အမုန်းပင်မှပွင့်သောအချစ်ပန်း...

By Aster_2122

278K 19.7K 1.1K

အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^ More

အပိုင်း {၁} (Uni+Zawgyi)
အပိုင်း {၃}
အပိုင်း {၄}
အပိုင်း {၅}
အပိုင်း {၆}
အပိုင်း {၇}
အသိပေးစာ❕
အပိုင်း {၈}
အပိုင်း {၉}
အပိုင်း (၁၀)
အပိုင်း (၁၁)
အပိုင်း (၁၂)
အပိုင်း (၁၃)
အပိုင်း (၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း (၂၁)
အပိုင်း (၂၂)
အပိုင်း (၂၃)
အပိုင်း (၂၄)
အပိုင်း (၂၅) (ဇာတ်သိမ်း)
Extra

အပိုင်း {၂} (Uni+Zawgyi)

10.9K 828 56
By Aster_2122

အမုန်းပင်မှပွင့်သောအချစ်ပန်း
အပိုင်း {၂}

"ကောင်မလေးတစ်ယောက်ကတွေ့ခွင့်တောင်းနေပါတယ်"
"ဘယ်သူလဲ"
"လွန်းဟယ်ရီလို့ပြောပါတယ်ဘော့စ်"
"ဘာ!ငါ့ဆီချက်ချင်းလွှတ်လိုက်"
အခန်းတံခါးပွင့်ကာ ဝင်လာသည့်သူအားရဲထွဋ်သေချာကြည့်နေမိသည်။အနောက်တိုင်းဝတ်စုံအားဝတ်ဆင်ထားပြီး ဆံနွယ်တွေကိုတင်းတင်းစုကာစည်းထားလေသည်။မျက်ဝန်းတွေက အရောင်တောက်နေပြီး လွန်ခဲ့သည့်ဆယ်နှစ်ခန့်နှင့်လုံးဝမတူစွာကွဲပြားသွားသည့်သူအား မမှိတ်မသုန်ကြည့်ရင်းအကဲခတ်နေမိတော့သည်။
"တွေ့ရတာဝမ်းသာပါတယ်..ဦးရဲထွဋ်ခေါင်..အို..ဒီလိုခေါ်လို့မရတော့ဘူးပဲယောက်ဖကြီးလို့ခေါ်ရမှာပေါ့နော့်"
"လွန်းဟယ်ရီ..မင်းငါ့ညီမကိုဘယ်မှာဖွက်ထားတာလဲ"ဟုဆိုရင်းလက်တွေအားဟယ်ရီလည်ပင်းပေါ်သို့တင်ကာဖျစ်ညှစ်လိုက်လေသည်။ဟယ်ရီမျက်နှာကတော့အပြုံးမပျက်ပေ။
"ပြောစမ်း..ငါ့ညီမနန်းရိပ်ဘယ်မှာလဲ"
"အသက်ကြီးသွားလို့ထင်တယ်ရှင်သိပ်ပြီးအားမသန်တော့ဘူးပဲ"
"လွန်းဟယ်ရီ..ငါမင်းကိုသတ်ပလိုက်လို့ရတယ်"
"ကျွန်မတော့မထင်ဘူး.."
"မင်းကငါ့ကိုလာစမ်းနေတာပဲ.."ဟုဆိုရင်း လည်ပင်းအားပိုတိုးညှစ်ကာနံရံတွင်တွန်းကပ်လိုက်လေသည်။
"ရှင်ကျွန်မကိုသတ်လိမ့်မယ်လို့မထင်ဘူး။ဘာလို့ဆိုကျွန်မက ရှင့်ညီမရဲ့အိမ်ဦးနတ်ဖြစ်နေလို့ပဲ.."
အံ့သြမှုနဲ့အတူရဲထွဋ်ခေါင်ရဲ့လက်တွေက ဟယ်ရီကိုယ်ပေါ်ကနေ ဖယ်ခွာသွားလေသည်။အနည်းငယ်ရဲသွားသည့်လည်ပင်းအား လက်ဖြင့်ပွတ်သပ်လိုက်ရင်းမဲ့ပြုံးအားပြုံးကာ ဆိုဖာတွင်ထိုင်ပြီးခြေနှစ်ချောင်းအား စားပွဲပေါ်တင်လိုက်လေသည်။
"အံ့သြသွားလား..မယုံဘူးဆိုလည်းဒီမှာကြည့်လို့ရတယ်နော်"ဟုဆိုရင်း လက်ထဲရှိဖိုင်တွဲအား ဦးရဲထွဋ်ခေါင် ဆီပစ်ပေးလိုက်လေသည်။
ဖိုင်အားဖွင့်ကာကြည့်လိုက်မိတော့ နှစ်ဦးသဘောတူလက်ထပ်စာချုပ်ဆိုသည့်အောက်တွင် ညီမနာမည်နှင့်လက်မှတ်အားတွေ့လိုက်ရတာကြောင့် ရဲထွဋ်ရင်ထဲကမ္ဘာပျက်သွားရတော့သည်။
"မဖြစ်နိုင်ဘူး...ညီမလေးက ဒီလိုလုပ်မှာမဟုတ်ဘူးမင်းသက်သက်ညာနေတာလွန်းဟယ်ရီ"
"အဟက်..ကျွန်မညာလားမညာလားရှင်သိပါတယ်"
"ငါမင်းကိုသတ်ပြီးလက်စဖျောက်ပလိုက်လို့ရတယ်"ဟုဆိုရင်း အံဆွဲထဲရှိသေနတ်အားဆွဲထုတ်ကာ ဟယ်ရီအားချိန်လိုက်ပေမဲ့ ဟယ်ရီကတော့ ပြုံးပြုံးပင်။
"ဒီနေ့ပဲရှင့်ညီမလက်ထပ်တဲ့သတင်းပါပြီးမနက်ဖြန်မှာ မုဆိုးမဖြစ်သွားတယ်ဆိုတဲ့သတင်းကို ရှင်ကြားချင်မယ်လို့ကျွန်မတော့မထင်ဘူး"ဟုဆိုရင်း ချိန်ထားသည့်သေနတ်အားဖယ်ချကာ ပြန်ထွက်လာခဲ့တော့သည်။
"ဦးရဲထွဋ်ခေါင်အခုမှအစပဲရှိပါသေးတယ်..ကျွန်မအစ်မနာကျင်ခဲ့ရတာထက်စာရင်ဒါက ပါးပါးလေးပါ"
---
"ရော့"
"ဒါကဘာလုပ်ရမှာလဲ"
"အဝတ်ပေးမှတော့လျှော်ဖို့ပေါ့..ဒေါ်နန်းရိပ်လွှာရဲ့"
"လျှော်ရမယ်ဆို မင်းအိမ်ကအလုပ်သမားတွေရှိသားပဲလျှော်ခိုင်းပေါ့"
"ဒီမှာရှင်က ကျွန်မမိန်းမ..ကျွန်မအဝတ်တွေရှင်ပဲလျှော်ရမယ်။မလျှော်ချင်လည်းရတယ်နော်။တစ်ခြားနည်းတွေကျွန်မမှာရှိတယ်"
မျက်နှာနားသို့တိုးကပ်လာတာကြောင့် နန်းရိပ်အမြန်ပင်ထရပ်လိုက်မိသည်။
"လျှော်ပေးမယ်..ဒါအကုန်ပဲလား"
"ဟွန့်အဲ့လိုလိမ္မာစမ်းပါ..မြန်မြန်လျှော်ပြီးရင် ကုမ္ပဏီ သွားရမယ်"
အဝတ်တို့အားပိုက်ရင်း ရေချိုးခန်းဆီလျှောက်သွားသည့်အမျိုးသမီးအား ဟယ်ရီလှမ်းခေါ်လိုက်မိသည်။
"အဝတ်လျှော်စက်နဲ့လျှော်လို့မရဘူး။အောက်ကရေကန်ဘေးမှာသွားလျှော်"
သူမအား မျက်ရည်ဝိုင်းနေသည့်မျက်ဝန်းတို့ဖြင့်တစ်ချက်လှည့်ကြည့်ပြီး နှုတ်ခမ်းအားကိုက်ကာ အခန်းထဲမှထွက်သွားသည့်သူအားကြည့်ရင်းဟယ်ရီစိတ်ထဲအမျိုးအမည်မသိသောခံစားချက်တို့ဝင်လာခဲ့သည်။

"ဒီမှာနောက်နေ့ကျငါ့ဝေယျာဝစ္စတွေကို ငါ့မိန်းမလုပ်ပေးလိမ့်မယ်။ဘယ်သူမှမလုပ်ရဘူး။ကူလုပ်ရင်အလုပ်ဖြုတ်ပစ်မယ်"

နန်းရိပ်အားသနားကြပေမဲ့ အလုပ်ပြုတ်မှာကြောက်တာကြောင့်ဘယ်သူမှဝင်မကူရဲပေ။အပေါ်ထပ်အားပြန်တက်လာရင်းပြတင်းတံခါးဖွင့်ကာ ရေကန်ဘေးတွင်အဝတ်လျှော်နေသည့်အမျိုးသမီးအားလှမ်းကြည့်နေမိတော့သည်။

