သားရဲမျိုးနွယ်နှစ်စုက ရုန်အိမ်တော်ထဲမှာ အခြေချနေထိုင်လိုက်ကြပြီးနောက် အိမ်တော်ထဲမှာ နောက်ထပ်ရှုခင်းတစ်ခု ပေါ်လာတော့သည်။ နေ့အချိန်မှာဆိုရင် အိမ်တော်ထဲက သစ်ပင်ပန်းပင်တွေက နေရောင်အောက်မှာ ရွှေတောင်တစ်လက်လက်တောက်ပနေတာကိုတွေ့ရပြီး ညမှာဆိုရင်တော့ ခြံဝန်းက နှစ်ပိုင်းကွဲသွားလေသည်။ တစ်ဖက်က သစ်ပင်ပန်းပင်တွေက ရောင်စုံအလင်းတွေတောက်ပနေပြီး တစ်ဖက်ကတော့ အပြာနဲ့အဖြူရောင်အလင်းတွေ တောက်ပနေကြ၏။ အရမ်းလှပလွန်းလေသည်။
သူတို့ သူ့ကို ပိုပြီး ကောင်းမွန်စွာနဲ့ကူညီလာနိုင်ဖို့အတွက် ရုန်ယိက ဆေးညွှန်းတွေနဲ့ မှော်လက်နက်သန့်စင်တဲ့ နည်းလမ်းတွေကိုချရေးပေးပြီး လိုအပ်တာတွေကိုတော့ သူတို့ဘာသာဝယ်ခိုင်းလိုက်သည်။ သူတို့က အများကြီးရှိနေတာကြောင့် သူတို့ဘာသာ သူတို့လုပ်ရင်လုပ် ဒါမှမဟုတ် တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်ဖို့သာ သူလည်းတတ်နိုင်သည်။
အချိန်တွေ ကုန်ဆုံးသွားပြီး....သိပ်မကြာခင်ဘဲ ၁၂လပိုင်းကို ရောက်လာပြီး နှင်းတွေ စတင်ကျလာလေပြီ။ ဒါပေမဲ့ ရုန်အိမ်တော်ကတော့ အစီအရင်ပြုလုပ်ထားတာကြောင့် တစ်နှစ်ပတ်လုံး နွေဦးလိုမျိုးဘဲ ဖြစ်နေ၏။ ကျင့်ကြံဆင့်မြင့်တဲ့သူတွေအတွက်တော့ ေနွရာသီနဲ့ ဆောင်းရာသီရဲ့အပူချိန်က ဘာမှမကွာခြားပေ.. သူတို့က ပူတာရော အေးတာရော မခံစားရကြ..။ ဒါပေမဲ့ ရုန်ယိ ယင်ထောင်နဲ့ ယင်စန်စန်တို့လို ကျင့်ကြံဆင့်နိမ့်တဲ့သူတွေကျတော့ ဝတ်ရုံအထူကြီးတွေ ဝတ်ထားဖို့လိုတာကြောင့် လုံးလုံးကြီးတွေဖြစ်နေကြပြီး ကို့ယို့ကားယားနိုင်နေကြလေသည်။
ယင်စန်စန်က အခုမှလမ်းလျှောက်သင်ခါစဖြစ်တာကြောင့် ရပ်နိုင်ဖို့ ကြိုးစားနေလေသည်။ ဒါပေမဲ့ မြေပြင်ပေါ်မှာက နှင်းတွေချည်းဘဲဖြစ်နေတာကြောင့် သူ့မှာ ချော်ချော်ထွက်နေပြီး နောက်ဆုံးမှာတော့ ဟန်ချက်ပျက်ကာ ဘေးနားကနှင်းပုံထဲကိုလဲကျသွားတော့လေသည်။
"ဟားဟားဟားဟား...."
ဒီမြင်ကွင်းကိုတွေ့တဲ့အခါ ရုန်ယိမှာ မနေနိုင်ဘဲ ရယ်လိုက်မိသည်။ အထူးသဖြင့်တော့ ကလေးရဲ့ ခေါင်းလေးက နှင်းထဲမြုပ်နေပြီး သူ့ရဲ့ခြေတံလက်တံတိုတိုလေးတွေနဲ့ ရုန်းကန်နေတာကို တွေ့လိုက်ရတဲ့အချိန်မှာဘဲ ဖြစ်လေသည်။ သူက အရမ်းချစ်စရာကောင်းတယ်လို့ ခံစားလိုက်ရပြီး သူ့ကိုသွားချီကာ မျက်နှာလေးကိုပွတ်ပေးချင်မိစေသည်။
ယင်ထောင်ကလည်း တခစ်ခစ်ရယ်မောလာ၏။
ကျန်းမုကလည်း ယင်စန်စန်နားမှာ ပတ်ပျံနေရင်းနဲ့ ရယ်နေလေသည်။
ရန်ချိုးရွှမ်မှာ ရယ်လည်းရယ်ချင်သလို ကလေးအတွက်လည်း စိတ်မကောင်းဖြစ်မိသွားသည်။ သူမက ရုန်ယိရဲ့ပုခုံးကို ရိုက်လိုက်ပြီး စိတ်ဆိုးနေတဲ့ပုံလုပ်ပြီး ပြောလာသည်။
"စန်စန်လေးက နှင်းထဲနစ်နေတာတောင် မင်းက ရယ်နေနိုင်သေးတယ်လား.."
တစ်ကယ်တော့ အအေးဒဏ်ကနေကာကွယ်နိုင်ဖို့အတွက် ခန္ဓာကိုယ်ကိုနွေးထွေးစေတဲ့ ဆေးလုံးတွေသောက်လို့ရပေမဲ့လည်း ရုန်ယိက ငြင်းပယ်ခဲ့လေသည်။ သူက ကလေးတွေက အရမ်းငယ်လွန်းသေးတယ်လို့ ထင်လေသည်။ အရမ်းဆိုးဝါးလွန်းတဲ့ရာသီဥတုအခြေအနေအောက်မှာ မဟုတ်ရင် သူတို့မှာ အလွန်အမင်းကာကွယ်ပေးမှုမျိုးမလိုအပ်ကြပေ။ ရာသီဥတုအပြောင်းအလဲတွေအပါအဝင် ဒီလောကကြီးမှာရှိသမျှအရာတိုင်းကို သူတို့ခံစားသင့်လေသည်။ မဟုတ်ရင် နှင်းရဲ့အေးစက်မှုကိုတောင်မှ သူတို့သိကြတော့မှာမဟုတ်ပေ။
ရုန်ယိမှာ ရယ်ရတာများလွန်းလို့ မျက်ရည်စတွေတောင်ထွက်လာတော့သည်။
"ဒါပေမဲ့ သူကအရမ်းရယ်ရတာလေ... ကလေးတွေအဖေ ခင်ဗျားရော အဲ့လိုမထင်ဖူးလား"
ယင်စန်စန်က မတ်တပ်ရပ်ဖို့ ရုန်းကန်နေပေမဲ့ မအောင်မြင်တာတွေ့တဲ့အခါ ယင်ကျင်းရဲ့လည်း ပြုံးလိုက်မိသည်။
ရုန်စုက ယင်စန်စန်ကို ထူပေးဖို့ ပြေးသွားမလို့ပေမဲ့ ရုန်ယိက သူ့ကို တားလိုက်သည်။
"သူ့ဘာသာသူ ထပါစေ.. ဒီလို အသေးအမွှားကိစ္စလေးတောင် မလုပ်နိုင်ရင်.. ငါနဲ့ကျင်းရဲ့ရဲ့ ကလေးဖြစ်ဖို့ မထိုက်တန်သေးဘူး"
ဒီစကားတွေက ယင်စန်စန်ကို လှုံ့ဆော်ပေးလိုက်လေသည်။ သူ့မှာ မတ်တပ်ရပ်နိုင်ဖို့အတွက် ရှိသမျှအားအကုန်သုံးပြီး ကိုယ်ကိုမတ်လိုက်သော်လည်း နောက်တစ်စက္ကန့်မှာဘဲ နှင်းတောထဲ ထပ်မံလဲကျသွားပြန်တော့သည်။
ထိုမြင်ကွင်းကြောင့် ရုန်ယိမှာ နောက်တစ်ကြိမ် ထပ်ရယ်မောမိသွားပြန်သည်။
သူ့ဖေဖေရဲ့ရယ်သံကို ကြားတဲ့အခါ ယင်စန်စန်မှာ သူ့ပါးစပ်ထဲကို ချိုလိမ်လေးထည့်လိုက်ပြီး ရုန်ယိကို မျက်လုံးလေးလှန်ကြည့်လာ၏။
ဒါကိုတွေ့လိုက်တာကြောင့် ရုန်ယိမှာ ပိုပြီးအားရပါးရရယ်မောလိုက်မိသည်။
"တစ်ခါတစ်လေ ဒီကလေးက တစ်ကယ့်လူကြီးလေးကျနေတာဘဲ.. ဟားဟား......"
