ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး (အတြ...

By god-dess11

104K 12.3K 681

စာစဥ္ ၆၆ မွ စဖတ္ႏိုင္သည္ ။ စာစဉ် ၆၆ မှ စဖတ်နိုင်သည် ။ More

စာစဥ္ 66 (1 - 8)
စာစဥ္ ၆၆ (၉-၁၆)
စာစဥ္ ၆၆ (၁၇-၂၆)
စာစဥ္ ၆၇ (၁-၈)
စာစဥ္ ၆၇ (၉-၁၆)
စာစဥ္ ၆၇ (၁၇-၂၆)
စာစဥ္ ၆၈ (၁-၈)
စာစဥ္ ၆၈ (၉-၁၆)
စာစဥ္ ၆၉ (၁-၈)
စာစဥ္ ၆၉ (၉-၁၆)
စာစဥ္ ၆၉ (၁၇-၂၆)
စာစဥ္ ၇၀ (၁-၆)
စာစဥ္ ၇၀ (၇-၁၂)
စာစဥ္ ၇၀ (၁၃-၁၈)
စာစဥ္ ၇၀ (၁၉-၂၆)
စာစဥ္ ၇၁ (၁-၆)
စာစဥ္ ၇၁ (၇-၁၂)
စာစဥ္ ၇၁ (၁၃-၁၈)
စာစဥ္ ၇၁ (၁၉-၂၆)
စာစဥ္ ၇၂ (၁-၆)
စာစဥ္ ၇၂ (၇-၁၂)
စာစဥ္ ၇၂ (၁၃-၁၈)
စာစဥ္ ၇၂ (၁၉-၂၆)
စာစဥ္ ၇၃ (၁-၆)
စာစဥ္ ၇၃ (၇-၁၂)
စာစဥ္ ၇၃ (၁၃-၁၈)
စာစဥ္ ၇၃ (၁၉-၂၅)
စာစဥ္ ၇၄ (၁-၆)
စာစဥ္ ၇၄ (၇-၁၂)
စာစဥ္ ၇၄ (၁၃-၁၈)
စာစဥ္ ၇၄ (၁၉-၂၆)
စာစဥ္ ၇၅ (၁-၆)
စာစဥ္ ၇၅ (၇-၁၄)
စာစဥ္ ၇၅ (၁၅-၂၀)
စာစဥ္ ၇၅ (၂၁-၂၆)
စာစဥ္ ၇၆ (၁-၆)
စာစဥ္ ၇၆ (၇-၁၂)
စာစဥ္ ၇၆ (၁၃-၁၈)

စာစဥ္ ၆၈ (၁၇-၂၆)

1.9K 293 10
By god-dess11

💖 ခ်ဳိၿမိန္ေသာ ဇနီးဆိုးေလး 💖
Book.              :  68
Chapter.          :  17 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဥ္ ၆၈၊ အခန္း ၁၇။  ၿပန္လာၿပီ

“ဒါေပမယ့္ တစ္ခုေတာ့ ေၿပာထားရဦးမယ္ ။
မင္းရဲ့နတ္မိမယ္ေလးမွာက ရည္းစားရွိေနၿပီ”

“အာ က်ြန္ေတာ့္ေခါင္းကေတာ့ .. က်ြန္ေတာ့္မွာ
လုပ္စရာရွိေသးတာ အခုမွပဲ သတိရေတာ့တယ္”
ခုနစ္စင္ၾကယ္မွာ ထပ္ၿပီး တြန့္ဆုတ္သြားေလၿပီ ။

“တရုတ္ၿပည္မွာ မိန္းမလွေလးေတြ အမ်ားၾကီးရွိတယ္”

“ေဟာဗ်ာ အဲ့ဒီဟာက လုပ္ၿပီးသြားတာကို အခုမွပဲ သတိရတယ္ ။
အစ္မ ဖန္း က်ြန္ေတာ္ အခုခ်က္ခ်င္း ၾကယ္ခုနစ္ကုိ သြားရွာလုိက္မယ္” ခုနစ္စင္ၾကယ္သည္ ခ်က္ခ်င္းပင္ အခန္းထဲကေန ထြက္သြားေလၿပီ ။

ထုိ့ေနာက္ ရီ၀မ္၀မ္သည္ ၾကယ္ခုနစ္ ၊ ခုနစ္စင္ၾကယ္ ၊
မရမက လုိက္မည္တစာစာေၿပာေနေသာ ပထမအၾကီးအကဲ နွင့္ တတိယအၾကီးအကဲတုိ့နွင့္အတူ ဖိန့္ဖိန့္တုန္ဂုိဏ္းက ဂုိဏ္းသားတစ္ဖြဲ ့ကို ေခၚလာကာ တရုတ္ၿပည္ကုိ ခရီးစတင္ ေတာ့ေလၿပီ ။

လြတ္လပ္ေသာနယ္ေၿမကေန တရုတ္ၿပည္ထိကုိ တုိးၿပည္အသီးသီး ၿဖတ္ေက်ာ္ရကာ ေလယာဥ္အသြယ္သြယ္ ေၿပာင္းစီးရသည္မို့ အလြန္အက်ဴးကုိ ရႈပ္ေထြးေပြလီလြန္းပါ ေသာ္လည္း ဖိန့္ဖိန့္တုန္ဂုိဏ္းသည္ ေငြအင္အားကုိ သံုးကာ
ေလယာဥ္တစ္စီးထဲတြင္ စီးသြားလို့ ရေအာင္ စီစဥ္လုိက္သည္မုိ့ ခရီးစဥ္မွာ အေတာ္ေလး ေခ်ာေမြ့ ကာ သက္ေသာင့္သက္သာ ရွိသြားခဲ့ပါ၏ ။

တရုတ္ၿပည္ကုိ တစ္ေယာက္မွ မေရာက္ဖူးၾကသည္မုိ့ တရုတ္နွင့္ပတ္သက္သမ်ွ အရာအားလံုးမွာ စိတ္၀င္စားစရာ ေကာင္းေနကာ သူတုိ့အတြက္ အားလပ္ရက္ထြက္လာရသလို ၿဖစ္ေနေတာ့၏ ။

ဖိန့္ဖိန့္တုန္ဂုိဏ္းသားမ်ားအတြက္သည္ကေတာ့
ဒီတရုတ္ၿပည္ခရီးစဥ္မွာ သူတုိ့ဂုိဏ္းခ်ဳပ္က
အားလပ္ရက္ေပးထားေသာ ခရီးစဥ္လုိ ၿဖစ္ေန၏ ။

ရက္ေပါင္းမ်ားစြာ ၾကာေသာ္ … တရုတ္ၿပည္ ေလဆိပ္တြင္ ။

အရင္တုန္းက ရီမူဖန္နွင့္ သူမ၏အေဖသည္
အမႈနွင့္ ရင္ဆုိင္ေနရၿပီး စီရီဟန္သည္လည္း ၿဗဳန္းစားၾကီး ေပ်ာက္သြားခဲ့ေလၿခင္းေၾကာင့္ သူမသည္ စီမိသားစုနွင့္
ရီ မိသားစု နွစ္စုစလံုးတြင္ ဆူးသဖြယ္ ၿဖစ္လာခဲ့ရ၏ ။

ထုိ့ေၾကာင့္ သူမ အေမၿဖစ္သူကိုပါ မထိခုိက္လာေစဖို့ရာအတြက္ ရီ၀မ္၀မ္မွာ တရုတ္ၿပည္ကေန ယာယီထြက္ရင္း
သူမသရုပ္မွန္ကိုပါ စံုစမ္းေနခဲ့ၿခင္း ၿဖစ္၏ ။

အခုေတာ့ … သူမ ၿပန္ေရာက္လာေလၿပီ … ။

သူမသည္ လြတ္လပ္ေသာနယ္ေၿမထဲတြင္ လပုိင္းေလးသာ ေရာက္ေနသည္ဆုိေသာ္လည္း အခု တရုတ္ၿပည္ကို ၿပန္ရခ်ိန္ တြင္ တစ္သက္ေလာက္ကို ေ၀းကြာခဲ့ရသည္ဟု ခံစားမိေန၏ ။
အလြန္အမင္း ရင္းနွီးၿပီး အလြန္အမင္း တမ္းတလြမ္းဆမႈ တုိ့ကို ရင္ထဲမွာ တသိမ့္သိမ့္ ခံစားေနမိေတာ့သည္ ။

ရီ၀မ္၀မ္သည္ ေနကာမ်က္မွန္ကုိ တပ္ထားလုိက္ၿပီးမွ အေရွ့ကို ေလ်ွာက္သြားလုိက္၏ ။

ဒီနုိင္ငံကုိ တိတ္တိတ္ေလး ၿပန္လာၿခင္းမုိ့
သူမကုိ မမွတ္မိသြားၾကေစဖုိ့ရာအတြက္
နွာေခါင္းစည္းနွင့္ ေနကာမ်က္မွန္တုိ့ကို တပ္ထားလိုက္၏ ။

ၾကယ္ခုနစ္နွင့္ ခုနစ္စင္ၾကယ္တုိ့ကုိလည္း တရုတ္ၿပည္က နာမည္ၾကီး၀တ္စံုကို လဲခုိင္းလုိက္သည္ ။

ခုနစ္စင္ၾကယ္သည္ အခုတေလာ ေရပန္းစားေနသည့္ ေရႊ၀ါေရာင္နဲ့ အၿပာေရာင္ စပ္ထားေသာ ေဘ့ေဘာစ္အက်ၤီကုိ ၀တ္ဆင္ထားၿပီး ေနာက္ေက်ာဘက္တြင္ တရုတ္လက္ရာ ေရႊခ်ည္ေငြခ်ည္တို့ ထုိးထားကာ ကုိယ္ေအာက္ပုိင္းတြင္ ၀တ္ဆင္ထားသည့္ ဂ်င္းေဘာင္းဘီ နွင့္ ဖိနပ္အၿဖဴေရာင္ေလးက အလြန္ပင္ လိုက္ဖက္ပနံသင့္လြန္း သည္ ။ ၾကယ္ခုနစ္သည္ကေတာ့ ရုိးရိုးစင္းစင္း ေခါင္းစြပ္ပါေသာ အနက္ေရာင္အက်ီၤကို ၀တ္ဆင္ထားၿပီး ထိုအက်ီၤေပၚတြင္ စကားလံုးတုိ့ ေရးထြင္းထားကာ အနီေရာင္အစင္းေၾကာင္းပါသည့္ ေဘာင္းဘီကုိ ၀တ္ဆင္ထားသည္က မိမိုက္လြန္းလွသည္ ။

နွစ္ေယာက္စလံုးသည္ စတိုင္က်က် ေပါ့ေပါ့ပါးပါးေလး ၀တ္စားထားၾကေသာ္လည္း စတုိင္ကေတာ့ လံုး၀ ေၿပာင္းသြားေလၿပီ ။ သူတုိ့နွစ္ေယာက္သည္ အလြန္တရာကုိ မ်က္စိပသာဒ ၿဖစ္လြန္းေနကာ သူတုိ့ေလွ်ာက္သြားသည့္ လမ္းတစ္ေလ်ွာက္က လူတိုင္း၏ စိတ္အာရံု တုိ့ကုိ ဖမ္းစားထားေနေလသည္ ။

ေပါ့ေပါ့ပါးပါး အနီေရာင္၀တ္စံုကို ၀တ္ဆင္ထားသည့္ ပထမအၾကီးအကဲသည္လည္း ထိုနည္း၄င္းပင္ ။
ဖက္ရွင္က်ကာ ၾကည့္ေကာင္းလြန္းသည္ ။ သူသည္ ခရီးေဆာင္အိတ္ကုိ ဆြဲကာ တတိယအၾကီးအကဲနဲ့အတူ ေဘးဘီ၀ဲယာကုိ ေတာင္ၾကည့္ေၿမာက္ၾကည့္ ၾကည့္ေနေလ၏ ။

တတိယအၾကီးအကဲသည္ လူအမ်ား၏ အာရံုကို ေရွာင္ရွားလုိေသာေၾကာင့္ ဖိန့္ဖိန့္တုန္ဂုိဏ္းသားမ်ားကို ေခၚကာ ထြက္သြားလုိက္၏ ။

ခုနစ္စင္ၾကယ္သည္ကေတာ့ ဘယ္ညာကို ၾကည့္ရင္း
ေမးခြန္းေတြ တသီတတန္းၾကီးကုိ တတြတ္တြတ္ ေမးေနၿပီး ၾကယ္ခုနစ္သည္ကေတာ့ အေရွ့ကုိသာ အာရံုအၿပည့္ စိုက္ထားကာ ပတ္၀န္းက်င္ကို သတိမၿပတ္ လုိက္အကဲခတ္ေန၏ ။

ေလဆိပ္ခန္းမၾကီးထဲတြင္ ရီ၀မ္၀မ္သည္ လွည့္ကာ ေၿပာလာသည္ ။

“သန့္စင္ခန္းသြားလုိက္ဦးမယ္ .. ငါ့ကို ေကာ္ဖီဆုိင္မွာ ေစာင့္ေနၾက”

ၾကယ္ခုနစ္က ၿပန္ေၿဖသည္ ။ “ေကာင္းပါၿပီ”

ခုနစ္စင္ၾကယ္ကေတာ့ ထေၿပာေလသည္ ။
“က်ြန္ေတာ္ေရာပဲ က်ြန္ေတာ္ေရာပဲ”

ရီ၀မ္၀မ္နွင့္ ခုနစ္စင္ၾကယ္တုိ့ သန့္စင္ခန္းထဲ သြားေနၾကခ်ိန္ ၾကယ္ခုနစ္သည္ကေတာ့ ေကာ္ဖီဆုိင္မွာ တစ္ေယာက္ထဲ သြားေစာင့္ေနလုိက္၏ ။

သူသည္ မ်က္လံုးတုိ့ကုိ ေမွးကာ နားေနရင္းကေန သူ ့ကို ၾကည့္ေနသည့္ အၾကည့္တုိ့ကုိ ခံစားမိလုိက္ေသာေၾကာင့္
မ်က္လံုးတုိ့ကို ဖြင့္လိုက္ရာ သူ့အား ရဲရဲတင္းတင္း ၾကည့္ေနၾကေသာ မိန္းကေလးေပါင္းမ်ားစြာကို အနားမွာ ေတြ ့လုိက္ရသည္ ။

သူတုိ့က သူ ့အၾကည့္ကို မေရွာင္ဖယ္ရံုမက
စိတ္လႈပ္ရွားစြာၿဖင့္ တုိးတုိးပင္ ေၿပာေနၾကလုိက္ေသးသည္ ။

ထိုမိန္းကေလးေတြသည္ တခနေလာက္ ေၿပာဆုိၿပီးသြာၾကၿပီး ေနာက္တြင္ သူ ့ဆီကုိ ေလွ်ာက္ပါလာၾကေလၿပီ ။

……………………………………………………………………............

စာစဥ္ ၆၈၊ အခန္း ၁၈။ ေယာက်ာ္းေလးဆိုတာ ဆင္ဆင္ၿခင္ၿခင္ေနမွ ေတာ္ကာက်မယ္

ၾကယ္ခုနုစ္သည္ သူတုိ့၏ ထူးထူးဆန္းဆန္း အၾကည့္တုိ့ေၾကာင့္ သတိကပ္ထားမိလာရ၏ ။

“အစ္ကုိေလးက တရုတ္လူမ်ိဳးလား ဂ်ပန္လူမ်ိဳးလားဟင္”
ရဲတင္းေသာမိန္းကေလးတစ္ေယာက္က ထကာ စကားစလာေခ်ၿပီ ။

“အစ္ကုိေလးက အရမ္းေခ်ာလုိက္တာ .. အနုပညာရွင္မ်ားလား”

“အစ္ကုိေလး ညီမတုိ့ ဓာတ္ပံုအတူတြဲရိုက္လို့ ရမလား”

“အစ္ကုိေလး ညီမတုိ့ေတြ WeChat အခ်င္းခ်င္း လဲရေအာင္ေလ”

“အစ္ကိုေလးမွာ ရည္းစားရွိလား”

ၾကယ္ခုနစ္မွာ ထုိမိန္းကေလးတုိ့အား မေမးရေသးခင္ ေမးခြန္းေတြတသီၾကီး အေမးခံလုိက္ရသၿဖင့္
တအံ့တၿသၿဖစ္မိသြားရ၏ ။ ထိုမိန္းကေလးမ်ားသည္ သူ ့အား နည္းနည္းေလးပင္ ေၾကာက္ပံုမေပၚပါေခ် ။

သူ၏နာမည္ဂုဏ္သတင္းမွာ ေၾကာက္မက္ဖြယ္ေကာင္း လြန္းေသာေၾကာင့္ လြတ္လပ္ေသာနယ္ေၿမထဲက
ဘယ္သူကမွ သူ ့ကုိ အခုလုိမ်ိဳး မေလးမစား မလုပ္၀ံံ့ၾကေပ။

သုိ့ေသာ္ အခု ဒီတရုတ္ၿပည္တြင္မူ ထိုမိန္းကေလးမ်ားသည္ အေၾကာက္အလန့္ကင္းကာ ဘာမေကာင္းသည့္ ရည္ရြယ္ခ်က္မွ မရွိေနေလၿခင္းေၾကာင့္ သူ လႊတ္ေပးထားလိုက္ပါ၏ ။

မည္သုိ့ပင္ ဆုိေစကာမူ သူတုိ့သည္ မစ္ရွင္ထြက္လာၿခင္း ၿဖစ္သည္မုိ့ သူတုိ့ ဘယ္သူၿဖစ္ေၾကာင္းကို ေဖာ္ထုတ္လုိက္လုိ့ မၿဖစ္ေပ ။ မဟုတ္ပါက ရန္သူကုိ သတိေပးလုိက္သကဲ့သုိ့ ရွိသြားေပလိမ့္မည္ ။

ထိုမိန္းကေလးမ်ားသည္ကေတာ့ တံု့ၿပန္မႈ တစ္စံုတရာ မရေလၿခင္းေၾကာင့္ ပုိပုိၿပီး တုိးကပ္လာကာ ပုိပိုၿပီး ၿပံဳးၿဖီးေပ်ာ္ရႊင္လာၾကေလၿပီ ။
တစ္ခ်ိဳ့ဆုိ ထိကပါးရိကပါးပင္ လာလုပ္ေနၾကေလၿပီ ။

တခနေလးအတြင္း သူ ့မ်က္နွာကို လာလာထိၾကသည္က
အၾကိမ္ၾကိမ္ ရွိေနေလၿပီ … ။

ရီ၀မ္၀မ္နွင့္ ခုနစ္စင္ၾကယ္တုိ့ သန့္စင္ခန္းသံုးၿပီးလုိ့ ၿပန္ထြက္လာၾကခ်ိန္တြင္ ထိုၿမင္ကြင္းက သူတုိ့ကို ဆီးၾကိဳႏႈတ္ဆက္လုိက္ေလ၏ ။

ၾကယ္ခုနစ္နားတြင္ စပ္စလူးမေလးတစ္သိုက္ ၀ုိင္းေနကာ သူ၏ေခ်ာေမာခန့္ညားနုပ်ိဳေသာ မ်က္နွာမွာ ေလးၾကိဳးသဖြယ္ တင္းမာခက္ထန္ေနေလၿပီ ။

“ခ်ီးပဲ ဘာေတြ ၿဖစ္ကုန္တာလဲ”
ခုနစ္စင္ၾကယ္မွာ တုန္လႈပ္သြား၏ ။

ရီ၀မ္၀မ္ ။ “အင္း …”

သူမသည္ ၾကယ္ခုနစ္၏ ေခ်ာေမာခန့္ညားေသာ ရုပ္ရည္ကို တစ္ခ်က္ၾကည့္လုိက္ၿပီး ဘာၿဖစ္ေနသလဲကုိ ခ်က္ခ်င္း သေဘာေပါက္လုိက္၏ ။

သူမသည္ ၿပသနာကို ေရွာင္နုိင္ဖို့ရာအတြက္ နွာေခါင္းစည္း
စြပ္ထားခဲ့၏ ။ အခုေတာ့ ၾကယ္ခုနစ္က ၿပသနာနဲ့ တည့္တည့္တုိးေနေလၿပီ ။

သူမသည္ တရုတ္ၿပည္တြင္ မန္ေနဂ်ာလုပ္ခဲ့စဥ္က အခုလုိ အေၿခအေနမ်ိဳးကုိ ၾကံဳေတြ ့ဖူးခဲ့သည္မို့ ထိုလူအုပ္ထဲကုိ ေအးေအးလူလူပင္ တုိး၀င္သြားလုိက္ကာ ၾကယ္ခုနစ္အား သူမေနာက္ဘက္ကို ဆြဲပုိ့ကာ ကာကြယ္ေပးလုိက္ရ၏ ။

မိန္းကေလးတစ္သိုက္၏ အၾကည့္တုိ့ကုိ ပိတ္ဆုိ့ပစ္လုိက္ၿပီး
ေနာက္မွ ရီ၀မ္၀မ္ ၿပံဳးကာ ေၿပာလုိက္ရသည္ ။

“တစ္ဆိတ္ေလာက္ ဖယ္ေပးၾကပါလား ။
အစ္မေမာင္ေလးက အနုပညာရွင္ မဟုတ္ပါဘူး ညီမေလးတုိ့
ဒီတုိင္း သာမန္လူပါ ။ သူ ့ကို လန့္ေအာင္ မလုပ္ၾကပါနဲ့”

ထို့ေနာက္တြင္ မိန္းကေလးတစ္ေယာက္ကုိ ၾကည့္ကာ
ေမးလုိက္သည္ ။
“ေစာနက ရုိက္ထားတဲ့ ဓာတ္ပံုေတြ ဖ်က္ေပးပါလား”

ထိုမိန္းကေလးခမ်ာ စိတ္မႈိင္သြားေသာ္လည္း အစ္မလုပ္သူက ေၿပာေနၿခင္းမို့ တိတ္တိတ္ေလး ခုိးရုိက္ထားခဲ့သည့္ ထုိဓာတ္ပံုတုိ့ကို တြန့္ဆုတ္တြန့္ဆုတ္ၿဖင့္ ဖ်က္ပစ္လုိက္ရ၏ ။

အစ္မၿဖစ္သူသည္ ကန့္ကြက္ခြင့္ မေပးဘဲ ေၿပာသြားၿခင္း ၿဖစ္ေသာ္လည္း ေလသံသည္ကေတာ့ အလြန္အမင္း
သိမ္ေမြ ့နူးညံံလွသည္မို့ သူတို့လည္း အလုိလုိပင္
ေၿပာသည့္အတုိင္း လိုက္ေလ်ာမိရပါ၏ ။

ဓာတ္ပံု တစ္ပံုၿပီးတစ္ပံုကို ၀မ္းနည္းစြာ ဖ်က္ပစ္ေနေသာ ထုိမိန္းကေလးကို ၾကည့္ေနရင္း ၾကယ္ခုနစ္၏ မ်က္နွာမေပၚ ေသာ ပံုတစ္ပံုကိုေတာ့ သူမ ခ်န္ေပးလုိက္ပါ၏ ။

“ဒီပံုကိုေတာ့ သိမ္းထားလုိ့ ရတယ္”

ထိုမိန္းကေလးမွာ ခ်က္ခ်င္းပင္ စိတ္တို့ ရႊင္လန္းလာကာ ပီတိေဇာအဟုန္ လႊမ္းၿခံဳသြားေခ်ၿပီ ။

“ရလား .. ေက်းဇူးတင္ပါတယ္ ေက်းဇူးတင္ပါတယ္”

“ရပါတယ္”

ထုိမိန္းကေလးမ်ားကို ပထုတ္ၿပီးေနာက္တြင္မွ
ရီ၀မ္၀မ္ သက္ၿပင္းခ်မိသြားကာ ထိုင္ေနေသာ ၾကယ္ခုနစ္ဘက္ကို လွည့္ကာ ဆံုးမလုိက္မိေတာ့သည္ ။

“ၾကယ္ခုနစ္ မွတ္ထား ..
ဒီမွာက မိန္းကေလးေတြ ေၿခခ်င္းလိမ္ေနၾကတာ .. ေယာက်ာ္းေလးေခ်ာေခ်ာေလးဆုိတာ အၿပင္ထြက္ရင္
ကုိယ့္ကိုယ္ကုိ ကာကြယ္တတ္ရမယ္ နားလည္လား”

ခုနစင္ၾကယ္သည္ ထုိစကားကို ၾကားလုိက္သည္တြင္
ေခါင္းတၿဗင္းၿဗင္း ကုတ္မိသြားကာ ..

အစ္မ ဖန္း ဒီစကားေတြကို အစ္မက ေၿပာတာဆုိေတာ့ တစ္မ်ိဳးၾကီး ၿဖစ္မေနဘူးလားဗ်ာ ။

ၾကယ္ခုနစ္သည္ကေတာ့ အခုလို အေၿခအေနမ်ိဳးကုိ
ပထမဆံုး ၾကံဳေတြ့ဖူးၿခင္းမို့ တခနၾကာမွသာ
စိတ္နွင့္ကိုယ္ ၿပန္ကပ္သြား၏ ။

“နားလည္ပါၿပီ”
ထုိတြင္ ခုနစ္စင္ၾကယ္က ထေၿပာလာၿပန္သည္ ။

“ဟာကြာ အဲ့လုိမွန္းသာ ေစာေစာက သိခဲ့ရင္
ငါပဲ က်န္ေနခဲ့မွာေပါ့ ။ ခုနစ္ၾကီး အခုကစၿပီးေတာ့ ဒီလိုအႏၱရာယ္မ်ားတာမ်ိဳးဆုိ ငါ့ကုိသာ လႊဲထားလုိက္”

ရီ၀မ္၀မ္ သူ ့ကို စိတ္ပ်က္စြာၿဖင့္ မ်က္လံုးလွန္ၾကည့္ေပး
လုိက္ ၏။

“ေပါက္တီးေပါက္ရွာေတြ .. သြားၾကမယ္”

“အစ္မ ဖန္း က်ြန္ေတာ္တုိ့ ဘယ္ကုိ သြားမွာလဲ”
ခုနစ္စင္ၾကယ္က စိတ္လႈပ္ရွားသြားၿပီး ထေမးလာသည္ ။

ရီ၀မ္၀မ္သည္ မုိးေပၚက ၿပာလဲ့ၾကည္လင္ေနေသာ ေကာင္းကင္ၿပင္ၾကီးကို ေငးေမာၾကည့္လုိက္၏ ။

“အိမ္ကုိ အရင္ သြားလုိက္ဦးမယ္ ၊ မင္းတုိ့ကေတာ့
လုပ္ခ်င္တာသာ လုပ္ၾက”

“အိမ္ကုိ သြားမွာ .. အစ္မ တရုတ္ၿပည္ ေရာက္ေနတုန္းက ရခဲ့တဲ့ မိသားစုလား”

“အင္း”

သူမ၏ အတန္းပိုင္ဆရာမၿဖစ္သူ လ်န္လီဟြာ ၀င္ရႈပ္ခဲ့မႈေၾကာင့္ ဖိန့္ဖိန့္တုန္ဂုိဏ္းသည္ သူမအေၾကာင္းကို သိသြားခဲ့ၿပီၿဖစ္တာေၾကာင့္ သူမလည္း ဖံုးကြယ္မေနခဲ့ေတာ့ေပ ။

တရုတ္ၿပည္တြင္ ေနခဲ့စဥ္က ရီ၀မ္၀မ္ဆုိသည့္ နာမည္ၿဖင့္ ေနထိုင္ခဲ့ၿပီး ရီ၀မ္၀မ္၏မိသားစုသည္ သူမ၏သရုပ္မွန္ကို မသိထားေၾကာင္းကို ၾကယ္ခုနစ္တုိ့ကို သူမ ရွင္းၿပလိုက္ရ သည္ ။

“က်ြန္ေတာ္တုိ့ပါ လုိက္မယ္ေလ အစ္မ ဖန္း”
ၾကယ္ခုနစ္က တည္ၿငိမ္စြာ ေၿပာလာသည္ ။

………………………………………………………………….................