နန်းရိပ်အဝတ်လျှော်ပြီးတော့ လက်တစ်ခုလုံးပူကာရဲနေလေပြီ။အရင်တည်းက ဆပ်ပြာမှုန့်နှင့်ဓာတ်မတည့်တာကြောင့် တစ်ခါမှမကိုင်ခဲ့။အခုကျ အဝတ်ပုံတစ်ခုလုံးအား ဆပ်ပြာမှုန့်ဖြင့်လျှော်ရတာကြောင့် လက်ဖဝါးနုနုမှာရဲကာနေတော့သည်။
"အန်တီ..ဆူးအဝတ်ကူလှန်းပေးမယ်နားတော့"
"ရပါတယ်ကွယ်..တော်ကြာမင်းမမလေးကအလုပ်ဖြုတ်နေပါအုံးမယ်"
"မမလေးအပြင်ထွက်သွားတယ်အန်တီရဲ့ ဆူးကူပါ့မယ်။မီးဖိုဆောင်မှာသစ်လွင်ရှိတယ်"
အဝတ်တွေလှန်းပြီးမီးဖိုဆောင်ဆီနန်းရိပ်လိုက်လာလိုက်မိသည်။ဒီအိမ်မှာအလုပ်သမားကခြံစောင့်အပါဆိုသုံးယောက်ပင်။
"ဆူးတို့အန်တီဘာကူပေးရမလဲ"
"ရတယ်အန်တီနားနားနေနေနေပါ။ဟင်းကကျက်တော့မှာပါ..သွားနားတော့နော်"
သွားနားတော့ဆိုပေမဲ့ နန်းရိပ်မနားဖြစ်ဘဲ လုပ်ပေးစရာရှိသည်များအားလုပ်ပေးနေမိသည်။
"အန်တီ့လက်တစ်ခုလုံးရဲနေပါလားဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ပါဘူးသစ်လွင်ရယ်..ဆပ်ပြာမှုန့်နဲ့ဓာတ်မတည့်လို့ခဏပါ။ပြီးရင်ပုံမှန်ပြန်ဖြစ်သွားမှာ"
ဆူးနဲ့သစ်လွင်မှာ အန်တီရယ် ဟုသာဆိုနိုင်ပြီး သနားစိတ်များဝင်နေမိတော့သည်။ဟိုအရင်က ရွှေပုံပေါ်မှာစံခဲ့ရတဲ့သူက အခုကျ အဝတ်ဖွပ်နေရသည်တဲ့။မမလေးကသဘောကောင်းပါလျှက်နဲ့အန်တီ့အားဘာလို့ဒီလိုဆက်ဆံလည်းမသိတော့ပေ။အန်တီနဲ့မမလေးလက်ထပ်လိုက်တယ်ဆိုတဲ့သတင်းကြားတော့ ဆူးတို့ပျော်မိကြသည်။အန်တီက သိပ်ကိုလှပြီးကျက်သရေရှိတာကြောင့်မမလေးနဲ့လိုက်ဖက်သည်ပေါ့။တကယ်တမ်းကျဆူးတို့အတွေးမှားခဲ့လေသည်။
"ဒေါ်နန်းရိပ်လွှာ..ကုမ္ပဏီသွားမယ်လို့ပြောထားတာကိုခုထိဘာမှမပြင်ရသေးဘူးလား"
"ဟင်..တို့ပါလိုက်ရမှာလား"
"ရှင့်ကုမ္ပဏီကိုသွားမှာရှင်မလိုက်လို့ဘယ်သူလိုက်မှာလဲ အခုချက်ချင်းအပေါ်တက်ခဲ့"
ဆေးလက်စပန်းကန်အားချကာ မလွယ်ဘူးဆိုသည့်အကြည့်ဖြင့် ဆူးတို့အားကြည့်လိုက်ပြီးသက်ပြင်းသဲ့သဲ့ချကာ အပေါ်ထပ်အခန်းဆီတက်လာလိုက်မိသည်။
"ဒေါ်နန်းရိပ်လွှာ ရှင်အမြဲတမ်းဘာလို့ကျွန်မစကားတွေနားမထောင်ရတာလဲ"
"ဒီမှာ မင်းစကားတွေလွန်နေပြီမထင်ဘူးလား တို့ကမင်းထက်အသက်ကြီးတယ်မင်းအသက်နှစ်ဆလောက်ကိုကြီးတာ"
"အဲ့တော့ဘာဖြစ်လဲ..အသက်နှစ်ဆကြီးလည်း ရှင်က ကျွန်မမိန်းမဖြစ်လာတာပဲ"
ပြောတာသည်ကတစ်ခြား၊ထွက်လာသည့်စကားကတစ်ခြားမလို့ နန်းရိပ်ဘာမှမပြောတော့ဘဲ ရေချိုးခန်းဆီသာ ဝင်လိုက်ပြီးရေချိုးလိုက်မိသည်။ရေချိုးပြီးထွက်လာတော့ ထိုကလေးမမှာ ကုတင်ပေါ်တွင်ခြေချိတ်ထိုင်ကာ ဝတ်နေကျ suitဖြင့်သာ။
"ဒီမှာ..."
"ဘာပြောမလို့လဲဒေါ်နန်းရိပ်လွှာ..ကျွန်မရှင့်ကိုစောင့်နေရတာတော်တော်ကြာနေပြီ"
"မင်းထွက်မသွားသေးဘူးလား"
"ကျွန်မကဘယ်ထွက်သွားရမှာလဲ ရှင်ဖြင့်မပြီးသေးဘဲ"
"မပြီးသေးလို့ပြောနေတာပေါ့ အဝတ်အစားလဲမလို့..မင်းကထိုင်နေပြီး"
မျက်နှာလေးရဲကာ ပြောနေသည့်သူကြောင့် ဟယ်ရီပြုံးလိုက်မိသည်။ရှက်နေပုံမှာအသည်းယားစရာ။
"မထွက်ပေးနိုင်ဘူး..ဒီတိုင်းလဲ"
"မင်း..."
စကားပြိုင်ပြောရင်လည်းရှုံးအုံးမှာမလို့ဝတ်မည့်အဝတ်အစားအားယူကာ ရေချိုးခန်းဆီတစ်ဖန်ပြန်ဝင်ပြီးရေချိူးခန်းတွင်သာအဝတ်အစားလဲလိုက်မိသည်။မှန်ရှေ့တစ်ချက်ကြည့်မိတော့ကွက်တိကျတာမလို့ ဘယ်လိုများဝယ်လာပါလိမ့်ဆိုပြီးတွေးလိုက်မိသည်။
"ရော့..ဒီမှာ"
"ဒါကဘာလဲ"
"ကျစ်..ရှင်စကားသိပ်များတာပဲယူဆိုယူလိုက်ပေါ့ ပြီးရင်မြန်မြန်ဆင်းလာခဲ့ အောက်ကစောင့်နေမယ် ဆယ်မိနစ်ပဲပေးမယ်"
နာရီအားကြည့်ကာ အောက်ဆင်းသွားတာကြောင့် နန်းရိပ်လည်း မှန်တင်ခုံတွင်ထိုင်ကာ ထိုကလေးမပေးသည့်အိတ်အားကြည့်မိတော့ နန်းရိပ်သုံးနေကျ မိတ်ကပ်ပစ္စည်းများပင်။ဘာမှသိပ်မတွေးတော့ပဲဆယ်မိနစ်ဆိုတာကြောင့်မြန်မြန်လိမ်းကာအောက်ဆင်းလာလိုက်မိသည်။
"တို့ပြီးပြီ"
"အင်းသွားရအောင်"
"ကျစ်..ဒေါ်နန်းရိပ်လွှာရှင်ဘာလို့နောက်ခန်းဝင်တာလဲ"
"ဟင်..ဘာလို့လဲ"
"ကျွန်မရှင့်ဒရိုင်ဘာမဟုတ်ဘူး ကျွန်မဘေးလာထိုင်"
"ဟင့်အင်းမထိုင်ချင်ပါဘူး တို့ဘာသာဒီမှာပဲထိုင်မယ်"
စကားတစ်ခွန်းဆိုတစ်ခါမှငြိမ်မခံဘဲပြန်ပြန်ပြောသည့်အမျိုးသမီးကြောင့်ဟယ်ရီတော်တော်လေးအဆင်မပြေ။သက်ပြင်းအားချလိုက်ပြီးကားပေါ်မှဆင်းကာ နောက်ခန်းတံခါးအားဆွဲဖွင့်လိုက်မိသည်။
"အို..အမေ့..ဘာ..ဘာလုပ်တာလဲချပေး"
ရုတ်တရက်ကြီးပွေ့ချီလိုက်တာကြောင့် နန်းရိပ်လန့်ကာရုန်းလိုက်မိသည်။
"ငြိမ်ငြိမ်နေ...မနေရင်အနမ်းခံရမယ်"
ထိုအခါမှ ဟယ်ရီလည်ဂုတ်အားသိုင်းဖက်ကာငြိမ်ကျသွားသည့်အမျိုးသမီး။ဘာလို့ဒီလိုတွေလုပ်မိလည်း ဟယ်ရီလည်းသေချာမသိတော့ပေ။ဟယ်ရီသိတာကတော့ ဦးရဲထွဋ်ခေါင် ခံစားသွားရဖို့ပင်။
"နောက်ဆို ကျွန်မဘေးမှာပဲထိုင်၊ရှင်ကကျွန်မမိန်းမ"
လက်ထပ်စာချုပ်မှာအတင်းလက်မှတ်ထိုးခိုင်းပြီး သူ့မိန်းမဆိုသည့်စကားအား ပိုင်စိုးပိုင်နင်းပြောနေသည့်သူအား နန်းရိပ်မှာ မျက်စောင်းသာအခါခါခဲနေမိတော့သည်။ကုမ္ပဏီရောက်တော့ နန်းရိပ်လက်အား မလွှတ်တမ်းဆွဲထားသူမှာ ထိုကလေးပင်။ကုမ္ပဏီကလူတွေကိုနန်းရိပ်စကားတစ်ခွန်းတောင်မပြောရ။သူပဲမိတ်ဆက်ပြီးသူပဲအကုန်ပြောသွားတာပင်။
"ဒီမှာ..ဘာလို့ငါက ကုမ္ပဏီ မလာရမှာလဲ"
"ရှင့်အစ်ကိုနဲ့တွေ့မှာစိုးလို့"
"ငါ့အစ်ကိုငါတွေ့တာဘာဖြစ်လဲ..တွေ့မှာပဲအခုကိုကိုကြီးဆီသွားမယ်"ပိုက်ဆံအိတ်အားယူကာ အထွက်နောက်မှကြားရသည့်စကားကြောင့်နန်းရိပ်ခြေလှမ်းတို့ရပ်သွားမိပြန်သည်။
"ရှင်တံခါးကိုကျော်ပြီးခြေချတာနဲ့ရှင့်ခြေထောက်တွေကိုရိုက်ချိုးပစ်မှာနော် ဒေါ်နန်းရိပ်လွှာ"
"သဘောပဲ..ကြိုက်ရာလုပ်ငါကတော့သွားမှာ"
တံခါးလက်ကိုင်အားကိုင်ကာ ဆွဲဖွင့်လိုက်ချိန် မြင်လိုက်ရသည့်သူကြောင့် နန်းရိပ်မျက်ဝန်းကလေးများတောက်သွားတော့သည်။
"ကိုကိုကြီး..."
ကလေးငယ်တစ်ယောက်ပမာ အစ်ကိုဖြစ်သူအား ဖက်ရင်း မျက်ရည်များမှာ မဖိတ်ခေါ်ပါဘဲ ကျလာတော့သည်။
"နန်းရိပ်..ညီမလေးဘာမှမဖြစ်ဘူးနော်..ကိုကိုကြီးစိတ်ပူနေတာ"
"ဟင့်..နန်းရိပ်ဘာမှမဖြစ်ပါဘူး..ဒါပေမဲ့..ဒါပေမဲ့"
"ကျွန်မမိန်းမကို ကျွန်မက ထိခိုက်အောင်မလုပ်ပါဘူး...ဦးရဲထွဋ်ခေါင် ရဲ့"
အနောက်မှထွက်လာသည့်စကားကြောင့် နန်းရိပ် ဖက်ထားသည့်လက်အားဖြုတ်ကာ လှည့်လိုက်မိသည်။
"ဒေါ်နန်းရိပ်လွှာ အခုချက်ချင်းကျွန်မဆီလာခဲ့"
"ဟင့်အင်း..မလာဘူး..ငါမင်းနဲ့မနေဘူးလွန်းဟယ်ရီ..ကိုကိုကြီး နန်းရိပ်ကိုခေါ်သွားပါနော်"
"ဒေါ်နန်းရိပ်လွှာ!!"
ဟယ်ရီအသံမှာဟိန်းထွက်လာပေမဲ့ထိုအမျိုးသမီးကတော့ သူမအစ်ကိုနောက်တွင်ဝင်ရပ်နေလေသည်။
"လွန်းဟယ်ရီ..ငါ့ညီမကိုငါပြန်ခေါ်သွားမယ်"
"ဒေါ်နန်းရိပ်လွှာက ကျွန်မတရားဝင်လက်ထပ်ထားတဲ့သူ..ရှင်ကဆိုင်ရုံပဲဆိုင်တာ မပိုင်တော့ဘူး"
"မနေဘူး..ငါမင်းနဲ့မနေဘူး..လက်ထပ်တာလည်းမင်းအတင်းအကျပ်ခိုင်းလို့..ကိုကိုကြီးသွားကြရအောင်နော်"
"ဒေါ်နန်းရိပ်လွှာ...လိုက်မသွားရဘူးလို့ကျွန်မပြောနေတယ်"
ဟယ်ရီအပြောအား ဂရုမစိုက်စွာ သူမအစ်ကိုလက်အားတင်းတင်းဆုပ်ကိုင်ရင်းရပ်နေသည့်အမျိုးသမီးအား ဟယ်ရီ မျက်ထောင့်နီနီတို့ဖြင့်စိုက်ကြည့်မိနေတော့သည်။
"ငါ့ညီမကိုငါခေါ်သွားမယ်..ရှေ့နေကနေ ကွာရှင်းဖို့လုပ်ပေးမယ်..နန်းရိပ်သွားကြရအောင်"
အစ်ကိုလက်အား တင်းတင်းဆုပ်ကိုင်ကာ သူမအားတစ်ချက်လေးမျှမကြည့်ပါဘဲ ထွက်သွားသည့်အမျိုးသမီး။
"ဦးရဲထွဋ်ခေါင် ကျွန်မကလွယ်လွယ်အလျှော့ပေးမယ်များမှတ်နေသလား"
အသက်မပါစွာရယ်လိုက်ရင်း ဖုန်းအားယူကာ နံပါတ်တစ်ခုအားနှိပ်လိုက်မိသည်။
"ဟဲလို..ခက်ဆစ် xxxxxx"
