နံနက်ခင်းနေရောင်ခြည်က ခန်းဆီးအဖြူရောင်ကိုထိုးဖောက်ကာ သူတို့နှစ်ဦးထံသို့ကျဆင်းနေသည်။ ခွန်ပြည့်က လက်ထောက်၍ ချစ်ရသူ၏မျက်နှာကို ငေးစိုက်ကြည့်နေ၏။
ညက ခရီးပန်းလွန်းတာမို့ သူရော၊ လေပြေရော ညစာမစားဖြစ်ကြ။ ရေခဲသေတ္တာထဲတွင်ထည့်ထားသောမုန့်ဖြင့်ပင် ပြီးခဲ့ကြသည်။ မုန့်စားရင်းမျက်ခွံလေးတွေပိတ်ကျသွားတဲ့အထိရယ်လိုက်၊ စကားတွေတတိတိနဲ့ပြောလိုက်လုပ်နေတဲ့လေပြေကိုမြင်ရလေတော့ အစောကြီးကတည်းက လေပြေကိုသူနားလည်ပေးရမှာလို့တွေးရင်း နောင်တရမိသေးသည်။
တဖြည်းဖြည်းလူးလွန့်လာတဲ့ကိုယ်လေးကြောင့် သူ လေပြေ့ရဲ့နှာတံလေးကို အသာအယာဆွဲလိုက်၏..။ မျက်၀န်းပြာလေးတွေပွင့်လာပြီး လက်တွေနဲ့ပွတ်ဖို့ရွယ်နေတာမို့ လေပြေ့လက်တွေကို သူကဦးအောင်အရင်လှမ်းဖမ်းလိုက်ရင်း
"မျက်လုံးမပွတ်နဲ့ပြောလဲမရဘူးလားကွာ"
"မောင်က မျက်လုံးဖွင့်တာနဲ့ဆူတာဘဲ"
လေပြေက နှာခေါင်းလေးရှုံ့ရင်းပြောတော့ မောင်ကခပ်ဖွဖွပြုံးသော်လည်း လက်တွေကိုလွှတ်မပေးသေး။
"မောင်.. ဒီနေ့ငါတို့ဘယ်သွားကြမလဲဟင်"
"ဟင်. ဒီနေ့တော့မသွားနဲ့လေ. ဟိုတယ်မှာဘဲနှပ်နေလိုက်ဦး. လေပြေခရီးပန်းထားတယ်မလား"
"မနေ့ကနားပြီးပြီလေ မောင်ရ"
"မောင်တို့ကတစ်လလုံးနေမှာလေ လေပြေရ.. ဖြေးဖြေးပေါ့ ဟုတ်လား. နေရာစုံအောင် မောင်လိုက်ပို့မှာပေါ့။ ပြီးတော့ နောင်မောင်တို့အားရင်လဲ ခဏခဏလာကြမယ်လေ"
"တကယ်လား"
"ဒါပေါ့ မောင့်လေပြေလေးရ"
မောင်က အသည်းယားသလို လေပြေပါးလေးတွေကိုညှစ်ရင်းပြော၏. နဂိုကတည်းက အေးတဲ့ရာသီဥတုကိုကြိုက်၍ အအေးမိလွယ်သော လေပြေ့ပါးလေးတွေဟာ ရဲတက်လို့နေခဲ့လျက်။
"ငါတို့ မျှော်လင့်ခြင်းတောင်ကုန်းသွားမယ်နော် မောင်"
"အင်း"
"လွယ်မောင်းတောင်ရော"
"အင်း"
"ရေတံခွန်ရော"
"ဟုတ်ကဲ့ပါဗျာ.. အရှင်ဘုရင်လေးကို ကျွန်တော်မျိုး ပင်လောင်းမြို့ရဲ့တစ်နေရာမှမကျန်အောင် ဆောင်ကျဥ်းပေးပါ့မယ်ဗျ"
မောင်က အိပ်ရာပေါ်က လေပြေ့ရဲ့ဖတ်လက်စ စာအုပ်တစ်အုပ်ကိုကောက်ကိုင်ရင်းပြော၏. စာအုပ်က ဆရာချစ်ဦးညိုရဲ့လင်္ကာဒီပချစ်သူစာအုပ်မို့ မောင်ကနန်းတွင်းဟန်ဖြင့် စနောက်ကာပြောနေခြင်းသာ..။
"မောင် ဖတ်ပြရမလား"
မောင်က သူ့လက်မောင်းတွေထဲသိုင်းဖက်ခြင်းခံထားရသော လေပြေ့ဆံနွယ်တွေကို တစ်ချက်နမ်းရှိုက်ရင်းပြောလေသည်..ဒီလိုကျတော့လဲ ဟိုတယ်ထဲမှာအောင်းနေရတာလဲမဆိုးဟု လေပြေထင်လာသည်။
မောင်ပြောသလို ချစ်စ၊ခင်စဆို ကပ်နေရတာပါလားလို့တွေးရင်း အသံထွက်အောင်ပင် ရယ်မိလိုက်တော့ မောင်ကလေပြေ့ကိုငုံ့မိုးကြည့်ရင်း မျက်မှောင်ကျုံ့ကာ
"ဘာလဲ. ဘာလို့ရယ်တာလဲ"
"ဘာလဲ. ဘယ်မှာရယ်လို့လဲ"
လေပြေက ရယ်ချင်ပတ်ကျိမျက်နှာလေးနဲ့ မောင့်လိုပင်မျက်မှောင်လေးပြန်ကုပ်ပြကာ မောင့်လေသံအတိုင်း ဘုပြန်တောမိတော့
"မင်းရယ်တယ်လေ ခုဏက"
"အင်. မရယ်ပါဘူး"
"ရယ်ပါတယ်. လေပြေက မောင်စာဖတ်ပြမှာကို ရယ်ချင်နေတာမလား"
"အို. ငါက ဘာလို့ရယ်ရမှာလဲ"
မောင့်မျက်မှောင်လေးက ပိုတွန့်ချိုးသွား၏. လေပြေက စဥ်းစားရခက်သလို မောင့်ကိုကြည့်နေရင်းမှ. ၉တန်းတုန်းက မောင်မြန်မာစာကျတဲ့အကြောင်းကိုပြန်စဥ်စားမိသွားရသည်။
ဟုတ်ပေသား.. အဲ့တုန်းက ၉တန်းတစ်ကြောလုံးမှာ မောင်တစ်ယောက်သာ မြန်မာစာကျသည်မို့ မောင့်ကို ဆရာမကကောင်းချီးပေးကာဆူလေတော့ မဟုတ်မခံမောင့်ရဲ့ပြန်ခံပက်ပုံက သူ့ဘ၀မှာ စာကျက်.စာဖတ်ရမှာပျင်းလွန်းလို့ ကောင်မလေးတွေပေးတဲ့ရည်းစားစာတောင် မဖတ်ဖြစ်တာတွေရှိသတဲ့ဆိုဘဲ. မောင်ဟာ ဆရာမပါမကျန် အဲ့လိုပြန်ပက်တတ်တဲ့ လူဆိုးလေးပင်။
"အဟင်း. နေပါဦး. မောင်က ၉တန်းတုန်းက တကယ်ရည်းစားစာတွေအများကြီးရတာလား"
"တကယ်ပေါ့ကွာ. အင်း ဗီဒိုတစ်လုံးစာလောက်ရှိမှာပေါ့"
"မောင်က ဘ၀င်ရူး"
ခွန်ပြည့်က ကျောင်းတုန်းက လေပြေသူ့ကိုအဲ့လိုခေါ်ခဲ့တာကိုသတိရတာမို့ ပြုံးမိသွား၏.. ငယ်ချစ် အင်း. လေပြေဟာ သူ့ရဲ့အချစ်ဦး. ငယ်ချစ်ဘဲ။
လေပြေနဲ့အရင်ကအကြောင်းတွေကိုပြန်တွေးမိတိုင်း ကျောင်းစိမ်းတွေကိုယှဥ်လျက်ပြန်သတိရမိတဲ့ခံစားချက်ဟာ လွမ်းမောဖွယ်ရာ။ ဒါပေမယ့် လွမ်းမောစရာကောင်းတဲ့အချစ်ဦးလေးက သူ့ရင်ခွင်ထဲမှာမှီအိပ်ရင်း သူ့ကိုစကားတွေတတွတ်တွတ်ပြောနေကြောင်းကိုသတိပြန်ကပ်မိတော့ ချက်ချင်းနွေးထွေးသွားရသလို။
အချစ်ဦးတွေဟာ ဘယ်တော့မှမညားဘူးလို့ ဘယ်ပညာရှိကပြောခဲ့ပါလဲ..။
"အဲ့ဘ၀င်ရူးက မင်းယောင်္ကျားဖြစ်နေပြီလေ"
မောင်က စစ်ပွဲတစ်ရာတွင်အနိုင်ရတဲ့စစ်သူကြီးလို အောင်နိုင်စွာပြောတာမို့ လေပြေ့မျက်နှာလေးရှုံ့မဲ့သွားရ၏။ တဆတ်တည်းတွင်လဲ နွေးထွေးမှုက သူ့ရင်ကိုလွှမ်းခြုံသွားရသလို။ မောင့်ရဲ့ချစ်ခြင်းတွေနဲ့လွှမ်းခြုံနေတဲ့နေရာဟာ သူ့အတွက်တော့အနွေးထွေးဆုံးရပ်၀န်းတစ်ခုအမြဲဖြစ်နေဦးမည်သာ..။
...💜...
