
သူ ဘယ်ပျောက်သွားတာလဲ”

ခုနစ်စင်ကြယ်သည် ဟိုဟိုဒီဒီကို လိုက်ကြည့်နေပါသော်လည်း ထိုလမ်းကြားထဲတွင် သက်ရှိဆိုလို့ တစ်ယောက်ပင် မရှိချေ ။

ရီဝမ်ဝမ်သည်လည်း အံ့သြနေမိ၏ ။
ထိုယောကျာ်းကို ခုနစ်စင်ကြယ်နဲ့ ကြယ်ခုနစ်တို့ပါ မြင်လိုက်ကြခြင်းမို့
သူမ အမြင်မှားခြင်း လုံးလုံးမဟုတ်ပါပေ ။

ထို့ပြင် ထိုယောကျာ်း၏ ဝတ်ပုံစားပုံမှာ လွတ်လပ်သောနယ်မြေက အရှင်နတ်ဆိုးနဲ့ လုံးလုံးကြီး ကွဲထွက်ကာ စီရီဟန်စစ်စစ်ကြီး ဖြစ်နေသည် ။

ရီဝမ်ဝမ် မျက်မှောင်အကြီးကြီး ကြုတ်ထားမိသည် ။

ဘာတွေ ဖြစ်နေတာလဲ … ။

ငါ စီရီဟန်ကို မြင်လိုက်တာ သေချာပါတယ် .. ။

စီရီဟန်က တရုတ်ပြည်မှာ ရှိနေတာဆိုရင် ဒါဆို လွတ်လပ်သောနယ်မြေမှာ ရှိနေတဲ့ အရှင်နတ်ဆိုးက ဘယ်သူလဲ .. ။

“အဲ့လူက အရှင်နတ်ဆိုးများ ဖြစ်နိုင်မလား ။ ဝတ်ပုံစားပုံ ကွာတယ်ဆိုပေမယ့် ရုပ်ကတော့ တထေရာထဲပဲနော်” ခုနစ်စင်ကြယ်သည် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည် ။

“မပြောတတ်ဘူး”
ကြယ်ခုနစ်က တည်ငြိမ်စွာပင် ပြန်ဖြေသည် ။

ရီဝမ်ဝမ်သည်ကတော့ အတွေးထဲ နစ်နေမိ၏ ။

အစောနက လူမှာ အရှင်နတ်ဆိုး ဟုတ်မဟုတ်ကို သိရဖို့က
ခက်ခဲလှ၏ ။
အခုချိန်မှာ တွေးဆမှန်းကြည့်နေလည်း အလကားပါပင် ။
သူ့ကို တွေ့ပြီးမှ ဆုံးဖြတ်ချက် ချလို့လည်း ရသည်သာ ။

ရီဝမ်ဝမ် ထပ်ရှာဖို့ လုပ်လိုက်မိသော်လည်း
ဖုန်းက တတီတီ ထမြည်လာချေသည် ။

“ဂိုဏ်းချုပ် ပထမအကြီးအကဲက သူ့အလုပ်မှာ ကွိုင်တက် နေပြီ ။ ဂိုဏ်းချုပ် အချိန်ရရင် ဒီကို လာကြည့်ပေးပါဦး” တတိယအကြီးအကဲ၏အသံ ဖုန်းထဲကနေ ထွက်လာသည် ။

ထိုသတင်းကြောင့် ရီဝမ်ဝမ် အံ့သြသွား၏ ။

ပထမအကြီးအကဲ က အလုပ်မှာ ပြသနာဖြစ်နေတာလား ။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ။

ပထမအကြီးအကဲက ဘာမဟုတ်တဲ့ ဟုန်ရှင်းဂိုဏ်းလေးကို ကိုင်တွယ်တာမှာ ကျရှုံးသွားတယ်လား ။

မတော်တဆ တစ်ခုခုများ ဖြစ်သွားလို့လား ။

“ဘာဖြစ်တာလဲ”
ရီဝမ်ဝမ် မျက်မှောင်ကြုတ်ကာ မေးကြည့်လိုက်သည် ။

“ဖုန်းထဲမှာ ပြောလို့ အဆင်မပြေဘူး ဂိုဏ်းချုပ် ။
ဂိုဏ်းချုပ်ကိုယ်တိုင် လာကြည့်လိုက်တာက ပိုကောင်းတယ်”