ရန်ချိုးရွှမ်လည်း ပါးစပ်ကိုလက်ခုံနဲ့အုပ်ကာ ပြုံးလိုက်မိပြီး
"ဒီကလေးက မင်းနဲ့တစ်ကယ်တူတာ.. အထူးသဖြင့်တော့ အဲ့လိုမျက်ဆံလေးလှန်ကြည့်တဲ့အချိန်ဘဲ.. သူ အဲ့တာကို မင်းဆီက သင်ထားတာလားတောင် မသိဘူး"
ရုန်ယိက ဂုဏ်ယူစွာနဲ့
"သူက ကျွန်တော့်သားလေ.. သေချာပေါက် ကျွန်တော်နဲ့တူမှာပေါ့"
ရုတ်တရက် ယင်ထောင်က နှင်းလုံးတစ်လုံးကောက်ယူကာ ယင်စန်စန်ရဲ့မျက်နှာလေးကို ကောက်ပေါက်လိုက်သည်။
သူ့သားငယ်လေးရဲ့ မျက်နှာတစ်ပြင်လုံး နှင်းတွေပေကျံသွားတာတွေ့တဲ့အခါ ရုန်ယိမထိန်းနိုင်ဘဲ ထပ်ရယ်လိုက်မိပြန်သည်။
ယင်ထောင်က ရယ်မောရင်းနဲ့ ထွက်ပြေးသွားကာ
"ညီလေးရေ.. လာလေ.. ငါ့ကို နှင်းလုံးနဲ့ ပြန်ပေါက်လေ.."
ထိုအခါ ယင်စန်စန်က လက်အပြည့်နှင်းတွေ ကောက်ကိုင်လိုက်ပေမဲ့ သူ့လက်လေးတွေက သေးလွန်းတာကြောင့် အများကြီးယူလို့မရတာ တွေ့သွားရသည်။ သူက ကျန်းမုဘက်ကိုလှည့်ပြီး ယင်ထောင်ကိုညွှန်ပြရင်းနဲ့ ဝူးဝူးဝါးဝါးပြောနေကာ နောက်ဆုံးတော့ စကားလုံးတစ်လုံး ပြောထွက်နိုင်သွားသည်။
"ပေါက်...ပေါက်...."
ကျန်းမုက ချက်ချင်း သူ့အစွမ်းနဲ့ နှင်းလုံးအကြီးကြီးလုပ်ကာ ယင်ထောင်ကို ပစ်ပေါက်လိုက်သည်။
ယင်ထောင်က ရယ်မောရင်းနဲ့ ရှောင်လိုက်၏။
ရန်ချိုးရွှမ်က ပြုံးရယ်ရင်းနဲ့
"စန်စန်လေးက အမြဲတမ်း ကျန်းမုကိုဘဲ သူ့အတွက် လုပ်ပေးခိုင်းပြီး ကျန်းမုကလည်း သူပြောတာနားထောင်တယ်.. သူတို့က ညီအစ်ကိုအရင်းတွေနဲ့ပိုတူတယ်"
"စန်စန်က အရမ်းငယ်သေးပြီး ဘာမှသိပ်မလုပ်နိုင်သေးတော့ ကျန်းမုကိုဘဲ လှည့်ပြီး ကူညီခိုင်းရတော့တာပေါ့"
ယင်ထောင်မှာ အနိုင်ကျင့်ခံနေရတာကြောင့် ယင်ကျင်းရဲ့ဘက်ကိုလှည့်ပြီး အကူအညီတောင်းလာလေသည်။
"အဖေ ကူပါဦး...အဖေ.. သားကို ကူပါဦး"
ယင်ကျင်းရဲ့ "......"
ရုန်ယိ သူ့ကိုမေးကြည့်လိုက်သည်။
"ဘာလို့ ဖေဖေ့ကိုကျတော့ အကူအညီမတောင်းရတာလဲ"
ယင်ထောင်က ရိုးရိုးသားသားနဲ့ပြန်ဖြေလာသည်။
"ဖေဖေက အဖေ့လောက်မှ စွမ်းအားမကြီးတာ"
ရုန်ယိ "....."
သူ့သားအရင်းရဲ့ အထင်သေးတာ ခံလိုက်ရသည်။ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်သလဲ.....
ယင်ကျင်းရဲ့မှာ ပြုံးလိုက်မိ၏။ယင်ထောင်ရဲ့ ဒီအဖြေလေးတစ်ခုတည်းကြောင့်နဲ့ သူသေချာပေါက် သူ့ကို ကူညီပေးမှာဖြစ်သည်။ သူ့ဝတ်ရုံလက်စကို ယမ်းကာ ယင်ထောင်ကို ကာပေးထားလိုက်ပြီး နှင်းတွေကို နှင်းလုံးအနည်းငယ်ပြုလုပ်ကာ ကျန်းမုဆီကို မြန်ဆန်စွာပစ်လွှတ်လိုက်သည်။
ကျန်းမုက အမြန်ရှောင်ရှားလိုက်၏။
ယင်ထောင်က ရယ်မောကာ ယင်စန်စန်ဆီပြေးသွားပြီး သူ့ကိုယ်သူ သူ့ညီလေးဆီ ပစ်ဝင်လိုက်ကာ နှစ်ယောက်လုံး မြေပြင်ပေါ်လူးလှိမ့်နေကြတော့သည်။
သူတို့ ပျော်နေကြတာမြင်ရတဲ့အခါ ရုန်ယိလည်း အလွန်ပျော်ရွှင်ရသည်။
ထိုအချိန်မှာ ဝမ်ချွမ်ရောက်လာပြီး
"သခင်လေး...ကျင့်ကြံသူပိုင်က သူပြန်ရောက်ပြီမလို့ သခင်လေး သူ့ဆီလာလည်ဖို့မျှော်လင့်တယ်လို့ လူလွှတ်ပြီး ပြောခိုင်းလိုက်ပါတယ်"
ရန်ချိုးရွှမ် ရောက်လာကတည်းက ပိုင်ယွမ်ချန်က ရုန်ယိရဲ့နေရာကို လုံးဝမလာတော့..။
ပိုင်ယွမ်ချန်က သူ့သားဆီ အကြောင်းကြားခိုင်းတယ်လို့ကြားတဲ့အခါ ရန်ချိုးရွှမ်ရဲ့အပြုံးတွေမှာ ကွယ်ပျောက်သွားပြီး နှာခေါင်းရှုံ့လာ၏။
ယင်ကျင်းရဲ့လည်းဘဲ ဘာတစ်ခွန်းမှမပြောဘဲ မျက်လုံးတွေမှေးစင်းသွားသည်။
ရုန်ယိ မေးလိုက်သည်။
"ဘာကိစ္စလဲဆိုတာရော ပြောသေးလား"
"မပြောပါဘူး"
ထိုအခါ ရုန်ယိမှာ မတ်တပ်ထရပ်လိုက်ပြီး ယင်ကျင်းရဲ့နဲ့ တစ်ခြားသူတွေကို ပြောလိုက်သည်။
"ကျွန်တော် ခဏနေပြန်လာခဲ့မယ်"
ရန်ချိုးရွှမ်က ခေါင်းငြိမ့်ပြလာသည်။
ရုန်ယိထွက်သွားတာတွေ့တဲ့အခါ ယင်ထောင်က ချက်ချင်း အော်ပြောလာသည်။
"ဖေဖေ... ဘယ်သွားမလို့လဲ!.. သားလည်းလိုက်မယ်လေ"
ယင်စန်စန်ကလည်း သူ့လက်လေးနှစ်ဖက်ကို လှုပ်ယမ်းပြကာ သူလည်းလိုက်ချင်ကြောင်း ပြောလာသည်။ ပြီးခဲ့တဲ့အခေါက် ယင်စု တောင်ပေါ်မှာ မိုးကြိုးစမ်းသပ်မှုခံယူတဲ့အချိန်ပြီးကတည်းက သူအပြင်ထပ်မထွက်ရတော့ပေ။
"ဖေဖေက ဖြေရှင်းစရာကိစ္စလေးတွေရှိလို့ အပြင်သွားရမှာ ဒါကြောင့် မင်းတို့ကို ခေါ်သွားလို့မရဘူး..ပြန်လာမှ မင်းတို့နဲ့အတူ ကစားပေးမယ် ဟုတ်ပြီလား"