တစ်မနက်နဲ့နေ့ခင်းတစ်ခုလုံး လေပြေတို့နှစ်ယောက်လုံးဟိုတယ်ခန်းထဲမှာဘဲ အချိန်ကုန်ခဲ့ကြသည်. လုပ်စရာမယ်မယ်ရရဟူ၍မရှိတာမို့ တစ်နေ့ကုန်ကုတင်ပေါ်မှာ ဆော့လိုက်၊ ဖက်လိုက်၊ နမ်းလိုက်ဖြင့်သာ အချိန်ကုန်ခဲ့ကြ၏။
မောင်ကတော့ သူ့ရဲ့ဒီနေ့အလုပ်ကတော့ အရင်ကမနမ်းရှိုက်ခဲ့ရတဲ့လေပြေ့ပါးပြင်မို့မို့ကို အတိုးချနမ်းဖို့ လို့ ရယ်ကျဲကျဲဆို၏။ တကယ်လဲ တစ်နေ့ကုန် မောင့်ရဲ့နမ်းရှိုက်မှုကို အကြိမ်ရေတွက်၍မရအောင် လေပြေလက်ခံရရှိခဲ့ရသည်။
မောင်က စာအုပ်ဖတ်ပြဖို့စိတ်မပါတဲ့လူမို့ လေပြေကသာမောင့်ရဲ့ရင်ခွင်ထဲမှာ ခပ်ငြိမ်ငြိမ်မှေးရင်း စာဖတ်ပြရသည်။ မောင်က လေပြေ့ရဲ့စာကိုနားထောင်တာမဟုတ်ဘဲ အသံကိုဘဲနားထောင်မိတာလို့ စာအုပ်ဆုံးမှပြောလေတော့ လေပြေစိတ်ပျက်လက်ပျက်ရယ်မိသည်။
မောင်၀ယ်ပေးထားတဲ့မုန့်တွေကိုကုန်အောင်ပင်တမြေ့မြေ့ဝါးရင်း မနက်စာလဲမစားဖြစ်ကြ။ ညနေကျတော့မှ အောက်ဆင်းပြီး ငါးထမင်းနယ်နဲ့ဟင်းထုပ်စားဖြစ်ကြသည်။ မောင့်ရဲ့ဇာတိမြေကိုချစ်သောစိတ်လေပြေ့မှာအပြည့်ရှိသော်လည်း ရှမ်းအစားအစာထဲမှာ လေပြေကရှမ်းခေါက်ဆွဲတစ်မျိုးကိုသာ အမက်စက်ဆုံးဖြစ်ကြာင်း အောင့်သက်သက်နှင့် ကိုယ့်ဘာသာလက်ခံမိသည်။
အနီးစပ်ဆုံးမုန့်ဆိုင်တစ်ဆိုင်ထဲ၀င်ကာ မုန့်တွေ၀ယ်ယူလေတော့ လေပြေ့အကြိုက်စက္ကူအအေးဘူးလေးတွေက မပါမဖြစ်. မောင်ကတော့ Energy Drink. တခါတလေ လေပြေ့အတွက် တစ်ငုံလောက်သောက်ရင်တောင် ရင်တုန်ရသလိုဖြစ်တတ်တဲ့ အအေးတွေ၊ ကော်ဖီတွေကို မောင်ကနှစ်ဘူး၊ သုံးဘူးလောက်ဆင့်သောက်ပစ်တာမျိူးမြင်ရတော့ လေပြေအံ့သြတကြီးမေးမိသည်.. မောင်ကတော့ သူ့၀သီအတိုင်း သူက လေပြေ့ထက်အားရှိတာကိုးလို့ ၀င့်ကြွားစွာပြောတတ်မြဲသာ..။
အပြန်လမ်းမှာ တစ်ဖက်တစ်ချက်စီက သစ်ပင်စိမ်းစိမ်းကြီးတွေကိုငေးလိုက်၊ တစ်ထပ်တိုက်ပုလေးတွေကိုငေးလိုက်နဲ့ လေပြေ့မှာသဘောအကျကြီးကျနေမိရသလို။ ရိုးရှင်းပြီးအေးချမ်းလှတဲ့အိမ်လေးတွေမြင်တိုင်း မောင့်ကိုလက်ညိုးတထိုးထိုးဖြင့်ပြတိုင်း မောင်ကမျက်မှောင်လေးကျုံ့ရင်း လက်ညိုးမထိုးရဘူးလေ လို့ ခပ်ဆတ်ဆတ်လေးဆူတတ်သည်။ ကိုယ်ကပျော်ရွင်စွာဖြင့်ပြတာပေမဲ့ မောင်ကပိတ်ဆူလေတော့ လေပြေငြိမ်သက်သွားမိသည်။ အဲ့အိမ်လေးလှတယ် လို့များ မောင်ဟာဘာလို့အလိုက်သင့်လိုက်မပြောပေးနိုင်ရတာလဲ။
လှပလွန်းတဲ့သူတို့မြို့လေးရဲ့နေရာတစ်ခုချင်းစီကိုကြည့်၍ ပီတိဖြစ်နေရှာသူခွန်ပြည့်မှာတော့ လေပြေငြိမ်သက်သွားတာကို တော်တော်နဲ့သတိမထားမိ။ ဆုပ်ကိုင်ထားတဲ့လက်တွေကို တဖြည်းဖြည်းမသိမသာရုန်းကာ လွှတ်ထွက်သွားတော့မှ သတိထားမိကာကြည့်မိတော့ လေပြေ့မျက်နှာဖူးဖူးလေးက တည်လို့၊ တင်းလို့.။ ရုတ်တရက် လေပြေဘာဖြစ်သွားမှန်း ခွန်ပြည့်မစဥ်းစားမိ. လက်ကိုပြန်လှမ်းဆွဲတော့ လေပြေကရုန်းနေတာမို့.
"ဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ဘူး"
"ဘာမှမဖြစ်ရင် မောင့်ကိုလက်ပေးလေ"
"မောင်လက်တောင်းတိုင်း ငါကလက်ပေးရအောင် မောင့်အိမ်မွေးခွေးများမှတ်နေလား"
"အော်. မမှတ်ပါဘူးကွာ. ဒီတိုင်းလက်ကိုင်ထားမို့လေ"
"မကိုင်နဲ့"
လေပြေက ခပ်ရမ်းရမ်းလေးအော်ရင်း ထွက်သွားတော့ ခွန်ပြည့်ကနောက်ကအမှီလိုက်ရင်း
"ဘာဖြစ်သွားတာလဲ"
"ဘာမှမဖြစ်ဘူး"
ညနေခင်းမှာရိုက်ခတ်တဲ့လေငွေ့အေးအေးက လေပြေ့ပါးတွေကို နှင်းဆီရောင်လျှပ်ပြေးစေတာမို့ ခွန်ပြည့်အသည်းယားစွာကြည့်မိသည်. ဆူပုပ်နေတဲ့နှုတ်ခမ်းတွေဆီ အကြည့်ရောက်မိတော့ ကိုယ့်ခေါင်းကိုပင် ယောင်ယမ်းကာပြန်ကုတ်မိ၏။ လေပြေဘာကိုစိတ်ဆိုးသွားလဲ သူတကယ်စဥ်းစားမရ.။ ခုမှ တခြားယောင်္ကျားလေးတွေ ခံစားရတဲ့ ဘာကိုစိတ်ဆိုးလို့ ဘာကိုချော့ရမှန်းမသိဘဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်ရတဲ့အဖြစ်မျိုးကို နဖူးတွေ့၊ ဒူးတွေ့ကြုံရလေပြီ။
"စိတ်ဆိုးသွားတာလား"
"မဆိုးဘူး"
"အဲ့တာဆို မင်းနှုတ်ခမ်းကဘာလို့စူနေတာာလဲ"
လေပြေက သူ့နှုတ်ခမ်းသူပြန်ကိုက်လိုက်ရင်း
"မစူပါဘူး"
"စူပါတယ်. ဟော ခုလဲစူနေတာဘဲ ကြည့်ကြည့်. ကြက်တူရွေးကသာတွေ့ရင် လေပြေ့ကို မေကြီးရေဆိုလှမ်းခေါ်တော့မှာ"
"မောင်!!"
ခွန်ပြည့်ကနားအူသွားဟန်ဖြင့် သူ့နားသူလက်နဲ့ခပ်ဖွဖွထိုးပြရင်း
"အသံအောင်တယ်နော်. စူးစူးလေး. လေပြေက ကြက်တူရွေးနဲ့သာလိကာစပ်ကျထားတာနေမှာ. ဒါပေမဲ့ မောင်ကလူမှချစ်တာကွ"
"မောင်!!"
"ဗျာ. မောင်ဒီမှာလေ"
"ငါစိတ်ဆိုးနေတာနော်"
"ခုဏကမဆိုးဘူးဆို"
မောင်ဟာ မချော့တတ်တာလား. မချော့ချင်တာလားဘဲ.။ ချော့ရမယ့်အစား လေပြေ့ကိုမခံချင်အောင်စဖို့က အရေးကြီးနေသလိုမျက်နှာကမချိုမချဥ်. မောင့်ကိုဖြင့် မြင်ပြင်းကတ်မိလိုက်တာ။
လေပြေက မောင်ပြာကြလောက်မဲ့အထိ မောင့်ကိုနဂါးမျက်စောင်းဖြင့်စိုက်ကြည့်ပြီးမှ ရင်ဘတ်ကိုလက်နှစ်ဖက်နဲ့ခပ်ကြမ်းကြမ်းလှမ်းထုတော့ မောင်ကတဟားဟားနဲ့အော်ရယ်နေပြန်သည်။
"မုန်းဖို့ကောင်းတယ်"
"အဲ့တော့ မချစ်ဘူးလား လေပြေက"
ရန်ဖြစ်နေရင်တန်းလန်းနဲ့ပင် ထိုမေးခွန်းကို ထထမေးတတ်သည်... ထိုအခါမျိုးမှာ လေပြေဟာလဲ စိတ်ဆိုးနေရင်းတန်းလန်းကပင် ချစ်ကြောင်းပြန်ဖြေတတ်သည်။ ထို့နောက်တော့ အဆင်ပြေသွားပြန်လေတာမို့ မောင်ကဒီယုန်မြင်၍ ဒီခြုံထွင်နေခြင်းသာ..။ လေပြေက မဖြေချင်သလို မျက်နှာလွှဲရင်းရှေ့ကိုဆက်လျှောက်လိုက်တော့
"လေပြေ မောင်မေးနေတယ်လေ"
"ငါစိတ်ဆိုးနေတယ်လေ"
"စိတ်ဆိုးနေရင်တောင် ချစ်တယ်လို့ပြောရမယ်လို့ မောင်သင်ပေးထားတယ်လေ"
"မပြောနိုင်ဘူး. မောင်ရယ်"
လေပြေက ခပ်သုတ်သုတ်လေးရှေ့ကသွားတော့ ခွန်ပြည့်ကနောက်ကခြေလှမ်းကျဲကြီးများဖြင့်လိုက်၏.. သစ်ပင်ရိပ်နဲ့လက်ဖက်ခင်းတွေသာရှိတဲ့အရပ်မို့ လေပြေ့ကိုယ်လေးကိုဆွဲလှည့်ရင်း ခါးသိမ်သိမ်ကိုတင်းကြပ်အောင်ပွေ့ဖက်ရင်း
"ဟင် မောင်"
"အင်း.. အဲ့တော့ မောင့်ကိုပြော လေပြေကတိုက်ခန်းမှာနေချင်လား. ခြံ၀န်းနဲ့နေချင်လား"
လေပြေက မောင့်မျက်၀န်းညိုတွေကိုနားမလည်သလို တွေတွေလေးငေးစိုက်ကြည့်မိတော့ ခွန်ပြည့်ကလေပြေ့မျက်နှာလေးကိုပြုံးကာစူးစိုက်ကြည့်ရင်း
"ပြောလေ. ဘယ်လိုနေချင်တာလဲ. ဖြစ်နိုင်ရင် ဒီမှာဘဲဖြစ်ဖြစ်နေစေချင်ပေမယ့် မောင့်အလုပ်ကအဆင်မပြေဘူး. ဒါပေမဲ့ မောင်မကြာမကြာလိုက်ပို့မှာပါ"
လေပြေနှင့်မောင်ဟာ ခိုးပြေးစကတည်းကပင် ရန်ဖြစ်နေကြတာမို့ ရှေ့ရေးအတွက်တစ်ခါမျှမတိုင်ပင်ဖူးခဲ့ကြ.. ခု မောင်ကဆိုင်းမဆင့်ဘဲ လေပြေ့ကိုနေအိမ်ရွေးချယ်ခိုင်းလေတော့ မောင်နဲ့လေပြေဟာတကယ့်ကိုပေါင်းစည်းမိသွားကြပြီကို သတိရရင်း လေပြေ့ရင်ထဲကနှလုံးသားဟာ နွေးတေးတေး။ လေပြေ့ရဲ့မျက်တောင်ရှည်တွေက လိပ်ပြာတောင်ပံခတ်သလို တဖျက်ဖျက်ခတ်လို့နေလေပြီ။
"ဟေ့ အဲ့လောက်မျက်တာင်မခတ်နဲ့လေ.. မောင်မေးတာဖြေဦးလေ"
"အင်.. ခြံ၀န်း. ငါက ခြံ၀န်းကျယ်ကြီးမှာနေချင်တာ ဒါ.. ဒါပေမယ့် မောင်အဆင်ပြေမှပါ"
လေပြေက မောင့်ကိုနားလည်စွာဖြင့်ပင် ခေါင်းလေးခပ်ဖြည်းဖြည်းငြိမ့်ရင်းပြောလေတော့ ခွန်ပြည့်ကလေပြေ့မေးဖျားကို ဖျက်ခနဲပြန်ဆွဲမော့လိုက်ရင်း
"မောင့်ကိုကြည့်.. ခုရော၊ နောင်တစ်သက်လုံးအတွက်ရော လေပြေလိုချင်တာရှိတိုင်း မောင့်ကိုရဲရဲပြော. မောင်အကုန်ဖြည့်ဆည်းပေးမှာ. မောင့်ကိုယုံတယ်မလား"
"အင်း. ဒီလိုဆိုလေ"
"အင်း. ဘာလိုချင်လဲ"
"ငါ့ကို တစ်သက်လုံးအများကြီးချစ်ပေးနော်"
ခွန်ပြည့်က လေပြေ့ဘယ်ဘက်ပါးနုနုကို နစ်၀င်အောင်နမ်းရှိုက်လိုက်ရင်း
"ဒါကတော့ လေပြေမတောင်းလဲပြည့်မယ့်ဆုပါဗျာ"
တောတောင်တွေရဲ့စိမ်းစိုမှုကြားထဲ လေပြေ့ရယ်သံလွင်လွင်လေးစီးဆင်းသွားရသလို. ခွန်ပြည့်ရဲ့ပီတိစိတ်ကလဲ လွှမ်းခြုံသွားရ၏။ ခွန်ပြည့်ရဲ့ပျော်ရွှင်မှုဆိုသည်မှာ သူ့ကြောင့်နဲ့ဖြစ်တည်လာရတဲ့လေပြေ့မျက်နှာဖူးဖူးလေးပေါ်က အပြုံးများပင်ဖြစ်လေသည်။
...💜...