"ဒေါ်နန်းရိပ်လွှာ ရှင်ကျွန်မလက်က လွတ်မယ်လို့တကယ်ပဲထင်နေသလား"
စီးကရက်တစ်လိပ်အားထုတ်ယူကာမီးညှိပြီးရှိုက်ဖွာရင်း ဆုံလည်ကုလားထိုင်ပေါ်တွင်ထိုင်နေမိတော့သည်။
"ခဏကြာရင် ရှင်ကျွန်မလက်ထဲပြန်ရောက်တော့မှာကို"
---
"ခက်ဆစ်..ငါ့ရှေ့ကဖယ်"
"မမလေးက ဒေါ်နန်းရိပ်လွှာကို ကုမ္ပဏီဝန်းအတွင်းကထွက်မသွားစေနဲ့လို့မှာထားပါတယ်"
"ငါ့အိမ်ငါပြန်မလို့မင်းတို့မတားနဲ့"
"ဟေ့ကောင်..ဖယ်စမ်း..ငါ့ညီမငါခေါ်သွားမှာ"
"ဒေါ်နန်းရိပ်လွှာကိုထားခဲ့ပြီးသွားရင်သွားခွင့်ပြုဖို့မှာထားပါတယ်..အဲ့လိုမှမဟုတ်ရင်"
"အဲ့လိုမှမဟုတ်ရင်ဘာဖြစ်လဲ..ပြောစမ်း ဟိတ်ကောင်"
"ဒေါ်နန်းရိပ်လွှာကိုခေါ်သွားဖို့လုပ်တဲ့ဘယ်သူ့ကိုမဆို အလွတ်မပေးဖို့မှာထားပါတယ်"
"ဘာကွ.."
"ကိုကိုကြီးတော်ပါ..ဒီမှာခက်ဆစ် ငါ့လမ်းငါ့သွားမှာ..နင်တို့မမလေးကိုပြောလိုက် ကွာရှင်းစာချုပ်စောင့်နေလို့"
ဘယ်လိုပြောပြော ဒီလူတစ်စုမှာ နန်းရိပ်တို့ရှေ့တွင်ကာထားမြဲပင်။
"ဒီလောက်တောင် ပြောရဆိုရခက်တဲ့ကောင်တွေ..ကဲကွာ..ခွပ်...ခွပ်"
ကိုကိုကြီးမှာ စိတ်ဆတ်သူပီပီ ရှေ့ရှိကောင်လေးအားဆွဲထိုးလိုက်တော့သည်။ရုန်းရင်းဆန်ခတ်ဖြစ်နေရင်း သုံးယောက်တစ်ယောက်ဖြစ်သည့်အပြင် လူကြီးနဲ့လူငယ်မလို့ ကိုကိုကြီးမှာ ခံနေရတော့သည်။
"ကိုကိုကြီး...တော်ပါတော့လို့.."
"နန်းရိပ် ကိုကိုကြီးကားယူပြီးပြန်တော့..သွား..ကိုကိုကြီးဘာမှမဖြစ်ဘူး"
သွေးစတို့ထွက်နေသည့်ကြားမှပင် နန်းရိပ်အား စိတ်ပူနေတာကြောင့် ရင်ထဲမှာ ပူလောင်နေရတော့သည်။
"နန်းရိပ်..သွားတော့လို့"
"ဟင့်အင်း..မသွားဘူး.."
ကိုကိုကြီးဆီသွားဖို့ပြင်ချိန် အနောက်မှ တစ်ယောက်ယောက်က ဆွဲလိုက်တာကြောင့် ရပ်တန့်သွားတော့သည်။
"လွန်းဟယ်ရီ..ငါ့ကိုလွှတ်..လွှတ်ပေးလို့..ကိုကိုကြီးဆီသွားမယ်"
"ရှင်ကျွန်မအနားမှာပဲနေရမယ်"
"မလိုက်ဘူး..လွှတ်..လွန်းဟယ်ရီ..နင့်လူတွေကိုတော်ခိုင်းလိုက်ပါတော့..ဟင့်..ငါတောင်းပန်ပါတယ်"
ဆွဲတဲ့သူကဆွဲ၊ရုန်းတဲ့သူကရုန်းကြောင့် ဟယ်ရီတို့နှစ်ယောက်ရုန်းရင်းဆန်ခတ်ဖြစ်နေကြတော့သည်။
"ဒေါ်နန်းရိပ်လွှာ..ရှင်ကကျွန်မမိန်းမကျွန်မနဲ့ပဲနေရမယ်"
ရင်ခွင်ထဲတင်းကျပ်နေအောင်ဖက်ထားရင်းဟယ်ရီဆိုလိုက်တော့ မျက်ဝန်းစိမ်းတို့ဖြင့်ရုန်းကန်ရင်းမော့ကြည့်လာသည့်အမျိုးသမီး။
"မနေဘူး နင်ငါ့ကိုအတင်းလက်ထပ်ထားတာ..လွှတ်..ကိုကိုကြီးကိုလွှတ်ပေးပါတာ့..တော်ပါတော့..အဟင့်"
"ခက်ဆစ်..ကြည့်ရှင်းထားလိုက်ငါသွားပြီ"
"လွန်းဟယ်ရီ..လွှတ်လို့..ငါမလိုက်ဘူး..ကိုကိုကြီးဆီသွားမယ်"
နည်းနည်းသတိလက်လွတ်ဖြစ်သွားသည့်အချိန်မလို့ဟယ်ရီလဲကျသွားတော့သည်။
"ကိုကိုကြီး..ကိုကိုကြီးမျက်လုံးဖွင့်ကြည့်ပါအုံး...နန်းရိပ်လေ..ကိုကိုကြီး"
ဒဏ်ရာများစွာဖြင့်လဲကျနေသည့်အစ်ကိုဖြစ်သူအား ရင်ခွင်ထဲထည့်ကာ နန်းရိပ်ငိုနေမိတော့သည်။
"ကိုကိုကြီး..ထပါအုံးလို့"
"ခက်ဆစ်..ဒေါ်နန်းရိပ်လွှာကိုခေါ်ခဲ့..မရရင်ရသလိုဆွဲခေါ်ခဲ့"
ပြောပြီးကားနောက်ခန်းတွင်ဝင်ထိုင်လိုက်မိသည်။ထိုအမျိုးသမီးကတော့ ရုန်းရင်းကန်ရင်းပဲ။ခက်ဆစ်က ဟယ်ရီစကားတစ်ခွန်းဆိုတစ်ခွန်းမလို့ ထိုအမျိုးသမီးမှာ ကားပေါ်ရောက်လာတော့သည်။
"မမလေးဘယ်မောင်းရမလဲ"
"အိမ်ကိုပဲမောင်း...."
"လွန်းဟယ်ရီ..ငါမလိုက်ဘူး..ကိုကိုကြီးကိုဒိတိုင်းထားခဲ့ရင်သေသွားလိမ့်မယ်"
"အဲ့လိုလူတစ်ယောက်ကမ္ဘာပေါ်ကပျောက်သွားရင် ပိုတောင်ကောင်းသေးတယ်"
"ဖြန်း..."
အသံနှင့်အတူ လည်ထွက်သွားသည့်ဟယ်ရီမျက်နှာ။ရုတ်တရက်မလို့ ဒေါသက ထောင်းခနဲပင်။
"ဒေါ်နန်းရိပ်လွှာ!!"
"ကားရပ်ပေးလို့...ခက်ဆစ်ခုချက်ချင်းကားရပ်ပေး..မရပ်ပေးရင်ခုန်ချလိုက်မှာ"ဟုဆိုရင်း ကားတံခါးအားဖွင့်ဖို့ပြင်နေသည့်လက်တို့အားဆွဲကာ ဟယ်ရီချုပ်ထားလိုက်မိသည်။
"ဒေါ်နန်းရိပ်လွှာ..တော်တော့လို့ကျွန်မပြောနေတယ်..ကျွန်မသည်းခံမှုတွေအတိုင်းအတာမကုန်ခင်ရှင်ရပ်လိုက်တော့"
"မရပ်ဘူး..ငါ့ကိုလွှတ်..ကိုကိုကြီးဆီသွားရမယ်"
ရုန်းရင်းကန်ရင်း စကားများရင်းနဲ့ပဲ ကားလေးမှာအိမ်ရှေ့သို့ဆိုက်ရောက်သွားတော့သည်။
"လွှတ်..လွန်းဟယ်ရီ"
အတင်းအကျပ်ရုန်းကန်နေသူရဲ့လက်အားတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး အိမ်ထဲသို့ ဆွဲခေါ်လာမိတော့သည်။
"မမလေး..အန်တီ"
"အိမ်ပေါ်ကိုတစ်ယောက်မှတက်မလာခဲ့နဲ့..တက်လာတဲ့သူအလုပ်ဖြုတ်ခံရမယ်"
"ဒေါ်နန်းရိပ်လွှာ..ရှင့်ကိုကျွန်မသည်းခံနိုင်မှုအတိုင်းအတာကုန်နေပြီ"
"အာ့..."
ဖိနပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ကျွတ်ကျန်ခဲ့တာကြောင့် ခြေဗလာဖြင့်သာ။အတင်းဆွဲခေါ်နေတာကြောင့် ပါသွားရင်း ကြမ်းပြင်ပေါ်ရှိ ဖန်ကွဲစလားဘာလားမသိသည့်အရာအား နန်းရိပ်တက်နင်းလိုက်မိတာကြောင့် လူမှာခွေလဲသွားတော့သည်။
"ဒေါ်နန်းရိပ်လွှာ မူရာမာယာတွေများမနေနဲ့..လာ"
ဒီတိုင်းဟန်ဆောင်သည်ထင်ကာ ဟယ်ရီမှာ တရကြမ်းစောင့်ဆွဲလိုက်တာကြောင့် နန်းရိပ်ပါလာရပြန်သည်။
"အန်တီ!!"
"အပေါ်ကိုလိုက်မလာနဲ့လို့ငါပြောထားတယ်"
ဆူးတို့မှာ ဖန်ခွက်အကွဲစအားအန်တီတက်နင်းမိတာကြောင့်ပြောဖို့ပြင်ပေမဲ့ မမလေးရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် နေရာတွင်သာရပ်နေမိတော့သည်။
"ဘာလို့လဲ..ဘာလို့အဲ့လောက်တောင် ငါ့အပေါ်နှိပ်စက်ချင်တာလဲ..ငါဘာတွေလုပ်မိလို့လဲ..ဟမ်..လွန်းဟယ်ရီ"
"အဟက်..ရှင်မလုပ်ပေမဲ့ရှင့်ရဲ့ချစ်လှစွာသောအစ်ကိုကလုပ်ခဲ့တယ်လေ"
"ငါ့အစ်ကိုကိုမကောင်းမပြောနဲ့လွန်းဟယ်ရီ...ကိုကိုက မဟုတ်တာဘာမှမလုပ်ဘူး"
"ရှင့်အစ်ကိုကြောင့် မိန်းကလေးတစ်ယောက်သေသွားရတာရှင်သိလား..ဟမ်ပြောလေ..ဒေါ်နန်းရိပ်လွှာ..သိလားလို့"
"မသိဘူး..သိစရာလည်းမလိုဘူး..ကိုကိုကြီးက ဘယ်သူ့ကိုမှမသတ်ခဲ့ဘူး"
"ကိုယ်တိုင်မသတ်ပေမဲ့ ရှင့်အစ်ကိုကြောင့်သေခဲ့ရတာ ရှင့်အစ်ကိုယုတ်မာလို့ ကျွန်မအစ်မက သူ့ကိုယ်သူသတ်သေသွားတာ"
"မဟုတ်ဘူး..မဟုတ်ဘူး..ကိုကိုကြီးကအဲ့လိုလူမျိုးမဟုတ်ဘူး"
နားနှစ်ဖက်အားလက်ဖြင့်ပိတ်ရင်းကြမ်းပြင်ပေါ်တွင်ထိုင်ကာ ငိုနေသည့်အမျိုးသမီးအား ဟယ်ရီမသနားနိုင်ပါ။အပြစ်မရှိပါဘဲသေသွားရသည့် အစ်မဖြစ်သူထက်စာရင် ဒီအမျိုးသမီးခံစားရတာ နည်းနည်းလေးသာ။
"ရှင့်အစ်ကိုကလူယုတ်မာ..မိန်းကလေးတစ်ယောက်ကို အဓ္ဓမကျင့်ပြီး သေစေခဲ့တာ"
"မဟုတ်ဘူး..မဟုတ်ဘူး..ကိုကိုကြီးက အဲ့လိုမဟုတ်ဘူး..လွန်းဟယ်ရီ နင်ကမှတကယ့်လူယုတ်မာ"
"ဘာ!!"
"ဟုတ်တယ် နင်ကမှလူယုတ်မာ လူတစ်ယောက်ကိုအတင်းလက်ထပ်ခိုင်းတယ်၊ပြီးတော့ ကိုကိုကြီးကိုလည်း နင်လူအားကိုးနဲ့နှိပ်စက်တယ် နင်ကမှတကယ်ယုတ်မာတာ"
ဟယ်ရီဒေါသတွေ အကုန်စုံပြုံသွားကာ သူမရှေ့တွင်ထိုင်ကာငိုနေသည့်အမျိုးသမီးအား ဆွဲထူလိုက်မိသည်။
"လွှတ်..ငါ့အသားကိုမထိနဲ့..လွန်းဟယ်ရီ"
"ရှင်ပဲကျွန်မကိုလူယုတ်မာဆို..လူယုတ်မာဆိုတာ ဘယ်လိုမျိုးလဲ ရှင်သိအောင် ပြရတာပေါ့"ဆိုရင်း လက်ထဲရှိအမျိုးသမီးအား ခုတင်ပေါ်တွန်းလှဲလိုက်မိသည်။
"လွန်းဟယ်ရီ..နင်..နင်..ဘာလုပ်တာလဲ..မယုတ်မာနဲ့နော်"
အပေါ်အင်္ကျီတစ်ထပ်အား ချွတ်ကာ အဝေးသို့လွှင့်ပစ်လိုက်သည်မလို့ နန်းရိပ်ကြောက်လန့်သွားမိသည်။ထပြေးဖို့လုပ်ပေမဲ့ အပေါ်မှ အုပ်မိုးခံလိုက်ရတာကြောင့် နန်းရိပ်လက်ဖျားများပင်အေးစက်ကာ ပိုမိုကြောက်နေမိတော့သည်။
"လွန်း..လွန်းဟယ်ရီ..နင်..မယုတ်မာနဲ့နော်..ဖယ်"
"ရှင်ပြောတဲ့လူယုတ်မာပုံစံဆိုတာ ဘယ်လိုလဲသိရအောင်ပြပေးမလို့..."