ဖုန်းတစ်ဖက်ကနေ အော်ဟစ်သံ ၊ ညည်းတွားသံသဲ့သဲ့ကိုလည်း ရီဝမ်ဝမ် ကြားနေရ၏ ။

“သိပြီ ၊ ခုနစ်စင်ကြယ်ကို လိပ်စာပို့လိုက် ။
အခုပဲ လာခဲ့မယ်”

ဖုန်းချပြီးသည့်နောက် သိပ်မကြာခင် ခုနစ်စင်ကြယ်ဆီ လိပ်စာရောက်လာပြီး သူတို့ ချက်ချင်း ကားထဲ ပြန်ဝင်လိုက်ကာ ခုနစ်စင်ကြယ်သည် တတိယအကြီးအကဲ ပို့ထားသော GPS လမ်းပြမြေပုံအတိုင်း မောင်းထွက်သွား တော့သည် ။

……………………………………………………………………............

စာစဉ် ၇၀၊ အခန်း ၆။ ဆန္ဒ မပြည့်သွားစေရဘူး

မြို့စွန်က အဆောက်အဦးပျက်ကြီးတစ်ခုတွင် ။

ရီဝမ်ဝမ် ရောက်သွားသည့်အချိန်
ပထမအကြီးအကဲနှင့် တတိယအကြီးအကဲတို့သည်
ကြမ်းပေါ်တွင် လဲနေသော အသက်၂၀ ဝန်းကျင်သာ ရှိဦးမည့် လူငယ်လေးတစ်ယောက် ဘေးတွင် စကားနိုင်လုနေကြလေ၏ ။ ထိုသတိမေ့နေသော လူငယ်လေးသည်ကား
နဖူးတွင် ဒဏ်ရာအကြီးကြီး ရထားလျက် ။
သေသလား ရှင်သလား မသဲကွဲရ ။

ရီဝမ်ဝမ် ထိုသူဌေးသားလို သားသားနားနား ဝတ်စားထားသော လူငယ်လေးအား ကြည့်လိုက်ပြီး ..
“ဘာဖြစ်ကြတာလဲ”

ခုနစ်စင်ကြယ်သည်လည်း ထိုလူငယ်လေးကို ကြည့်လာသည် ။

“အာ .. အဲ့ဒါက ဘယ်သူပါလိမ့်”

ကြယ်ခုနစ် မျက်မှောင်ကြုတ်သွားကာ ..

“လျောင်ဟိုင်ချန်းရဲ့သား လျောင်ကျားချီ”

သူသည် ဟုန်ရှင်းဂိုဏ်းနှင့် ပတ်သက်ပြီး အကုန်စုံစမ်းထားခဲ့သူမို့ မြေကြီးပေါ်က ထိုလူငယ်အား တစ်ချက်ကြည့်လိုက်ရုံနဲ့ တန်းသိလိုက်ပါ၏ ။

လျောင်ဟိုင်ချန်းသည် ဟုန်ရှင်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ဖြစ်ပြီး သမီးသုံးယောက်နှင့် သားတစ်ယောက် ရှိ၏ ။ သားဖြစ်သူ လျောင်ကျားချီသည် သူ အချစ်ရဆုံး ကလေး ဖြစ်ပေသည် ။

“အမ် …” ရီဝမ်ဝမ်လည်း အံ့အားသင့်သွား၏ ။ မျက်တောင်တစ်ခါခတ်မျှ အချိန်အတွင်းတွင် ပထမအကြီးအကဲ သည် လျောင်ဟိုင်ချန်း၏သားကို ဖမ်းခေါ်လာနိုင်လိမ့်မည်ဟု သူမ တကယ်ကို မထင်ထားမိခဲ့ ပါချေ ။

တတိယအကြီးအကဲက မကျေမချမ်းဖြင့် ပြန်တိုင်လာသည် ။

“ဂိုဏ်းချုပ် … တရုတ်ပြည်က တရားဥပဒေစိုးမိုးတဲ့နိုင်ငံ ၊
အရာရာကို စည်းနဲ့ကမ်းနဲ့ လုပ်ရမယ်လို့ ပထမအကြီးအကဲ ပြောလို့ ကျွန်တော် အဲ့ဒီအတိုင်း လုပ်ခဲ့တယ် ။ ဒါပမေယ့် သူ ကျတော့ နေ့ခင်းကြောင်တောင်ကြီးကို လူတစ်ယောက်ကို ပြန်ပေးဆွဲလာခဲ့တယ်”

