A wound in my heart

By OpalHawthorn28

4.6K 275 28

Chen Shang ဆိုတဲ့ Mahua ရဲ့ Novel version ပါ.... More

Hi
Chapter (1)
Chapter (3)

Chapter (2)

334 48 3
By OpalHawthorn28

[ ဤကမ္ဘာလောကမှာ မူလအကျဆုံးပြစ်မှုရှိခဲ့ပါလျှင် လူသားတစ်ယောက်ဖြစ်ရခြင်းသည် အကျွန်ုပ်၏  အပြစ်ဖြစ်တော်မူလေ၏ ]

ငါ့ရဲ့ ဝမ်းဗိုက်အောက်ပိုင်း ခါးစပ်နားမှာ တက်တူးတစ်ခုရှိတယ်.....တကယ်တော့ ဒီတက်တူးက ဗိုက်ခွဲထားတဲ့ ချုပ်ရိုးကို ဖုံးကွယ်ဖို့ နင်းရှီ အတင်းအကြပ်ထိုးခိုင်းထားတဲ့တက်တူးပါ.....

နင်းရှီက အမာရွတ်ကို ပန်းပွင့်ပုံ၊ မြက်ပင်ပုံ တက်တူးမျိုးတွေနဲ့ ဖုံးပစ်စေချင်ပေမယ့် ငါကတော့ တစ်စုံတစ်ယောက်က ငါ့ခန္ဓာကိုယ်ကို ဓားနဲ့ ထိုးခွဲထားသလို အသားစတွေဖွာထွက်နေတဲ့ နီရဲတဲ့ တက်တူးမျိုးထိုးပေးဖို့ တက်တူးဆရာကို တိတ်တိတ်လေးတောင်းဆိုခဲ့တယ်....

ဒါကိုမြင်တော့ နင်းရှီ အတော်လေး ဒေါသပုန်ထသွားပြီး "တိုးတက်ချင်စိတ် တစ်စက်မှမရှိတဲ့ အမှိုက်ကောင် "ဆိုပြီး ပါးနားတွေရိုက်ပြီး ဝေးလံ​ခေါင်သီတဲ့အရပ်က တက်တူးဆိုင်မှာ ငါ့ကို ပစ်ထားခဲ့တယ်....

အကယ်၍ အဲ့ဆိုင်မှာ တက်တူးလာထိုးနေတဲ့ လျန်ချိုးရန် ကသာ ငါ့ကို သနားပြီး မကူညီပေးခဲ့ရင် " တက်တူး အရှင်သခင် "  ဆိုင်ပိုင်ရှင်က ငါ့ကို  ရဲစခန်း ပို့ပြီးနေလောက်ပြီ.....

နင်းရှီ နားမလည်နိုင်တာလဲ မပြောနဲ့ အဲ့အချိန်တုန်းက ငါ့ကိုယ်ငါတော​င် ဘာတွေလုပ်မိနေမှန်း နားမလည်နိုင်ခဲ့ဘူး....

ကလေးတွေကို သဘောမကျဘူး...မွေးလဲ မမွေးချင်ခဲ့ဘူး...ဒါပေမယ့် သူထွက်သွားတုန်းက ငါတကယ် လက်မလွှတ်ပေးနိုင်ခဲ့ဘူး....

လျန်ချိုးရန်က​​တော့ " မိခင်စိတ် "ကြောင့်ဖြစ်မယ်လို့ပြောတာပဲ...ငါကတော့ အဲ့လိုမထင်ဘူး...ငါရဲ့ သူတော်ကောင်းယောင်ဆောင်ချင်တဲ့ ...ကြောင်သူတော်စရိုက်ကြောင့်ပဲ ဖြစ်လိမ့်မယ်...ငါဘယ်တုန်းကမှ မေ့မထားသင့်တဲ့ ကြောင်သူတော်စရိုက်လေ.....

" ယဉ်ပါးအောင် လုပ်လိုက်စမ်းပါ...ငါက တခြားမြေခွေးတွေနဲ့မတူတဲ့ နှစ်ထောင်ချီသက်တမ်းရှိတဲ့ မြေခွေး....မင်းငါ့ကို ယဉ်ပါးအောင်လုပ်နိုင်မယ်ဆို မင်းတစ်ယောက်တည်း ပိုင်တဲ့ မြေခွေးလေးဖြစ်ပေးမယ်...."

ငါ့ပုခုံးအောက်နားရောက်နေတဲ့ ကင်မရာမှန်ဘီလူးကို ချိန်ညှိလိုက်တယ်.....

"တောင်းပန်ပါတယ်နော်...မနေ့က ဟင်းချက် ရင်းလက်ထိသွားလို့ ရေကိုင်လို့မဖြစ်သေးဘူး...အဲ့တာကြောင့် Brocast anchor ပဲ လုပ်လို့ရဉီးမယ်...."

ကင်မရာနောက်ကွယ်က ကြည့်ရှုသူအနည်းငယ်လောက်ကို ငါ့ရဲ့ ဘယ်ဘက်လက်ညိုးမှာ ကပ်ထားတဲ့ ပလာစတာကို ပြလိုက်တယ်....

လက်ဆစ်နှစ်ဖက်က ဒဏ်ရာက နှစ်စင်တီမီတာလောက်ပဲနက်ပေမယ့် မနေ့တုန်းကတော့ သွေးတွေ အများကြီး ထွက်နေခဲ့တာ....

မုန့်ဖုတ်သမားတစ်ယောက်ဖြစ်တဲ့ ငါက တစ်နေကုန် မီးဖိုခန်းထဲမှာပဲ အချိန်ကုန်နေခဲ့ရတယ်...ဒါတွေအတွက် စုန်ပိုင်လောင်ကိုပဲ အပြစ်တင်ရလိမ့်မယ်....

ငါ ထမင်းဟင်းချက်တဲ့အခါတိုင်း TV အမြဲဖွင့်ထားတတ်တယ်...ဒါကြောင့် အိမ်က ပိုပြီး သက်ဝင်လာတယ်လေ.... သတင်းတွေ ကြည့်တာများပြီး တစ်ခါတစ်လေဆို ဆူဆူညံညံ Variety show တွေ ဖွင့်ထားတတ်တယ်....

မနေ့တုန်းက အာလူးခွာနေတုန်း သတင်းကြေငြာသူရဲ့ "စုန်ပိုင်လောင် "ဆိုတဲ့ ကြေငြာသံကြားလိုက်တာနဲ့ ဓားသွားက လက်ချောင်းတွေကို လှီးဖြတ်သွားပြီ...အချိန်မှီ အရှိန်ထိန်းလိုက်လို့ပေါ့...နို့မို့ဆို ဆေးရုံက ရေးပေါ်ခန်းထဲ ရောက်နေလောက်ပြီ...

ဧည့်ခန်းထဲပြေးပြီး ဒဏ်ရာကို တစ်သျှူးနဲ့သုတ်နေတုန်း ပိုပြီး ရှင်းရှင်းလင်းလင်းကြားနေရတယ်...

ရှမိသားစုခေါင်းဆောင် ဆုံးပါးသွားပြီး မယားပါသားဖြစ်သူ စုန်ပိုင်လောင်က အမွေအားလုံး ဆက်ခံခွင့်ရခဲ့တယ်....အခုဆို စုန်ပိုင်လောင်က ဆယ်ဘီလီလျှံ ချမ်းသာကြွယ်ဝတဲ့ အသက်ငယ်ဆုံး လူပျိုသူဌေးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ.....

ကျူးမိသားစုက အငွေ့တစ်ထောင်းထောင်းထနေတဲ့ ပေါင်မုန့်ကြီးကို မစွန့်လွှတ်နိုင်တာ ထူးဆန်းမနေတော့ဘူး....သူတို့က အစားထိုးခံတစ်ယောက်ရှာပြီး ခရီးဆက်ဖို့ပြင်နေကြပြီပဲ.....

"သာမာန် ဒဏ်ရာလေးပါ နှစ်ရက်လောက်နေရင် သက်သာပါလိမ့်မယ်..."

လွန်ခဲ့တဲ့နှစ်နှစ် မုန့်ဖုတ်လိုင်စင်အသိမ်းခံရပြီးကတည်းက " Amber " live broadcast platform မှာ မုန့်ဖုတ်နည်းလေးတွေ live လွှင့်ပေးနေခဲ့တာ....တခြားသော Game streamer တွေလောက် နာမည်မကြီးပေးမယ့်လဲ ထိုက်သင့်သလောက်တော့ နာမည်ရနေပါပြီ....

ဒါပေမယ့် Internation cake ပြိုင်ပွဲမှာ ပုံတူကူးချတဲ့သတင်းတွေ ပေါက်ကြားသွားတာကြောင့် ကြည့်ရှုနှုန်းတွေ တစ်နေ့တစ်ခြား ကျဆင်းလာတဲ့အပြင် "နစ်နာသူ "ဘက်ကပါ Amber မှာ ငါ့လို Live လွှင့်တာမျိုးတွေ လုပ်လာနေပြီ....

တီထွင်ဖန်တီးမှုတွေရဲ့ အနုပညာလုပ်ငန်းတွေက Omega တွေအတွက် သီးသန့်နယ်ပယ်တစ်ခုပါ...Beta တွေနဲ့ လားလားမျှ မသက်ဆိုင်ဘူးလို့ပဲ ယူဆထားကြတယ်လေ....နင်းရှီ ပြောတာ သိပ်မှန်တာပဲ....ဖြစ်စဉ်အသေးစိတ်ကို ဘယ်သူမှ စိတ်မဝင်စားကြဘူး....သူတို့အတွက် အရေးကြီးတာ ရလဒ်ပဲ....

ဒီကမ္ဘာမှာ Alpha တွေက ဘုရင်ဆို Omega တွေက ဘုရင်မတွေပဲ...Beta တွေကတော့ ဖိနပ်သယ်ပေးရမယ့် အစေခံ ငယ်ကျွန်ကြီးတွေပဲလေ.....

Camera Screen ရဲ့ ညာဘက်ထောင့်က message wall လေးမှာ ငါ့ကို ဂရုစိုက်ဖို့ ပြောထားတဲ့ comment နည်းနည်းတက်လာတယ်....ခဏကြာတော့ ကြည့်ရှုသူတွေ တစတစနည်းပါးလာပြန်တယ်....

ဒါအလုပ်မဖြစ်တာ သေချာနေပြီ....ငါက ကိတ်မုန့်ဖုတ်နည်းတွေ Live လွှင့်တဲ့သူပါ...မျက်နှာလဲ မပြရဲသလို ဟာသတွေလဲ မပြောတတ်ဘူး...ပြီးတော့ ငါ့မှာ နာမည်ပျက်လဲ ရှိသေးတယ်....ကိတ်မုန့်မဖုတ်ဘဲ ကလေးပုံပြင်တွေ ဖတ်ပြနေမယ့်အစား သတ်သေလိုက်တာကမှ ပိုကောင်းဉီးမယ်...

မနက်ဖြန် လက်ပြန်မကောင်းလာသေးရင်တောင် Live ကတော့ လွှင့်နေရဉီးမှာပဲ...

"ကောင်းပါပြီ... နောက်ဆိုသတိထားပါ့မယ်နော်...အခုတော့ စာဆက်ဖတ်ပြမယ်..."

သက်ပြင်းချလိုက်ပြီး စားပွဲပေါ်က စာအုပ်ကို နောက်တစ်မျက်နှာ လှန်လိုက်လေတယ်....

သုံးပုံတစ်ပုံလောက် ဖတ်ပြပြီးတာနဲ့ ကြည့်ရှုသူတွေကို နှုတ်ဆက်ပြီး Live လွှင့်ခြင်းကို လက်စသတ်လိုက်တယ်...တစ်နေ့ခင်းလုံး စကားပြောထားရတာကြောင့် အာခြောက်နေပြီ....ရေခဲသေတ္တာထဲကနေ ဘီယာအေးအေးလေးတစ်ဘူးလောက်ထုတ်သောက်လိုက်တယ်.....

ခဏကြာတော့ ကွန်ပြူတာတင်ထား စားပွဲပေါ်ကို ဘီယာတစ်ဘူးနှင့် ပြန်လာခဲ့လိုက်တယ်... Browser ကို ဖွင့်ပြီး မကြာခဏ တတ်တဲ့  website တစ်ချို့ကို  ကြုံရာကျပန်း ရှာဖွေလိုက်တော့ news window တစ်ခုက Screen  ညာဘက်ထောင့်နားမှာ ရုတ်တရက်ပေါ်လာခဲ့တယ်...

......ရှရှန်း Group ရဲ့ ဉက္ကဌ စုန်ပိုင်လောင်သည် ကျူးသစ်လုပ်ငန်းမိသားစုရဲ့ သားဖြစ်သူ ကျူးလင်းနဲ့ ယခုနှစ်အတွင်း လက်ထပ်ကြတော့မည်......

မရည်ရွယ်လိုက်ဘဲ Mouse ကို ခပ်မြန်မြန်လှုပ်ရှားလိုက်တာကြောင့် ဘေးက ဘီယာဘူးကိုတိုက်မိသွားပြီး Keyboard ပေါ် ဘီယာတွေဖိတ်ကျကုန်တယ်....

