The Flawless Bachelors [FB4]

By Amera_Khoon

21.3K 1.5K 209

FB4 ဆိုတဲ့ ကောင်ချောလေး ၄ယောက်ပါတဲ့ boy band တစ်ခု 💙 FB4 ဆိုတဲ့ ေကာင္ေခ်ာေလး ၄ေယာက္ပါတဲ့ boy band တစ္ခု 💙 S... More

Intro
FB4 - 1
FB4 - 2
FB4 - 3
FB4 - 4
FB4 - 5
FB4 - 6
FB4 - 7
FB4 - 8
FB4 - 9
Fb4 - 10
Fb4 - 11
Fb4 - 12

Fb4 - 13

1.2K 115 27
By Amera_Khoon

(Unicode)

ကိုခမ်းက bar ၏ အပြင်ဘက်ရှိ မှောင်ရိပ်ကျနေသောနေရာမှာ ရပ်နေပေမဲ့ သူကတော့ ချက်ချင်းတန်းတွေ့သည်။ ၈နာရီဆိုသည့်အချိန်က သည်လိုနေရာမျိုးမှာတော့ လူသွားလူလာစည်ကားနေလျက်ရှိပြီး မီးရောင်စုံများနှင့် ထိန်လင်းဆဲပင်။ ထို့ကြောင့် သူလည်း ထိုနေရာသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ 

" ကိုခမ်း မပြန်သေးဘူးလား"

" မင်းကို စောင့်နေတာလေ"

" ဗျာ...ကျွန်တော့်ကို"

သူ အမေးသဘောဖြင့် ပြန်ပြောလိုက်တော့ မိုးခမ်းဝါက ဝေ့လည်ကြောင်ပတ်နှင့် ပြန်ပြောလာသည်။

" မင်းပဲ စောနက မင်းအလုပ်ချိန်ဆို"

" ဒါဆို ကိုခမ်း ဒီကိုတကူးတကလာတာ ကျွန်တော့်ကို တွေ့ဖို့လား"

" ဘာ! မဟုတ်ဘူး"

" ဒါဆို ဘာလို့"

" မင်းက ဘာကောင်မို့ ငါ့ကို မေးခွန်းတွေ ထပ်ခါထပ်ခါထုတ်နေတာလဲ၊ ငါ မေးတာဖြေစမ်း"

" ဟုတ် ဟုတ်ကဲ့"

" ဟိုလူ ပြန်သွားပြီလား"

" ဘယ်လူ..."

" မျက်နှာပေါ်မှာ ကြွက်တွင်း၂ခုနဲ့ကောင်"

ဝေနှောင်း တစ်ချက်တွေခနဲ ဖြစ်သွားရပြီး မျက်မှောင်ကြုတ်ထားသည့်သူ့မျက်နှာကို နားမလည်သလို ပြန်မော့ကြည့်လိုက်တော့

" ကျော်ထွဋ်ခေါင်"

" ဟမ်..အဟက်"

ထိုအခါမှ ဝေနှောင်လည်း ခိုးရယ်လိုက်မိသည်။ ကိုကျော်ထွဋ်ခေါင်၏နာမည်ကြီးလှပါသော ပါးချိုင့်နှစ်ဖက်ကို သူ့အလှည့်ကျမှ ကြွက်တွင်းတဲ့။

" သူ ပြန်သွားတာ ကြာပြီထင်တယ်၊ မတွေ့တော့ဘူး"

" မင်း အခုအိမ်ပြန်မှာလား၊ ငါနဲ့ လိုက်ခဲ့"

" ဗျာ..."

" ငါ ဖူးငုံဆီကို သွားမလို့"

" ဪ..."

သူနှင့် လမ်းကြုံသည်ပဲ။ သည်လိုဆိုတော့လည်း လိုင်းကားတိုးစီးစရာ မလိုတော့ပါ။ သို့ရာတွင် ထုံစံအတိုင်း ကားမောင်းသူနေရာ၌ ထိုင်နေသောသူ့ဘေး၌ ဝင်ထိုင်လိုက်တော့သည်။ ပြန်လမ်းတစ်လျှောက်လည်း စကားမပြောဖြစ်ကြ။ သည်နေ့လည်း သူ ခိုးထွက်လာပုံ ရသည်။ အရင်က အိမ်နားကို လာနေတာ လူသိပ်မသိပေမဲ့ အခုလို bar အထိ ရောက်လာတော့ သူတို့အဖွဲ့ fan တွေနှင့်တိုးလျှင် ဒုက္ခရောက်မည်။ ဘယ်လောက်ပဲ ရုပ်ဖျက်ထားသည်ဆိုဦးတော့ သူ့ခန္ဓာကိုယ်အရပ်အမောင်းက သာမန်ယောကျ်ားများနှင့်မတူ။  

" ရောက်ပြီ"

" ကျေးဇူးပါ ကိုခမ်း၊ ကျွန်တော် ဖူးငုံကို အသိပေးလိုက်ပါ့မယ်"

" အင်း ကျေးဇူး"

ထို့နောက် သူ ကားပေါ်မှ ဆင်းဖို့အလုပ် သူ့လက်ကို ဖပ်ခနဲ လှမ်းဆွဲသည်။

" နေဦး"

" ​ဘာလို့လဲ ကိုခမ်း"

" အလုပ်က ထွက်လိုက်တော့"

" ဟမ်...ကိုခမ်း ကျွန်တော့်ကို အလုပ်ထုတ်တော့မှာလား၊ မလုပ်ပါနဲ့ ကိုခမ်းရာ"

" မဟုတ်ဘူး! မင်း အဲ့ဒီ bar မှာ လုပ်နေတာ ထွက်လိုက်တော့လို့ ပြောတာ"

" ဟင် အဲ့ဒီလိုတော့မဖြစ်၊ အဲ့ဒီမှာက အချိန်နည်းနည်းပဲလုပ်ရပေမဲ့ ပိုက်ဆံလည်း များများရတယ်"

" မင်း အဲ့ဒီလောက်ငွေမက်နေလား!"

သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်ထားသောလက်တစ်ဖက်က ပိုတင်းကျပ်သွား၍ နာသွားရသည်။ ဖိအော်လိုက်သည့်အသံကြောင့်လည်း စိတ်မကောင်းဖြစ်မိသည်။ ကိုခမ်းတို့လို ပြည့်စုံနေသည့်သူအတွက် ငွေက သိပ်အရေးမကြီးပေမဲ့ သူ့အတွက်တော့ အမြဲလိုလိုပူပန်နေရသည်။

" ငါ ပေးမယ်"

" မပေးပါနဲ့၊ ကျွန်တော့်ပါကျွန်တော် အလုပ်လုပ်ပါ့မယ်"

" မင်း အဲ့သည့်အလုပ် သိပ်လုပ်ချင်နေတာလား! ဘာလဲ၊ ဟိုကြာကူလီကောင်ကြောင့် သာယာနေတာမလား"

" ကိုခမ်း! ကိုခမ်းစကားတွေ လွန်လာပြီနော်၊ ကျွန်တော်က ယောကျ်ားချင်းဘာသာယာရမှာလဲ"

" အေး မင်းက မသာယာပေမဲ့ ဟိုကောင်က သာယာတယ်"

" အဲ့ဒါ ကျွန်တော်နဲ့ မဆိုင်ဘူး၊ ကျွန်တော့်အလုပ် ကျွန်တော်လုပ်တာ၊ ကိုခမ်း ကျွန်တော့်လက်ကို လွှတ်ပေး၊ ကျွန်တော် ပြန်တော့မယ်"

" မင်း ဘဝပျက်ချင်နေတာလား!!"

