Unicode
အခန်း(၅၀-၂) - ဘီလူး
ပုံမှန်မဟုတ်တာကို မည်သူမျှ သတိမထားမိခဲ့ဘဲ မုံယွင်သည်ပင် သူမအား အပျော်လှေပေါ်မှ မိန်းကလေး အသစ်တစ်ယောက် ဟုသာ အမြဲတွေးခဲ့သည်။ သူက အလှတရားတွေနဲ့ ကျင့်သားရနေခဲ့တာကြောင့် ထိုမက္ခရုငှက်လေးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ သူက လွတ်လပ်လွယ်ကူစွာ ပြောဆိုခဲ့သည်။ အရက်သောက်ပြီး မူးနေရင် ဘာမဆိုပြောထွက်လာသည်ပင်။
သူနေ့စဉ် တွေ့ခဲ့သမျှ မိန်းကလေးတိုင်းက ရေရှည်အတွေ့အကြုံ ရှိကြသည့် အလုပ်သမားများ ဖြစ်ကြသည်။ ဘယ်သူက စိတ်ရင်းနဲ့ စကားပြောတာလဲ ဘယ်သူက မူးနေတဲ့အချိန်မှာ ချိုသာစွာ ပြောတတ်တာလဲဆိုတာ သူတို့သိထားကြသည်။ သူ့သော်လည်း မက္ခရုငှက်လေးကတော့ မတူပေ။သူမက ထိုသူမူးနေတဲ့အချိန်ပြောသမျှကို လေးလေးနက်နက် မှတ်ယူထားတာဖြစ်သည်။
ခံစားချက်ဆိုတဲ့ အရာက ရုတ်တရက် ရောက်လာပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာ၏။ တစ်နေ့မှာ မုံယွင်က သူမကို သူလက်ထပ်တော့မည် ဖြစ်ကြောင်း အပြုံးနဲ့ ပြောလာသည်အား ကြားလိုက်ရလေသည်။ ထိုအချိန်မှသာ သူမရဲ့ နှလုံးသားက ပြောင်းလဲနေပြီဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
မက္ခရုငှက်လေးအနေနဲ့ ပြင်ပကမ္ဘာအား ပိုမိုထိတွေ့လာလေလေ အကြောင်းများကို ပိုမိုသိလာလေလေပင်။ အထူးသဖြင့် အပျော်လှေလိုနေရာမျိုးမှာ ဆိုရင်ပေါ့။ သူမ နားမလည်ဘူးဆိုရင် မေးလိမ့်မှာပင်။ ထို့ကြောင့် သူမက ဂရုတစိုက် မေးလိုက်သည်။
"လက်မထပ်လို့ မရဘူးလား?"
သူမအတွက် သူလက်မထပ်လို့ မရဘူးလား?
မုံယွင်က သူမရဲ့ ပထမမေးခွန်းကို အမြန်အဆန် ပြန်ဖြေလာတာကြောင့် နောက်မေးခွန်းကို ဆက်မေးလို့ မရဘူးဖြစ်သွားသည်။
"ရက်က သတ်မှတ်ပြီးနေပြီ ပြီးတော့ မကြာခင် အရမ်းအလုပ်များတော့မှာဆိုတော့ ကိုယ်ဒီကို နေ့တိုင်းမလာနိုင်တော့ဘူး, ချင်းချင်း မင်းက ကိုယ့်အပေါ် အရမ်းကောင်းခဲ့တယ်, အကယ်၍ ငွေလိုရင် မုံအိမ်တော်ကို တစ်ယောက်ယောက် ပို့လိုက်ပြီး ကိုယ့်ကိုရှာလို့ရတယ်"
မက္ခရုငှက်လေးက မုံယွင်ရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို မြင်ရတာကြောင့် မျက်မှောင်ကြုတ်မိသည်။ ထိုသူ့ကို သူမ မဆွဲဆောင်နိုင်ဘူးဆိုတာ သူမသိသည်။ မုံယွင်ရဲ့စိတ်ကို ပြောင်းလဲလို့ရမယ့် နည်းလမ်း လုံးဝမရှိဘူး
မုံယွင်က ပညာရှိပြီး ဟန်ချက်ညီမျှကာ သီလတရားရှိသည့် ဇနီးသည်တစ်ယောက် လိုချင်ကြောင်း သူမကို ပြောခဲ့ဘူးသည်။ သို့သော်လည်း မုံယွင်က နေ့တိုင်း အလှလေးတွေနဲ့ ပလူးပလဲနေတာ မြင်ရတာကြောင့် ဒါကို ဟာသတစ်ခုဟုသာ သူမတွေးထင်ခဲ့မိတာပင်။
ဒါပေမဲ့ ဘယ်သူသိမှာလဲ....
သူမက သုန်သုန်မှုန်မှုန်ဖြင့်သာ တုန့်ပြန်လိုက်ပြီး မုံယွင်တစ်ယောက် အလျင်စလို ထွက်ခွာသွားသည်ကို ငေးကြည့်နေမိကာ သူမ မျက်လုံးများကတော့ တွန့်ဆုတ်နေ၏။
နှစ်ရက်ကြာ တိတ်ဆိတ်နေပြီးနောက်မှာ မက္ခရုငှက်လေးက နောက်ဆုံးတော့ စိတ်ဆုံးဖြတ်ချက် ချလိုက်ပြီး အပျော်လှေကနေ ထွက်ခွာသွားလေသည်။
မက္ခရုငှက်လေးက ပထမဆုံးအကြိမ်အနေနဲ့ ပြဿနာရှာလိုက်ခြင်းဖြစ်သည်။
မုံယွင်အတွက်ကတော့ သူမက သူလက်ထပ်မည့်သူကို ပြဿနာသွားရှာပြီး နောက်ဆုံးမှာ အတော်လေး မွှေနှောက်လိုက်ပေမယ့် ခြားနားသွားအောင် မလုပ်နိုင်တော့ပေ။
အပျော်လှေပေါ်က လာတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်သူကများ တကယ်တန်ဖိုးထားမှာတဲ့လဲ? လူများစွာရဲ့ ဖိအားပေးမှုအောက်မှာ မုံယွင်က မက္ခရုငှက်လေးအား လူတိုင်းရှေ့တွင် ဆုံးမလိုက်ပြီး သူမကို မောင်းထုတ်ခဲ့သည်။
မက္ခရုငှက်လေးသည် မုံယွင်က တစ်ချက် လှည့်မကြည့်ပဲ ထွက်သွားတာတွေ၊ မုံယွင်က တစ်ခြားအမျိုးသမီးတစ်ယောက်ကို လက်ထပ်ပြီး မျက်ခုံးမွှေး ဆွဲပေးတာတွေအား မျက်ရည်မကျအောင် ထိန်းထားရင်းဖြင့် ကြည့်နေခဲ့ရသည်။ သူမရဲ့ နှလုံးသားသည်လည်း တွန့်လိမ်နေခဲ့ရပြီး လမ်းလွဲသွားခဲ့တော့၏။
သူမထပ်ပြီး ပြဿနာမရှာနိုင်တော့သည့် အကြောင်းအရင်းကတော့ Undead City မှ လူက သူမကို ခေါ်သွးခြင်းကြောင်ပင်။
"ဒီကမ္ဘာမှာ လျှောက်သွားမနေနဲ့တော့ ငါနဲ့အတူ Undead City ကိုလိုက်ခဲ့, အဲ့ဒီမှာဆိုရင် မင်းပျော်ရွှင်ရလိမ့်မယ်"
"ပျော်ရွှင်နိုင်မှာလား....?" လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက မက္ခရုငှက်လေးက မေးခဲ့သည်။
"ကျွန်မရဲ့ ပျော်ရွှင်မှုတွေအားလုံးက အခုအဲ့ဒီလူဆီမှ ချည်နှောင်ခဲ့မိပြီ, Undead City မှာဆိုရင်ရော.....ကျွန်မတကယ်ပဲ ပျော်ရွှင်မှုကို ရှာဖွေနိုင်ပါ့မလား?"
"ငါပျော်ရွှင်ရဲ့လား......?" နှစ်တစ်ရာကြာပြီးနောက်မှာ မုံသခင်မက ညည်းညူ၏။
"ဒါတွေအားလုံးက အတုအယောင်တွေကြီးပဲ... ငါ Undead City ကနေ လွတ်မြောက်လာခဲ့ပြီး သူ့ရဲ့ လူဝင်စားခြင်းကို ရှာဖွေခဲ့တယ်, သူနဲ့အတူ နေထိုင်နိုင်ဖို့အတွက် အပြစ်တွေအများကြီးကိုလည်း ကျူးလွန်ခဲ့တယ်......"