နောက်နေ့မှာ မောင်ကဘယ်ကယူလာမှန်းမသိသောဆိုင်ကယ်တစ်စီးနဲ့လေပြေ့ကို မျှော်လင့်ခြင်းတောင်ကုန်းသို့ပို့ရန်ပြင်လေသည်။ အနွေးထည်ခပ်ထူထူ၀တ်ထားပေမဲ့ အမြန်နှုန်းနဲ့သွားနေသောဆိုင်ကယ်နဲ့အမှီတိုက်ခတ်နေသောဆောင်းလေကလဲအရိုးထဲသို့ပင်ဆိမ့်၀င်အောင်ချမ်းစေတာမို့ မောင့်ခါးကိုတင်းတင်းဖက်ကာ မောင့်ကျောပြင်ပေါ်ပါးပြင်အပ်ထားရင်း လမ်းတလျှောက်အကြည့်လွှဲဖို့ရာပင်နှမြောစရာကောင်းလှတဲ့ရူခင်းတွေကို ကြည်နူးစွာကြည့်လာမိသည်။
မောင်တို့ရဲ့မြို့လေးကို လူတွေကနတ်ဖွက်ထားတဲ့မြို့လေးရယ်လို့ တင်စားကြတာလဲမလွန်လှပေ။ မျက်စိတဆုံးစိမ်းစိုနေတဲ့တောင်တန်းတွေ၊ စိုက်ခင်းစိမ်းစိမ်းတွေ၊ ညိုမှိုင်းသယောင်ယောင်နဲ့ပြာလွင်နေတတ်တဲ့ကောင်းကင်နဲ့ အရာရာဟာ ကမ္ဘာလောကဘုံမှာလာဖြစ်တည်နေတဲ့နိဗ္ဗာန်ဘုံအလား။
ဘုရားသခင်က မောင့်ကို လေပြေ့အတွက်ဖန်ဆင်းပေးခဲ့တာဆို ပင်လောင်းကို သဘာ၀အလှတရားတွေကိုမြတ်နိုးလှပါတယ်ဆိုတဲ့လူတွေအတွက် ဖန်တီးပေးခဲ့တာဖြစ်ရမည်။ လူသားပီပီ အတ္တစိတ်လေးသဲ့သဲ့နဲ့ပြောရလျှင် ပင်လောင်းဟာ မောင့်မွေးဖွားရာအရပ်မို့ လေပြေ့နှစ်သက်မှုတွေပေါင်းဆုံရာပင်။
"လေပြေ မုန့်စားဦးမလား"
"ဟင်"
"မုန့်၀င်၀ယ်ဦးမလားလို့.. ဟိုရှေ့မှာမုန့်ဆိုင်"
"အင်း. အင်း"
လေသံနဲ့မို့ကောင်းစွာမကြားရ..မောင်က ထပ်အော်ပြောခါမှပင် လေပြေကြားရတော့သည်။ ဆိုင်ရှေ့မှာဘီးရပ်ပြီး လေပြေမုန့်၀င်၀ယ်နေချိန် ခွန်ပြည့်ကဆေးလိပ်ကို အမြန်ဖွာရှိုက်နေမိသည်။
ဘောလုံးဝါသနာပါသူမို့ မသောက်ဖို့ နည်းပြကဆုံးမတာမို့ သူဖြတ်ခဲ့ပေမယ့် လေပြေနဲ့ပြဿနာတတ်ပြီးနောက်မှာ သူပြန်သောက်ဖြစ်ခဲ့သည်။ သူက မကောင်းတာထဲမှာလုပ်ဖို့အစွဲလမ်းဆုံးက မိန်းမပြီးရင် ဆေးလိပ်ဖြစ်သည်ဟု သူ့ကိုယ်သူသတ်မှတ်ခဲ့သည်။ သို့သော် ခုမှသူသိတာက သူ့အတွက်မကောင်းတာကိုဖြတ်ရအခက်ဆုံးက လေပြေ့ကိုချစ်မိတာ. ပိုင်ဆိုတဲ့ကောင်နဲ့.. ဆေးလိပ်ငွေ့ကို ခပ်ပြင်းပြင်းမှုတ်ထုတ်ပြီး အတွေးကိုဖြတ်တောက်လိုက်သည်။
ဒီအကြောင်းတွေကို ပြန်မတွေးဖို့သူဆုံးဖြတ်ပြီးသား.. လေပြေ့ကိုချစ်တဲ့အတွက်ရော၊ သူ့ရဲ့အမှားတွေအတွက်ရောပေါ့။
မုန့်ဆိုင်ထဲအလုပ်ရှုပ်နေတုန်းဖြစ်တဲ့ကောင်လေးကိုကြည့်ရင်း အားတင်းပြုံးလိုက်မိသည်. လောကမှာ လေပြေစျေး၀ယ်အကြာဆုံးနေရာက မုန့်ဆိုင်နဲ့စာအုပ်ဆိုင်သာ။
လေပြေ့မွေးနေ့တွေဆို စာအုပ်ဆိုဝေးဝေးရှောင်တတ်တဲ့သူဟာ စာအုပ်ဆိုင်ကိုတည့်တည့်မတ်မတ်လျှောက်သွားရမြဲ. ဒါပေမဲ့ခက်ခက်ခဲခဲတော့မဟုတ်လှ။ စာအုပ်ဆိုင်က Top Tenစာရင်းထဲက လေးငါးအုပ်ကောက်ဆွဲမိရုံ.. တခါတရံ လေပြေ၀ယ်ပြီးသားစာအုပ်နဲ့တိုးတဲ့အခါတော့ လေပြေ့ရဲ့ပူညံပူညံစကားကိုနားထောင်ပေတော့။
ငါဟိုတနေ့က ဒီစာအုပ်၀ယ်ခဲ့တယ်လို့မောင့်ကိုမပြောဖူးလား.. မောင်ကငါ့စကားဆိုအလေးမှမထားဘဲ. ငါဘာပြောပြောမောင်က ၀တ်ကျေတန်းကျေခေါင်းချည်းငြိမ့်ပြနေတာကိုး.စသဖြင့်၊ စသဖြင့်ပေါ့။
လေပြေက ပုံမှန်ဆိုစကားများလှတယ်မထင်ရပေမဲ့ သူနဲ့တွေ့ပြီဆို မတွေ့ရတုန်းကမပြောခဲ့ရသမျှစကားတွေကို အတိုးချပြောပြတတ်သူမျိုး. အလေးမထားတာမျိုးမဟုတ်ပေမဲ့ သူကလဲညဏ်ကြီးရှင်မဟုတ်လေတော့ အကုန်မမှတ်မိနိုင်။
တခါတရံတော့လဲ မျက်၀န်းပြာပြာကိုငေးလိုက်. နှုတ်ခမ်းနီဆွေးဆွေးရဲ့ညို့ဓာတ်ကိုမလွန်ဆန်နိုင်တာရယ်နဲ့ ဘာအကြောင်းအရာကိုပြောနေမှန်းတောင်အရေးမစိုက်နိုင်တော့တာမျိုးလေးရှိတတ်ပြန်လေတော့...သူ့အမှားပါဘဲလေ။
ရုတ်တရက်သူ့နားသို့ဆိုက်ရောက်လာတဲ့ကားတစ်စီး. သွားနေရင်းမှ ထိုးရပ်လိုက်တာမို့ သူဆေးလိပ်ဖွာနေရင်း တစ်ချက်လှမ်းကြည့်မိလေတော့..
"ခွန်ပြည့်"
"ဒေါ်လေး"
ဒေါ်လေးက အလောတကြီးပင်ကားပေါ်ကဆင်းလာရန်ပြင်နေတုန်း.. လေပြေက ဆိုင်ထဲကထွက်လာတာမို့ လေပြေ့ကိုလှမ်းကြည့်သည်။ ဒေါ်လေးရဲ့မျက်လုံးကျဥ်းတွေက ခပ်စိမ်းစိမ်း. အမေဟာ ဒေါ်လေးဆီသတင်းပို့ပြီးလောက်ရောပေါ့။
"အဟင်း. အဒေါ်မဆင်းတော့ဘူးခွန်ပြည့်. မင်းအိမ်လာခဲ့ပါ။ မင်းအဖွား မင်းကိုသိပ်တွေ့ချင်နေတယ်. မင်းမလာရင် သူမင်းဆီလိုက်လာလိမ့်မယ် ခွန်ပြည့်. ငါသွားမယ်"
လေပြေက ခွန်ပြည့်အနားရောက်လာချိန်မှာတော့ ကားလေးကခွန်ပြည့်အနားကခပ်ပြင်းပြင်းထွက်ခွာသွားလေပြီ. လေပြေက နားမလည်သလိုကြည့်ရင်းမှ
"မောင့်အသိလားဟင်"
"အော်. အဲ့လိုပြောရမလားမသိဘူး. နေပါဦး ဘာတွေ၀ယ်လာတာတုန်း. အအေး၀ယ်ပြန်တာလား ဒီလောက်အေးနေတာကိုကွာ"
ခွန်ပြည့်က ဟန်မပျက်ပြုံးရင်းမှ အာရုံလွှဲစကားဆိုမိသည်. ဒေါလေးကတောင် ဒီလောက်ဖြစ်နေရင်. ဖွား.. မဖြစ်တော့။ လေပြေ့ကို ဖွားနဲ့ပေးမတွေ့နိုင်. တောက်ပလှတဲ့အဖွားရဲ့မျက်လုံးကျဥ်းတွေထဲက အထင်သေးမှုအရိပ်ယောင်တွေကို လေပြေ့ကိုယောင်လို့ပင်ပေးမတွေ့နိုင်။ သူသွားမတွေ့လျှင်လဲ တချိန်ချိန်တော့ သူ့စီသို့စိတ်မြန်လွန်းသောဖွားကလိုက်လာမှာမလွဲမသွေပင်. ရန်ကုန်သို့သာ အမြန်ပြန်ရုံမှအပအခြားမရှိတော့။
"မောင့်!!"
"ဗျာ. ဗျာ အသံအရမ်းစူးတယ်နော်. သောက် သောက် ဒီအခြေအနေနဲ့ဆို ပြန်မဖျားလောက်တော့ဘူး ကြိုက်တာသာသောက်ဗျာ. ဟုတ်ပြီလား"
မောင်က နားအေးရောပြီးပြောကာ လေပြေ့လက်ထဲကမုန့်ထုတ်ကို ဆိုင်ကယ်ခြင်းထဲထည့်ကာ ထွက်ခွာဖို့ပြင်လေပြီ. မောင့်ခါးကိုဖက်ထားတဲ့လေပြေ့အတွေးတွေက မောင့်ဆီမှာရှိမနေ. ခုဏက ကားပေါ်က အန်တီကဘယ်သူလဲ. သူ့ကိုလှမ်းကြည့်လိုက်ပုံက အေးစက်လို့နေသည်. မောင်နဲ့စကားပြောနေခဲ့ကြသည်မှာအသေအချာ။
"ဘာတွေတွေးနေတာလဲ"
"ဟင်"
"စကားပြောဦးလေ. လျှောက်တွေးမနေနဲ့. လေပြေ့ကစကားများနေမှ ချစ်ဖို့ပိုကောင်းတာ"
"ငါဘယ်မှာစကားများလို့လဲ"
"အဟား.. များတာပေါ့. များတာမှ သာလိကာတောင်အရှုံးပေးရသေး"
"အင်း. စကားလဲများတယ်. လက်လဲပါတတ်သေးတယ်"
လေပြေက မောင့်နားရွက်တစ်ဖက်ကိုလှမ်းဆွဲလိုက်တော့ မောင်ကသဘောကျစွာအော်ရယ်နေပြန်ပါသည်။
ထို့နောက်တော့ ဆိုင်ကယ်လေးက သစ်ပင်တစ်ပင်တည်းအထီးကျန်စွာတည်ရှိနေသောတောင်ကုန်းလေးရှိရာသို့ ဆိုက်မြိုက်စွာပင်။
ဤအရပ်တွင် လေးမျက်နှာလုံးလှေကားထစ်စိုက်ပျိုးခင်းတွေ၊ တောင်တန်းစိမ်းတွေနဲ့ ၀န်းရံလို့နေသည်။
သစ်ပင်ဘေးရှိခုံတန်းလေးမှာထိုင်ရင်း မရိုးနိုင်သောရူခင်းတွေကို ငေးမောနေမိတုန်း..