စာစဥ္ ၆၈၊ အခန္း ၁၉။  ကစားခ်င္လား

ခုနစ္စင္ၾကယ္သည္ ရီ၀မ္၀မ္ ၿပန္မေၿပာရေသးခင္
ကုိယ္ကုိ ကုိင္းကာ တုိးတိုးေလး ကပ္ေၿပာလာေတာ့သည္ ။

“ဗိုက္ဆာလာသလုိပဲ … တစ္ခုခုအရင္ သြားစားရေအာင္ လား”

အစားအေသာက္အေၾကာင္း ေၿပာေနတုန္း ပထမအၾကီးအကဲ နွင့္ တတိယအၾကီးအကဲတို့ ေလ်ွာက္လာၾကေလၿပီ ။

“ေကာင္းၿပီေလ”

ရီ၀မ္၀မ္ ေခါင္းအသာညိတ္ၿပလုိက္ၿပီး
ေလဆိပ္နားက KFC ဆုိင္ကို ေခၚသြားေပးလုိက္၏ ။

“ဒါက ဘယ္လုိဆုိင္မ်ိဳးၾကီးလဲ .. ဒါမ်ိဳး တစ္ခါမွ မၿမင္ဖူးဘူး”

ခုနစ္စင္ၾကယ္တု့ိလည္း ရီ၀မ္၀မ္ေနာက္ကေန လိုက္၀င္သြားၾကၿပီး ကေလးေလးတစ္ေယာက္လုိ စပ္စုစြာ အကုန္လိုက္ၾကည့္ေနမိ၏ ။

လြတ္လပ္ေသာနယ္ေၿမထဲတြင္ အခုလို ဆုိင္မ်ိဳး မရွိတာေၾကာင့္ သူတို့သည္လည္း တစ္ခါမွ မၿမင္ဖူး မေရာက္ဖူးသလုိ
တစ္ခါမွ သြားမစားခဲ့ဖူးပါေခ် ။

“ဒီမွာ … နယူးေအာ္လင္းၾကက္ေတာင္ပံ တစ္ပြဲ ..
မဟုတ္ေသးဘူး နွစ္ပြဲေပးပါ”

ရီ၀မ္၀မ္နွင့္ ေနာက္လုိက္အေပါင္း ေလးေဖာ္တို့ ထိုင္ခ်လိုက္ခ်ိန္ ခါးထိတုိင္ ေကာ့ပ်ံကာ ၀ဲက်ေနေသာ ဆံေကသာေပၚ ဦးထုပ္ေလးတစ္လံုးက ေနရာယူထားကာ အားကစား၀တ္စံုကို ၀တ္ဆင္ထားေသာ ေယာက်ာ္းတစ္ေယာက္ကို ၿမင္လုိက္ၾကသည္ ။
ထိုသူမွာ ေယာက်ာ္းတစ္ေယာက္ ၿဖစ္သည့္တုိင္
မိန္းမလွေလးတစ္ဦးလို ရင္သပ္ရႈေမာဖြယ္ ေကာင္းလြန္း ေပသည္ ။

“ဟုိမမက လွလုိက္တာ … ငါ့ရဲ့နတ္မိမယ္ေလးထက္ေတာင္ ပုိလွေသးတယ္”

ခုနစ္စင္ၾကယ္သည္ ထုိအၿဖဴေရာင္ဆံႏြယ္ရွည္နဲ့ ေယာက်ာ္း ကုိ အေရာင္တလက္လက္ထေနသည့္ မ်က္၀န္းတုိ့နဲ့ ေငးေမာၾကည့္ေနေလသည္ ။

“ဟမ္”

ထိုေယာက်ာ္းက ခုနစ္စင္ၾကယ္ဘက္သုိ့ လွည့္ၾကည့္လာသည္ ။

“မင္း ဘယ္သူလုိ့ မိန္းမလို့ ေခၚေနတာလဲ”

“ေသစမ္း .. ေယာက်ာ္းၾကီးဟ”

သူ ့အေရွ့က ေယာက်ာ္းအား ေငးၾကည့္ေနမိသည့္ ခုနစ္စင္ၾကယ္ခမ်ာ ပါးစပ္အေဟာင္းသား ၿဖစ္မိသြား၏ ။

ေယာက်ာ္းတစ္ေယာက္က ဘာလို့ အဲ့ေလာက္ေတာင္ ၾကည့္ေကာင္းေနရတာလဲ ။

“ကေလး .. မင္းက ေတာကေန တက္လာတာလား”
ထုိေယာက်ာ္းက ခုနစ္စင္ၾကယ္ကုိ ၾကည့္လာသည္ ။

“ခင္ဗ်ား ဘာေၿပာလုိက္တယ္ .. ထပ္ေၿပာလုိက္စမ္း” ခုနစ္စင္ၾကယ္သည္ ၀ုန္းခနဲ ထရပ္ကာ ထိုေယာက်ာ္းအား
ေဒါသတၾကီး ၾကည့္လုိက္ေလၿပီ ။

“ဘာလဲ .. ကစားခ်င္လို့လား”

ထိုေယာက်ာ္း၏ႏႈတ္ခမ္းတုိ့မွာ ေကာက္က်စ္ဥာဏ္မ်ားသည့္ အၿပံဳးပန္းတစ္ပြင့္အၿဖစ္ ေကာ့ပ်ံတက္သြား၏ ။ ဘယ္သူမွ သတိမၿပဳမိလုိက္ခင္ ထိုေယာက်ာ္း၏ ညာဘက္လက္သည္ ခုနစ္စင္ၾကယ္၏ ပုခံုးေပၚ တင္ၿပီးသား ၿဖစ္ေနေလၿပီ ။

မ်က္ေတာင္တစ္ခါခတ္ အခ်ိန္ေလးအတြင္းမွာပင္ ေဖာင္းကနဲ အသံတစ္သံ ထြက္လာၿပီး ခုနစ္စင္ၾကယ္မွာ ထိုင္ခံုေပၚကေန ေခြးက်၀က္က် ၿပဳတ္က်ကာ တြန္ ့လိမ္ေနေတာ့၏ ။

“နားလည္မႈလြဲတာပါ .. နားလည္မႈ လြဲတာပါ”

အၿပစ္ကင္းကာ ခ်ိဳၿမိန္ေသာ မ်က္နွာေလးနဲ့ မိန္းကေလး
သည္ လက္ထဲတြင္ ၾကက္ေတာင္ပံထုပ္ကုိ ယူခ်လာကာ ခုနစ္စင္ၾကယ္တုိ့အဖြဲ ့အား ေတာင္းပန္စကား ဆိုလာ၏ ။

“သြားရေအာင္ .. သြားမယ္ .. ရွင့္ဇနီးက ဖြားေတာ့မွာကို
ဒီမွာ လာၿပသနာရွာေနေသးတာလား”
ထိုမိန္းကေလးက ခပ္ေလာေလာ ေၿပာ၏ ။

“၀ါး … ပ်င္းဖို့ေကာင္းလုိက္တာ”

ထိုေယာက်ာ္းသည္ သမ္းေ၀လုိက္ၿပီး လက္ထဲက နယူးေအာ္လင္းၾကက္ေတာင္ပံကုိ တစ္ကုိက္ကိုက္လုိက္ၿပီးမွ ထိုေကာင္မေလးေနာက္ကေန လုိက္ကာ ဆုိင္ထဲကေန ထြက္သြား၏ ။

“ေဘာပဲ …”

ထုိေယာက်ာ္း ထြက္သြားသည္ကုိ ၾကည့္ေနသည့္ ခုနစ္စင္ၾကယ္မွာ နဖူးထက္တြင္ ေခ်ြးရႊဲေနေလၿပီ ။

“ဘယ္လိုၿဖစ္တာလဲ”
ၾကယ္ခုနစ္သည္ ခုနစ္စင္ၾကယ္ဘက္သုိ့ လွည့္ေမးလုိက္၏ ။

“အဲ့လူ .. အရမ္း ေၾကာက္ဖို့ေကာင္းတယ္ .. တကယ္ေၿပာတာ အရမ္းအရမ္းကို ေၾကာက္ဖို့ေကာင္းတယ္”
ခုနစ္စင္ၾကယ္က ေခါင္းခါလာသည္ ။
“သူ ့ေလာက္ ေၾကာက္ဖုိ့ေကာင္းတဲ့လူမ်ိဳး ငါ့တစ္သက္မွာ
တစ္ခါမွ မေတြ ့ဖူးေသးဘူး ။ သူ ့ကို ေတြ ့ရတာ ခ်ီးထုပ္ကုိ
ေတြ ့လိုက္ရတဲ့အတုိင္းပဲ”

“သူ ့ကုိ ခ်ီးထုပ္နဲ့ ယွဥ္ေၿပာေနတာလား ။
မင္း ေခါင္း ေခ်ာင္သြားၿပီလား”
တတိယအၾကီးအကဲသည္ ခုနစ္စင္ၾကယ္ကုိ ၾကည့္လာ၏ ။

ခ်ီးထုပ္ကုိ ဒီေလာကတြင္ အၾကမ္းဆံုးသူဟု ေခၚေနၾကၿခင္းမွာ အေၾကာင္းမဲ့သက္သက္ မဟုတ္ပါေပ ။

“က်ြန္ေတာ္ မညာဘူး .. အဲ့လူက တကယ္ၾကီးကုိ အရမ္းအရမ္း ၾကမ္းလြန္းတာ ။ က်ြန္ေတာ့္ပုခံုးေပၚ လက္ေလး တင္ရံုနဲ့ကို က်ြန္ေတာ့္တစ္ကိုယ္လံုး ေၾကမြသြားၿပီလား မွတ္ရတယ္ ။ သူသာ သတ္ခ်င္ရင္ က်ြန္ေတာ့္ကို ခနေလးနဲ့ သတ္ပစ္နုိင္တယ္လုိ့ေတာင္ ခံစားရတာ .. မဟုတ္ေသးဘူး သူ ့လက္ေခ်ာင္းေလးတစ္ေခ်ာင္းနဲ့တင္ က်ြန္ေတာ့္ကို သတ္ပစ္နုိင္တယ္လို့ကို ခံစားရတာ”

ခုနစ္စင္ၾကယ္သည္ အသက္ကုိ ၿပင္းၿပင္းရွဴေန၏ ။

တၿခားေသာသူမ်ားမွာ စိတ္ထဲ အေလးအနက္မထားၾကဘဲ ခပ္ၿပံဳးၿပံဳးၿဖစ္ကာ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လုိက္ၾက၏ ။

ခုနစ္စင္ၾကယ္၏ စကားတုိ့မည္သည္
ရင္ေခါင္းေလာက္မွန္းမွ ဒူးေလာက္တင္တတ္သည္ဟုသာ
သူတုိ့ သတ္မွတ္ထားၾကေလသည္ ။

……………………………………………………………………..........

စာစဥ္ ၆၈၊ အခန္း ၂၀။  နည္းနည္းေတာ့ ေအးေအးလူလူ ေနပါရေစဦးလား

“ဒါေပမယ့္ … ေနာက္မွ ေပၚလာတဲ့ေကာင္မေလးက .. တကယ့္ကုိ စိတ္ကုန္စရာၾကီးကြာ ။ ငါ သူ ့ကုိ လြတ္လပ္ေသာနယ္ေၿမမွာ ၿမင္ဖူးသလိုပဲ … ေနကာမ်က္မွန္ၾကီး တပ္ထားလို့ကြာ မဟုတ္လုိ့ကေတာ့ ငါ သိၿပီ”
ခုနစ္စင္ၾကယ္က ေနာင္တရသလိုလုိ ေၿပာလာသည္ ။

ရီ၀မ္၀မ္ ၊ ၾကယ္ခုနစ္နွင့္ တၿခားသူမ်ားမွာမူ ခုနစ္စင္ၾကယ္၏ တတြတ္တြတ္ေၿပာေနၿပန္မႈအား အာရံုသိပ္မထားၾကပါေခ် ။

သူတုိ့အတြက္ စားဖုိ့ေသာက္ဖုိ့ရာ မွာလုိက္ၿပီးေနာက္တြင္
ရီ၀မ္၀မ္သည္ တကၠစီတစ္စီး ငွားကာ အားလံုးကုိ ကားထဲ ၀င္ခုိင္းလုိက္ၿပီး ၿမိဳ့ထဲကုိ သြားလုိက္ၾက၏ ။

“အစ္မ ဖန္း တရုတ္ၿပည္က စီးပြားေရး မက်ပ္တည္းဘူး
ေနာ္ ။ လြတ္လပ္ေသာနယ္ေၿမမွာထက္ေတာင္ ဆုိင္ေတြ ပိုမ်ားေသးသားပဲ ။ ဟဲဟဲ ဒါေပမယ့္္ ခ်မ္းသာတာခ်င္း ယွဥ္ရင္ေတာ့ က်ြန္ေတာ္တုိ့ကုိ မမွီေသးဘူး”

ခုနစ္စင္ၾကယ္က ၿပတင္းေပါက္အၿပင္ဘက္က ၿမင္ကြင္းေတြကုိ ေငးၾကည့္ရင္း ေၿပာဆုိေနသည္ ။

“၀ါး ၿပိဳင္ကားေတြလည္း အမ်ားၾကီးပဲ ၀ိုး ၀ိုး ဟယ္လီေကာ္ပတာေတြေတာင္မွ ရွိတယ္ဟ ။
ဒါမဲ့ ဘာၿဖစ္လဲ ငါနဲ့ ခုနစ္ၾကီးေတာင္မွ ကုိယ္ပုိင္ရဟတ္ယာဥ္
တစ္စီးစီ ရွိေသးတာပဲဟာ”
ခုနစ္စင္ၾကယ္က ေၿပာဆုိေနသည္ ။

ရီ၀မ္၀မ္ ။ “…” ငါ့မွာက် ဘာလို့ မရွိတာလဲ ။

“၀ါး ဟုိဟာက တရုတ္ၿပည္ရဲ့ ၾကယ္ငါးပြင့္ဟုိတယ္လား ။
ဒါမ်ား ဘာမွ မဟုတ္ပါဘူး .. ငါ သြားသြားစားေနက် ဆုိင္ဆုိ အဲ့ထက္ေတာင္ ပိုခမ္းနားေသးတယ္ ..
ေဟာ သူတို့မွာ စက္ဘီးေတြေတာင္ ရွိတယ္ဟ ။ ငါတုိ့လြတ္လပ္ေသာနယ္ေၿမမွာဆုိရင္ လူတုိင္း ဇိမ္ခံကား
တစ္စီးစီေတာ့ ေအးေဆးကို ရွိၾကတာပဲ”

တကၠစီဆရာမွာ ေငါ့တူးကာ ေၿပာလာေတာ့ၿပီ ။
“အစ္ကုိၾကီးရာ ၾကြားလုိက္တာ ၾကြားလိုက္တာဆုိတာ အစ္ကုိၾကီးေလာက္ ၾကြားတဲ့သူ က်ြန္ေတာ္ၿဖင့္
တစ္ေယာက္မွကုိ မေတြ ့ဖူးေသးဘူး ။ ကုိယ္ပိုင္ရဟတ္ယာဥ္ ရွိတယ္ဆုိရင္ မိုးေပၚကေနပဲ စီးလာခဲ့ပါေတာ့လား ။
လူငါးေယာက္ ၿပြတ္သိပ္ၿပီး ကားတစ္စီးထဲ ငွားစီးေနၾကရတာကုိမ်ား ဘာမ်ား ၾကြားၿပေနစရာ လုိလုိ့လဲ”

ၾကယ္ခုနစ္ ။ “…”

ရီ၀မ္၀မ္ ။ “…”

ပထမအၾကီးအကဲ ။ “…”

တတိယအၾကီးအကဲ ။ “…”

တရုတ္ၿပည္ ၊ ရီ စံအိမ္တြင္ ။

ဧည့္ခန္းထဲတြင္ ရီယီယီသည္ သူမေရွ့က အနက္ေရာင္၀တ္စံုနဲ့ ေယာက်ာ္းၾကီးတစ္ေယာက္အား ၾကည့္ေနကာ ခပ္တုိးတိုးေလး ရယ္ေမာေမးလာသည္ ။

“ရွင္တုိ့ေတြ အဲ့ကိစၥေသးေသးေလးကုိေတာင္ ေအာင္ၿမင္ေအာင္ မလုပ္နုိင္ေသးဘူးလား”

ထိုေယာက်ာ္းၾကီးသည္လည္း ရယ္ၿပံဳးလာသည္ ။
“စီအီးအို ရီ .. အဲ့ဒီနည္းနဲ့ အလုပ္မၿဖစ္လုိ့ပါဗ်ာ”

ရီယီယီသည္ သူ ့ကို စုိက္ၾကည့္လုိက္၏ ။
“ဒါဆုိ ဘယ္နည္းနဲ့မွ အလုပ္ၿဖစ္မွာလဲ”

“အကုန္လံုးမွာ က်ိဳးေၾကာင္းညီညြတ္ဖို့ လုိတယ္ စီအီးအို ရီ ။ ရီေရွာင္ထင္းက က်ြန္ေတာ္တုိ့ဆီကေန အေၾကြးေတြ
အမ်ားၾကီး တင္ခဲ့တယ္ဆုိတာ ဟုတ္ေပမယ့္လဲ
အကုန္လံုးနီးနီးကို သူ ဆပ္ထားၿပီးေနၿပီ ။ အခု စီအီးအုိ ရီ က က်ြန္ေတာ္တုိ့ကုိ လ်န္၀မ္က်ြင္းရဲ့ ေရႊပင္လယ္စံအိမ္ကုိ သြားသိမ္းခုိင္းေနတယ္ .. ဒါ ဘယ္လုိလုပ္ သင့္ေတာ္မွာလဲ”

ရီယီယီက ေခါင္းခါလာသည္ ။
“က်ြန္မေတာ့ အဲ့လုိမထင္ဘူး ။ ရွင့္ဆီမွာ တင္ေနတဲ့
အေၾကြးေတြကို ဆပ္ၿပီးသေလာက္ နီးနီး ရွိေနၿပီ ဆုိေပမယ့္လဲ အကုန္လံုး ဆပ္ၿပီးတာမွ မဟုတ္ေသးတာ ။
ရွင့္ရဲ့အရင္းကုိ တုိးလုိက္တာနဲ့ အဲ့ဒီ ေရႊပင္လယ္စံအိမ္ကုိ
ယူဖုိ့ဆုိတာက ရွင့္အတြက္ ဘာမွ မခက္ေတာ့ဘူး ။ ၿပီးေတာ့ ေရႊပင္လယ္စံအိမ္ကုိ ယူလုိက္တာနဲ့ အဲ့အိမ္က ရွင့္အိမ္
ၿဖစ္သြားမွာေနာ္ ။ အဲ့ဒီအၿပင္ကုိ က်ြန္မကလည္း ဒီေလာက္ ေပးဦးမွာ”

“အဲ”

ရီယီယီ ေပးလာသည့္ ဂဏန္းေၾကာင့္
ထိုလူၾကီး၏ မ်က္လံုးတုိ့ ၀င္းပလာေတာ့၏ ။

ရီယီယီသည္ သူတုိ့အား ထုိစံအိမ္ၾကီးကုိ ယူသြားေစလုိ၍ ဒီပုိက္ဆံပမာဏကုိ ေပးေနၿခင္းသာ ။

“ဟားဟား နားလည္ပါၿပီဗ်ာ … စီအီးအို ရီ က လ်န္၀မ္က်ြင္းကို ေနစရာအိမ္မရွိေအာင္ လုပ္ပစ္ခ်င္ေနတာ မလား”
ထိုေယာက်ာ္းၾကီးက ရယ္ေမာကာ ထေမးလာသည္ ။

လ်န္၀မ္က်ြင္း၏ ေယာက်ာ္း နွင့္ အၾကီးဆံုးသားသည္
ရီယီယီ၏ အေဖကုိ သတ္ပစ္ခဲ့သည္ကုိ လူတုိင္း သိေနၾကပါ၏ ။

ရီေရွာင္ထင္းနွင့္ ရီမူဖန္တုိ့သည္ အဖမ္းခံထားရသည္ ဆုိေသာ္လည္း ရီယီယီ၏ အမုန္းတရားကုိ ေခ်ဖ်က္ဖုိ့မွာ မလံုေလာက္ေသးတာေၾကာင့္ လ်န္၀မ္က်ြင္းကို အိုးအိမ္မဲ့ၿဖစ္ေအာင္ လုပ္ပစ္ကာ
ရီေရွာင္ထင္းတုိ့ မိသားစု ကုိ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း မေနရေအာင္ လုပ္ပစ္ၿပီး အဆံုးထိ ဖ်က္ဆီးပစ္လုိၿခင္းပင္ ။

“အဲ့ဒီအတုိင္းပဲ”
ရီယီယီသည္ ခပ္ေရးေရးေလး ၿပံဳးကာ ေၿပာလုိက္၏ ။
“ဒါဆုိ လုပ္လုိ့ ရၿပီလား”

...................................................................................

စာစဥ္ ၆၈၊ အခန္း ၂၁။  အေၾကြးလာေတာင္းၿပီ

“ဟားဟားဟား စီအီးအို ရီ က တကယ့္ကုိ ပြင့္ပြင့္လင္းလင္း သမား ပဲဗ်ာ ။ စီအီးအိုဘက္က ဒီလုိေတာင္ ေၿပာၿပီးသြားၿပီ ဆုိမွေတာ့ က်ြန္ေတာ္တုိ့ဘက္ကလည္း လွလွပပေလး ၿဖစ္သြားေအာင္ လုပ္ေပးရမွာေပါ့ ။ စီအီးအို ရီ စိတ္သာခ် ၊
က်ြန္ေတာ္တုိ့ အဲ့ဒီေရႊပင္လယ္စံအိမ္ကို ယူပစ္ၿပီးေတာ့
လ်န္၀မ္က်ြင္းကုိ အိမ္ေၿခယာမဲ့ သူေတာင္းစားတစ္ေယာက္ ၿဖစ္ေအာင္ လုပ္ေပးမယ္” ထိုလူၾကီးက ထရပ္လုိက္ၿပီး ရင္ဘတ္ကို တေဖာင္းေဖာင္း ပုတ္ကာ အာမဘေႏၱ အလီလီ ခံေနသည္ ။

“ေကာင္းတယ္” ရီယီယီ ေခါင္းညိတ္ၿပလိုက္သည္ ။
“ဒါဆုိ က်ြန္မ ထပ္ေၿပာစရာ မလိုေတာ့ဘူးလုိ့ ယံုလိုက္ၿပီးေတာ့ ရွင့္တုိ့ဆီက သတင္းေကာင္းကုိ ေစာင့္ေနမယ္”

မၾကာခင္ ထုိလူၾကီးသည္ ထြက္သြားေတာ့ေလၿပီ ။
သူသည္ ဖုန္းကို ထုတ္လုိက္ကာ ဖုန္းနံပတ္ေတြမ်ားစြာကို နွိပ္လုိက္ေလၿပီ ။

မၾကာခင္အခ်ိန္အတြင္း သစ္သားတုတ္အလီလီ ၊
အက်ၤီထဲ ဖြက္ထားေသာ လက္နက္အသီးသီးၿဖင့္ ဆယ္ေယာက္ေက်ာ္ေသာလူမ်ားမွာ ေရႊပင္လယ္စံအိမ္ဆီ ခ်ီတက္သြားၾကေလၿပီ ။

နာရီ၀က္ခန့္ ရွိေသာ္ ေရႊပင္လယ္စံအိမ္၏ ေရွ့တံခါးအား
တေဒါက္ေဒါက္ ေခါက္လိုက္ေသာအခါ
မိန္းမၾကီးတစ္ေယာက္က တံခါးကို ဖြင့္ေပးလာသည္ ။
ထိုမိန္းမသည္ အသက္ ၄၀ ၅၀ ၀န္းက်င္ ရွိေလာက္ၿပီး ၿဖဴေဖ်ာ့သည့္၀တ္စံုကုိ ၀တ္ဆင္ထားကာ
သူမ၏မ်က္နွာတြင္လည္း ေလာကဓံတရား၏ အထုအေထာင္းခံရမႈေၾကာင့္ ပါးေရတုိ့ တြန္ ့ေနေလၿပီ ။

လ်န္၀မ္က်ြင္းသည္ကား ခါတုိင္းထက္ပင္ ပိုလုိ့ ရုပ္ရင့္သြား ခဲ့ေလၿပီ ။ ရီေရွာင္ထင္းနွင့္ ရီမူဖန္းတုိ့ နွစ္ဦး အဖမ္းခံလုိက္ ရၿခင္းအေပၚ သူမသည္ ဘာကုိမွ မလုပ္ေပးနုိင္ၿခင္းေၾကာင့္ ေန့စဥ္အလီလီ မ်က္ရည္တုိ့ၿဖင့္သာ မ်က္နွာသစ္ခဲ့ရေလ သည္ ။

သူမ၏သမီးၿဖစ္သူက သူမကို စိတ္ခ်လက္ခ် ေနဖုိ့ရာ ရံဖန္ရံခါ အာမခံေပးတတ္သည္ေၾကာင့္သာ မဟုတ္ပါက
လ်န္၀မ္က်ြင္း အခုထိ ေတာင့္ခံနုိင္လိမ့္မည္ မဟုတ္ေပ ။

“ရွင္တုိ့က … ”