သူမရဲ့ ခန္တာကိုယ်ပေါ်မှာ Undead City ရဲ့ အမှတ်အသားရှိနေသည်။ သူမ နတ်ဆိုးတစ်ကောင် ဖြစ်နေသ၍ Undead Cityက သူမရဲ့ အမှတ်အသားနောက်လိုက်ပြီး သူမကို ရှာဖွေနိုင်မှာပင်။ Undead City ကနေ ထွက်ခွာနိုင်ရန်အတွက် သူမရဲ့ ရှည်ကြာလှတဲ့ သက်တမ်းအား နှစ်အနည်းငယ်လောက်နဲ့ လဲလှယ်ဖို့အတွက် တွန့်ဆုတ်မှုမရှိခဲ့ပေ။ သူမရဲ့ နတ်ဆိုးခန္တာကိုယ်အား ဖယ်ရှားနိုင်ဖို့အတွက် သူမရဲ့မူလခန္ဓာကိုယ်ကို ဖိနှိပ်ထားတဲ့ ဘီလူးနဲ့ စီးပွားရေးလုပ်ဖို့လည်း မတွန့်ဆုတ်ခဲ့။ အပြန်အလှန်အားဖြင့် သူမက ထိုဘီလူးအတွက် အစာရှာပေးခဲ့ရသည်။
ဒီနှစ်တွေအတွင်းမှာ သူမ အပြစ်ကြွေးဘယ်လောက်တောင် ကျူးလွန်ခဲ့မိလဲ? မရေမတွက်နိုင်ဘူး.. .ဒါပေမဲ့ နောက်ဆုံးတော့ သူမက မုံယွင် အလိုချင်ဆုံး ဇနီးတစ်ယောက် ဖြစ်လာခဲ့ပြီး အဆုံးမှာ မုံယွင်ရဲ့ အရင်းနှီးဆုံး အဖော်မွန်တစ်ယောက် ဖြစ်လာကာ သူ့ခေါင်းအုံးကို မျှဝေနိုင်ခဲ့ပြီ....
ဒါပေမဲ့.... သူမ မကျေနပ်နိုင်သေးသလို ပျော်လည်းမပျော်နိုင်သေးဘူး
တစ်ခါတုန်းက မုံယွင်ကို သူမ လက်ထပ်နိုင်ဖို့သာ မျှော်လင့်ခဲ့မိပေမယ့် အခုတော့ မုံယွင်က သူမတစ်ယောက်တည်းနဲ့ သက်ဆိုင်ဖို့ပဲ မျှော်လင့်မိလာတယ်
"ဘာလို့များ အဲ့ဒီနေရာတွေကိုပဲ အမြဲတမ်းသွားနေခဲ့ရတာလဲ....ရှင်က အမြဲအဲ့ဒီလိုပဲ"
မုံသခင်မသည် နောက်ဆုံးတော့ တစ်ဝက်ကျန်ရစ်သည့် စာလိပ်အား ဆုပ်ကိုင်လိုက်သည်။ သို့သော်လည်း ပန်းချီကားချပ်ထဲက အမျိုးသမီးရဲ့ခန္တာကိုယ် တစ်ဝက်လောက်က မီးလောင်ကျွမ်းပြီးနေလေပြီ။ မုံသခင်မက စာလိပ်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း နာကျင်မှုနဲ့ စိတ်ပျက်အားငယ်မှုအား ခံစားနေရ၏။
"ကျွန်မနဲ့အတူ ပန်းချီကားထဲ ဝင်သွားရင် မကောင်းဘူးလား? အဲ့ဒီမှာဆို ကျွန်မတို့နှစ်ယောက်တည်းပဲ ရှိမှာ....ဒါဆိုကျွန်မတို့ ထာဝရ ငြိမ်းချမ်းပြီး ဘယ်တော့မှ မခွဲခွာရတော့ဘူး...""
မုံသခင်မက သူမရဲ့ နတ်ဆိုးခန္တာအား စွန့်လွှတ်ခဲ့သော်လည်း အပျော်လှေပေါ်ရှိ အမျိုးသမီး ထောင်ဟွားအာက သာမာန်လူတစ်ယောက် မဟုတ်တာကိုတော့ သူမ ခံစားနိုင်သေးသည်။ သူမရဲ့ ပန်းချီကားများတွင် နားမလည်နိုင်သော စွန်းအင်များ ရှိနေသည်လေ။ ထို့ကြောင့် ထိုအမျိုးသမီးအား ပန်းချီကားတစ်ချပ် ဆွဲခိုင်းလိုက်ပြီး Undead City မှာ သင်ယူခဲ့ရတဲ့ အရာများဖြင့် ပန်းချီကားချပ်အတွင်းမှာ ထာဝရနေထိုင်ဖို့ ထောင်ချောက်ဆင်ရန် သူမအတွက် မခက်ခဲပေ။
အဲ့ဒါက မခက်ခဲပေမယ့် ကံမကောင်းစွာပဲ....လမ်းတစ်ဝက်မှာ အတားအဆီးတစ်ခု ပေါ်လာခဲ့တယ်... အခုတော့အားလုံး ပျက်စီးသွားပြီ
မုံသခင်မက ရှိုက်ကြီးတစ်ငင် အော်ဟစ်လိုက်သည်။ ပုံရဲ့ တစ်ဝက်လောက်က ရုတ်တရက် လင်းလက်သွားခဲ့ကာ အလင်းတန်းတစ်ခုက သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ မုံသခင်မ၏ ရုပ်သွင်သည်လည်း တစ်ဖြည်းဖြည်းလျော့ပါးလာ၍ သူမတစ်ကိုယ်လုံး ပန်းချီကားထဲသို့ မျိုချခံလိုက်ရ၏။
မုံယွင်က ထိတ်လန့်တကြား ဖြစ်သွားခဲ့ပြီး နောက်ဆုံးတော့ ပန်းချီကားက ဘာဆိုတာ နားလည်သွားလေသည်။ သူတို့က နှစ်ပေါင်းများစွာ ခင်ပွန်းနဲ့ဇနီးသည် ဖြစ်ခဲ့ပြီး သူ့ခံစားချက်များက တိမ်မြှုပ်မသွားခဲ့သေးပေ။ သူက ကြောက်လန့်နေမှုအား စွန့်လွှတ်လိုက်ပြီး ရှန်ကျစ်ရှန်းရဲ့ အတားအဆီးကို လစ်လျူရှုလိုက်သည်။ ထို့နောက် ရှေ့သို့ တိုးဝင်သွားကာ ကျန်ရစ်သည့် ပန်းချီကားတစ်ဝက်ကို ကောက်ယူရန် ပြင်လိုက်သည်။
သို့ပေမယ့် ထိုပန်းချီကား တစ်ဝက်က လောင်ကျွမ်းနေဆဲဖြစ်သည်။ သေးငယ်သည့် ငှက်လေးတစ်ကောင်ရဲ့ အရိပ်က ရုတ်တရက် ပေါ်လာခဲ့ပြီး မကြာခင်မှာ မီးများနဲ့လောင်မြိုက်သွားသည်။
မုံယွင်က မီးအား ဂရုမစိုက်ပဲ အပြေးအလွှားသွားလိုက်၏။ သူက ပန်းချီကားလိပ်အား အလျင်စလို ပုတ်ခါ၍ မီးငြိမ်းရန် ကြိုးစားမိသည်။ သို့သော်လည်း စာလိပ်က ဝိုင်များနဲ့ စိုစွတ်နေခဲ့တာကြောင့် မကြာခင်မှာ အကုန်လုံး လောင်ကျွမ်းသွားခဲ့ပြီး ပြာမှုန်သာ ကျန်ရစ်ခဲ့လေသည်။
လေပြေတစ်ဝှေ့ တိုက်ခတ်လာတဲ့ အချိန်မှာ ပြာမှုန်များက လွင့်မျောသွားခဲ့ပြီး မုံသခင်မရဲ့ ပုံရိပ်လေးက မှုန်ဖျော့ဖျော့ မီးခိုးထဲမှာ ပေါ်လာခဲ့သည်။ ငှက်လေးတစ်ကောင်ရဲ့ အသွင်အပြင်ကလည်း လေလယ်မှာ မျောလွင့်နေခဲ့၍ သူ့အား တိတ်တဆိတ် ငေးကြည့်နေလေ၏။
"ချင်း....ချင်းချင်း?"