"ကျွန်တော်တို့ကို ဓာတ်ပုံရိုက်ပေးလို့ရမလားဗျာ"
"မောင်ကလဲ"
မောင်ဟာ ဒီလိုဘဲသူထင်ရာလုပ်တတ်သည်. ယခုလဲ အနီးရှိကောင်လေးတစ်ယောက်ထံ ဖုန်းထိုးပေးကာ လေပြေ့အနီးပြန်ပြေးလာရင်း လေပြေ့ပုခုံးကိုဖွဖွဖက်၏။ ထို့နောက် လေပြေ့ဘက်လှည့်ရင်း အသာပြုံးရင်းမှ
"ပြုံးလေ. ကလေးရ"
လေပြေ့မပြုံးမိ. မောင်ရဲ့မထင်ရင်မထင်သလို ခေါ်တတ်တဲ့ကလေးဆိုတဲ့အသံငြိမ့်ငြိမ့်က လေပြေ့ရင်ကိုမငြိမ်မသက်ဖြစ်အောင် ခုချိန်ထိတတ်စွမ်းနေတုန်းပါဘဲ။ ပုံထွက်လာတော့ မောင်ကမကျေနပ်သလိုမျက်မှောင်လေးကုတ်သွားရင်းမှ
"ပြုံးပါဆိုကွာ. မောင့်စကားဆို လေပြေကဘယ်တော့မှအသာတကြည်နားမထောင်ဘူး"
လေပြေရှက်ကိုးရှက်ကန်းသာပြုံးမိသည်။ မောင်ပြောလဲပြောချင်စရာ. ထွက်လာတဲ့ပုံသုံးပုံမှာ လေပြေဟာမောင့်ကိုမျက်လုံးပြူးလေးနဲ့ကြည့်နေတာကနှစ်ပုံ. ကင်မရာကိုကြည့်ကာ တောင့်တောင့်လေးဖြစ်နေပုံက တစ်ပုံဖြစ်နေလေတော့။
"နောက်ဆို မောင့်စကားနားထောင်နော် ကြားလား မောင်က လေပြေ့အိမ်ထောင်ဦးစီးဖြစ်နေပြီလေ အဲ့တော့ လေပြေ့မှာက မောင့်စကားနားထောင်ဖို့တာ၀န်ရှိနေပြီ သိလား. "
"အင်း"
"မောင်တို့မနက်ဖြန်ရန်ကုန်ပြန်ကြမယ်နော်"
"ဟင်. ဘာလို့လဲ မပြန်ချင်သေးပါဘူး"
"ကဲ ခုဘဲမောင့်စကားနားထောင်မယ်ဆို"
"မောင်ပြောတော့ တစ်လနေမှာဆို"
"ခုနေလို့မဖြစ်တော့လို့လေကွာ. နော် မောင်တို့ပြန်ကြမယ်"
"ဟင့်အင်း. ဘာလို့လဲ မောင့်အလုပ်ကပြန်ခေါ်နေလို့လား"
"အာ. အင်း ဟုတ်တယ်. မောင့်ကိုပြန်ခေါ်နေလို့"
မောင်က ခေါင်းလေးပါခပ်သွက်သွက်ငြိမ့်ပြ၏. မောင့်မျက်နှာကိုအရိပ်လိုဖတ်တတ်တဲ့လေပြေဟာ မောင်လိမ်နေမှန်းအတတ်သိသော်လည်း အမိမဖမ်းချင်တော့။ မောင့်မှာအကြောင်းရှိလို့ဖြစ်မယ်. မောင်နဲ့သူဟာ တစ်ကမ္ဘာတည်ခဲ့ကြပြီမို့ မောင့်စကားကိုသူအတတ်နိုင်ဆုံးလိုက်နာပေးချင်သည်.သို့သော်..။
"အင်းပါ. ဒါဆိုလဲပြန်ကြတာပေါ့ ဒါပေမယ့် ငါ့ကိုနမ့်မွန်ရေတံခွန်တော့ပို့ပေးခဲ့နော် မောင်"
ခွန်ပြည့်က ကိုယ့်ခေါင်းကိုသာ သာသာကုတ်မိသည်. ဒီလောက်ရေကြိုက်တဲ့ကောင်လေးကို ရန်ကုန်ရောက်ရင် ရေချိုးခန်းထဲကပေးမထွက်တော့ဘူးလို့ ညစ်ကျယ်ကျယ်တွေးမိရင်း သက်ပြင်းသာချမိသည်။
"နော်. မောင်"
"ဟူးးး...အေးကွာ လိုက်ပို့မယ်ဟုတ်ပြီလား"
"ဟေး. အဲ့တာကြောင့် မောင့်ကိုချစ်တာ"
"ဟုတ်လား. ချစ်တာလား မောင့်ကို"
"အို. ချစ်တာပေါ့. ငါ့ဘ၀မှာ မောင့်ကိုအချစ်ဆုံးဘဲ"
လေပြေက မောင့်ပုခုံးပေါ်မေးတင်ရင်း ဆူပုပ်ပုပ်လေးပြောနေပြန်တာမို့ ခွန်ပြည့်မှာအသည်းတယားယား. လေပြေဟာ ခွန်ပြည့်ကိုဘယ်လိုပြုစားရမလဲ ကောင်းကောင်းသိသူဖြစ်သည်။
"အဲ့စကား လေပြေ့အမေသာကြားရင် သွေးတတ်တော့မှာဘဲ"
"အင်"
"ဘာလဲ မတွေဝေနဲ့နော်. ခုကစပြီး မောင့်ကိုဘဲပိုချစ်ရမှာ. လေပြေ့ဘ၀မှာ မောင့်ကိုဘဲချစ်ရတော့မှာ"
"မောင်ကျတော့ရော"
"အဟား. မောင်ကတော့ ကျိန်းသေပေါက်မောင့်ရဲ့ခွေးပေါက်လေးကိုအချစ်ဆုံးပေါ့"
"မောင့်!!"
"ဗျ. မောင်ရှိတယ်လေ. ဘာလိုချင်လို့လဲ. မောင်ဘာလုပ်ပေးရမလဲ"
"ငါခွေးပေါက်လေးမဟုတ်ဘူး"
"ဟုတ်ပါတယ်. မှန်းစမ်း မောင့်ရဲ့ခွေးပေါက်လေးပါကွာ. ဒီနဖူးလေးရော. ဒီပါးမို့မို့လေးနှစ်ဖက်ရော. ဟော ဒီစူပုပ်နေတဲ့နှုတ်သီးလေးရော"
မောင်က ပါးစပ်ကလဲပြော. လက်ကလဲပါးနှစ်ဖက်ကိုညှပ်ကိုင်ကာ မျက်နှာအနှံ့တရှုံ့ရှုံ့နမ်းတာမို့ ဘေးလူတချို့ကပင်လှမ်းကြည့်နေကြလေပြီ။ လေပြေက အတင်းရုန်းရင်းမှ
"ဖယ်စမ်းပါ. မောင်မရှက်ဘူးလား"
"အော်. ကိုယ့်ကောင်လေးကိုနမ်းတာဘယ်သူရှက်ရမှာလား ပြီးတော့ ခုဆိုကိုယ့်မိန်းမဘဲဟာကို"
"မောင်က အရမ်းကိုအမြင်ကတ်ဖို့ကောင်းတာ"
"ဟုတ်လား. ဒါဆို နောက်ပိုပြီးအမြင်ကတ်ရတော့မှာဘဲ. မောင်က အများကြီးနမ်းမှာမို့လေ"
မောင်က ရယ်ကျဲကျဲပြောရင်းမှ လေပြေ့ဆံလုံးဖွဖွလေးကို ငုံ့မိုးနမ်းရှိုက်ရင်း ရင်ခွင်ထဲမြုပ်သည်အထိ ဆွဲဖက်ထားလိုက်လေသည်။
အဆုံးမရှိတဲ့ကောင်းကင်ပြာမှာ ၀င်လုစနေမင်းဟာ လောကအနှံ့ရောင်နီများကိုထုတ်လွှင့်နေလေပြီ။
သစ်ပင်ကြီးတစ်ပင်အနီးကခုံတန်းလေးပေါ်မှာ နွေးထွေးမှုအတိနဲ့မောင့်ရင်ခွင်ကြားက လေပြေဟာ မောင့်မျက်နှာချောချောကိုခိုးကြည့်ကာ နှစ်ခြိုက်စွာပြုံးနေခဲ့မိသည်။
ဒီအမျိုးသားက ငါ့ပိုင်ဆိုင်ရာ. မောင့််ကိုပိုင်ရခြင်းဟာ သူ့အတွက်ကမ္ဘာသစ်တစ်ခုကိုပိုင်ဆိုင်ခွင့်ရခဲ့ခြင်းသာ. ဖြစ်နိုင်မယ်ဆို မောင့်ရင်ခွင်နွေးနွေးမှာ ရှင်သန်မှုပျက်သုဥ်းသွားသည်အထိ ခိုနားခွင့်ပေးပါတော့လား ကံတရားရယ်..။
#Unicode
နံနက္ခင္းေနေရာင္ျခည္က ခန္းဆီးအျဖဴေရာင္ကိုထိုးေဖာက္ကာ သူတို႔ႏွစ္ဦးထံသို႔က်ဆင္းေနသည္။ ခြန္ျပည့္က လက္ေထာက္၍ ခ်စ္ရသူ၏မ်က္ႏွာကို ေငးစိုက္ၾကည့္ေန၏။
ညက ခရီးပန္းလြန္းတာမို႔ သူေရာ၊ ေလေျပေရာ ညစာမစားျဖစ္ၾက။ ေရခဲေသတၱာထဲတြင္ထည့္ထားေသာမုန္႔ျဖင့္ပင္ ၿပီးခဲ့ၾကသည္။ မုန္႔စားရင္းမ်က္ခြံေလးေတြပိတ္က်သြားတဲ့အထိရယ္လိုက္၊ စကားေတြတတိတိနဲ႔ေျပာလိုက္လုပ္ေနတဲ့ေလေျပကိုျမင္ရေလေတာ့ အေစာႀကီးကတည္းက ေလေျပကိုသူနားလည္ေပးရမွာလို႔ေတြးရင္း ေနာင္တရမိေသးသည္။
တျဖည္းျဖည္းလူးလြန္႔လာတဲ့ကိုယ္ေလးေၾကာင့္ သူ ေလေျပ့ရဲ႕ႏွာတံေလးကို အသာအယာဆြဲလိုက္၏..။ မ်က္၀န္းျပာေလးေတြပြင့္လာၿပီး လက္ေတြနဲ႔ပြတ္ဖို႔႐ြယ္ေနတာမို႔ ေလေျပ့လက္ေတြကို သူကဦးေအာင္အရင္လွမ္းဖမ္းလိုက္ရင္း
"မ်က္လုံးမပြတ္နဲ႔ေျပာလဲမရဘူးလားကြာ"
"ေမာင္က မ်က္လုံးဖြင့္တာနဲ႔ဆူတာဘဲ"
ေလေျပက ႏွာေခါင္းေလး႐ႈံ႕ရင္းေျပာေတာ့ ေမာင္ကခပ္ဖြဖြျပဳံးေသာ္လည္း လက္ေတြကိုလႊတ္မေပးေသး။
"ေမာင္.. ဒီေန႔ငါတို႔ဘယ္သြားၾကမလဲဟင္"
"ဟင္. ဒီေန႔ေတာ့မသြားနဲ႔ေလ. ဟိုတယ္မွာဘဲႏွပ္ေနလိုက္ဦး. ေလေျပခရီးပန္းထားတယ္မလား"
"မေန႔ကနားၿပီးၿပီေလ ေမာင္ရ"
"ေမာင္တို႔ကတစ္လလုံးေနမွာေလ ေလေျပရ.. ေျဖးေျဖးေပါ့ ဟုတ္လား. ေနရာစုံေအာင္ ေမာင္လိုက္ပို႔မွာေပါ့။ ၿပီးေတာ့ ေနာင္ေမာင္တို႔အားရင္လဲ ခဏခဏလာၾကမယ္ေလ"
"တကယ္လား"
"ဒါေပါ့ ေမာင့္ေလေျပေလးရ"