သတင်းမီဒီယာတွေက အတော်လေးမှန်ကန်ပါတယ်...စုန်ပိုင်လောင် ဆိုတာရော..တစ်နှစ်အတွင်းလက်ထပ်မယ်ဆိုတာရော...ကျူးမိသားစုရဲ့သားဆိုတာရော အကုန်နီးပါးမှန်ကန်ပေမယ့် တကယ့်ပစ်မှတ်ကျမှ လွဲသွားတာ.....

စုန်ပိုင်လောင်နဲ့ လက်ထပ်ရမှာ ကျူးလင်းမဟုတ်ဘူး....ငါပဲ...

ဘီယာတွေမှောက်ကျကုန်မှန်း မသိသေးဘဲ သုံးစက္ကန့်လောက် မှင်သက်နေခဲ့မိတယ်...သတိဝင်လာတာနဲ့ System ကို ချက်ချင်း shut down လုပ်ပြီး Keyboard ပေါ်က ဘီယာတွေ သုတ်လိုက်တယ်....

မနက်ဖြန်ကျရင် ဒဏ်ရာတွေနဲ့ တိုက်ပွဲဝက်ထားဖို့ ပြင်ဆင်ထားပေမယ့်လဲ အခုတော့ computer ကပါ ကြွသွားပြီ....

Account ထဲကို ဖုန်းကနေတဆင့် login ဝင်ပြီးတစ်ရက်လောက်နားဖို့  Amber ဆီ စာပို့လိုက်တယ်...တစ်ညအတွင်း computer ကိုအခြောက်ခံဖို့ စီစဉ်ထားတယ်...အကယ်၍ အဆင်မပြေရင်လဲ.....

နောက်တစ်နေ့ရောက်တော့ ငါ့မှာ မျှော်တလင့်လင့်နဲ့ computer ဖွင့်ကြည့်လိုက်တော့ အမှောင်ယံညအလယ်က အဆုံးမဲ့တဲ့ အမှောင်ထု screen ကြီးက ကြိုလင့်နေတယ်လေ....

"ပျက်သွားပြီပဲ..."

ငါ သက်ပြင်းချလိုက်မိတာပေါ့...နေ့လည်စာစားပြီးတာနဲ့ computer ပြင်ဖို့ အိမ်ကနေ ထွက်လာခဲ့လိုက်တယ်....

အခုတလော ရာသီဉတု သိပ်မမှန်ဘူး...အပြင်မထွက်ခင် တစ်ချက်စစ်လိုက်တော့ မိုးဖွဲဖွဲလေးရွာနေတယ်....

Live စလွှင့်ကတည်းက အိမ်တွင်းပဲအောင်းနေပြီး အပြင်သိပ်မထွက်ဖြစ်တာကြောင့် ထီးရှာလို့မတွေ့ဘူးဖြစ်နေတယ်....

ခဏနေတော့ တိမ်ထူနေတာကလွဲရင် မိုးတိတ်သွားတာကြောင့် ထီးရှာဖို့ အကြံအစည်ကို စွန့်ပစ်လိုက်ပြီပဲ...

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတာ ဒါမျိူးပဲ.....မြေအောက်ရထားဘူတာရုံ ဝင်ပေါက်လဲရောက်ရော မိုးရွာချလာပါလေရော...ဘယ်မလဲ မိုးဖွဲ...ရွာလိုက်တာမှ သည်းကြီးမည်းကြီးပဲ....

တော်သေးတယ် ကုန်တိုက်ဝင်ပေါ်က ငါနဲ့ မီတာ 50 အကွာလောက်ပဲဝေးလို့....ဒါနဲ့ notebook လေးခေါင်းပေါ်တင်ပြီး မြန်မြန်ပြေးသွားလိုက်တာပေါ့...

အဝင်ပေါက်ဝမှာတင် အဝတ်ပေါ်ကရေစက်တွေကို ခါချနေတာကြောင့် တံခါးစောင့်ကမျက်မှောင်ကြုံပြီးခပ်လှမ်းလှမ်းကိုရွေ့သွားတယ်....

သူရဲ့ မနှစ်မြို့တဲ့အကြည့်ကြောင့် ငါလဲ ခေါင်းငုံ့ပြီး ခပ်လှမ်းလှမ်းမှာ သွားနေလို​က်တယ်.....

ခမ်းနားထည်ဝါလှတဲ့ ဇိမ်ခံကားတစ်စီးက ဂိတ်တံခါးဝကို ဖြတ်ကျော်ပြီး ဝင်လာနေတယ်....ကားရဲ့ တောက်ပတဲ့ မဟူရာရောင်ကိုယ်ထည်က မိုးရေစက်တွေကြားမှာ ဝင့်ကြွနေပုံက အရည်သွေးမြင့် ပိုးထည်စပေါ်မှာ တင်ထားတဲ့ စိန်တုံးတွေနဲ့တောင် တူနေသေးတယ်..ငါလဲ ကြည့်ကောင်းတာနဲ့ ဆက်ငေးနေလိုက်တယ်....

တံခါးစောင့်ရဲ့ မျက်နှာက တခဏတော့ ထူးဆန်းသွားပြီး ချက်ချင်းသလို အပြုံးတစ်ခုနဲ့ ထီးတော်မိုးပေးဖို့ ဟန်ပြင်နေတယ်...ကားပေါ်ကနေ အမျိုးသမီးငယ်လေးတစ်ယောက်ဆင်းလာတယ်...ထီးကွယ်နေတာကြောင့် ရုပ်သွင်ကို သေချာမမြင်ရပေမယ့် သူက ဒီလိုအေးမြတဲ့ ရာသီမှာတောင် ကတ်မီးယား သိုးမွေးထည်ခပ်ပါးပါးလေးဘဲ ဝတ်ထားတယ်...ထိုအမျိုးသမီးရဲ့ လက်ထဲမှာ ကလေးသေးသေးလေးတစ်ယောက်ကိုလဲ ချီထားသေးတယ်....

ကြည့်ရတာ သူဌေးတစ်ယောက်ရဲ့ Omega ဇနီးလေးနဲ့တူတယ်.....

Shopping mall ရဲ့ အပေါ်ဆုံးထပ်ဆီ computer လေးသယ်ပြီး ဓာတ်လှေကားနဲ့တက်သွးလိုက်တယ်...ငါ့အမှတ်ဉာဏ်တွေထဲက ကွန်ပျုတာ ပြင်ဆိုင်က အဲ့အထပ်မှာလေ....

မိုးရွာနေလို့လားမသိဘူး ဆိုင်ထဲမှာ လူရှင်းနေပေမယ့် ငါ့အတွက်တော့ ကျင့်သားမရနိုင်သေးဘူး....

လူများလာလေ စိတ်လှုပ်ရှားလာလေပဲ...လွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက လူစုလူဝေးတွေနဲ့ ဝေးကွာခဲ့တဲ့ငါက လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာ ကြောက်နေတယ်....

"ဒါကလေ...ဒါက...ရေစိုသွားပြီး...ဖွင့်လို့မရတော့ဘူး..."

နောက်ဆုံးတော့ ငါလိုချင်တဲ့အချက်တွေကိုပြောပြလိုက်နိုင်ပါပြီ....ပြင်လို့ရတယ်ဆိုပေမယ့် စောင့်ရမယ့်အချိန်နည်းနည်းတော့ကြာမယ်...သုံး လေးနာရီလောက်တော့စောင့်ရဉီးမယ်....

"ပြင်လို့ရတယ်ဆို​တော့ တော်သေးတာပေါ့..."

ပြင်လို့ရတယ်ကြားတော့မှ စိတ်အေးနိုင်တော့တယ်....

လောလောဆယ် အသစ်ဝယ်ဖို့ မတတ်နိုင်သေးဘူး...ပြင်ရုံပဲပြင်နိုင်သေးတယ်....

"ဒါဆို ညနေလောက်ကျမှ လာယူလိုက်ပါနော်..."

ဝန်ထမ်းက ငါ့ကိုဖြတ်ပိုင်းတစ်ခုရေးပေးပြီး ညနေလောက်မှ လာယူဖို့ပြောနေတယ်...

ဝန်ထမ်းကို ကျေးဇူးတင်စကားပြောပြီးတာနဲ့ rame ဆိုင်မှာ ခေါက်ဆွဲပြုတ် အလွတ်တစ်ပွဲဝင်စားပြီး နှစ်နာရီလောက် အချိန်ဖြုန်းနေလိုက်တယ်...ကြာကြာဆက်မထိုင်ချင်တော့တာနဲ့ ကုန်တိုက်ထဲ လျှောက်ကြည့်ပြီး အချိန်ဖြုန်းကြတာပေါ့....

အဲ့အချိန်မှာ ဘယ်လိုကနေ ဘယ်လို Mother and baby Area ကို ရောက်သွားမှန်းမသိလိုက်ဘူး....

Mother and baby Area မှာ အထူးသီးသန့်ကစားကွင်းနှစ်ခုရှိပေမယ့် တိတ်ဆိတ်ငြိမ်သက်နေတဲ့အပြင် အကာတွေနဲ့လဲ ကာထားသေးတယ်...ကြည့်ရတာ beta တွေနဲ့ အတူတူ စျေးဝယ်မထွက်ချင်တဲ့ Omega တွေအတွက် သီးသန့်လုပ်ပေးထားပုံရတယ်....

လူတိုင်းကတန်းတူပဲလို့ ဆိုကြပေမယ့် မညီမျှမှုအသေးစိတ်တွေကိုတော့ ဘဝရဲ့ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်.....

ပန်းရောင်ဝတ်စုံ​လေးကို ကိုင်ကြည့်လိုက်ပြီး ခုနှစ်သားအရွယ် ဝတ်လို့ ရ မရ သေချာစဉ်းစားနေမိတယ်....ဒီနေရာမှာ ကလေးအဝတ်အစားတွေပဲရောင်းတာလား...ငါတစ်ချက်လောက် သွားကြည့်သင့်လား...ငါ့ကလေးလေးက Alpha လား Omega လား Beta လားတောင် ငါမသိဘူး...နောက်တစ်ခါ နင်းရှီနဲ့တွေ့ရင် သေချာမေးရမယ်...နို့မို့ဆို လက်ဆောင်ရွေးဖို့ခက်တယ်လေ....

"ဧည့်သည် အကူအညီလိုသေးလား"

တစ်ယောက်တည်း တွေးချင်ရာတွေး ငေးချင်ရာငေးနေတဲ့ ငါက အရောင်းဝန်ထမ်းရဲ့အာရုံကို ဆွဲဆောင်လိုက်နိုင်တယ်တူပါရဲ့...

ငါလဲ ရှက်ရှက်နဲ့ လက်ခါပြလိုက်ပြီး....

"မလိုပါဘူးဗျာ..ဒီအတိုင်းကြည့်ရုံလေးပါ..."

အရောင်းဝန်ထမ်းတွေ တကောက်ကောက်လိုက်နေမှာစိုးတာနဲ့ ငါလဲ နောက်လှည့်ကြည့်မနေတော့ဘဲ Mother and baby Area ကနေ ထွက်လာခဲ့လိုက်တယ်....

ခေါက်ဆွဲပြုတ် ဟင်းရည်တွေအများကြီးသောက်လိုက်လို့နဲ့တူတယ် သန့်စင်သွားချင်လာတာကြောင့် လှည့်ပတ်ပြီး ရှာလိုက်ရတာ ဆယ်မိနစ်လောက်ရှာပြီးမှာ ယောက်ကျားသုံးသန့်စင်ခန်းကို ရှာတွေ့တော့တယ်....

ငါ ရှုးရှုးပေါက်နေချိန်မှာ တစ်ယောက်ယောက်က စိုက်ကြည့်နေသလို ထူးဆန်းတဲ့ ခံစားချက်မျိုးကြီးကို ခံစားနေရတယ်....

ဆီးသွားကမုတ်တစ်ခုချင်းစီရဲ့ရှေ့မှာ မှန်တစ်ချပ်စီရှိတယ်....ငါ့နောက်မှာ ဘယ်သူမှမရှိမှန်း မှန်ထဲကနေမြင်နေရတယ်....ငါ့ရဲ့ရှုပ်ပွနေပြီးမျက်လုံးတွေကိုဖုံးနေတဲ့ဆံပင်တွေရယ် ခပ်ဖျော့ဖျော့ အသားအရေရယ်ကိုပဲ မှန်ထဲမှာ မြင်နေရတယ်.....

တံခါးစောင့်က ငါ့ကို မနှစ်မြို့တဲ့အကြည့်နဲ့ကြည့်သွားတာ မထူးဆန်းတော့ဘူး...ငါ့ပုံစံကလဲ နှစ်ရှစ်ရာလောက် မအိပ်ရသေးတဲ့ Vampire နဲ့တူနေတာကိုး....

ဂရုမဲ့စွာနေတတ်တဲ့ ငါ့ကိုယ်ငါ ရယ်လိုက်မိတယ်...ဆံပင် တစ်ချက်သပ်ပြီး ဇစ်ဆွဲပြီးနောက်လှည့်လိုက်တော့ ကလေးတစ်ယောက်က ငါ့ကို စိုက်ကြည့်နေတယ်လေ.....

အော်ဟစ်မိတော့မတတ်ရင်တုန်ပန်းတုန်ဖြစ်သွားတာပေါ့....