ထုိေယာက်ာ္းၾကီးနွင့္ သူ ့အဖြဲ ့ကုိ ေတြ ့လိုက္ၿပီး
လ်န္၀မ္က်ြင္း မ်က္နွာပ်က္သြားသည္ ။

“အဟက္ အေဒၚၾကီး လ်န္ က်ြန္ေတာ္တုိ့မွာ ဒီေလာက္ေ၀းတဲ့ ခရီးကုိ လာရတာ ေၿခေထာက္ေတြေတာင္ နာေနၿပီ ။ အိမ္ထဲ ေခၚၿပီး လက္ဖက္ရည္ေလး ဘာေလး ေခၚတုိက္ပါဦးလားဗ်ာ”
ထိုလူၾကီးက သေရာ္ႏႈတ္ဆက္နည္း ႏႈတ္ဆက္ေလသည္ ။

လ်န္၀မ္က်ြင္း မ်က္ေမွာင္မဆုိစေလာက္ေလး ၾကဳတ္မိသြား ၿပီး ေခါင္းခါမိသြားသည္ ။

“အိမ္ထဲမွာ က်ြန္မ တစ္ေယာက္ထဲမလုိ့ မသင့္ေတာ္ဘူး”

ထို့ေနာက္တြင္ သူမ တံခါးပိတ္ဖုိ့ လုပ္လုိက္ခ်ိန္ …

ထုိေယာက်ာ္းၾကီးက တံခါးကုိ မပိတ္သြားေအာင္ တြန္းထားလုိက္၏ ။

“ရွင္ ဘာလိုခ်င္လို့လဲ” လ်န္၀မ္က်ြင္း ေအာ္ပစ္လုိက္၏ ။

“အေဒၚၾကီး လ်န္၀မ္က်ြင္း ခင္ဗ်ားရဲ့ေၿပာပံုဆုိပံုကိုလည္း ၾကည့္စမ္းပါဦး .. က်ြန္ေတာ္တုိ့ ဘာလိုခ်င္လို့လဲ ဟုတ္လား ။ ခင္ဗ်ားေယာက်ာ္း ရီေရွာင္ထင္းက က်ြန္ေတာ္တုိ့ဆီမွာ အေၾကြးတင္ေနတာ အကုန္လံုး ဆပ္မသြားေသးဘူးေလ ။ အေၾကြးတင္ေနရင္ ဆပ္ရမွာ စည္းကမ္းပဲ မဟုတ္ဘူးလား ။
ခင္ဗ်ားကပဲ အရွက္မရွိ က်ြန္ေတာ္တုိ့ကုိ ၿပန္ေၿပာေနေသး တယ္
ဒါေတာ့ မဟုတ္ေသးဘူးေနာ္ အေဒၚၾကီး”
ထုိေယာက်ာ္းက မာန္ေလၿပီ ။

“မဟုတ္တာေတြ ေလ်ွာက္မေၿပာနဲ့ .. ေရွာင္ထင္းက အေၾကြးဆပ္ၿပီးၿပီလို့ က်ြန္မတို့ကို ေၿပာထားၿပီးသား”
လ်န္၀မ္က်ြင္းက ၿပန္ရန္ေတြ ့သည္ ။

“အဟက္ .. အဲ့ဒီလုိလား ။ က်ြန္ေတာ္တုိ့ဆီမွာ
စာရင္းမွတ္ထားလုိ့ ေတာ္ေသးတာေပါ့ ။
ေရာ့ ခင္ဗ်ားဘာသာ ၾကည့္ၾကည့္လုိက္”
ထုိေယာက်ာ္းက စာရြက္စာတမ္းတုိ့ကို ထုတ္ၿပလုိက္ေလၿပီ ။

လ်န္၀မ္က်ြင္းလည္း သံသယမ်က္စိတို့ၿဖင့္ စာရြက္ကို လွန္ၾကည့္လုိက္ရာ 10,000 ေလာက္ လုိေနေသးမွန္းကို သိလုိက္ရေတာ့သည္ ။

“ေကာင္းၿပီ .. အဲ့ဒါကို က်ြန္မ အခုေပးမယ္”

လ်န္၀မ္က်ြင္း အိမ္ထဲ ၿပန္၀င္ဖို့ လုပ္လုိက္ေသာ္လည္း ထိုေယာက်ာ္းၾကီးတုိ့အဖြဲ ့က စံအိမ္ထဲကို လိုက္၀င္လာၾက
ေတာ့သည္ ။

“စံအိမ္ၾကီးက တကယ့္ကို ေနခ်င္စရာေလးပါလား”

ထိုေယာက်ာ္းၾကီးသည္ အိမ္အတြင္းပုိင္းကို ေက်နပ္အားရစြာၿဖင့္ လုိက္ၾကည့္ေနသည္ ။

ဒီအိမ္ၾကီးမွာ မၾကာခင္ သူတုိ့အပိုင္ ၿဖစ္လာေတာ့ေပမည္ ။

သူ ့အေတြးေတြကုိ မသိေနသည့္ လ်န္၀မ္က်ြင္းသည္ကေတာ့ လက္ထဲတြင္ ပု၀ါထုပ္တစ္ထုပ္ကုိ ကိုင္ကာ ၿပန္ေရာက္ခ်လာေလၿပီး ထိုလက္ကိုင္ပ၀ါကို သူတုိ့ေရွ့မွာပင္ ၿဖန့္ၿပလုိက္၏ ။

ထုိလက္ကုိင္ပ၀ါထဲတြင္ အေၾကြမ်ား ေဒၚလာ ၁၀၀ တန္ အေဟာင္းအႏြမ္းေလးမ်ား တစ္ထပ္ၾကီး ရွိေနသည္ ။
လ်န္၀မ္က်ြင္းက ထိုေငြတုိ့ကို ၿခစ္ကုတ္ၿပီး စုထားသည္မွာ သိသာ၏ ။

…………………………………………………………………................

စာစဥ္ ၆၈၊ အခန္း ၂၂။ အားလုံးပဲ မဂၤလာပါ ၊ က်ြန္ေတာ္က ခုနစ္စင္ၾကယ္ ပါ

လ်န္၀မ္က်ြင္းသည္ လက္ကိုင္ပ၀ါထဲက ၁၀၀၀၀ ကုိ
ထုိေယာက်ာ္းကုိ တုံ့ေနွးေနွးၿဖင့္ ေပးလုိက္သည္ ။

“ေပးစရာက်န္ေနတာေတြလည္း အကုန္ေပးၿပီးသြားၿပီ ။
ဘာကိစၥမွ မရွိေတာ့ဘူးဆုိရင္ ရွင္တုိ့ ၿပန္ၾကပါေတာ့”
လ်န္၀မ္က်ြင္းကား သူတုိ့ကို နွင္ေနေလၿပီ ။

ထိုေယာက်ာ္းၾကီးက ေခါင္းညိတ္ကာ ေၿပာလာသည္ ။
“အေဒၚၾကီး လ်န္ ခင္ဗ်ားမွာ တၿခားဘာကိစၥမွ မရွိေတာ့ဘူးဆုိရင္
အခု ထြက္သြားလုိ့ ရၿပီ”

“ဘာ .. ဘာ ေၿပာ လုိက္တယ္”
လ်န္၀မ္က်ြင္း အံ့အားသြားၿပီး သူ ့ကို ၾကည့္လုိက္၏ ။

ထိုေယာက်ာ္းသည္ သူမကို ေမာင္းထုတ္ေနသည္လား ။

“ရွင့္စကားက ဘာအဓိပၸာယ္လဲ ။ ဒီအိမ္က က်ြန္မအိမ္”
လ်န္၀မ္က်ြင္း ၿပန္ေမးခြန္းထုတ္လုိက္သည္ ။

“က်စ္ .. ခင္ဗ်ားရဲ့အိမ္ဆိုတာ ဟုတ္ေပမယ့္ အခုကစၿပီး
ခင္ဗ်ား မပိုင္ေတာ့ဘူး ။ ဒီအိမ္က အရင္းပဲ”

“အရင္း …” လ်န္၀မ္က်ြင္း နားမလည္ၿဖစ္သြား၏ ။
“က်ြန္မတုိ့ တင္ေနတဲ့အေၾကြးကို အကုန္ ၿပန္ဆပ္လုိက္ၿပီ မဟုတ္ဘူးလား”

“က်စ္ အေဒၚၾကီး လ်န္ ခင္ဗ်ား ဆပ္တာက အတုိးေလ ။ အတုိးကအတုိး အရင္းကအရင္း ဘာဆုိင္လုိ့လဲ ။ ၿပီးေတာ့
ဒီအိမ္ၾကီး က အရင္းပဲ”

“ရွင္ .. ဒီတစ္အိမ္လံုးကုိ အရင္းဆုိေတာ့ ေဒၚလာ ၁၀၀၀၀ ပဲ တန္တဲ့ အိမ္ၾကီးမ်ား မွတ္ေနတာလား ။ ရွင္တုိ့ ေန့ခင္းေၾကာင္ေတာင္ၾကီး ဓားၿပလာတိုက္ေနတာလား”
လ်န္၀မ္က်ြင္းကား ေဒါသေၾကာင့္ တဆတ္ဆတ္ တုန္ရီ ေနေလၿပီ ။

“ဟားဟားဟား အေဒၚၾကီး လ်န္၀မ္က်ြင္းရဲ့ စကားေတြက ရယ္ရတယ္ဗ်ာ ။ က်ြန္ေတာ္တုိ့က အတုိးေပးစားတဲ့သူ
ေတြဗ် ။ က်ြန္ေတာ္တုိ့ အတိုးေပးစားသမားေတြမွန္း
ခင္ဗ်ားေယာက်ာ္း သိသိၾကီးနဲ့ ပုိက္ဆံလာေခ်းသြားတာ
ေလ ။ အတိုးေခ်းစားသူေတြဆုိတာ ဘာမို့လို့လဲ ။
ေငြ ၁၀၀၀၀ ေခ်းထားရင္ အိမ္ကုိ အရင္းထားရမွာပဲ ။
ဒါ ဘာမွားေနလို့လဲ”

“ရွင္ .. ရွင္တုိ့”

လ်န္၀မ္က်ြင္းသည္ တစ္ဖက္ကို လွည့္လုိက္ၿပီး
ဖုန္းထုတ္လိုက္ကာ ရဲေခၚဖုိ့ ၿပင္လုိက္၏ ။

“အဟက္ မ်က္နွာသာေပးေနတာကုိ ေက်းဇူးတင္ရ
ေကာင္းမွန္း မသိဘူး ။ ခင္ဗ်ား ေသခ်င္ေနတာလား”

လ်န္၀မ္က်ြင္း ဖုန္းေခၚဖို့ လုပ္ေနၿပီမုိ့ ေယာက်ာ္းမွာ မ်က္နွာမည္းသြားကာ ထုိဖုန္းကို လုယူပစ္လုိက္ၿပီး ပစ္ေပါက္ကာ ခြဲပစ္လုိက္၏ ။

“ရွင္တုိ့ ဓားၿပေတြ … လူရမ္းကားေတြ .. လူယုတ္မာ”

ကုလားထုိင္တစ္ခုတြင္ ၾကိဳးခ်ည္ခံလုိက္ရသည့္ လ်န္၀မ္က်ြင္း မွာ ပါးစပ္ကေနသာ ဆဲေရးတုိင္းထြာနုိင္ေတာ့သည္ ။

“ေဟာဗ်ာ အေဒၚၾကီး လ်န္ မွားေနၿပီနဲ့ တူတယ္ ။ က်ြန္ေတာ္တုိ့က ဓားၿပေတြလည္း မဟုတ္ဘူး လူရမ္းကားေတြလည္း မဟုတ္ဘူး လူယုတ္မာလည္း မဟုတ္ဘူး ။ က်ြန္ေတာ္တုိ့က ဒီတုိင္း ေငြတုိးေခ်းစားတဲ့ သူေတြ ပါဗ်ာ”
ထုိေယာက်ာ္းၾကီးသည္ တစ္စက္ေလးပင္ ေဒါသမထြက္ဘဲ အရယ္မပ်က္ ၿပန္ေထ့ေငါ့ေလသည္ ။

လ်န္၀မ္က်ြင္း ၿပန္ေၿပာဖို့ လုပ္လိုက္သည့္အခုိက္
တံခါးဘဲတီးသံ ေပၚထြက္လာသည္မို့
ထိုေယာက်ာ္းမွာ အံ့အားသင့္သြား၏ ။

လ်န္၀မ္က်ြင္းသည္လည္း အံ့အားသင့္သြား၏ ။
သူမသည္ အနားက အိမ္းနီးခ်င္းမ်ားနွင့္ မသိက်ြမ္းသလို
သူမဆီကို တစ္ေယာက္မွလည္း လာမလည္ဖူးေပ ။ ဒီတစ္ခ်ိန္လံုးလံုး ဒီအိမ္မွာ သူမ တစ္ေယာက္ထဲသာ ေနေနခဲ့ၿခင္း ၿဖစ္၏ ။

“ထူးဆန္းလိုက္တာ အစ္မဖန္း ေၿပာေတာ့ ဒီအိမ္ဆုိ
အိမ္ထဲမွာ ဘယ္သူမွလည္း မရွိပါလား”

တံခါးအၿပင္ဘက္ကေန အသံေလးတစ္သံ ခပ္တုိးတုိးေလး ထြက္လာသည္ ။

“ခုနစ္ၾကီး ငါတုိ့ အိမ္မ်ား မွားလာမိတာလား ။
အစ္မဖန္းကလည္း တကယ္ပဲ လက္ေဆာင္သြား၀ယ္တာ
ဘာလို့ အခုထိ ၿပန္မလာေသးတာလဲ”

“ဗ်ိဳ့ အိမ္ရွင္တုိ့ .. အိမ္ထဲမွာ တစ္ေယာက္ေယာက္ ရွိရင္လည္း တံခါးေလး လာဖြင့္ေပးပါလားဗ်ာ”

ေခၚသံမွာ ပိုလ့ိုပင္ က်ယ္လာေလၿပီမုိ့ ထိုေယာက်ာ္းၾကီးမွာ မ်က္ေမွာင္တြန့္ခ်ိဳးလာၿပီး ငယ္သားတစ္ေယာက္က တံခါးကို သြားဖြင့္ေလၿပီ ။

တံခါးဖြင့္လုိက္သည္နွင့္ခ်က္ခ်င္းပင္ ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္တုိ့ အိမ္ထဲကို ခ်က္ခ်င္း ၀င္ခ်လာေတာ့သည္ ။

“၀ိုး .. လူေတြ အမ်ားၾကီးပါလား ။ အားလံုးပဲ မဂၤလာပါ
က်ြန္ေတာ္က ခုနစ္စင္ၾကယ္ပါ သူက ၾကယ္ခုနစ္ ။
အစ္မဖန္းက က်ြန္ေတာ္တို့ကို အရင္သြားခုိင္းလိုက္လုိ့ပါ”

“အစ္မဖန္း … လား မင္းတုိ့က ..”

လ်န္၀မ္က်ြင္းသည္ စိတ္ရႈပ္ေထြးသြားၿပီး
ထုိလူငယ္ေလးနွစ္ေယာက္ကုိ ၾကည့္လုိက္မိ၏ ။

……………………………………………………………………..............

စာစဥ္ ၆၈၊ အခန္း ၂၃။  တံခါးပိတ္လုိက္

ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္သည္ ၾကိဳးတုပ္ခံထားရေသာ လ်န္၀မ္က်ြင္းဘက္ကို လွည့္ၾကည့္လာသည္ ။

“ဟာ အန္တီက ဘာလုိ့ ၾကိဳးတုပ္ခံထားရတာလဲ”
ခုနစ္စင္ၾကယ္သည္ လ်န္၀မ္က်ြင္းအား နားမလည္သလိုနွင့္ စိတ္ရႈပ္ေထြးစြာ ၾကည့္ေနသည္ ။

ၾကယ္ခုနစ္က သူ ့ေဘာ္ဒါၾကီးအား ၾကည့္လုိက္ေတာ့၏ ။

ဒါ သိသာေနၿပီ မဟုတ္ဘူးလား ။

“အားလံုးပဲ အားနာမေနၾကပါနဲ့ဗ်ာ ။ ရပ္မေနၾကနဲ့ ထုိင္ၾက ထုိင္ၾက ။ အစ္မဖန္း ခနေနရင္ ၿပန္ေရာက္လာလိမ့္မယ္”

ခုနစ္စင္ၾကယ္သည္ ဧည့္ခန္းထဲက လူတုိင္းကို ၿပံဳးကာ ေၿပာလုိက္ၿခင္းေၾကာင့္ လူတုိင္း တစ္ေယာက္ကုိတစ္ေယာက္ ၾကည့္မိသြားၾက၏ ။

ဒီအရူးက ဘယ္က ေရာက္လာတာလဲ ။

“ေဟ့ ေကာင္စုတ္ေလး မင္း ဘယ္က လာတာလဲ” ထုိေခါင္းေဆာင္လူၾကီးက မဲ့ရြဲ ့ေနေလၿပီ ။

“ဘယ္ကလဲ လား .. ေလဆိပ္ကေလ”
ခုနစ္စင္ၾကယ္ ၿပန္ေၿဖလုိက္၏ ။

ထုိလူၾကီး ၿပန္မေၿဖရေသးခင္
ခုနစ္စင္ၾကယ္က တံခါးဘက္ကို လွည့္ၾကည့္လုိက္သည္ ။

ရီ၀မ္၀မ္သည္ အိတ္ၾကီးအိတ္ငယ္အသြယ္သြယ္ၿဖင့္
စံအိမ္ထဲကုိ ၀င္လာေနၿပီ ၿဖစ္ကာ သူမေနာက္တြင္
ပထမအၾကီးအကဲ နွင့္ တတိယအၾကီးအကဲတုိ့ပါ ပါလာ၏ ။

ထိုအိတ္တို့ထဲတြင္ မိခင္ၿဖစ္သူ လ်န္၀မ္က်ြင္းအတြက္
ရီ၀မ္၀မ္ ၀ယ္ခ်လာသည့္ လက္ေဆာင္မ်ား ပါေလသည္ ။ လြတ္လပ္ေသာနယ္ေၿမကေန ဘာမွ မ်ားမ်ားစားစား ယူမလာခဲ့ရသၿဖင့္ အခု အခ်ိန္ရတုန္း စံအိမ္အနားက ေရွာ့ပင္းစင္တာတစ္ခုကို သြား၀ယ္ေနခဲ့ၿခင္း ၿဖစ္၏ ။ ခုနစ္စင္ၾကယ္နွင့္ ၾကယ္ခုနစ္တုိ့ကိုပါ တစ္ခါတည္း ေခၚသြားပါက အရမ္းထင္းလင္းလြန္းေနေသာေၾကာင့္ သူတုိ့ကုိ လိပ္စာေပးလုိက္ကာ ဒီမွာပဲ လာေစာင့္ခုိင္းခဲ့ၿခင္း ၿဖစ္၏ ။

ရီ၀မ္၀မ္ အိမ္ထဲကို ၀င္၀င္ခ်င္း အခုလို လူေတြအမ်ားၾကီးကို
ေတြ ့လုိက္ရၿခင္းေၾကာင့္ အံ့ၿသသြားရ၏ ။

ဘာေတြ ၿဖစ္ေနတာလဲ ။

“၀မ္၀မ္ …”

မေတြ ့ရတာ အၾကာၾကီးၾကာေနၿပီ ၿဖစ္သည့္ ရီ၀မ္၀မ္ ၿဗဳန္းစားၾကီး ၿပန္ေရာက္လာၿခင္းေၾကာင့္ လ်န္၀မ္က်ြင္း အံ့အားသင့္မိသြားရာကေန မယံုၾကည္နုိင္ၿဖစ္လာကာ အေပ်ာ္ၾကီး ေပ်ာ္ရႊင္မိလာရေတာ့သည္ ။

သုိ့ေသာ္ လ်န္၀မ္က်ြင္း ၏ ကုလားထုိင္တစ္လံုးေပၚတြင္ ၾကိဳးတုပ္ခံထားရသည္ကို ၿမင္လုိက္ရသည့္ ရီ၀မ္၀မ္ကေတာ့ အေပ်ာ္ေတြ ခ်က္ခ်င္း ၿပယ္လြင့္သြားေတာ့ေလၿပီ ။

“အဟက္ ဘယ္သူမ်ားလဲ မွတ္တယ္ .. လတ္စသတ္ေတာ့
သမီး ၿပန္ေရာက္လာတာကုိး”
ထုိလူၾကီးမွာ ရီ၀မ္၀မ္အား ဟန္ေဆာင္ၿပံဳးၿပံဳးၿပလာသည္ ။

“၀မ္၀မ္ .. ၿမန္ၿမန္ေလး သြားေတာ့ .. ရဲေခၚလုိက္ ။ သူတုိ့က ဓားၿပေတြ” လ်န္၀မ္က်ြင္းက ခ်က္ခ်င္း ထေအာ္သည္ ။

“ဓားၿပေတြလား”
ထုိလူၾကီးသည္ ေလွာင္သလိုလိုနဲ့ ေခါင္းတခါခါ ၿပဳကာ ..
“ခင္ဗ်ား ေၿပာေနတဲ့ ပံုကုိလည္း ၾကည့္စမ္းပါဦး ။
က်ြန္ေတာ္တို့က ဘယ္လိုလုုပ္ ဓားၿပေတြ ၿဖစ္နုိင္မွာလဲ ။
အက်ိဳးေၾကာင္း ဆီေလ်ာ္မႈအရွိဆံုးဆုိတာကမွ ဟုတ္ဦးမယ္ ။ အေၾကြးတင္ေနရင္ အေၾကြးၿပန္ဆပ္ရမွာ သဘာ၀ပဲေလ ။
ခင္ဗ်ားတုိ့က က်ြန္ေတာ္တုိ့ဆီမွာ အေၾကြးတင္ေနလို့ အေၾကြးၿပန္လာေတာင္းတာ ဘယ္လုိလုပ္ၿပီး ဓားၿပေတြ ၿဖစ္သြားရတာလဲ ။ တကယ္တမ္း ေတြးၾကည့္ရင္
ခင္ဗ်ားတုိ့ကမွ ဓားၿပေတြ မဟုတ္ဘူးလား ဟားဟားဟား”

“ေအာ္ .. ဒီေတာ့ ရွင္တုိ့က ေငြတုိးေခ်းစားတဲ့ သူေတြေပါ့” ရီ၀မ္၀မ္သည္ ထိုေယာက်ာ္းတုိ့အဖြဲ ့အား ေ၀့ၾကည့္လုိက္ ေလၿပီ ။

“ေအးေလ .. မသိသာေနလို့လား”
ထိုလူၾကီးကား အၿပံုးမပ်က္သာ ၿပန္ေၿဖ၏ ။

“ေကာင္းတယ္ .. က်ြန္မလည္း အက်ိဳးအေၾကာင္း
ဆီေလ်ာ္တဲ့လူေတြနဲ့ စကားေၿပာရတာ ၾကိဳက္တယ္”

ရီ၀မ္၀မ္သည္ တတိယအၾကီးအကဲ ဘက္ ကို လွည့္ကာ အမိန့္ေပးလုိက္ၿပီ ။

“တံခါးပိတ္လုိက္ ။ ဒီေန့ သူတို့နဲ့ ေကာင္းေကာင္းၾကီး စကားေၿပာရေအာင္”

တတိယအၾကီးအကဲသည္ တံခါးကုိ ၀ုန္းခနဲ ပိတ္ပစ္လုိက္ ေလၿပီ ။

“၀ုန္း”

“ၿဖည္းၿဖည္းလုပ္ပါ .. တံခါးလည္း ပ်က္သြားပါဦးမယ္”

ရီ၀မ္၀မ္၏ ႏႈတ္ခမ္းတုိ တြန္ ့ေကြးမိသြားၿပီး
တတိယအၾကီးအကဲကုိ ၾကည့္ကာ ေၿပာလုိက္၏ ။

တတိယအၾကီးအကဲ ။ “…”

“ဟားဟားဟား စိတ္၀င္စားစရာပဲ ။ အကိ်ဳးအေၾကာင္း ေၿပာရတာ ၾကိဳက္တယ္္ဆုိေတာ့ သိပ္ေကာင္းတာေပါ့”

ထိုေယာက်ာ္းသည္ ရီ၀မ္၀မ္တုိ့အဖြဲ ့အား
စဥ့္နီတံုးေပၚက အသားတစ္ပမာ သေဘာထားကာ ရႊင္လန္းေသာအၿပံဳးတု့ိၿဖင့္ ၾကည့္ေနသည္ ။

ရီ၀မ္၀မ္သည္ လ်န္၀မ္က်ြင္းကို ခ်ည္ေနွာင္ထားသည့္ ၾကိဳးတုိ့ကုိ အရင္ၿဖည္ေပးလုိက္ၿပီး သူမကုိ ဧည့္ခန္းထဲက ဆုိဖာေပၚ ေခၚသြားေပးကာ ေအးေအးလူလူ ထုိင္ေစလုိက္သည္ ။

“က်ြန္မတုိ့ ရွင့္ဆီမွာ ဘယ္ေလာက္အေၾကြးတင္ေနတာလဲ ေၿပာ”

“သိပ္ေတာ့မမ်ားပါဘူး ။ ဒီအိမ္တစ္လံုးပဲ အေၾကြးတင္ေန တာ .. ဒီအိမ္ေပးလုိက္တာနဲ့ အေၾကြးေက်ၿပီ ။ ငါတုိ့က အရမ္းကုိ အက်ိဳးအေၾကာင္း ညီညြတ္ပါတယ္”
ထိုလူၾကီးက ၿပန္ေၿဖသည္ ။

“၀မ္၀မ္ .. သူ မဟုတ္တာေတြ ေလ်ွာက္ေၿပာေနတာ နားမေထာင္နဲ့ ။ သမီးေဖေဖက အေၾကြးေတြ အကုန္နီးနီး ဆပ္ၿပီးေနၿပီ ၁၀၀၀၀ ေလာက္ပဲ ဆပ္ဖုိ့ က်န္ေနတာ ။ အဲ့ဒီပုိက္ဆံလည္း ေမေမ ခုနကတင္ အကုန္ဆပ္ၿပီးသြားၿပီ” လ်န္၀မ္က်ြင္းက အၿမန္ထေၿပာလာ၏ ။

……………………………………………………………....................

