ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး (အတြ...

بواسطة god-dess11

104K 12.3K 681

စာစဥ္ ၆၆ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၆၆ မှ စဖတ်နိုင်သည် ။ المزيد

စာစဥ္ 66 (1 - 8)
စာစဥ္ ၆၆ (၉-၁၆)
စာစဥ္ ၆၆ (၁၇-၂၆)
စာစဥ္ ၆၇ (၁-၈)
စာစဥ္ ၆၇ (၉-၁၆)
စာစဥ္ ၆၇ (၁၇-၂၆)
စာစဥ္ ၆၈ (၁-၈)
စာစဥ္ ၆၈ (၉-၁၆)
စာစဥ္ ၆၈ (၁၇-၂၆)
စာစဥ္ ၆၉ (၉-၁၆)
စာစဥ္ ၆၉ (၁၇-၂၆)
စာစဥ္ ၇၀ (၁-၆)
စာစဥ္ ၇၀ (၇-၁၂)
စာစဥ္ ၇၀ (၁၃-၁၈)
စာစဥ္ ၇၀ (၁၉-၂၆)
စာစဥ္ ၇၁ (၁-၆)
စာစဥ္ ၇၁ (၇-၁၂)
စာစဥ္ ၇၁ (၁၃-၁၈)
စာစဥ္ ၇၁ (၁၉-၂၆)
စာစဥ္ ၇၂ (၁-၆)
စာစဥ္ ၇၂ (၇-၁၂)
စာစဥ္ ၇၂ (၁၃-၁၈)
စာစဥ္ ၇၂ (၁၉-၂၆)
စာစဥ္ ၇၃ (၁-၆)
စာစဥ္ ၇၃ (၇-၁၂)
စာစဥ္ ၇၃ (၁၃-၁၈)
စာစဥ္ ၇၃ (၁၉-၂၅)
စာစဥ္ ၇၄ (၁-၆)
စာစဥ္ ၇၄ (၇-၁၂)
စာစဥ္ ၇၄ (၁၃-၁၈)
စာစဥ္ ၇၄ (၁၉-၂၆)
စာစဥ္ ၇၅ (၁-၆)
စာစဥ္ ၇၅ (၇-၁၄)
စာစဥ္ ၇၅ (၁၅-၂၀)
စာစဥ္ ၇၅ (၂၁-၂၆)
စာစဥ္ ၇၆ (၁-၆)
စာစဥ္ ၇၆ (၇-၁၂)
စာစဥ္ ၇၆ (၁၃-၁၈)

စာစဥ္ ၆၉ (၁-၈)

2K 319 12
بواسطة god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  69
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၆၉၊ အခန္း ၁။ ေတာ္ေတာ္ေလး ဇိမ္က်က် ေနေနရသလို

ရီ၀မ္၀မ္သည္ ေရွ့ေနရံုးတြင္ ေရွ့ေနတစ္ေယာက္ကို အရင္ သြားငွားလုိက္ၿပီးမွ ထုိေရွ့ေနနွင့္အတူ အက်ဥ္းေထာင္ကုိ အတူသြားလုိက္၏ ။

ေရွ့ေနနဲ့ ေၿပာဆုိညွိနိႈင္းၿပီးေနာက္တြင္ ရီ၀မ္၀မ္ သူမ၏အေဖ ရီေရွာင္ထင္းအား သြားေတြ ့လုိက္၏ ။

ရီေရွာင္ထင္းသည္ အက်ဥ္းသား၀တ္စံုကို ၀တ္ကာ
လက္တြင္လည္း လက္ထိပ္အခတ္ခံထားရၿပီး မႈန္ရီမိႈင္းကာၿဖင့္ ရီ၀မ္၀မ္၏မ်က္နွာခ်င္းဆုိင္တြင္ လာထုိင္သည္ ။

“၀မ္၀မ္ .. သမီး ဘာလုိ့ ေရာက္လာတာလဲ”

ရီ၀မ္၀မ္ကို ၿမင္လုိက္သည့္ေနာက္ ရီေရွာင္ထင္းမွာ တုန္လႈပ္သြားသလို ေပ်ာ္လည္းေပ်ာ္ရႊင္မိသြား၏ ။

သူတုိ့ ေထာင္က်ေနစဥ္အခ်ိန္အတြင္း လ်န္၀မ္က်ြင္းသာ ရံဖန္ရံခါဆုိသလုိ ေရာက္လာတတ္ၿပီး ရီ၀မ္၀မ္သည္ကေတာ့ သူတုိ့အၿပစ္ကင္းစင္ေၾကာင္း သက္ေသကို လုိက္ရွာေနပါသည္ဟုသာ သူ ့ကုိ ေၿပာထားေလသည္ ။

“ေဖေဖ … ”

သူမအေဖ၏ အေနစုတ္လွေသာ ပုံစံေလးေၾကာင့္
ရီ၀မ္၀မ္၏မ်က္၀န္းထဲ နာက်င္ေဆြးေၿမ့လာရ၏ ။

“၀မ္၀မ္ .. သမီး သက္ေသမရွာနုိင္လည္း ဘာမွ မၿဖစ္ဘူး .. ေဖေဖတုိ့က ရတယ္”

ရီ၀မ္၀မ္၏ ၀မ္းနည္းနာက်င္သြားသည့္ ပံုစံေလးေၾကာင့္
ရီေရွာင္ထင္းမွာ အၿမန္ၿပံဳးၿပလုိက္၏ ။

တစ္ေယာက္ေယာက္က သူတုိ့အား တမင္တကာ ေခ်ာက္ခ်ခဲ့ၿခင္းဆုိရင္ ထိုသူတုိ့သည္ ေၿခရာလက္ရာကုိ ခ်န္ခဲ့လိမ့္မည္ မဟုတ္ပါေခ် ။

“ေဖေဖ စိတ္ခ်ပါ ။ သမီး အခု ၿပန္ေရာက္လာၿပီ ဆုိမွေတာ့
ေဖေဖတုိ့ ဘာမွ မၿဖစ္ေစရဘူး ။ သမီးကုိ ယံုေနာ္”

ရီ၀မ္၀မ္သည္ ရီေရွာင္ထင္း၏မ်က္၀န္းတုိ့ကို စုိက္ၾကည့္ကာ ကတိေပးလုိက္သည္ ။

ထိုအိုစာဟန္ ေပါက္ေနေသာ ေယာက်ာ္းမွာ သူမ၏အေဖရင္း မဟုတ္ေသာ္ၿငား သူမ၏ရင္ထဲကေန အေဖရင္းဟု သတ္မွတ္ထားၿပီးသား ၿဖစ္၏ ။

“ဘာမွ မၿဖစ္ဘူး ၀မ္၀မ္ ။ ၿဖစ္လာသမ်ွ ကံအေၾကာင္းေပါ့”

ရီ၀မ္၀မ္သည္ သူ ့အား နွစ္သိမ့္ေပးေနၿခင္းဟုသာဟု
ရီေရွာင္ထင္း ေတြးမိကာ ဆက္ၿပီး ၿပံဳးေနလုိက္၏ ။

ရီ၀မ္၀မ္သာ တကယ္ သက္ေသရွာေတြ ့ခဲ့ပါလ်ွင္ ထိုသက္သက္အေထာက္အထားကုိ ဟုိအေစာကတည္းက အပ္ထားၿပီးနွင့္ေလာက္ၿပီ မဟုတ္ေလာ ။

ရီ၀မ္၀မ္မွာ ဘာမွ ထပ္မေၿပာရေသးခင္
အခ်ိန္ကား ေစ့သြားၿပီမို့ ရီေရွာင္ထင္းကို ေခၚသြားၾကေလၿပီ ။
တခနအၾကာတြင္ ရီမူဖန္ကုိ အထဲ ေခၚလာၾက၏ ။

ရီမူဖန္သည္ ကတံုးတံုးခံထားရၿပီး အက်ဥ္းသား ၀တ္စံုကို ၀တ္ထားရကာ လက္ထိတ္ခတ္ ခံထားရသည္ ။
သူ ့ပံုစံမွာလည္း အေတာ္ေလး မႈန္ရီမိႈင္းညွိဳ့ေနေပသည္ ။

“ဟာ ၀မ္၀မ္ … ညီမေလး ေရာက္လာၿပီလား ။
ကုိကုိက ေမေမလာတယ္ ထင္ေနတာ”

ရီမူဖန္သည္ သူမကုိ ၿမင္လုိက္သည္နွင့္ ခ်က္ခ်င္း အားတက္သြားကာ မ်က္လံုးတုိ့ ၀င္းပရႊင္ၿမဴးသြားေတာ့၏ ။

သူတုိ့ ေခ်ာက္ခ်ခံလုိက္ရၿပီးေနာက္တြင္
ရီ၀မ္၀မ္သည္လည္း ေပ်ာက္ခ်င္းမလွ ေပ်ာက္သြားခဲ့ၿပီး
ေရွ့လေတြမွာ သူမကို လံုး၀ကုိ မေတြ ့ရေတာ့ေပ ။

“ကုိကုိ ေနလုိ့ ေကာင္းတယ္မလား” ဟု
ရီ၀မ္၀မ္ ေမးၾကည့္လုိက္၏ ။

“ဘယ္လိုလုပ္ ေကာင္းမွာလဲ .. မင္းပဲ စဥ္းစားၾကည့္ေလ ။ မင္းအစ္ကုိက ေရႊဇြန္းကိုက္ၿပီး ဖေယာင္းခင္း ေမြးလာတဲ့ဟာ .. ဒီလုိစုတ္စုတ္ပ်က္ပ်က္ေနရာမွာ ဘယ္လိုလုပ္ ေနနုိင္မွာလဲ ။
င့ါမွာ ေသေတာ့မလားကို ေအာက္ေမ့ရတာကြာ ၊
ငါ့မွာ ဥာဏ္ေကာင္းၿပီးေတာ့ အီးက်ဴၿမင့္ေနလုိ့သာ
ဒီမွာ အဆင္ေၿပေၿပ ေနနုိင္သြားတာ”

ရီ၀မ္၀မ္ ။ “…”

ရီမူဖန္၏ ေလသံအရ သူသည္ အဆင္ေၿပရံုတင္ မကဘဲ ေတာ္ေတာ္ေလး ဇိမ္က်က်ကို ေနေနရသလိုပင္ ။

“၀မ္၀မ္ .. ဒါ ဟိုမ်ိဳးမစစ္မ ရီယီယီ နဲ့ လ်န္ေမးရႊမ္းတုိ့ပဲ ၿဖစ္ရမယ္ ။ သူတုိ့ ကုိကုိ့ကုိ ေခ်ာက္ခ်တာ ။ ရီေရွာင္အန္းကို သတ္တာကလည္း အဲ့ဒီလ်န္ေမးရႊမ္းပဲ ေနမွာ .. ညီမေလး သက္ေသ ရွာမေတြ ့ေသး ဘူးလား ။ တရားစီရင္ခ်က္က မၾကာခင္ ခ်ေတာ့မယ္ .. သက္ေသရွာမေတြ ့ေသးဘူး ဆုိရင္ ေဖေဖ နဲ့ ကိုကို တကယ္ၾကီး နတ္ၿပည္တက္ရေတာ့မွာေနာ္ ။ နတ္ၿပည္ကေနပဲ ညီမေလးနဲ့ ေမေမ့ကုိ လွမ္းေစာင့္ေရွာက္ ေပးေနရလိမ့္မယ္ေနာ္”
ရီမူဖန္သည္ သူမကုိ ၾကည့္ရင္း ေၿပာလာသည္ ။

ရီ၀မ္၀မ္ သူ ့ကုိ ၾကည့္ေနမိ၏ ။ ၿပီးခဲ့သည့္ လမ်ားအတြင္း ရီမူဖန္တစ္ေယာက္ ရင့္က်က္လာေလာက္ၿပီဟု သူမ ထင္ထားခဲ့မိေသာ္လည္း အခုၾကည့္ရသည္ကေတာ့ သူမစိတ္ကူးယဥ္လြန္မိသြားၿခင္းသာ ၿဖစ္ဟန္တူ၏ ။

“ရွာလုိ့ မေတြ ့ေသးဘူး…”
ရီ၀မ္၀မ္ အမွန္အတုိင္းပင္ ဆုိလုိက္ေတာ့သည္ ။

“ဟာ ရွာလုိ့ မေတြ ့ေသးဘူးလား”
ရီမူဖန္မွာ အံ့အားသင့္သြား၏ ။

“သြားၿပီ သြားပါၿပီ ငါတုိ့ေတာ့ ေသၿပီ ။ အင္းေလ ဒီေလာက္ ကိစၥအၾကီးၾကီး လုပ္ထားမွေတာ့ ဟုိမ်ိဳးမစစ္မ လ်န္ေမးရႊမ္း က သတိၾကီးၾကီးနဲ့ပဲ လုပ္မွာေပါ့ သဲလြန္စ ဘယ္ခ်န္ခဲ့ပါ့မလဲ ။ ဒီကိစၥေပၚသြားရင္ မသာေပၚမယ့္သူက သူ ၿဖစ္သြားမွာကုိး”

…………………………………………………………………….............

စာစဥ္ ၆၉၊ အခန္း ၂။ စနိုးစေနာင့္ေတာ့ ၿဖစ္မိသည္

ရီ၀မ္၀မ္သည္လည္း ရီမူဖန္၏စကားကုိ မၿငင္းလုိပါေခ် ။ လ်န္ေမးရႊမ္းသည္ အလြန္တရာ သတိၾကီးသူလည္း ၿဖစ္သည္မို့ သဲလြန္စကို လုိက္ရွာဖို့က မလြယ္ကူပါေခ် ။

“အခုေလာေလာဆယ္ေတာ့ လ်န္ေမးရႊမ္း နဲ့ အိမ္ေတာ္ထိန္း ဟြမ္ ေပါင္းၿပီး ကုိကုိ ့ကုိ ေခ်ာက္ခ်တယ္ဆုိတာပဲ ညီမေလး ေၿပာနုိင္ေသးတယ္”

ရီ၀မ္၀မ္သည္ တခနေလာက္ ေတြးၾကည့္လုိက္ၿပီး ေၿပာၿပလုိက္ေတာ့သည္ ။

“အိမ္ေတာ္ထိန္း ဟြမ္ လား”
ရီမူဖန္ တုန္လႈပ္သြား၏ ။

“အင္း အရင္တုန္းက လ်န္ေမးရႊမ္းေနာက္ကေန ေနာက္ေယာင္ခံလုိက္တုန္းက လ်န္ေမးရႊမ္းနဲ့ အိမ္ေတာ္ထိန္း ဟြမ္ ၾကားမွာ ပတ္သက္မႈရွိေနတာကုိ သိလာခဲ့ရတာ .. ၿပီးေတာ့ ရီေရွာင္အန္းရဲ့ ေသဆံုးမႈကလည္း သူတုိ့နဲ့ ပတ္သက္ေနတယ္ ။ သူတုိ့ကမွ တကယ့္တရားခံေတြ” ရီ၀မ္၀မ္ ရွင္းၿပလိုက္သည္ ။

“ေသစမ္း .. ငါ သိေနတယ္ အဲ့ဒီ မ်ိဳးမစစ္မ လ်န္ေမးရႊမ္း နဲ့ မ်ိဳးမစစ္ေကာင္ ဟြမ္ ၾကားမွာ တစ္ခုခု ရွိေနမွန္း ငါ သိေနတယ္ ။ တစ္ခ်ိန္လံုး တစ္ေယာက္နဲ့တစ္ေယာက္
သူတုိ့ ၾကည့္ေနတဲ့ပံုစံက .. ေကာင္းတယ္ကြာ ၀မ္၀မ္ ..
ညီမေလး အဲ့ဒါကုိ ရွာေတြ ့ထားတာ သိပ္ေကာင္းတယ္”
ရီမူဖန္သည္ သူမအား အေလးစားၾကီး ေလးစားသြား၏ ။

“ညီမေလးကို အခ်ိန္ခန ေပးဦး .. ကုိကုိ ့ရဲ့နာမည္ကုိ ေသခ်ာေပါက္ ရွင္းေပးမယ္” သူမ ကတိေပးလုိက္၏ ။

“အင္းပါ ၀မ္၀မ္ ညီမေလး ၿမန္ၿမန္ေတာ့ လုပ္ေနာ္ ။ စီရင္ခ်က္ခ်ဖို့က ရက္သိပ္မက်န္ေတာ့ဘူး ။ ေဖေဖနဲ့ကုိကို အၿပစ္ကင္းေၾကာင္းကုိ သက္ေသမၿပနုိင္လုိ့ ရွိရင္ ဂြမ္းမွာေနာ္ ။ ဒါနဲ့ ဘဲကင္ေလး ဘာေလး ယူမလာခဲ့ဘူးလား ။ အခုတေလာ အရမ္းစားခ်င္ေနလုိ့”

ရီမူဖန္သည္ အေကာင္းေၿပာေနရင္းကေန
လမ္းတစ္၀က္တြင္ စကားလမ္းေၾကာင္း ေၿပာင္းေလၿပီ ။

ရီ၀မ္၀မ္ ။ “…”

“ယူမလာခဲ့ဘူး” ရီ၀မ္၀မ္ မ်က္ေမွာင္ၾကဳတ္မိသြား၏ ။
“ကုိကို ဒီကေန ထြက္မွပဲ ဘဲကင္ ၾကိဳက္သေလာက္ အ၀စား ဟုတ္ၿပီလား”

“ငါ ဒီကေန ထြက္မွေတာ့ ဘာလုိ့ ဘဲကင္ စားေနရဦးမွာလဲ”
ေၿပာရင္း ႏႈတ္ခမ္ဆူလာသည့္ ရီမူဖန္တည္း ။

“အခ်ိန္ေစ့ၿပီ”

သူတုိ့ ဆက္မေၿပာရေသးခင္
ရီမူဖန္ကုိ အခန္းထဲကေန ေခၚသြားၾကေလၿပီ ။

အခ်ိန္လည္း ေစ့သြားၿပီမို့ ရီမူဖန္လည္း မရွိေတာ့ၿပီမို့
ရီ၀မ္၀မ္ အခ်ိန္ဆြဲမေနေတာ့ဘဲ ၿမန္ၿမန္ထြက္သြားလိုက္ေတာ့၏ ။

ေရွ့ေနကုိ ၿပန္ခုိင္းလုိက္ၿပီး ရီ၀မ္၀မ္ ကားတစ္စီး ငွားကာ ေရႊပင္လယ္စံအိမ္ဆီ ၿပန္သြာလုိက္ေတာ့သည္ ။

သူမ အိမ္ထဲကုိ ၀င္လုိက္ခ်ိန္ လ်န္၀မ္က်ြင္း ၊ ပထမအၾကီးအကဲ ၊ တတိယအၾကီးအကဲ နွင့္ ၾကယ္ခုနစ္ တုိ့မွာ “ဖဲ” ကစားေနၾကၿပီး ခုနစ္စင္ၾကယ္သည္ကေတာ့ ၾကယ္ခုနစ္ေနာက္ကေန ပြတ္သီးပြတ္သပ္ ေနေနေလသည္။

“ခုနစ္ၾကီး .. လုပ္လုိက္ လုပ္လုိက္ ။ လက္စသတ္လုိက္ေတာ့.. ။
ဟာကြာ ဘာလို့ ဂ်ိဳကာ ကုိ ထုတ္သံုးလုိက္ရတာလဲ ။
မင္း ဘာေတြမ်ား ေၾကာက္ေနရတာလဲ ငေၾကာက္ေလး ဟဲဟဲ” ခုနစ္စင္ၾကယ္သည္ကား တတြတ္တြတ္ ေၿပာေန၏ ။

ၾကယ္ခုနစ္ မ်က္ေမွာင္ၾကဳတ္ၿပီး သူ ့ကုိ ၾကည့္လာသည္ ။

“မင္း တိတ္တိတ္ေလး ေနေပးပါလား ။
ငါ ဒုိင္ကုိင္ေနတယ္ကြ”

ထိုခုနစ္စင္ၾကယ္၏ ေကာင္းမႈေၾကာင့္ ၾကယ္ခုနစ္၏လက္ထဲတြင္ ကိုင္ထားေသာ ကတ္တို့ကို လူတုိင္း သိသြားၾကၿပီး
ၾကယ္ခုနစ္ခမ်ာ အရႈံးၾကီး ရႈံးသြား ရေတာ့သည္ ။

“ခုနစ္ၾကီးရာ မင္းလဲ ညံ့ခ်က္ကြာ”
ခုနစ္စင္ၾကယ္ကား ေတြးဆေနေလဟန္ ။

“ထြက္သြားစမ္း”

“ဂိုဏ္း … ၀မ္၀မ္ ၿပန္လာၿပီလား”

အိမ္ထဲကုိ ၀င္လာသည့္ ရီ၀မ္၀မ္ကုိ ပထမအၾကီးအကဲ က လွမ္းၿမင္လိုက္ၿပီး တန္းႏႈတ္ဆက္လုိက္၏ ။

လ်န္၀မ္က်ြင္းသည္လည္း ရီ၀မ္၀မ္ ၿပန္ေရာက္လာသည္မို့ ထရပ္လုိက္ေတာ့၏ ။
“၀မ္၀မ္ ဧည့္သည္ေတြကုိ ဧည့္ခံထားလုိက္ဦးေနာ္ ။
ေမေမ အၿပင္သြားၿပီး လုိတာေလးေတြ သြား၀ယ္လုိက္ဦးမယ္ ။
ဒီည အိမ္မွာပဲ ညစာစားၾကတာေပါ့”

“ဟုတ္” ရီ၀မ္၀မ္ ေခါင္းညိတ္လုိက္၏ ။

လ်န္၀မ္က်ြင္း ထြက္သြားသည့္ေနာက္
ရီ၀မ္၀မ္လည္း ထိုေလးေယာက္ကို ေခၚကာ အိမ္ထဲကေန ထြက္သြားေတာ့သည္ ။

နာရီ၀က္အၾကာတြင္ ရီ စံအိမ္ေရွ့ကုိ ေရာက္သြားၾက၏ ။

ရီ၀မ္၀မ္သည္ လ်န္ေမးရႊမ္း နွင့္ အိမ္ေတာ္ထိန္း ဟြမ္ တုိ့၏ ဓာတ္ပံုတုိ့ကုိ တစ္ပံုၿပီးတစ္ပံု ထုတ္ၿပလုိက္သည္ ။

“ေရွ့ရက္ေတြက်ရင္ ဒီနွစ္ေယာက္ကို ေသေသခ်ာခ်ာ ေစာင့္ၾကည့္ထား ။ ၿဖစ္နုိင္ရင္ ဓာတ္ပံုေတြ ဗြီဒီယိုေတြပါ ရုိက္လာခဲ့ ။ ဒါေပမယ့္ ဘယ္သူမွ သတိမထားမိေအာင္ လုပ္”

ထိုကိစၥေသးေသးေလးသည္ကား သူတုိ့အတြက္ေတာ့ ဘာၿပသနာမွ မရွိနုိင္ပါေခ် ။

သူတုိ့သည္ ရီ၀မ္၀မ္၏ ရည္ရြယ္ခ်က္ကုိ မသိၾကပါေသာ္လည္း တစ္ေယာက္မွ ေမးခြန္းမထုတ္ၾကဘဲ ေခါင္းညိတ္သေဘာတူလုိက္ၾကပါ၏ ။ သူတို့သည္
ထိုကဲ့သုိ့ ေနာက္ေယာင္ခံသည့္ အလုပ္ေသးေသးေလးသာ ေပးအပ္ၿခင္းအေပၚတြင္ေတာ့ က်ိတ္ကာ ခုိးလို့ခုလုၿဖစ္မိရ၏ ။

……………………………………………………………......................