ပထမအကြီးအကဲသည် တတိယအကြီးအကဲအား
အ လိုက်တာဆိုသည့်အကြည့်ဖြင့် ကြည့်လိုက်ကာ
အေးစက်စွာဖြင့် ပြန်ချေပသည် ။

“တတိယအကြီးအကဲ မင်းရဲ့သေးသိမ်တဲ့အစီအစဉ်တွေနဲ့ ငါ့ကို ခြေရာလာမတိုင်း နဲ့လေ”

“ဘာမဟုတ်တဲ့ ယင်ကောင်လေးနှစ်ကောင်ကိုတောင် အချိန်တွေအများကြီး ဖြုန်းထားခဲ့တဲ့မင်းမှာ ဘာဝင်ပြောစရာ နေရာများ ရှိလို့လဲ ။ ငါကကျတော့ လက်အောက်ငယ်သား တွေကို ချုပ်နိုင်ဖို့ သူတို့ခေါင်းဆောင်ကို ဖမ်းလာတာဟ ။ ဟိုဖွတ် အိမ်တော်ထိန်း နဲ့
သူ့ရည်းစားက သူတို့နောက်မှာ ဟုန်ရှင်း ဂိုဏ်း ရှိတယ်ဆိုပြီး မြောက်ကြွမြောက်ကြွ လုပ်နေတာ ။ ဟုန်ရှင်းဂိုဏ်းကို ငါတို့ ထိန်းလိုက်တာနဲ့ အကုန်လုံးက ပမွှားလေးတွေ ဖြစ်မသွားဘူးလား”

ရီဝမ်ဝမ်သည် မေးစေ့ကို ပွတ်သပ်လိုက်ရင်း ..
“အင်း .. အဲ့ဒါတော့ မှန်တယ်”

ဂိုဏ်းချုပ်မှာ ပထမအကြီးအကဲဘက်ကို ယိမ်းယိုင်နေပြီမှန်း သိလိုက်ရချိန် တတိယအကြီးအကဲ စိုးရိမ်ကြီးလာတော့၏ ။

“သူ အရူးလုပ်တာကို မခံနဲ့ ဂိုဏ်းချုပ် ။ ကျွန်တော်က လျန်မေးရွှမ်းနဲ့ ဟွမ်မင်းကွမ်ကို ဖမ်းထားတယ်ဆိုတာက သူတို့က စဉ့်နီတုံးပေါ်က အသားတစ်တွေမို့လို့ ။ သူတို့ကို ပြန်ပေးဆွဲထားရင်တောင်မှ ပြသနာဖြစ်ဖို့ ဝေးလို့ သူတို့က ဘာတစ်ခွန်းမှကို ထုတ်ပြောမှာ မဟုတ်လို့ပဲ .. ဒါပေမယ့် ဒီကောင်လေးကကျတော့ လျောင်ဟိုင်ချန်းရဲ့ အလိုလိုက်ခံထားရတဲ့သား ၊ သူ့ကို သွားဖမ်းလိုက်တာက လျောင်ဟိုင်ချန်းရဲ့ဒေါသကို သွားဆွလိုက်တာနဲ့ အတူတူပဲ ။
အခုဆို လျောင်ဟိုင်ချန်း ဒေါသစွေ့စွေ့ခုန်နေလောက်ပြီ”

ပထမအကြီးအကဲမှာ မျက်နှာကြီး မည်းပုတ်လာသည် ။
“မင်း ဘာမှလည်း မသိဘဲနဲ့ …”

တတိယအကြီးက ပြန်ရန်တွေ့၏ ။
“ဟက် ဟုတ်တယ် ငါက ဘာမှ မသိဘူး ။ ဒါဆို
အခုအခြေအနေကို ဘယ်လိုကိုယ်တွယ်မလဲဆိုတာ ရှင်းစမ်းပါဦး ။ ပထမအကြီးအကဲ မင်းက လျောင်ဟိုင်ချန်းကို အောင်အောင်မြင်မြင် ခြိမ်းခြောက်နိုင်မယ်ဆိုတော့ရော အဲ့နောက်ကျ ဘာဆက်ဖြစ်မလဲ ။
သူ ပြန်မထိလာဘူးဆိုတာ ကျိန်းသေလား”