#Äster(အက်စတာ)
#တစ်ပတ်ကိုသုံးပိုင်းတင်ပေးနိုင်အောင်ကြိုးစားပါ့မယ်နော်

Zawgyi

အမုန္းပင္မွပြင့္ေသာအခ်စ္ပန္း
အပိုင္း {၂}

"ေကာင္မေလးတစ္ေယာက္ကေတြ႕ခြင့္ေတာင္းေနပါတယ္"
"ဘယ္သူလဲ"
"လြန္းဟယ္ရီလို႔ေျပာပါတယ္ေဘာ့စ္"
"ဘာ!ငါ့ဆီခ်က္ခ်င္းလႊတ္လိုက္"
အခန္းတံခါးပြင့္ကာ ဝင္လာသည့္သူအားရဲထြဋ္ေသခ်ာၾကည့္ေနမိသည္။အေနာက္တိုင္းဝတ္စုံအားဝတ္ဆင္ထားၿပီး ဆံႏြယ္ေတြကိုတင္းတင္းစုကာစည္းထားေလသည္။မ်က္ဝန္းေတြက အေရာင္ေတာက္ေနၿပီး လြန္ခဲ့သည့္ဆယ္ႏွစ္ခန့္ႏွင့္လုံးဝမတူစြာကြဲျပားသြားသည့္သူအား မမွိတ္မသုန္ၾကည့္ရင္းအကဲခတ္ေနမိေတာ့သည္။
"ေတြ႕ရတာဝမ္းသာပါတယ္..ဦးရဲထြဋ္ေခါင္..အို..ဒီလိုေခၚလို႔မရေတာ့ဘူးပဲေယာက္ဖႀကီးလို႔ေခၚရမွာေပါ့ေနာ့္"
"လြန္းဟယ္ရီ..မင္းငါ့ညီမကိုဘယ္မွာဖြက္ထားတာလဲ"ဟုဆိုရင္းလက္ေတြအားဟယ္ရီလည္ပင္းေပၚသို႔တင္ကာဖ်စ္ညွစ္လိုက္ေလသည္။ဟယ္ရီမ်က္ႏွာကေတာ့အၿပဳံးမပ်က္ေပ။
"ေျပာစမ္း..ငါ့ညီမနန္းရိပ္ဘယ္မွာလဲ"
"အသက္ႀကီးသြားလို႔ထင္တယ္ရွင္သိပ္ၿပီးအားမသန္ေတာ့ဘူးပဲ"
"လြန္းဟယ္ရီ..ငါမင္းကိုသတ္ပလိုက္လို႔ရတယ္"
"ကြၽန္မေတာ့မထင္ဘူး.."
"မင္းကငါ့ကိုလာစမ္းေနတာပဲ.."ဟုဆိုရင္း လည္ပင္းအားပိုတိုးညွစ္ကာနံရံတြင္တြန္းကပ္လိုက္ေလသည္။
"ရွင္ကြၽန္မကိုသတ္လိမ့္မယ္လို႔မထင္ဘူး။ဘာလို႔ဆိုကြၽန္မက ရွင့္ညီမရဲ႕အိမ္ဦးနတ္ျဖစ္ေနလို႔ပဲ.."
အံ့ၾသမႈနဲ႕အတူရဲထြဋ္ေခါင္ရဲ႕လက္ေတြက ဟယ္ရီကိုယ္ေပၚကေန ဖယ္ခြာသြားေလသည္။အနည္းငယ္ရဲသြားသည့္လည္ပင္းအား လက္ျဖင့္ပြတ္သပ္လိုက္ရင္းမဲ့ၿပဳံးအားၿပဳံးကာ ဆိုဖာတြင္ထိုင္ၿပီးေျခႏွစ္ေခ်ာင္းအား စားပြဲေပၚတင္လိုက္ေလသည္။
"အံ့ၾသသြားလား..မယုံဘူးဆိုလည္းဒီမွာၾကည့္လို႔ရတယ္ေနာ္"ဟုဆိုရင္း လက္ထဲရွိဖိုင္တြဲအား ဦးရဲထြဋ္ေခါင္ ဆီပစ္ေပးလိုက္ေလသည္။
ဖိုင္အားဖြင့္ကာၾကည့္လိုက္မိေတာ့ ႏွစ္ဦးသေဘာတူလက္ထပ္စာခ်ဳပ္ဆိုသည့္ေအာက္တြင္ ညီမနာမည္ႏွင့္လက္မွတ္အားေတြ႕လိုက္ရတာေၾကာင့္ ရဲထြဋ္ရင္ထဲကမၻာပ်က္သြားရေတာ့သည္။
"မျဖစ္နိုင္ဘူး...ညီမေလးက ဒီလိုလုပ္မွာမဟုတ္ဘူးမင္းသက္သက္ညာေနတာလြန္းဟယ္ရီ"
"အဟက္..ကြၽန္မညာလားမညာလားရွင္သိပါတယ္"
"ငါမင္းကိုသတ္ၿပီးလက္စေဖ်ာက္ပလိုက္လို႔ရတယ္"ဟုဆိုရင္း အံဆြဲထဲရွိေသနတ္အားဆြဲထုတ္ကာ ဟယ္ရီအားခ်ိန္လိုက္ေပမဲ့ ဟယ္ရီကေတာ့ ၿပဳံးၿပဳံးပင္။
"ဒီေန႕ပဲရွင့္ညီမလက္ထပ္တဲ့သတင္းပါၿပီးမနက္ျဖန္မွာ မုဆိုးမျဖစ္သြားတယ္ဆိုတဲ့သတင္းကို ရွင္ၾကားခ်င္မယ္လို႔ကြၽန္မေတာ့မထင္ဘူး"ဟုဆိုရင္း ခ်ိန္ထားသည့္ေသနတ္အားဖယ္ခ်ကာ ျပန္ထြက္လာခဲ့ေတာ့သည္။
"ဦးရဲထြဋ္ေခါင္အခုမွအစပဲရွိပါေသးတယ္..ကြၽန္မအစ္မနာက်င္ခဲ့ရတာထက္စာရင္ဒါက ပါးပါးေလးပါ"
---
"ေရာ့"
"ဒါကဘာလုပ္ရမွာလဲ"
"အဝတ္ေပးမွေတာ့ေလွ်ာ္ဖို႔ေပါ့..ေဒၚနန္းရိပ္လႊာရဲ႕"
"ေလွ်ာ္ရမယ္ဆို မင္းအိမ္ကအလုပ္သမားေတြရွိသားပဲေလွ်ာ္ခိုင္းေပါ့"
"ဒီမွာရွင္က ကြၽန္မမိန္းမ..ကြၽန္မအဝတ္ေတြရွင္ပဲေလွ်ာ္ရမယ္။မေလွ်ာ္ခ်င္လည္းရတယ္ေနာ္။တစ္ျခားနည္းေတြကြၽန္မမွာရွိတယ္"
မ်က္ႏွာနားသို႔တိုးကပ္လာတာေၾကာင့္ နန္းရိပ္အျမန္ပင္ထရပ္လိုက္မိသည္။
"ေလွ်ာ္ေပးမယ္..ဒါအကုန္ပဲလား"
"ဟြန့္အဲ့လိုလိမၼာစမ္းပါ..ျမန္ျမန္ေလွ်ာ္ၿပီးရင္ ကုမၸဏီ သြားရမယ္"
အဝတ္တို႔အားပိုက္ရင္း ေရခ်ိဳးခန္းဆီေလွ်ာက္သြားသည့္အမ်ိဳးသမီးအား ဟယ္ရီလွမ္းေခၚလိုက္မိသည္။
"အဝတ္ေလွ်ာ္စက္နဲ႕ေလွ်ာ္လို႔မရဘူး။ေအာက္ကေရကန္ေဘးမွာသြားေလွ်ာ္"
သူမအား မ်က္ရည္ဝိုင္းေနသည့္မ်က္ဝန္းတို႔ျဖင့္တစ္ခ်က္လွည့္ၾကည့္ၿပီး ႏႈတ္ခမ္းအားကိုက္ကာ အခန္းထဲမွထြက္သြားသည့္သူအားၾကည့္ရင္းဟယ္ရီစိတ္ထဲအမ်ိဳးအမည္မသိေသာခံစားခ်က္တို႔ဝင္လာခဲ့သည္။

"ဒီမွာေနာက္ေန႕က်ငါ့ေဝယ်ာဝစၥေတြကို ငါ့မိန္းမလုပ္ေပးလိမ့္မယ္။ဘယ္သူမွမလုပ္ရဘူး။ကူလုပ္ရင္အလုပ္ျဖဳတ္ပစ္မယ္"

နန္းရိပ္အားသနားၾကေပမဲ့ အလုပ္ျပဳတ္မွာေၾကာက္တာေၾကာင့္ဘယ္သူမွဝင္မကူရဲေပ။အေပၚထပ္အားျပန္တက္လာရင္းျပတင္းတံခါးဖြင့္ကာ ေရကန္ေဘးတြင္အဝတ္ေလွ်ာ္ေနသည့္အမ်ိဳးသမီးအားလွမ္းၾကည့္ေနမိေတာ့သည္။