စာစဥ္ ၆၉၊ အခန္း ၃။  အစ္ကို ရီ သိမ္းပုိက္ထားတဲ့ အင္ပါယာ

ေနာက္ရက္မ်ားတြင္ လ်န္ေမးရႊမ္းနွင့္ အိမ္ေတာ္ထိန္း ဟြမ္ တုိ့ကို ေန့လည္ပုိင္းတြင္ ေနာက္ေယာင္ခံ လုိက္ကာ
ညဘက္ပုိင္းတြင္ စံအိမ္မွာ ၿပန္လာအနားယူၾက၏ ။

ရီ၀မ္၀မ္သည္ကေတာ့ သူမအေမအား စိတ္ေအးသြားေအာင္ ၿပဳလုပ္ေပးၿပီးေနာက္ ဟန္ရွန္းယြီတုိ့ဆီ သြားလုိက္သည္ ။

ေပက်င္းဆင္ေၿခဖံုးရပ္ကြက္က ဟန္ရွန္းယြီ၏ စံအိမ္တြင္ ။

ဟန္ရွန္းယြီနွင့္ လ်ိဳခ်န္းတုိ့သည္ ဧည့္ခန္းထဲက ဆုိဖာေပၚတြင္ အားအင္ကုန္ခမ္းစြာ ထုိင္ေနၾကၿပီး က်န္းယန္ရန္သည္လည္း စိတ္နွင့္ကုိယ္ မကပ္သလို မ်က္နွာက်က္ကို တေငးေငး ။ ကုန္ရႊီသည္လည္း အခန္းထဲတြင္ အေရွ့သြားလုိက္ အေနာက္သြားလုိက္နွင့္ ဂဏာမၿငိမ္ ။

စားပြဲေရွ့တြင္ ထိုင္ကာ လက္ေတာ့ပ္ ၾကည့္ေနသည့္ ေဖးယန္မွာ ေနာက္ဆံုးေတာ့ စိတ္ရွည္နုိင္စြမ္းတုိ့ ကုန္ခမ္းလာသည္ ထင္၏ ။
မ်က္ေမွာင္ၾကီးၾကဳတ္ကာ ကုန္ရီႊ ကုိ ၾကည့္လာၿပီး …
“ဘုိုးဘိုးေလးရာ က်ြန္ေတာ့္အေရွ့မွာ မ်က္စိေနာက္ေအာင္ မလုပ္ေနဘဲ ခနေလာက္ ၿငိမ္ၿငိမ္ေလး ထုိင္ေနေပးပါဦးလား”

ငွက္သုိက္လားမွတ္ရေအာင္ ဆံပင္ေတြ ဖရိုဖရဲ ၿဖစ္ေနသည့္ ကုန္ရႊီ မီးညွိလုိက္တာနဲ့ ေဖာင္းခနဲ ထေပါက္သြားတတ္သည့္ မီးရွဴးမီးပန္းပမာ ၀ုန္းဒုိင္းၾကဲ ေအာ္ဟစ္လာေလၿပီ ။

“ေအာင္မာ ေဟ်ာင့္ မင္းရဲ့သခင္ငယ္ေလးက ဟိုသူခုိးဓားၿပေတြရဲ့ အၿပာကားရုိက္ခုိင္းတာကို ခံရေတာ့မွာကြ ။ ငါ ဘယ္လိုလုပ္ ၿငိမ္ၿငိမ္ေနနုိင္မွာလဲ ။ ငါ့မွာ ပ်ာယာခတ္ေနခြင့္ေလးေတာင္ မရွိေတာ့ဘူးလား ဟမ္ ေၿပာစမ္းပါဦး”

ေဖးယန္သည္ ကူကယ္ရာမဲ့ၿခင္းၾကီးစြာၿဖင့္ မ်က္မွန္ကုိ ပင့္တင္လုိက္သည္ ။ ကုန္ရႊီသည္ အၿပာကားရုိက္ရမွာမို့
ေရွ့သြားလုိက္ အေနာက္သြားလုိက္နဲ့ ဂဏာမၿငိမ္နုိင္ ၿဖစ္ေနသည္က သူနဲ့ ဘာဆုိင္လို့လဲ ။

သို့ေသာ္လည္း ကုန္ရႊီသည္ အၾကီးအက်ယ္ စိတ္ဆုိးေနသည္ ကုိ ေဖးယန္ သိေနသည္ေၾကာင့္ စကားလံုးတုိ့ကုိ ၿမိဳသိပ္ထားလုိက္ပါ၏ ။

“ဟုတ္ပါၿပီဗ်ာ ဟုတ္ပါၿပီ .. အဲ့ေလာက္ေတာင္ ေလ်ွာက္ခ်င္သပ ဆုိလည္း ဆက္ေလ်ွာက္ပါဗ်ာ”

လ်ိဳခ်န္းကို အ၀တ္ကူ၀တ္ေပးေနသည့္ ေရွာင္ခ်င္းက ၀င္ေၿပာလာသည္ ။“အစ္ကုိ ရႊီ နဲ့စာရင္ အစ္ကုိ ရွန္းယြီ နဲ့ အစ္ကုိ ခ်န္း တုိ့ကမွ ပုိဆုိးေသးတာ .. ”

တံုက်ိဳက္က ခ်က္ခ်င္း ေခါင္းညိတ္သည္ ။
“အဲ့တာ ေၿပာတာ … အစ္ကုိရွန္းယြီ ဆုိ ေဟာလိ၀ုဒ္ကား တစ္ကားမွာ ပါခြင့္ရထားၿပီးသားကို အဆံုးရႈံးခံလုိက္ရတယ္ ၊ ၾကိဳးစားထားသမ်ွေတြအကုန္လံုးကုိလည္း အင္ပါယာစကုိင္း က လင္းေရွာင္က်ဲ့ဆီမွာ အကုန္ေပးလုိက္ရတယ္ ။
အစ္ကုိ ခ်န္း ဆုိရင္လည္းပဲ ကုမၸဏီက ဟုိေအာ့နွလံုးနာစရာ ေကာင္းတဲ့ မင္းသမီးမနဲ့ ေန့တုိင္း တြဲၿပေနရတာ ။
အစ္ကုိ ခ်န္း အဲ့ဖ်ာမ အစ္ကုိ့ကို ဘာမွေတာ့ မလုပ္ဘူးမလား”

လ်န္ခ်န္းမွာ မ်က္နွာအနည္းငယ္ ေတာင့္တင္းသြားၿပီး မသာမယာၿပန္ေၿဖလုိက္သည္ ။
“ငါ အဆင္ေၿပပါတယ္ ငါ့ကို စိတ္မပူနဲ့ ။
မင္းက ကုမၸဏီကုိပဲ ေကာင္းေကာင္းဂရုစုိက္”

ေရွာင္ခ်င္းမွာ မ်က္နွာညွိဳးက်သြား၏ ။
“အင္ပါယာစကုိင္းအင္တာတိန္းမန့္က သူတို့ေနာက္မွာ မာဖီးယားဂုိဏ္းရွိတယ္ဆုိၿပီး လူတိုင္းကုိ ဗိုလ္က်ခ်င္တုိင္း ဗိုလ္က်ေနတာကုိ တားေပးမယ့္သူ မရွိေတာ့ဘူးလားဟင္”

ၿပတင္းေပါက္နားတြင္ ရွိေနသည့္ က်န္းယန္ရန္က တည္ၿငိမ္စြာၿဖင့္ ၿပန္ေၿပာလာသည္ ။
“သူတုိ့ရဲ့ ေနာက္ေၾကာင္းက ရႈပ္ေထြးလြန္းတယ္ ၊ ၿပီးေတာ့ အဲ့ဂုိဏ္းက လူေတြအကုန္လံုးက အရမ္းရက္စက္ၿပီး ဆုိးသြမ္းတဲ့လူေတြခ်ည္းပဲ ။ ဘယ္သူကမ်ား သူတုိ့ကုိ သြားၿပီး ထိန္းခ်ဳပ္ရဲမွာလဲ”

တံုက်ိဳက္က ခပ္တုိးတုိး ေရရြတ္လာသည္ ။
“ဒါၿဖင့္ရင္လည္း က်ြန္ေတာ္တုိ့အကုန္လံုး အင္ေမာ္တယ္ေခတ္ကေန ထြက္သြားလုိက္ၾကရင္ေရာ”

တံုက်ိဳက္က ထုိသုိ့ ေၿပာလုိက္ေတာ့
လ်ိဳခ်န္း ၊ ကုန္ရႊီ ၊ က်န္းယန္ရန္ နွင့္ တိတ္ဆိတ္ေနပါေသာ ဟန္ရွန္းယြီ တုိ့ အားလံုး တစ္ၿပိဳင္တည္း ထေၿပာလာၾကသည္ကား ..

“မရဘူး”

ေလးေယာက္သား တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လုိက္ မိၾကၿပီး ၿပန္လည္တိတ္ဆိတ္သြားၾက၏ ။

ကုန္ရႊီက ေဒါသၾကီးစြာ ေငါက္လာေတာ့သည္ ။
“ထြက္သြားရမယ္လား .. လံုး၀ကို မၿဖစ္နုိင္ဘူး ။ ဒီအင္ေမာ္တယ္ေခတ္က အစ္ကုိရီရဲ့ေသြးေခ်ြးနဲ့ ရင္းၿပီး တည္ေဆာက္ထားတာ ။ ဒီဟာက အစ္ကုိ ရီ ငါတုိ့အတြက္ သိမ္းပိုက္ေပးထားတဲ့ အင္ပါယာၾကီးကြ ။ တၿခားသူကို လႊဲေပးလုိက္စရာလား ။ ငါတုိ့ထြက္သြားလုိက္ရင္
အစ္ကုိ ရီ စိတ္ပ်က္သြားမွာေပါ့”

က်န္းယန္ရန္၏ အသိစိတ္မကပ္ ၿဖစ္ေနေသာ မ်က္နွာေလးမွာလည္း စိတ္ဓာတ္ခုိင္က်ည္မႈတုိ့ကုိ ၿပသလာေခ်ၿပီ ။

“ဘာပဲေၿပာေၿပာ ငါ ဘယ္ေတာ့မွ မထြက္သြားဘူး”

လ်ိဳခ်န္းသည္လည္း ၀င္ေၿပာလာသည္ ။
“ငါေရာပဲ အစ္ကုိ ရီ ၿပန္လာတာကုိ ဒီမွာေနၿပီး ေစာင့္ေနမယ္”

ဟန္ရွန္းယြီသည္လည္း ႏူးညံ့သည့္အသံေအးေလးၿဖင့္ .. “အေၿခအေနေတြက အဲ့ေလာက္လဲ မဆုိးေသးပါဘူးကြာ ။
ဒီမွာဆုိ ငါတုိ့ရဲ့လႊမ္းမိုးမႈလည္း ရွိေနေသးတာပဲဟာ
သူတုိ့ အရမ္းၾကီး လြန္လြန္က်ဴးက်ဴး မလုပ္ရဲေလာက္ပါဘူး”

ဟန္ရွန္းယြီက ထုိသုိ့ ေၿပာေပးပါေသာ္လည္း
ဘယ္သူကမွ စိတ္ေအးသြားၿခင္း မရွိၾကပါေခ် ။ ထိုမာဖီးယားဂုိဏ္းသားမ်ားသည္ သူတုိ့အတြက္ အေနွာင့္အယွက္ၾကီးတစ္ခု ဆုိတာကို အားလံုး သိေနၾကပါ၏ ။

ကုန္ရႊီသည္ အစြန္ ့ပစ္ခံထားရသည့္ ေၾကာင္ေလးတစ္ေကာင္လုိ ေကာ္ဖီစားပြဲေပၚ ေခါင္းေလး တင္ကာ ခပ္တုိးတုိးေလး ညည္းညဴလာရွာသည္ ။
“အဟင့္ .. အစ္ကုိ ရီ ကုိ အရမ္းလြမ္းလုိက္တာ”

………………………………………………………………...................

စာစဥ္ ၆၉၊ အခန္း ၄။ ေနာက္ေခြးတစ္ေကာင္

ကုန္ရႊီ၏ ညည္းတြားလုိက္သံေၾကာင့္
တစ္ခန္းလံုး တိတ္ဆိတ္သြားၾကေတာ့သည္ ။

အမွန္ပင္ …

သူတုိ့သည္လည္း သူမကုိ လြမ္းေပသည္ …

ထိုမိန္းကေလးသည္ အရွိန္ညီးညီးထြန္းေၿပာင္ေနသည့္ အသူရာေနမင္းၾကီးနွင့္ အလားသ႑ာန္ တူေပသည္ … ။

သူမသည္ လုပ္ခ်င္တာမွန္သမ်ွကို ေအာင္ၿမင္ေအာင္ ေဆာင္ရြက္နုိင္သည္ ၊ အခ်ိန္တုိင္း အံ့ၿသဖြယ္ရာေတြ ထုတ္ၿပေပးနုိင္သည္ ။ သူမ ရွိေနသေရြ ့ အေမွာင္မိုက္ၾကီးမွာ ေပ်ာက္ကြယ္ေပးရကာ အလင္းေရာင္တုိ့က ထြန္းေၿပာင္နုိင္ေပသည္ ။

သူမသည္ကား လူတိုင္း၏ရင္ထဲတြင္
အင္ေမာ္တယ္ေခတ္၏ အသက္၀ိဥာဥ္ တည္း ။

ေဖးယန္သည္ သူ ့စိတ္ထဲက ထုိဥာဏ္ေကာင္းလြန္းလွေသာ မိန္းကေလးကို ၿပန္လည္ၿမင္ေယာင္မိၿပီး သက္ၿပင္းခ်လိုက္၏။

“ဒီတစ္ေခါက္ေတာ့ .. အစ္ကုိရီ တုိ့ ေမာင္နွမ ၿပသနာကုိ မနုိင္ဘဲ တကယ္ဒုကၡေရာက္ေနမွာ စုိးရတယ္”

“အစ္ကုိ ရီ အခုတေလာ မင္းတုိ့ကုိ ဆက္သြယ္ေသးလား”

လ်ိဳခ်န္းက ေမးလုိက္ရာ ..
အခန္းထဲက လူတုိင္း ေခါင္းခါၿပလာသည္ ။

က်န္းယန္ရန္က အားတင္းကာ ၿပံဳးလုိက္ရင္း …
“၀မ္၀မ္ အဆင္ေၿပပါေစလုိ့ပဲ ဆုေတာင္းပါတယ္”

သူမေလးသည္ မည္မ်ွပင္ အေၾကာက္အလန့္ကင္းကာ
မည္မ်ွပင္ စြမ္းေဆာင္နုိင္သည္ ဆုိပါေစ
မိန္းကေလးတစ္ေယာက္သာ ၿဖစ္သည္ မဟုတ္ပါလား ။

အေဖနွင့္ အစ္ကုိ နွစ္ေယာက္စလံုး ေထာင္က်ေနၿပီး
သူမ၏ ဒုဦးေလးမိသားစုသည္လည္း မာဖီးယားဂုိဏ္းနွင့္ ပတ္သက္ေနေလသည္မို့ သူမကိုယ္သူမ ကာကြယ္နုိင္ဖို့က မလြယ္နုိင္ပါေခ် ။
အခုခ်ိန္တြင္ ဘာသတင္းမွ မၾကားရၿခင္းကပင္ အေကာင္းဆံုးေသာသတင္း ၿဖစ္နုိင္ေပသည္ ။

ရီ၀မ္၀မ္ ေပ်ာက္ေနသည္က အခုဆုိ လေပါင္းမ်ားစြာ ရွိလာခဲ့ေလၿပီ ။ သူမသည္ ေၿခရာလက္ရာမက်န္ဘဲ ေပ်ာက္ခ်က္သားေကာင္းသြားခဲ့သည္မွာ သူတုိ့ ဘယ္လုိၾကိဳးစားဆက္သြယ္သြယ္ ဆက္သြယ္လုိ့ မရခဲ့သည္ပင္ ။

တခ်ိဳ့သည္လည္း သူမသည္ ရံပံုေငြေတြ ေၿဖာင္သြားကာ
တုိင္းတပါးကုိ ထြက္ေၿပးသြားၿပီဟု စြပ္စြဲၾကသည္ ၊
တခ်ိဳ့သည္လည္း သူမကုိ ေသၿပီဟု ေၿပာဆုိၾကသည္ .. ။

ကုန္ရႊီသည္ ေၾကာက္ရြံ ့ေနမႈ စုိးရိမ္ေနမႈတုိ့ကို ဖိနွိပ္ခ်ိဳးနွိမ္ထားရင္း ေဒါသထြက္စြာၿဖင့္ ေအာ္ေငါက္ပစ္လုိက္၏ ။

“အစ္ကို ရီ က ဘယ္လုိလူမုိ့လို့လဲ ၊ ငါ သေဘာက်ရတဲ့လူ ကြ ။ ဒီေလာက္လြယ္လြယ္ေလးနဲ့ ဒုကၡေရာက္နုိင္မယ္မ်ား မွတ္ေနလား ။ တစ္ေန့က်ရင္ ငါ့အစ္ကုိရီက ၿပန္လာၿပီးေတာ့ သက္တံ့ေရာင္တိမ္ၾကီး စီးၿပီးေတာ့ကို ငါ့ကို လာၾကိဳဦးမွာကြ”

တင္း ေတာင္ !

ဘဲတီးသံ ထၿမည္လာသည္ ။

“က်ြန္မ သြားဖြင့္ေပးလုိက္မယ္”

ေရွာင္ခ်င္းသည္ သူမလက္ထဲက အက်ီၤကို အၿမန္ ေအာက္ခ်လုိက္ၿပီး တံခါးဆီ ေလ်ွာက္သြားလုိက္၏ ။

“ဘယ္သူလဲ”

ေရွာင္ခ်င္း တံခါးဖြင့္ေပးလုိက္ၿပီး ဂရုမဲ့စြာ ေမာ့အၾကည့္ ..
အၿပင္က လူကို ေတြ ့လုိက္ၿပီးေနာက္ ေရွာင္ခ်င္း ၾကက္ေသေသသြား ေတာ့၏ ။

“အစ္ကုိ .. အစ္ကုိ … အားးးးးး”

ေရွာင္ခ်င္း၏ ေအာ္သံအက်ယ္ၾကီးသည္ လူတုိင္း၏အာရံုကို ဖမ္းစားနုိင္သြား၏ ။

အားလံုး ထရပ္လုိက္ၿပီး ဘယ္သူမ်ား ၿပသနာထပ္လာရွာ ၿပန္ၿပီဟု ေတြးလုိက္မိရင္း တံခါးဆီကုိ ေလ်ွာက္သြားလုိက္ၾကသည္ ။

“ေရွာင္ေ၀ .. ဘာၿဖစ္လုိ့လဲ”
ဟန္ရွန္းယြီက တည္တည္ၿငိမ္ၿငိမ္ပင္ ေမးလုိက္သည္ ။

“အစ္ - အစ္ကို ရီ .. အစ္ကုိ ရီ ၿပန္လာၿပီ အားးးးးး”

ေရွာင္ခ်င္း၏ ေပ်ာ္ရႊင္မႈတုိ့ ေ၀ဆာေနေသာ ေအာ္သံၾကီးမွာ ၿပတင္းေပါက္တုိ့ပင္ ကြဲအက္သြားေတာ့မလုိ ၿဖစ္သြားေစ၏။

ထုိအခ်ိန္တြင္ အားလံုးသည္လည္း တံခါးဆီကို ေရာက္လာၾကၿပီး
အခုမွ ခရီးကေန ၿပန္ေရာက္လာဟန္ တူေသာ အနက္ေရာင္၀တ္စံုနဲ့ မိန္းကေလးတစ္ေယာက္ကို တံခါး၀တြင္ ေတြ ့လုိက္ၾကရေလၿပီ ။

“အဟမ္း .. ေဘဘီေလး ~ ကိုယ့္ကုိ ေတြ ့ရတာ အဲ့ေလာက္ေတာင္ ေပ်ာ္သြားလား ~”

အနီွမိန္းကေလးသည္ ေပ်ာ္လြန္းလို့ မူးလဲက်မတတ္ ၿဖစ္ေန ေသာ ေရွာင္ခ်င္းကို ၾကည့္ကာ မခုိ့တရို့ေလး ၿပံဳးၿပလုိက္၏ ။
ခနအၾကာ သူမ ေမာ့ၾကည့္လုိက္ရာ
မတ္တပ္ရပ္ၿပီး ၾကက္ေသေသေနၾကေသာလူတစ္သိုက္ကို
ေတြ ့လုိက္ရသည္ ။

“ဟုိင္း .. မေတြ ့ရတာ ၾကာၿပီေနာ္”

ေခ်ာေမာၿပီး က်က္သေရအေပါင္း ေ၀ဆာေနေသာ မ်က္နွာေလးပင္ ၿဖစ္လင့္ကစား တစ္ခုခုကေတာ့ နည္းနည္းေလး ေၿပာင္းလဲသြားေလၿပီ ။ ၿမင္ၿမင္ခ်င္း မရင္းနွီးသည့္ခံစားခ်က္ကုိ ေပးစြမ္းေနသည့္ ထိုသူမေလးက အၿပံဳးေလးတစ္ပြင့္ကို ေပးလာခ်ိန္ ၊ စကားသံေလးတစ္သံ ထြက္လာခ်ိန္ အားလံုး၏ရင္ထဲကို ရင္းနွီးသည့္ခံစားခ်က္ ၀င္ေရာက္လာရသည္ ။

အရမ္း အရမ္းကုိ ရင္းနွီးသည္ …

သူတုိ့၏မ်က္၀န္းအိမ္ထဲ မ်က္ရည္တုိ့ပင္ ၿဖစ္ထြန္းလာေခ်ၿပီ။

“အစ္ကုိ ရီ ..”