ဒေါသထွက်ထွက်နှင့် အော်ဟောက်လိုက်တော့ တစ်ချက်တုန်သွားသည်။ သူ အလုပ်လုပ်နေသည့်နေရာက ဘယ်လောက်အန္တာရယ်များသလဲ မသိဘူးလား။ ပြီးတော့ ဟိုလူ့နောက်ကြောင်းကို ကိုနေခဆီမှ ကြားထားပြီးသား။ အဲ့သည့် bar မှာလည်း နာမည်အပျက်ရှိနေတာ။ သူ့ fan တွေတောင် သူ့အကျင့်ဆိုးတွေ သိသွားကြ၍ fandom ပြောင်းသွားသူမနည်း။

" ကိုခမ်း...ကိုခမ်းက ကျွန်တော့်အလုပ်ရှင်ဆိုပေမဲ့ ကျွန်တော့်ကိုယ်ပိုင်ချိန်တွေကိုတော့ မပိုင်ဘူးလေ၊ ကိုခမ်း ကျွန်တော့်ကို ကြောက်တတ်တယ်ဆိုပြီး အနိုင်မကျင့်ပါနဲ့"

" ငါ မင်းကို အနိုင်ကျင့်နေတာမဟုတ်ဘူး၊ မဖြစ်သင့်တာ မဖြစ်ရအောင် တားနေတာ၊ မင်း ဘာလို့အဲ့ဒီလောက် တုံးရတာလဲ တောက်!"

" ဟုတ်တယ်! ကျွန်တော် တုံးတာ ကျွန်တော် အ,တာ ကျွန်တော်သိတယ်၊ ကျွန်တော့်အားနည်းချက်က ကိုခမ်းတို့အမြင်မှာ ရယ်စရာကောင်းနေတယ်မလား"

ပြောနေရင်း အသုံးမကျသည့်မျက်ရည်ကပါ ကျလာတော့သည်။ ဒါကြောင့် တစ်စုံတစ်ယောက်နှင့် စကားမများချင်တာ။ လူက ဒေါသထွက်လာလျှင် မျက်ရည်ပါကျလာပြီး ပျော့ညံ့သည့်ကောင်လို အရှက်ကွဲရရော။ ထိုအချက်တွေကြောင့် ဘယ်သူက ဘာစကားပြောပြော သူ အမြဲခေါင်းငုံ့ခံခဲ့သည်။

" မင်းက တကယ့်ကြေးစည်ပဲ၊ ဘာပြောပြော ဒူဝေဝေဖြစ်နေတာ"

" အဲ့ဒါ ကိုခမ်းနဲ့ ဘာဆိုင်လို့လဲ၊ ကိုခမ်းကို ကျွန်တော့်ဘယ်အချက်ကများ နစ်နာစေလို့လဲ"

နှုတ်သီးကောင်းလျှာပါးနှင့် ပြန်ရန်တွေ့နေလေတော့ ခမ်းလည်း ပိုဒေါသထွက်လာရသည်။ တကယ်ပဲ စေတနာက ဝေဒနာဖြစ်ရရော။

" ဟိုကောင် ဖာခေါင်းမို့လို့ မင်းကို ပြောနေတာ! ဆင်း! အခုချက်ချင်း ငါ့ကားပေါ်က ဆင်း! ကျက်သရေမရှိတဲ့ မင်းမျက်နှာကို ငါ နောက်ထပ်မမြင်ချင်တော့ဘူး၊ နောက်နေ့ ငါ့ရှေ့ပေါ်မလာနဲ့"

သူလည်း ဒေါပွနေသည့် မိုးခမ်းဝါ၏တည်တင်းနေသော မျက်နှာကို မျက်ရည်မျက်ခွက်နှင့် နောက်ဆုံးကြည့်လိုက်ပြီး ကားပေါ်မှ ဆင်းလာခဲ့လိုက်သည်။ လမ်းထဲသို့ လျှောက်ဝင်လာတော့ ဖူးငုံတို့အိမ်ရှေ့သို့ ယောင်လည်လည်နှင့် အရိပ်အခြည်သွားချောင်းမိသည်။ ဖူးငုံကလည်း အိမ်ပေါက်ဝမှာ ထိုင်ရင်း TV ကြည့်နေရာမှ ဝေနှောင်းကို မြင်တော့ သူ့အဒေါ်အခြေအနေကို အကဲခတ်ပြီး အိမ်ရှေ့သို့ ဆင်းလာသည်။

" ကိုကြီးဝေနှောင်း ဘာကိစ္စရှိလို့လဲ"

" နင့်အစ်ကို လမ်းထိပ်မှာ"

" ဟင်...ကိုကို ရောက်နေတာလား"

" အေး မြန်မြန်သွားတွေ့လိုက်ဦး၊ သူ စောင့်နေတယ်"

" ဟုတ်ဟုတ်"

ထို့နောက် ဖူးငုံက သူ့မျက်နှာကို ပြန်တောင်မကြည့်ဘဲ ပြေးထွက်သွားလေသည်။ သည်မောင်နှမကို ကြည့်ရတာ သူ သနားမိသည်။ သွေးသားအရင်းအချာများဖြစ်ကြသော်ငြား အတူမနေရ။ သူနှင့် သူ့အမေကျတော့လည်း ဆင်းဆင်းရဲရဲ အတူနေကြရသည်။ ထပ်ပြီးတော့ လစာကောင်းသည့်အလုပ်မှလည်း အထုတ်ခံလိုက်ရပြန်သည်။ သူ့မှာ အလုပ်မြဲသည်ဟူ၍ မရှိ။ မနက်ကျလျှင်တော့ ခြေတိုအောင်လျှောက်ပြီး အလုပ်အသစ်ရှာရတော့မည်။

/~/

" ကျွန်တော့်ချစ်သူဖြစ်ပြီးကတည်းက ကျွန်တော့်ကို အရင်လို မျက်နှာညှိုးရင် မနေတတ်တဲ့ကိုကိုက သေသွားတဲ့အတိုင်းပဲ၊ ယောကျ်ားတွေ သိပ်အပြောင်းလဲမြန်လွန်းတယ်"

မနက်စာ ပြင်နေသည့်စွန်းကို ဘေးမှ ရပ်ကြည့်ပြီး ခနဲ့တဲ့တဲ့ပြောနေပြန်သည်။ သူ သည်နေ့ photo shooting တစ်ခုရှိ၍ ကိုမိုးထက်က လာခေါ်မည်ဖြစ်ကြောင်း စွန်း ကြားထား၏။ ကိုမိုးထက်ကပဲ နောက်ကျနေ၍လားမသိ။ သူကတော့ မသွားခင် စွန်းရိပ်ထင်ကို စိတ်အနှောက်အယှက်ဖြစ်အောင် လိုက်လုပ်နေသည်။ ကိုဉာဏ်ကလည်း reality show အတွက် နယ်ဘက်မှာ ဟိုတစ်နေ့ကတည်းက ရိုက်ကူးရေးသွားလုပ်နေရသည်။ ဒါကြောင့်လည်း အငယ်နှစ်ကောင်က လွတ်လပ်ရေးရနေတော့တာ။ ခမ်းဆိုလျှင် မနေ့ညက ညနက်မှ ပြန်လာသည်။

" ဆမ်"

သူတို့နှစ်ယောက်ရှိနေသော မီးဖိုခန်းထဲကို ခမ်းက ရုတ်တရက်ဝင်လာတော့မှ စွန်းရိပ်ထင်လည်း အသက်ရှူချောင်သွားသည်။ ခမ်းကလည်း ဆမ့်ကို ဘာပြောမလို့လဲ မသိ။ သူ့အခန်းဘက်သို့ ခေါ်ထုတ်သွား၏။ ဆမ်မင်းလတ်ကတော့ သူ့ကို ဆက်နှောက်ယှက်မရတော့၍ မျက်စိပျက်မျက်နှာပျက်နှင့် လိုက်သွားရှာသည်။

/~/

" ဘာပြောစရာရှိလို့လဲ ကိုခမ်း"

" အင်း ထိုင်ဦး"

ကိုခမ်းက အိမ်အပြင်ဘက်သို့ ငေးကြည့်နေသည်။ ကိုခမ်းတို့အခန်းက သူတို့အခန်းနှင့် မျက်နှာချင်းဆိုင်ဖြစ်ပြီး ကိုခမ်းတို့အခန်းက အိမ်ရှေ့ဘက်ဖြစ်၍ သူတို့အခန်းကကျ အိမ်နောက်ဘက်ဖြစ်သည်။ ထို့ကြောင့် ကိုခမ်းတို့အခန်း၏အိမ်ရှေ့ဘက်သို့ ကာထားသော နံရံဟာ မှန်အပြည့်ဖြစ်ပြီး နေရောင်ခြည်အပြည့်အဝရသည်။ ထိုနေရာမှာ နှစ်ယောက်အသုံးပြုလို့ရသည့် ခုံအဝိုင်လေးတစ်ဝိုင်းနှင့် ဖင်ထိုင်ခုံနှစ်လုံးရှိသည်။