ေမာင္က အသည္းယားသလို ေလေျပပါးေလးေတြကိုညႇစ္ရင္းေျပာ၏. နဂိုကတည္းက ေအးတဲ့ရာသီဥတုကိုႀကိဳက္၍ အေအးမိလြယ္ေသာ ေလေျပ့ပါးေလးေတြဟာ ရဲတက္လို႔ေနခဲ့လ်က္။
"ငါတို႔ ေမွ်ာ္လင့္ျခင္းေတာင္ကုန္းသြားမယ္ေနာ္ ေမာင္"
"အင္း"
"လြယ္ေမာင္းေတာင္ေရာ"
"အင္း"
"ေရတံခြန္ေရာ"
"ဟုတ္ကဲ့ပါဗ်ာ.. အ႐ွင္ဘုရင္ေလးကို ကြၽန္ေတာ္မ်ိဳး ပင္ေလာင္းၿမိဳ႕ရဲ႕တစ္ေနရာမွမက်န္ေအာင္ ေဆာင္က်ဥ္းေပးပါ့မယ္ဗ်"
ေမာင္က အိပ္ရာေပၚက ေလေျပ့ရဲ႕ဖတ္လက္စ စာအုပ္တစ္အုပ္ကိုေကာက္ကိုင္ရင္းေျပာ၏. စာအုပ္က ဆရာခ်စ္ဦးညိဳရဲ႕လကၤာဒီပခ်စ္သူစာအုပ္မို႔ ေမာင္ကနန္းတြင္းဟန္ျဖင့္ စေနာက္ကာေျပာေနျခင္းသာ..။
"ေမာင္ ဖတ္ျပရမလား"
ေမာင္က သူ႕လက္ေမာင္းေတြထဲသိုင္းဖက္ျခင္းခံထားရေသာ ေလေျပ့ဆံႏြယ္ေတြကို တစ္ခ်က္နမ္း႐ိႈက္ရင္းေျပာေလသည္..ဒီလိုက်ေတာ့လဲ ဟိုတယ္ထဲမွာေအာင္းေနရတာလဲမဆိုးဟု ေလေျပထင္လာသည္။
ေမာင္ေျပာသလို ခ်စ္စ၊ခင္စဆို ကပ္ေနရတာပါလားလို႔ေတြးရင္း အသံထြက္ေအာင္ပင္ ရယ္မိလိုက္ေတာ့ ေမာင္ကေလေျပ့ကိုငုံ႔မိုးၾကည့္ရင္း မ်က္ေမွာင္က်ံဳ႕ကာ
"ဘာလဲ. ဘာလို႔ရယ္တာလဲ"
"ဘာလဲ. ဘယ္မွာရယ္လို႔လဲ"
ေလေျပက ရယ္ခ်င္ပတ္က်ိမ်က္ႏွာေလးနဲ႔ ေမာင့္လိုပင္မ်က္ေမွာင္ေလးျပန္ကုပ္ျပကာ ေမာင့္ေလသံအတိုင္း ဘုျပန္ေတာမိေတာ့
"မင္းရယ္တယ္ေလ ခုဏက"
"အင္. မရယ္ပါဘူး"
"ရယ္ပါတယ္. ေလေျပက ေမာင္စာဖတ္ျပမွာကို ရယ္ခ်င္ေနတာမလား"
"အို. ငါက ဘာလို႔ရယ္ရမွာလဲ"
ေမာင့္မ်က္ေမွာင္ေလးက ပိုတြန္႔ခ်ိဳးသြား၏. ေလေျပက စဥ္းစားရခက္သလို ေမာင့္ကိုၾကည့္ေနရင္းမွ. ၉တန္းတုန္းက ေမာင္ျမန္မာစာက်တဲ့အေၾကာင္းကိုျပန္စဥ္စားမိသြားရသည္။
ဟုတ္ေပသား.. အဲ့တုန္းက ၉တန္းတစ္ေၾကာလုံးမွာ ေမာင္တစ္ေယာက္သာ ျမန္မာစာက်သည္မို႔ ေမာင့္ကို ဆရာမကေကာင္းခ်ီးေပးကာဆူေလေတာ့ မဟုတ္မခံေမာင့္ရဲ႕ျပန္ခံပက္ပုံက သူ႕ဘ၀မွာ စာက်က္.စာဖတ္ရမွာပ်င္းလြန္းလို႔ ေကာင္မေလးေတြေပးတဲ့ရည္းစားစာေတာင္ မဖတ္ျဖစ္တာေတြ႐ွိသတဲ့ဆိုဘဲ. ေမာင္ဟာ ဆရာမပါမက်န္ အဲ့လိုျပန္ပက္တတ္တဲ့ လူဆိုးေလးပင္။
"အဟင္း. ေနပါဦး. ေမာင္က ၉တန္းတုန္းက တကယ္ရည္းစားစာေတြအမ်ားႀကီးရတာလား"
"တကယ္ေပါ့ကြာ. အင္း ဗီဒိုတစ္လုံးစာေလာက္႐ွိမွာေပါ့"
"ေမာင္က ဘ၀င္႐ူး"
ခြန္ျပည့္က ေက်ာင္းတုန္းက ေလေျပသူ႕ကိုအဲ့လိုေခၚခဲ့တာကိုသတိရတာမို႔ ျပဳံးမိသြား၏.. ငယ္ခ်စ္ အင္း. ေလေျပဟာ သူ႕ရဲ႕အခ်စ္ဦး. ငယ္ခ်စ္ဘဲ။
ေလေျပနဲ႔အရင္ကအေၾကာင္းေတြကိုျပန္ေတြးမိတိုင္း ေက်ာင္းစိမ္းေတြကိုယွဥ္လ်က္ျပန္သတိရမိတဲ့ခံစားခ်က္ဟာ လြမ္းေမာဖြယ္ရာ။ ဒါေပမယ့္ လြမ္းေမာစရာေကာင္းတဲ့အခ်စ္ဦးေလးက သူ႕ရင္ခြင္ထဲမွာမွီအိပ္ရင္း သူ႕ကိုစကားေတြတတြတ္တြတ္ေျပာေနေၾကာင္းကိုသတိျပန္ကပ္မိေတာ့ ခ်က္ခ်င္းေႏြးေထြးသြားရသလို။
အခ်စ္ဦးေတြဟာ ဘယ္ေတာ့မွမညားဘူးလို႔ ဘယ္ပညာ႐ွိကေျပာခဲ့ပါလဲ..။
"အဲ့ဘ၀င္႐ူးက မင္းေယာက်ၤားျဖစ္ေနၿပီေလ"
ေမာင္က စစ္ပြဲတစ္ရာတြင္အႏိုင္ရတဲ့စစ္သူႀကီးလို ေအာင္ႏိုင္စြာေျပာတာမို႔ ေလေျပ့မ်က္ႏွာေလး႐ႈံ႕မဲ့သြားရ၏။ တဆတ္တည္းတြင္လဲ ေႏြးေထြးမႈက သူ႕ရင္ကိုလႊမ္းျခဳံသြားရသလို။ ေမာင့္ရဲ႕ခ်စ္ျခင္းေတြနဲ႔လႊမ္းျခဳံေနတဲ့ေနရာဟာ သူ႕အတြက္ေတာ့အေႏြးေထြးဆုံးရပ္၀န္းတစ္ခုအၿမဲျဖစ္ေနဦးမည္သာ..။
...💜...
တစ္မနက္နဲ႔ေန႔ခင္းတစ္ခုလုံး ေလေျပတို႔ႏွစ္ေယာက္လုံးဟိုတယ္ခန္းထဲမွာဘဲ အခ်ိန္ကုန္ခဲ့ၾကသည္. လုပ္စရာမယ္မယ္ရရဟူ၍မ႐ွိတာမို႔ တစ္ေန႔ကုန္ကုတင္ေပၚမွာ ေဆာ့လိုက္၊ ဖက္လိုက္၊ နမ္းလိုက္ျဖင့္သာ အခ်ိန္ကုန္ခဲ့ၾက၏။
ေမာင္ကေတာ့ သူ႕ရဲ႕ဒီေန႔အလုပ္ကေတာ့ အရင္ကမနမ္း႐ိႈက္ခဲ့ရတဲ့ေလေျပ့ပါးျပင္မို႔မို႔ကို အတိုးခ်နမ္းဖို႔ လို႔ ရယ္က်ဲက်ဲဆို၏။ တကယ္လဲ တစ္ေန႔ကုန္ ေမာင့္ရဲ႕နမ္း႐ိႈက္မႈကို အႀကိမ္ေရတြက္၍မရေအာင္ ေလေျပလက္ခံရ႐ွိခဲ့ရသည္။
ေမာင္က စာအုပ္ဖတ္ျပဖို႔စိတ္မပါတဲ့လူမို႔ ေလေျပကသာေမာင့္ရဲ႕ရင္ခြင္ထဲမွာ ခပ္ၿငိမ္ၿငိမ္ေမွးရင္း စာဖတ္ျပရသည္။ ေမာင္က ေလေျပ့ရဲ႕စာကိုနားေထာင္တာမဟုတ္ဘဲ အသံကိုဘဲနားေထာင္မိတာလို႔ စာအုပ္ဆုံးမွေျပာေလေတာ့ ေလေျပစိတ္ပ်က္လက္ပ်က္ရယ္မိသည္။
ေမာင္၀ယ္ေပးထားတဲ့မုန္႔ေတြကိုကုန္ေအာင္ပင္တေျမ့ေျမ့ဝါးရင္း မနက္စာလဲမစားျဖစ္ၾက။ ညေနက်ေတာ့မွ ေအာက္ဆင္းၿပီး ငါးထမင္းနယ္နဲ႔ဟင္းထုပ္စားျဖစ္ၾကသည္။ ေမာင့္ရဲ႕ဇာတိေျမကိုခ်စ္ေသာစိတ္ေလေျပ့မွာအျပည့္႐ွိေသာ္လည္း ႐ွမ္းအစားအစာထဲမွာ ေလေျပက႐ွမ္းေခါက္ဆြဲတစ္မ်ိဳးကိုသာ အမက္စက္ဆုံးျဖစ္ၾကာင္း ေအာင့္သက္သက္ႏွင့္ ကိုယ့္ဘာသာလက္ခံမိသည္။
အနီးစပ္ဆုံးမုန္႔ဆိုင္တစ္ဆိုင္ထဲ၀င္ကာ မုန္႔ေတြ၀ယ္ယူေလေတာ့ ေလေျပ့အႀကိဳက္စကၠဴအေအးဘူးေလးေတြက မပါမျဖစ္. ေမာင္ကေတာ့ Energy Drink. တခါတေလ ေလေျပ့အတြက္ တစ္ငုံေလာက္ေသာက္ရင္ေတာင္ ရင္တုန္ရသလိုျဖစ္တတ္တဲ့ အေအးေတြ၊ ေကာ္ဖီေတြကို ေမာင္ကႏွစ္ဘူး၊ သုံးဘူးေလာက္ဆင့္ေသာက္ပစ္တာမ်ိဴးျမင္ရေတာ့ ေလေျပအံ့ၾသတႀကီးေမးမိသည္.. ေမာင္ကေတာ့ သူ႕၀သီအတိုင္း သူက ေလေျပ့ထက္အား႐ွိတာကိုးလို႔ ၀င့္ႂကြားစြာေျပာတတ္ၿမဲသာ..။
အျပန္လမ္းမွာ တစ္ဖက္တစ္ခ်က္စီက သစ္ပင္စိမ္းစိမ္းႀကီးေတြကိုေငးလိုက္၊ တစ္ထပ္တိုက္ပုေလးေတြကိုေငးလိုက္နဲ႔ ေလေျပ့မွာသေဘာအက်ႀကီးက်ေနမိရသလို။ ႐ိုး႐ွင္းၿပီးေအးခ်မ္းလွတဲ့အိမ္ေလးေတြျမင္တိုင္း ေမာင့္ကိုလက္ညိဳးတထိုးထိုးျဖင့္ျပတိုင္း ေမာင္ကမ်က္ေမွာင္ေလးက်ံဳ႕ရင္း လက္ညိဳးမထိုးရဘူးေလ လို႔ ခပ္ဆတ္ဆတ္ေလးဆူတတ္သည္။ ကိုယ္ကေပ်ာ္႐ြင္စြာျဖင့္ျပတာေပမဲ့ ေမာင္ကပိတ္ဆူေလေတာ့ ေလေျပၿငိမ္သက္သြားမိသည္။ အဲ့အိမ္ေလးလွတယ္ လို႔မ်ား ေမာင္ဟာဘာလို႔အလိုက္သင့္လိုက္မေျပာေပးႏိုင္ရတာလဲ။
လွပလြန္းတဲ့သူတို႔ၿမိဳ႕ေလးရဲ႕ေနရာတစ္ခုခ်င္းစီကိုၾကည့္၍ ပီတိျဖစ္ေန႐ွာသူခြန္ျပည့္မွာေတာ့ ေလေျပၿငိမ္သက္သြားတာကို ေတာ္ေတာ္နဲ႔သတိမထားမိ။ ဆုပ္ကိုင္ထားတဲ့လက္ေတြကို တျဖည္းျဖည္းမသိမသာ႐ုန္းကာ လႊတ္ထြက္သြားေတာ့မွ သတိထားမိကာၾကည့္မိေတာ့ ေလေျပ့မ်က္ႏွာဖူးဖူးေလးက တည္လို႔၊ တင္းလို႔.။ ႐ုတ္တရက္ ေလေျပဘာျဖစ္သြားမွန္း ခြန္ျပည့္မစဥ္းစားမိ. လက္ကိုျပန္လွမ္းဆြဲေတာ့ ေလေျပက႐ုန္းေနတာမို႔.