“၀မ္၀မ္ …”

“အား … အစ္ကုိ ရီ … က်ြန္ေတာ့္ပါးစပ္က ေကာင္းလုိက္တာ ဗ်ာ ။ အစ္ကုိရီ တကယ္ပဲ သက္တံ့တိမ္ၾကီး စီးၿပီး က်ြန္ေတာ့္ကို လာၾကိဳေနၿပီ ၿဗဲ …”

ကုန္ရႊီသည္ က်န္းယန္ရန္ နွင့္ လ်ိဳခ်န္းကို တုိးတုိက္ကာ ေၾကာင္ေလးတစ္ေကာင္လုိ ရီ၀မ္၀မ္ဆီ ခုန္၀င္သြားေလၿပီ ။

သုိ့ေသာ္လည္း ကုန္ရႊီမွာ ရီ၀မ္၀မ္၏ရင္ခြင္ထဲ ပစ္မ၀င္လုိက္နုိင္ေသးခင္ သူမအေနာက္က ေအးစက္စက္လူငယ္ေလးတစ္ေယာက္သည္ အေရွ့ကုိ ေလ်ွာက္လာၿပီး သက္ေစာင့္ကိုယ္ရံေတာ္တစ္ဦးလုိ
ကုန္ရႊီအား ပိတ္ကာပစ္လုိက္ေခ်သည္ ။

ကုန္ရႊီမွာ ထိုလုပ္ရပ္ေၾကာင့္ အံ့ၿသသြားမိၿပီးေနာက္တြင္ မိုးၾကိဳးအပစ္ခ်ခံလုိက္ရသလုိ တုန္လႈပ္မႈတုိ့ လႊမ္းၿခံဳသြားရ
ေတာ့သည္ ။ သူ၏မ်က္နွာေလးမွာ
ခင္ပြန္းၿဖစ္သူက အၿပင္တြင္ ေနာက္မိန္းမထားေနသည္ကုိ သိလုိက္ရသည့္ ဇနီးေလးပမာ ။
မ်က္နွာေလးငယ္က်သြားၿပီး ေခါင္းေနာက္လြန္းလုိ့ မူးေမ့လဲက်ေတာ့မည့္နွယ္ ။

“အစ္ကို ရီ .. အစ္ကုိ .. အစ္ကုိ က်ြန္ေတာ့္ကြယ္ရာမွာ ေနာက္ေခြးတစ္ေကာင္ ေခၚထားၿပီေပါ့ေလ အီးဟီးဟီး”

………………………………………………………………...................

စာစဥ္ ၆၉၊ အခန္း ၅။  မင္းေခါင္းထဲမွာ ဘာေတြနဲ့ ၿပည့္ေနတာလဲ

“က်ြန္ေတာ့္ကြယ္ရာမွာ ေနာက္ေခြးတစ္ေကာင္ ေခၚထားၿပီ ေပါ့ေလ အီးဟီးဟီး”

သူမ၏မ်က္နွာေရွ့တြင္ ေအာ္က်ယ္ဟစ္က်ယ္ ငိုေၿပာေနေသာ ထိုအသံစူးစူးၾကီးေၾကာင့္ ရီ၀မ္၀မ္မွာ နားကြဲမတတ္ ၿဖစ္သြားရ၏ ။

ကုန္ရႊီ လဲက်ေတာ့မတတ္ ၿဖစ္ေနခ်ိန္ ရီ၀မ္၀မ္၏ပုခံုး ေနာက္ကေန ေခါင္းတစ္ေခါင္းက ၿပဴထြက္လာသည္ ။
ခုနစ္စင္ၾကယ္ မ်က္ေတာင္ေလး ကလယ္ကလယ္လုပ္ကာ ..
“ဟမ္ .. ေခြးလား ဘယ္မွာလဲ ဘယ္မွာလဲ”

ကုန္ရႊီသည္ ခုနစ္စင္ၾကယ္၏မ်က္နွာကို ေၾကာင္အမ္းစြာ ေငးၾကည့္ေနၿပီးေအာ္ ရိႈက္ၾကီးတငင္ ပိုၿဖစ္လာေတာ့ေလၿပီ ။

“အီးဟီးဟီး နွစ္ေကာင္ေတာင္မွ .. ”

ရီ၀မ္၀မ္ ။ “…”

ေတာ္ပါေတာ့ဟ …

တရုတ္ၿပည္က လူေတြသည္ ရီ၀မ္၀မ္ကုိ အနာတရၿဖစ္ေအာင္ လုပ္မွာ စုိးတာေၾကာင့္ တစ္ေယာက္ထဲ အၿပင္မသြားခုိင္းဘဲ ၾကယ္ခုနစ္ပါ လုိက္လာခဲ့ၿခင္း ၿဖစ္၏ ။ ခုနစ္စင္ၾကယ္သည္ကေတာ့
သူ ့ရဲ့ နတ္မိမယ္ေလးကုိ ေတြ ့ရေတာ့မည္ဟု ၾကားလုိက္သၿဖင့္ အတင္းမရမက ပူဆာကာ လုိက္လာခဲ့ၿခင္း ၿဖစ္၏ ။

အခုလုိသာ ၿပသနာတက္ရလိမ့္မည္မွန္း သိခဲ့မိလ်ွင္ ..
သူမ တစ္ေယာက္ထဲ လာမိပါရဲ့ .. ။

ကုန္ရႊီကုိ မဆိုနွင့္ ။ ရီ၀မ္၀မ္၏နံေဘးတြင္ ရပ္ေနေသာ ထိုေကာင္ေလးေခ်ာေခ်ာေလးနွစ္ေယာက္ေၾကာင့္
လ်ိဳခ်န္းတုိ့ပင္ တုန္လႈပ္မိသြားၾက၏ ။

“အစ္ကုိ ရီ .. ဒီနွစ္ေယာက္က …”
လ်ိဳခ်န္းသည္ တြန္ ့ဆုတ္စြာၿဖင့္ ေမးလုိက္သည္ ။

အစ္ကို ရီ ထပ္ေခၚလာတဲ့ သရုပ္ေဆာင္အသစ္ေတြမ်ားလား။

ထုိသည္ကား လူတုိင္း ပထမဆံုး ေတြးလုိက္မိၾကသည့္ အေတြးတည္း ။

ရီ၀မ္၀မ္သည္ တရုတ္ၿပည္ကို ၿပန္လာၿပီးေနာက္တြင္ အရမ္းအလားအလာရွိသည့္ ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္အၿပင္ ပထမအၾကီးအကဲ နွင့္ တတိယအၾကီးအကဲကုိပါ စတုိင္သေပးလုိက္ေသးသည္ ။

အက်င့္တုိ့ စြဲကပ္ေနၿပီၿဖစ္သည့္ ရီ၀မ္၀မ္ခမ်ာ ခါတုိင္းလုိပင္ ထိုနွစ္ေယာက္သားလံုးကုိလည္း ၿပင္ဆင္ၿခယ္သမႈတုိ့ ၿပဳလုပ္ေပးခဲ့မိေသာေၾကာင့္ သူတုိ့နွစ္ေယာက္မွာ နာမည္ေက်ာ္အနုပညာရွင္တုိ့လို ထြန္းလင္းေနကာ အလြန္တရာထူးၿခားေသာအေရာင္အ၀ါတုိ့ လ်ွံထြက္ေနၿပီး သူတုိ့၏ရုပ္ရည္ရူပကာသည္လည္း အလြယ္တကူပင္ အထင္မွားေစနုိင္၏ ။

ေဖးယန္သည္ ထုိလူငယ္ေလးနွစ္ေယာက္ကုိ ၾကည့္ရင္း မ်က္၀န္းတုိ့အေရာင္ေတာက္လာရသည္ ။

“ဒါရုိက္တာ ရီ သူတုိ့က ဒါရုိက္တာ အၿပင္ကေန ေခၚလာတဲ့ သရုပ္ေဆာင္ေတြလား”

ကုန္ရႊီသည္ကေတာ့ ခ်စ္သူရည္းစားက သစၥာေဖာက္ခံလုိက္ရသည့္ မိန္းကေလးပမာ ရွိေနဆဲ ။

“အစ္ကုိ ရီ ေၿပာေတာ့ က်ြန္ေတာ္နဲ့ ဟုိငတံုးေကာင္အၿပင္
ဘယ္သူ ့ကိုမွ ထပ္လက္မခံေတာ့ဘူးဆုိ အစ္ကုိ က်ြန္ေတာ့္ကို ကတိေပးထားတယ္ေလ ။ ဘာလုိ့ ဒီတစ္ေခါက္ နွစ္ေယာက္ေတာင္ ထပ္ေခၚလာတာလဲ အီးဟီးဟီး”

ရီ၀မ္၀မ္မွာ ကူကယ္ရာမဲ့စြာၿဖင့္ ရွင္းၿပလိုက္ရေတာ့သည္ ။

“မင္းေခါင္းထဲမွာ ဘာေတြနဲ့ ၿပည့္ေနတာလဲ တကယ္ပဲ ။ ဒီနွစ္ေယာက္က ငါ့သူငယ္ခ်င္းေတြ သရုပ္ေဆာင္ေတြ မဟုတ္ဘူး”

“သူငယ္ခ်င္းေတြ … လား”

ကုန္ရႊီမွာ မယံုသကၤာစြာၿဖင့္ ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္ကုိ ေသေသခ်ာခ်ာကို ၾကည့္ေန၏ ။
ေန့တစ္၀က္ေလာက္ ၾကာၿပီးေနာက္တြင္ ဆံုၿဖတ္ခ်က္ခ်လုိက္ၿပီး ထေၿပာလာေတာ့ သည္ ။

“သူတုိ့မ်က္နွာေတြနဲ့ ဘယ္လိုလုပ္ သူငယ္ခ်င္းေတြ ၿဖစ္နုိင္မွာလဲ ၿဗဲ”

ရီ၀မ္၀မ္ စိတ္တုိလာရေတာ့ၿပီး ကုန္ရႊီ၏ဆံပင္ငွက္သိုက္ကုိ ဆြဲဆုပ္ပစ္လုိက္ေတာ့၏ ။

“ငါ မင္းကုိ မေတြ ့ရတာ ဒီေလာက္ၾကာေနၿပီ
ဘာလို့ အခုထိ မရင့္က်က္ရေသးတာလဲ ဟမ္”

အရမ္းကုိ … ကေလးဆန္ေနတုန္းပဲ … ။

ထိုသည္ကုိ ၾကားလုိက္သည့္ကုန္ရႊီကေတာ့ အေတြးတစ္လြဲ ေကာင္းသြားကာ ထြက္ေနသည့္ေဒါသကေန ေပ်ာ္ရႊင္မႈတုိ့ အၿဖစ္ ေၿပာင္းသြားေတာ့ေလၿပီ ။

“ရင့္က်က္စရာလားဗ်ာ ဟီးဟီး က်ြန္ေတာ္က ငယ္ငယ္ေလးပဲ ရွိေသးတာကုိ”

ရီ၀မ္၀မ္ ။ “…”

ပြက္ေလာရုိက္တာေတြ ၿငိမ္က်သြားၿပီးေနာက္တြင္ ရီ၀မ္၀မ္သည္ ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္တုိ့ကုိ အိမ္ထဲ ေခၚလုိက္ေတာ့၏ ။

“၀မ္၀မ္ …”

က်န္းယန္ရန္သည္ နီရဲေနသည့္ မ်က္၀န္းတုိ့ၿဖင့္ သူမကို
ေပြ ့ဖက္လာသည္ ။

“ေကာင္းလုိက္တာ သိပ္ေကာင္းတယ္ .. နင္ ဘာမွမၿဖစ္ရင္ ရၿပီ ။
ဘာမွ မၿဖစ္တာ ေကာင္းတယ္ ။ နင္ အၾကာၾကီး ေပ်ာက္သြားေတာ့ ငါတုိ့အားလံုး ေသေလာက္ေအာင္ကို စုိးရိမ္ေနၾကတာ”

“ေတာင္းပန္ပါတယ္ ငါလည္း ၿပသနာတက္ေနေတာ့ နင္တို့ကို ဆက္သြယ္ဖုိ့က အဆင္မေၿပလုိ့”

“ရပါတယ္ ရပါတယ္ ဘာမွ မၿဖစ္ဘူး ။
အခု နင္ၿပန္လာၿပီဆုိရင္ကုိ ရၿပီ”

“ဟုတ္သားပဲ မိတ္ဆက္ေပးရဦးမယ္ ။ ဒီနွစ္ေယာက္က
ငါ နုိင္ငံၿခားထြက္ေနတုန္း ရလာခဲ့တဲ့ သူငယ္ခ်င္းေတြ ။
တစ္ေယာက္က ခုနစ္စင္ၾကယ္ ၊ ေနာက္တစ္ေယာက္က ၾကယ္ခုနစ္”
ရီ၀မ္၀မ္ ရိုးရိုးရွင္းရွင္းပင္ မိတ္ဆက္ေပးလုိက္ပါ၏ ။

“နာမည္ေတြက အဆန္းေလးေတြေနာ္ .. မဂၤလာပါ”

က်န္းယန္ရန္နွင့္ အားလံုးလည္း သူတုိ့အား မိတ္ဆက္လုိက္ၿပီး အခ်င္းခ်င္း မိတ္ဆက္လုိက္ၾက၏ ။

ကုန္ရႊီတစ္ေယာက္သာလွ်င္ သတိၾကီးၾကီးကပ္ထားၿပီး မ်က္နွာမသာမယာၿဖင့္ သူတုိ့နွစ္ေယာက္အား ၾကည့္ေနေလသည္ ။

ခုနစ္စင္ၾကယ္သည္ က်န္းယန္ရန္အား ရင္ခုန္စြာ ၾကည့္လုိက္၏ ။

“မဂၤလာပါ နတ္မိမယ္ေလး ။ အၿပင္မွာ လူကိုယ္တုိင္ ေတြ ့လုိက္ရၿပီ္ ေပ်ာ္စရာၾကီး ။ က်ြန္ေတာ္က နတ္မိမယ္ေလးရဲ့ ပရိသတ္ပါ ။ နတ္မိမယ္ေလးက တကယ္ပဲ အစ္မ ဖ .. အစ္မ ရီ ရဲ့ လက္ေအာက္က သရုပ္ေဆာင္လား”

ၾကယ္ခုနစ္သည္ကေတာ့ ေခါင္းညိတ္ၿပရံုသာ ၿပန္ႏႈတ္ဆက္ၿပီး ရီ၀မ္၀မ္နွင့္ ထုိလူတုိ့ တရင္းတႏွီး ၿဖစ္တာကုိ ၿမင္ေတာ့မွ စိတ္ေအးလက္ေအး ၿဖစ္သြာ၏ ။

ခုနစ္စင္ၾကယ္သည္ကေတာ့ လူမႈဆက္ဆံေရး တကယ္ ေကာင္းလွသူမို့ ခနေလးအတြင္းမွာပင္ လူတုိင္းနွင့္ တရင္းတနွီး ၿဖစ္သြားေတာ့ေလၿပီ ။

…………………………………………….....................................

စာစဥ္ ၆၉၊ အခန္း ၆။ ေဘာလံုးၿဖစ္ေနၿပီ

“မရဘူး က်ြန္ေတာ္ သ၀န္တုိတယ္ ။ အစ္မ ဖန္း အစ္မ
နုိင္ငံၿခားကေန ၿပန္ေရာက္ေရာက္ခ်င္း အရင္ဆံုးလာရွာတဲ့ သူက အစ္ကုိဟန္ရွန္းယြီ လား”
ကုန္ရႊီသည္ သ၀န္တုိမႈတုိ့ ဖိတ္ဖိတ္ယိုကာ ၿပစ္တင္ၿငဴစူေလသည္ ။

ရီ၀မ္၀မ္ မ်က္ခံုးပင့္တက္သြားၿပီး ခ်က္က်လက္က် ၿပန္လည္ေၿပာလုိက္၏ ။

“အဲ့ဒါ ပံုမွန္ပဲ မဟုတ္ဘူးလား”

“အစ္ကုိ ရီ မေကာင္းဘူးဗ်ာ အဟင့္”

ကုန္ရႊီသည္ သူမအား ေဒါသတၾကီး ေၿပာဆုိပစ္လုိက္ခ်င္
ေသာ္လည္း ေၿပာစရာဘာစကားမွ မေတြ ့ေပ ။

အရင္လာသူ အရင္ခင္တြယ္သည္ မဟုတ္ပါေလာ ။

အစ္ကုိ ရီ သည္ အစ္ကုိဟန္ရွန္းယြီကုိ သိလာသည္မွာ အၾကာၿမင့္ဆံုးၿဖစ္သည့္အၿပင္ နွစ္ေယာက္သားသည္
အရမ္းလဲ ခင္ၾကသူမ်ားမုိ့ သူ ဘာမွ မေၿပာနုိင္ပါေခ် ။

ရီ၀မ္၀မ္သည္ ရႊတ္ေနာက္ေနာက္ ေၿပာေနရာကေန
ခပ္တည္တည္ ေမးလုိက္ေတာ့၏ ။
“ငါ မရွိတုန္း အဆင္ေၿပၾကတယ္မလား”

သူမသည္ ဟန္ရွန္းယြီဆီကုိ အရင္လာရၿခင္း အေၾကာင္းမွာ ကုမၸဏီအေၾကာင္းကုိ အၿမန္ဆံုးနားလည္လာရဖုိ့အတြက္ ဟန္ရွန္းယြီက အသင့္ေတာ္ဆံုးၿဖစ္ေနၿခင္းေၾကာင့္ပင္ ။ သုိ့ေသာ္ ၿဖစ္ခ်င္ေတာ့ တၿခားသူမ်ားအားလံုးပါ ဒီေနရာတြင္ ေရာက္ေနၾကေလသည္ ။

ရီ၀မ္၀မ္ ေမးလုိက္ေတာ့မွ ကုန္ရႊီ၏နာက်ည္းမႈတုိ့မွာ ေပါက္ထြက္မတတ္ ၿဖစ္လာၿပီး ခါးသီးမႈတုိ့အားလံုးကို ဖြင့္ဟပစ္လုိက္ခ်င္လာ၏ ။

ကုန္ရႊီ မေၿပာလုိက္ရေသးခင္ လ်ိဳခ်န္းသည္ သူ ့ခါးကို ထဆိတ္ဆြဲလုိက္ေလသည္ ။

ငတံုးေကာင္ရ .. နာတယ္ဟ ။

ဘာလို့ ငါ့ လာဆိတ္ဆြဲေနတာလဲ ။

ကုန္ရႊီသည္ သူ ့ကို ေဒါသတၾကီး ၾကည့္လုိက္သည္ ။

လ်ိဳခ်န္းသည္ကေတာ့ သူ ဆိတ္ဆြဲတာ မဟုတ္သည့္အလား
ကုန္ရႊီကုိ ၾကည့္ပင္မၾကည့္ဘဲ ခပ္တည္တည္ပင္ ေၿဖလာသည္ ။

“က်ြန္ေတာ္တုိ့အားလံုး အဆင္ေၿပပါတယ္”

ကုန္ရႊီ ၏ စိတ္ထဲတြင္မူ ..
ေသာက္က်ိဳးနည္း .. အဆင္ေၿပပါတယ္ဆုိတာက ဘာစကားၾကီးလဲ ။ ငါ ဘယ္မွာအဆင္ေၿပေနလုိ့လဲဟ ။
ငါ့မွာ ၿမိဳသိပ္ရလြန္းလုိ့ ေဘာလံုးလုိ ၿဖစ္ေနၿပီဟာကုိ ။

အင္ေမာ္တယ္ေခတ္ကို ထူေထာင္ပါၿပီဆုိကတည္းက ကုမၸဏီထဲက မည္သူသည္ သူ ့အား မရုိမေသ မေလးမစား ဆက္ဆံ၀ံ့ခဲ့ပါသနည္း ။ သူသည္ တစ္ေတာင္လံုးကို အပိုင္စုိးထားေသာ
ေကသရာဇာ ဘုရင္ၾကီးသဖြယ္ ။
တစ္ဖြဲ ့လံုးက ခ်စ္ၿမတ္နုိးရေသာ ေၾကာင္ေလးသဖြယ္ ။
တစ္အိမ္လံုးက ယုယရေသာ ရတနာေလးသဖြယ္
ၿဖစ္ခဲ့သည္ မဟုတ္ေလာ ။

အခုေတာ့ … ။

ေၿခနင္းဖတ္သာသာသာ ၿဖစ္ေနရေလၿပီ ။

ကုန္ရႊီ ေၿပာဖို့ လုပ္လုိက္ခ်ိန္
လ်ိဳခ်န္းက ထပ္ဆိတ္ဆြဲလာၿပန္သည္ ။

ရီ၀မ္၀မ္သည္ လြတ္လပ္ေသာနယ္ေၿမထဲမွာ ရွိေနစဥ္က ၿမင္ခဲ့ရသည့္ တင္ဆက္မႈတစ္ခုကို အမွတ္ရမိသြား၏ ။

“အင္ပါယာစကုိင္းအင္တာတိန္းမန့္က အင္ေမာ္တယ္ေခတ္ ကို ၀ယ္လုိက္တာလား”

လ်ိဳခ်န္းတုိ့ မ်က္နွာမသာမယာ ၿဖစ္သြားၾက၏ ။

ဟန္ရွန္းယြီက ထေၿဖေပးလာသည္ ။

“ရီပုိင္ ငါ ေတာင္းပန္ပါတယ္ ။ ကုမၸဏီကုိ ငါ မကာကြယ္နုိင္ ခဲ့ဘူး ။ ဒါေပမယ့္ ဒါကလည္း ငါတုိ့လုပ္နုိင္တဲ့အထဲကမွ အေကာင္းဆံုးပါ”

“စီအီးအို ရီ ရဲ့ အမႈေၾကာင့္ ကုမၸဏီဘက္မွာ နာမည္ေတာ္ေတာ္ ထိသြားတယ္ ။ ရံပံုေငြေတြ အကုန္ ကုန္သြားၿပီးေတာ့ ေဒ၀ါလီခံရဖုိ့ ၿဖစ္လာတယ္ ။ အင္ပါယာစကုိင္းရဲ့ ေအာက္ကုိ ၀င္လုိက္တာက မီးေလာင္ေနတဲ့ အိမ္တစ္လံုးထဲကုိ ၀င္လုိက္တာနဲ့ အတူတူပဲ ဆုိေပမယ့္လည္း အနည္းဆံုးေတာ့ စီအီးအို ရီ ရဲ ့ေနရာမွာ ေယာင္က်ား၀မ္ရွိေနလို့ ကုမၸဏီကုိ နည္းနည္းေတာ့ ထိန္းနုိင္ထားတာေပါ့”