သူလည်း ကိုခမ်းရှေ့က ခုံလေးမှာ ​အူကြောင်ကြောင်နှင့် ဝင်ထိုင်လိုက်ပြီး ကိုခမ်း၏မျက်နှာကို သေချာကြည့်မိသည်။ အရင်ကဆိုလျှင် ကိုခမ်းဘက်က သူ့ကို စခေါ်ဖို့မပြောနှင့်။ သူနှင့် ဝေးလေ၊ ကောင်းလေဆိုသည့်အမျိုး။ အခုတော့ ကိုခမ်း၏မျက်နှာပေါ်မှာ မဝံ့မရဲအမူအရာတချို့တွေ့ရသည်။

" ဘာဖြစ်လို့လဲ ကိုခမ်း"

" မင်းညီ မကောင်းတဲ့လူတစ်ယောက်နဲ့ ပတ်သက်နေတယ်"

" ဟင် တကယ်လား ကိုခမ်း"

" ဟုတ်တယ်၊ အဲ့ဒီလူက မင်းညီအလုပ်လုပ်တဲ့နေရာကို လာလာနှောက်ယှက်နေတာ"

" ဟမ် ကိုခမ်း ဘယ်လိုသိလဲ"

မိုးခမ်းဝါလည်း သူခိုးလူမိသလို ဖြစ်သွားပြီး ဘုဘောက်ထအော်တော့သည်။

" အဲ့တာက အရေးကြီးလို့လား၊ မင်း သူ့အစ်ကို မဟုတ်ဘူးလား၊ မင်းညီကို နားလည်အောင်ပြောပြီး အလုပ်ထွက်ခိုင်းလိုက်တော့"

" ဗျာ...သူ ကျွန်တော့်စကားနားထောင်ပါ့မလား"

" မင်း အကြီးမဟုတ်ဘူးလား"

" အဲ့တာတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့..."

" မနက်ဖြန် ဖုန်းဆက်ခေါ်လိုက်"

" သူ ဒီနေ့ ကိုခမ်းဆီ ဘာလို့မလာတာလဲ"

" လျှာမရှည်နဲ့၊ ငါ ခေါ်ခိုင်းတယ် မပြောနဲ့နော်၊ ပြောလို့ကတော့ မင်းသေပြီမှတ်၊ ခေါ်ပြီး အလုပ်ထွက်ဖို့ပြောလိုက်၊ ပြီးကျ ငါ့ဆီ လွှတ်လိုက်"

" ဟုတ် ဟုတ်"

ပြောပြီး အကြောကြီးနှင့် ထထွက်သွားသည်။ သူ့မှာ ငူငိုင်ငိုင်နှင့် ကျန်ခဲ့ရ၏။ ကိုခမ်း သူ့ကို ဘာတွေလာလုပ်ခိုင်းနေသည်မသိ။

ထို့နောက် ကိုမိုးထက်က သူ့အား လာခေါ်၍ လိုက်သွားရသည်။ ဟိုရောက်တော့ make-up room ထဲ အရင်ဝင်ရသည်။ stylist က သူဝတ်ရမည့်အဝတ်အစား ယူလာသည့်အခါကျ ဆမ်မင်းလတ်မှာ လန့်ဖျပ်သွားရသည်။

" ဒါပဲလား..."

" ဟုတ်တယ် ဆမ်၊ boxer ကြေညာမှာ ဆိုတော့လေ...ဟီးဟီး၊ အရင်ဦးဆုံး ဒီ boxer နဲ့ပဲ အရင်ရိုက်ရမှာ၊ ပြီးကျ အဲ့ပေါ်က ဂျင်းတစ်ထပ်နဲ့ စာတန်းပေါ်အောင်လို့၊ နောက် long coat တစ်ထပ်၊ လိမ္မာပါတယ် ဆမ်ရဲ့၊ ဆမ့်ကြွက်သားတွေ ဒီလောက်လှအောင် ဆော့ထားပြီး ဘာအတွက်လဲ"

" ကျွန်တော် ရှက်..."

" မရှက်ပါနဲ့ ကောင်လေးရဲ့"

stylist ကတော့ သူ့ကို အဝတ်အစားလဲခန်းထဲသို့ ထို boxer တစ်ထည်လက်ထဲထည့်ပေးပြီး အတင်းထိုးထည့်သည်။ သူလည်း လဲဝတ်ပြီးနောက် အဝတ်အစားလဲခန်းထဲမှ မှန်ကို လှမ်းကြည့်လိုက်တော့ ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်နှင့် သူဟာ သိပ်ကြည့်ကောင်းနေသည်။ တင်းရင်းနေသော ပေါင်ကြွက်သားများနှင့် အပြိုင်းပြိုင်းထနေသော ဝမ်းဗိုက်မှကြွက်သားများဟာ လွန်စွာယောကျ်ားပီသလွန်းသည်။ သူ ထွက်လာတော့ team တစ်ခုလုံးဟာ ဝါးခနဲ ထအော်ကြသည်။ 

ထို့နောက် စရိုက်ကူးကြသည်။ Setting ကလည်း အိပ်ရာပုံစံဖြစ်ပြီး အရိုင်းဆန်သော pose မျိုးစုံ ထုတ်ပြပေးရသည်။ ဂျင်းဘောင်းဘီနှင့်ကျ ပိန်ပေါင်ရောင်စုံဘောလုံးများကြားမှာ ရိုက်ကူးရပြီး coat နှင့်ကျ lighting မျိုးစုံပါသော အခန်းတစ်ခုမှာ ဖြစ်သည်။

/~/

မှတ်ချက်(၁) - အား!! ကျွန်မယောကျ်ားတော့ ကုန်ပါပြီ

မှတ်ချက်(၂) - ice hockey ကတော့ ငါတို့သားလေးကို အသုံးချပြီး နှာဘူးမတို့ရဲ့အတန်းရှင်းကို ယူသွားတာပဲ၊ အောက်တန်းစား brand!

မှတ်ချက်(၃) - အငယ်ဆုံးလေးရဲ့ဗလတွေကို သူ့အစ်ကိုတွေထက် အရင်မြင်ရလိမ့်မယ်လို့ မထင်ထားဘူး

မှတ်ချက်(၄) - ကြည့်ပါဦး ဒီအိပ်ရာပေါ်မှာ မတ်တတ်ရပ်ပြီး စိုက်ကြည့်နေတဲ့ပုံက ကျွန်မကို တက်ခဲ့ဖို့ ခေါ်နေသလိုပဲ အား!!

မှတ်ချက်(၅) - တောင်းပန်ပါတယ် ညီအစ်မတို့ရယ်...ငါလေးရဲ့မျက်လုံးတွေကတော့ ထိုတစ်နေရာမှာ

မှတ်ချက်(၆) - ကလေးကို ဒီလိုတွေရိုက်ခိုင်းတာ နည်းနည်းမှမကြိုက်ဘူး! အပေါ်က​အစ်မပြောသလိုပဲ အောက်တန်းစား brand!

မှတ်ချက်(၇) - တချို့လူတွေလည်းနော် အနုပညာရှင်ကို သူတို့အိမ်ကလူကျနေတာပဲ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့တဲ့ နှစ်ဦးသဘောတူ ရိုက်တာကို ဆဲခံရတာက brand

မှတ်ချက်(၇)သို့ ပြန်စာများ

- အိမ်ကလူပဲလေ Lol...

- ဖြတ်လျှောက် fan ဆိုလည်း သောက်ပေါက်ပိတ်ထား

- ဒီအစ်မရဲ့ဘဲမှာ Six-pack မရှိလို့များလား

- ဒါညီမတို့ရဲ့အဖိုးတန်လေ အစ်မ

" war လား ကိုစွန်း"

" အင်း..."