"ဘာျဖစ္ေနတာလဲ"
"ဘာမွမျဖစ္ဘူး"
"ဘာမွမျဖစ္ရင္ ေမာင့္ကိုလက္ေပးေလ"
"ေမာင္လက္ေတာင္းတိုင္း ငါကလက္ေပးရေအာင္ ေမာင့္အိမ္ေမြးေခြးမ်ားမွတ္ေနလား"
"ေအာ္. မမွတ္ပါဘူးကြာ. ဒီတိုင္းလက္ကိုင္ထားမို႔ေလ"
"မကိုင္နဲ႔"
ေလေျပက ခပ္ရမ္းရမ္းေလးေအာ္ရင္း ထြက္သြားေတာ့ ခြန္ျပည့္ကေနာက္ကအမွီလိုက္ရင္း
"ဘာျဖစ္သြားတာလဲ"
"ဘာမွမျဖစ္ဘူး"
ညေနခင္းမွာ႐ိုက္ခတ္တဲ့ေလေငြ႕ေအးေအးက ေလေျပ့ပါးေတြကို ႏွင္းဆီေရာင္လွ်ပ္ေျပးေစတာမို႔ ခြန္ျပည့္အသည္းယားစြာၾကည့္မိသည္. ဆူပုပ္ေနတဲ့ႏႈတ္ခမ္းေတြဆီ အၾကည့္ေရာက္မိေတာ့ ကိုယ့္ေခါင္းကိုပင္ ေယာင္ယမ္းကာျပန္ကုတ္မိ၏။ ေလေျပဘာကိုစိတ္ဆိုးသြားလဲ သူတကယ္စဥ္းစားမရ.။ ခုမွ တျခားေယာက်ၤားေလးေတြ ခံစားရတဲ့ ဘာကိုစိတ္ဆိုးလို႔ ဘာကိုေခ်ာ့ရမွန္းမသိဘဲ ေျခမကိုင္မိလက္မကိုင္မိျဖစ္ရတဲ့အျဖစ္မ်ိဳးကို နဖူးေတြ႕၊ ဒူးေတြ႕ၾကဳံရေလၿပီ။
"စိတ္ဆိုးသြားတာလား"
"မဆိုးဘူး"
"အဲ့တာဆို မင္းႏႈတ္ခမ္းကဘာလို႔စူေနတာာလဲ"
ေလေျပက သူ႕ႏႈတ္ခမ္းသူျပန္ကိုက္လိုက္ရင္း
"မစူပါဘူး"
"စူပါတယ္. ေဟာ ခုလဲစူေနတာဘဲ ၾကည့္ၾကည့္. ၾကက္တူေ႐ြးကသာေတြ႕ရင္ ေလေျပ့ကို ေမႀကီးေရဆိုလွမ္းေခၚေတာ့မွာ"
"ေမာင္!!"
ခြန္ျပည့္ကနားအူသြားဟန္ျဖင့္ သူ႕နားသူလက္နဲ႔ခပ္ဖြဖြထိုးျပရင္း
"အသံေအာင္တယ္ေနာ္. စူးစူးေလး. ေလေျပက ၾကက္တူေ႐ြးနဲ႔သာလိကာစပ္က်ထားတာေနမွာ. ဒါေပမဲ့ ေမာင္ကလူမွခ်စ္တာကြ"
"ေမာင္!!"
"ဗ်ာ. ေမာင္ဒီမွာေလ"
"ငါစိတ္ဆိုးေနတာေနာ္"
"ခုဏကမဆိုးဘူးဆို"
ေမာင္ဟာ မေခ်ာ့တတ္တာလား. မေခ်ာ့ခ်င္တာလားဘဲ.။ ေခ်ာ့ရမယ့္အစား ေလေျပ့ကိုမခံခ်င္ေအာင္စဖို႔က အေရးႀကီးေနသလိုမ်က္ႏွာကမခ်ိဳမခ်ဥ္. ေမာင့္ကိုျဖင့္ ျမင္ျပင္းကတ္မိလိုက္တာ။
ေလေျပက ေမာင္ျပာၾကေလာက္မဲ့အထိ ေမာင့္ကိုနဂါးမ်က္ေစာင္းျဖင့္စိုက္ၾကည့္ၿပီးမွ ရင္ဘတ္ကိုလက္ႏွစ္ဖက္နဲ႔ခပ္ၾကမ္းၾကမ္းလွမ္းထုေတာ့ ေမာင္ကတဟားဟားနဲ႔ေအာ္ရယ္ေနျပန္သည္။
"မုန္းဖို႔ေကာင္းတယ္"
"အဲ့ေတာ့ မခ်စ္ဘူးလား ေလေျပက"
ရန္ျဖစ္ေနရင္တန္းလန္းနဲ႔ပင္ ထိုေမးခြန္းကို ထထေမးတတ္သည္... ထိုအခါမ်ိဳးမွာ ေလေျပဟာလဲ စိတ္ဆိုးေနရင္းတန္းလန္းကပင္ ခ်စ္ေၾကာင္းျပန္ေျဖတတ္သည္။ ထို႔ေနာက္ေတာ့ အဆင္ေျပသြားျပန္ေလတာမို႔ ေမာင္ကဒီယုန္ျမင္၍ ဒီျခဳံထြင္ေနျခင္းသာ..။ ေလေျပက မေျဖခ်င္သလို မ်က္ႏွာလႊဲရင္းေ႐ွ႕ကိုဆက္ေလွ်ာက္လိုက္ေတာ့
"ေလေျပ ေမာင္ေမးေနတယ္ေလ"
"ငါစိတ္ဆိုးေနတယ္ေလ"
"စိတ္ဆိုးေနရင္ေတာင္ ခ်စ္တယ္လို႔ေျပာရမယ္လို႔ ေမာင္သင္ေပးထားတယ္ေလ"
"မေျပာႏိုင္ဘူး. ေမာင္ရယ္"
ေလေျပက ခပ္သုတ္သုတ္ေလးေ႐ွ႕ကသြားေတာ့ ခြန္ျပည့္ကေနာက္ကေျခလွမ္းက်ဲႀကီးမ်ားျဖင့္လိုက္၏.. သစ္ပင္ရိပ္နဲ႔လက္ဖက္ခင္းေတြသာ႐ွိတဲ့အရပ္မို႔ ေလေျပ့ကိုယ္ေလးကိုဆြဲလွည့္ရင္း ခါးသိမ္သိမ္ကိုတင္းၾကပ္ေအာင္ေပြ႕ဖက္ရင္း
"ဟင္ ေမာင္"
"အင္း.. အဲ့ေတာ့ ေမာင့္ကိုေျပာ ေလေျပကတိုက္ခန္းမွာေနခ်င္လား. ျခံ၀န္းနဲ႔ေနခ်င္လား"
ေလေျပက ေမာင့္မ်က္၀န္းညိဳေတြကိုနားမလည္သလို ေတြေတြေလးေငးစိုက္ၾကည့္မိေတာ့ ခြန္ျပည့္ကေလေျပ့မ်က္ႏွာေလးကိုျပဳံးကာစူးစိုက္ၾကည့္ရင္း
"ေျပာေလ. ဘယ္လိုေနခ်င္တာလဲ. ျဖစ္ႏိုင္ရင္ ဒီမွာဘဲျဖစ္ျဖစ္ေနေစခ်င္ေပမယ့္ ေမာင့္အလုပ္ကအဆင္မေျပဘူး. ဒါေပမဲ့ ေမာင္မၾကာမၾကာလိုက္ပို႔မွာပါ"
ေလေျပႏွင့္ေမာင္ဟာ ခိုးေျပးစကတည္းကပင္ ရန္ျဖစ္ေနၾကတာမို႔ ေ႐ွ႕ေရးအတြက္တစ္ခါမွ်မတိုင္ပင္ဖူးခဲ့ၾက.. ခု ေမာင္ကဆိုင္းမဆင့္ဘဲ ေလေျပ့ကိုေနအိမ္ေ႐ြးခ်ယ္ခိုင္းေလေတာ့ ေမာင္နဲ႔ေလေျပဟာတကယ့္ကိုေပါင္းစည္းမိသြားၾကၿပီကို သတိရရင္း ေလေျပ့ရင္ထဲကႏွလုံးသားဟာ ေႏြးေတးေတး။ ေလေျပ့ရဲ႕မ်က္ေတာင္႐ွည္ေတြက လိပ္ျပာေတာင္ပံခတ္သလို တဖ်က္ဖ်က္ခတ္လို႔ေနေလၿပီ။
"ေဟ့ အဲ့ေလာက္မ်က္တာင္မခတ္နဲ႔ေလ.. ေမာင္ေမးတာေျဖဦးေလ"
"အင္.. ျခံ၀န္း. ငါက ျခံ၀န္းက်ယ္ႀကီးမွာေနခ်င္တာ ဒါ.. ဒါေပမယ့္ ေမာင္အဆင္ေျပမွပါ"
ေလေျပက ေမာင့္ကိုနားလည္စြာျဖင့္ပင္ ေခါင္းေလးခပ္ျဖည္းျဖည္းၿငိမ့္ရင္းေျပာေလေတာ့ ခြန္ျပည့္ကေလေျပ့ေမးဖ်ားကို ဖ်က္ခနဲျပန္ဆြဲေမာ့လိုက္ရင္း
"ေမာင့္ကိုၾကည့္.. ခုေရာ၊ ေနာင္တစ္သက္လုံးအတြက္ေရာ ေလေျပလိုခ်င္တာ႐ွိတိုင္း ေမာင့္ကိုရဲရဲေျပာ. ေမာင္အကုန္ျဖည့္ဆည္းေပးမွာ. ေမာင့္ကိုယုံတယ္မလား"
"အင္း. ဒီလိုဆိုေလ"
"အင္း. ဘာလိုခ်င္လဲ"
"ငါ့ကို တစ္သက္လုံးအမ်ားႀကီးခ်စ္ေပးေနာ္"
ခြန္ျပည့္က ေလေျပ့ဘယ္ဘက္ပါးႏုႏုကို နစ္၀င္ေအာင္နမ္း႐ိႈက္လိုက္ရင္း
"ဒါကေတာ့ ေလေျပမေတာင္းလဲျပည့္မယ့္ဆုပါဗ်ာ"
ေတာေတာင္ေတြရဲ႕စိမ္းစိုမႈၾကားထဲ ေလေျပ့ရယ္သံလြင္လြင္ေလးစီးဆင္းသြားရသလို. ခြန္ျပည့္ရဲ႕ပီတိစိတ္ကလဲ လႊမ္းျခဳံသြားရ၏။ ခြန္ျပည့္ရဲ႕ေပ်ာ္႐ႊင္မႈဆိုသည္မွာ သူ႕ေၾကာင့္နဲ႔ျဖစ္တည္လာရတဲ့ေလေျပ့မ်က္ႏွာဖူးဖူးေလးေပၚက အျပဳံးမ်ားပင္ျဖစ္ေလသည္။
...💜...