ကုလားအုတ်မွှေးရောင် ဝတ်စုံလေးဝတ်ထားတဲ့ ငါးနှစ်သားအရွယ်ကောင်လေးက မျက်လုံးနက်နက်လေးတွေနဲ့ ငါ့ကို စိုက်ကြည့်နေတယ်....

ဒါဆို ခုနကတုန်းက ထူးဆန်းတဲ့ခံစားချက်ကြီးက ထင်ယောင်ထင်မှားမဟုတ်ဘဲ အမှန်တကယ် အကြည့်ခံနေရတာပေါ့....

နှလုံးခုန်သံတွေ ​ပုံမှန်ဖြစ်အောင် အတော်လေးအချိန်ယူလိုက်ရတယ်...တစ်ဖက်လူကတော့ တူညီတဲ့ အမူအရာ တူညီတဲ့ ကိုယ်နေဟန်ထားနဲ့ ငါ့ကို စိုးရိမ်တကြီးစိုက်ကြည့်နေတော့တာပဲ....

ငါလဲ ဒူးထောက်ထိုင်ချပြီးမေးလိုက်တာပေါ့ ...

"မင်း ဘာလို့ ငါ့ကို တိတ်တိတ်လေးကြည့်နေရတာလဲ..."

ကောင်လေးက ငါ့စကားကို နားမလည်ဘူးနဲ့တူတယ်...ဒီအတိုင်း မျက်လုံးရွဲကြီးတွေနဲ့ ကြည့်နေတယ်လေ....

" မင်းရဲ့ မားမားရော..."

သူအခုထိ ငါ့ကို လျစ်လျူရှုထားဆဲပဲ....

ဒီကောင်လေး အကြားအာရုံချို့ယွင်းနေတယ်ထင်ပြီး သူ့နား နားကို ကပ်ပြီး လက်ဖျောက်တီးလိုက်တယ်...ကောင်လေးက မျက်တောင်ခတ်ပြနေတယ်...သူ့ကြားရတယ်ပေါ့....

အပြင်ထွက်ပြီး သူ့မိဘတွေရှိ မရှိရှာကြည့်ပေးလိုက်တယ်...ဟိုဟို ဒီဒီရှာကြည့်တာတောင် အရိပ်တစ်ခုမှ မတွေ့ရလောက်တဲ့အထိ ပတ်ဝန်းကျင်တစ်ခုလုံး ရှင်းလင်းနေတယ်....

ငါ နောက်လှည့်ကြည့်လိုက်တော့ နောက်တစ်ကြိမ် လန့်ဖြန့်သွားရပြန်တယ်....ကောင်လေးက ငါ့နောက်ကို လိုက်လာပြီး ငါ့အင်းကျီစကို ဆွဲထားတယ်လေ....

"ဘယ်သူ့ကလေးလေးလဲ...မင်းအမေ ဘယ်မှာလဲ သိလား.."

ကောင်လေးက ကြွေရုပ်ကလေးတစ်ခုလို တကယ်လှလွန်းတယ်...လှုပ်ရှားမှုသာမရှိရင် ငါ သူ့ကို Program သွင်းထားတဲ့ AI တစ်ခုလို့ ထင်နေမိမှာ....

" မင်း ဖေဖေ မေမေတို့ရဲ့ ဖုန်းနံပါတ်ကို မှတ်မိလား..."

ငါလဲ အိတ်ထဲက ဖုန်းကိုထုတ်ပြီး မေးလိုက်တယ်....

မထင်မှတ်ဘဲ ကောင်လေးဘက်က တုံ့ပြန်လာတယ်...ငါ့လက်ထဲက ဖုန်းကို ယူဖို့ လက်လှမ်းနေတယ်....

"မင်း တစ်ခုခု စဉ်းစားမိလို့လား..."

ငါလဲ ကောင်လေးကို ကမန်းကတန်း ဖုန်း ပေးလိုက်တာပေါ့...

ကောင်လေးက ဖုန်းကို လက်နှစ်ဖက်နဲ့ ကိုင်ပြီး နံပါတ်တွေ ဖြည်းဖြည်းချင်း နှိပ်ပြီးတာနဲ့ ငါ့ဆီ ပြန်ပေးနေတယ်....

"ဒါ မင်း မိဘတွေရဲ့ ဖုန်းနံပါတ်လား..."

ကောင်လေးက ရေခဲပန်းပုရုပ်လေးလိုပဲ ငါ့ကိုကြည့်နေတယ်.....

ငါ သက်ပြင်းချပြီး ဖုန်းခေါ်လိုက်တယ်...

ဖုန်းဝင်ဖို့ တော်တော်လေးကြာသွားတယ်...တစ်ဖက်ဆီကနေ အမျိုးသမီးတစ်ယောက်ရဲ့ယဉ်ကျေးတဲ့အသံကို ကြားလိုက်ရတယ်....

"ဟယ်လို...ဘယ်သူပါလဲရှင်...."

" မင်းရဲ့ ပျောက်သွားတဲ့ကလေးကို ငါရှာတွေ့ထားတယ်...."

တစ်ဖက်ကအသံတွေ ခဏတိတ်ဆိတ်သွားတယ်....

"ကျွန်မက လက်မထပ်ရသေးဘူး...ဘယ်လိုလုပ် ကလေးရှိမှာလဲ...ပိုက်ဆံလိမ်တောင်းချင်ရင်လဲ တစ်ခြားနည်းလမ်း စဉ်းစားလိုက်... "

တစ်ဖက်လူက ပြောချင်တာပြောပြီး ဖုန်းခးချသွားပါလေရော...ငါဘယ်လောက်ပဲ ဖုန်းခေါ်နေပါစေ ဖုန်းမကိုင်တော့ဘူး....

"သူ့မှာ ကလေးမရှိဘူးတဲ့....မင်းပေးလိုက်တဲ့ နံပါတ်က မင်းအမေရဲ့ ဖုန်းနံပါတ်မဟုတ်ဘူးလား..."

ငါ့မေးခွန်းကို ပြန်မဖြေဖို့ ရည်ရွယ်ထားပုံရတယ်...ကောင်လေးက ငါ့လက်မောင်းပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေတယ်...မျက်တောင်ခတ်နေတာကလွဲရင် သူ့မျက်နှာလေးက အေးစက်နေပြီး ခံစားချက်မဲ့နေတယ်....

ငါ ဘာလုပ်သင့်လဲ........

ကုန်တိုက်ရဲ့ Service ဌာနကို လူပျောက်ရှာပေးဖို့ သွားပို့နေတုန်းမှာ ကောင်လေးက ငါ့ခေါင်းပေါ်က ဆိုင်းဘုတ်တစ်ခုကို လက်ညိုးထိုးပြနေတယ်....

သေချာကြည့်လိုက်တော့မှ ဓာတ်လှေကားနားမှာ ကုန်သွယ်ရေးအဆောက်အအုံတစ််ခုကိုပါ လမ်းညွှန်ထားသေးတယ်....

ငါ မနှစ်က ဒီကိုရောက်တုန်းက ကုန်သွယ်ရေးအဆောက်အဉီးက ဆောက်လက်စတန်းလန်းရှိသေးတယ်...တစ်စုံတစ်ယောက်က ရုံးချုပ်အဖြစ်သုံးဖို့ ဝယ်သွားတယ်လို့တော့ကြားမိလိုက်တယ်...တစ်နှစ်လောက်ရှိပြီဆိုတော့ ရုံးထိုင်နေလောက်ပြီပေါ့....

"မင်း မိဘတွေ အဲ့မှာ အလုပ်လုပ်ကြတာလား..."

ငါ့ဘက်က ဒီအတိုင်း မေးလိုက်ပေမယ့် ကောင်လေးက ဒီတစ်ခါတော့ ခေါင်းညိတ်ပြနေတယ်....ရွေ့လျားမှုက သေးငယ်ပေမယ့် ခေါင်းညိတ်ပြနေတယ်ဆိုတာ သေချာတယ်....

ပန်းတိုင်ကို သေချာသိပြီဆိုတော့ လုပ်ရကိုင်ရတာ ပိုအဆင်ပြေလာတာပေါ့....

" မင်းမိဘတွေရှာဖို့ အဲ့ကိုသွားကြတာပေါ့..."

ငါလဲ နေ့တိုင်း ကုသိုလ်ကောင်းမှုတွေလုပ်ပြီး လူ့အဖွဲ့အစည်းကို အကျိုးပြုသူတစ်ယောက်ဖြစ်ချင်တာပေါ့...ဒါပေမယ့် အဆောက်အဉီးရဲ့ နံရံပေါ်က "ရှရှန်း " ဆိုတဲ့ကြေးဝါရောင်စာလုံးကြီးကို မြင်လိုက်ရချိန်မှာ မူလရည်ရွယ်ချက်တွေဘာတွေ သတိရမနေနိုင်တော့ဘဲ ထွက်ပြေးချင်တာတစ်ခုပဲ သိတော့တယ်....

ဘယ်လိုတွေ တိုက်ဆိုင်နေတာလဲ....ရှရှန်းက ရုံးချုပ်အသစ်အတွက် ဒီအဆောက်အဉီးကြီးကို ဝယ်လိုက်တာပဲ.....

တစ်ချိန်တုန်းကတော့ ရှ မိသားစုပိုင်တဲ့ ရှရှန်း ပေါ့...အခုတော့ စုန်ပိုင်လောင် ပိုင်တဲ့ Compay ဖြစ်နေပြီ....

ဟုတ်တယ်....သိပ်မကြာခင်မှာ ငါနဲ့လက်ထပ်တော့မယ့် စုန်ပိုင်လောင်ပဲ....

ကံကြမ္မာက သိပ်ဆန်းကြယ်တာပဲနော်...လွန်ခဲ့တဲ့ ခုနှစ်နှစ်လုံးလုံး စုန်ပိုင်လောင်အကြောင်း တစ်ခါမှလဲ မကြားခဲ့ရဘူး...မြင်လဲမမြင်ခဲ့ရဘူး....

နင်းရှီရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ပြီးကတည်းက ကံကြမ္မာဆိုးဆိုတဲ့ ခလုတ်ကို နှိပ်လိုက်သလိုပဲ နေရာတိုင်းမှာ စုန်ပိုင်လောင်ရဲ့ သတင်းတွေ မြင်နေ ကြားနေရတယ်....

ငူငူငိုင်ငိုင်ကြီး မတ်တပ်ရပ်နေတဲ့ငါ့ကို တံခါးစောင့်တွေက မေးနေပြီ....

"ဘယ်သူ့ကို ရှာနေတာလဲ ခင်ဗျ..."

"ကျွန်တော်ရှာနေတာက....ကျွန်တော် ဒီကလေးရဲ့မိဘတွေကို ရှာနေတာပါ...."

ထောင်ပေါင်းများစွာသော ဝန်ထမ်းတွေ ရှိတဲ့ ရှရှန်းမှာ စုန်ပိုင်လောင်ကို တွေ့ရဖို့ဆိုတာသိပ်တော့မလွယ်လှဘူး.....

တံခါးစောင့်က ငါချီထားတဲ့ ကလေးလေးကို သေချာကြည့်လိုက်ပြီး....

"အိုးးးး ဒါ...ဒါ အငယ်ဆုံးသခင်လေးမလား..."

ငါလဲ တော်တော် အံ့သြနေမိတယ်....

"သခင်....သခင်လေး..."

ငါ့မှာ စဉ်းစားချိန်တောင် မရသေးဘူး ကောင်လေးက ငါ့လက်မောင်းကို ဆွဲပြီး ဧည့်ကြိုကောင်တာဆီသွားခိုင်းနေတယ်....

"သခင်လေးက ဒီမှာပဲ...."

ဧည့်ကြိုကောင်တာက ကောင်မလေးနှစ်ယောက်စလုံး ငါ့ကို တအံ့တသြကြည့်နေကြတယ်.....

" နာနီအသစ်တစ်ယောက်က သခင်လေးနဲ့အတူ Boss ကိုလာတွေ့မယ်လို့ လက်ထောက်လီ ပြောနေသံကြားလိုက်တယ်....နာနီအသစ်က ယောက်ကျားလေးဖြစ်နေတာပဲ...."

" ရှင့်ကို အပေါ် ခေါ်သွားပေးမယ်...ကျွန်မနဲ့ လိုက်ခဲ့...."

ငါက နာနီအသစ်မဟုတ်မှန်း ပြောလိုက်ချင်တယ်..ဒါပေမယ့် လူများလာရင် ငါ့ရဲ့အာရုံစိုက်နိုင်စွမ်းတွေ အလုပ်မလုပ်တော့ဘူး....စိတ်လွတ်နေသူတစ်ယောက်လို သူတို့နောက်ကနေ လိုက်သွားနေခဲ့မိတယ်....

ဧည့်ကြိုကောင်တာက အမျိုးသမီးက သူမရဲ့ ကိုယ်ပိုင် card တစ်ခုကိုသုံးပြီး ဓာတ်လှေကားကို ခလုတ်နားမှာ ပွတ်ဆွဲလိုက်တယ်....ပြီးတော့ သူမက 28 ထပ်ကို နှိပ်လိုင်တယ်....ဓာတ်လှေကားတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေတာပဲ.....