မုံယွင်က ထိုအရိပ်အား ထိတွေ့နိုင်ရန် သူ့လက်ကို ဗလာဖြစ်စွာ ဆန့်ထုတ်မိသည်။ သို့သော်လည်း လေတစ်ချက်က ဝေ့ခနဲ တိုက်ခတ်သွားကာ အရိပ်အား လုံးဝပျောက်ပျက်သွားစေလေသည်။
"သူမ ဘယ်ရောက်သွားတာလဲ? ငါ့မိန်းမ ဘယ်မှာလဲ?"
မုံယွင်က ခဏတာ ကြောင်ငေးငေး စိုက်ကြည့်နေမိပြီးနောက် ခေါင်းလှည့်ကာ မေးလာ၏။
ရှန်ကျစ်ရှန်း ပြန်ပြောဖို့ ပြင်လိုက်တဲ့အချိန်မှာ 'နှင်းပွင့်အပြန်'က အပြင်းအထန် တုန်ခါလာသည်။ သူ့မျက်နှာက တောင့်တင်းသွားခဲ့ပြီး ရန်ကျင်းအား ပြတ်သွားစွာ လှည့်ကြည့်ရင်း ပြောလိုက်သည်။
"မုံယွင်ကို အိမ်တော်ထဲက တစ်ခြားသူတွေအားလုံးနဲ့အတူ အပြင်သွားပို့လိုက်"
ထို့နောက် ခြံဝင်းလေး တည်ရှိနေသည့် ဘက်အား ကြည့်လိုက်ပြီး သူ့အမူအယာက လေးနက်တည်ကြည်သွားသည်။
"အဲ့ဒီအရာ ထွက်လာပြီ"
ထိုနတ်ဆိုးအကြောင်း သူတို့ဘာမှ မသိထားခဲ့ကြ။ သို့သော်လည်း ရှန်ကျစ်ရှန်းကတော့ သူ့ဘာသာသူ သွားကြည့်ဖို့ ရည်ရွယ်ထားသည်။ ထိုအချိန် ရန်ကျင်းကတော့ အိမ်တော်ထဲက လူများကို အရင်ဆုံး ကယ်ဆယ်ရမှာပင်။ သို့ပေမယ့် ရန်ကျင်းက သူ့အကြံကို သိပ်ပြီး လက်ခံပုံမပေါ်ဘူး။ ရှန်ကျစ်ရှန်းက မျက်မှောင်ကြုတ်ပြီး နောက်တစ်ဖန် အမိန့်ပေးလိုက်မှသာ ရန်ကျင်းက ရုန်းကန်နေသည့် မုံယွင်နဲ့ တုံ့ဆိုင်းစွာ ထွက်ခွာသွားသည်။
ရှန်ကျစ်ရှန်းက အသက်ရှုထုတ်လိုက်ပြီး ခပ်မတ်မတ်ရပ်ကာ ခြံဝင်းလေးရှိရာသို့ အလျင်စလို သွားလိုက်သည်။ သော့က အက်ကွဲသွားပြီ ဖြစ်သော်လည်း စည်းတံဆိပ် အက္ခရာကတော့ အလုပ်လုပ်နေဆဲဖြစ်သည်။ ဓားချက်တစ်ချက်နဲ့အတူ ရှန်ကျစ်ရှန်းက သော့ခလောက်အား အမှုန့်အဖြစ် ဖြိုခွဲလိုက်သည်။
တဟုန်းဟုန်းတောက်နေသော ရောင်ဝါသည် ရုတ်တရက် ရပ်တန့်သွားသည်။
ရှန်ကျစ်ရှန်းက ပြိုကျနေသော သစ်သားတံခါးကို ကန်ထုတ်လိုက်ပြီး သူ့ကိုယ်သူ မှော်ပညာဖြင့် ကာကွယ်ကာ အခန်းထဲသို့ ဖောက်ဝင်သွားသည်။
အခန်းတွင်းမှာ မီးခိုးမည်းများဖြင့် မှောင်မဲပြီး မှိုတက်နေသည်။ အများစုကတော့ နတ်ဆိုးအသေးလေးများနဲ့ ဆင်တူသည့် အလောင်းများဖြင့် ပြည့်နှက်နေ၏။ ထူထဲပြီး သိသိသာသာနီးပါးဖြစ်နေသော အနက်ရောင်ချီများက ပုံသဏ္ဍာန်အမျိုးမျိုးအဖြစ် ပြောင်းလဲရင်း မြေပြင်ပေါ်မှာ ဖြတ်လျှောက်သွားလာနေတာကြောင့် အသံဗလံမျိုးစုံနဲ့ ကြောက်စရာကောင်းသော အက်ရှရှ အော်ဟစ်သံများ ဖြစ်ပေါ်လာစေသည်။
ဤသည်မှာ မုံသခင်မနဲ့ စာချုပ်ချုပ်ဆိုခဲ့သည့် ဘီလူး ဖြစ်နိုင်သည်။ ရှန်ကျစ်ရှန်းသည် တစ်ဟုန်းဟုန်းဖြစ်နေသည့် အနက်ရောင်ချီ တိမ်တိုက်ကြီးကို မြင်နေရပြီး ၎င်းကို လျော့မတွက်ဝံ့ပေ။ အဲ့ဒီအစား သတိတကြီးဖြင့် ကြည့်နေသည်။
မုံသခင်မက သူမရဲ့ နတ်ဆိုးခန္တာအား သူမရဲ့ လူသားကိုယ်ထည်ကနေ ခွဲထုတ်လိုြက်ပီဖြစ်ကြောင်း ရှန်ကျစ်ရှန်းက အစောကတည်းက ခန့်မှန်းထားခဲ့သည်။ မက္ခရုငှက်လေးက အမှန်တော့သူမရဲ့ နတ်ဆိုးကိုယ်ထည်ဖြစ်သည်။ သူက ခြံဝင်းထဲမှာ တွားသွားနေသည့် ထိုမက္ခရုငှက်လေးအား ပြန်စဉ်းစားမိလေသည်......အဲဒါက မုံသခင်မနဲ့ အဲ့ဒီဘီလူးက လုပ်ထားတာသာ ဖြစ်လိမ့်မည်။ သူတို့ရဲ့ သဘောတူညီချက်မှာ သူမက ထိုဘီလူးအတွက် အစာရှာပေးရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် ထိုဘီလူးက သူမရဲ့ နတ်ဆိုးခန္တာအား ထိန်းချုပ်ထားလိမ့်မည်။
'နှင်းပွင့်အပြန်'က ကြည့်ရတာ ထိတွေ့ဆက်ဆံရဖို့အတွက် စိတ်လှုပ်ရှားပြီး အပူတပြင်းဖြစ်နေပုံရသည်။ ဓားဝိညာဉ်သည်လည်း နိုးထလာမည့် အရိပ်အယောင်များ ပြလာ၏။ ရှန်ကျစ်ရှန်းက သူ့ဓားအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး အသက်ပြင်းပြင်းရှုလိုက်သည်။ သူ့လက်ကောက်ဝတ်က ဆက်ခနဲ လှုပ်ရှားသွားပြီးနောက် အနက်ရောင်ချီများရှိရာသို့ ခုတ်လိုက်တာကြောင့် ဓားက နောက်ဆုံးမှာ စိတ်ကျေနပ်သွားပုံရသည်။
ဓားရဲ့ ရောင်ဝါက အလွန်အေးစက်နေသည်။ ဘီလူးက ထိုအရာကို သတိပြုမိလိုက်ပုံဖြင့် ရုတ်တရက် နောက်ပြန်ဆုတ်သွားကာ ရေများတစ်ပွက်ပွက် ဆူညံနေသလိုမျိုး အသံများ ထွက်လာသည်။
ဒါသည် ရှန်ကျစ်ရှန်းတစ်ယောက် စာအုပ်ထဲ ကူးပြောင်းလာပြီးကတည်းက အမှန်တကယ် တိုက်ခိုက်ရခြင်းပင်။ သူ့စိတ်ထဲမှာ မှတ်ဉာဏ်များ မြောက်မြားစွာ ရှိနေပြီး ရန်ကျင်းနဲ့အတူ ဓားကွက်များ လေ့ကျင့်ဘူးပေမယ့်လည်း ထိုကိစ္စက မတူတဲ့အရာသာဖြစ်သည်။ သူ့အနေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်အတော်လေး ယူရမယ်ဟု တွေးမိသည်။ သို့သော်လည်း ဓားအား ဓားအိမ်ကနေ ဆွဲထုတ်လိုက်သည့် တစ်ခဏမှာပဲ သူ့လှုပ်ရှားမှုများက အလွန် သဘာဝကျနေပြီး မရင်းနှီးမှုမျိုး လုံးဝရှိမနေပေ။
ရှန်ကျစ်ရှန်းရဲ့ နှလုံးသားထဲမှာ စိတ်ရှုပ်ထွေးမှုတစ်ချို့ ရှိသွားပေမယ့် မကြာခင်မှာပင် ထိုဘီလူးက သူ့အာရုံကို ပြန်ယူသွားသည်။