ေနာက္ေန႔မွာ ေမာင္ကဘယ္ကယူလာမွန္းမသိေသာဆိုင္ကယ္တစ္စီးနဲ႔ေလေျပ့ကို ေမွ်ာ္လင့္ျခင္းေတာင္ကုန္းသို႔ပို႔ရန္ျပင္ေလသည္။ အေႏြးထည္ခပ္ထူထူ၀တ္ထားေပမဲ့ အျမန္ႏႈန္းနဲ႔သြားေနေသာဆိုင္ကယ္နဲ႔အမွီတိုက္ခတ္ေနေသာေဆာင္းေလကလဲအ႐ိုးထဲသို႔ပင္ဆိမ့္၀င္ေအာင္ခ်မ္းေစတာမို႔ ေမာင့္ခါးကိုတင္းတင္းဖက္ကာ ေမာင့္ေက်ာျပင္ေပၚပါးျပင္အပ္ထားရင္း လမ္းတေလွ်ာက္အၾကည့္လႊဲဖို႔ရာပင္ႏွေျမာစရာေကာင္းလွတဲ့႐ူခင္းေတြကို ၾကည္ႏူးစြာၾကည့္လာမိသည္။
ေမာင္တို႔ရဲ႕ၿမိဳ႕ေလးကို လူေတြကနတ္ဖြက္ထားတဲ့ၿမိဳ႕ေလးရယ္လို႔ တင္စားၾကတာလဲမလြန္လွေပ။ မ်က္စိတဆုံးစိမ္းစိုေနတဲ့ေတာင္တန္းေတြ၊ စိုက္ခင္းစိမ္းစိမ္းေတြ၊ ညိဳမိႈင္းသေယာင္ေယာင္နဲ႔ျပာလြင္ေနတတ္တဲ့ေကာင္းကင္နဲ႔ အရာရာဟာ ကမ႓ာေလာကဘုံမွာလာျဖစ္တည္ေနတဲ့နိဗၺာန္ဘုံအလား။
ဘုရားသခင္က ေမာင့္ကို ေလေျပ့အတြက္ဖန္ဆင္းေပးခဲ့တာဆို ပင္ေလာင္းကို သဘာ၀အလွတရားေတြကိုျမတ္ႏိုးလွပါတယ္ဆိုတဲ့လူေတြအတြက္ ဖန္တီးေပးခဲ့တာျဖစ္ရမည္။ လူသားပီပီ အတၱစိတ္ေလးသဲ့သဲ့နဲ႔ေျပာရလွ်င္ ပင္ေလာင္းဟာ ေမာင့္ေမြးဖြားရာအရပ္မို႔ ေလေျပ့ႏွစ္သက္မႈေတြေပါင္းဆုံရာပင္။
"ေလေျပ မုန္႔စားဦးမလား"
"ဟင္"
"မုန္႔၀င္၀ယ္ဦးမလားလို႔.. ဟိုေ႐ွ႕မွာမုန္႔ဆိုင္"
"အင္း. အင္း"
ေလသံနဲ႔မို႔ေကာင္းစြာမၾကားရ..ေမာင္က ထပ္ေအာ္ေျပာခါမွပင္ ေလေျပၾကားရေတာ့သည္။ ဆိုင္ေ႐ွ႕မွာဘီးရပ္ၿပီး ေလေျပမုန္႔၀င္၀ယ္ေနခ်ိန္ ခြန္ျပည့္ကေဆးလိပ္ကို အျမန္ဖြာ႐ိႈက္ေနမိသည္။
ေဘာလုံးဝါသနာပါသူမို႔ မေသာက္ဖို႔ နည္းျပကဆုံးမတာမို႔ သူျဖတ္ခဲ့ေပမယ့္ ေလေျပနဲ႔ျပႆနာတတ္ၿပီးေနာက္မွာ သူျပန္ေသာက္ျဖစ္ခဲ့သည္။ သူက မေကာင္းတာထဲမွာလုပ္ဖို႔အစြဲလမ္းဆုံးက မိန္းမၿပီးရင္ ေဆးလိပ္ျဖစ္သည္ဟု သူ႕ကိုယ္သူသတ္မွတ္ခဲ့သည္။ သို႔ေသာ္ ခုမွသူသိတာက သူ႕အတြက္မေကာင္းတာကိုျဖတ္ရအခက္ဆုံးက ေလေျပ့ကိုခ်စ္မိတာ. ပိုင္ဆိုတဲ့ေကာင္နဲ႔.. ေဆးလိပ္ေငြ႕ကို ခပ္ျပင္းျပင္းမႈတ္ထုတ္ၿပီး အေတြးကိုျဖတ္ေတာက္လိုက္သည္။
ဒီအေၾကာင္းေတြကို ျပန္မေတြးဖို႔သူဆုံးျဖတ္ၿပီးသား.. ေလေျပ့ကိုခ်စ္တဲ့အတြက္ေရာ၊ သူ႕ရဲ႕အမွားေတြအတြက္ေရာေပါ့။
မုန္႔ဆိုင္ထဲအလုပ္႐ႈပ္ေနတုန္းျဖစ္တဲ့ေကာင္ေလးကိုၾကည့္ရင္း အားတင္းျပဳံးလိုက္မိသည္. ေလာကမွာ ေလေျပေစ်း၀ယ္အၾကာဆုံးေနရာက မုန္႔ဆိုင္နဲ႔စာအုပ္ဆိုင္သာ။
ေလေျပ့ေမြးေန႔ေတြဆို စာအုပ္ဆိုေဝးေဝးေ႐ွာင္တတ္တဲ့သူဟာ စာအုပ္ဆိုင္ကိုတည့္တည့္မတ္မတ္ေလွ်ာက္သြားရၿမဲ. ဒါေပမဲ့ခက္ခက္ခဲခဲေတာ့မဟုတ္လွ။ စာအုပ္ဆိုင္က Top Tenစာရင္းထဲက ေလးငါးအုပ္ေကာက္ဆြဲမိ႐ုံ.. တခါတရံ ေလေျပ၀ယ္ၿပီးသားစာအုပ္နဲ႔တိုးတဲ့အခါေတာ့ ေလေျပ့ရဲ႕ပူညံပူညံစကားကိုနားေထာင္ေပေတာ့။
ငါဟိုတေန႔က ဒီစာအုပ္၀ယ္ခဲ့တယ္လို႔ေမာင့္ကိုမေျပာဖူးလား.. ေမာင္ကငါ့စကားဆိုအေလးမွမထားဘဲ. ငါဘာေျပာေျပာေမာင္က ၀တ္ေက်တန္းေက်ေခါင္းခ်ည္းၿငိမ့္ျပေနတာကိုး.စသျဖင့္၊ စသျဖင့္ေပါ့။
ေလေျပက ပုံမွန္ဆိုစကားမ်ားလွတယ္မထင္ရေပမဲ့ သူနဲ႔ေတြ႕ၿပီဆို မေတြ႕ရတုန္းကမေျပာခဲ့ရသမွ်စကားေတြကို အတိုးခ်ေျပာျပတတ္သူမ်ိဳး. အေလးမထားတာမ်ိဳးမဟုတ္ေပမဲ့ သူကလဲညဏ္ႀကီး႐ွင္မဟုတ္ေလေတာ့ အကုန္မမွတ္မိႏိုင္။
တခါတရံေတာ့လဲ မ်က္၀န္းျပာျပာကိုေငးလိုက္. ႏႈတ္ခမ္းနီေဆြးေဆြးရဲ႕ညိဳ႕ဓာတ္ကိုမလြန္ဆန္ႏိုင္တာရယ္နဲ႔ ဘာအေၾကာင္းအရာကိုေျပာေနမွန္းေတာင္အေရးမစိုက္ႏိုင္ေတာ့တာမ်ိဳးေလး႐ွိတတ္ျပန္ေလေတာ့...သူ႕အမွားပါဘဲေလ။
႐ုတ္တရက္သူ႕နားသို႔ဆိုက္ေရာက္လာတဲ့ကားတစ္စီး. သြားေနရင္းမွ ထိုးရပ္လိုက္တာမို႔ သူေဆးလိပ္ဖြာေနရင္း တစ္ခ်က္လွမ္းၾကည့္မိေလေတာ့..
"ခြန္ျပည့္"
"ေဒၚေလး"
ေဒၚေလးက အေလာတႀကီးပင္ကားေပၚကဆင္းလာရန္ျပင္ေနတုန္း.. ေလေျပက ဆိုင္ထဲကထြက္လာတာမို႔ ေလေျပ့ကိုလွမ္းၾကည့္သည္။ ေဒၚေလးရဲ႕မ်က္လုံးက်ဥ္းေတြက ခပ္စိမ္းစိမ္း. အေမဟာ ေဒၚေလးဆီသတင္းပို႔ၿပီးေလာက္ေရာေပါ့။
"အဟင္း. အေဒၚမဆင္းေတာ့ဘူးခြန္ျပည့္. မင္းအိမ္လာခဲ့ပါ။ မင္းအဖြား မင္းကိုသိပ္ေတြ႕ခ်င္ေနတယ္. မင္းမလာရင္ သူမင္းဆီလိုက္လာလိမ့္မယ္ ခြန္ျပည့္. ငါသြားမယ္"
ေလေျပက ခြန္ျပည့္အနားေရာက္လာခ်ိန္မွာေတာ့ ကားေလးကခြန္ျပည့္အနားကခပ္ျပင္းျပင္းထြက္ခြာသြားေလၿပီ. ေလေျပက နားမလည္သလိုၾကည့္ရင္းမွ
"ေမာင့္အသိလားဟင္"
"ေအာ္. အဲ့လိုေျပာရမလားမသိဘူး. ေနပါဦး ဘာေတြ၀ယ္လာတာတုန္း. အေအး၀ယ္ျပန္တာလား ဒီေလာက္ေအးေနတာကိုကြာ"
ခြန္ျပည့္က ဟန္မပ်က္ျပဳံးရင္းမွ အာ႐ုံလႊဲစကားဆိုမိသည္. ေဒါေလးကေတာင္ ဒီေလာက္ျဖစ္ေနရင္. ဖြား.. မျဖစ္ေတာ့။ ေလေျပ့ကို ဖြားနဲ႔ေပးမေတြ႕ႏိုင္. ေတာက္ပလွတဲ့အဖြားရဲ႕မ်က္လုံးက်ဥ္းေတြထဲက အထင္ေသးမႈအရိပ္ေယာင္ေတြကို ေလေျပ့ကိုေယာင္လို႔ပင္ေပးမေတြ႕ႏိုင္။ သူသြားမေတြ႕လွ်င္လဲ တခ်ိန္ခ်ိန္ေတာ့ သူ႕စီသို႔စိတ္ျမန္လြန္းေသာဖြားကလိုက္လာမွာမလြဲမေသြပင္. ရန္ကုန္သို႔သာ အျမန္ျပန္႐ုံမွအပအျခားမ႐ွိေတာ့။
"ေမာင့္!!"