ဟန္ရွန္းယြီသည္ တစ္ခ်ိန္လံုး တည္ၿငိမ္သည့္မ်က္နွာၿဖင့္သာ အစအဆံုး ရွင္းၿပသြားကာ မ်က္၀န္းတုိ့ကလည္း တည္တည္ၿငိမ္ၿငိမ္ ေအးေအးခ်မ္းခ်မ္းပင္ ။

မသိပါက အရာရာမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလး ၿပီးသြားခဲ့ၿပီး သူတုိ့သည္လည္း ဘယ္လုိဒုကၡဒဏ္ကုိမွ ခါးစည္းကာ မခံစားခဲ့ရသလိုလုိ .. ။

ရီ၀မ္၀မ္သည္ ဟန္ရွန္းယြီတုိ့အား ၾကည့္ကာ ေမးလုိက္၏ ။

“အင္ပါယာစကုိင္းကေရာ ခက္ခဲေအာင္ လုပ္ေသးလား”

က်န္းယန္ရန္က အၿမန္ၿပန္ေၿဖလာသည္ ။
“အဲ့ဒီကုမၸဏီထဲကုိ ၀င္လုိက္တယ္ဆုိေပမယ့္လည္း ငါတုိ့အဆင့္အတန္းကလည္း ခုိင္ေနၿပီးသားဆုိေတာ့
သူတုိ့ ငါတုိ့အေပၚမွာ သိပ္ၿပီး မလုပ္ရဲပါဘူး”

အင္ပါယာစကိုင္းလက္ေအာက္ကို ကုမၸဏီ၀င္သြားရၿခင္းမွာ သူတုိ့၏ေရြးခ်ယ္မႈၿဖစ္ၿပီး ထိုအခ်ိန္က လုပ္ခဲ့သည့္
ထုိလုပ္ရပ္သည္ အသင့္ေတာ္ဆံုး ၿဖစ္သည္ဟု
ဟန္ရွန္းယြီနွင့္ က်န္းယန္ရန္တုိ့က ေၿပာေနၿခင္း ၿဖစ္ေပသည္။

သုိ့ေသာ္လည္း ..
အမွန္တရားမွာမူ လံုးလံုးၾကီးကုိ ဆန့္က်င္ေန၏ ။

သူတုိ့သည္ သူတို့ကုိယ္တုိင္ သူတုိ့လက္နွင့္ ပ်ိဳးေထာင္လာခဲ့ၾကသည့္ ကုမၸဏီကုိ ရန္သူေတာ္ၿပိဳင္ဘက္ ကုမၸဏီၾကီးကုိ မည္သုိ့ ထုိးအပ္ရက္ပါမည္နည္း ။

ဟုိအရင္က သူတို့အားလံုးသည္ ကုမၸဏီကို ရွိရွိသမ်ွ ခြန္အားနွင့္ အလူးအလဲ ကာကြယ္ေပးခဲ့ကာ မေသမခ်င္း ေတာင့္ခံၿပီး ၾကိဳးစားခဲ့ၾကသည္ ။ ကုမၸဏီၾကီး အေၿခခုိင္လာရဖုိ့ရာအတြက္ ရွိသမ်ွအရာအားလံုးကုိ ရင္းကာ စိန္ေခၚမႈတုိ့ကုိ ၿဖတ္ေက်ာ္လာခဲ့ရသည္ ။ ရီ၀မ္၀မ္ ထြက္မသြားခင္ အခ်ိန္အတြင္းမွာပင္ သူတုိ့အားလံုးသည္ အနုပညာေလာကက လူမ်ားနွင့္ ခင္ခင္မင္မင္ ရွိလာခဲ့ၾက သည္ ။
ကုမၸဏီသည္ တၿဖည္းၿဖည္းခ်င္း တုိးတက္လာရာကေန … ေနာက္တြင္ အင္ပါယာစကိုင္းအင္တာတိန္းမန့္က ၀င္ရႈပ္လာေလသည္ ။

ဟုန္ရွင္းဂုိဏ္းသည္ အာရွတစ္လႊားကုိ ဂုိဏ္းခြဲမ်ားစြာ ၿဖန့္က်က္ထားေသာ သမုိင္းတစ္ေလ်ွာက္တြင္လည္း အၾကီးမားဆံုးေသာ မာဖီးယားဂုိဏ္းၾကီးတစ္ဂုိဏ္း ၿဖစ္ေပသည္ ။ ေနာက္ခံအင္အား ေတာင့္သည့္ သူတုိ့သည္ အခုတေလာကတြင္ အနုပညာေလာကထဲကုိ ေၿခခ်လာၿပီး ပုိက္ဆံေတြ အမ်ားၾကီး ၀င္ရင္းနွီးလာခဲ့ေလသည္ ။

……………………………………………………………….................

စာစဥ္ ၆၊ အခန္း ၇။  သရုပ္ေဆာင္စြမ္းရည္ ၿပၾကၿပီ

ထိုဟုန္ရွင္းဂုိဏ္းနွင့္ ပတ္သက္ေနသည့္ အင္ပါယာစကုိင္း အင္တာတိန္းမန့္သည္ ထိုမာဖီးယားဂုိဏ္းနာမည္ကုိ အသံုးခ်ကာ အင္ေမာ္တယ္ေခတ္၏ ေစ်းကုိ ဟုိးေအာက္ကို ထုိးက်သြားေအာင္ နွိမ္ခ်ပစ္ခဲ့သည္ ။

သူတုိ့၏နည္းလမ္းမွာ အလြန္အက်ဴးကို ေအာ့နွလံုး နာစရာ ေကာင္းလွေပ၏ … ။

သူတုိ့သည္ ေယာင္က်ား၀မ္ကို ေငြထိုးေပးၿပီး ေယာင္က်ား၀မ္အေပၚ ယံုၾကည္ေနၾကသည့္ ယံုၾကည္မႈကုိ အသံုးခ်ကာ က်န္းယန္ရန္ကုိ ၿပန္ေပးဆြဲခဲ့ၿပီးေနာက္ ဟန္ရွန္းယြီအား မမွ်တလြန္းေသာ စာခ်ဳပ္ကုိ အတင္းလက္မွတ္ ထိုးခုိင္းေစခဲ့သည္ ။

ရီ၀မ္၀မ္သာ အမွန္တရားကုိ သိသြားခ့ဲပါလ်ွင္ …

သူမ၏စရုိက္သေဘာထားအရ ဘာလုပ္မည္မွန္း ေၿပာမရေပ။

အခုလို က်ပ္တည္းေနသည့္ အေၿခအေနထဲကုိ
ရီ၀မ္၀မ္ အေလာတၾကီး ၀င္တုိးလာပါလွ်င္
သူမအတြက္ ဒုကၡအၾကီးၾကီး ေရာက္သြားေပလိမ့္မည္ ။

ထုိလူမ်ားသည္ လူ့စည္းဘီလူးစည္းဆုိတာကုိ မသိသလို က်င့္၀တ္မ်ားလည္း မရွိၾကကာ စည္းမ်ဥ္းစည္းကမ္းမ်ား ဆုိတာကုိလည္း လံုးလံုး လ်စ္လ်ဴရႈထားၾကသူမ်ား ၿဖစ္၏ ။

ရီ၀မ္၀မ္သည္ သူဟာနွင့္သူပင္ ေတာ္ေတာ္ အက်ပ္အတည္းထဲ ေရာက္ေနၿပီးေလၿပီ ။
သူမ၏အေဖနွင့္အစ္ကိုမွာ ေထာင္က်ေနဆဲ ၿဖစ္ၿပီး
ရီမိသားစုကလည္း သူမအား ပစ္မွတ္ထားေနသည္မို့
သူတို့ကပါ သူမအား ကုမၸဏီကိစၥေၾကာင့္နွင့္
ဒုကၡတြင္းထဲ ထပ္မတြန္းခ်လိုပါေပ ။

သူမသည္ ဘယ္ေလာက္ပင္ စြမ္းပါေစ
မိသားစုအေရးၿဖင့္ အပူမီးေလာင္ေနရသည့္ သာမန္မိန္းကေလးတစ္ဦးသာ ၿဖစ္သည္ မဟုတ္ပါလား ။

ဟန္ရွန္းယြီ ၊ လ်ိဳခ်န္းနွင့္ က်န္းယန္ရန္တုိ့လည္း ထိုစကားကုိ
ခ်က္ခ်င္း ေထာက္ခံေပးလုိက္ၾက၏ ။

ရီ၀မ္၀မ္ကုိ ၿမင္လုိက္ရလုိ့ စိတ္လႈပ္ရွားသြားကာ ခံစားခ်က္တုိ့ ပြင့္အံလုလု ၿဖစ္သြားရသည့္ ကုန္ရႊီသည္လည္း ၿမန္ၿမန္ပင္ နားလည္သြား၏ ။

ေဒါသတရားတုိ့မွာ ခ်က္ခ်င္းပင္ ၿပယ္လြင့္သြားရၿပီး
လ်ိဳခ်န္း ၊ က်န္းယန္ရန္ နွ့င္ ဟန္ရွန္းယြီတုိ့ကုိ
မ်က္လံုးေလး ကလယ္ကလယ္ၿဖင့္ လုိက္ၾကည့္ေနမိသည္ ။

သူတို့သည္ သူ ့အား အစ္ကုိ ရီ ကုိ ေၿပာမၿပခုိင္းၿခင္းမွာ
သူမကို ဒုကၡမေရာက္ေစလုိေသာေၾကာင့္ ၿဖစ္ေပသည္ ။

ကုန္ရႊီ၏ အေကာင္းဆံုးသရုပ္ေဆာင္အရည္အခ်င္းမွာ
ခ်က္ခ်င္းပင္ ၀ုန္းခနဲ နိုးထလာၿပီး
ေရႊသစ္ခြအေကာင္းဆုံး သရုပ္ေဆာင္ဆုပိုင္ရွင္ လ်ိဳခ်န္း ၊ ေရႊသစ္ခြအေကာင္းဆံုး သရုပ္ေဆာင္ဆု ပိုင္ရွင္ က်န္းယန္ရန္ ၊ နုိင္ငံေက်ာ္အေကာင္းဆံုး သရုပ္ေဆာင္ ဟန္ရွန္းယြီတုိ့နွင့္ ပူးေပါင္းလုိက္ကာ ေမာက္ေမာေထာင္လႊားစြာၿဖင့္ ဟန္ေရးၿပလုိက္ေတာ့ေလၿပီ ။

“ဟာဗ်ာ က်ြန္ေတာ္က ဘယ္သူမို့လို့လဲ … ဘယ္သူကမ်ား က်ြန္ေတာ္တုိ့ကုိ ခက္ခဲေအာင္ လုပ္ရဲမွာလဲ ။ က်ြန္ေတာ္က အနုပညာေလာကမွာ နံပတ္ ၁ နာမည္ေက်ာ္သရုပ္ေဆာင္ ပါဗ် ။ က်ြန္ေတာ့္ကုိ မုိးေပၚ ေၿမွာက္ၿပီး ပစားေပးထားတယ္ ဆုိတာကမွ ဟုတ္မွာေပါ့”

ဟန္ရွန္းယြီသည္ ကုန္ရႊီ၏ ပူးေပါင္းမႈေၾကာင့္ အံ့အားသင့္ သြား၏ ။

သို့ေသာ္ ဟန္ရွန္းယြီသည္ သရုပ္ေဆာင္ေကာင္းရံုအၿပင္ကုိ ရီ၀မ္၀မ္အေၾကာင္းပါ ေကာင္းေကာင္းၾကီး သိေနသူ ၿဖစ္ေသး၏ ။ အလြန္အက်ဴး ညာ၀ါးၿပလ်ွင္ ရီ၀မ္၀မ္ မယံုၾကည္မွာကုိပင္
သူ သိေနသည္မုိ့ အမွန္တရားတ၀က္ အမွားတ၀က္ ေရာကာ ဇာတ္လမ္းဆင္ေတာ့သည္ ။

“၀မ္၀မ္ ငါ မင္းကုိ မညာပါဘူးကြာ ။ ေယာင္က်ား၀မ္က အခုဆို ရီယီယီရဲ့ လက္ေအာက္ကုိ ေရာက္သြားၿပီ ။ လူေတြဆုိတာက အၿမင့္ကုိ တက္ခ်င္ၾကတာပဲ သဘာ၀ပဲ ။ တစ္ေယာက္နဲ့တစ္ေယာက္ရဲ့ ပန္းတုိင္ေတြကလည္း တူၾကတာမွ မဟုတ္တာ ။ အဲ့လိုလုပ္သြားတာကို ငါတုိ့ သူ ့ကုိလည္း သြားအၿပစ္တင္လုိ့ မရဘူးေလ”

“ေတာ္ေသးလုိ့ သူကလည္း ငါတုိ့ရဲ့ အရင္ခင္မင္မႈကို
ေထာက္ၿပီးေတာ့ အေရးေပး ဆက္ဆံေပးေနလို့
ငါတုိ့အားလံုးလည္း လံုး၀ကုိ အဆင္ေၿပေနရတာ”

ကုန္ရႊီသည္ ဥာဏ္ရည္တက္လာေလၿပီ ၊ ခ်က္ခ်င္းပင္
ဟန္ရွန္းယြီ၏ ဇာတ္လမ္းေပၚ ေဖာလိုးလိုက္ေပးေတာ့၏ ။

“အဲ့မိန္းမက မိုက္ရုိင္းလြန္းတာေတာ့ ကမ္းကုန္ပဲ ။
သူ အထက္ကုိ လွမ္းနုိင္ဖုိ့အတြက္ အစ္ကို့အေပၚမွာ အကုန္ အၿပစ္ေတြ ပံုခ်သြားတယ္ ။ ဒါေပမယ့္ အစ္ကုိ ရီ စိတ္ခ် ။ က်ြန္ေတာ္တုိ့ကိုယ္တုိင္ တုိက္ပြဲထဲ ၀င္ပါၿပီးေတာ့ အစ္ကုိ့ကုိ လံုး၀ ေထာက္ခံ ေပးမယ္ ။ အစ္ကုိ့အေပၚမွာ ရွိေနၾကတဲ့ သံသယေတြကုိ ေပ်ာက္သြားေအာင္ ရွင္းေပးမယ္ ။ ၿပီးေတာ့ သူတုိ့မွာလည္း သက္ေသရွိတာမွ မဟုတ္တာ အစ္ကုိ့ကုိ အရမ္းၾကီး ထိခုိက္ေအာင္ လုပ္လုိ့ မရပါဘူးဗ်ာ ။ ၿပီးေတာ့ အစ္ကုိ့ပရိသတ္ေတြကလည္း အစ္ကုိ့ကုိ ယံုၾကည္ေနၾကတုန္းပဲ”

“ဟုတ္တယ္ ၀မ္၀မ္ .. အန္ကယ္ ရီ နဲ့ နင့္အစ္ကုိကိစၥကုိပဲ အာရံုစုိက္ထားေနာ္ ၊ ငါတုိ့ကုိ စိတ္မပူနဲ့”

က်န္းယန္ရန္ကလည္း နွစ္သိမ့္ေပးလာသည္ ။

ေလးေယာက္သားသည္ စက္ဆီေကာင္းေကာင္း ၿဖည့္ထားသည့္ စက္တစ္ခုလုိ ေခ်ာေခ်ာေမာေမာ ပူးပူးေပါင္းေပါင္း ေၿပာဆုိသြားၾကၿခင္းေၾကာင့္
ေဖးယန္ ၊ ေရွာင္ခ်င္း နွင့္ တံုက်ိဳတုိ့အားလံုး တိတ္ဆိတ္သြားၾက၏ ။

သူတုိ့၏စကားမ်ားကုိ နားေထာင္ရင္း ရီ၀မ္၀မ္၏မ်က္၀န္းထဲ အလင္းေရာင္တစ္ခု မသိမသာ ၿပိဳးၿပက္လာကာ ရယ္ေမာကာ ေၿပာလုိက္၏ ။

“ဒါဆုိရင္ေတာ့ စိတ္ေအးသြားပါၿပီ ။ အားလံုး အဆင္ေၿပေန တယ္ဆုိေတာ့ သိပ္ေကာင္းတာေပါ့ ။ ငါ့မိသားစုကိစၥေၾကာင့္
ကုမၸဏီပါ ဆြဲခ်ခံလုိက္ရတာ ငါကသာ ေတာင္းပန္ရမွာပါ ။
ကုမၸဏီက ပါသြားၿပီဆုိမွေတာ့ အလုပ္အေပၚမွာပဲ အာရံုစိုက္ၾက ၊ ငါ့မိသားစုနဲ့ အတတ္နုိင္ဆံုး မပတ္သက္ၾက နဲ့ဦး”

…………………………………………………………………….............

စာစဥ္ ၆၉၊ အခန္း ၈။  ႏူးညံ့စြာ ေၿပာၿခင္း

ရီ၀မ္၀မ္ ေၿပာလုိ့ မဆံုးေသးခင္
ဟန္ရွန္းယြီက ႏူးညံ့စြာ ၀င္ေၿပာလာသည္ ။

“ရီပုိင္ ဒီလိုမ်ိဳးၾကီး ေၿပာေနတာ အရမ္းသူစိမ္းဆန္လြန္းပါတယ္ ။
ငါတုိ့ရဲ့ ပတ္သက္မႈကို ေထာက္ထားၿပီးေတာ့ ေက်းဇူးတရားဘာညာကုိ မေၿပာခ်င္ေပမယ့္လည္း မင္းေၾကာင့္သာ မဟုတ္ရင္ ငါ ဒီေနရာမွာ ရွိေနမွာ မဟုတ္သလို အင္ေမာ္တယ္ေခတ္ ဆုိတာလည္း ရွိခဲ့မွာ မဟုတ္ဘူး ။ ငါတုိ့ေတြ ေအးအတူ ပူအမ်ွ အတူတူရင္ဆုိင္ၿပီး ၿဖတ္ေက်ာ္သြားမယ္ဆုိတဲ့ စကားကလဲ ဘယ္ေတာ့မွ မေၿပာင္းလဲသြားဘူး”

လ်ိဳခ်န္းသည္လည္း ဟန္ရွန္းယြီလုိ မ်က္နွာတည္ကာ ေခါင္းညိတ္ၿပလာသည္ ။

က်န္းယန္ရန္သည္ ရီ၀မ္၀မ္အား ေပြ ့ဖက္လုိက္၏ ။

“၀မ္၀မ္ .. နင့္ေၾကာင့္နဲ့ ငါတုိ့ဒုကၡေရာက္ရတယ္ဆုိတာမ်ိဳး
နင့္ကို ထပ္ေၿပာခြင့္ မေပးဘူး ၊ ထပ္ေၿပာရင္ ငါ စိတ္ဆုိးမွာ ။ နင့္အစ္ကုိနဲ့ အန္ကယ္ ရီ တုိ့နဲ့ ပတ္သက္ၿပီးေတာ့ လည္း ငါတုိ့ေတြ ေရွ့ေနရွာၿပီးေတာ့ အေၿဖရွာေနတာမလုိ့ အရမ္းစိတ္မပူနဲ့ေနာ္”

ရီ၀မ္၀မ္၏ရင္ထဲတြင္ ေႏြးေထြးမႈေလးတစ္ခုက ရစ္သိုင္းလာ ကာ ထိုအေပါင္းအေဖာ္မ်ားအား သူမ ၾကည့္လုိက္မိ၏ ။

“ေက်းဇူး”

ဟန္ရွန္းယြီတုိ့တြင္ အလုပ္မ်ား ရွိေနေသးသည္ေၾကာင့္ ရီ၀မ္၀မ္သည္လည္း ၾကာၾကာမေနနုိင္ေတာ့ ။ စကားနည္းနည္းပါးပါးေၿပာၿပီးေနာက္ ၿပန္သြားလုိက္၏ ။

ရီ၀မ္၀မ္ ထြက္သြားသည့္ေနာက္တြင္
ကုန္ရႊီသည္ ေကာ္ေဇာ္ေပၚ ေဆာင့္ေၾကာင့္ထုိင္ခ်လုိက္ကာ …
“ငါလခြမ္း .. ငါတုိ့ေတြ သူ ့ကို လ်ိဳထားမိၿပီ”

ထို့ေနာက္တြင္ သူသည္ ထခုန္ကာ သူ ့အက်ီၤကုိ လွန္တင္လုိက္ၿပီး ခါးကို လက္ညွိဳးထိုးၿပလာသည္ ။

“ေဟ်ာင့္ ငတံုးေကာင္ မင္း ငါ့ကုိ သတိေပးတာလည္း နည္းနည္းပါးပါး နူးနူးညံ့ညံ့ေလး မလုပ္တတ္ေတာ့ဘူးလား ။ မင္းေၾကာင့္
ငါ့ရဲ ့အဖိုးတန္ခါးေလး ဒဏ္ရာက်န္ရစ္သြား ရွာၿပီဟ”

လ်ိဳခ်န္းသည္ ဘာကိုမွ မေၿပာဘဲ “ရူးေနတာလား” ဆုိသည့္ ခါတုိင္းအၾကည့္ၿဖင့္သာ ၾကည့္ေပးလုိက္ေလသည္ ။

ကုန္ရႊီသည္ ေဖာ္ေကာင္လုပ္မိဖုိ့ တဲတဲေလးသာ လုိခဲ့ၿပီး သူက မွားေနခဲ့သည္ကုိ အခု တစ္ၿပန္ၾကီး ၿပန္အၿပစ္တင္ေနေလသည္ ။

“ဘယ္လိုလဲ .. ဒီသခင္ငယ္ေလးရဲ့ သရုပ္ေဆာင္စေကးက ေသာက္ရမ္းေကာင္းတယ္ မလား”

လ်ိဳခ်န္းသည္ အမူအရာကင္းမဲ့စြာၿဖင့္ ၿပန္ေၿဖလိုက္သည္ ။
“ပုိလြန္းအားၾကီးတာ”

ကုန္ရႊီသည္ ခ်က္ခ်င္း မ်က္ေစာင္းၾကီး ထိုးကာ …
“ခ်ီးစကားေတြ .. ဒီေလာက္ေကာင္းတာ အသိသာၾကီးဟာ ။ ဒီသခင္ငယ္ေလးက အေကာင္းဆံုးသရုပ္ေဆာင္ဆုကို ရထားတဲ့သူပါေနာ္”

က်န္းယန္ရန္သည္ ဟန္ရွန္းယြီဘက္သုိ့ လွည့္ကာ
စိတ္ပူစြာၿဖင့္ ေမးလုိက္ေတာ့သည္ ။
“ငါတုိ့ သူ ့ကို အယံုသြင္းနုိင္ေလာက္ၿပီ မလား”

ဟန္ရွန္းယြီသည္လည္း မေသခ်ာသၿဖင့္ ေၿခာက္အက္အက္ ရယ္ေမာလုိက္၏ ။
“အယံုသြင္းနုိင္ေလာက္မလား”

အေကာင္းဆံုးသရုပ္ေဆာင္မ်ားက သူတုိ့၏ သရုပ္ေဆာင္ စေကးအေပၚ စိုးရိမ္ေနၾကၿခင္းကုိ ၿမင္ေနရသည့္ ေဖးယန္က ထေၿပာလာေတာ့သည္ ။

“ဘာေတြမ်ား စုိးရိမ္ေနၾကတာလဲဗ်ာ ။ မေကာင္းဆံုးသရုပ္ေဆာင္ဆုကုိ ရထားၾကတဲ့ မင္းသားသံုးလက္ နဲ့ မင္းသမီးတစ္လက္ က ၀ုိင္းသရုပ္ေဆာင္သြားၾကတဲ့ဟာ ရီပုိင္က ဘယ္လိုလုပ္ သတိထားမိပါ့မလဲ ။ ၿပီးေတာ့လည္း အခုခ်ိန္မွာ သူ ့အစ္ကုိနဲ့ အေဖကိစၥနဲ့တင္ အာရံုမ်ားေနတဲ့ဟာ က်ြန္ေတာ္တုိ့ဘက္ကို ဘယ္အာရံုစိုက္နုိင္ပါ့မလဲဗ်ာ”

က်န္းယန္ရန္က သက္ၿပင္းခ်ကာ ေၿပာလာသည္ ။
“အဲ့လုိပဲ ၿဖစ္ပါေစ ..”