ရှန်ကျစ်ရှန်းသည် ထိုဘီလူးအကြောင်း သိပ်မသိပေမယ့်လည်း ၎င်း၏့ခွန်အားက အားနည်းမှာ မဟုတ်ကြောင်း နှင့် အမှန်မှာတော့ အလွန် ကြောက်စရာကောင်းနိုင်ကြောင်း သိထားသည်။ ထိုအချိန်မှာ ရှန်ကျစ်ရှန်းကတော့ သူ့နှလုံးရောဂါကို သိပ်မကြာခင်ကမှ ကုနိုင်ထားခြင်းပင်။ သူ့ကျင့်ကြံဆင့်က မပြောင်းလဲပေမယ့်လည်း သူ့ဝိညာဉ်စွမ်းအင်ကတော့ ထိန်းထားနိုင်မှာ မဟုတ်ဘူး။ သူဘယ်အချိန်ထိ တောင့်ခံနိုင်မလဲ ဆိုတာပင် မသိနိုင်။
ထိုအချိန်မှာ ရန်ကျင်းကတော့ ရှန်ကျစ်ရှန်းရဲ့ အမိန့်ဖြင့် မုံယွင်အား အဝေးကို ခေါ်သွားပေးပြီး ရှန်ကျစ်ရှန်း အသက်ဆုံးရှုံးသွားမှာကို စိုးရိမ်သဖြင့် မုံယွင်တစ်ယောက် အသံတွေဆူညံပြီး တစ်ခြားသူများအား မထိတ်လန့်စေရန် အပျော်လှေပေါ်သို့သာ ပစ်ချကာ အရေခွံလဲမိစ္ဆာကို စောင့်ကြည့်စေလိုက်သည်။ ပြီးမှသာ တတ်နိုင်သမျှ အမြန်ဆုံးပြန်သွားလေသည်။
အိမ်တော်ထဲသို့ ပြန်မဝင်ခင်တွင် သူက မူလတုန်းက အိမ်တော်တစ်ဝိုက်မှာ သူတို့ဖွဲ့စည်းထားသည့် ဖွဲ့စည်းမှုအား အသက်သွင်းလိုက်၏။ ယခုတော့ မည်သူကမျှ စိတ်လိုသလို ဝင်ထွက်ခြင်း မလုပ်နိုင်တော့ပေ။
ဤနှောင့်နှေးမှုများကြောင့် တစ်နာရီ၏ လေးပုံတစ်ပုံ ကုန်လွန်သွားခဲ့သည်။ ရန်ကျင်းက သူ့ဝိညာဉ်ပင်လယ်ထဲက စာချုပ် အတိုင်းလိုက်ပါပြီး ဘီလူးနဲ့ တစ်ဦးချင်းတိုက်ပွဲအလယ်မှာ ရှိနေသည့် ရှန်ကျစ်ရှန်းအား တွေ့ရှိသွားသည်။ ထို့နောက်မှာတော့ ရန်ကျင်းက စကားတစ်ခွန်းမှ မပြောပဲ သူ့ဓားကိုဆွဲထုတ်ကာ တိုက်ပွဲထဲ ဝင်သွားတော့သည်။
သူတို့နှစ်ယောက်က တူညီတဲ့ စိတ်ထားနဲ့ တူညီတဲ့ နှလုံးသားရှိကြသည်။ သူတို့နှစ်ယောက်ရဲ့ ခွန်အားကို ပေါင်းစည်းလိုက်သောအခါ အချင်းချင်းရဲ့ အတွေးများကို ခန့်မှန်းဖို့ မခက်ခဲတော့ပေ။ ရှန်ကျစ်ရှန်းရဲ့ ဓားက တုန်ယင်သွားတာနဲ့ ရန်ကျင်းသည် သူမည်သည့် ဓားကွက်သုံးမည်ကို ချက်ချင်းသိသွားသည်။ သူက မဆိုင်းမတွပင် သူ့ဓားဖြင့် ဖြစ်နိုင်ချေရှိသော ချို့ယွင်းချက်များအား ဖုံးကွယ်ပေးပြီး ဘီလူးရဲ့ လွတ်မြောက်မှုကို ပိတ်ဆို့လိုက်သည်။
သူတို့ရဲ့ ပေါင်းစည်းထားသော ကြိုးပမ်းမှုအောက်မှာ ဘီလူးသည်သာ ဒုက္ခရောက်နေ၏။ ဒီနှစ်ရက်အတွင်းမှာ လရောင်က အားနည်းနေပြီး ဝိညာဉ်ချီများက နည်းပါးနေသည်။ သာမာန်အားဖြင့် မက္ခရုငှက်လေးက ၎င်းအတွက် အစာရှာပေးလေ့ ရှိသော်လည်း အခုတော့ ထိုနတ်ဆိုးလေး ဘယ်သွားနေမှန်း သူ မသိပေ။ အဲ့ဒီအား အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့ လူသားနှစ်ယောက်ကသာ အထဲကို ချိုးဖြတ်ဝင်လာပြီး သူ့အနားယူမှုကို အနှောင့်အယှက် ပေးနေသည်။
ဘီလူးက အတော်လေး ဒေါသထွက်နေလေပြီ။ သူအခု အပြင်းအထန် ဒဏ်ရာမရသေးမှန်း သိနေပြီး ဒီထက်ပို ဒုက္ခရောက်လာမှာကို ကြောက်ရွံ့မိလာသည်။ သူက အော်သံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်ကာ သူ့အနားပတ်ဝန်းကျင်က ဝိညာဉ်ချီများအား စုပ်ယူလိုက်တာကြောင့် အနက်ရောင်ချီများက ရုတ်တရက် ထိုးတက်လာတော့၏။
ရှန်ကျစ်ရှန်းသည် အခြေအနေ မကောင်းတော့ကြောင်း သတိပြုမိတာကြောင့် အော်ဟစ်လိုက်သည်
"နောက်ပြန်ဆုတ်!"
သို့သော်လည်း သူ့သတိပေးမှုက နောက်ကျသွားသည်။ ဘီလူးက အရိုးတွေအားလုံးကို မျိုချလိုက်တဲ့ တစ်ခဏမှာပင် ခွန်အားက ရုတ်တရက် ထိုးတက်သွားသည်။ သူ့ရဲ့ အစွယ်များနဲ့ လက်သည်းများက ရုပ်လုံးပေါ်လာပြီး သူတို့ဆီ တိုးဝင်လာလေပြီ!
26.2.2022
================
Zawgyi
အခန္း(၅၀-၂) - ဘီလူး
ပုံမွန္မဟုတ္တာကို မည္သူမ်ွ သတိမထားမိခဲ့ဘဲ မံုယြင္သည္ပင္ သူမအား အေပ်ာ္ေလွေပၚမွ မိန္းကေလး အသစ္တစ္ေယာက္ ဟုသာ အျမဲေတြးခဲ့သည္။ သူက အလွတရားေတြနဲ႔ က်င့္သားရေနခဲ့တာေၾကာင့္ ထိုမကၡရုငွက္ေလးနဲ႔ ရင္ဆုိင္ရတဲ့ အခါမွာ သူက လြတ္လပ္လြယ္ကူစြာ ေျပာဆုိခဲ့သည္။ အရက္ေသာက္ျပီး မူးေနရင္ ဘာမဆိုေျပာထြက္လာသည္ပင္။
သူေန႔စဥ္ ေတြ႔ခဲ့သမွ် မိန္းကေလးတိုင္းက ေရရွည္အေတြ႔အၾကံဳ ရွိၾကသည့္ အလုပ္သမားမ်ား ျဖစ္ၾကသည္။ ဘယ္သူက စိတ္ရင္းနဲ႔ စကားေျပာတာလဲ ဘယ္သူက မူးေနတဲ့အခ်ိန္မွာ ခ်ိဳသာစြာ ေျပာတတ္တာလဲဆုိတာ သူတို႔သိထားၾကသည္။ သူ႔ေသာ္လည္း မကၡရုငွက္ေလးကေတာ့ မတူေပ။သူမက ထိုသူမူးေနတဲ့အခ်ိန္ေျပာသမ်ွကို ေလးေလးနက္နက္ မွတ္ယူထားတာျဖစ္သည္။
ခံစားခ်က္ဆိုတဲ့ အရာက ရုတ္တရက္ ေရာက္လာျပီး ထိန္းမနိုင္သိမ္းမရျဖစ္လာ၏။ တစ္ေန႔မွာ မံုယြင္က သူမကို သူလက္ထပ္ေတာ့မည္ ျဖစ္ေၾကာင္း အျပံဳးနဲ႔ ေျပာလာသည္အား ၾကားလုိက္ရေလသည္။ ထိုအခ်ိန္မွသာ သူမရဲ႔ နွလံုးသားက ေျပာင္းလဲေနျပီျဖစ္ေၾကာင္း ရုတ္တရက္ သိလိုက္ရသည္။
မကၡရုငွက္ေလးအေနနဲ႔ ျပင္ပကမာၻအား ပိုမိုထိေတြ႔လာေလေလ အေၾကာင္းမ်ားကို ပုိမိုသိလာေလေလပင္။ အထူးသျဖင့္ အေပ်ာ္ေလွလိုေနရာမ်ိဳးမွာ ဆိုရင္ေပါ့။ သူမ နားမလည္ဘူးဆိုရင္ ေမးလိမ့္မွာပင္။ ထို႔ေၾကာင့္ သူမက ဂရုတစိုက္ ေမးလိုက္သည္။
"လက္မထပ္လို႔ မရဘူးလား?"