ဒါကိုကြားတဲ့အခါ ကလေးတွေက သူ့ကိုထပ်ပြီးကပ်တွယ်မနေကြတော့ဘဲ သူတို့ရဲ့နှင်းလုံးတိုက်ပွဲကိုသာ ဆက်လုပ်နေကြတော့သည်။
ထို့နောက် ရုန်ယိလည်း ပုချီကိုမခေါ်တော့ဘဲ လှည်းနဲ့ ကျိုရွှီဂိုဏ်းကို သွားလိုက်လေသည်။
အစောင့်ဂိုဏ်းသားတွေကလည်း သူ့ကို လေးစားစွာနဲ့ ကြိုဆိုကြ၏။
အထဲဝင်လိုက်တာနဲ့ ကွင်းပြင်ကိုလှည်းကျင်းနေတဲ့ ကျင်းထုံကို ရုန်ယိတွေ့လိုက်ရသည်။ သူ့နောက်ကတပည့်တွေက သူ့ကို ဒူးထောက်ပြီး ကြမ်းတိုက်ခိုင်းထားလေသည်။ လုံလုံလောက်လောက် သန့်ရှင်းမှာမရှိရင် သူ့အတွက် စားစရာရမှာမဟုတ်ပေ။
ကျင်းထုံမှာ သူ့မာနတွေကိုခဝါချပြီး ဒါတွေကိုသည်းခံနေရလေသည်။ အတိတ်က သူအာဏာရှိခဲ့စဥ်က သူလည်း တစ်ခြားတပည့်တွေကို ဒီလိုမျိုးတွေ မကြာခဏလုပ်ခိုင်းခဲ့ဖူးလေသည်။ ပြီးတော့ သူတို့လုပ်တာတွေကို သူမကျေနပ်ဖူးဆိုရင် သူတို့ကို ကောင်းကောင်းရိုက်နှက်ပစ်လိုက်သည်။ ဒါကြောင့် သူ လူတွေတော်တော်များများကို ရန်စစော်ကားခဲ့ဖူး၏။ အခု သူ့ရဲ့ဝိညာဥ်စွမ်းအားတွေမရှိတော့တဲ့အချိန်လည်းရောက်ရော သူအရင်က အနိုင်ကျင့်ခဲ့တဲ့သူတွေက အခွင့်ကောင်းယူကာ သူ့ကိုပြန်လက်စားချေလာကြသည်။
သူ့မိဘတွေမှာလည်း သူတို့သားရဲ့တန်ထျန်းက ဖျက်ဆီးခံလိုက်ရတာကြောင့် လူတွေရဲ့လှောင်ပြောင်ရယ်မောတာကို ခံခဲ့ရပြီး လူတွေရှေ့မှာ ခေါင်းတောင်မမော့နိုင်ကြပေ။ တဖြည်းဖြည်းနဲ့ သူတို့သားအပေါ်မှာ ယုံကြည်ချက်တွေပျောက်ဆုံးကုန်ပြီး သူ့ကိုအရင်ကလို အလိုမလိုက်ကြတော့..။ သူတို့က သူတို့ရဲ့မျှော်လင့်ချက်တွေကို သူ့ညီတွေ ညီမတွေအပေါ်မှာ ပြောင်းထားလိုက်တော့လေသည်။ သူ ဒီမှာ ဘယ်လိုတွေအနိုင်ကျင့်ခံနေရပါစေ.. သူတို့က မမြင်ချင်ယောင်သာ ဆောင်ထားကြသည်။ သူတို့စိတ်ကြည်နေတဲ့အချိန်ဆိုရင်တော့ သူ့ကိုအနိုင်ကျင့်နေတဲ့သူတွေကို နှင်ထုတ်ပေးကြပေမယ့် သူတို့စိတ်မကြည်နေရင်တော့ ဒီအတိုင်းသာလွှတ်ထားလေသည်။ အချိန်ကြာလာတဲ့အခါ တစ်ခြားတပည့်တွေက သူ့ကို မျက်လုံးထဲတောင်မထည့်ကြတော့..။
သူ ရေပုံးကိုဆွဲကိုင်လိုက်တာတွေ့တဲ့အခါ ဘေးနားကတပည့်တစ်ယောက်က ကြမ်းပြင်ပေါ် တံတွေးထွေးချလိုက်ပြီး
"ဒါကိုသုတ်ပစ်လိုက်"
ထိုအရည်တွေတွေ့တဲ့အခါ ရွံရှာပေမဲ့ ကျင်းထုံမှာ ကြမ်းတိုက်တဲ့အဝတ်စကိုယူကာ သုတ်ရုံသာတတ်နိုင်သည်။ ဒါပေမဲ့ နောက်တစ်ခဏမှာဘဲ ထိုတပည့်က သူ့လက်ခုံပေါ်တက်နင်းလိုက်တာကြောင့် သူ့မှာနာကျင်မှုကြောင့် ထအော်လိုက်မိသည်။
"အ့ နာတယ်!!"
ဒါပေမဲ့ ဘေးနာက တပည့်တစ်ယောက်ကမှ သူ့အတွက် ဝင်မပြောပေးကြပေ။
ထိုတပည့်က ပိုပြီး အားထည့်ကာနင်းလိုက်ပြီး
"မင်းရဲ့လက်ကိုသုံး အဝတ်နဲ့မဟုတ်ဘူး"
ကျင်းထုံက ထအော်လာသည်။
"ကျိုးပြီ!... လွှတ်ပါ!!"
ထိုတပည့်က နှာခေါင်းရှုံ့လိုက်ပြီး
"ဝိညာဥ်စွမ်းအားသာမရှိရင် မင်းက လုံးဝအမှိုက်တစ်စဘဲ..ဒါလေးကိုတောင်မှ မခံနိုင်ဘူးလား"
လွှတ်ပေးမဲ့အစား သူက ပိုပြီးအားပြင်းပြင်းနဲ့ နင်းချလာသည်။
နောက်ဆုံး ကျင်းထုံမှာ သည်းမခံနိုင်တော့ဘဲ ရုတ်တရက်ခြေထောက်မြှောက်ကာ သူ့ရဲ့အောက်ပိုင်းကို ကန်ပစ်လိုက်မိသည်။
ထိုတပည့်မှာ ထအော်ကာ ဒေါသချောင်းချောင်းထွက်သွား၏။ သူ့ကို ကန်ထုတ်ပစ်ကာ ဓားအိမ်နဲ့ရိုက်နှက်လိုက်ပြီး
"မင်း ငါ့ကိုကန်ရဲတယ်...ငါ့ကို ကန်ရဲတယ်ပေါ့လေ...အသုံးမဝင်တဲ့အမှိုက်ကောင်.. မင်းက ဂိုဏ်းချုပ်ရဲ့ မြေးသာမဟုတ်ရင် အရင်ထဲက ဂိုဏ်းကနေ နှင်ထုတ်ခံလိုက်ရပြီးပြီကွ.. ဒီမှာ ဆက်ပြီး နေနိုင်ဦးမယ်များထင်နေလား.ဟမ်!"
သေမျိုးခန္ဓာကိုယ်ကိုသာ ပိုင်ဆိုင်ထားတာကြောင့် ကျင်းထုံမှာ မကြာခင်ဘဲ အညိုအမည်းတွေစွဲလာပြီး.သူ့နဖူးမှာလည်း သွေးတွေထွက်လာတော့သည်။
"ရပ်ပါတော့... ရပ်ပါတော့...ငါမှားသွားပါတယ်.. မင်းတို့်လုပ်ခိုင်းတာ ဘာမဆိုလုပ်ပါ့မယ်"
ထိုတပည့်က သူ့ကိုရိုက်ရင်းနဲ့ပြောလာသည်။
"ငါရပ်ပေးနိုင်တယ်..ဒါပေမဲ့ မင်းငါ့ကို ကန်တော့ပြီး ငါ့ခြေထောက်ကြားကနေ တွားသွားရမယ်"
"ကောင်းပြီ...ကောင်းပြီ.. ငါလုပ်မယ်"
ကျင်းထုံမှာ သေလုမျောပါးဖြစ်နေပြီး နောက်ထပ်လုံးဝမခံနိုင်တော့ပေ။ သူအမြန် သုံးကြိမ်ကန်တော့လိုက်သည်။
ထိုအနားက တပည့်တွေက ကျယ်လောင်စွာ ရယ်မောလာကြလေသည်။
ကျင်းထုံက ထိုတပည့်ရဲ့ခြေထောက်တွေကြားကနေ တွားသွားလိုက်သည်။ ရုန်ယိဖြတ်သွားတာ မြင်တဲ့အခါ သူ ချက်ချင်း ခုန်ထလိုက်ပြီး
"ရုန်ယိ....."