နန္းရိပ္အဝတ္ေလွ်ာ္ၿပီးေတာ့ လက္တစ္ခုလုံးပူကာရဲေနေလၿပီ။အရင္တည္းက ဆပ္ျပာမႈန့္ႏွင့္ဓာတ္မတည့္တာေၾကာင့္ တစ္ခါမွမကိုင္ခဲ့။အခုက် အဝတ္ပုံတစ္ခုလုံးအား ဆပ္ျပာမႈန့္ျဖင့္ေလွ်ာ္ရတာေၾကာင့္ လက္ဖဝါးႏုႏုမွာရဲကာေနေတာ့သည္။
"အန္တီ..ဆူးအဝတ္ကူလွန္းေပးမယ္နားေတာ့"
"ရပါတယ္ကြယ္..ေတာ္ၾကာမင္းမမေလးကအလုပ္ျဖဳတ္ေနပါအုံးမယ္"
"မမေလးအျပင္ထြက္သြားတယ္အန္တီရဲ႕ ဆူးကူပါ့မယ္။မီးဖိုေဆာင္မွာသစ္လြင္ရွိတယ္"
အဝတ္ေတြလွန္းၿပီးမီးဖိုေဆာင္ဆီနန္းရိပ္လိုက္လာလိုက္မိသည္။ဒီအိမ္မွာအလုပ္သမားကၿခံေစာင့္အပါဆိုသုံးေယာက္ပင္။
"ဆူးတို႔အန္တီဘာကူေပးရမလဲ"
"ရတယ္အန္တီနားနားေနေနေနပါ။ဟင္းကက်က္ေတာ့မွာပါ..သြားနားေတာ့ေနာ္"
သြားနားေတာ့ဆိုေပမဲ့ နန္းရိပ္မနားျဖစ္ဘဲ လုပ္ေပးစရာရွိသည္မ်ားအားလုပ္ေပးေနမိသည္။
"အန္တီ့လက္တစ္ခုလုံးရဲေနပါလားဘာျဖစ္တာလဲ"
"ဘာမွမျဖစ္ပါဘူးသစ္လြင္ရယ္..ဆပ္ျပာမႈန့္နဲ႕ဓာတ္မတည့္လို႔ခဏပါ။ၿပီးရင္ပုံမွန္ျပန္ျဖစ္သြားမွာ"
ဆူးနဲ႕သစ္လြင္မွာ အန္တီရယ္ ဟုသာဆိုနိုင္ၿပီး သနားစိတ္မ်ားဝင္ေနမိေတာ့သည္။ဟိုအရင္က ေ႐ႊပုံေပၚမွာစံခဲ့ရတဲ့သူက အခုက် အဝတ္ဖြပ္ေနရသည္တဲ့။မမေလးကသေဘာေကာင္းပါလွ်က္နဲ႕အန္တီ့အားဘာလို႔ဒီလိုဆက္ဆံလည္းမသိေတာ့ေပ။အန္တီနဲ႕မမေလးလက္ထပ္လိုက္တယ္ဆိုတဲ့သတင္းၾကားေတာ့ ဆူးတို႔ေပ်ာ္မိၾကသည္။အန္တီက သိပ္ကိုလွၿပီးက်က္သေရရွိတာေၾကာင့္မမေလးနဲ႕လိုက္ဖက္သည္ေပါ့။တကယ္တမ္းက်ဆဴးတို႔အေတြးမွားခဲ့ေလသည္။
"ေဒၚနန္းရိပ္လႊာ..ကုမၸဏီသြားမယ္လို႔ေျပာထားတာကိုခုထိဘာမွမျပင္ရေသးဘူးလား"
"ဟင္..တို႔ပါလိုက္ရမွာလား"
"ရွင့္ကုမၸဏီကိုသြားမွာရွင္မလိုက္လို႔ဘယ္သူလိုက္မွာလဲ အခုခ်က္ခ်င္းအေပၚတက္ခဲ့"
ေဆးလက္စပန္းကန္အားခ်ကာ မလြယ္ဘူးဆိုသည့္အၾကည့္ျဖင့္ ဆူးတို႔အားၾကည့္လိုက္ၿပီးသက္ျပင္းသဲ့သဲ့ခ်ကာ အေပၚထပ္အခန္းဆီတက္လာလိုက္မိသည္။
"ေဒၚနန္းရိပ္လႊာ ရွင္အၿမဲတမ္းဘာလို႔ကြၽန္မစကားေတြနားမေထာင္ရတာလဲ"
"ဒီမွာ မင္းစကားေတြလြန္ေနၿပီမထင္ဘူးလား တို႔ကမင္းထက္အသက္ႀကီးတယ္မင္းအသက္ႏွစ္ဆေလာက္ကိုႀကီးတာ"
"အဲ့ေတာ့ဘာျဖစ္လဲ..အသက္ႏွစ္ဆႀကီးလည္း ရွင္က ကြၽန္မမိန္းမျဖစ္လာတာပဲ"
ေျပာတာသည္ကတစ္ျခား၊ထြက္လာသည့္စကားကတစ္ျခားမလို႔ နန္းရိပ္ဘာမွမေျပာေတာ့ဘဲ ေရခ်ိဳးခန္းဆီသာ ဝင္လိုက္ၿပီးေရခ်ိဳးလိုက္မိသည္။ေရခ်ိဳးၿပီးထြက္လာေတာ့ ထိုကေလးမမွာ ကုတင္ေပၚတြင္ေျခခ်ိတ္ထိုင္ကာ ဝတ္ေနက် suitျဖင့္သာ။
"ဒီမွာ..."
"ဘာေျပာမလို႔လဲေဒၚနန္းရိပ္လႊာ..ကြၽန္မရွင့္ကိုေစာင့္ေနရတာေတာ္ေတာ္ၾကာေနၿပီ"
"မင္းထြက္မသြားေသးဘူးလား"
"ကြၽန္မကဘယ္ထြက္သြားရမွာလဲ ရွင္ျဖင့္မၿပီးေသးဘဲ"
"မၿပီးေသးလို႔ေျပာေနတာေပါ့ အဝတ္အစားလဲမလို႔..မင္းကထိုင္ေနၿပီး"
မ်က္ႏွာေလးရဲကာ ေျပာေနသည့္သူေၾကာင့္ ဟယ္ရီၿပဳံးလိုက္မိသည္။ရွက္ေနပုံမွာအသည္းယားစရာ။
"မထြက္ေပးနိုင္ဘူး..ဒီတိုင္းလဲ"
"မင္း..."
စကားၿပိဳင္ေျပာရင္လည္းရႈံးအုံးမွာမလို႔ဝတ္မည့္အဝတ္အစားအားယူကာ ေရခ်ိဳးခန္းဆီတစ္ဖန္ျပန္ဝင္ၿပီးေရခ်ိဴးခန္းတြင္သာအဝတ္အစားလဲလိုက္မိသည္။မွန္ေရွ႕တစ္ခ်က္ၾကည့္မိေတာ့ကြက္တိက်တာမလို႔ ဘယ္လိုမ်ားဝယ္လာပါလိမ့္ဆိုၿပီးေတြးလိုက္မိသည္။
"ေရာ့..ဒီမွာ"
"ဒါကဘာလဲ"
"က်စ္..ရွင္စကားသိပ္မ်ားတာပဲယူဆိုယူလိုက္ေပါ့ ၿပီးရင္ျမန္ျမန္ဆင္းလာခဲ့ ေအာက္ကေစာင့္ေနမယ္ ဆယ္မိနစ္ပဲေပးမယ္"
နာရီအားၾကည့္ကာ ေအာက္ဆင္းသြားတာေၾကာင့္ နန္းရိပ္လည္း မွန္တင္ခုံတြင္ထိုင္ကာ ထိုကေလးမေပးသည့္အိတ္အားၾကည့္မိေတာ့ နန္းရိပ္သုံးေနက် မိတ္ကပ္ပစၥည္းမ်ားပင္။ဘာမွသိပ္မေတြးေတာ့ပဲဆယ္မိနစ္ဆိုတာေၾကာင့္ျမန္ျမန္လိမ္းကာေအာက္ဆင္းလာလိုက္မိသည္။
"တို႔ၿပီးၿပီ"
"အင္းသြားရေအာင္"
"က်စ္..ေဒၚနန္းရိပ္လႊာရွင္ဘာလို႔ေနာက္ခန္းဝင္တာလဲ"
"ဟင္..ဘာလို႔လဲ"
"ကြၽန္မရွင့္ဒရိုင္ဘာမဟုတ္ဘူး ကြၽန္မေဘးလာထိုင္"
"ဟင့္အင္းမထိုင္ခ်င္ပါဘူး တို႔ဘာသာဒီမွာပဲထိုင္မယ္"
စကားတစ္ခြန္းဆိုတစ္ခါမွၿငိမ္မခံဘဲျပန္ျပန္ေျပာသည့္အမ်ိဳးသမီးေၾကာင့္ဟယ္ရီေတာ္ေတာ္ေလးအဆင္မေျပ။သက္ျပင္းအားခ်လိဳက္ၿပီးကားေပၚမွဆင္းကာ ေနာက္ခန္းတံခါးအားဆြဲဖြင့္လိုက္မိသည္။
"အို..အေမ့..ဘာ..ဘာလုပ္တာလဲခ်ေပး"
႐ုတ္တရက္ႀကီးေပြ႕ခ်ီလိုက္တာေၾကာင့္ နန္းရိပ္လန့္ကာ႐ုန္းလိုက္မိသည္။
"ၿငိမ္ၿငိမ္ေန...မေနရင္အနမ္းခံရမယ္"
ထိုအခါမွ ဟယ္ရီလည္ဂုတ္အားသိုင္းဖက္ကာၿငိမ္က်သြားသည့္အမ်ိဳးသမီး။ဘာလို႔ဒီလိုေတြလုပ္မိလည္း ဟယ္ရီလည္းေသခ်ာမသိေတာ့ေပ။ဟယ္ရီသိတာကေတာ့ ဦးရဲထြဋ္ေခါင္ ခံစားသြားရဖို႔ပင္။
"ေနာက္ဆို ကြၽန္မေဘးမွာပဲထိုင္၊ရွင္ကကြၽန္မမိန္းမ"
လက္ထပ္စာခ်ဳပ္မွာအတင္းလက္မွတ္ထိုးခိုင္းၿပီး သူ႕မိန္းမဆိုသည့္စကားအား ပိုင္စိုးပိုင္နင္းေျပာေနသည့္သူအား နန္းရိပ္မွာ မ်က္ေစာင္းသာအခါခါခဲေနမိေတာ့သည္။ကုမၸဏီေရာက္ေတာ့ နန္းရိပ္လက္အား မလႊတ္တမ္းဆြဲထားသူမွာ ထိုကေလးပင္။ကုမၸဏီကလူေတြကိုနန္းရိပ္စကားတစ္ခြန္းေတာင္မေျပာရ။သူပဲမိတ္ဆက္ၿပီးသူပဲအကုန္ေျပာသြားတာပင္။