သူမအတြက္ သူလက္မထပ္လို႔ မရဘူးလား?
မံုယြင္က သူမရဲ႔ ပထမေမးခြန္းကို အျမန္အဆန္ ျပန္ေျဖလာတာေၾကာင့္ ေနာက္ေမးခြန္းကို ဆက္ေမးလုိ႔ မရဘူးျဖစ္သြားသည္။
"ရက္က သတ္မွတ္ျပီးေနျပီ ျပီးေတာ့ မၾကာခင္ အရမ္းအလုပ္မ်ားေတာ့မွာဆိုေတာ့ ကိုယ္ဒီကို ေန႔တိုင္းမလာနုိင္ေတာ့ဘူး, ခ်င္းခ်င္း မင္းက ကိုယ့္အေပၚ အရမ္းေကာင္းခဲ့တယ္, အကယ္၍ ေငြလိုရင္ မံုအိ္မ္ေတာ္ကို တစ္ေယာက္ေယာက္ ပို႔လုိက္ျပီး ကိုယ့္ကိုရွာလို႔ရတယ္"
မကၡရုငွက္ေလးက မံုယြင္ရဲ႔ စိတ္ပိုင္းျဖတ္ထားမွုကို ျမင္ရတာေၾကာင့္ မ်က္ေမွာင္ၾကဳတ္မိသည္။ ထိုသူ႔ကို သူမ မဆြဲေဆာင္နုိင္ဘူးဆိုတာ သူမသိသည္။ မံုယြင္ရဲ႔စိတ္ကို ေျပာင္းလဲလုိ႔ရမယ့္ နည္းလမ္း လံုးဝမရွိဘူး
မံုယြင္က ပညာရွိျပီး ဟန္ခ်က္ညီမ်ွကာ သီလတရားရွိသည့္ ဇနီးသည္တစ္ေယာက္ လိုခ်င္ေၾကာင္း သူမကို ေျပာခဲ့ဘူးသည္။ သို႔ေသာ္လည္း မံုယြင္က ေန႔တိုင္း အလွေလးေတြနဲ႔ ပလူးပလဲေနတာ ျမင္ရတာေၾကာင့္ ဒါကို ဟာသတစ္ခုဟုသာ သူမေတြးထင္ခဲ့မိတာပင္။
ဒါေပမဲ့ ဘယ္သူသိမွာလဲ....
သူမက သုန္သုန္မွုန္မွုန္ျဖင့္သာ တုန္႔ျပန္လိုက္ျပီး မံုယြင္တစ္ေယာက္ အလ်င္စလို ထြက္ခြာသြားသည္ကို ေငးၾကည့္ေနမိကာ သူမ မ်က္လံုးမ်ားကေတာ့ တြန္႔ဆုတ္ေန၏။
နွစ္ရက္ၾကာ တိတ္ဆိတ္ေနျပီးေနာက္မွာ မကၡရုငွက္ေလးက ေနာက္ဆံုးေတာ့ စိတ္ဆံုးျဖတ္ခ်က္ ခ်လိုက္ျပီး အေပ်ာ္ေလွကေန ထြက္ခြာသြားေလသည္။
မကၡရုငွက္ေလးက ပထမဆံုးအၾကိမ္အေနနဲ႔ ျပႆနာရွာလုိက္ျခင္းျဖစ္သည္။
မံုယြင္အတြက္ကေတာ့ သူမက သူလက္ထပ္မည့္သူကို ျပႆနာသြားရွာျပီး ေနာက္ဆံုးမွာ အေတာ္ေလး ေမႊေနွာက္လိုက္ေပမယ့္ ျခားနားသြားေအာင္ မလုပ္နုိင္ေတာ့ေပ။
အေပ်ာ္ေလွေပၚက လာတဲ့ မိန္းကေလးတစ္ေယာက္ကို ဘယ္သူကမ်ား တကယ္တန္ဖိုးထားမွာတဲ့လဲ? လူမ်ားစြာရဲ႔ ဖိအားေပးမွုေအာက္မွာ မံုယြင္က မကၡရုငွက္ေလးအား လူတိုင္းေရွ႔တြင္ ဆံုးမလုိက္ျပီး သူမကို ေမာင္းထုတ္ခဲ့သည္။
မကၡရုငွက္ေလးသည္ မံုယြင္က တစ္ခ်က္ လွည့္မၾကည့္ပဲ ထြက္သြားတာေတြ၊ မံုယြင္က တစ္ျခားအမ်ိဳးသမီးတစ္ေယာက္ကို လက္ထပ္ျပီး မ်က္ခံုးေမႊး ဆြဲေပးတာေတြအား မ်က္ရည္မက်ေအာင္ ထိန္းထားရင္းျဖင့္ ၾကည့္ေနခဲ့ရသည္။ သူမရဲ႔ နွလံုးသားသည္လည္း တြန္႔လိမ္ေနခဲ့ရျပီး လမ္းလြဲသြားခဲ့ေတာ့၏။
သူမထပ္ျပီး ျပႆနာမရွာနုိင္ေတာ့သည့္ အေၾကာင္းအရင္းကေတာ့ Undead City မွ လူက သူမကို ေခၚသြးျခင္းေၾကာင္ပင္။
"ဒီကမာၻမွာ ေလ်ွာက္သြားမေနနဲ႔ေတာ့ ငါနဲ႔အတူ Undead City ကုိလိုက္ခဲ့, အဲ့ဒီမွာဆိုရင္ မင္းေပ်ာ္ရႊင္ရလိမ့္မယ္"
"ေပ်ာ္ရႊင္နုိင္မွာလား....?" လြန္ခဲ့တဲ့ နွစ္တစ္ရာတုန္းက မကၡရုငွက္ေလးက ေမးခဲ့သည္။
"က်ြန္မရဲ႔ ေပ်ာ္ရႊင္မွုေတြအားလံုးက အခုအဲ့ဒီလူဆီမွ ခ်ည္ေနွာင္ခဲ့မိျပီ, Undead City မွာဆိုရင္ေရာ.....က်ြန္မတကယ္ပဲ ေပ်ာ္ရႊင္မွုကို ရွာေဖြနုိင္ပါ့မလား?"
"ငါေပ်ာ္ရႊင္ရဲ႔လား......?" နွစ္တစ္ရာၾကာျပီးေနာက္မွာ မံုသခင္မက ညည္းညဴ၏။
"ဒါေတြအားလံုးက အတုအေယာင္ေတြၾကီးပဲ... ငါ Undead City ကေန လြတ္ေျမာက္လာခဲ့ျပီး သူ႔ရဲ႔ လူဝင္စားျခင္းကို ရွာေဖြခဲ့တယ္, သူနဲ႔အတူ ေနထုိင္နုိင္ဖို႔အတြက္ အျပစ္ေတြအမ်ားၾကီးကိုလည္း က်ဴးလြန္ခဲ့တယ္......"