ထိုတပည့်က ကျင်းထုံကို သူ့ဓားအိမ်နဲ့ရိုက်နှက်ကာ ဒေါသနဲ့ပြောလာသည်။
"ဆရာဦလေးရုန်ကို ဘယ်လိုလုပ် နာမည်ခေါ်ရဲရတာလဲ..သူက အခု ဂိုဏ်းချုပ်ရဲ့တပည့်ဖြစ်နေပြီ.. မင်းသူ့ကို ဆရာအဘိုးလေးလို့တောင်ခေါ်သင့်တာ.."
ကျင်းထုံမှာ နာကျင်မှုကြောင့် အော်ဟစ်လိုက်မိသည်။ သူဒီလိုပုံစံဖြစ်နေတာကို ရုန်ယိကို မတွေ့စေချင်တာကြောင့် ရုန်ယိ သူ့မျက်နှာကိုမတွေ့အောင် ကိုယ်ကိုကွေးထားလိုက်လေသည်။
ရုန်ယိက နှုတ်ခမ်းတွေ ကွေးလိုက်ပြီး အစောင့်တပည့်တွေကို သူ့ကို ဓားပျံနဲ့ ထျန်းရွှီတောင်ထိပ်ကို လိုက်ပို့ပေးခိုင်းလိုက်သည်။
ရုန်ယိကို တွေ့နဲ့အခါ အမျိုးသမီးကျင့်ကြံသူသုံးယောက်က အရင်ဆုံး ဆရာဦးလေးရုန်လို့ နှုတ်ဆက်လိုက်ပြီး သူတို့ဘာသာ. တီးတိုးပြောဆိုလာကြ၏။
"ဆရာဦလေးရုန်က ဆရာဦလေးပိုင်နဲ့ ဆရာဒေါ်လေးကျင်းတို့လက်ထပ်တော့မယ် ဆိုတဲ့သတင်းကိုကြားလို့ ဆရာဦးလေးပိုင်ကို တားဖို့လာတာဘဲ ဖြစ်ရမယ်"
"ဒီတစ်ခေါက် ဆရာဦးလေးပိုင်က သူ့စကားကို နားထောင်ပါ့မလားမသိဘူး"
"ဒီတစ်ခေါက်က သခင်မကြီး စီစဥ်တာလေ.. ဆရာဦးလေးပိုင်က စိတ်ထဲသဘောမတူဘူးဆိုရင်တောင်မှ သူ့ဆန္ဒကို ငြင်းဆန်မှာမဟုတ်လောက်ဘူး"
"ဒါပေမဲ့ ငါ့သဘောအရဆိုရင်တော့ သူ ဒီလက်ထပ်ပွဲကိုလည်း ငြင်းဆန်နိုင်ပါစေလို့မျှော်လင့်တယ်.. သူတို့မှာ အချင်းချင်း ခံစားချက်မရှိဘူးလို့ဘဲ ထင်တယ်"
"ရှူး..တော်တော့.. တစ်ယောက်ယောက်ကြားသွားရင် နင် နှုတ်ပိတ်ခံနေရမယ်"
ထို့နောက် ထိုအမျိုးသမီးကျင့်ကြံသူသုံးယောက်မှာ အဝေးကိုထွက်သွားကြတော့သည်။
သူတို့ပြောတာတွေကြားလိုက်ရပေမဲ့ ရုန်ယိ စိတ်ထဲဘယ်လိုမှမနေပေ။ ဘာလို့လဲဆိုတော့ သူ ပိုင်ယွမ်ချန်ဘယ်သူနဲ့လက်ထပ်မလဲဆိုတာကို အနည်းငယ်လေးတောင်မှ စိတ်မဝင်စားတာကြောင့်ဖြစ်သည်။ ဒါကြောင့် ပိုင်ယွမ်ချန် ဒါကို ငြင်းမငြင်းဆိုတာကိုလည်း သူလုံးဝဂရုမစိုက်ပေ။
"ဆရာဦးလေးရုန်...ကျွန်တော်တို့ရောက်ပါပြီ"
အစောင့်တပည့်က သူ့ကိုအောက်ချပေးလာသည်။
ရုန်ယိခေါင်းမော့ကြည့်လိုက်တဲ့အခါ ကျိုကျွမ့်တောင်ဆိုတဲ့ ဆိုင်းဘုတ်ကိုသာတွေ့လိုက်ရတာကြောင့် ဇဝေဇဝါဖြစ်သွားကာ
"ဒါက ထျန်းရွှီတောင်မှ မဟုတ်တာ"
"ဆရာဦလေးပိုင်က ခင်ဗျားကို ဒီကိုခေါ်လာပေးဖို့ ပြောထားတာပါ"
အစောင့်တပည့်က သူ့ဓားပျံကိုစီးကာ အဝေးကိုပြန်ထွက်သွားတော့သည်။
ရုန်ယိမှာ ချက်ချင်းဘဲ တစ်ခုခုတော့မှားနေပြီလို့ ခံစားလိုက်ရသည်။ ပိုင်ယွမ်ချန် သူ့ကိုတွေ့ချင်တယ်ဆိုတာကလည်း အမှန်မဟုတ်လောက်ဘူးဟု သူထင်လိုက်မိသည်။
သူခန်းမပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပေမဲ့ နေရာကြီးတစ်ခုလုံးတိတ်ဆိတ်နေကာ ဘယ်သူမှလည်းမရှိပေ။
ရုန်ယိ ခေါ်ကြည့်လိုက်သည်။
"ဆရာတူအစ်ကိုကြီး.. ခင်ဗျား ဒီမှာလား!"