“သူ ပြန်ထိလာတော့ရော ဘာဖြစ်လဲ ။
ငါတို့ ဖိန့်ဖိန့်တုန်ဂိုဏ်းက ဟုန်ရှင်းဂိုဏ်းလောက်လေးကို ကြောက်နေရမှာလား”

“ပထမအကြီးအကဲရာ ငါတို့ဖိန့်ဖိန့်တုန်ဂိုဏ်းကတော့ သေချာပေါက်ကို ဘာကိုမှ မကြောက်တတ်ဘူးပေါ့ ။ ဒါပေမယ့် ဒီတရုတ်ပြည်မှာက တရားဥပဒေက ရှိနေတယ် ဒါဆို ဒုက္ခမများဘူးလား .. ဒီနေရာက လွတ်လပ်သောနယ်မြေ မဟုတ်ဘူး ပထမအကြီးအကဲ ။
ဒီစကားကို မင်းကိုယ်တိုင်ပဲ ပြောခဲ့တာလေ ။ ဘာလဲ အခုမှ ကိုယ့်မျက်နှာကိုယ် ပြန်ဖြတ်ရိုက်ချင်နေပြီလား”

ပထမအကြီးအကဲခမျာ “လီစီ .. မင်း .. ”
ဟုသာ ပြောနိုင်တော့၏ ။

ထိုစကားများလာကြပြန်ခြင်းကြောင့် ရီဝမ်ဝမ် စိတ်မရှည်နိုင်တော့ဘဲ လက်ယမ်းပြလိုက်တော့သည် ။

“တော်ကြတော့ ။ ဆူညံမနေဘဲ တိတ်တိတ်နေကြ ။
ခနလောက် စဉ်းစားကြည့်လိုက်ဦးမယ်”

လွတ်လပ်သောနယ်မြေမှာသာ ဆိုရင် အရာရာသည် ဖြေရှင်းရလွယ်ပါသော်လည်း အခုက တရုတ်ပြည်တွင်မို့ တော်တော်လေး ဒုက္ခများလှပါ၏ ။

ပထမအကြီးအကဲနှင့် တတိယအကြီးအကဲတို့
ချက်ချင်း တိတ်ကြသွားပြီး တစ်ယောက်ကိုတစ်ယောက် အသံတိတ်အကြည့်နဲ့သာ ရန်သတ်နေကြလေသည် ။

ရီဝမ်ဝမ်မှာ အဖြေကို စဉ်းစားနေခိုက် မြေကြီးပေါ်ကနေ ညည်းသံသဲ့သဲ့လေးကို ကြားလိုက်ရသည် ။

လျောင်ကျားချီ နိုးလာလေပြီ ။

လျောင်ကျားချီသည် ပထမအကြီးအကဲအား ဒေါသတကြီး ကြည့်လိုက်၏ ။

“ခင်ဗျားက ဘယ်သူလဲ ။ ငါ ဘယ်သူလဲ မသိတာလား ။
ငါ့ကို ပြန်ပေးဆွဲလာရအောင် ခင်ဗျားကို ဘယ်သူက သတ္တိပေးလိုက်တာလဲ”

“ငါ ပြောပြလိုက်မယ် ။ ငါ့ကို ဖမ်းပြီးတော့ ငါ့အဖေကို ခြိမ်းခြိမ်ချင်တယ်ဆိုရင်တော့ ဆက်သာစိတ်ကူးနေ ။
ငါ သေရရင်တောင်မှ ခင်ဗျားတို့ဆန္ဒမပြည့်သွားစေရဘူး”

……………………………………………………………......................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘

ကြိုတင်ဖတ်ရှုလိုပါက စာစဉ်တစ်ခုကို ၅၀ဝ နဲ့ paid group မှာ ဖတ်ရှုလို့ ရပါပြီရှင် ။
ဘေလွှဲရမယ့်နံပတ်လေးကတော့ 09402842937 ပါ ။

Continue Reading

You'll Also Like

943K 49.8K 44
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
180K 30.8K 84
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
179K 13.4K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
167K 17.4K 109
ဘာသာပြန်သူ - စွဲညို့အသင်း