" ဆမ် မနိုးသေးဘူးလား"

" ဟင့်အင်း"

မိုးခမ်းဝါက ရေခဲသေတ္တာထဲမှ ထုတ်ယူလာခဲ့သောသူသုံးနေကျ ရေဘူးလေးကို ခုံပေါ်သို့ လှမ်းတင်လိုက်ရင်း စွန်းရိပ်ထင်ဘေး၌ ကပ်ထိုင်လိုက်သည်။ social media ပေါ်၌ war ပွဲများဟာ အကြိတ်အနယ်။ ထိုင်းမှာလည်း သူတို့ fan များရှိကြ၍ ငှက်ပြာပေါ်က ပွဲကိုလည်း သွားကြည့်ရသေးသည်။

" ဟက်...သူတို့ဆမ့်ကို အတော်တိုကြတာပဲ"

" ဟုတ်ပါ့နော် ခမ်း၊ အခု war ကလည်း သူတို့မလွန်ပါဘူး"

" ကိုစွန်းကလည်း ဆမ့်ကို ဒီလိုရိုက်ခိုင်းတာ မကြိုက်ဘူးပေါ့၊ ဟုတ်လား"

"အာ..."

ခမ်းပြောလိုက်တော့ စွန်းရိပ်ထင်က ရှက်သွားပြီး ချက်ချင်းစကားလမ်းကြောင်းပြောင်းသည်။

" ဆမ်က အမြဲအချစ်ခံရတာ၊ ငါတောင် မနာလိုဘူး ဟားဟား!"

" ကျွန်တော့်ကိုဆို ဆမ့် only stan တချို့မဆဲတဲ့နေ့မရှိဘူး"

" ဟားဟား!"

" ဆမ့်ဟိုပုံတွေမှာ တော်တော်ကြည့်ကောင်းတာပဲ"

" အင်း...အရမ်းပဲ"

ပြောနေရင်း ဆမ့်ပုံမှ မျက်စိကမခွာသော စွန်းရိပ်ထင်ကြောင့် ခမ်း ကျိတ်ပြုံးလိုက်မိသည်။ ထို့နောက် ကိုမိုးထက်က ကိုစွန်းကို လာခေါ်သွား၏။ ကိုစွန်း၏ first solo album ဟာ သိပ်မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်သည်။ ထို့ကြောင့်လည်း ကိုစွန်းခမျာ သည်ရက်ပိုင်းအတွင်း ပင်ပန်းနေရှာသည်။ ကိုစွန်းထွက်သွားပြီး သိပ်မကြာ ဆမ်က နိုးလာ၏။

" ဟွန့်! သူ သွားပြီလား"

" အင်း မင်းက သေနေတာကိုး"

" ဟုတ်တယ်၊ အခုတောင် ကိုဉာဏ် face call ခေါ်လို့"

" ဟုတ်လား"

" ရော့ ကိုခမ်းနဲ့ စကားပြောချင်တယ်တဲ့"

" အင်း"

တင့်စောဉာဏ်ကတော့ အဝေးရောက်နေသည်တောင် သူတို့အတွက် စိတ်ပူပေးရှာသည်။ ဆမ်၏ပုံတွေကို တွေ့ပြီး၍လည်း လိုက်စနောက်နေသေး၏။ ကိုဉာဏ်၏ဘေး၌ ကိုဟိန်းထက်ရာဇာကတော့ အမြဲရှိသည်။ ဖုန်းချခါနီး အပြင်လူတွေရှေ့မှာ မရိပ်မိအောင် သတိနှင့်နေဖို့လည်း လိုလိုမယ်မယ်ပြောရသေးသည်။ ကိုဉာဏ်က ပါးနပ်ပေမဲ့ ဟိုလူက အစကတည်းမှ အကြောတင်းသည်။ ကိုယ့်လူကလည်း သူ့ကို ဘာကြည့်ကြိုက်သည်မသိ။

" ​သိပ်မကြာခင် ဝေနှောင်းရောက်လာလိမ့်မယ်၊ ကျွန်တော် ခေါ်ထားတယ်"

" အွန်း မင်းမေ့နေတယ်ထင်တာ"

" ကိုခမ်း အမြဲတမ်း မျက်နှာကြောကြီး တင်းမနေနဲ့၊ ကျွန်တော့်ညီအကြောင်းလည်း သိလျက်နဲ့၊ သူက ကိုခမ်းကို တအားကြောက်နေတာ၊ ဒီကိုလာခဲ့ဖို့တောင် မနည်းချော့ခေါ်ရတယ်"

" အင်း"

" သူ တခြားမှာ အလုပ်ရတဲ့အကြောင်းလည်း ပြောတယ်၊ ကိုခမ်းပြောတာတော့ ကျွန်တော် မပြောရသေးဘူး"

" အဲ့ဒီက ထွက်ခိုင်းလိုက်"

" ကိုခမ်း အဆင်မပြေရင်လည်း သူ့ကို အခုရတဲ့အလုပ်မှာပဲ ဆင်းခိုင်းလိုက်မယ်"

" ငါ ပြေတယ်"

" ကိုခမ်းက ပြေပေမဲ့ သူကကျ"

" သူ ငါနဲ့မလုပ်၊ မဟုတ်၊ ငါ့ဆီမှာ မလုပ်ချင်ဘူးတဲ့လား"

" အဲ့ဒီလိုတော့ မဟုတ်ပါဘူး၊ ဒီအလုပ်ကို သူ ကြိုက်ပါတယ်"

" ဒီအလုပ်ကိုတော့ ကြိုက်တယ်၊ ဒါဆို မကြိုက်တာက ဘာလဲ"

" ကိုခမ်းကို နေမှာပေါ့"

ချက်ချင်းမျက်နှာကြီး တွန့်ချိုးသွားတော့သည်။

" ငါလည်း သူ့ကို သဘောကျမနေပါဘူး၊ လူကြားသူကြားထဲလည်း သနပ်ခါးနဲ့၊ အလုပ်လုပ်လိုက်ရင်လည်း မထုံတတ်သေး၊ အူကြောင်ကြောင်နဲ့၊ ဆူလိုက်ရင်လည်း ငိုမဲ့မဲ့နဲ့၊ အလုပ်ရှင်ပေါ်လည်း သစ္စာမရှိဘူး"

" ဒါဆိုလည်း ဖြုတ်လိုက်လေ"

(ဖုန်း! ဖုန်း!)

" အာ့! အာ့! ကျွန်တော် စတာ"

ကိုခမ်းနှင့် ဆန့်ကျင်ပြောနေလေတော့ လိုက်ထုရိုက်ခြင်း ခံရတော့၏။ အရင်ကဆိုလျှင် အကြီးနှစ်ယောက်ကို အားကိုး၍ ရသေးသော်လည်း အခုတော့ ကိုခမ်းနှင့်သူ ထိပ်တိုက်တွေ့ရလေပြီ။

_________________

Amera Khoon
26/2/2022

(Zawgyi)


ကိုခမ္းက bar ၏ အျပင္ဘက္ရွိ ေမွာင္ရိပ္က်ေနေသာေနရာမွာ ရပ္ေနေပမဲ့ သူကေတာ့ ခ်က္ခ်င္းတန္းေတြ႕သည္။ ၈နာရီဆိုသည့္အခ်ိန္က သည္လိုေနရာမ်ိဳးမွာေတာ့ လူသြားလူလာစည္ကားေနလ်က္ရွိၿပီး မီးေရာင္စုံမ်ားႏွင့္ ထိန္လင္းဆဲပင္။ ထို႔ေၾကာင့္ သူလည္း ထိုေနရာသို႔ တစ္လွမ္းခ်င္း ေလွ်ာက္သြားလိုက္သည္။ 

" ကိုခမ္း မျပန္ေသးဘူးလား"

" မင္းကို ေစာင့္ေနတာေလ"

" ဗ်ာ...ကြၽန္ေတာ့္ကို"

သူ အေမးသေဘာျဖင့္ ျပန္ေျပာလိုက္ေတာ့ မိုးခမ္းဝါက ေဝ့လည္ေၾကာင္ပတ္ႏွင့္ ျပန္ေျပာလာသည္။

" မင္းပဲ ေစာနက မင္းအလုပ္ခ်ိန္ဆို"

" ဒါဆို ကိုခမ္း ဒီကိုတကူးတကလာတာ ကြၽန္ေတာ့္ကို ေတြ႕ဖို႔လား"

" ဘာ! မဟုတ္ဘူး"

" ဒါဆို ဘာလို႔"

" မင္းက ဘာေကာင္မို႔ ငါ့ကို ေမးခြန္းေတြ ထပ္ခါထပ္ခါထုတ္ေနတာလဲ၊ ငါ ေမးတာေျဖစမ္း"

" ဟုတ္ ဟုတ္ကဲ့"

" ဟိုလူ ျပန္သြားၿပီလား"

" ဘယ္လူ..."