လ်ိဳခ်န္းသည္ ကုန္ရႊီကုိ ၾကည့္လုိက္ၿပီး တြန္ ့ဆုတ္စြာၿဖင့္ သတိေပးလုိက္၏ ။
“မင္း .. မနက္ၿဖန္က်ရင္ သတိထားေနေနာ္”

ကုန္ရႊီသည္ သူ ့အား စိတ္ပူေပးေနသည့္ လ်ိဳခ်န္းေၾကာင့္ အံ့ၿသသြားမိ၏ ။ ခ်က္ခ်င္းပင္ ေခါင္းေလး ေစာင္းကာ ေၿပာလုိက္ေတာ့သည္ ။

“ငါက ဘယ္သူမို့လို့လဲ ။ ဒီသခင္ငယ္ေလးကုိ နစ္နာေအာင္ လုပ္နုိင္မယ့္သူ ဘယ္သူမွ မရွိေသးဘူး ။ မင္းဟာမင္းပဲ စိတ္ပူစမ္းပါ”

ကားထဲတြင္ ။

ရီ၀မ္၀မ္သည္ ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္ကုိ ေခၚကာ ဟန္ရွန္းယြီ၏ စံအိမ္ထဲကေန ထြက္လာၿပီးေနာက္ ကားထဲ ၀င္လုိက္သည္တြင္ သူမမ်က္နွာထက္က အၿပံဳးေႏြးေႏြးေလး မွာလည္း ခ်က္ခ်င္း ကြယ္ေပ်ာက္သြားေလၿပီ ။

“ဟက္ …”

ရီ၀မ္၀မ္သည္ မ်က္လႊာတုိ့ကို ခ်လုိက္ၿပီး ခပ္တုိးတိုးေလး ရယ္ေမာလိုက္၏ ။

ခုနစ္စင္ၾကယ္က နားမလည္စြာၿဖင့္ ေခါင္းကုိ တၿဗင္းၿဗင္း ကုတ္လာသည္ ။

“ဘာလုိ့ ရယ္ေနတာလဲ အစ္မဖန္း”

ရီ၀မ္၀မ္သည္ ကူကယ္ရာမဲ့စြာၿဖင့္ ႏူးႏူးညံ့ညံ့ေလး ရယ္ေမာေန၏ ။

“ငါကိုယ္တုိင္ သင္ေပးထားတဲ့ အေကာင္းဆံုးသရုပ္ေဆာင္ ဆုရွင္ေတြက .. သရုပ္ေဆာင္အရမ္း ေကာင္းတာကုိ ေပ်ာ္လုိ့ ..”

“ဟမ္ .. ဘာစကားၾကီးလဲ” ခုနစ္စင္ၾကယ္မွာ အံ့ၿသသြား၏ ။

ၾကယ္ခုနစ္သည္ကေတာ့ သူမအား ေတြးဆဆၿဖင့္ ၾကည့္လာသည္ ။

ရီ၀မ္၀မ္သည္ ခပ္ၿပံဳးၿပံဳးေလးၿဖင့္ ၿပန္ေၿပာလုိက္သည္ ။
“ခုနစ္စင္ၾကယ္ ရီမိသားစုကို ဆက္ၿပီး ေၿခရာခံထား ။ ၾကယ္ခုနစ္ .. အခုခ်က္ခ်င္း အင္ေမာ္တယ္ေခတ္ နဲ့ အင္ပါယာစကုိင္းအင္တာတိန္းမန့္ ၾကားထဲမွာ ဒီလအတြင္း ၿဖစ္ပ်က္ခဲ့သမွ်အားလံုးကုိ စံုစမ္းေပး ။ ေရွ့လ၀က္ေလာက္က အင္ပါယာစကုိင္း အင္တာတိန္းမန့္က ကုမၸဏီကုိ လႊဲယူလုိက္တ့ဲကိစၥကအစ အကုန္လံုး အေသးစိတ္ လုိခ်င္တယ္”

ၾကယ္ခုနစ္က ေခါင္းညိတ္ၿပလာသည္ ။
“ေကာင္းပါၿပီ”

………………………………………………………………...................
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘

ႀကိဳတင္ဖတ္႐ႈလိုပါက စာစဥ္တစ္ခုကို ၅၀ဝ နဲ႔ paid group မွာ ဖတ္႐ႈလို႔ ရပါၿပီရွင္ ။
ေဘလႊဲရမယ့္နံပတ္ေလးကေတာ့ 09402842937 ပါ ။ ေကာင္းေသာညခ်မ္းေလး ျဖစ္ၾကပါေစ 😘

....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  69
Chapter.          :  1 - 8
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၉၊ အခန်း ၁။ တော်တော်လေး ဇိမ်ကျကျ နေနေရသလို

ရီဝမ်ဝမ်သည် ရှေ့နေရုံးတွင် ရှေ့နေတစ်ယောက်ကို အရင် သွားငှားလိုက်ပြီးမှ ထိုရှေ့နေနှင့်အတူ အကျဉ်းထောင်ကို အတူသွားလိုက်၏ ။

ရှေ့နေနဲ့ ပြောဆိုညှိနှိုင်းပြီးနောက်တွင် ရီဝမ်ဝမ် သူမ၏အဖေ ရီရှောင်ထင်းအား သွားတွေ့လိုက်၏ ။

ရီရှောင်ထင်းသည် အကျဉ်းသားဝတ်စုံကို ဝတ်ကာ
လက်တွင်လည်း လက်ထိပ်အခတ်ခံထားရပြီး မှုန်ရီမှိုင်းကာဖြင့် ရီဝမ်ဝမ်၏မျက်နှာချင်းဆိုင်တွင် လာထိုင်သည် ။

“ဝမ်ဝမ် .. သမီး ဘာလို့ ရောက်လာတာလဲ”

ရီဝမ်ဝမ်ကို မြင်လိုက်သည့်နောက် ရီရှောင်ထင်းမှာ တုန်လှုပ်သွားသလို ပျော်လည်းပျော်ရွှင်မိသွား၏ ။

သူတို့ ထောင်ကျနေစဉ်အချိန်အတွင်း လျန်ဝမ်ကျွင်းသာ ရံဖန်ရံခါဆိုသလို ရောက်လာတတ်ပြီး ရီဝမ်ဝမ်သည်ကတော့ သူတို့အပြစ်ကင်းစင်ကြောင်း သက်သေကို လိုက်ရှာနေပါသည်ဟုသာ သူ့ကို ပြောထားလေသည် ။

“ဖေဖေ … ”

သူမအဖေ၏ အနေစုတ်လှသော ပုံစံလေးကြောင့်
ရီဝမ်ဝမ်၏မျက်ဝန်းထဲ နာကျင်ဆွေးမြေ့လာရ၏ ။

“ဝမ်ဝမ် .. သမီး သက်သေမရှာနိုင်လည်း ဘာမှ မဖြစ်ဘူး .. ဖေဖေတို့က ရတယ်”

ရီဝမ်ဝမ်၏ ဝမ်းနည်းနာကျင်သွားသည့် ပုံစံလေးကြောင့်
ရီရှောင်ထင်းမှာ အမြန်ပြုံးပြလိုက်၏ ။

တစ်ယောက်ယောက်က သူတို့အား တမင်တကာ ချောက်ချခဲ့ခြင်းဆိုရင် ထိုသူတို့သည် ခြေရာလက်ရာကို ချန်ခဲ့လိမ့်မည် မဟုတ်ပါချေ ။

“ဖေဖေ စိတ်ချပါ ။ သမီး အခု ပြန်ရောက်လာပြီ ဆိုမှတော့
ဖေဖေတို့ ဘာမှ မဖြစ်စေရဘူး ။ သမီးကို ယုံနော်”

ရီဝမ်ဝမ်သည် ရီရှောင်ထင်း၏မျက်ဝန်းတို့ကို စိုက်ကြည့်ကာ ကတိပေးလိုက်သည် ။

ထိုအိုစာဟန် ပေါက်နေသော ယောကျာ်းမှာ သူမ၏အဖေရင်း မဟုတ်သော်ငြား သူမ၏ရင်ထဲကနေ အဖေရင်းဟု သတ်မှတ်ထားပြီးသား ဖြစ်၏ ။

“ဘာမှ မဖြစ်ဘူး ဝမ်ဝမ် ။ ဖြစ်လာသမျှ ကံအကြောင်းပေါ့”

ရီဝမ်ဝမ်သည် သူ့အား နှစ်သိမ့်ပေးနေခြင်းဟုသာဟု
ရီရှောင်ထင်း တွေးမိကာ ဆက်ပြီး ပြုံးနေလိုက်၏ ။

ရီဝမ်ဝမ်သာ တကယ် သက်သေရှာတွေ့ခဲ့ပါလျှင် ထိုသက်သက်အထောက်အထားကို ဟိုအစောကတည်းက အပ်ထားပြီးနှင့်လောက်ပြီ မဟုတ်လော ။

ရီဝမ်ဝမ်မှာ ဘာမှ ထပ်မပြောရသေးခင်
အချိန်ကား စေ့သွားပြီမို့ ရီရှောင်ထင်းကို ခေါ်သွားကြလေပြီ ။
တခနအကြာတွင် ရီမူဖန်ကို အထဲ ခေါ်လာကြ၏ ။

ရီမူဖန်သည် ကတုံးတုံးခံထားရပြီး အကျဉ်းသား ဝတ်စုံကို ဝတ်ထားရကာ လက်ထိတ်ခတ် ခံထားရသည် ။
သူ့ပုံစံမှာလည်း အတော်လေး မှုန်ရီမှိုင်းညှို့နေပေသည် ။

“ဟာ ဝမ်ဝမ် … ညီမလေး ရောက်လာပြီလား ။
ကိုကိုက မေမေလာတယ် ထင်နေတာ”

ရီမူဖန်သည် သူမကို မြင်လိုက်သည်နှင့် ချက်ချင်း အားတက်သွားကာ မျက်လုံးတို့ ဝင်းပရွှင်မြူးသွားတော့၏ ။

သူတို့ ချောက်ချခံလိုက်ရပြီးနောက်တွင်
ရီဝမ်ဝမ်သည်လည်း ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး
ရှေ့လတွေမှာ သူမကို လုံးဝကို မတွေ့ရတော့ပေ ။

“ကိုကို နေလို့ ကောင်းတယ်မလား” ဟု
ရီဝမ်ဝမ် မေးကြည့်လိုက်၏ ။

“ဘယ်လိုလုပ် ကောင်းမှာလဲ .. မင်းပဲ စဉ်းစားကြည့်လေ ။ မင်းအစ်ကိုက ရွှေဇွန်းကိုက်ပြီး ဖယောင်းခင်း မွေးလာတဲ့ဟာ .. ဒီလိုစုတ်စုတ်ပျက်ပျက်နေရာမှာ ဘယ်လိုလုပ် နေနိုင်မှာလဲ ။
င့ါမှာ သေတော့မလားကို အောက်မေ့ရတာကွာ ၊
ငါ့မှာ ဉာဏ်ကောင်းပြီးတော့ အီးကျူမြင့်နေလို့သာ
ဒီမှာ အဆင်ပြေပြေ နေနိုင်သွားတာ”

ရီဝမ်ဝမ် ။ “…”

ရီမူဖန်၏ လေသံအရ သူသည် အဆင်ပြေရုံတင် မကဘဲ တော်တော်လေး ဇိမ်ကျကျကို နေနေရသလိုပင် ။

“ဝမ်ဝမ် .. ဒါ ဟိုမျိုးမစစ်မ ရီယီယီ နဲ့ လျန်မေးရွှမ်းတို့ပဲ ဖြစ်ရမယ် ။ သူတို့ ကိုကို့ကို ချောက်ချတာ ။ ရီရှောင်အန်းကို သတ်တာကလည်း အဲ့ဒီလျန်မေးရွှမ်းပဲ နေမှာ .. ညီမလေး သက်သေ ရှာမတွေ့သေး ဘူးလား ။ တရားစီရင်ချက်က မကြာခင် ချတော့မယ် .. သက်သေရှာမတွေ့သေးဘူး ဆိုရင် ဖေဖေ နဲ့ ကိုကို တကယ်ကြီး နတ်ပြည်တက်ရတော့မှာနော် ။ နတ်ပြည်ကနေပဲ ညီမလေးနဲ့ မေမေ့ကို လှမ်းစောင့်ရှောက် ပေးနေရလိမ့်မယ်နော်”
ရီမူဖန်သည် သူမကို ကြည့်ရင်း ပြောလာသည် ။

ရီဝမ်ဝမ် သူ့ကို ကြည့်နေမိ၏ ။ ပြီးခဲ့သည့် လများအတွင်း ရီမူဖန်တစ်ယောက် ရင့်ကျက်လာလောက်ပြီဟု သူမ ထင်ထားခဲ့မိသော်လည်း အခုကြည့်ရသည်ကတော့ သူမစိတ်ကူးယဉ်လွန်မိသွားခြင်းသာ ဖြစ်ဟန်တူ၏ ။

“ရှာလို့ မတွေ့သေးဘူး…”
ရီဝမ်ဝမ် အမှန်အတိုင်းပင် ဆိုလိုက်တော့သည် ။

“ဟာ ရှာလို့ မတွေ့သေးဘူးလား”
ရီမူဖန်မှာ အံ့အားသင့်သွား၏ ။

“သွားပြီ သွားပါပြီ ငါတို့တော့ သေပြီ ။ အင်းလေ ဒီလောက် ကိစ္စအကြီးကြီး လုပ်ထားမှတော့ ဟိုမျိုးမစစ်မ လျန်မေးရွှမ်း က သတိကြီးကြီးနဲ့ပဲ လုပ်မှာပေါ့ သဲလွန်စ ဘယ်ချန်ခဲ့ပါ့မလဲ ။ ဒီကိစ္စပေါ်သွားရင် မသာပေါ်မယ့်သူက သူ ဖြစ်သွားမှာကိုး”

…………………………………………………………………….............

စာစဉ် ၆၉၊ အခန်း ၂။ စနိုးစနောင့်တော့ ဖြစ်မိသည်

ရီဝမ်ဝမ်သည်လည်း ရီမူဖန်၏စကားကို မငြင်းလိုပါချေ ။ လျန်မေးရွှမ်းသည် အလွန်တရာ သတိကြီးသူလည်း ဖြစ်သည်မို့ သဲလွန်စကို လိုက်ရှာဖို့က မလွယ်ကူပါချေ ။

“အခုလောလောဆယ်တော့ လျန်မေးရွှမ်း နဲ့ အိမ်တော်ထိန်း ဟွမ် ပေါင်းပြီး ကိုကို့ကို ချောက်ချတယ်ဆိုတာပဲ ညီမလေး ပြောနိုင်သေးတယ်”

ရီဝမ်ဝမ်သည် တခနလောက် တွေးကြည့်လိုက်ပြီး ပြောပြလိုက်တော့သည် ။

“အိမ်တော်ထိန်း ဟွမ် လား”
ရီမူဖန် တုန်လှုပ်သွား၏ ။

“အင်း အရင်တုန်းက လျန်မေးရွှမ်းနောက်ကနေ နောက်ယောင်ခံလိုက်တုန်းက လျန်မေးရွှမ်းနဲ့ အိမ်တော်ထိန်း ဟွမ် ကြားမှာ ပတ်သက်မှုရှိနေတာကို သိလာခဲ့ရတာ .. ပြီးတော့ ရီရှောင်အန်းရဲ့ သေဆုံးမှုကလည်း သူတို့နဲ့ ပတ်သက်နေတယ် ။ သူတို့ကမှ တကယ့်တရားခံတွေ” ရီဝမ်ဝမ် ရှင်းပြလိုက်သည် ။

“သေစမ်း .. ငါ သိနေတယ် အဲ့ဒီ မျိုးမစစ်မ လျန်မေးရွှမ်း နဲ့ မျိုးမစစ်ကောင် ဟွမ် ကြားမှာ တစ်ခုခု ရှိနေမှန်း ငါ သိနေတယ် ။ တစ်ချိန်လုံး တစ်ယောက်နဲ့တစ်ယောက်
သူတို့ ကြည့်နေတဲ့ပုံစံက .. ကောင်းတယ်ကွာ ဝမ်ဝမ် ..
ညီမလေး အဲ့ဒါကို ရှာတွေ့ထားတာ သိပ်ကောင်းတယ်”
ရီမူဖန်သည် သူမအား အလေးစားကြီး လေးစားသွား၏ ။

“ညီမလေးကို အချိန်ခန ပေးဦး .. ကိုကို့ရဲ့နာမည်ကို သေချာပေါက် ရှင်းပေးမယ်” သူမ ကတိပေးလိုက်၏ ။

“အင်းပါ ဝမ်ဝမ် ညီမလေး မြန်မြန်တော့ လုပ်နော် ။ စီရင်ချက်ချဖို့က ရက်သိပ်မကျန်တော့ဘူး ။ ဖေဖေနဲ့ကိုကို အပြစ်ကင်းကြောင်းကို သက်သေမပြနိုင်လို့ ရှိရင် ဂွမ်းမှာနော် ။ ဒါနဲ့ ဘဲကင်လေး ဘာလေး ယူမလာခဲ့ဘူးလား ။ အခုတလော အရမ်းစားချင်နေလို့”

ရီမူဖန်သည် အကောင်းပြောနေရင်းကနေ
လမ်းတစ်ဝက်တွင် စကားလမ်းကြောင်း ပြောင်းလေပြီ ။

ရီဝမ်ဝမ် ။ “…”

“ယူမလာခဲ့ဘူး” ရီဝမ်ဝမ် မျက်မှောင်ကြုတ်မိသွား၏ ။
“ကိုကို ဒီကနေ ထွက်မှပဲ ဘဲကင် ကြိုက်သလောက် အဝစား ဟုတ်ပြီလား”

“ငါ ဒီကနေ ထွက်မှတော့ ဘာလို့ ဘဲကင် စားနေရဦးမှာလဲ”
ပြောရင်း နှုတ်ခမ်ဆူလာသည့် ရီမူဖန်တည်း ။

“အချိန်စေ့ပြီ”

သူတို့ ဆက်မပြောရသေးခင်
ရီမူဖန်ကို အခန်းထဲကနေ ခေါ်သွားကြလေပြီ ။

အချိန်လည်း စေ့သွားပြီမို့ ရီမူဖန်လည်း မရှိတော့ပြီမို့
ရီဝမ်ဝမ် အချိန်ဆွဲမနေတော့ဘဲ မြန်မြန်ထွက်သွားလိုက်တော့၏ ။

ရှေ့နေကို ပြန်ခိုင်းလိုက်ပြီး ရီဝမ်ဝမ် ကားတစ်စီး ငှားကာ ရွှေပင်လယ်စံအိမ်ဆီ ပြန်သွာလိုက်တော့သည် ။

သူမ အိမ်ထဲကို ဝင်လိုက်ချိန် လျန်ဝမ်ကျွင်း ၊ ပထမအကြီးအကဲ ၊ တတိယအကြီးအကဲ နှင့် ကြယ်ခုနစ် တို့မှာ “ဖဲ” ကစားနေကြပြီး ခုနစ်စင်ကြယ်သည်ကတော့ ကြယ်ခုနစ်နောက်ကနေ ပွတ်သီးပွတ်သပ် နေနေလေသည်။

“ခုနစ်ကြီး .. လုပ်လိုက် လုပ်လိုက် ။ လက်စသတ်လိုက်တော့.. ။
ဟာကွာ ဘာလို့ ဂျိုကာ ကို ထုတ်သုံးလိုက်ရတာလဲ ။
မင်း ဘာတွေများ ကြောက်နေရတာလဲ ငကြောက်လေး ဟဲဟဲ” ခုနစ်စင်ကြယ်သည်ကား တတွတ်တွတ် ပြောနေ၏ ။

ကြယ်ခုနစ် မျက်မှောင်ကြုတ်ပြီး သူ့ကို ကြည့်လာသည် ။

“မင်း တိတ်တိတ်လေး နေပေးပါလား ။
ငါ ဒိုင်ကိုင်နေတယ်ကွ”

ထိုခုနစ်စင်ကြယ်၏ ကောင်းမှုကြောင့် ကြယ်ခုနစ်၏လက်ထဲတွင် ကိုင်ထားသော ကတ်တို့ကို လူတိုင်း သိသွားကြပြီး
ကြယ်ခုနစ်ခမျာ အရှုံးကြီး ရှုံးသွား ရတော့သည် ။

“ခုနစ်ကြီးရာ မင်းလဲ ညံ့ချက်ကွာ”
ခုနစ်စင်ကြယ်ကား တွေးဆနေလေဟန် ။

“ထွက်သွားစမ်း”

“ဂိုဏ်း … ဝမ်ဝမ် ပြန်လာပြီလား”

အိမ်ထဲကို ဝင်လာသည့် ရီဝမ်ဝမ်ကို ပထမအကြီးအကဲ က လှမ်းမြင်လိုက်ပြီး တန်းနှုတ်ဆက်လိုက်၏ ။

လျန်ဝမ်ကျွင်းသည်လည်း ရီဝမ်ဝမ် ပြန်ရောက်လာသည်မို့ ထရပ်လိုက်တော့၏ ။
“ဝမ်ဝမ် ဧည့်သည်တွေကို ဧည့်ခံထားလိုက်ဦးနော် ။
မေမေ အပြင်သွားပြီး လိုတာလေးတွေ သွားဝယ်လိုက်ဦးမယ် ။
ဒီည အိမ်မှာပဲ ညစာစားကြတာပေါ့”

“ဟုတ်” ရီဝမ်ဝမ် ခေါင်းညိတ်လိုက်၏ ။

လျန်ဝမ်ကျွင်း ထွက်သွားသည့်နောက်
ရီဝမ်ဝမ်လည်း ထိုလေးယောက်ကို ခေါ်ကာ အိမ်ထဲကနေ ထွက်သွားတော့သည် ။

နာရီဝက်အကြာတွင် ရီ စံအိမ်ရှေ့ကို ရောက်သွားကြ၏ ။

ရီဝမ်ဝမ်သည် လျန်မေးရွှမ်း နှင့် အိမ်တော်ထိန်း ဟွမ် တို့၏ ဓာတ်ပုံတို့ကို တစ်ပုံပြီးတစ်ပုံ ထုတ်ပြလိုက်သည် ။

“ရှေ့ရက်တွေကျရင် ဒီနှစ်ယောက်ကို သေသေချာချာ စောင့်ကြည့်ထား ။ ဖြစ်နိုင်ရင် ဓာတ်ပုံတွေ ဗွီဒီယိုတွေပါ ရိုက်လာခဲ့ ။ ဒါပေမယ့် ဘယ်သူမှ သတိမထားမိအောင် လုပ်”

ထိုကိစ္စသေးသေးလေးသည်ကား သူတို့အတွက်တော့ ဘာပြသနာမှ မရှိနိုင်ပါချေ ။

သူတို့သည် ရီဝမ်ဝမ်၏ ရည်ရွယ်ချက်ကို မသိကြပါသော်လည်း တစ်ယောက်မှ မေးခွန်းမထုတ်ကြဘဲ ခေါင်းညိတ်သဘောတူလိုက်ကြပါ၏ ။ သူတို့သည်
ထိုကဲ့သို့ နောက်ယောင်ခံသည့် အလုပ်သေးသေးလေးသာ ပေးအပ်ခြင်းအပေါ်တွင်တော့ ကျိတ်ကာ ခိုးလို့ခုလုဖြစ်မိရ၏ ။

……………………………………………………………......................