သူမရဲ႔ ခႏာၱကိုယ္ေပၚမွာ Undead City ရဲ႔ အမွတ္အသားရွိေနသည္။ သူမ နတ္ဆိုးတစ္ေကာင္ ျဖစ္ေနသ၍ Undead Cityက သူမရဲ႔ အမွတ္အသားေနာက္လုိက္ျပီး သူမကို ရွာေဖြနုိင္မွာပင္။ Undead City ကေန ထြက္ခြာနုိင္ရန္အတြက္ သူမရဲ႔ ရွည္ၾကာလွတဲ့ သက္တမ္းအား နွစ္အနည္းငယ္ေလာက္နဲ႔ လဲလွယ္ဖို႔အတြက္ တြန္႔ဆုတ္မွုမရွိခဲ့ေပ။ သူမရဲ႔ နတ္ဆိုးခႏာၱကိုယ္အား ဖယ္ရွားနုိင္ဖို႔အတြက္ သူမရဲ႕မူလခႏၶာကိုယ္ကို ဖိႏွိပ္ထားတဲ့ ဘီလူးနဲ႔ စီးပြားေရးလုပ္ဖို႔လည္း မတြန႔္ဆုတ္ခဲ့။ အျပန္အလွန္အားျဖင့္ သူမက ထိုဘီလူးအတြက္ အစာရွာေပးခဲ့ရသည္။
ဒီနွစ္ေတြအတြင္းမွာ သူမ အျပစ္ေၾကြးဘယ္ေလာက္ေတာင္ က်ဴးလြန္ခဲ့မိလဲ? မေရမတြက္နုိင္ဘူး.. .ဒါေပမဲ့ ေနာက္ဆံုးေတာ့ သူမက မံုယြင္ အလိုခ်င္ဆံုး ဇနီးတစ္ေယာက္ ျဖစ္လာခဲ့ျပီး အဆံုးမွာ မံုယြင္ရဲ႔ အရင္းနွီးဆံုး အေဖာ္မြန္တစ္ေယာက္ ျဖစ္လာကာ သူ႔ေခါင္းအံုးကို မ်ွေဝနုိင္ခဲ့ျပီ....
ဒါေပမဲ့.... သူမ မေက်နပ္နုိင္ေသးသလို ေပ်ာ္လည္းမေပ်ာ္နုိင္ေသးဘူး
တစ္ခါတုန္းက မံုယြင္ကို သူမ လက္ထပ္နုိင္ဖို႔သာ ေမ်ွာ္လင့္ခဲ့မိေပမယ့္ အခုေတာ့ မံုယြင္က သူမတစ္ေယာက္တည္းနဲ႔ သက္ဆုိင္ဖို႔ပဲ ေမွ်ာ္လင့္မိလာတယ္
"ဘာလို႔မ်ား အဲ့ဒီေနရာေတြကိုပဲ အျမဲတမ္းသြားေနခဲ့ရတာလဲ....ရွင္က အျမဲအဲ့ဒီလိုပဲ"
မံုသခင္မသည္ ေနာက္ဆံုးေတာ့ တစ္ဝက္က်န္ရစ္သည့္ စာလိပ္အား ဆုပ္ကိုင္လုိက္သည္။ သို႔ေသာ္လည္း ပန္းခ်ီကားခ်ပ္ထဲက အမ်ိဳးသမီးရဲ႔ခႏာၱကိုယ္ တစ္ဝက္ေလာက္က မီးေလာင္က်ြမ္းျပီးေနေလျပီ။ မံုသခင္မက စာလိပ္အား တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ရင္း နာက်င္မွုနဲ႔ စိတ္ပ်က္အားငယ္မွုအား ခံစားေနရ၏။
"က်ြန္မနဲ႔အတူ ပန္းခ်ီကားထဲ ဝင္သြားရင္ မေကာင္းဘူးလား? အဲ့ဒီမွာဆို က်ြန္မတို႔နွစ္ေယာက္တည္းပဲ ရွိမွာ....ဒါဆိုက်ြန္မတို႔ ထာဝရ ၿငိမ္းခ်မ္းၿပီး ဘယ္ေတာ့မွ မခြဲခြာရေတာ့ဘူး...""
မံုသခင္မက သူမရဲ႔ နတ္ဆိုးခႏာၱအား စြန္႔လႊတ္ခဲ့ေသာ္လည္း အေပ်ာ္ေလွေပၚရွိ အမ်ိဳးသမီး ေထာင္ဟြားအာက သာမာန္လူတစ္ေယာက္ မဟုတ္တာကိုေတာ့ သူမ ခံစားနုိင္ေသးသည္။ သူမရဲ႔ ပန္းခ်ီကားမ်ားတြင္ နားမလည္နိုင္ေသာ စြန္းအင္မ်ား ရွိေနသည္ေလ။ ထို႔ေၾကာင့္ ထိုအမ်ိဳးသမီးအား ပန္းခ်ီကားတစ္ခ်ပ္ ဆြဲခိုင္းလုိက္ျပီး Undead City မွာ သင္ယူခဲ့ရတဲ့ အရာမ်ားျဖင့္ ပန္းခ်ီကားခ်ပ္အတြင္းမွာ ထာဝရေနထိုင္ဖို႔ ေထာင္ေခ်ာက္ဆင္ရန္ သူမအတြက္ မခက္ခဲေပ။
အဲ့ဒါက မခက္ခဲေပမယ့္ ကံမေကာင္းစြာပဲ....လမ္းတစ္ဝက္မွာ အတားအဆီးတစ္ခု ေပၚလာခဲ့တယ္... အခုေတာ့အားလံုး ပ်က္စီးသြားျပီ
မံုသခင္မက ရွိဳက္ၾကီးတစ္ငင္ ေအာ္ဟစ္လိုက္သည္။ ပံုရဲ႔ တစ္ဝက္ေလာက္က ရုတ္တရက္ လင္းလက္သြားခဲ့ကာ အလင္းတန္းတစ္ခုက သူမတစ္ကိုယ္လံုးကို လႊမ္းျခံဳသြားသည္။ မံုသခင္မ၏ ရုပ္သြင္သည္လည္း တစ္ျဖည္းျဖည္းေလ်ာ့ပါးလာ၍ သူမတစ္ကိုယ္လံုး ပန္းခ်ီကားထဲသို႔ မ်ိဳခ်ခံလုိက္ရ၏။
မံုယြင္က ထိတ္လန္႔တၾကား ျဖစ္သြားခဲ့ျပီး ေနာက္ဆံုးေတာ့ ပန္းခ်ီကားက ဘာဆိုတာ နားလည္သြားေလသည္။ သူတို႔က နွစ္ေပါင္းမ်ားစြာ ခင္ပြန္းနဲ႔ဇနီးသည္ ျဖစ္ခဲ့ျပီး သူ႔ခံစားခ်က္မ်ားက တိမ္ျမွဳပ္မသြားခဲ့ေသးေပ။ သူက ေၾကာက္လန္႔ေနမွုအား စြန္႔လႊတ္လုိက္ျပီး ရွန္က်စ္ရွန္းရဲ႔ အတားအဆီးကို လစ္လ်ဴရွဳလိုက္သည္။ ထို႔ေနာက္ ေရွ႔သို႔ တိုးဝင္သြားကာ က်န္ရစ္သည့္ ပန္းခ်ီကားတစ္ဝက္ကို ေကာက္ယူရန္ ျပင္လိုက္သည္။
သို႔ေပမယ့္ ထိုပန္းခ်ီကား တစ္ဝက္က ေလာင္က်ြမ္းေနဆဲျဖစ္သည္။ ေသးငယ္သည့္ ငွက္ေလးတစ္ေကာင္ရဲ႔ အရိပ္က ရုတ္တရက္ ေပၚလာခဲ့ျပီး မၾကာခင္မွာ မီးမ်ားနဲ႔ေလာင္ျမိဳက္သြားသည္။
မံုယြင္က မီးအား ဂရုမစိုက္ပဲ အေျပးအလႊားသြားလုိက္၏။ သူက ပန္းခ်ီကားလိပ္အား အလ်င္စလို ပုတ္ခါ၍ မီးျငိမ္းရန္ ၾကိဳးစားမိသည္။ သို႔ေသာ္လည္း စာလိပ္က ဝိုင္မ်ားနဲ႔ စိုစြတ္ေနခဲ့တာေၾကာင့္ မၾကာခင္မွာ အကုန္လံုး ေလာင္က်ြမ္းသြားခဲ့ျပီး ျပာမွုန္သာ က်န္ရစ္ခဲ့ေလသည္။
ေလေျပတစ္ေဝွ႔ တုိက္ခတ္လာတဲ့ အခ်ိန္မွာ ျပာမွဳန္မ်ားက လြင့္ေမ်ာသြားခဲ့ျပီး မံုသခင္မရဲ႔ ပံုရိပ္ေလးက မွုန္ေဖ်ာ့ေဖ်ာ့ မီးခိုးထဲမွာ ေပၚလာခဲ့သည္။ ငွက္ေလးတစ္ေကာင္ရဲ႔ အသြင္အျပင္ကလည္း ေလလယ္မွာ ေမ်ာလြင့္ေနခဲ့၍ သူ႔အား တိတ္တဆိတ္ ေငးၾကည့္ေနေလ၏။
"ခ်င္း....ခ်င္းခ်င္း?"