"ရှင်...... " ဆယ်ထပ်မြောက်ကိုရောက်တော့ ဧည့်ကြိုအမျိုးသမီးက ငါ့ကို စကားလှည့်ပြောတယ်....

သူမရဲ့အသံကိုကြားတာနဲ့ ကြက်သီးမွှေးညှင်းထလောက်တဲ့အထိ တုန်ရီကြောက်လန့်သွားခဲ့တယ်....ငါ့ရဲ့ ရုပ်ပျက်ဆင်းပျက်ကြောက်လန့်နေတဲ့ပုံက ဓာတ်လှေကားနံရံတွေမှာ ထင်ဟပ်နေတယ်.....

ငါ့ကို ကြည့်ပြီး ထိုအမျိုးသမီးလဲ ရှက်သွားတယ်ထင်တယ်....

"ဟိုလေ... မစ္စတာစုန်က အစည်းအဝေးခန်းထဲမှာပဲရှိသေးတယ်...ရှင် ခဏလောက်တော့စောင့်ရမယ်..."

မစ္စတာစုန်.........

ရှရှန်းမှာ ဗိုလ်ချုပ်တစ်ယောက်အဖြစ်တင်စားခံရတဲ့ ဒုတိယမြောက်မျိုးရိုးပိုင်ရှင်က ဘယ်သူများဖြစ်နိူင်မလဲ.....

စုန်ပိုင်လောင်ပဲပေါ့......

ဧည့်ကြိုအမျိုးသမီးရဲ့ မျက်ဝန်းတွေထဲမှာ အံ့အားသင့်တဲ့အရိပ်အမြွက်တွေ ဖြတ်ပြေးနေတယ်....

"အဆင်မပြေဘူးလား...ချွေးတွေအရမ်းထွက်နေတာပဲ...."

ငါ တော်တော်လေးအဆင်မပြေဘူး.....အစပိုင်းကတော့ ထိန်းထားနိုင်မယ်ထင်ခဲ့တာ...တစ်ကယ်တမ်းကြတော့ ထိန်းမထားနိူင်ခဲ့ဘူး....ငါ ဘယ်လောက်ထိတောင်ကြောက်နေလဲဆို သွားချင်းရိုက်သံတောင် ကြားနေရတဲ့အထိပဲ....စကားတောင် မပြောနိူင်တော့ဘူး.....

28 ထပ်ကိုရောက်နေပြီဖြစ်တာကြောင့် ဓာတ်လှေကား ရပ်သွားတယ်....

"ကျေးဇူးပြုပြီး..."

ဧည့်ကြိုအမျိုးသမီးက ငါ့ကို အရင်သွားခိုင်းနေတယ်...

ဓာတ်လှေကားထဲကနေ ထွက်တာနဲ့ ဧည့်ခန်းတစ်ခုကို လှမ်းမြင်နေရတယ်....နက်ပြာရောက်ခပ်ဖျော့ဖျော့ကောဇောတွေ ခန်းလုံးပြည့်ခင်းထားပြီး မျက်နှာကြက်အထိမြင့်တဲ့ ပြတင်းပေါက်တွေကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်တောက်ပနေတယ်....ဧည့်ခန်းရဲ့ ညာဘက်ကမှာ မှန်နံရံတွေနဲ့ ဖွဲ့စည်းထားတဲ့ အခန်းတစ်ခန်းရှိတယ်.....အခန်းထဲက ပရိဘောကအပြင်အဆင်ကို ကြည့်ရုံနဲ့တင် စုန်ပိုင်လောင်ရဲ့ ရုံးခန်းမှန်းသိသာလွန်းနေတယ်....

ကြမ်းပြင်မှာ ခင်းထားတဲ့ သိုးမွှေးကောဇောကြောင့် ခြေသံတောင်မကြားရဘဲ တိတ်ဆိတ်နေတယ်...

"ဒီမှာပဲ စောင့်နေလိုက်နော်....မစ္စတာစုန်ရဲ့လက်ထောက်ဆီ ကျွန်မ Message ပို့ထားပြီးပြီ..."

ထိုအမျိုးသမီးက ဓာတ်လှေကားထဲ ပြန်ဝင်ခါနီးမှာ headset ကနေ တစ်ခုခုကြားလိုက်တာကြောင့်လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်....

"Sorry ပါနော်...ကျွန်မလုပ်စရာလေးရှိလို့သွားရတော့မယ်....Bar ပေါ်မှာ စားစရာတွေရော သောက်စရာတွေပါရှိတယ်....ယူစားလို့ရတယ်....ကျွန်မသွားနှင့်ပြီးနော်..."

"ဒီမှာ ခင်ဗျ....."

ငါခြေလှမ်းတစ်ချို့ ရှေ့တိုးပြီး သူမကို လှမ်းခေါ်နေပေမယ့်လဲ သူမကတော့Headset ကနေ စကားလှမ်းပြောနေရတာနဲ့ အလုပ်များနေပြီး ငါခေါ်နေတာကို မကြားဘူး.....

ငါ့မျက်စိရှေ့မှာတင် ဓာတ်လှေကား တံခါးကြီးပိတ်သွားတာကို ဒီအတိုင်းကြည့်နေလိုက်ရတယ်....ငါလဲ သက်ပြင်းချလိုက်ပြီး ချီထားတဲ့ ကောင်လေးကို ကြမ်းပြင်ပေါ်ချပေးလိုက်တယ်....

"သားဖေဖေကို သားတစ်ယောက်တည်းစောင့်နေလို့မဖြစ်ဘူးလား...."

ဒီကလေးရဲ့ မျက်ဝန်းတောက်တောင်လေးတွေ သွားလေးတွေက စုန်ပိုင်လောင်နဲ့ မတိုသလောက်လေး တူနေသားပဲ....

"ဉီးဉီးမှာ အရေးတကြီးသွားစရာရှိတယ်....သားနဲ့အတူတူ မစောင့်ပေးနိုင်တော့ဘူး...."

ပြောပြီးတာနဲ့ ကိုယ်လွတ်ရုန်းပြေးဖို့ ပြင်လိုက်ပေမယ့် ငါ့ဘောင်းဘီကို နောက်ကနေဆွဲထားတာကြောင့် ​ခြေလှမ်းနည်းနည်းပဲ လှမ်းနိုင်ခဲ့တယ်.....ငါ လှည့်ကြည့်လိုက်တော့ ကောင်လေးက ငါ့ဘောင်းဘီစကို ခပ်တင်းတင်းဆုပ်ကိုင်ထားပြီး သူ့ရဲ့ အမူအရာမဲ့နေတဲ့ မျက်နှာလေးပေါ်မှာ နှမြောတသဖြစ်နေတဲ့ အရိပ်အယောင်တွေ မြင်နေရတယ်...

"သားသားရေ...ဉီးဉီးတကယ်သွားရတော့မယ်...."

ကလေးရဲ့ လက်ကို အလွယ်တကူ ဆွဲဖြုတ်လိုက်တယ်....

သို့ပေမယ့် ခြေလှမ်းအနည်းငယ်လှမ်းပြီးချိန်မှာ ကောင်လေးက ငါ့ကို နောက်တစ်ကြိမ် လှမ်းဆွဲနေပြန်ပြီ.....

ငါတို့နှစ်ယောက်အဖြစ်က လွန်ဆွဲပွဲပြိုင်နေသလိုပဲ....သူက ငါ့ကိုဆွဲ ငါကလဲ သူ့ကိုဆွဲနဲ့ တစ်ယောက်နဲ့ တစ်ယောက် အနိုင်မခံအရှုံးမပေးချင်ကြဘူးလေ.....

ငါတို့တွေ လုံးထွေးနေချိန်မှာ ဓာတ်လှေကားဆီကနေ အသံတစ်သံကြားလိုက်ရတာကြောင့် ​ခြောက်ခြားတုန်လှုပ်စွာနဲ့လှည့်ကြည့်လိုက်တော့.......

ဓာတ်လှေကားတံခါး ဖြည်းညှင်းစွာပွင့်လာပြီး အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဂတ်ဆင်ထားပြီး မျက်နှာအောက်ပိုင်းကို ဖုံးအုပ်ထားတဲ့ အရပ်ရှည်ရှည် ယောက်ကျားသားတစ်ယောက်ကို မြင်လိုက်ရတယ်....သေချာစွာဖြီးသင်ထားတဲ့ဆံကေသာကြောင့် ချောမွေ့နေတဲ့နဖူးပြင်ရယ် လေးနက်နက်ရှိုင်းနေတဲ့ မျက်ဝန်းတွေရယ်ကို အရှင်းသားမြင်နေရတယ်......

ထိုလူက ဘောင်းဘီအိပ်ကပ်ထဲကို လက်ထည့်ထားပြီး ငါ့ကိုကြည့်နေတယ်....ဒီအကြည့်နဲ့တင် မသိစိတ်ထဲမှာ ထိတ်လန့်ကြောက်ရွံနေပါပြီ.......

အမှန်အတိုင်းပြောရရင် သူ့ကိုတွေ့တော့ ငါ့နှလုံးသားက စည်းချက်မမှန်တော့ဘူး....

ငါ့မျက်နှာကို စစတွေချင်းတုန်းက မျက်မှော်ကြုံ့ပြီး စဉ်းစားနေသေးတယ်....ခဏကြာတော့မှ သူ့မှတ်ဉာဏ်ထောင့်ထဲက ငါ့ပုံရိပ်လေးတွေကို သတိရသွားပုံရတယ်....မျက်မှောင်ကျုံ့ထားတာတွေ တဖြည်းဖြည်း ပြေလျှော့လာပြီး ရင်းနှီးဖူးခဲ့တဲ့ မထီမဲ့မြင် အကြည့်တွေ အစားထိုးဝင်ရောက်လာတယ်.....

" မင်းပဲ...."

ငါမင်းကို မတွေ့တာ ခုနှနှစ်ရှိပြီ....မင်းနာမည်ကိုတောင် မမှတ်မိတော့ဘူး....

ဟင့်အင်း....အရင်တုန်းကရော သူ  ငါ့အကြောင်းကို တရေးတယူမှတ်ထားဖူးလို့လား....

"ဟုတ်တယ်....မတွေ့ဖြစ်တာ ကြာပြီနော်...."

ငါလဲ တည်ငြိမ်ချင်ယောင်ဆောင်ပြီး လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်တယ်....


Zawgyi

[ ဤကမ႓ာေလာကမွာ မူလအက်ဆုံးျပစ္မႈ႐ွိခဲ့ပါလွ်င္ လူသားတစ္ေယာက္ျဖစ္ရျခင္းသည္ အကြၽႏ္ုပ္၏  အျပစ္ျဖစ္ေတာ္မူေလ၏ ]

ငါ့ရဲ႕ ဝမ္းဗိုက္ေအာက္ပိုင္း ခါးစပ္နားမွာ တက္တူးတစ္ခု႐ွိတယ္.....တကယ္ေတာ့ ဒီတက္တူးက ဗိုက္ခြဲထားတဲ့ ခ်ဳပ္႐ိုးကို ဖုံးကြယ္ဖို႔ နင္း႐ွီ အတင္းအၾကပ္ထိုးခိုင္းထားတဲ့တက္တူးပါ.....

နင္း႐ွီက အမာ႐ြတ္ကို ပန္းပြင့္ပုံ၊ ျမက္ပင္ပုံ တက္တူးမ်ိဳးေတြနဲ႔ ဖုံးပစ္ေစခ်င္ေပမယ့္ ငါကေတာ့ တစ္စုံတစ္ေယာက္က ငါ့ခႏၶာကိုယ္ကို ဓားနဲ႔ ထိုးခြဲထားသလို အသားစေတြဖြာထြက္ေနတဲ့ နီရဲတဲ့ တက္တူးမ်ိဳးထိုးေပးဖို႔ တက္တူးဆရာကို တိတ္တိတ္ေလးေတာင္းဆိုခဲ့တယ္....

ဒါကိုျမင္ေတာ့ နင္း႐ွီ အေတာ္ေလး ေဒါသပုန္ထသြားၿပီး "တိုးတက္ခ်င္စိတ္ တစ္စက္မွမ႐ွိတဲ့ အမိႈက္ေကာင္ "ဆိုၿပီး ပါးနားေတြ႐ိုက္ၿပီး ေဝးလံ​ေခါင္သီတဲ့အရပ္က တက္တူးဆိုင္မွာ ငါ့ကို ပစ္ထားခဲ့တယ္....

အကယ္၍ အဲ့ဆိုင္မွာ တက္တူးလာထိုးေနတဲ့ လ်န္ခ်ိဳးရန္ ကသာ ငါ့ကို သနားၿပီး မကူညီေပးခဲ့ရင္ " တက္တူး အ႐ွင္သခင္ "  ဆိုင္ပိုင္႐ွင္က ငါ့ကို  ရဲစခန္း ပို႔ၿပီးေနေလာက္ၿပီ.....

နင္း႐ွီ နားမလည္ႏိုင္တာလဲ မေျပာနဲ႔ အဲ့အခ်ိန္တုန္းက ငါ့ကိုယ္ငါေတာ​င္ ဘာေတြလုပ္မိေနမွန္း နားမလည္ႏိုင္ခဲ့ဘူး....