စာစဥ္ ၆၈၊ အခန္း ၂၄။  က်ိဳးေၾကာင္းဆီေလ်ာ္တာအေၾကာင္း ေၿပာၾကမလား

“အဟက္ ငါ ေစာေစာက ေၿပာၿပီးၿပီေလ ။
၁၀၀၀၀ က အရင္း ဒီအိမ္ၾကီးက အဲ့ဒီအရင္းေငြ ပဲ”

ရီ၀မ္၀မ္သည္ သူ ့ကို ၾကည့္ကာ ေမးလုိက္သည္ ။

“ဒီေတာ့ အရင္းေငြ ၁၀၀၀၀ က ဒီစံအိမ္ၾကီးတစ္အိမ္လံုးနဲ့ ဆပ္ဖုိ့ လုိတယ္လုိ့ ေၿပာေနတာလား”

“ဟုတ္တယ္ .. ငါတုိ့က ေငြတုိးေခ်းစားတဲ့သူေတြေလ ။ ေငြတုိးေခ်းစားသူေတြဆုိတာက ဘာလဲ မသိလို့လား ။
ဒါဆုိ အက်ိဳးအေၾကာင္း ဆီေလ်ာ္တယ္မလား”
ထိုလူၾကီးက သူမကုိ ၾကည့္လာသည္ ။

“အလဲ့ ခင္ဗ်ားက က်ြန္ေတာ့္ထက္ေတာင္မွ ပုိၿပီး ေကာက္က်စ္သားပဲ”

ခုနစ္စင္ၾကယ္မွာ ထိုေယာက်ာ္းအား ခ်ီးက်ဴးမိသြား၏ ။

လြတ္လပ္ေသာနယ္ေၿမထဲတြင္ သူတုိ့၏ဖိန့္ဖိန့္တုန္ဂုိဏ္းက ေတာ္ေတာ္ေလးကို ေကာက္က်စ္ေနေလၿပီ ။ သုိ့ေသာ္
သူတုိ့ထက္ ပိုၿပီး ေကာက္က်စ္ေပြလီသူ တရုတ္ၿပည္တြင္ ရွိေနၿခင္းက သူ ့အား အံ့အားသင့္မိေစ၏ ။

ေခ်းထားမိသည့္ ၁၀၀၀၀ က စံအိမ္ၾကီးတစ္လံုးစာ တန္ဖိုး ရွိသည္တဲ့လား ။

“ရွင္ ေတြးတဲ့အေတြးက ေတာ္ေတာ့္ကို က်ိဳးေၾကာင္း ညီညြတ္ပါတယ္” ရီ၀မ္၀မ္ ေခါင္းညိတ္လိုက္သည္ ။

သူမ၏စကားေၾကာင့္ အားလံုး အံ့အားသင့္သြားၾက၏ ။ လ်န္၀မ္က်ြင္းသည္ပင္ ေတာ္ေတာ္ေလး အံ့အားသင့္မိသြားၿပီး ရီ၀မ္၀မ္၏အေတြးတို့ကို လိုက္လို့ မမွီေတာ့ပါေခ် ။

“ရပါတယ္ ဒီအိမ္ကို ရွင္တုိ့ကို ေပးလုိက္မယ္”
ရီ၀မ္၀မ္က ၿပံဳးကာ ေၿပာလိုက္သည္ ။

“ဟားဟား မင္းက ေတာ္ေတာ္ေလးကို နားလည္မႈ ရွိသားပဲ” ထိုေယာက်ာ္းၾကီးက ေၿပာလာသည္ ။
“ငါတုိ့ကို ဒီအိမ္ေပးလုိက္ၿပီ ဆိုမွေတာ့ ထြက္သြားေတာ့ ၿပန္မလာနဲ့ေတာ့”

“ထြက္သြားရမယ္လား … မေလာပါနဲ့ဦး”
ရီ၀မ္၀မ္က ေခါင္းခါသည္ ။

“မင္းမွာ တၿခားေတာင္းဆုိစရာ ရွိေသးလုိ့လား”

“ရွိတာေပါ့ ။ အခု ရွင့္ဘက္က က်ိဳးေၾကာင္းဆီေလ်ာ္မႈ
အေၾကာင္းကုိ ေၿပာၿပီးသြားၿပီဆုိေတာ့ အခု က်ြန္မတို့ဘက္က က်ိဳးေၾကာင္းဆီေလ်ာ္မႈအေၾကာင္းကုိ ေၿပာၾကတာေပါ့”
ရီ၀မ္၀မ္၏ ႏႈတ္ခမ္းတုိ့မွာ တြန့္ေကြးလာၿပီး
ေကာက္က်စ္သည့္ အၿပံဳးေလးတစ္ပြင့္ ၿဖစ္တည္လာေလၿပီ ။

“မင္းရဲ့ က်ိဳးေၾကာင္းဆီေလ်ာ္မႈလား”
ထိုလူၾကီးမွာ အံ့အားသင့္သြားသည္ ။

သူတုိ့မွာ ဘယ္လုိက်ိဳးေၾကာင္းဆီေလ်ာ္မႈမ်ား ရွိမွာမို့လို့လဲ ။

“ရွင္က အေၾကြးေလးတစ္ခုအတြက္နဲ့ က်ြန္မအေမကုိ
ထိုင္ခံုမွာ ၾကိဳးနဲ့ ခ်ည္တုပ္ထားတယ္ ။ က်ြန္မအေမနဲ့ က်ြန္မ
အရမ္းကို ေၾကာက္သြားရလို့ စိတ္ထဲမွာ အရိပ္မည္းၾကီး စြဲထင္သြားရတဲ့အတြက္ ေလ်ာ္ေၾကး သန္း ၁၀၀ ေပးရမယ္ ။
ဒါက က်ြန္မတုိ့ရဲ့ က်ိဳးေၾကာင္းဆီေလ်ာ္မႈပဲ”
ရီ၀မ္၀မ္ ၿပန္ေၿဖလုိက္သည္ ။

ထုိေယာက်ာ္းၾကီးတုိ့ အဖြဲ ့မွာ ေတာင့္ေတာင့္ၾကီး ၿဖစ္သြားၾက၏ ။

စံအိမ္ၾကီးထဲတြင္ ခ်က္ခ်င္း ပြက္ေလာရိုက္သြားသည္ ။

“ခေလးမ … မင္းမွာ ဒီလုိေတာင္းရေအာင္ ဘာအဆင့္ ရွိလုိ့လဲ”

“အဆင့္လား” ရီ၀မ္၀မ္က ၿပန္ေထ့သည္ ။
“က်ြန္မတုိ့က ဓားၿပေတြမို့ေလ”

“ဟားဟားဟား မင္းတုိ့လုိ ေပ်ာ့တိေပ်ာ့ဖတ္ေလး ေတြကလား”
ထုိေယာက်ာ္းၾကီးမွာ ၿပံဳးၿဖီးေနေလသည္ ။

သုိ့ေသာ္ၿငား သူ ့စကားအဆံုးတြင္ တတိယအၾကီးအကဲ၏ မ်က္နွာမွာ မည္းပုတ္သြားၿပီး လက္တစ္ဖက္ၿဖင့္ ထုိေယာက်ာ္း၏မ်က္နွာကို ေဖာင္းခနဲ ထိုးပစ္လုိက္ေတာ့၏ ။

တခနအၾကာတြင္ ထိုေယာက်ာ္းသည္ အေနာက္ကို လြင့္ပ်ံသြားၿပီး နံရံကုိ အားၿပင္းၿပင္းၿဖင့္ ၀င္ေဆာင့္သြားေတာ့သည္ ။

“ဟားဟား ညီမေလး အၿပင္သြားေနရေအာင္ပါ”

ပထမအၾကီးအကဲသည္ လ်န္၀မ္က်ြင္းဆီကုိ ေလ်ွာက္သြား ကာ စံအိမ္အၿပင္ဘက္ကုိ ေခၚထုတ္သြားေပး၏ ။

“တတိယအၾကီးအကဲ ၾကည့္ဦး ခင္ဗ်ား ပထမအၾကီးအကဲ ကုိ
ရံႈးသြားၿပီ ။ ပထမအၾကီးအကဲက ခင္ဗ်ားထက္ပိုၿပီး စဥ္းစားေပးတတ္တယ္ ေခါင္းရွိတယ္ဗ်”
ခုနစ္စင္ၾကယ္က ထေလွာင္ေလသည္ ။

တတိယအၾကီးအကဲက သူ ့ကို စိမ္းစိမ္း၀ါး၀ါး ၾကည့္ပစ္လုိက္၏ ။

“မင္းလုိ ငတံုးကမ်ား ငါ့ကို ေခါင္းမရွိဘူး လာေၿပာေန ေသးတယ္”

ခုနစ္စင္ၾကယ္ ။ “…”

ပထမအၾကီးအကဲက သူ ့ကုိ ေက်ာသြားၿပီ ဆိုသည့္ ခံစားခ်က္က တလိမ့္လိမ့္မုိ့ တတိယအၾကီးအကဲမွာ ရွိသမွ်ေဒါသေတြအကုန္လံုးကုိ ထုိခ်စ္တီးမ်ားေပၚ ပံုခ်ပစ္လုိက္ေတာ့သည္ ။

တခနအတြင္း ထိုခ်စ္တီးမ်ားအားလံုး ေခ်ာင္တစ္ေခ်ာင္တြင္ လူးလွိမ့္ေနကာ အသက္ပင္ က်ယ္က်ယ္ မရွဴ၀ံ့ေတာ့ေပ ။

အဲ့အဘိုးၾကီးက မိစၧာၾကီးမ်ားလား .. ။

“မင္း … မင္း …”

ႏႈတ္ခမ္းတုိ့ ေသြးတုိ့ စုိေနသည့္ ထုိေယာက်ာ္းၾကီးမွာ
ရီ၀မ္၀မ္တုိ့အဖြဲ ့ကုိ ၾကည့္ၿပီး မ်က္နွာတစ္ခုလံုး ၿဖဴေရာ္သြား၏ ။

ငါ ဘယ္လိုမိစၧာၾကီးကို သြားရန္စမိတာလဲ ။ ေသခါနီးအဘိုးၾကီးကေတာင္ ငါ့လူေတြကို ကေလး ကစားသလို အသာေလး ရုိက္ပစ္လုိက္နုိင္တယ္လား ။

…………………………………………………………………….............

စာစဥ္ ၆၈၊ အခန္း ၂၅။ ေက်းဇူးမတင္မခ်င္း ရုိက္

“ဘယ္လုိလဲ .. က်ြန္မ ရွင့္ကို ဒီအိမ္ေပးလိုက္မယ္ေလ ။ ဒီအိမ္တန္ေၾကးကုိ သန္း ၅၀ ပဲ ထားေပးပါ့မယ္ ။
ရွင္ က်ြန္မတုိ့ကို ေပးရမယ့္ေငြက သန္း ၁၀၀ ဆုိေတာ့ ..
ဒါဆုိ က်ြန္မက ဒီအိမ္ကုိ ရွင့္ဆီကေန ၿပန္ယူလုိက္မယ္ ဆုိရင္ က်ြန္မကို ေပးရမယ့္ ေလ်ာ္ေၾကး သန္း ၁၀၀ ထဲကေန အိမ္တန္ဖိုး သန္း ၅၀ ကို ႏႈတ္လိုက္ ။ ဒါဆုိ ရွင္ က်ြန္မတုိ့ကုိ သန္း ၅၀ ပဲ ေပးရေတာ့မယ္ ။
ဒါက က်ိဳးေၾကာင္းဆီေလ်ာ္တယ္မလား ဟမ္”

ရီ၀မ္၀မ္သည္ ခပ္ၿပံဳးၿပံဳးေလး ၿပံဳးကာ ထုိေယာက်ာ္းၾကီးအား ေၿပာလုိက္သည့္အခါ ထိုေယာက်ာ္းမွာ ေသြးအန္သြားရ၏ ။

“ေပါက္တတ္ကရ ခ်ီးစကားေတြခ်ည္းပဲ
မင္း ေသခ်င္ေနတာလား”

“မင္းပဲ သြားေသပါလားကြ”

ခုနစ္စင္ၾကယ္သည္ ထိုေယာက်ာ္း၏ ေခါင္းကို အားၿပင္းၿပင္းၿဖင့္ ေဆာင့္ကန္ပစ္လုိက္ေခ်ၿပီ ။

“ငါ မင္းကို ညွာတာေပးတာကို ေက်းဇူးတင္စမ္း ..
မဟုတ္လုိ့ကေတာ့ မင္းေခါင္း အစိတ္စိတ္အမႊာမႊာ ကြဲသြားေအာင္ကို မင္းအဘိုး ငါက ကန္ပစ္လိုက္မယ္ သိလားကြ”

ခုနစ္စင္ၾကယ္သည္ ထိုေယာက်ာ္းကို စူးစူးရဲရဲၾကည့္ကာ …

“မင္းကမ်ား အစ္မဖန္းရဲ့ အိမ္ကုိ လာၿပီး ဓားၿပတုိက္ရဲ ေသးတယ္ ။ မင္းတုိ့ကမွ ေသခ်င္ေနတာလား ဟမ္”

“က်ြန္ .. က်ြန္ေတာ္တုိ့ က်ြန္ေတာ္တုိ့ ဓားၿပတုိက္တာ မဟုတ္ပါဘူး .. က်ြန္ေတာ္တုိ့က ေငြတုိးေခ်းစားတဲ့သူေတြပါ”
ထိုေယာက်ာ္း၏ ငယ္သားတစ္ေယာက္က ေၾကာက္လန့္စြာ ၿဖင့္ ထၿငင္းဆုိသည္ ။

“ကဲကြာ ဆင္ေၿခလာေပးခ်င္ဦး”

ခုနစ္စင္ၾကယ္သည္ ထုိလူငယ္ေလး၏ ပါးစပ္ကို ၿဖတ္ရိုက္ခ်ပစ္လိုက္ေလၿပီ ။

ထုိလူငယ္ေလးမွာ အရုိက္ခံလုိက္ရသၿဖင့္ ခ်က္ခ်င္း ဟုိဘက္လွည့္သြားၿပီး စကားတစ္ခြန္းမွ ထပ္မေၿပာလာရဲေတာ့ ။

“ရွင္ က်ြန္မတုိ့ကို သန္း ၅၀ အေၾကြးေပးရဦးမယ္ေနာ္ မွန္လား” ရီ၀မ္၀မ္က ၿပံဳးရႊင္ကာ ေမးလိုက္သည္ ။

ထိုေယာက်ာ္းၾကီးမွာ အံကုိ ၾကိတ္ကာ ေခါင္းညိတ္လုိက္ရ၏ ။
“မွန္ပါတယ္ .. ေၿပာသမ်ွ အကုန္လံုး မွန္ပါတယ္”

“ၾကယ္ခုနစ္ .. ေနာက္က်ရင္ သူ ၿငင္းလုိ့ မရေအာင္လုိ့ အေၾကြးစာရင္းကုိ ခ်ေရးခုိင္းလိုက္”

ရီ၀မ္၀မ္က ၾကယ္ခုနစ္ကုိ ၾကည့္လုိက္သည္တြင္ ၾကယ္ခုနစ္သည္ ေဘာပင္တစ္ေခ်ာင္းနွင့္ စာရြက္တစ္ရြက္ကုိ ခ်က္ခ်င္း သြားရွာကာ ထိုေယာက်ာ္းအား ေရးခုိင္းၿပီး လက္ေဗြရာ ခ်န္ခုိင္းေတာ့သည္ ။

“တၿခားဘာကိစၥမွ မရွိေတာ့ဘူးဆုိရင္ က်ြန္ေတာ္တုိ့ သြားေတာ့မယ္ေနာ္” ထိုေယာက်ာ္းက ေၿပာလာ၏ ။

“မေလာပါနဲ့ဦး” ရီ၀မ္၀မ္ ၿပဳံးလုိက္သည္ ။
“ရွင္တုိ့ကို ဒီကို ဘယ္သူ လႊတ္လုိက္တာလဲ”

ထိုလူမ်ား၏ ေနာက္ကြယ္တြင္ ၾကိဳးကုိင္ေနသူ
တစ္ေယာက္ေယာက္ မရွိပါဘဲနဲ့
သူတုိ့သည္ ထုိမ်ွ ရဲတင္းၾကလိမ့္မည္ မဟုတ္ေပ ။

“ဘယ္သူမွ က်ြန္ေတာ္တုိ့ကုိ မလႊတ္ပါဘူး”
ထိုေယာက်ာ္းက ခ်က္ခ်င္း ေခါင္းခါသည္ ။

“ခုနစ္စင္ၾကယ္ သူ ထုတ္မေၿပာမခ်င္း ရုိက္စမ္း”
ရီ၀မ္၀မ္ အမိန့္ေပးလုိက္ေလၿပီ ။

“ဟဲဟဲ စိတ္သာခ် အစ္မဖန္း က်ြန္ေတာ္က အဲ့ေနရာမွာ ေတာ္ၿပီးသား”

ခုနစ္စင္ၾကယ္သည္ လည္ကုိ ခ်ိဳးလိုက္ၿပီး ၿပံဳးၿဖီးလာကာ ထိုေယာက်ာ္းၾကီး၏ လည္ကုတ္ကေန မ ေတာ့ေလၿပီ ။

“မ မ မလုပ္ပါနဲ့ ေၿပာပါမယ္ ေၿပာပါမယ္ ။
ရီ မိသားစုပါ က်ြန္ေတာ္တုိ့ကုိ လုပ္ခုိင္းတာက ရီယီယီပါ”

ထိုေယာက်ာ္းသည္ ထပ္အရုိက္မခံရေရးအတြက္
ရီယီယီအား ေရာင္းစားပစ္လုိက္ေလၿပီ ။

“စီအီးအို ရီ က ေၿပာတာပါ ။ ဒီစံအိမ္ၾကီးကုိ က်ြန္ေတာ္တုိ့ ယူလုိက္တာနဲ့ သူလည္း က်ြန္ေတာ္တုိ့ကို ပုိက္ဆံဒီေလာက္ ထပ္ေပးမယ္တဲ့ ။ သူ ့ရည္ရြယ္ခ်က္က မင္းရဲ့မိသားစုကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း မေနရေစဖုိ့နဲ့ မင္းအေမကို ခြက္ဆြဲၿပီး
ေတာင္းစားရတဲ့ ဘ၀ကုိ ေရာက္သြားေစခ်င္တယ္တဲ့”

ထိုေယာက်ာ္းကား သိထားသမ်ွ အကုန္ကို အိတ္သြန္ဖာေမွာက္ ထုတ္ေၿပာသြားေလၿပီ ။

“ရီ ယီ ယီ … ”

ရီယီယီမွန္း သိလုိက္ရခ်ိန္ ရီ၀မ္၀မ္၏မ်က္၀န္းတုိ့ကေန
ေအးစက္ရိပ္တုိ့ ၿဖာထြက္လာရေတာ့၏ ။

ထိုမိသားစုသည္ကား ယင္ေကာင္မ်ားလုိ ၿပဳက်င့္တတ္ၾကေပသည္ ။ သူမသည္ သူတုိ့ကုိ ကလဲ့စားေခ်ဖုိ့ မလုပ္ေသးတာေတာင္
သူတုိ့က ဆက္တုိက္ လာလာခလုတ္ တိုက္ေနေလသည္ ။

“သြားစမ္း ေနာက္တစ္ခါ ထပ္ေတြ ့လုိ့ကေတာ့ ဒီထက္ပုိဆုိးမယ္မွတ္”

ခုနစ္စင္ၾကယ္သည္ ထိုေယာက်ာ္းၾကီးအား တံခါးဘက္ဆီ ကန္ထုတ္ပစ္လိုက္၏ ။

ထုိတြင္ တၿခားေသာလူငယ္မ်ားလည္း ထုိေယာက်ာ္းေနာက္ကေန ေၿပးထြက္သြားၾကေတာ့သည္ ။

တခနၾကာေသာ္ ပထမအၾကီးအကဲသည္ လ်န္၀မ္က်ြင္းအား
အိမ္ထဲကုိ ၿပန္ေခၚလာ၏ ။

“ဟားဟား စိတ္မပူပါနဲ့လုိ့ ညီမေလးကုိ မေၿပာဘူးလား ။
ၾကည့္ေလ အခု ေၿဖရွင္းၿပီးသြားၾကၿပီ”
ပထမအၾကီးအကဲသည္ ၿပံဳးကာ နွစ္သိမ့္ေပးလုိက္သည္ ။

လ်န္၀မ္က်ြင္းသည္ ရီ၀မ္၀မ္ဆီကုိ ေလ်ွာက္သြားလုိက္ၿပီး
သူမအား အၿပန္ၿပန္အလွန္လွန္ ၾကည့္ေနသည္ ။

“၀မ္၀မ္ .. ဘာၿဖစ္သြားေသးလဲ ။
ဟိုလူေတြ ဘယ္ေရာက္သြားၿပီလဲ”

“ေမေမ ၿပသနာကုိ ေၿဖရွင္းၿပီးသြားပါၿပီ ။ စိတ္မပူနဲ့ ေတာ့ေနာ္” ရီ၀မ္၀မ္သည္လည္း ခပ္ၿပံဳးၿပံဳးေလး ၿပန္ေၿပာလုိက္သည္ ။

မေတြ ့ရတာ လပုိင္းေလးသာ ရွိေသးေသာ္လည္း လ်န္၀မ္က်ြင္းမွာမူ ရွိရင္းစြဲရုပ္ရည္ထက္ ၁၀ နွစ္ေလာက္ကို ပိုအုိစာသြားခဲ့ၿပီမု့ိ ရီ၀မ္၀မ္၏ရင္ထဲ တဆစ္ဆစ္ နာက်င္မိရ ၏ ။

ဟုိလူေတြ ထြက္သြားရၿခင္းအေၾကာင္းေပၚ လ်န္၀မ္က်ြင္း
နားမလည္နုိင္ ၿဖစ္မိရေသာ္လည္း ထပ္ကာ ေမးမေနေတာ့ဘဲ ရီ၀မ္၀မ္ကုိသာ ၾကည့္ကာ ဒဏ္ရာရမရ ၾကည့္ေနမိ၏ ။

…………………………………………………………………................

စာစဥ္ ၆၈၊ အခန္း ၂၆။  ေဖေဖ နဲ့ ကိုကို ့ကုိ သြားေတြ ့ၿပီ

"၀မ္၀မ္ .. ေရွ့လေတြက ဘယ္ေတြ ေရာက္ေနတာလဲ"
တခနအၾကာတြင္ လ်န္၀မ္က်ြင္း ေမးလုိက္ေတာ့၏ ။

"ဟားဟား အဲ့ဒါက က်ြန္ေတာ္တုိ့ ၀မ္၀မ္နဲ့ အလုပ္ခရီး ထြက္ေနလုိ့ အလုပ္အရမ္းမ်ားေနၾကတာပါ ။ ၀မ္၀မ္ကေတာ့ ၿပန္လာမယ္တကဲကဲ လုပ္ေနခဲ့တာပါ ဒါေပမယ့္ သိတဲ့အတုိင္းပဲ အလုပ္မွာက ၀မ္၀မ္ေပၚပဲ မွီခိုေနရတာ ဆုိေတာ့ ဘယ္လိုမွကုိ လာလုိ့ မၿဖစ္ဘူး ၿဖစ္ေနတာ ။ ၾကည့္ေလ က်ြန္ေတာ္တုိ့ အခု အခ်ိန္ရတာနဲ့ ခ်က္ခ်င္းကို ၿပန္ခ်လာတာပဲ မဟုတ္ဘူးလား" ပထမအၾကီးအကဲသည္ ရီ၀မ္၀မ္အစား ၀င္ေၿဖေပးလုိက္သည္ ။

"ဒီတစ္ခ်ိန္လံုး ၀မ္၀မ့္ကို ေစာင့္ေရွာက္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္ရွင္ ။ ဒီေလာက္ စကားေတြ အမ်ားၾကီး ေၿပာလာရေတာ့ ရွင္က အသိပညာ ၾကြယ္တဲ့သူလုိ့ ခံစားမိပါတယ္ ရွင့္ကုိ ေလးစားမိပါတယ္ရွင္ ။ ရွင္တုိ့နဲ့ ၀မ္၀မ္
အလုပ္တြဲလုပ္ေနတာကို သိရေတာ့ စိတ္လဲ ေအးမိပါၿပီ"
လ်န္၀မ္က်ြင္းက ပထမအၾကီးအကဲကုိ ေၿပာလိုက္သည္ ။

"ညီမေလး စိတ္ေအးေအးထားၿပီးသာ ေန ။
က်ြန္ေတာ္တုိ့က စီးပြားေရးလက္တြဲေဖာ္ေတြပဲဟာ တစ္ေယာက္နဲ့တစ္ေယာက္ကို ယံုၾကည္ရတာေပါ့ ။
စီးပြားေရးကလည္း အရမ္းေကာင္းတယ္ အခုကစၿပီးေတာ့
ညီမေလး ဇိမ္က်က်နဲ့ ေနရေတာ့မယ္သာ မွတ္လုိက္ေတာ့" တတိယအၾကီးအကဲသည္ ေအာက္က်မခံ ၀င္ေၿပာေတာ့ ေလၿပီ ။

"ေကာင္းတယ္ ေကာင္းတယ္ သိပ္ကို ေကာင္းတယ္ ။
အားလံုးကုိ ေက်းဇူးတင္ပါတယ္ ။ ဒါနဲ့ ရွင္တုိ့က
ဘာစီးပြားေရး လုပ္ၾကတာလဲ"
လ်န္၀မ္က်ြင္းက သိလုိစြာ ေမးၾကည့္လုိက္၏ ။

"အန္တီေလး က်ြန္ေတာ္တုိ့က အရင္းအနွီးမလုိတဲ့ ကုမၸဏီအၾကီးၾကီးတစ္ခုကုိ ဖြင့္ထားတာ ၊ ဓားၿပတုိက္တယ္ ၊
ခုိးတယ္ ၊ လုတယ္ ရသမ်ွ အကုန္လုပ္တယ္ ။ အရင္တုန္းကေတာ့ လက္နက္ေတြပါ ေရာင္းဦးမလုိ့ပဲ ဒါေပမယ့္ မလုပ္ရဲလုိ့သာ ။
အဲ့ဒါသာ လုပ္နုိင္လုိ့ကေတာ့ ဒီထက္ေတာင္မွ ပုိက္ဆံေတြအမ်ားၾကီး ရွာနုိင္ဦးမွာ"  ခုနစ္စင္ၾကယ္က ၿဗဳန္းခနဲ ၀င္ေၿပာလာေလသည္ ။

ရီ၀မ္၀မ္ ။ "…"

ပထမအၾကီးအကဲ ။ "…"

တတိယအၾကီးအကဲ ။ "…"

ၾကယ္ခုနစ္ ။ "…"

ခုနစ္စင္ၾကယ္၏ စကား ထြက္လာၿပီးေနာက္
တစ္ခန္းလံုး တိတ္က်သြားေတာ့သည္ ။

"ဘာၿဖစ္လုိ့လဲ က်ြန္ေတာ္ ေၿပာတာ မွားလုိ့လား"
ခုနစ္စင္ၾကယ္က ေမးလာသည္ ။

"ဟားဟား .. ညီမေလး ဒီသူငယ္ခ်င္းက က်ြန္ေတာ္တို့ထဲမွာ အရႊတ္ေနာက္ဆံုးပဲ ဟာသေတြ ေလ်ွာက္ေၿပာရတာကို အရမ္းသေဘာက်တာ"