စာစဉ် ၆၉၊ အခန်း ၃။  အစ်ကို ရီ သိမ်းပိုက်ထားတဲ့ အင်ပါယာ

နောက်ရက်များတွင် လျန်မေးရွှမ်းနှင့် အိမ်တော်ထိန်း ဟွမ် တို့ကို နေ့လည်ပိုင်းတွင် နောက်ယောင်ခံ လိုက်ကာ
ညဘက်ပိုင်းတွင် စံအိမ်မှာ ပြန်လာအနားယူကြ၏ ။

ရီဝမ်ဝမ်သည်ကတော့ သူမအမေအား စိတ်အေးသွားအောင် ပြုလုပ်ပေးပြီးနောက် ဟန်ရှန်းယွီတို့ဆီ သွားလိုက်သည် ။

ပေကျင်းဆင်ခြေဖုံးရပ်ကွက်က ဟန်ရှန်းယွီ၏ စံအိမ်တွင် ။

ဟန်ရှန်းယွီနှင့် လျိုချန်းတို့သည် ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် အားအင်ကုန်ခမ်းစွာ ထိုင်နေကြပြီး ကျန်းယန်ရန်သည်လည်း စိတ်နှင့်ကိုယ် မကပ်သလို မျက်နှာကျက်ကို တငေးငေး ။ ကုန်ရွှီသည်လည်း အခန်းထဲတွင် အရှေ့သွားလိုက် အနောက်သွားလိုက်နှင့် ဂဏာမငြိမ် ။

စားပွဲရှေ့တွင် ထိုင်ကာ လက်တော့ပ် ကြည့်နေသည့် ဖေးယန်မှာ နောက်ဆုံးတော့ စိတ်ရှည်နိုင်စွမ်းတို့ ကုန်ခမ်းလာသည် ထင်၏ ။
မျက်မှောင်ကြီးကြုတ်ကာ ကုန်ရွီှ ကို ကြည့်လာပြီး …
“ဘိုးဘိုးလေးရာ ကျွန်တော့်အရှေ့မှာ မျက်စိနောက်အောင် မလုပ်နေဘဲ ခနလောက် ငြိမ်ငြိမ်လေး ထိုင်နေပေးပါဦးလား”

ငှက်သိုက်လားမှတ်ရအောင် ဆံပင်တွေ ဖရိုဖရဲ ဖြစ်နေသည့် ကုန်ရွှီ မီးညှိလိုက်တာနဲ့ ဖောင်းခနဲ ထပေါက်သွားတတ်သည့် မီးရှူးမီးပန်းပမာ ဝုန်းဒိုင်းကြဲ အော်ဟစ်လာလေပြီ ။

“အောင်မာ ဟျောင့် မင်းရဲ့သခင်ငယ်လေးက ဟိုသူခိုးဓားပြတွေရဲ့ အပြာကားရိုက်ခိုင်းတာကို ခံရတော့မှာကွ ။ ငါ ဘယ်လိုလုပ် ငြိမ်ငြိမ်နေနိုင်မှာလဲ ။ ငါ့မှာ ပျာယာခတ်နေခွင့်လေးတောင် မရှိတော့ဘူးလား ဟမ် ပြောစမ်းပါဦး”

ဖေးယန်သည် ကူကယ်ရာမဲ့ခြင်းကြီးစွာဖြင့် မျက်မှန်ကို ပင့်တင်လိုက်သည် ။ ကုန်ရွှီသည် အပြာကားရိုက်ရမှာမို့
ရှေ့သွားလိုက် အနောက်သွားလိုက်နဲ့ ဂဏာမငြိမ်နိုင် ဖြစ်နေသည်က သူနဲ့ ဘာဆိုင်လို့လဲ ။

သို့သော်လည်း ကုန်ရွှီသည် အကြီးအကျယ် စိတ်ဆိုးနေသည် ကို ဖေးယန် သိနေသည်ကြောင့် စကားလုံးတို့ကို မြိုသိပ်ထားလိုက်ပါ၏ ။

“ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ .. အဲ့လောက်တောင် လျှောက်ချင်သပ ဆိုလည်း ဆက်လျှောက်ပါဗျာ”

လျိုချန်းကို အဝတ်ကူဝတ်ပေးနေသည့် ရှောင်ချင်းက ဝင်ပြောလာသည် ။“အစ်ကို ရွှီ နဲ့စာရင် အစ်ကို ရှန်းယွီ နဲ့ အစ်ကို ချန်း တို့ကမှ ပိုဆိုးသေးတာ .. ”

တုံကျိုက်က ချက်ချင်း ခေါင်းညိတ်သည် ။
“အဲ့တာ ပြောတာ … အစ်ကိုရှန်းယွီ ဆို ဟောလိဝုဒ်ကား တစ်ကားမှာ ပါခွင့်ရထားပြီးသားကို အဆုံးရှုံးခံလိုက်ရတယ် ၊ ကြိုးစားထားသမျှတွေအကုန်လုံးကိုလည်း အင်ပါယာစကိုင်း က လင်းရှောင်ကျဲ့ဆီမှာ အကုန်ပေးလိုက်ရတယ် ။
အစ်ကို ချန်း ဆိုရင်လည်းပဲ ကုမ္ပဏီက ဟိုအော့နှလုံးနာစရာ ကောင်းတဲ့ မင်းသမီးမနဲ့ နေ့တိုင်း တွဲပြနေရတာ ။
အစ်ကို ချန်း အဲ့ဖျာမ အစ်ကို့ကို ဘာမှတော့ မလုပ်ဘူးမလား”

လျန်ချန်းမှာ မျက်နှာအနည်းငယ် တောင့်တင်းသွားပြီး မသာမယာပြန်ဖြေလိုက်သည် ။
“ငါ အဆင်ပြေပါတယ် ငါ့ကို စိတ်မပူနဲ့ ။
မင်းက ကုမ္ပဏီကိုပဲ ကောင်းကောင်းဂရုစိုက်”

ရှောင်ချင်းမှာ မျက်နှာညှိုးကျသွား၏ ။
“အင်ပါယာစကိုင်းအင်တာတိန်းမန့်က သူတို့နောက်မှာ မာဖီးယားဂိုဏ်းရှိတယ်ဆိုပြီး လူတိုင်းကို ဗိုလ်ကျချင်တိုင်း ဗိုလ်ကျနေတာကို တားပေးမယ့်သူ မရှိတော့ဘူးလားဟင်”

ပြတင်းပေါက်နားတွင် ရှိနေသည့် ကျန်းယန်ရန်က တည်ငြိမ်စွာဖြင့် ပြန်ပြောလာသည် ။
“သူတို့ရဲ့ နောက်ကြောင်းက ရှုပ်ထွေးလွန်းတယ် ၊ ပြီးတော့ အဲ့ဂိုဏ်းက လူတွေအကုန်လုံးက အရမ်းရက်စက်ပြီး ဆိုးသွမ်းတဲ့လူတွေချည်းပဲ ။ ဘယ်သူကများ သူတို့ကို သွားပြီး ထိန်းချုပ်ရဲမှာလဲ”

တုံကျိုက်က ခပ်တိုးတိုး ရေရွတ်လာသည် ။
“ဒါဖြင့်ရင်လည်း ကျွန်တော်တို့အကုန်လုံး အင်မော်တယ်ခေတ်ကနေ ထွက်သွားလိုက်ကြရင်ရော”

တုံကျိုက်က ထိုသို့ ပြောလိုက်တော့
လျိုချန်း ၊ ကုန်ရွှီ ၊ ကျန်းယန်ရန် နှင့် တိတ်ဆိတ်နေပါသော ဟန်ရှန်းယွီ တို့ အားလုံး တစ်ပြိုင်တည်း ထပြောလာကြသည်ကား ..

“မရဘူး”

လေးယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက် မိကြပြီး ပြန်လည်တိတ်ဆိတ်သွားကြ၏ ။

ကုန်ရွှီက ဒေါသကြီးစွာ ငေါက်လာတော့သည် ။
“ထွက်သွားရမယ်လား .. လုံးဝကို မဖြစ်နိုင်ဘူး ။ ဒီအင်မော်တယ်ခေတ်က အစ်ကိုရီရဲ့သွေးချွေးနဲ့ ရင်းပြီး တည်ဆောက်ထားတာ ။ ဒီဟာက အစ်ကို ရီ ငါတို့အတွက် သိမ်းပိုက်ပေးထားတဲ့ အင်ပါယာကြီးကွ ။ တခြားသူကို လွှဲပေးလိုက်စရာလား ။ ငါတို့ထွက်သွားလိုက်ရင်
အစ်ကို ရီ စိတ်ပျက်သွားမှာပေါ့”

ကျန်းယန်ရန်၏ အသိစိတ်မကပ် ဖြစ်နေသော မျက်နှာလေးမှာလည်း စိတ်ဓာတ်ခိုင်ကျည်မှုတို့ကို ပြသလာချေပြီ ။

“ဘာပဲပြောပြော ငါ ဘယ်တော့မှ မထွက်သွားဘူး”

လျိုချန်းသည်လည်း ဝင်ပြောလာသည် ။
“ငါရောပဲ အစ်ကို ရီ ပြန်လာတာကို ဒီမှာနေပြီး စောင့်နေမယ်”

ဟန်ရှန်းယွီသည်လည်း နူးညံ့သည့်အသံအေးလေးဖြင့် .. “အခြေအနေတွေက အဲ့လောက်လဲ မဆိုးသေးပါဘူးကွာ ။
ဒီမှာဆို ငါတို့ရဲ့လွှမ်းမိုးမှုလည်း ရှိနေသေးတာပဲဟာ
သူတို့ အရမ်းကြီး လွန်လွန်ကျူးကျူး မလုပ်ရဲလောက်ပါဘူး”

ဟန်ရှန်းယွီက ထိုသို့ ပြောပေးပါသော်လည်း
ဘယ်သူကမှ စိတ်အေးသွားခြင်း မရှိကြပါချေ ။ ထိုမာဖီးယားဂိုဏ်းသားများသည် သူတို့အတွက် အနှောင့်အယှက်ကြီးတစ်ခု ဆိုတာကို အားလုံး သိနေကြပါ၏ ။

ကုန်ရွှီသည် အစွန့်ပစ်ခံထားရသည့် ကြောင်လေးတစ်ကောင်လို ကော်ဖီစားပွဲပေါ် ခေါင်းလေး တင်ကာ ခပ်တိုးတိုးလေး ညည်းညူလာရှာသည် ။
“အဟင့် .. အစ်ကို ရီ ကို အရမ်းလွမ်းလိုက်တာ”

………………………………………………………………...................

စာစဉ် ၆၉၊ အခန်း ၄။ နောက်ခွေးတစ်ကောင်

ကုန်ရွှီ၏ ညည်းတွားလိုက်သံကြောင့်
တစ်ခန်းလုံး တိတ်ဆိတ်သွားကြတော့သည် ။

အမှန်ပင် …

သူတို့သည်လည်း သူမကို လွမ်းပေသည် …

ထိုမိန်းကလေးသည် အရှိန်ညီးညီးထွန်းပြောင်နေသည့် အသူရာနေမင်းကြီးနှင့် အလားသဏ္ဍာန် တူပေသည် … ။

သူမသည် လုပ်ချင်တာမှန်သမျှကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည် ၊ အချိန်တိုင်း အံ့သြဖွယ်ရာတွေ ထုတ်ပြပေးနိုင်သည် ။ သူမ ရှိနေသရွေ့ အမှောင်မိုက်ကြီးမှာ ပျောက်ကွယ်ပေးရကာ အလင်းရောင်တို့က ထွန်းပြောင်နိုင်ပေသည် ။

သူမသည်ကား လူတိုင်း၏ရင်ထဲတွင်
အင်မော်တယ်ခေတ်၏ အသက်ဝိဉာဉ် တည်း ။

ဖေးယန်သည် သူ့စိတ်ထဲက ထိုဉာဏ်ကောင်းလွန်းလှသော မိန်းကလေးကို ပြန်လည်မြင်ယောင်မိပြီး သက်ပြင်းချလိုက်၏။

“ဒီတစ်ခေါက်တော့ .. အစ်ကိုရီ တို့ မောင်နှမ ပြသနာကို မနိုင်ဘဲ တကယ်ဒုက္ခရောက်နေမှာ စိုးရတယ်”

“အစ်ကို ရီ အခုတလော မင်းတို့ကို ဆက်သွယ်သေးလား”

လျိုချန်းက မေးလိုက်ရာ ..
အခန်းထဲက လူတိုင်း ခေါင်းခါပြလာသည် ။

ကျန်းယန်ရန်က အားတင်းကာ ပြုံးလိုက်ရင်း …
“ဝမ်ဝမ် အဆင်ပြေပါစေလို့ပဲ ဆုတောင်းပါတယ်”

သူမလေးသည် မည်မျှပင် အကြောက်အလန့်ကင်းကာ
မည်မျှပင် စွမ်းဆောင်နိုင်သည် ဆိုပါစေ
မိန်းကလေးတစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလား ။

အဖေနှင့် အစ်ကို နှစ်ယောက်စလုံး ထောင်ကျနေပြီး
သူမ၏ ဒုဦးလေးမိသားစုသည်လည်း မာဖီးယားဂိုဏ်းနှင့် ပတ်သက်နေလေသည်မို့ သူမကိုယ်သူမ ကာကွယ်နိုင်ဖို့က မလွယ်နိုင်ပါချေ ။
အခုချိန်တွင် ဘာသတင်းမှ မကြားရခြင်းကပင် အကောင်းဆုံးသောသတင်း ဖြစ်နိုင်ပေသည် ။

ရီဝမ်ဝမ် ပျောက်နေသည်က အခုဆို လပေါင်းများစွာ ရှိလာခဲ့လေပြီ ။ သူမသည် ခြေရာလက်ရာမကျန်ဘဲ ပျောက်ချက်သားကောင်းသွားခဲ့သည်မှာ သူတို့ ဘယ်လိုကြိုးစားဆက်သွယ်သွယ် ဆက်သွယ်လို့ မရခဲ့သည်ပင် ။

တချို့သည်လည်း သူမသည် ရံပုံငွေတွေ ဖြောင်သွားကာ
တိုင်းတပါးကို ထွက်ပြေးသွားပြီဟု စွပ်စွဲကြသည် ၊
တချို့သည်လည်း သူမကို သေပြီဟု ပြောဆိုကြသည် .. ။

ကုန်ရွှီသည် ကြောက်ရွံ့နေမှု စိုးရိမ်နေမှုတို့ကို ဖိနှိပ်ချိုးနှိမ်ထားရင်း ဒေါသထွက်စွာဖြင့် အော်ငေါက်ပစ်လိုက်၏ ။

“အစ်ကို ရီ က ဘယ်လိုလူမို့လို့လဲ ၊ ငါ သဘောကျရတဲ့လူ ကွ ။ ဒီလောက်လွယ်လွယ်လေးနဲ့ ဒုက္ခရောက်နိုင်မယ်များ မှတ်နေလား ။ တစ်နေ့ကျရင် ငါ့အစ်ကိုရီက ပြန်လာပြီးတော့ သက်တံ့ရောင်တိမ်ကြီး စီးပြီးတော့ကို ငါ့ကို လာကြိုဦးမှာကွ”

တင်း တောင် !

ဘဲတီးသံ ထမြည်လာသည် ။

“ကျွန်မ သွားဖွင့်ပေးလိုက်မယ်”

ရှောင်ချင်းသည် သူမလက်ထဲက အကျီၤကို အမြန် အောက်ချလိုက်ပြီး တံခါးဆီ လျှောက်သွားလိုက်၏ ။

“ဘယ်သူလဲ”

ရှောင်ချင်း တံခါးဖွင့်ပေးလိုက်ပြီး ဂရုမဲ့စွာ မော့အကြည့် ..
အပြင်က လူကို တွေ့လိုက်ပြီးနောက် ရှောင်ချင်း ကြက်သေသေသွား တော့၏ ။

“အစ်ကို .. အစ်ကို … အားးးးးး”

ရှောင်ချင်း၏ အော်သံအကျယ်ကြီးသည် လူတိုင်း၏အာရုံကို ဖမ်းစားနိုင်သွား၏ ။

အားလုံး ထရပ်လိုက်ပြီး ဘယ်သူများ ပြသနာထပ်လာရှာ ပြန်ပြီဟု တွေးလိုက်မိရင်း တံခါးဆီကို လျှောက်သွားလိုက်ကြသည် ။

“ရှောင်ေ၀ .. ဘာဖြစ်လို့လဲ”
ဟန်ရှန်းယွီက တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည် ။

“အစ် - အစ်ကို ရီ .. အစ်ကို ရီ ပြန်လာပြီ အားးးးးး”

ရှောင်ချင်း၏ ပျော်ရွှင်မှုတို့ ဝေဆာနေသော အော်သံကြီးမှာ ပြတင်းပေါက်တို့ပင် ကွဲအက်သွားတော့မလို ဖြစ်သွားစေ၏။

ထိုအချိန်တွင် အားလုံးသည်လည်း တံခါးဆီကို ရောက်လာကြပြီး
အခုမှ ခရီးကနေ ပြန်ရောက်လာဟန် တူသော အနက်ရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်ကို တံခါးဝတွင် တွေ့လိုက်ကြရလေပြီ ။

“အဟမ်း .. ဘေဘီလေး ~ ကိုယ့်ကို တွေ့ရတာ အဲ့လောက်တောင် ပျော်သွားလား ~”

အနှီမိန်းကလေးသည် ပျော်လွန်းလို့ မူးလဲကျမတတ် ဖြစ်နေ သော ရှောင်ချင်းကို ကြည့်ကာ မခို့တရို့လေး ပြုံးပြလိုက်၏ ။
ခနအကြာ သူမ မော့ကြည့်လိုက်ရာ
မတ်တပ်ရပ်ပြီး ကြက်သေသေနေကြသောလူတစ်သိုက်ကို
တွေ့လိုက်ရသည် ။

“ဟိုင်း .. မတွေ့ရတာ ကြာပြီနော်”

ချောမောပြီး ကျက်သရေအပေါင်း ဝေဆာနေသော မျက်နှာလေးပင် ဖြစ်လင့်ကစား တစ်ခုခုကတော့ နည်းနည်းလေး ပြောင်းလဲသွားလေပြီ ။ မြင်မြင်ချင်း မရင်းနှီးသည့်ခံစားချက်ကို ပေးစွမ်းနေသည့် ထိုသူမလေးက အပြုံးလေးတစ်ပွင့်ကို ပေးလာချိန် ၊ စကားသံလေးတစ်သံ ထွက်လာချိန် အားလုံး၏ရင်ထဲကို ရင်းနှီးသည့်ခံစားချက် ဝင်ရောက်လာရသည် ။

အရမ်း အရမ်းကို ရင်းနှီးသည် …

သူတို့၏မျက်ဝန်းအိမ်ထဲ မျက်ရည်တို့ပင် ဖြစ်ထွန်းလာချေပြီ။

“အစ်ကို ရီ ..”