ကေလးေတြကို သေဘာမက်ဘူး...ေမြးလဲ မေမြးခ်င္ခဲ့ဘူး...ဒါေပမယ့္ သူထြက္သြားတုန္းက ငါတကယ္ လက္မလႊတ္ေပးႏိုင္ခဲ့ဘူး....

လ်န္ခ်ိဳးရန္က​​ေတာ့ " မိခင္စိတ္ "ေၾကာင့္ျဖစ္မယ္လို႔ေျပာတာပဲ...ငါကေတာ့ အဲ့လိုမထင္ဘူး...ငါရဲ႕ သူေတာ္ေကာင္းေယာင္ေဆာင္ခ်င္တဲ့ ...ေၾကာင္သူေတာ္စ႐ိုက္ေၾကာင့္ပဲ ျဖစ္လိမ့္မယ္...ငါဘယ္တုန္းကမွ ေမ့မထားသင့္တဲ့ ေၾကာင္သူေတာ္စ႐ိုက္ေလ.....

" ယဥ္ပါးေအာင္ လုပ္လိုက္စမ္းပါ...ငါက တျခားေျမေခြးေတြနဲ႔မတူတဲ့ ႏွစ္ေထာင္ခ်ီသက္တမ္း႐ွိတဲ့ ေျမေခြး....မင္းငါ့ကို ယဥ္ပါးေအာင္လုပ္ႏိုင္မယ္ဆို မင္းတစ္ေယာက္တည္း ပိုင္တဲ့ ေျမေခြးေလးျဖစ္ေပးမယ္...."

ငါ့ပုခုံးေအာက္နားေရာက္ေနတဲ့ ကင္မရာမွန္ဘီလူးကို ခ်ိန္ညႇိလိုက္တယ္.....

"ေတာင္းပန္ပါတယ္ေနာ္...မေန႔က ဟင္းခ်က္ ရင္းလက္ထိသြားလို႔ ေရကိုင္လို႔မျဖစ္ေသးဘူး...အဲ့တာေၾကာင့္ Brocast anchor ပဲ လုပ္လို႔ရဉီးမယ္...."

ကင္မရာေနာက္ကြယ္က ၾကည့္႐ႈသူအနည္းငယ္ေလာက္ကို ငါ့ရဲ႕ ဘယ္ဘက္လက္ညိဳးမွာ ကပ္ထားတဲ့ ပလာစတာကို ျပလိုက္တယ္....

လက္ဆစ္ႏွစ္ဖက္က ဒဏ္ရာက ႏွစ္စင္တီမီတာေလာက္ပဲနက္ေပမယ့္ မေန႔တုန္းကေတာ့ ေသြးေတြ အမ်ားႀကီး ထြက္ေနခဲ့တာ....

မုန္႔ဖုတ္သမားတစ္ေယာက္ျဖစ္တဲ့ ငါက တစ္ေနကုန္ မီးဖိုခန္းထဲမွာပဲ အခ်ိန္ကုန္ေနခဲ့ရတယ္...ဒါေတြအတြက္ စုန္ပိုင္ေလာင္ကိုပဲ အျပစ္တင္ရလိမ့္မယ္....

ငါ ထမင္းဟင္းခ်က္တဲ့အခါတိုင္း TV အၿမဲဖြင့္ထားတတ္တယ္...ဒါေၾကာင့္ အိမ္က ပိုၿပီး သက္ဝင္လာတယ္ေလ.... သတင္းေတြ ၾကည့္တာမ်ားၿပီး တစ္ခါတစ္ေလဆို ဆူဆူညံညံ Variety show ေတြ ဖြင့္ထားတတ္တယ္....

မေန႔တုန္းက အာလူးခြာေနတုန္း သတင္းေၾကျငာသူရဲ႕ "စုန္ပိုင္ေလာင္ "ဆိုတဲ့ ေၾကျငာသံၾကားလိုက္တာနဲ႔ ဓားသြားက လက္ေခ်ာင္းေတြကို လွီးျဖတ္သြားၿပီ...အခ်ိန္မွီ အ႐ွိန္ထိန္းလိုက္လို႔ေပါ့...ႏို႔မို႔ဆို ေဆး႐ုံက ေရးေပၚခန္းထဲ ေရာက္ေနေလာက္ၿပီ...

ဧည့္ခန္းထဲေျပးၿပီး ဒဏ္ရာကို တစ္သွ်ဴးနဲ႔သုတ္ေနတုန္း ပိုၿပီး ႐ွင္း႐ွင္းလင္းလင္းၾကားေနရတယ္...

႐ွမိသားစုေခါင္းေဆာင္ ဆုံးပါးသြားၿပီး မယားပါသားျဖစ္သူ စုန္ပိုင္ေလာင္က အေမြအားလုံး ဆက္ခံခြင့္ရခဲ့တယ္....အခုဆို စုန္ပိုင္ေလာင္က ဆယ္ဘီလီလွ်ံ ခ်မ္းသာႂကြယ္ဝတဲ့ အသက္ငယ္ဆုံး လူပ်ိဳသူေဌးအျဖစ္ မွတ္တမ္းဝင္သြားခဲ့ၿပီ.....

က်ဴးမိသားစုက အေငြ႕တစ္ေထာင္းေထာင္းထေနတဲ့ ေပါင္မုန္႔ႀကီးကို မစြန္႔လႊတ္ႏိုင္တာ ထူးဆန္းမေနေတာ့ဘူး....သူတို႔က အစားထိုးခံတစ္ေယာက္႐ွာၿပီး ခရီးဆက္ဖို႔ျပင္ေနၾကၿပီပဲ.....

"သာမာန္ ဒဏ္ရာေလးပါ ႏွစ္ရက္ေလာက္ေနရင္ သက္သာပါလိမ့္မယ္..."

လြန္ခဲ့တဲ့ႏွစ္ႏွစ္ မုန္႔ဖုတ္လိုင္စင္အသိမ္းခံရၿပီးကတည္းက " Amber " live broadcast platform မွာ မုန္႔ဖုတ္နည္းေလးေတြ live လႊင့္ေပးေနခဲ့တာ....တျခားေသာ Game streamer ေတြေလာက္ နာမည္မႀကီးေပးမယ့္လဲ ထိုက္သင့္သေလာက္ေတာ့ နာမည္ရေနပါၿပီ....

ဒါေပမယ့္ Internation cake ၿပိဳင္ပြဲမွာ ပုံတူကူးခ်တဲ့သတင္းေတြ ေပါက္ၾကားသြားတာေၾကာင့္ ၾကည့္႐ႈႏႈန္းေတြ တစ္ေန႔တစ္ျခား က်ဆင္းလာတဲ့အျပင္ "နစ္နာသူ "ဘက္ကပါ Amber မွာ ငါ့လို Live လႊင့္တာမ်ိဳးေတြ လုပ္လာေနၿပီ....

တီထြင္ဖန္တီးမႈေတြရဲ႕ အႏုပညာလုပ္ငန္းေတြက Omega ေတြအတြက္ သီးသန္႔နယ္ပယ္တစ္ခုပါ...Beta ေတြနဲ႔ လားလားမွ် မသက္ဆိုင္ဘူးလို႔ပဲ ယူဆထားၾကတယ္ေလ....နင္း႐ွီ ေျပာတာ သိပ္မွန္တာပဲ....ျဖစ္စဥ္အေသးစိတ္ကို ဘယ္သူမွ စိတ္မဝင္စားၾကဘူး....သူတို႔အတြက္ အေရးႀကီးတာ ရလဒ္ပဲ....

ဒီကမ႓ာမွာ Alpha ေတြက ဘုရင္ဆို Omega ေတြက ဘုရင္မေတြပဲ...Beta ေတြကေတာ့ ဖိနပ္သယ္ေပးရမယ့္ အေစခံ ငယ္ကြၽန္ႀကီးေတြပဲေလ.....

Camera Screen ရဲ႕ ညာဘက္ေထာင့္က message wall ေလးမွာ ငါ့ကို ဂ႐ုစိုက္ဖို႔ ေျပာထားတဲ့ comment နည္းနည္းတက္လာတယ္....ခဏၾကာေတာ့ ၾကည့္႐ႈသူေတြ တစတစနည္းပါးလာျပန္တယ္....

ဒါအလုပ္မျဖစ္တာ ေသခ်ာေနၿပီ....ငါက ကိတ္မုန္႔ဖုတ္နည္းေတြ Live လႊင့္တဲ့သူပါ...မ်က္ႏွာလဲ မျပရဲသလို ဟာသေတြလဲ မေျပာတတ္ဘူး...ၿပီးေတာ့ ငါ့မွာ နာမည္ပ်က္လဲ ႐ွိေသးတယ္....ကိတ္မုန္႔မဖုတ္ဘဲ ကေလးပုံျပင္ေတြ ဖတ္ျပေနမယ့္အစား သတ္ေသလိုက္တာကမွ ပိုေကာင္းဉီးမယ္...

မနက္ျဖန္ လက္ျပန္မေကာင္းလာေသးရင္ေတာင္ Live ကေတာ့ လႊင့္ေနရဉီးမွာပဲ...

"ေကာင္းပါၿပီ... ေနာက္ဆိုသတိထားပါ့မယ္ေနာ္...အခုေတာ့ စာဆက္ဖတ္ျပမယ္..."

သက္ျပင္းခ်လိုက္ၿပီး စားပြဲေပၚက စာအုပ္ကို ေနာက္တစ္မ်က္ႏွာ လွန္လိုက္ေလတယ္....

သုံးပုံတစ္ပုံေလာက္ ဖတ္ျပၿပီးတာနဲ႔ ၾကည့္႐ႈသူေတြကို ႏႈတ္ဆက္ၿပီး Live လႊင့္ျခင္းကို လက္စသတ္လိုက္တယ္...တစ္ေန႔ခင္းလုံး စကားေျပာထားရတာေၾကာင့္ အာေျခာက္ေနၿပီ....ေရခဲေသတၱာထဲကေန ဘီယာေအးေအးေလးတစ္ဘူးေလာက္ထုတ္ေသာက္လိုက္တယ္.....

ခဏၾကာေတာ့ ကြန္ျပဴတာတင္ထား စားပြဲေပၚကို ဘီယာတစ္ဘူးႏွင့္ ျပန္လာခဲ့လိုက္တယ္... Browser ကို ဖြင့္ၿပီး မၾကာခဏ တတ္တဲ့  website တစ္ခ်ိဳ႕ကို  ၾကဳံရာက်ပန္း ႐ွာေဖြလိုက္ေတာ့ news window တစ္ခုက Screen  ညာဘက္ေထာင့္နားမွာ ႐ုတ္တရက္ေပၚလာခဲ့တယ္...

......႐ွ႐ွန္း Group ရဲ႕ ဉကၠဌ စုန္ပိုင္ေလာင္သည္ က်ဴးသစ္လုပ္ငန္းမိသားစုရဲ႕ သားျဖစ္သူ က်ဴးလင္းနဲ႔ ယခုႏွစ္အတြင္း လက္ထပ္ၾကေတာ့မည္......

မရည္႐ြယ္လိုက္ဘဲ Mouse ကို ခပ္ျမန္ျမန္လႈပ္႐ွားလိုက္တာေၾကာင့္ ေဘးက ဘီယာဘူးကိုတိုက္မိသြားၿပီး Keyboard ေပၚ ဘီယာေတြဖိတ္က်ကုန္တယ္....

သတင္းမီဒီယာေတြက အေတာ္ေလးမွန္ကန္ပါတယ္...စုန္ပိုင္ေလာင္ ဆိုတာေရာ..တစ္ႏွစ္အတြင္းလက္ထပ္မယ္ဆိုတာေရာ...က်ဴးမိသားစုရဲ႕သားဆိုတာေရာ အကုန္နီးပါးမွန္ကန္ေပမယ့္ တကယ့္ပစ္မွတ္က်မွ လြဲသြားတာ.....

စုန္ပိုင္ေလာင္နဲ႔ လက္ထပ္ရမွာ က်ဴးလင္းမဟုတ္ဘူး....ငါပဲ...

ဘီယာေတြေမွာက္က်ကုန္မွန္း မသိေသးဘဲ သုံးစကၠန္႔ေလာက္ မွင္သက္ေနခဲ့မိတယ္...သတိဝင္လာတာနဲ႔ System ကို ခ်က္ခ်င္း shut down လုပ္ၿပီး Keyboard ေပၚက ဘီယာေတြ သုတ္လိုက္တယ္....

မနက္ျဖန္က်ရင္ ဒဏ္ရာေတြနဲ႔ တိုက္ပြဲဝက္ထားဖို႔ ျပင္ဆင္ထားေပမယ့္လဲ အခုေတာ့ computer ကပါ ႂကြသြားၿပီ....

Account ထဲကို ဖုန္းကေနတဆင့္ login ဝင္ၿပီးတစ္ရက္ေလာက္နားဖို႔  Amber ဆီ စာပို႔လိုက္တယ္...တစ္ညအတြင္း computer ကိုအေျခာက္ခံဖို႔ စီစဥ္ထားတယ္...အကယ္၍ အဆင္မေျပရင္လဲ.....

ေနာက္တစ္ေန႔ေရာက္ေတာ့ ငါ့မွာ ေမွ်ာ္တလင့္လင့္နဲ႔ computer ဖြင့္ၾကည့္လိုက္ေတာ့ အေမွာင္ယံညအလယ္က အဆုံးမဲ့တဲ့ အေမွာင္ထု screen ႀကီးက ႀကိဳလင့္ေနတယ္ေလ....