" မ်က္ႏွာေပၚမွာ ႂကြက္တြင္း၂ခုနဲ႔ေကာင္"

ေဝေႏွာင္း တစ္ခ်က္ေတြခနဲ ျဖစ္သြားရၿပီး မ်က္ေမွာင္ၾကဳတ္ထားသည့္သူ႔မ်က္ႏွာကို နားမလည္သလို ျပန္ေမာ့ၾကည့္လိုက္ေတာ့

" ေက်ာ္ထြဋ္ေခါင္"

" ဟမ္..အဟက္"

ထိုအခါမွ ေဝေႏွာင္လည္း ခိုးရယ္လိုက္မိသည္။ ကိုေက်ာ္ထြဋ္ေခါင္၏နာမည္ႀကီးလွပါေသာ ပါးခ်ိဳင့္ႏွစ္ဖက္ကို သူ႔အလွည့္က်မွ ႂကြက္တြင္းတဲ့။

" သူ ျပန္သြားတာ ၾကာၿပီထင္တယ္၊ မေတြ႕ေတာ့ဘူး"

" မင္း အခုအိမ္ျပန္မွာလား၊ ငါနဲ႔ လိုက္ခဲ့"

" ဗ်ာ..."

" ငါ ဖူးငုံဆီကို သြားမလို႔"

" ဪ..."

သူႏွင့္ လမ္းႀကဳံသည္ပဲ။ သည္လိုဆိုေတာ့လည္း လိုင္းကားတိုးစီးစရာ မလိုေတာ့ပါ။ သို႔ရာတြင္ ထုံစံအတိုင္း ကားေမာင္းသူေနရာ၌ ထိုင္ေနေသာသူ႔ေဘး၌ ဝင္ထိုင္လိုက္ေတာ့သည္။ ျပန္လမ္းတစ္ေလွ်ာက္လည္း စကားမေျပာျဖစ္ၾက။ သည္ေန႔လည္း သူ ခိုးထြက္လာပုံ ရသည္။ အရင္က အိမ္နားကို လာေနတာ လူသိပ္မသိေပမဲ့ အခုလို bar အထိ ေရာက္လာေတာ့ သူတို႔အဖြဲ႕ fan ေတြႏွင့္တိုးလွ်င္ ဒုကၡေရာက္မည္။ ဘယ္ေလာက္ပဲ ႐ုပ္ဖ်က္ထားသည္ဆိုဦးေတာ့ သူ႔ခႏၶာကိုယ္အရပ္အေမာင္းက သာမန္ေယာက်္ားမ်ားႏွင့္မတူ။  

" ေရာက္ၿပီ"

" ေက်းဇူးပါ ကိုခမ္း၊ ကြၽန္ေတာ္ ဖူးငုံကို အသိေပးလိုက္ပါ့မယ္"

" အင္း ေက်းဇူး"

ထို႔ေနာက္ သူ ကားေပၚမွ ဆင္းဖို႔အလုပ္ သူ႔လက္ကို ဖပ္ခနဲ လွမ္းဆြဲသည္။

" ေနဦး"

" ​ဘာလို႔လဲ ကိုခမ္း"

" အလုပ္က ထြက္လိုက္ေတာ့"

" ဟမ္...ကိုခမ္း ကြၽန္ေတာ့္ကို အလုပ္ထုတ္ေတာ့မွာလား၊ မလုပ္ပါနဲ႔ ကိုခမ္းရာ"

" မဟုတ္ဘူး! မင္း အဲ့ဒီ bar မွာ လုပ္ေနတာ ထြက္လိုက္ေတာ့လို႔ ေျပာတာ"

" ဟင္ အဲ့ဒီလိုေတာ့မျဖစ္၊ အဲ့ဒီမွာက အခ်ိန္နည္းနည္းပဲလုပ္ရေပမဲ့ ပိုက္ဆံလည္း မ်ားမ်ားရတယ္"

" မင္း အဲ့ဒီေလာက္ေငြမက္ေနလား!"

သူ႔လက္ေကာက္ဝတ္ကို ဆြဲကိုင္ထားေသာလက္တစ္ဖက္က ပိုတင္းက်ပ္သြား၍ နာသြားရသည္။ ဖိေအာ္လိုက္သည့္အသံေၾကာင့္လည္း စိတ္မေကာင္းျဖစ္မိသည္။ ကိုခမ္းတို႔လို ျပည့္စုံေနသည့္သူအတြက္ ေငြက သိပ္အေရးမႀကီးေပမဲ့ သူ႔အတြက္ေတာ့ အၿမဲလိုလိုပူပန္ေနရသည္။

" ငါ ေပးမယ္"

" မေပးပါနဲ႔၊ ကြၽန္ေတာ့္ပါကြၽန္ေတာ္ အလုပ္လုပ္ပါ့မယ္"

" မင္း အဲ့သည့္အလုပ္ သိပ္လုပ္ခ်င္ေနတာလား! ဘာလဲ၊ ဟိုၾကာကူလီေကာင္ေၾကာင့္ သာယာေနတာမလား"

" ကိုခမ္း! ကိုခမ္းစကားေတြ လြန္လာၿပီေနာ္၊ ကြၽန္ေတာ္က ေယာက်္ားခ်င္းဘာသာယာရမွာလဲ"

" ေအး မင္းက မသာယာေပမဲ့ ဟိုေကာင္က သာယာတယ္"

" အဲ့ဒါ ကြၽန္ေတာ္နဲ႔ မဆိုင္ဘူး၊ ကြၽန္ေတာ့္အလုပ္ ကြၽန္ေတာ္လုပ္တာ၊ ကိုခမ္း ကြၽန္ေတာ့္လက္ကို လႊတ္ေပး၊ ကြၽန္ေတာ္ ျပန္ေတာ့မယ္"

" မင္း ဘဝပ်က္ခ်င္ေနတာလား!!"

ေဒါသထြက္ထြက္ႏွင့္ ေအာ္ေဟာက္လိုက္ေတာ့ တစ္ခ်က္တုန္သြားသည္။ သူ အလုပ္လုပ္ေနသည့္ေနရာက ဘယ္ေလာက္အႏၲာရယ္မ်ားသလဲ မသိဘူးလား။ ၿပီးေတာ့ ဟိုလူ႔ေနာက္ေၾကာင္းကို ကိုေနခဆီမွ ၾကားထားၿပီးသား။ အဲ့သည့္ bar မွာလည္း နာမည္အပ်က္ရွိေနတာ။ သူ႔ fan ေတြေတာင္ သူ႔အက်င့္ဆိုးေတြ သိသြားၾက၍ fandom ေျပာင္းသြားသူမနည္း။

" ကိုခမ္း...ကိုခမ္းက ကြၽန္ေတာ့္အလုပ္ရွင္ဆိုေပမဲ့ ကြၽန္ေတာ့္ကိုယ္ပိုင္ခ်ိန္ေတြကိုေတာ့ မပိုင္ဘူးေလ၊ ကိုခမ္း ကြၽန္ေတာ့္ကို ေၾကာက္တတ္တယ္ဆိုၿပီး အႏိုင္မက်င့္ပါနဲ႔"

" ငါ မင္းကို အႏိုင္က်င့္ေနတာမဟုတ္ဘူး၊ မျဖစ္သင့္တာ မျဖစ္ရေအာင္ တားေနတာ၊ မင္း ဘာလို႔အဲ့ဒီေလာက္ တုံးရတာလဲ ေတာက္!"