"ဒီမွာ..ဘာလို႔ငါက ကုမၸဏီ မလာရမွာလဲ"
"ရွင့္အစ္ကိုနဲ႕ေတြ႕မွာစိုးလို႔"
"ငါ့အစ္ကိုငါေတြ႕တာဘာျဖစ္လဲ..ေတြ႕မွာပဲအခုကိုကိုႀကီးဆီသြားမယ္"ပိုက္ဆံအိတ္အားယူကာ အထြက္ေနာက္မွၾကားရသည့္စကားေၾကာင့္နန္းရိပ္ေျခလွမ္းတို႔ရပ္သြားမိျပန္သည္။
"ရွင္တံခါးကိုေက်ာ္ၿပီးေျခခ်တာနဲ႕ရွင့္ေျခေထာက္ေတြကိုရိုက္ခ်ိဳးပစ္မွာေနာ္ ေဒၚနန္းရိပ္လႊာ"
"သေဘာပဲ..ႀကိဳက္ရာလုပ္ငါကေတာ့သြားမွာ"
တံခါးလက္ကိုင္အားကိုင္ကာ ဆြဲဖြင့္လိုက္ခ်ိန္ ျမင္လိုက္ရသည့္သူေၾကာင့္ နန္းရိပ္မ်က္ဝန္းကေလးမ်ားေတာက္သြားေတာ့သည္။
"ကိုကိုႀကီး..."
ကေလးငယ္တစ္ေယာက္ပမာ အစ္ကိုျဖစ္သူအား ဖက္ရင္း မ်က္ရည္မ်ားမွာ မဖိတ္ေခၚပါဘဲ က်လာေတာ့သည္။
"နန္းရိပ္..ညီမေလးဘာမွမျဖစ္ဘူးေနာ္..ကိုကိုႀကီးစိတ္ပူေနတာ"
"ဟင့္..နန္းရိပ္ဘာမွမျဖစ္ပါဘူး..ဒါေပမဲ့..ဒါေပမဲ့"
"ကြၽန္မမိန္းမကို ကြၽန္မက ထိခိုက္ေအာင္မလုပ္ပါဘူး...ဦးရဲထြဋ္ေခါင္ ရဲ႕"
အေနာက္မွထြက္လာသည့္စကားေၾကာင့္ နန္းရိပ္ ဖက္ထားသည့္လက္အားျဖဳတ္ကာ လွည့္လိုက္မိသည္။
"ေဒၚနန္းရိပ္လႊာ အခုခ်က္ခ်င္းကြၽန္မဆီလာခဲ့"
"ဟင့္အင္း..မလာဘူး..ငါမင္းနဲ႕မေနဘူးလြန္းဟယ္ရီ..ကိုကိုႀကီး နန္းရိပ္ကိုေခၚသြားပါေနာ္"
"ေဒၚနန္းရိပ္လႊာ!!"
ဟယ္ရီအသံမွာဟိန္းထြက္လာေပမဲ့ထိုအမ်ိဳးသမီးကေတာ့ သူမအစ္ကိုေနာက္တြင္ဝင္ရပ္ေနေလသည္။
"လြန္းဟယ္ရီ..ငါ့ညီမကိုငါျပန္ေခၚသြားမယ္"
"ေဒၚနန္းရိပ္လႊာက ကြၽန္မတရားဝင္လက္ထပ္ထားတဲ့သူ..ရွင္ကဆိုင္႐ုံပဲဆိုင္တာ မပိုင္ေတာ့ဘူး"
"မေနဘူး..ငါမင္းနဲ႕မေနဘူး..လက္ထပ္တာလည္းမင္းအတင္းအက်ပ္ခိုင္းလို႔..ကိုကိုႀကီးသြားၾကရေအာင္ေနာ္"
"ေဒၚနန္းရိပ္လႊာ...လိုက္မသြားရဘူးလို႔ကြၽန္မေျပာေနတယ္"
ဟယ္ရီအေျပာအား ဂ႐ုမစိုက္စြာ သူမအစ္ကိုလက္အားတင္းတင္းဆုပ္ကိုင္ရင္းရပ္ေနသည့္အမ်ိဳးသမီးအား ဟယ္ရီ မ်က္ေထာင့္နီနီတို႔ျဖင့္စိုက္ၾကည့္မိေနေတာ့သည္။
"ငါ့ညီမကိုငါေခၚသြားမယ္..ေရွ႕ေနကေန ကြာရွင္းဖို႔လုပ္ေပးမယ္..နန္းရိပ္သြားၾကရေအာင္"
အစ္ကိုလက္အား တင္းတင္းဆုပ္ကိုင္ကာ သူမအားတစ္ခ်က္ေလးမွ်မၾကည့္ပါဘဲ ထြက္သြားသည့္အမ်ိဳးသမီး။
"ဦးရဲထြဋ္ေခါင္ ကြၽန္မကလြယ္လြယ္အေလွ်ာ့ေပးမယ္မ်ားမွတ္ေနသလား"
အသက္မပါစြာရယ္လိုက္ရင္း ဖုန္းအားယူကာ နံပါတ္တစ္ခုအားႏွိပ္လိုက္မိသည္။
"ဟဲလို..ခက္ဆစ္ xxxxxx"
"ေဒၚနန္းရိပ္လႊာ ရွင္ကြၽန္မလက္က လြတ္မယ္လို႔တကယ္ပဲထင္ေနသလား"
စီးကရက္တစ္လိပ္အားထုတ္ယူကာမီးညွိၿပီးရွိုက္ဖြာရင္း ဆုံလည္ကုလားထိုင္ေပၚတြင္ထိုင္ေနမိေတာ့သည္။
"ခဏၾကာရင္ ရွင္ကြၽန္မလက္ထဲျပန္ေရာက္ေတာ့မွာကို"
---
"ခက္ဆစ္..ငါ့ေရွ႕ကဖယ္"
"မမေလးက ေဒၚနန္းရိပ္လႊာကို ကုမၸဏီဝန္းအတြင္းကထြက္မသြားေစနဲ႕လို႔မွာထားပါတယ္"
"ငါ့အိမ္ငါျပန္မလို႔မင္းတို႔မတားနဲ႕"
"ေဟ့ေကာင္..ဖယ္စမ္း..ငါ့ညီမငါေခၚသြားမွာ"
"ေဒၚနန္းရိပ္လႊာကိုထားခဲ့ၿပီးသြားရင္သြားခြင့္ျပဳဖို႔မွာထားပါတယ္..အဲ့လိုမွမဟုတ္ရင္"
"အဲ့လိုမွမဟုတ္ရင္ဘာျဖစ္လဲ..ေျပာစမ္း ဟိတ္ေကာင္"
"ေဒၚနန္းရိပ္လႊာကိုေခၚသြားဖို႔လုပ္တဲ့ဘယ္သူ႕ကိုမဆို အလြတ္မေပးဖို႔မွာထားပါတယ္"
"ဘာကြ.."
"ကိုကိုႀကီးေတာ္ပါ..ဒီမွာခက္ဆစ္ ငါ့လမ္းငါ့သြားမွာ..နင္တို႔မမေလးကိုေျပာလိုက္ ကြာရွင္းစာခ်ဳပ္ေစာင့္ေနလို႔"
ဘယ္လိုေျပာေျပာ ဒီလူတစ္စုမွာ နန္းရိပ္တို႔ေရွ႕တြင္ကာထားၿမဲပင္။
"ဒီေလာက္ေတာင္ ေျပာရဆိုရခက္တဲ့ေကာင္ေတြ..ကဲကြာ..ခြပ္...ခြပ္"
ကိုကိုႀကီးမွာ စိတ္ဆတ္သူပီပီ ေရွ႕ရွိေကာင္ေလးအားဆြဲထိုးလိုက္ေတာ့သည္။႐ုန္းရင္းဆန္ခတ္ျဖစ္ေနရင္း သုံးေယာက္တစ္ေယာက္ျဖစ္သည့္အျပင္ လူႀကီးနဲ႕လူငယ္မလို႔ ကိုကိုႀကီးမွာ ခံေနရေတာ့သည္။
"ကိုကိုႀကီး...ေတာ္ပါေတာ့လို႔.."
"နန္းရိပ္ ကိုကိုႀကီးကားယူၿပီးျပန္ေတာ့..သြား..ကိုကိုႀကီးဘာမွမျဖစ္ဘူး"
ေသြးစတို႔ထြက္ေနသည့္ၾကားမွပင္ နန္းရိပ္အား စိတ္ပူေနတာေၾကာင့္ ရင္ထဲမွာ ပူေလာင္ေနရေတာ့သည္။
"နန္းရိပ္..သြားေတာ့လို႔"
"ဟင့္အင္း..မသြားဘူး.."
ကိုကိုႀကီးဆီသြားဖို႔ျပင္ခ်ိန္ အေနာက္မွ တစ္ေယာက္ေယာက္က ဆြဲလိုက္တာေၾကာင့္ ရပ္တန့္သြားေတာ့သည္။
"လြန္းဟယ္ရီ..ငါ့ကိုလႊတ္..လႊတ္ေပးလို႔..ကိုကိုႀကီးဆီသြားမယ္"
"ရွင္ကြၽန္မအနားမွာပဲေနရမယ္"
"မလိုက္ဘူး..လႊတ္..လြန္းဟယ္ရီ..နင့္လူေတြကိုေတာ္ခိုင္းလိုက္ပါေတာ့..ဟင့္..ငါေတာင္းပန္ပါတယ္"
ဆြဲတဲ့သူကဆြဲ၊႐ုန္းတဲ့သူက႐ုန္းေၾကာင့္ ဟယ္ရီတို႔ႏွစ္ေယာက္႐ုန္းရင္းဆန္ခတ္ျဖစ္ေနၾကေတာ့သည္။
"ေဒၚနန္းရိပ္လႊာ..ရွင္ကကြၽန္မမိန္းမကြၽန္မနဲ႕ပဲေနရမယ္"
ရင္ခြင္ထဲတင္းက်ပ္ေနေအာင္ဖက္ထားရင္းဟယ္ရီဆိုလိုက္ေတာ့ မ်က္ဝန္းစိမ္းတို႔ျဖင့္႐ုန္းကန္ရင္းေမာ့ၾကည့္လာသည့္အမ်ိဳးသမီး။
"မေနဘူး နင္ငါ့ကိုအတင္းလက္ထပ္ထားတာ..လႊတ္..ကိုကိုႀကီးကိုလႊတ္ေပးပါတာ့..ေတာ္ပါေတာ့..အဟင့္"