ပထမအၾကီးအကဲက ရယ္ေမာကာ ေၿပာရသည္ ။

ခုနစ္စင္ၾကယ္မွာ ၿပန္ၿငင္းဖုိ့ ပါးစပ္ၿပင္လုိက္ေသာ္လည္း
ရီ၀မ္၀မ္္ဆီက နဂါးမ်က္ေစာင္းၾကီးေၾကာင့္
ပါးစပ္ပိတ္သြားရ၏ ။

"ဟုတ္တယ္ ဟုတ္တယ္ ဟုတ္တယ္ က်ြန္ေတာ္က စေနာက္ရတာ ၾကိဳက္တယ္ ။ တစ္ခါကလည္း က်ြန္ေတာ္ လေပၚကုိ သြားဖုိ့ ဒုံးက်ည္တစ္စီး ေဆာက္ခ်င္ခဲ့ဖူးေသးတယ္ ဟားဟားဟား"

ခုနစ္စင္ၾကယ္သည္လည္း အေနရၾကပ္ၾကပ္ၿဖင့္ ေရာေသာေပါေသာ ရယ္ေမာခ်လာသည္ ။

ထိုေတာ့မွ လ်န္၀မ္က်ြင္းမွာ စိတ္ေအးသြားၿပီး
ခုနစ္စင္ၾကယ္ကုိ ကရုဏာသက္စြာ ၾကည့္လာေတာ့သည္ ။

"ကေလး အခ်င္းခ်င္းေတြေရွ့မွာ ရႊတ္ေနာက္ေနာက္လုပ္တာက အေၾကာင္းမဟုတ္ေပမယ့္ လူတုိင္းေရွ့မွာေတာ့ ဒီလုိ ေလ်ွာက္ေလ်ွာက္မေၿပာရဘူးေနာ္ ။ လူေတြက အတည္ၾကီးမွတ္သြားၾကရင္ သား ဒုကၡေရာက္လိမ့္မယ္"

"ဟုတ္က့ဲ အန္တီေၿပာတာ မွန္ပါတယ္ ။
က်ြန္ေတာ္ ထပ္ၿပီး ရႊတ္ေနာက္ေနာက္ မလုပ္ေတာ့ဘူး"
ခုနစ္စင္ၾကယ္မွာ ခ်က္ခ်င္း ေခါင္းညိတ္လာသည္ ။

"အားလံုးလည္း ခရီးပန္းလာေရာေပါ့ ၊
အိမ္မွာ ေန့လည္စာ စားသြားၾကပါလား ။
ေဒၚေလး အခုပဲ လုိတာေလးေတြ သြား၀ယ္လုိက္မယ္"
လ်န္၀မ္က်ြင္းမွာ ရီ၀မ္၀မ္ ၿပန္လာလုိ့ အလြန္အက်ဴးကို စိတ္အားတက္ၾကြေနရ၏ ။

"သမီးလည္း ေမေမနဲ့ လုိက္ခဲ့မယ္"

ရီ၀မ္၀မ္သည္ ထရပ္လုိက္ၿပီး သူမေနာက္ကေန လုိက္သြား၏ ။

ထမင္းစားပြဲတြင္ လ်န္၀မ္က်ြင္းက ရီ၀မ္၀မ္ကုိ ၾကည့္လာသည္ ။

"ဟုတ္သားပဲ ၀မ္၀မ္ သမီးရဲ့ ေကာင္ေလးေရာ ဘယ္ေရာက္ေနတာလဲ"

ေကာင္ေလး .. ။

တၿခားေသာလူေလးေယာက္မွာ ရီ၀မ္၀မ္ဘက္ကုိ
ခ်က္ခ်င္း လွည့္ၾကည့္လာၾကသည္ ။

ဂုိဏ္းခ်ဳပ္ထံတြင္ ေကာင္ေလးရွိေနမွန္း သူတုိ့ ဘာေၾကာင့္ မသိခဲ့ၾကသနည္း ။

ရီ၀မ္၀မ္သည္ကေတာ့ လ်န္၀မ္က်ြင္း စိတ္မပူရေစဖို့အတြက္ ေသခ်ာေတြးၾကည့္ၿပီး ရွင္းၿပလုိက္ေတာ့သည္ ။

"သူက ဒီနုိင္ငံမွာ မဟုတ္ဘူး ေမေမရဲ့ ။
အလုပ္ကိစၥနဲ့ နုိင္ငံၿခား ေရာက္ေနတယ္"

လ်န္၀မ္က်ြင္းမွာ မ်က္ေမွာင္ၾကဳတ္သြားသည္ ။
သူမ၏သမီးသည္ သူမကို တစ္ခုခု ထိန္ခ်န္ထားသလိုလုိ
သူမ ခံစားမိေန၏ ။

၀မ္၀မ္က သူ ့ေကာင္ေလးနဲ့ ၿပတ္သြားတာမ်ားလား ။
ဟုိတစ္ေခါက္က ၀မ္၀မ္ ေၿပာသလိုဆုိ သူ ့ေကာင္ေလးက
စီ ေကာ္ပုိေရးရွင္းက ၀န္ထမ္းေလးတစ္ေယာက္ပါ ။ ၀န္ထမ္းတစ္ေယာက္က အလုပ္ခရီး ထြက္စရာ
ဘာအေၾကာင္း ရွိမွာလဲ ။

သုိ့ေသာ္လည္း လ်န္၀မ္က်ြင္းသည္
ရီ၀မ္၀မ္ မေၿပာၿပခ်င္ေနတာေၾကာင့္
ထပ္ၿပီး အက်ယ္ခ်ဲ့ကာ မေမးေနေတာ့ေပ ။

ေန့လည္စာ အတူတူ စားၾကၿပီးေနာက္ ရီ၀မ္၀မ္သည္ ထုိေလးေယာက္အား အိမ္တြင္ တည္းခုိင္းလိုက္၏ ။
ပထမအၾကီးအကဲ နွင့္ တတိယအၾကီးအကဲ အား
ခုနစ္စင္ၾကယ္ကုိ ေသခ်ာေစာင့္ၾကည့္ထားဖုိ့ မွာထားလုိက္ၿပီး
သူ ့ပါးစပ္သရမ္းတာနဲ့ ခ်က္ခ်င္းတားဖို့ မွာထားခဲ့ၿပီးေနာက္ သူမသည္ကေတာ့ ေနကာမ်က္မွန္ၾကီးကုိ တပ္ကာ
ရီမူဖန္ႏွင့္ ရီေရွာင္ထင္းတုိ့ ရွိေနသည့္ အက်ဥ္းေထာင္ဆီ
သြားေတြ ့ေလၿပီ ။

……………………………………………………………......................
ဒီ၀တၳဳေလးကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and comment လုပ္ဖို႔ မေမ့နဲ႔ေနာ္ 😘😘😘😘😘

စာစဥ္ ၆၈ ၿပီးပါၿပီ ။

ႀကိဳတင္ဖတ္႐ႈလိုပါက စာစဥ္တစ္ခုကို ၅၀ဝ နဲ႔ paid group မွာ ဖတ္႐ႈလို႔ ရပါၿပီရွင္ ။
ေဘလႊဲရမယ့္နံပတ္ေလးကေတာ့ 09402842937 ပါ ။ ေကာင္းေသာညခ်မ္းေလး ျဖစ္ၾကပါေစ 😘

.....

Unicode

💖 ချိုမြိန်သော ဇနီးဆိုးလေး 💖
Book.              :  68
Chapter.          :  17 - 26
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၆၈၊ အခန်း ၁၇။  ပြန်လာပြီ

“ဒါပေမယ့် တစ်ခုတော့ ပြောထားရဦးမယ် ။
မင်းရဲ့နတ်မိမယ်လေးမှာက ရည်းစားရှိနေပြီ”

“အာ ကျွန်တော့်ခေါင်းကတော့ .. ကျွန်တော့်မှာ
လုပ်စရာရှိသေးတာ အခုမှပဲ သတိရတော့တယ်”
ခုနစ်စင်ကြယ်မှာ ထပ်ပြီး တွန့်ဆုတ်သွားလေပြီ ။

“တရုတ်ပြည်မှာ မိန်းမလှလေးတွေ အများကြီးရှိတယ်”

“ဟောဗျာ အဲ့ဒီဟာက လုပ်ပြီးသွားတာကို အခုမှပဲ သတိရတယ် ။
အစ်မ ဖန်း ကျွန်တော် အခုချက်ချင်း ကြယ်ခုနစ်ကို သွားရှာလိုက်မယ်” ခုနစ်စင်ကြယ်သည် ချက်ချင်းပင် အခန်းထဲကနေ ထွက်သွားလေပြီ ။

ထို့နောက် ရီဝမ်ဝမ်သည် ကြယ်ခုနစ် ၊ ခုနစ်စင်ကြယ် ၊
မရမက လိုက်မည်တစာစာပြောနေသော ပထမအကြီးအကဲ နှင့် တတိယအကြီးအကဲတို့နှင့်အတူ ဖိန့်ဖိန့်တုန်ဂိုဏ်းက ဂိုဏ်းသားတစ်ဖွဲ့ကို ခေါ်လာကာ တရုတ်ပြည်ကို ခရီးစတင် တော့လေပြီ ။

လွတ်လပ်သောနယ်မြေကနေ တရုတ်ပြည်ထိကို တိုးပြည်အသီးသီး ဖြတ်ကျော်ရကာ လေယာဉ်အသွယ်သွယ် ပြောင်းစီးရသည်မို့ အလွန်အကျူးကို ရှုပ်ထွေးပွေလီလွန်းပါ သော်လည်း ဖိန့်ဖိန့်တုန်ဂိုဏ်းသည် ငွေအင်အားကို သုံးကာ
လေယာဉ်တစ်စီးထဲတွင် စီးသွားလို့ ရအောင် စီစဉ်လိုက်သည်မို့ ခရီးစဉ်မှာ အတော်လေး ချောမွေ့ ကာ သက်သောင့်သက်သာ ရှိသွားခဲ့ပါ၏ ။

တရုတ်ပြည်ကို တစ်ယောက်မှ မရောက်ဖူးကြသည်မို့ တရုတ်နှင့်ပတ်သက်သမျှ အရာအားလုံးမှာ စိတ်ဝင်စားစရာ ကောင်းနေကာ သူတို့အတွက် အားလပ်ရက်ထွက်လာရသလို ဖြစ်နေတော့၏ ။

ဖိန့်ဖိန့်တုန်ဂိုဏ်းသားများအတွက်သည်ကတော့
ဒီတရုတ်ပြည်ခရီးစဉ်မှာ သူတို့ဂိုဏ်းချုပ်က
အားလပ်ရက်ပေးထားသော ခရီးစဉ်လို ဖြစ်နေ၏ ။

ရက်ပေါင်းများစွာ ကြာသော် … တရုတ်ပြည် လေဆိပ်တွင် ။

အရင်တုန်းက ရီမူဖန်နှင့် သူမ၏အဖေသည်
အမှုနှင့် ရင်ဆိုင်နေရပြီး စီရီဟန်သည်လည်း ဗြုန်းစားကြီး ပျောက်သွားခဲ့လေခြင်းကြောင့် သူမသည် စီမိသားစုနှင့်
ရီ မိသားစု နှစ်စုစလုံးတွင် ဆူးသဖွယ် ဖြစ်လာခဲ့ရ၏ ။

ထို့ကြောင့် သူမ အမေဖြစ်သူကိုပါ မထိခိုက်လာစေဖို့ရာအတွက် ရီဝမ်ဝမ်မှာ တရုတ်ပြည်ကနေ ယာယီထွက်ရင်း
သူမသရုပ်မှန်ကိုပါ စုံစမ်းနေခဲ့ခြင်း ဖြစ်၏ ။

အခုတော့ … သူမ ပြန်ရောက်လာလေပြီ … ။

သူမသည် လွတ်လပ်သောနယ်မြေထဲတွင် လပိုင်းလေးသာ ရောက်နေသည်ဆိုသော်လည်း အခု တရုတ်ပြည်ကို ပြန်ရချိန် တွင် တစ်သက်လောက်ကို ဝေးကွာခဲ့ရသည်ဟု ခံစားမိနေ၏ ။
အလွန်အမင်း ရင်းနှီးပြီး အလွန်အမင်း တမ်းတလွမ်းဆမှု တို့ကို ရင်ထဲမှာ တသိမ့်သိမ့် ခံစားနေမိတော့သည် ။

ရီဝမ်ဝမ်သည် နေကာမျက်မှန်ကို တပ်ထားလိုက်ပြီးမှ အရှေ့ကို လျှောက်သွားလိုက်၏ ။

ဒီနိုင်ငံကို တိတ်တိတ်လေး ပြန်လာခြင်းမို့
သူမကို မမှတ်မိသွားကြစေဖို့ရာအတွက်
နှာခေါင်းစည်းနှင့် နေကာမျက်မှန်တို့ကို တပ်ထားလိုက်၏ ။

ကြယ်ခုနစ်နှင့် ခုနစ်စင်ကြယ်တို့ကိုလည်း တရုတ်ပြည်က နာမည်ကြီးဝတ်စုံကို လဲခိုင်းလိုက်သည် ။

ခုနစ်စင်ကြယ်သည် အခုတလော ရေပန်းစားနေသည့် ရွှေဝါရောင်နဲ့ အပြာရောင် စပ်ထားသော ဘေ့ဘောစ်အင်္ကျီကို ဝတ်ဆင်ထားပြီး နောက်ကျောဘက်တွင် တရုတ်လက်ရာ ရွှေချည်ငွေချည်တို့ ထိုးထားကာ ကိုယ်အောက်ပိုင်းတွင် ဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီ နှင့် ဖိနပ်အဖြူရောင်လေးက အလွန်ပင် လိုက်ဖက်ပနံသင့်လွန်း သည် ။ ကြယ်ခုနစ်သည်ကတော့ ရိုးရိုးစင်းစင်း ခေါင်းစွပ်ပါသော အနက်ရောင်အကျီၤကို ဝတ်ဆင်ထားပြီး ထိုအကျီၤပေါ်တွင် စကားလုံးတို့ ရေးထွင်းထားကာ အနီရောင်အစင်းကြောင်းပါသည့် ဘောင်းဘီကို ဝတ်ဆင်ထားသည်က မိမိုက်လွန်းလှသည် ။

နှစ်ယောက်စလုံးသည် စတိုင်ကျကျ ပေါ့ပေါ့ပါးပါးလေး ဝတ်စားထားကြသော်လည်း စတိုင်ကတော့ လုံး၀ ပြောင်းသွားလေပြီ ။ သူတို့နှစ်ယောက်သည် အလွန်တရာကို မျက်စိပသာဒ ဖြစ်လွန်းနေကာ သူတို့လျှောက်သွားသည့် လမ်းတစ်လျှောက်က လူတိုင်း၏ စိတ်အာရုံ တို့ကို ဖမ်းစားထားနေလေသည် ။

ပေါ့ပေါ့ပါးပါး အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပထမအကြီးအကဲသည်လည်း ထိုနည်း၎င်းပင် ။
ဖက်ရှင်ကျကာ ကြည့်ကောင်းလွန်းသည် ။ သူသည် ခရီးဆောင်အိတ်ကို ဆွဲကာ တတိယအကြီးအကဲနဲ့အတူ ဘေးဘီဝဲယာကို တောင်ကြည့်မြောက်ကြည့် ကြည့်နေလေ၏ ။

တတိယအကြီးအကဲသည် လူအများ၏ အာရုံကို ရှောင်ရှားလိုသောကြောင့် ဖိန့်ဖိန့်တုန်ဂိုဏ်းသားများကို ခေါ်ကာ ထွက်သွားလိုက်၏ ။

ခုနစ်စင်ကြယ်သည်ကတော့ ဘယ်ညာကို ကြည့်ရင်း
မေးခွန်းတွေ တသီတတန်းကြီးကို တတွတ်တွတ် မေးနေပြီး ကြယ်ခုနစ်သည်ကတော့ အရှေ့ကိုသာ အာရုံအပြည့် စိုက်ထားကာ ပတ်ဝန်းကျင်ကို သတိမပြတ် လိုက်အကဲခတ်နေ၏ ။

လေဆိပ်ခန်းမကြီးထဲတွင် ရီဝမ်ဝမ်သည် လှည့်ကာ ပြောလာသည် ။

“သန့်စင်ခန်းသွားလိုက်ဦးမယ် .. ငါ့ကို ကော်ဖီဆိုင်မှာ စောင့်နေကြ”

ကြယ်ခုနစ်က ပြန်ဖြေသည် ။ “ကောင်းပါပြီ”

ခုနစ်စင်ကြယ်ကတော့ ထပြောလေသည် ။
“ကျွန်တော်ရောပဲ ကျွန်တော်ရောပဲ”

ရီဝမ်ဝမ်နှင့် ခုနစ်စင်ကြယ်တို့ သန့်စင်ခန်းထဲ သွားနေကြချိန် ကြယ်ခုနစ်သည်ကတော့ ကော်ဖီဆိုင်မှာ တစ်ယောက်ထဲ သွားစောင့်နေလိုက်၏ ။

သူသည် မျက်လုံးတို့ကို မှေးကာ နားနေရင်းကနေ သူ့ကို ကြည့်နေသည့် အကြည့်တို့ကို ခံစားမိလိုက်သောကြောင့်
မျက်လုံးတို့ကို ဖွင့်လိုက်ရာ သူ့အား ရဲရဲတင်းတင်း ကြည့်နေကြသော မိန်းကလေးပေါင်းများစွာကို အနားမှာ တွေ့လိုက်ရသည် ။

သူတို့က သူ့အကြည့်ကို မရှောင်ဖယ်ရုံမက
စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးပင် ပြောနေကြလိုက်သေးသည် ။

ထိုမိန်းကလေးတွေသည် တခနလောက် ပြောဆိုပြီးသွာကြပြီး နောက်တွင် သူ့ဆီကို လျှောက်ပါလာကြလေပြီ ။

……………………………………………………………………............

စာစဉ် ၆၈၊ အခန်း ၁၈။ ယောကျာ်းလေးဆိုတာ ဆင်ဆင်ခြင်ခြင်နေမှ တော်ကာကျမယ်

ကြယ်ခုနုစ်သည် သူတို့၏ ထူးထူးဆန်းဆန်း အကြည့်တို့ကြောင့် သတိကပ်ထားမိလာရ၏ ။

“အစ်ကိုလေးက တရုတ်လူမျိုးလား ဂျပန်လူမျိုးလားဟင်”
ရဲတင်းသောမိန်းကလေးတစ်ယောက်က ထကာ စကားစလာချေပြီ ။

“အစ်ကိုလေးက အရမ်းချောလိုက်တာ .. အနုပညာရှင်များလား”

“အစ်ကိုလေး ညီမတို့ ဓာတ်ပုံအတူတွဲရိုက်လို့ ရမလား”

“အစ်ကိုလေး ညီမတို့တွေ WeChat အချင်းချင်း လဲရအောင်လေ”

“အစ်ကိုလေးမှာ ရည်းစားရှိလား”

ကြယ်ခုနစ်မှာ ထိုမိန်းကလေးတို့အား မမေးရသေးခင် မေးခွန်းတွေတသီကြီး အမေးခံလိုက်ရသဖြင့်
တအံ့တသြဖြစ်မိသွားရ၏ ။ ထိုမိန်းကလေးများသည် သူ့အား နည်းနည်းလေးပင် ကြောက်ပုံမပေါ်ပါချေ ။

သူ၏နာမည်ဂုဏ်သတင်းမှာ ကြောက်မက်ဖွယ်ကောင်း လွန်းသောကြောင့် လွတ်လပ်သောနယ်မြေထဲက
ဘယ်သူကမှ သူ့ကို အခုလိုမျိုး မလေးမစား မလုပ်ဝံံ့ကြပေ။

သို့သော် အခု ဒီတရုတ်ပြည်တွင်မူ ထိုမိန်းကလေးများသည် အကြောက်အလန့်ကင်းကာ ဘာမကောင်းသည့် ရည်ရွယ်ချက်မှ မရှိနေလေခြင်းကြောင့် သူ လွှတ်ပေးထားလိုက်ပါ၏ ။

မည်သို့ပင် ဆိုစေကာမူ သူတို့သည် မစ်ရှင်ထွက်လာခြင်း ဖြစ်သည်မို့ သူတို့ ဘယ်သူဖြစ်ကြောင်းကို ဖော်ထုတ်လိုက်လို့ မဖြစ်ပေ ။ မဟုတ်ပါက ရန်သူကို သတိပေးလိုက်သကဲ့သို့ ရှိသွားပေလိမ့်မည် ။

ထိုမိန်းကလေးများသည်ကတော့ တုံ့ပြန်မှု တစ်စုံတရာ မရလေခြင်းကြောင့် ပိုပိုပြီး တိုးကပ်လာကာ ပိုပိုပြီး ပြုံးဖြီးပျော်ရွှင်လာကြလေပြီ ။
တစ်ချို့ဆို ထိကပါးရိကပါးပင် လာလုပ်နေကြလေပြီ ။

တခနလေးအတွင်း သူ့မျက်နှာကို လာလာထိကြသည်က
အကြိမ်ကြိမ် ရှိနေလေပြီ … ။

ရီဝမ်ဝမ်နှင့် ခုနစ်စင်ကြယ်တို့ သန့်စင်ခန်းသုံးပြီးလို့ ပြန်ထွက်လာကြချိန်တွင် ထိုမြင်ကွင်းက သူတို့ကို ဆီးကြိုနှုတ်ဆက်လိုက်လေ၏ ။

ကြယ်ခုနစ်နားတွင် စပ်စလူးမလေးတစ်သိုက် ဝိုင်းနေကာ သူ၏ချောမောခန့်ညားနုပျိုသော မျက်နှာမှာ လေးကြိုးသဖွယ် တင်းမာခက်ထန်နေလေပြီ ။

“ချီးပဲ ဘာတွေ ဖြစ်ကုန်တာလဲ”
ခုနစ်စင်ကြယ်မှာ တုန်လှုပ်သွား၏ ။

ရီဝမ်ဝမ် ။ “အင်း …”

သူမသည် ကြယ်ခုနစ်၏ ချောမောခန့်ညားသော ရုပ်ရည်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာဖြစ်နေသလဲကို ချက်ချင်း သဘောပေါက်လိုက်၏ ။

သူမသည် ပြသနာကို ရှောင်နိုင်ဖို့ရာအတွက် နှာခေါင်းစည်း
စွပ်ထားခဲ့၏ ။ အခုတော့ ကြယ်ခုနစ်က ပြသနာနဲ့ တည့်တည့်တိုးနေလေပြီ ။

သူမသည် တရုတ်ပြည်တွင် မန်နေဂျာလုပ်ခဲ့စဉ်က အခုလို အခြေအနေမျိုးကို ကြုံတွေ့ဖူးခဲ့သည်မို့ ထိုလူအုပ်ထဲကို အေးအေးလူလူပင် တိုးဝင်သွားလိုက်ကာ ကြယ်ခုနစ်အား သူမနောက်ဘက်ကို ဆွဲပို့ကာ ကာကွယ်ပေးလိုက်ရ၏ ။

မိန်းကလေးတစ်သိုက်၏ အကြည့်တို့ကို ပိတ်ဆို့ပစ်လိုက်ပြီး
နောက်မှ ရီဝမ်ဝမ် ပြုံးကာ ပြောလိုက်ရသည် ။

“တစ်ဆိတ်လောက် ဖယ်ပေးကြပါလား ။
အစ်မမောင်လေးက အနုပညာရှင် မဟုတ်ပါဘူး ညီမလေးတို့
ဒီတိုင်း သာမန်လူပါ ။ သူ့ကို လန့်အောင် မလုပ်ကြပါနဲ့”

ထို့နောက်တွင် မိန်းကလေးတစ်ယောက်ကို ကြည့်ကာ
မေးလိုက်သည် ။
“စောနက ရိုက်ထားတဲ့ ဓာတ်ပုံတွေ ဖျက်ပေးပါလား”

ထိုမိန်းကလေးခမျာ စိတ်မှိုင်သွားသော်လည်း အစ်မလုပ်သူက ပြောနေခြင်းမို့ တိတ်တိတ်လေး ခိုးရိုက်ထားခဲ့သည့် ထိုဓာတ်ပုံတို့ကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဖျက်ပစ်လိုက်ရ၏ ။

အစ်မဖြစ်သူသည် ကန့်ကွက်ခွင့် မပေးဘဲ ပြောသွားခြင်း ဖြစ်သော်လည်း လေသံသည်ကတော့ အလွန်အမင်း
သိမ်မွေ့နူးညံံလှသည်မို့ သူတို့လည်း အလိုလိုပင်
ပြောသည့်အတိုင်း လိုက်လျောမိရပါ၏ ။

ဓာတ်ပုံ တစ်ပုံပြီးတစ်ပုံကို ဝမ်းနည်းစွာ ဖျက်ပစ်နေသော ထိုမိန်းကလေးကို ကြည့်နေရင်း ကြယ်ခုနစ်၏ မျက်နှာမပေါ် သော ပုံတစ်ပုံကိုတော့ သူမ ချန်ပေးလိုက်ပါ၏ ။

“ဒီပုံကိုတော့ သိမ်းထားလို့ ရတယ်”

ထိုမိန်းကလေးမှာ ချက်ချင်းပင် စိတ်တို့ ရွှင်လန်းလာကာ ပီတိဇောအဟုန် လွှမ်းခြုံသွားချေပြီ ။

“ရလား .. ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်”

“ရပါတယ်”

ထိုမိန်းကလေးများကို ပထုတ်ပြီးနောက်တွင်မှ
ရီဝမ်ဝမ် သက်ပြင်းချမိသွားကာ ထိုင်နေသော ကြယ်ခုနစ်ဘက်ကို လှည့်ကာ ဆုံးမလိုက်မိတော့သည် ။

“ကြယ်ခုနစ် မှတ်ထား ..
ဒီမှာက မိန်းကလေးတွေ ခြေချင်းလိမ်နေကြတာ .. ယောကျာ်းလေးချောချောလေးဆိုတာ အပြင်ထွက်ရင်
ကိုယ့်ကိုယ်ကို ကာကွယ်တတ်ရမယ် နားလည်လား”

ခုနစင်ကြယ်သည် ထိုစကားကို ကြားလိုက်သည်တွင်
ခေါင်းတဗြင်းဗြင်း ကုတ်မိသွားကာ ..