" ဟုတ္တယ္! ကြၽန္ေတာ္ တုံးတာ ကြၽန္ေတာ္ အ,တာ ကြၽန္ေတာ္သိတယ္၊ ကြၽန္ေတာ့္အားနည္းခ်က္က ကိုခမ္းတို႔အျမင္မွာ ရယ္စရာေကာင္းေနတယ္မလား"

ေျပာေနရင္း အသုံးမက်သည့္မ်က္ရည္ကပါ က်လာေတာ့သည္။ ဒါေၾကာင့္ တစ္စုံတစ္ေယာက္ႏွင့္ စကားမမ်ားခ်င္တာ။ လူက ေဒါသထြက္လာလွ်င္ မ်က္ရည္ပါက်လာၿပီး ေပ်ာ့ညံ့သည့္ေကာင္လို အရွက္ကြဲရေရာ။ ထိုအခ်က္ေတြေၾကာင့္ ဘယ္သူက ဘာစကားေျပာေျပာ သူ အၿမဲေခါင္းငုံ႔ခံခဲ့သည္။

" မင္းက တကယ့္ေၾကးစည္ပဲ၊ ဘာေျပာေျပာ ဒူေဝေဝျဖစ္ေနတာ"

" အဲ့ဒါ ကိုခမ္းနဲ႔ ဘာဆိုင္လို႔လဲ၊ ကိုခမ္းကို ကြၽန္ေတာ့္ဘယ္အခ်က္ကမ်ား နစ္နာေစလို႔လဲ"

ႏႈတ္သီးေကာင္းလွ်ာပါးႏွင့္ ျပန္ရန္ေတြ႕ေနေလေတာ့ ခမ္းလည္း ပိုေဒါသထြက္လာရသည္။ တကယ္ပဲ ေစတနာက ေဝဒနာျဖစ္ရေရာ။

" ဟိုေကာင္ ဖာေခါင္းမို႔လို႔ မင္းကို ေျပာေနတာ! ဆင္း! အခုခ်က္ခ်င္း ငါ့ကားေပၚက ဆင္း! က်က္သေရမရွိတဲ့ မင္းမ်က္ႏွာကို ငါ ေနာက္ထပ္မျမင္ခ်င္ေတာ့ဘူး၊ ေနာက္ေန႔ ငါ့ေရွ႕ေပၚမလာနဲ႔"

သူလည္း ေဒါပြေနသည့္ မိုးခမ္းဝါ၏တည္တင္းေနေသာ မ်က္ႏွာကို မ်က္ရည္မ်က္ခြက္ႏွင့္ ေနာက္ဆုံးၾကည့္လိုက္ၿပီး ကားေပၚမွ ဆင္းလာခဲ့လိုက္သည္။ လမ္းထဲသို႔ ေလွ်ာက္ဝင္လာေတာ့ ဖူးငုံတို႔အိမ္ေရွ႕သို႔ ေယာင္လည္လည္ႏွင့္ အရိပ္အျခည္သြားေခ်ာင္းမိသည္။ ဖူးငုံကလည္း အိမ္ေပါက္ဝမွာ ထိုင္ရင္း TV ၾကည့္ေနရာမွ ေဝေႏွာင္းကို ျမင္ေတာ့ သူ႔အေဒၚအေျခအေနကို အကဲခတ္ၿပီး အိမ္ေရွ႕သို႔ ဆင္းလာသည္။

" ကိုႀကီးေဝေႏွာင္း ဘာကိစၥရွိလို႔လဲ"

" နင့္အစ္ကို လမ္းထိပ္မွာ"

" ဟင္...ကိုကို ေရာက္ေနတာလား"

" ေအး ျမန္ျမန္သြားေတြ႕လိုက္ဦး၊ သူ ေစာင့္ေနတယ္"

" ဟုတ္ဟုတ္"

ထို႔ေနာက္ ဖူးငုံက သူ႔မ်က္ႏွာကို ျပန္ေတာင္မၾကည့္ဘဲ ေျပးထြက္သြားေလသည္။ သည္ေမာင္ႏွမကို ၾကည့္ရတာ သူ သနားမိသည္။ ေသြးသားအရင္းအခ်ာမ်ားျဖစ္ၾကေသာ္ျငား အတူမေနရ။ သူႏွင့္ သူ႔အေမက်ေတာ့လည္း ဆင္းဆင္းရဲရဲ အတူေနၾကရသည္။ ထပ္ၿပီးေတာ့ လစာေကာင္းသည့္အလုပ္မွလည္း အထုတ္ခံလိုက္ရျပန္သည္။ သူ႔မွာ အလုပ္ၿမဲသည္ဟူ၍ မရွိ။ မနက္က်လွ်င္ေတာ့ ေျခတိုေအာင္ေလွ်ာက္ၿပီး အလုပ္အသစ္ရွာရေတာ့မည္။

/~/

" ကြၽန္ေတာ့္ခ်စ္သူျဖစ္ၿပီးကတည္းက ကြၽန္ေတာ့္ကို အရင္လို မ်က္ႏွာညႇိဳးရင္ မေနတတ္တဲ့ကိုကိုက ေသသြားတဲ့အတိုင္းပဲ၊ ေယာက်္ားေတြ သိပ္အေျပာင္းလဲျမန္လြန္းတယ္"

မနက္စာ ျပင္ေနသည့္စြန္းကို ေဘးမွ ရပ္ၾကည့္ၿပီး ခနဲ႔တဲ့တဲ့ေျပာေနျပန္သည္။ သူ သည္ေန႔ photo shooting တစ္ခုရွိ၍ ကိုမိုးထက္က လာေခၚမည္ျဖစ္ေၾကာင္း စြန္း ၾကားထား၏။ ကိုမိုးထက္ကပဲ ေနာက္က်ေန၍လားမသိ။ သူကေတာ့ မသြားခင္ စြန္းရိပ္ထင္ကို စိတ္အေႏွာက္အယွက္ျဖစ္ေအာင္ လိုက္လုပ္ေနသည္။ ကိုဉာဏ္ကလည္း reality show အတြက္ နယ္ဘက္မွာ ဟိုတစ္ေန႔ကတည္းက ႐ိုက္ကူးေရးသြားလုပ္ေနရသည္။ ဒါေၾကာင့္လည္း အငယ္ႏွစ္ေကာင္က လြတ္လပ္ေရးရေနေတာ့တာ။ ခမ္းဆိုလွ်င္ မေန႔ညက ညနက္မွ ျပန္လာသည္။

" ဆမ္"

သူတို႔ႏွစ္ေယာက္ရွိေနေသာ မီးဖိုခန္းထဲကို ခမ္းက ႐ုတ္တရက္ဝင္လာေတာ့မွ စြန္းရိပ္ထင္လည္း အသက္ရႉေခ်ာင္သြားသည္။ ခမ္းကလည္း ဆမ့္ကို ဘာေျပာမလို႔လဲ မသိ။ သူ႔အခန္းဘက္သို႔ ေခၚထုတ္သြား၏။ ဆမ္မင္းလတ္ကေတာ့ သူ႔ကို ဆက္ေႏွာက္ယွက္မရေတာ့၍ မ်က္စိပ်က္မ်က္ႏွာပ်က္ႏွင့္ လိုက္သြားရွာသည္။

/~/

" ဘာေျပာစရာရွိလို႔လဲ ကိုခမ္း"

" အင္း ထိုင္ဦး"

ကိုခမ္းက အိမ္အျပင္ဘက္သို႔ ေငးၾကည့္ေနသည္။ ကိုခမ္းတို႔အခန္းက သူတို႔အခန္းႏွင့္ မ်က္ႏွာခ်င္းဆိုင္ျဖစ္ၿပီး ကိုခမ္းတို႔အခန္းက အိမ္ေရွ႕ဘက္ျဖစ္၍ သူတို႔အခန္းကက် အိမ္ေနာက္ဘက္ျဖစ္သည္။ ထို႔ေၾကာင့္ ကိုခမ္းတို႔အခန္း၏အိမ္ေရွ႕ဘက္သို႔ ကာထားေသာ နံရံဟာ မွန္အျပည့္ျဖစ္ၿပီး ေနေရာင္ျခည္အျပည့္အဝရသည္။ ထိုေနရာမွာ ႏွစ္ေယာက္အသုံးျပဳလို႔ရသည့္ ခုံအဝိုင္ေလးတစ္ဝိုင္းႏွင့္ ဖင္ထိုင္ခုံႏွစ္လုံးရွိသည္။

သူလည္း ကိုခမ္းေရွ႕က ခုံေလးမွာ ​အူေၾကာင္ေၾကာင္ႏွင့္ ဝင္ထိုင္လိုက္ၿပီး ကိုခမ္း၏မ်က္ႏွာကို ေသခ်ာၾကည့္မိသည္။ အရင္ကဆိုလွ်င္ ကိုခမ္းဘက္က သူ႔ကို စေခၚဖို႔မေျပာႏွင့္။ သူႏွင့္ ေဝးေလ၊ ေကာင္းေလဆိုသည့္အမ်ိဳး။ အခုေတာ့ ကိုခမ္း၏မ်က္ႏွာေပၚမွာ မဝံ့မရဲအမူအရာတခ်ိဳ႕ေတြ႕ရသည္။