"ပ်က္သြားၿပီပဲ..."

ငါ သက္ျပင္းခ်လိုက္မိတာေပါ့...ေန႔လည္စာစားၿပီးတာနဲ႔ computer ျပင္ဖို႔ အိမ္ကေန ထြက္လာခဲ့လိုက္တယ္....

အခုတေလာ ရာသီဉတု သိပ္မမွန္ဘူး...အျပင္မထြက္ခင္ တစ္ခ်က္စစ္လိုက္ေတာ့ မိုးဖြဲဖြဲေလး႐ြာေနတယ္....

Live စလႊင့္ကတည္းက အိမ္တြင္းပဲေအာင္းေနၿပီး အျပင္သိပ္မထြက္ျဖစ္တာေၾကာင့္ ထီး႐ွာလို႔မေတြ႕ဘူးျဖစ္ေနတယ္....

ခဏေနေတာ့ တိမ္ထူေနတာကလြဲရင္ မိုးတိတ္သြားတာေၾကာင့္ ထီး႐ွာဖို႔ အၾကံအစည္ကို စြန္႔ပစ္လိုက္ၿပီပဲ...

ကံဆိုးမသြားရာ မိုးလိုက္လို႔႐ြာဆိုတာ ဒါမ်ိဴးပဲ.....ေျမေအာက္ရထားဘူတာ႐ုံ ဝင္ေပါက္လဲေရာက္ေရာ မိုး႐ြာခ်လာပါေလေရာ...ဘယ္မလဲ မိုးဖြဲ...႐ြာလိုက္တာမွ သည္းႀကီးမည္းႀကီးပဲ....

ေတာ္ေသးတယ္ ကုန္တိုက္ဝင္ေပၚက ငါနဲ႔ မီတာ 50 အကြာေလာက္ပဲေဝးလို႔....ဒါနဲ႔ notebook ေလးေခါင္းေပၚတင္ၿပီး ျမန္ျမန္ေျပးသြားလိုက္တာေပါ့...

အဝင္ေပါက္ဝမွာတင္ အဝတ္ေပၚကေရစက္ေတြကို ခါခ်ေနတာေၾကာင့္ တံခါးေစာင့္ကမ်က္ေမွာင္ၾကဳံၿပီးခပ္လွမ္းလွမ္းကိုေ႐ြ႕သြားတယ္....

သူရဲ႕ မႏွစ္ၿမိဳ႕တဲ့အၾကည့္ေၾကာင့္ ငါလဲ ေခါင္းငုံ႔ၿပီး ခပ္လွမ္းလွမ္းမွာ သြားေနလို​က္တယ္.....

ခမ္းနားထည္ဝါလွတဲ့ ဇိမ္ခံကားတစ္စီးက ဂိတ္တံခါးဝကို ျဖတ္ေက်ာ္ၿပီး ဝင္လာေနတယ္....ကားရဲ႕ ေတာက္ပတဲ့ မဟူရာေရာင္ကိုယ္ထည္က မိုးေရစက္ေတြၾကားမွာ ဝင့္ႂကြေနပုံက အရည္ေသြးျမင့္ ပိုးထည္စေပၚမွာ တင္ထားတဲ့ စိန္တုံးေတြနဲ႔ေတာင္ တူေနေသးတယ္..ငါလဲ ၾကည့္ေကာင္းတာနဲ႔ ဆက္ေငးေနလိုက္တယ္....

တံခါးေစာင့္ရဲ႕ မ်က္ႏွာက တခဏေတာ့ ထူးဆန္းသြားၿပီး ခ်က္ခ်င္းသလို အျပဳံးတစ္ခုနဲ႔ ထီးေတာ္မိုးေပးဖို႔ ဟန္ျပင္ေနတယ္...ကားေပၚကေန အမ်ိဳးသမီးငယ္ေလးတစ္ေယာက္ဆင္းလာတယ္...ထီးကြယ္ေနတာေၾကာင့္ ႐ုပ္သြင္ကို ေသခ်ာမျမင္ရေပမယ့္ သူက ဒီလိုေအးျမတဲ့ ရာသီမွာေတာင္ ကတ္မီးယား သိုးေမြးထည္ခပ္ပါးပါးေလးဘဲ ဝတ္ထားတယ္...ထိုအမ်ိဳးသမီးရဲ႕ လက္ထဲမွာ ကေလးေသးေသးေလးတစ္ေယာက္ကိုလဲ ခ်ီထားေသးတယ္....

ၾကည့္ရတာ သူေဌးတစ္ေယာက္ရဲ႕ Omega ဇနီးေလးနဲ႔တူတယ္.....

Shopping mall ရဲ႕ အေပၚဆုံးထပ္ဆီ computer ေလးသယ္ၿပီး ဓာတ္ေလွကားနဲ႔တက္သြးလိုက္တယ္...ငါ့အမွတ္ဉာဏ္ေတြထဲက ကြန္ပ်ဳတာ ျပင္ဆိုင္က အဲ့အထပ္မွာေလ....

မိုး႐ြာေနလို႔လားမသိဘူး ဆိုင္ထဲမွာ လူ႐ွင္းေနေပမယ့္ ငါ့အတြက္ေတာ့ က်င့္သားမရႏိုင္ေသးဘူး....

လူမ်ားလာေလ စိတ္လႈပ္႐ွားလာေလပဲ...လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္ကတည္းက လူစုလူေဝးေတြနဲ႔ ေဝးကြာခဲ့တဲ့ငါက လူေတြနဲ႔ ထိေတြ႕ဆက္ဆံရမွာ ေၾကာက္ေနတယ္....

"ဒါကေလ...ဒါက...ေရစိုသြားၿပီး...ဖြင့္လို႔မရေတာ့ဘူး..."

ေနာက္ဆုံးေတာ့ ငါလိုခ်င္တဲ့အခ်က္ေတြကိုေျပာျပလိုက္ႏိုင္ပါၿပီ....ျပင္လို႔ရတယ္ဆိုေပမယ့္ ေစာင့္ရမယ့္အခ်ိန္နည္းနည္းေတာ့ၾကာမယ္...သုံး ေလးနာရီေလာက္ေတာ့ေစာင့္ရဉီးမယ္....

"ျပင္လို႔ရတယ္ဆို​ေတာ့ ေတာ္ေသးတာေပါ့..."

ျပင္လို႔ရတယ္ၾကားေတာ့မွ စိတ္ေအးႏိုင္ေတာ့တယ္....

ေလာေလာဆယ္ အသစ္ဝယ္ဖို႔ မတတ္ႏိုင္ေသးဘူး...ျပင္႐ုံပဲျပင္ႏိုင္ေသးတယ္....

"ဒါဆို ညေနေလာက္က်မွ လာယူလိုက္ပါေနာ္..."

ဝန္ထမ္းက ငါ့ကိုျဖတ္ပိုင္းတစ္ခုေရးေပးၿပီး ညေနေလာက္မွ လာယူဖို႔ေျပာေနတယ္...

ဝန္ထမ္းကို ေက်းဇူးတင္စကားေျပာၿပီးတာနဲ႔ rame ဆိုင္မွာ ေခါက္ဆြဲျပဳတ္ အလြတ္တစ္ပြဲဝင္စားၿပီး ႏွစ္နာရီေလာက္ အခ်ိန္ျဖဳန္းေနလိုက္တယ္...ၾကာၾကာဆက္မထိုင္ခ်င္ေတာ့တာနဲ႔ ကုန္တိုက္ထဲ ေလွ်ာက္ၾကည့္ၿပီး အခ်ိန္ျဖဳန္းၾကတာေပါ့....

အဲ့အခ်ိန္မွာ ဘယ္လိုကေန ဘယ္လို Mother and baby Area ကို ေရာက္သြားမွန္းမသိလိုက္ဘူး....

Mother and baby Area မွာ အထူးသီးသန္႔ကစားကြင္းႏွစ္ခု႐ွိေပမယ့္ တိတ္ဆိတ္ၿငိမ္သက္ေနတဲ့အျပင္ အကာေတြနဲ႔လဲ ကာထားေသးတယ္...ၾကည့္ရတာ beta ေတြနဲ႔ အတူတူ ေစ်းဝယ္မထြက္ခ်င္တဲ့ Omega ေတြအတြက္ သီးသန္႔လုပ္ေပးထားပုံရတယ္....

လူတိုင္းကတန္းတူပဲလို႔ ဆိုၾကေပမယ့္ မညီမွ်မႈအေသးစိတ္ေတြကိုေတာ့ ဘဝရဲ႕ ေနရာတိုင္းမွာ ေတြ႕ႏိုင္ပါတယ္.....

ပန္းေရာင္ဝတ္စုံ​ေလးကို ကိုင္ၾကည့္လိုက္ၿပီး ခုႏွစ္သားအ႐ြယ္ ဝတ္လို႔ ရ မရ ေသခ်ာစဥ္းစားေနမိတယ္....ဒီေနရာမွာ ကေလးအဝတ္အစားေတြပဲေရာင္းတာလား...ငါတစ္ခ်က္ေလာက္ သြားၾကည့္သင့္လား...ငါ့ကေလးေလးက Alpha လား Omega လား Beta လားေတာင္ ငါမသိဘူး...ေနာက္တစ္ခါ နင္း႐ွီနဲ႔ေတြ႕ရင္ ေသခ်ာေမးရမယ္...ႏို႔မို႔ဆို လက္ေဆာင္ေ႐ြးဖို႔ခက္တယ္ေလ....

"ဧည့္သည္ အကူအညီလိုေသးလား"

တစ္ေယာက္တည္း ေတြးခ်င္ရာေတြး ေငးခ်င္ရာေငးေနတဲ့ ငါက အေရာင္းဝန္ထမ္းရဲ႕အာ႐ုံကို ဆြဲေဆာင္လိုက္ႏိုင္တယ္တူပါရဲ႕...

ငါလဲ ႐ွက္႐ွက္နဲ႔ လက္ခါျပလိုက္ၿပီး....

"မလိုပါဘူးဗ်ာ..ဒီအတိုင္းၾကည့္႐ုံေလးပါ..."

အေရာင္းဝန္ထမ္းေတြ တေကာက္ေကာက္လိုက္ေနမွာစိုးတာနဲ႔ ငါလဲ ေနာက္လွည့္ၾကည့္မေနေတာ့ဘဲ Mother and baby Area ကေန ထြက္လာခဲ့လိုက္တယ္....

ေခါက္ဆြဲျပဳတ္ ဟင္းရည္ေတြအမ်ားႀကီးေသာက္လိုက္လို႔နဲ႔တူတယ္ သန္႔စင္သြားခ်င္လာတာေၾကာင့္ လွည့္ပတ္ၿပီး ႐ွာလိုက္ရတာ ဆယ္မိနစ္ေလာက္႐ွာၿပီးမွာ ေယာက္က်ားသုံးသန္႔စင္ခန္းကို ႐ွာေတြ႕ေတာ့တယ္....

ငါ ႐ႈး႐ႈးေပါက္ေနခ်ိန္မွာ တစ္ေယာက္ေယာက္က စိုက္ၾကည့္ေနသလို ထူးဆန္းတဲ့ ခံစားခ်က္မ်ိဳးႀကီးကို ခံစားေနရတယ္....

ဆီးသြားကမုတ္တစ္ခုခ်င္းစီရဲ႕ေ႐ွ႕မွာ မွန္တစ္ခ်ပ္စီ႐ွိတယ္....ငါ့ေနာက္မွာ ဘယ္သူမွမ႐ွိမွန္း မွန္ထဲကေနျမင္ေနရတယ္....ငါ့ရဲ႕႐ႈပ္ပြေနၿပီးမ်က္လုံးေတြကိုဖုံးေနတဲ့ဆံပင္ေတြရယ္ ခပ္ေဖ်ာ့ေဖ်ာ့ အသားအေရရယ္ကိုပဲ မွန္ထဲမွာ ျမင္ေနရတယ္.....

တံခါးေစာင့္က ငါ့ကို မႏွစ္ၿမိဳ႕တဲ့အၾကည့္နဲ႔ၾကည့္သြားတာ မထူးဆန္းေတာ့ဘူး...ငါ့ပုံစံကလဲ ႏွစ္႐ွစ္ရာေလာက္ မအိပ္ရေသးတဲ့ Vampire နဲ႔တူေနတာကိုး....

ဂ႐ုမဲ့စြာေနတတ္တဲ့ ငါ့ကိုယ္ငါ ရယ္လိုက္မိတယ္...ဆံပင္ တစ္ခ်က္သပ္ၿပီး ဇစ္ဆြဲၿပီးေနာက္လွည့္လိုက္ေတာ့ ကေလးတစ္ေယာက္က ငါ့ကို စိုက္ၾကည့္ေနတယ္ေလ.....

ေအာ္ဟစ္မိေတာ့မတတ္ရင္တုန္ပန္းတုန္ျဖစ္သြားတာေပါ့....

ကုလားအုတ္ေမႊးေရာင္ ဝတ္စုံေလးဝတ္ထားတဲ့ ငါးႏွစ္သားအ႐ြယ္ေကာင္ေလးက မ်က္လုံးနက္နက္ေလးေတြနဲ႔ ငါ့ကို စိုက္ၾကည့္ေနတယ္....