အစ်မ ဖန်း ဒီစကားတွေကို အစ်မက ပြောတာဆိုတော့ တစ်မျိုးကြီး ဖြစ်မနေဘူးလားဗျာ ။

ကြယ်ခုနစ်သည်ကတော့ အခုလို အခြေအနေမျိုးကို
ပထမဆုံး ကြုံတွေ့ဖူးခြင်းမို့ တခနကြာမှသာ
စိတ်နှင့်ကိုယ် ပြန်ကပ်သွား၏ ။

“နားလည်ပါပြီ”
ထိုတွင် ခုနစ်စင်ကြယ်က ထပြောလာပြန်သည် ။

“ဟာကွာ အဲ့လိုမှန်းသာ စောစောက သိခဲ့ရင်
ငါပဲ ကျန်နေခဲ့မှာပေါ့ ။ ခုနစ်ကြီး အခုကစပြီးတော့ ဒီလိုအန္တရာယ်များတာမျိုးဆို ငါ့ကိုသာ လွှဲထားလိုက်”

ရီဝမ်ဝမ် သူ့ကို စိတ်ပျက်စွာဖြင့် မျက်လုံးလှန်ကြည့်ပေး
လိုက် ၏။

“ပေါက်တီးပေါက်ရှာတွေ .. သွားကြမယ်”

“အစ်မ ဖန်း ကျွန်တော်တို့ ဘယ်ကို သွားမှာလဲ”
ခုနစ်စင်ကြယ်က စိတ်လှုပ်ရှားသွားပြီး ထမေးလာသည် ။

ရီဝမ်ဝမ်သည် မိုးပေါ်က ပြာလဲ့ကြည်လင်နေသော ကောင်းကင်ပြင်ကြီးကို ငေးမောကြည့်လိုက်၏ ။

“အိမ်ကို အရင် သွားလိုက်ဦးမယ် ၊ မင်းတို့ကတော့
လုပ်ချင်တာသာ လုပ်ကြ”

“အိမ်ကို သွားမှာ .. အစ်မ တရုတ်ပြည် ရောက်နေတုန်းက ရခဲ့တဲ့ မိသားစုလား”

“အင်း”

သူမ၏ အတန်းပိုင်ဆရာမဖြစ်သူ လျန်လီဟွာ ဝင်ရှုပ်ခဲ့မှုကြောင့် ဖိန့်ဖိန့်တုန်ဂိုဏ်းသည် သူမအကြောင်းကို သိသွားခဲ့ပြီဖြစ်တာကြောင့် သူမလည်း ဖုံးကွယ်မနေခဲ့တော့ပေ ။

တရုတ်ပြည်တွင် နေခဲ့စဉ်က ရီဝမ်ဝမ်ဆိုသည့် နာမည်ဖြင့် နေထိုင်ခဲ့ပြီး ရီဝမ်ဝမ်၏မိသားစုသည် သူမ၏သရုပ်မှန်ကို မသိထားကြောင်းကို ကြယ်ခုနစ်တို့ကို သူမ ရှင်းပြလိုက်ရ သည် ။

“ကျွန်တော်တို့ပါ လိုက်မယ်လေ အစ်မ ဖန်း”
ကြယ်ခုနစ်က တည်ငြိမ်စွာ ပြောလာသည် ။

………………………………………………………………….................

စာစဉ် ၆၈၊ အခန်း ၁၉။  ကစားချင်လား

ခုနစ်စင်ကြယ်သည် ရီဝမ်ဝမ် ပြန်မပြောရသေးခင်
ကိုယ်ကို ကိုင်းကာ တိုးတိုးလေး ကပ်ပြောလာတော့သည် ။

“ဗိုက်ဆာလာသလိုပဲ … တစ်ခုခုအရင် သွားစားရအောင် လား”

အစားအသောက်အကြောင်း ပြောနေတုန်း ပထမအကြီးအကဲ နှင့် တတိယအကြီးအကဲတို့ လျှောက်လာကြလေပြီ ။

“ကောင်းပြီလေ”

ရီဝမ်ဝမ် ခေါင်းအသာညိတ်ပြလိုက်ပြီး
လေဆိပ်နားက KFC ဆိုင်ကို ခေါ်သွားပေးလိုက်၏ ။

“ဒါက ဘယ်လိုဆိုင်မျိုးကြီးလဲ .. ဒါမျိုး တစ်ခါမှ မမြင်ဖူးဘူး”

ခုနစ်စင်ကြယ်တု့ိလည်း ရီဝမ်ဝမ်နောက်ကနေ လိုက်ဝင်သွားကြပြီး ကလေးလေးတစ်ယောက်လို စပ်စုစွာ အကုန်လိုက်ကြည့်နေမိ၏ ။

လွတ်လပ်သောနယ်မြေထဲတွင် အခုလို ဆိုင်မျိုး မရှိတာကြောင့် သူတို့သည်လည်း တစ်ခါမှ မမြင်ဖူး မရောက်ဖူးသလို
တစ်ခါမှ သွားမစားခဲ့ဖူးပါချေ ။

“ဒီမှာ … နယူးအော်လင်းကြက်တောင်ပံ တစ်ပွဲ ..
မဟုတ်သေးဘူး နှစ်ပွဲပေးပါ”

ရီဝမ်ဝမ်နှင့် နောက်လိုက်အပေါင်း လေးဖော်တို့ ထိုင်ချလိုက်ချိန် ခါးထိတိုင် ကော့ပျံကာ ဝဲကျနေသော ဆံကေသာပေါ် ဦးထုပ်လေးတစ်လုံးက နေရာယူထားကာ အားကစားဝတ်စုံကို ဝတ်ဆင်ထားသော ယောကျာ်းတစ်ယောက်ကို မြင်လိုက်ကြသည် ။
ထိုသူမှာ ယောကျာ်းတစ်ယောက် ဖြစ်သည့်တိုင်
မိန်းမလှလေးတစ်ဦးလို ရင်သပ်ရှုမောဖွယ် ကောင်းလွန်း ပေသည် ။

“ဟိုမမက လှလိုက်တာ … ငါ့ရဲ့နတ်မိမယ်လေးထက်တောင် ပိုလှသေးတယ်”

ခုနစ်စင်ကြယ်သည် ထိုအဖြူရောင်ဆံနွယ်ရှည်နဲ့ ယောကျာ်း ကို အရောင်တလက်လက်ထနေသည့် မျက်ဝန်းတို့နဲ့ ငေးမောကြည့်နေလေသည် ။

“ဟမ်”

ထိုယောကျာ်းက ခုနစ်စင်ကြယ်ဘက်သို့ လှည့်ကြည့်လာသည် ။

“မင်း ဘယ်သူလို့ မိန်းမလို့ ခေါ်နေတာလဲ”

“သေစမ်း .. ယောကျာ်းကြီးဟ”

သူ့အရှေ့က ယောကျာ်းအား ငေးကြည့်နေမိသည့် ခုနစ်စင်ကြယ်ခမျာ ပါးစပ်အဟောင်းသား ဖြစ်မိသွား၏ ။

ယောကျာ်းတစ်ယောက်က ဘာလို့ အဲ့လောက်တောင် ကြည့်ကောင်းနေရတာလဲ ။

“ကလေး .. မင်းက တောကနေ တက်လာတာလား”
ထိုယောကျာ်းက ခုနစ်စင်ကြယ်ကို ကြည့်လာသည် ။

“ခင်ဗျား ဘာပြောလိုက်တယ် .. ထပ်ပြောလိုက်စမ်း” ခုနစ်စင်ကြယ်သည် ဝုန်းခနဲ ထရပ်ကာ ထိုယောကျာ်းအား
ဒေါသတကြီး ကြည့်လိုက်လေပြီ ။

“ဘာလဲ .. ကစားချင်လို့လား”

ထိုယောကျာ်း၏နှုတ်ခမ်းတို့မှာ ကောက်ကျစ်ဉာဏ်များသည့် အပြုံးပန်းတစ်ပွင့်အဖြစ် ကော့ပျံတက်သွား၏ ။ ဘယ်သူမှ သတိမပြုမိလိုက်ခင် ထိုယောကျာ်း၏ ညာဘက်လက်သည် ခုနစ်စင်ကြယ်၏ ပုခုံးပေါ် တင်ပြီးသား ဖြစ်နေလေပြီ ။

မျက်တောင်တစ်ခါခတ် အချိန်လေးအတွင်းမှာပင် ဖောင်းကနဲ အသံတစ်သံ ထွက်လာပြီး ခုနစ်စင်ကြယ်မှာ ထိုင်ခုံပေါ်ကနေ ခွေးကျဝက်ကျ ပြုတ်ကျကာ တွန့်လိမ်နေတော့၏ ။

“နားလည်မှုလွဲတာပါ .. နားလည်မှု လွဲတာပါ”

အပြစ်ကင်းကာ ချိုမြိန်သော မျက်နှာလေးနဲ့ မိန်းကလေး
သည် လက်ထဲတွင် ကြက်တောင်ပံထုပ်ကို ယူချလာကာ ခုနစ်စင်ကြယ်တို့အဖွဲ့အား တောင်းပန်စကား ဆိုလာ၏ ။

“သွားရအောင် .. သွားမယ် .. ရှင့်ဇနီးက ဖွားတော့မှာကို
ဒီမှာ လာပြသနာရှာနေသေးတာလား”
ထိုမိန်းကလေးက ခပ်လောလော ပြော၏ ။

“ဝါး … ပျင်းဖို့ကောင်းလိုက်တာ”

ထိုယောကျာ်းသည် သမ်းဝေလိုက်ပြီး လက်ထဲက နယူးအော်လင်းကြက်တောင်ပံကို တစ်ကိုက်ကိုက်လိုက်ပြီးမှ ထိုကောင်မလေးနောက်ကနေ လိုက်ကာ ဆိုင်ထဲကနေ ထွက်သွား၏ ။

“ဘောပဲ …”

ထိုယောကျာ်း ထွက်သွားသည်ကို ကြည့်နေသည့် ခုနစ်စင်ကြယ်မှာ နဖူးထက်တွင် ချွေးရွှဲနေလေပြီ ။

“ဘယ်လိုဖြစ်တာလဲ”
ကြယ်ခုနစ်သည် ခုနစ်စင်ကြယ်ဘက်သို့ လှည့်မေးလိုက်၏ ။

“အဲ့လူ .. အရမ်း ကြောက်ဖို့ကောင်းတယ် .. တကယ်ပြောတာ အရမ်းအရမ်းကို ကြောက်ဖို့ကောင်းတယ်”
ခုနစ်စင်ကြယ်က ခေါင်းခါလာသည် ။
“သူ့လောက် ကြောက်ဖို့ကောင်းတဲ့လူမျိုး ငါ့တစ်သက်မှာ
တစ်ခါမှ မတွေ့ဖူးသေးဘူး ။ သူ့ကို တွေ့ရတာ ချီးထုပ်ကို
တွေ့လိုက်ရတဲ့အတိုင်းပဲ”

“သူ့ကို ချီးထုပ်နဲ့ ယှဉ်ပြောနေတာလား ။
မင်း ခေါင်း ချောင်သွားပြီလား”
တတိယအကြီးအကဲသည် ခုနစ်စင်ကြယ်ကို ကြည့်လာ၏ ။

ချီးထုပ်ကို ဒီလောကတွင် အကြမ်းဆုံးသူဟု ခေါ်နေကြခြင်းမှာ အကြောင်းမဲ့သက်သက် မဟုတ်ပါပေ ။

“ကျွန်တော် မညာဘူး .. အဲ့လူက တကယ်ကြီးကို အရမ်းအရမ်း ကြမ်းလွန်းတာ ။ ကျွန်တော့်ပုခုံးပေါ် လက်လေး တင်ရုံနဲ့ကို ကျွန်တော့်တစ်ကိုယ်လုံး ကြေမွသွားပြီလား မှတ်ရတယ် ။ သူသာ သတ်ချင်ရင် ကျွန်တော့်ကို ခနလေးနဲ့ သတ်ပစ်နိုင်တယ်လို့တောင် ခံစားရတာ .. မဟုတ်သေးဘူး သူ့လက်ချောင်းလေးတစ်ချောင်းနဲ့တင် ကျွန်တော့်ကို သတ်ပစ်နိုင်တယ်လို့ကို ခံစားရတာ”

ခုနစ်စင်ကြယ်သည် အသက်ကို ပြင်းပြင်းရှူနေ၏ ။

တခြားသောသူများမှာ စိတ်ထဲ အလေးအနက်မထားကြဘဲ ခပ်ပြုံးပြုံးဖြစ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏ ။

ခုနစ်စင်ကြယ်၏ စကားတို့မည်သည်
ရင်ခေါင်းလောက်မှန်းမှ ဒူးလောက်တင်တတ်သည်ဟုသာ
သူတို့ သတ်မှတ်ထားကြလေသည် ။

……………………………………………………………………..........

စာစဉ် ၆၈၊ အခန်း ၂၀။  နည်းနည်းတော့ အေးအေးလူလူ နေပါရစေဦးလား

“ဒါပေမယ့် … နောက်မှ ပေါ်လာတဲ့ကောင်မလေးက .. တကယ့်ကို စိတ်ကုန်စရာကြီးကွာ ။ ငါ သူ့ကို လွတ်လပ်သောနယ်မြေမှာ မြင်ဖူးသလိုပဲ … နေကာမျက်မှန်ကြီး တပ်ထားလို့ကွာ မဟုတ်လို့ကတော့ ငါ သိပြီ”
ခုနစ်စင်ကြယ်က နောင်တရသလိုလို ပြောလာသည် ။

ရီဝမ်ဝမ် ၊ ကြယ်ခုနစ်နှင့် တခြားသူများမှာမူ ခုနစ်စင်ကြယ်၏ တတွတ်တွတ်ပြောနေပြန်မှုအား အာရုံသိပ်မထားကြပါချေ ။

သူတို့အတွက် စားဖို့သောက်ဖို့ရာ မှာလိုက်ပြီးနောက်တွင်
ရီဝမ်ဝမ်သည် တက္ကစီတစ်စီး ငှားကာ အားလုံးကို ကားထဲ ဝင်ခိုင်းလိုက်ပြီး မြို့ထဲကို သွားလိုက်ကြ၏ ။

“အစ်မ ဖန်း တရုတ်ပြည်က စီးပွားရေး မကျပ်တည်းဘူး
နော် ။ လွတ်လပ်သောနယ်မြေမှာထက်တောင် ဆိုင်တွေ ပိုများသေးသားပဲ ။ ဟဲဟဲ ဒါပေမယ့် ချမ်းသာတာချင်း ယှဉ်ရင်တော့ ကျွန်တော်တို့ကို မမှီသေးဘူး”

ခုနစ်စင်ကြယ်က ပြတင်းပေါက်အပြင်ဘက်က မြင်ကွင်းတွေကို ငေးကြည့်ရင်း ပြောဆိုနေသည် ။

“ဝါး ပြိုင်ကားတွေလည်း အများကြီးပဲ ဝိုး ဝိုး ဟယ်လီကော်ပတာတွေတောင်မှ ရှိတယ်ဟ ။
ဒါမဲ့ ဘာဖြစ်လဲ ငါနဲ့ ခုနစ်ကြီးတောင်မှ ကိုယ်ပိုင်ရဟတ်ယာဉ်
တစ်စီးစီ ရှိသေးတာပဲဟာ”
ခုနစ်စင်ကြယ်က ပြောဆိုနေသည် ။

ရီဝမ်ဝမ် ။ “…” ငါ့မှာကျ ဘာလို့ မရှိတာလဲ ။

“ဝါး ဟိုဟာက တရုတ်ပြည်ရဲ့ ကြယ်ငါးပွင့်ဟိုတယ်လား ။
ဒါများ ဘာမှ မဟုတ်ပါဘူး .. ငါ သွားသွားစားနေကျ ဆိုင်ဆို အဲ့ထက်တောင် ပိုခမ်းနားသေးတယ် ..
ဟော သူတို့မှာ စက်ဘီးတွေတောင် ရှိတယ်ဟ ။ ငါတို့လွတ်လပ်သောနယ်မြေမှာဆိုရင် လူတိုင်း ဇိမ်ခံကား
တစ်စီးစီတော့ အေးဆေးကို ရှိကြတာပဲ”

တက္ကစီဆရာမှာ ငေါ့တူးကာ ပြောလာတော့ပြီ ။
“အစ်ကိုကြီးရာ ကြွားလိုက်တာ ကြွားလိုက်တာဆိုတာ အစ်ကိုကြီးလောက် ကြွားတဲ့သူ ကျွန်တော်ဖြင့်
တစ်ယောက်မှကို မတွေ့ဖူးသေးဘူး ။ ကိုယ်ပိုင်ရဟတ်ယာဉ် ရှိတယ်ဆိုရင် မိုးပေါ်ကနေပဲ စီးလာခဲ့ပါတော့လား ။
လူငါးယောက် ပြွတ်သိပ်ပြီး ကားတစ်စီးထဲ ငှားစီးနေကြရတာကိုများ ဘာများ ကြွားပြနေစရာ လိုလို့လဲ”

ကြယ်ခုနစ် ။ “…”

ရီဝမ်ဝမ် ။ “…”

ပထမအကြီးအကဲ ။ “…”

တတိယအကြီးအကဲ ။ “…”

တရုတ်ပြည် ၊ ရီ စံအိမ်တွင် ။

ဧည့်ခန်းထဲတွင် ရီယီယီသည် သူမရှေ့က အနက်ရောင်ဝတ်စုံနဲ့ ယောကျာ်းကြီးတစ်ယောက်အား ကြည့်နေကာ ခပ်တိုးတိုးလေး ရယ်မောမေးလာသည် ။

“ရှင်တို့တွေ အဲ့ကိစ္စသေးသေးလေးကိုတောင် အောင်မြင်အောင် မလုပ်နိုင်သေးဘူးလား”

ထိုယောကျာ်းကြီးသည်လည်း ရယ်ပြုံးလာသည် ။
“စီအီးအို ရီ .. အဲ့ဒီနည်းနဲ့ အလုပ်မဖြစ်လို့ပါဗျာ”

ရီယီယီသည် သူ့ကို စိုက်ကြည့်လိုက်၏ ။
“ဒါဆို ဘယ်နည်းနဲ့မှ အလုပ်ဖြစ်မှာလဲ”

“အကုန်လုံးမှာ ကျိုးကြောင်းညီညွတ်ဖို့ လိုတယ် စီအီးအို ရီ ။ ရီရှောင်ထင်းက ကျွန်တော်တို့ဆီကနေ အကြွေးတွေ
အများကြီး တင်ခဲ့တယ်ဆိုတာ ဟုတ်ပေမယ့်လဲ
အကုန်လုံးနီးနီးကို သူ ဆပ်ထားပြီးနေပြီ ။ အခု စီအီးအို ရီ က ကျွန်တော်တို့ကို လျန်ဝမ်ကျွင်းရဲ့ ရွှေပင်လယ်စံအိမ်ကို သွားသိမ်းခိုင်းနေတယ် .. ဒါ ဘယ်လိုလုပ် သင့်တော်မှာလဲ”

ရီယီယီက ခေါင်းခါလာသည် ။
“ကျွန်မတော့ အဲ့လိုမထင်ဘူး ။ ရှင့်ဆီမှာ တင်နေတဲ့
အကြွေးတွေကို ဆပ်ပြီးသလောက် နီးနီး ရှိနေပြီ ဆိုပေမယ့်လဲ အကုန်လုံး ဆပ်ပြီးတာမှ မဟုတ်သေးတာ ။
ရှင့်ရဲ့အရင်းကို တိုးလိုက်တာနဲ့ အဲ့ဒီ ရွှေပင်လယ်စံအိမ်ကို
ယူဖို့ဆိုတာက ရှင့်အတွက် ဘာမှ မခက်တော့ဘူး ။ ပြီးတော့ ရွှေပင်လယ်စံအိမ်ကို ယူလိုက်တာနဲ့ အဲ့အိမ်က ရှင့်အိမ်
ဖြစ်သွားမှာနော် ။ အဲ့ဒီအပြင်ကို ကျွန်မကလည်း ဒီလောက် ပေးဦးမှာ”

“အဲ”

ရီယီယီ ပေးလာသည့် ဂဏန်းကြောင့်
ထိုလူကြီး၏ မျက်လုံးတို့ ဝင်းပလာတော့၏ ။

ရီယီယီသည် သူတို့အား ထိုစံအိမ်ကြီးကို ယူသွားစေလို၍ ဒီပိုက်ဆံပမာဏကို ပေးနေခြင်းသာ ။

“ဟားဟား နားလည်ပါပြီဗျာ … စီအီးအို ရီ က လျန်ဝမ်ကျွင်းကို နေစရာအိမ်မရှိအောင် လုပ်ပစ်ချင်နေတာ မလား”
ထိုယောကျာ်းကြီးက ရယ်မောကာ ထမေးလာသည် ။

လျန်ဝမ်ကျွင်း၏ ယောကျာ်း နှင့် အကြီးဆုံးသားသည်
ရီယီယီ၏ အဖေကို သတ်ပစ်ခဲ့သည်ကို လူတိုင်း သိနေကြပါ၏ ။

ရီရှောင်ထင်းနှင့် ရီမူဖန်တို့သည် အဖမ်းခံထားရသည် ဆိုသော်လည်း ရီယီယီ၏ အမုန်းတရားကို ချေဖျက်ဖို့မှာ မလုံလောက်သေးတာကြောင့် လျန်ဝမ်ကျွင်းကို အိုးအိမ်မဲ့ဖြစ်အောင် လုပ်ပစ်ကာ
ရီရှောင်ထင်းတို့ မိသားစု ကို ငြိမ်းငြိမ်းချမ်းချမ်း မနေရအောင် လုပ်ပစ်ပြီး အဆုံးထိ ဖျက်ဆီးပစ်လိုခြင်းပင် ။

“အဲ့ဒီအတိုင်းပဲ”
ရီယီယီသည် ခပ်ရေးရေးလေး ပြုံးကာ ပြောလိုက်၏ ။
“ဒါဆို လုပ်လို့ ရပြီလား”

...................................................................................

စာစဉ် ၆၈၊ အခန်း ၂၁။  အကြွေးလာတောင်းပြီ

“ဟားဟားဟား စီအီးအို ရီ က တကယ့်ကို ပွင့်ပွင့်လင်းလင်း သမား ပဲဗျာ ။ စီအီးအိုဘက်က ဒီလိုတောင် ပြောပြီးသွားပြီ ဆိုမှတော့ ကျွန်တော်တို့ဘက်ကလည်း လှလှပပလေး ဖြစ်သွားအောင် လုပ်ပေးရမှာပေါ့ ။ စီအီးအို ရီ စိတ်သာချ ၊
ကျွန်တော်တို့ အဲ့ဒီရွှေပင်လယ်စံအိမ်ကို ယူပစ်ပြီးတော့
လျန်ဝမ်ကျွင်းကို အိမ်ခြေယာမဲ့ သူတောင်းစားတစ်ယောက် ဖြစ်အောင် လုပ်ပေးမယ်” ထိုလူကြီးက ထရပ်လိုက်ပြီး ရင်ဘတ်ကို တဖောင်းဖောင်း ပုတ်ကာ အာမဘန္တေ အလီလီ ခံနေသည် ။

“ကောင်းတယ်” ရီယီယီ ခေါင်းညိတ်ပြလိုက်သည် ။
“ဒါဆို ကျွန်မ ထပ်ပြောစရာ မလိုတော့ဘူးလို့ ယုံလိုက်ပြီးတော့ ရှင့်တို့ဆီက သတင်းကောင်းကို စောင့်နေမယ်”

မကြာခင် ထိုလူကြီးသည် ထွက်သွားတော့လေပြီ ။
သူသည် ဖုန်းကို ထုတ်လိုက်ကာ ဖုန်းနံပတ်တွေများစွာကို နှိပ်လိုက်လေပြီ ။

မကြာခင်အချိန်အတွင်း သစ်သားတုတ်အလီလီ ၊
အင်္ကျီထဲ ဖွက်ထားသော လက်နက်အသီးသီးဖြင့် ဆယ်ယောက်ကျော်သောလူများမှာ ရွှေပင်လယ်စံအိမ်ဆီ ချီတက်သွားကြလေပြီ ။

နာရီဝက်ခန့် ရှိသော် ရွှေပင်လယ်စံအိမ်၏ ရှေ့တံခါးအား
တဒေါက်ဒေါက် ခေါက်လိုက်သောအခါ
မိန်းမကြီးတစ်ယောက်က တံခါးကို ဖွင့်ပေးလာသည် ။
ထိုမိန်းမသည် အသက် ၄၀ ၅၀ ဝန်းကျင် ရှိလောက်ပြီး ဖြူဖျော့သည့်ဝတ်စုံကို ဝတ်ဆင်ထားကာ
သူမ၏မျက်နှာတွင်လည်း လောကဓံတရား၏ အထုအထောင်းခံရမှုကြောင့် ပါးရေတို့ တွန့်နေလေပြီ ။

လျန်ဝမ်ကျွင်းသည်ကား ခါတိုင်းထက်ပင် ပိုလို့ ရုပ်ရင့်သွား ခဲ့လေပြီ ။ ရီရှောင်ထင်းနှင့် ရီမူဖန်းတို့ နှစ်ဦး အဖမ်းခံလိုက် ရခြင်းအပေါ် သူမသည် ဘာကိုမှ မလုပ်ပေးနိုင်ခြင်းကြောင့် နေ့စဉ်အလီလီ မျက်ရည်တို့ဖြင့်သာ မျက်နှာသစ်ခဲ့ရလေ သည် ။

သူမ၏သမီးဖြစ်သူက သူမကို စိတ်ချလက်ချ နေဖို့ရာ ရံဖန်ရံခါ အာမခံပေးတတ်သည်ကြောင့်သာ မဟုတ်ပါက
လျန်ဝမ်ကျွင်း အခုထိ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ ။

“ရှင်တို့က … ”

ထိုယောကျာ်းကြီးနှင့် သူ့အဖွဲ့ကို တွေ့လိုက်ပြီး
လျန်ဝမ်ကျွင်း မျက်နှာပျက်သွားသည် ။

“အဟက် အဒေါ်ကြီး လျန် ကျွန်တော်တို့မှာ ဒီလောက်ဝေးတဲ့ ခရီးကို လာရတာ ခြေထောက်တွေတောင် နာနေပြီ ။ အိမ်ထဲ ခေါ်ပြီး လက်ဖက်ရည်လေး ဘာလေး ခေါ်တိုက်ပါဦးလားဗျာ”
ထိုလူကြီးက သရော်နှုတ်ဆက်နည်း နှုတ်ဆက်လေသည် ။