ပြန်ဖြေသံမကြားရတာကြောင့် သူ့စိတ်ထဲက မကောင်းတဲ့ခံစားချက်က တဖြည်းဖြည်းနဲ့ ပိုပြီးကြီးလာလေသည်။
သူ သူ့ကိုယ်ပေါ်မှာ ပျံသန်းခြင်းအင်းကွက်တွေ အမြန်ကပ်လိုက်သည်။ သူထွက်သွားတော့မဲ့အချိန်မှာ.ရုတ်တရက် တပည့်တစ်အုပ်က သူ့ရှေ့ကို ပျံသန်းရောက်ရှိလာကြတော့၏။
**********
Zawgyi
သားရဲမ်ိဳးႏြယ္ႏွစ္စုက ႐ုန္အိမ္ေတာ္ထဲမွာ အေျခခ်ေနထိုင္လိုက္ၾကၿပီးေနာက္ အိမ္ေတာ္ထဲမွာ ေနာက္ထပ္ရႈခင္းတစ္ခု ေပၚလာေတာ့သည္။ ေန႕အခ်ိန္မွာဆိုရင္ အိမ္ေတာ္ထဲက သစ္ပင္ပန္းပင္ေတြက ေနေရာင္ေအာက္မွာ ေ႐ႊေတာင္တစ္လက္လက္ေတာက္ပေနတာကိုေတြ႕ရၿပီး ညမွာဆိုရင္ေတာ့ ၿခံဝန္းက ႏွစ္ပိုင္းကြဲသြားေလသည္။ တစ္ဖက္က သစ္ပင္ပန္းပင္ေတြက ေရာင္စုံအလင္းေတြေတာက္ပေနၿပီး တစ္ဖက္ကေတာ့ အျပာနဲ႕အျဖဴေရာင္အလင္းေတြ ေတာက္ပေနၾက၏။ အရမ္းလွပလြန္းေလသည္။
သူတို႔ သူ႕ကို ပိုၿပီး ေကာင္းမြန္စြာနဲ႕ကူညီလာနိုင္ဖို႔အတြက္ ႐ုန္ယိက ေဆးၫႊန္းေတြနဲ႕ ေမွာ္လက္နက္သန့္စင္တဲ့ နည္းလမ္းေတြကိုခ်ေရးေပးၿပီး လိုအပ္တာေတြကိုေတာ့ သူတို႔ဘာသာဝယ္ခိုင္းလိုက္သည္။ သူတို႔က အမ်ားႀကီးရွိေနတာေၾကာင့္ သူတို႔ဘာသာ သူတို႔လုပ္ရင္လုပ္ ဒါမွမဟုတ္ တစ္ေယာက္ေယာက္ကို လုပ္ခိုင္းလိုက္ဖို႔သာ သူလည္းတတ္နိုင္သည္။
အခ်ိန္ေတြ ကုန္ဆုံးသြားၿပီး....သိပ္မၾကာခင္ဘဲ ၁၂လပိုင္းကို ေရာက္လာၿပီး ႏွင္းေတြ စတင္က်လာေလၿပီ။ ဒါေပမဲ့ ႐ုန္အိမ္ေတာ္ကေတာ့ အစီအရင္ျပဳလုပ္ထားတာေၾကာင့္ တစ္ႏွစ္ပတ္လုံး ႏြေဦးလိုမ်ိဳးဘဲ ျဖစ္ေန၏။ က်င့္ႀကံဆင့္ျမင့္တဲ့သူေတြအတြက္ေတာ့ ေနွရာသီနဲ့ ေဆာင္းရာသီရဲ႕အပူခ်ိန္က ဘာမွမကြာျခားေပ.. သူတို႔က ပူတာေရာ ေအးတာေရာ မခံစားရၾက..။ ဒါေပမဲ့ ႐ုန္ယိ ယင္ေထာင္နဲ႕ ယင္စန္စန္တို႔လို က်င့္ႀကံဆင့္နိမ့္တဲ့သူေတြက်ေတာ့ ဝတ္႐ုံအထူႀကီးေတြ ဝတ္ထားဖို႔လိုတာေၾကာင့္ လုံးလုံးႀကီးေတြျဖစ္ေနၾကၿပီး ကို႔ယို႔ကားယားနိုင္ေနၾကေလသည္။
ယင္စန္စန္က အခုမွလမ္းေလွ်ာက္သင္ခါစျဖစ္တာေၾကာင့္ ရပ္နိုင္ဖို႔ ႀကိဳးစားေနေလသည္။ ဒါေပမဲ့ ေျမျပင္ေပၚမွာက ႏွင္းေတြခ်ည္းဘဲျဖစ္ေနတာေၾကာင့္ သူ႕မွာ ေခ်ာ္ေခ်ာ္ထြက္ေနၿပီး ေနာက္ဆုံးမွာေတာ့ ဟန္ခ်က္ပ်က္ကာ ေဘးနားကႏွင္းပုံထဲကိုလဲက်သြားေတာ့ေလသည္။
"ဟားဟားဟားဟား...."
ဒီျမင္ကြင္းကိုေတြ႕တဲ့အခါ ႐ုန္ယိမွာ မေနနိုင္ဘဲ ရယ္လိုက္မိသည္။ အထူးသျဖင့္ေတာ့ ကေလးရဲ႕ ေခါင္းေလးက ႏွင္းထဲျမဳပ္ေနၿပီး သူ႕ရဲ႕ေျခတံလက္တံတိုတိုေလးေတြနဲ႕ ႐ုန္းကန္ေနတာကို ေတြ႕လိုက္ရတဲ့အခ်ိန္မွာဘဲ ျဖစ္ေလသည္။ သူက အရမ္းခ်စ္စရာေကာင္းတယ္လို႔ ခံစားလိုက္ရၿပီး သူ႕ကိုသြားခ်ီကာ မ်က္ႏွာေလးကိုပြတ္ေပးခ်င္မိေစသည္။
ယင္ေထာင္ကလည္း တခစ္ခစ္ရယ္ေမာလာ၏။
က်န္းမုကလည္း ယင္စန္စန္နားမွာ ပတ္ပ်ံေနရင္းနဲ႕ ရယ္ေနေလသည္။
ရန္ခ်ိဳး႐ႊမ္မွာ ရယ္လည္းရယ္ခ်င္သလို ကေလးအတြက္လည္း စိတ္မေကာင္းျဖစ္မိသြားသည္။ သူမက ႐ုန္ယိရဲ႕ပုခုံးကို ရိုက္လိုက္ၿပီး စိတ္ဆိုးေနတဲ့ပုံလုပ္ၿပီး ေျပာလာသည္။
"စန္စန္ေလးက ႏွင္းထဲနစ္ေနတာေတာင္ မင္းက ရယ္ေနနိုင္ေသးတယ္လား.."
တစ္ကယ္ေတာ့ အေအးဒဏ္ကေနကာကြယ္နိုင္ဖို႔အတြက္ ခႏၶာကိုယ္ကိုႏြေးေထြးေစတဲ့ ေဆးလုံးေတြေသာက္လို႔ရေပမဲ့လည္း ႐ုန္ယိက ျငင္းပယ္ခဲ့ေလသည္။ သူက ကေလးေတြက အရမ္းငယ္လြန္းေသးတယ္လို႔ ထင္ေလသည္။ အရမ္းဆိုးဝါးလြန္းတဲ့ရာသီဥတုအေျခအေနေအာက္မွာ မဟုတ္ရင္ သူတို႔မွာ အလြန္အမင္းကာကြယ္ေပးမႈမ်ိဳးမလိုအပ္ၾကေပ။ ရာသီဥတုအေျပာင္းအလဲေတြအပါအဝင္ ဒီေလာကႀကီးမွာရွိသမွ်အရာတိုင္းကို သူတို႔ခံစားသင့္ေလသည္။ မဟုတ္ရင္ ႏွင္းရဲ႕ေအးစက္မႈကိုေတာင္မွ သူတို႔သိၾကေတာ့မွာမဟုတ္ေပ။
႐ုန္ယိမွာ ရယ္ရတာမ်ားလြန္းလို႔ မ်က္ရည္စေတြေတာင္ထြက္လာေတာ့သည္။
"ဒါေပမဲ့ သူကအရမ္းရယ္ရတာေလ... ကေလးေတြအေဖ ခင္ဗ်ားေရာ အဲ့လိုမထင္ဖူးလား"
ယင္စန္စန္က မတ္တပ္ရပ္ဖို႔ ႐ုန္းကန္ေနေပမဲ့ မေအာင္ျမင္တာေတြ႕တဲ့အခါ ယင္က်င္းရဲ႕လည္း ၿပဳံးလိုက္မိသည္။
႐ုန္စုက ယင္စန္စန္ကို ထူေပးဖို႔ ေျပးသြားမလို႔ေပမဲ့ ႐ုန္ယိက သူ႕ကို တားလိုက္သည္။
"သူ႕ဘာသာသူ ထပါေစ.. ဒီလို အေသးအမႊားကိစၥေလးေတာင္ မလုပ္နိုင္ရင္.. ငါနဲ႕က်င္းရဲ႕ရဲ႕ ကေလးျဖစ္ဖို႔ မထိုက္တန္ေသးဘူး"
ဒီစကားေတြက ယင္စန္စန္ကို လႈံ႕ေဆာ္ေပးလိုက္ေလသည္။ သူ႕မွာ မတ္တပ္ရပ္နိုင္ဖို႔အတြက္ ရွိသမွ်အားအကုန္သုံးၿပီး ကိုယ္ကိုမတ္လိုက္ေသာ္လည္း ေနာက္တစ္စကၠန့္မွာဘဲ ႏွင္းေတာထဲ ထပ္မံလဲက်သြားျပန္ေတာ့သည္။
ထိုျမင္ကြင္းေၾကာင့္ ႐ုန္ယိမွာ ေနာက္တစ္ႀကိမ္ ထပ္ရယ္ေမာမိသြားျပန္သည္။
သူ႕ေဖေဖရဲ႕ရယ္သံကို ၾကားတဲ့အခါ ယင္စန္စန္မွာ သူ႕ပါးစပ္ထဲကို ခ်ိဳလိမ္ေလးထည့္လိုက္ၿပီး ႐ုန္ယိကို မ်က္လုံးေလးလွန္ၾကည့္လာ၏။
ဒါကိုေတြ႕လိုက္တာေၾကာင့္ ႐ုန္ယိမွာ ပိုၿပီးအားရပါးရရယ္ေမာလိုက္မိသည္။
"တစ္ခါတစ္ေလ ဒီကေလးက တစ္ကယ့္လူႀကီးေလးက်ေနတာဘဲ.. ဟားဟား......"