ဒါဆို ခုနကတုန္းက ထူးဆန္းတဲ့ခံစားခ်က္ႀကီးက ထင္ေယာင္ထင္မွားမဟုတ္ဘဲ အမွန္တကယ္ အၾကည့္ခံေနရတာေပါ့....

ႏွလုံးခုန္သံေတြ ​ပုံမွန္ျဖစ္ေအာင္ အေတာ္ေလးအခ်ိန္ယူလိုက္ရတယ္...တစ္ဖက္လူကေတာ့ တူညီတဲ့ အမူအရာ တူညီတဲ့ ကိုယ္ေနဟန္ထားနဲ႔ ငါ့ကို စိုးရိမ္တႀကီးစိုက္ၾကည့္ေနေတာ့တာပဲ....

ငါလဲ ဒူးေထာက္ထိုင္ခ်ၿပီးေမးလိုက္တာေပါ့ ...

"မင္း ဘာလို႔ ငါ့ကို တိတ္တိတ္ေလးၾကည့္ေနရတာလဲ..."

ေကာင္ေလးက ငါ့စကားကို နားမလည္ဘူးနဲ႔တူတယ္...ဒီအတိုင္း မ်က္လုံး႐ြဲႀကီးေတြနဲ႔ ၾကည့္ေနတယ္ေလ....

" မင္းရဲ႕ မားမားေရာ..."

သူအခုထိ ငါ့ကို လ်စ္လ်ဴ႐ႈထားဆဲပဲ....

ဒီေကာင္ေလး အၾကားအာ႐ုံခ်ိဳ႕ယြင္းေနတယ္ထင္ၿပီး သူ႕နား နားကို ကပ္ၿပီး လက္ေဖ်ာက္တီးလိုက္တယ္...ေကာင္ေလးက မ်က္ေတာင္ခတ္ျပေနတယ္...သူ႕ၾကားရတယ္ေပါ့....

အျပင္ထြက္ၿပီး သူ႕မိဘေတြ႐ွိ မ႐ွိ႐ွာၾကည့္ေပးလိုက္တယ္...ဟိုဟို ဒီဒီ႐ွာၾကည့္တာေတာင္ အရိပ္တစ္ခုမွ မေတြ႕ရေလာက္တဲ့အထိ ပတ္ဝန္းက်င္တစ္ခုလုံး ႐ွင္းလင္းေနတယ္....

ငါ ေနာက္လွည့္ၾကည့္လိုက္ေတာ့ ေနာက္တစ္ႀကိမ္ လန္႔ျဖန္႔သြားရျပန္တယ္....ေကာင္ေလးက ငါ့ေနာက္ကို လိုက္လာၿပီး ငါ့အင္းက်ီစကို ဆြဲထားတယ္ေလ....

"ဘယ္သူ႕ကေလးေလးလဲ...မင္းအေမ ဘယ္မွာလဲ သိလား.."

ေကာင္ေလးက ေႂကြ႐ုပ္ကေလးတစ္ခုလို တကယ္လွလြန္းတယ္...လႈပ္႐ွားမႈသာမ႐ွိရင္ ငါ သူ႕ကို Program သြင္းထားတဲ့ AI တစ္ခုလို႔ ထင္ေနမိမွာ....

" မင္း ေဖေဖ ေမေမတို႔ရဲ႕ ဖုန္းနံပါတ္ကို မွတ္မိလား..."

ငါလဲ အိတ္ထဲက ဖုန္းကိုထုတ္ၿပီး ေမးလိုက္တယ္....

မထင္မွတ္ဘဲ ေကာင္ေလးဘက္က တုံ႔ျပန္လာတယ္...ငါ့လက္ထဲက ဖုန္းကို ယူဖို႔ လက္လွမ္းေနတယ္....

"မင္း တစ္ခုခု စဥ္းစားမိလို႔လား..."

ငါလဲ ေကာင္ေလးကို ကမန္းကတန္း ဖုန္း ေပးလိုက္တာေပါ့...

ေကာင္ေလးက ဖုန္းကို လက္ႏွစ္ဖက္နဲ႔ ကိုင္ၿပီး နံပါတ္ေတြ ျဖည္းျဖည္းခ်င္း ႏွိပ္ၿပီးတာနဲ႔ ငါ့ဆီ ျပန္ေပးေနတယ္....

"ဒါ မင္း မိဘေတြရဲ႕ ဖုန္းနံပါတ္လား..."

ေကာင္ေလးက ေရခဲပန္းပု႐ုပ္ေလးလိုပဲ ငါ့ကိုၾကည့္ေနတယ္.....

ငါ သက္ျပင္းခ်ၿပီး ဖုန္းေခၚလိုက္တယ္...

ဖုန္းဝင္ဖို႔ ေတာ္ေတာ္ေလးၾကာသြားတယ္...တစ္ဖက္ဆီကေန အမ်ိဳးသမီးတစ္ေယာက္ရဲ႕ယဥ္ေက်းတဲ့အသံကို ၾကားလိုက္ရတယ္....

"ဟယ္လို...ဘယ္သူပါလဲ႐ွင္...."

" မင္းရဲ႕ ေပ်ာက္သြားတဲ့ကေလးကို ငါ႐ွာေတြ႕ထားတယ္...."

တစ္ဖက္ကအသံေတြ ခဏတိတ္ဆိတ္သြားတယ္....

"ကြၽန္မက လက္မထပ္ရေသးဘူး...ဘယ္လိုလုပ္ ကေလး႐ွိမွာလဲ...ပိုက္ဆံလိမ္ေတာင္းခ်င္ရင္လဲ တစ္ျခားနည္းလမ္း စဥ္းစားလိုက္... "

တစ္ဖက္လူက ေျပာခ်င္တာေျပာၿပီး ဖုန္းခးခ်သြားပါေလေရာ...ငါဘယ္ေလာက္ပဲ ဖုန္းေခၚေနပါေစ ဖုန္းမကိုင္ေတာ့ဘူး....

"သူ႕မွာ ကေလးမ႐ွိဘူးတဲ့....မင္းေပးလိုက္တဲ့ နံပါတ္က မင္းအေမရဲ႕ ဖုန္းနံပါတ္မဟုတ္ဘူးလား..."

ငါ့ေမးခြန္းကို ျပန္မေျဖဖို႔ ရည္႐ြယ္ထားပုံရတယ္...ေကာင္ေလးက ငါ့လက္ေမာင္းေပၚမွာ ၿငိမ္ၿငိမ္ေလးထိုင္ေနတယ္...မ်က္ေတာင္ခတ္ေနတာကလြဲရင္ သူ႕မ်က္ႏွာေလးက ေအးစက္ေနၿပီး ခံစားခ်က္မဲ့ေနတယ္....

ငါ ဘာလုပ္သင့္လဲ........

ကုန္တိုက္ရဲ႕ Service ဌာနကို လူေပ်ာက္႐ွာေပးဖို႔ သြားပို႔ေနတုန္းမွာ ေကာင္ေလးက ငါ့ေခါင္းေပၚက ဆိုင္းဘုတ္တစ္ခုကို လက္ညိဳးထိုးျပေနတယ္....

ေသခ်ာၾကည့္လိုက္ေတာ့မွ ဓာတ္ေလွကားနားမွာ ကုန္သြယ္ေရးအေဆာက္အအုံတစ္္ခုကိုပါ လမ္းၫႊန္ထားေသးတယ္....

ငါ မႏွစ္က ဒီကိုေရာက္တုန္းက ကုန္သြယ္ေရးအေဆာက္အဉီးက ေဆာက္လက္စတန္းလန္း႐ွိေသးတယ္...တစ္စုံတစ္ေယာက္က ႐ုံးခ်ဳပ္အျဖစ္သုံးဖို႔ ဝယ္သြားတယ္လို႔ေတာ့ၾကားမိလိုက္တယ္...တစ္ႏွစ္ေလာက္႐ွိၿပီဆိုေတာ့ ႐ုံးထိုင္ေနေလာက္ၿပီေပါ့....

"မင္း မိဘေတြ အဲ့မွာ အလုပ္လုပ္ၾကတာလား..."

ငါ့ဘက္က ဒီအတိုင္း ေမးလိုက္ေပမယ့္ ေကာင္ေလးက ဒီတစ္ခါေတာ့ ေခါင္းညိတ္ျပေနတယ္....ေ႐ြ႕လ်ားမႈက ေသးငယ္ေပမယ့္ ေခါင္းညိတ္ျပေနတယ္ဆိုတာ ေသခ်ာတယ္....

ပန္းတိုင္ကို ေသခ်ာသိၿပီဆိုေတာ့ လုပ္ရကိုင္ရတာ ပိုအဆင္ေျပလာတာေပါ့....

" မင္းမိဘေတြ႐ွာဖို႔ အဲ့ကိုသြားၾကတာေပါ့..."

ငါလဲ ေန႔တိုင္း ကုသိုလ္ေကာင္းမႈေတြလုပ္ၿပီး လူ႕အဖြဲ႕အစည္းကို အက်ိဳးျပဳသူတစ္ေယာက္ျဖစ္ခ်င္တာေပါ့...ဒါေပမယ့္ အေဆာက္အဉီးရဲ႕ နံရံေပၚက "႐ွ႐ွန္း " ဆိုတဲ့ေၾကးဝါေရာင္စာလုံးႀကီးကို ျမင္လိုက္ရခ်ိန္မွာ မူလရည္႐ြယ္ခ်က္ေတြဘာေတြ သတိရမေနႏိုင္ေတာ့ဘဲ ထြက္ေျပးခ်င္တာတစ္ခုပဲ သိေတာ့တယ္....

ဘယ္လိုေတြ တိုက္ဆိုင္ေနတာလဲ....႐ွ႐ွန္းက ႐ုံးခ်ဳပ္အသစ္အတြက္ ဒီအေဆာက္အဉီးႀကီးကို ဝယ္လိုက္တာပဲ.....

တစ္ခ်ိန္တုန္းကေတာ့ ႐ွ မိသားစုပိုင္တဲ့ ႐ွ႐ွန္း ေပါ့...အခုေတာ့ စုန္ပိုင္ေလာင္ ပိုင္တဲ့ Compay ျဖစ္ေနၿပီ....

ဟုတ္တယ္....သိပ္မၾကာခင္မွာ ငါနဲ႔လက္ထပ္ေတာ့မယ့္ စုန္ပိုင္ေလာင္ပဲ....

ကံၾကမၼာက သိပ္ဆန္းၾကယ္တာပဲေနာ္...လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္လုံးလုံး စုန္ပိုင္ေလာင္အေၾကာင္း တစ္ခါမွလဲ မၾကားခဲ့ရဘူး...ျမင္လဲမျမင္ခဲ့ရဘူး....

နင္း႐ွီရဲ႕ ေတာင္းဆိုခ်က္ကို သေဘာတူလိုက္ၿပီးကတည္းက ကံၾကမၼာဆိုးဆိုတဲ့ ခလုတ္ကို ႏွိပ္လိုက္သလိုပဲ ေနရာတိုင္းမွာ စုန္ပိုင္ေလာင္ရဲ႕ သတင္းေတြ ျမင္ေန ၾကားေနရတယ္....

ငူငူငိုင္ငိုင္ႀကီး မတ္တပ္ရပ္ေနတဲ့ငါ့ကို တံခါးေစာင့္ေတြက ေမးေနၿပီ....

"ဘယ္သူ႕ကို ႐ွာေနတာလဲ ခင္ဗ်..."

"ကြၽန္ေတာ္႐ွာေနတာက....ကြၽန္ေတာ္ ဒီကေလးရဲ႕မိဘေတြကို ႐ွာေနတာပါ...."

ေထာင္ေပါင္းမ်ားစြာေသာ ဝန္ထမ္းေတြ ႐ွိတဲ့ ႐ွ႐ွန္းမွာ စုန္ပိုင္ေလာင္ကို ေတြ႕ရဖို႔ဆိုတာသိပ္ေတာ့မလြယ္လွဘူး.....

တံခါးေစာင့္က ငါခ်ီထားတဲ့ ကေလးေလးကို ေသခ်ာၾကည့္လိုက္ၿပီး....

"အိုးးးး ဒါ...ဒါ အငယ္ဆုံးသခင္ေလးမလား..."

ငါလဲ ေတာ္ေတာ္ အံ့ၾသေနမိတယ္....

"သခင္....သခင္ေလး..."

ငါ့မွာ စဥ္းစားခ်ိန္ေတာင္ မရေသးဘူး ေကာင္ေလးက ငါ့လက္ေမာင္းကို ဆြဲၿပီး ဧည့္ႀကိဳေကာင္တာဆီသြားခိုင္းေနတယ္....

"သခင္ေလးက ဒီမွာပဲ...."

ဧည့္ႀကိဳေကာင္တာက ေကာင္မေလးႏွစ္ေယာက္စလုံး ငါ့ကို တအံ့တၾသၾကည့္ေနၾကတယ္.....

" နာနီအသစ္တစ္ေယာက္က သခင္ေလးနဲ႔အတူ Boss ကိုလာေတြ႕မယ္လို႔ လက္ေထာက္လီ ေျပာေနသံၾကားလိုက္တယ္....နာနီအသစ္က ေယာက္က်ားေလးျဖစ္ေနတာပဲ...."