“ဝမ်ဝမ် …”

“အား … အစ်ကို ရီ … ကျွန်တော့်ပါးစပ်က ကောင်းလိုက်တာ ဗျာ ။ အစ်ကိုရီ တကယ်ပဲ သက်တံ့တိမ်ကြီး စီးပြီး ကျွန်တော့်ကို လာကြိုနေပြီ ဗြဲ …”

ကုန်ရွှီသည် ကျန်းယန်ရန် နှင့် လျိုချန်းကို တိုးတိုက်ကာ ကြောင်လေးတစ်ကောင်လို ရီဝမ်ဝမ်ဆီ ခုန်ဝင်သွားလေပြီ ။

သို့သော်လည်း ကုန်ရွှီမှာ ရီဝမ်ဝမ်၏ရင်ခွင်ထဲ ပစ်မဝင်လိုက်နိုင်သေးခင် သူမအနောက်က အေးစက်စက်လူငယ်လေးတစ်ယောက်သည် အရှေ့ကို လျှောက်လာပြီး သက်စောင့်ကိုယ်ရံတော်တစ်ဦးလို
ကုန်ရွှီအား ပိတ်ကာပစ်လိုက်ချေသည် ။

ကုန်ရွှီမှာ ထိုလုပ်ရပ်ကြောင့် အံ့သြသွားမိပြီးနောက်တွင် မိုးကြိုးအပစ်ချခံလိုက်ရသလို တုန်လှုပ်မှုတို့ လွှမ်းခြုံသွားရ
တော့သည် ။ သူ၏မျက်နှာလေးမှာ
ခင်ပွန်းဖြစ်သူက အပြင်တွင် နောက်မိန်းမထားနေသည်ကို သိလိုက်ရသည့် ဇနီးလေးပမာ ။
မျက်နှာလေးငယ်ကျသွားပြီး ခေါင်းနောက်လွန်းလို့ မူးမေ့လဲကျတော့မည့်နှယ် ။

“အစ်ကို ရီ .. အစ်ကို .. အစ်ကို ကျွန်တော့်ကွယ်ရာမှာ နောက်ခွေးတစ်ကောင် ခေါ်ထားပြီပေါ့လေ အီးဟီးဟီး”

………………………………………………………………...................

စာစဉ် ၆၉၊ အခန်း ၅။  မင်းခေါင်းထဲမှာ ဘာတွေနဲ့ ပြည့်နေတာလဲ

“ကျွန်တော့်ကွယ်ရာမှာ နောက်ခွေးတစ်ကောင် ခေါ်ထားပြီ ပေါ့လေ အီးဟီးဟီး”

သူမ၏မျက်နှာရှေ့တွင် အော်ကျယ်ဟစ်ကျယ် ငိုပြောနေသော ထိုအသံစူးစူးကြီးကြောင့် ရီဝမ်ဝမ်မှာ နားကွဲမတတ် ဖြစ်သွားရ၏ ။

ကုန်ရွှီ လဲကျတော့မတတ် ဖြစ်နေချိန် ရီဝမ်ဝမ်၏ပုခုံး နောက်ကနေ ခေါင်းတစ်ခေါင်းက ပြူထွက်လာသည် ။
ခုနစ်စင်ကြယ် မျက်တောင်လေး ကလယ်ကလယ်လုပ်ကာ ..
“ဟမ် .. ခွေးလား ဘယ်မှာလဲ ဘယ်မှာလဲ”

ကုန်ရွှီသည် ခုနစ်စင်ကြယ်၏မျက်နှာကို ကြောင်အမ်းစွာ ငေးကြည့်နေပြီးအော် ရှိုက်ကြီးတငင် ပိုဖြစ်လာတော့လေပြီ ။

“အီးဟီးဟီး နှစ်ကောင်တောင်မှ .. ”

ရီဝမ်ဝမ် ။ “…”

တော်ပါတော့ဟ …

တရုတ်ပြည်က လူတွေသည် ရီဝမ်ဝမ်ကို အနာတရဖြစ်အောင် လုပ်မှာ စိုးတာကြောင့် တစ်ယောက်ထဲ အပြင်မသွားခိုင်းဘဲ ကြယ်ခုနစ်ပါ လိုက်လာခဲ့ခြင်း ဖြစ်၏ ။ ခုနစ်စင်ကြယ်သည်ကတော့
သူ့ရဲ့ နတ်မိမယ်လေးကို တွေ့ရတော့မည်ဟု ကြားလိုက်သဖြင့် အတင်းမရမက ပူဆာကာ လိုက်လာခဲ့ခြင်း ဖြစ်၏ ။

အခုလိုသာ ပြသနာတက်ရလိမ့်မည်မှန်း သိခဲ့မိလျှင် ..
သူမ တစ်ယောက်ထဲ လာမိပါရဲ့ .. ။

ကုန်ရွှီကို မဆိုနှင့် ။ ရီဝမ်ဝမ်၏နံဘေးတွင် ရပ်နေသော ထိုကောင်လေးချောချောလေးနှစ်ယောက်ကြောင့်
လျိုချန်းတို့ပင် တုန်လှုပ်မိသွားကြ၏ ။

“အစ်ကို ရီ .. ဒီနှစ်ယောက်က …”
လျိုချန်းသည် တွန့်ဆုတ်စွာဖြင့် မေးလိုက်သည် ။

အစ်ကို ရီ ထပ်ခေါ်လာတဲ့ သရုပ်ဆောင်အသစ်တွေများလား။

ထိုသည်ကား လူတိုင်း ပထမဆုံး တွေးလိုက်မိကြသည့် အတွေးတည်း ။

ရီဝမ်ဝမ်သည် တရုတ်ပြည်ကို ပြန်လာပြီးနောက်တွင် အရမ်းအလားအလာရှိသည့် ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်အပြင် ပထမအကြီးအကဲ နှင့် တတိယအကြီးအကဲကိုပါ စတိုင်သပေးလိုက်သေးသည် ။

အကျင့်တို့ စွဲကပ်နေပြီဖြစ်သည့် ရီဝမ်ဝမ်ခမျာ ခါတိုင်းလိုပင် ထိုနှစ်ယောက်သားလုံးကိုလည်း ပြင်ဆင်ခြယ်သမှုတို့ ပြုလုပ်ပေးခဲ့မိသောကြောင့် သူတို့နှစ်ယောက်မှာ နာမည်ကျော်အနုပညာရှင်တို့လို ထွန်းလင်းနေကာ အလွန်တရာထူးခြားသောအရောင်အဝါတို့ လျှံထွက်နေပြီး သူတို့၏ရုပ်ရည်ရူပကာသည်လည်း အလွယ်တကူပင် အထင်မှားစေနိုင်၏ ။

ဖေးယန်သည် ထိုလူငယ်လေးနှစ်ယောက်ကို ကြည့်ရင်း မျက်ဝန်းတို့အရောင်တောက်လာရသည် ။

“ဒါရိုက်တာ ရီ သူတို့က ဒါရိုက်တာ အပြင်ကနေ ခေါ်လာတဲ့ သရုပ်ဆောင်တွေလား”

ကုန်ရွှီသည်ကတော့ ချစ်သူရည်းစားက သစ္စာဖောက်ခံလိုက်ရသည့် မိန်းကလေးပမာ ရှိနေဆဲ ။

“အစ်ကို ရီ ပြောတော့ ကျွန်တော်နဲ့ ဟိုငတုံးကောင်အပြင်
ဘယ်သူ့ကိုမှ ထပ်လက်မခံတော့ဘူးဆို အစ်ကို ကျွန်တော့်ကို ကတိပေးထားတယ်လေ ။ ဘာလို့ ဒီတစ်ခေါက် နှစ်ယောက်တောင် ထပ်ခေါ်လာတာလဲ အီးဟီးဟီး”

ရီဝမ်ဝမ်မှာ ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်ရတော့သည် ။

“မင်းခေါင်းထဲမှာ ဘာတွေနဲ့ ပြည့်နေတာလဲ တကယ်ပဲ ။ ဒီနှစ်ယောက်က ငါ့သူငယ်ချင်းတွေ သရုပ်ဆောင်တွေ မဟုတ်ဘူး”

“သူငယ်ချင်းတွေ … လား”

ကုန်ရွှီမှာ မယုံသင်္ကာစွာဖြင့် ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်ကို သေသေချာချာကို ကြည့်နေ၏ ။
နေ့တစ်ဝက်လောက် ကြာပြီးနောက်တွင် ဆုံဖြတ်ချက်ချလိုက်ပြီး ထပြောလာတော့ သည် ။

“သူတို့မျက်နှာတွေနဲ့ ဘယ်လိုလုပ် သူငယ်ချင်းတွေ ဖြစ်နိုင်မှာလဲ ဗြဲ”

ရီဝမ်ဝမ် စိတ်တိုလာရတော့ပြီး ကုန်ရွှီ၏ဆံပင်ငှက်သိုက်ကို ဆွဲဆုပ်ပစ်လိုက်တော့၏ ။

“ငါ မင်းကို မတွေ့ရတာ ဒီလောက်ကြာနေပြီ
ဘာလို့ အခုထိ မရင့်ကျက်ရသေးတာလဲ ဟမ်”

အရမ်းကို … ကလေးဆန်နေတုန်းပဲ … ။

ထိုသည်ကို ကြားလိုက်သည့်ကုန်ရွှီကတော့ အတွေးတစ်လွဲ ကောင်းသွားကာ ထွက်နေသည့်ဒေါသကနေ ပျော်ရွှင်မှုတို့ အဖြစ် ပြောင်းသွားတော့လေပြီ ။

“ရင့်ကျက်စရာလားဗျာ ဟီးဟီး ကျွန်တော်က ငယ်ငယ်လေးပဲ ရှိသေးတာကို”

ရီဝမ်ဝမ် ။ “…”

ပွက်လောရိုက်တာတွေ ငြိမ်ကျသွားပြီးနောက်တွင် ရီဝမ်ဝမ်သည် ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်တို့ကို အိမ်ထဲ ခေါ်လိုက်တော့၏ ။

“ဝမ်ဝမ် …”

ကျန်းယန်ရန်သည် နီရဲနေသည့် မျက်ဝန်းတို့ဖြင့် သူမကို
ပွေ့ဖက်လာသည် ။

“ကောင်းလိုက်တာ သိပ်ကောင်းတယ် .. နင် ဘာမှမဖြစ်ရင် ရပြီ ။
ဘာမှ မဖြစ်တာ ကောင်းတယ် ။ နင် အကြာကြီး ပျောက်သွားတော့ ငါတို့အားလုံး သေလောက်အောင်ကို စိုးရိမ်နေကြတာ”

“တောင်းပန်ပါတယ် ငါလည်း ပြသနာတက်နေတော့ နင်တို့ကို ဆက်သွယ်ဖို့က အဆင်မပြေလို့”

“ရပါတယ် ရပါတယ် ဘာမှ မဖြစ်ဘူး ။
အခု နင်ပြန်လာပြီဆိုရင်ကို ရပြီ”

“ဟုတ်သားပဲ မိတ်ဆက်ပေးရဦးမယ် ။ ဒီနှစ်ယောက်က
ငါ နိုင်ငံခြားထွက်နေတုန်း ရလာခဲ့တဲ့ သူငယ်ချင်းတွေ ။
တစ်ယောက်က ခုနစ်စင်ကြယ် ၊ နောက်တစ်ယောက်က ကြယ်ခုနစ်”
ရီဝမ်ဝမ် ရိုးရိုးရှင်းရှင်းပင် မိတ်ဆက်ပေးလိုက်ပါ၏ ။

“နာမည်တွေက အဆန်းလေးတွေနော် .. မင်္ဂလာပါ”

ကျန်းယန်ရန်နှင့် အားလုံးလည်း သူတို့အား မိတ်ဆက်လိုက်ပြီး အချင်းချင်း မိတ်ဆက်လိုက်ကြ၏ ။

ကုန်ရွှီတစ်ယောက်သာလျှင် သတိကြီးကြီးကပ်ထားပြီး မျက်နှာမသာမယာဖြင့် သူတို့နှစ်ယောက်အား ကြည့်နေလေသည် ။

ခုနစ်စင်ကြယ်သည် ကျန်းယန်ရန်အား ရင်ခုန်စွာ ကြည့်လိုက်၏ ။

“မင်္ဂလာပါ နတ်မိမယ်လေး ။ အပြင်မှာ လူကိုယ်တိုင် တွေ့လိုက်ရပြီ် ပျော်စရာကြီး ။ ကျွန်တော်က နတ်မိမယ်လေးရဲ့ ပရိသတ်ပါ ။ နတ်မိမယ်လေးက တကယ်ပဲ အစ်မ ဖ .. အစ်မ ရီ ရဲ့ လက်အောက်က သရုပ်ဆောင်လား”

ကြယ်ခုနစ်သည်ကတော့ ခေါင်းညိတ်ပြရုံသာ ပြန်နှုတ်ဆက်ပြီး ရီဝမ်ဝမ်နှင့် ထိုလူတို့ တရင်းတနှီး ဖြစ်တာကို မြင်တော့မှ စိတ်အေးလက်အေး ဖြစ်သွာ၏ ။

ခုနစ်စင်ကြယ်သည်ကတော့ လူမှုဆက်ဆံရေး တကယ် ကောင်းလှသူမို့ ခနလေးအတွင်းမှာပင် လူတိုင်းနှင့် တရင်းတနှီး ဖြစ်သွားတော့လေပြီ ။

…………………………………………….....................................

စာစဉ် ၆၉၊ အခန်း ၆။ ဘောလုံးဖြစ်နေပြီ

“မရဘူး ကျွန်တော် သဝန်တိုတယ် ။ အစ်မ ဖန်း အစ်မ
နိုင်ငံခြားကနေ ပြန်ရောက်ရောက်ချင်း အရင်ဆုံးလာရှာတဲ့ သူက အစ်ကိုဟန်ရှန်းယွီ လား”
ကုန်ရွှီသည် သဝန်တိုမှုတို့ ဖိတ်ဖိတ်ယိုကာ ပြစ်တင်ငြူစူလေသည် ။

ရီဝမ်ဝမ် မျက်ခုံးပင့်တက်သွားပြီး ချက်ကျလက်ကျ ပြန်လည်ပြောလိုက်၏ ။

“အဲ့ဒါ ပုံမှန်ပဲ မဟုတ်ဘူးလား”

“အစ်ကို ရီ မကောင်းဘူးဗျာ အဟင့်”

ကုန်ရွှီသည် သူမအား ဒေါသတကြီး ပြောဆိုပစ်လိုက်ချင်
သော်လည်း ပြောစရာဘာစကားမှ မတွေ့ပေ ။

အရင်လာသူ အရင်ခင်တွယ်သည် မဟုတ်ပါလော ။

အစ်ကို ရီ သည် အစ်ကိုဟန်ရှန်းယွီကို သိလာသည်မှာ အကြာမြင့်ဆုံးဖြစ်သည့်အပြင် နှစ်ယောက်သားသည်
အရမ်းလဲ ခင်ကြသူများမို့ သူ ဘာမှ မပြောနိုင်ပါချေ ။

ရီဝမ်ဝမ်သည် ရွှတ်နောက်နောက် ပြောနေရာကနေ
ခပ်တည်တည် မေးလိုက်တော့၏ ။
“ငါ မရှိတုန်း အဆင်ပြေကြတယ်မလား”

သူမသည် ဟန်ရှန်းယွီဆီကို အရင်လာရခြင်း အကြောင်းမှာ ကုမ္ပဏီအကြောင်းကို အမြန်ဆုံးနားလည်လာရဖို့အတွက် ဟန်ရှန်းယွီက အသင့်တော်ဆုံးဖြစ်နေခြင်းကြောင့်ပင် ။ သို့သော် ဖြစ်ချင်တော့ တခြားသူများအားလုံးပါ ဒီနေရာတွင် ရောက်နေကြလေသည် ။

ရီဝမ်ဝမ် မေးလိုက်တော့မှ ကုန်ရွှီ၏နာကျည်းမှုတို့မှာ ပေါက်ထွက်မတတ် ဖြစ်လာပြီး ခါးသီးမှုတို့အားလုံးကို ဖွင့်ဟပစ်လိုက်ချင်လာ၏ ။

ကုန်ရွှီ မပြောလိုက်ရသေးခင် လျိုချန်းသည် သူ့ခါးကို ထဆိတ်ဆွဲလိုက်လေသည် ။

ငတုံးကောင်ရ .. နာတယ်ဟ ။

ဘာလို့ ငါ့ လာဆိတ်ဆွဲနေတာလဲ ။

ကုန်ရွှီသည် သူ့ကို ဒေါသတကြီး ကြည့်လိုက်သည် ။

လျိုချန်းသည်ကတော့ သူ ဆိတ်ဆွဲတာ မဟုတ်သည့်အလား
ကုန်ရွှီကို ကြည့်ပင်မကြည့်ဘဲ ခပ်တည်တည်ပင် ဖြေလာသည် ။

“ကျွန်တော်တို့အားလုံး အဆင်ပြေပါတယ်”

ကုန်ရွှီ ၏ စိတ်ထဲတွင်မူ ..
သောက်ကျိုးနည်း .. အဆင်ပြေပါတယ်ဆိုတာက ဘာစကားကြီးလဲ ။ ငါ ဘယ်မှာအဆင်ပြေနေလို့လဲဟ ။
ငါ့မှာ မြိုသိပ်ရလွန်းလို့ ဘောလုံးလို ဖြစ်နေပြီဟာကို ။

အင်မော်တယ်ခေတ်ကို ထူထောင်ပါပြီဆိုကတည်းက ကုမ္ပဏီထဲက မည်သူသည် သူ့အား မရိုမသေ မလေးမစား ဆက်ဆံဝံ့ခဲ့ပါသနည်း ။ သူသည် တစ်တောင်လုံးကို အပိုင်စိုးထားသော
ကေသရာဇာ ဘုရင်ကြီးသဖွယ် ။
တစ်ဖွဲ့လုံးက ချစ်မြတ်နိုးရသော ကြောင်လေးသဖွယ် ။
တစ်အိမ်လုံးက ယုယရသော ရတနာလေးသဖွယ်
ဖြစ်ခဲ့သည် မဟုတ်လော ။

အခုတော့ … ။

ခြေနင်းဖတ်သာသာသာ ဖြစ်နေရလေပြီ ။

ကုန်ရွှီ ပြောဖို့ လုပ်လိုက်ချိန်
လျိုချန်းက ထပ်ဆိတ်ဆွဲလာပြန်သည် ။

ရီဝမ်ဝမ်သည် လွတ်လပ်သောနယ်မြေထဲမှာ ရှိနေစဉ်က မြင်ခဲ့ရသည့် တင်ဆက်မှုတစ်ခုကို အမှတ်ရမိသွား၏ ။

“အင်ပါယာစကိုင်းအင်တာတိန်းမန့်က အင်မော်တယ်ခေတ် ကို ဝယ်လိုက်တာလား”

လျိုချန်းတို့ မျက်နှာမသာမယာ ဖြစ်သွားကြ၏ ။

ဟန်ရှန်းယွီက ထဖြေပေးလာသည် ။

“ရီပိုင် ငါ တောင်းပန်ပါတယ် ။ ကုမ္ပဏီကို ငါ မကာကွယ်နိုင် ခဲ့ဘူး ။ ဒါပေမယ့် ဒါကလည်း ငါတို့လုပ်နိုင်တဲ့အထဲကမှ အကောင်းဆုံးပါ”

“စီအီးအို ရီ ရဲ့ အမှုကြောင့် ကုမ္ပဏီဘက်မှာ နာမည်တော်တော် ထိသွားတယ် ။ ရံပုံငွေတွေ အကုန် ကုန်သွားပြီးတော့ ဒေဝါလီခံရဖို့ ဖြစ်လာတယ် ။ အင်ပါယာစကိုင်းရဲ့ အောက်ကို ဝင်လိုက်တာက မီးလောင်နေတဲ့ အိမ်တစ်လုံးထဲကို ဝင်လိုက်တာနဲ့ အတူတူပဲ ဆိုပေမယ့်လည်း အနည်းဆုံးတော့ စီအီးအို ရီ ရဲ့နေရာမှာ ယောင်ကျားဝမ်ရှိနေလို့ ကုမ္ပဏီကို နည်းနည်းတော့ ထိန်းနိုင်ထားတာပေါ့”

ဟန်ရှန်းယွီသည် တစ်ချိန်လုံး တည်ငြိမ်သည့်မျက်နှာဖြင့်သာ အစအဆုံး ရှင်းပြသွားကာ မျက်ဝန်းတို့ကလည်း တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းပင် ။

မသိပါက အရာရာမှာ ငြိမ်းငြိမ်းချမ်းချမ်းလေး ပြီးသွားခဲ့ပြီး သူတို့သည်လည်း ဘယ်လိုဒုက္ခဒဏ်ကိုမှ ခါးစည်းကာ မခံစားခဲ့ရသလိုလို .. ။

ရီဝမ်ဝမ်သည် ဟန်ရှန်းယွီတို့အား ကြည့်ကာ မေးလိုက်၏ ။

“အင်ပါယာစကိုင်းကရော ခက်ခဲအောင် လုပ်သေးလား”

ကျန်းယန်ရန်က အမြန်ပြန်ဖြေလာသည် ။
“အဲ့ဒီကုမ္ပဏီထဲကို ဝင်လိုက်တယ်ဆိုပေမယ့်လည်း ငါတို့အဆင့်အတန်းကလည်း ခိုင်နေပြီးသားဆိုတော့
သူတို့ ငါတို့အပေါ်မှာ သိပ်ပြီး မလုပ်ရဲပါဘူး”

အင်ပါယာစကိုင်းလက်အောက်ကို ကုမ္ပဏီဝင်သွားရခြင်းမှာ သူတို့၏ရွေးချယ်မှုဖြစ်ပြီး ထိုအချိန်က လုပ်ခဲ့သည့်
ထိုလုပ်ရပ်သည် အသင့်တော်ဆုံး ဖြစ်သည်ဟု
ဟန်ရှန်းယွီနှင့် ကျန်းယန်ရန်တို့က ပြောနေခြင်း ဖြစ်ပေသည်။

သို့သော်လည်း ..
အမှန်တရားမှာမူ လုံးလုံးကြီးကို ဆန့်ကျင်နေ၏ ။

သူတို့သည် သူတို့ကိုယ်တိုင် သူတို့လက်နှင့် ပျိုးထောင်လာခဲ့ကြသည့် ကုမ္ပဏီကို ရန်သူတော်ပြိုင်ဘက် ကုမ္ပဏီကြီးကို မည်သို့ ထိုးအပ်ရက်ပါမည်နည်း ။

ဟိုအရင်က သူတို့အားလုံးသည် ကုမ္ပဏီကို ရှိရှိသမျှ ခွန်အားနှင့် အလူးအလဲ ကာကွယ်ပေးခဲ့ကာ မသေမချင်း တောင့်ခံပြီး ကြိုးစားခဲ့ကြသည် ။ ကုမ္ပဏီကြီး အခြေခိုင်လာရဖို့ရာအတွက် ရှိသမျှအရာအားလုံးကို ရင်းကာ စိန်ခေါ်မှုတို့ကို ဖြတ်ကျော်လာခဲ့ရသည် ။ ရီဝမ်ဝမ် ထွက်မသွားခင် အချိန်အတွင်းမှာပင် သူတို့အားလုံးသည် အနုပညာလောကက လူများနှင့် ခင်ခင်မင်မင် ရှိလာခဲ့ကြ သည် ။
ကုမ္ပဏီသည် တဖြည်းဖြည်းချင်း တိုးတက်လာရာကနေ … နောက်တွင် အင်ပါယာစကိုင်းအင်တာတိန်းမန့်က ဝင်ရှုပ်လာလေသည် ။

ဟုန်ရှင်းဂိုဏ်းသည် အာရှတစ်လွှားကို ဂိုဏ်းခွဲများစွာ ဖြန့်ကျက်ထားသော သမိုင်းတစ်လျှောက်တွင်လည်း အကြီးမားဆုံးသော မာဖီးယားဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ပေသည် ။ နောက်ခံအင်အား တောင့်သည့် သူတို့သည် အခုတလောကတွင် အနုပညာလောကထဲကို ခြေချလာပြီး ပိုက်ဆံတွေ အများကြီး ဝင်ရင်းနှီးလာခဲ့လေသည် ။

……………………………………………………………….................