ရန္ခ်ိဳး႐ႊမ္လည္း ပါးစပ္ကိုလက္ခုံနဲ႕အုပ္ကာ ၿပဳံးလိုက္မိၿပီး
"ဒီကေလးက မင္းနဲ႕တစ္ကယ္တူတာ.. အထူးသျဖင့္ေတာ့ အဲ့လိုမ်က္ဆံေလးလွန္ၾကည့္တဲ့အခ်ိန္ဘဲ.. သူ အဲ့တာကို မင္းဆီက သင္ထားတာလားေတာင္ မသိဘူး"
႐ုန္ယိက ဂုဏ္ယူစြာနဲ႕
"သူက ကြၽန္ေတာ့္သားေလ.. ေသခ်ာေပါက္ ကြၽန္ေတာ္နဲ႕တူမွာေပါ့"
႐ုတ္တရက္ ယင္ေထာင္က ႏွင္းလုံးတစ္လုံးေကာက္ယူကာ ယင္စန္စန္ရဲ႕မ်က္ႏွာေလးကို ေကာက္ေပါက္လိုက္သည္။
သူ႕သားငယ္ေလးရဲ႕ မ်က္ႏွာတစ္ျပင္လုံး ႏွင္းေတြေပက်ံသြားတာေတြ႕တဲ့အခါ ႐ုန္ယိမထိန္းနိုင္ဘဲ ထပ္ရယ္လိုက္မိျပန္သည္။
ယင္ေထာင္က ရယ္ေမာရင္းနဲ႕ ထြက္ေျပးသြားကာ
"ညီေလးေရ.. လာေလ.. ငါ့ကို ႏွင္းလုံးနဲ႕ ျပန္ေပါက္ေလ.."
ထိုအခါ ယင္စန္စန္က လက္အျပည့္ႏွင္းေတြ ေကာက္ကိုင္လိုက္ေပမဲ့ သူ႕လက္ေလးေတြက ေသးလြန္းတာေၾကာင့္ အမ်ားႀကီးယူလို႔မရတာ ေတြ႕သြားရသည္။ သူက က်န္းမုဘက္ကိုလွည့္ၿပီး ယင္ေထာင္ကိုၫႊန္ျပရင္းနဲ႕ ဝူးဝူးဝါးဝါးေျပာေနကာ ေနာက္ဆုံးေတာ့ စကားလုံးတစ္လုံး ေျပာထြက္နိုင္သြားသည္။
"ေပါက္...ေပါက္...."
က်န္းမုက ခ်က္ခ်င္း သူ႕အစြမ္းနဲ႕ ႏွင္းလုံးအႀကီးႀကီးလုပ္ကာ ယင္ေထာင္ကို ပစ္ေပါက္လိုက္သည္။
ယင္ေထာင္က ရယ္ေမာရင္းနဲ႕ ေရွာင္လိုက္၏။
ရန္ခ်ိဳး႐ႊမ္က ၿပဳံးရယ္ရင္းနဲ႕
"စန္စန္ေလးက အၿမဲတမ္း က်န္းမုကိုဘဲ သူ႕အတြက္ လုပ္ေပးခိုင္းၿပီး က်န္းမုကလည္း သူေျပာတာနားေထာင္တယ္.. သူတို႔က ညီအစ္ကိုအရင္းေတြနဲ႕ပိုတူတယ္"
"စန္စန္က အရမ္းငယ္ေသးၿပီး ဘာမွသိပ္မလုပ္နိုင္ေသးေတာ့ က်န္းမုကိုဘဲ လွည့္ၿပီး ကူညီခိုင္းရေတာ့တာေပါ့"
ယင္ေထာင္မွာ အနိုင္က်င့္ခံေနရတာေၾကာင့္ ယင္က်င္းရဲ႕ဘက္ကိုလွည့္ၿပီး အကူအညီေတာင္းလာေလသည္။
"အေဖ ကူပါဦး...အေဖ.. သားကို ကူပါဦး"
ယင္က်င္းရဲ႕ "......"
႐ုန္ယိ သူ႕ကိုေမးၾကည့္လိုက္သည္။
"ဘာလို႔ ေဖေဖ့ကိုက်ေတာ့ အကူအညီမေတာင္းရတာလဲ"
ယင္ေထာင္က ရိုးရိုးသားသားနဲ႕ျပန္ေျဖလာသည္။
"ေဖေဖက အေဖ့ေလာက္မွ စြမ္းအားမႀကီးတာ"
႐ုန္ယိ "....."
သူ႕သားအရင္းရဲ႕ အထင္ေသးတာ ခံလိုက္ရသည္။ ဘယ္ေလာက္ေတာင္ ဝမ္းနည္းစရာေကာင္းလိုက္သလဲ.....
ယင္က်င္းရဲ႕မွာ ၿပဳံးလိုက္မိ၏။ယင္ေထာင္ရဲ႕ ဒီအေျဖေလးတစ္ခုတည္းေၾကာင့္နဲ႕ သူေသခ်ာေပါက္ သူ႕ကို ကူညီေပးမွာျဖစ္သည္။ သူ႕ဝတ္႐ုံလက္စကို ယမ္းကာ ယင္ေထာင္ကို ကာေပးထားလိုက္ၿပီး ႏွင္းေတြကို ႏွင္းလုံးအနည္းငယ္ျပဳလုပ္ကာ က်န္းမုဆီကို ျမန္ဆန္စြာပစ္လႊတ္လိုက္သည္။
က်န္းမုက အျမန္ေရွာင္ရွားလိုက္၏။
ယင္ေထာင္က ရယ္ေမာကာ ယင္စန္စန္ဆီေျပးသြားၿပီး သူ႕ကိုယ္သူ သူ႕ညီေလးဆီ ပစ္ဝင္လိုက္ကာ ႏွစ္ေယာက္လုံး ေျမျပင္ေပၚလူးလွိမ့္ေနၾကေတာ့သည္။
သူတို႔ ေပ်ာ္ေနၾကတာျမင္ရတဲ့အခါ ႐ုန္ယိလည္း အလြန္ေပ်ာ္႐ႊင္ရသည္။
ထိုအခ်ိန္မွာ ဝမ္ခြၽမ္ေရာက္လာၿပီး
"သခင္ေလး...က်င့္ႀကံသူပိုင္က သူျပန္ေရာက္ၿပီမလို႔ သခင္ေလး သူ႕ဆီလာလည္ဖို႔ေမွ်ာ္လင့္တယ္လို႔ လူလႊတ္ၿပီး ေျပာခိုင္းလိုက္ပါတယ္"
ရန္ခ်ိဳး႐ႊမ္ ေရာက္လာကတည္းက ပိုင္ယြမ္ခ်န္က ႐ုန္ယိရဲ႕ေနရာကို လုံးဝမလာေတာ့..။
ပိုင္ယြမ္ခ်န္က သူ႕သားဆီ အေၾကာင္းၾကားခိုင္းတယ္လို႔ၾကားတဲ့အခါ ရန္ခ်ိဳး႐ႊမ္ရဲ႕အၿပဳံးေတြမွာ ကြယ္ေပ်ာက္သြားၿပီး ႏွာေခါင္းရႈံ႕လာ၏။
ယင္က်င္းရဲ႕လည္းဘဲ ဘာတစ္ခြန္းမွမေျပာဘဲ မ်က္လုံးေတြေမွးစင္းသြားသည္။
႐ုန္ယိ ေမးလိုက္သည္။
"ဘာကိစၥလဲဆိုတာေရာ ေျပာေသးလား"
"မေျပာပါဘူး"
ထိုအခါ ႐ုန္ယိမွာ မတ္တပ္ထရပ္လိုက္ၿပီး ယင္က်င္းရဲ႕နဲ႕ တစ္ျခားသူေတြကို ေျပာလိုက္သည္။
"ကြၽန္ေတာ္ ခဏေနျပန္လာခဲ့မယ္"
ရန္ခ်ိဳး႐ႊမ္က ေခါင္းၿငိမ့္ျပလာသည္။
႐ုန္ယိထြက္သြားတာေတြ႕တဲ့အခါ ယင္ေထာင္က ခ်က္ခ်င္း ေအာ္ေျပာလာသည္။
"ေဖေဖ... ဘယ္သြားမလို႔လဲ!.. သားလည္းလိုက္မယ္ေလ"