" ႐ွင့္ကို အေပၚ ေခၚသြားေပးမယ္...ကြၽန္မနဲ႔ လိုက္ခဲ့...."

ငါက နာနီအသစ္မဟုတ္မွန္း ေျပာလိုက္ခ်င္တယ္..ဒါေပမယ့္ လူမ်ားလာရင္ ငါ့ရဲ႕အာ႐ုံစိုက္ႏိုင္စြမ္းေတြ အလုပ္မလုပ္ေတာ့ဘူး....စိတ္လြတ္ေနသူတစ္ေယာက္လို သူတို႔ေနာက္ကေန လိုက္သြားေနခဲ့မိတယ္....

ဧည့္ႀကိဳေကာင္တာက အမ်ိဳးသမီးက သူမရဲ႕ ကိုယ္ပိုင္ card တစ္ခုကိုသုံးၿပီး ဓာတ္ေလွကားကို ခလုတ္နားမွာ ပြတ္ဆြဲလိုက္တယ္....ၿပီးေတာ့ သူမက 28 ထပ္ကို ႏွိပ္လိုင္တယ္....ဓာတ္ေလွကားတစ္ခုလုံး တိတ္ဆိတ္ၿငိမ္သက္ေနတာပဲ.....

"႐ွင္...... " ဆယ္ထပ္ေျမာက္ကိုေရာက္ေတာ့ ဧည့္ႀကိဳအမ်ိဳးသမီးက ငါ့ကို စကားလွည့္ေျပာတယ္....

သူမရဲ႕အသံကိုၾကားတာနဲ႔ ၾကက္သီးေမႊးညႇင္းထေလာက္တဲ့အထိ တုန္ရီေၾကာက္လန္႔သြားခဲ့တယ္....ငါ့ရဲ႕ ႐ုပ္ပ်က္ဆင္းပ်က္ေၾကာက္လန္႔ေနတဲ့ပုံက ဓာတ္ေလွကားနံရံေတြမွာ ထင္ဟပ္ေနတယ္.....

ငါ့ကို ၾကည့္ၿပီး ထိုအမ်ိဳးသမီးလဲ ႐ွက္သြားတယ္ထင္တယ္....

"ဟိုေလ... မစၥတာစုန္က အစည္းအေဝးခန္းထဲမွာပဲ႐ွိေသးတယ္...႐ွင္ ခဏေလာက္ေတာ့ေစာင့္ရမယ္..."

မစၥတာစုန္.........

႐ွ႐ွန္းမွာ ဗိုလ္ခ်ဳပ္တစ္ေယာက္အျဖစ္တင္စားခံရတဲ့ ဒုတိယေျမာက္မ်ိဳး႐ိုးပိုင္႐ွင္က ဘယ္သူမ်ားျဖစ္ႏိူင္မလဲ.....

စုန္ပိုင္ေလာင္ပဲေပါ့......

ဧည့္ႀကိဳအမ်ိဳးသမီးရဲ႕ မ်က္ဝန္းေတြထဲမွာ အံ့အားသင့္တဲ့အရိပ္အႁမြက္ေတြ ျဖတ္ေျပးေနတယ္....

"အဆင္မေျပဘူးလား...ေခြၽးေတြအရမ္းထြက္ေနတာပဲ...."

ငါ ေတာ္ေတာ္ေလးအဆင္မေျပဘူး.....အစပိုင္းကေတာ့ ထိန္းထားႏိုင္မယ္ထင္ခဲ့တာ...တစ္ကယ္တမ္းၾကေတာ့ ထိန္းမထားႏိူင္ခဲ့ဘူး....ငါ ဘယ္ေလာက္ထိေတာင္ေၾကာက္ေနလဲဆို သြားခ်င္း႐ိုက္သံေတာင္ ၾကားေနရတဲ့အထိပဲ....စကားေတာင္ မေျပာႏိူင္ေတာ့ဘူး.....

28 ထပ္ကိုေရာက္ေနၿပီျဖစ္တာေၾကာင့္ ဓာတ္ေလွကား ရပ္သြားတယ္....

"ေက်းဇူးျပဳၿပီး..."

ဧည့္ႀကိဳအမ်ိဳးသမီးက ငါ့ကို အရင္သြားခိုင္းေနတယ္...

ဓာတ္ေလွကားထဲကေန ထြက္တာနဲ႔ ဧည့္ခန္းတစ္ခုကို လွမ္းျမင္ေနရတယ္....နက္ျပာေရာက္ခပ္ေဖ်ာ့ေဖ်ာ့ေကာေဇာေတြ ခန္းလုံးျပည့္ခင္းထားၿပီး မ်က္ႏွာၾကက္အထိျမင့္တဲ့ ျပတင္းေပါက္ေတြေၾကာင့္ ပတ္ဝန္းက်င္ တစ္ခုလုံး လင္းထိန္ေတာက္ပေနတယ္....ဧည့္ခန္းရဲ႕ ညာဘက္ကမွာ မွန္နံရံေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အခန္းတစ္ခန္း႐ွိတယ္.....အခန္းထဲက ပရိေဘာကအျပင္အဆင္ကို ၾကည့္႐ုံနဲ႔တင္ စုန္ပိုင္ေလာင္ရဲ႕ ႐ုံးခန္းမွန္းသိသာလြန္းေနတယ္....

ၾကမ္းျပင္မွာ ခင္းထားတဲ့ သိုးေမႊးေကာေဇာေၾကာင့္ ေျခသံေတာင္မၾကားရဘဲ တိတ္ဆိတ္ေနတယ္...

"ဒီမွာပဲ ေစာင့္ေနလိုက္ေနာ္....မစၥတာစုန္ရဲ႕လက္ေထာက္ဆီ ကြၽန္မ Message ပို႔ထားၿပီးၿပီ..."

ထိုအမ်ိဳးသမီးက ဓာတ္ေလွကားထဲ ျပန္ဝင္ခါနီးမွာ headset ကေန တစ္ခုခုၾကားလိုက္တာေၾကာင့္လႈပ္လႈပ္႐ွား႐ွား ျဖစ္သြားတယ္....

"Sorry ပါေနာ္...ကြၽန္မလုပ္စရာေလး႐ွိလို႔သြားရေတာ့မယ္....Bar ေပၚမွာ စားစရာေတြေရာ ေသာက္စရာေတြပါ႐ွိတယ္....ယူစားလို႔ရတယ္....ကြၽန္မသြားႏွင့္ၿပီးေနာ္..."

"ဒီမွာ ခင္ဗ်....."

ငါေျခလွမ္းတစ္ခ်ိဳ႕ ေ႐ွ႕တိုးၿပီး သူမကို လွမ္းေခၚေနေပမယ့္လဲ သူမကေတာ့Headset ကေန စကားလွမ္းေျပာေနရတာနဲ႔ အလုပ္မ်ားေနၿပီး ငါေခၚေနတာကို မၾကားဘူး.....

ငါ့မ်က္စိေ႐ွ႕မွာတင္ ဓာတ္ေလွကား တံခါးႀကီးပိတ္သြားတာကို ဒီအတိုင္းၾကည့္ေနလိုက္ရတယ္....ငါလဲ သက္ျပင္းခ်လိုက္ၿပီး ခ်ီထားတဲ့ ေကာင္ေလးကို ၾကမ္းျပင္ေပၚခ်ေပးလိုက္တယ္....

"သားေဖေဖကို သားတစ္ေယာက္တည္းေစာင့္ေနလို႔မျဖစ္ဘူးလား...."

ဒီကေလးရဲ႕ မ်က္ဝန္းေတာက္ေတာင္ေလးေတြ သြားေလးေတြက စုန္ပိုင္ေလာင္နဲ႔ မတိုသေလာက္ေလး တူေနသားပဲ....

"ဉီးဉီးမွာ အေရးတႀကီးသြားစရာ႐ွိတယ္....သားနဲ႔အတူတူ မေစာင့္ေပးႏိုင္ေတာ့ဘူး...."

ေျပာၿပီးတာနဲ႔ ကိုယ္လြတ္႐ုန္းေျပးဖို႔ ျပင္လိုက္ေပမယ့္ ငါ့ေဘာင္းဘီကို ေနာက္ကေနဆြဲထားတာေၾကာင့္ ​ေျခလွမ္းနည္းနည္းပဲ လွမ္းႏိုင္ခဲ့တယ္.....ငါ လွည့္ၾကည့္လိုက္ေတာ့ ေကာင္ေလးက ငါ့ေဘာင္းဘီစကို ခပ္တင္းတင္းဆုပ္ကိုင္ထားၿပီး သူ႕ရဲ႕ အမူအရာမဲ့ေနတဲ့ မ်က္ႏွာေလးေပၚမွာ ႏွေျမာတသျဖစ္ေနတဲ့ အရိပ္အေယာင္ေတြ ျမင္ေနရတယ္...

"သားသားေရ...ဉီးဉီးတကယ္သြားရေတာ့မယ္...."

ကေလးရဲ႕ လက္ကို အလြယ္တကူ ဆြဲျဖဳတ္လိုက္တယ္....

သို႔ေပမယ့္ ေျခလွမ္းအနည္းငယ္လွမ္းၿပီးခ်ိန္မွာ ေကာင္ေလးက ငါ့ကို ေနာက္တစ္ႀကိမ္ လွမ္းဆြဲေနျပန္ၿပီ.....

ငါတို႔ႏွစ္ေယာက္အျဖစ္က လြန္ဆြဲပြဲၿပိဳင္ေနသလိုပဲ....သူက ငါ့ကိုဆြဲ ငါကလဲ သူ႕ကိုဆြဲနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ အႏိုင္မခံအ႐ႈံးမေပးခ်င္ၾကဘူးေလ.....

ငါတို႔ေတြ လုံးေထြးေနခ်ိန္မွာ ဓာတ္ေလွကားဆီကေန အသံတစ္သံၾကားလိုက္ရတာေၾကာင့္ ​ေျခာက္ျခားတုန္လႈပ္စြာနဲ႔လွည့္ၾကည့္လိုက္ေတာ့.......

ဓာတ္ေလွကားတံခါး ျဖည္းညႇင္းစြာပြင့္လာၿပီး အနက္ေရာင္ အေနာက္တိုင္းဝတ္စုံကို ဂတ္ဆင္ထားၿပီး မ်က္ႏွာေအာက္ပိုင္းကို ဖုံးအုပ္ထားတဲ့ အရပ္႐ွည္႐ွည္ ေယာက္က်ားသားတစ္ေယာက္ကို ျမင္လိုက္ရတယ္....ေသခ်ာစြာၿဖီးသင္ထားတဲ့ဆံေကသာေၾကာင့္ ေခ်ာေမြ႕ေနတဲ့နဖူးျပင္ရယ္ ေလးနက္နက္႐ိႈင္းေနတဲ့ မ်က္ဝန္းေတြရယ္ကို အ႐ွင္းသားျမင္ေနရတယ္......

ထိုလူက ေဘာင္းဘီအိပ္ကပ္ထဲကို လက္ထည့္ထားၿပီး ငါ့ကိုၾကည့္ေနတယ္....ဒီအၾကည့္နဲ႔တင္ မသိစိတ္ထဲမွာ ထိတ္လန္႔ေၾကာက္႐ြံေနပါၿပီ.......

အမွန္အတိုင္းေျပာရရင္ သူ႕ကိုေတြ႕ေတာ့ ငါ့ႏွလုံးသားက စည္းခ်က္မမွန္ေတာ့ဘူး....

ငါ့မ်က္ႏွာကို စစေတြခ်င္းတုန္းက မ်က္ေမွာ္ၾကဳံ႕ၿပီး စဥ္းစားေနေသးတယ္....ခဏၾကာေတာ့မွ သူ႕မွတ္ဉာဏ္ေထာင့္ထဲက ငါ့ပုံရိပ္ေလးေတြကို သတိရသြားပုံရတယ္....မ်က္ေမွာင္က်ံဳ႕ထားတာေတြ တျဖည္းျဖည္း ေျပေလွ်ာ့လာၿပီး ရင္းႏွီးဖူးခဲ့တဲ့ မထီမဲ့ျမင္ အၾကည့္ေတြ အစားထိုးဝင္ေရာက္လာတယ္.....

" မင္းပဲ...."

ငါမင္းကို မေတြ႕တာ ခုႏွႏွစ္႐ွိၿပီ....မင္းနာမည္ကိုေတာင္ မမွတ္မိေတာ့ဘူး....

ဟင့္အင္း....အရင္တုန္းကေရာ သူ  ငါ့အေၾကာင္းကို တေရးတယူမွတ္ထားဖူးလို႔လား....

"ဟုတ္တယ္....မေတြ႕ျဖစ္တာ ၾကာၿပီေနာ္...."

ငါလဲ တည္ၿငိမ္ခ်င္ေယာင္ေဆာင္ၿပီး လက္ဆြဲႏႈတ္ဆက္ဖို႔ လက္ကမ္းလိုက္တယ္....


Continue Reading

You'll Also Like

531K 45.9K 200
အတိတ်၌ ပြန်လည်မွေးဖွားခြင်း
420K 16.2K 24
My priority /property/privacy
893K 17.7K 83
ကောင်မလေးကိုချစ်ပါသည်။
1.5M 191K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...