စာစဉ် ၆၊ အခန်း ၇။  သရုပ်ဆောင်စွမ်းရည် ပြကြပြီ

ထိုဟုန်ရှင်းဂိုဏ်းနှင့် ပတ်သက်နေသည့် အင်ပါယာစကိုင်း အင်တာတိန်းမန့်သည် ထိုမာဖီးယားဂိုဏ်းနာမည်ကို အသုံးချကာ အင်မော်တယ်ခေတ်၏ ဈေးကို ဟိုးအောက်ကို ထိုးကျသွားအောင် နှိမ်ချပစ်ခဲ့သည် ။

သူတို့၏နည်းလမ်းမှာ အလွန်အကျူးကို အော့နှလုံး နာစရာ ကောင်းလှပေ၏ … ။

သူတို့သည် ယောင်ကျားဝမ်ကို ငွေထိုးပေးပြီး ယောင်ကျားဝမ်အပေါ် ယုံကြည်နေကြသည့် ယုံကြည်မှုကို အသုံးချကာ ကျန်းယန်ရန်ကို ပြန်ပေးဆွဲခဲ့ပြီးနောက် ဟန်ရှန်းယွီအား မမျှတလွန်းသော စာချုပ်ကို အတင်းလက်မှတ် ထိုးခိုင်းစေခဲ့သည် ။

ရီဝမ်ဝမ်သာ အမှန်တရားကို သိသွားခဲ့ပါလျှင် …

သူမ၏စရိုက်သဘောထားအရ ဘာလုပ်မည်မှန်း ပြောမရပေ။

အခုလို ကျပ်တည်းနေသည့် အခြေအနေထဲကို
ရီဝမ်ဝမ် အလောတကြီး ဝင်တိုးလာပါလျှင်
သူမအတွက် ဒုက္ခအကြီးကြီး ရောက်သွားပေလိမ့်မည် ။

ထိုလူများသည် လူ့စည်းဘီလူးစည်းဆိုတာကို မသိသလို ကျင့်ဝတ်များလည်း မရှိကြကာ စည်းမျဉ်းစည်းကမ်းများ ဆိုတာကိုလည်း လုံးလုံး လျစ်လျူရှုထားကြသူများ ဖြစ်၏ ။

ရီဝမ်ဝမ်သည် သူဟာနှင့်သူပင် တော်တော် အကျပ်အတည်းထဲ ရောက်နေပြီးလေပြီ ။
သူမ၏အဖေနှင့်အစ်ကိုမှာ ထောင်ကျနေဆဲ ဖြစ်ပြီး
ရီမိသားစုကလည်း သူမအား ပစ်မှတ်ထားနေသည်မို့
သူတို့ကပါ သူမအား ကုမ္ပဏီကိစ္စကြောင့်နှင့်
ဒုက္ခတွင်းထဲ ထပ်မတွန်းချလိုပါပေ ။

သူမသည် ဘယ်လောက်ပင် စွမ်းပါစေ
မိသားစုအရေးဖြင့် အပူမီးလောင်နေရသည့် သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်သည် မဟုတ်ပါလား ။

ဟန်ရှန်းယွီ ၊ လျိုချန်းနှင့် ကျန်းယန်ရန်တို့လည်း ထိုစကားကို
ချက်ချင်း ထောက်ခံပေးလိုက်ကြ၏ ။

ရီဝမ်ဝမ်ကို မြင်လိုက်ရလို့ စိတ်လှုပ်ရှားသွားကာ ခံစားချက်တို့ ပွင့်အံလုလု ဖြစ်သွားရသည့် ကုန်ရွှီသည်လည်း မြန်မြန်ပင် နားလည်သွား၏ ။

ဒေါသတရားတို့မှာ ချက်ချင်းပင် ပြယ်လွင့်သွားရပြီး
လျိုချန်း ၊ ကျန်းယန်ရန် နှ့င် ဟန်ရှန်းယွီတို့ကို
မျက်လုံးလေး ကလယ်ကလယ်ဖြင့် လိုက်ကြည့်နေမိသည် ။

သူတို့သည် သူ့အား အစ်ကို ရီ ကို ပြောမပြခိုင်းခြင်းမှာ
သူမကို ဒုက္ခမရောက်စေလိုသောကြောင့် ဖြစ်ပေသည် ။

ကုန်ရွှီ၏ အကောင်းဆုံးသရုပ်ဆောင်အရည်အချင်းမှာ
ချက်ချင်းပင် ဝုန်းခနဲ နိုးထလာပြီး
ရွှေသစ်ခွအကောင်းဆုံး သရုပ်ဆောင်ဆုပိုင်ရှင် လျိုချန်း ၊ ရွှေသစ်ခွအကောင်းဆုံး သရုပ်ဆောင်ဆု ပိုင်ရှင် ကျန်းယန်ရန် ၊ နိုင်ငံကျော်အကောင်းဆုံး သရုပ်ဆောင် ဟန်ရှန်းယွီတို့နှင့် ပူးပေါင်းလိုက်ကာ မောက်မောထောင်လွှားစွာဖြင့် ဟန်ရေးပြလိုက်တော့လေပြီ ။

“ဟာဗျာ ကျွန်တော်က ဘယ်သူမို့လို့လဲ … ဘယ်သူကများ ကျွန်တော်တို့ကို ခက်ခဲအောင် လုပ်ရဲမှာလဲ ။ ကျွန်တော်က အနုပညာလောကမှာ နံပတ် ၁ နာမည်ကျော်သရုပ်ဆောင် ပါဗျ ။ ကျွန်တော့်ကို မိုးပေါ် မြှောက်ပြီး ပစားပေးထားတယ် ဆိုတာကမှ ဟုတ်မှာပေါ့”

ဟန်ရှန်းယွီသည် ကုန်ရွှီ၏ ပူးပေါင်းမှုကြောင့် အံ့အားသင့် သွား၏ ။

သို့သော် ဟန်ရှန်းယွီသည် သရုပ်ဆောင်ကောင်းရုံအပြင်ကို ရီဝမ်ဝမ်အကြောင်းပါ ကောင်းကောင်းကြီး သိနေသူ ဖြစ်သေး၏ ။ အလွန်အကျူး ညာဝါးပြလျှင် ရီဝမ်ဝမ် မယုံကြည်မှာကိုပင်
သူ သိနေသည်မို့ အမှန်တရားတဝက် အမှားတဝက် ရောကာ ဇာတ်လမ်းဆင်တော့သည် ။

“ဝမ်ဝမ် ငါ မင်းကို မညာပါဘူးကွာ ။ ယောင်ကျားဝမ်က အခုဆို ရီယီယီရဲ့ လက်အောက်ကို ရောက်သွားပြီ ။ လူတွေဆိုတာက အမြင့်ကို တက်ချင်ကြတာပဲ သဘာဝပဲ ။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ပန်းတိုင်တွေကလည်း တူကြတာမှ မဟုတ်တာ ။ အဲ့လိုလုပ်သွားတာကို ငါတို့ သူ့ကိုလည်း သွားအပြစ်တင်လို့ မရဘူးလေ”

“တော်သေးလို့ သူကလည်း ငါတို့ရဲ့ အရင်ခင်မင်မှုကို
ထောက်ပြီးတော့ အရေးပေး ဆက်ဆံပေးနေလို့
ငါတို့အားလုံးလည်း လုံးဝကို အဆင်ပြေနေရတာ”

ကုန်ရွှီသည် ဉာဏ်ရည်တက်လာလေပြီ ၊ ချက်ချင်းပင်
ဟန်ရှန်းယွီ၏ ဇာတ်လမ်းပေါ် ဖောလိုးလိုက်ပေးတော့၏ ။

“အဲ့မိန်းမက မိုက်ရိုင်းလွန်းတာတော့ ကမ်းကုန်ပဲ ။
သူ အထက်ကို လှမ်းနိုင်ဖို့အတွက် အစ်ကို့အပေါ်မှာ အကုန် အပြစ်တွေ ပုံချသွားတယ် ။ ဒါပေမယ့် အစ်ကို ရီ စိတ်ချ ။ ကျွန်တော်တို့ကိုယ်တိုင် တိုက်ပွဲထဲ ဝင်ပါပြီးတော့ အစ်ကို့ကို လုံး၀ ထောက်ခံ ပေးမယ် ။ အစ်ကို့အပေါ်မှာ ရှိနေကြတဲ့ သံသယတွေကို ပျောက်သွားအောင် ရှင်းပေးမယ် ။ ပြီးတော့ သူတို့မှာလည်း သက်သေရှိတာမှ မဟုတ်တာ အစ်ကို့ကို အရမ်းကြီး ထိခိုက်အောင် လုပ်လို့ မရပါဘူးဗျာ ။ ပြီးတော့ အစ်ကို့ပရိသတ်တွေကလည်း အစ်ကို့ကို ယုံကြည်နေကြတုန်းပဲ”

“ဟုတ်တယ် ဝမ်ဝမ် .. အန်ကယ် ရီ နဲ့ နင့်အစ်ကိုကိစ္စကိုပဲ အာရုံစိုက်ထားနော် ၊ ငါတို့ကို စိတ်မပူနဲ့”

ကျန်းယန်ရန်ကလည်း နှစ်သိမ့်ပေးလာသည် ။

လေးယောက်သားသည် စက်ဆီကောင်းကောင်း ဖြည့်ထားသည့် စက်တစ်ခုလို ချောချောမောမော ပူးပူးပေါင်းပေါင်း ပြောဆိုသွားကြခြင်းကြောင့်
ဖေးယန် ၊ ရှောင်ချင်း နှင့် တုံကျိုတို့အားလုံး တိတ်ဆိတ်သွားကြ၏ ။

သူတို့၏စကားများကို နားထောင်ရင်း ရီဝမ်ဝမ်၏မျက်ဝန်းထဲ အလင်းရောင်တစ်ခု မသိမသာ ပြိုးပြက်လာကာ ရယ်မောကာ ပြောလိုက်၏ ။

“ဒါဆိုရင်တော့ စိတ်အေးသွားပါပြီ ။ အားလုံး အဆင်ပြေနေ တယ်ဆိုတော့ သိပ်ကောင်းတာပေါ့ ။ ငါ့မိသားစုကိစ္စကြောင့်
ကုမ္ပဏီပါ ဆွဲချခံလိုက်ရတာ ငါကသာ တောင်းပန်ရမှာပါ ။
ကုမ္ပဏီက ပါသွားပြီဆိုမှတော့ အလုပ်အပေါ်မှာပဲ အာရုံစိုက်ကြ ၊ ငါ့မိသားစုနဲ့ အတတ်နိုင်ဆုံး မပတ်သက်ကြ နဲ့ဦး”

…………………………………………………………………….............

စာစဉ် ၆၉၊ အခန်း ၈။  နူးညံ့စွာ ပြောခြင်း

ရီဝမ်ဝမ် ပြောလို့ မဆုံးသေးခင်
ဟန်ရှန်းယွီက နူးညံ့စွာ ဝင်ပြောလာသည် ။

“ရီပိုင် ဒီလိုမျိုးကြီး ပြောနေတာ အရမ်းသူစိမ်းဆန်လွန်းပါတယ် ။
ငါတို့ရဲ့ ပတ်သက်မှုကို ထောက်ထားပြီးတော့ ကျေးဇူးတရားဘာညာကို မပြောချင်ပေမယ့်လည်း မင်းကြောင့်သာ မဟုတ်ရင် ငါ ဒီနေရာမှာ ရှိနေမှာ မဟုတ်သလို အင်မော်တယ်ခေတ် ဆိုတာလည်း ရှိခဲ့မှာ မဟုတ်ဘူး ။ ငါတို့တွေ အေးအတူ ပူအမျှ အတူတူရင်ဆိုင်ပြီး ဖြတ်ကျော်သွားမယ်ဆိုတဲ့ စကားကလဲ ဘယ်တော့မှ မပြောင်းလဲသွားဘူး”

လျိုချန်းသည်လည်း ဟန်ရှန်းယွီလို မျက်နှာတည်ကာ ခေါင်းညိတ်ပြလာသည် ။

ကျန်းယန်ရန်သည် ရီဝမ်ဝမ်အား ပွေ့ဖက်လိုက်၏ ။

“ဝမ်ဝမ် .. နင့်ကြောင့်နဲ့ ငါတို့ဒုက္ခရောက်ရတယ်ဆိုတာမျိုး
နင့်ကို ထပ်ပြောခွင့် မပေးဘူး ၊ ထပ်ပြောရင် ငါ စိတ်ဆိုးမှာ ။ နင့်အစ်ကိုနဲ့ အန်ကယ် ရီ တို့နဲ့ ပတ်သက်ပြီးတော့ လည်း ငါတို့တွေ ရှေ့နေရှာပြီးတော့ အဖြေရှာနေတာမလို့ အရမ်းစိတ်မပူနဲ့နော်”

ရီဝမ်ဝမ်၏ရင်ထဲတွင် နွေးထွေးမှုလေးတစ်ခုက ရစ်သိုင်းလာ ကာ ထိုအပေါင်းအဖော်များအား သူမ ကြည့်လိုက်မိ၏ ။

“ကျေးဇူး”

ဟန်ရှန်းယွီတို့တွင် အလုပ်များ ရှိနေသေးသည်ကြောင့် ရီဝမ်ဝမ်သည်လည်း ကြာကြာမနေနိုင်တော့ ။ စကားနည်းနည်းပါးပါးပြောပြီးနောက် ပြန်သွားလိုက်၏ ။

ရီဝမ်ဝမ် ထွက်သွားသည့်နောက်တွင်
ကုန်ရွှီသည် ကော်ဇော်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ …
“ငါလခွမ်း .. ငါတို့တွေ သူ့ကို လျိုထားမိပြီ”

ထို့နောက်တွင် သူသည် ထခုန်ကာ သူ့အကျီၤကို လှန်တင်လိုက်ပြီး ခါးကို လက်ညှိုးထိုးပြလာသည် ။

“ဟျောင့် ငတုံးကောင် မင်း ငါ့ကို သတိပေးတာလည်း နည်းနည်းပါးပါး နူးနူးညံ့ညံ့လေး မလုပ်တတ်တော့ဘူးလား ။ မင်းကြောင့်
ငါ့ရဲ့အဖိုးတန်ခါးလေး ဒဏ်ရာကျန်ရစ်သွား ရှာပြီဟ”

လျိုချန်းသည် ဘာကိုမှ မပြောဘဲ “ရူးနေတာလား” ဆိုသည့် ခါတိုင်းအကြည့်ဖြင့်သာ ကြည့်ပေးလိုက်လေသည် ။

ကုန်ရွှီသည် ဖော်ကောင်လုပ်မိဖို့ တဲတဲလေးသာ လိုခဲ့ပြီး သူက မှားနေခဲ့သည်ကို အခု တစ်ပြန်ကြီး ပြန်အပြစ်တင်နေလေသည် ။

“ဘယ်လိုလဲ .. ဒီသခင်ငယ်လေးရဲ့ သရုပ်ဆောင်စကေးက သောက်ရမ်းကောင်းတယ် မလား”

လျိုချန်းသည် အမူအရာကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်သည် ။
“ပိုလွန်းအားကြီးတာ”

ကုန်ရွှီသည် ချက်ချင်း မျက်စောင်းကြီး ထိုးကာ …
“ချီးစကားတွေ .. ဒီလောက်ကောင်းတာ အသိသာကြီးဟာ ။ ဒီသခင်ငယ်လေးက အကောင်းဆုံးသရုပ်ဆောင်ဆုကို ရထားတဲ့သူပါနော်”

ကျန်းယန်ရန်သည် ဟန်ရှန်းယွီဘက်သို့ လှည့်ကာ
စိတ်ပူစွာဖြင့် မေးလိုက်တော့သည် ။
“ငါတို့ သူ့ကို အယုံသွင်းနိုင်လောက်ပြီ မလား”

ဟန်ရှန်းယွီသည်လည်း မသေချာသဖြင့် ခြောက်အက်အက် ရယ်မောလိုက်၏ ။
“အယုံသွင်းနိုင်လောက်မလား”

အကောင်းဆုံးသရုပ်ဆောင်များက သူတို့၏ သရုပ်ဆောင် စကေးအပေါ် စိုးရိမ်နေကြခြင်းကို မြင်နေရသည့် ဖေးယန်က ထပြောလာတော့သည် ။

“ဘာတွေများ စိုးရိမ်နေကြတာလဲဗျာ ။ မကောင်းဆုံးသရုပ်ဆောင်ဆုကို ရထားကြတဲ့ မင်းသားသုံးလက် နဲ့ မင်းသမီးတစ်လက် က ဝိုင်းသရုပ်ဆောင်သွားကြတဲ့ဟာ ရီပိုင်က ဘယ်လိုလုပ် သတိထားမိပါ့မလဲ ။ ပြီးတော့လည်း အခုချိန်မှာ သူ့အစ်ကိုနဲ့ အဖေကိစ္စနဲ့တင် အာရုံများနေတဲ့ဟာ ကျွန်တော်တို့ဘက်ကို ဘယ်အာရုံစိုက်နိုင်ပါ့မလဲဗျာ”

ကျန်းယန်ရန်က သက်ပြင်းချကာ ပြောလာသည် ။
“အဲ့လိုပဲ ဖြစ်ပါစေ ..”

လျိုချန်းသည် ကုန်ရွှီကို ကြည့်လိုက်ပြီး တွန့်ဆုတ်စွာဖြင့် သတိပေးလိုက်၏ ။
“မင်း .. မနက်ဖြန်ကျရင် သတိထားနေနော်”

ကုန်ရွှီသည် သူ့အား စိတ်ပူပေးနေသည့် လျိုချန်းကြောင့် အံ့သြသွားမိ၏ ။ ချက်ချင်းပင် ခေါင်းလေး စောင်းကာ ပြောလိုက်တော့သည် ။

“ငါက ဘယ်သူမို့လို့လဲ ။ ဒီသခင်ငယ်လေးကို နစ်နာအောင် လုပ်နိုင်မယ့်သူ ဘယ်သူမှ မရှိသေးဘူး ။ မင်းဟာမင်းပဲ စိတ်ပူစမ်းပါ”

ကားထဲတွင် ။

ရီဝမ်ဝမ်သည် ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်ကို ခေါ်ကာ ဟန်ရှန်းယွီ၏ စံအိမ်ထဲကနေ ထွက်လာပြီးနောက် ကားထဲ ဝင်လိုက်သည်တွင် သူမမျက်နှာထက်က အပြုံးနွေးနွေးလေး မှာလည်း ချက်ချင်း ကွယ်ပျောက်သွားလေပြီ ။

“ဟက် …”

ရီဝမ်ဝမ်သည် မျက်လွှာတို့ကို ချလိုက်ပြီး ခပ်တိုးတိုးလေး ရယ်မောလိုက်၏ ။

ခုနစ်စင်ကြယ်က နားမလည်စွာဖြင့် ခေါင်းကို တဗြင်းဗြင်း ကုတ်လာသည် ။

“ဘာလို့ ရယ်နေတာလဲ အစ်မဖန်း”

ရီဝမ်ဝမ်သည် ကူကယ်ရာမဲ့စွာဖြင့် နူးနူးညံ့ညံ့လေး ရယ်မောနေ၏ ။

“ငါကိုယ်တိုင် သင်ပေးထားတဲ့ အကောင်းဆုံးသရုပ်ဆောင် ဆုရှင်တွေက .. သရုပ်ဆောင်အရမ်း ကောင်းတာကို ပျော်လို့ ..”

“ဟမ် .. ဘာစကားကြီးလဲ” ခုနစ်စင်ကြယ်မှာ အံ့သြသွား၏ ။

ကြယ်ခုနစ်သည်ကတော့ သူမအား တွေးဆဆဖြင့် ကြည့်လာသည် ။

ရီဝမ်ဝမ်သည် ခပ်ပြုံးပြုံးလေးဖြင့် ပြန်ပြောလိုက်သည် ။
“ခုနစ်စင်ကြယ် ရီမိသားစုကို ဆက်ပြီး ခြေရာခံထား ။ ကြယ်ခုနစ် .. အခုချက်ချင်း အင်မော်တယ်ခေတ် နဲ့ အင်ပါယာစကိုင်းအင်တာတိန်းမန့် ကြားထဲမှာ ဒီလအတွင်း ဖြစ်ပျက်ခဲ့သမျှအားလုံးကို စုံစမ်းပေး ။ ရှေ့လဝက်လောက်က အင်ပါယာစကိုင်း အင်တာတိန်းမန့်က ကုမ္ပဏီကို လွှဲယူလိုက်တဲ့ကိစ္စကအစ အကုန်လုံး အသေးစိတ် လိုချင်တယ်”

ကြယ်ခုနစ်က ခေါင်းညိတ်ပြလာသည် ။
“ကောင်းပါပြီ”

………………………………………………………………...................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘

ကြိုတင်ဖတ်ရှုလိုပါက စာစဉ်တစ်ခုကို ၅၀ဝ နဲ့ paid group မှာ ဖတ်ရှုလို့ ရပါပြီရှင် ။
ဘေလွှဲရမယ့်နံပတ်လေးကတော့ 09402842937 ပါ ။ ကောင်းသောညချမ်းလေး ဖြစ်ကြပါစေ 😘

واصل القراءة

ستعجبك أيضاً

407K 58.1K 199
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)
269K 7.2K 72
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
612K 59.4K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...