ယင္စန္စန္ကလည္း သူ႕လက္ေလးႏွစ္ဖက္ကို လႈပ္ယမ္းျပကာ သူလည္းလိုက္ခ်င္ေၾကာင္း ေျပာလာသည္။ ၿပီးခဲ့တဲ့အေခါက္ ယင္စု ေတာင္ေပၚမွာ မိုးႀကိဳးစမ္းသပ္မႈခံယူတဲ့အခ်ိန္ၿပီးကတည္းက သူအျပင္ထပ္မထြက္ရေတာ့ေပ။
"ေဖေဖက ေျဖရွင္းစရာကိစၥေလးေတြရွိလို႔ အျပင္သြားရမွာ ဒါေၾကာင့္ မင္းတို႔ကို ေခၚသြားလို႔မရဘူး..ျပန္လာမွ မင္းတို႔နဲ႕အတူ ကစားေပးမယ္ ဟုတ္ၿပီလား"
ဒါကိုၾကားတဲ့အခါ ကေလးေတြက သူ႕ကိုထပ္ၿပီးကပ္တြယ္မေနၾကေတာ့ဘဲ သူတို႔ရဲ႕ႏွင္းလုံးတိုက္ပြဲကိုသာ ဆက္လုပ္ေနၾကေတာ့သည္။
ထို႔ေနာက္ ႐ုန္ယိလည္း ပုခ်ီကိုမေခၚေတာ့ဘဲ လွည္းနဲ႕ က်ိဳ႐ႊီဂိုဏ္းကို သြားလိုက္ေလသည္။
အေစာင့္ဂိုဏ္းသားေတြကလည္း သူ႕ကို ေလးစားစြာနဲ႕ ႀကိဳဆိုၾက၏။
အထဲဝင္လိုက္တာနဲ႕ ကြင္းျပင္ကိုလွည္းက်င္းေနတဲ့ က်င္းထုံကို ႐ုန္ယိေတြ႕လိုက္ရသည္။ သူ႕ေနာက္ကတပည့္ေတြက သူ႕ကို ဒူးေထာက္ၿပီး ၾကမ္းတိုက္ခိုင္းထားေလသည္။ လုံလုံေလာက္ေလာက္ သန့္ရွင္းမွာမရွိရင္ သူ႕အတြက္ စားစရာရမွာမဟုတ္ေပ။
က်င္းထုံမွာ သူ႕မာနေတြကိုခဝါခ်ၿပီး ဒါေတြကိုသည္းခံေနရေလသည္။ အတိတ္က သူအာဏာရွိခဲ့စဥ္က သူလည္း တစ္ျခားတပည့္ေတြကို ဒီလိုမ်ိဳးေတြ မၾကာခဏလုပ္ခိုင္းခဲ့ဖူးေလသည္။ ၿပီးေတာ့ သူတို႔လုပ္တာေတြကို သူမေက်နပ္ဖူးဆိုရင္ သူတို႔ကို ေကာင္းေကာင္းရိုက္ႏွက္ပစ္လိုက္သည္။ ဒါေၾကာင့္ သူ လူေတြေတာ္ေတာ္မ်ားမ်ားကို ရန္စေစာ္ကားခဲ့ဖူး၏။ အခု သူ႕ရဲ႕ဝိညာဥ္စြမ္းအားေတြမရွိေတာ့တဲ့အခ်ိန္လည္းေရာက္ေရာ သူအရင္က အနိုင္က်င့္ခဲ့တဲ့သူေတြက အခြင့္ေကာင္းယူကာ သူ႕ကိုျပန္လက္စားေခ်လာၾကသည္။
သူ႕မိဘေတြမွာလည္း သူတို႔သားရဲ႕တန္ထ်န္းက ဖ်က္ဆီးခံလိုက္ရတာေၾကာင့္ လူေတြရဲ႕ေလွာင္ေျပာင္ရယ္ေမာတာကို ခံခဲ့ရၿပီး လူေတြေရွ႕မွာ ေခါင္းေတာင္မေမာ့နိုင္ၾကေပ။ တျဖည္းျဖည္းနဲ႕ သူတို႔သားအေပၚမွာ ယုံၾကည္ခ်က္ေတြေပ်ာက္ဆုံးကုန္ၿပီး သူ႕ကိုအရင္ကလို အလိုမလိုက္ၾကေတာ့..။ သူတို႔က သူတို႔ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို သူ႕ညီေတြ ညီမေတြအေပၚမွာ ေျပာင္းထားလိုက္ေတာ့ေလသည္။ သူ ဒီမွာ ဘယ္လိုေတြအနိုင္က်င့္ခံေနရပါေစ.. သူတို႔က မျမင္ခ်င္ေယာင္သာ ေဆာင္ထားၾကသည္။ သူတို႔စိတ္ၾကည္ေနတဲ့အခ်ိန္ဆိုရင္ေတာ့ သူ႕ကိုအနိုင္က်င့္ေနတဲ့သူေတြကို ႏွင္ထုတ္ေပးၾကေပမယ့္ သူတို႔စိတ္မၾကည္ေနရင္ေတာ့ ဒီအတိုင္းသာလႊတ္ထားေလသည္။ အခ်ိန္ၾကာလာတဲ့အခါ တစ္ျခားတပည့္ေတြက သူ႕ကို မ်က္လုံးထဲေတာင္မထည့္ၾကေတာ့..။
သူ ေရပုံးကိုဆြဲကိုင္လိုက္တာေတြ႕တဲ့အခါ ေဘးနားကတပည့္တစ္ေယာက္က ၾကမ္းျပင္ေပၚ တံေတြးေထြးခ်လိဳက္ၿပီး
"ဒါကိုသုတ္ပစ္လိုက္"
ထိုအရည္ေတြေတြ႕တဲ့အခါ ႐ြံရွာေပမဲ့ က်င္းထုံမွာ ၾကမ္းတိုက္တဲ့အဝတ္စကိုယူကာ သုတ္႐ုံသာတတ္နိုင္သည္။ ဒါေပမဲ့ ေနာက္တစ္ခဏမွာဘဲ ထိုတပည့္က သူ႕လက္ခုံေပၚတက္နင္းလိုက္တာေၾကာင့္ သူ႕မွာနာက်င္မႈေၾကာင့္ ထေအာ္လိုက္မိသည္။
"အ့ နာတယ္!!"
ဒါေပမဲ့ ေဘးနာက တပည့္တစ္ေယာက္ကမွ သူ႕အတြက္ ဝင္မေျပာေပးၾကေပ။
ထိုတပည့္က ပိုၿပီး အားထည့္ကာနင္းလိုက္ၿပီး
"မင္းရဲ႕လက္ကိုသုံး အဝတ္နဲ႕မဟုတ္ဘူး"
က်င္းထုံက ထေအာ္လာသည္။
"က်ိဳးၿပီ!... လႊတ္ပါ!!"
ထိုတပည့္က ႏွာေခါင္းရႈံ႕လိုက္ၿပီး
"ဝိညာဥ္စြမ္းအားသာမရွိရင္ မင္းက လုံးဝအမွိုက္တစ္စဘဲ..ဒါေလးကိုေတာင္မွ မခံနိုင္ဘူးလား"
လႊတ္ေပးမဲ့အစား သူက ပိုၿပီးအားျပင္းျပင္းနဲ႕ နင္းခ်လာသည္။
ေနာက္ဆုံး က်င္းထုံမွာ သည္းမခံနိုင္ေတာ့ဘဲ ႐ုတ္တရက္ေျခေထာက္ျမႇောက္ကာ သူ႕ရဲ႕ေအာက္ပိုင္းကို ကန္ပစ္လိုက္မိသည္။
ထိုတပည့္မွာ ထေအာ္ကာ ေဒါသေခ်ာင္းေခ်ာင္းထြက္သြား၏။ သူ႕ကို ကန္ထုတ္ပစ္ကာ ဓားအိမ္နဲ႕ရိုက္ႏွက္လိုက္ၿပီး
"မင္း ငါ့ကိုကန္ရဲတယ္...ငါ့ကို ကန္ရဲတယ္ေပါ့ေလ...အသုံးမဝင္တဲ့အမွိုက္ေကာင္.. မင္းက ဂိုဏ္းခ်ဳပ္ရဲ႕ ေျမးသာမဟုတ္ရင္ အရင္ထဲက ဂိုဏ္းကေန ႏွင္ထုတ္ခံလိုက္ရၿပီးၿပီကြ.. ဒီမွာ ဆက္ၿပီး ေနနိုင္ဦးမယ္မ်ားထင္ေနလား.ဟမ္!"