"ဗ်ာ. ဗ်ာ အသံအရမ္းစူးတယ္ေနာ္. ေသာက္ ေသာက္ ဒီအေျခအေနနဲ႔ဆို ျပန္မဖ်ားေလာက္ေတာ့ဘူး ႀကိဳက္တာသာေသာက္ဗ်ာ. ဟုတ္ၿပီလား"
ေမာင္က နားေအးေရာၿပီးေျပာကာ ေလေျပ့လက္ထဲကမုန္႔ထုတ္ကို ဆိုင္ကယ္ျခင္းထဲထည့္ကာ ထြက္ခြာဖို႔ျပင္ေလၿပီ. ေမာင့္ခါးကိုဖက္ထားတဲ့ေလေျပ့အေတြးေတြက ေမာင့္ဆီမွာ႐ွိမေန. ခုဏက ကားေပၚက အန္တီကဘယ္သူလဲ. သူ႕ကိုလွမ္းၾကည့္လိုက္ပုံက ေအးစက္လို႔ေနသည္. ေမာင္နဲ႔စကားေျပာေနခဲ့ၾကသည္မွာအေသအခ်ာ။
"ဘာေတြေတြးေနတာလဲ"
"ဟင္"
"စကားေျပာဦးေလ. ေလွ်ာက္ေတြးမေနနဲ႔. ေလေျပ့ကစကားမ်ားေနမွ ခ်စ္ဖို႔ပိုေကာင္းတာ"
"ငါဘယ္မွာစကားမ်ားလို႔လဲ"
"အဟား.. မ်ားတာေပါ့. မ်ားတာမွ သာလိကာေတာင္အ႐ႈံးေပးရေသး"
"အင္း. စကားလဲမ်ားတယ္. လက္လဲပါတတ္ေသးတယ္"
ေလေျပက ေမာင့္နား႐ြက္တစ္ဖက္ကိုလွမ္းဆြဲလိုက္ေတာ့ ေမာင္ကသေဘာက်စြာေအာ္ရယ္ေနျပန္ပါသည္။
ထို႔ေနာက္ေတာ့ ဆိုင္ကယ္ေလးက သစ္ပင္တစ္ပင္တည္းအထီးက်န္စြာတည္႐ွိေနေသာေတာင္ကုန္းေလး႐ွိရာသို႔ ဆိုက္ၿမိဳက္စြာပင္။
ဤအရပ္တြင္ ေလးမ်က္ႏွာလုံးေလွကားထစ္စိုက္ပ်ိဳးခင္းေတြ၊ ေတာင္တန္းစိမ္းေတြနဲ႔ ၀န္းရံလို႔ေနသည္။
သစ္ပင္ေဘး႐ွိခုံတန္းေလးမွာထိုင္ရင္း မ႐ိုးႏိုင္ေသာ႐ူခင္းေတြကို ေငးေမာေနမိတုန္း..
"ကြၽန္ေတာ္တို႔ကို ဓာတ္ပုံ႐ိုက္ေပးလို႔ရမလားဗ်ာ"
"ေမာင္ကလဲ"
ေမာင္ဟာ ဒီလိုဘဲသူထင္ရာလုပ္တတ္သည္. ယခုလဲ အနီး႐ွိေကာင္ေလးတစ္ေယာက္ထံ ဖုန္းထိုးေပးကာ ေလေျပ့အနီးျပန္ေျပးလာရင္း ေလေျပ့ပုခုံးကိုဖြဖြဖက္၏။ ထို႔ေနာက္ ေလေျပ့ဘက္လွည့္ရင္း အသာျပဳံးရင္းမွ
"ျပဳံးေလ. ကေလးရ"
ေလေျပ့မျပဳံးမိ. ေမာင္ရဲ႕မထင္ရင္မထင္သလို ေခၚတတ္တဲ့ကေလးဆိုတဲ့အသံၿငိမ့္ၿငိမ့္က ေလေျပ့ရင္ကိုမၿငိမ္မသက္ျဖစ္ေအာင္ ခုခ်ိန္ထိတတ္စြမ္းေနတုန္းပါဘဲ။ ပုံထြက္လာေတာ့ ေမာင္ကမေက်နပ္သလိုမ်က္ေမွာင္ေလးကုတ္သြားရင္းမွ
"ျပဳံးပါဆိုကြာ. ေမာင့္စကားဆို ေလေျပကဘယ္ေတာ့မွအသာတၾကည္နားမေထာင္ဘူး"
ေလေျပ႐ွက္ကိုး႐ွက္ကန္းသာျပဳံးမိသည္။ ေမာင္ေျပာလဲေျပာခ်င္စရာ. ထြက္လာတဲ့ပုံသုံးပုံမွာ ေလေျပဟာေမာင့္ကိုမ်က္လုံးျပဴးေလးနဲ႔ၾကည့္ေနတာကႏွစ္ပုံ. ကင္မရာကိုၾကည့္ကာ ေတာင့္ေတာင့္ေလးျဖစ္ေနပုံက တစ္ပုံျဖစ္ေနေလေတာ့။
"ေနာက္ဆို ေမာင့္စကားနားေထာင္ေနာ္ ၾကားလား ေမာင္က ေလေျပ့အိမ္ေထာင္ဦးစီးျဖစ္ေနၿပီေလ အဲ့ေတာ့ ေလေျပ့မွာက ေမာင့္စကားနားေထာင္ဖို႔တာ၀န္႐ွိေနၿပီ သိလား. "
"အင္း"
"ေမာင္တို႔မနက္ျဖန္ရန္ကုန္ျပန္ၾကမယ္ေနာ္"
"ဟင္. ဘာလို႔လဲ မျပန္ခ်င္ေသးပါဘူး"
"ကဲ ခုဘဲေမာင့္စကားနားေထာင္မယ္ဆို"
"ေမာင္ေျပာေတာ့ တစ္လေနမွာဆို"
"ခုေနလို႔မျဖစ္ေတာ့လို႔ေလကြာ. ေနာ္ ေမာင္တို႔ျပန္ၾကမယ္"
"ဟင့္အင္း. ဘာလို႔လဲ ေမာင့္အလုပ္ကျပန္ေခၚေနလို႔လား"
"အာ. အင္း ဟုတ္တယ္. ေမာင့္ကိုျပန္ေခၚေနလို႔"
ေမာင္က ေခါင္းေလးပါခပ္သြက္သြက္ၿငိမ့္ျပ၏. ေမာင့္မ်က္ႏွာကိုအရိပ္လိုဖတ္တတ္တဲ့ေလေျပဟာ ေမာင္လိမ္ေနမွန္းအတတ္သိေသာ္လည္း အမိမဖမ္းခ်င္ေတာ့။ ေမာင့္မွာအေၾကာင္း႐ွိလို႔ျဖစ္မယ္. ေမာင္နဲ႔သူဟာ တစ္ကမ႓ာတည္ခဲ့ၾကၿပီမို႔ ေမာင့္စကားကိုသူအတတ္ႏိုင္ဆုံးလိုက္နာေပးခ်င္သည္.သို႔ေသာ္..။
"အင္းပါ. ဒါဆိုလဲျပန္ၾကတာေပါ့ ဒါေပမယ့္ ငါ့ကိုနမ့္မြန္ေရတံခြန္ေတာ့ပို႔ေပးခဲ့ေနာ္ ေမာင္"
ခြန္ျပည့္က ကိုယ့္ေခါင္းကိုသာ သာသာကုတ္မိသည္. ဒီေလာက္ေရႀကိဳက္တဲ့ေကာင္ေလးကို ရန္ကုန္ေရာက္ရင္ ေရခ်ိဳးခန္းထဲကေပးမထြက္ေတာ့ဘူးလို႔ ညစ္က်ယ္က်ယ္ေတြးမိရင္း သက္ျပင္းသာခ်မိသည္။
"ေနာ္. ေမာင္"
"ဟူးးး...ေအးကြာ လိုက္ပို႔မယ္ဟုတ္ၿပီလား"
"ေဟး. အဲ့တာေၾကာင့္ ေမာင့္ကိုခ်စ္တာ"
"ဟုတ္လား. ခ်စ္တာလား ေမာင့္ကို"
"အို. ခ်စ္တာေပါ့. ငါ့ဘ၀မွာ ေမာင့္ကိုအခ်စ္ဆုံးဘဲ"
ေလေျပက ေမာင့္ပုခုံးေပၚေမးတင္ရင္း ဆူပုပ္ပုပ္ေလးေျပာေနျပန္တာမို႔ ခြန္ျပည့္မွာအသည္းတယားယား. ေလေျပဟာ ခြန္ျပည့္ကိုဘယ္လိုျပဳစားရမလဲ ေကာင္းေကာင္းသိသူျဖစ္သည္။
"အဲ့စကား ေလေျပ့အေမသာၾကားရင္ ေသြးတတ္ေတာ့မွာဘဲ"
"အင္"
"ဘာလဲ မေတြေဝနဲ႔ေနာ္. ခုကစၿပီး ေမာင့္ကိုဘဲပိုခ်စ္ရမွာ. ေလေျပ့ဘ၀မွာ ေမာင့္ကိုဘဲခ်စ္ရေတာ့မွာ"
"ေမာင္က်ေတာ့ေရာ"
"အဟား. ေမာင္ကေတာ့ က်ိန္းေသေပါက္ေမာင့္ရဲ႕ေခြးေပါက္ေလးကိုအခ်စ္ဆုံးေပါ့"
"ေမာင့္!!"
"ဗ်. ေမာင္႐ွိတယ္ေလ. ဘာလိုခ်င္လို႔လဲ. ေမာင္ဘာလုပ္ေပးရမလဲ"
"ငါေခြးေပါက္ေလးမဟုတ္ဘူး"
"ဟုတ္ပါတယ္. မွန္းစမ္း ေမာင့္ရဲ႕ေခြးေပါက္ေလးပါကြာ. ဒီနဖူးေလးေရာ. ဒီပါးမို႔မို႔ေလးႏွစ္ဖက္ေရာ. ေဟာ ဒီစူပုပ္ေနတဲ့ႏႈတ္သီးေလးေရာ"
ေမာင္က ပါးစပ္ကလဲေျပာ. လက္ကလဲပါးႏွစ္ဖက္ကိုညႇပ္ကိုင္ကာ မ်က္ႏွာအႏွံ႔တ႐ႈံ႕႐ႈံ႕နမ္းတာမို႔ ေဘးလူတခ်ိဳ႕ကပင္လွမ္းၾကည့္ေနၾကေလၿပီ။ ေလေျပက အတင္း႐ုန္းရင္းမွ
"ဖယ္စမ္းပါ. ေမာင္မ႐ွက္ဘူးလား"
"ေအာ္. ကိုယ့္ေကာင္ေလးကိုနမ္းတာဘယ္သူ႐ွက္ရမွာလား ၿပီးေတာ့ ခုဆိုကိုယ့္မိန္းမဘဲဟာကို"
"ေမာင္က အရမ္းကိုအျမင္ကတ္ဖို႔ေကာင္းတာ"
"ဟုတ္လား. ဒါဆို ေနာက္ပိုၿပီးအျမင္ကတ္ရေတာ့မွာဘဲ. ေမာင္က အမ်ားႀကီးနမ္းမွာမို႔ေလ"
ေမာင္က ရယ္က်ဲက်ဲေျပာရင္းမွ ေလေျပ့ဆံလုံးဖြဖြေလးကို ငုံ႔မိုးနမ္း႐ိႈက္ရင္း ရင္ခြင္ထဲျမဳပ္သည္အထိ ဆြဲဖက္ထားလိုက္ေလသည္။
အဆုံးမ႐ွိတဲ့ေကာင္းကင္ျပာမွာ ၀င္လုစေနမင္းဟာ ေလာကအႏွံ႔ေရာင္နီမ်ားကိုထုတ္လႊင့္ေနေလၿပီ။
သစ္ပင္ႀကီးတစ္ပင္အနီးကခုံတန္းေလးေပၚမွာ ေႏြးေထြးမႈအတိနဲ႔ေမာင့္ရင္ခြင္ၾကားက ေလေျပဟာ ေမာင့္မ်က္ႏွာေခ်ာေခ်ာကိုခိုးၾကည့္ကာ ႏွစ္ၿခိဳက္စြာျပဳံးေနခဲ့မိသည္။
ဒီအမ်ိဳးသားက ငါ့ပိုင္ဆိုင္ရာ. ေမာင့္္ကိုပိုင္ရျခင္းဟာ သူ႕အတြက္ကမ႓ာသစ္တစ္ခုကိုပိုင္ဆိုင္ခြင့္ရခဲ့ျခင္းသာ. ျဖစ္ႏိုင္မယ္ဆို ေမာင့္ရင္ခြင္ေႏြးေႏြးမွာ ႐ွင္သန္မႈပ်က္သုဥ္းသြားသည္အထိ ခိုနားခြင့္ေပးပါေတာ့လား ကံတရားရယ္..။
#Zawgyi
#Blfic
-Hanna
2022 Feb 20 Sun
8:02PM