"ခက္ဆစ္..ၾကည့္ရွင္းထားလိုက္ငါသြားၿပီ"
"လြန္းဟယ္ရီ..လႊတ္လို႔..ငါမလိုက္ဘူး..ကိုကိုႀကီးဆီသြားမယ္"
နည္းနည္းသတိလက္လြတ္ျဖစ္သြားသည့္အခ်ိန္မလို႔ဟယ္ရီလဲက်သြားေတာ့သည္။
"ကိုကိုႀကီး..ကိုကိုႀကီးမ်က္လုံးဖြင့္ၾကည့္ပါအုံး...နန္းရိပ္ေလ..ကိုကိုႀကီး"
ဒဏ္ရာမ်ားစြာျဖင့္လဲက်ေနသည့္အစ္ကိုျဖစ္သူအား ရင္ခြင္ထဲထည့္ကာ နန္းရိပ္ငိုေနမိေတာ့သည္။
"ကိုကိုႀကီး..ထပါအုံးလို႔"
"ခက္ဆစ္..ေဒၚနန္းရိပ္လႊာကိုေခၚခဲ့..မရရင္ရသလိုဆြဲေခၚခဲ့"
ေျပာၿပီးကားေနာက္ခန္းတြင္ဝင္ထိုင္လိုက္မိသည္။ထိုအမ်ိဳးသမီးကေတာ့ ႐ုန္းရင္းကန္ရင္းပဲ။ခက္ဆစ္က ဟယ္ရီစကားတစ္ခြန္းဆိုတစ္ခြန္းမလို႔ ထိုအမ်ိဳးသမီးမွာ ကားေပၚေရာက္လာေတာ့သည္။
"မမေလးဘယ္ေမာင္းရမလဲ"
"အိမ္ကိုပဲေမာင္း...."
"လြန္းဟယ္ရီ..ငါမလိုက္ဘူး..ကိုကိုႀကီးကိုဒိတိုင္းထားခဲ့ရင္ေသသြားလိမ့္မယ္"
"အဲ့လိုလူတစ္ေယာက္ကမၻာေပၚကေပ်ာက္သြားရင္ ပိုေတာင္ေကာင္းေသးတယ္"
"ျဖန္း..."
အသံႏွင့္အတူ လည္ထြက္သြားသည့္ဟယ္ရီမ်က္ႏွာ။႐ုတ္တရက္မလို႔ ေဒါသက ေထာင္းခနဲပင္။
"ေဒၚနန္းရိပ္လႊာ!!"
"ကားရပ္ေပးလို႔...ခက္ဆစ္ခုခ်က္ခ်င္းကားရပ္ေပး..မရပ္ေပးရင္ခုန္ခ်လိဳက္မွာ"ဟုဆိုရင္း ကားတံခါးအားဖြင့္ဖို႔ျပင္ေနသည့္လက္တို႔အားဆြဲကာ ဟယ္ရီခ်ဳပ္ထားလိုက္မိသည္။
"ေဒၚနန္းရိပ္လႊာ..ေတာ္ေတာ့လို႔ကြၽန္မေျပာေနတယ္..ကြၽန္မသည္းခံမႈေတြအတိုင္းအတာမကုန္ခင္ရွင္ရပ္လိုက္ေတာ့"
"မရပ္ဘူး..ငါ့ကိုလႊတ္..ကိုကိုႀကီးဆီသြားရမယ္"
႐ုန္းရင္းကန္ရင္း စကားမ်ားရင္းနဲ႕ပဲ ကားေလးမွာအိမ္ေရွ႕သို႔ဆိုက္ေရာက္သြားေတာ့သည္။
"လႊတ္..လြန္းဟယ္ရီ"
အတင္းအက်ပ္႐ုန္းကန္ေနသူရဲ႕လက္အားတင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ၿပီး အိမ္ထဲသို႔ ဆြဲေခၚလာမိေတာ့သည္။
"မမေလး..အန္တီ"
"အိမ္ေပၚကိုတစ္ေယာက္မွတက္မလာခဲ့နဲ႕..တက္လာတဲ့သူအလုပ္ျဖဳတ္ခံရမယ္"
"ေဒၚနန္းရိပ္လႊာ..ရွင့္ကိုကြၽန္မသည္းခံနိုင္မႈအတိုင္းအတာကုန္ေနၿပီ"
"အာ့..."
ဖိနပ္မွာ ႐ုန္းရင္းဆန္ခတ္ျဖစ္ရင္း ကြၽတ္က်န္ခဲ့တာေၾကာင့္ ေျခဗလာျဖင့္သာ။အတင္းဆြဲေခၚေနတာေၾကာင့္ ပါသြားရင္း ၾကမ္းျပင္ေပၚရွိ ဖန္ကြဲစလားဘာလားမသိသည့္အရာအား နန္းရိပ္တက္နင္းလိုက္မိတာေၾကာင့္ လူမွာေခြလဲသြားေတာ့သည္။
"ေဒၚနန္းရိပ္လႊာ မူရာမာယာေတြမ်ားမေနနဲ႕..လာ"
ဒီတိုင္းဟန္ေဆာင္သည္ထင္ကာ ဟယ္ရီမွာ တရၾကမ္းေစာင့္ဆြဲလိုက္တာေၾကာင့္ နန္းရိပ္ပါလာရျပန္သည္။
"အန္တီ!!"
"အေပၚကိုလိုက္မလာနဲ႕လို႔ငါေျပာထားတယ္"
ဆူးတို႔မွာ ဖန္ခြက္အကြဲစအားအန္တီတက္နင္းမိတာေၾကာင့္ေျပာဖို႔ျပင္ေပမဲ့ မမေလးရဲ႕တစ္ခ်က္လႊတ္အမိန့္ေၾကာင့္ ေနရာတြင္သာရပ္ေနမိေတာ့သည္။
"ဘာလို႔လဲ..ဘာလို႔အဲ့ေလာက္ေတာင္ ငါ့အေပၚႏွိပ္စက္ခ်င္တာလဲ..ငါဘာေတြလုပ္မိလို႔လဲ..ဟမ္..လြန္းဟယ္ရီ"
"အဟက္..ရွင္မလုပ္ေပမဲ့ရွင့္ရဲ႕ခ်စ္လွစြာေသာအစ္ကိုကလုပ္ခဲ့တယ္ေလ"
"ငါ့အစ္ကိုကိုမေကာင္းမေျပာနဲ႕လြန္းဟယ္ရီ...ကိုကိုက မဟုတ္တာဘာမွမလုပ္ဘူး"
"ရွင့္အစ္ကိုေၾကာင့္ မိန္းကေလးတစ္ေယာက္ေသသြားရတာရွင္သိလား..ဟမ္ေျပာေလ..ေဒၚနန္းရိပ္လႊာ..သိလားလို႔"
"မသိဘူး..သိစရာလည္းမလိုဘူး..ကိုကိုႀကီးက ဘယ္သူ႕ကိုမွမသတ္ခဲ့ဘူး"
"ကိုယ္တိုင္မသတ္ေပမဲ့ ရွင့္အစ္ကိုေၾကာင့္ေသခဲ့ရတာ ရွင့္အစ္ကိုယုတ္မာလို႔ ကြၽန္မအစ္မက သူ႕ကိုယ္သူသတ္ေသသြားတာ"
"မဟုတ္ဘူး..မဟုတ္ဘူး..ကိုကိုႀကီးကအဲ့လိုလူမ်ိဳးမဟုတ္ဘူး"
နားႏွစ္ဖက္အားလက္ျဖင့္ပိတ္ရင္းၾကမ္းျပင္ေပၚတြင္ထိုင္ကာ ငိုေနသည့္အမ်ိဳးသမီးအား ဟယ္ရီမသနားနိုင္ပါ။အျပစ္မရွိပါဘဲေသသြားရသည့္ အစ္မျဖစ္သူထက္စာရင္ ဒီအမ်ိဳးသမီးခံစားရတာ နည္းနည္းေလးသာ။
"ရွင့္အစ္ကိုကလူယုတ္မာ..မိန္းကေလးတစ္ေယာက္ကို အဓၶမက်င့္ၿပီး ေသေစခဲ့တာ"
"မဟုတ္ဘူး..မဟုတ္ဘူး..ကိုကိုႀကီးက အဲ့လိုမဟုတ္ဘူး..လြန္းဟယ္ရီ နင္ကမွတကယ့္လူယုတ္မာ"
"ဘာ!!"
"ဟုတ္တယ္ နင္ကမွလူယုတ္မာ လူတစ္ေယာက္ကိုအတင္းလက္ထပ္ခိုင္းတယ္၊ၿပီးေတာ့ ကိုကိုႀကီးကိုလည္း နင္လူအားကိုးနဲ႕ႏွိပ္စက္တယ္ နင္ကမွတကယ္ယုတ္မာတာ"
ဟယ္ရီေဒါသေတြ အကုန္စုံၿပဳံသြားကာ သူမေရွ႕တြင္ထိုင္ကာငိုေနသည့္အမ်ိဳးသမီးအား ဆြဲထူလိုက္မိသည္။
"လႊတ္..ငါ့အသားကိုမထိနဲ႕..လြန္းဟယ္ရီ"
"ရွင္ပဲကြၽန္မကိုလူယုတ္မာဆို..လူယုတ္မာဆိုတာ ဘယ္လိုမ်ိဳးလဲ ရွင္သိေအာင္ ျပရတာေပါ့"ဆိုရင္း လက္ထဲရွိအမ်ိဳးသမီးအား ခုတင္ေပၚတြန္းလွဲလိုက္မိသည္။
"လြန္းဟယ္ရီ..နင္..နင္..ဘာလုပ္တာလဲ..မယုတ္မာနဲ႕ေနာ္"
အေပၚအကၤ်ီတစ္ထပ္အား ခြၽတ္ကာ အေဝးသို႔လႊင့္ပစ္လိုက္သည္မလို႔ နန္းရိပ္ေၾကာက္လန့္သြားမိသည္။ထေျပးဖို႔လုပ္ေပမဲ့ အေပၚမွ အုပ္မိုးခံလိုက္ရတာေၾကာင့္ နန္းရိပ္လက္ဖ်ားမ်ားပင္ေအးစက္ကာ ပိုမိုေၾကာက္ေနမိေတာ့သည္။
"လြန္း..လြန္းဟယ္ရီ..နင္..မယုတ္မာနဲ႕ေနာ္..ဖယ္"
"ရွင္ေျပာတဲ့လူယုတ္မာပုံစံဆိုတာ ဘယ္လိုလဲသိရေအာင္ျပေပးမလို႔..."