" ဘာျဖစ္လို႔လဲ ကိုခမ္း"

" မင္းညီ မေကာင္းတဲ့လူတစ္ေယာက္နဲ႔ ပတ္သက္ေနတယ္"

" ဟင္ တကယ္လား ကိုခမ္း"

" ဟုတ္တယ္၊ အဲ့ဒီလူက မင္းညီအလုပ္လုပ္တဲ့ေနရာကို လာလာေႏွာက္ယွက္ေနတာ"

" ဟမ္ ကိုခမ္း ဘယ္လိုသိလဲ"

မိုးခမ္းဝါလည္း သူခိုးလူမိသလို ျဖစ္သြားၿပီး ဘုေဘာက္ထေအာ္ေတာ့သည္။

" အဲ့တာက အေရးႀကီးလို႔လား၊ မင္း သူ႔အစ္ကို မဟုတ္ဘူးလား၊ မင္းညီကို နားလည္ေအာင္ေျပာၿပီး အလုပ္ထြက္ခိုင္းလိုက္ေတာ့"

" ဗ်ာ...သူ ကြၽန္ေတာ့္စကားနားေထာင္ပါ့မလား"

" မင္း အႀကီးမဟုတ္ဘူးလား"

" အဲ့တာေတာ့ ဟုတ္ပါတယ္၊ ဒါေပမဲ့..."

" မနက္ျဖန္ ဖုန္းဆက္ေခၚလိုက္"

" သူ ဒီေန႔ ကိုခမ္းဆီ ဘာလို႔မလာတာလဲ"

" လွ်ာမရွည္နဲ႔၊ ငါ ေခၚခိုင္းတယ္ မေျပာနဲ႔ေနာ္၊ ေျပာလို႔ကေတာ့ မင္းေသၿပီမွတ္၊ ေခၚၿပီး အလုပ္ထြက္ဖို႔ေျပာလိုက္၊ ၿပီးက် ငါ့ဆီ လႊတ္လိုက္"

" ဟုတ္ ဟုတ္"

ေျပာၿပီး အေၾကာႀကီးႏွင့္ ထထြက္သြားသည္။ သူ႔မွာ ငူငိုင္ငိုင္ႏွင့္ က်န္ခဲ့ရ၏။ ကိုခမ္း သူ႔ကို ဘာေတြလာလုပ္ခိုင္းေနသည္မသိ။

ထို႔ေနာက္ ကိုမိုးထက္က သူ႔အား လာေခၚ၍ လိုက္သြားရသည္။ ဟိုေရာက္ေတာ့ make-up room ထဲ အရင္ဝင္ရသည္။ stylist က သူဝတ္ရမည့္အဝတ္အစား ယူလာသည့္အခါက် ဆမ္မင္းလတ္မွာ လန္႔ဖ်ပ္သြားရသည္။

" ဒါပဲလား..."

" ဟုတ္တယ္ ဆမ္၊ boxer ေၾကညာမွာ ဆိုေတာ့ေလ...ဟီးဟီး၊ အရင္ဦးဆုံး ဒီ boxer နဲ႔ပဲ အရင္႐ိုက္ရမွာ၊ ၿပီးက် အဲ့ေပၚက ဂ်င္းတစ္ထပ္နဲ႔ စာတန္းေပၚေအာင္လို႔၊ ေနာက္ long coat တစ္ထပ္၊ လိမၼာပါတယ္ ဆမ္ရဲ႕၊ ဆမ့္ႂကြက္သားေတြ ဒီေလာက္လွေအာင္ ေဆာ့ထားၿပီး ဘာအတြက္လဲ"

" ကြၽန္ေတာ္ ရွက္..."

" မရွက္ပါနဲ႔ ေကာင္ေလးရဲ႕"

stylist ကေတာ့ သူ႔ကို အဝတ္အစားလဲခန္းထဲသို႔ ထို boxer တစ္ထည္လက္ထဲထည့္ေပးၿပီး အတင္းထိုးထည့္သည္။ သူလည္း လဲဝတ္ၿပီးေနာက္ အဝတ္အစားလဲခန္းထဲမွ မွန္ကို လွမ္းၾကည့္လိုက္ေတာ့ ခႏၶာကိုယ္ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္ႏွင့္ သူဟာ သိပ္ၾကည့္ေကာင္းေနသည္။ တင္းရင္းေနေသာ ေပါင္ႂကြက္သားမ်ားႏွင့္ အၿပိဳင္းၿပိဳင္းထေနေသာ ဝမ္းဗိုက္မွႂကြက္သားမ်ားဟာ လြန္စြာေယာက်္ားပီသလြန္းသည္။ သူ ထြက္လာေတာ့ team တစ္ခုလုံးဟာ ဝါးခနဲ ထေအာ္ၾကသည္။ 

ထို႔ေနာက္ စ႐ိုက္ကူးၾကသည္။ Setting ကလည္း အိပ္ရာပုံစံျဖစ္ၿပီး အ႐ိုင္းဆန္ေသာ pose မ်ိဳးစုံ ထုတ္ျပေပးရသည္။ ဂ်င္းေဘာင္းဘီႏွင့္က် ပိန္ေပါင္ေရာင္စုံေဘာလုံးမ်ားၾကားမွာ ႐ိုက္ကူးရၿပီး coat ႏွင့္က် lighting မ်ိဳးစုံပါေသာ အခန္းတစ္ခုမွာ ျဖစ္သည္။

/~/

မွတ္ခ်က္(၁) - အား!! ကြၽန္မေယာက်္ားေတာ့ ကုန္ပါၿပီ

မွတ္ခ်က္(၂) - ice hockey ကေတာ့ ငါတို႔သားေလးကို အသုံးခ်ၿပီး ႏွာဘူးမတို႔ရဲ႕အတန္းရွင္းကို ယူသြားတာပဲ၊ ေအာက္တန္းစား brand!

မွတ္ခ်က္(၃) - အငယ္ဆုံးေလးရဲ႕ဗလေတြကို သူ႔အစ္ကိုေတြထက္ အရင္ျမင္ရလိမ့္မယ္လို႔ မထင္ထားဘူး

မွတ္ခ်က္(၄) - ၾကည့္ပါဦး ဒီအိပ္ရာေပၚမွာ မတ္တတ္ရပ္ၿပီး စိုက္ၾကည့္ေနတဲ့ပုံက ကြၽန္မကို တက္ခဲ့ဖို႔ ေခၚေနသလိုပဲ အား!!

မွတ္ခ်က္(၅) - ေတာင္းပန္ပါတယ္ ညီအစ္မတို႔ရယ္...ငါေလးရဲ႕မ်က္လုံးေတြကေတာ့ ထိုတစ္ေနရာမွာ

မွတ္ခ်က္(၆) - ကေလးကို ဒီလိုေတြ႐ိုက္ခိုင္းတာ နည္းနည္းမွမႀကိဳက္ဘူး! အေပၚက​အစ္မေျပာသလိုပဲ ေအာက္တန္းစား brand!

မွတ္ခ်က္(၇) - တခ်ိဳ႕လူေတြလည္းေနာ္ အႏုပညာရွင္ကို သူတို႔အိမ္ကလူက်ေနတာပဲ ဟိုဟာမလုပ္နဲ႔ ဒီဟာမလုပ္နဲ႔တဲ့ ႏွစ္ဦးသေဘာတူ ႐ိုက္တာကို ဆဲခံရတာက brand

မွတ္ခ်က္(၇)သို႔ ျပန္စာမ်ား

- အိမ္ကလူပဲေလ Lol...

- ျဖတ္ေလွ်ာက္ fan ဆိုလည္း ေသာက္ေပါက္ပိတ္ထား

- ဒီအစ္မရဲ႕ဘဲမွာ Six-pack မရွိလို႔မ်ားလား

- ဒါညီမတို႔ရဲ႕အဖိုးတန္ေလ အစ္မ

" war လား ကိုစြန္း"

" အင္း..."