မံုယြင္က ထိုအရိပ္အား ထိေတြ႔နုိင္ရန္ သူ႔လက္ကို ဗလာျဖစ္စြာ ဆန္႔ထုတ္မိသည္။ သို႔ေသာ္လည္း ေလတစ္ခ်က္က ေဝ့ခနဲ တိုက္ခတ္သြားကာ အရိပ္အား လံုးဝေပ်ာက္ပ်က္သြားေစေလသည္။
"သူမ ဘယ္ေရာက္သြားတာလဲ? ငါ့မိန္းမ ဘယ္မွာလဲ?"
မံုယြင္က ခဏတာ ေၾကာင္ေငးေငး စိုက္ၾကည့္ေနမိျပီးေနာက္ ေခါင္းလွည့္ကာ ေမးလာ၏။
ရွန္က်စ္ရွန္း ျပန္ေျပာဖို႔ ျပင္လုိက္တဲ့အခ်ိန္မွာ 'ႏွင္းပြင့္အျပန္'က အျပင္းအထန္ တုန္ခါလာသည္။ သူ႔မ်က္နွာက ေတာင့္တင္းသြားခဲ့ျပီး ရန္က်င္းအား ျပတ္သြားစြာ လွည့္ၾကည့္ရင္း ေျပာလုိက္သည္။
"မံုယြင္ကို အိမ္ေတာ္ထဲက တစ္ျခားသူေတြအားလံုးနဲ႔အတူ အျပင္သြားပို႔လိုက္"
ထို႔ေနာက္ ျခံဝင္းေလး တည္ရွိေနသည့္ ဘက္အား ၾကည့္လိုက္ျပီး သူ႔အမူအယာက ေလးနက္တည္ၾကည္သြားသည္။
"အဲ့ဒီအရာ ထြက္လာျပီ"
ထိုနတ္ဆိုးအေၾကာင္း သူတို႔ဘာမွ မသိထားခဲ့ၾက။ သို႔ေသာ္လည္း ရွန္က်စ္ရွန္းကေတာ့ သူ႔ဘာသာသူ သြားၾကည့္ဖို႔ ရည္ရြယ္ထားသည္။ ထိုအခ်ိန္ ရန္က်င္းကေတာ့ အိမ္ေတာ္ထဲက လူမ်ားကို အရင္ဆံုး ကယ္ဆယ္ရမွာပင္။ သို႔ေပမယ့္ ရန္က်င္းက သူ႔အၾကံကို သိပ္ျပီး လက္ခံပံုမေပၚဘူး။ ရွန္က်စ္ရွန္းက မ်က္ေမွာင္ၾကဳတ္ျပီး ေနာက္တစ္ဖန္ အမိန္႔ေပးလိုက္မွသာ ရန္က်င္းက ရုန္းကန္ေနသည့္ မံုယြင္နဲ႔ တံု႔ဆုိင္းစြာ ထြက္ခြာသြားသည္။
ရွန္က်စ္ရွန္းက အသက္ရွဳထုတ္လုိက္ျပီး ခပ္မတ္မတ္ရပ္ကာ ျခံဝင္းေလးရွိရာသို႔ အလ်င္စလုိ သြားလုိက္သည္။ ေသာ့က အက္ကြဲသြားျပီ ျဖစ္ေသာ္လည္း စည္းတံဆိပ္ အကၡရာကေတာ့ အလုပ္လုပ္ေနဆဲျဖစ္သည္။ ဓားခ်က္တစ္ခ်က္နဲ႔အတူ ရွန္က်စ္ရွန္းက ေသာ့ခေလာက္အား အမွုန္႔အျဖစ္ ျဖိဳခြဲလိုက္သည္။
တဟုန္းဟုန္းေတာက္ေနေသာ ေရာင္ဝါသည္ ႐ုတ္တရက္ ရပ္တန႔္သြားသည္။
ရွန္က်စ္ရွန္းက ၿပိဳက်ေနေသာ သစ္သားတံခါးကို ကန္ထုတ္လိုက္ၿပီး သူ႔ကိုယ္သူ ေမွာ္ပညာျဖင့္ ကာကြယ္ကာ အခန္းထဲသို႔ ေဖာက္ဝင္သြားသည္။
အခန္းတြင္းမွာ မီးခိုးမည္းမ်ားျဖင့္ ေမွာင္မဲၿပီး မႈိတက္ေနသည္။ အမ်ားစုကေတာ့ နတ္ဆိုးအေသးေလးမ်ားနဲ႔ ဆင္တူသည့္ အေလာင္းမ်ားျဖင့္ ျပည့္နွက္ေန၏။ ထူထဲျပီး သိသိသာသာနီးပါးျဖစ္ေနေသာ အနက္ေရာင္ခ်ီမ်ားက ပုံသ႑ာန္အမ်ိဳးမ်ိဳးအျဖစ္ ေျပာင္းလဲရင္း ေျမျပင္ေပၚမွာ ျဖတ္ေလ်ွာက္သြားလာေနတာေၾကာင့္ အသံဗလံမ်ိဳးစံုနဲ႔ ေၾကာက္စရာေကာင္းေသာ အက္ရွရွ ေအာ္ဟစ္သံမ်ား ျဖစ္ေပၚလာေစသည္။
ဤသည္မွာ မံုသခင္မနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သည့္ ဘီလူး ျဖစ္ႏိုင္သည္။ ရွန္က်စ္ရွန္းသည္ တစ္ဟုန္းဟုန္းျဖစ္ေနသည့္ အနက္ေရာင္ခ်ီ တိမ္တိုက္ၾကီးကို ျမင္ေနရျပီး ၎ကို ေလ်ာ့မတြက္ဝံ့ေပ။ အဲ့ဒီအစား သတိတၾကီးျဖင့္ ၾကည့္ေနသည္။
မံုသခင္မက သူမရဲ႔ နတ္ဆိုးခႏာၱအား သူမရဲ႔ လူသားကိုယ္ထည္ကေန ခြဲထုတ္လုိကျ္ပီျဖစ္ေၾကာင္း ရွန္က်စ္ရွန္းက အေစာကတည္းက ခန္႔မွန္းထားခဲ့သည္။ မကၡရုငွက္ေလးက အမွန္ေတာ့သူမရဲ႔ နတ္ဆိုးကိုယ္ထည္ျဖစ္သည္။ သူက ျခံဝင္းထဲမွာ တြားသြားေနသည့္ ထိုမကၡရုငွက္ေလးအား ျပန္စဥ္းစားမိေလသည္......အဲဒါက မံုသခင္မနဲ႔ အဲ့ဒီဘီလူးက လုပ္ထားတာသာ ျဖစ္လိမ့္မည္။ သူတို႔ရဲ႔ သေဘာတူညီခ်က္မွာ သူမက ထိုဘီလူးအတြက္ အစာရွာေပးရမွာျဖစ္ျပီး အျပန္အလွန္အားျဖင့္ ထိုဘီလူးက သူမရဲ႔ နတ္ဆိုးခႏာၱအား ထိန္းခ်ဳပ္ထားလိမ့္မည္။
'ႏွင္းပြင့္အျပန္'က ၾကည့္ရတာ ထိေတြ႔ဆက္ဆံရဖို႔အတြက္ စိတ္လွုပ္ရွားျပီး အပူတျပင္းျဖစ္ေနပံုရသည္။ ဓားဝိညာဥ္သည္လည္း နိုးထလာမည့္ အရိပ္အေယာင္မ်ား ျပလာ၏။ ရွန္က်စ္ရွန္းက သူ႔ဓားအား တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လုိက္ျပီး အသက္ျပင္းျပင္းရွဳလိုက္သည္။ သူ႔လက္ေကာက္ဝတ္က ဆက္ခနဲ လွုပ္ရွားသြားျပီးေနာက္ အနက္ေရာင္ခ်ီမ်ားရွိရာသို႔ ခုတ္လိုက္တာေၾကာင့္ ဓားက ေနာက္ဆံုးမွာ စိတ္ေက်နပ္သြားပံုရသည္။
ဓားရဲ႔ ေရာင္ဝါက အလြန္ေအးစက္ေနသည္။ ဘီလူးက ထိုအရာကို သတိျပဳမိလုိက္ပံုျဖင့္ ရုတ္တရက္ ေနာက္ျပန္ဆုတ္သြားကာ ေရမ်ားတစ္ပြက္ပြက္ ဆူညံေနသလိုမ်ိဳး အသံမ်ား ထြက္လာသည္။