ေသမ်ိဳးခႏၶာကိုယ္ကိုသာ ပိုင္ဆိုင္ထားတာေၾကာင့္ က်င္းထုံမွာ မၾကာခင္ဘဲ အညိုအမည္းေတြစြဲလာၿပီး.သူ႕နဖူးမွာလည္း ေသြးေတြထြက္လာေတာ့သည္။
"ရပ္ပါေတာ့... ရပ္ပါေတာ့...ငါမွားသြားပါတယ္.. မင္းတို့္လုပ္ခိုင္းတာ ဘာမဆိုလုပ္ပါ့မယ္"
ထိုတပည့္က သူ႕ကိုရိုက္ရင္းနဲ႕ေျပာလာသည္။
"ငါရပ္ေပးနိုင္တယ္..ဒါေပမဲ့ မင္းငါ့ကို ကန္ေတာ့ၿပီး ငါ့ေျခေထာက္ၾကားကေန တြားသြားရမယ္"
"ေကာင္းၿပီ...ေကာင္းၿပီ.. ငါလုပ္မယ္"
က်င္းထုံမွာ ေသလုေမ်ာပါးျဖစ္ေနၿပီး ေနာက္ထပ္လုံးဝမခံနိုင္ေတာ့ေပ။ သူအျမန္ သုံးႀကိမ္ကန္ေတာ့လိုက္သည္။
ထိုအနားက တပည့္ေတြက က်ယ္ေလာင္စြာ ရယ္ေမာလာၾကေလသည္။
က်င္းထုံက ထိုတပည့္ရဲ႕ေျခေထာက္ေတြၾကားကေန တြားသြားလိုက္သည္။ ႐ုန္ယိျဖတ္သြားတာ ျမင္တဲ့အခါ သူ ခ်က္ခ်င္း ခုန္ထလိုက္ၿပီး
"႐ုန္ယိ....."
ထိုတပည့္က က်င္းထုံကို သူ႕ဓားအိမ္နဲ႕ရိုက္ႏွက္ကာ ေဒါသနဲ႕ေျပာလာသည္။
"ဆရာဦေလး႐ုန္ကို ဘယ္လိုလုပ္ နာမည္ေခၚရဲရတာလဲ..သူက အခု ဂိုဏ္းခ်ဳပ္ရဲ႕တပည့္ျဖစ္ေနၿပီ.. မင္းသူ႕ကို ဆရာအဘိုးေလးလို႔ေတာင္ေခၚသင့္တာ.."
က်င္းထုံမွာ နာက်င္မႈေၾကာင့္ ေအာ္ဟစ္လိုက္မိသည္။ သူဒီလိုပုံစံျဖစ္ေနတာကို ႐ုန္ယိကို မေတြ႕ေစခ်င္တာေၾကာင့္ ႐ုန္ယိ သူ႕မ်က္ႏွာကိုမေတြ႕ေအာင္ ကိုယ္ကိုေကြးထားလိုက္ေလသည္။
႐ုန္ယိက ႏႈတ္ခမ္းေတြ ေကြးလိုက္ၿပီး အေစာင့္တပည့္ေတြကို သူ႕ကို ဓားပ်ံနဲ႕ ထ်န္း႐ႊီေတာင္ထိပ္ကို လိုက္ပို႔ေပးခိုင္းလိုက္သည္။
႐ုန္ယိကို ေတြ႕နဲ႕အခါ အမ်ိဳးသမီးက်င့္ႀကံသူသုံးေယာက္က အရင္ဆုံး ဆရာဦးေလး႐ုန္လို႔ ႏႈတ္ဆက္လိုက္ၿပီး သူတို႔ဘာသာ. တီးတိုးေျပာဆိုလာၾက၏။
"ဆရာဦေလး႐ုန္က ဆရာဦေလးပိုင္နဲ႕ ဆရာေဒၚေလးက်င္းတို႔လက္ထပ္ေတာ့မယ္ ဆိုတဲ့သတင္းကိုၾကားလို႔ ဆရာဦးေလးပိုင္ကို တားဖို႔လာတာဘဲ ျဖစ္ရမယ္"
"ဒီတစ္ေခါက္ ဆရာဦးေလးပိုင္က သူ႕စကားကို နားေထာင္ပါ့မလားမသိဘူး"
"ဒီတစ္ေခါက္က သခင္မႀကီး စီစဥ္တာေလ.. ဆရာဦးေလးပိုင္က စိတ္ထဲသေဘာမတူဘူးဆိုရင္ေတာင္မွ သူ႕ဆႏၵကို ျငင္းဆန္မွာမဟုတ္ေလာက္ဘူး"
"ဒါေပမဲ့ ငါ့သေဘာအရဆိုရင္ေတာ့ သူ ဒီလက္ထပ္ပြဲကိုလည္း ျငင္းဆန္နိုင္ပါေစလို႔ေမွ်ာ္လင့္တယ္.. သူတို႔မွာ အခ်င္းခ်င္း ခံစားခ်က္မရွိဘူးလို႔ဘဲ ထင္တယ္"
"ရႉး..ေတာ္ေတာ့.. တစ္ေယာက္ေယာက္ၾကားသြားရင္ နင္ ႏႈတ္ပိတ္ခံေနရမယ္"
ထို႔ေနာက္ ထိုအမ်ိဳးသမီးက်င့္ႀကံသူသုံးေယာက္မွာ အေဝးကိုထြက္သြားၾကေတာ့သည္။
သူတို႔ေျပာတာေတြၾကားလိုက္ရေပမဲ့ ႐ုန္ယိ စိတ္ထဲဘယ္လိုမွမေနေပ။ ဘာလို႔လဲဆိုေတာ့ သူ ပိုင္ယြမ္ခ်န္ဘယ္သူနဲ႕လက္ထပ္မလဲဆိုတာကို အနည္းငယ္ေလးေတာင္မွ စိတ္မဝင္စားတာေၾကာင့္ျဖစ္သည္။ ဒါေၾကာင့္ ပိုင္ယြမ္ခ်န္ ဒါကို ျငင္းမျငင္းဆိုတာကိုလည္း သူလုံးဝဂ႐ုမစိုက္ေပ။
"ဆရာဦးေလး႐ုန္...ကြၽန္ေတာ္တို႔ေရာက္ပါၿပီ"
အေစာင့္တပည့္က သူ႕ကိုေအာက္ခ်ေပးလာသည္။
႐ုန္ယိေခါင္းေမာ့ၾကည့္လိုက္တဲ့အခါ က်ိဳကြၽမ့္ေတာင္ဆိုတဲ့ ဆိုင္းဘုတ္ကိုသာေတြ႕လိုက္ရတာေၾကာင့္ ဇေဝဇဝါျဖစ္သြားကာ
"ဒါက ထ်န္း႐ႊီေတာင္မွ မဟုတ္တာ"
"ဆရာဦေလးပိုင္က ခင္ဗ်ားကို ဒီကိုေခၚလာေပးဖို႔ ေျပာထားတာပါ"
အေစာင့္တပည့္က သူ႕ဓားပ်ံကိုစီးကာ အေဝးကိုျပန္ထြက္သြားေတာ့သည္။
႐ုန္ယိမွာ ခ်က္ခ်င္းဘဲ တစ္ခုခုေတာ့မွားေနၿပီလို႔ ခံစားလိုက္ရသည္။ ပိုင္ယြမ္ခ်န္ သူ႕ကိုေတြ႕ခ်င္တယ္ဆိုတာကလည္း အမွန္မဟုတ္ေလာက္ဘူးဟု သူထင္လိုက္မိသည္။
သူခန္းမပတ္ပတ္လည္ကို လိုက္ၾကည့္လိုက္ေပမဲ့ ေနရာႀကီးတစ္ခုလုံးတိတ္ဆိတ္ေနကာ ဘယ္သူမွလည္းမရွိေပ။
႐ုန္ယိ ေခၚၾကည့္လိုက္သည္။
"ဆရာတူအစ္ကိုႀကီး.. ခင္ဗ်ား ဒီမွာလား!"
ျပန္ေျဖသံမၾကားရတာေၾကာင့္ သူ႕စိတ္ထဲက မေကာင္းတဲ့ခံစားခ်က္က တျဖည္းျဖည္းနဲ႕ ပိုၿပီးႀကီးလာေလသည္။
သူ သူ႕ကိုယ္ေပၚမွာ ပ်ံသန္းျခင္းအင္းကြက္ေတြ အျမန္ကပ္လိုက္သည္။ သူထြက္သြားေတာ့မဲ့အခ်ိန္မွာ.႐ုတ္တရက္ တပည့္တစ္အုပ္က သူ႕ေရွ႕ကို ပ်ံသန္းေရာက္ရွိလာၾကေတာ့၏။
**********
21.2.2022