" ဆမ္ မႏိုးေသးဘူးလား"

" ဟင့္အင္း"

မိုးခမ္းဝါက ေရခဲေသတၱာထဲမွ ထုတ္ယူလာခဲ့ေသာသူသုံးေနက် ေရဘူးေလးကို ခုံေပၚသို႔ လွမ္းတင္လိုက္ရင္း စြန္းရိပ္ထင္ေဘး၌ ကပ္ထိုင္လိုက္သည္။ social media ေပၚ၌ war ပြဲမ်ားဟာ အႀကိတ္အနယ္။ ထိုင္းမွာလည္း သူတို႔ fan မ်ားရွိၾက၍ ငွက္ျပာေပၚက ပြဲကိုလည္း သြားၾကည့္ရေသးသည္။

" ဟက္...သူတို႔ဆမ့္ကို အေတာ္တိုၾကတာပဲ"

" ဟုတ္ပါ့ေနာ္ ခမ္း၊ အခု war ကလည္း သူတို႔မလြန္ပါဘူး"

" ကိုစြန္းကလည္း ဆမ့္ကို ဒီလို႐ိုက္ခိုင္းတာ မႀကိဳက္ဘူးေပါ့၊ ဟုတ္လား"

"အာ..."

ခမ္းေျပာလိုက္ေတာ့ စြန္းရိပ္ထင္က ရွက္သြားၿပီး ခ်က္ခ်င္းစကားလမ္းေၾကာင္းေျပာင္းသည္။

" ဆမ္က အၿမဲအခ်စ္ခံရတာ၊ ငါေတာင္ မနာလိုဘူး ဟားဟား!"

" ကြၽန္ေတာ့္ကိုဆို ဆမ့္ only stan တခ်ိဳ႕မဆဲတဲ့ေန႔မရွိဘူး"

" ဟားဟား!"

" ဆမ့္ဟိုပုံေတြမွာ ေတာ္ေတာ္ၾကည့္ေကာင္းတာပဲ"

" အင္း...အရမ္းပဲ"

ေျပာေနရင္း ဆမ့္ပုံမွ မ်က္စိကမခြာေသာ စြန္းရိပ္ထင္ေၾကာင့္ ခမ္း က်ိတ္ၿပဳံးလိုက္မိသည္။ ထို႔ေနာက္ ကိုမိုးထက္က ကိုစြန္းကို လာေခၚသြား၏။ ကိုစြန္း၏ first solo album ဟာ သိပ္မၾကာခင္မွာ ထြက္ရွိလာေတာ့မွာ ျဖစ္သည္။ ထို႔ေၾကာင့္လည္း ကိုစြန္းခမ်ာ သည္ရက္ပိုင္းအတြင္း ပင္ပန္းေနရွာသည္။ ကိုစြန္းထြက္သြားၿပီး သိပ္မၾကာ ဆမ္က ႏိုးလာ၏။

" ဟြန္႔! သူ သြားၿပီလား"

" အင္း မင္းက ေသေနတာကိုး"

" ဟုတ္တယ္၊ အခုေတာင္ ကိုဉာဏ္ face call ေခၚလို႔"

" ဟုတ္လား"

" ေရာ့ ကိုခမ္းနဲ႔ စကားေျပာခ်င္တယ္တဲ့"

" အင္း"

တင့္ေစာဉာဏ္ကေတာ့ အေဝးေရာက္ေနသည္ေတာင္ သူတို႔အတြက္ စိတ္ပူေပးရွာသည္။ ဆမ္၏ပုံေတြကို ေတြ႕ၿပီး၍လည္း လိုက္စေနာက္ေနေသး၏။ ကိုဉာဏ္၏ေဘး၌ ကိုဟိန္းထက္ရာဇာကေတာ့ အၿမဲရွိသည္။ ဖုန္းခ်ခါနီး အျပင္လူေတြေရွ႕မွာ မရိပ္မိေအာင္ သတိႏွင့္ေနဖို႔လည္း လိုလိုမယ္မယ္ေျပာရေသးသည္။ ကိုဉာဏ္က ပါးနပ္ေပမဲ့ ဟိုလူက အစကတည္းမွ အေၾကာတင္းသည္။ ကိုယ့္လူကလည္း သူ႔ကို ဘာၾကည့္ႀကိဳက္သည္မသိ။

" ​သိပ္မၾကာခင္ ေဝေႏွာင္းေရာက္လာလိမ့္မယ္၊ ကြၽန္ေတာ္ ေခၚထားတယ္"

" အြန္း မင္းေမ့ေနတယ္ထင္တာ"

" ကိုခမ္း အၿမဲတမ္း မ်က္ႏွာေၾကာႀကီး တင္းမေနနဲ႔၊ ကြၽန္ေတာ့္ညီအေၾကာင္းလည္း သိလ်က္နဲ႔၊ သူက ကိုခမ္းကို တအားေၾကာက္ေနတာ၊ ဒီကိုလာခဲ့ဖို႔ေတာင္ မနည္းေခ်ာ့ေခၚရတယ္"

" အင္း"

" သူ တျခားမွာ အလုပ္ရတဲ့အေၾကာင္းလည္း ေျပာတယ္၊ ကိုခမ္းေျပာတာေတာ့ ကြၽန္ေတာ္ မေျပာရေသးဘူး"

" အဲ့ဒီက ထြက္ခိုင္းလိုက္"

" ကိုခမ္း အဆင္မေျပရင္လည္း သူ႔ကို အခုရတဲ့အလုပ္မွာပဲ ဆင္းခိုင္းလိုက္မယ္"

" ငါ ေျပတယ္"

" ကိုခမ္းက ေျပေပမဲ့ သူကက်"

" သူ ငါနဲ႔မလုပ္၊ မဟုတ္၊ ငါ့ဆီမွာ မလုပ္ခ်င္ဘူးတဲ့လား"

" အဲ့ဒီလိုေတာ့ မဟုတ္ပါဘူး၊ ဒီအလုပ္ကို သူ ႀကိဳက္ပါတယ္"

" ဒီအလုပ္ကိုေတာ့ ႀကိဳက္တယ္၊ ဒါဆို မႀကိဳက္တာက ဘာလဲ"

" ကိုခမ္းကို ေနမွာေပါ့"

ခ်က္ခ်င္းမ်က္ႏွာႀကီး တြန္႔ခ်ိဳးသြားေတာ့သည္။

" ငါလည္း သူ႔ကို သေဘာက်မေနပါဘူး၊ လူၾကားသူၾကားထဲလည္း သနပ္ခါးနဲ႔၊ အလုပ္လုပ္လိုက္ရင္လည္း မထုံတတ္ေသး၊ အူေၾကာင္ေၾကာင္နဲ႔၊ ဆူလိုက္ရင္လည္း ငိုမဲ့မဲ့နဲ႔၊ အလုပ္ရွင္ေပၚလည္း သစၥာမရွိဘူး"

" ဒါဆိုလည္း ျဖဳတ္လိုက္ေလ"

(ဖုန္း! ဖုန္း!)

" အာ့! အာ့! ကြၽန္ေတာ္ စတာ"

ကိုခမ္းႏွင့္ ဆန္႔က်င္ေျပာေနေလေတာ့ လိုက္ထု႐ိုက္ျခင္း ခံရေတာ့၏။ အရင္ကဆိုလွ်င္ အႀကီးႏွစ္ေယာက္ကို အားကိုး၍ ရေသးေသာ္လည္း အခုေတာ့ ကိုခမ္းႏွင့္သူ ထိပ္တိုက္ေတြ႕ရေလၿပီ။

_________________

Amera Khoon
26/2/2022

Continue Reading

You'll Also Like

300K 12.6K 39
"မင်း ကိုယ့်အခြေအနေကိုယ် သိရက်သားနဲ့ ဘာကိစ္စ ဒီအခြေအနေထိ ရောက်အောင်နေရတာလဲ" . "ဟမ်... ဖြေစမ်း ငွေလွာ " . "အဲ့စောက်ပါးစပ်က ဘာလို့ပိတ်နေတာလဲ ဘာလဲ ကလေ...
2.9M 155K 52
ချမ်းသာကြွယ်ဝမူတွေနဲ့ဂုဏ်ရှိန်ပြင်းတဲ့ မိုးထိခေါင်မှိုင်း ဟာအိမ်ထောင်ကွဲဖြစ်ပြီးငါးနှစ်အရွယ်သားလေးတစ် ယောက်ရှိပေမဲ့ သားလေးရဲ့ပူဆာမူကြောင့်ညီလေးတစ် ယေ...
1.1M 60.5K 49
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
2.5M 178K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...