ဒါသည္ ရွန္က်စ္ရွန္းတစ္ေယာက္ စာအုပ္ထဲ ကူးေျပာင္းလာျပီးကတည္းက အမွန္တကယ္ တိုက္ခိုက္ရျခင္းပင္။ သူ႔စိတ္ထဲမွာ မွတ္ဉာဏ္မ်ား ေျမာက္ျမားစြာ ရွိေနျပီး ရန္က်င္းနဲ႔အတူ ဓားကြက္မ်ား ေလ့က်င့္ဘူးေပမယ့္လည္း ထိုကိစၥက မတူတဲ့အရာသာျဖစ္သည္။ သူ႔အေနနဲ႔ လိုက္ေလ်ာညီေထြျဖစ္ဖို႔ အခ်ိန္အေတာ္ေလး ယူရမယ္ဟု ေတြးမိသည္။ သို႔ေသာ္လည္း ဓားအား ဓားအိမ္ကေန ဆြဲထုတ္လိုက္သည့္ တစ္ခဏမွာပဲ သူ႔လွုပ္ရွားမွုမ်ားက အလြန္ သဘာဝက်ေနျပီး မရင္းနွီးမွုမ်ိဳး လံုးဝရွိမေနေပ။
ရွန္က်စ္ရွန္းရဲ႔ နွလံုးသားထဲမွာ စိတ္ရွုပ္ေထြးမွုတစ္ခ်ိဳ႔ ရွိသြားေပမယ့္ မၾကာခင္မွာပင္ ထိုဘီလူးက သူ႔အာရံုကို ျပန္ယူသြားသည္။
ရွန္က်စ္ရွန္းသည္ ထိုဘီလူးအေၾကာင္း သိပ္မသိေပမယ့္လည္း ၎၏႔ခြန္အားက အားနည္းမွာ မဟုတ္ေၾကာင္း နွင့္ အမွန္မွာေတာ့ အလြန္ ေၾကာက္စရာေကာင္းနုိ္င္ေၾကာင္း သိထားသည္။ ထိုအခ်ိန္မွာ ရွန္က်စ္ရွန္းကေတာ့ သူ႔နွလံုးေရာဂါကို သိပ္မၾကာခင္ကမွ ကုနုိင္ထားျခင္းပင္။ သူ႔က်င့္ၾကံဆင့္က မေျပာင္းလဲေပမယ့္လည္း သူ႔ဝိညာဥ္စြမ္းအင္ကေတာ့ ထိန္းထားနုိင္မွာ မဟုတ္ဘူး။ သူဘယ္အခ်ိန္ထိ ေတာင့္ခံနုိင္မလဲ ဆိုတာပင္ မသိနုိင္။
ထိုအခ်ိန္မွာ ရန္က်င္းကေတာ့ ရွန္က်စ္ရွန္းရဲ႔ အမိန္႔ျဖင့္ မံုယြင္အား အေဝးကို ေခၚသြားေပးျပီး ရွန္က်စ္ရွန္း အသက္ဆံုးရွံဳးသြားမွာကို စိုးရိမ္သျဖင့္ မံုယြင္တစ္ေယာက္ အသံေတြဆူညံျပီး တစ္ျခားသူမ်ားအား မထိတ္လန္႔ေစရန္ အေပ်ာ္ေလွေပၚသို႔သာ ပစ္ခ်ကာ အေရခြံလဲမိစာၦကို ေစာင့္ၾကည့္ေစလုိက္သည္။ ျပီးမွသာ တတ္နိုင္သမွ် အျမန္ဆံုးျပန္သြားေလသည္။
အိမ္ေတာ္ထဲသို႔ ျပန္မဝင္ခင္တြင္ သူက မူလတုန္းက အိမ္ေတာ္တစ္ဝိုက္မွာ သူတို႔ဖြဲ႔စည္းထားသည့္ ဖြဲ႔စည္းမွုအား အသက္သြင္းလိုက္၏။ ယခုေတာ့ မည္သူကမွ် စိတ္လိုသလို ဝင္ထြက္ျခင္း မလုပ္နုိင္ေတာ့ေပ။
ဤေႏွာင့္ေႏွးမႈမ်ားေၾကာင့္ တစ္နာရီ၏ ေလးပံုတစ္ပံု ကုန္လြန္သြားခဲ့သည္။ ရန္က်င္းက သူ႔ဝိညာဥ္ပင္လယ္ထဲက စာခ်ဳပ္ အတိုင္းလိုက္ပါျပီး ဘီလူးနဲ႔ တစ္ဦးခ်င္းတိုက္ပြဲအလယ္မွာ ရွိေနသည့္ ရွန္က်စ္ရွန္းအား ေတြ႔ရွိသြားသည္။ ထို႔ေနာက္မွာေတာ့ ရန္က်င္းက စကားတစ္ခြန္းမွ မေျပာပဲ သူ႔ဓားကိုဆြဲထုတ္ကာ တိုက္ပြဲထဲ ဝင္သြားေတာ့သည္။
သူတို႔နွစ္ေယာက္က တူညီတဲ့ စိတ္ထားနဲ႔ တူညီတဲ့ နွလံုးသားရွိၾကသည္။ သူတို႔နွစ္ေယာက္ရဲ႔ ခြန္အားကို ေပါင္းစည္းလုိက္ေသာအခါ အခ်င္းခ်င္းရဲ႔ အေတြးမ်ားကို ခန္႔မွန္းဖို႔ မခက္ခဲေတာ့ေပ။ ရွန္က်စ္ရွန္းရဲ႔ ဓားက တုန္ယင္သြားတာနဲ႔ ရန္က်င္းသည္ သူမည္သည့္ ဓားကြက္သံုးမည္ကို ခ်က္ခ်င္းသိသြားသည္။ သူက မဆုိင္းမတြပင္ သူ႔ဓားျဖင့္ ျဖစ္နုိင္ေခ်ရွိေသာ ခ်ိဳ႔ယြင္းခ်က္မ်ားအား ဖံုးကြယ္ေပးျပီး ဘီလူးရဲ႔ လြတ္ေျမာက္မွုကို ပိတ္ဆို႔လိုက္သည္။
သူတို႔ရဲ႔ ေပါင္းစည္းထားေသာ ၾကိဳးပမ္းမွုေအာက္မွာ ဘီလူးသည္သာ ဒုကၡေရာက္ေန၏။ ဒီနွစ္ရက္အတြင္းမွာ လေရာင္က အားနည္းေနျပီး ဝိညာဥ္ခ်ီမ်ားက နည္းပါးေနသည္။ သာမာန္အားျဖင့္ မကၡရုငွက္ေလးက ၎အတြက္ အစာရွာေပးေလ့ ရွိေသာ္လည္း အခုေတာ့ ထိုနတ္ဆိုးေလး ဘယ္သြားေနမွန္း သူ မသိေပ။ အဲ့ဒီအား အရမ္းကို ရက္စက္ၾကမ္းၾကဳတ္တဲ့ လူသားနွစ္ေယာက္ကသာ အထဲကို ခ်ိဳးျဖတ္ဝင္လာျပီး သူ႔အနားယူမွုကို အေနွာင့္အယွက္ ေပးေနသည္။
ဘီလူးက အေတာ္ေလး ေဒါသထြက္ေနေလျပီ။ သူအခု အျပင္းအထန္ ဒဏ္ရာမရေသးမွန္း သိေနျပီး ဒီထက္ပို ဒုကၡေရာက္လာမွာကို ေၾကာက္ရြံ႔မိလာသည္။ သူက ေအာ္သံနက္ၾကီးျဖင့္ ဟိန္းေဟာက္လုိက္ကာ သူ႔အနားပတ္ဝန္းက်င္က ဝိညာဥ္ခ်ီမ်ားအား စုပ္ယူလုိက္တာေၾကာင့္ အနက္ေရာင္ခ်ီမ်ားက ရုတ္တရက္ ထိုးတက္လာေတာ့၏။
ရွန္က်စ္ရွန္းသည္ အေျခအေန မေကာင္းေတာ့ေၾကာင္း သတိျပဳမိတာေၾကာင့္ ေအာ္ဟစ္လိုက္သည္
"ေနာက္ျပန္ဆုတ္!"
သို႔ေသာ္လည္း သူ႔သတိေပးမွုက ေနာက္က်သြားသည္။ ဘီလူးက အရိုးေတြအားလံုးကို မ်ိဳခ်လိုက္တဲ့ တစ္ခဏမွာပင္ ခြန္အားက ရုတ္တရက္ ထိုးတက္သြားသည္။ သူ႔ရဲ႔ အစြယ္မ်ားနဲ႔ လက္သည္းမ်ားက ရုပ္လံုးေပၚလာျပီး သူတို႔ဆီ တိုးဝင္လာေလျပီ!
26.2.2022
================