လျန်ဝမ်ကျွင်း မျက်မှောင်မဆိုစလောက်လေး ကြုတ်မိသွား ပြီး ခေါင်းခါမိသွားသည် ။

“အိမ်ထဲမှာ ကျွန်မ တစ်ယောက်ထဲမလို့ မသင့်တော်ဘူး”

ထို့နောက်တွင် သူမ တံခါးပိတ်ဖို့ လုပ်လိုက်ချိန် …

ထိုယောကျာ်းကြီးက တံခါးကို မပိတ်သွားအောင် တွန်းထားလိုက်၏ ။

“ရှင် ဘာလိုချင်လို့လဲ” လျန်ဝမ်ကျွင်း အော်ပစ်လိုက်၏ ။

“အဒေါ်ကြီး လျန်ဝမ်ကျွင်း ခင်ဗျားရဲ့ပြောပုံဆိုပုံကိုလည်း ကြည့်စမ်းပါဦး .. ကျွန်တော်တို့ ဘာလိုချင်လို့လဲ ဟုတ်လား ။ ခင်ဗျားယောကျာ်း ရီရှောင်ထင်းက ကျွန်တော်တို့ဆီမှာ အကြွေးတင်နေတာ အကုန်လုံး ဆပ်မသွားသေးဘူးလေ ။ အကြွေးတင်နေရင် ဆပ်ရမှာ စည်းကမ်းပဲ မဟုတ်ဘူးလား ။
ခင်ဗျားကပဲ အရှက်မရှိ ကျွန်တော်တို့ကို ပြန်ပြောနေသေး တယ်
ဒါတော့ မဟုတ်သေးဘူးနော် အဒေါ်ကြီး”
ထိုယောကျာ်းက မာန်လေပြီ ။

“မဟုတ်တာတွေ လျှောက်မပြောနဲ့ .. ရှောင်ထင်းက အကြွေးဆပ်ပြီးပြီလို့ ကျွန်မတို့ကို ပြောထားပြီးသား”
လျန်ဝမ်ကျွင်းက ပြန်ရန်တွေ့သည် ။

“အဟက် .. အဲ့ဒီလိုလား ။ ကျွန်တော်တို့ဆီမှာ
စာရင်းမှတ်ထားလို့ တော်သေးတာပေါ့ ။
ရော့ ခင်ဗျားဘာသာ ကြည့်ကြည့်လိုက်”
ထိုယောကျာ်းက စာရွက်စာတမ်းတို့ကို ထုတ်ပြလိုက်လေပြီ ။

လျန်ဝမ်ကျွင်းလည်း သံသယမျက်စိတို့ဖြင့် စာရွက်ကို လှန်ကြည့်လိုက်ရာ 10,000 လောက် လိုနေသေးမှန်းကို သိလိုက်ရတော့သည် ။

“ကောင်းပြီ .. အဲ့ဒါကို ကျွန်မ အခုပေးမယ်”

လျန်ဝမ်ကျွင်း အိမ်ထဲ ပြန်ဝင်ဖို့ လုပ်လိုက်သော်လည်း ထိုယောကျာ်းကြီးတို့အဖွဲ့က စံအိမ်ထဲကို လိုက်ဝင်လာကြ
တော့သည် ။

“စံအိမ်ကြီးက တကယ့်ကို နေချင်စရာလေးပါလား”

ထိုယောကျာ်းကြီးသည် အိမ်အတွင်းပိုင်းကို ကျေနပ်အားရစွာဖြင့် လိုက်ကြည့်နေသည် ။

ဒီအိမ်ကြီးမှာ မကြာခင် သူတို့အပိုင် ဖြစ်လာတော့ပေမည် ။

သူ့အတွေးတွေကို မသိနေသည့် လျန်ဝမ်ကျွင်းသည်ကတော့ လက်ထဲတွင် ပုဝါထုပ်တစ်ထုပ်ကို ကိုင်ကာ ပြန်ရောက်ချလာလေပြီး ထိုလက်ကိုင်ပဝါကို သူတို့ရှေ့မှာပင် ဖြန့်ပြလိုက်၏ ။

ထိုလက်ကိုင်ပဝါထဲတွင် အကြွေများ ဒေါ်လာ ၁၀၀ တန် အဟောင်းအနွမ်းလေးများ တစ်ထပ်ကြီး ရှိနေသည် ။
လျန်ဝမ်ကျွင်းက ထိုငွေတို့ကို ခြစ်ကုတ်ပြီး စုထားသည်မှာ သိသာ၏ ။

…………………………………………………………………................

စာစဉ် ၆၈၊ အခန်း ၂၂။ အားလုံးပဲ မင်္ဂလာပါ ၊ ကျွန်တော်က ခုနစ်စင်ကြယ် ပါ

လျန်ဝမ်ကျွင်းသည် လက်ကိုင်ပဝါထဲက ၁၀၀၀၀ ကို
ထိုယောကျာ်းကို တုံ့နှေးနှေးဖြင့် ပေးလိုက်သည် ။

“ပေးစရာကျန်နေတာတွေလည်း အကုန်ပေးပြီးသွားပြီ ။
ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ရှင်တို့ ပြန်ကြပါတော့”
လျန်ဝမ်ကျွင်းကား သူတို့ကို နှင်နေလေပြီ ။

ထိုယောကျာ်းကြီးက ခေါင်းညိတ်ကာ ပြောလာသည် ။
“အဒေါ်ကြီး လျန် ခင်ဗျားမှာ တခြားဘာကိစ္စမှ မရှိတော့ဘူးဆိုရင်
အခု ထွက်သွားလို့ ရပြီ”

“ဘာ .. ဘာ ပြော လိုက်တယ်”
လျန်ဝမ်ကျွင်း အံ့အားသွားပြီး သူ့ကို ကြည့်လိုက်၏ ။

ထိုယောကျာ်းသည် သူမကို မောင်းထုတ်နေသည်လား ။

“ရှင့်စကားက ဘာအဓိပ္ပာယ်လဲ ။ ဒီအိမ်က ကျွန်မအိမ်”
လျန်ဝမ်ကျွင်း ပြန်မေးခွန်းထုတ်လိုက်သည် ။

“ကျစ် .. ခင်ဗျားရဲ့အိမ်ဆိုတာ ဟုတ်ပေမယ့် အခုကစပြီး
ခင်ဗျား မပိုင်တော့ဘူး ။ ဒီအိမ်က အရင်းပဲ”

“အရင်း …” လျန်ဝမ်ကျွင်း နားမလည်ဖြစ်သွား၏ ။
“ကျွန်မတို့ တင်နေတဲ့အကြွေးကို အကုန် ပြန်ဆပ်လိုက်ပြီ မဟုတ်ဘူးလား”

“ကျစ် အဒေါ်ကြီး လျန် ခင်ဗျား ဆပ်တာက အတိုးလေ ။ အတိုးကအတိုး အရင်းကအရင်း ဘာဆိုင်လို့လဲ ။ ပြီးတော့
ဒီအိမ်ကြီး က အရင်းပဲ”

“ရှင် .. ဒီတစ်အိမ်လုံးကို အရင်းဆိုတော့ ဒေါ်လာ ၁၀၀၀၀ ပဲ တန်တဲ့ အိမ်ကြီးများ မှတ်နေတာလား ။ ရှင်တို့ နေ့ခင်းကြောင်တောင်ကြီး ဓားပြလာတိုက်နေတာလား”
လျန်ဝမ်ကျွင်းကား ဒေါသကြောင့် တဆတ်ဆတ် တုန်ရီ နေလေပြီ ။

“ဟားဟားဟား အဒေါ်ကြီး လျန်ဝမ်ကျွင်းရဲ့ စကားတွေက ရယ်ရတယ်ဗျာ ။ ကျွန်တော်တို့က အတိုးပေးစားတဲ့သူ
တွေဗျ ။ ကျွန်တော်တို့ အတိုးပေးစားသမားတွေမှန်း
ခင်ဗျားယောကျာ်း သိသိကြီးနဲ့ ပိုက်ဆံလာချေးသွားတာ
လေ ။ အတိုးချေးစားသူတွေဆိုတာ ဘာမို့လို့လဲ ။
ငွေ ၁၀၀၀၀ ချေးထားရင် အိမ်ကို အရင်းထားရမှာပဲ ။
ဒါ ဘာမှားနေလို့လဲ”

“ရှင် .. ရှင်တို့”

လျန်ဝမ်ကျွင်းသည် တစ်ဖက်ကို လှည့်လိုက်ပြီး
ဖုန်းထုတ်လိုက်ကာ ရဲခေါ်ဖို့ ပြင်လိုက်၏ ။

“အဟက် မျက်နှာသာပေးနေတာကို ကျေးဇူးတင်ရ
ကောင်းမှန်း မသိဘူး ။ ခင်ဗျား သေချင်နေတာလား”

လျန်ဝမ်ကျွင်း ဖုန်းခေါ်ဖို့ လုပ်နေပြီမို့ ယောကျာ်းမှာ မျက်နှာမည်းသွားကာ ထိုဖုန်းကို လုယူပစ်လိုက်ပြီး ပစ်ပေါက်ကာ ခွဲပစ်လိုက်၏ ။

“ရှင်တို့ ဓားပြတွေ … လူရမ်းကားတွေ .. လူယုတ်မာ”

ကုလားထိုင်တစ်ခုတွင် ကြိုးချည်ခံလိုက်ရသည့် လျန်ဝမ်ကျွင်း မှာ ပါးစပ်ကနေသာ ဆဲရေးတိုင်းထွာနိုင်တော့သည် ။

“ဟောဗျာ အဒေါ်ကြီး လျန် မှားနေပြီနဲ့ တူတယ် ။ ကျွန်တော်တို့က ဓားပြတွေလည်း မဟုတ်ဘူး လူရမ်းကားတွေလည်း မဟုတ်ဘူး လူယုတ်မာလည်း မဟုတ်ဘူး ။ ကျွန်တော်တို့က ဒီတိုင်း ငွေတိုးချေးစားတဲ့ သူတွေ ပါဗျာ”
ထိုယောကျာ်းကြီးသည် တစ်စက်လေးပင် ဒေါသမထွက်ဘဲ အရယ်မပျက် ပြန်ထေ့ငေါ့လေသည် ။

လျန်ဝမ်ကျွင်း ပြန်ပြောဖို့ လုပ်လိုက်သည့်အခိုက်
တံခါးဘဲတီးသံ ပေါ်ထွက်လာသည်မို့
ထိုယောကျာ်းမှာ အံ့အားသင့်သွား၏ ။

လျန်ဝမ်ကျွင်းသည်လည်း အံ့အားသင့်သွား၏ ။
သူမသည် အနားက အိမ်းနီးချင်းများနှင့် မသိကျွမ်းသလို
သူမဆီကို တစ်ယောက်မှလည်း လာမလည်ဖူးပေ ။ ဒီတစ်ချိန်လုံးလုံး ဒီအိမ်မှာ သူမ တစ်ယောက်ထဲသာ နေနေခဲ့ခြင်း ဖြစ်၏ ။

“ထူးဆန်းလိုက်တာ အစ်မဖန်း ပြောတော့ ဒီအိမ်ဆို
အိမ်ထဲမှာ ဘယ်သူမှလည်း မရှိပါလား”

တံခါးအပြင်ဘက်ကနေ အသံလေးတစ်သံ ခပ်တိုးတိုးလေး ထွက်လာသည် ။

“ခုနစ်ကြီး ငါတို့ အိမ်များ မှားလာမိတာလား ။
အစ်မဖန်းကလည်း တကယ်ပဲ လက်ဆောင်သွားဝယ်တာ
ဘာလို့ အခုထိ ပြန်မလာသေးတာလဲ”

“ဗျို့ အိမ်ရှင်တို့ .. အိမ်ထဲမှာ တစ်ယောက်ယောက် ရှိရင်လည်း တံခါးလေး လာဖွင့်ပေးပါလားဗျာ”

ခေါ်သံမှာ ပိုလ့ိုပင် ကျယ်လာလေပြီမို့ ထိုယောကျာ်းကြီးမှာ မျက်မှောင်တွန့်ချိုးလာပြီး ငယ်သားတစ်ယောက်က တံခါးကို သွားဖွင့်လေပြီ ။

တံခါးဖွင့်လိုက်သည်နှင့်ချက်ချင်းပင် ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်တို့ အိမ်ထဲကို ချက်ချင်း ဝင်ချလာတော့သည် ။

“ဝိုး .. လူတွေ အများကြီးပါလား ။ အားလုံးပဲ မင်္ဂလာပါ
ကျွန်တော်က ခုနစ်စင်ကြယ်ပါ သူက ကြယ်ခုနစ် ။
အစ်မဖန်းက ကျွန်တော်တို့ကို အရင်သွားခိုင်းလိုက်လို့ပါ”

“အစ်မဖန်း … လား မင်းတို့က ..”

လျန်ဝမ်ကျွင်းသည် စိတ်ရှုပ်ထွေးသွားပြီး
ထိုလူငယ်လေးနှစ်ယောက်ကို ကြည့်လိုက်မိ၏ ။

……………………………………………………………………..............

စာစဉ် ၆၈၊ အခန်း ၂၃။  တံခါးပိတ်လိုက်

ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်သည် ကြိုးတုပ်ခံထားရသော လျန်ဝမ်ကျွင်းဘက်ကို လှည့်ကြည့်လာသည် ။

“ဟာ အန်တီက ဘာလို့ ကြိုးတုပ်ခံထားရတာလဲ”
ခုနစ်စင်ကြယ်သည် လျန်ဝမ်ကျွင်းအား နားမလည်သလိုနှင့် စိတ်ရှုပ်ထွေးစွာ ကြည့်နေသည် ။

ကြယ်ခုနစ်က သူ့ဘော်ဒါကြီးအား ကြည့်လိုက်တော့၏ ။

ဒါ သိသာနေပြီ မဟုတ်ဘူးလား ။

“အားလုံးပဲ အားနာမနေကြပါနဲ့ဗျာ ။ ရပ်မနေကြနဲ့ ထိုင်ကြ ထိုင်ကြ ။ အစ်မဖန်း ခနနေရင် ပြန်ရောက်လာလိမ့်မယ်”

ခုနစ်စင်ကြယ်သည် ဧည့်ခန်းထဲက လူတိုင်းကို ပြုံးကာ ပြောလိုက်ခြင်းကြောင့် လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်မိသွားကြ၏ ။

ဒီအရူးက ဘယ်က ရောက်လာတာလဲ ။

“ဟေ့ ကောင်စုတ်လေး မင်း ဘယ်က လာတာလဲ” ထိုခေါင်းဆောင်လူကြီးက မဲ့ရွဲ့နေလေပြီ ။

“ဘယ်ကလဲ လား .. လေဆိပ်ကလေ”
ခုနစ်စင်ကြယ် ပြန်ဖြေလိုက်၏ ။

ထိုလူကြီး ပြန်မဖြေရသေးခင်
ခုနစ်စင်ကြယ်က တံခါးဘက်ကို လှည့်ကြည့်လိုက်သည် ။

ရီဝမ်ဝမ်သည် အိတ်ကြီးအိတ်ငယ်အသွယ်သွယ်ဖြင့်
စံအိမ်ထဲကို ဝင်လာနေပြီ ဖြစ်ကာ သူမနောက်တွင်
ပထမအကြီးအကဲ နှင့် တတိယအကြီးအကဲတို့ပါ ပါလာ၏ ။

ထိုအိတ်တို့ထဲတွင် မိခင်ဖြစ်သူ လျန်ဝမ်ကျွင်းအတွက်
ရီဝမ်ဝမ် ဝယ်ချလာသည့် လက်ဆောင်များ ပါလေသည် ။ လွတ်လပ်သောနယ်မြေကနေ ဘာမှ များများစားစား ယူမလာခဲ့ရသဖြင့် အခု အချိန်ရတုန်း စံအိမ်အနားက ရှော့ပင်းစင်တာတစ်ခုကို သွားဝယ်နေခဲ့ခြင်း ဖြစ်၏ ။ ခုနစ်စင်ကြယ်နှင့် ကြယ်ခုနစ်တို့ကိုပါ တစ်ခါတည်း ခေါ်သွားပါက အရမ်းထင်းလင်းလွန်းနေသောကြောင့် သူတို့ကို လိပ်စာပေးလိုက်ကာ ဒီမှာပဲ လာစောင့်ခိုင်းခဲ့ခြင်း ဖြစ်၏ ။

ရီဝမ်ဝမ် အိမ်ထဲကို ဝင်ဝင်ချင်း အခုလို လူတွေအများကြီးကို
တွေ့လိုက်ရခြင်းကြောင့် အံ့သြသွားရ၏ ။

ဘာတွေ ဖြစ်နေတာလဲ ။

“ဝမ်ဝမ် …”

မတွေ့ရတာ အကြာကြီးကြာနေပြီ ဖြစ်သည့် ရီဝမ်ဝမ် ဗြုန်းစားကြီး ပြန်ရောက်လာခြင်းကြောင့် လျန်ဝမ်ကျွင်း အံ့အားသင့်မိသွားရာကနေ မယုံကြည်နိုင်ဖြစ်လာကာ အပျော်ကြီး ပျော်ရွှင်မိလာရတော့သည် ။

သို့သော် လျန်ဝမ်ကျွင်း ၏ ကုလားထိုင်တစ်လုံးပေါ်တွင် ကြိုးတုပ်ခံထားရသည်ကို မြင်လိုက်ရသည့် ရီဝမ်ဝမ်ကတော့ အပျော်တွေ ချက်ချင်း ပြယ်လွင့်သွားတော့လေပြီ ။

“အဟက် ဘယ်သူများလဲ မှတ်တယ် .. လတ်စသတ်တော့
သမီး ပြန်ရောက်လာတာကိုး”
ထိုလူကြီးမှာ ရီဝမ်ဝမ်အား ဟန်ဆောင်ပြုံးပြုံးပြလာသည် ။

“ဝမ်ဝမ် .. မြန်မြန်လေး သွားတော့ .. ရဲခေါ်လိုက် ။ သူတို့က ဓားပြတွေ” လျန်ဝမ်ကျွင်းက ချက်ချင်း ထအော်သည် ။

“ဓားပြတွေလား”
ထိုလူကြီးသည် လှောင်သလိုလိုနဲ့ ခေါင်းတခါခါ ပြုကာ ..
“ခင်ဗျား ပြောနေတဲ့ ပုံကိုလည်း ကြည့်စမ်းပါဦး ။
ကျွန်တော်တို့က ဘယ်လိုလုပ် ဓားပြတွေ ဖြစ်နိုင်မှာလဲ ။
အကျိုးကြောင်း ဆီလျော်မှုအရှိဆုံးဆိုတာကမှ ဟုတ်ဦးမယ် ။ အကြွေးတင်နေရင် အကြွေးပြန်ဆပ်ရမှာ သဘာဝပဲလေ ။
ခင်ဗျားတို့က ကျွန်တော်တို့ဆီမှာ အကြွေးတင်နေလို့ အကြွေးပြန်လာတောင်းတာ ဘယ်လိုလုပ်ပြီး ဓားပြတွေ ဖြစ်သွားရတာလဲ ။ တကယ်တမ်း တွေးကြည့်ရင်
ခင်ဗျားတို့ကမှ ဓားပြတွေ မဟုတ်ဘူးလား ဟားဟားဟား”

“အော် .. ဒီတော့ ရှင်တို့က ငွေတိုးချေးစားတဲ့ သူတွေပေါ့” ရီဝမ်ဝမ်သည် ထိုယောကျာ်းတို့အဖွဲ့အား ဝေ့ကြည့်လိုက် လေပြီ ။

“အေးလေ .. မသိသာနေလို့လား”
ထိုလူကြီးကား အပြုံးမပျက်သာ ပြန်ဖြေ၏ ။

“ကောင်းတယ် .. ကျွန်မလည်း အကျိုးအကြောင်း
ဆီလျော်တဲ့လူတွေနဲ့ စကားပြောရတာ ကြိုက်တယ်”

ရီဝမ်ဝမ်သည် တတိယအကြီးအကဲ ဘက် ကို လှည့်ကာ အမိန့်ပေးလိုက်ပြီ ။

“တံခါးပိတ်လိုက် ။ ဒီနေ့ သူတို့နဲ့ ကောင်းကောင်းကြီး စကားပြောရအောင်”

တတိယအကြီးအကဲသည် တံခါးကို ဝုန်းခနဲ ပိတ်ပစ်လိုက် လေပြီ ။

“ဝုန်း”

“ဖြည်းဖြည်းလုပ်ပါ .. တံခါးလည်း ပျက်သွားပါဦးမယ်”

ရီဝမ်ဝမ်၏ နှုတ်ခမ်းတို တွန့်ကွေးမိသွားပြီး
တတိယအကြီးအကဲကို ကြည့်ကာ ပြောလိုက်၏ ။

တတိယအကြီးအကဲ ။ “…”

“ဟားဟားဟား စိတ်ဝင်စားစရာပဲ ။ အကျိုးအကြောင်း ပြောရတာ ကြိုက်တယ်ဆိုတော့ သိပ်ကောင်းတာပေါ့”

ထိုယောကျာ်းသည် ရီဝမ်ဝမ်တို့အဖွဲ့အား
စဉ့်နီတုံးပေါ်က အသားတစ်ပမာ သဘောထားကာ ရွှင်လန်းသောအပြုံးတု့ိဖြင့် ကြည့်နေသည် ။

ရီဝမ်ဝမ်သည် လျန်ဝမ်ကျွင်းကို ချည်နှောင်ထားသည့် ကြိုးတို့ကို အရင်ဖြည်ပေးလိုက်ပြီး သူမကို ဧည့်ခန်းထဲက ဆိုဖာပေါ် ခေါ်သွားပေးကာ အေးအေးလူလူ ထိုင်စေလိုက်သည် ။

“ကျွန်မတို့ ရှင့်ဆီမှာ ဘယ်လောက်အကြွေးတင်နေတာလဲ ပြော”

“သိပ်တော့မများပါဘူး ။ ဒီအိမ်တစ်လုံးပဲ အကြွေးတင်နေ တာ .. ဒီအိမ်ပေးလိုက်တာနဲ့ အကြွေးကျေပြီ ။ ငါတို့က အရမ်းကို အကျိုးအကြောင်း ညီညွတ်ပါတယ်”
ထိုလူကြီးက ပြန်ဖြေသည် ။

“ဝမ်ဝမ် .. သူ မဟုတ်တာတွေ လျှောက်ပြောနေတာ နားမထောင်နဲ့ ။ သမီးဖေဖေက အကြွေးတွေ အကုန်နီးနီး ဆပ်ပြီးနေပြီ ၁၀၀၀၀ လောက်ပဲ ဆပ်ဖို့ ကျန်နေတာ ။ အဲ့ဒီပိုက်ဆံလည်း မေမေ ခုနကတင် အကုန်ဆပ်ပြီးသွားပြီ” လျန်ဝမ်ကျွင်းက အမြန်ထပြောလာ၏ ။

……………………………………………………………....................