#ster(အက္စတာ)
#တစ္ပတ္ကိုသုံးပိုင္းတင္ေပးနိုင္ေအာင္ႀကိဳးစားပါ့မယ္ေနာ္

Continue Reading

You'll Also Like

590K 67.9K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
58.5K 8.5K 41
လင္းယုတုန္သည္ရွစ္နွစ္ၾကာတြဲခဲ႔ေသာခ်စ္သူကကိုးထပ္မွတြန္းခ်ခံရၿပီးေနာက္လြန္ခဲ႔ေသာရွစ္နွစ္တြင္ျပန္လည္ေမြးဖြားလာသည့္အခါသူရဲ႕အမွားတြကိုဘယ္လိုျပင္ဆင္ခြင့္ရၿ...
91.8K 16.1K 200
Book 1 က wall ထဲ ဝင်ဖတ်လို့ရပါတယ် Book 1 က wall ထဲ ဝင္ဖတ္လို႔ရပါတယ္
620K 112K 140
ဟောပိုင်က ထီဆုကြီးပေါက်ကာ ချမ်းသာလာပြီး သူ့ဘဝရဲ့အကောင်းဆုံးအချိန်တွေကို အေးဆေးစွာ ဖြတ်သန်းနေချိန် .. မမျှော်လင့်စွာနှင့် တိုက်ပေါ်မှ အတွန်းချခံရကာ မတ...