စာစဉ် ၆၈၊ အခန်း ၂၄။  ကျိုးကြောင်းဆီလျော်တာအကြောင်း ပြောကြမလား

“အဟက် ငါ စောစောက ပြောပြီးပြီလေ ။
၁၀၀၀၀ က အရင်း ဒီအိမ်ကြီးက အဲ့ဒီအရင်းငွေ ပဲ”

ရီဝမ်ဝမ်သည် သူ့ကို ကြည့်ကာ မေးလိုက်သည် ။

“ဒီတော့ အရင်းငွေ ၁၀၀၀၀ က ဒီစံအိမ်ကြီးတစ်အိမ်လုံးနဲ့ ဆပ်ဖို့ လိုတယ်လို့ ပြောနေတာလား”

“ဟုတ်တယ် .. ငါတို့က ငွေတိုးချေးစားတဲ့သူတွေလေ ။ ငွေတိုးချေးစားသူတွေဆိုတာက ဘာလဲ မသိလို့လား ။
ဒါဆို အကျိုးအကြောင်း ဆီလျော်တယ်မလား”
ထိုလူကြီးက သူမကို ကြည့်လာသည် ။

“အလဲ့ ခင်ဗျားက ကျွန်တော့်ထက်တောင်မှ ပိုပြီး ကောက်ကျစ်သားပဲ”

ခုနစ်စင်ကြယ်မှာ ထိုယောကျာ်းအား ချီးကျူးမိသွား၏ ။

လွတ်လပ်သောနယ်မြေထဲတွင် သူတို့၏ဖိန့်ဖိန့်တုန်ဂိုဏ်းက တော်တော်လေးကို ကောက်ကျစ်နေလေပြီ ။ သို့သော်
သူတို့ထက် ပိုပြီး ကောက်ကျစ်ပွေလီသူ တရုတ်ပြည်တွင် ရှိနေခြင်းက သူ့အား အံ့အားသင့်မိစေ၏ ။

ချေးထားမိသည့် ၁၀၀၀၀ က စံအိမ်ကြီးတစ်လုံးစာ တန်ဖိုး ရှိသည်တဲ့လား ။

“ရှင် တွေးတဲ့အတွေးက တော်တော့်ကို ကျိုးကြောင်း ညီညွတ်ပါတယ်” ရီဝမ်ဝမ် ခေါင်းညိတ်လိုက်သည် ။

သူမ၏စကားကြောင့် အားလုံး အံ့အားသင့်သွားကြ၏ ။ လျန်ဝမ်ကျွင်းသည်ပင် တော်တော်လေး အံ့အားသင့်မိသွားပြီး ရီဝမ်ဝမ်၏အတွေးတို့ကို လိုက်လို့ မမှီတော့ပါချေ ။

“ရပါတယ် ဒီအိမ်ကို ရှင်တို့ကို ပေးလိုက်မယ်”
ရီဝမ်ဝမ်က ပြုံးကာ ပြောလိုက်သည် ။

“ဟားဟား မင်းက တော်တော်လေးကို နားလည်မှု ရှိသားပဲ” ထိုယောကျာ်းကြီးက ပြောလာသည် ။
“ငါတို့ကို ဒီအိမ်ပေးလိုက်ပြီ ဆိုမှတော့ ထွက်သွားတော့ ပြန်မလာနဲ့တော့”

“ထွက်သွားရမယ်လား … မလောပါနဲ့ဦး”
ရီဝမ်ဝမ်က ခေါင်းခါသည် ။

“မင်းမှာ တခြားတောင်းဆိုစရာ ရှိသေးလို့လား”

“ရှိတာပေါ့ ။ အခု ရှင့်ဘက်က ကျိုးကြောင်းဆီလျော်မှု
အကြောင်းကို ပြောပြီးသွားပြီဆိုတော့ အခု ကျွန်မတို့ဘက်က ကျိုးကြောင်းဆီလျော်မှုအကြောင်းကို ပြောကြတာပေါ့”
ရီဝမ်ဝမ်၏ နှုတ်ခမ်းတို့မှာ တွန့်ကွေးလာပြီး
ကောက်ကျစ်သည့် အပြုံးလေးတစ်ပွင့် ဖြစ်တည်လာလေပြီ ။

“မင်းရဲ့ ကျိုးကြောင်းဆီလျော်မှုလား”
ထိုလူကြီးမှာ အံ့အားသင့်သွားသည် ။

သူတို့မှာ ဘယ်လိုကျိုးကြောင်းဆီလျော်မှုများ ရှိမှာမို့လို့လဲ ။

“ရှင်က အကြွေးလေးတစ်ခုအတွက်နဲ့ ကျွန်မအမေကို
ထိုင်ခုံမှာ ကြိုးနဲ့ ချည်တုပ်ထားတယ် ။ ကျွန်မအမေနဲ့ ကျွန်မ
အရမ်းကို ကြောက်သွားရလို့ စိတ်ထဲမှာ အရိပ်မည်းကြီး စွဲထင်သွားရတဲ့အတွက် လျော်ကြေး သန်း ၁၀၀ ပေးရမယ် ။
ဒါက ကျွန်မတို့ရဲ့ ကျိုးကြောင်းဆီလျော်မှုပဲ”
ရီဝမ်ဝမ် ပြန်ဖြေလိုက်သည် ။

ထိုယောကျာ်းကြီးတို့ အဖွဲ့မှာ တောင့်တောင့်ကြီး ဖြစ်သွားကြ၏ ။

စံအိမ်ကြီးထဲတွင် ချက်ချင်း ပွက်လောရိုက်သွားသည် ။

“ခလေးမ … မင်းမှာ ဒီလိုတောင်းရအောင် ဘာအဆင့် ရှိလို့လဲ”

“အဆင့်လား” ရီဝမ်ဝမ်က ပြန်ထေ့သည် ။
“ကျွန်မတို့က ဓားပြတွေမို့လေ”

“ဟားဟားဟား မင်းတို့လို ပျော့တိပျော့ဖတ်လေး တွေကလား”
ထိုယောကျာ်းကြီးမှာ ပြုံးဖြီးနေလေသည် ။

သို့သော်ငြား သူ့စကားအဆုံးတွင် တတိယအကြီးအကဲ၏ မျက်နှာမှာ မည်းပုတ်သွားပြီး လက်တစ်ဖက်ဖြင့် ထိုယောကျာ်း၏မျက်နှာကို ဖောင်းခနဲ ထိုးပစ်လိုက်တော့၏ ။

တခနအကြာတွင် ထိုယောကျာ်းသည် အနောက်ကို လွင့်ပျံသွားပြီး နံရံကို အားပြင်းပြင်းဖြင့် ဝင်ဆောင့်သွားတော့သည် ။

“ဟားဟား ညီမလေး အပြင်သွားနေရအောင်ပါ”

ပထမအကြီးအကဲသည် လျန်ဝမ်ကျွင်းဆီကို လျှောက်သွား ကာ စံအိမ်အပြင်ဘက်ကို ခေါ်ထုတ်သွားပေး၏ ။

“တတိယအကြီးအကဲ ကြည့်ဦး ခင်ဗျား ပထမအကြီးအကဲ ကို
ရှုံးသွားပြီ ။ ပထမအကြီးအကဲက ခင်ဗျားထက်ပိုပြီး စဉ်းစားပေးတတ်တယ် ခေါင်းရှိတယ်ဗျ”
ခုနစ်စင်ကြယ်က ထလှောင်လေသည် ။

တတိယအကြီးအကဲက သူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်ပစ်လိုက်၏ ။

“မင်းလို ငတုံးကများ ငါ့ကို ခေါင်းမရှိဘူး လာပြောနေ သေးတယ်”

ခုနစ်စင်ကြယ် ။ “…”

ပထမအကြီးအကဲက သူ့ကို ကျောသွားပြီ ဆိုသည့် ခံစားချက်က တလိမ့်လိမ့်မို့ တတိယအကြီးအကဲမှာ ရှိသမျှဒေါသတွေအကုန်လုံးကို ထိုချစ်တီးများပေါ် ပုံချပစ်လိုက်တော့သည် ။

တခနအတွင်း ထိုချစ်တီးများအားလုံး ချောင်တစ်ချောင်တွင် လူးလှိမ့်နေကာ အသက်ပင် ကျယ်ကျယ် မရှူဝံ့တော့ပေ ။

အဲ့အဘိုးကြီးက မိစ္ဆာကြီးများလား .. ။

“မင်း … မင်း …”

နှုတ်ခမ်းတို့ သွေးတို့ စိုနေသည့် ထိုယောကျာ်းကြီးမှာ
ရီဝမ်ဝမ်တို့အဖွဲ့ကို ကြည့်ပြီး မျက်နှာတစ်ခုလုံး ဖြူရော်သွား၏ ။

ငါ ဘယ်လိုမိစ္ဆာကြီးကို သွားရန်စမိတာလဲ ။ သေခါနီးအဘိုးကြီးကတောင် ငါ့လူတွေကို ကလေး ကစားသလို အသာလေး ရိုက်ပစ်လိုက်နိုင်တယ်လား ။

…………………………………………………………………….............

စာစဉ် ၆၈၊ အခန်း ၂၅။ ကျေးဇူးမတင်မချင်း ရိုက်

“ဘယ်လိုလဲ .. ကျွန်မ ရှင့်ကို ဒီအိမ်ပေးလိုက်မယ်လေ ။ ဒီအိမ်တန်ကြေးကို သန်း ၅၀ ပဲ ထားပေးပါ့မယ် ။
ရှင် ကျွန်မတို့ကို ပေးရမယ့်ငွေက သန်း ၁၀၀ ဆိုတော့ ..
ဒါဆို ကျွန်မက ဒီအိမ်ကို ရှင့်ဆီကနေ ပြန်ယူလိုက်မယ် ဆိုရင် ကျွန်မကို ပေးရမယ့် လျော်ကြေး သန်း ၁၀၀ ထဲကနေ အိမ်တန်ဖိုး သန်း ၅၀ ကို နှုတ်လိုက် ။ ဒါဆို ရှင် ကျွန်မတို့ကို သန်း ၅၀ ပဲ ပေးရတော့မယ် ။
ဒါက ကျိုးကြောင်းဆီလျော်တယ်မလား ဟမ်”

ရီဝမ်ဝမ်သည် ခပ်ပြုံးပြုံးလေး ပြုံးကာ ထိုယောကျာ်းကြီးအား ပြောလိုက်သည့်အခါ ထိုယောကျာ်းမှာ သွေးအန်သွားရ၏ ။

“ပေါက်တတ်ကရ ချီးစကားတွေချည်းပဲ
မင်း သေချင်နေတာလား”

“မင်းပဲ သွားသေပါလားကွ”

ခုနစ်စင်ကြယ်သည် ထိုယောကျာ်း၏ ခေါင်းကို အားပြင်းပြင်းဖြင့် ဆောင့်ကန်ပစ်လိုက်ချေပြီ ။

“ငါ မင်းကို ညှာတာပေးတာကို ကျေးဇူးတင်စမ်း ..
မဟုတ်လို့ကတော့ မင်းခေါင်း အစိတ်စိတ်အမွှာမွှာ ကွဲသွားအောင်ကို မင်းအဘိုး ငါက ကန်ပစ်လိုက်မယ် သိလားကွ”

ခုနစ်စင်ကြယ်သည် ထိုယောကျာ်းကို စူးစူးရဲရဲကြည့်ကာ …

“မင်းကများ အစ်မဖန်းရဲ့ အိမ်ကို လာပြီး ဓားပြတိုက်ရဲ သေးတယ် ။ မင်းတို့ကမှ သေချင်နေတာလား ဟမ်”

“ကျွန် .. ကျွန်တော်တို့ ကျွန်တော်တို့ ဓားပြတိုက်တာ မဟုတ်ပါဘူး .. ကျွန်တော်တို့က ငွေတိုးချေးစားတဲ့သူတွေပါ”
ထိုယောကျာ်း၏ ငယ်သားတစ်ယောက်က ကြောက်လန့်စွာ ဖြင့် ထငြင်းဆိုသည် ။

“ကဲကွာ ဆင်ခြေလာပေးချင်ဦး”

ခုနစ်စင်ကြယ်သည် ထိုလူငယ်လေး၏ ပါးစပ်ကို ဖြတ်ရိုက်ချပစ်လိုက်လေပြီ ။

ထိုလူငယ်လေးမှာ အရိုက်ခံလိုက်ရသဖြင့် ချက်ချင်း ဟိုဘက်လှည့်သွားပြီး စကားတစ်ခွန်းမှ ထပ်မပြောလာရဲတော့ ။

“ရှင် ကျွန်မတို့ကို သန်း ၅၀ အကြွေးပေးရဦးမယ်နော် မှန်လား” ရီဝမ်ဝမ်က ပြုံးရွှင်ကာ မေးလိုက်သည် ။

ထိုယောကျာ်းကြီးမှာ အံကို ကြိတ်ကာ ခေါင်းညိတ်လိုက်ရ၏ ။
“မှန်ပါတယ် .. ပြောသမျှ အကုန်လုံး မှန်ပါတယ်”

“ကြယ်ခုနစ် .. နောက်ကျရင် သူ ငြင်းလို့ မရအောင်လို့ အကြွေးစာရင်းကို ချရေးခိုင်းလိုက်”

ရီဝမ်ဝမ်က ကြယ်ခုနစ်ကို ကြည့်လိုက်သည်တွင် ကြယ်ခုနစ်သည် ဘောပင်တစ်ချောင်းနှင့် စာရွက်တစ်ရွက်ကို ချက်ချင်း သွားရှာကာ ထိုယောကျာ်းအား ရေးခိုင်းပြီး လက်ဗွေရာ ချန်ခိုင်းတော့သည် ။

“တခြားဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ သွားတော့မယ်နော်” ထိုယောကျာ်းက ပြောလာ၏ ။

“မလောပါနဲ့ဦး” ရီဝမ်ဝမ် ပြုံးလိုက်သည် ။
“ရှင်တို့ကို ဒီကို ဘယ်သူ လွှတ်လိုက်တာလဲ”

ထိုလူများ၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူ
တစ်ယောက်ယောက် မရှိပါဘဲနဲ့
သူတို့သည် ထိုမျှ ရဲတင်းကြလိမ့်မည် မဟုတ်ပေ ။

“ဘယ်သူမှ ကျွန်တော်တို့ကို မလွှတ်ပါဘူး”
ထိုယောကျာ်းက ချက်ချင်း ခေါင်းခါသည် ။

“ခုနစ်စင်ကြယ် သူ ထုတ်မပြောမချင်း ရိုက်စမ်း”
ရီဝမ်ဝမ် အမိန့်ပေးလိုက်လေပြီ ။

“ဟဲဟဲ စိတ်သာချ အစ်မဖန်း ကျွန်တော်က အဲ့နေရာမှာ တော်ပြီးသား”

ခုနစ်စင်ကြယ်သည် လည်ကို ချိုးလိုက်ပြီး ပြုံးဖြီးလာကာ ထိုယောကျာ်းကြီး၏ လည်ကုတ်ကနေ မ တော့လေပြီ ။

“မ မ မလုပ်ပါနဲ့ ပြောပါမယ် ပြောပါမယ် ။
ရီ မိသားစုပါ ကျွန်တော်တို့ကို လုပ်ခိုင်းတာက ရီယီယီပါ”

ထိုယောကျာ်းသည် ထပ်အရိုက်မခံရရေးအတွက်
ရီယီယီအား ရောင်းစားပစ်လိုက်လေပြီ ။

“စီအီးအို ရီ က ပြောတာပါ ။ ဒီစံအိမ်ကြီးကို ကျွန်တော်တို့ ယူလိုက်တာနဲ့ သူလည်း ကျွန်တော်တို့ကို ပိုက်ဆံဒီလောက် ထပ်ပေးမယ်တဲ့ ။ သူ့ရည်ရွယ်ချက်က မင်းရဲ့မိသားစုကို ငြိမ်းငြိမ်းချမ်းချမ်း မနေရစေဖို့နဲ့ မင်းအမေကို ခွက်ဆွဲပြီး
တောင်းစားရတဲ့ ဘဝကို ရောက်သွားစေချင်တယ်တဲ့”

ထိုယောကျာ်းကား သိထားသမျှ အကုန်ကို အိတ်သွန်ဖာမှောက် ထုတ်ပြောသွားလေပြီ ။

“ရီ ယီ ယီ … ”

ရီယီယီမှန်း သိလိုက်ရချိန် ရီဝမ်ဝမ်၏မျက်ဝန်းတို့ကနေ
အေးစက်ရိပ်တို့ ဖြာထွက်လာရတော့၏ ။

ထိုမိသားစုသည်ကား ယင်ကောင်များလို ပြုကျင့်တတ်ကြပေသည် ။ သူမသည် သူတို့ကို ကလဲ့စားချေဖို့ မလုပ်သေးတာတောင်
သူတို့က ဆက်တိုက် လာလာခလုတ် တိုက်နေလေသည် ။

“သွားစမ်း နောက်တစ်ခါ ထပ်တွေ့လို့ကတော့ ဒီထက်ပိုဆိုးမယ်မှတ်”

ခုနစ်စင်ကြယ်သည် ထိုယောကျာ်းကြီးအား တံခါးဘက်ဆီ ကန်ထုတ်ပစ်လိုက်၏ ။

ထိုတွင် တခြားသောလူငယ်များလည်း ထိုယောကျာ်းနောက်ကနေ ပြေးထွက်သွားကြတော့သည် ။

တခနကြာသော် ပထမအကြီးအကဲသည် လျန်ဝမ်ကျွင်းအား
အိမ်ထဲကို ပြန်ခေါ်လာ၏ ။

“ဟားဟား စိတ်မပူပါနဲ့လို့ ညီမလေးကို မပြောဘူးလား ။
ကြည့်လေ အခု ဖြေရှင်းပြီးသွားကြပြီ”
ပထမအကြီးအကဲသည် ပြုံးကာ နှစ်သိမ့်ပေးလိုက်သည် ။

လျန်ဝမ်ကျွင်းသည် ရီဝမ်ဝမ်ဆီကို လျှောက်သွားလိုက်ပြီး
သူမအား အပြန်ပြန်အလှန်လှန် ကြည့်နေသည် ။

“ဝမ်ဝမ် .. ဘာဖြစ်သွားသေးလဲ ။
ဟိုလူတွေ ဘယ်ရောက်သွားပြီလဲ”

“မေမေ ပြသနာကို ဖြေရှင်းပြီးသွားပါပြီ ။ စိတ်မပူနဲ့ တော့နော်” ရီဝမ်ဝမ်သည်လည်း ခပ်ပြုံးပြုံးလေး ပြန်ပြောလိုက်သည် ။

မတွေ့ရတာ လပိုင်းလေးသာ ရှိသေးသော်လည်း လျန်ဝမ်ကျွင်းမှာမူ ရှိရင်းစွဲရုပ်ရည်ထက် ၁၀ နှစ်လောက်ကို ပိုအိုစာသွားခဲ့ပြီမု့ိ ရီဝမ်ဝမ်၏ရင်ထဲ တဆစ်ဆစ် နာကျင်မိရ ၏ ။

ဟိုလူတွေ ထွက်သွားရခြင်းအကြောင်းပေါ် လျန်ဝမ်ကျွင်း
နားမလည်နိုင် ဖြစ်မိရသော်လည်း ထပ်ကာ မေးမနေတော့ဘဲ ရီဝမ်ဝမ်ကိုသာ ကြည့်ကာ ဒဏ်ရာရမရ ကြည့်နေမိ၏ ။

…………………………………………………………………................

စာစဉ် ၆၈၊ အခန်း ၂၆။  ဖေဖေ နဲ့ ကိုကို့ကို သွားတွေ့ပြီ

"ဝမ်ဝမ် .. ရှေ့လတွေက ဘယ်တွေ ရောက်နေတာလဲ"
တခနအကြာတွင် လျန်ဝမ်ကျွင်း မေးလိုက်တော့၏ ။

"ဟားဟား အဲ့ဒါက ကျွန်တော်တို့ ဝမ်ဝမ်နဲ့ အလုပ်ခရီး ထွက်နေလို့ အလုပ်အရမ်းများနေကြတာပါ ။ ဝမ်ဝမ်ကတော့ ပြန်လာမယ်တကဲကဲ လုပ်နေခဲ့တာပါ ဒါပေမယ့် သိတဲ့အတိုင်းပဲ အလုပ်မှာက ဝမ်ဝမ်ပေါ်ပဲ မှီခိုနေရတာ ဆိုတော့ ဘယ်လိုမှကို လာလို့ မဖြစ်ဘူး ဖြစ်နေတာ ။ ကြည့်လေ ကျွန်တော်တို့ အခု အချိန်ရတာနဲ့ ချက်ချင်းကို ပြန်ချလာတာပဲ မဟုတ်ဘူးလား" ပထမအကြီးအကဲသည် ရီဝမ်ဝမ်အစား ဝင်ဖြေပေးလိုက်သည် ။

"ဒီတစ်ချိန်လုံး ဝမ်ဝမ့်ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် ။ ဒီလောက် စကားတွေ အများကြီး ပြောလာရတော့ ရှင်က အသိပညာ ကြွယ်တဲ့သူလို့ ခံစားမိပါတယ် ရှင့်ကို လေးစားမိပါတယ်ရှင် ။ ရှင်တို့နဲ့ ဝမ်ဝမ်
အလုပ်တွဲလုပ်နေတာကို သိရတော့ စိတ်လဲ အေးမိပါပြီ"
လျန်ဝမ်ကျွင်းက ပထမအကြီးအကဲကို ပြောလိုက်သည် ။

"ညီမလေး စိတ်အေးအေးထားပြီးသာ နေ ။
ကျွန်တော်တို့က စီးပွားရေးလက်တွဲဖော်တွေပဲဟာ တစ်ယောက်နဲ့တစ်ယောက်ကို ယုံကြည်ရတာပေါ့ ။
စီးပွားရေးကလည်း အရမ်းကောင်းတယ် အခုကစပြီးတော့
ညီမလေး ဇိမ်ကျကျနဲ့ နေရတော့မယ်သာ မှတ်လိုက်တော့" တတိယအကြီးအကဲသည် အောက်ကျမခံ ဝင်ပြောတော့ လေပြီ ။

"ကောင်းတယ် ကောင်းတယ် သိပ်ကို ကောင်းတယ် ။
အားလုံးကို ကျေးဇူးတင်ပါတယ် ။ ဒါနဲ့ ရှင်တို့က
ဘာစီးပွားရေး လုပ်ကြတာလဲ"
လျန်ဝမ်ကျွင်းက သိလိုစွာ မေးကြည့်လိုက်၏ ။

"အန်တီလေး ကျွန်တော်တို့က အရင်းအနှီးမလိုတဲ့ ကုမ္ပဏီအကြီးကြီးတစ်ခုကို ဖွင့်ထားတာ ၊ ဓားပြတိုက်တယ် ၊
ခိုးတယ် ၊ လုတယ် ရသမျှ အကုန်လုပ်တယ် ။ အရင်တုန်းကတော့ လက်နက်တွေပါ ရောင်းဦးမလို့ပဲ ဒါပေမယ့် မလုပ်ရဲလို့သာ ။
အဲ့ဒါသာ လုပ်နိုင်လို့ကတော့ ဒီထက်တောင်မှ ပိုက်ဆံတွေအများကြီး ရှာနိုင်ဦးမှာ"  ခုနစ်စင်ကြယ်က ဗြုန်းခနဲ ဝင်ပြောလာလေသည် ။

ရီဝမ်ဝမ် ။ "…"

ပထမအကြီးအကဲ ။ "…"

တတိယအကြီးအကဲ ။ "…"

ကြယ်ခုနစ် ။ "…"

ခုနစ်စင်ကြယ်၏ စကား ထွက်လာပြီးနောက်
တစ်ခန်းလုံး တိတ်ကျသွားတော့သည် ။

"ဘာဖြစ်လို့လဲ ကျွန်တော် ပြောတာ မှားလို့လား"
ခုနစ်စင်ကြယ်က မေးလာသည် ။

"ဟားဟား .. ညီမလေး ဒီသူငယ်ချင်းက ကျွန်တော်တို့ထဲမှာ အရွှတ်နောက်ဆုံးပဲ ဟာသတွေ လျှောက်ပြောရတာကို အရမ်းသဘောကျတာ"

ပထမအကြီးအကဲက ရယ်မောကာ ပြောရသည် ။

ခုနစ်စင်ကြယ်မှာ ပြန်ငြင်းဖို့ ပါးစပ်ပြင်လိုက်သော်လည်း
ရီဝမ်ဝမ်ဆီက နဂါးမျက်စောင်းကြီးကြောင့်
ပါးစပ်ပိတ်သွားရ၏ ။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ကျွန်တော်က စနောက်ရတာ ကြိုက်တယ် ။ တစ်ခါကလည်း ကျွန်တော် လပေါ်ကို သွားဖို့ ဒုံးကျည်တစ်စီး ဆောက်ချင်ခဲ့ဖူးသေးတယ် ဟားဟားဟား"

ခုနစ်စင်ကြယ်သည်လည်း အနေရကြပ်ကြပ်ဖြင့် ရောသောပေါသော ရယ်မောချလာသည် ။

ထိုတော့မှ လျန်ဝမ်ကျွင်းမှာ စိတ်အေးသွားပြီး
ခုနစ်စင်ကြယ်ကို ကရုဏာသက်စွာ ကြည့်လာတော့သည် ။

"ကလေး အချင်းချင်းတွေရှေ့မှာ ရွှတ်နောက်နောက်လုပ်တာက အကြောင်းမဟုတ်ပေမယ့် လူတိုင်းရှေ့မှာတော့ ဒီလို လျှောက်လျှောက်မပြောရဘူးနော် ။ လူတွေက အတည်ကြီးမှတ်သွားကြရင် သား ဒုက္ခရောက်လိမ့်မယ်"

"ဟုတ်ကဲ့ အန်တီပြောတာ မှန်ပါတယ် ။
ကျွန်တော် ထပ်ပြီး ရွှတ်နောက်နောက် မလုပ်တော့ဘူး"
ခုနစ်စင်ကြယ်မှာ ချက်ချင်း ခေါင်းညိတ်လာသည် ။

"အားလုံးလည်း ခရီးပန်းလာရောပေါ့ ၊
အိမ်မှာ နေ့လည်စာ စားသွားကြပါလား ။
ဒေါ်လေး အခုပဲ လိုတာလေးတွေ သွားဝယ်လိုက်မယ်"
လျန်ဝမ်ကျွင်းမှာ ရီဝမ်ဝမ် ပြန်လာလို့ အလွန်အကျူးကို စိတ်အားတက်ကြွနေရ၏ ။

"သမီးလည်း မေမေနဲ့ လိုက်ခဲ့မယ်"

ရီဝမ်ဝမ်သည် ထရပ်လိုက်ပြီး သူမနောက်ကနေ လိုက်သွား၏ ။

ထမင်းစားပွဲတွင် လျန်ဝမ်ကျွင်းက ရီဝမ်ဝမ်ကို ကြည့်လာသည် ။

"ဟုတ်သားပဲ ဝမ်ဝမ် သမီးရဲ့ ကောင်လေးရော ဘယ်ရောက်နေတာလဲ"

ကောင်လေး .. ။

တခြားသောလူလေးယောက်မှာ ရီဝမ်ဝမ်ဘက်ကို
ချက်ချင်း လှည့်ကြည့်လာကြသည် ။

ဂိုဏ်းချုပ်ထံတွင် ကောင်လေးရှိနေမှန်း သူတို့ ဘာကြောင့် မသိခဲ့ကြသနည်း ။

ရီဝမ်ဝမ်သည်ကတော့ လျန်ဝမ်ကျွင်း စိတ်မပူရစေဖို့အတွက် သေချာတွေးကြည့်ပြီး ရှင်းပြလိုက်တော့သည် ။

"သူက ဒီနိုင်ငံမှာ မဟုတ်ဘူး မေမေရဲ့ ။
အလုပ်ကိစ္စနဲ့ နိုင်ငံခြား ရောက်နေတယ်"

လျန်ဝမ်ကျွင်းမှာ မျက်မှောင်ကြုတ်သွားသည် ။
သူမ၏သမီးသည် သူမကို တစ်ခုခု ထိန်ချန်ထားသလိုလို
သူမ ခံစားမိနေ၏ ။

ဝမ်ဝမ်က သူ့ကောင်လေးနဲ့ ပြတ်သွားတာများလား ။
ဟိုတစ်ခေါက်က ဝမ်ဝမ် ပြောသလိုဆို သူ့ကောင်လေးက
စီ ကော်ပိုရေးရှင်းက ဝန်ထမ်းလေးတစ်ယောက်ပါ ။ ဝန်ထမ်းတစ်ယောက်က အလုပ်ခရီး ထွက်စရာ
ဘာအကြောင်း ရှိမှာလဲ ။

သို့သော်လည်း လျန်ဝမ်ကျွင်းသည်
ရီဝမ်ဝမ် မပြောပြချင်နေတာကြောင့်
ထပ်ပြီး အကျယ်ချဲ့ကာ မမေးနေတော့ပေ ။

နေ့လည်စာ အတူတူ စားကြပြီးနောက် ရီဝမ်ဝမ်သည် ထိုလေးယောက်အား အိမ်တွင် တည်းခိုင်းလိုက်၏ ။
ပထမအကြီးအကဲ နှင့် တတိယအကြီးအကဲ အား
ခုနစ်စင်ကြယ်ကို သေချာစောင့်ကြည့်ထားဖို့ မှာထားလိုက်ပြီး
သူ့ပါးစပ်သရမ်းတာနဲ့ ချက်ချင်းတားဖို့ မှာထားခဲ့ပြီးနောက် သူမသည်ကတော့ နေကာမျက်မှန်ကြီးကို တပ်ကာ
ရီမူဖန်နှင့် ရီရှောင်ထင်းတို့ ရှိနေသည့် အကျဉ်းထောင်ဆီ
သွားတွေ့လေပြီ ။

……………………………………………………………......................
ဒီဝတ္ထုလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် like and comment လုပ်ဖို့ မမေ့နဲ့နော် 😘😘😘😘😘

စာစဉ် ၆၈ ပြီးပါပြီ ။

ကြိုတင်ဖတ်ရှုလိုပါက စာစဉ်တစ်ခုကို ၅၀ဝ နဲ့ paid group မှာ ဖတ်ရှုလို့ ရပါပြီရှင် ။
ဘေလွှဲရမယ့်နံပတ်လေးကတော့ 09402842937 ပါ ။ ကောင်းသောညချမ်းလေး ဖြစ်ကြပါစေ 😘

Continue Reading

You'll Also Like

2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း